Slowly Falling For Changkong...

By ANyein_26

56.9K 5.7K 167

COMPLETED βœ”οΈ Author - Ban Li Zi , Chestnut Chapter - 56 + 10 extras Started Date -1.9.2022 Ended Date- 22.1... More

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-18.1
Chapter-18.2
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57 ( ရှန့်နွမ်ထချပ်ပို - ၁ )
Chapter-58 ( ရှန့်နွမ်ထချပ်ပို - ၂ )
Chapter-59 ( ရှန့်နွမ်ထချပ်ပို - ၃ )
Chapter-60 ( ရှန့်နွမ်ထချပ်ပို - ၄ )
Chapter-61 ( α€œα€€α€Ία€‘α€•α€Ία€α€½α€„α€Ία€·α€α€±α€¬α€„α€Ία€Έα€α€Όα€„α€Ία€Έ )
Chapter-62 ( α€œα€€α€Ία€‘α€•α€Ία€‘α€­α€™α€Ία€Έα€™α€Όα€¬α€Έα€α€Όα€„α€Ία€Έ )
Chapter-63 ( α€€α€œα€±α€Έα€œα€±α€Έ )
Chapter-64 ( Date )
Chapter-65 ( ပြောင်းရွှေ့ခြင်း )
Chapter-66 ( ဝေ့ရိချန် ) The End

Chapter-17

764 99 6
By ANyein_26


နောက်နှစ်ရက်အတောအတွင်း ရှန့်ချန်ခုန်းသည် ရွှီလျန်ထံမှ အော်ဒါတစ်ခုမှမရခဲ့ပေ ၊ သူစိတ်အေးရပေမဲ့လည်း တစ်ချိန်တည်းမှာပဲ ဇဝေဇဝါဖြစ်နေမိ၏။

သူ ရွှီလျန်ကိုမတွေ့မိသော်ငြားလည်း ဝေ့ရိချန်ကိုတော့ သူတွေ့ခဲ့သည်။

သူက ဝေ့ရိချန်နာမည်ကိုမသိ ၊ သို့သော် သူက ထိုသူကို ရွှီလျန်ဆိုင်နားတွင် သုံးကြိမ်တွေ့ခဲ့ပြီးပြီဖြစ်သည့်အတွက် ထိုသူကို သူမှတ်မိသည်။

သူက အနက်ရောင်သားရေဂျက်ကတ်ကိုဝတ်ဆင်ထားပြီး သူ့ညာဘက်နား၌ ပေါ်လွင်ထင်ရှားသောနားကပ်နှစ်ခုရှိကာ မိန်းမလှလေးတစ်ယောက်နှင့်အတူ ကော်ဖီဆိုင်တစ်ဆိုင်တွင်ထိုင်နေလျက်ရှိသည်။

ရှန့်ချန်ခုန်းက အော်ဒါယူရန် ကော်ဖီဆိုင်သို့လာခဲ့ခြင်းဖြစ်သည်။ သူက ကော်ဖီဆိုင်တွေကို မကြာခဏ သွားလေ့မရှိပေမဲ့ ဤနေရာကကြင်ဖက်တွေ့ဆုံပွဲအတွက် ရေပန်းစားသည့်နေရာမှန်းတော့ သူသိ၏။ သူဖြတ်သွားသည့်အချိန်တိုင်း မတူညီသောအမျိုးသားများနှင့်အမျိုးသမီးများ အတူတူထိုင်နေကြသည်ကိုတွေ့မြင်ရတက်သည်။

သူ ဝေ့ရိချန်၏အကြည့်အတိုင်းလိုက်ကြည့်တော့ နည်းနည်းမျက်မှောင်ကြုတ်မိ၏။ ဝေ့ရိချန်က ဒီနေရာမှာ အမျိုးသမီးတစ်ယောက်နဲ့လာတွေ့တာလား? သူက.....ရွှီလျန်ရဲ့ကောင်လေးမဟုတ်ဘူးလား?

ဝေ့ရိချန်က အမှန်တကယ် ဤနေရာ၌ ဘလိုင်းဒိတ်တစ်ခုအတွက်ရောက်နေခဲ့ခြင်း ၊ အရင်တစ်ခေါက်ဘလိုင်းဒိတ်ချိန်းဆိုမှုကြောင့် သူနိုင်ငံထဲမှထွက်ပြေးသွားသောအခါ သူ့အဖေက ဒေါသအမျက်ခြောင်းခြောင်းထွက်လာခဲ့သည်။ ဝေ့ရိချန်သည် အရာအားလုံးပြီးဆုံးသွားသည်အထိ အဝေးတစ်နေရာ၌သာနေလိုခဲ့၏။ သို့သော်လည်းပဲ ရွှီလျန်၏ဆိုင်က ရမ်းကားဖျက်ဆီးခံခဲ့ရသောကြောင့် သူ မြန်မြန်ပြန်လာခဲ့ရသည်။

သူ လေယာဉ်ပေါ်မှခြေလှမ်းလှမ်းလိုက်သည့်အချိန်မှစ၍ ဝေ့မိသားစုက သူ့အပေါ်မျက်စိဒေါက်ထောက်ကြည့်နေခဲ့သည်။ ထို့ကြောင့် ရွှီလျန်ဆိုင်ကိုသန့်ရှင်းရေးလုပ်ပေးပြီးသည်နှင့် သူသည် သူ့မိသားစုအိမ်၏ပိတ်လှောင်ထားခြင်းမှ သီသီလေးထွက်လာခဲ့၏။

ယခုလက်ရှိ သူမျက်နှာချင်းဆိုင်၌ထိုင်နေသူမှာ အန်ကယ်နျဲ့၏သမီး နျဲ့လေ...

နျဲ့လေက တကယ်တမ်း အလွန်ကောင်းမွန်သောမိန်းကလေးတစ်ယောက် ၊ သူမကလှပပြီးပညာအရည်အချင်းကောင်းလည်းရှိ၏။ သူမနှင့်ခဏတာစကားပြောကြည့်ပြီးနောက် ဝေ့ရိချန်သည် သူမက သူမကိုယ်တိုင်အတွေးစိတ်ကူများနှင့် အမှီအခိုကင်းသည့်သူတစ်ယောက်မှန်း သိလိုက်ရသည်။ ဝေ့ရိချန်သည် ဤသို့သောသူမ၏ပုံပန်းသွင်ပြင်ကို ချီးကျူး၏။ သို့ပေမဲ့ ဒါကဒါပဲ....

ကမ္ဘာပေါ်မှာ အကောင်းမွန်ဆုံးသောမိန်းကလေးတွေ ထောင်ပေါင်းများစွာရှိ၏။ သူကတော့ သူတို့အားလုံးကိုမနှစ်သက်နိုင်ပေ။

"အို့ ဒါနဲ့ အန်ကယ်ဝေ့ပြောတာ ရှင်နေမကောင်းဘူးဆို အခုရောသက်သာလာပြီလား?"

နျဲ့လေက ကော်ဖီတစ်ငုံသောက်လျက် ဝေ့ရိချန်အားကြည့်လိုက်သည်။

ဝေ့ရိချန်ပြုံးလျက်

"မင်းကအရမ်းထက်မြက်ပါတယ် ငါ့အဖေရဲ့စကားတွေကို တကယ်တော့ မင်းမယုံပါဘူး ဟုတ်တယ်မလား?"

နျဲ့လေနှုတ်ခမ်းပါးတွေ ကော့တက်သွားခဲ့ပြီး သူမဘာမှပြန်လည်ဖြေကြားခြင်းမရှိခဲ့။

"မင်းကတကယ်ကောင်းမွန်တဲ့မိန်းကလေးတစ်ယောက်ပါ၊ တကယ်လို့ မင်းသာကောင်လေးတစ်ယောက်လိုချင်တယ်ဆိုရင် မင်းအချိန်တွေကိုငါ့ကိုစောင့်နေပြီးတော့ဖြုန်းတီးနေစရာမလိုပါဘူး။ အမှန်တိုင်းပြောရရင် ငါ့မှာကြိုက်နေတဲ့သူရှိပြီးသား... အဲဒါကြောင့် ငါတို့ရဲ့အရင်တစ်ခေါက်ကဘလိုင်းဒိတ်ကို ငါမလာခဲ့တာ"

နျဲ့လေကတော့မအံ့ဩပေ ၊ ဝေ့ရိချန်ကနာမည်ကြီးတစ်ယောက်... သူကြိုက်နေတဲ့ကောင်မလေးရှိတာက သူ့အတွက်ပုံမှန်ပဲ။ သူမသည်လည်း သူမမိဘတွေကတောင်းဆိုသည့်အတွက် ဒီဘလိုင်းဒိတ်ကိုလာခဲ့ခြင်းဖြစ်သည်။ သူမက တာဝန်တစ်ခုကိုပြီးမြောက်ရုံမျှသာဆိုသောသဘောထားနှင့် ဒီနေရာကိုလာခဲ့ပြီး ပြီးလျှင် အိမ်ပြန်မှာဖြစ်သည်။

