Never

By Blacksheep303

26.1K 1.2K 107

ဦးနှောက်က မလုပ်သင့်ဘူးလို့ အကြိမ်ကြိမ် သတိပေးနေပေမယ့် ကိုယ့်ရဲ့ စိတ်ပျော်ရွှင်ရာလေးမို့ အခါခါ ထပ်လုပ်မိနေတာမျ... More

Never (ဘယ်တော့မှ) - 1
Never (ဘယ္ေတာ့မွ) Zawgyi -1
Never (ဘယ်တော့မှ) - 2
Never (ဘယ္ေတာ့မွ) - Zawgyi 2
Never (ဘယ်တော့မှ ) - 3
Never (ဘယ္ေတာ့မွ) - Zawgyi 3
Never (ဘယ်တော့မှ)-4
Never (ဘယ္ေတာ့မွ) - Zawgyi 4
Never (ဘယ်တော့မှ)- 5
Never (ဘယ္ေတာ့မွ) - Zawgyi 5
Never (ဘယ်တော့မှ ) -6
Never (ဘယ္ေတာ့မွ) - Zawgyi 6
Never (ဘယ်တော့မှ)- 7
Never (ဘယ္ေတာ့မွ) - Zawgyi 7
Never (ဘယ်တော့မှ) - 8
Never (ဘယ္ေတာ့မွ) - Zawgyi 8
N ever (ဘယ်တော့မှ) - 9
Never (ဘယ္ေတာ့မွ) -Zawgyi 9
Never (ဘယ်တော့မှ)- 10
Never (ဘယ္ေတာ့မွ) - Zawgyi 10
Never (ဘယ်တော့မှ) - 11
Never (ဘယ္ေတာ့မွ) - Zawgyi 11
Never (ဘယ်တော့မှ) -12
Never (ဘယ္ေတာ့မွ) - Zawgyi 12
Never (ဘယ်တော့မှ) - 13
Never (ဘယ္ေတာ့မွ) - Zawgyi 13
Never (ဘယ်တော့မှ) - 14
Never (ဘယ္ေတာ့မွ) - Zawgyi 14
Never (ဘယ်တော့မှ) - 15
Never (ဘယ္ေတာ့မွ) - Zawgyi 15
Never (ဘယ်တော့မှ) - 16
Never (ဘယ္ေတာ့မွ) - Zawgyi 16
Never (ဘယ်တော့မှ) - 17
Never (ဘယ္ေတာ့မွ) - Zawgyi 17
Never (ဘယ်တော့မှ) - 18
Never (ဘယ္ေတာ့မွ) - Zawgyi 18
Never (ဘယ်တော့မှ) - 19
Never (ဘယ္ေတာ့မွ) - Zawgyi 19
Never (ဘယ်တော့မှ) - 20
Never (ဘယ္ေတာ့မွ) - Zawgyi 20
Never (ဘယ်တော့မှ) - 21
Never (ဘယ္ေတာ့မွ) - Zawgyi 21
Never (ဘယ်တော့မှ) -22
Never (ဘယ္ေတာ့မွ) - Zawgyi 22
Never (ဘယ်တော့မှ) - 23
Never (ဘယ္ေတာ့မွ) - Zawgyi 23
Never (ဘယ်တော့မှ) -24
Never (ဘယ္ေတာ့မွ) - Zawgyi 24
Never (ဘယ်တော့မှ) - 25
Never (ဘယ္ေတာ့မွ) - Zawgyi 25
Never (ဘယ်တော့မှ) - 26
Never (ဘယ္ေတာ့မွ) - Zawgyi 26
Never (ဘယ်တော့မှ) - 27
Never (ဘယ္ေတာ့မွ) - Zawgyi 27
Never (ဘယ်တော့မှ) - 28
Never (ဘယ္ေတာ့မွ) - Zawgyi 28
Never (ဘယ်တော့မှ) - 29
Never (ဘယ္ေတာ့မွ) - Zawgyi 29
Never (ဘယ်တော့မှ) - 30
Never (ဘယ္ေတာ့မွ) - Zawgyi 30
Never (ဘယ်တော့မှ) - 31
Never (ဘယ္ေတာ့မွ) - Zawgyi 31
Never (ဘယ်တော့မှ) - 32
Never (ဘယ္ေတာ့မွ) - Zawgyi 32
Never (ဘယ်တော့မှ) - 33
Never (ဘယ္ေတာ့မွ) - Zawgyi 33
Never (ဘယ်တော့မှ) - 34 (Final)
Never (ဘယ်တော့မှ) - Zawgyi 34 (Final)
Author's Note (Unicode+ Zawgyi)
Never (ဘယ်တော့မှ) - Special Part (Zawgyi)

Never (ဘယ်တော့မှ) - Special Part

819 43 18
By Blacksheep303

🚨🚨🚨🚨🚨 Warning: This part contains picture of human reproductive organ but this picture is only used for medical education purpose.
(Wattpad team က ဖျက်ချခံရလို့ ပြန်တင်ပေးတာပါ)


အခုရိပေါ် အနုပညာလောက ကနေ အနားယူပြီး သူ့မားမားရယ် နဲ့ မိန်ကျားရွာလေးမှာ နေနေတာ ၄လကျော်ပါပြီ 
Neverလေးကလည်း မူကြိုအရွယ် ပဲမို့ မူကြိုကနေ ပြန်နုတ်ပြီး မိန်ကျားရွာကို ပို့ထားပေးလိုက်တယ် စာမသင်သေးဘဲ သဘာဝတရားတွေအကြောင်း လူကျင့်ဝတ်တွေအကြောင်း အရင်သိသွားအောင် လို့ပါ  မိန်ကျားရွာလေးရဲ့ ကောင်းတဲ့အလေ့အထလေးတွေ Neverလေးဘဝမှာ ရသွားလည်း ကောင်းတာပဲမို့ ရိပေါ်နဲ့အတူထားဖို့ ဆုံးဖြတ်ပြီး ထည့်ပေးလိုက်တာ အဘွားတွေ အဒေါ်တွေကလည်း အားပေးတယ် စာက တစ်သက်လုံးသင်ရမှာ ငယ်ရွယ်လွတ်လပ်တဲ့ဘဝက ပြန်မရဘူးဆိုပဲ

ရိပေါ်တို့ မိန်ကျားရွာလေးမှာ ရှိနေတုန်း ရှောင်းကျန့်လည်း လုပ်စရာ အလုပ်တွေကို မြန်မြန်လက်စသပ် လုပ်ထားရပါတယ် ဒါမှ သူတို့ကို မြန်မြန် ပေကျင်းပြန်ခေါ်နိုင်မှာလေ အခုရှောင်းကျန့် ရိပေါ်ကို လာပြဖူးတဲ့ မြို့ပြင်က ခြံထဲမှာ Neverလေးနဲ့ အတူတူ ပြန်လာကတည်းက ရိပေါ် စိတ်ကူးထဲက ဒီဇိုင်းအတိုင်း ဆောက်ထားတာ လက်ရှိနေနေတဲ့ ကွန်ဒိုနဲ့ ဖွဲ့စည်းပုံတူတဲ့ နှစ်ထပ်အိမ်လေး တစ်ခုပဲ အခု အိမ်ကတော့ ကွန်ဒိုထက်ပိုပြီး အများကြီး ပိုကျယ်အောင် ဆောက်ထားပေးတယ် အိမ်ဝန်းထဲမှာ ရိပေါ်က အိမ်အသေး ၃လုံးထားမယ် ဆိုပေမယ့် ရှောင်းကျန့်က တခြားဘက်ခြမ်းမှာ အိမ်အကြီးတစ်ခုထပ်ဆောက်လိုက်တာပါ ကိုယ်ကျတော့ အိမ်အကြီးနဲ့နေပြီး ဧည့်သည်ကျမှ အိမ်အသေးလေးလို ပေးထားရင် ဘယ်ကောင်းပါ့မလဲ

အခု ဒါတွေ လက်စသပ်ပြီးရင် ရိပေါ်တို့ သားအဖကို ပြန်ခေါ်လို့ရပြီ သူကြောင့် ပြောင်းလဲသွားတဲ့ ရိပေါ်ရဲ့ ဘဝလမ်းကြောင်းကို သူပြန်တည့်မတ်ပေးရမယ်လေ အခု Beijing Sport University မှာ ရိပေါ်ကို ကျောင်းပြန်အပ်ထားပေးပြီ ထူးချွန်ကျောင်းသား ဖြစ်တာအပြင် နာမည်ကြီး အနုပညာရှင် ဖြစ်ခဲ့တာမို့ ကျောင်းရဲ့ ပညာရေးအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပြီး ကျောင်းကို Course Workတွေကို Online Learning နဲ့သင်မယ် ပြီးရင် Practical ပိုင်းကို လူမရှုပ်တဲ့ စနေ၊ တနင်္ဂနွေလိုမျိုးတွေမှာ သီးသန့် Trainingဆင်းမယ် လေ့ကျင့်ရေးဆရာတွေ စိတ်တိုင်းကျ ဖြစ်အောင် ဆင်းပေးမယ် ရိပေါ်ဘက်က အားကစားနဲ့ဆိုင်တဲ့ ဘွဲ့ယူ သုတေသနစာတမ်းတစ်စောင် ပြုစုပြီး ဘွဲ့ယူစာတမ်းကို တစ်နှစ်အတွင်း ပညာရေးဘုတ်အဖွဲ့ကို တင်ပြနိုင်ရမယ် လိုအပ်လို့ဖြေရမယ့် စာမေးပွဲတွေကို လာဖြေမယ် ကျောင်းဘက်က သီးသန့် စာမေးပွဲခန်းလို တော့ ပြင်ဆင်ထားပေးဖို့ လိုအပ်သမျှတော့ အားလုံးညှိနှိုင်းပြီးသွားပြီ

အခု မိန်ကျားရွာကနေ Neverလေးရယ် ရိပေါ်ရယ်ကို ပြန်ခေါ်လိုက်ပြီး ရှောင်းအိမ်တော်မှာ Neverလေးကို ထားခဲ့ပြီး အခုအိမ်အသစ်ကို လာပြတော့ ရိပေါ် က

