Unicode
တစ်နေ့ကုန် ပြုံးဖြီးပြီးပျော်မြူးနေတဲ့Kim Taehyungကိုကြည့်ရတာSunghoonအတွက်ကြာလာတော့အဆင်မပြေတော့ဘူး။ ကိုယ်ကဒီနေ့မနက် ကျောင်းကိုနောက်ကျမှရောက်လာတာလေ..ရောက်တော့မြင်လိုက်ရတာက မျက်ရည်တွေစိုနေတဲ့မျက်အိမ်ကြိးနဲ့မျက်နှာကြီးကပြုံးဖြီးပြီးဟမ်ဘာဂါတွေစားနေတဲ့ Kim Taehyungကိုပင်။ မသိတဲ့ဘေးကသူစိမ်းမြင်ရင် ဟမ်ဘာဂါခုမှစားဖူးလို့အပျော်လွန်ပြီးငိုနေတဲ့လူလိုပဲ။
"Taehyung..ဘာဖြစ်နေတာလဲတစ်နေ့ကုန်ပြုံးဖြီးနေတာပဲ.."
"ဟဲဟဲ ဒီလိုပါပဲ"
"အော..."
"ဒါနဲ့ Minhoနဲ့အခြေအနေရော အဖြေပေးလိုက်ပြီလား?"
Taehyungဒီနေ့ကိုယ့်အပျော်နဲ့ကိုယ်ပျော်မြူးနေတာမလို့ Sunghoonကိုတောင် ဂရုမစိုက်မိ။ ခုသူကစပြီးလာခေါ်ပုံကိုကြည့်ရရင် ကိုယ့်ကိုစိတ်ဆိုးပြေသွားပြီထင်ပါရဲ့...။ စိတ်ဆိုးကလည်းပြေမှပဲလေ..မပြေရင်လည်း ဦးချပြီးတောင်းပန်ဖို့သာကျန်တော့မယ်..။
"ဘာလို့ပြေရမှာလဲ..ငါကသူ့ကိုပြန်ချစ်စရာလား"
"ချစ်ဖို့ပြောတာမဟုတ်ဘူး"
"ပြန်အဆင်မပြေဘူးဘယ်တော့မှ"
"အေးပါ ချစ်သွားကြမှ..ကိုကိုMinho ကိုကိုMinhoဖြစ်နေမယ်"
"ချီးကိုကိုMinhoတဲ့"
Sunghoonပြန်စမလို့ ပါးစပ်ဟန်ပြင်ရုံရှိသေး အခန်းထဲကိုဝင်လာတဲ့ဆရာJungkookကြောင့်ပါးစပ်ပိတ်လိုက်ရသလို ဟိုခုံကူးဒီခုံကူးလိုက်စကားပြောလိုက်လုပ်နေတဲ့ ကျောင်းသွားတွေအားလုံးသည်လည်း မီးခဲကိုရေနဲ့ငြိမ်းလိုက်သလို တိတ်ဆိတ်ကုန်သည်။ ကျောင်းသား/သူတွေအားလုံးက ဆရာJungkookကိုချစ်ကြောက်ရိုသေကြတယ်...စာသင်ရာမှာလည်းတော်ပြီ..သဘောကောင်းတော့ လူချစ်လူခင်ပေါလှသည်။ သဘောကောင်းတာကတော့..စည်းကမ်းပိုင်းထိန်းချုပ်ရေးတွင််မပါပေ။
"ဆရာတို့ နောက်အပတ်ထဲမှာ ကျောင်းသားကျောင်းသူလေ့လာရေးခရီးရှိပါတယ်...Busanကိုသွားကြမှာပါ. အဲ့ဒါလေ့လာရေးခရီးလိုက်မယ်ဆိုတဲ့လူရှိရင် ဆရာ့ရုံးခန်းကိုစာရင်းလာပေးသွင်းလို့ရတယ်နော်"
"ဟုတ်ကဲ့ပါ!!!"
