တီချယ်ဒေါ်ဒေါ် Unicode+Zawgy...

By HpatHpat

367K 21K 2.4K

ဒေါ်ဒေါ့်ကိုလည်း ချစ်တယ်.... တီချယ့်ကိုလည်း ကြောက်တယ်.... More

Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31 Final
Part-32 Extra
Part 33 Extra
Part-34 Extra
တီချယ်ဒေါ်ဒေါ်ကို အိမ်ခေါ်ကြမယ်🙆

Part-19

8.5K 566 44
By HpatHpat

"ပြန်လာတာလဲ...နောက်ကျလိုက်တာဟယ်....
နင် မရိုးသားဘူး သိလား...ဖုန်းခေါ်တုန်းက
တအားအားနဲ့...ဘာဖြစ်နေတာလဲ..."

"ဟဲ့ ပေါက်ကရ လျှောက်မတွေးနဲ့...
နင် ဖုန်းဆက်ပြီး ငါ့ တီချယ်သက်လေး အ‌ရှေ့မှာ
ဖော်ကောင်လုပ်နေတာလေ...."

"ဘယ်လို..."

"နင်..ငါသောက်တဲ့ စီးကရက်‌တွေရော...
ရေချိန်မကိုက်တာတွေရော...
တော်သေးလို့ပေါ့...ငါ ဖွန်ကြောင်တာလေးပါထည့်မပြောလို့...."

"ဟားဟား...ရယ်ရတာ သေပါပြီဟဲ့...
ငါမရည်ရွယ်ပါဘူးဟယ်...."

"နင် မရည်ရွယ်လို့သာပေါ့...
ငါ့မှာ ခွေးပြေး ဝက်ပြေး‌ ပြေးလာခဲ့ရတယ်...."

"ဟားဟား...လာပါဟာ...အမောပြေသွားအောင်
နည်းနည်း ကစ်ကြမယ်..ဒီမှာကြည့် ခဏက ငါ ဆိုင်တစ်ဆိုင်တွေ့ထားတယ်...
viewလည်း ကောင်းတယ်...ရှယ်ပဲ..."

ဖြူစင်ပြတဲ့ pageကို ဖွင့်ကြည့်‌ရာ...
ငယ်တို့မြို့က Shwe Goal စားသောက်ဆိုင်
အသစ်လေးပင်...

"မိုက်လား...."

"အေး...နင်သွားချင်လို့လား...ငါလိုက်ပို့မယ်...
ငါသောက်တော့ မသောက်ဘူး...."

"ဟွန့်...တီချယ်နဲ့ကဖြင့် မယူရသေးဘူး...
အခုကတည်း...အပိုးကို ကျိုးနေပါ့လား...."

"အပိုးကျိုးတာကြောက်လို့မဟုတ်ပါဘူး..အမိရယ်
သိပ်ချစ်လွန်းလို့....ဟီးဟီး..."

"‌အိုး...အတော်နုနယ်သေးတဲ့ ကလေးပါ...
မာမီစင်စင် ပြောပြမယ်နော် သမီး....
အရာရာက တန်ဆေး လွန်ဘေးပဲ ကောင်းတယ်..
'အဘထ'ရှူဆေးတောင်...ရှူတာကြာရင်
အဆုတ်ပျက်စီးတတ်သတဲ့..
သင်ဖူးတယ် မလား..ကလေးမ.."

"မာမီစင်စင်ပြောသလိုဆို...
တီချယ့်ကို အရမ်းကြီးချစ်မိရင်...
နှလုံး‌ပျက်စီးတတ်တယ်ဆိုတဲ့ သဘောလား..."

"လဝန်း...နင့်နှယ့်နော်....
ငတုံးပဲ....ပြောချင်တာကကွာ...ချစ်တာကလည်း ချစ်
ဆိုးတာကလည်း ဆိုး...အလွန်အကျွံ မဖြစ်ဖို့ အရေးကြီးတယ်...."

"ဟယ်..အဲ့တာများ စာတွေကော...
ဥပမာတွေရော...ပေးလို့...တည့်ပြောရင်...
နင်မြွေကိုက်သေနေမှာစိုးလို့လား..."

