Unicode
လူငယ်လေးရဲ့ဘေးတိုက်ပုံရိပ်က ဟိုတယ်ဝန်ထမ်းနောက်ကိုလိုက်သွားပြီး ဓါတ်လှေကားထဲဝင်ရောက် ပျောက်ကွယ်သွားတယ်။
"Moriarty?"
ရှောင်လီရဲ့ မျက်လုံးမှာ တစ်ခုခုမှားနေတာကို ဟောလ် က မြင်ပြီး ဟိုတယ်ထဲသို့ လှမ်းကြည့်လိုက်ပေမယ့် အာရုံစူးစိုက်ရမယ့် ဘယ်အရာကိုမှ မတွေ့ခဲ့ပါဘူး။
ရှောင်လီက သူ့အကြည့်တွေကို ပြန်ရုတ်သိမ်းပြီး ဖြေလိုက်တယ်။
"တကယ့်ကမ္ဘာက အသိအကျွမ်းနဲ့တူတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရလို့"
ရှယ်ကျယ်ချင်းက ကြားဖြတ်ပြောလိုက်တယ်။
"အဲဒါက ပုံစံတူဖြစ်ရမယ်။ သာမာန်လူတွေကို ပုံတူကမ္ဘာထဲကို ဆွဲသွင်းမှာ မဟုတ်ပါဘူး။ မင်းသူငယ်ချင်းက ဖြတ်သွားဖြတ်လာ ရုပ်မျိုးလား"
အတိအကျပြောရလျှင် ရှန်ချန်ကျီးရဲ့အသွင်အပြင်ဟာ ဖြတ်သွားဖြတ်လာတစ်ဦးနှင့် ဆန့်ကျင်ဘက်ဖြစ်တယ်။ ဒါတောင် ရှောင်လီက တစ်ဖက်လူကို ရှင်းမပြဘဲ ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်တယ်။
"ဖြစ်နိုင်ပါတယ်"
ရှယ်ကျယ်ချင်းက သူ့ကိုပြောတယ်။
"ဘေးကင်းဖို့ အချိန်နည်းနည်းပဲ ကျန်တော့တယ်။ တာဝန်ကိစ္စ ဆွေးနွေးသင့်ပြီး မင်းရဲ့ ဖြတ်သွားဖြတ်လာ သူငယ်ချင်းအကြောင်း မစဉ်းစားနဲ့တော့"
အဲ့ဒါကြောင့် ခေါင်းစဉ်က ပြောင်းသွားတယ်။ သူက ရှောင်လီထံမှ တုံ့ပြန်မှုမရခဲ့သလို ထပ်လည်းမမေးတော့ဘူး။ နောက်ဆုံးတော့ အရာအားလုံးက တာဝန်နဲ့ပတ်သက်တာတွေချည်းပါပဲ။
ရီကိုက တာဝန်စာအုပ်ပေါ်ရှိ ပထမဆုံးအကြောင်းအရာအား လက်ညှိုးထိုးပြပြီး အင်္ဂလိပ်လို တစ်ဝက်တစ်ပျက်ဖြင့် ထစ်ထစ်ငေါ့ငေါ့ ပြောလေတယ်။
"ပထမတာဝန်က အရမ်းထူးဆန်းတယ်။ တာဝန်ရဲ့အမှန်တရားကို ခုနှစ်ရက်အတွင်း အတည်ပြုဖို့နှင့် စိစစ်အတည်ပြုဖို့အတွက် အခန်းထဲဝင်ဖို့လည်း လိုအပ်တယ်။ အရမ်းကိုသိသာထင်ရှားတဲ့ ဟာကွက်ကြီးတစ်ခု ရှိနေတာ မဟုတ်ဘူးလား? အခန်းထဲဝင်မှတော့ သရဲတစ္ဆေနဲ့ တွေ့ဆုံရပြီး ထူးဆန်းဇာတ်လမ်းရဲ့ အမှန်တရားကို သက်သေပြဖို့လုံလောက်နေပြီလေ။ ဒါက အရမ်းရိုးရှင်းတယ်မဟုတ်လား?"
တောက်တီက ပြန်ဖြေတယ်။
"ငါတော့ အဲ့လိုမထင်ဘူး။ တာဝန်ကို ရိုးရှင်းတယ်လို့ တွေးကြတဲ့ ကူးပြောင်းဝင်ရောက်သူ အားလုံးက အခြေခံအားဖြင့် သေဆုံးသွားကြတယ်။ ဒီ 'အတည်ပြုခြင်း'ဆိုတာက တာဝန်ပြီးမြောက်ဖို့ ထူးဆန်းတဲ့ဇာတ်လမ်းကို တွေ့ကြုံရပြီး တာဝန်ကိုပြီးမြောက်ဖို့ ထူးဆန်းတဲ့ဇာတ်လမ်းရဲ့ တိုက်ခိုက်ခံရမှုအောက်မှာ ခုနစ်ရက်ကြာ အသက်ရှင်နေရမယ်လို့ ဆိုလိုတာ ဖြစ်ရမယ်"
"တောက်တီပြောတာကို ငါထောက်ခံတယ်"
ဟောလ်က အင်္ဂလိပ်လို ပြောတယ်။
"ပထမတာဝန်က မလှုပ်မယှက် ပုန်းအောင်းနေရပြီး ဒုတိယတာဝန်က တက်ကြွတဲ့တိုက်ခိုက်မှုမျိုးပဲ။ ဒါက ပုံတူကမ္ဘာတွေရဲ့ လုပ်ဆောင်ချက်ပုံစံနှင့် ကိုက်ညီတယ်။ ဒုတိယတာဝန်က ထူးဆန်းနေရုံပဲ။ အဲ့ဒါမရောက်လာခင်မှာ အရာအားလုံးကိုအဆုံးသတ်ရမယ်ဆိုတာက ဘာကိုဆိုလိုတာလဲ?"
ရီကို က နားမလည်ဘဲ ဟောလ် ကို အင်္ဂလိပ်လို အဓိကစာလုံးတွေ ရိုက်ထည့်ခိုင်းတယ်။ ဘာသာပြန်ပြီးနောက် သူမကပြောတယ်။
"လောလောဆယ်တော့ ငါတို့မှာ သဲလွန်စတွေ မရှိဘူး။ ထင်ကြေးပေးတာက အမှောင်ထဲမှာ စမ်းတဝါးဝါးဖြစ်နေရုံပဲ။ ဒီဟိုတယ်ထဲ ဝင်ပြီး တည်းခိုပြီးမှ ဖြည်းဖြည်းချင်း စုံစမ်းသင့်တယ်။"
ရှယ်ကျယ်ချင်းက ဖြစ်စဉ်တစ်လျှောက်လုံး ကြက်တစ်ကောင်လို တိတ်ဆိတ်နေတယ်။ သူက အင်္ဂလိပ်လို မကျွမ်းကျင်ပေမယ့် မျက်နှာမပျက်ရအောင် ဘာမပြောဘူး။ လက်ရှိမှာ သူက မျက်စိစုံမှိတ် ခန့်မှန်းနေပြီး ရှောင်လီကို သီးသန့်မေးမြန်းဖို့ အသင့်ဖြစ်နေပြီ။
ရှောင်လီက Cavill Hotel တံခါးကို လှမ်းကြည့်လိုက်တယ်။ ဘေးကင်းလုံခြုံချိန်မကုန်ဆုံးခင်မှာ သူက မေးလိုက်တယ်။
"ဒီမှာ ဘယ်သူ့မှာ ပိုက်ဆံရှိလဲ? ကဒ်ေတွက ဒီနေရာမှာ သုံးလို့မရတာကြောင့် ငွေသားဖြစ်ရမယ်"
ကျန်တဲ့ ကူးပြောင်းဝင်ရောက်သူများ : "......"၊
ရှယ်ကျယ်ချင်းက ဒီစကားကို နားလည်တယ်။ မေးကို မော့လိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲမှ ပိုက်ဆံအိတ်ကို ဆွဲထုတ်လိုက်တယ်။
"မြို့ကြီးတစ်မြို့မှာ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်ခု၊ အကန့်အသတ်မဲ့ ပိုက်ဆံအိတ်။ ဒါကို ပုံတူကမ္ဘာတွေမှာပဲ သုံးလို့ရပြီး ငွေထုတ်ယူပြီးနောက်၊ ပိုက်ဆံအိတ်ထဲမှာ နောက်ထပ်ငွေတွေ ဆက်ပေါ်လာလိမ့်မယ်"
သူက ပိုက်ဆံတစ်အုပ်ကို ထုတ်ယူပြီး ဟိုတယ်တံခါးကို လှမ်းဖို့ ပြင်ဆင်လိုက်ချိန်မှာ ကောင်းကင်မှာ CG ပေါ်လာပြီး သူ့ကိုရပ်တန့်သွားစေတယ်။
အခုအချိန်မှာ ဘေးကင်းလုံခြုံချိန်က zero ကိုရောက်ရှိနေပါပြီ။
ဒီတစ်ကြိမ်မှာတော့ CG က အရင်ကလို ရိုက်ကွင်းထဲကမြင်ကွင်းမဟုတ်တော့ပဲ တိုက်ရိုက်ထုတ်လွှင့်တဲ့မြင်ကွင်း ဖြစ်တယ်။ တိုက်ရိုက်ထုတ်လွှင့်မှု ရဲ့နာမည်က 'သရဲခြောက်သောနေရာများ၏ ယုံတမ်းပုံပြင်ဇာတ်လမ်းတွေကို စူးစမ်းလေ့လာရန် သင့်အား ခေါ်ဆောင်သွားခြင်း၊ 6 မဟုတ်တဲ့ 6၊ ကျေးဇူးပြုပြီး Anchor ရိယန်ကို နောက်ထပ်အဆင့်အနည်းငယ် တိုးပေးပါ' ဖြစ်တယ်။