ခုလိုမျိုး ပြင်ပလှုပ်ရှားမှုတွေ..လေ့လာရေးခရီးတွေဆိုရင်ကျောင်းသား/ကျောင်သူအကုန်နီးပါးလိုလို စိတ်ပါဝင်စားကြတယ်။ မနေ့ကစိတ်ကောက်တော်မူသွားတဲ့ချစ်သူကလေးဆိုးလေးကိုကြည့်လိုက်တော့ ဘေးကသူငယ်ချင်းနဲ့ တတွတ်တွတ်စကားများနေသည်။ ဘာပြောနေတာလဲဆိုတာခန့်မှန်းစရာမလိုအောင်သိနေတယ်။ သေချာပေါက်ကျောင်းလေ့လာရေးခရီးအတွက်တိုင်ပင်နေကြတာနေမယ်။ အခုလို ပျော်ဖို့ပါးဖို့ကိစ္စတွေဆို Kim Taehyungကထိပ်ဆုံးကလေ။
"အဲ့ဒါဆို ဆရာဆီကအခုပတ်သောကြာနေ့ကို နောက်ဆုံးထားပြီးစာရင်းလာပေးနော်"
"ဟုတ်ကဲ့ပါဆရာ!!"
"ကဲ စာသင်ကြရအောင်နော်.. Page 113ကိုလှန်လိုက်ကြနော်"
ဆရာJungkookလာကြေညာသွားတဲ့ကိစ္စကိုသိလိုက်တဲ့အချိန် Kim Taehyungမှာအပျော်ပေါ်အပျော်ဆင့်နေတာ့တယ်။ခရီးထွက်ရတာသဘောသိပ်ကျတာမလို့ ဘေးနားက Sunghoonနဲ့ လေ့လာရေးခရီးမှာဘာတွေလုပ်ကြမယ်ဆိုပြီး Planကိုကြိုချထားတော့တယ်။
စာသင်ချိန်တွေတစ်ချိန်ပြီးတစ်ချိန်ကုန်ရင်း ညနေဘက်ကျောင်းဆင်းချိန်ရောက်လာသည်။ ကိုကိုနဲ့အတူတူပြန်မှာမလို့ ကိုကို့ရုံးခန်းမှာစောင့်မလို့တွေးထားပေမဲ့ ကျောင်းဂိတ်ဂိတ်ပေါက်ဝမှာပဲစောင့်ဖို့ ပြင်ပြီးSunghoonနဲ့အတူ အတန်းထဲကထွက်လာလိုက်သည်။
အတန်းပေါက်ဝမှာ ရပ်စောင့်နေတဲ့Minhoကိုမြင်တော့ သနားတဲ့စိတ်လေးတောင်ဝင်လာမိတယ်။ Park Sunghoonက Minhoကိုငယ်ငယ်ကတည်းက အမြင်ကတ်တာဆိုတော့ ချစ်လာဖို့ဆိုတာကိုအတော်ကိုကြိုးစားရမှာလေ။ ကြားထဲက Minhoရဲ့နေရာမှာဝင်ပြီး ကိုယ်ကရင်လေးမိတယ်။
"Minho အိမ်ပြန်တော့မှာလား"
"အာ ဟုတ်တယ် တစ်ယောက်တည်းပြန်ရမှာမလို့ မင်းတို့နဲ့အတူပြန်မလားလို့လေ"
တံခါးပေါက်နားရောက်တော့ Taehyungဘက်ကပဲစနှုတ်ဆက်လိုက်ပေးတယ်။ ကိုယ့်Crushကိုလာစောင့်နေတာကို စကားပါစပြောဖို့ကိုအတော်ခက်မှာဆိုတာသိနေတာမလို့ ကြားထဲကနေ ဝင်ညှိပေးရင်းစကားစပေးလိုက်တာပင်။
"လာလေ လိုက်ခဲ့လေ အတူတူပြန်မယ်လေ"
"ရား Taehyung"
