တီချယ်ဒေါ်ဒေါ် Unicode+Zawgy...

By HpatHpat

367K 21K 2.4K

ဒေါ်ဒေါ့်ကိုလည်း ချစ်တယ်.... တီချယ့်ကိုလည်း ကြောက်တယ်.... More

Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31 Final
Part-32 Extra
Part 33 Extra
Part-34 Extra
တီချယ်ဒေါ်ဒေါ်ကို အိမ်ခေါ်ကြမယ်🙆

Part-13

9.8K 593 88
By HpatHpat

"သမီး အကောင်းဆုံးဖြစ်အောင် ဖြေခဲ့နော်...
ကျန်းမာရေးလည်း ဂရုစိုက်အုံး....
အားရှိတဲ့ အစားအစာ များများစားနော်..."

"ဟုတ်ကဲ့ပါ တီချယ်ရဲ့...
‌ဒါတွေကြီးပဲမှာနေတာ....တီချယ်မောနေအုံးမယ်...
သမီး ခေါင်းထဲမှာမှတ်ထားလိုက်ပါပြီဆိုနေ..."

"ဒီကလေး...သွားခါနီး လာခါနီး နာချင်လို့.. 
မရဘူး...မှာတာပဲနားထောင်...
စာမေးပွဲဖြေပြီးလို့ အိမ်ပြန်ရောက်တာနဲ့ တီချယ့်ကို ဖုန်းဆက်နော်..."

"ဟုတ်ကဲ့ပါရှင့်...ရပြီလေ...ကားလည်း ထွက်တော့မယ်...တီချယ် ပြန်တော့လေ..."

"သမီး သွားမှ တီချယ်ပြန်မယ်..."

"တီချယ်အရင်ပြန်...သမီး စိတ်မချလို့....."

"အမယ်...ကျွန်မက ရှင့်ကို ပိုတောင် စိတ် မချတာ..."

"ဟီးဟီး...တီချယ်..."

"ပြော..."

"ဟို ပြန်ခါနီးလေး fly kissလေး မပေးချင်ဘူးလားဟင်...."

"မပေးချင်ဘူး...."

"အိုး...သမီးက ဂုဏ်ထူး အများကြီး ထွက်အောင်
ဖြေခဲ့မလို့ အစက...
ခုတော့ energy လေး မရှိတော့
အောင်ရုံပဲဖြေတော့မယ်လေ..."

"ပေါက်ကရပြောချင်အုံး...အဲ့မှာ..."

"အား...အား...နာတယ်..တီချယ်ရဲ့..."

"နာအောင်ခေါက်တာလေ...
အိမ်ပြန်လက်ဆောင်ပေးတာ..
ယူအုံးမလား..."

"တော်ပါပြီ...တော်ပါပြီ..."

"စာမေးပွဲသေချာ ဖြေအုံးနော်..."

"ဟုတ်ကဲ့...တီချယ် သမီးကို ယုံတယ်မလား..."

"ယုံချင်ပါတယ်...‌"

"ဟာ...ဒါဆိုမယုံဘူးပေါ့..."

"ယုံတယ်...ယုံတယ်...ကားတောင်ထွက်တော့မယ်..
ကားပေါ်တတ်တော့..."

"ဟုတ်ကဲ့...သွားပြီနော်...တီချယ်...အာဘွား..."

"လုပ်ပြန်ပြီ...ဒီကလေးမ...
သူများမျက်နှာမှာ ဝဲတွေတော့ ပေါက်ကုန်တော့မှာပဲ..."