ဒီတိုက်ရိုက်ထုတ်လွှင့်မှုက ခုလေးတင်မှစတင်ခဲ့မှန်း သိသာတယ်။ ပန်းရောင်ဆံပင်နှင့် လူငယ်တစ်ဦး ဆယ်လ်ဖီတုတ်ချောင်းကို ကိုင်ကာ ကင်မရာရှေ့မှာ ပေါ်လာတယ်။ သူက ကင်မရာရဲ့ ထောင့်ကို အရင်ဆုံး ချိန်ညှိပြီး ပြောလေတယ်။
"အားလုံးပဲ မင်္ဂလာပါ၊ ငါက မင်းတို့ရဲ့ anchor ရိယန် ပါ။ ဒီနေ့တော့ ဂိမ်းကစားတာမဟုတ်ဘဲ ပိုစိတ်လှုပ်ရှားစရာကောင်းတဲ့ အရာတစ်ခုကို ကစားကြမယ်"
သူ့နောက်ခံက ဟိုတယ်တစ်ခုရဲ့ ကော်ရစ်ဒါမှာ ရှိနေတယ်ဆိုတာ ပြသနေတယ်။ ဟိုတယ်ရဲ့ အတွင်းပိုင်းမှာတော့ အလင်းရောင်တွေနဲ့ ပြည့်နေတယ်။ ကော်ရစ်ဒါမှာ မှန်ရှည်တစ်ချပ်နှင့် ပန်းအိုးတစ်လုံးကို တိကျတဲ့အကွာအဝေးမှာ နေရာချထားတယ်။
anchor ရိယန်က ပြောတယ်။
"Carvill Hotel အကြောင်း ထူးဆန်းတဲ့ ယုံတမ်းပုံပြင်ဇာတ်လမ်းကို လူတိုင်းကြားဖူးကြမယ်ထင်ပါတယ်၊ ဟုတ်တယ်ဟုတ်? ဒီဟိုတယ်က အရမ်းထူးဆန်းတယ်လို့ ပြောလို့ရပါတယ်။ အထပ်တစ်ခုစီတိုင်းအတွက် အခန်းနံပါတ်တွေက အများဆုံး ရှစ်ခုအထိရှိပါတယ်။ ဥပမာအားဖြင့်၊ ပထမထပ်က 101 မှ 108 ဖြစ်တယ်။ သို့သော်၊ ကိုးထပ်ရဲ့ အနက်ရှိုင်းဆုံး ကော်ရစ်ဒါမှာ အခန်းနံပါတ် 909 ဟာ အခါအားလျော်စွာ ပေါ်လာတတ်တယ်။ ကိုးထပ်မှာနေတဲ့သူတွေ တော်တော်များများက အခန်းကို မျက်မြင်တွေ့ခဲ့ကြပေမယ့် တစ်ယောက်ယောက်က တမင်တကာ ရှာချင်တဲ့အခါ ပျောက်သွားတတ်တယ်။"
"ကောလာဟလတွေကို ဟိုတယ်ဝန်ထမ်းတွေက ငြင်းဆိုထားပြီး ကိုးထပ်မှာ အခန်း ၈ခန်းပဲ ရှိတယ်လို့ ဆိုပါတယ်။ 908 အထိပဲရှိပြီး 909 က အခန်းမဟုတ်ပါဘူး။ မည်သို့ပင်ဆိုစေကာမူ 909 နှင့် ပတ်သက်ပြီး ကောလာဟလေတွက ဆူပွက်နေခဲ့ပါတယ်။ ပြောကြတာကတော့ အခန်း 909 ထဲ ဝင်သွားသူတိုင်းဟာ အချိန်ကာလတစ်ခုကြာပြီးနောက် ထူးဆန်းတဲ့နည်းလမ်းများဖြင့် သေဆုံးကြလိမ့်မယ်လို့ ဆိုကြတယ်"
"ဒီနေ့ ငါက မင်းတို့ရဲ့ anchor ဖြစ်ပြီး မင်းတို့နဲ့ အချိန်ဖြုန်းပါမယ်။ Cavill Hotel မှာအခန်းတစ်ခန်းကိုဘွတ်ကင်လုပ်ဖို့ပိုက်ဆံအများကြီးကုန်ခဲ့ပြီး 3 ရက်ကနေ 5 ရက်ထိ နေဖို့အဆင်သင့်ဖြစ်နေပါပြီ။ မတည်ရှိတဲ့အခန်းကို မင်းတို့ကိုပြဖို့ ခေါ်သွာပေးမယ်။"
သူစကားပြောပြီးတာနှင့် တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ မေးခွန်းတွေ ထွက်ပေါ်လာတယ်။
[ဒီနေ့ အရမ်းကောင်းလား? ကောင်းပြီ၊ ငါ မင်းကို ဆုချမယ်။ သဘာဝလွန် ထုတ်လွှင့်မှုတွေကို ငါ ကြိုက်တယ်။]
[အခန်းက တကယ်ပေါ်လာမှာလား? ဒီထူးဆန်းတဲ့ဇာတ်လမ်းဟာ လိမ်ညာမှုလို့ ငါထင်တယ်။ ကိုးထပ်မှာ ငါ ဘာမှမတွေ့ဘူး။]
"ဒါဟာ ထူးဆန်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ မင်းမြင်လိမ့်မယ်။"
ရိယန်က တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပရိသတ်နဲ့ အပြန်အလှန် တုံ့ပြန်ရင်း ရယ်မောပြီး ရှေ့ကို တိုးသွားခဲ့ပါတယ်။ သူ ကိုးထပ်သို့ ရောက်ရှိလာပြီး အခန်းနံပါတ်တွေကို တစ်ခန်းပြီးတစ်ခန်း ညွှန်ပြတယ်- 901, 902, 903... သူ 908 သို့ ချဉ်းကပ်လာချိန်မှာ ရိယန်က ကင်မရာကို သူ့ဘက် ပြန်လှည့်လိုက်တယ်။
"မပြောနဲ့။ ဒီကိုးထပ်ကော်ရစ်ဒါက တောက်ပနေပေမယ့် အမြဲတမ်း အုံ့မှိုင်းနေတယ်လို့ ခံစားရတယ်"
စိတ်အားထက်သန်စွာ ပြောနေရင်း တုန်လှုပ်သွားတယ်။
[လူတွေကို ရင်တမမနဲ့အသည်းယားအောင် မလုပ်ပါနဲ့။ မင်း ဆုလိုချင်ရင် ရွက်လှေ ပေးမယ်။ မြန်မြန်ပြပါ။]
[သရဲရော? ငါ သရဲတစ္ဆေတွေမြင်ချင်တယ်။]
[အပြီးသတ်လိုက်တော့၊ အပြီးသတ်လိုက်တော့။]
ရီယန်က သိသိသာသာ တိုးလာတဲ့ဆုလာဘ်ေတွကို ကြည့်ပြီး တိတ်တဆိတ် ကျေနပ်သွားတယ်။ သူက ဝေခွဲမရဖြစ်နေရာမှ စိတ်ကို ဆုံးဖြတ်ချက်ချလိုက်ပုံ ဟန်ဆောင်လိုက်တယ်။ ကင်မရာကို သူ့မျက်နှာမှ ခွာလိုက်ပြီး အခန်း 908 ဘက်သို့ လှည့်လိုက်တယ်။ ဒီအခန်းရဲ့ အဆုံးမှာ မိုနာလီဆာ မိတ္တူပန်းချီရှိတဲ့ နံရံတစ်ခုသာ ဖြစ်လေတယ်။ ကင်မရာကို မကြည်မလင် ပြုံးပြလိုက်တယ်။ အခန်း ၉၀၉ လို့ ခေါ်တာ မရှိဘူး။
[အဲဒါက လိမ်တာမှန်းသိတယ်။]
[သေချာတာပေါ့၊ ငါ့ကိုယ်ငါ ခြောက်နေမိတာပဲ။]
[စိတ်ပျက်မိတယ်။ ဒီဟိုတယ်နဲ့ သာမန်ဟိုတယ်ကြား ကွာခြားချက်က ဘာလဲ?]
တိုက်ရိုက်ထုတ်လွှင့်မှုမှာ စိတ်ပျက်စရာတွေနှင့် ပြည့်နေခဲ့တယ်။ ရီယန်မှာ အစီအစဉ်ရှိပြီးသားပါ။ ဒါကို သူမြင်တော့ ချက်ချင်း ကင်မရာကို လှည့်ကြည့်လိုက်တယ်။
"ဒီလိုမလုပ်ပါနဲ့။ အနာဂတ်မှာ ထူးဆန်းတဲ့ဇာတ်လမ်းတွေကို တွေ့ဖို့ အချိန်ရှိပါသေးတယ်။"
"ဒါမှမဟုတ် မင်းတို့ဘာတွေတွေ့ချင်လဲ ငါ့ကိုပြောပြပြီး မင်းတို့အတွက် ငါ တိုက်ရိုက်လွှင့်ပေးမယ်။ တခြား ထူးဆန်းတဲ့ ဇာတ်လမ်းတွေဆိုရင်ကော ဘယ်လိုလဲ?"