အတူတူလိုက်ခဲ့မယ်လို့စပြောလာတဲ့ အမြင်ကတ်စရာMinhoကို Kim Taehyungက ငြင်းလိုက်မယ်လို့ထင်ထားပေမဲ့ အတွေးနဲ့လက်တွေ့ကတခြားစီပင်။ ချက်ချင်းကိုလိုက်ခဲ့လေလို့တန်းဖြေလိုက်တာ။ နှစ်ခါတောင်ပြန်မစဥ်းစားတော့ဘဲကို ဖြေလိုက်တာ။ သူငယ်ချင်းကိုကြိုက်နေတဲ့လူကိုတောင် အတူတူလိုက်ခဲ့ဖို့ခေါ်တဲ့ Kim Taehyungကိုခြေရောလက်ရောမြှောက်ပြီး အရှုံးပေးပါတယ်။
"Sunghoonကလည်း တစ်ယောက်တည်းပြန်ရမှာကို ခေါ်ခဲ့လိုက်ပါနော် "
"မသိဘူးကွာ..မင်းလုပ်ချင်သလိုသာလုပ်တော့"
သူ့အလိုမကျတော့ နှုတ်ခမ်းလေးဆူပြီးရှေ့ကလျှောက်သွားတဲ့Sunghoonကိုကြည့်ပြီးMinhoမှာ အူတွေအသဲတွေယားနေမိတာ။ အရင်ကတော့ မြင်တိုင်းကိုင်ပေါက်ပစ်ချင်ပေမဲ့ ခုတော့ချစ်လွန်းအသဲယားလွန်းလို့ အိတ်ကပ်လေးထဲထည့်ထားချင်လိုက်တော့တယ်။ လူဆိုတာအပြောင်းအလဲမြန်တတ်တာ ကိုယ့်ဘာသာကိုယ်ကြည့်မိပြီး Minhoတကယ်လက်ခံလိုက်တယ်။
"သွားလေ အနောက်ကလိုက်သွား "
စိတ်အလိုမကျဘဲ ထွက်သွားတဲ့Sunghoonကို လက်ကြီးပိုက်ပြီးပြုံးပြုံးကြီးကြည့်နေတဲ့ Minhoကိုဘေးဘက်ကနေ တိုက်တွန်းပေးရသေးတယ်။ ခုလိုအခွင့်အရေးကိုသာ လက်လွှတ်ခံလိုက်ရင် Minhoဒီတစ်သက်အခွင့်အရေးထပ်မရတော့မှာသေချာနေရောမလို့ ဘေးကအမြန်ပြောလိုက်မှ ပြေးလိုက်သွာတော့တယ်။
Taehyungကတော့ မကြာခင်မှာရည်းစားဖြစ်လာနိုင်တဲ့လူနှစ်ယောက်ကြားအပိုလူမဖြစ်ချင်တာမလို့ ကိုကို့ကို ကျောင်းဂိတ်မှာစောင့်ဖို့သာ အမြန်သွားလိုက်တယ်။
Sunghoon အမြင်ကတ်ကတ်နဲ့ Kim Taehyungရော Jung Minhoကိုရော ထားခဲ့ပြီး အရှေ့ကထွက်လာလိုက်သည်။ အနောက်ကလိုက်လာမလားလို့ လှည့်လှည့်ကြည့်ပေမဲ့လိုက်မလာတာမလို့ စိတ်အတော်တိုလာသည်။ အနောက်ကနေ ခြေပြေးသံကြားလိုက်တော့မှ တိုနေတဲ့စိတ်ကအနည်းငယ်ကျသွားတယ်။ Kim Taehyungတို့များ လိုက်လာမှာတောင် ချက်ချင်းမလိုက်လာဘူး အချိန်တွေဆွဲပြီးစိတ်တိုအောင်လုပ်လိုက်သေးတယ်။
အနောက်ကနေဖြေးဖြေးချင်းကပ်လိုက်လာတဲ့ ခြေလျှောက်သံကြောင့် Sunghoonစိတ်အချဥ်ပေါက်လာသည်။ Kim TaehyungကခုနကMinhoကိုခေါ်ထားတုန်းက ခုလိုမျ်ိုးကြောက်ပြမနေဘူး ။ ခုကျမှ ကြောက်သလိုလိုနဲ့ အနောက်ကခပ်ကုတ်ကုတ်လိုက်နေတယ်။ စိတ်တိုတာလာတာမလို့ ဆက်မလျှောက်တော့ဘဲရပ်လိုက်ပြီးအနောက်ကိုလှည့်ကြည့်လိုက်သည်။
"ဟင်?"
