The Greatest yet The Most Pai...

By Starlight_Aurora611

13K 1.4K 228

Wonwoo: ငါလောဘတက်မိတဲ့တစ်ခုတည်းသောအရာကမင်းပါပဲ...ငါကမင်းနဲ့အတူရှိနေချင်ရုံပါ....အဲ့တာကဘာလို့ဒီလောက်ခက်ခဲနေရတာ... More

Ep - 1 { ကပ်ဘေးသင့်စစ်ပွဲ }
[ Zawgyi ] Ep - 1 { ကပ်ဘေးသင့်စစ်ပွဲ }
Ep - 2 { နတ်ကျားမျိုးနွယ်နောက်ဆုံးမျိုးဆက် }
[ Zawgyi ] Ep - 2 { နတ်ကျားမျိုးနွယ် နောက်ဆုံးမျိုးဆက် }
Ep - 3 { မရဏတောင်မှ အကျဥ်းသား }
[ Zawgyi ]Ep - 3 { မရဏတောင်မှအကျဉ်းသား }
Ep - 4 { တွေ့ဆုံခြင်း }
[ Zawgyi ] Ep - 4 { တွေ့ဆုံခြင်း }
Ep - 5 { အကျဥ်းသားတွေ ထွက်ပြေးသွားပြီ }
[ Zawgyi ] Ep - 5 { အကျဉ်းသားတွေ ထွက်ပြေးသွားပြီ }
Ep - 6 { မိတ်ဆွေဟောင်း }
Ep - 7 { အခိုးခံလိုက်ရတဲ့လက်နက် }
[ Zawgyi ] Ep - 7 { အခိုးခံလိုက်ရတဲ့လက်နက် }
Ep - 8 { ယုံကြည်မိသော သူ }
[ Zawgyi] Ep - 8 { ယုံကြည်မိသော သူ }
Ep - 9 { လူတွေကြားက နတ်ဘုရား }
[ Zawgyi ] Ep - 9 { လူတွေကြားက နတ်ဘုရား }
Ep - 10 { စစ်နတ်ဘုရားတစ်ပါး၏ နှလုံးသားပိုင်ရှင် }
[ Zawgyi ] Ep - 10 { စစ်နတ်ဘုရားတစ်ပါး၏ နှလုံးသားပိုင်ရှင် }
Ep - 11 { ကောင်းကင်နန်း၏အိမ်ရှေ့စံ }
[ Zawgyi] Ep - 11 { ကောင်းကင်နန်း၏အိမ်ရှေ့စံ }
Ep - 12 { ညနက်သံစဥ်အရှင် }
[ Zawgyi] Ep - 12 { ညနက်သံစဉ်အရှင် }
Ep - 13 { ခန့်မှန်းမရတဲ့ လေနတ်ဘုရား }
[ Zawgyi] Ep - 13 { ခန့်မှန်းမရတဲ့ လေနတ်ဘုရား }
Ep - 14 { ခိုင်မာသော ဆုံးဖြတ်ချက် }
[ Zawgyi] Ep - 14 { ခိုင်မာသော ဆုံးဖြတ်ချက် }
Ep - 15 { အမည်မသိ ဝတ်ရုံနက်လူတစ်စု }
[ Zawgyi] Ep - 15 { အမည်မသိ ဝတ်ရုံနက်လူတစ်စု }
Ep - 16 { မိုဂယောင်းအီ }
Ep - 16 { မိုဂယောင်းအီ }
Ep - 17 { ဝန်ခံတောင်းပန်ခြင်း }
[ Zawgyi ] Ep - 17 { ဝန်ခံတောင်းပန်ခြင်း }
Ep 18 { အတိတ်ကဒဏ်ရာများ }
[ Zawgyi ] Ep - 18 { အတိတ္က ဒဏ္ရာမ်ား }
Ep - 19
Ep - 19 { တားမြစ်နယ်မြေ }
[ Zawgyi ] Ep - 19 { တားမြစ်နယ်မြေ }
Ep - 20 { စွန့်လွှတ်ခြင်း }
[ Zawgyi] Ep - 20 { စွန့်လွှတ်ခြင်း }
SEANSON - 2

[ Zawgyi ] Ep - 6 { မိတ်ဆွေဟောင်း }

129 5 0

ဆန်ဘဲ့တောင်...