သူက သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုရှိ ပရိသတ်တွေကို ပါးနပ်စွာ နှစ်သိမ့်လိုက်ပေမယ့် သူ့ခေါင်းပေါ်ရှိ မီးက ခဏတာမျှ ဖျက်ကနဲ့ဖြစ်သွားပြီး မှိန်သွားတာကို သူ မသိလိုက်ပေ။ နောက်ဆုံး သူ့ ပရိသတ်ကို နှစ်သိမ့်ခဲ့ပြီး ထွက်ခွာရန် ခေါင်းကို မော့လိုက်တဲ့အခါ ရုတ်တရက် အေးခဲသွားတယ်။
သူ့မျက်လုံးထောင့်မှ တစ်စုံတစ်ခုကို ဖမ်းမိလိုက်တယ်။ ကော်ရစ်ဒါအဆုံးမှာ နောက်ထပ်အခန်းတစ်ခန်းရှိနေပါတယ်။ အပေါ်က ဆိုင်းဘုတ်က အခန်း 909 ကလွဲရင် တခြားဟိုတယ်အခန်းတွေနဲ့ အတူတူပါပဲ။
"ဒါ...ဒီအခြေအနေကဘာလဲ?" ရီယန်က ခြေတစ်လှမ်းဆုတ်ပြီး အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားတယ်။
[ဘာလဲ? အခန်းပေါ်လာပြီလား?]
[ဒီတစ်ခါတော့ anchor က တကယ်ကို အလုပ်ကြိုးစားတယ်။ ဒါက ဘယ်စတူဒီယိုလဲ? အခန်းက တော်တော် လက်တွေ့ကျတယ်။ ပွဲစီစဉ်သူက ထိတ်လန့်တကြားဖြစ်အောင် ကောင်းကောင်း ဖျော်ဖြေနိုင်တယ်ရော်။]
[သွားကြရအောင်။ anchor ရဲ့ ဖျော်ဖြေမှုအတွက် အော်စကာဒါရိုက်တာတွေကို အမြန်ပြရအောင်]
ရီယန် ထိတ်လန့်သွားတယ်။
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒီတစ်ခါတော့ အမှန်ပဲ။ အဲ့... အဲ့ဒါက ရုတ်တရက်ပေါ်လာတယ်။ မော့ကြည့်လိုက်တာနဲ့ ပေါ်လာတယ်!"
[ဒါဆိုရင်ရင် ဝင်ကြည့်လိုက်။ မင်းကို ရွက်လှေဆယ်စီး ငါ ဆုချမယ်။]
[ဟုတ်တယ်၊ ရီယန် အထဲကို သွားပါ။ မင်းက ငါ့ရဲ့ နှလုံးသားထဲက ကြီးမားတဲ့ anchor တစ်ယောက်ပဲ။]
[မင်းဝင်သွားရင် ဘယ်လောက်ပဲ ကုန်ကျစရိတ်ရှိရှိ ကြော်ငြာနေရာတစ်ခု ပေးမယ်။]
ရီယန်က ရုတ်တရက်ပေါ်လာတဲ့ တံခါးကို ကြည့်လိုက်တယ်။ သူက ထွင်လုံးတစ်ခုကို ရှာဖွေလိုတာကြောင့်သာ စူးစမ်းကြည့်ဖို့ ဒီနေရာကို လာခဲ့တယ်။ ဒီလို ထူးဆန်းတဲ့ ယုံတမ်းပုံပြင်ဇာတ်လမ်းကို တကယ်ကြုံတွေ့ရမယ်လို့ သူ မမျှော်လင့်ထားပါဘူး...
သူက ကင်မရာကို မျက်နှာမူပြီး "ဒါမှမဟုတ် ... မေ့လိုက်ပါ။ ငါ...ငါ မနက်ဖြန်မှ သူငယ်ချင်းအချို့နဲ့ ပြန်လာခဲ့မယ်"
[မနက်ဖြန်ကျ မရှိတော့ရင် ဘယ်လိုလုပ်မလဲဲ? ဒီနေ့ဖြစ်ရမယ်။ အဲ့လိုမဟုတ်ရင်တော့ မနက်ဖြန်ကျမှဆို ဆုမပေးတော့ဘူး။]
ရိယန်က အလိုလို ထွက်သွားချင်ပေမယ့် ပရိသတ်က သဘောမတူဘူး။ မဝင်ပါက ငွေပြန်အမ်းရမည်ဟု တိုင်ကြားထားတယ်လို့ ပြောထားတဲ့စာတွေက ဖန်သားပြင်ပေါ်မှာ ပြည့်နှက်နေတယ်။ ကြည့်ရှုသူတွေ လျင်မြန်စွာ မြင့်တက်လာတာကို သူတွေ့လိုက်ရတယ်။ ဒါက မကြာသေးမီနှစ်များအတွင်း သူ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှု အထွတ်အထိပ်ဖြစ်ပြီး ဒီအတားအဆီးကို သူ မခံနိုင်ပါဘူး။ အဲ့ဒီအပြင် ဖန်သားပြင်ပေါ်က လူတွေက သူ့ကို လက်ဆောင်တွေ ပေးနေတုန်းပါပဲ။ တစ်နှစ်ခွဲနီးပါးလစာလောက် သူရခဲ့တယ်။
ရိယန်က အပေးအယူလုပ်ဖို့ ရွေးချယ်လိုက်ပြီး သူ အံကြိတ်လိုက်တယ်။
"ကောင်းပြီ ဒါဆို ငါဝင်ကြည့်မယ် ဒါပေမယ့် ခဏလေးဘဲနော်။ ငါ တံခါးဆီ သွားမယ်။ တံခါးရှေ့မှာရပ်ပြီး မင်းတို့ကိုပြမယ်။"
သူ့လက်ကို ထိတ်လန့်တုန်လှုပ်စွာ ဆန့်ထုတ်လိုက်ပြီး အခန်း 909 တံခါးကို ထိလိုက်တယ်။ သူ့မှာ တံခါးကတ်မရှိသော်လည်း သူ့လက်ကို တံခါးလက်ကိုင်ပေါ်တင်လိုက်တာနှင့် တံခါးက အလိုအလျောက်တုန့်ပြန်ပြီး တံခါးပွင့်လာတယ်။ ရီယန်က တံခါးဝမှာရပ်ကာ အခန်းတွင်းရှိ မြင်ကွင်းကို မြင်လိုက်ရတယ်။
CG က ဒီမှာ ပြီးသွားတယ်။
ရှယ်ကျယ်ချင်းက မှတ်ချက်ချတယ်။
"သူ တကယ်ပဲ ကြောက်ရွံ့မှုဆိုတာကို မသိပါဘူး။ ငါ ဒီလိုလူအမျိုးအစားတွေကိုမြင်တိုင်း ရိုက်နှက်ပစ်ချင်မိတယ်"
ရှောင်လီက ခေါင်းခါလိုက်တယ်။ သူက ရှယ်ကျယ်ချင်းပြောတာကို သဘောမတူပဲ ဟိုတယ်ထဲကိုသာ ဝင်လာလိုက်တယ်။
Cavill Hotel က အလွန်ကြီးမားပြီး အတော်လေးမြင့်တဲ့ အမိုးခုံးပုံခေါင်မိုး ရှိလေတယ်။ အဲ့ဒါက အရမ်းလှပပြီး နိုင်ငံခြားတိုင်းပြည်ကနဲ့ ဆင်တူတယ်။ ဒီမှာ နေရာအနှံ့က အဆုံးမရှိ နိုင်ငံခြားသားဧည့်သည်တွေ တစ်လှေကြီး ရောက်လာတတ်ကြတယ်။
ကူးပြောင်းဝင်ရောက်သူတွေက ဘယ်အထပ်မှာ တည်းခိုကြမလဲဆိုတာကို စတင်ငြင်းခုံကြတယ်။ ဟောလ် နဲ့ ရိကို တို့ဟာ ကိုးထပ်နဲ့ အဝေးဆုံးဖြစ်တဲ့ ပထမထပ်မှာ နေချင်ပြီး လွတ်မြောက်ဖို့ လွယ်ကူတယ်။ မေဘက်ရှ်ကတော့ လေ့လာကြည့်ရှုဖို့ အဆင်ပြေတဲ့ ကိုးထပ်မှာ နေချင်ခဲ့တယ်။ ရှောင်လီကလည်း ကိုးထပ်ကို မဲပေးပြီး အခန်း 908 ကို အကောင်းဆုံးအဖြစ် သတ်မှတ်ခဲ့တယ်။ ဒီအခန်းဟာ မရှိတဲ့အခန်းနှင့် အနီးဆုံးဖြစ်တယ်။ ကံမကောင်းစွာပဲ 908 က တည်းခိုသူရှိနေပြီးသားဖြစ်ကြောင်း သူ့ကိုပြောလေတယ်။
သူတို့ ညှိနှိုင်းပြီးတဲ့နောက် ရလာဒ်တစ်ခုထွက်လာတယ်။ သူတို့က ကိုးထပ်မှာနေပေမယ့် အဆုံးနဲ့အလှမ်းဝေးတဲ့နေရာမှာ ဖြစ်တယ်။ ချိုသာတဲ့ အရှေ့ကောင်တာမှအမျိုးသမီးက သူတို့အား အခန်း 903၊ 905 နှင့် 906 ပေးခဲ့တယ်။ ကူးပြောင်းဝင်ရောက်သူတွေရဲ့ တောင်းဆိုချက်အရ တစ်ခန်းမှာ လူ 3 ယောက် အိပ်ကြမယ်။
သူတို့က တံခါးကတ်ကို ရရှိပြီး သူတို့ကို လမ်းပြမယ့်ဝန်ထမ်းရဲ့ တောင်းဆိုမှုကို ငြင်းပယ်ကာ ဓာတ်လှေကားဆီ သွားလိုက်ကြတယ်။ ရှောင်လီက ကိုးထပ်အလွှာကိုရောက်တော့ ပထမဆုံးထွက်လာတယ်။ ကော်ရစ်ဒါက အဆုံးထိ လျှောက်ဖို့ ရှည်လွန်းတာကြောင့် သူ ရှေ့ကိုပဲ ဆက်လျှောက်လာတယ်။
သူက အခန်း 906 ကို ကျော်ပြီး ဆက်လျှောက်သွားလိုက်တယ်။ မှန်က ရှောင်လီရဲ့ ဘေးတိုက်ပုံရိပ်ကို ရောင်ပြန်ဟပ်ကာ နေရာကို နှစ်ဆတိုးစေတယ်။ နောက်ဆုံးမှာ သူက ကော်ရစ်ဒါအဆုံးမှာ ရပ်လိုက်တယ်။ တိုက်ရိုက်လွှင့်ပြသခဲ့တဲ့အတိုင်း မှုန်ဝါးဝါး ဖုံးအုပ်ထားတဲ့ လှပပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ မိုနာလီဆာပန်းချီကားတစ်ချပ် ရှိတဲ့ နံရံ ရှိတယ်။ သို့သော် ကိုးခန်းမြောက်ခန်းက မရှိတဲ့အပြင် anchor ရီယန်ရဲ့ ခြေရာတွေလည်း မရှိပါဘူး။ ဒါက အထူးအခွင့်အရေးတစ်ခုလား? ဒါမှမဟုတ် ကံတရားကြောင့်လား...