" အချစ် ကျွန်တော်က စကားအဖြစ် စိတ်ကူးနဲ့လျောက်ပြောတာကို တကယ်ကြီး အကောင်အထည်ဖော် ပေးတာလား"

"အင်း မင်းစိတ်ကူးရော ငါ့စိတ်ကူးရော ထည့်ပြီး ဆောက်ထားတာလေ အောက်ထပ်ကတော့ မင်းပြောသလို အခန်း၃ခန်းအစား အကြီးကြီး တစ်ခန်းပဲ လုပ်ထားတယ် အထဲပိုင်းတော့ မင်းစိတ်တိုင်းကျ ပြင်ဖို့ ငါ ပစ္စည်းတွေ မထည့်ရသေးဘူး မင်းစိတ်တိုင်းကျ အခန်းDecoration လုပ် ဟုတ်ပြီလား"

ပြီးတော့ အပေါ်ထပ် မတက်ခင်

"ရော့"

"ဘာလေးတုန်း ဖွင့်ကြည့်လေ"

ရိပေါ် ဖွင့်ကြည့်လိုက်တော့ အရင် ရိပေါ် ရှောင်းကျန့်ကို ပေးခဲ့ဖူးတဲ့ လက်အိတ်အနီရောင်လေးပါ

" ရိပေါ် ငါ့ ကြောင့် စွန့်လွှတ်လိုက်တဲ့ လက်ဝှေ့ကို ငါ့အတွက်နဲ့ပဲ ပြန်ထိုးပေးပါလား မင်းရဲ့ အဓိက ပန်းတိုင်ကို ရောက်ဖို့ ငါဘေးကနေ မင်းရဲ့ Exclusive Trianer ဖြစ်ပေးပါ့မယ် လက်ဝှေ့ပြန်ထိုးဖို့ အချိန်ကျပြီ ပြန်လာခဲ့ပါ Leo G "

" Train ပေးတဲ့သူက ကျန့်ကော ဖြစ်နေသမျှ ကာလပတ်လုံး ကျွန်တော် လက်ဝှေ့ထိုးနေဦးမှာလို့ ပြောခဲ့တာ မေ့သွားပြီလား"

"မမေ့ပါဘူး မင်းကို အရင်လို လက်ဝှေ့ပြန်ထိုးစေချင်တယ် လက်ဝှေ့လောကထဲကို LeoG ဆိုပြီး ငါနဲ့တွေ့တုန်းကလို FacePaintလေးနဲ့ပဲ ပြန်ထိုးပြီး ချန်ပီယံဆုကို ယူကြမယ်လေ"

"အင်း"

ရိပေါ်ကလည်း လိုလိုလားလားနဲ့ လက်ဝှေ့ပြန်ထိုးမယ်ဆိုလို့ Training Room လုပ်ထားတဲ့အပေါ်ထပ်ကို ခေါ်ခဲ့လိုက်တာ

"ဒီအပေါ်ထပ်က ပိုကျယ်လို့ ငါ မင်းလေ့ကျင့်တဲ့အခါ ပိုလေ့ကျင့်လို့ကောင်းအောင် တကယ့် ပြိုင်ပွဲတုန်းကလို ပြင်ထားပေးတယ်"

လိုက်ပြရင်းနဲ့ နှစ်ယောက်အတူတူ လက်ဝှေ့ကွင်းထဲ ပြန်ဝင်မိတဲ့အခါ စတွေ့ခါစ အချိန်ကို အမှတ်ရမိတာမို့ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ရီမိတယ်

" ကျွန်တော့်ကို မထိုးရက်ခဲ့တဲ့ Championကြီး အခုချိန်ထိ ကျွန်တော့်ရဲ့ ထိုးဖော်ထိုးဖက် ဖြစ်နေသေးတာ ဝမ်းသာပါတယ်"

"ဘာ ထိုးဖော်ထိုးဖက်လည်း မင်းနော် စကားကို အနှောင့်အသွားမလွတ်ပြောနေပြန်ပြီ"

"အဲဒီတုန်းက ဘယ်သူကစပြီး အနှောင့်အသွား မလွတ်တာတွေ ပြောတာလဲ ဘယ်သူက အရင်လာပြီး စိတ်ကြွသွား စိတ်ပါသွားအောင် လာလုပ်တာလဲ "

"မင်းကြောင့်လေ မင်းကြောင့် မင်းက ဟောဒီလို ခုန်အုပ်ပြီး ချန်ပီယံကြီး ခင်ဗျားခုတော့ ဘာတတ်နိုင်သေးလဲ လက်သီးနဲ့လည်း ထိုးမရတော့သလို လက်ညှိုးနဲ့လည်း မထိုးနိုင်တော့ဘူး ဟားဟား ဆိုပြီး ငါ့ကို အတင်းလာချုပ်လာလေ အဲဒီတော့ ငါလည်း ရှိတာနဲ့ ထိုးဖို့လုပ်ရတာလေ"

ပြန်ပြောပြချင်ဇောနဲ့ ရှောင်းကျန့် ရိပေါ်လေးပေါ်ကို ခုပ်အုပ်လျက်သားလေးနဲ့ သရုပ်ဖော် ပြီး ပြန်ပြောပြနေတော့

"အင်း ဝဋ်လည်တာ နောက်ဘဝ မကူးဘူးဆိုတာကို အခုတော့ ယုံသွားပြီ အခုတော့ ကျွန်တော်လည်း ပြန်အချုပ်ခံနေရပြီမို့ အချစ်လည်း အဲဒီတုန်းက ရှိတာလေးနဲ့ အထိုးခံရတဲ့ အနေအထားကို တစ်ချက်ရှိုးလိုက်ပြီး ဝဋ်လည်လိုက်ပါဦး"

ပြောလည်းပြော ပြန်ဆင်းခွင့် မပေးတော့ဘဲ အောက်ကနေ လှုပ်ရှားနေတာကြောင့် ပိုလို့နေရခက်လာပြီး ရှောင်းကျန့် ညီးညူမိပါတယ်

"ဘယ်လိုလဲ အချစ်ရေ အဲဒီတုန်းက ကျွန်တော့်မှာ အသက်တောင် သေချာမရှူရဲဘူး အခုလို ရိုးရိုးဘောင်းဘီနဲ့ မဟုတ်ဘဲ အရမ်းထိန်းတဲ့ ဘောင်းဘီ ဝတ်ထားတော့ အချစ်က ကျွန်တော်စိတ်ပါသွားမှန်း မသိဘူးမလား"

"မဟုတ်ဘူး ငါလည်း မင်းကို စချင်စိတ်နဲ့ လုပ်လိုက်တာ ဆိုပေမယ့် ကိုယ်တိုင်စိတ်ပါသွားတော့ ကိုယ့်ကိုကိုယ် အရမ်းလန့်ဖြန့်သွားတာနဲ့ မင်းကို သတိမထားမိတာ"

"ဘာ....အဲဒီကတည်း စိတ်ပါခဲ့တယ် ဟုတ်လား"

ရိပေါ် မသိရသေးတဲ့ အမှန်တရားလေးတစ်ခုကြောင့် ပျော်ရွှင်မိပါတယ်

"ကဲ အချစ် အတူမနေရတာကြာလှပြီ နှစ်ပတ်တောင်ရှိတော့မယ် အစက ညမှ အေးအေးဆေးဆေး တစ်တီတူးမလို့ အခုတော့ စကားပြော စွမ်းရည်ကောင်းလွန်းတဲ့ အချစ်ကြောင့် အခု ဒီကြိုးဝိုင်းလေးကို ပဲ အချစ်ကြိုးဝိုင်းလို့ သတ်မှတ်လိုက်ရအောင်"

"မင်းသဘောပဲ"

ဆိုပြီး ခွင့်ပြုချက်ရပြီးတဲ့နောက် Round 1, Round 2 , Round 3 ဆိုပြီး Positionတစ်ခါပြောင်းတိုင်း တစ်ခါစလို့ Roundတွေမှတ်ထားတယ် ပြီးမြောက်ခါနီးကျရင် One, Two, Three, Four,.....လို့ ဒိုင်လူကြီးလေသံတွေနဲ့ အကြိမ်အရေအတွက်တွေ အော်ပြီး Ten လို့အော်လို့ အတူတူ ပြီးဆုံးကြတယ် နောက်ဆုံးမှာ မောမောပန်းပန်းနဲ့ အချစ်ကြိုးဝိုင်းထဲ နှစ်ယောက်အတူ ပက်လက်လှန်အမောဖြေပြီး ရိပေါ်က ရှောင်းကျန့်လက် ကို မြောက်ပြီး

"အနိုင်ရရှိသွားသူကတော့ ချန်ပီယံကြီး ရှောင်းကျန့်ပဲ ဖြစ်ပါတယ်"

"တော်တော်ပျော်နေတာလား"

"အင်း အရမ်းပဲ စတွေ့ခါစ အချိန်ကို ရောက်သွားသလိုပဲ ဪ ဒါနဲ့ အချစ် ကျွန်တော့်ကို ဘယ်လိုရှာတွေ့တာလဲ"

"ငါ့သူငယ်ချင်း ကျိုးချန်ကြောင့်လေ သူ့ကို ငါ့ပြိုင်ဘက် အကြောင်း စုံစမ်းပေးဖို့ ပွဲမစခင်ကတည်းက ပြောထားတာ ပွဲစတဲ့အထိ ဘာမှ မသိရဘူး ပွဲပြီးမှ မင်းသူငယ်ချင်းတွေကို မှတ်ထားပြီး နောက်ကနေလိုက်တော့ မင်းတို့ ကလပ်ပိုင်ရှင်က သူ့ဘဲကြီးဆိုတာကိုသိသွားတာ သူ့အတွက် ကံကောင်းတာက လေ ဟား...ဟား ဒါပေမယ့် ဟိုက်ခွမ်းကော က မပြောဘူး ဒါနဲ့ သူက ကျွန်တော်သိချင်တာပြောပြရင် ကောလိုချင် တာပေးမယ်ဆိုပြီး သူ့လူပျိုဘဝကို ပေးလိုက်တာနဲ့ မင်းဘယ်သူဆိုတာ သိလာတာ ဟား..ဟား.. တကယ်တော့ ဟိုက်ခွမ်းကော သူ့ကို တစ်ကြိမ်တောင်းဆိုလိုက်တာ သူက ငြင်းထားတော့ ကောက သူမကြိုက်ဘူးထင်လို့ ဘာမှထပ်မဟတော့ လို့ သူက ဟပ်ကော့ကြီး ဖြစ်နေ တုန်း အကြောင်းတိုက်ဆိုင်သွားတော့ သူလိုချင်တာကို ရအောင် လုပ်ယူသွားလိုက်တာပါ ငါက ကြားထဲက ကံကောင်းသွားတာပေါ့ "

