"အလုပ်တွေတော်ပါတော့ဗျာ မောင့်အနားလာပါတော့..."
ကုတင်အား ကျောမှီထိုင်၍ လက်တော့ပ်တစ်လုံးဖြင့် အလုပ်များနေပေါသော ရှင်းခန့်၏ခါးအားပွေ့ဖက်ကာ ရင်ခွင်ထဲခေါင်းတိုးလာပြီး ဆိုင်းလော့ဒ်က ခပ်ချွဲချွဲလေးပြောသည်။ခွေးပေါက်လေးလို ခေါင်းတိုးဝှေ့၍ ချွဲနေသောကောင်လေး၏ ဆံနွယ်များအား သူငုံ့နမ်းလိုက်ပြီးမှ...
"ခဏလေး ကိုယ် ဒီစာရင်းလေးထည့်ပြီးရင် ပြီးပြီး..."
"ထားလိုက်တော့ကွာ ဘယ်သူ့ကိုမှပြန်ပြရမဲ့ အလုပ်တွေလည်းမဟုတ်ပဲနဲ့ အချိန်ရတုန်းလေး မောင့်ကို အချိန်ပေးပါဦး..."
"သြော်! ဘယ်သူ့မှပြန်မပြရပေမဲ့ စာရင်းကတော့လုပ်ထားရမှာလေ အဲ့ဒါမှ ပျောက်လားရှတာမဖြစ်မှာပေါ့ ကောင်လေးရဲ့ ခဏလေးပဲ ပြီးတော့မယ် ဖယ်ဦး..."
ဆိုင်းလော့ဒ်အား ချော့ချော့မော့မော့လေး ပြောပြီးတော့မှ ကီးဘုတ်ပေါ်မှ လက်တို့ကိုပို၍ ခပ်သွက်သွက်လှုပ်ရှားလိုက်သည်။ဆိုင်းလော့ဒ်ကတော့ မျက်နှာစူပွပွဖြင့် ရင်ခွင်ထဲခေါင်းမှီတင်ထားရာမှ ဖယ်ခွာသွားသည်။
"နိုရာမရှိလို့ အနားကပ်ရမလားမှတ်ပါတယ် ဒီအလုပ်တွေပဲ နောက်နေ့ဆိုခရီးသွားရရင် သုံးရက်တောင်ခွဲရဦးမယ် ပြန်လာရင်လည်း ခင်ဗျားရဲ့ဒူးမနာသမီးလေးက တကောက်ကောက်လိုက်ပြီး ခင်ဗျားကိုအပိုင်လာစီးဦးမယ်.."
ဆိုင်းလော့ဒ် စူပွပွဖြင့်ငြီးငြူနေတော့ သူခပ်ဖွဖွရယ်မိပြီးမှ..
"ကလေးကို ငြိုငြင်နေတယ် အဲ့ဒါ မင်းဒူးနာထားတဲ့သမီးမဟုတ်ဘူးလား..."
"အေး ဒူးနာထားရတဲ့သမီးအရင်း ဖြစ်နေလို့ပေါ့၊မဟုတ်လို့ကတော့ ရိုက်ထုတ်တယ်..."
ကြည့်စမ်း!ကလေးကို....
နှစ်ယောက်သား အပြန်အလှန်စကားပြောဆိုနေဆဲ ဆိုင်းလော့ဒ်၏ဖုန်းက ထမြည်လို့လာသည်။ဖုန်းစခရင်ပေါ်သို့ သူမျက်စိစွေကြည့်မိတော့ သံသာညိုဆိုသော နာမည်ကြောင့် မျက်ခုံးတို့တွန့်သွားရသည်။သို့သော် မသိချင်ယောင်သာဆောင်၍ အကြည့်ကိုလွှဲလိုက်သည်။မရည်ရွယ်သော်လည်း နားကိုတော့စွင့်ထားမိ၏။သံသာညိုက ဒီလိုပဲဖြစ်သည်။ဆိုင်းလော့ဒ်ဆီသို့ မကြာခဏဖုန်းဆက်တက်သည်။အရင်ကတော့ ကိုယ့်ရှေ့မှာပြောကြတာမျိုးလည်းမဟုတ်သလို ကိုယ်တိုင်ကလည်း တမင်ဂရုမစိုက်မိအောင် စိတ်ကိုပြင်ဆင်ထားခဲ့သည်။အခုတော့ သူ့စိတ်လေးက အနည်းငယ်လောက်ဂျစ်တိုက်ချင်နေမိသည်။ဆိုင်းလော့ဒ်၏ အချစ်အပေါ်မှာ ဆိုးသွမ်းကြည့်စိတ်တို့ ဖြစ်ပေါ်လို့နေသည်။
"....."
