End Game (Completed)

By Vienna_a

9.5K 735 53

I WANNA BE YOUR END GAME (mmfanfic) More

A/N
01
02
03
04
05
06
07
09
10
11
12 (Final)
thank u all

08

573 64 4
By Vienna_a




Vegas's Pov

"Pete... ကိုယ်..."

"မင်းကတောင် ငါ့ကို မယုံမှတောင် ငါဒီမှာနေစရာမလိုတော့ဘူး ။ ငါမင်းကို သောက်ရမ်း မုန်းတယ် Vegas..."  Pete က ငါ့ကိုမုန်းတယ်တဲ့ အရမ်းကိုမုန်းတာတဲ့ ငါ့ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွားသလိုပဲ။ ငါ့နှလုံးသားကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးတာထက် ပိုပြီးနာကျင်ရတယ်လို့ ခံစားရတယ် ။

ငါချစ်ရတဲ့ တစ်ဦးတည်းသော၊ ငါ့ဘဝကိုအလင်းပေးတဲ့တစ်ဦးတည်းသော၊ ငါ့ဘဝရဲ့ ကောင်းခြင်း ဆိုးခြင်းတွေ မှန်သမျှကို မငြီးမငြူ လက်ခံပေးခဲ့တဲ့သူ အဲ့ဒီသူက ငါ့ကိုမုန်းတယ်တဲ့။

"Pete ကိုယ်စိတ်မထိန်းနိုင်လို့ ဖြစ်သွားခဲ့တာပါ ။
ကိုယ်တောင်းပန်တယ်နော် ။ နောက်တစ်ခါ မဖြစ်စေရပါဘူး။ ကိုယ်... ကိုယ့်ကို မထားသွားပါနဲ့နော်" Pete  အခန်းထဲက ထွက်သွားဖို့ပြင်နေတာမို့ငါအမြန်လှမ်းဆွဲ ပြီးအနောက်ကနေ ဖက်ထားလိုက်တယ်။ သူက အရမ်းငိုနေတာ ရှိုက်သံလေးပါ ကြားတဲ့အထိ ။ ငါမှားခဲ့တာ ငါစကားပြောမှားပြီး Pete ကို နောက်တစ်ကြိမ် နာကျင်စေပြန်ပြီ။ Pete ကိုမနာကျင်ရအောင် ကာကွယ်ပေးမယ်ဆို​ပြီး Pete  မျက်ရည်တွေရဲ့ အကြောင်းရင်းခံက ငါဖြစ်နေပြန်တယ်။

ငါလည်း သူနဲ့ ထပ်တူ ငိုနေမိတာ။ ငါကြောက်တယ် သူထွက်သွားမှာ အရမ်းကြောက်တယ်။ သူ့အချစ်တွေကို မယုံတာမဟုတ်ဘူးဆိုတာ ငါဘယ်လိုရှင်းပြရမလဲ ငါမသိတော့ဘူး။ Pete က ငါပိုင်ဆိုင်ခဲ့တဲ့ အရာတွေထဲမှာတန်ဖိုးအရှိဆုံးမလို့ ငါ့သူ့ကို လက်မလွှတ်နိုင်ဘူး။ အဲ့တာကြောင့် သူလျှိုဝှက်ချက်တွေ ထားလာတဲ့အချိန် ငါ့ဦးနှောက်က အလိုလို ချုပ်ထိန်းနိုင်စွမ်းမဲ့လာတယ်။ သူ့ကို ငါပဲပိုင်ဆိုင်တယ်ဆိုတဲ့ အတ္တစိတ်က ပါဖုံးလွှမ်းလာတယ်။ အဲ့ဒီနောက်တော့ အရင် Vegas ပြန်ရောက်လာခဲ့တယ်။ အသိတရားကင်းမဲ့ပြီး ရက်စက်ကကြမ်းကြုတ်တဲ့ Vegas ။ ငါ့ကိုယ်ငါတောင် မုန်းတဲ့ အထိ ဖြစ်စေခဲ့တဲ့ Vegas။

"လွှတ်!!!! ငါ့ကိုလွှတ် Vegas!!!!" Pete က ငါ့လက်ထဲက နေရုန်းထွက်ဖို့ ကြိုးစားနေလေတယ်။ သူကြိုးသားလေ ငါသူ့ကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားမိတယ်။ ငါ့ရဲ့မေးစေ့ကို သူ့ပုံခုံးလေးပေါ်မှာ မှီချထားပြီး သူရောငါရော ရှိုက်ကာငိုနေကြတာ။

အမှန်တိုင်းပြောရရင် Pete ကိုနာကျင်အောင် လုပ်တာ ဒါပထမဆူံး အကြိမ်မဟုတ်ဘူး။ ငါတိူ့ လက်ထပ်ပြီးတဲ့ တစ်နှစ်အတွင်း ငါသူ့ကိုအကြိမ်ကြိမ်နာကျင်စေခဲ့တာ။တစ်ည ငါအလုပ်ကနေ ညစာစားပွဲ မှာအရက်သောက်ပြီးပြန်လာတဲ့အချိန် အဲ့အချိန် တုန်းကအရက်ရှိန်ကြောင့် သူမလိုချင်ပါဘူးဆိုတာကို အတင်းယူခဲ့မိတယ်။ သူက ငါ့ကိုဆိုအလိုလိုက်တဲ့သူ,မလို့မနက်ရောက်တာတောင် သူနာကျင်နေရတာကို တစ်ခွန်းမှ မဖွင့်ဟဘူး။ ငါ့ကို အဆင်ပြေပါတယ်ဆိုပြီးတောင် စိတ်အတင်ပြေအောင်ပြောပေးရှာတယ်။