ဆန်ဘဲ့တောင်ဆိုတာ အရမ်းလည်းမကြီးသလို အရမ်းလည်းမသေးတဲ့တောင်တစ်လုံးဖြစ်သည်။ ဆန်ဘဲ့တောင်က လူ့ပြည်တွင်ရှိသော အရောက်အပေါက်နည်းတဲ့တောင်တစ်လုံးဖြစ်သည်။ ကျောက်တုံးအထပ်ထပ်ဖြင့် မြေမျက်နှာပြင်မညီညာသောကြောင့်တက်ရခက်သည်။ ထို့အပြင် လူသားတွေမဝင်ရောက်နိုင်ရန် အတားအဆီးများစွာ ထားရှိသောကြောင့် မည်သည့်လူသားကမျှ ထိုတောင်သို့လာရန်စိတ်မကူးကြပေ။

ဆန်ဘဲ့တောင်နဲ့ ပတ်သတ်၍ လူ့လောကတွင် ယုံတမ်းပုံပြင်အများအပြားရှိသည်။

တချို့က ဆန်ဘဲ့တောင်တွင် အမြှီးကိုးချောင်းမြေခွေးမျိုးနွယ်တွေနေတယ်လို့ ပြောကြသည်။

တချို့ကျ ဝိညာဉ်နုတ်စားတဲ့ မိစ္ဆာတွေရှိတယ်ပြောကြပြီး တချို့ကကျ သိုသိုဝှက်ဝှက်နေတတ်တဲ့ နတ်ဘုရားတစ်ပါးနေတယ်လို့ ပြောကြလေသည်။

တကယ်တော့ ဆန်ဘဲ့တောင်တွင် ဘာကြီးကြီးမားမားအရာမှမရှိပေ။ ယုံတမ်းပုံပြင်တွေကတော့ ဘယ်ကနေဘယ်လိုဖြစ်သွားလဲမသိတဲ့ ပုံပြင်သက်သက်တွေသာဖြစ်သည်။

ဆန်ဘဲ့တောင်ရဲ့ပုံပြင်တွေကို နတ်အရာရှိတွေကြားတဲ့အခါ အချင်းချင်းကြိတ်ရီကြသည်က ထုံးတမ်းစဉ်လာတောင် ဖြစ်လို့နေသည်။

တကယ်တမ်းဆန်ဘဲ့တောင်မှာ လက်နက်တိုက်တစ်ခုသာဖြစ်သည်။

အကျဉ်းသားတွေရဲ့ လက်နက်တွေကို ထိန်းသိမ်းထားတဲ့နေရာဖြစ်သည်။

တချို့သောမိစ္ဆာတွေရဲ့ လက်နက်တွေဟာ လက်လွတ်စပယ်ထားလျှင် အန္တရာယ်ဖြစ်နိုင်တာကြောင့် ဆန်ဘဲ့တောင်တွင် အစီအရင်များနဲ့ ထိန်းချုပ်ထားခြင်းဖြစ်သည်။

တောင်ပတ်လည်အတားအဆီးထားခြင်းကတော့ လူတွေကိုမထိခိုက်စေရန်ဖြစ်ပြီး မသမာသူတွေရဲ့ ဝင်ရောက်ခိုးယူခြင်းမှကာကွယ်ရန်ဖြစ်သည်။

ဆန်ဘဲ့တောင်ရဲ့ အတားအဆီးက သာမန်နတ်အရာရှိများအတွက် ချိုးဖျက်ဖို့မလွယ်ပေ။ အဆင့်နိမ့်သောမိစ္ဆာတွေအတွက်ဆို အသက်အန္တရယ်အထိပေးနိုင်လေသည်။