သူမသည် ဝေ့ရိချန်နှင့်ပတ်သက်သောအတင်းအဖျင်းများစွာကိုလည်း ကြားခဲ့ဖူးသောကြောင့် သူမသိချင်နေခဲ့၏။ သူမက သူမမိဘတွေ၏လမ်းစဉ်အတိုင်းသာလိုက်နာခဲ့ပြီး သူမငယ်ငယ်ကတည်းက ကြိုးကြိုးစားစား စာလေ့လာခဲ့ခြင်းကြောင့်ဖြစ်နိုင်သည်။ သူမဘဝတစ်လျှောက်လုံး သူမ၏အနာဂတ်ကမည်သို့ဖြစ်လာမယ်မှန်း သူမသိရှိပြီးသားဖြစ်သောကြောင့် သူမသည် စည်းမျဉ်းတွေကိုမကြာခဏချိုးဖောက်တက်သောဝေ့ရိချန်ကိုစိတ်ဝင်စားခဲ့သည်။

သို့သော်လည်း သူက အရာအားလုံးကိုဖွင့်ဟပြောဆိုလာသည့်အချိန်မှစ၍ သူမလည်း သူမအချိန်တွေကိုဆက်၍ဖြုန်းတီးလိုစိတ်မရှိတော့။

"ကျွန်မနားလည်ပါပြီ၊ ကျွန်မတို့တွေက တစ်ယောက်နှင့်တစ်ယောက် အမှန်တကယ် မသင့်တော်ဘူးဆိုတဲ့အကြောင်း ကျွန်မအဖေကိုပြောလိုက်ပါ့မယ်"

ဝေ့ရိချန် သူမအားပြုံးပြရင်း

"ကျေးဇူးတင်ပါတယ်"

နျဲ့လေက သူ၏ရွှင်ပျလျက်ရှိသောမျက်နှာအမူအရာအား ကြည့်၍

"နောက်တစ်ခါ ကျွန်မကိုဒီလိုမျိုးပြုံးပြနေမယ်ဆိုရင်တော့ ကျွန်မစိတ်ပြောင်းသွားလိမ့်နော်"

ဝေ့ရိချန် "........"

ကော်ဖီဆိုင်မှထွက်လာပြီးနောက် ဝေ့ရိချန်သည် ဒီလိုမျိုးရခဲလှသောလွတ်လပ်မှုကိုအခွင့်ကောင်းယူ၍ ရွှီလျန်ကိုရှာရန် Starlight ပန်းခြံကိုသွားတော့သည်။ ထိုအချိန်၌ ရွှီလျန်မှာမူ သူမ၏နောက်ဆုံးအော်ဒါအား လတ်စသတ်နေခဲ့ခြင်းဖြစ်၏။ ပြီးနောက် သူမက အော်ဒါတွေကို ချက်ချင်းပို့ဆောင်မှာဖြစ်ကာ နောက်ဆုံးတော့ သူမကိုယ်သူမ အနည်းဆုံးအားလပ်ချိန်နှစ်ရက်လောက်ပေးနိုင်ခဲ့လေပြီ။

ဝေ့ရိချန်ရောက်ရှိလာသောအခါ ရွှီလျန်က သူမဆိုင်ရှိပန်းများနှင့်အပင်များအား ဂရုစိုက်နေသည်။ အရင်တစ်ခေါက် သူမ၏Anthuriumပန်းလေးများထိခိုက်ပျက်စီးသွားပြီးနောက် သူမသည် ယင်းအားပိုပြီးသတိရှိရှိဂရုစိုက်ခဲ့၏။ အကယ်၍များ သူမသာ သေသေချာချာအာရုံမစိုက်ခဲ့ပါက မတော်တဆ သေတဲ့ထိအစာကျွေးမိသွားမှာကို သူမကြောက်သည်။

ဝေ့ရိချန်က ဖြည်းဖြည်းချင်း အနောက်မှခြေဖျားထောက်၍ သူမအားအံ့ဩစေလိုသဖြင့် သူမနားလှမ်းလာ၏။ သို့ပေမဲ့ သူနီးကပ်လာသည်နှင့် ရွှီလျန်က သူမလက်ထဲ၌ဂေါ်ပြားနှင့်အတူ နောက်လှည့်လာသည်။

"နင်ဘာလုပ်ဖို့ကြိုးစားနေတာလဲ"

"......."

ဝေ့ရိချန်လက်တွေက အဝိုက်ကြီးကြီးတစ်ခုလုပ်၍ ဆန့်ထုတ်ဟန်ဆောင်လျက်

"မဟုတ်ပါဘူး ဘာမှမဟုတ်ပါဘူး လေ့ကျင့်ခန်းနည်းနည်းလောက်လုပ်ချင်လို့ပါ"

"နင်ကဒီနေရာမှာလုပ်ဖို့လိုလို့လား"

ရွှီလျန် မျက်နှာသေဖြင့်မေးလိုက်သည်။

"မလိုပါဘူး........."

သူမ ငွေရှင်းကောင်တာနားသွားသဖြင့် သူ ရွှီလျန်နောက်ကနေလိုက်သွား၏။ ပြုံးရင်း သူမေး၏။

"မင်းဒီညအားလား? ငါမင်းကိုညစာကျွေးချင်လို့"

ရွှီလျန် သူ့ကိုကြည့်၍

"ငါမစားချင်ဘူး၊ ဒီနေ့ကတနင်္ဂနွေနေ့ ဒီတော့ လူအများကြီးကအပြင်ထွက်ကြမှာ"

"ဒါဆို မနက်ဖြန်ဆိုရင်ရော?"

"နင်ကမနက်ဖြန်အပြင်ထွက်လို့ရတယ်ပေါ့?"

ဒီရက်ပိုင်းတွေမှာ ဝေ့ရိချန်ဟာ ခပ်လျှိုလျှိုနေနေရ၏။ သူမ ထိုအကြောင်းတွေးလိုက်သောအခါ ရွှီလျန်သည် သူ့မိသားစုကသူ့ကိုမျက်စိဒေါက်ထောက်ကြည့်နေတာကြောင့်မှန်း ခန့်မှန်းလိုက်သည်။

ဝေ့ရိချန် နှာမှုတ်လျက်

"ငါသွားချင်တဲ့အချိန် ဘယ်နေရာဖြစ်ဖြစ်သွားလို့ရတယ် ငါ့ကိုဘယ်သူကတားနိုင်မှာတဲ့လဲ"

ရွှီလျန် ခေါင်းစောင်းရင်း သူအနောက်ကိုကြည့်ကာ

"အဲဒီအမည်းရောင်ဝတ်ထားတဲ့လူနှစ်ယောက်ကတော့တားနိုင်လိမ့်မယ်"

ဝေ့ရိချန် နောက်လှည့်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီလူတွေက သူ့အဖေ သူ့အတွက်ဌားထားတဲ့သက်တော်စောင့်တွေ ၊ သူတို့က သူ့ကိုမျက်စိဒေါက်ထောက်ကြည့်ရန်အတွက် တာဝန်ယူထားခြင်းဖြစ်ပြီး မမျှော်လင့်ဘဲ သူတို့ကသူ့ကိုရှာတွေ့သွားခဲ့သည်။

သို့ပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် သူ၏ဆိုင်ကယ်က သူတို့မှာရှိသည့်ဘယ်ကားကိုမဆို ကျောနိုင်ပေ၏။

ဝေ့ရိချန် ရွှီလျန်ကိုပြန်ကြည့်ရင်း

"ငါ့မိသားစုနဲ့ငါကိစ္စတွေရှင်းပြီးရင် ငါမင်းကိုအပြင်သွားဖို့ခေါ်သွားပေးမယ်လေ"

ထို့နောက် သူ့လက်တွေကို သူ့ဂျင်းအိတ်ကပ်ထဲထည့်လျက် ထွက်သွားတော့သည်။

မကြာခင် ကျန်းကော်အာရောက်လာ၍ ပြန်သွားသောဝေ့ရိချန်နားမှဖြတ်လာခဲ့၏။ သူ၏သနားစဖွယ်ပုံစံကိုမြင်တော့ မှတ်စုစာအုပ်ထုတ်၍ သူမဆိုင်ထဲမဝင်ခင် စာကြောင်းအချို့ရေးမှတ်လိုက်သည်။ ထို့နောက် သူမကျောပိုးအိတ်ထဲမှအနီရောင်ဘူးသေးလေးကိုယူပြီး ရွှီလျန်ထံကမ်းပေး၏။

"ဘော့စ် ဒါကဘော့စ်အတွက်"

ရွှီလျန် ဘူးကိုကြည့်၏။ အနီရောင်ဘူးပေါ်၌ အာရပ်ဂဏန်းများစွာနှင့် 'အလွန်ပါးလွှာသော' ဆိုသည့်စကားလုံးရှိနေသည်။

ရွှီလျန် သူမကို တိတ်တဆိတ် ဗြောင်ကြည့်ကြည့်လိုက်သည်။ ကျန်းကော်အာမှာမူ စိုက်ကြည့်နေခြင်းကိုမခံနိုင်တော့ဘဲ ရှင်းပြလာ၏။

"ဒါက ကျွန်မသူငယ်ချင်း သူမရဲ့ဂျပန်ခရီးစဉ်ကနေဝယ်လာခဲ့တဲ့ ပြည်တွင်းဖြစ်ထုတ်ကုန်တဲ့!"

ရွှီလျန် "........"

အံ့ဩစရာကောင်းတဲ့ပြည်တွင်းဖြစ်အထူးပစ္စည်းပဲ..

"သူမပြောတာ အလွန်ပါးလွှာပြီးတော့စိုစိုပြည်ပြည်လဲဖြစ်တယ်တဲ့!"

ရွှီလျန် "........."