လှည့်ကြည့်လိုက်တော့ မြင်ရလိုက်တဲ့လူက ကိုယ်ထင်ထားတဲ့လူမဟုတ်ပေ။ Kim Taehyungကအဆုံးသတ်ထိတောင် Minhoဘက်ကနေနေပေးနေတာပဲ။ Minhoနောက်က Kim Taehyungများပါလာလားလို့ ကြည့်လိုက်တော့လည်း ခွေးတစ်ကောင်ကြောင်တစ်မြှီးတောင်မတွေ့ရဘူး။
"မင်းက ဘာလို့ငါ့နောက်ကလိုက်လာတာလဲ"
စိတ်ကမကြည်တော့တာတော့ တကယ်ပင်။ အနောက်ကနေ ခပ်ကုတ်ကုတ်နဲ့ Stalkerလိုလိုက်နေတဲ့Minhoကို အမြင်ကတ်ကတ်နဲ့ မေးလိုက်တယ်။
"ဟင် အဲ့ဒီလိုမဟုတ်ပါဘူး သွားမယ့်လမ်းချင်းတူနေတာပါ"
"အဲ့ဒါဆိုလည်း အရှေ့ကနေ ကျော်တတ်သွားလိုက်လေ"
"အာ ဟုတ်ကဲ့"
"ဒါနဲ့ မေးပါအုံးမယ် ဘာလို့လာယဥ်ကျေးပြနေတာလဲ ဟမ်"
"ဗျာ ယဥ်ကျေးမိလို့လား "
"အေး အဲ့ဒီမှာ ဗျာလို့ပြောနေတာလေ အရင်က Minhoလိုသာနေစမ်းပါ.. မခုတ်တတ်တဲ့ကြောင်လို နေပြမနေနဲ့"
"မဟုတ်ပါဘူး အဲ့ဒီလိုမဟုတ်ပါဘူး"
"မသိဘူးကွာ နေခဲ့ ငါကတော့သွားပြီ"
တကယ်မခုတ်တတ်တဲ့ကြောင်ပုံစံနေပြနေတာမဟုတ်ဘူး။ တကယ်Sunghoonရှေ့ရောက်တော့ ပါးစပ်ကအရင်လို သူငယ်ချင်းလိုအသုံးအနှုန်းမထွက်လာတော့တာပင်။ ကိုယ့်ဘက်ကကြိုက်နေတာကိုမသိခင်တုန်းက သူငယ်ချင်းလိုဟန်ဆောင်တာလုပ်ပြရသေးတယ်။ ကိုယ့်ဘက်ကခံစားချက်ကိုဖုံးရအောင် ရန်စကားတွေချည်းပြောပြီးဖုံးထားတာပင်။ အခုလို ကိုယ်ဘက်ကကြ်ိုက်နေတာသိသွားတော့ ဘယ်လိုမှဟန်ဆောင်မရတော့ပေ။ အရှေ့ကနေ တစ်ယောက်တည်းထွက်သွားတဲ့Sunghoonနောက်ကို ခပ်လှမ်းလှမ်းအဝေးကနေ အိမ်အထိအရောက်ပို့ရင်းလိုက်ပို့လိုက်သည်။ တစ်ယောက်တည်းပြန်တာကိုစိတ်မချဘူးလေ။
ဂိတ်ပေါက်ဝမှာ ကိုကို့ကိုစောင့်နေတာ၁၀မိနစ်လောက်ကြာနေပေမဲ့ ကိုကိုကခုထိရောက်မလာသေးဘူး။တစ်ယောက်တည်းစောင့်ရတာ ကြာလာတော့ စိတ်မရှည်တော့ဘူး။ မစောင့်ဘဲပြန်လိုက်ရတော့မလားဆိုပြီးတွေးမိပေမဲ့ ရည်းစားလေးကိုထားခဲ့ပြီးတစ်ယောက်တည်းမထားခဲ့ချင်တာမလို့ ဆက်ပြီးစောင့်နေလိုက်တယ်။
"Taehyungလေးစောင့်နေတာကြာသွားလား"
ဘေးနားကနေလာရပ်တဲ့ဆရာJungkookကြောင့် ရုတ်တရက်ကြောင်သွားသည်။ လက်ထဲမှာလည်းကိုင်ထားတဲ့ဖိုင်ထုတ်အတွဲကြီးနဲ့ဆရာJungkookက ကိုယ့်ရည်းစားဖြစ်နေတယ်ဆိုတဲ့အတွေးကိုခုထက်ထိပင်မယုံနိုင်သေးပေ။
