Slowly Falling For Changkong...

By ANyein_26

50.2K 5.4K 165

COMPLETED โœ”๏ธ Author - Ban Li Zi , Chestnut Chapter - 56 + 10 extras Started Date -1.9.2022 Ended Date- 22.1... More

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-16
Chapter-17
Chapter-18.1
Chapter-18.2
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แ )
Chapter-58 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แ‚ )
Chapter-59 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แƒ )
Chapter-60 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แ„ )
Chapter-61 ( แ€œแ€€แ€บแ€‘แ€•แ€บแ€แ€ฝแ€„แ€บแ€ทแ€แ€ฑแ€ฌแ€„แ€บแ€ธแ€แ€ผแ€„แ€บแ€ธ )
Chapter-62 ( แ€œแ€€แ€บแ€‘แ€•แ€บแ€‘แ€ญแ€™แ€บแ€ธแ€™แ€ผแ€ฌแ€ธแ€แ€ผแ€„แ€บแ€ธ )
Chapter-63 ( แ€€แ€œแ€ฑแ€ธแ€œแ€ฑแ€ธ )
Chapter-64 ( Date )
Chapter-65 ( แ€•แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€›แ€ฝแ€พแ€ฑแ€ทแ€แ€ผแ€„แ€บแ€ธ )
Chapter-66 ( แ€แ€ฑแ€ทแ€›แ€ญแ€แ€ปแ€”แ€บ ) The End

Chapter-15

609 96 3
By ANyein_26


စူးစမ်းလိုသည့်အတွက် ရွှီလျန်သည် ဖယောင်းတိုင်ကိုအောက်ချကာ လေယာဉ်ပုံစံငယ်လေးအားကောက်ကိုင်လိုက်သည်။

ဤအရာက လက်လုပ်ပစ္စည်းမှန်း သူမပြောနိုင်သလို သူတို့၏အရည်အချင်းတွေကလည်း မေးခွန်းထုတ်စရာလို့ ထင်ရ၏။ လေယာဉ်ကို ကောင်းကောင်းမပြုလုပ်ထားနိုင်ခဲ့သဖြင့် ပို၍မချောမွေ့သောအစက်အပြောက်များကို သူမ အနည်းငယ်မြင်တွေ့နိုင်လေသည်။

သို့ပေမဲ့လည်း လက်လုပ်ပစ္စည်းဖြစ်တာနှင့်အညီ ဤအရာအားဖန်တီးပြုလုပ်သူ၏သဘောထားကို သူမပြောပြနိုင်၏။ ထိုလူသည် အသေးစိတ်အချက်အလက်များကို အလွန်အာရုံစိုက်ပြီး လေယာဉ်များကိုလည်း အလွန်နှစ်သက်ကြောင်း သူမမြင်နိုင်သည်။

သူမသည် ပုံစံငယ်လေးအား ၎င်း၏မူလနေရာ၌ ပြန်ထားလိုက်ပြီး သူမအကြည့်တွေက စားပွဲခုံပေါ်ရှိစာအုပ်တွေထံ ရောက်သွား၏။ စာအုပ်အားလုံးသည် လေကြောင်းဆိုင်ရာပညာရပ်များ၊ လေဖိအားဆိုင်ရာဖြန့်ဖြူးရေးဒီဇိုင်းများအကြောင်း... တိုတိုပြောရလျှင် နာမည်များသည် ရွှီလျန်အတွက်တော့ အခြေခံအားဖြင့် အရုပ်စာများသာဖြစ်လေ၏။

ထို့နောက် တစ်ခါက ရှန့်ချန်ခုန်းသည် သူဘွဲ့ကြိုတက်ခဲ့စဉ်က ဘတ်စကက်ဘောအသင်းမှာပါဝင်ခဲ့ကြောင်း ပြောပြခဲ့ဖူးသည်အား သူမအမှတ်ရမိလိုက်သည်။

အဓိကအချက်မှာ ဘွဲ့ကြိုတက်ခဲ့စဉ်က ၊ ဆိုတော့ သူကဘွဲ့ကြိုသင်တန်းကိုတက်ရောက်ခဲ့တာပေါ့။

သူမက ပစ္စည်းပို့ဆောင်သောနယ်ပယ်ကို ခွဲခြားဆက်ဆံခြင်းမဟုတ်သော်လည်း ဤသို့သောရှုပ်ထွေးလှသောဘာသာရပ်တွေကို လေ့လာခဲ့သည့်ရှန့်ချန်ခုန်းက အဘယ်ကြောင့်များ ပစ္စည်းပို့ဆောင်ရန်ရွေးချယ်ခဲ့သနည်းကိုတော့ သူမနားမလည်နိုင်ပေ။

ရွှီလျန်သည် သူမ ထိုသူနဲ့နီးစပ်လာလေ သူ့အကြောင်းပိုပြီးသိချင်လာလေပဲ....

ထိုအချိန်၌ ရှန့်နွမ်က သူမဖုန်းအားအသုံးပြုနေခဲ့၏။ သူမအဖွဲ့စကားပြောခန်းထဲတွင် မက်ဆေ့ချ်တစ်စောင်အား စိတ်လှုပ်ရှားစွာဖြင့် ပို့လိုက်လေသည်။

ကမ္ဘာပတ်နေသောနွမ်နွမ် : [ အား အား အား အား! မမလှလှလေးက ငါ့အိမ်ကိုလာတယ်! ငါ့အစ်ကိုကိုလာရှာတာတဲ့လေ! သူမကငါ့အစ်ကိုရဲ့ကောင်မလေးများလား? အားးးးးး! ]

ကမ္ဘာပတ်နေသောနွမ်နွမ် : [ မမရဲ့နှုတ်ခမ်းနီလေးကအရမ်းလှတာပဲ! ငါ ဘရန်းနာမည်နဲ့အရောင်နံပါတ်ကိုမေးကြည့်ချင်တယ်... ]

စာလေ့လာခြင်းကထိပ်ပြောင်စေတယ် : [ မမေးနဲ့ မမေးနဲ့နော်၊ ဘယ်လိုပဲဖြစ်ဖြစ် နင်တက်နိုင်မှာမှမဟုတ်တာ.. ဘာလို့နင့်ကိုယ်နင်နာကျင်အောင်လုပ်နေမှာလဲ? ]

ကမ္ဘာပတ်နေသောနွမ်နွမ် : [ မှန်တယ် ]

ငါးမိနစ်စာလုပ်တစ်နာရီလေဖြတ် : [ ရှန့်နွမ်! နင့်အစ်ကိုကိုငါရမယ်လို့ထင်နေတာ... ဘာလို့အခြားမိန်းကလေးတွေရှိနေရတာလဲ! ]

ကမ္ဘာပတ်နေသောနွမ်နွမ် : [ အဲ့ဒါကိုငါသဘောတူတယ်လို့ နင့်ကိုဘယ်သူကပြောလို့လဲ? နင်က မမရဲ့ဆံခြည်မျှင်တစ်မျှင်စာနဲ့တောင် ယှဉ်လို့မရနိုင်ဘူး! ]

ငါးမိနစ်စာလုပ်တစ်နာရီလေဖြတ် : [ ဟား ဟား ငါတို့ဒီစကားပြောခန်းကိုဖျက်သိမ်းသင့်နေပြီ အရမ်းပလတ်စတစ်ဆန်တာပဲ..... ]

ကမ္ဘာပတ်နေသောနွမ်နွမ် : [ ဘာပဲဖြစ်ဖြစ် ငါသွားရတော့မယ် မမအတွက် ငါရေခပ်ပေးဖို့လိုတယ်! ]

ရှန့်နွမ်သည် သူမဖုန်းကိုအဝေးမှာတင်ထားပြီး ခွက်သန့်သန့်တစ်ခွက်ထဲသို့ ရေနည်းနည်းလောင်းထည့်၏။ ထို့နောက် ရွှီလျန်ထံသို့ယူသွားသည်။ ရှန့်ချန်ခုန်း၏အခန်းတံခါးပွင့်သွားပေမဲ့ ရှန့်နွမ်က မဝင်ခင် အရင်ဆုံးတံခါးခေါက်ခဲ့သည်။

တံခါးမှခေါက်သံကိုကြားတော့ ရွှီလျန်က လေယာဉ်ငယ်လေးကိုအောက်ချပြီး နောက်လှည့်ကြည့်လေသည်။ ရှန့်နွမ်က ပြုံးရင်းဖြင့်သူမနားလျှောက်လာကာ စားပွဲပေါ်တွင်ခွက်အားတင်ထားလိုက်၏။

"မမ သောက်လိုက်ပါဦး ညီမအစ်ကိုက မကြာခင်ပြန်လာတော့မှာပါ"

"အင်းပါ ကျေးဇူးပဲနော်"

"ရပါတယ် ရပါတယ်"

သူမခေါင်းယမ်းရင်း ရွှီလျန်အား နည်းနည်းပို၍စေ့စေ့စပ်စပ်ကြည့်ရှုရန် အခွင့်အရေးယူနေ၏။