ကျန်းကော်အာမှာ ရှက်ရွံ့ဟန်ဖြင့်ဆက်ရှင်းပြ၏။

"ဒါပေမဲ့ ကျွန်မကကလေးပဲရှိသေးတယ်လေ အဲဒါကြောင့် ဒီလိုပစ္စည်းတွေကိုကျွန်မသုံးလို့မရဘူး၊ အဲဒီအစား ကျွန်မကဘော့စ်ကိုပဲပေးလိုက်တော့မယ်လို့တွေးနေတာ"

"ငါလဲဒါကိုသုံးလို့မရပါဘူး"

ရွှီလျန်က သူမကိုဘူးပြန်ပေး၍ ဒုတိယထပ်ရှိအလုပ်ခန်းသို့တက်သွားတော့သည်။ ကျန်းကော်အာ သူမနှုတ်ခမ်းတွေတွန့်ချိုးလျက် နားနေခန်းထဲပြေးဝင်ပြီး ဘူးကိုရွှီလျန်အိတ်ထဲသို့ ထိုးထည့်လိုက်လေသည်။

နောက်ပိုင်း၌ ရွှီလျန် အလုပ်မှအိမ်ပြန်ရောက်သည့်အခါ သူမလက်ကိုင်အိတ်ကိုဖွင့်လိုက်ချိန် အထဲတွင်ညာဘက်အပေါ်နားရှိ အနီရောင်ဘူးလေးကိုတွေ့လိုက်ရလေသည်။

သူမ စက္ကန့်အနည်းငယ်မျှ ငြိမ်သက်သွားခဲ့၏။ ဘူးအား ဘေးဘက်သို့ရွေ့လိုက်ပြီး သူမအိမ်သော့ကိုထုတ်၍တံခါးဖွင့်လိုက်သည်။

ရိုးရိုးရှင်းရှင်းခေါက်ဆွဲတစ်ပန်းကန်ကိုပြုတ်၍စားပြီးနောက် ရွှီလျန်သည် လက်ဆောင်ဘူးအချို့ကိုစထုတ်ရန် သူမအလုပ်ခန်းထဲဝင်သွား၏။ သူမမှာ မည်သည့်အလုပ်သမားမှမရှိသည့်အတွက် ဖယောင်းတိုင်ပြုလုပ်ခြင်းမှလက်ဆောင်ဘူးများထုတ်သည်ထိ အရာအားလုံးကို သူမကိုယ်တိုင်လုပ်ရသည်။

ပုံနှိပ်စက်ရုံကိုတော့ လက်ဆောင်ဘူးအစုံနှစ်ရာ ပေးပို့ခဲ့ပြီးပြီ ၊ တစ်ခုချင်းစီက တစ်ပုံစံတည်းတူညီကြကာ လက်ကိုင်အိတ်တမျှကြီး၏။ ရွှီလျန်နှင့်ကျန်းကော်အာက အားလုံးကို သူမကားထဲသို့ထည့်ထားပြီး သူမက သူတို့ထံယူသွားပေးခဲ့သည်။

လက်ဆောင်ဘူးတစ်ဘူးချင်းစီ၌ ရေမွှေးဖယောင်းတိုင်နှစ်တိုင်၊ ဂျစ်ပဆမ်ကဒ်ပြားတစ်ကဒ် နှင့် ပျားသလက်ဖယောင်းချပ်နှစ်ခုစီပါ၏။ ရွှီလျန်က နာရီမကြည့်လိုက်ခင်ထိ ဘူးသုံးဆယ်ထုပ်ရန်စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

အချိန်ကား ဆယ့်တစ်နာရီခွဲ။

သူမစားခဲ့သောခေါက်ဆွဲတစ်ပန်းကန်က သူမအား သိပ်ဗိုက်မပြည့်စေခဲ့ပေ ၊ ဤကဲ့သို့နောက်ကျသည့်အချိန်ရောက်မှစားသောက်ခြင်းက သူမအားဝိတ်တက်စေလိမ့်လို့ သူမဦးနှောက်ကပြောနေသော်ငြားလည်း မရည်ရွယ်ဘဲ သူမဖုန်းကိုလက်လှမ်းကာ Takeaway App အားဖွင့်လိုက်သည်။

ဒီလိုအချိန်ထိတော့ သူတို့ကအော်ဒါတွေလိုက်ပို့သေးသင့်တယ်နော် ဟုတ်တယ်မလား?

Takeaway App သည် ညဉ့်နက်ပိုင်းသရေစာမုန့်ဆိုင်တွေအား ပြသထားခဲ့၏။ သူမ ခဏလောက်ရှာကြည့်ပြီးနောက် ဘာဘီကျူးအချောင်းနှစ်ဆယ်ကို အော်ဒါမှာလိုက်သည်။ သူမက မှတ်ချက်ရေးပြီး အချိန်ဖြုန်းမနေတော့ ၊ အော်ဒါတွေက သူတို့ကို အလျဉ်းသင့်သလိုခွဲပေးသည့်အကြောင်း ရှန့်ချန်ခုန်းက သူမကိုပြောပြပြီးနောက် သူမသည် သူမအော်ဒါတွေတွင် မှတ်ချက်ရေးခြင်းအားရပ်လိုက်တော့သည်။

လက်ရှိတွင် ရှန့်ချန်ခုန်းက ညဆိုင်းဆင်းနေရခြင်းပင် ၊ ကုမ္ပဏီ၏စနစ်မှသူ့ထံဝင်လာသော ရွှီလျန်၏အော်ဒါကိုမြင်သည့်အခါ သူ့လက်တွေတွန့်ဆုတ်သွား၏။ ဒီနေ့လည်မှာ သူရွှီလျန်ထံမှအော်ဒါတစ်ခုတောင် မရခဲ့သည့်အတွက် သူစိတ်ချရပြီထင်ထားခဲ့တာ... မမျှော်လင့်ဘဲ သူမက ညဉ့်နက်ချိန်ကျမှ အော်ဒါမှာနေသေးသည်။

သူ အော်ဒါကိုကြည့်လိုက်သည်။ သူမက အနီးနားရှိဘာဘီကျူးဆိုင်က စားစရာမှာယူခဲ့ကာ ဟင်းပွဲအားလုံးမှာအသားတွေချည်းပဲ။

ဒီလောက်နောက်ကျနေတဲ့အချိန်မှာ ဆီများတဲ့စားစရာတွေအများကြီးကိုစားနေတယ်? မိန်းကလေးတွေကညဘက်ဆိုမစားကြတော့ဘူးလေ ဟုတ်တယ်မလား?

သူ့ဖုန်းကိုထည့်ထား၍ ဘာဘီကျူးဆိုင်သို့ သူ့စကူတာဖြင့်သွားတော့သည်။ လွန်ခဲ့တဲ့ဤနှစ်ရက်အတွင်း သူအရမ်းသတိထားနေခဲ့တာ.. အထူးသဖြင့် အလုပ်အများဆုံးအချိန်တွေမှာ ၊ အကြောင်းမှာမူ အကယ်၍များ သူ သူမဆီကအော်ဒါလက်ခံရရှိခဲ့ပါက သူဘာလုပ်သင့်လဲ၊ဘာပြောသင့်လဲဆိုတာကို စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။

ဒါပေမဲ့လည်း သူကလည်းအော်ဒါတွေကိုဆက်ပို့နေသရွေ့ ၊ ရွှီလျန်သည်လည်း အော်ဒါဆက်မှာနေသရွေ့ သူ သူမထံမှ တစ်သက်လုံးတော့ မပုန်းကွယ်နိုင်ပေ။

ပြဿနာမှာသူနှင့်သူ့အတွေးတွေပဲ..

ရွှီလျန်အော်ဒါကိုယူပြီးနောက် ရှန့်ချန်ခုန်းသည် အော်ဒါမှာရေးထားသော ရွှီလျန်၏အိမ်ရာလိပ်စာသို့ မောင်းသွားတော့၏။ သူ ရွှီလျန်ထံသို့ အစားအသောက်အများအပြားကို အော်ဒါပို့ပေးခဲ့ပေမဲ့ ဒီတစ်ကြိမ်ကတော့ သူမအိမ်သို့ သူတစ်ခုခုလာပို့တာ ပထမဆုံးအကြိမ်ပင်။

ညဉ့်နက်နေပြီဖြစ်သည့်အတွက် လုံခြုံရေးကအသေးစိတ်ကျကာ ပို၍တင်းကျပ်၏။ သို့သော် ရှန့်ချန်ခုန်း၏ရင်းနှီးနေသည့်မျက်နှာကိုမြင်တော့ လုံခြုံရေးဦးလေကြီးက သူ့အား အများကြီးကရိကထလုပ်မနေတော့ဘဲ ဝင်ခွင့်ပေးသည်။

ဤအကြောင်းပြောရမည်ဆိုလျှင် ရွှီလျန်အိမ်ရာကလုံခြုံရေးက အရမ်းကောင်း၏။ တခြားနေရာတွေမှာလည်း လုံခြုံရေးအစောင့်အလုပ်တွေလုပ်နေသောလူငယ်အနည်းငယ်ရှိပေမဲ့ သူတို့တွေဟာပိုကောင်းသည့်အလုပ်ကိုရှာရသောကြောင့် ဝင်လိုက်ထွက်လိုက် လုပ်လေ့ရှိသည်။ နောက်ဆုံးတွင် အစောင့်များသည် အငြိမ်းစားလူကြီးများသာဖြစ်လာကြတော့သည်။