"အင်းပေါ့ ကြာနေပြီ ၁၅မိနစ်လောက်ရှိနေပြီ"
"ဟုတ်လား ပျင်းနေရောပေါ့.. လမ်းမှာကိုကိုက ရေခဲမုန့်ဝယ်ကျွေးမယ်နော်"
"ဟီး ဟုတ်ကဲ့"
လက်ကိုလာကိုင်လိုက်တဲ့ကိုကိုကြောင့် Taehyungနှလုံးခုန်နှုန်းမှာရုတ်တရက်ထမြန်လာတော့သည်။ ကိုကို့ရဲ့အထိအတွေ့တိုင်းက လူကိုရူးအောင်ပြုစားနိုင်တာပင်။ လက်ကိုဆွဲပြီးလမ်းလျှောက်ပြန်နေတဲ့ ကိုကို့ကြောင့်Taehyungမှာနားမလည်ပြီးရင်နားမလည်ဖြစ်လာကာ မေးခွန်းထုတ်ရတော့တယ်။
"ကိုကို"
"ပြောလေ Taehyung"
"ကားရော ကားကျန်နေခဲ့ပြီလေ "
"အော်..ကားလား တခြားလူကိုပေးလွှတ်လိုက်ပြီလေ မလိုချင်တော့လို့"
"ဟင် တကယ်ကြီးလား"
ပြောတိုင်းယုံနေတဲ့ Taehyungကိုကြည့်ပြီး Jungkookမပြုံးဘဲမနေနိုင်တော့ပေ။ ဒီကလေးပေါက်က သူပြောတာကိုအကုန်ယုံနေတော့တာ။ ကိုယ်က သူနဲ့အတူလမ်းလျှောက်ပြန်ချင်လို့ ကားကိုတခြားလူတစ်ယောက်ကို အိမ်ပို့ခိုင်းလိုက်တာလေ။ လမ်းလျှောက်ရင်း အချိန်ပေးချင်တာမလို့တမင်ခုလိုလုပ်လိုက်တာပင်။ အိမ်မှာကျတော့လည်း Heeinတို့ရှိနေတာမလို့သိပ်ပြီးမလွတ်လပ်ဘူးလေ။ Taehyungလေးကလည်း ငယ်သေးတော့ချစ်သူရည်းစားနဲ့အခုလိုလေးတွေလုပ်ချင်မှာပဲဆိုပြီးတွေးမိတာမလို့လေ။
"မဟုတ်ပါဘူးဗျာ.. ကိုကိုကTaehyungနဲ့အတူပြန်ချင်လို့ ကားကိုတခြားလူကို အိမ်ပြန်ပို့ခိုင်းလိုက်တာ"
"တကယ်ကြီးလား"
ကိုယ်နဲ့အတူတူပြန်ဖို့ ကားနဲ့တောင်မပြန်ဘူးဆိုတဲ့အတွေးကြောင့်Taehyungမျက်ရည်တောင်ဝဲမိတဲ့အထိ။ ကိုယ့်ရည်းစားက ကိုယ့်ကိုအရေးပေးအလေးထားတယ်ဆိုတဲ့အတွေးနဲ့ပျော်နေမိတာပင်။
"ဒါပေါ့ဗျာ..ကောင်ဆိုးလေးကို ဒီကဆရာကအချိန်ပေးပြီးအလိုလိုက်ချင်လို့ပါဗျာ"
"ဟာ တကယ်ရင်ထဲထိသွားပြီနော်ကိုကို"
ရင်ဘတ်လေးကိုလက်ကလေးနဲ့ထုပြပြီး ရင်ထဲထိသွားပြီလို့ပြောလာတဲ့ကောင်ကလေးကိုအချစ်တွေပိုနေမိတာရပ်တန့်လို့တောင်ရမယ်မထင်တော့ဘူး။
"အဲ့ဒါဆို Junghyungကိုရော ဘယ်လိုလုပ်လိုက်လဲ"
"Heeinကိုလာကြိုခိုင်းလိုက်တယ်..