အဖြူနှင့်အနက်ဒေါင်လိုက်အစင်းအင်္ကျီသည် ဖက်ရှင်ကျပြီးခေတ်ဆန်ကာ သူမ၏ခါးမြင့်ဘောင်းဘီရှည်က သူမခြေထောက်ထိရှည်နေ၏။ သူမခါးထက်ရှိခါးပတ်၌လည်း အစက်အပြောက်အနည်းငယ်ရှိနေလျက် သားရေဂျက်ကတ်အတိုနှင့် သူမ၏ အနက်ရောင်ဒေါက်မြင့်ဖိနပ်များဖြင့် ဤအမျိုးသမီးငယ်လေးသည် သားသားနားနားနှင့်ချောမောသောခံစားချက်အား ချန်လှပ်ထားခဲ့သည်။

"လာထိုင်ပါ မတ်တပ်ရပ်နေစရာမလိုပါဘူး"

ထိုင်ခုံတစ်ခုံကိုဆွဲထုတ်ရင်း ရှန့်နွမ်က ရွှီလျန်အား ထိုင်ရန်ဖိတ်ခေါ်၏။ ရွှီလျန် ထိုင်ခုံကိုကြည့်လိုက်သည်။ အခန်းထဲမှာ ထိုင်ခုံတစ်လုံးပဲရှိတယ်.. ထို့ကြောင့် ရှန့်နွမ်ကမတ်တပ်ရပ်နေတဲ့အချိန်မှာ ထိုင်နေဖို့က သူမအတွက်သင့်တော်မှာမဟုတ်။

"ရပါတယ် ရပါတယ် အစ်မမတ်တပ်ပဲရပ်လိုက်ပါ့မယ်"

ရွှီလျန်ပြုံးရင်း ရေတစ်ငုံသောက်လိုက်၏။

ရှန့်နွမ်ကိုယ်တိုင်ကလည်း တူညီသည့်အချက်ကိုသဘောပေါက်သွားသောကြောင့် ရှက်ရွံ့လာရတော့သည်။

"ညီမအစ်ကိုရဲ့အခန်းက နည်းနည်းတော့ကျဉ်းတယ်၊ အစက ဒီတိုက်ခန်းမှာ အခန်းနှစ်ခန်းနဲ့အိမ်ရှေ့ခန်းတစ်ခန်းရှိတာ... တိုက်ခန်းပိုင်ရှင်က ဧည့်ခန်းကိုခွဲထုတ်လိုက်ပြီးတော့ အခန်းသုံးခန်းနဲ့အိမ်ရှေ့ခန်းတစ်ခန်းအဖြစ်လုပ်လိုက်တာ၊ နဂိုက ဒီအခန်းကဧည့်ခန်း... ညီမက အမြဲလိုလို အဆောင်မှာပဲနေပြီး ပိတ်ရက်တွေကျမှသာအိမ်ပြန်လာတာဆိုတော့ ဒီအခန်းကိုညီမအခန်းအဖြစ်တကယ်လိုချင်ခဲ့တာ၊ ဒါပေမဲ့ ညီမအစ်ကိုက ဒီအခန်းကိုသုံးဖို့ပဲတင်းခံနေခဲ့တာလေ။ ပြီးတော့လည်း ပြောလိုက်သေးတယ် ဒီအခန်းကလမ်းအရှေ့ဘက်မှာရှိတာမလို့ အရမ်းဆူညံပြီးတော့ ညီမစာလေ့လာတာကိုထိခိုက်လိမ့်မယ်တဲ့"

ရွှီလျန်က လေးလေးနက်နက် ခေါင်းညိတ်ပြလျက် ရှန့်နွမ်အားစကားဆို၏။

"မင်းအစ်ကိုက မင်းအပေါ်အရမ်းကြင်နာတာပဲ.. သူ မင်းအတွက်မွေးနေ့လက်ဆောင်ရွေးနေတုန်းက အစ်မလဲရှိနေခဲ့တယ်လေ"

ရှန့်နွမ် အံ့အားသင့်နေလျက်

"အိုးမိုင်ဂေါ့! မမ မမက MONSTER ရဲ့ပိုင်ရှင်တော့မဟုတ်ဘူးမလား?"

ရွှီလျန်၏ဆိုင်၌လည်း Weibo page တစ်ခုရှိ၏။ သို့သော်လည်း သူမထုတ်ကုန်ပစ္စည်းတွေ၏ပုံများသာရှိပြီး သူမပုံကိုတော့ လုံးဝတင်ထားခဲ့ခြင်းမရှိ ၊ ထို့အပြင် ရှန့်နွမ်က ရွှီလျန်ဆိုင်ကို တစ်ခါမှမရောက်ဖူးသည့်အတွက် သူတို့ချင်းလည်း တစ်ယောက်နှင့်တစ်ယောက် တစ်ခါမှမတွေ့ဖူးခဲ့ချေ။

ဆိုင်ပိုင်ရှင်ကအလွန်လှပပြီး ဆိုင်၏အလှရသနှင့် ကောင်းကောင်းလိုက်ဖက်လိမ့်မယ်လို့ပဲထင်ထားခဲ့တာ....

"အား အား ညီမ အခုနည်းနည်းလေးစိတ်လှုပ်ရှားနေတယ်!"

ရှန့်နွမ်မှာ ဝမ်းသာပီတိဖြစ်နေရင်း သူမမျက်နှာမှာလည်းနီရဲလာတော့၏။

"ညီမက မမရဲ့Weibo ကိုအမြဲတမ်းဖော်လိုလုပ်ထားတာ.. မမလုပ်တဲ့ဖယောင်းတွေကို ညီမတစ်ကယ်ကြိုက်တာ၊ နောက်ပြီး အရင်တစ်ခေါက်က မမပေးတဲ့ကဒ်ပြားလေးကလည်း အရမ်းလှတာပဲ အဲဒါလေးကို ညီမရဲ့စားပွဲခုံမှာကပ်ထားတယ်!"

ရွှီလျန် အမှန်ပြင်ပေးကာ

"မင်းအစ်ကိုက မင်းအတွက်ဝယ်ပေးခဲ့တာပါ"

"အိုး အတူတူနီးနီးပါပဲ!"

ရုတ်တရက် idol အဖြစ်သတ်မှတ်ပေးခံလိုက်ရပြီး ရှန့်နွမ်က သူမအား တောက်ပနေသောမျက်လုံးများနှင့်ကြည့်နေသည့်အတွက် ရွှီလျန် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေမိသည်။

"မမ မမမှာအလုပ်သင်ကာလရှိလား? ညီမ မမဆီကနေ လက်မှုပစ္စည်းတွေဘယ်လိုလုပ်လဲဆိုတာ သင်ယူချင်တယ်"

ရနံ့ကုထုံးဖယောင်းတိုင်များသည် အထူးသဖြင့် စိမ်းသက်သက်ဖြစ်နေပြီး တရုတ်ပြည်တွင် အရမ်းရေပန်းမစားသေးပေ ၊ လူတွေသွားရောက်သင်ယူနိုင်သောသင်တန်းများရှိသော်လည်း စျေးမနည်းလှ။ ကျန်းကော်အာကလည်း ရွှီလျန်ကို သူမဆိုင်၌ သင်တန်းတစ်ခုဖွင့်ရန် အရင်ကအကြုံပြုခဲ့ဖူးကာ သင်တန်းကြေးတွေမှလည်း သူမအား ဝင်ငွေတော်တော်များများရစေလိမ့်မည်ဟုပြောခဲ့ဖူး၏။ သို့ပေမဲ့ ရွှီလျန်မှာ သင်တန်းဖွင့်ရန် အချိန်နှင့်အင်အားမရှိ... အထူးသဖြင့် များမကြာမီက အော်ဒါတွေတိုးများလာခဲ့သည်။

ရွှီလျန် ဤအကြောင်းစဉ်းစားလိုက်ပြီးနောက် ပြန်ဖြေ၏။

"အစ်မ အလုပ်သင်ကာလမလုပ်ဘူး ဒါပေမဲ့လို့ မင်းစိတ်ဝင်စားတယ်ဆိုရင် အစ်မ မင်းကိုသင်ပေးလို့ရတယ်"

"တကယ်? ကျေးဇူးတင်ပါတယ် မမ!"

ရှန့်နွမ် ဤသို့ပြောလိုက်သည့်အချိန်၌ သူတို့သည် အိမ်ရှေ့တံခါးဖွင့်သံကို ကြားလိုက်ရလေသည်။

"ညီမအစ်ကိုပဲဖြစ်မယ်!"