"ဟီးဟီး...ခင်‌ သင်ပေးတဲ့ စာကို ပြန်နွေးတဲ့ သဘောပါ...."

"နင်ကမှ တကယ့် မယားတရူး....
တကယ်ပဲ...ခင်...ခင်နဲ့...
ငါ့လို ရည်းစားတွေ ဖြစ်သွားရင်လည်း
တမျိုးပေါ့အေ...အခုဟာက ပါးစပ်ကကိုမချတော့ဘူး..."

"တော်ပြီ...နွားမ...နင့်အပျိုကြီးတီချယ်ဆီ
တစ်ခါ‌လေးသွားလိုက်တာ...
ပွားနည်းမျိုးစုံကို အလွတ်ကျက်ခဲ့သလား အောက်မေ့ရတယ်....
အချိန်ကုန်တယ်...သွားသောက်မယ်...
Let's go!!!"

"ဟွန့်...ဘာမဆိုင်ညာမဆိုင် ငါ့တီချယ်ကိုများ...
အပြစ်ပြောလိုက်သေးတယ်...နင်ကမှ အပျိုကြီး လုံးလုံးဖြစ်မှာ...."

"ဟဲ့...အပျိုကြီးဖြူစင် လောက်တော့ လုပ်ပါဟယ်...
အပျိုကြီးလုံးလုံးက နင့်မယားလား..."

"အစုတ်ပလုတ်မ....လုံးလုံးက နင့်မိန်းမပဲ ဖြစ်မှာ.
ငါ့မိန်းမ နာမည်က သက်သက်ရီတဲ့....
ချစ်စရာလေး အသက်က...."

"ဟားဟား TV မှာလွှင့် တဲ့ ကြော်ငြာလိုလေ....
ဘာတဲ့...လာပြီ လာပြီ ဒေါ်သက်ရီ....ဟားဟား..."

"ဟောဒီ့က လဝန်းကလည်း...
လာပါ လာပါ...မောင့်ရင်ခွင်ပေါ့...."

အမျိုးသမီးကြီးတွေကို ချစ်ရတဲ့ ကလေးမတွေက...
တကယ့်ကို...အရူးလုံးလုံး ဖြစ်ရတယ်ဆိုတာ...
သိပ်မှန်သဗျာ့....

Shwe Goal...စားသောက်ဆိုင်က
လူအတော် အများ အားပေးကြတယ်....
အထူးသဖြင့်...လူကြီးပိုင်းတွေ...
ပိုက်ဆံရှိ အသိုင်းအဝိုင်းတွေ..
ငွေကို ရေလို သုံးကြတဲ့ နေရာလေး‌ပါ....
ဆိုင်ရဲ့ အောက်ဆုံးထပ်မှာ.. Bar သဖွယ်...
အပေါ်ထပ်တွေမှာတော့ karaoke အခန်းများရှိတယ်....

"ဟဲ့...ဟိုမှာ...ခင် မဟုတ်ဘူးလား..."

"အေး...သူ ဟသ်ာတ မပြန်ဘဲ ဘယ်လိုဖြစ်ပြီး..
‌ဒီရောက်နေတာလဲ...."

"ဘယ်သိမလဲ..ငါတို့သွားနှုတ်ဆက်ရအောင်..."

"မလုပ်ပါနဲ့ဟ...နင့်ကိုယ်မှာလည်း မွှန်ထူနေရော..
သောက်ထားတာ များနေတယ်နော်..."

"ရတယ်...အေးဆေး...ငါ ပြောပြမယ်...ဒီလိုနေရာမျိုးမှာ တယောက်တည်း လာသောက်နေပုံထောက်..
တီချယ် အသဲကွဲနေတာပဲနေမှာ...ငါ သွားဖြေသိမ့်ပေးလိုက်ရင် အမှတ်ရမှာ..."

"ဟဲ့..ဟဲ့..နေအုံးလေ..အို..တားလို့လည်း မရပါလား..."