သို့ပင်မဲ့ ခြေဖျားအထိရှိသော အနတ်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဝတ်ရုံခေါင်းစွပ်ကိုလုံအောင်ဆောင်းထားသော ထိုသူကတော့ ပေါ့ပါးသောခြေလှမ်းများနှင့် ဆန်ဘဲ့တောင်၏ မညီမညာမြေပေါ် တစ်လှမ်းချင်းလျှောက်လှမ်းလာလေသည်။

ထိုသူ၏အနောက်တွင် လိမ္မော်ရောင်ဆံပင်များနဲ့လူသည်လည်း ပတ်ဝန်းကျင်ကို တကြည့်ကြည်ဖြင့် အနောက်မှလိုက်လာသည်။ ထိုနှစ်ယောက်မှာ မရဏတောင်မှ လစ်ပြေးလာသော အကျဉ်းသားနှစ်ယောက်ပင်။

ထိုသူနှစ်ယောက်ဟာ သာမန်တောင်လေးတစ်လုံးပေါ်တက်လာတဲ့ ခရီးသွားများကဲ့သို့ အလွန်မှတအေးတဆေးရှိကြလေသည်။

ရှေ့ကအနက်ရောင်ဝတ်ရုံနဲ့သူက ရုတ်တရပ်ရပ်လိုက်ပြီး အနောက်လှည့်လာသည်။

" ဘာဖြစ်လို့လဲ အရှင် "

ဝတ်ရုံခေါင်းစွတ်က ကြီးလွန်းတာကြောင့် ထိုသူရဲ့မျက်နှာလေးဟာ ခေါင်းစွပ်ဆီမှအရိပ်ကျမှုအောက်ပျောက်ကွယ်နေပြီး နှုတ်ခမ်းအောက်ပိုင်းကိုသာ သေချာမြင်ရလေသည်။

" မင်းဘယ်တုန်းကစပြီး မျက်စိအဲ့လောက်မှုန်သွားတာလဲ မင်းယူလာတဲ့ဝတ်စုံကြီးကိုကြည့်အုံး အကြီးကြီးပဲ သက်တောင့်သက်သာမရှိလိုက်တာ "

တစ်ဖက်လူစကားကြောင့် Soonyoungမျက်နှာကဆူပူတ်သွားသည်။

" ကျွန်တော်တို့မှာ ပိုက်ဆံမှမရှိတာ ဒီတစ်ထည်ကိုတောင် ကျွန်တော်ရဲ့ဓားမြှောင်လေးနဲ့လဲလာရတာ ဂျီးများနေလို့ဘယ်ရမလဲဗျ နှစ်ယောက်လုံးအတွက် ဖိနပ်လည်းဝယ်ရသေးတယ် "

Soonyoungစကားကို မကျေနပ်သော်လည်း မှန်နေသည်မို့ ဘာမှပြန်မပြောတော့ဘဲ အရှေ့သာဆက်လျှောက်လာသည်။

ဒါတွေဝယ်ဖို့ သူငွေတစ်ပြားမှမှမပေးနိုင်တာ။ အဲ့တော့ အရမ်းအထွန့်တက်နေလို့မရဘူး။

ဆန်ဘဲ့တောင်လက်နက်တိုက်မှာတော့ အစောင့်တပ်သားမရှိပေ။ တောင်ပတ်လည်အရံအတားအပြင် လက်နက်တိုက်ပင်မတံခါးအရံအတားနှင့် အခန်းအသီးသီးတွင်ထားရှိသော လက်နက်အလိုက် အဆင့်ဆင့်သောအရံအတားအစီအရင်များရှိခြင်းကြောင့် စောင့်ကြည့်တပ်သားမလိုပင်။