"ဝဲပေါက်တော့လည်း သမီး ဆေးလိမ်းပေးမှာပေါ့...
သွားပြီ တီချယ်ရေး....."

~~~~~~~~~~

"Hello တီချယ်လား..."

"ကလေးဖြေလို့ရရဲ့လား..."

"ဟုတ်ကဲ့ တီချယ်...ဖြေလို့ရတယ်..အေးဆေးပဲ...
မြန်မာစာတောင် ဂုဏ်ထူးထွက်မလားပဲ..."

"တကယ်လား..."

"တကယ်ပေါ့ တီချယ်ရဲ့...တီချယ်ပြုပြင်ထားပေးလို့
သမီးလက်ရေးလေးတွေ လှနေတာ...ဘယ်ဆရာမက
ဂုဏ်ထူး မပေးချင်ဘဲနေမလဲ..."

"အမလေး...အထင်လည်း သိပ်မကြီးနေနဲ့အုံး...
မနက်ဖြန်ဖြေရမဲ့..အဂ်လိပ်စာကိုသေချာလုပ်..."

"ဟုတ်ကဲ့ တီချယ်..."

"ကဲ..တစ်ရေး အိပ်လိုက်အုံးနော်...၃နာရီလောက်မှ ထ
တီချယ် ဖုန်းဆက်ပြီး နှိုးလိုက်မယ်..."

"ဟုတ်ကဲ့ အိပ်လိုက်ပါ့မယ်..."

"အော်...တီချယ် ဖွားလေးကို ကြက်ဥ မကျက်တကျက်လေး ပြုတ်ခိုင်းထားတယ်..
အဲ့တာလေး သောက်ပြီးမှ အိပ်နော်..."

"ဟီးဟီး...အဲ့တာကြောင့် တီချယ့်ကို အရမ်းချစ်တာ...အာဘွား...
တီချယ်လည်း ကျန်းမာရေးဂရုစိုက်နော်..."

"အိုကေ...သမီးလည်း ဂရုစိုက်
ဒါပဲ...အချိန်ကုန်နေမယ်..."

"ဟုတ်ကဲ့ တီချယ်..."

ဒီလိုနဲ့ စာမေးပွဲ ဖြေလာခဲ့တာ ‌၆ဘာသာလုံး
အောင်မှတ်လွတ်အောင်ဖြေနိုင်ခဲ့တယ်....
၄ဘာသာလောက်တောင် ဂုဏ်ထူးမှန်းထားသေးတယ်
ငယ့်အိမ်ကတော့ စိတ်ဆိုးနေသေးတာဆိုတော့
တီချယ့်အိမ်ကနေပဲ...စာမေးပွဲသွားဖြေဖြစ်တယ်..
ဒီနေ့တော့ တီချယ့်ဆီ ပြန်လာဖြစ်တယ်...

"မမသက်ရေ...လဝန်း ပြန်ရောက်ပြီ..."

"အေး တင်တင်...အမအခန်းထဲ ဝင်လာခဲ့ခိုင်းလိုက်.."

အထုတ်တွေက အခန်းထဲ ချပြီး...တီချယ်အခန်းထဲဝင်ခဲ့တယ်....
စာရေးခုံ‌မှာ...စာကြည့်မျက်မှန်လေးတပ်ရင်း
စာရေးနေတဲ့ တီချယ့်ကို သွားပွေ့ဖက်မိတယ်...

"အို...စာရေးနေတာ...လက်ရေးတွေ မလှတော့ဘဲနေမယ်ကွယ်...လွှတ်ကွယ်...ကလေးကုလားနဲ့.."

"တီချယ်ကလည်း လွမ်းလို့ဟာကို..."

"အပိုတွေ..."

"ဟီးဟီး...တီချယ်မျက်စိမှိတ်ထားနော်..."

"မမှိတ်ပါဘူး...ရှင်က ယုံရတာ မှ မဟုတ်တာ..."

"တီချယ်!"

"မှိတ်ပြီ...မှိတ်ပြီ..."

"suprise...."

"Wow...နှင်းဆီပန်းလေးတွေပါလား
၁၂ပွင့်ဆိုတော့...နှင်းဆီ တစ်ဒါဇင်ပေးတာပေါ့...
ဟုတ်သလား..."

"မဟုတ်ပါဘူး...တစ်နေ့ထက် တစ်နေ့ ပိုပို တိုးလာတဲ့ အချစ်တွေနဲ့ ချစ်သွားမယ်လို့ပြောတာ..."

"လက်တောက်လေးနဲ့ တော်တော်တတ်နေတယ်..."

"ဟင်...ကျွန်တော် ကလေး မဟုတ်တော့ပါဘူး
တီချယ်ကလည်း..."