တစ်ရက်တုန်းကလည်း ငါအလုပ်မှာ စိတ်အဆင်မပြေတဲ့အချိန် အဲ့အချိန်တုန်းက အိမ်အထိပါဒီအကြောင်းအရာတွေကိုသယ်လာခဲ့မိတယ်။ ငါ့ရဲ့ Pete သူကတော့ ငါ့ကို စိတ်ဖြေပေးတယ်။ ငါ့ရဲ့ သုံးစားမရတဲ့ ဒေါသအချို့က သူ့ကိုထိခိုက်စေခဲ့တာ။ ငါ့ကိုစိတ်ပြေစေဖို့ ချော့မြူပေးခဲ့တဲ့သူကို စကားလုံးကြမ်းကြမ်းအချို့သုံးပြီး သူ့ရဲ့ ချစ်ခြင်းတွေကို စော်ကားခဲ့ဖူးတယ်။ အဲ့နေ့တုန်းက ငိုသွားခဲ့တဲ့ သူ့မျက်နှာလေးကို ငါ့ရင်ထဲသံမှိုရိုက်စွဲ ပြီးသူ့ကိုနာကျင်အောင် ထပ်မလုပ်တော့ဘူးလို့ ငါ့ကိုယ်ငါ ကတိပေးခဲ့ပေမဲ့ အခုထပ်လုပ်မိပြန်ပြီ။

ငါက Pete ရဲ့အချစ်တွေကို စော်ကားနေတဲ့ကောင်။ စောက်သုံးမကျတဲ့ကောင်။

Pete ကတော့ ငါ့ကို အမြဲစိတ်သက်သာရာရစေအောင် ဘာမှမဖြစ်ဘူး ငါမမှားဘူးဆိုနဲ့ စကားကို ထပ်ခါထပ်ခါပြောပေးလေ့ရှိတယ်။ သူက သူနာကျင်မှုထက် ငါနာကျင်မှာကို ပိုကြောက်တဲ့ သူမျိုး။ အဲ့လိုလူမျိုးကို ငါထပ်နာကျင်စေမိပြန်ပြီ။

"ကိုယ်ထပ်မလုပ်တော့ဘူး ။ ကိုယ်မင်းကို ငိုအောင်ထပ်မလုပ်တော့ပါဘူး။ ကိုယ့်ကိုထားမသွားပါနဲ့" ငါအသံတွေပါ တုန်ရင်း ပြောနေမိတာ။ ငါကြောက်လွန်းလို့ သူထွက်သွားမှာ ကြောက်လွန်းလို့။

"ငါတို့က ခဏရပ်ရအောင် ငါပင်ပန်းနေပြီ"

"ဟင့်အင်း Pete ကိုယ်..."

"ငါ့ကိုချစ်ရင် လွှတ်ပေးပါတော့..." Pete ငါ့ရဲ့ Pete ။ ငါ့ကိုနောက်တစ်ကြိမ် စကားတွေနဲ့ အနိုင်ယူသွားပြန်ပြီ။ ငါ့ရဲ့လက်တွေအား ယုတ်လျော့လာပြီး အဲ့နေရာမှာတင် ခြေထောက်ထောက်တွေလဲ ပြိုကျမတတ်ပဲ။

Pete က ငါနဲ့ နေရတာ ပင်ပန်းနေပြီတဲ့...။

အခန်းထဲက သူထွက်သွားတဲ့ပုံရိပ်လေးက ငါ့ရင်ထဲမှာ တဆစ်ဆစ်နာကျင်နေရတယ်။

သူဆိုရင်ရော... ငါသူ့ကိုဖောက်ပြန်တဲ့ လူတစ်ယောက်လို ဆက်ဆံခဲ့မိတာ သူဆိုရင် ရောဘယ်လောက်တောင် နာကျင်နေလိမ့်မလဲ။ 

.

.

.

Pete's Pov

ငါသူ့ဆီက ထွက်ပြေးလာခဲ့ပြန်ပြီ ။ ချစ်နေရက်နဲ့ မပြည့်စုံခဲ့တဲ့ ငါတို့ရဲ့ ဆက်ဆံရေးဆီကနေ ငါတစ်ဖန်ပြေးထွက်လာခဲ့တာ။ ပထမတစ်ခါလောက် မနာကျင်လောက်ဘူးထင်ခဲ့ပေမဲ့။ ဆိုးဆိုးရွားရွားခံစားနေရတုန်းပဲ။ Vegas ကိုစိတ်ပူလွန်းပေမဲ့လည်းငါတို့နှစ်ယောက်ကြားမှာ အချိန်ယူဖို့ လိုအပ်နေတယ်ဆိုတဲ့ ငါ့ရဲ့တစ်ဖက်သတ်အသိက ပြင်းထန်နေတယ်။

အဲ့ဒီနေရာကနေ ထွက်လာခဲ့ပြီး အနီးဆုံး ဖြစ်တဲ့ ဒုတိယ ငါ့မိသားစု အကိုလေးဆီကို ထွက်လာခဲ့တယ်။ ပထမတစ်ခါကလို ငါ့ရဲ့ မှီခိုရာဖြစ်လောက်မယ့်အကိုလေးဆီကိုပေါ့။

"အို Pete ဘယ်လိုရောက်နေတာလဲ"

"အကိုလေး..." ငါ့ကိုယ်ငါတောင်မထိန်းနိုင်တော့ဘူး။ နာကျင်ရလွန်းလို့ မျက်ရည်တွေက ကျဆင်းနေဆဲပဲ။ ဘော်ဒီဂတ်ခေါင်းဆောင်ဟောင်း တစ်ယောက်ဖြစ်ခဲ့ပြီး ပျော့ညံ့​နေမိတာ။  Vegas နဲ့ဆို ငါက ငါမဟုတ်တော့သလ််ိုပဲ။

အခြေအနေကို တိတိကျကျ နားလည်သေးပုံမပေါ်ပေမဲ့ ငါငိုနေတာတွေ့တော့အကိုလေးက ငါ့ကိုလက်ကမ်းပေးလာတယ်။ ငါသူ့ရင်ခွင်ထဲကို မှီချလိုက်ပြီး  ကလေးငယ်တစ်ယောက်လိုရှိုက်ကြီးတငင်ငိုမိတော့တာပဲ။

"Pete ဘာဖြစ်လာတာလဲ Vegas ဘာလုပ်လိုက်တာလဲ အခုချက်ချင်းပြော" ငါဘာမှမပြောပဲ သူဖက်ထားတဲ့အတိုင်းသူ့ရင်ခွင်ထဲပဲ တိုးဝင်ဖက်လို့ ငိုလိုက်တယ်။ Vegas ငါ့ကို ဘယ်လိုဆက်ဆံခဲ့လဲ သူအမှားတွေ အများကြီးလုပ်ခဲ့တာပါငါပြောလိုက်လို့ရပေမဲ့ ငါမလုပ်ရက်ဘူး။ Vegas က နဂိုတည်းက ထိခိုက်နာကျင်နေရတဲ့ ကလေးတစ်ယောက်လေ ငါသူ့ကို အကောင်းဆုံးတွေပဲ ပေးချင်တာ။ သူ့ကိုမနာကျင်စေချင်ဘူး။