ရှန့်နွမ် အပြင်ပြေးထွက်သွားကာ အမှန်တကယ် ရှန့်ချန်ခုန်းပြန်လာမှန်းမြင်လိုက်ရလေသည်။ သူက ဆား၊ငရုတ်ကောင်းမုန့် စသည့်အမျိုးအစားအချို့ပါဝင်သောဈေးဝယ်အိတ်တစ်အိတ်ကိုကိုင်ထား၏။

"အစ်ကို အမျိုးသမီးလေးတစ်ယောက်က အစ်ကို့ကိုရှာနေတယ်"

ရှန့်နွမ်က စိတ်လှုပ်ရှားစွာဖြင့်ဆိုလိုက်သည်။

ရွှီလျန်သည် ရှန့်ချန်ခုန်းက ခပ်ပြတ်ပြတ်ပြန်ဖြေလိုက်သည်ကို ကြား၏။ သူမရေခွက်ကိုအောက်ချ၍ ရွှီလျန်က ရှန့်နွမ်အနောက်ကလိုက်ကာ အခန်းအပြင်ထွက်လာပြီး သူ့ကိုနှုတ်ဆက်လေသည်။

"ဟယ်လို"

သူ့မျက်ဝန်းတွေပြူးကျယ်သွားလျက် ရှန့်ချန်ခုန်း နေရာ၌ပင် အံ့အားသင့်နေခဲ့သည်။

သူ့တုံ့ပြန်ချက်အားမြင်ရလိုက်သဖြင့် ရွှီလျန်က ရှင်းပြရန်လက်ဦးမှုယူကာ

"ရှင့်ရဲ့လုပ်ဖော်ကိုင်ဖက်က ရှင့်ဒဏ်ရာကပိုဆိုးလာတယ်လို့ ကျွန်မကိုပြောလို့ပါ... ကျွန်မကစိုးရိမ်လို့ တစ်ချက်လောက်ကြည့်ဖို့ရောက်လာတာ၊ သူကပဲ ကျွန်မကို ရှင့်လိပ်စာပြောပြလိုက်တာ"

အတန်ကြာတိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတော့ ရှန့်ချန်ခုန်း သူ့ပါးစပ်အားဖွင့်၍ ထစ်ထစ်ငေါ့ငေါ့နှင့်ပြောလာသည်။

"အိုး အာ ဒါက....ကျွန်တော်......ကျွန်တော့်ရဲ့ဒဏ်ရာကအဲလောက်ထိမဆိုးပါဘူး၊ ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်ထဲကဘယ်တစ်ယောက်ကများ မင်းကိုပြောခဲ့တာလဲ?"

"အမြဲပျော်နေတဲ့ပုံပေါက်တဲ့ဝဝနဲ့ဦးလေးကြီးလေ"

ရွှီလျန် သရုပ်ဖော်ပြ၏။

အာ အရင်တစ်ခေါက်က သူ့အတွက် အော်ဒါပို့ပေးဖို့တောင်းဆိုခဲ့တဲ့ ဝမ်ကောပဲဖြစ်ရမယ် ၊ လေပြတ်လပ်သွားသလိုမျိုးတောင် သူခံစားနေရတယ်။ ရှန့်ချန်ခုန်း ဆက်ပြော၏။

"ဒါ ဒါ ဒါက သူကိစ္စတွေကိုအထင်လွဲသွားတာပဲဖြစ်မယ် ကျွန်တော်တကယ်အဆင်ပြေပါတယ်"

"ရှင် ကျွန်မအော်ဒါတွေလာပို့တာကို ဘာလို့ရပ်လိုက်တာလဲ"

"......."

ရှန့်ချန်ခုန်း သူ့မသိစိတ်က ပလတ်စတစ်အိတ်အား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်မိသည်။ ထို့နောက်

"အော်ဒါတွေက အခြေခံအားဖြင့် အလျဉ်းသင့်သလို သတ်မှတ်ခွဲဝေပေးထားတာ ကျွန်တော် အဲဒီအော်ဒါတွေကိုမရလိုက်တာဖြစ်မယ်၊ နောက်ပြီး ကျွန်တော်က ဒီနေ့ပိတ်ရက်လေ"

ရွှီလျန်သည် သူ့အဖြေအား တစ်ခဏလောက်စဉ်းစားပြီးနောက်

"ရှင့်ရဲ့ဒဏ်ရာတွေကရော ပိုသက်သာလာပြီလား"

သူမက အကြောင်းအရာကို နောက်တစ်ဖန်ပြန်ပြောလိုက်သည့်အတွက် နောက်ဆုံးတော့ ရှန့်နွမ်အား သူ့အစ်ကို၏နှုတ်ခမ်းထောင့်ရှိဒဏ်ရာကို သတိပြုမိသွားစေခဲ့သည်။ အရောင်ကအရမ်းမှိန်နေသောကြောင့် အရင်က သူမသတိမထားမိခဲ့ ၊ သူမအစ်ကိုမျက်နှာကိုသာ စေ့စေ့စပ်စပ်မကြည့်လိုက်ခဲ့ဘူးဆိုလျှင် သူမ အလွယ်တကူသတိထားမိမှာတောင်မဟုတ်ဘူး။

"အစ်ကို ဘယ်လိုလုပ်ဒဏ်ရာရတာလဲ"

သူ့ခေါင်းအားအဝေးသို့လှည့်ရင်း ရှန့်ချန်ခုန်းသည် သူမအကြည့်တွေအားရှောင်ရှားရန်ကြိုးစားနေ၏။

"ဘာမှမဟုတ်ပါဘူး ဒဏ်ရာသေးသေးလေးပါပဲ၊ ပျောက်ခါနီးနေပြီ"

ရွှီလျန် ဆက်ပြောလာသည်။

"ရှင့်ရဲ့လုပ်ဖော်ကိုင်ဖက်ပြောတာ အဲဒီနေ့က ရှင်တိုင်ကြားစာတွေလည်းရခဲ့သေးတယ်တဲ့.. ရှင်ကျွန်မကိုဘာလို့လိမ်ပြောခဲ့တာလဲ"

အဲဒီဝမ်ကောကတော့.......တကယ်ကြီး သူမကိုအကုန်လုံးပြောပြနေတော့တာပဲ။

သူ့နှုတ်ခမ်းအသာသပ်လျက်

"အဲဒါကအသေးအမွှားကိစ္စလေးပါပဲ ကျွန်တော်က မင်းကိုယ်မင်းအပြစ်မတင်စေချင်လို့ပါ"

ရွှီလျန် သူ့ကိုကြည့်နေရင်း ခေတ္တမျှတိတ်ဆိတ်နေခဲ့သည်။ ထို့နောက် သူမက

"ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုကိစ္စတွေဖြစ်ပျက်ခဲ့တာ ကျွန်မမှာတာဝန်ရှိနေတုန်းပဲ.. ရှင်ဆုံးရှုံးသွားတာတွေအတွက် ကျွန်မရှင့်ကိုလျော်ပေးပါ့မယ်"

ရုတ်တရက် ရှန့်နွမ်သည် သတင်းအချက်အလက်အများကြီးအား ကြုံတွေ့လိုက်မှန်း ခံစားလိုက်ရသည်။ တာဝန်ရှိတယ်? ဒီမမက သူမအစ်ကိုအပေါ် ဘယ်လိုတာဝန်မျိုးရှိနေတာလဲ?

ရှန့်နွမ်က ရှန့်ချန်ခုန်းကိုကြည့်နေချိန်၌ သူမအမူအရာသည် ပို၍အဓိပ္ပာယ်ရှိလှသောအကြည့်သို့ ပြောင်းလဲသွားလေ၏။

ရွှီလျန် ဤနေရာ၌ရပ်နေရင်း ရုတ်တရက် သူမသဘောထားက အရမ်းရန်လိုနေမှန်း သဘောပေါက်လိုက်သည်။ ဒီနေ့ ဒီနေရာကို သူမလာခဲ့တာက သူ့ကိုကူညီရန်အတွက် ၊ သူ့ကိုစိစစ်မေးမြန်းဖို့မဟုတ်ဘူး။

"ကောင်းပြီလေ အရင်တစ်ခေါက်က ဆေးဖက်ဝင်အရက်ကိုရှင်မေ့သွားခဲ့တယ် အဲဒါကြောင့် ဒီနေ့ ကျွန်မယူလာခဲ့တယ်၊ ဆေးပုလင်းကကျွန်မကားထဲမှာ... ကျွန်မအောက်ဆင်းပြီးသွားယူလိုက်ဦးမယ်"

ရွှီလျန်စကားပြောနေသည့်အချိန်တွင် သူမအသံလေးဟာ ဤတစ်ကြိမ်၌ အများကြီးသက်သောင့်သက်သာရှိနေ၏။ အပြင်ထွက်တော့မည့်ရွှီလျန်ကို ရုတ်တရက် ရှန့်နွမ်က အနောက်မှလှမ်းဆွဲထားလိုက်သည်။ သူမက

"မမ ညစာစားပြီးမှ အောက်ဆင်းပြီးသွားယူလိုက်လေ ဒီလောက်မြန်မြန်ကြီးအလျင်လိုစရာမလိုပါဘူး"

ရွှီလျန်သည် ဤအကြုံပြုချက်ကြောင့် အံအားသင့်သွားရ၏။ ကြည့်ရတာ သူမ တကယ်ပဲ ကိုးလို့ကန်းလန့်အချိန်ကြီးမှာ ရောက်လာခဲ့တာပဲ ၊ ညစာစားချိန်တောင်ရောက်နေပြီ။

ရှန့်နွမ်သည် ရွှီလျန်ကဘာမှထပ်မပြောလာသည်ကို မြင်သောအခါ သူမလေးက ရှန့်ချန်ခုန်းဘက်လှည့်ရင်းပြောသည်။

"ဟုတ်တယ်မလား အစ်ကို? အရင်ဆုံး အတူတူစားကြမယ်လေ"