သို့သော် ရွှီလျန်၏အိမ်ရာ၌ လုံခြုံရေးအစောင့်အများစုက ဝါရင့်သမားများဖြစ်ကြသည်။ အိမ်ရာသေးသေးလေးဖြစ်စေကာမူ အရမ်းလုံခြုံစိတ်ချမှုရှိ၏။

ရွှီလျန်က အကောင်းဆုံးနေရာအဆောက်အအုံ(၈)တွင်နေထိုင်သည်။ သူမက အလယ်ထပ်မှာနေရုံသာမက အိမ်နီးချင်းနှစ်ယောက်ကြား၌လည်းမနေပေ။ အဆောက်အအုံ(၈)မှာ အထပ်ခြောက်ထပ်ရှိပြီး ရွှီလျန်ကလေးထပ်မှာနေ၏။ ရှန့်ချန်ခုန်းဝင်သွားသောအခါ နေထိုင်သူတစ်ယောက်က ဓာတ်လှေကားစီးမှာဖြစ်သဖြင့် သူလည်း သူတို့နောက်ကလိုက်ဝင်သွားတော့သည်။

ဓာတ်လှေကားထဲရှိနေထိုင်သူက သူ့ကိုကြည့်နေရင်း

"ညဉ့်နက်နေပြီကို တစ်ယောက်ယောက်ကအော်ဒါမှာနေတုန်းပဲလား? မင်းအတွက်ခက်ခဲမှာပဲ"

ရှန့်ချန်ခုန်းပြုံးလျက်

"ကျွန်တော်တို့ကအဆိုင်းတွေမတူကြဘူးလေ ပြီးတော့ မနက်သုံးနာရီထိပဲအော်ဒါပို့ရတာပါ"

"ဒါလဲအရမ်းခက်ခဲနေတုန်းပဲ"

နေထိုင်သူကသက်ပြင်းချ၍ တတိယထပ်တွင်ဓာတ်လှေကားထဲမှထွက်သွား၏။ ရှန့်ချန်ခုန်းက လေးထပ်ထိစီးလာခဲ့ပြီး နောက်ဆုံး တိုက်ခန်းနံပါတ် 402 သို့ရောက်လာခဲ့သည်။

သူသည် ရွှီလျန်အိမ်သို့လာသည့်လမ်းတစ်လျှောက်လုံး သူ့ကိုယ်သူ စိတ်အားတင်းထားရန်ကြိုးစားခဲ့သော်လည်း သူစိတ်မလှုပ်ရှားဘဲမနေနိုင်သေး ၊ နောက်ဆုံးမှာတော့ သူအသက်ပြင်းပြင်းတစ်ချက်ရှု၍ ရွှီလျန်အိမ်၏တံခါးဝရှိလူခေါ်ခေါင်းလောင်းအားနှိပ်လိုက်တော့သည်။

ရွှီလျန်က အလျင်အမြန် သူမအိမ်ရှေ့တံခါးသို့ရောက်လာပြီး အပြင်မှာရပ်နေသောရှန့်ချန်ခုန်းအား မြင်လိုက်လေသည်။ တစ်စက္ကန့်မျှတုံ့ဆိုင်းနေပြီးနောက်

"ရှန့်ချန်ခုန်း ရှင်ပဲ"

ရွှီလျန်သည် သူမအော်ဒါတွေများတွင် 'ရှန့်ချန်ခုန်း' လို့ရေးခဲ့ဖူးပေမဲ့လည်း တကယ်တမ်း သူ့ရှေ့မှာတော့ သူ့နာမည်ကိုတစ်ခါမှထုတ်မခေါ်ခဲ့ဖူးဘူး။ ရွှီလျန် သူ့နာမည်ကိုခေါ်လိုက်ချိန်၌ ရှန့်ချန်ခုန်းနှလုံးသားက သူ့ရင်ဘတ်ထဲကနေခုန်ထွက်လုနီးပါးပဲ ၊ သူ ကမောက်ကမဖြစ်သွားရန်အတွက် သူမလေးက သူ့နာမည်ကိုခေါ်ဖို့သာလိုအပ်သည်။

"အင်း အင်း အာ... ဟယ်လို ဒီမှာမင်းအော်ဒါပါ"

ရှန့်ချန်ခုန်းသည် သူ့နှုတ်ခမ်းထောင့်စွန်းကိုပင့်မထားရန် ရုန်းကန်နေရကာ ရွှီလျန်အော်ဒါအား သူမကိုပေးရန် သူ့လက်ကိုမြှောက်လိုက်၏။

"ကျေးဇူးတင်ပါတယ်"

ရွှီလျန်က အော်ဒါကိုယူပြီးသွားပေမဲ့လည်း ချက်ချင်းအထဲမဝင်သွားသေး ၊ သူမ ရှန့်ချန်ခုန်းကိုကြည့်၍

"ဒီလောက်နောက်ကျနေတာကို ရှင်ကအော်ဒါပို့နေတုန်းပဲလား?"

ရှန့်ချန်ခုန်း ပုတ်ခတ်ပုတ်ခတ်လုပ်ကာ

"အင်း ကျွန်တော်ကဒီနေ့ညဆိုင်းလေ ကျွန်တော်ည(၁၂)နာရီမှအလုပ်ဆင်းမှာ"

"ကျွန်မသိပြီ"

ရွှီလျန်က သူမလက်ထဲတွင်အော်ဒါကိုကိုင်ထားရင်း တံခါးဘောင်ကိုမှီထားသည်။ သူမ ရှန့်ချန်ခုန်းကို အတန်ကြာကြည့်နေခဲ့၏။

"ရှင်အထဲဝင်ပြီးထိုင်ချင်လား?"

"မထိုင်တော့ပါဘူး မထိုင်တော့ပါဘူး မထိုင်တော့ပါဘူး"

ရှန့်ချန်ခုန်းလေသံကအဆောတလျင်ဖြစ်နေ၏။

"ကျွန်တော်တို့ကုမ္ပဏီက ဒီလိုကိစ္စမျိုးတွေမှာ တင်းကျပ်တဲ့စည်းမျဉ်းတွေရှိတယ်၊ အစားအသောက်ပို့ဆောင်နေစဉ်မှာ ကာစတန်မာတစ်ယောက်ရဲ့အိမ်ထဲကို ကျွန်တော်တို့ဝင်ခွင့်မရှိဘူး"

ရွှီလျန်သည် သူမအိတ်ကပ်ထဲမှဖုန်းကိုထုတ်၍ဖွင့်လိုက်သည်။ ဖုန်းမျက်နှာပြင်ထက်ရှိနံပါတ်က 23:59 မှ 00:00 သို့ပြောင်းလဲသွားလေ၏။

"အခု ရှင်အလုပ်ဆင်းပြီ"

ရွှီလျန်က ဖုန်းမျက်နှာပြင်အား ရှန့်ချန်ခုန်းကိုပြရင်းပြောလိုက်လေသည်။

__________________

အနီရောင်ဘူးလေးကဘာလေးဖြစ်မယ်လို့ထင်ကြလဲ?
ဒါနဲ့ နောက်တစ်ပိုင်း အပိုင်း(၁၈)ကပုံမှန်အပိုင်းတွေထက်သုံးဆလောက်ရှည်ပါတယ် အဲဒါကြောင့် ၅ရက်လောက်တော့ဘာသာပြန်ရလိမ့်မယ်.. part-1,2 ခွဲပြန်ပြီးတင်ပေးလို့ရပေမဲ့ တဆက်တည်းဖတ်တာပိုကောင်းပါတယ်၊ စောင့်ရကြိုးနပ်စေရပါမယ်

*****  

ေနာက္ႏွစ္ရက္အေတာအတြင္း ရွန့္ခ်န္ခုန္းသည္ ႐ႊီလ်န္ထံမွ ေအာ္ဒါတစ္ခုမွမရခဲ့ေပ ၊ သူစိတ္ေအးရေပမဲ့လည္း တစ္ခ်ိန္တည္းမွာပဲ ဇေဝဇဝါျဖစ္ေနမိ၏။

သူ ႐ႊီလ်န္ကိုမေတြ႕မိေသာ္ျငားလည္း ေဝ့ရိခ်န္ကိုေတာ့ သူေတြ႕ခဲ့သည္။

သူက ေဝ့ရိခ်န္နာမည္ကိုမသိ ၊ သို႔ေသာ္ သူက ထိုသူကို ႐ႊီလ်န္ဆိုင္နားတြင္ သုံးႀကိမ္ေတြ႕ခဲ့ၿပီးၿပီျဖစ္သည့္အတြက္ ထိုသူကို သူမွတ္မိသည္။

သူက အနက္ေရာင္သားေရဂ်က္ကတ္ကိုဝတ္ဆင္ထားၿပီး သူ႕ညာဘက္နား၌ ေပၚလြင္ထင္ရွားေသာနားကပ္ႏွစ္ခုရွိကာ မိန္းမလွေလးတစ္ေယာက္ႏွင့္အတူ ေကာ္ဖီဆိုင္တစ္ဆိုင္တြင္ထိုင္ေနလ်က္ရွိသည္။

ရွန့္ခ်န္ခုန္းက ေအာ္ဒါယူရန္ ေကာ္ဖီဆိုင္သို႔လာခဲ့ျခင္းျဖစ္သည္။ သူက ေကာ္ဖီဆိုင္ေတြကို မၾကာခဏ သြားေလ့မရွိေပမဲ့ ဤေနရာကၾကင္ဖက္ေတြ႕ဆုံပြဲအတြက္ ေရပန္းစားသည့္ေနရာမွန္းေတာ့ သူသိ၏။ သူျဖတ္သြားသည့္အခ်ိန္တိုင္း မတူညီေသာအမ်ိဳးသားမ်ားႏွင့္အမ်ိဳးသမီးမ်ား အတူတူထိုင္ေနၾကသည္ကိုေတြ႕ျမင္ရတက္သည္။

သူ ေဝ့ရိခ်န္၏အၾကည့္အတိုင္းလိုက္ၾကည့္ေတာ့ နည္းနည္းမ်က္ေမွာင္ၾကဳတ္မိ၏။ ေဝ့ရိခ်န္က ဒီေနရာမွာ အမ်ိဳးသမီးတစ္ေယာက္နဲ႕လာေတြ႕တာလား? သူက.....႐ႊီလ်န္ရဲ႕ေကာင္ေလးမဟုတ္ဘူးလား?