"အဲ့ဒါဆို သန်ဘက်ခါစောစောလေး ထွက်ကြမယ်လေ..."
"....."
"အခုလား...."
"....."
"အခုတော့ လာလို့မရတော့ဘူးလေ..."
"....."
"နီးတော့နီးပေမဲ့ မလာချင်တော့ဘူးဟာ..."
"....."
"အလုပ်တော့မရှိပါဘူး..."
သံသာညိုက တစ်နေရာသို့လာဖို့ကို ဇွတ်ခေါ်နေပုံရသည်။သူတို့သူငယ်ချင်းအုပ်စုတွေက လူစုံရင်စုံသလို အတူnight outတက်ကြတာကိုလည်း သိထားသည်။ဆိုင်းလော့ဒ်ပြောနေတာတွေကို နားထောင်နေရင်းဖြင့် သူ့စိတ်ထဲ အသည်းတယားယားဖြစ်လာကာ ဒေါသပိစိကွေးက ခုန်ထလို့လာသည်။
!ပြောတော့လည်း တသက်လုံးအတွက် အတည်တွဲတော့မှာဆို...!
!ဘာဖြစ်လဲ ကိုယ့်ချစ်သူနဲ့ အတူရှိနေတာမို့ မလာနိုင်ဘူးလို့ ပြောချလိုက်ပါလား!
!ပြီးတော့ အဲ့ဒီကောင်မလေးက ကိုယ့်အပေါ် မရိုးမသားနဲ့မြောင်းဖောက်နေတာ အသိသာကြီးကို..!
!ဘာလဲ သာယာနေတာလား..!
ဘေးနားမှာ ခပ်ပြုံးပြုံးဖြင့် ဖုန်းပြောနေပါသော ဆိုင်းလော့ဒ်အား မကျေမချမ်းစွေကြည့်ပြီးမှ ပေါင်ပေါ်မှလက်တော့ပ်အားပိတ်ကာ စားပွဲပေါ်သို့လှမ်းတင်လိုက်၏။ပြီးတော့ ကုတင်အားမှီထိုင်နေပါသော ဆိုင်းလော့ဒ်၏ကိုယ်ပေါ်သို့ ဖက်တွယ်၍တက်လိုက်သည်။ဆိုင်းလော့ဒ်က ဖုန်းကြီးကိုင်ထားရင်းဖြင့် ရှင်းခန့်၏ ခါးလေးအားထိန်းဖက်ကာ အံ့သြစွာကြည့်လို့လာသည်။ဆိုင်းလော့ဒ်၏ ပုံစံကြောင့် သူ ညစ်တစ်တစ်ပြုံးလိုက်ပြီးမှ လည်တိုင်းအားတိုးတိုက်နမ်းရှိုက်ပစ်သည်။ဆိုင်းလော့ဒ်၏ ခန္ဓာကိုယ်ကြီး အနည်းငယ် လူးလွန့်သွားပေမဲ့ ဖုန်းကတော့ ကိုင်ထားဆဲဖြစ်သည်။
"နင်ကလည်း လာခဲ့လေဟာ..."
ဖုန်းထဲမှ သံသာညို၏အသံစူးစူးအား နီးကပ်နေတာမို့ သူအတိုင်းသား ကြားနေရသည်။
"အင်း!..."