"ကျွန်တော့်နာမည် မပြောဘဲ လျောက်ပြီး တစ်ခြားသူနာမည်ပြောလိုက်ရင် အချစ်က တစ်ခြားသူဆီရောက်သွားမှာလား"

"ရောက်စရာလား မင်းလည်ဂုတ်က သုံးလုံးတန်းမှည့်လေးရယ် မင်းကိုယ်သင်းနံ့ရယ် ငါမှတ်မိသားပဲ  ငါတကယ့်ကို ကျားသစ်ပေါက်လေးကို အမိဖမ်းနိုင်ခဲ့တဲ့ မုဆိုးကျော်ကြီး ဖြစ်လာတာပဲ သေချာတယ် တစ်ဘဝလုံးမလွတ်ပေးတော့ဘူး"

"အင်း မလွတ်ပေးနဲ့"
*
*
*
*
*
*
ရိပေါ် စကားအတိုင်း ရှောင်းကျန့်က ကျားသစ်ပေါက်လေးကို မလွတ်ပေးတော့ပဲ သူ့စိတ်တိုင်းကျ သူပျော်ရွှင်မယ့် ဘဝလမ်းကြောင်းကို ပြန်တင်ပေးနိုင်ခဲ့ပါတယ် အစစ အရာရာ သာမန်ဘဝလေးလို နေထိုင်နိုင်ပေမယ့်လည်း ရှောင်းကျန့်မှာ ဝန်ထုပ်ဝန်ပိုး သေးသေးလေး တစ်ခုရှိနေဆဲပါ အဲဒီ ဝန်ထုပ်ဝန်ပိုးကို ဖြုတ်ချလိုက်ဖို့ သင့်/မသင့်လည်း ခဏခဏ ပြန်စဉ်စားနေမိပါတယ်

နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ် ဒါတွေ အားလုံးကို လွတ်ချနိုင်မှ စိတ်က အေးနိုင်မယ်လို့ စဉ်းစားမိလို့ ရိပေါ်ကို ခေါ်ပြီး Switzerland ကို တစ်ခေါက်ပြန်လာလိုက်ပါတယ်

"ငါ မင်းကို Neverလေးရဲ့ မားမား နဲ့တွေ့ပေးမလို့ မင်းတွေ့ဖို့ရာလည်း လိုအပ်တယ်"

" ဘာလို့လဲ မမေးတော့ဘူးအချစ် အချစ်က ဘာပဲလုပ်လုပ် ကျွန်တော့်အတွက် လုပ်တာလို့ ယုံကြည်သွားပြီးတဲ့နောက်
အချစ်က ဒါဖြစ်သင့်တယ်လို့ပြောရင် ကျွန်တော်က ဖြစ်အောင်လုပ်ပေးမှာ"

သူခေါ်ရာကို လိုက်လာတဲ့ ရိပေါ်ကိုလည်း ကျေးဇူးတင်တယ် Neverလေးနဲ့ ဆုံဆည်းခွင့်ပေးခဲ့ ဆေးရုံဖြစ်တဲ့ Hislanden Klinik ကို ခေါ်ခဲ့လိုက်ပြီး အဲဒီတုန်းက ဆရာဝန်ကြီးကလည်း ခုထိရှိတုန်း သူကလည်း ရှောင်းကျန့်ကို မှတ်မိတုန်းဆိုတော့ အဆင်ပြေသွားတာပေါ့ ဆရာဝန်ကြီးကို ခွင့်တောင်းပြီး Neonatal Intensive Care Unit (မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်) ဘက်ကို လိုက်ပြလိုက်ပါတယ်
ရှင်သန်ဖို့ ကြိုးစားနေရရှာတဲ့ ကလေးလေးတွေကို မြင်တော့ ရိပေါ်က စိတ်မကောင်းတွေဖြစ်ပြီး

"ကျွန်တော်တို့ရဲ့ Neverလေးက အဲလိုလေး ကြိုးစားရှင်သန်ခဲ့ရတာပေါ့နော်"

"အင်း ဟုတ်တယ် သူအရမ်းတော်တယ်မလား ရိပေါ်"

"တော်တယ် Neverလေးက အရမ်းတော်ခဲ့တာ"

"ငါ မင်းကို ပြစရာရှိသေးတယ် လိုက်ကြည့်မလား"

"အင်း ကြည့်မယ်"

ရိပေါ်ကို ဆရာဝန်ကြီး ခွင့်ပြုပေးထားတဲ့ နားနေခန်းထဲခေါ်ခဲ့လိုက်ပြီး ဆရာဝန်ကြီးနား အပ်ထားတဲ့ Albumလေးတစ်ခုကို တောင်းပြီး ရိပေါ်ကို လာပြပါတယ် Album အရှေ့ပိုင်းမပြဘဲ တစ်ဝက်ကျော်ကနေ ဖွင့်ပြီး ပြခဲ့တာပါ

ဒါ သူမွေးတုန်းကလေ သေးသေးလေး တစ်ကယ့်ကို သေးသေးလေး ငါထိလည်း မထိရဲသလို ကိုင်လည်း မကိုင်ရဲခဲ့ဘူး သူတစ်ခုခု ဖြစ်သွားမှာကြောက်လို့လေ

"မင်းကြည့်စမ်း ဘယ်လောက်ထိတောင် သေးသေးလေးလည်း ဆိုတာကို ငါလေ သူ့ကို ကြည့်ပြီး နေ့တိုင်း ငိုရတာ ဒီကိုင်ထားတဲ့ လက်သေးသေးကို လက်လွတ်လိုက်ရမှာ သေမတတ်ကြောက်နေခဲ့ရတာ အဲလိုရက်ပေါင်းများစွာကို ငါကျော်ဖြတ်ခဲ့ရဖူးတယ်"

ရှောင်းကျန့်စကားကြောင့် ရိပေါ်လည်းပုံလေးတွေကြည့်ပြီး မျက်ရည်ကျမိတယ်

"အချစ် အဲဒါတွေ ပြန်မတွေးနဲ့တော့နော်"

"ဒါတွေ ပြန်မတွေးမိဖို့ဆိုရင် အရာအားလုံးကို တစ်ယောက်ယောက်ကို ငါ ဖွင့်ချလိုက်မှ ငါ လွတ်မြောက်နိုင်မယ်ထင်တယ်"

"ဒါတွေကို လွတ်ချနိုင်ဖို့ အချစ် ဖွင့်ချလိုက်ပါ ကျွန်တော်နားထောင်ပေးမယ်"

*
*
*
*
*
*
*
*
*
*
Flashback

လိုအပ်တဲ့ ဆေးစစ်ချက်တွေလုပ်ဖို့ အရင်ဦးဆုံး Couseling လုပ်ရပါတယ် ဒါမှ ခံစားရတဲ့ ရောဂါလက္ခဏာတွေပေါ် မူတည်ပြီး ပိုအသေးစိတ် ဆေးစစ်ချက်တွေလုပ်ရမှာမို့

"လူနာက ဘယ်လိုဝေဒနာတွေ ခံစားနေရပါသလဲ"

"ကျွန်တော် ဘာမှလည်း စားလို့မရဘူး သောက်လို့မရဘူး ဘာစားစား ဘာသောက်သောက် ပြန်အန်ထွက်တယ် အန်တာကလည်း အရမ်းကိုအန်တယ် တစ်ချက်တစ်ချက် ဗိုက်နာတာလည်း အရမ်းပဲ သတိတောင်လစ်တဲ့အထိကို နာတယ် နဂိုကတည်းကရှိနေတဲ့ Internal Haemorroid ကလည်း တစ်ခါတစ်လေ အခန့်မသင့်ရင် Bleeding ရတတ်တယ် ဒီရက်ပိုင်း အဆင်မပြေတာတွေ တောက်လျောက်ဖြစ်နေတာကြောင့် အရမ်းလည်း စိတ်ဓါတ်ကျနေပြီး သေချင်စိတ်ပေါက်နေတယ် Euthansia လုပ်ဖို့တောင် ဆုံးဖြတ်ထားပြီးသား ဖြစ်နေပြီ မသေခင်လေးတော့ ကိုယ့်ကို ဒုက္ခပေးနေတာက ဘာလဲဆိုတာ သေသေချာချာလေး သိသွားချင်လို့ ဆေးစစ်မယ့် သဘောပါ ကုသဖို့ အစီအစဉ် တော့ မရှိပါဘူး"

"တကယ်လို့ ရောဂါက ကုသလို့ရမယ့် ရောဂါဆိုရင်ကော"

"မသိဘူး ကျွန်တော် လုံးဝ မစဉ်းစားထားဘူး ကိုယ်ခံစားနေရတဲ့ အနေအထားနဲ့ ကုသလို့ မရတဲ့ရောဂါလို့ပဲ စိတ်ထဲစဉ်းစားထားလို့"

"ကောင်းပြီလေ ကျွန်တော်တို့ဘက်က လူနာ့ဆန္ဒကို လေးစားပါတယ် ဒါပေမယ့် ရလာတဲ့ Results တွေပေါ် မူတည်ပြီး ကျွန်တော်တို့ ထပ်ဆွေးနွေးကြတာပေါ့ အခုတော့ လိုအပ်တာတွေလည်း စစ်ဆေးမှုလုပ်ဖို့ ကျွန်တော်လိုအပ်တဲ့ စစ်ဆေးမှုလေးတွေ သေချာလုပ်ပေးပါ့မယ်"