သို့ပင်မဲ့ ထိုအရံအတားများက သူတို့ကိုမတားဆီးနိုင်ပေ။ ပြတိုက်တစ်ခုသို့အလည်အပတ်ရောက်လာသလို အေးချမ်းစွာဝင်ရောက်လာသည့် နှစ်ယောက်မှာ အခန်းတစ်ခုထဲသို့ အဟန့်အတားမရှိဝင်ရောက်လာသည်။

ထိုအခန်းဟာ အတော်အတန်ကျယ်ပါသော်လည်း အထဲတွင် လက်နက်နှစ်ခုသာ ထားရှိလေသည်။ အခန်းအဆုံးရှိအဆင့်နှစ်ဆင့်ပါသောစင်တစ်ခုအပြင် တခြားမည်သည့်အရာမှမရှိပေ။

ဒုတိယအဆင့်ရှိ ထောက်တိုင်နှစ်ချောင်းပေါ်တွင် ရွှေရောင်လှံတစ်ချောင်းရှိနေပြီး ပထမဆင့်တွင်တော့ လစ်ဟာနေတဲ့ ထောက်တိုင်တွေကိုသာတွေ့ရလေသည်။

ထင်မှတ်မထားတဲ့မြင်ကွင်းက ဆီးကြိုနေသောကြောင့် အနက်ရောင်ခေါင်းစွတ်အောက်ရှိ နှုတ်ခမ်းပါးတစ်စုံဟာ တစ်ဖက်သို့ကော့တက်သွားသည်။

ထိုအပြုံးနဲ့အတူ အခန်းတွင်းရှိအပူချိန်ဟာ ထိုးဆင်းသွားပြီး အေးစက်မှုများဖုံးလွှမ်းသွားသည်။

သူ့နောက်ရှိSoonyoungက ဒုတိယစင်ပေါ်ရှိလှံကို ကောက်ယူလိုက်ပြီး ထိုသူဘက်လှည့်ကာ

" တစ်ယောက်ယောက်လက်ချက်ထင်တယ် "

ထိုသူရဲ့အပြုံးကပျောက်ကွယ်မသွားဘဲ ပိုမိုပီပြင်လာသည်။

" ဒီအရှင်သခင်ရဲ့လက်နတ်ကို ဘယ်လိုလူကအတင့်ရဲပြီး ယူသွားတာပါလိမ့် "

***********************************

" ဟုတ်တာပေါ့...အကျဉ်းထောင်ကလွတ်လာရင် အရင်ဆုံးလက်နက်ကိုရှာမှာပေါ့ "

Seokminက ဆန်ဘဲ့တောင်ကိုမော့ကြည့်ကာရေရွတ်လာသည်။ Mingyuကတော့ သူ့ကိုတုံ့ပြန်ပြောဆိုဖို့ အချိန်မရ။

ထိုသူကိုတက်နိုင်သမျှမြန်မြန်ထပ်တွေ့ချင်တာမို့ တောင်ပေါ်သို့သာ ခပ်မြန်မြန်တက်သွားတော့သည်။

သူဟာ Seokminရဲ့ မြင်းပျံသားရဲအသွင်ကို အသုံးချဖို့တောင်အသိမကပ်တော့။

" ဘာလို့အဲ့လောက်အလောတကြီးဖြစ်နေတာပါလိမ့် "

Seokminကတော့ သူ့ကိုချန်ခဲ့တဲ့ သခင်ကိုနားမလည်တော့ပဲ အနောက်ကသာ အမှီလိုက်သွားတော့သည်။

" မင်းတို့လည်းရောက်လာပြီပဲ "

လက်နက်တိုက်ထဲကထွက်လာတဲ့ အနက်ရောင်ဝတ်ရုံနဲ့လူက သူတို့ကိုတွေ့တော့ အနားသို့ဝမ်းသာအားရလျှောက်လာလေသည်။

