အချစ်လေတံခွန်
By MyaingHayWon
88.7K 6.5K 134
ဝေဟင်မှာ ဝဲတဲ့ လေတံခွန်တွေလို .... 🪁 ဝေဟင်မှာ ဝဲတဲ့ လေတံခွန်တွေလို More
အခန်း(၁)
အခန်း(၁)
အခန်း(၂)
အခန်း(၂)
အခန်း(၃)
အခန်း(၃)
အခန်း(၄)
အခန်း(၄)
အခန်း(၅)
အခန်း(၅)
အခန်း(၆)
အခန်း(၆)
အခန်း(၇)
အခန်း(၇)
အခန်း(၈)
အခန်း(၈)
အခန်း(၉)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၆)
အခန်း(၁၇)(ဇာတ်သိမ်းပိုင်း)
Extra(1)Unicode
Extra(1)Zawgyi
Extra(2) Unicode
Extra(2) Zawgyi
Extra(3) Unicode
Extra(3)Zawgyi
အခန်း(၁၃)
904 30 0
By MyaingHayWon
နောက် သုံးရက်အကြာတွင် မြို့ကို Stay at Home ကြေညာတော့မည်ဟု သတင်းရသည်။ စိုးကြီးက 'မနက်ဖြန် ငါတို့အိမ်မှာ မုန့်လုပ်စားမလို့ လာခဲ့' ဟု မနေ့ညက ဖုန်းဆက်တုန်းက ပြောထားသည်။
ဝေ သွားချင်နေသည်။ အိမ်မှာ နေရတာ ပျင်းလှပြီ။ သို့သော် ဒေါ်မေဖြူစင်က ခွင့်ပြုမည်မဟုတ်။ ဘယ်လိုကြံရမည်နည်း။ ဟုတ်ပြီ။ ဒေါ်မေဖြူစင်က နေ့ခင်းဘက်တွေဆို online class နှင့်အလုပ်ရှုပ်နေတတ်သည်။ Laptopရှေ့က တော်တော်နှင့်မထ။
'အန်တီ၊ ဝေ အိပ်မလို့၊ ညက အိပ်မပျော်ဘူး၊ ဝေသုံးနာရီလောက်မှ ထမယ်နော်၊ ဝေ့ကို မနှိုးနဲ့' ဟု ပြော၍ နေ့လယ်စာ စားပြီးကတည်းက အခန်းထဲအောင်းနေလိုက်သည်။ ထို့နောက် အိပ်ရာပေါ်တွင် ဖက်လုံးနှင့်စောင်လိပ်များကို စောင်ခေါင်းမြီးချုံပေးထားကာ လူအိပ်နေပုံနှင့် မတူတူအောင် ကြိုးပမ်းအားထုတ်နေသည်။ စိတ်တိုင်းကျပြီဆိုမှ ဝေပြတင်းပေါက်မှ လှေကားထောင်ကာ အောက်သို့ဆင်းသည်။ သော့ပိုတစ်ချောင်းဖြင့် ခြံတံခါးကို အသံမမြည်အောင် ဖွင့်ရင်း ထွက်သည်။ ထို့နောက် သော့ကို သေချာပြန်ပိတ်ကာ ဝေသည် လမ်းထိပ်သို့ အပြေးထွက်ခဲ့တော့သည်။
ဟော။ Honda Super Cubဖြူလေးကို မြင်ရပြီ။ စိုးကြီးသည် ဝေ့ကို ဆိုင်ကယ်နှင့် လာခေါ်ခြင်းပါ။ ထိုနေ့လယ်က ဝေပျော်လိုက်သည့် ဖြစ်ခြင်း။ စိုးကြီးတို့အိမ်တွင် အိမ်သားများစုံနေသဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နေသည်။ အိမ်မှာလို ထမင်းစားပွဲတွင် လူနှစ်ယောက်သာရှိသော အဖြစ်မဟုတ်။ နေရာမဆံ့သဖြင့် မတ်တပ်ရပ်စားသူကစား၊ တီဗီရှေ့သွားထိုင်သူကထိုင်နှင့်။ စားပြီးသောက်ပြီးကြသောအခါ ဝေနှင့်စိုးကြီးသည် စိုးကြီးအခန်းထဲဝင်၍ နေကြသည်။ စိုးကြီးက လိုင်းပေါ်မှာ တွေ့သည့် ကောင်မလေးတစ်ယောက် အကြောင်းပြောပြသည်။ သူနှင့် နေ့တိုင်းစကားပြောကြသည်တဲ့။
'ယောက်ျားတွေနဲ့ အကျိုးကိုမပေးဘူးအပြောင်းအလဲအနေနဲ့ ကောင်မလေးနဲ့ တွဲကြည့်ရင်ကောင်းမလားလို့' ဟု စိုးကြီးကပြောသည်။
'တော်စမ်းပါဟာ၊ ခြံလုံရုံမက ဂရိတ်ဝေါကြီးပဲဆောက်ထားဆောက်ထား ခြံခုန်ချင်တဲ့သူက ခုန်မှာပဲ၊ အထီးရယ်၊ အမရယ်လို့ မရှိဘူး သူငယ်ချင်းလေးရဲ့'
စိုးကြီး ခဏ တွေဝေသွားပြီး သီချင်းအော်ဆိုနေတော့သည်။
'လက္ခဏာဆရာက ပြောတယ်ဝေရယ် ××× နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်...'