"အလိုတော်...သမီး သမီးကနေ...ဘယ်လိုလုပ် ကျွန်တော်ဖြစ်သွားတာလဲ..."

"အဲ့တာက ဟီးဟီး...တီချယ့်ရဲ့ မောင်ဖြစ်ချင်လို့..."

"မောင်နော်...အပိုတွေ သိပ်မပြောနဲ့..."

"အား....တီချယ် ဘယ်လိုခေါ်လိုက်တာလဲ...
တီချယ်...ဒါအိပ်မက်လားဟင်..."

တီချယ်က ရှက်ပြုံးလေးနဲ့...ငယ့်အသားကို
လာဆွဲစိပ်တယ်...

"အား....နာတယ်...တကယ်ကြီးဟ..."

"အင်း တကယ်ကြီး..."

"‌တစ်ခေါက်လောက် ပြန်ခေါ်ပါအုံး..."

"မခေါ်ပါဘူး...အားအားယားယား..."

"ဟာ...တီချယ်နော်...မညစ်နဲ့..."

"‌ဟွန့်...ပြောစကား‌တော့ နားမထောင်ဘူးလား...
နာချင်လို့လား မောင်..."

"ဒီလူသေရချည်ရဲ့....
မောင်...တီချယ့်ကို အရမ်းချစ်တာပဲ..."

တီချယ့်နှုတ်ခမ်းဖျားက ထွက်လာတဲ့...
သမီးကိုကိုယ်စားပြုပေးတဲ့ နာမ်စားက..
'မောင်'တဲ့လား...
သိပ်ကို နားဝင်ချိုလှတဲ့ ခေါ်သံလေး....
အိပ်မက်ဆိုရင်တောင်...ဒီတသက်..
ပြန်မထချင်တော့ဘူး..တီချယ်ရယ်....

"မောင်...လူကြားထဲရောက်ရင်တော့ ဆင်ခြင်ပြီးနေရမယ်နော်...."

"ဟုတ်ကဲ့ပါဗျာ....မောင်ကော...တီချယ့်ကို ဘယ်လိုခေါ်ရမလဲ..."

"တီချယ်ပဲခေါ်...တော်ကြာ...လူကြားထဲရောက်ရင် မှားခေါ်မိမှာ...ရှင့်အကြောင်း ကျွန်မ ကောင်းကောင်းသိပြီသား..."

"ဟင်...သူကျတော့ တစ်မျိုးခေါ်ပြီးတော့..."

"ရှင်နဲ့ ကျွန်မနဲ့က တူလို့လား... မရှည်နဲ့...
သွား...သွား ရေသွားချိုးတော့...
အထုတ်တွေလည်း ဒီ အခန်းထဲပဲ ထည့်ထားလိုက်.."

"ဟုတ်...ဒါ‌ဆို တီချယ့်ရင်ခွင်ထဲ ဒီည အိပ်ရတော့မှာပေါ့....ရေး.."

"အပျော်လွန်မနေနဲ့....ကုတင်ပေါ်က ကန်ချမှာ..."

"ဟာ...တီချယ်နော်...ကလေးကို မနှိပ်စက်ရဘူး.."

"ချက်ချင်းကြီး ကလေး ဖြစ်သွားပြန်ရောလား...
ဟွန့်...ရှင်တော်တော် အပြောင်း အလဲ မြန်လာတယ်နော်...ကျပ်ကျပ် သတိထား..."

"ဟုတ်ကဲ့ ကြောက်ပါတယ်ဗျ..."

"ရုပ်ကိုက..."

"ဘာဖြစ်လဲ...ဘာဖြစ်လဲ..."

"ဘာပြောလိုက်တာ..."

"ဘာဖြစ်လဲလို့..."

"ရန်ပြန်တွေ့တယ်ပေါ့...."

"ဟုတ်တယ်...ဘာဖြစ်လဲပြော...."

"ရိုက်သတ်ချင်စရာကြီးလို့...
သေဖို့သာပြင်...ကလေးစုတ်..."

"အယ်..အယ်...အမတင်ရေ....
အမထွေး....ဒီမှာ...ညီမကို.....
ဘီလူးကြီး တစ်ကောင် လိုက်ကိုက်နေလို့...ဗျို့...
ကယ်ပါ...ကယ်ပါ..."

‌အချစ်တဲ့....
အချစ်က...ကလေးဆန်စေတယ်...
အချစ်က...ပျော်ရွှင်စေတယ်...
အချစ်က...ကလေးငယ်နဲ့မှ...ပေါက်ပွားလာတာတဲ့..