အနားရောက်တော့ သူ့ရဲ့အနက်ရောင်ခေါင်းစွပ်ကိုချွတ်လိုက်တာကြောင့် Mingyuမြင်ချင်နေတဲ့ ဖြူဖျော့ဖျော့မျက်နှာလေးက ထွက်ပေါ်လာသည်။

ထို့နောက်မရဏတောင်တုန်းကလို့ အပြုံးသေးသေးလေးနဲ့စကားစလာသည်။

" အခုလောက်ဆို အဲ့အပေါ်မှာပွက်လောရိုက်နေမှာပေါ့ "

အပေါ်ကိုလက်ညိုးထိုးကာပြောလာသည့် ထိုသူရဲ့ဆိုလိုရင်းမှာ ကောင်းကင်နန်းတော်ကိုပြောခြင်းဖြစ်သည်။

" အကျဉ်းထောင်ကိုပြန်သွားရမဲ့သူက ဘာတွေအများကြီးသိချင်နေတာလဲ "

သူ့စကားကြောင့် တစ်ဖက်သူကဟက်ဟက်ပက်ပက်ရီလာသည်။

ခေါင်းလေးနောက်လှန်ကာ နှာခေါင်းလေးရှုံ့ပြီးရီနေတဲ့ပုံစံက Mingyuမျက်လုံးထဲဘယ်လိုမှ တခြားသူတွေပြောတဲ့မိစ္ဆာနတ်ဘုရားလို့ ထင်မှတ်လို့မရပေ။

" ဒီကစစ်နတ်ဘုရားလေး မင်းမှာငါ့ကိုဖမ်းဖို့အပြင် တခြားအရေးကြီးတာရှိနေသေးတယ်မဟုတ်ဘူးလား "

တစ်ဖက်လူရဲ့စကားကြောင့် Mingyuမျက်မှောင်ကြုတ်လိုက်မိသည်။

" အဲ့လိုမျက်နှာမဖြစ်သွားပါနဲ့ Soonyoungကိုလာရှာကတည်းက သာမန်ပြဿနာသေးသေးမွှားမွှားမဟုတ်ဘူးဆိုတာ ပြောရလွယ်ပါတယ်...အဲ့တော့..."

ထိုသူရဲ့ လက်ချောင်းသွယ်သွယ်လေးက သူ့ပုခုံးကိုထိတွေ့လာသည်။ ထို့နောက်တဖြည်းဖြည်းအောက်သို့ လျှောဆင်းကာ ရင်ဘတ်ပေါ်တွင်ရပ်တန့်သွားသည်။

ထိုအခိုက်အတန့်တွင် Mingyuတစ်ယောက် သူ့ကိုယ်သူအသက်ရှူနေမိရဲ့လားတောင် မသိတော့ပေ။

ထိုသူက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်တာကြောင့် သူတို့ခန္ဓာကိုယ်နှစ်ခုက နီးကပ်သွားသည်။

" အပေးအယူလုပ်ကြမလား "

သြရှရှအသံလေးက သူ့တစ်ကိုယ်လုံးကို တောင့်တင်းသွားစေသည်။ သို့သော် သူ့ရဲ့ထိန်းချုပ်နိုင်စွမ်းက မြင့်မားတာကြောင့် ခြေနှစ်လှမ်းလောက်နောက်ဆုတ်ကာ ထိုသူနဲ့လုံခြုံတဲ့အကွာအဝေးတစ်ခုထားရှိလိုက်သည်။

" စကားပြောတာလုံလောက်ပြီ မရဏတောင်ကိုပြန်ကြတာပေါ့ "

ထိုသူက သူ့ကိုပြုံးပြုံးလေးသာပြန်ကြည့်လာသည်။

" ဒီကစစ်နတ်ဘုရားလေး အဲ့ကနေငါဘယ်လိုလွတ်လာလဲ တကယ်မသိချင်ဘူးလား...အကျဉ်းထောင်တံခါးကိုဖွင့်ဝင်လာတာမင်းနော် "