ရှန့်ချန်ခုန်း ​​အခုအချိန်မှာ ရှုပ်ထွေးနေတယ် ၊ ဆားအနည်းငယ်ဝယ်ပြီး အိမ်ပြန်လာဖို့မမျှော်လင့်ထားသလို သူ့အိမ်မှာ ရွှီလျန်နဲ့တွေ့ရဖို့အတွက်လည်း မမျှော်လင့်ထားခဲ့ဘူး။ ညစာအတွက် နေမယ်ဆိုလည်း သူမကိုအပြစ်ပြောမှာမဟုတ်သလို အကယ်၍ သူမ မနေချင်ဘူးဆိုရင်လည်း သူမကိုအပြစ်တင်မှာမဟုတ်ပေ။

ရှန့်နွမ်က သူ့အင်္ကျီလက်ကိုဆုပ်ကိုင်လိုက်ခြင်းကြောင့် သူပြောလိုက်ရတော့သည်။

"အင်း မင်းစိတ်မရှိဘူးဆိုရင် ခဏလောက်ထပ်နေလို့ရပါတယ်"

ရွှီလျန်က ရှန့်ချန်ခုန်းအိမ်မှာနေပြီး စားသောက်ဖို့ရည်ရွယ်ချက်မရှိခဲ့ဘူး။ မည်သည့်သတိပေးချက်မှမရှိဘဲ သူ့အိမ်ကိုတိုက်ရိုက်မောင်းလာခဲ့တာကတင် အလွန်ရိုင်းပျနေပြီဖြစ်သည်။ ယခု သူမက ညစာစားရန်အတွက် တစ်စုံတစ်ယောက်၏အိမ်မှာနေရမယ်.... လူကြီးတွေရှိနေတာတောင်မှလေ။

"ရပါတယ် မနှောင့်ယှက်တော့ပါဘူး၊ ရှင်ဘယ်လိုနေလဲဆိုတာသိချင်လို့ ကျွန်မကလာချင်ခဲ့တာပါ... ရှင်ကအဆင်ပြေတယ်ဆိုတော့လည်း ကျွန်မ အရင်ပြန်နှင့်တော့မယ်။ အာ နေဦး ကျွန်မ ဆေးပုလင်းယူပေးခဲ့ဦးမယ်"

ရွှီလျန် အောက်ထပ်ဆင်းသွားသည်နှင့် သူမဒေါက်မြင့်ဖိနပ်မှအသံထွက်လာခဲ့သည်။ ရှန့်နွမ်က အစ်ကိုဖြစ်သူအားတွန်းလျက် သံမဏိမဖြစ်သည့်အတွက်သံကိုမုန်းနေဟန်ဖြင့်*

"အစ်ကို ဘာလုပ်နေတာလဲ? မမကိုလိုက်ပို့လိုက်လေ!"

( * တိုးတက်မှုကိုမြင်ရရန်စိတ်မရှည်သဖြင့် တစ်စုံတစ်ယောက်အပေါ်မကျေမနပ်ဖြစ်မိခြင်း )

နောက်ဆုံးမှာတော့ သူ့မျက်လုံးတွေဟာ အာရုံပြန်ရလာလျက် ကိုင်ထားသည့်ပလက်စတစ်အိတ်ကိုအောက်ချ၍ ရွှီလျန်နောက်သို့ပြေးလိုက်သွားတော့သည်။

ရွှီလျန် သူမနောက်ကခြေသံတွေကိုကြားသောကြောင့်် နောက်လှည့်ကြည့်၏။ သူမကြည့်လိုက်ချိန်၌ လှေကားရင်းဝင်ပေါက်တွင် ပေါ်လာသောရှန့်ချန်ခုန်းအား မြင်လိုက်ရလေသည်။ မော့ကြည့်ရင်း သူမမေး၏။

"အခြားတစ်ခုခုရှိသေးလို့လား"

"........"

ရွှီလျန်အကြည့်တွေက သူ့ဆီရောက်လာသောကြောင့် ရှန့်ချန်ခုန်းတစ်ကိုယ်လုံး အနေရခက်လာလေ၏။ သူ့လက်တွေကို ဘယ်နေရာမှာထားရမလဲတောင် သူမသိတော့။

"ကျွန်တော် မင်းကိုလိုက်ပို့ပေးမယ်"

ရွှီလျန် ခေါင်းညိတ်ပြလျက် အတူတူအောက်ထပ်မဆင်းခင် သူမအနားရောက်လာရန် သူ့ကိုစောင့်နေ၏။

စင်္ကြံလမ်းကအရမ်းမကျယ်ပေ ၊ အကယ်၍ လူနှစ်ယောက်က ဘေးချင်းယှဉ်လျှောက်မည်ဆိုပါက သူတို့ပခုံးတွေက မကြာမကြာ ထိမိနေပါလိမ့်မည်။ ရှန့်ချန်ခုန်းသည် သူတို့အောက်သို့ဆင်းနေစဉ် နံရံဘက်သို့ရောက်အောင် အတက်နိုင်ဆုံးကြိုးစားနေခဲ့ပြီး နောက်ဆုံး စင်္ကြံလမ်းမှထွက်လာသည့်အချိန်မှသာ အနည်းငယ်စိတ်အေးသွားတော့သည်။

ရွှီလျန်က သူမကားထဲမှ ဆေးဖက်ဝင်အရက်ကိုယူပြီး သူ့ကိုလက်ကမ်းပေး၏။ သူယူလိုက်ရင်း ရှန့်ချန်ခုန်း သူမအားကျေးဇူးတင်လိုက်သည်။

ရွှီလျန် သူ့ကို စက္ကန့်အနည်းငယ်လောက်ကြည့်နေရင်း မေး၏။

"ရှင်ကျွန်မကိုကြောက်နေတာလား?"

"မဟုတ်ပါဘူး မကြောက်ပါဘူး"

သူက ရွှီလျန်ကိုကြောက်နေတာမဟုတ်ဘူး ၊ ဒါပေမဲ့ သူမနှင့်ပတ်သက်တဲ့သူ့အတွေးတွေအများကြီးကို သူမသတိပြုမိသွားမှာကို သူပိုကြောက်နေတာ။ အကယ်၍များ သူက သူမကိုစိတ်ကူးယဉ်နေမှန်းသာ သူမသိသွားမည်ဆိုပါက သူမ ကျိန်းသေပေါက် အော်ဂလီဆန်သွားပေလိမ့်မည်။

ရွှီလျန် ထပ်မေးလိုသည့်ပုံပေါ်သော်လည်း အဆုံးမှာတော့ သူမအခြားအကြောင်းအရာကိုပြောင်းလိုက်၏။

"ရှင်တကယ်အဆင်ပြေရဲ့လား"

သူ့နှုတ်ခမ်းထောင့်ရှိဒဏ်ရာက အများကြီးပိုသက်သာလာပုံရ၏။ သို့သော် သူမ သူ၏အခြားဒဏ်ရာတွေကိုတော့ မြင်တွေ့နိုင်မှာမဟုတ်ဘူး။

သူမ သူ့အဝတ်အစားတွေကိုချွတ်ပြီး ကြည့်လို့ရမှာမဟုတ်ဘူးနဲ့တူပါတယ်....

__________________

စာရေးသူမှာပြောစရာရှိပါတယ် ;

မစိုးရိမ်ပါနဲ့ ၊ ညီမလေးရွှီလျန်ရဲ့အတွေးတွေက မင်းတို့ထက်အများကြီးပိုပြီးအန္တရာယ်ရှိပါတယ် :)

*******


စူးစမ္းလိုသည့္အတြက္ ႐ႊီလ်န္သည္ ဖေယာင္းတိုင္ကိုေအာက္ခ်ကာ ေလယာဥ္ပုံစံငယ္ေလးအားေကာက္ကိုင္လိုက္သည္။

ဤအရာက လက္လုပ္ပစၥည္းမွန္း သူမေျပာနိုင္သလို သူတို႔၏အရည္အခ်င္းေတြကလည္း ေမးခြန္းထုတ္စရာလို႔ ထင္ရ၏။ ေလယာဥ္ကို ေကာင္းေကာင္းမျပဳလုပ္ထားနိုင္ခဲ့သျဖင့္ ပို၍မေခ်ာေမြ႕ေသာအစက္အေျပာက္မ်ားကို သူမ အနည္းငယ္ျမင္ေတြ႕နိုင္ေလသည္။

သို႔ေပမဲ့လည္း လက္လုပ္ပစၥည္းျဖစ္တာႏွင့္အညီ ဤအရာအားဖန္တီးျပဳလုပ္သူ၏သေဘာထားကို သူမေျပာျပနိုင္၏။ ထိုလူသည္ အေသးစိတ္အခ်က္အလက္မ်ားကို အလြန္အာ႐ုံစိုက္ၿပီး ေလယာဥ္မ်ားကိုလည္း အလြန္ႏွစ္သက္ေၾကာင္း သူမျမင္နိုင္သည္။

သူမသည္ ပုံစံငယ္ေလးအား ၎၏မူလေနရာ၌ ျပန္ထားလိုက္ၿပီး သူမအၾကည့္ေတြက စားပြဲခုံေပၚရွိစာအုပ္ေတြထံ ေရာက္သြား၏။ စာအုပ္အားလုံးသည္ ေလေၾကာင္းဆိုင္ရာပညာရပ္မ်ား၊ ေလဖိအားဆိုင္ရာျဖန႔္ျဖဴးေရးဒီဇိုင္းမ်ားအေၾကာင္း... တိုတိုေျပာရလွ်င္ နာမည္မ်ားသည္ ႐ႊီလ်န္အတြက္ေတာ့ အေျခခံအားျဖင့္ အ႐ုပ္စာမ်ားသာျဖစ္ေလ၏။