ကိုယ့်ရဲ့Taehyungလေးက အဲ့ဒါတွေမတွေးပါနဲ့..ခုအတူရှိနေတဲ့အချိန်လေးမှာပျော်အောင်သာနေ ကျန်တာအားလုံးကိုကိုစီစဥ်မယ်ဟုတ်ပြီလား"
"ဟုတ်ပြီနော် ယုံလိုက်ပြီနော် ကိုကိုဆရာJeon "
"ဟုတ်ကဲ့ ယုံလိုက်ပါကောင်ဆိုးတပည့်Kim Taehyungလေးခင်ဗျ"
လမ်းတစ်လျှောက်လုံးစကားတပြောပြောနဲ့ လျှောက်လာကြသည်။ ကိုကိုရဲ့လက်ကိုကိုင်ပြီး လမ်းမထက်ကိုလျှောက်နေရတဲ့အချိန်တွေက တန်ဖိုးရှိလွန်းအရေးပါလွန်းတာမလို့ အချိန်တွေကိုတောင်ရပ်တန့်ပစ်ထားချင်မိသည်။
Mini martနားရောက်တော့ ကိုကိုကရေခဲမုန့်ဝယ်ကျွေးပေးမယ်ဆိုတဲ့ကတိအတိုင်း ရေခဲမုန့်ဝယ်ကျွေးတယ်။ အရသာကတော့ ကိုယ်ကြိုက်တဲ့စတော်ဘယ်ရီပဲပေါ့။ ကောင်လေးရဲ့အလိုလိုက်ခံနေရတဲ့ဒီလိုနေ့လေးက Taehyungရဲ့Memeoryလေးတွေထဲမှာ လှပစွာရှိနေမှာအသေအချာပင်။ ခုလိုအချစ်ခံအလိုလိုက်ခံနေရတဲ့ကိုယ့်ကိုကိုယ်တောင် မယုံနိုင်။ ..အရင်ကအတန်းထဲမှာကာတွန်းစာအုပ်ဖတ်တဲ့ကောင်လေးကတော့ အခုချိန်မှာချစ်သူဆရာလေးထံမှာ အလိုလိုက်ခံနေရပါပြီ။
Zawgyi
"ဟဲဟဲ ဒီလိုပါပဲ"
"အော..."
"ချီးကိုကိုMinhoတဲ့"
"ဟုတ်ကဲ့ပါ!!!"
"ဟုတ်ကဲ့ပါဆရာ!!"
"ရား Taehyung"
"ဟင်?"
"အာ ဟုတ်ကဲ့"
"ဗျာ ယဉ်ကျေးမိလို့လား "
"ဟီး ဟုတ်ကဲ့"
"ကိုကို"
"ပြောလေ Taehyung"
"ဟင် တကယ်ကြီးလား"
"တကယ်ကြီးလား"