Mingyuတစ်ယောက် အကြပ်ကိုင်ခံနေရသလိုခံစားနေရသည်။

" ဘယ်လိုလွတ်လာတာလဲ ငါကရောဘာလို့အကျဉ်းထောင်တံခါးကို ဖွင့်နိုင်ရတာလဲ "

တစ်ဖက်လူက လိုချင်တဲ့အကွက်ထဲဝင်လာတဲ့Mingyuကြောင့် တဘောတကျပြုံးကာပြောလာသည်။

" အယူရှိရင်အပေးရှိရမှာပေါ့ "

" ဘာသိချင်တာလဲ "

" ကြီးကြီးမားမားမဟုတ်ပါဘူး ဒီဆန်ဘဲ့တောင်ကအခုဘယ်သူ့လက်အောက်မှာရှိနေလဲရယ် Soonyoungကိုလာရှာတဲ့အကြောင်းအရင်းရယ် "

" နှစ်ခုဖြစ်နေပြီ "

သူကလက်မခံလိုဟန်ပြောတော့ နှာခေါင်းလေးရှုံကာရယ်နေပြန်သည်။ ထို့နောက် သူ့အနားကိုကပ်လာပြီး လက်ဖြူဖြူလေးက ရင်ဘတ်ကိုထိတွေ့လာပြန်သည်။

" ဒါဆိုလည်း ဒီကစစ်နတ်ဘုရားလေးက ဘာသိချင်လဲ "

သူ့ရင်ဘတ်ပေါ်ပြေးလွှားနေတဲ့ လက်ဖြူဖြူလေးကိုဆုတ်ကိုင်လိုက်ပြီး နားနားကပ်ကာခပ်တိုးတိုးပြောလိုက်သည်။

" မင်းအကြောင်း "

" အတင့်ရဲလိုက်တာ! နောက်ဆုတ်စမ်း!! "

အရှင့်လက်ကိုချုပ်ပြီး အနားကပ်ကာအကြမ်းဖက်နေတဲ့သူကြောင့် Soonyoungရပ်ကြည့်မနေနိုင်တော့ ခုနလေးကမှပြန်ယူလာတဲ့ သူ့ရဲ့လှံဖြင့် တစ်ဖက်လူအားတိုက်ခိုက်တော့သည်။

သို့သော် တစ်ဖက်နတ်ဘုရား၏ သွေးနှောသားရဲက သူ့အားဝင်တားလာသည်။

" ဟေ့..စကားပြောနေတုန်းကြီး အဲ့လိုအလစ်ဝင်တိုက်တာက လူကြီးလူကောင်းမဆန်ဘူးနော် "

Soonyoungတစ်ဖက်ကမြင်းကောင်ကို စူးစိုက်ကြည့်လိုက်သည်။

" မင်းရဲ့သခင်က အရင်ငါ့ရဲ့အရှင်ကို လာထိပါးတာလေ "

Seokmin တစ်ဖက်ကိုချိန်ရွယ်ထားတဲ့ ဓားကိုချလိုက်ပြီး ဒေါသထွက်နေတဲ့ကျားကို ပြေရာပြေကြောင်းပြောလိုက်သည်။

" ဘယ်နားကိုထိပါးတာတုန်း စကားပြောနေကြတာလေကွာ အရေးကြီးကိစ္စဆိုတာ အော်ကြီးဟစ်ကျယ်ပြောလို့ဘယ်ရမလဲ အဲ့တော့ အနားကပ်ပြီးတိုးတိုးတိတ်တိတ်ပြောရတာပေါ့ ဒါသဘာဝပဲလေ "

သူ့စကားက တစ်ဖက်ကျားကိုဘယ်လိုသက်ရောက်သွားလဲ မတွေးတတ်ပါ။ စကားဆုံးဆုံးချင်း ထိုကျားကသူ့အား လှံနဲ့ပြေးထိုးလာသည်။

မင်းစကားနဲ့မပြောတတ်ဘူးလား?