ေဝ့ရိခ်န္က အမွန္တကယ္ ဤေနရာ၌ ဘလိုင္းဒိတ္တစ္ခုအတြက္ေရာက္ေနခဲ့ျခင္း ၊ အရင္တစ္ေခါက္ဘလိုင္းဒိတ္ခ်ိန္းဆိုမႈေၾကာင့္ သူနိုင္ငံထဲမွထြက္ေျပးသြားေသာအခါ သူ႕အေဖက ေဒါသအမ်က္ေျခာင္းေျခာင္းထြက္လာခဲ့သည္။ ေဝ့ရိခ်န္သည္ အရာအားလုံးၿပီးဆုံးသြားသည္အထိ အေဝးတစ္ေနရာ၌သာေနလိုခဲ့၏။ သို႔ေသာ္လည္းပဲ ႐ႊီလ်န္၏ဆိုင္က ရမ္းကားဖ်က္ဆီးခံခဲ့ရေသာေၾကာင့္ သူ ျမန္ျမန္ျပန္လာခဲ့ရသည္။

သူ ေလယာဥ္ေပၚမွေျခလွမ္းလွမ္းလိုက္သည့္အခ်ိန္မွစ၍ ေဝ့မိသားစုက သူ႕အေပၚမ်က္စိေဒါက္ေထာက္ၾကည့္ေနခဲ့သည္။ ထို႔ေၾကာင့္ ႐ႊီလ်န္ဆိုင္ကိုသန့္ရွင္းေရးလုပ္ေပးၿပီးသည္ႏွင့္ သူသည္ သူ႕မိသားစုအိမ္၏ပိတ္ေလွာင္ထားျခင္းမွ သီသီေလးထြက္လာခဲ့၏။

ယခုလက္ရွိ သူမ်က္ႏွာခ်င္းဆိုင္၌ထိုင္ေနသူမွာ အန္ကယ္န်ဲ့၏သမီး န်ဲ့ေလ...

န်ဲ့ေလက တကယ္တမ္း အလြန္ေကာင္းမြန္ေသာမိန္းကေလးတစ္ေယာက္ ၊ သူမကလွပၿပီးပညာအရည္အခ်င္းေကာင္းလည္းရွိ၏။ သူမႏွင့္ခဏတာစကားေျပာၾကည့္ၿပီးေနာက္ ေဝ့ရိခ်န္သည္ သူမက သူမကိုယ္တိုင္အေတြးစိတ္ကူမ်ားႏွင့္ အမွီအခိုကင္းသည့္သူတစ္ေယာက္မွန္း သိလိုက္ရသည္။ ေဝ့ရိခ်န္သည္ ဤသို႔ေသာသူမ၏ပုံပန္းသြင္ျပင္ကို ခ်ီးက်ဴး၏။ သို႔ေပမဲ့ ဒါကဒါပဲ....

ကမာၻေပၚမွာ အေကာင္းမြန္ဆုံးေသာမိန္းကေလးေတြ ေထာင္ေပါင္းမ်ားစြာရွိ၏။ သူကေတာ့ သူတို႔အားလုံးကိုမႏွစ္သက္နိုင္ေပ။

"အို႔ ဒါနဲ႕ အန္ကယ္ေဝ့ေျပာတာ ရွင္ေနမေကာင္းဘူးဆို အခုေရာသက္သာလာၿပီလား?"

န်ဲ့ေလက ေကာ္ဖီတစ္ငုံေသာက္လ်က္ ေဝ့ရိခ်န္အားၾကည့္လိုက္သည္။

ေဝ့ရိခ်န္ၿပဳံးလ်က္

"မင္းကအရမ္းထက္ျမက္ပါတယ္ ငါ့အေဖရဲ႕စကားေတြကို တကယ္ေတာ့ မင္းမယုံပါဘူး ဟုတ္တယ္မလား?"

န်ဲ့ေလႏႈတ္ခမ္းပါးေတြ ေကာ့တက္သြားခဲ့ၿပီး သူမဘာမွျပန္လည္ေျဖၾကားျခင္းမရွိခဲ့။

"မင္းကတကယ္ေကာင္းမြန္တဲ့မိန္းကေလးတစ္ေယာက္ပါ၊ တကယ္လို႔ မင္းသာေကာင္ေလးတစ္ေယာက္လိုခ်င္တယ္ဆိုရင္ မင္းအခ်ိန္ေတြကိုငါ့ကိုေစာင့္ေနၿပီးေတာ့ျဖဳန္းတီးေနစရာမလိုပါဘူး။ အမွန္တိုင္းေျပာရရင္ ငါ့မွာႀကိဳက္ေနတဲ့သူရွိၿပီးသား... အဲဒါေၾကာင့္ ငါတို႔ရဲ႕အရင္တစ္ေခါက္ကဘလိုင္းဒိတ္ကို ငါမလာခဲ့တာ"

န်ဲ့ေလကေတာ့မအံ့ဩေပ ၊ ေဝ့ရိခ်န္ကနာမည္ႀကီးတစ္ေယာက္... သူႀကိဳက္ေနတဲ့ေကာင္မေလးရွိတာက သူ႕အတြက္ပုံမွန္ပဲ။ သူမသည္လည္း သူမမိဘေတြကေတာင္းဆိုသည့္အတြက္ ဒီဘလိုင္းဒိတ္ကိုလာခဲ့ျခင္းျဖစ္သည္။ သူမက တာဝန္တစ္ခုကိုၿပီးေျမာက္႐ုံမွ်သာဆိုေသာသေဘာထားႏွင့္ ဒီေနရာကိုလာခဲ့ၿပီး ၿပီးလွ်င္ အိမ္ျပန္မွာျဖစ္သည္။

သူမသည္ ေဝ့ရိခ်န္ႏွင့္ပတ္သက္ေသာအတင္းအဖ်င္းမ်ားစြာကိုလည္း ၾကားခဲ့ဖူးေသာေၾကာင့္ သူမသိခ်င္ေနခဲ့၏။ သူမက သူမမိဘေတြ၏လမ္းစဥ္အတိုင္းသာလိုက္နာခဲ့ၿပီး သူမငယ္ငယ္ကတည္းက ႀကိဳးႀကိဳးစားစား စာေလ့လာခဲ့ျခင္းေၾကာင့္ျဖစ္နိုင္သည္။ သူမဘဝတစ္ေလွ်ာက္လုံး သူမ၏အနာဂတ္ကမည္သို႔ျဖစ္လာမယ္မွန္း သူမသိရွိၿပီးသားျဖစ္ေသာေၾကာင့္ သူမသည္ စည္းမ်ဥ္းေတြကိုမၾကာခဏခ်ိဳးေဖာက္တက္ေသာေဝ့ရိခ်န္ကိုစိတ္ဝင္စားခဲ့သည္။

သို႔ေသာ္လည္း သူက အရာအားလုံးကိုဖြင့္ဟေျပာဆိုလာသည့္အခ်ိန္မွစ၍ သူမလည္း သူမအခ်ိန္ေတြကိုဆက္၍ျဖဳန္းတီးလိုစိတ္မရွိေတာ့။

"ကြၽန္မနားလည္ပါၿပီ၊ ကြၽန္မတို႔ေတြက တစ္ေယာက္ႏွင့္တစ္ေယာက္ အမွန္တကယ္ မသင့္ေတာ္ဘူးဆိုတဲ့အေၾကာင္း ကြၽန္မအေဖကိုေျပာလိုက္ပါ့မယ္"

ေဝ့ရိခ်န္ သူမအားၿပဳံးျပရင္း

"ေက်းဇူးတင္ပါတယ္"

န်ဲ့ေလက သူ၏႐ႊင္ပ်လ်က္ရွိေသာမ်က္ႏွာအမူအရာအား ၾကည့္၍

"ေနာက္တစ္ခါ ကြၽန္မကိုဒီလိုမ်ိဳးၿပဳံးျပေနမယ္ဆိုရင္ေတာ့ ကြၽန္မစိတ္ေျပာင္းသြားလိမ့္ေနာ္"

ေဝ့ရိခ်န္ "........"