ရှောင်လီက ပန်းချီကားကိုကြည့်ရင်း လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်ကာ လက်တစ်ဖက်ကို မေးစေ့ပေါ်မှာ တင်ထားတယ်။ ကျန်တဲ့ ကူးပြောင်းဝင်ရောက်သူတွေဟာ သူတို့ရဲ့ အခန်းတွေကို အရင်သွားဖို့ ရွေးချယ်ခဲ့ကြတယ်။
ရှယ်က သရဲတစ္ဆေတွေရဲ့အငွေ့အသက်ကို မရတာကြောင့် ရှောင်လီနောက်ကို အလွယ်တကူလိုက်သွားခဲ့တယ်။ သူက ပန်းချီကားကို ငေးကြည့်နေတာကို မြင်လိုက်ရတာကြောင့် ရှယ်ကျယ်ချင်းကလည်း ရှောင်လီ အနားမှာ ခဏရပ်နေလိုက်တယ်။
"ပန်းချီက ဘာဖြစ်နေလို့လဲ?"
"အမ်? ဘာမှမဖြစ်ပါဘူး။"
"ဘာလို့ အကြာကြီး စိုက်ကြည့်နေတာလဲ?"
"အိုး၊ တခြားပန်းချီဆရာတွေရဲ့ အတွေ့အကြုံကနေ သင်ယူချင်လို့ "
ရှယ်ကျယ်ချင်း : "......"
သူက တစ်ဖက်လူရဲ့ ပန်းချီစွမ်းရည်ကို ပြန်သတိရပြီး ရှောင်လီဟာ အချိန်အတော်ကြာအောင် သင်ယူရဦးမယ်လို့ တွေးနေခဲ့တယ်...
ရှယ်ကျယ်ချင်းက ရှောင်လီ့ ပုခုံးကို ပုတ်လိုက်ပြီး အခန်းထဲကို အရင်ပြန်သွားဖို့ ပြောတော့မယ့်အချိန်မှာ အခန်း 908 တံခါးက ပွင့်လာတယ်။ ရှောင်လီနှင့် ရှယ်ကျယ်ချင်းက တစ်ချိန်တည်း ခေါင်းလှည့်ကြည့်လိုက်တော့ အခန်းထဲမှ လူငယ်တစ်ဦး ထွက်လာတာကို တွေ့လိုက်ရတယ်။
လူငယ်က ရိုးရိုးရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး သွယ်လျတဲ့ ကိုယ်လုံးကိုယ်ပေါက်ရှိတယ်။ သူ့ရဲ့မျက်နှာအသွင်အပြင်က လှပပြီး သူက ရှန်ချန်ကျီး နှင့်တူလေတယ်။ ရှေ့ကနေ အနီးကပ်ကြည့်တော့ သူနဲ့တစ်ထပ်ထဲပါပဲ။ လူငယ်က သူတို့ကို မြင်ပြီး သူ့မျက်လုံးတွေက ရှောင်လီကို အကြာကြီး စိုက်ကြည့်နေသည် ။ ရှယ်ကျယ်ချင်းတောင်မှ ထူးဆန်းနေတာကို ခံစားမိတယ်။
ရှောင်လီက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ်။
"...ရှန်ချန်ကျီး?"
လူငယ်က သဘောတူဟန်နဲ့ ခေါင်းညိတ်ပြီး ပြောလိုက်တယ်။
"မင်းလည်းပဲ ကူးပြောင်းဝင်ရောက်သူ တစ်ယောက်ပဲ"
ရှောင်လီက မေးလိုက်တယ်။
"မင်းဒီကို ဘယ်လိုရောက်လာတာလဲ?"
ပုံမှန်အားဖြင့် ကူးပြောင်းဝင်ရောက်သူတွေက အတူတကွ ရောက်လာတာ မဟုတ်ဘူးလား? ရှန်ချန်ကျီးက ကူးပြောင်းဝင်ရောက်သူဆိုရင် ဘာလို့ ခွဲထွက်နေရတာလဲ?
ရှန်ချန်ကျီးက တိုတိုတုတ်တုတ်ပြောလိုက်တယ်။
"ငါက item တစ်ခုကို သုံးပြီး အထူးပုံတူကမ္ဘာတစ်ခုကို ကြားဝင်ခဲ့တာ"
တစ္ဆေရထားပေါ်မှာတုန်းက ဝမ်ဟွေနဲ့ တူလေတယ်။ အဲ့လို item တွေကို အသုံးပြုသူတွေက ပုံတူကမ္ဘာက တာဝန်တွေကို အနှောင့်အယှက်မပြုနိုင်ပါဘူး။ ရှောင်လီက ခေါင်းညိတ်လိုက်တယ်။ သူက အများကြီးမမေးဘဲ ထူးထူးခြားခြား အေးအေးဆေးဆေးနေတတ်တဲ့ သူ့ရဲ့ထိုင်ခုံဖော်သူငယ်ချင်းဟာ ကူးပြောင်းဝင်ရောက်သူဖြစ်တယ်ဆိုတဲ့အချက်ကို လက်ခံလိုက်တယ်။
သူက အခန်း 908 တံခါးကို ငုံ့ကြည့်ပြီး ဒီလူကို သတိပေးလိုက်တယ်။
"ဘေးနားက အခန်းကို သတိထားပါ"
ရှောင်လီက ဂရုတစိုက်ပြောနေပေမယ့် 908 တံခါးကို ကြည့်ပြီး နောင်တရနေတယ်။ အခန်း 906 က 909 မှာ ဖြစ်နိုင်ချေရှိတဲ့ လှုပ်ရှားမှတွေကို နားထောင်ဖို့ အနည်းငယ်အလှန်းဝေးနေတယ်။ သူက အခန်းထဲမှာ ဘာဖြစ်မလဲဆိုတာကို သိချင်နေပါတယ်။ သူ့ခံစားချက်တွေ အလျင်အမြန်ပြောင်းလိုက်ပေမယ့် ရှန်ချန်ကျီးက သူ့အကြည့်ကို သတိထားမိသွားတယ်။ လူငယ်က ဟိုကြည့်ဒီကြည့်နဲ့ မေးလိုက်တယ်။
"ဒီအခန်းထဲမှာ နေချင်လား?"
ရှောင်လီက ဘာမှပြန်မပြောတော့ ရှန်ချန်ကျီးက သူ့ကို တိုက်ရိုက်ပဲ ပြောလိုက်တယ်။
"ငါ မင်းကို ခွင့်ပြုပေးနိုင်တယ်"
ရှောင်လီ : "......??"
ဒါကို တိုက်ရိုက်ပေးနေတော့လည်း သူဘာမှ ပြောမနေတော့ပါဘူးလေ။
(03/10/2022)
~~~~~~~~~~~~~~~~
Zawgyi
လူငယ္ေလးရဲ႕ေဘးတိုက္ပုံရိပ္က ဟိုတယ္ဝန္ထမ္းေနာက္ကိုလိုက္သြားၿပီး ဓါတ္ေလွကားထဲဝင္ေရာက္ ေပ်ာက္ကြယ္သြားတယ္။
"Moriarty?"