ထို႔ေနာက္ တစ္ခါက ရွန့္ခ်န္ခုန္းသည္ သူဘြဲ႕ႀကိဳတက္ခဲ့စဥ္က ဘတ္စကက္ေဘာအသင္းမွာပါဝင္ခဲ့ေၾကာင္း ေျပာျပခဲ့ဖူးသည္အား သူမအမွတ္ရမိလိုက္သည္။

အဓိကအခ်က္မွာ ဘြဲ႕ႀကိဳတက္ခဲ့စဥ္က ၊ ဆိုေတာ့ သူကဘြဲ႕ႀကိဳသင္တန္းကိုတက္ေရာက္ခဲ့တာေပါ့။

သူမက ပစၥည္းပို႔ေဆာင္ေသာနယ္ပယ္ကို ခြဲျခားဆက္ဆံျခင္းမဟုတ္ေသာ္လည္း ဤသို႔ေသာရႈပ္ေထြးလွေသာဘာသာရပ္ေတြကို ေလ့လာခဲ့သည့္ရွန့္ခ်န္ခုန္းက အဘယ္ေၾကာင့္မ်ား ပစၥည္းပို႔ေဆာင္ရန္ေ႐ြးခ်ယ္ခဲ့သနည္းကိုေတာ့ သူမနားမလည္နိုင္ေပ။

႐ႊီလ်န္သည္ သူမ ထိုသူနဲ႕နီးစပ္လာေလ သူ႕အေၾကာင္းပိုၿပီးသိခ်င္လာေလပဲ....

ထိုအခ်ိန္၌ ရွန့္ႏြမ္က သူမဖုန္းအားအသုံးျပဳေနခဲ့၏။ သူမအဖြဲ႕စကားေျပာခန္းထဲတြင္ မက္ေဆ့ခ်္တစ္ေစာင္အား စိတ္လႈပ္ရွားစြာျဖင့္ ပို႔လိုက္ေလသည္။

ကမာၻပတ္ေနေသာႏြမ္ႏြမ္ : [ အား အား အား အား! မမလွလွေလးက ငါ့အိမ္ကိုလာတယ္! ငါ့အစ္ကိုကိုလာရွာတာတဲ့ေလ! သူမကငါ့အစ္ကိုရဲ႕ေကာင္မေလးမ်ားလား? အားးးးးး! ]

ကမာၻပတ္ေနေသာႏြမ္ႏြမ္ : [ မမရဲ႕ႏႈတ္ခမ္းနီေလးကအရမ္းလွတာပဲ! ငါ ဘရန္းနာမည္နဲ႕အေရာင္နံပါတ္ကိုေမးၾကည့္ခ်င္တယ္... ]

စာေလ့လာျခင္းကထိပ္ေျပာင္ေစတယ္ : [ မေမးနဲ႕ မေမးနဲ႕ေနာ္၊ ဘယ္လိုပဲျဖစ္ျဖစ္ နင္တက္နိုင္မွာမွမဟုတ္တာ.. ဘာလို႔နင့္ကိုယ္နင္နာက်င္ေအာင္လုပ္ေနမွာလဲ? ]

ကမာၻပတ္ေနေသာႏြမ္ႏြမ္ : [ မွန္တယ္ ]

ငါးမိနစ္စာလုပ္တစ္နာရီေလျဖတ္ : [ ရွန့္ႏြမ္! နင့္အစ္ကိုကိုငါရမယ္လို႔ထင္ေနတာ... ဘာလို႔အျခားမိန္းကေလးေတြရွိေနရတာလဲ! ]

ကမာၻပတ္ေနေသာႏြမ္ႏြမ္ : [ အဲ့ဒါကိုငါသေဘာတူတယ္လို႔ နင့္ကိုဘယ္သူကေျပာလို႔လဲ? နင္က မမရဲ႕ဆံျခည္မွ်င္တစ္မွ်င္စာနဲ႕ေတာင္ ယွဥ္လို႔မရနိုင္ဘူး! ]

ငါးမိနစ္စာလုပ္တစ္နာရီေလျဖတ္ : [ ဟား ဟား ငါတို႔ဒီစကားေျပာခန္းကိုဖ်က္သိမ္းသင့္ေနၿပီ အရမ္းပလတ္စတစ္ဆန္တာပဲ..... ]

ကမာၻပတ္ေနေသာႏြမ္ႏြမ္ : [ ဘာပဲျဖစ္ျဖစ္ ငါသြားရေတာ့မယ္ မမအတြက္ ငါေရခပ္ေပးဖို႔လိုတယ္! ]

ရွန့္ႏြမ္သည္ သူမဖုန္းကိုအေဝးမွာတင္ထားၿပီး ခြက္သန့္သန့္တစ္ခြက္ထဲသို႔ ေရနည္းနည္းေလာင္းထည့္၏။ ထို႔ေနာက္ ႐ႊီလ်န္ထံသို႔ယူသြားသည္။ ရွန့္ခ်န္ခုန္း၏အခန္းတံခါးပြင့္သြားေပမဲ့ ရွန့္ႏြမ္က မဝင္ခင္ အရင္ဆုံးတံခါးေခါက္ခဲ့သည္။

တံခါးမွေခါက္သံကိုၾကားေတာ့ ႐ႊီလ်န္က ေလယာဥ္ငယ္ေလးကိုေအာက္ခ်ၿပီး ေနာက္လွည့္ၾကည့္ေလသည္။ ရွန့္ႏြမ္က ၿပဳံးရင္းျဖင့္သူမနားေလွ်ာက္လာကာ စားပြဲေပၚတြင္ခြက္အားတင္ထားလိုက္၏။

"မမ ေသာက္လိုက္ပါဦး ညီမအစ္ကိုက မၾကာခင္ျပန္လာေတာ့မွာပါ"

"အင္းပါ ေက်းဇူးပဲေနာ္"

"ရပါတယ္ ရပါတယ္"

သူမေခါင္းယမ္းရင္း ႐ႊီလ်န္အား နည္းနည္းပို၍ေစ့ေစ့စပ္စပ္ၾကည့္ရႈရန္ အခြင့္အေရးယူေန၏။

အျဖဴႏွင့္အနက္ေဒါင္လိုက္အစင္းအကၤ်ီသည္ ဖက္ရွင္က်ၿပီးေခတ္ဆန္ကာ သူမ၏ခါးျမင့္ေဘာင္းဘီရွည္က သူမေျခေထာက္ထိရွည္ေန၏။ သူမခါးထက္ရွိခါးပတ္၌လည္း အစက္အေျပာက္အနည္းငယ္ရွိေနလ်က္ သားေရဂ်က္ကတ္အတိုႏွင့္ သူမ၏ အနက္ေရာင္ေဒါက္ျမင့္ဖိနပ္မ်ားျဖင့္ ဤအမ်ိဳးသမီးငယ္ေလးသည္ သားသားနားနားႏွင့္ေခ်ာေမာေသာခံစားခ်က္အား ခ်န္လွပ္ထားခဲ့သည္။

"လာထိုင္ပါ မတ္တပ္ရပ္ေနစရာမလိုပါဘူး"

ထိုင္ခုံတစ္ခုံကိုဆြဲထုတ္ရင္း ရွန့္ႏြမ္က ႐ႊီလ်န္အား ထိုင္ရန္ဖိတ္ေခၚ၏။ ႐ႊီလ်န္ ထိုင္ခုံကိုၾကည့္လိုက္သည္။ အခန္းထဲမွာ ထိုင္ခုံတစ္လုံးပဲရွိတယ္.. ထို႔ေၾကာင့္ ရွန့္ႏြမ္ကမတ္တပ္ရပ္ေနတဲ့အခ်ိန္မွာ ထိုင္ေနဖို႔က သူမအတြက္သင့္ေတာ္မွာမဟုတ္။

"ရပါတယ္ ရပါတယ္ အစ္မမတ္တပ္ပဲရပ္လိုက္ပါ့မယ္"

႐ႊီလ်န္ၿပဳံးရင္း ေရတစ္ငုံေသာက္လိုက္၏။

ရွန့္ႏြမ္ကိုယ္တိုင္ကလည္း တူညီသည့္အခ်က္ကိုသေဘာေပါက္သြားေသာေၾကာင့္ ရွက္႐ြံ႕လာရေတာ့သည္။

"ညီမအစ္ကိုရဲ႕အခန္းက နည္းနည္းေတာ့က်ဥ္းတယ္၊ အစက ဒီတိုက္ခန္းမွာ အခန္းႏွစ္ခန္းနဲ႕အိမ္ေရွ႕ခန္းတစ္ခန္းရွိတာ... တိုက္ခန္းပိုင္ရွင္က ဧည့္ခန္းကိုခြဲထုတ္လိုက္ၿပီးေတာ့ အခန္းသုံးခန္းနဲ႕အိမ္ေရွ႕ခန္းတစ္ခန္းအျဖစ္လုပ္လိုက္တာ၊ နဂိုက ဒီအခန္းကဧည့္ခန္း... ညီမက အၿမဲလိုလို အေဆာင္မွာပဲေနၿပီး ပိတ္ရက္ေတြက်မွသာအိမ္ျပန္လာတာဆိုေတာ့ ဒီအခန္းကိုညီမအခန္းအျဖစ္တကယ္လိုခ်င္ခဲ့တာ၊ ဒါေပမဲ့ ညီမအစ္ကိုက ဒီအခန္းကိုသုံးဖို႔ပဲတင္းခံေနခဲ့တာေလ။ ၿပီးေတာ့လည္း ေျပာလိုက္ေသးတယ္ ဒီအခန္းကလမ္းအေရွ႕ဘက္မွာရွိတာမလို႔ အရမ္းဆူညံၿပီးေတာ့ ညီမစာေလ့လာတာကိုထိခိုက္လိမ့္မယ္တဲ့"