Vegas က ငါနဲ့လက်ထပ်ပြီးတာတောင် အမှားတွေ လုပ်မြဲလုပ်ဆဲပဲ ။ငါအမြဲ ခွင့်လွှတ်ပေးတယ်ဆိုတာ သူ့ကိုအရမ်းချစ်လို့။ သူ့ကိုယ်သူ ပြောင်းလဲဖို့လည်းအချိန်ယူရမှာမို့လို့လေ။ အခုတစ်ခေါက်ကိုတော့ ငါလည်းနာကျင်လွန်းလို့ ထွက်ပြေးမိတာပါ။ ငါ့အချစ်တွေကို မယုံကြည်ခဲ့တဲ့ မင်းကိုနာကျင်လွန်းလို့။ ငါ့ကို ခွင့်လွှတ်ပါ V...။

"မငိုနဲ့​တေ့ာ Pete။ အဲ့ကောင်ငါနဲ့တွေ့မယ် Arm Pol အခုချက်ချင်း အိမ်တော်ငယ်ဆီ..."

"မလုပ်ပါနဲ့အကို​လေး...!!!"

"Pete မင်းဒီလိုပုံဖြစ်နေတာတောင် အဲ့အကောင်အတွက် တွေးနေတာလား..."

"ကျွန်တော်ရွာပြန်ချင်တယ် ဟင့် အကိုကြီး ကျွန်တော့်ကို ကူညီပေးပါ" ငါတကယ် ရွာပြန်ချင်တာ ဒီမှာ နေလို့ ရပေမဲ့လည်း Khun Korn လည်းရှိနေပြီး အခြားသူတွေလည်းရှိနေမှာမိူ့လို့ ငါအိမ်တော်ငယ်ဆီကသာဆင်းလာတာသိရင် ငါ့ကိုကွက်ကြည့် ကွက်ကြည့်တွေ လုပ်လာကြမှာ။ ငါအခုအေးအေးဆေးဆေးနေချင်တာ အဲ့တာကြောင့်မို့လို့ အေးချမ်းတဲ့နေရာကိုပြေးထွက်ချင်တယ်။

"အေး အေး မနက်ဖြန်ကားစီစဥ်ပေးမယ် ဒီနေ့တော့ ဒီမှာနေလိုက်ဦးနော်"

"ဟုတ်" အက်ိုလေးက ပြောရဆိုရ သိပ်ခက်ပေမယ့် တစ်ခါတစ်လေကျရင် တကယ့် အကိုကြီးအတိုင်းပဲ။ ငါ့ကိုလည်း ယူံယုံကြည်ကြည်နဲ့ချစ်ပေးတာမို့ ဒီကိုအားကိုးတကြီးလာခဲ့မိတာ။

ဘာမှလည်းမစားရသေးတာမို့လို့ ထမင်းစားခန်းထဲမှာ ထမင်းတစ်ပန်းကန်နဲ့ ဟင်းတစ်ခွက်ချရင်းငူငူငိုင်ငိုင်ထိုင်နေမိတယ်။ သူလူပ်ပေးထားတဲ့ ဟာတွေကို အိမ်တော်ထိန်းအန်တီကစ ကူညီပေးနွေးထွေးမယ်လုပ်တဲ့အချိန် ပြသာနာဖြစ်လာတော့စားဖို့အချိန်တောင်မရလောက်ဘူးလေ။ အခုလည်း ငါ့အရှေ့မှာ စားစရာတွေသာ ရှိနေပေမဲ့ ငါ့စိတ်အလုံးစုံက Vegas ဆီမှာ။

Vegas က တကယ့်ကိုမူးယစ်ဆေးလိုပဲ...။ သူဘ ယ်လောက်ဆိုးဆိုး ငါကတော့အမြဲ သူ့ကို တွယ်တာမြဲ တွယ်တာဆဲပဲ။ သူအခုချိန် အဆင်ပြေပါ့မလား။ ထပ်ပြီးကိုယ့်ကိုကိုယ်နာကျင်အောင်လုပ်နေရင် ဘယ်လိုလုပ်မလဲ။ သူတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးတွေတရစပ်ဝင်လာတယ်။ အခုချက်ချင်း သူ့ဆီပြန်သွားလိုက်ချင်ပေမဲ့ ငါတိူ့ အချိန်ယူဖိူ့လိုအပ်နေသေးတာလို့ငါထင်လို့ ငါ​ငြိမ်နေခဲ့တာ။ သူရော ငါရော သူ့ရဲ့ဒေါသတွေကြောင့် အချိန်တိုင်း နာကျင်နေခဲ့ရတာ။ ရှေ့ဆက်လျောက် ငါတို့ အချင်းချင်း ဒီလို နာကျင်မှုပေးနေရင် ဘယ်လိုပျော်ရွှင်တဲ့ ဘဝကိုရနိုင်မှာလဲ။

ငါ​ရှေ့မှာ ရှိနေတဲ့စားစရာတွေကို ဒီအတိုင်းထားခဲ့ပြီးစားပွဲဝိုင်းကထွက်လာလိုက်တယ်။ ဒီမှာဆက်နေလို့လည်းစားချင်စိတ်ပေါက်လာမှာမှမဟုတ်တာ။ အရင်ငါနေခဲ့တဲ့ အခန်းဟောင်းကို အကိုလေးက ​သုံးခိုင်းထားတာမို့ အဲ့ထဲမှာ ပဲထိုးဝင်အိပ်လိုက်တယ်။. မနေ့ညက သောက်ထားတဲ့အရှိန်ရယ် ဒီနေ့တဝကြီးငိုမိလိုက်တာမို့ ငါပင်ပန်းနေပြီ ။ ဆာလောင်မှုကို ခံစားနေရပေမဲ့ စားချင်စိတ်ပျောက်နေတာမို့လို့ အိပ်တာနဲ့ ပဲအစားထိုးလိုက်တယ်။ အကိုလေးကိုတော့ ငါဒီကိုရောက်နေတာ arm နဲ့ pol ကလွဲရင် ဘယ်သူ့ကိုမှ အသိမပေးဖို့ ကတိတောင်းထားလိုက်တယ်။

.