ဒယိမ်းဒယိုင်နဲ့ လျှောက်သွားတဲ့...ဖြူစင့်အနောက် ပြေးလိုက်သွားရင်း...တီချယ်စု အရှေ့ရောက်ခဲ့တယ်..

"တီချယ်...မဂ်လာပါ...တယောက်တည်းလား..."

"အွန်း...အေ့..တယောက်တည်းပါပဲ...
အမြဲတမ်း တယောက်တည်းပဲ...."

"အို...အမြဲ ဘယ်ဟုတ်မလဲ...
ဖြူက တီချယ့် အနား အမြဲ ရှိနေပေးတော့မှာ...
အခုက စပြီး အမြဲ နှစ်ယောက်တည်းပဲ
လုပ်ရအောင်.."

ဘာတုန်း....နှစ်ယောက်တည်းပဲ လုပ်ရအောင်တဲ့...
အရူးနဲ့ အမူးတွေ့ပြီ....အမေရေ....

"အင်း...ကျေးဇူး...ပြန်တော့မယ်..."

"အယ်..တီချယ်..အဆင်ပြေပါ့မလား...ဖြူပဲ လိုက်ပို့ပေးပါ့မယ်..."

အော်...အံ့ဩပါ့...
သူ့ကိုယ်သူတောင်..မူးပြီးယိုင်နေတာ...
တီချယ်စုကို သွားပို့ပေးအုံးမယ်တဲ့....

"နေပါကွာ...မင်းအနားနေရင်...တို့ စိတ်တွေ
ယိုင်လိမ့်မယ်...."

"ယိုင်ပါစေပေါ့...ဖြူ တီချယ့်ကို ဖွင့်ပြောထားပြီးသားပဲဟာ...တီချယ်ကသာ အဖြေပေးလိုက်...
ဖြူက အမြဲ တီချယ့်ကို ကာကွယ်သွားမှာ..."

"မင်းရဲ့ ဒီအပြောတွေက တို့ကို အတော် ကြွေစေတာပဲ...ဒါပေမဲ့...မဖြစ်ပါဘူးလေကွာ...."

"ဖြစ်ပါတယ်...တီချယ်သာ ချစ်မယ်ဆိုရင်ပေါ့...."

"အေ့...ဒါဆိုလည်း...ချစ်တယ် ချစ်တယ်..."

'ချစ်တယ်..ချစ်တယ်...'
အဲ့စကားတစ်ခွန်းက ဘယ်လောက်စွမ်းသလဲတော့
မသိဘူး...မူးပြီး ခေါင်းက ကြမ်းပြင် စိုက်မတက်
ဖြစ်နေတဲ့ ဖြူစင်တစ်ယောက် ချက်ချင်း ခေါင်း‌ထောင်လာတော့တယ်...

"တီချယ် တကယ်လား...."

"တကယ်...တို့ နှလုံးသားကို ဒီထက် မချုပ်ထားနိုင်တော့ဘူး...မင်းပြုံးလိုက်တိုင်း
တို့...အရည်ပျော်မတက်ပဲ...."

"ကျေးဇူးပါ တီချယ်...."

"ချစ်ပါတယ်ဆို...ဘာလို့ ငိုနေတာလဲ..."

"အရမ်းဝမ်းသာလွန်းလို့ပါ...တီချယ် သမီး
ဘယ်ကို ပို့ပေးရမလဲ....ဒီညတော့ ခရီးလည်း ပန်းလာတာမို့တီချယ်စောစောပြန်နော်
သမီး တီချယ့်ကို ပြန်လိုက်ပို့မယ်နော်...."

"အင်း...ပို့...ပို့..."

"ဘယ်ကို ပို့ရမလဲ..တီချယ်..."

"ဖြူ့ရဲ့ ရင်ခွင်ထဲ...."

"ဟင်!!!"

"သွားမယ်...မင်းကို တို့ ချစ်ချင်တယ်...."

"အဟမ်း အဟမ်း...ဟားဟား.."