သီချင်းကို ဆိုနေပြီးရပ်သွားပြန်သည်။
'အေးပေါ့ နင်က ပြောအားရှိမှာပေါ့၊ အချစ်ခံနေရတာကို'
'ဘယ်သူက ငါ့ချစ်နေလို့လဲ'
'နင့်အန်တီမေလေ'
'တော်စမ်းပါဟာ'
ထိုစဉ် 'ဂျီ...ဂျီ...ဂျီ'
ဝေ့ဖုန်း vibrate ဖြစ်နေသည်ကို မေ့နေသည်။ ဖုန်းမျက်နှာပြင်တွင် ပေါ်လာသည်က Daw May Phyu Sin။
'အယ် သွားပြီ၊ စိုးကြီး ဘယ်လိုလုပ်ရမလဲ'
ဖုန်းကို စိုးကြီးဘက် ထိုးပေးလိုက်သည်။ စိုးကြီးက ဝေ့ဘက် ပြန်ထိုးပေးသည်။ ကိုင်လိုက်လေဟာ ဟု စိုးကြီးက အော်သည်။ဝေ ရင်တုန်ပန်းတုန်ဖြင့် ဖုန်းဖြေလိုက်သည်။
'ဟယ်လို'
'မင်း ဘယ်မှာလဲ'
'ဝေ.....'
စကားက မထွက်။
စိုးကြီးက ဖုန်းကိုဆွဲယူကာ ဖြေလိုက်သည်။
'ဟယ်လို အန်တီ၊ စိုးကြီးပါ၊ ဝေရယ် သမီးတို့အိမ်ရောက်နေတာပါ၊ စိတ်မပူပါနဲ့၊ သုံးနာရီမထိုးခင် ပြန်ပို့မှာပါ'
စိုးကြီးက ဝေ့ကို ဖုန်းပြန်ပေးသည်။ လျှာထုတ်ပြီး ပခုံးတွန့်ပြနေသေးသည်။
'ဟယ်လို.....ဟယ်လို...'
'ဟယ်လိုမနေနဲ့ ဖုန်းချသွားပြီ၊ လာ ထ၊ ပြန်ပို့မယ်၊ အန်တီက ဆိုင်ကယ်မမောင်းရဲလို့၊ ကားကလည်း ဒီဘက်အိမ်မှာမဟုတ်လို့တဲ့၊ တကယ်ဆို နင်ပြောခဲ့သင့်တယ်'
'ငါပြောရင် ခွင့်ပြုမှာမဟုတ်မှန်း သိသာနေတာကြီးကို၊ ပြီးရင်လည်း ငါ့အဖေကို သွားပြောရင် ပိုဆိုးမှာ၊ ပြီးရောဟာ၊ come on ချင်းဂု hug me'
စိုးကြီးက ဝေ့ကို တစ်ချက်ဖက်လိုက်သည်။ အန်တီ့ကလေးလေးပါလားဟု ပြောတော့ ဝေ စိုးကြီးကို ဆောင့်တွန်းပစ်လိုက်သည်။ အဲ့ စိုးကြီးမဟာ သူ့ခေါင်းထဲ အမြဲ ဒါပဲ တွေးနေတာ။
ဒေါ်မေဖြူစင်သည် ဝေ့ကို ခြံတံခါးဖွင့်ပေးလေသည်။ စိုးကြီးကို နှုတ်ဆက်ဖော်ရပြီး ဝေ့ကို ဘာမှပြောဖော်မရ။ အိမ်ထဲရောက်သည်အထိ ဝေ့ကိုဘာစကားတစ်ခွန်းမျှ မပြော။ ဝေသည် အနေရခက်၍ အခန်းထဲအောင်းမည်ဟု ကြံရွယ်ပြီး အိမ်ပေါ်တက်ရန် ခြေလှမ်းပြင်သည်။
'အိမ့်သက်ဝေ'
ရုတ်တရက်ကြီး ရင်ထဲ မိုးတိမ်တွေ အုံ့မှိုင်းလာသလို။ ဝေ ဒေါ်မေဖြူစင့်ဘက် လှည့်လိုက်သည်။ ဒေါ်မေဖြူစင်သည် ပြောစရာစကားများစွာ ရှိသော်လည်း ဘာမှပြောချင်စိတ်မရှိတော့သည့် မျက်နှာအမူအရာနှင့် 'မင်းက တို့စကားမှ နားမထောင်ဘဲကွယ်'