အဲဒီနေ့က နေ့တဝက်နီးပါး စစ်ဆေးမှုတွေ အများကြီးလုပ်ရတယ် ရှောင်းကျန့်အခြေအနေက အရမ်းကို ဖျော့တော့ ပင်ပန်းနေတာမို့ ဆရာဝန်ကြီးက တစ်ရက်လောက်တော့ ဆေးရုံတက်ပြီး နားဖို့အကြံပေးပါတယ် ဆေးစစ်ချက်အဖြေတွေ အားလုံးကလည်း မနက်ဖြန်မှ အားလုံးရမှာ မို့ ပြန်လာရမယ့်အတူတူ လူနာကလည်း နေမကောင်းဖြစ်နေတာမို့ တစ်ရက်လောက်တော့ ကုသမှု ခံယူပေးပါ လူနာရဲ့ အခြေအနေကို မြင်နေရက်သားနဲ့ ကုသမှုမပေးရရင် စိတ်မချမ်းမြေ့လို့ တစ်ရက်လောက်တော့ သူ့ကုသမှုကို ခံယူပေးပါလို့ ပြောလာလို့ ရှောင်းကျန့် တစ်ရက် ဆေးရုံတက်ပြီး ဆေးစစ်ချက် အဖြေ တွေကို စောင့်နေလိုက်ပါတယ်

Drip တောက်လျောက်သွင်းထားလို့ လူက ထူထူထောင်ထောင်လို ဖြစ်နေပေမယ့် အန်တာက အအန်ပျောက်ဆေး ထိုးတာတောင် မထိန်းနိုင်တဲ့ အခြေအနေ ရောက်နေတာပါ ရေလည်းဆာတယ် ဗိုက်လည်းအရမ်းဆာတယ် စားချင်စိတ်လည်းရှိတယ် မစားရဲဘူး နည်းနည်းလေး မျိုချလိုက်တာနဲ့ ဗိုက်ထဲကနေ အတင်းရုန်းကန်ပြီး ပြန်ထွက်လာတဲ့ အစားအသောက်တွေကြောင့် အန်ရတဲ့ဒဏ်ကြောင့် လူက အရမ်းကို ပင်ပန်းတယ် တစ်ခါတစ်လေ ဘာမှမစားဘဲနဲ့ကို ဗိုက်ထဲမှာ ဘာမှမရှိတာတောင် အန် လေတွေ တဝေါဝေါ အန်နေရတာ ထက်သေသာသွားလိုက် ချင်တယ်

မနက် ၁၀နာရီခွဲလောက်မှာ ဆရာဝန်ကြီး က ဆေးစစ်ချက်အဖြေတွေနဲ့ အတူရောက်လာခဲ့ပါတယ်

" ကျွန်တော် ခင်ဗျားကို ဘယ်လိုရှင်းပြရမလဲ မသိသေးဘူး ဒါပေမယ့် သေချာတာ တစ်ခုက အခု ခင်ဗျား ခံစားနေရတာတွေက ကုသလို့ မရနိုင်တဲ့ ရောဂါ မဟုတ်ပါဘူး ခွဲစိတ်ကုသလိုက်ရင် ပျောက်ကင်းနိုင်ပါတယ်"

"ဒေါက်တာ တကယ်ပြောနေတာလား ဒါဆို ကျွန်တော် ဘာရောဂါခံစားရတာလဲဟင် ဒီလောက်ဆိုးဝါးတဲ့ ဒဏ်ကို ဘာကြောင့် ခံရတာလဲ"

"ဖြေးဖြေးချင်း ရှင်းပြပါ့မယ် ခင်ဗျားရဲ့ ရောဂါ အခြေအနေက နည်းနည်းရှုပ်ထွေးလို့ပါ ကျွန်တော်ရှင်းပြတာကို စိတ်ရှည်ရှည်နဲ့ သေချာလေး နားထောင်ပေးဖို့လည်း မေတ္တာရပ်ခံလိုပါတယ်"

"ကျွန်တော် စိတ်ရှည်ရှည် နားထောင်ပါ့မယ်"

ရှောင်းကျန့် စီက အဖြေရတာနဲ့ ဆရာဝန်ကြီးက သူ့ laptop နဲ့ ဆေးရုံအခန်းထဲမှာရှိတဲ့ TV နဲ့ ချိတ်လိုက်ပြီး ပုံတစ်ပုံ ထိုးပြလာပါတယ်

This picture is only used for medical education purpose.

" ကျွန်တော် ဒီပုံက ပြရတဲ့ အကြောင်းရင်းက ခင်ဗျား မှာ ကျန်းမာရေး ဗဟုသုတ အနည်းအကျဉ်း မရှိနေရင် ရှင်းပြလို့ မရနိုင်လို့ပါ"

"ကျွန်တော့်မှာ ဆေးပညာ ဗဟုသုတ အနည်းအကျဉ်းရှိပါတယ် အပေါ်က အမျိုးသား မျိုးပွါးအင်္ဂါ ပါ အောက်ကတော့ အမျိုးသမီးမျိုးပွါးအင်္ဂါပါ"

"ဟုတ်ပြီ အဲဒီမှာ သတိပြုရမှာ အမျိုးသမီးမှာပါတဲ့ သားအိမ်ရဲ့ အရွယ်အစားက လက်သီးဆုပ်ထက် နည်းနည်းလေးကြီးပြီး သားအိမ်ခေါင်းရဲ့ အောက်မှာ မွေးလမ်းကြောင်းလို့ခေါ်တဲ့ Vagina ပါတယ်ဆိုတယ် လူနာရှင်းရှင်းလင်းလင်း မြင်ရဲ့လား"

"ကျွန်တော် မြင်ပါတယ် သိလည်း သိပါတယ်"

"နောက်တစ်ခုက ကျွန်တော်တို့ အူလမ်းကြောင်းရဲ့နောက်ဆုံးအပိုင်းတွေ ဖြစ်တဲ့ Anus ရယ် Rectum ရယ် အဲဒီလမ်းကြောင်းတွေက သီးသန့်ဖြစ်တည်နေတာ ဖြစ်တဲ့အတွက် မိန်းကလေးနဲ့ပဲ ဖြစ်ဖြစ် Anal Sex လုပ်ခဲ့ရင်တောင် ကိုယ်ဝန်မရနိုင်တာ သိမယ်လို့ ကျွန်တော် ထင်ပါတယ်"

"သိပါတယ် အူလမ်းကြောင်းရဲ့နောက်ဆုံးအပိုင်းတွေ နဲ့ မျိုးပွါးအင်္ဂါတွေက နည်းနည်းလေးမှ ဆက်စပ်မှု မရှိတာလည်း ကျွန်တော်သိပါ တယ် တစ်စိတ်လောက်ပါ ဒေါက်တာ ကျွန်တော် အဲဒါတွေ စိတ်မဝင်စားတာမို့ ကျွန်တော်ဘာရောဂါဖြစ်တာလဲဆိုတာ တိုက်ရိုက်ပြောလို့မရဘူးလား"

"ကျွန်တော် အစကတည်းပြောခဲ့ပါတယ် လူနာ အနေနဲ့ နည်းနည်းလေးစိတ်ရှည်ပေးဖို့"

"ဒါပေမယ့် ဒါတွေနဲ့ ကျွန်တော်ဖြစ်နေတဲ့ အရမ်းအန်တာတွေဗိုက်နာတာတွေနဲ့ မဆိုင်ဘူးလားလို့"

"တိုက်ရိုက်တော့ မဆိုင်ပေမယ့် လိုအပ်မယ်ထင်လို့ပါ ကောင်းပြီ အဲလောက် အသိပညာနည်းနည်းရှိရင် ပြောလို့အဆင်ပြေပါပြီ ခင်ဗျား ခံစားနေရတဲ့ ရောဂါကို Persistent Müllerian duct syndrome (PMDS) လို့​ခေါ်ပါတယ် အရမ်း..အရမ်း..အရမ်းကိုမှ ရှားပါးလွန်းပြီး အခု ချိန် ထိ ကျွန်တော်တို့ သိထားတာကတော့ ဒီ PMDS ရောဂါရှိတယ်လို့ သေချာ Confirmထားတဲ့လူနာ ကမ္ဘာပေါ်မှာ အယောက် ၃၀၀တောင် မရှိသေးပါဘူး သေချာအောင် ရှင်းပြရရင် လူနာ့မှာ အမျိုးသား မျိုးပွါးအင်္ဂါအပြင် အမျိုးသမီးမျိုးပွါးအင်္ဂါအချို့ ရှိနေတဲ့ရောဂါပါ"

"....."

အံ့အားသင့်လွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး

"ဒါကြောင့် ကျွန်တော့်ခန္ဓာကိုယ်က မူမမှန်တုန့်ပြန်နေတာပေါ့"

"ဟုတ်တယ် အဲဒါကို ခွဲစိတ်ဖယ်ရှားလိုက်ရင် အခုခံစားနေရတာတွေ ချက်ချင်းသက်သာပျောက်ကင်းသွားနိုင်ပါတယ် ဘဝကြီးကို အဆုံးသတ်စရာ မလိုပါဘူး"

ကြားလိုက်ရတဲ့စကားတွေကြောင့် ဝမ်းသာသွားပြီး မြန်မြန်ခွဲ မြန်မြန်ပျောက်ရင် မြန်မြန်ကိုးရီးယား လိုက်သွားတော့မယ်လို့တွေးလိုက်ပြီး

"အဲလိုဆို ကျွန်တော် ခွဲစိတ်ကုသမှု ခံယူမယ် ဖြစ်နိုင်ရင် ချက်ချင်းခွဲပေးပါ ကျွန်တော် ဒီဒဏ်တွေကို မခံစားနိုင်တော့ဘူး"

"အွန်း ...ကျွန်တော်ရှင်းပြတာကို နည်းနည်းလေး ထပ်ပြီး နားထောင်ပေးပါလား"

"လူနာ့အခြေအနေကို ခွဲစိတ်ကုသပေးဖို့ရာအတွက် မနေ့တုန်းက ကျွန်တော်တို့ ဘယ်အတိုင်းအတာထိ ခွဲစိတ်ရမယ်ဆိုတာ သေချာအောင် MRI Scan မှာ ကြည့်လိုက်တော့ ခင်ဗျားမှာ သားအိမ် သေးသေးလေး တကယ့်အမျိုးသမီးတွေလောက် မရှိတဲ့ သားအိမ်ရယ်၊ သားအိမ်လက်တံ တစ်ဖက်ရယ် ၊ သားဥ တစ်လုံးရယ် အပိုပါနေတာပါ နောက်တစ်ခုက သားအိမ်ခေါင်း မပါဘူး မွေးလမ်းကြောင်းလိုမျိုးဟာလည်း မပါဘူး"

" အဲဒါဆိုခွဲစိတ်ရ လွယ်လား ဒေါက်တာ"

"ခွဲစိတ်တာက ပြဿနာမရှိပါဘူး မခွဲခင် ကျွန်တော်ပြတဲ့ ပုံလေးတစ်ခုကြည့်ပေးပါဦး"

This picture is only used for medical education purpose.