"ဟဲ့...မရီနေနဲ့  လဝန်းမ...
လုပ်ပါအုံး...ငါ့မှာ ရီရခက်...ငိုရခက်နဲ့..."

"ဖြူ......"

"ရှင်...."

"မာမီချစ်တာ မခံချင်လို့လားကွယ်...."

"အို...မဟုတ်ပါဘူး...အခု ပြန်မယ်နော်...
လဝန်း...နင် ကားမောင်းလိုက်ရော့....
ငါ တီချယ့်ကို ပွေ့ခဲ့မယ်..."

"နေအုံးလေ..."

"တီချယ်ဘာဖြစ်လို့လဲ...".

"ဖြူက တို့ကို တီချယ် တီချယ်နဲ့ ခေါ်နေတော့...
နားထဲ ကန့်လန့် ဖြစ်နေတယ်ကွဲ့...
သူများ နဲ့ မတူတာပဲ ခေါ်စေချင်တယ်....
ခေါ်ကြည့်စမ်း...မာမီလို့...."

"မာမီ..."

"ရှင့် ဖြူလေး..."

"မာမီ...ဖြူချစ်တယ်..."

"အေ့...အမ်း...မာမီလည်း ဖြူ့ကိုချစ်တယ်...."

"ဖြူက ပိုချစ်တာ...မာမီ့ကို..."

"မဟုတ်ရပါဘူး...
မာမီက ဖြူ့ကို ပိုချစ်တာ...."

"အော်...တော်ကြပါတော့...
ဟိုတယ်ရောက်မှ ဆက်ငြင်းကြတော့....
ငါ့နှယ့်နော်....
တီချယ်နဲ့တောင် အဲ့လောက် မရစ်ဖူးဘူး "

"ပွားမနေနဲ့...နင့် တီချယ်ဆီရောက်မှ ပြန်ပွား...
သွားကြမယ်...အချိန်တွေ ပုပ်ကုန်ပြီ...."

"အော် ဟုတ်ကဲ့ ဟုတ်ကဲ့
ကျွန်တော်မျိုးမ မှားပါတယ်..."

ငယ့်ကို ကျ တရားချပြီး...သူ့ ခလှည့်ကျမှ...
Bottom ထိုင်ရတဲ့ ဖြစ်ခြင်း...
တွေးပြီး ‌ရီချင်နေတာ မနည်းအောင့်ထားရတယ်...
ခဏက ၃ပုလင်း ‌မော့ထားတဲ့ အရှိန်တောင် ပျောက်တယ်.....

ဟိုတယ်ကို ပဲ တန်းမောင်းခဲ့တယ်...

"အကိုရေ...တယောက်အိပ်အခန်း ရအုံးမလား..."

"မရတော့ဘူး...ညီမရေ...အခုက ခရီးသွားရာသီမို့ အခန်းတွေ အကုန်ပြည့်နေတယ်..."

"ဖြူစင်...နင့်တီချယ်ကို ဘယ်မှာ သွားထားရမလဲ..."

"အေ့...ဖြူ့ရင်ခွင်ထဲမှာပဲနေမှာလေ...."

"Shit!!!သေစမ်း...
ဟဲ့ တီချယ်က ငါ့ကို ခေါ်သိပ်စေချင်တာ
ဘယ်လိုလုပ်ရမလဲ...."

"ခေါ်သိပ်လိုက်တော့အေ...သွား..နင်နဲ့ တီချယ်ပဲ အခန်းထဲသွားနေလိုက်...ငါ တီချယ့်အိမ်မှာသွားအိပ်လိုက်တော့မယ်...."

"ဟီးဟီး...နင့် ခလှည့်ကျရင် ငါ ပြန်ကူညီမယ်...
အကြွေးမှတ်ထားလိုက်...သွားပြီ..."

ဧည့်သည်ဆိုတော့လည်း အလျော့ပေးရပြန်တာပေါ့...
မာမီစင်တို့ အတွဲ လုပ်တာနဲ့ ငယ့်မှာ...
အိမ်ခြေယာမဲ့လေးတောင် ဖြစ်လို့...
အိမ်လည်း မပြန်ချင်...
တီချယ့်အိမ်လည်း မသွားရဲ...
ကား ကို ကမ်းနားဘက်မောင်းချလာပြီး...
လေညှင်းလာခံနေတော့တယ်....