အုံ့မှိုင်းလာသော မိုးတိမ်များ ဝေ့ရင်ထဲ ရွာချချင်လာသည်။ ဝေ မျက်နှာလွှဲကာ အိမ်ပေါ်သို့တက်ခဲ့တော့သည်။ ဝေသည် အိပ်ရာထဲ ခွေခွေလေးလှဲကာ ဝေ့အခန်းနံရံတွင် ချိတ်ထားသော ဖွားဖွားဓာတ်ပုံကို လှမ်းကြည့်သည်။ ထို့နောက် ခေါင်းအုံးပေါ်သို့ မျက်ရည်များစီးကျသည်။ ဖွားဖွားသာ ရှိရင် ငါ့မြေးလေးကို မျက်ရည်ကျအောင် ဘယ်သူလုပ်တာလဲလို့ မေးဦးမှာလား။
ဒီရောဂါဆိုးကြီးတွေဖြစ်ပေါ်ပြီး ဒီလိုအခြေအနေတွေဖြစ်အောင် ဖန်တီးတဲ့သူတွေကိုလား။ ဒီဗိုင်းရပ်စ်တွေဟာ သူ့ဘာသာသူပဲ ဖြစ်လာသလား၊ လူတွေကပဲ ဖန်တီးလိုက်တာလား။ ဝေတို့ဘဝမှာ နေ့စဉ်လုပ်နေကျအရာတွေတောင် လုပ်ခွင့်မရှိနိုင်တော့လောက်အောင် ပြောင်းလဲသွားတဲ့ အခြေအနေတွေမှာ နေသားတကျ ရှိဖို့ ဝေတစ်ယောက်ပဲ ခက်ခဲနေတာလား။ မသိတော့ဘူး ဖွားဖွားရေ... ။ တရားခံဟာ ဘယ်သူလဲလို့ မသိတော့အောင်ပါပဲ။ နောက်ဆုံးတော့လည်း ဝေဟာ အထီးကျန်ဆန်လှတဲ့ ကိုယ့်ဘဝကံကိုသာ အပြစ်ဖို့နေမိတော့တာပါပဲ။ အထီးကျန်ရင် အားငယ်တတ်သလားဟင်။ဝေ၏ အတွေးတို့မှာ ဟိုတစ်စသည်တစ်စ မျောလွင့်နေသော တိမ်များပမာ။
ထို့နောက် ဝေသည် ငိုရလွန်း၍ ပင်ပန်းကာ အိပ်ပျော်ခြင်းသို့ ဆိုက်ရောက်သည်။
ဝေသည် ဒေါ်မေဖြူစင်၏ တံခါးဖွင့်သံကိုလည်းမကြား၊ ပခုံးကို အသာလှုပ်နိုးတော့မှ ဝေနိုးသည်။
'ဝေ ထလေ နေစောင်းနေပြီ၊ ရေချိုးဦးမှာလား'
ဝေ မျက်လုံးများကျိန်းစပ်နေသည်။ ဝေ၏ မှုန်ဝါးဝါးမြင်ကွင်းတွင် ဒေါ်မေဖြူစင်၏ မျက်နှာပေါ်က လျော့ရဲရဲ အပြုံးတစ်ခုကို မြင်နေရသည်။ သူ ဝေ့ကို စိတ်ဆိုးတုန်းပဲလား။
ဝေသည် ခေါင်းလျှော်ပစ်လိုက်သည်။ ရေချိုးလိုက်၍ နောက်ကျိကျိစိတ်ကလေး ပြန်လန်းလာသလို။ ဒေါ်မေဖြူစင်ကို မျက်နှာချင်းဆိုင်ရမှာ ပူနေသည်။ ဝေ အဝတ်အစားလဲပြီး အောက်ထပ်သို့ဆင်းသည်။ ဧည့်ခန်းတွင် ဒေါ်မေဖြူစင်မရှိ။ ခြံထဲက ဒန်းပေါ်သို့ ဝေ သွားထိုင်နေလိုက်သည်။ ခဏကြာတော့ ဒေါ်မေဖြူစင်က ဝေ့အနားလာရပ်သည်။ 'မင်းဗိုက်ဆာပြီလား' တဲ့။
'ဟင့်အင်း၊ ဝေ ညစာ မစားတော့ဘူး၊ စိုးကြီးတို့အိမ်မှာ အဝစားလာခဲ့ပြီးသား၊ အန်တီ စားနှင့်ပါ'
ဒေါ်မေဖြူစင်မျက်လုံးများက ဝေ့မျက်လုံးထဲ စိုက်ကြည့်သည်။ ဝေ ညာနေသည်ကို သိနေသလို။ ဝေ သူ့ကို မျက်နှာချင်းမဆိုင်ချင်တာ သူသိမှာပေါ့။
'မင်း ခေါင်းလျှော်ထားတာလား'
ဝေ ခေါင်းညိတ်သည်။