႐ႊီလ်န္က ေလးေလးနက္နက္ ေခါင္းညိတ္ျပလ်က္ ရွန့္ႏြမ္အားစကားဆို၏။

"မင္းအစ္ကိုက မင္းအေပၚအရမ္းၾကင္နာတာပဲ.. သူ မင္းအတြက္ေမြးေန႕လက္ေဆာင္ေ႐ြးေနတုန္းက အစ္မလဲရွိေနခဲ့တယ္ေလ"

ရွန့္ႏြမ္ အံ့အားသင့္ေနလ်က္

"အိုးမိုင္ေဂါ့! မမ မမက MONSTER ရဲ႕ပိုင္ရွင္ေတာ့မဟုတ္ဘူးမလား?"

႐ႊီလ်န္၏ဆိုင္၌လည္း Weibo page တစ္ခုရွိ၏။ သို႔ေသာ္လည္း သူမထုတ္ကုန္ပစၥည္းေတြ၏ပုံမ်ားသာရွိၿပီး သူမပုံကိုေတာ့ လုံးဝတင္ထားခဲ့ျခင္းမရွိ ၊ ထို႔အျပင္ ရွန့္ႏြမ္က ႐ႊီလ်န္ဆိုင္ကို တစ္ခါမွမေရာက္ဖူးသည့္အတြက္ သူတို႔ခ်င္းလည္း တစ္ေယာက္ႏွင့္တစ္ေယာက္ တစ္ခါမွမေတြ႕ဖူးခဲ့ေခ်။

ဆိုင္ပိုင္ရွင္ကအလြန္လွပၿပီး ဆိုင္၏အလွရသႏွင့္ ေကာင္းေကာင္းလိုက္ဖက္လိမ့္မယ္လို႔ပဲထင္ထားခဲ့တာ....

"အား အား ညီမ အခုနည္းနည္းေလးစိတ္လႈပ္ရွားေနတယ္!"

ရွန့္ႏြမ္မွာ ဝမ္းသာပီတိျဖစ္ေနရင္း သူမမ်က္ႏွာမွာလည္းနီရဲလာေတာ့၏။

"ညီမက မမရဲ႕Weibo ကိုအၿမဲတမ္းေဖာ္လိုလုပ္ထားတာ.. မမလုပ္တဲ့ဖေယာင္းေတြကို ညီမတစ္ကယ္ႀကိဳက္တာ၊ ေနာက္ၿပီး အရင္တစ္ေခါက္က မမေပးတဲ့ကဒ္ျပားေလးကလည္း အရမ္းလွတာပဲ အဲဒါေလးကို ညီမရဲ႕စားပြဲခုံမွာကပ္ထားတယ္!"

႐ႊီလ်န္ အမွန္ျပင္ေပးကာ

"မင္းအစ္ကိုက မင္းအတြက္ဝယ္ေပးခဲ့တာပါ"

"အိုး အတူတူနီးနီးပါပဲ!"

႐ုတ္တရက္ idol အျဖစ္သတ္မွတ္ေပးခံလိုက္ရၿပီး ရွန့္ႏြမ္က သူမအား ေတာက္ပေနေသာမ်က္လုံးမ်ားႏွင့္ၾကည့္ေနသည့္အတြက္ ႐ႊီလ်န္ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္ေနမိသည္။

"မမ မမမွာအလုပ္သင္ကာလရွိလား? ညီမ မမဆီကေန လက္မႈပစၥည္းေတြဘယ္လိုလုပ္လဲဆိုတာ သင္ယူခ်င္တယ္"

ရနံ႕ကုထုံးဖေယာင္းတိုင္မ်ားသည္ အထူးသျဖင့္ စိမ္းသက္သက္ျဖစ္ေနၿပီး တ႐ုတ္ျပည္တြင္ အရမ္းေရပန္းမစားေသးေပ ၊ လူေတြသြားေရာက္သင္ယူနိုင္ေသာသင္တန္းမ်ားရွိေသာ္လည္း ေစ်းမနည္းလွ။ က်န္းေကာ္အာကလည္း ႐ႊီလ်န္ကို သူမဆိုင္၌ သင္တန္းတစ္ခုဖြင့္ရန္ အရင္ကအႀကဳံျပဳခဲ့ဖူးကာ သင္တန္းေၾကးေတြမွလည္း သူမအား ဝင္ေငြေတာ္ေတာ္မ်ားမ်ားရေစလိမ့္မည္ဟုေျပာခဲ့ဖူး၏။ သို႔ေပမဲ့ ႐ႊီလ်န္မွာ သင္တန္းဖြင့္ရန္ အခ်ိန္ႏွင့္အင္အားမရွိ... အထူးသျဖင့္ မ်ားမၾကာမီက ေအာ္ဒါေတြတိုးမ်ားလာခဲ့သည္။

႐ႊီလ်န္ ဤအေၾကာင္းစဥ္းစားလိုက္ၿပီးေနာက္ ျပန္ေျဖ၏။

"အစ္မ အလုပ္သင္ကာလမလုပ္ဘူး ဒါေပမဲ့လို႔ မင္းစိတ္ဝင္စားတယ္ဆိုရင္ အစ္မ မင္းကိုသင္ေပးလို႔ရတယ္"

"တကယ္? ေက်းဇူးတင္ပါတယ္ မမ!"

ရွန့္ႏြမ္ ဤသို႔ေျပာလိုက္သည့္အခ်ိန္၌ သူတို႔သည္ အိမ္ေရွ႕တံခါးဖြင့္သံကို ၾကားလိုက္ရေလသည္။

"ညီမအစ္ကိုပဲျဖစ္မယ္!"

ရွန့္ႏြမ္ အျပင္ေျပးထြက္သြားကာ အမွန္တကယ္ ရွန့္ခ်န္ခုန္းျပန္လာမွန္းျမင္လိုက္ရေလသည္။ သူက ဆား၊င႐ုတ္ေကာင္းမုန့္ စသည့္အမ်ိဳးအစားအခ်ိဳ႕ပါဝင္ေသာေဈးဝယ္အိတ္တစ္အိတ္ကိုကိုင္ထား၏။

"အစ္ကို အမ်ိဳးသမီးေလးတစ္ေယာက္က အစ္ကို႔ကိုရွာေနတယ္"

ရွန့္ႏြမ္က စိတ္လႈပ္ရွားစြာျဖင့္ဆိုလိုက္သည္။

႐ႊီလ်န္သည္ ရွန့္ခ်န္ခုန္းက ခပ္ျပတ္ျပတ္ျပန္ေျဖလိုက္သည္ကို ၾကား၏။ သူမေရခြက္ကိုေအာက္ခ်၍ ႐ႊီလ်န္က ရွန့္ႏြမ္အေနာက္ကလိုက္ကာ အခန္းအျပင္ထြက္လာၿပီး သူ႕ကိုႏႈတ္ဆက္ေလသည္။

"ဟယ္လို"

သူ႕မ်က္ဝန္းေတြျပဴးက်ယ္သြားလ်က္ ရွန့္ခ်န္ခုန္း ေနရာ၌ပင္ အံ့အားသင့္ေနခဲ့သည္။

သူ႕တုံ႕ျပန္ခ်က္အားျမင္ရလိုက္သျဖင့္ ႐ႊီလ်န္က ရွင္းျပရန္လက္ဦးမႈယူကာ

"ရွင့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္က ရွင့္ဒဏ္ရာကပိုဆိုးလာတယ္လို႔ ကြၽန္မကိုေျပာလို႔ပါ... ကြၽန္မကစိုးရိမ္လို႔ တစ္ခ်က္ေလာက္ၾကည့္ဖို႔ေရာက္လာတာ၊ သူကပဲ ကြၽန္မကို ရွင့္လိပ္စာေျပာျပလိုက္တာ"

အတန္ၾကာတိတ္ဆိတ္ေနၿပီးေနာက္ ေနာက္ဆုံးေတာ့ ရွန့္ခ်န္ခုန္း သူ႕ပါးစပ္အားဖြင့္၍ ထစ္ထစ္ေငါ့ေငါ့ႏွင့္ေျပာလာသည္။

"အိုး အာ ဒါက....ကြၽန္ေတာ္......ကြၽန္ေတာ့္ရဲ႕ဒဏ္ရာကအဲေလာက္ထိမဆိုးပါဘူး၊ ကြၽန္ေတာ့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္ထဲကဘယ္တစ္ေယာက္ကမ်ား မင္းကိုေျပာခဲ့တာလဲ?"