"ငွေသော်တာရောင်ခြည်...ထိန်လင်းတော့သည်
ဘုံကြိုးပျက်တဲ့ မိုးနတ်မဒီ...
သဒ္ဒါကပိုသည်...ဆရာမကိုပဲ...
အသဲစွဲအောင်ချစ်မိပြီ....."

လေညှင်းခံရင်း....ဆေးလိပ်လေးဖွာရင်း....
သီချင်းလေး ငြီးရင်း....
ဒါဟာ...လောကရဲ့ နိဗ္ဗာန်....

"တီ..တီ..."

ရုတ်တရက် ဖုန်းဝင်လာတော့...
အတွေးလေးတွေ...လေထဲပျောက်ကွယ်လို့....
Contact nameလေးက...မနေ့ကမှ မှတ်ထားခဲ့တဲ့
'Mg's Thet'

"Hello...တီချယ်...မအိပ်သေးဘူးလား..."

"...."

"ဟော်...‌ဖုန်းလည်း ခေါ်သေးတယ်..
ဘာမှ လည်း မပြောဘူး...."

"...."

"အဟမ်း...မောင့် အမျိုးသမီးလေးက စိတ်ကောက်နေတာပဲ..."

"ဟုတ်တယ်...ဟေး...စိတ်လည်းကောက်တယ်...
စိတ်လည်းဆိုးတယ်...လာလည်း မချော့နဲ့တော့ ဒါပဲ..."

ဟော်....တကယ် စိတ်ဆတ်တဲ့ အမျိုးသမီး....
ဟုတ်ပါရဲ့...ဟိုတယ်ပြန်ရောက်ရင် ဖုန်းခေါ်မယ်ဆိုပြီး တွေးထားတာ...ဖြူစင် လုပ်တာနဲ့...
အလုပ်တွေ ရှုပ်ကုန်တာ....
‌အတွေးတွေ ရပ်ပြီး...အပြေးလေးသွားခဲ့တာ
တီချယ့် အိမ်ပါပဲ....
ည၂နာရီတောင်ထိုးနေပြီ တီချယ်က မအိပ်သေးတာလား....

"Hello...တီချယ် အိမ်ရှေ့ရောက်ပြီ...."

"တီ....တီ...."

ဖုန်းချသွားပြန်ပြီ....
နာရီဝက်လောက် အကြာမှ တီချယ့် ဆီက ဖုန်းဝင်လာတယ်....

"မပြန်ဘဲ ဘာရပ်လုပ်နေတာလဲ....အိမ်ပြန်တော့..."

"‌ဟင်...မောင်က ဘယ်အိပ်ပျော်ပါ့မလဲ...
ဟောဒီ့က..မောင့် နှလုံးသားလေးမှာ အဆူးလေး တစ်ချောင်း စိုက်နေတာကိုး...."

"ဆေးခန်းသွားပြပေါ့...အဲ့တာများ...
ပြန်တော့..."

"ဟအင်း...တီချယ် တံခါးလာဖွင့်ပေး...."

"လဝန်း!!!ပြန်မလား မပြန်ဘူးလား...."

"ပြန်...ပြန်ပြီလို့....အဲ့...ပန်းအိုးကြီးတော့
ပြန်ချလိုက်ပါတီချယ်ရယ်...စိတ်လျော့..."