"ဒီပုံက MRI Scanပေါ် အခြေခံပြီး ကျွန်တော် တည်ဆောက်ဆွဲပြထားတာ MRI Scan က ဓါတ်မှန်လို အမဲဆိုတော့ မကြည့်တတ်မှာစိုးလို့"

"ဟုတ်ကဲ့ပါ ဒေါက်တာ"

"မျှားအနီ လေးနဲ့ ထိုးပြထားတာ အပိုပါနေတဲ့ သားအိမ်လေးပေါ့ မျှားအစိမ်းလေးနဲ့ ထိုးပြထားတာက လူနာ့မှာ Fistula လို့ခေါ်တဲ့ ပုံမှန် မဟုတ်တဲ့ ဆက်ကြောင်းလေးတစ်ခု က အဲဒီသားအိမ်နဲ့ Rectum ကြားထဲမှာရှိနေတယ် ဒါကြောင့် လူနာက တစ်ခါတစ်လေ Bleeding နည်းနည်းရနေတာ လိပ်ခေါင်းမဟုတ်ဘူး ပြဿနာက သားအိမ်က နည်းနည်း ဟော်မုန်းအပြောင်းအလဲကြောင့် သွေးဆင်းလာတဲ့အခါမှာ သူက ပြင်ပကို ထွက်စရာမရှိဘဲ ဝမ်းဗိုက်ထဲက အူတွေပေါ်ကို ကျနေပုံရတယ် Fistula ကနေတစ်ဆင့် အပြင်ကို ရောက်တာကလည်း နည်းနည်းပေါ့ ဒါကြောင့် အထဲမှာ ဆင်းထားတဲ့ သွေးကြောင့် အထဲမှာ သွေးခဲလိုအကျိတ်သေးသေးလေးတွေလိုမျိုးလဲ ရှိနေတယ်"

"ဒါပေမယ့်လည်း ခွဲစိတ်လို့လည်း ရတယ်မလား အင်းရတယ် နည်းနည်း ခက်ခက်ခဲခဲနဲ့ ခွဲရလိမ့်မယ် နောက်တစ်ခုက MRI Scanမှာ သေချာ မမြင်ရပေမယ့် 4D Ultrasound က ပြတဲ့အဖြေအရ လူနာ ခင်ဗျားမှာ ကိုယ်ဝန်ရှိနေတယ် သန္ဓေသားက ခြောက်ပတ်လောက်ရှိပြီ"

"မဖြစ်နိုင်ဘူး ကျွန်တော် ယောက်ျားလေးလေ"

"ဟုတ်ပါတယ် စိတ်အေးအေးထားပြီး ကျွန်တော်ရှင်းပြတာ ဆက်နားထောင်ပေးပါဦး ကျွန်တော်ပုံဖော် ထားတဲ့ပုံလေးကို ကြည့်ပေးပါဦး ဖြစ်နိုင် မဖြစ်နိုင် လူနာကိုယ်တိုင် စဉ်းစားကြည့်ပေါ့ ခင်ဗျားဆီမှာ သားအိမ်နဲ့ Rectum နဲ့ ပုံမှန် မဟုတ်တဲ့ ဆက်ကြောင်းလေးတစ်ခုကလည်း ရှိနေတယ် သားအိမ်၊ သားအိမ်လက်တံနဲ့ သားဥအပိုပါတဲ့ PMDS ရောဂါကလည်း ရှိနေပြန်တော့ အမျိုးသားတစ်ဦးဦးနဲ့ Anal Sex လုပ်ခဲ့မယ်ဆိုရင် အဲဒီ Fistula ဆိုတဲ့ ဆက်လမ်းကြောင်းလေးကနေ တစ်ဆင့် သုတ်ရည်ထဲမှာပါတဲ့ Sperm ကလွယ်လင့်တကူပဲ သားအိမ်ထဲ ရောက်သွားနိုင်ပြီး သားဥကြွေခဲ့တာရှိရင် သန္ဓေတည်နိုင်ပါတယ် Fistula သာမရှိခဲ့ရင်တော့ Anal Sexလုပ်လည်း သားအိမ်ပါနေလည်း သန္ဓေမတည်နိုင်ပါဘူး အခု ခင်ဗျားက ပုံမှန်မဟုတ်တဲ့ ရောဂါ အခြေအနေ နှစ်ခုကြောင့် ကိုယ်ဝန်ရှိသွားတယ်လို့ ကျွန်တော်တို့ကတော့ ယူဆတယ်"

လူတကာကို ကျီစားခဲ့သမျှ ရှောင်းကျန့်ကို လောကကြီးက ပြန်ကျီစားလိုက်တာလား
ဘာသံမှ မကြားရတဲ့နောက်တော့ ဆရာဝန်ကြီးက

" ပြဿနာက အဲဒီမှာ စတာပဲ ခင်ဗျားက အမျိုးသမီးမဟုတ်တဲ့အတွက် ကိုယ်ဝန်ဆောင်စဉ် လိုအပ်တဲ့ အမျိုးသမီးဟော်မုန်းတွေ လုံလုံလောက်လောက် မထုတ်ပေးနိုင်ဘူး ဒါကြောင့် ကိုယ်ဝန်က ပျက်ကျတော့မယ့် Threatened Abortion လက္ခဏာတွေ အများကြီးတွေ့နေရတယ် မကြာခဏBleeding ရတယ် ဗိုက်အရမ်းနာတယ် ဒါအခု ခင်ဗျားမှာ ခံစားနေရတာတွေပဲ နောက်တစ်ခုက ကိုယ်ဝန်ရှိရင် သားအိမ်မှာ သန္ဓေသားအတွက် အချင်း (Placenta) ဆိုတာရှိလာပြီး အဲဒီအချင်းကထုတ်တဲ့ hCG ဟော်မုန်းကို ခင်ဗျားက လုံးဝ ခံနိုင်ရည်မရှိဘူး ပုံမှန်အမျိုးသမီးတွေတောင် ဒီဟော်မုန်းကြောင့် ကိုယ်ဝန်ရှိရင် အန်ချင်တာမျိုးတွေဖြစ််တယ် တစ်ချို့အမျိုးသမီးတွေတောင် ခင်ဗျားလို hCGဟော်မုန်း ဓါတ်မခံနိုင်လို့ အရမ်းအန်တာမျိုး ဖြစ်တယ် အဲဒါကို Hyperemesis Gravidarum (HG) လို့ခေါ်တယ် အမျိုးသမီး ၁၀၀မှာ ၁ယောက်လောက် ဒါမျိုးဖြစ်တတ်တယ် ခင်ဗျားက ယောက်ျားလေးဆိုတော့ ပိုပြင်းထန်နေတာလို့ ကျွန်တော်မြင်တယ်"

"ကျွန်တော်.....ကျွန်တော်....."

ပြောစရာ စကား ဆက်စရာ ရှောင်းကျန့်မှာ မရှိဘူးဖြစ်နေတာကို ဆရာဝန်ကြီးက သိတဲ့အတွက်

"အဲဒီလို အရမ်းအန်နေတဲ့ Hyperemesis Gravidarum ကလည်း ကိုယ်ဝန်ပျက်ကျဖို့ တွန်းအားပေးနေတယ် ခင်ဗျားအန်လိုက်ရတဲ့ အားတွေက ဗိုက်ကို ရိုက်သလိုပဲ ပြင်းပြင်းထန်ထန် အန်လေလေ ဗိုက်ကိုထိခိုက်လေလေ အထဲက သန္ဓေသား ပျက်ကျဖို့ ရာနှုန်းများလေလေ ဖြစ်နေတယ် ပိုဆိုးတာက ခင်ဗျား သားအိမ်က သားအိမ်ခေါင်းမပါတဲ့အတွက် သန္ဓေသားကို ရေရှည် မထိန်းပေးနိုင်ဘူး မကြာခင် ပျက်ကျတော့မှာ"

ကြားရတဲ့စကားတွေက ရှောင်းကျန့် ရင်ကိုခွဲနေသလိုပါပဲ မျက်ရည်တွေကလည်း သူ့အလိုလိုကျနေမိတယ် ဘာလို့လဲ မတော်တဆအနေနဲ့ ကျီစားပြီး ရှောင်းကျန့်ဗိုက်ထဲပို့လိုက်တယ်ဆို ကောင်းကောင်းမွန်မွန်လေး ရှင်သန်အောင်ပို့လေ သနားလိုက်တာ မမြင်ရသေးတဲ့ ပိစိလေးကို သနားလိုက်တာ တခြားသူရဲ့ဗိုက်ထဲမှာဆို သူ့အတွက် ခက်ခဲမှာ မဟုတ်ဘူး

မျက်ရည်တွေကျနေတဲ့ ရှောင်းကျန့်ကြောင့် ဆရာဝန်ကြီးလည်း ပြောနေတာ ခဏလောက်နားပေးပြီး ရှောင်းကျန့်ကို ကြင်ကြင်နာနာနဲ့ ထွေးပွေ့ပေးပါတယ်

" ဒါပေမယ့် ထူးဆန်းတာ တစ်ခုက ခင်ဗျားကလည်း မသိလို့ ဂရုမစိုက်ဘူး အခြေအနေတွေ အားလုံးက ပျက်ကျဖို့ အခြေအနေ အလားအလာတွေ အများကြီးရှိနေခဲ့တာတောင် ဒီကိုယ်ဝန် ခြောက်ပတ်ထိရောက်လာတာ အံ့အားသင့်စရာကောင်းတယ် သူ့နှလုံးခုန်နေတဲ့ အသံကလည်း တိုးတိုးဖျော့ဖျော့လေး မဟုတ်ဘူး ကောင်းကောင်းကို ကြားနေရတယ်"