'ဘာလို့ ခြောက်အောင်မသုတ်တာလဲ၊ ရေတွေစက်လက် ကျတုန်းကို'
ပြောရင်း အိမ်ထဲပြန်ဝင်သွားသည်။
ဝေသည် ခေါင်းကိုရေသုတ်ရမှာ အလွန်ပျင်းသူတစ်ယောက်။ ထို့ကြောင့်လည်း ဝေသည် ဆံပင်ကို ပခုံးကျော်လျှင် ညှပ်ပစ်နေကျ။ ဆံပင်ရှည်မထားချင်ရခြင်း၏ အကြောင်းပြချက်တစ်ခု။ ဒေါ်မေဖြူစင် တဘက်တစ်ထည်နှင့် ပြန်ရောက်လာသည်။ ထိုအခါကျတော့လည်း ဝေ အားနာသွားသည်။
'ရပါတယ် အန်တီ၊ ဝေ အပေါ်ပြန်တက်မှ သုတ်လိုက်မှာပေါ့'
ဒေါ်မေဖြူစင်ထံမှ စကားပြန်မလာ။ သူစိတ်ဆိုးနေတုန်းပဲ ထင်သည်။ ဒေါ်မေဖြူစင် ဒန်းနောက်သို့ သွားသည်ကို ဝေသည် ရုတ်တရက် နားမလည်နိုင်ဘဲ ဘယ်သွားတာလဲဟု တွေးနေမိသည်။
ဝေ့ခေါင်းပေါ် တဘက်နှင့် အုပ်မိုးခြင်းခံရတော့ တစ်ချက်လန့်သွားသည်။ ဒေါ်မေဖြူစင်သည် စိတ်ရှည်လက်ရှည်ဖြင့် ဝေ့ဆံပင်များကို အသာအယာသုတ်ပေးသည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်စွာ။ နည်းနည်းလှုပ်သည်နှင့် အသံထွက်လာသော ဒန်း၏ ကျွီကျွီမြည်သံက နားဝင်ပီယံ မဖြစ်ပါ။
'မင်းအဲ့လိုခိုးထွက်ရတော့ ပျော်လား'
'ဝေလည်း ခိုးမထွက်ချင်ပါဘူး၊ ဒါပေမယ့် ပြောလည်းပဲ ခွင့်ပြုမှာမှ မဟုတ်ဘဲ'
'မင်းကို အိပ်ရာပေါ် မတွေ့ရတာကို မလန့်သေးဘူး၊ ပြတင်းပေါက်မှာ ထောင်ထားတဲ့ လှေကားကြီးမြင်မှ လန့်သွားတာ၊ သူခိုးများတက်လာပြီး မင်းကို တစ်ခုခု လုပ်သွားမှာစိုးရိမ်သွားတာ'
'ဟဲဟဲ'
'ဘာရယ်တာလဲ၊ မင်းအဖေကို တိုင်ပြောရမယ်'
ဟု ဆိုကာ ဝေ့ဆံပင်များကို ခပ်ကြမ်းကြမ်းဖွပစ်သည်။
'မနက်ဖြန်ကျ မိုင်လိုကို ခေါ်ထားရကောင်းမလား စဉ်းစားနေတာ၊ မင်း လျှောက်ထွက်နေမှာစိုးလို့လေ'
ဝေ ငြိမ်ကျသွားသည်။ အဲဒီခွေးကို ဝေမုန်းတာသိရဲ့သားနဲ့။
'မင်းအဖေ ဖုန်းဆက်သေးလား'
ဝေခေါင်းညိတ်သည်။
'ဘယ်တော့ပြန်လာမတဲ့လဲ'
'သဘက်ခါ'
🔸🔸🔸
(ဖတ်ရှူပေးတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်💛💛💛)
Continue Reading
You'll Also Like
441K 23.1K 51
233K 22.8K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
1.4M 60.2K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
243K 6.1K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်