ေကာ္ဖီဆိုင္မွထြက္လာၿပီးေနာက္ ေဝ့ရိခ်န္သည္ ဒီလိုမ်ိဳးရခဲလွေသာလြတ္လပ္မႈကိုအခြင့္ေကာင္းယူ၍ ႐ႊီလ်န္ကိုရွာရန္ Starlight ပန္းၿခံကိုသြားေတာ့သည္။ ထိုအခ်ိန္၌ ႐ႊီလ်န္မွာမူ သူမ၏ေနာက္ဆုံးေအာ္ဒါအား လတ္စသတ္ေနခဲ့ျခင္းျဖစ္၏။ ၿပီးေနာက္ သူမက ေအာ္ဒါေတြကို ခ်က္ခ်င္းပို႔ေဆာင္မွာျဖစ္ကာ ေနာက္ဆုံးေတာ့ သူမကိုယ္သူမ အနည္းဆုံးအားလပ္ခ်ိန္ႏွစ္ရက္ေလာက္ေပးနိုင္ခဲ့ေလၿပီ။

ေဝ့ရိခ်န္ေရာက္ရွိလာေသာအခါ ႐ႊီလ်န္က သူမဆိုင္ရွိပန္းမ်ားႏွင့္အပင္မ်ားအား ဂ႐ုစိုက္ေနသည္။ အရင္တစ္ေခါက္ သူမ၏Anthuriumပန္းေလးမ်ားထိခိုက္ပ်က္စီးသြားၿပီးေနာက္ သူမသည္ ယင္းအားပိုၿပီးသတိရွိရွိဂ႐ုစိုက္ခဲ့၏။ အကယ္၍မ်ား သူမသာ ေသေသခ်ာခ်ာအာ႐ုံမစိုက္ခဲ့ပါက မေတာ္တဆ ေသတဲ့ထိအစာေကြၽးမိသြားမွာကို သူမေၾကာက္သည္။

ေဝ့ရိခ်န္က ျဖည္းျဖည္းခ်င္း အေနာက္မွေျခဖ်ားေထာက္၍ သူမအားအံ့ဩေစလိုသျဖင့္ သူမနားလွမ္းလာ၏။ သို႔ေပမဲ့ သူနီးကပ္လာသည္ႏွင့္ ႐ႊီလ်န္က သူမလက္ထဲ၌ေဂၚျပားႏွင့္အတူ ေနာက္လွည့္လာသည္။

"နင္ဘာလုပ္ဖို႔ႀကိဳးစားေနတာလဲ"

"......."

ေဝ့ရိခ်န္လက္ေတြက အဝိုက္ႀကီးႀကီးတစ္ခုလုပ္၍ ဆန့္ထုတ္ဟန္ေဆာင္လ်က္

"မဟုတ္ပါဘူး ဘာမွမဟုတ္ပါဘူး ေလ့က်င့္ခန္းနည္းနည္းေလာက္လုပ္ခ်င္လို႔ပါ"

"နင္ကဒီေနရာမွာလုပ္ဖို႔လိုလို႔လား"

႐ႊီလ်န္ မ်က္ႏွာေသျဖင့္ေမးလိုက္သည္။

"မလိုပါဘူး........."

သူမ ေငြရွင္းေကာင္တာနားသြားသျဖင့္ သူ ႐ႊီလ်န္ေနာက္ကေနလိုက္သြား၏။ ၿပဳံးရင္း သူေမး၏။

"မင္းဒီညအားလား? ငါမင္းကိုညစာေကြၽးခ်င္လို႔"

႐ႊီလ်န္ သူ႕ကိုၾကည့္၍

"ငါမစားခ်င္ဘူး၊ ဒီေန႕ကတနဂၤေႏြေန႕ ဒီေတာ့ လူအမ်ားႀကီးကအျပင္ထြက္ၾကမွာ"

"ဒါဆို မနက္ျဖန္ဆိုရင္ေရာ?"

"နင္ကမနက္ျဖန္အျပင္ထြက္လို႔ရတယ္ေပါ့?"

ဒီရက္ပိုင္းေတြမွာ ေဝ့ရိခ်န္ဟာ ခပ္လွ်ိုလွ်ိုေနေနရ၏။ သူမ ထိုအေၾကာင္းေတြးလိုက္ေသာအခါ ႐ႊီလ်န္သည္ သူ႕မိသားစုကသူ႕ကိုမ်က္စိေဒါက္ေထာက္ၾကည့္ေနတာေၾကာင့္မွန္း ခန့္မွန္းလိုက္သည္။

ေဝ့ရိခ်န္ ႏွာမႈတ္လ်က္

"ငါသြားခ်င္တဲ့အခ်ိန္ ဘယ္ေနရာျဖစ္ျဖစ္သြားလို႔ရတယ္ ငါ့ကိုဘယ္သူကတားနိုင္မွာတဲ့လဲ"

႐ႊီလ်န္ ေခါင္းေစာင္းရင္း သူအေနာက္ကိုၾကည့္ကာ

"အဲဒီအမည္းေရာင္ဝတ္ထားတဲ့လူႏွစ္ေယာက္ကေတာ့တားနိုင္လိမ့္မယ္"

ေဝ့ရိခ်န္ ေနာက္လွည့္ၾကည့္ၿပီး မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ ဒီလူေတြက သူ႕အေဖ သူ႕အတြက္ဌားထားတဲ့သက္ေတာ္ေစာင့္ေတြ ၊ သူတို႔က သူ႕ကိုမ်က္စိေဒါက္ေထာက္ၾကည့္ရန္အတြက္ တာဝန္ယူထားျခင္းျဖစ္ၿပီး မေမွ်ာ္လင့္ဘဲ သူတို႔ကသူ႕ကိုရွာေတြ႕သြားခဲ့သည္။

သို႔ေပမဲ့လည္း ဘယ္လိုပဲျဖစ္ျဖစ္ သူ၏ဆိုင္ကယ္က သူတို႔မွာရွိသည့္ဘယ္ကားကိုမဆို ေက်ာနိုင္ေပ၏။

ေဝ့ရိခ်န္ ႐ႊီလ်န္ကိုျပန္ၾကည့္ရင္း

"ငါ့မိသားစုနဲ႕ငါကိစၥေတြရွင္းၿပီးရင္ ငါမင္းကိုအျပင္သြားဖို႔ေခၚသြားေပးမယ္ေလ"

ထို႔ေနာက္ သူ႕လက္ေတြကို သူ႕ဂ်င္းအိတ္ကပ္ထဲထည့္လ်က္ ထြက္သြားေတာ့သည္။

မၾကာခင္ က်န္းေကာ္အာေရာက္လာ၍ ျပန္သြားေသာေဝ့ရိခ်န္နားမွျဖတ္လာခဲ့၏။ သူ၏သနားစဖြယ္ပုံစံကိုျမင္ေတာ့ မွတ္စုစာအုပ္ထုတ္၍ သူမဆိုင္ထဲမဝင္ခင္ စာေၾကာင္းအခ်ိဳ႕ေရးမွတ္လိုက္သည္။ ထို႔ေနာက္ သူမေက်ာပိုးအိတ္ထဲမွအနီေရာင္ဘူးေသးေလးကိုယူၿပီး ႐ႊီလ်န္ထံကမ္းေပး၏။

"ေဘာ့စ္ ဒါကေဘာ့စ္အတြက္"

႐ႊီလ်န္ ဘူးကိုၾကည့္၏။ အနီေရာင္ဘူးေပၚ၌ အာရပ္ဂဏန္းမ်ားစြာႏွင့္ 'အလြန္ပါးလႊာေသာ' ဆိုသည့္စကားလုံးရွိေနသည္။

႐ႊီလ်န္ သူမကို တိတ္တဆိတ္ ေျဗာင္ၾကည့္ၾကည့္လိုက္သည္။ က်န္းေကာ္အာမွာမူ စိုက္ၾကည့္ေနျခင္းကိုမခံနိုင္ေတာ့ဘဲ ရွင္းျပလာ၏။

"ဒါက ကြၽန္မသူငယ္ခ်င္း သူမရဲ႕ဂ်ပန္ခရီးစဥ္ကေနဝယ္လာခဲ့တဲ့ ျပည္တြင္းျဖစ္ထုတ္ကုန္တဲ့!"

႐ႊီလ်န္ "........"

အံ့ဩစရာေကာင္းတဲ့ျပည္တြင္းျဖစ္အထူးပစၥည္းပဲ..

"သူမေျပာတာ အလြန္ပါးလႊာၿပီးေတာ့စိုစိုျပည္ျပည္လဲျဖစ္တယ္တဲ့!"

႐ႊီလ်န္ "........."