ေရွာင္လီရဲ႕ မ်က္လုံးမွာ တစ္ခုခုမွားေနတာကို ေဟာလ္ က ျမင္ၿပီး ဟိုတယ္ထဲသို႔ လွမ္းၾကည့္လိုက္ေပမယ့္ အာ႐ုံစူးစိုက္ရမယ့္ ဘယ္အရာကိုမွ မေတြ႕ခဲ့ပါဘူး။
ေရွာင္လီက သူ႕အၾကည့္ေတြကို ျပန္႐ုတ္သိမ္းၿပီး ေျဖလိုက္တယ္။
"တကယ့္ကမာၻက အသိအကြၽမ္းနဲ႕တူတဲ့ လူတစ္ေယာက္ကို ေတြ႕လိုက္ရလို႔"
ရွယ္က်ယ္ခ်င္းက ၾကားျဖတ္ေျပာလိုက္တယ္။
"အဲဒါက ပုံစံတူျဖစ္ရမယ္။ သာမာန္လူေတြကို ပုံတူကမာၻထဲကို ဆြဲသြင္းမွာ မဟုတ္ပါဘူး။ မင္းသူငယ္ခ်င္းက ျဖတ္သြားျဖတ္လာ ႐ုပ္မ်ိဳးလား"
အတိအက်ေျပာရလွ်င္ ရွန္ခ်န္က်ီးရဲ႕အသြင္အျပင္ဟာ ျဖတ္သြားျဖတ္လာတစ္ဦးႏွင့္ ဆန႔္က်င္ဘက္ျဖစ္တယ္။ ဒါေတာင္ ေရွာင္လီက တစ္ဖက္လူကို ရွင္းမျပဘဲ ေပါ့ေပါ့ပါးပါး ေခါင္းညိတ္ျပလိုက္တယ္။
"ျဖစ္နိုင္ပါတယ္"
ရွယ္က်ယ္ခ်င္းက သူ႕ကိုေျပာတယ္။
"ေဘးကင္းဖို႔ အခ်ိန္နည္းနည္းပဲ က်န္ေတာ့တယ္။ တာဝန္ကိစၥ ေဆြးေႏြးသင့္ၿပီး မင္းရဲ႕ ျဖတ္သြားျဖတ္လာ သူငယ္ခ်င္းအေၾကာင္း မစဥ္းစားနဲ႕ေတာ့"
အဲ့ဒါေၾကာင့္ ေခါင္းစဥ္က ေျပာင္းသြားတယ္။ သူက ေရွာင္လီထံမွ တုံ႕ျပန္မႈမရခဲ့သလို ထပ္လည္းမေမးေတာ့ဘူး။ ေနာက္ဆုံးေတာ့ အရာအားလုံးက တာဝန္နဲ႕ပတ္သက္တာေတြခ်ည္းပါပဲ။
ရီကိုက တာဝန္စာအုပ္ေပၚရွိ ပထမဆုံးအေၾကာင္းအရာအား လက္ညွိုးထိုးျပၿပီး အဂၤလိပ္လို တစ္ဝက္တစ္ပ်က္ျဖင့္ ထစ္ထစ္ေငါ့ေငါ့ ေျပာေလတယ္။
"ပထမတာဝန္က အရမ္းထူးဆန္းတယ္။ တာဝန္ရဲ႕အမွန္တရားကို ခုႏွစ္ရက္အတြင္း အတည္ျပဳဖို႔ႏွင့္ စိစစ္အတည္ျပဳဖို႔အတြက္ အခန္းထဲဝင္ဖို႔လည္း လိုအပ္တယ္။ အရမ္းကိုသိသာထင္ရွားတဲ့ ဟာကြက္ႀကီးတစ္ခု ရွိေနတာ မဟုတ္ဘူးလား? အခန္းထဲဝင္မွေတာ့ သရဲတေစၦနဲ႕ ေတြ႕ဆုံရၿပီး ထူးဆန္းဇာတ္လမ္းရဲ႕ အမွန္တရားကို သက္ေသျပဖို႔လုံေလာက္ေနၿပီေလ။ ဒါက အရမ္းရိုးရွင္းတယ္မဟုတ္လား?"
ေတာက္တီက ျပန္ေျဖတယ္။
"ငါေတာ့ အဲ့လိုမထင္ဘူး။ တာဝန္ကို ရိုးရွင္းတယ္လို႔ ေတြးၾကတဲ့ ကူးေျပာင္းဝင္ေရာက္သူ အားလုံးက အေျခခံအားျဖင့္ ေသဆုံးသြားၾကတယ္။ ဒီ 'အတည္ျပဳျခင္း'ဆိုတာက တာဝန္ၿပီးေျမာက္ဖို႔ ထူးဆန္းတဲ့ဇာတ္လမ္းကို ေတြ႕ႀကဳံရၿပီး တာဝန္ကိုၿပီးေျမာက္ဖို႔ ထူးဆန္းတဲ့ဇာတ္လမ္းရဲ႕ တိုက္ခိုက္ခံရမႈေအာက္မွာ ခုနစ္ရက္ၾကာ အသက္ရွင္ေနရမယ္လို႔ ဆိုလိုတာ ျဖစ္ရမယ္"
"ေတာက္တီေျပာတာကို ငါေထာက္ခံတယ္"
ေဟာလ္က အဂၤလိပ္လို ေျပာတယ္။
"ပထမတာဝန္က မလႈပ္မယွက္ ပုန္းေအာင္းေနရၿပီး ဒုတိယတာဝန္က တက္ႂကြတဲ့တိုက္ခိုက္မႈမ်ိဳးပဲ။ ဒါက ပုံတူကမာၻေတြရဲ႕ လုပ္ေဆာင္ခ်က္ပုံစံႏွင့္ ကိုက္ညီတယ္။ ဒုတိယတာဝန္က ထူးဆန္းေန႐ုံပဲ။ အဲ့ဒါမေရာက္လာခင္မွာ အရာအားလုံးကိုအဆုံးသတ္ရမယ္ဆိုတာက ဘာကိုဆိုလိုတာလဲ?"
ရီကို က နားမလည္ဘဲ ေဟာလ္ ကို အဂၤလိပ္လို အဓိကစာလုံးေတြ ရိုက္ထည့္ခိုင္းတယ္။ ဘာသာျပန္ၿပီးေနာက္ သူမကေျပာတယ္။
"ေလာေလာဆယ္ေတာ့ ငါတို႔မွာ သဲလြန္စေတြ မရွိဘူး။ ထင္ေၾကးေပးတာက အေမွာင္ထဲမွာ စမ္းတဝါးဝါးျဖစ္ေန႐ုံပဲ။ ဒီဟိုတယ္ထဲ ဝင္ၿပီး တည္းခိုၿပီးမွ ျဖည္းျဖည္းခ်င္း စုံစမ္းသင့္တယ္။"
ရွယ္က်ယ္ခ်င္းက ျဖစ္စဥ္တစ္ေလွ်ာက္လုံး ၾကက္တစ္ေကာင္လို တိတ္ဆိတ္ေနတယ္။ သူက အဂၤလိပ္လို မကြၽမ္းက်င္ေပမယ့္ မ်က္ႏွာမပ်က္ရေအာင္ ဘာမေျပာဘူး။ လက္ရွိမွာ သူက မ်က္စိစုံမွိတ္ ခန႔္မွန္းေနၿပီး ေရွာင္လီကို သီးသန႔္ေမးျမန္းဖို႔ အသင့္ျဖစ္ေနၿပီ။
ေရွာင္လီက Cavill Hotel တံခါးကို လွမ္းၾကည့္လိုက္တယ္။ ေဘးကင္းလုံၿခဳံခ်ိန္မကုန္ဆုံးခင္မွာ သူက ေမးလိုက္တယ္။
"ဒီမွာ ဘယ္သူ႕မွာ ပိုက္ဆံရွိလဲ? ကဒ္ေတြက ဒီေနရာမွာ သုံးလို႔မရတာေၾကာင့္ ေငြသားျဖစ္ရမယ္"
က်န္တဲ့ ကူးေျပာင္းဝင္ေရာက္သူမ်ား : "......"၊
ရွယ္က်ယ္ခ်င္းက ဒီစကားကို နားလည္တယ္။ ေမးကို ေမာ့လိုက္ၿပီး ေဘာင္းဘီအိတ္ကပ္ထဲမွ ပိုက္ဆံအိတ္ကို ဆြဲထုတ္လိုက္တယ္။
"ၿမိဳ႕ႀကီးတစ္ၿမိဳ႕မွာ မရွိမျဖစ္လိုအပ္တဲ့ ပစၥည္းတစ္ခု၊ အကန႔္အသတ္မဲ့ ပိုက္ဆံအိတ္။ ဒါကို ပုံတူကမာၻေတြမွာပဲ သုံးလို႔ရၿပီး ေငြထုတ္ယူၿပီးေနာက္၊ ပိုက္ဆံအိတ္ထဲမွာ ေနာက္ထပ္ေငြေတြ ဆက္ေပၚလာလိမ့္မယ္"
သူက ပိုက္ဆံတစ္အုပ္ကို ထုတ္ယူၿပီး ဟိုတယ္တံခါးကို လွမ္းဖို႔ ျပင္ဆင္လိုက္ခ်ိန္မွာ ေကာင္းကင္မွာ CG ေပၚလာၿပီး သူ႕ကိုရပ္တန့္သြားေစတယ္။
အခုအခ်ိန္မွာ ေဘးကင္းလုံၿခဳံခ်ိန္က zero ကိုေရာက္ရွိေနပါၿပီ။
ဒီတစ္ႀကိမ္မွာေတာ့ CG က အရင္ကလို ရိုက္ကြင္းထဲကျမင္ကြင္းမဟုတ္ေတာ့ပဲ တိုက္ရိုက္ထုတ္လႊင့္တဲ့ျမင္ကြင္း ျဖစ္တယ္။ တိုက္ရိုက္ထုတ္လႊင့္မႈ ရဲ႕နာမည္က 'သရဲေျခာက္ေသာေနရာမ်ား၏ ယုံတမ္းပုံျပင္ဇာတ္လမ္းေတြကို စူးစမ္းေလ့လာရန္ သင့္အား ေခၚေဆာင္သြားျခင္း၊ 6 မဟုတ္တဲ့ 6၊ ေက်းဇူးျပဳၿပီး Anchor ရိယန္ကို ေနာက္ထပ္အဆင့္အနည္းငယ္ တိုးေပးပါ' ျဖစ္တယ္။