.

.

Ding

အိပ်ရာပေါ်မှာ လူးလိမ့်နေတုန်း ဖုန်း မက်ဆေ့ဂျ်သံကြောင့် ဖုန်းကိုကောက်ယူကြည်လိုက်တော့ Vegas ရဲ့မက်ဆေ့ဂျ် ။ Wallpaper ကတော့ထပ်ပြီးလွမ်းချင်စရာကောင်းလောက်အောင် သူ့ပုံလေ။ ငါ့ရဲ့ ဘဝက သူဝင်လာပြီးတည်းက အရာရာကသူဖြစ်နေခဲ့တာပဲ။


[Pete... အိမ်တော်ကြီးဆီ ရောက်နေတယ်ဆို။ ကိုယ်တောင်းပန်တယ်နော် ကိုယ့်အမှားပါ ကိုယ်မင်းကို အရမ်းသဝန်တိုမိခဲ့တာ ကိုယ်ဆုံးရှုံးရမှာကြောက်လို့လေ။ အိမ်မှာ ထမင်းလည်းစားမသွားရဘူးဆို ။ ဟိုရောက်ရင်တော့ တခုခုစားနော် မဟုတ်ရင်ဗိုက်အောင့်နေလိမ့်မယ်။ ကိုယ်ထပ်ပြီးကြိုးစားပါ့မယ် ဒီလိုအခြေအနေမဖြစ်အောင် အဲ့တာကြောင့် ကိုယ့်ဆီပြန်လာရမယ်နော်။ မင်းလိုချင်တဲ့ စဥ်းစားချိန်ကိုပေးမှာမို့လို့ အချိန်တန်ရင် ကိုယ်တို့ရဲ့ဒီအခန်းလေးကို ပြန်လာရမယ်နော်။ ကိုယ်စောင့်နေမယ်...]

သူပို့တဲ့ မက်ဆေ့ဂျ်ကို ကြည့်ပြီးတာနဲ့ အိပ်ရာပေါ်မှာပဲ ပြန်တိုးအိပ်လိုက်တယ်။ ပြန်စာပို့ဖို့ခွန်အားတောင်ရှိမနေဘူးလေ။ ငါပင်ပန်းနေပြီမို့လို့။ ငါတို့နှစ်ယောက်ရဲ့ ပြသာနာ အဲ့ဒီပြသာနာက တစ်ယောက်ကို တစ်ယောက်အရမ်းချစ်လွန်းနေခဲ့မိတာ။ တစ်ယောက်​ကိုတစ်ယောက် အရမ်းချစ်ပြီး ညှိယူလို့မရတဲ့အထိ ဖြစ်နေခဲ့ပုံပဲ။ အရမ်းချစ်တာ မှန်ပေမဲ့ ပိုင်တိုင်လိုစိတ်ပြင်းထန်ခဲ့ပြီး အတ္တတွေအနည်းငယ်ပါနေပုံပဲ ။

ဒေါက် ဒေါက်

"ဝင်ခဲ့ပါ" ရုတ်တရက် တံခါးခေါက်သံကြားတာမို့လို့ငါ့အတွေးတွေကိုအမြန်ရှင်းထုတ်ပလိုက်တယ်။

"Pete အကိုလေးက မနက်ဖြန် မနက်စောစောလိုက်ပို့ပေးမယ်တဲ့" အခန်းထဲဝင်လာတာကတော့ Arm။

"သူရော လိုက်မယ်တဲ့လား"

"သူကလိုက်ချင်တာလေ မရလို့ အစည်းအဝေးတစ်ခုကို Khun Korn တို့လိုက်ဖို့ရှိလို့လား"

"ကျေးဇူးပါ Arm" ငါသူ့ကို ပြုံးပြတော့ သူက ငါ့ပုခုံးကို လက်နဲ့ထိကိုင်ကာ...

"ဘာတွေဖြစ်ခဲ့လဲ မသိပေမဲ့ Khun Vegas စောနက ဒီကိုလာသေးတယ်။ အကိုလေးကပြောပြောဆိုဆိုလွှတ်ထုတ်လိုက်လို့သာပြန်သွားတာ။ အိမ်ရှေ့မှာ ပေကပ်ကပ် နေသွားသေးတယ်။ ဘာပဲ ဖြစ်ဖြစ် ငါတို့ကိုရင်ဖွင့်လို့ရတယ်နော်"

"ကျေးဇူးပါ Arm..." Vegasက ငါ့ဆီတစ်ချက်တောင်လာမချော့ဘူးထင်ခဲ့တာ...။ သူလာခဲ့သားပဲ...။ ငါ့ Vegas ငါ့ရဲ့ Vegas ငါ့ကို လွှမ်းမိုးနိုင်လွန်းတဲ့ Vegas...။



----

Zawgyi







Vegas's Pov

"Pete... ကိုယ္..."

"မင္းကေတာင္ ငါ့ကို မယုံမွေတာင္ ငါဒီမွာေနစရာမလိုေတာ့ဘူး ။ ငါမင္းကို ေသာက္ရမ္း မုန္းတယ္ Vegas..."  Pete က ငါ့ကိုမုန္းတယ္တဲ့ အရမ္းကိုမုန္းတာတဲ့ ငါ့ကမာၻႀကီးတစ္ခုလုံး ရပ္တန္႔သြားသလိုပဲ။ ငါ့ႏွလုံးသားကို ဓားနဲ႔ အခ်က္ေပါင္းမ်ားစြာ ထိုးတာထက္ ပိုၿပီးနာက်င္ရတယ္လို႔ ခံစားရတယ္ ။

ငါခ်စ္ရတဲ့ တစ္ဦးတည္းေသာ၊ ငါ့ဘဝကိုအလင္းေပးတဲ့တစ္ဦးတည္းေသာ၊ ငါ့ဘဝရဲ႕ ေကာင္းျခင္း ဆိုးျခင္းေတြ မွန္သမွ်ကို မၿငီးမျငဴ လက္ခံေပးခဲ့တဲ့သူ အဲ့ဒီသူက ငါ့ကိုမုန္းတယ္တဲ့။