ဆိုင်းလော့ဒ်က မပွင့်တပွင့်ဖြင့် အင်းလိုက်သည်။သူအမြင်ကပ်လှစွာဖြင့် ထိုကောင်စုတ်၏လည်တိုင်အား နမ်းရှိုက်နေရာမှ ရင်ဘတ်ပေါ်သို့မျက်နှာအပ်ပစ်သည်။ချယ်ရီပွင့်လေးအားလျှာဖြင့် ထိုးကလိနေရင်း ဆိုင်းလော့ဒ်၏ညအိပ်ဘောင်းဘီထဲသို့ လက်လျှိုသွင်းလိုက်သည်။သူ့လက်တစ်ဖက်အား ခပ်ကြမ်းကြမ်းလှုပ်ရှားလိုက်တော့ ဆိုင်းလော့ဒ်တစ်ယောက် မျက်နှာလေးခပ်မော့မော့ ဖြစ်သွားတော့သည်။
"အ့! ဟင်း!..."
"ဟမ်! ဟယ်လို ဆိုင်းလော့ဒ် နင်ဘာပြောတာလဲ..."
"ဘာမှမဟုတ်...အ့!..."
သံသာညိုကိုလည်း ဟန်မပျက် ပြန်ဖြေနေရင်း ရှင်းခန့်၏နှိုးဆွမှုတို့ကြောင့် သူဒုက္ခများနေရသည်။ရှင်းခန့်ကလည်း တမင်သက်သက်ကို သူ့အားညစ်နေတာဖြစ်သည်။ရင်ဘတ်ပေါ်မှတဆင့် တဖြည်းဖြည်းအောက်သို့ ဆင်းသွားကာ သူ့၏အောက်ပိုင်းဒေသအား လွှမ်းမိုးခြယ်လှယ်ဖို့ ကြိုးပမ်းလေသည်။နိုးကြားနေပြီဖြစ်သော သူ့၏အကောင်ငယ်အား နှုတ်ခမ်းဖျားလေးဖြင့် ဖွဖွလေးထိကပ်စုပ်ယူပြီးမှ လျှာဖျားလေးဖြင့် ထိတွေ့ရန်စလာသည်။
"အ့! ဟား!..."
ရှင်းခန့်၏ မထိတထိဖြင့် နှိုးဆွမှုများအား သူတင်းမခံနိုင်စွာပဲ နှုတ်မှထုတ်ဖော်ငြီးငြူမိသည်။အသက်ရှုသံတွေလည်း ပြင်းထန်လို့လာရသလို ခန္ဓာကိုယ်တစ်ခုလုံး အပူချိန်တွေမြင့်တက်လာရတော့သည်။နဂိုထဲကကိုက ရှင်းခန့်မောင်ဆိုတာနှင့် သူ့၏ခန္ဓာကိုယ်က အထိမခံနိုင်စွာ တုံ့ပြန်မှုအားကောင်းသည်မဟုတ်ပါလား။
"နင်ဘာတွေလုပ်နေတာလဲ..."
ဖုန်းကြီးကို အနားကပ်၍ သတိလက်လွတ်အသံထွက်မိတာမို့ တဖက်မှ သံသာညိုသည်လည်း သင်္ကာမကင်းဖြစ်ကာမေးလာတော့သည်။အခုအချိန်မှာ သူမအားပြန်ဖြေရှင်းဖို့ထက်ကို သူ့၏ခန္ဓာကိုယ်ထဲမှ တောက်လောင်နေပြီဖြစ်သော ဆန္ဒတို့ကို ဖြေရှင်းပစ်ဖို့သာ အရေးကြီးနေပြီဖြစ်သည်။သူ ဖုန်းအားနားမှခွာကာ ချပစ်ဖို့ကြိုးစားတော့ ရှင်းခန့်က ခေါင်းထောင်လာပြီး ဖုန်းကိုဆွဲယူသည်။
"မချနဲ့..."