ဒီတိုက္ရိုက္ထုတ္လႊင့္မႈက ခုေလးတင္မွစတင္ခဲ့မွန္း သိသာတယ္။ ပန္းေရာင္ဆံပင္ႏွင့္ လူငယ္တစ္ဦး ဆယ္လ္ဖီတုတ္ေခ်ာင္းကို ကိုင္ကာ ကင္မရာေရွ႕မွာ ေပၚလာတယ္။ သူက ကင္မရာရဲ႕ ေထာင့္ကို အရင္ဆုံး ခ်ိန္ညွိၿပီး ေျပာေလတယ္။
"အားလုံးပဲ မဂၤလာပါ၊ ငါက မင္းတို႔ရဲ႕ anchor ရိယန္ ပါ။ ဒီေန႕ေတာ့ ဂိမ္းကစားတာမဟုတ္ဘဲ ပိုစိတ္လႈပ္ရွားစရာေကာင္းတဲ့ အရာတစ္ခုကို ကစားၾကမယ္"
သူ႕ေနာက္ခံက ဟိုတယ္တစ္ခုရဲ႕ ေကာ္ရစ္ဒါမွာ ရွိေနတယ္ဆိုတာ ျပသေနတယ္။ ဟိုတယ္ရဲ႕ အတြင္းပိုင္းမွာေတာ့ အလင္းေရာင္ေတြနဲ႕ ျပည့္ေနတယ္။ ေကာ္ရစ္ဒါမွာ မွန္ရွည္တစ္ခ်ပ္ႏွင့္ ပန္းအိုးတစ္လုံးကို တိက်တဲ့အကြာအေဝးမွာ ေနရာခ်ထားတယ္။
anchor ရိယန္က ေျပာတယ္။
"Carvill Hotel အေၾကာင္း ထူးဆန္းတဲ့ ယုံတမ္းပုံျပင္ဇာတ္လမ္းကို လူတိုင္းၾကားဖူးၾကမယ္ထင္ပါတယ္၊ ဟုတ္တယ္ဟုတ္? ဒီဟိုတယ္က အရမ္းထူးဆန္းတယ္လို႔ ေျပာလို႔ရပါတယ္။ အထပ္တစ္ခုစီတိုင္းအတြက္ အခန္းနံပါတ္ေတြက အမ်ားဆုံး ရွစ္ခုအထိရွိပါတယ္။ ဥပမာအားျဖင့္၊ ပထမထပ္က 101 မွ 108 ျဖစ္တယ္။ သို႔ေသာ္၊ ကိုးထပ္ရဲ႕ အနက္ရွိုင္းဆုံး ေကာ္ရစ္ဒါမွာ အခန္းနံပါတ္ 909 ဟာ အခါအားေလ်ာ္စြာ ေပၚလာတတ္တယ္။ ကိုးထပ္မွာေနတဲ့သူေတြ ေတာ္ေတာ္မ်ားမ်ားက အခန္းကို မ်က္ျမင္ေတြ႕ခဲ့ၾကေပမယ့္ တစ္ေယာက္ေယာက္က တမင္တကာ ရွာခ်င္တဲ့အခါ ေပ်ာက္သြားတတ္တယ္။"
"ေကာလာဟလေတြကို ဟိုတယ္ဝန္ထမ္းေတြက ျငင္းဆိုထားၿပီး ကိုးထပ္မွာ အခန္း ၈ခန္းပဲ ရွိတယ္လို႔ ဆိုပါတယ္။ 908 အထိပဲရွိၿပီး 909 က အခန္းမဟုတ္ပါဘူး။ မည္သို႔ပင္ဆိုေစကာမူ 909 ႏွင့္ ပတ္သက္ၿပီး ေကာလာဟေလတြက ဆူပြက္ေနခဲ့ပါတယ္။ ေျပာၾကတာကေတာ့ အခန္း 909 ထဲ ဝင္သြားသူတိုင္းဟာ အခ်ိန္ကာလတစ္ခုၾကာၿပီးေနာက္ ထူးဆန္းတဲ့နည္းလမ္းမ်ားျဖင့္ ေသဆုံးၾကလိမ့္မယ္လို႔ ဆိုၾကတယ္"
"ဒီေန႕ ငါက မင္းတို႔ရဲ႕ anchor ျဖစ္ၿပီး မင္းတို႔နဲ႕ အခ်ိန္ျဖဳန္းပါမယ္။ Cavill Hotel မွာအခန္းတစ္ခန္းကိုဘြတ္ကင္လုပ္ဖို႔ပိုက္ဆံအမ်ားႀကီးကုန္ခဲ့ၿပီး 3 ရက္ကေန 5 ရက္ထိ ေနဖို႔အဆင္သင့္ျဖစ္ေနပါၿပီ။ မတည္ရွိတဲ့အခန္းကို မင္းတို႔ကိုျပဖို႔ ေခၚသြာေပးမယ္။"
သူစကားေျပာၿပီးတာႏွင့္ တိုက္ရိုက္ထုတ္လႊင့္မႈရဲ႕ ေမးခြန္းေတြ ထြက္ေပၚလာတယ္။
[ဒီေန႕ အရမ္းေကာင္းလား? ေကာင္းၿပီ၊ ငါ မင္းကို ဆုခ်မယ္။ သဘာဝလြန္ ထုတ္လႊင့္မႈေတြကို ငါ ႀကိဳက္တယ္။]
[အခန္းက တကယ္ေပၚလာမွာလား? ဒီထူးဆန္းတဲ့ဇာတ္လမ္းဟာ လိမ္ညာမႈလို႔ ငါထင္တယ္။ ကိုးထပ္မွာ ငါ ဘာမွမေတြ႕ဘူး။]
"ဒါဟာ ထူးဆန္းတဲ့ ဇာတ္လမ္းတစ္ပုဒ္ပါ။ မင္းျမင္လိမ့္မယ္။"
ရိယန္က တိုက္ရိုက္ထုတ္လႊင့္မႈမွာ ပရိသတ္နဲ႕ အျပန္အလွန္ တုံ႕ျပန္ရင္း ရယ္ေမာၿပီး ေရွ႕ကို တိုးသြားခဲ့ပါတယ္။ သူ ကိုးထပ္သို႔ ေရာက္ရွိလာၿပီး အခန္းနံပါတ္ေတြကို တစ္ခန္းၿပီးတစ္ခန္း ၫႊန္ျပတယ္- 901, 902, 903... သူ 908 သို႔ ခ်ဥ္းကပ္လာခ်ိန္မွာ ရိယန္က ကင္မရာကို သူ႕ဘက္ ျပန္လွည့္လိုက္တယ္။
"မေျပာနဲ႕။ ဒီကိုးထပ္ေကာ္ရစ္ဒါက ေတာက္ပေနေပမယ့္ အၿမဲတမ္း အုံ႕မွိုင္းေနတယ္လို႔ ခံစားရတယ္"
စိတ္အားထက္သန္စြာ ေျပာေနရင္း တုန္လႈပ္သြားတယ္။
[လူေတြကို ရင္တမမနဲ႕အသည္းယားေအာင္ မလုပ္ပါနဲ႕။ မင္း ဆုလိုခ်င္ရင္ ႐ြက္ေလွ ေပးမယ္။ ျမန္ျမန္ျပပါ။]
[သရဲေရာ? ငါ သရဲတေစၦေတြျမင္ခ်င္တယ္။]
[အၿပီးသတ္လိုက္ေတာ့၊ အၿပီးသတ္လိုက္ေတာ့။]
ရီယန္က သိသိသာသာ တိုးလာတဲ့ဆုလာဘ္ေတြကို ၾကည့္ၿပီး တိတ္တဆိတ္ ေက်နပ္သြားတယ္။ သူက ေဝခြဲမရျဖစ္ေနရာမွ စိတ္ကို ဆုံးျဖတ္ခ်က္ခ်လိဳက္ပုံ ဟန္ေဆာင္လိုက္တယ္။ ကင္မရာကို သူ႕မ်က္ႏွာမွ ခြာလိုက္ၿပီး အခန္း 908 ဘက္သို႔ လွည့္လိုက္တယ္။ ဒီအခန္းရဲ႕ အဆုံးမွာ မိုနာလီဆာ မိတၱဴပန္းခ်ီရွိတဲ့ နံရံတစ္ခုသာ ျဖစ္ေလတယ္။ ကင္မရာကို မၾကည္မလင္ ၿပဳံးျပလိုက္တယ္။ အခန္း ၉၀၉ လို႔ ေခၚတာ မရွိဘူး။
[အဲဒါက လိမ္တာမွန္းသိတယ္။]
[ေသခ်ာတာေပါ့၊ ငါ့ကိုယ္ငါ ေျခာက္ေနမိတာပဲ။]
[စိတ္ပ်က္မိတယ္။ ဒီဟိုတယ္နဲ႕ သာမန္ဟိုတယ္ၾကား ကြာျခားခ်က္က ဘာလဲ?]
တိုက္ရိုက္ထုတ္လႊင့္မႈမွာ စိတ္ပ်က္စရာေတြႏွင့္ ျပည့္ေနခဲ့တယ္။ ရီယန္မွာ အစီအစဥ္ရွိၿပီးသားပါ။ ဒါကို သူျမင္ေတာ့ ခ်က္ခ်င္း ကင္မရာကို လွည့္ၾကည့္လိုက္တယ္။
"ဒီလိုမလုပ္ပါနဲ႕။ အနာဂတ္မွာ ထူးဆန္းတဲ့ဇာတ္လမ္းေတြကို ေတြ႕ဖို႔ အခ်ိန္ရွိပါေသးတယ္။"
"ဒါမွမဟုတ္ မင္းတို႔ဘာေတြေတြ႕ခ်င္လဲ ငါ့ကိုေျပာျပၿပီး မင္းတို႔အတြက္ ငါ တိုက္ရိုက္လႊင့္ေပးမယ္။ တျခား ထူးဆန္းတဲ့ ဇာတ္လမ္းေတြဆိုရင္ေကာ ဘယ္လိုလဲ?"