"Pete ကိုယ္စိတ္မထိန္းႏိုင္လို႔ ျဖစ္သြားခဲ့တာပါ ။
ကိုယ္ေတာင္းပန္တယ္ေနာ္ ။ ေနာက္တစ္ခါ မျဖစ္ေစရပါဘူး။ ကိုယ္... ကိုယ့္ကို မထားသြားပါနဲ႔ေနာ္" Pete  အခန္းထဲက ထြက္သြားဖို႔ျပင္ေနတာမို႔ငါအျမန္လွမ္းဆြဲ ၿပီးအေနာက္ကေန ဖက္ထားလိုက္တယ္။ သူက အရမ္းငိုေနတာ ရႈိက္သံေလးပါ ၾကားတဲ့အထိ ။ ငါမွားခဲ့တာ ငါစကားေျပာမွားၿပီး Pete ကို ေနာက္တစ္ႀကိမ္ နာက်င္ေစျပန္ၿပီ။ Pete ကိုမနာက်င္ရေအာင္ ကာကြယ္ေပးမယ္ဆို​ၿပီး Pete  မ်က္ရည္ေတြရဲ႕ အေၾကာင္းရင္းခံက ငါျဖစ္ေနျပန္တယ္။

ငါလည္း သူနဲ႔ ထပ္တူ ငိုေနမိတာ။ ငါေၾကာက္တယ္ သူထြက္သြားမွာ အရမ္းေၾကာက္တယ္။ သူ႔အခ်စ္ေတြကို မယုံတာမဟုတ္ဘူးဆိုတာ ငါဘယ္လိုရွင္းျပရမလဲ ငါမသိေတာ့ဘူး။ Pete က ငါပိုင္ဆိုင္ခဲ့တဲ့ အရာေတြထဲမွာတန္ဖိုးအရွိဆုံးမလို႔ ငါ့သူ႔ကို လက္မလႊတ္ႏိုင္ဘူး။ အဲ့တာေၾကာင့္ သူလွ်ိဳဝွက္ခ်က္ေတြ ထားလာတဲ့အခ်ိန္ ငါ့ဦးေႏွာက္က အလိုလို ခ်ဳပ္ထိန္းႏိုင္စြမ္းမဲ့လာတယ္။ သူ႔ကို ငါပဲပိုင္ဆိုင္တယ္ဆိုတဲ့ အတၱစိတ္က ပါဖုံးလႊမ္းလာတယ္။ အဲ့ဒီေနာက္ေတာ့ အရင္ Vegas ျပန္ေရာက္လာခဲ့တယ္။ အသိတရားကင္းမဲ့ၿပီး ရက္စက္ကၾကမ္းၾကဳတ္တဲ့ Vegas ။ ငါ့ကိုယ္ငါေတာင္ မုန္းတဲ့ အထိ ျဖစ္ေစခဲ့တဲ့ Vegas။

"လႊတ္!!!! ငါ့ကိုလႊတ္ Vegas!!!!" Pete က ငါ့လက္ထဲက ေန႐ုန္းထြက္ဖို႔ ႀကိဳးစားေနေလတယ္။ သူႀကိဳးသားေလ ငါသူ႔ကို တင္းတင္းၾကပ္ၾကပ္ ဖက္တြယ္ထားမိတယ္။ ငါ့ရဲ႕ေမးေစ့ကို သူ႔ပုံခုံးေလးေပၚမွာ မွီခ်ထားၿပီး သူေရာငါေရာ ရႈိက္ကာငိုေနၾကတာ။

အမွန္တိုင္းေျပာရရင္ Pete ကိုနာက်င္ေအာင္ လုပ္တာ ဒါပထမဆူံး အႀကိမ္မဟုတ္ဘူး။ ငါတိူ႔ လက္ထပ္ၿပီးတဲ့ တစ္ႏွစ္အတြင္း ငါသူ႔ကိုအႀကိမ္ႀကိမ္နာက်င္ေစခဲ့တာ။တစ္ည ငါအလုပ္ကေန ညစာစားပြဲ မွာအရက္ေသာက္ၿပီးျပန္လာတဲ့အခ်ိန္ အဲ့အခ်ိန္ တုန္းကအရက္ရွိန္ေၾကာင့္ သူမလိုခ်င္ပါဘူးဆိုတာကို အတင္းယူခဲ့မိတယ္။ သူက ငါ့ကိုဆိုအလိုလိုက္တဲ့သူ,မလို႔မနက္ေရာက္တာေတာင္ သူနာက်င္ေနရတာကို တစ္ခြန္းမွ မဖြင့္ဟဘူး။ ငါ့ကို အဆင္ေျပပါတယ္ဆိုၿပီးေတာင္ စိတ္အတင္ေျပေအာင္ေျပာေပးရွာတယ္။

တစ္ရက္တုန္းကလည္း ငါအလုပ္မွာ စိတ္အဆင္မေျပတဲ့အခ်ိန္ အဲ့အခ်ိန္တုန္းက အိမ္အထိပါဒီအေၾကာင္းအရာေတြကိုသယ္လာခဲ့မိတယ္။ ငါ့ရဲ႕ Pete သူကေတာ့ ငါ့ကို စိတ္ေျဖေပးတယ္။ ငါ့ရဲ႕ သုံးစားမရတဲ့ ေဒါသအခ်ိဳ႕က သူ႔ကိုထိခိုက္ေစခဲ့တာ။ ငါ့ကိုစိတ္ေျပေစဖို႔ ေခ်ာ့ျမဴေပးခဲ့တဲ့သူကို စကားလုံးၾကမ္းၾကမ္းအခ်ိဳ႕သုံးၿပီး သူ႔ရဲ႕ ခ်စ္ျခင္းေတြကို ေစာ္ကားခဲ့ဖူးတယ္။ အဲ့ေန႔တုန္းက ငိုသြားခဲ့တဲ့ သူ႔မ်က္ႏွာေလးကို ငါ့ရင္ထဲသံမႈိ႐ိုက္စြဲ ၿပီးသူ႔ကိုနာက်င္ေအာင္ ထပ္မလုပ္ေတာ့ဘူးလို႔ ငါ့ကိုယ္ငါ ကတိေပးခဲ့ေပမဲ့ အခုထပ္လုပ္မိျပန္ၿပီ။