က်န္းေကာ္အာမွာ ရွက္႐ြံ႕ဟန္ျဖင့္ဆက္ရွင္းျပ၏။

"ဒါေပမဲ့ ကြၽန္မကကေလးပဲရွိေသးတယ္ေလ အဲဒါေၾကာင့္ ဒီလိုပစၥည္းေတြကိုကြၽန္မသုံးလို႔မရဘူး၊ အဲဒီအစား ကြၽန္မကေဘာ့စ္ကိုပဲေပးလိုက္ေတာ့မယ္လို႔ေတြးေနတာ"

"ငါလဲဒါကိုသုံးလို႔မရပါဘူး"

႐ႊီလ်န္က သူမကိုဘူးျပန္ေပး၍ ဒုတိယထပ္ရွိအလုပ္ခန္းသို႔တက္သြားေတာ့သည္။ က်န္းေကာ္အာ သူမႏႈတ္ခမ္းေတြတြန့္ခ်ိဳးလ်က္ နားေနခန္းထဲေျပးဝင္ၿပီး ဘူးကို႐ႊီလ်န္အိတ္ထဲသို႔ ထိုးထည့္လိုက္ေလသည္။

ေနာက္ပိုင္း၌ ႐ႊီလ်န္ အလုပ္မွအိမ္ျပန္ေရာက္သည့္အခါ သူမလက္ကိုင္အိတ္ကိုဖြင့္လိုက္ခ်ိန္ အထဲတြင္ညာဘက္အေပၚနားရွိ အနီေရာင္ဘူးေလးကိုေတြ႕လိုက္ရေလသည္။

သူမ စကၠန့္အနည္းငယ္မွ် ၿငိမ္သက္သြားခဲ့၏။ ဘူးအား ေဘးဘက္သို႔ေ႐ြ႕လိုက္ၿပီး သူမအိမ္ေသာ့ကိုထုတ္၍တံခါးဖြင့္လိုက္သည္။

ရိုးရိုးရွင္းရွင္းေခါက္ဆြဲတစ္ပန္းကန္ကိုျပဳတ္၍စားၿပီးေနာက္ ႐ႊီလ်န္သည္ လက္ေဆာင္ဘူးအခ်ိဳ႕ကိုစထုတ္ရန္ သူမအလုပ္ခန္းထဲဝင္သြား၏။ သူမမွာ မည္သည့္အလုပ္သမားမွမရွိသည့္အတြက္ ဖေယာင္းတိုင္ျပဳလုပ္ျခင္းမွလက္ေဆာင္ဘူးမ်ားထုတ္သည္ထိ အရာအားလုံးကို သူမကိုယ္တိုင္လုပ္ရသည္။

ပုံႏွိပ္စက္႐ုံကိုေတာ့ လက္ေဆာင္ဘူးအစုံႏွစ္ရာ ေပးပို႔ခဲ့ၿပီးၿပီ ၊ တစ္ခုခ်င္းစီက တစ္ပုံစံတည္းတူညီၾကကာ လက္ကိုင္အိတ္တမွ်ႀကီး၏။ ႐ႊီလ်န္ႏွင့္က်န္းေကာ္အာက အားလုံးကို သူမကားထဲသို႔ထည့္ထားၿပီး သူမက သူတို႔ထံယူသြားေပးခဲ့သည္။

လက္ေဆာင္ဘူးတစ္ဘူးခ်င္းစီ၌ ေရေမႊးဖေယာင္းတိုင္ႏွစ္တိုင္၊ ဂ်စ္ပဆမ္ကဒ္ျပားတစ္ကဒ္ ႏွင့္ ပ်ားသလက္ဖေယာင္းခ်ပ္ႏွစ္ခုစီပါ၏။ ႐ႊီလ်န္က နာရီမၾကည့္လိုက္ခင္ထိ ဘူးသုံးဆယ္ထုပ္ရန္စီစဥ္ထားခဲ့ျခင္းျဖစ္သည္။

အခ်ိန္ကား ဆယ့္တစ္နာရီခြဲ။

သူမစားခဲ့ေသာေခါက္ဆြဲတစ္ပန္းကန္က သူမအား သိပ္ဗိုက္မျပည့္ေစခဲ့ေပ ၊ ဤကဲ့သို႔ေနာက္က်သည့္အခ်ိန္ေရာက္မွစားေသာက္ျခင္းက သူမအားဝိတ္တက္ေစလိမ့္လို႔ သူမဦးေႏွာက္ကေျပာေနေသာ္ျငားလည္း မရည္႐ြယ္ဘဲ သူမဖုန္းကိုလက္လွမ္းကာ Takeaway App အားဖြင့္လိုက္သည္။

ဒီလိုအခ်ိန္ထိေတာ့ သူတို႔ကေအာ္ဒါေတြလိုက္ပို႔ေသးသင့္တယ္ေနာ္ ဟုတ္တယ္မလား?

Takeaway App သည္ ညဥ့္နက္ပိုင္းသေရစာမုန့္ဆိုင္ေတြအား ျပသထားခဲ့၏။ သူမ ခဏေလာက္ရွာၾကည့္ၿပီးေနာက္ ဘာဘီက်ဴးအေခ်ာင္းႏွစ္ဆယ္ကို ေအာ္ဒါမွာလိုက္သည္။ သူမက မွတ္ခ်က္ေရးၿပီး အခ်ိန္ျဖဳန္းမေနေတာ့ ၊ ေအာ္ဒါေတြက သူတို႔ကို အလ်ဥ္းသင့္သလိုခြဲေပးသည့္အေၾကာင္း ရွန့္ခ်န္ခုန္းက သူမကိုေျပာျပၿပီးေနာက္ သူမသည္ သူမေအာ္ဒါေတြတြင္ မွတ္ခ်က္ေရးျခင္းအားရပ္လိုက္ေတာ့သည္။

လက္ရွိတြင္ ရွန့္ခ်န္ခုန္းက ညဆိုင္းဆင္းေနရျခင္းပင္ ၊ ကုမၸဏီ၏စနစ္မွသူ႕ထံဝင္လာေသာ ႐ႊီလ်န္၏ေအာ္ဒါကိုျမင္သည့္အခါ သူ႕လက္ေတြတြန့္ဆုတ္သြား၏။ ဒီေန႕လည္မွာ သူ႐ႊီလ်န္ထံမွေအာ္ဒါတစ္ခုေတာင္ မရခဲ့သည့္အတြက္ သူစိတ္ခ်ရၿပီထင္ထားခဲ့တာ... မေမွ်ာ္လင့္ဘဲ သူမက ညဥ့္နက္ခ်ိန္က်မွ ေအာ္ဒါမွာေနေသးသည္။

သူ ေအာ္ဒါကိုၾကည့္လိုက္သည္။ သူမက အနီးနားရွိဘာဘီက်ဴးဆိုင္က စားစရာမွာယူခဲ့ကာ ဟင္းပြဲအားလုံးမွာအသားေတြခ်ည္းပဲ။

ဒီေလာက္ေနာက္က်ေနတဲ့အခ်ိန္မွာ ဆီမ်ားတဲ့စားစရာေတြအမ်ားႀကီးကိုစားေနတယ္? မိန္းကေလးေတြကညဘက္ဆိုမစားၾကေတာ့ဘူးေလ ဟုတ္တယ္မလား?

သူ႕ဖုန္းကိုထည့္ထား၍ ဘာဘီက်ဴးဆိုင္သို႔ သူ႕စကူတာျဖင့္သြားေတာ့သည္။ လြန္ခဲ့တဲ့ဤႏွစ္ရက္အတြင္း သူအရမ္းသတိထားေနခဲ့တာ.. အထူးသျဖင့္ အလုပ္အမ်ားဆုံးအခ်ိန္ေတြမွာ ၊ အေၾကာင္းမွာမူ အကယ္၍မ်ား သူ သူမဆီကေအာ္ဒါလက္ခံရရွိခဲ့ပါက သူဘာလုပ္သင့္လဲ၊ဘာေျပာသင့္လဲဆိုတာကို စိုးရိမ္ေနခဲ့ျခင္းျဖစ္သည္။

ဒါေပမဲ့လည္း သူကလည္းေအာ္ဒါေတြကိုဆက္ပို႔ေနသေ႐ြ႕ ၊ ႐ႊီလ်န္သည္လည္း ေအာ္ဒါဆက္မွာေနသေ႐ြ႕ သူ သူမထံမွ တစ္သက္လုံးေတာ့ မပုန္းကြယ္နိုင္ေပ။

ျပႆနာမွာသူႏွင့္သူ႕အေတြးေတြပဲ..

႐ႊီလ်န္ေအာ္ဒါကိုယူၿပီးေနာက္ ရွန့္ခ်န္ခုန္းသည္ ေအာ္ဒါမွာေရးထားေသာ ႐ႊီလ်န္၏အိမ္ရာလိပ္စာသို႔ ေမာင္းသြားေတာ့၏။ သူ ႐ႊီလ်န္ထံသို႔ အစားအေသာက္အမ်ားအျပားကို ေအာ္ဒါပို႔ေပးခဲ့ေပမဲ့ ဒီတစ္ႀကိမ္ကေတာ့ သူမအိမ္သို႔ သူတစ္ခုခုလာပို႔တာ ပထမဆုံးအႀကိမ္ပင္။

ညဥ့္နက္ေနၿပီျဖစ္သည့္အတြက္ လုံၿခဳံေရးကအေသးစိတ္က်ကာ ပို၍တင္းက်ပ္၏။ သို႔ေသာ္ ရွန့္ခ်န္ခုန္း၏ရင္းႏွီးေနသည့္မ်က္ႏွာကိုျမင္ေတာ့ လုံၿခဳံေရးဦးေလႀကီးက သူ႕အား အမ်ားႀကီးကရိကထလုပ္မေနေတာ့ဘဲ ဝင္ခြင့္ေပးသည္။

ဤအေၾကာင္းေျပာရမည္ဆိုလွ်င္ ႐ႊီလ်န္အိမ္ရာကလုံၿခဳံေရးက အရမ္းေကာင္း၏။ တျခားေနရာေတြမွာလည္း လုံၿခဳံေရးအေစာင့္အလုပ္ေတြလုပ္ေနေသာလူငယ္အနည္းငယ္ရွိေပမဲ့ သူတို႔ေတြဟာပိုေကာင္းသည့္အလုပ္ကိုရွာရေသာေၾကာင့္ ဝင္လိုက္ထြက္လိုက္ လုပ္ေလ့ရွိသည္။ ေနာက္ဆုံးတြင္ အေစာင့္မ်ားသည္ အၿငိမ္းစားလူႀကီးမ်ားသာျဖစ္လာၾကေတာ့သည္။