"သူက ပိစိလေးက နှလုံးခုန်နေတယ် ဟုတ်လား ဒေါက်တာ"

"အင်း ခင်ဗျားဆန္ဒရှိရင် ကျွန်တော်ဖွင့်ပြပါ့မယ်"


ပြောလည်းပြောရင်း ဆရာဝန်ကြီးက သူ့ laptop ထဲက သိမ်းထားတဲ့ Ultrasound ရိုက်ထားတဲ့ အထဲကနေ video fileလေးတစ်ခုကို ဖွင့်ပြပါတယ်

"ကြားလား အဲဒါ သူ့နှလုံးခုန်သံလေး တခြားကလေးတွေလိုပဲ အခုချိန်ထိ သူကောင်းကောင်းကြီး အသက်ရှင်နေသေးတယ်"

Laptopကိုကြည့်ရင်း ငိုပြိးသာ ငိုနေတဲ့ ရှောင်းကျန့်ကို ဆရာဝန်ကြီးက

"ကျွန်တော်တို့မှာ ရွေးချယ်စရာ နှစ်ခုရှိတယ် ပထမတစ်ခုက ချက်ချင်းခွဲစိတ်ကုသမှု ခံယူတာ ဒါဆိုရင် လူနာ ခံစားနေရတဲ့ လက္ခဏာတွေ ချက်ချင်းသက်သာပျောက်ကင်းသွားမှာ သေချာတယ် အနည်းဆုံး ခွဲစိတ်ချိန်က ၂နာရီနဲ့၃နာရီကြားမှာ ရှိမယ် အသက်အန္တရာယ် စိုးရိမ်စရာ ဘာမှ မရှိဘူး အောင်မြင်မှု ရာခိုင်နှုန်း က ၁၀၀ ရှိတယ် ဒါပေမယ့် ဒီသေးသေးလေးကို စွန့်လွှတ်လိုက်ရမယ်"

"ဒုတိယ နည်းလမ်းကရော ဒေါက်တာ"

"ခင်ဗျား ဆေးတွေထိုးရမယ် ကိုယ်ဝန်အတွက် လုံလောက်တဲ့ ဟော်မုန်းရဖို့ ဆေးထိုးတဲ့နည်းလမ်းကလွဲရင် ခင်ဗျားမှာ တစ်ခြားမရှိဘူး
နေ့တိုင်းနေ့တိုင်း ထိုးရမယ် နောက် ဒီဆေးတွေက ဟော်မုန်းဆေးတွေ ဖြစ်တဲ့အဖြစ် သူက Abnormal Fat Deposition ဖြစ်စေမှာမို့ သေချာတာ တစ်ခုက ခင်ဗျား Sixpack တွေ ပြန်မရနိုင်လောက်တော့ဘူး အရမ်းအန်နေတာဖြစ်တဲ့အတွက် ကလေးရော လူကြီးရောအတွက် လိုအပ်တဲ့ အာဟာရ ဓါတ်ရအောင် နေ့တိုင်းနီးပါး ဆေးတွေသွင်းရမယ် Dripချိတ်ရမယ် ရေချိုးခန်းအိမ်သာသွားချိန်ကလွဲရင် အိပ်ရာထဲကနေ လုံးဝ ထလို့မရဘူး Complete Bed Rest အနေအထားနဲ့ နေရမယ် အခြေအနေပိုဆိုးလာရင် လုံးဝ မထဘဲတောင် လူကြီး Diaper နဲ့လည်း နေရင်နေရလိမ့်မယ် အနည်းဆုံးတော့ ကိုယ်ဝန်၂၆ပတ်အထိ ရအောင်ဆွဲဆန့်ရမယ် ဒါဆို အထဲက ကလေးရှင်နိုင်မယ်"

" ကျွန်တော် ဒုတိယနည်းလမ်းကို ရွေးမယ်ဒေါက်တာ"

"နေပါဦး ကျွန်တော့်စကားမပြီးသေးဘူး ဒါကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး လုပ်ပေးပေမယ့် ကိုယ်ဝန်မပျက်ကြဖို့ အာမမခံနိုင်ဘူး ခင်ဗျားရဲ့ သားအိမ်က အရမ်းအားနည်းနေတဲ့အပြင် နဂိုတည်းက ပျက်ကျမယ့်အရိပ်အယောင်တွေ အများကြီးနဲ့မို့ ဘယ်လိုလုပ်လုပ် ပျက်ကျသွားနိုင်တယ် ပျက်ကျရင် ပြဿနာက ခင်ဗျားက ယောက်ျားလေး ဖြစ်နေတဲ့အတွက် မွေးလမ်းကြောင်း မရှိဘူး ပျက်ကျချိန်မှ ခွဲထုတ်ဖို့အတွက် ခွဲစိတ်ရမယ်ဆိုရင် ကလေးအဖတ်မတင်သလို လူကြီးလည်း အသက်အန္တရာယ်ရှိတယ် ကျွန်တော်ပြောတဲ့ ၂၆ပတ်ထိ ဆွဲထိန်းဦးတော့ သာမန်အမျိုးသမီးတစ်ယောက်ဆိုရင် စောမွေးသလိုမျိုးဖြစ်ပြီး ကလေးကထွက်လာမှာ ခင်ဗျားက ကလေးထွက်လာစရာ လမ်းကြောင်းမရှိဘူး ကလေးကလည်း သားအိမ်အပြင်ရောက်တာနဲ့ ဗိုက်ထဲမှာ အသက်ရှင်စရာ လမ်းမရှိဘူး ဒါကြောင့် ကလေးအတွက် ရာခိုင်နှုန်းက ၁၀ရာခိုင်နှုန်းအောက်မှာပဲရှိတယ် ခင်ဗျားအတွက်လည်း အဲဒီချိန်မှာ ခွဲစိတ်ရတာအတွက် ခွဲစိတ်ချိန်က ၄နာရီအထက်မှာရှိနိုင်ပြီး အသက်ရှင်ဖို့ ရာခိုင်နှုန်းက ၅၀ ပဲရှိတယ် ဒါကြောင့် ဒုတိယနည်းလမ်းကိုရွေးရင် အခုလက်ရှိခင်ဗျား ခံစားနေရတဲ့ ရောဂါလက္ခဏာအားလုံး ထပ်တိုးခံစားလာနိုင်တဲ့အပြင် ကလေးအသက်ရှင်ဖို့ ရာခိုင်နှုန်းကလည်း မသေချာဘူးဆိုတော့ သေချာစဉ်းစားပါ ဒီရောဂါလက္ခဏာတွေ ကြောင့် ခင်ဗျားက သေဖို့တောင် စဉ်းစားထားသေးတာ ဘယ်လောက်ပြင်းထန်လဲဆိုတာ ကျွန်တော့်ထက် ခင်ဗျားပိုသိမှာပါ"

" ဟုတ်တယ် ဝေဒနာဒဏ်ကို လုံးဝ မခံစားနိုင်ဘူး ဒါပေမယ့် ဘယ်လိုမှ မဖြစ်နိုင်တဲ့ပုံစံနဲ့ ဗိုက်ထဲရောက်နေတဲ့ ပိစိလေးကို လွယ်လွယ်နဲ့ စွန့်လွှတ်လိုက်ရမှာကို ပိုလို့တောင် မခံစားနိုင်ဘူး ကျွန်တော်ခံစားမိနေတယ် သူက ကျားကုတ်ကျားခဲနဲ့ အသက်ရှင်ရပ်တည်နေတယ် သူ့ကို လွယ်လွယ်နဲ့တော့ ကျွန်တော် မစွန့်လွှတ်နိုင်ဘူး သေဖို့တောင် စဉ်းစားထားသေးတာပဲ သေမယ်ဆိုရင်တောင် အတူတူပဲ သေလိုက်တော့မယ် ဒေါက်တာ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် သူ့ကို ရအောင်ဆွဲထားပေးပါ သူကြိုးစားရှင်သန်မယ်လို့ ကျွန်တော်ခံစားနေရတယ် ဒါကြောင့် အသက်ရှင် ရာခိုင်နှုန်းက ၁ရာခိုင်နှုန်းပဲ ဖြစ်နေပါစေဦးတော့ ကျွန်တော် ဒုတိယနည်းလမ်းကို ရွေးပါ့မယ် ဒေါက်တာ"

လောကကြီးထဲက ထွက်သွားဖို့ စိတ်ကူးက ရှောင်းကျန့်မှာ နည်းနည်းလေးမှတောင် မရှိတော့ပါဘူး အန်ချင်စိတ်ဖြစ်တာတော့ အရင်လိုပါပဲ
သွင်းလိုက်ရတဲ့ဆေးတွေ လက်မှာဆေးအမြဲထိုးလို့ရမယ့် ဟာတောင် တပ်ထားရတယ် ဗိုက်ကနေလည်း ဆေးထိုးရတယ် တင်ပါးထဲကနေလည်း အသားဆေး ထိုးရတာလည်း နေ့တိုင်းပဲ အအန်ပျောက်ဆေးထိုးပြီးခါစဆို တစ်နာရီအတွင်းဆိုရင် နည်းနည်းလေး စားလို့ဝင်တာ လွဲရင် မစားနိုင်မသောက်နိုင်ဘဝက မလွတ်သေးပါဘူး

အိပ်ရာထဲကနေ နည်းနည်းလေးတောင် မလုပ်ရဲပါဘူး Toiletတောင် မသွားဘူး လူကြီးDiaperနဲ့ ဘယ်လောက်နေရခက်ခက် နေခဲ့တယ် Special Male Nurse နှစ်ယောက်ကို နေ့ဆိုင်းညဆိုင်းနဲ့ ဌားထားရတယ် မလုပ်ရှားတာကြာလို့ ခြေထောက်သွေးကြောထုံးတဲ့ ရောဂါထပ် ဖြစ်လို့ အဲဒါအတွက်လည် ဆေးတွေ ထပ်တိုးကုသမှု ခံယူရပါတယ်