ငါက Pete ရဲ႕အခ်စ္ေတြကို ေစာ္ကားေနတဲ့ေကာင္။ ေစာက္သုံးမက်တဲ့ေကာင္။

Pete ကေတာ့ ငါ့ကို အၿမဲစိတ္သက္သာရာရေစေအာင္ ဘာမွမျဖစ္ဘူး ငါမမွားဘူးဆိုနဲ႔ စကားကို ထပ္ခါထပ္ခါေျပာေပးေလ့ရွိတယ္။ သူက သူနာက်င္မႈထက္ ငါနာက်င္မွာကို ပိုေၾကာက္တဲ့ သူမ်ိဳး။ အဲ့လိုလူမ်ိဳးကို ငါထပ္နာက်င္ေစမိျပန္ၿပီ။

"ကိုယ္ထပ္မလုပ္ေတာ့ဘူး ။ ကိုယ္မင္းကို ငိုေအာင္ထပ္မလုပ္ေတာ့ပါဘူး။ ကိုယ့္ကိုထားမသြားပါနဲ႔" ငါအသံေတြပါ တုန္ရင္း ေျပာေနမိတာ။ ငါေၾကာက္လြန္းလို႔ သူထြက္သြားမွာ ေၾကာက္လြန္းလို႔။

"ငါတို႔က ခဏရပ္ရေအာင္ ငါပင္ပန္းေနၿပီ"

"ဟင့္အင္း Pete ကိုယ္..."

"ငါ့ကိုခ်စ္ရင္ လႊတ္ေပးပါေတာ့..." Pete ငါ့ရဲ႕ Pete ။ ငါ့ကိုေနာက္တစ္ႀကိမ္ စကားေတြနဲ႔ အႏိုင္ယူသြားျပန္ၿပီ။ ငါ့ရဲ႕လက္ေတြအား ယုတ္ေလ်ာ့လာၿပီး အဲ့ေနရာမွာတင္ ေျခေထာက္ေထာက္ေတြလဲ ၿပိဳက်မတတ္ပဲ။

Pete က ငါနဲ႔ ေနရတာ ပင္ပန္းေနၿပီတဲ့...။

အခန္းထဲက သူထြက္သြားတဲ့ပုံရိပ္ေလးက ငါ့ရင္ထဲမွာ တဆစ္ဆစ္နာက်င္ေနရတယ္။

သူဆိုရင္ေရာ... ငါသူ႔ကိုေဖာက္ျပန္တဲ့ လူတစ္ေယာက္လို ဆက္ဆံခဲ့မိတာ သူဆိုရင္ ေရာဘယ္ေလာက္ေတာင္ နာက်င္ေနလိမ့္မလဲ။ 

.

.

.

Pete's Pov

ငါသူ႔ဆီက ထြက္ေျပးလာခဲ့ျပန္ၿပီ ။ ခ်စ္ေနရက္နဲ႔ မျပည့္စုံခဲ့တဲ့ ငါတို႔ရဲ႕ ဆက္ဆံေရးဆီကေန ငါတစ္ဖန္ေျပးထြက္လာခဲ့တာ။ ပထမတစ္ခါေလာက္ မနာက်င္ေလာက္ဘူးထင္ခဲ့ေပမဲ့။ ဆိုးဆိုး႐ြား႐ြားခံစားေနရတုန္းပဲ။ Vegas ကိုစိတ္ပူလြန္းေပမဲ့လည္းငါတို႔ႏွစ္ေယာက္ၾကားမွာ အခ်ိန္ယူဖို႔ လိုအပ္ေနတယ္ဆိုတဲ့ ငါ့ရဲ႕တစ္ဖက္သတ္အသိက ျပင္းထန္ေနတယ္။

အဲ့ဒီေနရာကေန ထြက္လာခဲ့ၿပီး အနီးဆုံး ျဖစ္တဲ့ ဒုတိယ ငါ့မိသားစု အကိုေလးဆီကို ထြက္လာခဲ့တယ္။ ပထမတစ္ခါကလို ငါ့ရဲ႕ မွီခိုရာျဖစ္ေလာက္မယ့္အကိုေလးဆီကိုေပါ့။

"အို Pete ဘယ္လိုေရာက္ေနတာလဲ"

"အကိုေလး..." ငါ့ကိုယ္ငါေတာင္မထိန္းႏိုင္ေတာ့ဘူး။ နာက်င္ရလြန္းလို႔ မ်က္ရည္ေတြက က်ဆင္းေနဆဲပဲ။ ေဘာ္ဒီဂတ္ေခါင္းေဆာင္ေဟာင္း တစ္ေယာက္ျဖစ္ခဲ့ၿပီး ေပ်ာ့ညံ့​ေနမိတာ။  Vegas နဲ႔ဆို ငါက ငါမဟုတ္ေတာ့သလ္္ိုပဲ။

အေျခအေနကို တိတိက်က် နားလည္ေသးပုံမေပၚေပမဲ့ ငါငိုေနတာေတြ႕ေတာ့အကိုေလးက ငါ့ကိုလက္ကမ္းေပးလာတယ္။ ငါသူ႔ရင္ခြင္ထဲကို မွီခ်လိုက္ၿပီး  ကေလးငယ္တစ္ေယာက္လိုရႈိက္ႀကီးတငင္ငိုမိေတာ့တာပဲ။

"Pete ဘာျဖစ္လာတာလဲ Vegas ဘာလုပ္လိုက္တာလဲ အခုခ်က္ခ်င္းေျပာ" ငါဘာမွမေျပာပဲ သူဖက္ထားတဲ့အတိုင္းသူ႔ရင္ခြင္ထဲပဲ တိုးဝင္ဖက္လို႔ ငိုလိုက္တယ္။ Vegas ငါ့ကို ဘယ္လိုဆက္ဆံခဲ့လဲ သူအမွားေတြ အမ်ားႀကီးလုပ္ခဲ့တာပါငါေျပာလိုက္လို႔ရေပမဲ့ ငါမလုပ္ရက္ဘူး။ Vegas က နဂိုတည္းက ထိခိုက္နာက်င္ေနရတဲ့ ကေလးတစ္ေယာက္ေလ ငါသူ႔ကို အေကာင္းဆုံးေတြပဲ ေပးခ်င္တာ။ သူ႔ကိုမနာက်င္ေစခ်င္ဘူး။