"အၿမဲေပ်ာ္ေနတဲ့ပုံေပါက္တဲ့ဝဝနဲ႕ဦးေလးႀကီးေလ"

႐ႊီလ်န္ သ႐ုပ္ေဖာ္ျပ၏။

အာ အရင္တစ္ေခါက္က သူ႕အတြက္ ေအာ္ဒါပို႔ေပးဖို႔ေတာင္းဆိုခဲ့တဲ့ ဝမ္ေကာပဲျဖစ္ရမယ္ ၊ ေလျပတ္လပ္သြားသလိုမ်ိဳးေတာင္ သူခံစားေနရတယ္။ ရွန့္ခ်န္ခုန္း ဆက္ေျပာ၏။

"ဒါ ဒါ ဒါက သူကိစၥေတြကိုအထင္လြဲသြားတာပဲျဖစ္မယ္ ကြၽန္ေတာ္တကယ္အဆင္ေျပပါတယ္"

"ရွင္ ကြၽန္မေအာ္ဒါေတြလာပို႔တာကို ဘာလို႔ရပ္လိုက္တာလဲ"

"......."

ရွန့္ခ်န္ခုန္း သူ႕မသိစိတ္က ပလတ္စတစ္အိတ္အား တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ထားလိုက္မိသည္။ ထို႔ေနာက္

"ေအာ္ဒါေတြက အေျခခံအားျဖင့္ အလ်ဥ္းသင့္သလို သတ္မွတ္ခြဲေဝေပးထားတာ ကြၽန္ေတာ္ အဲဒီေအာ္ဒါေတြကိုမရလိုက္တာျဖစ္မယ္၊ ေနာက္ၿပီး ကြၽန္ေတာ္က ဒီေန႕ပိတ္ရက္ေလ"

႐ႊီလ်န္သည္ သူ႕အေျဖအား တစ္ခဏေလာက္စဥ္းစားၿပီးေနာက္

"ရွင့္ရဲ႕ဒဏ္ရာေတြကေရာ ပိုသက္သာလာၿပီလား"

သူမက အေၾကာင္းအရာကို ေနာက္တစ္ဖန္ျပန္ေျပာလိုက္သည့္အတြက္ ေနာက္ဆုံးေတာ့ ရွန့္ႏြမ္အား သူ႕အစ္ကို၏ႏႈတ္ခမ္းေထာင့္ရွိဒဏ္ရာကို သတိျပဳမိသြားေစခဲ့သည္။ အေရာင္ကအရမ္းမွိန္ေနေသာေၾကာင့္ အရင္က သူမသတိမထားမိခဲ့ ၊ သူမအစ္ကိုမ်က္ႏွာကိုသာ ေစ့ေစ့စပ္စပ္မၾကည့္လိုက္ခဲ့ဘူးဆိုလွ်င္ သူမ အလြယ္တကူသတိထားမိမွာေတာင္မဟုတ္ဘူး။

"အစ္ကို ဘယ္လိုလုပ္ဒဏ္ရာရတာလဲ"

သူ႕ေခါင္းအားအေဝးသို႔လွည့္ရင္း ရွန့္ခ်န္ခုန္းသည္ သူမအၾကည့္ေတြအားေရွာင္ရွားရန္ႀကိဳးစားေန၏။

"ဘာမွမဟုတ္ပါဘူး ဒဏ္ရာေသးေသးေလးပါပဲ၊ ေပ်ာက္ခါနီးေနၿပီ"

႐ႊီလ်န္ ဆက္ေျပာလာသည္။

"ရွင့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေျပာတာ အဲဒီေန႕က ရွင္တိုင္ၾကားစာေတြလည္းရခဲ့ေသးတယ္တဲ့.. ရွင္ကြၽန္မကိုဘာလို႔လိမ္ေျပာခဲ့တာလဲ"

အဲဒီဝမ္ေကာကေတာ့.......တကယ္ႀကီး သူမကိုအကုန္လုံးေျပာျပေနေတာ့တာပဲ။

သူ႕ႏႈတ္ခမ္းအသာသပ္လ်က္

"အဲဒါကအေသးအမႊားကိစၥေလးပါပဲ ကြၽန္ေတာ္က မင္းကိုယ္မင္းအျပစ္မတင္ေစခ်င္လို႔ပါ"

႐ႊီလ်န္ သူ႕ကိုၾကည့္ေနရင္း ေခတၱမွ်တိတ္ဆိတ္ေနခဲ့သည္။ ထို႔ေနာက္ သူမက

"ဘယ္လိုပဲျဖစ္ျဖစ္ ဒီလိုကိစၥေတြျဖစ္ပ်က္ခဲ့တာ ကြၽန္မမွာတာဝန္ရွိေနတုန္းပဲ.. ရွင္ဆုံးရႈံးသြားတာေတြအတြက္ ကြၽန္မရွင့္ကိုေလ်ာ္ေပးပါ့မယ္"

႐ုတ္တရက္ ရွန့္ႏြမ္သည္ သတင္းအခ်က္အလက္အမ်ားႀကီးအား ႀကဳံေတြ႕လိုက္မွန္း ခံစားလိုက္ရသည္။ တာဝန္ရွိတယ္? ဒီမမက သူမအစ္ကိုအေပၚ ဘယ္လိုတာဝန္မ်ိဳးရွိေနတာလဲ?

ရွန့္ႏြမ္က ရွန့္ခ်န္ခုန္းကိုၾကည့္ေနခ်ိန္၌ သူမအမူအရာသည္ ပို၍အဓိပၸာယ္ရွိလွေသာအၾကည့္သို႔ ေျပာင္းလဲသြားေလ၏။

႐ႊီလ်န္ ဤေနရာ၌ရပ္ေနရင္း ႐ုတ္တရက္ သူမသေဘာထားက အရမ္းရန္လိုေနမွန္း သေဘာေပါက္လိုက္သည္။ ဒီေန႕ ဒီေနရာကို သူမလာခဲ့တာက သူ႕ကိုကူညီရန္အတြက္ ၊ သူ႕ကိုစိစစ္ေမးျမန္းဖို႔မဟုတ္ဘူး။

"ေကာင္းၿပီေလ အရင္တစ္ေခါက္က ေဆးဖက္ဝင္အရက္ကိုရွင္ေမ့သြားခဲ့တယ္ အဲဒါေၾကာင့္ ဒီေန႕ ကြၽန္မယူလာခဲ့တယ္၊ ေဆးပုလင္းကကြၽန္မကားထဲမွာ... ကြၽန္မေအာက္ဆင္းၿပီးသြားယူလိုက္ဦးမယ္"

႐ႊီလ်န္စကားေျပာေနသည့္အခ်ိန္တြင္ သူမအသံေလးဟာ ဤတစ္ႀကိမ္၌ အမ်ားႀကီးသက္ေသာင့္သက္သာရွိေန၏။ အျပင္ထြက္ေတာ့မည့္႐ႊီလ်န္ကို ႐ုတ္တရက္ ရွန့္ႏြမ္က အေနာက္မွလွမ္းဆြဲထားလိုက္သည္။ သူမက

"မမ ညစာစားၿပီးမွ ေအာက္ဆင္းၿပီးသြားယူလိုက္ေလ ဒီေလာက္ျမန္ျမန္ႀကီးအလ်င္လိုစရာမလိုပါဘူး"

႐ႊီလ်န္သည္ ဤအႀကဳံျပဳခ်က္ေၾကာင့္ အံအားသင့္သြားရ၏။ ၾကည့္ရတာ သူမ တကယ္ပဲ ကိုးလို႔ကန္းလန့္အခ်ိန္ႀကီးမွာ ေရာက္လာခဲ့တာပဲ ၊ ညစာစားခ်ိန္ေတာင္ေရာက္ေနၿပီ။

ရွန့္ႏြမ္သည္ ႐ႊီလ်န္ကဘာမွထပ္မေျပာလာသည္ကို ျမင္ေသာအခါ သူမေလးက ရွန့္ခ်န္ခုန္းဘက္လွည့္ရင္းေျပာသည္။

"ဟုတ္တယ္မလား အစ္ကို? အရင္ဆုံး အတူတူစားၾကမယ္ေလ"

ရွန့္ခ်န္ခုန္း ​​အခုအခ်ိန္မွာ ရႈပ္ေထြးေနတယ္ ၊ ဆားအနည္းငယ္ဝယ္ၿပီး အိမ္ျပန္လာဖို႔မေမွ်ာ္လင့္ထားသလို သူ႕အိမ္မွာ ႐ႊီလ်န္နဲ႕ေတြ႕ရဖို႔အတြက္လည္း မေမွ်ာ္လင့္ထားခဲ့ဘူး။ ညစာအတြက္ ေနမယ္ဆိုလည္း သူမကိုအျပစ္ေျပာမွာမဟုတ္သလို အကယ္၍ သူမ မေနခ်င္ဘူးဆိုရင္လည္း သူမကိုအျပစ္တင္မွာမဟုတ္ေပ။

ရွန့္ႏြမ္က သူ႕အကၤ်ီလက္ကိုဆုပ္ကိုင္လိုက္ျခင္းေၾကာင့္ သူေျပာလိုက္ရေတာ့သည္။

"အင္း မင္းစိတ္မရွိဘူးဆိုရင္ ခဏေလာက္ထပ္ေနလို႔ရပါတယ္"