ဝရန်တာက ထွက်ကြည့်နေတဲ့ တီချယ်က..
ပန်းအိုးနဲ့ပါ ရွယ်ပြီး..ကြိမ်းနေတော့....
‌ကားပေါ်တတ်ပြီး...အမြန်ပြေးရတော့တယ်....

~~~~~~~~

"ဒေါက်‌...ဒေါက်..."

ညက ဖြူစင်နဲ့တီချယ်စု အခြေအနေ ဘယ်လိုတွေ ဖြစ်နေလဲ မသိ....
မနက် ၁၁နာရီထိုးပြီ...
အခန်းထဲက အသံတောင် မကြားရလို့....
တံခါးသွားခေါက်မိတယ်...
တံခါးလာဖွင့်တော့လည်း...တီချယ်စု ဖြစ်နေတယ်..

"တီချယ်...ဟို မနက်စာ စားမလို့...."

"စားပြီးပြီ..."

"ရှင်!!!!"

"အော်...ဟို တီချယ် ယောင်သွားလို့ပါကွယ်...
တီချယ်တို့ ခဏနေ လာခဲ့မယ်နော်...
သမီးအောက်မှာပဲ စောင့်နေလိုက်..."

"ဟုတ်ကဲ့...တီချယ်..."

ဟွန့်...ယောင်တာလား...တကယ်စားလိုက်တာလား
အရမ်း ရိုးသား ထုံ အ လွန်းတဲ့ ဖြူစင့် အတွက်တော့
မတွေးရဲစရာပါပဲ....

စားဖွယ် အစုံမှာထားပြီး...စောင့်နေခဲ့တယ်...
ဟော...အတော်ကြာတာပဲ အခုမှ လာပါပြီ...

"morning ဖြူစင်နဲ့ တီချယ်..."

"morning သမီး....မာမီ သွားစရာရှိသေးလို့...
သမီး‌တို့ပဲ စားလိုက်ကြတော့နော်...
See you tonight ဖြူ"

"ဟင်!အော်..ဟို...ဟုတ်...တီချယ်..အယ်..မာမီ..."

ဒေါ်ခင်စုလှိုင်ထွက်သွားတော့မှပဲ နှစ်ယောက်သား သက်ပြင်း ချရတော့တယ်...
အရှည်ဆုံးသက်ပြင်းချတဲ့သူကတော့ ဖြူစင်ပင်...

"ဟဲ့...ညက အခြေအနေလေး..."

"မမေးနဲ့...နင့် အဒေါ်ကလေ...အပျိုကြီးသာပြောတာ.
ခဏကအထိ..သူသာ မတွဲလာပေးရင်...
ငါ ဒီတသက်ထနိုင်မယ် မထင်ဘူး..."

"ဟား...ဟား...ငါ့သူငယ်ချင်းလေး...သနားပါတယ်.."

"အားး...ငါ လှုပ်တောင် သိပ်မလှုပ်နိုင်ဘူး....
ရယ်မနေနဲ့...ဒီညလည်း ငါ ဘယ်လို အသက်ဆက်ရမလဲမသိဘူး...ချစ်လို့သာ အလျော့ပေးထားရတာ...
ငါ့လက်စွမ်းပြလိုက်ရင်..ခေါင်းမထောင်နိုင်ဘဲ ဖြစ်သွားမယ်...."

"အေးပါဟယ်...ဖြည်းဖြည်း‌ပြောပါဟ...
နင် နာနေအုံးမယ်...."

"ဟဲ့....နင်တော့ဝဋ်ပြန်လည်မှာ...."

"လည်စရာလား...ငါ့တီချယ်က ငါ့ကို သိပ်ချစ်တာ...
ငါတစ်ခွန်းဆို....."

"နင်တစ်ခွန်းဆို ဘာဖြစ်လဲ....ဆက်ပြောပါအုံး..."

"ငါ တစ်ခွန်းဆို...တီချယ်က ဆယ်ခွန်းလောက်
ဆူတယ်လို့.....ဟင့်...ဟဲ့...ညက တီချယ် ငါ့ကို စိတ်ကောက်တယ်ဟာ....ငါ မချော့တတ်ဘူး...ဟင့်...ဟင့်...."

"ဟဲ့ အဲ့တာ ငိုစရာလား...ချက်ချင်းကြီးရယ်နေရင်း
ငိုလိုက်တာ...အရူးကျနေရော...."

"ဟင့်...တီချယ် ငါ့ကို စိတ်ကောက်နေတယ်...
ဘယ်လိုချော့ရမလဲ..အကြံပေး...."

"လွယ်ပါတယ်...ဒီလိုလုပ်....."

__________

Zawgyi


ဖော်ကောင်လုပ်နေတာလေ...."