Vegas က ငါနဲ႔လက္ထပ္ၿပီးတာေတာင္ အမွားေတြ လုပ္ၿမဲလုပ္ဆဲပဲ ။ငါအၿမဲ ခြင့္လႊတ္ေပးတယ္ဆိုတာ သူ႔ကိုအရမ္းခ်စ္လို႔။ သူ႔ကိုယ္သူ ေျပာင္းလဲဖို႔လည္းအခ်ိန္ယူရမွာမို႔လို႔ေလ။ အခုတစ္ေခါက္ကိုေတာ့ ငါလည္းနာက်င္လြန္းလို႔ ထြက္ေျပးမိတာပါ။ ငါ့အခ်စ္ေတြကို မယုံၾကည္ခဲ့တဲ့ မင္းကိုနာက်င္လြန္းလို႔။ ငါ့ကို ခြင့္လႊတ္ပါ V...။

"မငိုနဲ႔​ေတ့ာ Pete။ အဲ့ေကာင္ငါနဲ႔ေတြ႕မယ္ Arm Pol အခုခ်က္ခ်င္း အိမ္ေတာ္ငယ္ဆီ..."

"မလုပ္ပါနဲ႔အကို​ေလး...!!!"

"Pete မင္းဒီလိုပုံျဖစ္ေနတာေတာင္ အဲ့အေကာင္အတြက္ ေတြးေနတာလား..."

"ကြၽန္ေတာ္႐ြာျပန္ခ်င္တယ္ ဟင့္ အကိုႀကီး ကြၽန္ေတာ့္ကို ကူညီေပးပါ" ငါတကယ္ ႐ြာျပန္ခ်င္တာ ဒီမွာ ေနလို႔ ရေပမဲ့လည္း Khun Korn လည္းရွိေနၿပီး အျခားသူေတြလည္းရွိေနမွာမိူ႔လို႔ ငါအိမ္ေတာ္ငယ္ဆီကသာဆင္းလာတာသိရင္ ငါ့ကိုကြက္ၾကည့္ ကြက္ၾကည့္ေတြ လုပ္လာၾကမွာ။ ငါအခုေအးေအးေဆးေဆးေနခ်င္တာ အဲ့တာေၾကာင့္မို႔လို႔ ေအးခ်မ္းတဲ့ေနရာကိုေျပးထြက္ခ်င္တယ္။

"ေအး ေအး မနက္ျဖန္ကားစီစဥ္ေပးမယ္ ဒီေန႔ေတာ့ ဒီမွာေနလိုက္ဦးေနာ္"

"ဟုတ္" အက္ိုေလးက ေျပာရဆိုရ သိပ္ခက္ေပမယ့္ တစ္ခါတစ္ေလက်ရင္ တကယ့္ အကိုႀကီးအတိုင္းပဲ။ ငါ့ကိုလည္း ယူံယုံၾကည္ၾကည္နဲ႔ခ်စ္ေပးတာမို႔ ဒီကိုအားကိုးတႀကီးလာခဲ့မိတာ။

ဘာမွလည္းမစားရေသးတာမို႔လို႔ ထမင္းစားခန္းထဲမွာ ထမင္းတစ္ပန္းကန္နဲ႔ ဟင္းတစ္ခြက္ခ်ရင္းငူငူငိုင္ငိုင္ထိုင္ေနမိတယ္။ သူလူပ္ေပးထားတဲ့ ဟာေတြကို အိမ္ေတာ္ထိန္းအန္တီကစ ကူညီေပးေႏြးေထြးမယ္လုပ္တဲ့အခ်ိန္ ျပသာနာျဖစ္လာေတာ့စားဖို႔အခ်ိန္ေတာင္မရေလာက္ဘူးေလ။ အခုလည္း ငါ့အေရွ႕မွာ စားစရာေတြသာ ရွိေနေပမဲ့ ငါ့စိတ္အလုံးစုံက Vegas ဆီမွာ။

Vegas က တကယ့္ကိုမူးယစ္ေဆးလိုပဲ...။ သူဘ ယ္ေလာက္ဆိုးဆိုး ငါကေတာ့အၿမဲ သူ႔ကို တြယ္တာၿမဲ တြယ္တာဆဲပဲ။ သူအခုခ်ိန္ အဆင္ေျပပါ့မလား။ ထပ္ၿပီးကိုယ့္ကိုကိုယ္နာက်င္ေအာင္လုပ္ေနရင္ ဘယ္လိုလုပ္မလဲ။ သူတစ္ခုခုျဖစ္သြားရင္ ဘယ္လိုလုပ္မလဲဆိုတဲ့ အေတြးေတြတရစပ္ဝင္လာတယ္။ အခုခ်က္ခ်င္း သူ႔ဆီျပန္သြားလိုက္ခ်င္ေပမဲ့ ငါတိူ႔ အခ်ိန္ယူဖိူ႔လိုအပ္ေနေသးတာလို႔ငါထင္လို႔ ငါ​ၿငိမ္ေနခဲ့တာ။ သူေရာ ငါေရာ သူ႔ရဲ႕ေဒါသေတြေၾကာင့္ အခ်ိန္တိုင္း နာက်င္ေနခဲ့ရတာ။ ေရွ႕ဆက္ေလ်ာက္ ငါတို႔ အခ်င္းခ်င္း ဒီလို နာက်င္မႈေပးေနရင္ ဘယ္လိုေပ်ာ္႐ႊင္တဲ့ ဘဝကိုရႏိုင္မွာလဲ။

ငါ​ေရွ႕မွာ ရွိေနတဲ့စားစရာေတြကို ဒီအတိုင္းထားခဲ့ၿပီးစားပြဲဝိုင္းကထြက္လာလိုက္တယ္။ ဒီမွာဆက္ေနလို႔လည္းစားခ်င္စိတ္ေပါက္လာမွာမွမဟုတ္တာ။ အရင္ငါေနခဲ့တဲ့ အခန္းေဟာင္းကို အကိုေလးက ​သုံးခိုင္းထားတာမို႔ အဲ့ထဲမွာ ပဲထိုးဝင္အိပ္လိုက္တယ္။. မေန႔ညက ေသာက္ထားတဲ့အရွိန္ရယ္ ဒီေန႔တဝႀကီးငိုမိလိုက္တာမို႔ ငါပင္ပန္းေနၿပီ ။ ဆာေလာင္မႈကို ခံစားေနရေပမဲ့ စားခ်င္စိတ္ေပ်ာက္ေနတာမို႔လို႔ အိပ္တာနဲ႔ ပဲအစားထိုးလိုက္တယ္။ အကိုေလးကိုေတာ့ ငါဒီကိုေရာက္ေနတာ arm နဲ႔ pol ကလြဲရင္ ဘယ္သူ႔ကိုမွ အသိမေပးဖို႔ ကတိေတာင္းထားလိုက္တယ္။

.