ရက်တွေကို အရှည်ကြီး မရေတွက်ဘူး ရှောင်းကျန့်က ဘယ်လိုရင်ဆိုင်နေရလဲဆိုရင် ဒါ ငါအသက်ရှင်တာရဲ့ နောက်ဆုံးနေ့ပဲလို့ ကိုယ့်ကိုကိုယ် တွက်ထားတယ် ဒီနေ့ပြီးရင် လောကကြီးထဲ ရှိချင်မှ ရှိနိုင်တော့မှာ မို့ ဒီနေ့တစ်ရက်တော့ ငါရအောင် တောင့်ခံမယ်ဆိုပြီးပဲ နေထိုင်လိုက်တယ် အိပ်ပျော်ပြီး ပြန်နိုးလာရင် ဪ ငါမသေသေးဘူး ပိစိလေးလည်း မသေသေးဘူး တို့သားအဖ နောက်တစ်ရက်တောင့်ခံ ရအောင် ဆိုပြီး တစ်ရက်ချင်းစီ ကျော်ဖြတ်ကြတာပါ

၄ပတ်နေတိုင်း တစ်ခါ Ultrasound လာရိုက်ပေးရင် ပုံလေးလည်းမြင်ရ သူ့နှလုံးခုန်သံလေးလည်း နားထောင်ရတာပေါ့ ပင်ပန်းတယ် သေလောက်အောင် ခံစားရတယ် ဒါပေမယ့် အထဲက ပိစိလေးက ပိုခံစားနေရမှာ သူတောင် ရုန်းကန်နေသေးတာမို့ တစ်ရက်ချင်းစီ တောင့်ခံလာခဲ့ရတာပါပဲ

ဆေးလောကအတွက်လည်း ထူးခြားဖြစ်စဉ်မို့ ဆရာဝန်ကြီးကလည်း အမြဲတမ်းမှတ်တမ်းတင်ပုံ လာလာရိုက်ပေးတယ် ရိုက်ပြီးပုံလေးတွေကို Fileတွဲပေးထားတယ် တစ်ခုက တခြားသူတွေကို ဆေးမှတ်တမ်းအနေနဲ့ စာတမ်းဖတ်ပွဲတွေမှာ ဖတ်ဖို့ အဲဒီထဲမှာ ရှောင်းကျန့်ပုံကို ဝါးထားပေးတာမို့ ဘယ်သူဘယ်ဝါမှန်းမသိပါဘူး Patient A လို့ပဲ တပ်ထားတယ် ရှောင်းကျန့်အတွက် Fileကတော့ မဝါးထားပါဘူး သိပ်တော့ များများစားစား မရှိပါဘူး အိပ်ရာထဲ လဲနေတဲ့ပုံတွေပါပဲ ဗိုက်လည်းကတော့ မသိမသာပူလာပါတယ် အမျိုးသမီး ကိုယ်ဝန်ဆောင်တွေလို ဗိုက်အများကြီး မထွက်လို့ ပိစိလေးကို အားနာတယ် အထဲမှာ အရမ်းနေရခက်နေရှာမှာ တောင်းပန်ပါတယ် လုံလောက်တဲ့ အကာအကွယ် မပေးနိုင်ခဲ့လို့

ဗိုက်က အရမ်းမထွက်ပေမယ့် အားကစားသမားမို့ထင်ပါတယ် နည်းနည်းလေး ဗိုက်ထွက်လာတာနဲ့ ဗိုက်က တအားယားတာ Male Nurseကတော့ ပြောပါတယ် ဗိုက်ကြောပြတ်ချင်လို့တဲ့ သံလွင်ဆီ လိမ်းပေးမယ်တဲ့ ဗိုက်ကို မကိုင်စေချင်တာကြောင့် မလိမ်းပါဘူး သူတို့အားကြီးနဲ့ ဗိုက်ကိုကိုင်လို့ အထဲက ယဲ့ယဲ့လေးသာရှိတဲ့ ပိစိလေး ဖိမိသွားမှာစိုးလို့ လုံးဝအလိမ်းမခံခဲ့ပါဘူး နည်းနည်းမှ မှားလို့မရတဲ့ အနေအထားမှာ ရှောင်းကျန့်က ဘာကိုမှ အလွဲမခံတာပါ ကိုယ်ဝန်၁၆ပတ် ကျော်သွားတဲ့အချိန် အန်တာတော်တော်လေး သက်သာလာပါတယ်

မအန်တော့ပေမယ့် အစားမစားတာကြာလာတဲ့ဒဏ်ကြောင့် သိပ်လည်း မစားနိုင်ခဲ့ပါဘူး ဒါကြောင့် ထိုးဆေးအစား နှာခေါင်းပိုက်နဲ့ အာဟာရတွေကို အစာအိမ်ထဲရောက်အောင် ထည့်ယူရတယ် အဲဒါက ခံရနည်းနည်းခက်ပေမယ့် ဗိုက်ဆာတဲ့ ပြဿနာမရှိတော့ဘူး ရေလည်းသောက်လာနိုင်တယ် အိပ်ရာထဲကတော့ လုံးဝမထွက်ရသေးပါဘူး ညောင်းတာတွေလည်း အရမ်းကို အသားကျနေပါပြီ

တစ်ရက်ပြီး တစ်ရက် အားတင်းကျော်ဖြတ်ရင်းနဲ့ တစ်ပတ်ပြီးတစ်ပတ်ကြာလာတဲ့အချိန် ၂၀၁၉ခုနစ် မေလ၈ ရက်နေ့ မနက် အစောကြီး ၃နာရီလောက်မှာ ရှောင်းကျန့် ဗိုက်နည်းနည်းနာသလို ဖြစ်လာတာပါ သတိထားမိပြီး မကြာပါဘူး Bleedingနည်းနည်းလေးရတာကို ခံစားမိတာကြောင့် Male Nurseကို နှိုးပြီး အကျိုးအကြောင်းပြောလိုက်တော့ ချက်ချင်းတာဝန်ခံဆရာဝန်တွေရောက်လာပြီး ဆေးတစ်လုံးထိုးပေးပါတယ် နာရီဝက်လောက်နေတော့ ဆရာဝန်ကြီး ရောက်လာပြီးအရေးပေါ်ခွဲစိတ်တော့မယ် ပြောပြီး ခွဲစိတ်ခန်းထဲကို ရောက်သွားပါတယ်

ကိုယ်ဝန်က၂၃ပတ်ပဲရှိနေသေးတဲ့အတွက် စိတ်ကို ပြင်ဆင်ထားဖို့ အကောင်းဆုံးကြိုးစားပေးမှာမို့ အားတင်းထားပေးဖို့ ပြောပါတယ် ကလေးရှိနေတာဖြစ်တဲ့အတွက် ကလေးမထုတ်ပြီးသေးမချင်း မေ့ဆေးသုံးလို့မရတာမို့ ထုံဆေးနဲ့အရင်ခွဲမယ် ကလေးအပြင်ရောက်မှ မေ့ဆေးပေးပြီး တစ်ခြားလိုအပ်တဲ့ ခွဲစိတ်မှုတွေဆက်လုပ်မယ်လို့ လည်းအသိပေးလာခဲ့ပါတယ်

ဆေးတွေကြောင့်ပဲလား ဦးနှောက်က ထုံထိုင်းသွားလို့လား အဲဒီအချိန်တုန်းက ဘာဆိုဘာမှ မတွေးမိပါဘူး အကြားအာရုံတစ်ခုပဲရှိနေသလိုကြီး ဖြစ်နေတာမို့ မျက်စိကို စုံမှိတ်လို့ သာနေလိုက်ပါတယ် ဗိုက်ထဲကနေတစ်ခုခုကို ဇွက်ခနဲဆွဲထုတ်သွားတဲ့ ခံစားချက်ကို ရပြီးတဲ့နောက် နားစွင့်ထားမိတယ် ကလေးငိုသံမကြားရဘူးပဲ ဘယ်လိုပဲ နားစိုက်ထောင်ထောင် ကလေးငိုသံမကြားရတာမို့ မျက်ရည်တွေက တားမရဆီးမရ ကျနေတာကို ခွင့်ပြုထားလိုက်မိတယ် သိပ်မကြာခင်မှာပဲ ဘာသံမှလည်း မကြားရတော့သလို ဘာမှလည်းမသိတော့ပါဘူး

သတိရတဲ့အချိန် လူနာအခန်းထဲပြန်ရောက်နေပါပြီ မဝံမရဲနဲ့ လူနာကုတင်ဘေးမှာ ကလေးပုခက်သေးသေးလေးများ ရှိနေမလား လို့ မသိမသာ မျက်လုံးဖွင့်လို့ ချောင်းကြည့်လိုက်တာပါ ဘာမှမရှိပါဘူး ခြေရင်းဘက်ရော ဘေးဘယ်ညာရော ဘယ်ဘက်မှာမှမရှိတာမို့ မျက်ရည်တွေက ကျလို့လာပြန်ပါတယ် ခွဲခန်းကတည်းက သိနေတယ်ဆိုပေမယ့်လည်း တကယ်တမ်းကျတော့ မျှော်နေမိသေးတာ ကျိတ်ငိုနေတာဆိုပေမယ့် ဝမ်းနည်းလွန်းတဲ့အတွက် ရှိုက်သံထွက်လာတဲ့အခိုက်မှာ စောင့်နေတဲ့ Male Nurseလေးက သိသွားတာမို့ ဆရာဝန်ကြီးကို သွားခေါ်ပေးပါတယ်

"လူနာ ရှောင်းကျန့် လူနာရှောင်းကျန့်"

ကြားပေမယ့် မဖြေနိုင်သေးဘူး ပြောလာမှာတွေလည်း မကြားချင်သေးလို့ ဘာမှ မထူးဘဲနဲ့ မျက်လုံးသာ မှိတ်လို့နေလိုက်ပါတယ် ဆရာဝန်ကြီး သိလို့ ထင်ပါတယ်

"ဘေဘီရှောင်းကျန့်  ဖန်ပေါင်းချောင်ထဲမှာ ကျွန်တော်တို့ ကြိုးစားနိုင်ခဲ့ပြီ အခုဘေဘီလေးကလည်း ကြိုးစားနေတယ် သွားကြည့်ကြမလား"

ဆရာဝန်ကြီးစကားကြောင့် ဝမ်းသာသွားပေမယ့်လည်း မျက်ရည်တွေက တာကျိုးသလို စီးကျနေတုန်းပါပဲ ဆရာဝန်ကြီးက ကြင်ကြင်နာနာ ထွေးပွေ့ပြီး