ဘာလို့အဲ့လောက် တိုက်ပဲတိုက်ခိုက်ချင်နေတာတုန်း!

Seokminအရှင်သခင်ဖြစ်သူကို တစ်ချက်လှည့်ကြည့်လိုက်တော့ ပတ်ဝန်းကျင်တစ်ခုလုံးကို လျစ်လျူရှူနေပြီး သူ့ရှေ့ကနတ်ဘုရားဆီက အကြည့်လွှဲမဲ့ပုံမပေါ်။

ထို့ကြောင့် ရန်လိုနေတဲ့ကျားကို ပြန်ခုခံရင်းသာ မီးစင်ကြည့်ကရတော့သည်။

" သတိထား! "

တစ်စုံတစ်ရာက သူတို့နှစ်ယောက်ဆီဦးတည်လာသည်ကို မျက်စိထောင့်မှမြင်လိုက်ရတာကြောင့် Seokminသူ့ရှေ့ကလူအား သတိပေးလိုက်သည်။

တစ်ဖက်လူကလည်း ထိုအရာအား သတိထားမိပုံပေါ်သည်။ ထိုကျားက သူ့အားအနောက်သို့ တွန်းလိုက်ပြီး သူကိုယ်တိုင်လည်း အနောက်သို့ဆုတ်သွားသည်။

အမည်မသိလက်နက်တွေက သူတို့နှစ်ယောက်မူလရပ်နေသည့်နေရာမြေပြင်ထက် စိုက်ဝင်သွားလေသည်။

မြေပြင်ပေါ်က ငှက်မွှေးသုံးချောင်းကိုမြင်လိုက်ချိန်မှာတော့ Seokminကြက်သီးတဖြန်းဖြန်းထသွားလေသည်။

သူကဘယ်လိုလုပ် ဒီကိုရောက်လာတာတုန်း!

လာရင်လည်း ကောင်းကောင်းလာလေ...

ဘာလို့ဒီလိုဟာတွေကို လျှောက်လျှောက်ပစ်နေတာလဲ!!!

လေပြင်းတစ်ချက်နဲ့အတူ သူတို့အနီးသို့ လင်းယုန်ငှက်တစ်ကောင် ထိုးဆင်းလာလေသည်။ အဖြူနှင်အညိုစပ်ထားသောတောင်ပံကို နောက်ဆုံးတစ်ချက်ခပ်လိုက်ပြီး မြေပြင်ထက်ခန့်ညားစွာ ဆင်းသက်လိုက်သည်။

ထိုလင်းယုန်၏ကျောပေါ်တွင် သတ်ဖြတ်လိုသည့်အရှိန်အဝါတွေထုတ်လွှတ်နေသော လေနတ်ဘုရားက ခွင်းပျံလေဟုန်ယပ်တောင်ကိုကိုင်ကာ ထိုင်နေလေသည်။

ဒီအခြေအနေကြီးက သိပ်ကောင်းမဲ့ပုံမပေါ်ဘူး

သတ်ပွဲဖြတ်ပွဲတွေဖြစ်တော့မှာများလား!

........................................................

12.9.22

Continue Reading

You'll Also Like

27.1K 4.2K 32
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
9.3M 278K 200
Seventeen Imagines for all 13 members •S.Coups •Jeonghan •Joshua •Jun •Hoshi •Wonwoo •Woozi •DK •Mingyu •The8 •Seungkwan •Hansol •Dino Book backgroun...
724K 26.4K 75
[Complete] Team Alpha Trilogy #2 "I lost them. Every single one of them, even Jun." Everything was perfect until time decided to play with us. Time t...
386K 20.4K 12
In which two neighbors get stuck in an elevator together. Seungcheol x Jeonghan finished: March 29, 2016 ----- © Copyright 2016. All rights reserved...