ထွေးတို့ပြောတဲ့....အရမ်းတည်ငြိမ်တဲ့ ဆရာမကြီးက
သူချစ်ရတဲ့ ကလေးနဲ့ဆို....သိပ်ကို...
ပျော်ရွှင် တတ်တာတဲ့.....
ဒါဟာ...အချစ်တစ်ခုတည်းကြောင့်သာ....

ငယ်လည်း ရေချိုးလိုက်တယ်...
စာမေးပွဲဖြေထားရတော့ ခေါင်းလည်း နည်းနည်းလေးနေတာနဲ့ ခေါင်းပါလျှော်လိုက်တယ်....

"ဟင်...မောင်...ခေါင်းလျှော်လိုက်တာလား..."

"ဟုတ်တယ်လေ...."

"ဘာလဲ...ချစ်သူတွေ ဖြစ်သွားပြီဆိုတော့ တို့ကို အရေးမစိုက်တော့ဘူးဆိုတဲ့ သဘောလား...
အရင်ကလို ခေါင်းလျှော်လို့ရလားတောင်
မမေးတော့ဘူးပေါ့..."

"အဲ...အဲ့လို မဟုတ်ရပါဘူး တီချယ်ရဲ့..."

"မသိဘူးကွာ...လုပ်ချင်တာလုပ်တော့..."

"ကြည့်ပါအုံး...မောင့် အမျိုးသမီးလေးက စိတ်ကောက်သွားတာလား...အသက်လည်း ကြီးနေပြီ
ကလေးကို စိတ်ပြန်ကောက်ရတယ်လို့...."

ငယ်တော့ မှားသွားပြီ....
အသက်အကြောင်း ထည့်ပြောလိုက်တာ...
တီချယ် စိတ်မကောင်းဖြစ်ရရှာပြီ...

"အင်းပေါ့လေ...မင်းက လူငယ် တို့က အဖွားကြီးဖြစ်တော့မှာဆိုတော့...."

"တီချယ် အဲ့လို မရည်ရွယ်ပါဘူး...စိတ်မဆိုးပါနဲ့နော်.
နောက်ဆို အိမ်သာတက်တာက အစပြောပြမယ်..."

"မင်း ငါ့ကို ရွဲ့တာလား..."

"အဲ့လို မဟုတ်ရပါဘူး...စကား အဖြစ်ပြောပြတာပါ.."

"မသိဘူးကွာ...လာမပြောနဲ့ ...ဒီည မင်း ကြမ်းပြင်မှာပဲအိပ်..."

"ဟာ...တီချယ် မရက်စက်ပါနဲ့...
ဟီးဟီး...ဒီမှာ ပန်းလေး ပန်ပေးမယ်နော်....
စိတ်ဆိုးပြေတော့..."

"သူများကို ကလေးမှတ်လို့...
ပန်းပန်ပေးတိုင်း စိတ်ဆိုးပြေရအောင်...
ကလေးမဟုတ်ဘူး..."

"အား...အသဲယားလိုက်တာနော်...
တီချယ်က အရင်ကလို လူကြီးနဲ့တောင်မတူဘူး
ချွဲနေလိုက်တာ....မောင်တော့...တီချယ့်အချစ်ရူးကြီးဖြစ်နေပြီ..."

"အပိုတွေ..."

တီချယ့်ကို ငယ့်ရင်ခွင်ထဲသာ...ပွေ့ထားမိတော့တယ်
ဒီအမျိုးသမီးလေး ချွဲရင်....လဝန်းသော် ဆိုတဲ့
ဟောဒီက မိန်းကလေးက....
ရေခဲတောင် အရှုံးပေးရသလိုမျိုး...
အရည်ပျော်အမှတ်...ကြမ်းသတဲ့။

_________

Zawgyi


"ဟုတ်ကဲ့ပါ တီချယ်ရဲ့...






"ဟီးဟီး...တီချယ်..."

"ပြော..."


"မပေးချင်ဘူး...."

ဖြေခဲ့မလို့ အစက...



"နာအောင်ခေါက်တာလေ...
ယူအုံးမလား..."

"တော်ပါပြီ...တော်ပါပြီ..."



"ယုံချင်ပါတယ်...‌"

"ဟာ...ဒါဆိုမယုံဘူးပေါ့..."

ကားပေါ်တတ်တော့..."


"လုပ်ပြန်ပြီ...ဒီကလေးမ...

သွားပြီ တီချယ်ရေး....."