သို႔ေသာ္ ႐ႊီလ်န္၏အိမ္ရာ၌ လုံၿခဳံေရးအေစာင့္အမ်ားစုက ဝါရင့္သမားမ်ားျဖစ္ၾကသည္။ အိမ္ရာေသးေသးေလးျဖစ္ေစကာမူ အရမ္းလုံၿခဳံစိတ္ခ်မႈရွိ၏။

႐ႊီလ်န္က အေကာင္းဆုံးေနရာအေဆာက္အအုံ(၈)တြင္ေနထိုင္သည္။ သူမက အလယ္ထပ္မွာေန႐ုံသာမက အိမ္နီးခ်င္းႏွစ္ေယာက္ၾကား၌လည္းမေနေပ။ အေဆာက္အအုံ(၈)မွာ အထပ္ေျခာက္ထပ္ရွိၿပီး ႐ႊီလ်န္ကေလးထပ္မွာေန၏။ ရွန့္ခ်န္ခုန္းဝင္သြားေသာအခါ ေနထိုင္သူတစ္ေယာက္က ဓာတ္ေလွကားစီးမွာျဖစ္သျဖင့္ သူလည္း သူတို႔ေနာက္ကလိုက္ဝင္သြားေတာ့သည္။

ဓာတ္ေလွကားထဲရွိေနထိုင္သူက သူ႕ကိုၾကည့္ေနရင္း

"ညဥ့္နက္ေနၿပီကို တစ္ေယာက္ေယာက္ကေအာ္ဒါမွာေနတုန္းပဲလား? မင္းအတြက္ခက္ခဲမွာပဲ"

ရွန့္ခ်န္ခုန္းၿပဳံးလ်က္

"ကြၽန္ေတာ္တို႔ကအဆိုင္းေတြမတူၾကဘူးေလ ၿပီးေတာ့ မနက္သုံးနာရီထိပဲေအာ္ဒါပို႔ရတာပါ"

"ဒါလဲအရမ္းခက္ခဲေနတုန္းပဲ"

ေနထိုင္သူကသက္ျပင္းခ်၍ တတိယထပ္တြင္ဓာတ္ေလွကားထဲမွထြက္သြား၏။ ရွန့္ခ်န္ခုန္းက ေလးထပ္ထိစီးလာခဲ့ၿပီး ေနာက္ဆုံး တိုက္ခန္းနံပါတ္ 402 သို႔ေရာက္လာခဲ့သည္။

သူသည္ ႐ႊီလ်န္အိမ္သို႔လာသည့္လမ္းတစ္ေလွ်ာက္လုံး သူ႕ကိုယ္သူ စိတ္အားတင္းထားရန္ႀကိဳးစားခဲ့ေသာ္လည္း သူစိတ္မလႈပ္ရွားဘဲမေနနိုင္ေသး ၊ ေနာက္ဆုံးမွာေတာ့ သူအသက္ျပင္းျပင္းတစ္ခ်က္ရႈ၍ ႐ႊီလ်န္အိမ္၏တံခါးဝရွိလူေခၚေခါင္းေလာင္းအားႏွိပ္လိုက္ေတာ့သည္။

႐ႊီလ်န္က အလ်င္အျမန္ သူမအိမ္ေရွ႕တံခါးသို႔ေရာက္လာၿပီး အျပင္မွာရပ္ေနေသာရွန့္ခ်န္ခုန္းအား ျမင္လိုက္ေလသည္။ တစ္စကၠန့္မွ်တုံ႕ဆိုင္းေနၿပီးေနာက္

"ရွန့္ခ်န္ခုန္း ရွင္ပဲ"

႐ႊီလ်န္သည္ သူမေအာ္ဒါေတြမ်ားတြင္ 'ရွန့္ခ်န္ခုန္း' လို႔ေရးခဲ့ဖူးေပမဲ့လည္း တကယ္တမ္း သူ႕ေရွ႕မွာေတာ့ သူ႕နာမည္ကိုတစ္ခါမွထုတ္မေခၚခဲ့ဖူးဘူး။ ႐ႊီလ်န္ သူ႕နာမည္ကိုေခၚလိုက္ခ်ိန္၌ ရွန့္ခ်န္ခုန္းႏွလုံးသားက သူ႕ရင္ဘတ္ထဲကေနခုန္ထြက္လုနီးပါးပဲ ၊ သူ ကေမာက္ကမျဖစ္သြားရန္အတြက္ သူမေလးက သူ႕နာမည္ကိုေခၚဖို႔သာလိုအပ္သည္။

"အင္း အင္း အာ... ဟယ္လို ဒီမွာမင္းေအာ္ဒါပါ"

ရွန့္ခ်န္ခုန္းသည္ သူ႕ႏႈတ္ခမ္းေထာင့္စြန္းကိုပင့္မထားရန္ ႐ုန္းကန္ေနရကာ ႐ႊီလ်န္ေအာ္ဒါအား သူမကိုေပးရန္ သူ႕လက္ကိုျမႇောက္လိုက္၏။

"ေက်းဇူးတင္ပါတယ္"

႐ႊီလ်န္က ေအာ္ဒါကိုယူၿပီးသြားေပမဲ့လည္း ခ်က္ခ်င္းအထဲမဝင္သြားေသး ၊ သူမ ရွန့္ခ်န္ခုန္းကိုၾကည့္၍

"ဒီေလာက္ေနာက္က်ေနတာကို ရွင္ကေအာ္ဒါပို႔ေနတုန္းပဲလား?"

ရွန့္ခ်န္ခုန္း ပုတ္ခတ္ပုတ္ခတ္လုပ္ကာ

"အင္း ကြၽန္ေတာ္ကဒီေန႕ညဆိုင္းေလ ကြၽန္ေတာ္ည(၁၂)နာရီမွအလုပ္ဆင္းမွာ"

"ကြၽန္မသိၿပီ"

႐ႊီလ်န္က သူမလက္ထဲတြင္ေအာ္ဒါကိုကိုင္ထားရင္း တံခါးေဘာင္ကိုမွီထားသည္။ သူမ ရွန့္ခ်န္ခုန္းကို အတန္ၾကာၾကည့္ေနခဲ့၏။

"ရွင္အထဲဝင္ၿပီးထိုင္ခ်င္လား?"

"မထိုင္ေတာ့ပါဘူး မထိုင္ေတာ့ပါဘူး မထိုင္ေတာ့ပါဘူး"

ရွန့္ခ်န္ခုန္းေလသံကအေဆာတလ်င္ျဖစ္ေန၏။

"ကြၽန္ေတာ္တို႔ကုမၸဏီက ဒီလိုကိစၥမ်ိဳးေတြမွာ တင္းက်ပ္တဲ့စည္းမ်ဥ္းေတြရွိတယ္၊ အစားအေသာက္ပို႔ေဆာင္ေနစဥ္မွာ ကာစတန္မာတစ္ေယာက္ရဲ႕အိမ္ထဲကို ကြၽန္ေတာ္တို႔ဝင္ခြင့္မရွိဘူး"

႐ႊီလ်န္သည္ သူမအိတ္ကပ္ထဲမွဖုန္းကိုထုတ္၍ဖြင့္လိုက္သည္။ ဖုန္းမ်က္ႏွာျပင္ထက္ရွိနံပါတ္က 23:59 မွ 00:00 သို႔ေျပာင္းလဲသြားေလ၏။

"အခု ရွင္အလုပ္ဆင္းၿပီ"

႐ႊီလ်န္က ဖုန္းမ်က္ႏွာျပင္အား ရွန့္ခ်န္ခုန္းကိုျပရင္းေျပာလိုက္ေလသည္။

__________________

အနီေရာင္ဘူးေလးကဘာေလးျဖစ္မယ္လို႔ထင္ၾကလဲ?
ဒါနဲ႕ ေနာက္တစ္ပိုင္း အပိုင္း(၁၈)ကပုံမွန္အပိုင္းေတြထက္သုံးဆေလာက္ရွည္ပါတယ္ အဲဒါေၾကာင့္ ၅ရက္ေလာက္ေတာ့ဘာသာျပန္ရလိမ့္မယ္.. part-1,2 ခြဲျပန္ၿပီးတင္ေပးလို႔ရေပမဲ့ တဆက္တည္းဖတ္တာပိုေကာင္းပါတယ္၊ ေစာင့္ရႀကိဳးနပ္ေစရပါမယ္

*****  

Continue Reading

You'll Also Like

39.7K 2.4K 47
Name - Hello, Mr. Zhou (Love and Marriage Anecdotes) Type - Web Novel (CN) Genre - Drama Mature Romance Slice of Life Tags - Absent Parents Acting Be...
4.3M 236K 49
"Stop trying to act like my fiancΓ©e because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
754K 107K 39
Yaduvanshi Series #3 it is a book under yaduvanshi series. But it could be read as standalone too. Nitya Raghavendra is a telugu businesswoman earnin...
6.4K 534 7
Jimin is the most beautiful person Jungkook has ever met, he's so sweet, freeing, and delicate. And the two click so well. Jungkook finds adoring Ji...