႐ႊီလ်န္က ရွန့္ခ်န္ခုန္းအိမ္မွာေနၿပီး စားေသာက္ဖို႔ရည္႐ြယ္ခ်က္မရွိခဲ့ဘူး။ မည္သည့္သတိေပးခ်က္မွမရွိဘဲ သူ႕အိမ္ကိုတိုက္ရိုက္ေမာင္းလာခဲ့တာကတင္ အလြန္ရိုင္းပ်ေနၿပီျဖစ္သည္။ ယခု သူမက ညစာစားရန္အတြက္ တစ္စုံတစ္ေယာက္၏အိမ္မွာေနရမယ္.... လူႀကီးေတြရွိေနတာေတာင္မွေလ။

"ရပါတယ္ မေႏွာင့္ယွက္ေတာ့ပါဘူး၊ ရွင္ဘယ္လိုေနလဲဆိုတာသိခ်င္လို႔ ကြၽန္မကလာခ်င္ခဲ့တာပါ... ရွင္ကအဆင္ေျပတယ္ဆိုေတာ့လည္း ကြၽန္မ အရင္ျပန္ႏွင့္ေတာ့မယ္။ အာ ေနဦး ကြၽန္မ ေဆးပုလင္းယူေပးခဲ့ဦးမယ္"

႐ႊီလ်န္ ေအာက္ထပ္ဆင္းသြားသည္ႏွင့္ သူမေဒါက္ျမင့္ဖိနပ္မွအသံထြက္လာခဲ့သည္။ ရွန့္ႏြမ္က အစ္ကိုျဖစ္သူအားတြန္းလ်က္ သံမဏိမျဖစ္သည့္အတြက္သံကိုမုန္းေနဟန္ျဖင့္*

"အစ္ကို ဘာလုပ္ေနတာလဲ? မမကိုလိုက္ပို႔လိုက္ေလ!"

( * တိုးတက္မႈကိုျမင္ရရန္စိတ္မရွည္သျဖင့္ တစ္စုံတစ္ေယာက္အေပၚမေက်မနပ္ျဖစ္မိျခင္း )

ေနာက္ဆုံးမွာေတာ့ သူ႕မ်က္လုံးေတြဟာ အာ႐ုံျပန္ရလာလ်က္ ကိုင္ထားသည့္ပလက္စတစ္အိတ္ကိုေအာက္ခ်၍ ႐ႊီလ်န္ေနာက္သို႔ေျပးလိုက္သြားေတာ့သည္။

႐ႊီလ်န္ သူမေနာက္ကေျခသံေတြကိုၾကားေသာေၾကာင့္္ ေနာက္လွည့္ၾကည့္၏။ သူမၾကည့္လိုက္ခ်ိန္၌ ေလွကားရင္းဝင္ေပါက္တြင္ ေပၚလာေသာရွန့္ခ်န္ခုန္းအား ျမင္လိုက္ရေလသည္။ ေမာ့ၾကည့္ရင္း သူမေမး၏။

"အျခားတစ္ခုခုရွိေသးလို႔လား"

"........"

႐ႊီလ်န္အၾကည့္ေတြက သူ႕ဆီေရာက္လာေသာေၾကာင့္ ရွန့္ခ်န္ခုန္းတစ္ကိုယ္လုံး အေနရခက္လာေလ၏။ သူ႕လက္ေတြကို ဘယ္ေနရာမွာထားရမလဲေတာင္ သူမသိေတာ့။

"ကြၽန္ေတာ္ မင္းကိုလိုက္ပို႔ေပးမယ္"

႐ႊီလ်န္ ေခါင္းညိတ္ျပလ်က္ အတူတူေအာက္ထပ္မဆင္းခင္ သူမအနားေရာက္လာရန္ သူ႕ကိုေစာင့္ေန၏။

စၾကၤံလမ္းကအရမ္းမက်ယ္ေပ ၊ အကယ္၍ လူႏွစ္ေယာက္က ေဘးခ်င္းယွဥ္ေလွ်ာက္မည္ဆိုပါက သူတို႔ပခုံးေတြက မၾကာမၾကာ ထိမိေနပါလိမ့္မည္။ ရွန့္ခ်န္ခုန္းသည္ သူတို႔ေအာက္သို႔ဆင္းေနစဥ္ နံရံဘက္သို႔ေရာက္ေအာင္ အတက္နိုင္ဆုံးႀကိဳးစားေနခဲ့ၿပီး ေနာက္ဆုံး စၾကၤံလမ္းမွထြက္လာသည့္အခ်ိန္မွသာ အနည္းငယ္စိတ္ေအးသြားေတာ့သည္။

႐ႊီလ်န္က သူမကားထဲမွ ေဆးဖက္ဝင္အရက္ကိုယူၿပီး သူ႕ကိုလက္ကမ္းေပး၏။ သူယူလိုက္ရင္း ရွန့္ခ်န္ခုန္း သူမအားေက်းဇူးတင္လိုက္သည္။

႐ႊီလ်န္ သူ႕ကို စကၠန့္အနည္းငယ္ေလာက္ၾကည့္ေနရင္း ေမး၏။

"ရွင္ကြၽန္မကိုေၾကာက္ေနတာလား?"

"မဟုတ္ပါဘူး မေၾကာက္ပါဘူး"

သူက ႐ႊီလ်န္ကိုေၾကာက္ေနတာမဟုတ္ဘူး ၊ ဒါေပမဲ့ သူမႏွင့္ပတ္သက္တဲ့သူ႕အေတြးေတြအမ်ားႀကီးကို သူမသတိျပဳမိသြားမွာကို သူပိုေၾကာက္ေနတာ။ အကယ္၍မ်ား သူက သူမကိုစိတ္ကူးယဥ္ေနမွန္းသာ သူမသိသြားမည္ဆိုပါက သူမ က်ိန္းေသေပါက္ ေအာ္ဂလီဆန္သြားေပလိမ့္မည္။

႐ႊီလ်န္ ထပ္ေမးလိုသည့္ပုံေပၚေသာ္လည္း အဆုံးမွာေတာ့ သူမအျခားအေၾကာင္းအရာကိုေျပာင္းလိုက္၏။

"ရွင္တကယ္အဆင္ေျပရဲ႕လား"

သူ႕ႏႈတ္ခမ္းေထာင့္ရွိဒဏ္ရာက အမ်ားႀကီးပိုသက္သာလာပုံရ၏။ သို႔ေသာ္ သူမ သူ၏အျခားဒဏ္ရာေတြကိုေတာ့ ျမင္ေတြ႕နိုင္မွာမဟုတ္ဘူး။

သူမ သူ႕အဝတ္အစားေတြကိုခြၽတ္ၿပီး ၾကည့္လို႔ရမွာမဟုတ္ဘူးနဲ႕တူပါတယ္....

__________________

စာေရးသူမွာေျပာစရာရွိပါတယ္ ;

မစိုးရိမ္ပါနဲ႕ ၊ ညီမေလး႐ႊီလ်န္ရဲ႕အေတြးေတြက မင္းတို႔ထက္အမ်ားႀကီးပိုၿပီးအႏၲရာယ္ရွိပါတယ္ :)

*******

Continue Reading

You'll Also Like

1.6M 138K 46
โœซ ๐๐จ๐จ๐ค ๐Ž๐ง๐ž ๐ˆ๐ง ๐‘๐š๐ญ๐ก๐จ๐ซ๐ž ๐†๐ž๐ง'๐ฌ ๐‹๐จ๐ฏ๐ž ๐’๐š๐ ๐š ๐’๐ž๐ซ๐ข๐ž๐ฌ โŽโŽโŽโŽโŽโŽโŽโŽโŽโŽโŽ She is shy He is outspoken She is clumsy He is graceful...
4.7M 297K 108
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
2M 113K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
7.9K 691 15
แ€•แ€Šแ€ฌแ€žแ€„แ€บแ€†แ€ฏแ€›แ€›แ€พแ€ญโ€‹แ€›แ€ฑแ€ธแ€กแ€แ€ฝแ€€แ€บ แ€•แ€ผแ€ญแ€ฏแ€„แ€บแ€†แ€ญแ€ฏแ€„แ€บแ€€แ€ผแ€žแ€Šแ€บแ€™แ€พแ€ฌ โ€‹แ€แ€ฑแ€ฌแ€™แ€ฎแ€ธโ€‹แ€œแ€ฑแ€ฌแ€„แ€บแ€žแ€–แ€ฝแ€šแ€บ แ€กแ€€แ€ปแ€ญแ€แ€บแ€กแ€”แ€šแ€บแ‹ โ€‹แ€€แ€ปแ€ฑแ€ฌแ€„แ€บแ€ธแ€กแ€ฏแ€•แ€บแ€€แ€ผแ€ฎแ€ธแ€›แ€ฏแ€ถแ€ธแ€แ€”แ€บแ€ธโ€‹แ€›แ€พแ€ฑแ€ทแ€แ€ฝแ€„แ€บ 'แ€œแ€„แ€บแ€ธแ€šแ€ฝแ€ฎแ€€แ€ปแ€„แ€บแ€ธ' แ€”แ€พแ€„แ€บแ€ท 'แ€›แ€พแ€”แ€บแ€€แ€ปแ€ฝแ€™แ€บแ€ท'แ€แ€ญแ€ฏแ€ท แ€‘แ€ญแ€•แ€บ...