"ဘယ်လို..."


ငါမရည်ရွယ်ပါဘူးဟယ်...."



အသစ်လေးပင်...

"မိုက်လား...."




အဆုတ်ပျက်စီးတတ်သတဲ့..
သင်ဖူးတယ် မလား..ကလေးမ.."


"လဝန်း...နင့်နှယ့်နော်....



"နင်ကမှ တကယ့် မယားတရူး....
တကယ်ပဲ...ခင်...ခင်နဲ့...

တစ်ခါ‌လေးသွားလိုက်တာ...
Let's go!!!"



ချစ်စရာလေး အသက်က...."


"ဟောဒီ့က လဝန်းကလည်း...

သိပ်မှန်သဗျာ့....



‌ဒီရောက်နေတာလဲ...."








"အို...အမြဲ ဘယ်ဟုတ်မလဲ...
လုပ်ရအောင်.."




အော်...အံ့ဩပါ့...

ယိုင်လိမ့်မယ်...."





'ချစ်တယ်..ချစ်တယ်...'

"တီချယ် တကယ်လား...."

တို့...အရည်ပျော်မတက်ပဲ...."

"ကျေးဇူးပါ တီချယ်...."



"အင်း...ပို့...ပို့..."


"ဖြူ့ရဲ့ ရင်ခွင်ထဲ...."

"ဟင်!!!"


"အဟမ်း အဟမ်း...ဟားဟား.."

"ဟဲ့...မရီနေနဲ့  လဝန်းမ...

"ဖြူ......"

"ရှင်...."



"နေအုံးလေ..."

"တီချယ်ဘာဖြစ်လို့လဲ...".


"မာမီ..."

"ရှင့် ဖြူလေး..."

"မာမီ...ဖြူချစ်တယ်..."



"မဟုတ်ရပါဘူး...

"အော်...တော်ကြပါတော့...
ငါ့နှယ့်နော်....


"အော် ဟုတ်ကဲ့ ဟုတ်ကဲ့







"Shit!!!သေစမ်း...
ဘယ်လိုလုပ်ရမလဲ...."



အိမ်လည်း မပြန်ချင်...


သီချင်းလေး ငြီးရင်း....
ဒါဟာ...လောကရဲ့ နိဗ္ဗာန်....

"တီ..တီ..."

'Mg's Thet'


"...."

ဘာမှ လည်း မပြောဘူး...."

"...."



အလုပ်တွေ ရှုပ်ကုန်တာ....
တီချယ့် အိမ်ပါပဲ....


"တီ....တီ...."

ဖုန်းချသွားပြန်ပြီ....



ပြန်တော့..."





~~~~~~~~

"ဒေါက်‌...ဒေါက်..."

မနက် ၁၁နာရီထိုးပြီ...
တံခါးသွားခေါက်မိတယ်...


"စားပြီးပြီ..."

"ရှင်!!!!"


"ဟုတ်ကဲ့...တီချယ်..."

မတွေးရဲစရာပါပဲ....



See you tonight ဖြူ"



"ဟဲ့...ညက အခြေအနေလေး..."




နင် နာနေအုံးမယ်...."


ငါတစ်ခွန်းဆို....."





"လွယ်ပါတယ်...ဒီလိုလုပ်....."

______

Continue Reading

You'll Also Like

2.4M 176K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
231K 13.3K 65
ကျွန်မခန္ဓာကိုယ်ရဲ့ဘယ်ဘက်ရင်အုံမှာရှိတဲ့နှလုံးသားကတစ်ချက်ခုန်တိုင်း "အန်တီ" လို့မြည်နေတာပါ...။ Start date_21.5.2022 End date_30.4.2023
140K 16.8K 123
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
12.3M 64.3K 10
Love comes in all shapes and forms, but Kelly Young had no idea it'd come in the form of her most hated teacher, Mr. Todd. •A Student x Teacher Roman...