သူက သူ႕ရဲ႕ တိုက္ရိုက္ထုတ္လႊင့္မႈရွိ ပရိသတ္ေတြကို ပါးနပ္စြာ ႏွစ္သိမ့္လိုက္ေပမယ့္ သူ႕ေခါင္းေပၚရွိ မီးက ခဏတာမွ် ဖ်က္ကနဲ႕ျဖစ္သြားၿပီး မွိန္သြားတာကို သူ မသိလိုက္ေပ။ ေနာက္ဆုံး သူ႕ ပရိသတ္ကို ႏွစ္သိမ့္ခဲ့ၿပီး ထြက္ခြာရန္ ေခါင္းကို ေမာ့လိုက္တဲ့အခါ ႐ုတ္တရက္ ေအးခဲသြားတယ္။
သူ႕မ်က္လုံးေထာင့္မွ တစ္စုံတစ္ခုကို ဖမ္းမိလိုက္တယ္။ ေကာ္ရစ္ဒါအဆုံးမွာ ေနာက္ထပ္အခန္းတစ္ခန္းရွိေနပါတယ္။ အေပၚက ဆိုင္းဘုတ္က အခန္း 909 ကလြဲရင္ တျခားဟိုတယ္အခန္းေတြနဲ႕ အတူတူပါပဲ။
"ဒါ...ဒီအေျခအေနကဘာလဲ?" ရီယန္က ေျခတစ္လွမ္းဆုတ္ၿပီး အထစ္ထစ္အေငါ့ေငါ့ ျဖစ္သြားတယ္။
[ဘာလဲ? အခန္းေပၚလာၿပီလား?]
[ဒီတစ္ခါေတာ့ anchor က တကယ္ကို အလုပ္ႀကိဳးစားတယ္။ ဒါက ဘယ္စတူဒီယိုလဲ? အခန္းက ေတာ္ေတာ္ လက္ေတြ႕က်တယ္။ ပြဲစီစဥ္သူက ထိတ္လန႔္တၾကားျဖစ္ေအာင္ ေကာင္းေကာင္း ေဖ်ာ္ေျဖနိုင္တယ္ေရာ္။]
[သြားၾကရေအာင္။ anchor ရဲ႕ ေဖ်ာ္ေျဖမႈအတြက္ ေအာ္စကာဒါရိုက္တာေတြကို အျမန္ျပရေအာင္]
ရီယန္ ထိတ္လန႔္သြားတယ္။
"မဟုတ္ဘူး၊ မဟုတ္ဘူး၊ ဒီတစ္ခါေတာ့ အမွန္ပဲ။ အဲ့... အဲ့ဒါက ႐ုတ္တရက္ေပၚလာတယ္။ ေမာ့ၾကည့္လိုက္တာနဲ႕ ေပၚလာတယ္!"
[ဒါဆိုရင္ရင္ ဝင္ၾကည့္လိုက္။ မင္းကို ႐ြက္ေလွဆယ္စီး ငါ ဆုခ်မယ္။]
[ဟုတ္တယ္၊ ရီယန္ အထဲကို သြားပါ။ မင္းက ငါ့ရဲ႕ ႏွလုံးသားထဲက ႀကီးမားတဲ့ anchor တစ္ေယာက္ပဲ။]
[မင္းဝင္သြားရင္ ဘယ္ေလာက္ပဲ ကုန္က်စရိတ္ရွိရွိ ေၾကာ္ျငာေနရာတစ္ခု ေပးမယ္။]
ရီယန္က ႐ုတ္တရက္ေပၚလာတဲ့ တံခါးကို ၾကည့္လိုက္တယ္။ သူက ထြင္လုံးတစ္ခုကို ရွာေဖြလိုတာေၾကာင့္သာ စူးစမ္းၾကည့္ဖို႔ ဒီေနရာကို လာခဲ့တယ္။ ဒီလို ထူးဆန္းတဲ့ ယုံတမ္းပုံျပင္ဇာတ္လမ္းကို တကယ္ႀကဳံေတြ႕ရမယ္လို႔ သူ မေမွ်ာ္လင့္ထားပါဘူး...
သူက ကင္မရာကို မ်က္ႏွာမူၿပီး "ဒါမွမဟုတ္ ... ေမ့လိုက္ပါ။ ငါ...ငါ မနက္ျဖန္မွ သူငယ္ခ်င္းအခ်ိဳ႕နဲ႕ ျပန္လာခဲ့မယ္"
[မနက္ျဖန္က် မရွိေတာ့ရင္ ဘယ္လိုလုပ္မလဲဲ? ဒီေန႕ျဖစ္ရမယ္။ အဲ့လိုမဟုတ္ရင္ေတာ့ မနက္ျဖန္က်မွဆို ဆုမေပးေတာ့ဘူး။]
ရိယန္က အလိုလို ထြက္သြားခ်င္ေပမယ့္ ပရိသတ္က သေဘာမတူဘူး။ မဝင္ပါက ေငြျပန္အမ္းရမည္ဟု တိုင္ၾကားထားတယ္လို႔ ေျပာထားတဲ့စာေတြက ဖန္သားျပင္ေပၚမွာ ျပည့္ႏွက္ေနတယ္။ ၾကည့္ရႈသူေတြ လ်င္ျမန္စြာ ျမင့္တက္လာတာကို သူေတြ႕လိုက္ရတယ္။ ဒါက မၾကာေသးမီႏွစ္မ်ားအတြင္း သူ႕ရဲ႕တိုက္ရိုက္ထုတ္လႊင့္မႈ အထြတ္အထိပ္ျဖစ္ၿပီး ဒီအတားအဆီးကို သူ မခံနိုင္ပါဘူး။ အဲ့ဒီအျပင္ ဖန္သားျပင္ေပၚက လူေတြက သူ႕ကို လက္ေဆာင္ေတြ ေပးေနတုန္းပါပဲ။ တစ္ႏွစ္ခြဲနီးပါးလစာေလာက္ သူရခဲ့တယ္။
ရိယန္က အေပးအယူလုပ္ဖို႔ ေ႐ြးခ်ယ္လိုက္ၿပီး သူ အံႀကိတ္လိုက္တယ္။
"ေကာင္းၿပီ ဒါဆို ငါဝင္ၾကည့္မယ္ ဒါေပမယ့္ ခဏေလးဘဲေနာ္။ ငါ တံခါးဆီ သြားမယ္။ တံခါးေရွ႕မွာရပ္ၿပီး မင္းတို႔ကိုျပမယ္။"
သူ႕လက္ကို ထိတ္လန႔္တုန္လႈပ္စြာ ဆန႔္ထုတ္လိုက္ၿပီး အခန္း 909 တံခါးကို ထိလိုက္တယ္။ သူ႕မွာ တံခါးကတ္မရွိေသာ္လည္း သူ႕လက္ကို တံခါးလက္ကိုင္ေပၚတင္လိုက္တာႏွင့္ တံခါးက အလိုအေလ်ာက္တုန့္ျပန္ၿပီး တံခါးပြင့္လာတယ္။ ရီယန္က တံခါးဝမွာရပ္ကာ အခန္းတြင္းရွိ ျမင္ကြင္းကို ျမင္လိုက္ရတယ္။
CG က ဒီမွာ ၿပီးသြားတယ္။
ရွယ္က်ယ္ခ်င္းက မွတ္ခ်က္ခ်တယ္။
"သူ တကယ္ပဲ ေၾကာက္႐ြံ႕မႈဆိုတာကို မသိပါဘူး။ ငါ ဒီလိုလူအမ်ိဳးအစားေတြကိုျမင္တိုင္း ရိုက္ႏွက္ပစ္ခ်င္မိတယ္"
ေရွာင္လီက ေခါင္းခါလိုက္တယ္။ သူက ရွယ္က်ယ္ခ်င္းေျပာတာကို သေဘာမတူပဲ ဟိုတယ္ထဲကိုသာ ဝင္လာလိုက္တယ္။
Cavill Hotel က အလြန္ႀကီးမားၿပီး အေတာ္ေလးျမင့္တဲ့ အမိုးခုံးပုံေခါင္မိုး ရွိေလတယ္။ အဲ့ဒါက အရမ္းလွပၿပီး နိုင္ငံျခားတိုင္းျပည္ကနဲ႕ ဆင္တူတယ္။ ဒီမွာ ေနရာအႏွံ႕က အဆုံးမရွိ နိုင္ငံျခားသားဧည့္သည္ေတြ တစ္ေလွႀကီး ေရာက္လာတတ္ၾကတယ္။
ကူးေျပာင္းဝင္ေရာက္သူေတြက ဘယ္အထပ္မွာ တည္းခိုၾကမလဲဆိုတာကို စတင္ျငင္းခုံၾကတယ္။ ေဟာလ္ နဲ႕ ရိကို တို႔ဟာ ကိုးထပ္နဲ႕ အေဝးဆုံးျဖစ္တဲ့ ပထမထပ္မွာ ေနခ်င္ၿပီး လြတ္ေျမာက္ဖို႔ လြယ္ကူတယ္။ ေမဘက္ရွ္ကေတာ့ ေလ့လာၾကည့္ရႈဖို႔ အဆင္ေျပတဲ့ ကိုးထပ္မွာ ေနခ်င္ခဲ့တယ္။ ေရွာင္လီကလည္း ကိုးထပ္ကို မဲေပးၿပီး အခန္း 908 ကို အေကာင္းဆုံးအျဖစ္ သတ္မွတ္ခဲ့တယ္။ ဒီအခန္းဟာ မရွိတဲ့အခန္းႏွင့္ အနီးဆုံးျဖစ္တယ္။ ကံမေကာင္းစြာပဲ 908 က တည္းခိုသူရွိေနၿပီးသားျဖစ္ေၾကာင္း သူ႕ကိုေျပာေလတယ္။
သူတို႔ ညွိႏွိုင္းၿပီးတဲ့ေနာက္ ရလာဒ္တစ္ခုထြက္လာတယ္။ သူတို႔က ကိုးထပ္မွာေနေပမယ့္ အဆုံးနဲ႕အလွမ္းေဝးတဲ့ေနရာမွာ ျဖစ္တယ္။ ခ်ိဳသာတဲ့ အေရွ႕ေကာင္တာမွအမ်ိဳးသမီးက သူတို႔အား အခန္း 903၊ 905 ႏွင့္ 906 ေပးခဲ့တယ္။ ကူးေျပာင္းဝင္ေရာက္သူေတြရဲ႕ ေတာင္းဆိုခ်က္အရ တစ္ခန္းမွာ လူ 3 ေယာက္ အိပ္ၾကမယ္။
သူတို႔က တံခါးကတ္ကို ရရွိၿပီး သူတို႔ကို လမ္းျပမယ့္ဝန္ထမ္းရဲ႕ ေတာင္းဆိုမႈကို ျငင္းပယ္ကာ ဓာတ္ေလွကားဆီ သြားလိုက္ၾကတယ္။ ေရွာင္လီက ကိုးထပ္အလႊာကိုေရာက္ေတာ့ ပထမဆုံးထြက္လာတယ္။ ေကာ္ရစ္ဒါက အဆုံးထိ ေလွ်ာက္ဖို႔ ရွည္လြန္းတာေၾကာင့္ သူ ေရွ႕ကိုပဲ ဆက္ေလွ်ာက္လာတယ္။
သူက အခန္း 906 ကို ေက်ာ္ၿပီး ဆက္ေလွ်ာက္သြားလိုက္တယ္။ မွန္က ေရွာင္လီရဲ႕ ေဘးတိုက္ပုံရိပ္ကို ေရာင္ျပန္ဟပ္ကာ ေနရာကို ႏွစ္ဆတိုးေစတယ္။ ေနာက္ဆုံးမွာ သူက ေကာ္ရစ္ဒါအဆုံးမွာ ရပ္လိုက္တယ္။ တိုက္ရိုက္လႊင့္ျပသခဲ့တဲ့အတိုင္း မႈန္ဝါးဝါး ဖုံးအုပ္ထားတဲ့ လွပၿပီး လွ်ို႔ဝွက္ဆန္းၾကယ္တဲ့ မိုနာလီဆာပန္းခ်ီကားတစ္ခ်ပ္ ရွိတဲ့ နံရံ ရွိတယ္။ သို႔ေသာ္ ကိုးခန္းေျမာက္ခန္းက မရွိတဲ့အျပင္ anchor ရီယန္ရဲ႕ ေျခရာေတြလည္း မရွိပါဘူး။ ဒါက အထူးအခြင့္အေရးတစ္ခုလား? ဒါမွမဟုတ္ ကံတရားေၾကာင့္လား...