.

.

Ding

အိပ္ရာေပၚမွာ လူးလိမ့္ေနတုန္း ဖုန္း မက္ေဆ့ဂ်္သံေၾကာင့္ ဖုန္းကိုေကာက္ယူၾကည္လိုက္ေတာ့ Vegas ရဲ႕မက္ေဆ့ဂ်္ ။ Wallpaper ကေတာ့ထပ္ၿပီးလြမ္းခ်င္စရာေကာင္းေလာက္ေအာင္ သူ႔ပုံေလ။ ငါ့ရဲ႕ ဘဝက သူဝင္လာၿပီးတည္းက အရာရာကသူျဖစ္ေနခဲ့တာပဲ။


[Pete... အိမ္ေတာ္ႀကီးဆီ ေရာက္ေနတယ္ဆို။ ကိုယ္ေတာင္းပန္တယ္ေနာ္ ကိုယ့္အမွားပါ ကိုယ္မင္းကို အရမ္းသဝန္တိုမိခဲ့တာ ကိုယ္ဆုံးရႈံးရမွာေၾကာက္လို႔ေလ။ အိမ္မွာ ထမင္းလည္းစားမသြားရဘူးဆို ။ ဟိုေရာက္ရင္ေတာ့ တခုခုစားေနာ္ မဟုတ္ရင္ဗိုက္ေအာင့္ေနလိမ့္မယ္။ ကိုယ္ထပ္ၿပီးႀကိဳးစားပါ့မယ္ ဒီလိုအေျခအေနမျဖစ္ေအာင္ အဲ့တာေၾကာင့္ ကိုယ့္ဆီျပန္လာရမယ္ေနာ္။ မင္းလိုခ်င္တဲ့ စဥ္းစားခ်ိန္ကိုေပးမွာမို႔လို႔ အခ်ိန္တန္ရင္ ကိုယ္တို႔ရဲ႕ဒီအခန္းေလးကို ျပန္လာရမယ္ေနာ္။ ကိုယ္ေစာင့္ေနမယ္...]

သူပို႔တဲ့ မက္ေဆ့ဂ်္ကို ၾကည့္ၿပီးတာနဲ႔ အိပ္ရာေပၚမွာပဲ ျပန္တိုးအိပ္လိုက္တယ္။ ျပန္စာပို႔ဖို႔ခြန္အားေတာင္ရွိမေနဘူးေလ။ ငါပင္ပန္းေနၿပီမို႔လို႔။ ငါတို႔ႏွစ္ေယာက္ရဲ႕ ျပသာနာ အဲ့ဒီျပသာနာက တစ္ေယာက္ကို တစ္ေယာက္အရမ္းခ်စ္လြန္းေနခဲ့မိတာ။ တစ္ေယာက္​ကိုတစ္ေယာက္ အရမ္းခ်စ္ၿပီး ညႇိယူလို႔မရတဲ့အထိ ျဖစ္ေနခဲ့ပုံပဲ။ အရမ္းခ်စ္တာ မွန္ေပမဲ့ ပိုင္တိုင္လိုစိတ္ျပင္းထန္ခဲ့ၿပီး အတၱေတြအနည္းငယ္ပါေနပုံပဲ ။

ေဒါက္ ေဒါက္

"ဝင္ခဲ့ပါ" ႐ုတ္တရက္ တံခါးေခါက္သံၾကားတာမို႔လို႔ငါ့အေတြးေတြကိုအျမန္ရွင္းထုတ္ပလိုက္တယ္။

"Pete အကိုေလးက မနက္ျဖန္ မနက္ေစာေစာလိက္ပို႔ေပးမယ္တဲ့" အခန္းထဲဝင္လာတာကေတာ့ Arm။

"သူေရာ လိုက္မယ္တဲ့လား"

"သူကလိုက္ခ်င္တာေလ မရလို႔ အစည္းအေဝးတစ္ခုကို Khun Korn တို႔လိုက္ဖို႔ရွိလို႔လား"

"ေက်းဇူးပါ Arm" ငါသူ႔ကို ၿပဳံးျပေတာ့ သူက ငါ့ပုခုံးကို လက္နဲ႔ထိကိုင္ကာ...

"ဘာေတြျဖစ္ခဲ့လဲ မသိေပမဲ့ Khun Vegas ေစာနက ဒီကိုလာေသးတယ္။ အကိုေလးကေျပာေျပာဆိုဆိုလႊတ္ထုတ္လိုက္လို႔သာျပန္သြားတာ။ အိတ္ေရွ႕မွာ ေပကပ္ကပ္ ေနသြားေသးတယ္။ ဘာပဲ ျဖစ္ျဖစ္ ငါတို႔ကိုရင္ဖြင့္လို႔ရတယ္ေနာ္"

"ေက်းဇူးပါ Arm..." Vegasက ငါ့ဆီတစ္ခ်က္ေတာင္လာမေခ်ာ့ဘူးထင္ခဲ့တာ...။ သူလာခဲ့သားပဲ...။ ငါ့ Vegas ငါ့ရဲ႕ Vegas ငါ့ကို လႊမ္းမိုးႏိုင္လြန္းတဲ့ Vegas...။


Continue Reading

You'll Also Like

186K 7K 87
Bakit ganoon? Bakit ako nakakaramdaman nito? Nakadidiri. Nasasaktan ako because he can't love me back? So over acting and what a stupid, Thrizel? Ta...
1.1M 19.5K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
256K 4.3K 41
This is the story of Y/n L/n, a teen who lives alone due to not having parents, but that won't stop him from being a hero after discovering a lab und...