"၂၃ပတ်နဲ့ အသက်ရှင်တာ သိပ်ရှားတယ် ဒါပေမယ့် ဘေဘီရှောင်းကျန့်လေးက ဗိုက်ထဲတုန်းကလိုပဲ ရှင်သန်ဖို့ ကြိုးစားနေတုန်းပဲ သွားကြည့်ကြရအောင်"

ပြောလည်းပြော ရှောင်းကျန့်ကို Wheel Chair နဲ့ မွေးကင်းစ အထူးကြပ်မတ်ကုသဆောင်ဘက်ကို ခေါ်သွားပေးပါတယ်

ဟိုမှာ သီးသန့် အခန်းထဲမှာ တစ်ယောက်တည်း ရှင်သန်ဖို့ ကြိုးစားနေတာ ဘေဘီရှောင်းကျန့်လေးပေါ့ သိပ်ကိုသန်မာတာပဲ ၁၃အောင်စပဲရှိတယ် ၇လက်မတောင် မပြည့်ချင်ဘူး အရွယ်အစားက ဒါပေမယ့် ကြိုးစားနေတယ် တွေ့လား"

"ဆေးရုံဘက်ကလည်း အတတ်ဆုံး ကြိုးစားပေးမှာမို့ ကိုယ့်ကိုကိုယ်ဂရုစိုက် မြန်မြန်ကျန်းမာရမယ်နော်"

"သူက သိပ်သန်မာတာပဲနော် ဒေါက်တာ မယုံနိုင်ဘူး တကယ့်ကို မယုံနိုင်ဘူး ကျွန်တော့်ကို သနားလို့ တခြားကလေးကို ပြပေးတာလားဟင်"

"အာ မဟုတ်ပါဘူး ကလေးလေးကို ဖန်ပေါင်းချောင်ထဲထုတ်လို့ရတဲ့အခါ DNA စစ်ကြည့်ပေါ့ မညာပါဘူး ဘာလို့ညာရမှာလဲ တကယ်လို့ မရှိတော့ခဲ့ရင် မရှိတော့ဘူးလို့ ပြောမှပေါ့ စိတ်ချလိုက်ပါ အဲဒါ သန်မာတဲ့ ဘေဘီရှောင်းကျန့်လေးပါပဲ"

" Never ..... သူ့နာမည်ကို Never လို့တစ်ခါတည်းရေးပေးပါ ဒေါက်တာ
ဘယ်တော့မှ လက်မလျော့တတ်တဲ့ ပိစိလေးမို့ / ဘယ်တော့မှ စဉ်းစားလို့မရနိုင်မယ့်ပုံစံမျိုးနဲ့ ခက်ခက်ခဲခဲ ရောက်လာခဲ့တဲ့ ပိစိလေးမို့ /
ကျွန်တော့်ကို ဘယ်တော့မှ ခွဲခွါသွားမှာ မဟုတ်တဲ့ ပိစိလေးမို့ Never လို့ တစ်ခါတည်း ထားလိုက်ချင်လို့ပါ"

"အင်း တစ်ခါတည်း သူ့လက်ပတ်လေးမှာ ရေးပေးမယ် Never လို့"


*
*
*
*
*
ရှောင်းကျန့် စကားအဆုံး ရိပေါ် အသည်းအသန်ကို ငိုမိပါတယ် ဒီလောက်ထိ ဒုက္ခခံပြီး လောကကြီးထဲကို ရောက်အောင် ခေါ်လာပေးတဲ့သူကို ရိပေါ်က ဘာတွေပြောခဲ့မိတာလဲ

အဖြစ်မှန်တွေကို သိနေတဲ့ သူကို Neverလေးရဲ့ Daddy မလုပ်နိုင်ဘူးလို့တောင် ပစ်ပစ်ခါခါ ပြောရက်ခဲ့သေးတာ ကိုယ့်ကိုကိုယ် စိတ်တိုလွန်းလို့ ကျန့်ကောရှေ့မှာ ဒူးထောက်မိတယ်

"ကော တောင်းပန်ပါတယ် ကျွန်တော် တကယ်မသိခဲ့လို့ပါ ကျွန်တော်......"

"ရိပေါ် ငါမင်းကို ဒါတွေ ဘယ်တော့မှ မပြောတော့ဘူး လုပ်ထားတာ ပြောပြရတဲ့အကြောင်းရင်းကလည်း မင်းလည်း အမှန်ကို သိသင့်တယ် ထင်လို့ သိသိမသိသိ မင်းNeverလေးကို လက်ခံထားပြီးသားပဲလေ မပြောပြဖြစ်ခဲ့ရင် ငါလည်း ဒီ ခက်ခဲပင်ပန်းခဲ့တဲ့ အတိတ်ကနေ ရုန်းမထွက်နိုင်လို့ပါ ငါ့ ဘဝ တစ်လျောက်လုံး လှည့်ပတ်ပြီး ကျီစားတာများတော့ ငါအမှန်ကိုပြောလည်း ယုံကြမယ်လို့ ငါမထင်ဘူး ဒါကြောင့် Neverလေးကို တရားဝင် မွေးစားတဲ့ စာရွက်စာတမ်းတွေ ဆရာဝန်ကြီးတွေ အကူအညီနဲ့ လုပ်ခဲ့တာ"
*
*
*
*
*
*
*
ဖွင့်ပြောစရာတွေလည်း မကျန်တော့တာမို့ နှစ်ဦးကြား လျှို့ဝှက်ချက် ဆိုတာလည်း မရှိတော့တာမို့ စိတ်က လေးလံတာမျိုးမရှိတော့ဘဲ အားလုံးကို လွတ်ချလိုက်ရလို့ ပေါ့ပါးသွားသလိုပါပဲ

ရိပေါ်က အဲဒီ Albumလေးကို ဆရာဝန်ကြီးနားကနေတောင်းလာပြီး မီးခံသေတ္တာထဲ ထည့်သိမ်းထားပြီး နေ့တိုင်းထုတ်ကြည့်တယ် ခွန်အားယူတာတဲ့ Neverလေးနဲ့ ရှောင်းကျန့်တောင် အခက်ခဲဆုံးအနေအထားက ရှင်သန်လာတာ သူက ဘာလို့ လက်ဝှေ့ချန်ပီယံ ပြန်မဖြစ်နိုင်ရမှာလဲ ဘာလို့ ဘွဲ့မရမှာလဲဆိုပြီး ကြွေးကြော်တတ်ပါတယ်

သတိရတိုင်း အားတိုင်းလည်း ဗိုက်လာလာလှန်ပြီးလည်း အာဘွားပေးပါတယ် အတူနေတိုင်းလည်း ချုပ်ရိုးနေရာလေးကို အရင်နမ်းပြီးမှ ချစ်ခရီးဆက်တာပါ ကိစ္စကြီးကြီးမားမားတွေအတွက် ပြဿနာတစ်ခါမှ မတက်ပေမယ့် အသေးအဖွဲလေးတွေအတွက် စကားများရတာမျိုးတွေတော့ရှိတာပေါ့ ဒါပေမယ့် အဆင်ပြေပြေရှိပါတယ်

ကြီးကျယ်ခမ်းနားတဲ့ လက်ထပ်ပွဲတွေ မရှိခဲ့ပေမယ့် သူတို့ရဲ့ ချစ်ခြင်းက ခိုင်မာခဲ့ပါတယ်
Backdate နဲ့ လက်ထပ်ထားတာဆိုပေမယ့်လည်း သူတို့ရဲ့ ချစ်ခြင်းက အခုထိ Date မအောက်သေးပါဘူး

Broken Family ဖြစ်သွားဖို့ဆိုတာကလည်း ............. Never (ဘယ်တော့မှ) ဖြစ်လာမှာ မဟုတ်ဘူး
ရိပေါ်က ရှောင်းကျန့်ကို မချစ်တော့ဘူးဆိုတာကလည်း ...............Never (ဘယ်တော့မှ) ဖြစ်လာမှာ မဟုတ်ဘူး
ရှောင်းကျန့်က ရိပေါ်ကို မုန်းသွားမယ်ဆိုတာကလည််း......................Never (ဘယ်တော့မှ) ဖြစ်လာမှာ မဟုတ်ဘူး




................................................................................................
AN.

ဖတ်ပြီးရင် မဆဲကြဖို့လည်း မေတ္တာရပ်ခံပါတယ်
Male Pregnant လို့ မထည့်ထားရတဲ့အကြောင်းရင်းကလည်း
ပုံမှန် Male Pregnant မဟုတ်ခဲ့လို့ပါ Extraordinary လို့တော့ထည့်ပေးခဲ့ပါတယ်
PMDS အကြောင်းလေးလည်း သိစေချင်ခဲ့လို့ပါ

ကျန်ခဲ့လို့

OC နေတဲ့သူတွေလည်း သူတို့နှစ်ယောက်ကို ရဖို့ဆိုတာ........အဟက်............Never (ဘယ်တော့မှ) ဖြစ်လာမှာ မဟုတ်ပါဘူးနော်

ချစ်ခြင်းများစွာဖြင့်
Blacksheep

Continue Reading

You'll Also Like

6.5K 210 35
"စီနီယာဘေးကင်းရဲ့လား။ကျွန်တော်စိတ်ပူနေတာ။ "ဘာမှမဖြစ်ဘူးကိုယ့်ဘာသာပဲဂရုစိုက်"
14.6K 251 15
"...It's been years since they split up so Michael has zero reason to be jealous but this girl was the love of his life. Hell, she still might be...
397 25 2
One shot "ကျွန်တော် မချစ်တတ်ဘူး၊ ရှောင်းကျန့်ဆိုတဲ့ ခင်ဗျားကိုမှ မဟုတ်ဘူး၊ တခြားဘယ်သူ့ကိုမှ.... အတိအကျပြောရရင် ကိုယ့်ကိုယ်ကိုတောင်မှ မချစ်ဘူး" "တော်...
1.4K 180 14
မာယာများပြီး ကောက်ကျစ်တဲ့နည်းလမ်းတွေနဲ့ နှလုံးသားကိုကစားကြည့်ကြမလား.... Start Date::::22.8.2o24 End Date :::::