ေရွာင္လီက ပန္းခ်ီကားကိုၾကည့္ရင္း လက္တစ္ဖက္ကို ရင္ဘတ္ေပၚတင္ကာ လက္တစ္ဖက္ကို ေမးေစ့ေပၚမွာ တင္ထားတယ္။ က်န္တဲ့ ကူးေျပာင္းဝင္ေရာက္သူေတြဟာ သူတို႔ရဲ႕ အခန္းေတြကို အရင္သြားဖို႔ ေ႐ြးခ်ယ္ခဲ့ၾကတယ္။
ရွယ္က သရဲတေစၦေတြရဲ႕အေငြ႕အသက္ကို မရတာေၾကာင့္ ေရွာင္လီေနာက္ကို အလြယ္တကူလိုက္သြားခဲ့တယ္။ သူက ပန္းခ်ီကားကို ေငးၾကည့္ေနတာကို ျမင္လိုက္ရတာေၾကာင့္ ရွယ္က်ယ္ခ်င္းကလည္း ေရွာင္လီ အနားမွာ ခဏရပ္ေနလိုက္တယ္။
"ပန္းခ်ီက ဘာျဖစ္ေနလို႔လဲ?"
"အမ္? ဘာမွမျဖစ္ပါဘူး။"
"ဘာလို႔ အၾကာႀကီး စိုက္ၾကည့္ေနတာလဲ?"
"အိုး၊ တျခားပန္းခ်ီဆရာေတြရဲ႕ အေတြ႕အႀကဳံကေန သင္ယူခ်င္လို႔ "
ရွယ္က်ယ္ခ်င္း : "......"
သူက တစ္ဖက္လူရဲ႕ ပန္းခ်ီစြမ္းရည္ကို ျပန္သတိရၿပီး ေရွာင္လီဟာ အခ်ိန္အေတာ္ၾကာေအာင္ သင္ယူရဦးမယ္လို႔ ေတြးေနခဲ့တယ္...
ရွယ္က်ယ္ခ်င္းက ေရွာင္လီ့ ပုခုံးကို ပုတ္လိုက္ၿပီး အခန္းထဲကို အရင္ျပန္သြားဖို႔ ေျပာေတာ့မယ့္အခ်ိန္မွာ အခန္း 908 တံခါးက ပြင့္လာတယ္။ ေရွာင္လီႏွင့္ ရွယ္က်ယ္ခ်င္းက တစ္ခ်ိန္တည္း ေခါင္းလွည့္ၾကည့္လိုက္ေတာ့ အခန္းထဲမွ လူငယ္တစ္ဦး ထြက္လာတာကို ေတြ႕လိုက္ရတယ္။
လူငယ္က ရိုးရိုးရွပ္အကၤ်ီကို ဝတ္ဆင္ထားၿပီး သြယ္လ်တဲ့ ကိုယ္လုံးကိုယ္ေပါက္ရွိတယ္။ သူ႕ရဲ႕မ်က္ႏွာအသြင္အျပင္က လွပၿပီး သူက ရွန္ခ်န္က်ီး ႏွင့္တူေလတယ္။ ေရွ႕ကေန အနီးကပ္ၾကည့္ေတာ့ သူနဲ႕တစ္ထပ္ထဲပါပဲ။ လူငယ္က သူတို႔ကို ျမင္ၿပီး သူ႕မ်က္လုံးေတြက ေရွာင္လီကို အၾကာႀကီး စိုက္ၾကည့္ေနသည္ ။ ရွယ္က်ယ္ခ်င္းေတာင္မွ ထူးဆန္းေနတာကို ခံစားမိတယ္။
ေရွာင္လီက တိတ္ဆိတ္မႈကို ၿဖိဳခြင္းလိုက္တယ္။
"...ရွန္ခ်န္က်ီး?"
လူငယ္က သေဘာတူဟန္နဲ႕ ေခါင္းညိတ္ၿပီး ေျပာလိုက္တယ္။
"မင္းလည္းပဲ ကူးေျပာင္းဝင္ေရာက္သူ တစ္ေယာက္ပဲ"
ေရွာင္လီက ေမးလိုက္တယ္။
"မင္းဒီကို ဘယ္လိုေရာက္လာတာလဲ?"
ပုံမွန္အားျဖင့္ ကူးေျပာင္းဝင္ေရာက္သူေတြက အတူတကြ ေရာက္လာတာ မဟုတ္ဘူးလား? ရွန္ခ်န္က်ီးက ကူးေျပာင္းဝင္ေရာက္သူဆိုရင္ ဘာလို႔ ခြဲထြက္ေနရတာလဲ?
ရွန္ခ်န္က်ီးက တိုတိုတုတ္တုတ္ေျပာလိုက္တယ္။
"ငါက item တစ္ခုကို သုံးၿပီး အထူးပုံတူကမာၻတစ္ခုကို ၾကားဝင္ခဲ့တာ"
တေစၦရထားေပၚမွာတုန္းက ဝမ္ေဟြနဲ႕ တူေလတယ္။ အဲ့လို item ေတြကို အသုံးျပဳသူေတြက ပုံတူကမာၻက တာဝန္ေတြကို အေႏွာင့္အယွက္မျပဳနိုင္ပါဘူး။ ေရွာင္လီက ေခါင္းညိတ္လိုက္တယ္။ သူက အမ်ားႀကီးမေမးဘဲ ထူးထူးျခားျခား ေအးေအးေဆးေဆးေနတတ္တဲ့ သူ႕ရဲ႕ထိုင္ခုံေဖာ္သူငယ္ခ်င္းဟာ ကူးေျပာင္းဝင္ေရာက္သူျဖစ္တယ္ဆိုတဲ့အခ်က္ကို လက္ခံလိုက္တယ္။
သူက အခန္း 908 တံခါးကို ငုံ႕ၾကည့္ၿပီး ဒီလူကို သတိေပးလိုက္တယ္။
"ေဘးနားက အခန္းကို သတိထားပါ"
ေရွာင္လီက ဂ႐ုတစိုက္ေျပာေနေပမယ့္ 908 တံခါးကို ၾကည့္ၿပီး ေနာင္တရေနတယ္။ အခန္း 906 က 909 မွာ ျဖစ္နိုင္ေခ်ရွိတဲ့ လႈပ္ရွားမွေတြကို နားေထာင္ဖို႔ အနည္းငယ္အလွန္းေဝးေနတယ္။ သူက အခန္းထဲမွာ ဘာျဖစ္မလဲဆိုတာကို သိခ်င္ေနပါတယ္။ သူ႕ခံစားခ်က္ေတြ အလ်င္အျမန္ေျပာင္းလိုက္ေပမယ့္ ရွန္ခ်န္က်ီးက သူ႕အၾကည့္ကို သတိထားမိသြားတယ္။ လူငယ္က ဟိုၾကည့္ဒီၾကည့္နဲ႕ ေမးလိုက္တယ္။
"ဒီအခန္းထဲမွာ ေနခ်င္လား?"
ေရွာင္လီက ဘာမွျပန္မေျပာေတာ့ ရွန္ခ်န္က်ီးက သူ႕ကို တိုက္ရိုက္ပဲ ေျပာလိုက္တယ္။
"ငါ မင္းကို ခြင့္ျပဳေပးနိုင္တယ္"
ေရွာင္လီ : "......??"
ဒါကို တိုက္ရိုက္ေပးေနေတာ့လည္း သူဘာမွ ေျပာမေနေတာ့ပါဘူးေလ။
(03/10/2022)
~~~~~~~~~~~~~~~~