ခပ်ညစ်ညစ်ပြော၍ ပြုံးစစဖြင့် စိန်ခေါ်သလို မျက်စပစ်လာတာမို့ သူ့ခန္ဓာကိုယ်ထဲမှ သွေးတွေပြောင်းပြန်စီးသွားသလိုပင်။ရှင်းခန့်က ဖုန်းအားကိုင်ထားလျှက်ပင် သူ့၏ကိုယ်ပေါ်မှ ဖယ်ခွာသွားပြီး အိပ်ရာပေါ်၌ပက်လက်အနေအထားဖြင့် လဲလျောင်းချသည်။ပြီးတော့ ဖုန်းအားခေါင်းအုံးပေါ်သို့ချလိုက်ပြီးမှ ညဝတ်အင်္ကျီအား ဖြစ်သလိုဆွဲလွဲချွတ်သည်။ပြီးတော့ သူ့၏ရင်ဘတ်ဖြူဖြူလေးများအား ကိုယ်တိုင်ပင် ပွတ်သပ်ဖိချေလို့နေသည်။ညအိပ်မီးရောင်အောက်မှာ ချက်ချင်းမိမွေးတိုင်း ဖမွေးတိုင်းပုံစံဖြစ်သွားသော ရှင်းခန့်အားကြည့်နေရင်း သူ့နှလုံးသွေးတွေဒိန်းကနဲ တိုးဆောင့်သည်။
"ဟယ်လို! ဆိုင်းလော့ဒ် နင်ဘယ်သူနဲ့ရှိနေတာလဲ..."
ဖုန်းထဲမှ သံသာညို၏ ခပ်စူးစူးအသံက အတိုင်းသားထွက်ပေါ်၍လာပြန်သည်။ရှင်းခန့်က သူ့ခါးအားခြေထောက်နှစ်ဖက်ဖြင့် လှမ်းချိတ်တွယ်ပြီးတော့မှ ရင်ဘတ်အင်္ကျီစအား ဆွဲချကာ ညုတုတုအသံမျိုးဖြင့်...
"မောင်! အ့! လာခဲ့တော့..."
မောင်! မောင်တဲ့လား။သူ့ရဲ့အမျိုးသားလေးက သူ့ကိုမောင်လို့ ခေါ်လိုက်တာတဲ့လား။ခေါ်တဲ့ပုံစံကလည်း ကြည့်ကြပါဦး။ကလူသလိုလို မြှူသလိုလိုအနေအထားကြီးဖြင့်။ဒီအခြေအနေကြီးမှာ သူမှမရူးလျှင် ဘယ်သူကရူးရဦးမှာတဲ့လဲ။
ရှင်းခန့်၏ ညုတုတုအသံအနေအထားက မသိလျှင်နှိုးဆွခံရ၍ ဆန္ဒတွေလောင်မြိုက်နေသလိုမျိုး။တမင်လုပ်နေမှန်းသိနေသည့်သူတောင်မှ ရှင်းခန့်၏အသံလေးကြောင့် တစ်ကိုယ်လုံးကြက်သီးဖြန်းဖြန်းထကာ ဆံပင်မွှေးတို့ပင်ထောင်ထသွားသလိုလို။ရှင်းခန့် ဆွဲချသည့်အတိုင်း အလိုက်သင့်လေးပါသွားမိတော့ ရှင်းခန့်က နှုတ်ခမ်းလေးဖြင့် ဆီးကြိုလို့လာသည်။သူ့၏စိတ်တွေ ပို၍ထိန်းချုပ်ရခက်လာကာ နှုတ်ခမ်းလွှာလေးအား အငမ်းမရနမ်းရှိုက်မိသည်။ပြီးတော့ အဝတ်မဲ့နေပြီဖြစ်သော ကိုယ်လုံးလေးအား ဆွဲပွေ့ယူကာ တင်းကြပ်စွာဖြင့် ပွေ့ဖက်ပွတ်သပ်မိသည်။ပြီးတော့ ရင်ဘတ်ဖြူဖြူလေးပေါ်မှ ချယ်ရီပွင့်လေးများအား ခပ်ကြမ်းကြမ်း ထိုးစစ်ဆင်မိသည်။
"အင်း! ဟင်း!..."
ဒီတစ်ခါထွက်ပေါ်လာသော ရှင်းခန့်၏ငြီးငြူသံကတော့ တကယ့်ကို ခံစားချက်တွေမြင့်တက်လာကာ လှိုက်လှိုက်လှဲလှဲဖြစ်လို့နေသည်။
"ဆိုင်းလော့ဒ် နင် နင်!..."