~~~~~~~~~~

"Hello တီချယ်လား..."

"ကလေးဖြေလို့ရရဲ့လား..."


"တကယ်လား..."



"ဟုတ်ကဲ့ တီချယ်..."





ဒါပဲ...အချိန်ကုန်နေမယ်..."

"ဟုတ်ကဲ့ တီချယ်..."

၎ဘာသာလောက်တောင် ဂုဏ်ထူးမှန်းထားသေးတယ်






"အပိုတွေ..."



"တီချယ်!"

"မှိတ်ပြီ...မှိတ်ပြီ..."

"suprise...."

ဟုတ်သလား..."



တီချယ်ကလည်း..."





လာဆွဲစိပ်တယ်...

"အား....နာတယ်...တကယ်ကြီးဟ..."

"အင်း တကယ်ကြီး..."



"ဟာ...တီချယ်နော်...မညစ်နဲ့..."

နာချင်လို့လား မောင်..."

"ဒီလူသေရချည်ရဲ့....

'မောင်'တဲ့လား...











"ရုပ်ကိုက..."

"ဘာဖြစ်လဲ...ဘာဖြစ်လဲ..."

"ဘာပြောလိုက်တာ..."

"ဘာဖြစ်လဲလို့..."

"ရန်ပြန်တွေ့တယ်ပေါ့...."

"ဟုတ်တယ်...ဘာဖြစ်လဲပြော...."


"အယ်..အယ်...အမတင်ရေ....
အမထွေး....ဒီမှာ...ညီမကို.....
ကယ်ပါ...ကယ်ပါ..."

အချစ်တဲ့....
အချစ်က...ကလေးဆန်စေတယ်...

ပျော်ရွှင် တတ်တာတဲ့.....



"ဟုတ်တယ်လေ...."

မမေးတော့ဘူးပေါ့..."




ငယ်တော့ မှားသွားပြီ....



"မင်း ငါ့ကို ရွဲ့တာလား..."



စိတ်ဆိုးပြေတော့..."

ကလေးမဟုတ်ဘူး..."


"အပိုတွေ..."

ဟောဒီက မိန်းကလေးက....

_________

Continue Reading

You'll Also Like

401K 13K 17
My priority /property/privacy
331K 19.6K 40
ဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ့လိုက်အောင်ဖူးဖူးမှုတ်ထားမယ်ဆိုတာကိုသိရဲ့လားကလေးငယ်" ဖူးသစ္စာလှိုင် "အန်တီ...
248K 34.3K 107
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...
1.3M 61.4K 29
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။