ဖုန်းတဖက်မှ ထွက်ပေါ်လာသော သံသာညို၏အသံလေးအား သူတို့နှစ်ဦး၏ ရမ္မက်စိတ်တို့ပြင်းထန်နေပါသော အသက်ရှုသံပြင်းပြင်းတို့ကသာ ဖုံးအုပ်လွှမ်းခြုံ၍သွားလေသည်။ပြေးကြည့်စရာမလိုပါပဲ တွေးကြည့်ရုံနှင့်ပင် သိသာနေပါသော အခြေအနေကြောင့် ဆက်သွယ်ထားသော ဖုန်းလေးသည်လည်း အံ့သြရှက်ရွံစွာဖြင့်ပင် တိကနဲပြတ်ကျသွားလေတော့သည်။
ဆိုင်းလော့ဒ်၏ အထိအတွေ့များကြား သူလူးလွန့်နေခဲ့ပြီးမှ ဆက်သွယ်မှုပြတ်တောက်သွားပြီဖြစ်သော ဖုန်းလေးအားကြည့်ကာ သူကျေနပ်စွာပြုံးလိုက်မိတော့သည်။ပြီးတော့မှ သူ့၏တစ်ကိုယ်လုံးအား ဝါးမြိုစားသောက်မတက်ဖြစ်ကာ အုံ့မိုးထားပါသော ဆိုင်းလော့ဒ်၏ကိုယ်ကြီးအား တွန်းချပစ်လိုက်ပြီး ကိုယ်တိုင်လည်းလှဲနေရာမှ ကုန်းထလိုက်သည်။
"ဟာ! ဘာလဲ.."
ရုတ်တရက်ပြောင်းလဲသွားသော အခြေအနေကြောင့် သူနားမလည်စွာ ရေရွတ်မိတော့ ရှင်းခန့်က ညဝတ်အင်္ကျီအားကောက်ယူဝတ်ရင်းဖြင့်....
"ကိုယ် စိတ်မပါတော့ဘူး..."
"ဟာ..."
"ဒီည ဟိုဖက်အိမ်ပြန်အိပ်မှာ..."
ရှင်းခန့်က ပြောရင်းဖြင့် နေရာမှထရပ်သည်။
"ဟ!..."
ဆိုင်းလော့ဒ် ပါးစပ်မှလည်း အာမေဋိတ်ပြုရင်း တချက်မှနောက်မကျစေပဲ ရှင်းခန့်၏လက်အား အားသုံး၍ ပြန်ဆွဲချတော့ စွေ့ကနဲပြန်လဲကျလို့လာသည်။ပိန်သွယ်သွယ် ကိုယ်လေးအား အသဲတယားယားဖြင့် ရင်ခွင်အောက်၌ ဖိထားလိုက်ပြီးမှ...
"ဘာလုပ်တာလဲ ခင်ဗျား ဒီမှာ သေတော့မလိုဖြစ်နေမှ..."
ရှင်းခန့်ကလည်း သူ့၏ရင်ဘတ်အား ပြန်တွန်းထားပြီးမှ ခပ်ချဥ်ချဥ်ကြည့်လို့လာပြီး...
"သေလိုက်လေ..."
"ဟ!..."
ရင်ခွင်အောက်မှနေ၍ မျက်ဝန်းစူးစူးလေးများဖြင့် ကတ်ကတ်လန်နေသည့် ပုံစံက သူ့အားအသဲတယားယား ဖြစ်လို့လာစေသည်။နှာခေါင်းထိပ်ဖျားလေးအား သူခပ်ဖွဖွဆွဲလိမ်ပစ်ပြီးမှ
"သေစရာလား မသေဘူး ခင်ဗျားကိုအုပ်ဦးမှာ..."
သူပြောတော့ ရှင်းခန့်က သူ့ရင်ဘတ်အား အတင်းတွန်းထိုးပြီးမှ...
"ခုနကဖုန်းဆက်တဲ့တစ်ယောက်ကို သွားအုပ်လေ.."
ကြည့်စမ်း! ဒါ သူ့ကိုသဝန်တိုတာတဲ့လား။အတွေးနှင့်အတူ အူမြူးသွားရပြီး တသောသောရယ်မိတော့သည်။ပြီးတော့ အနည်းငယ်စူစူပွပွဖြစ်နေသော နှုတ်ခမ်းလေးများအား နမ်းရှိုက်၍ ဖွဖွလေးကိုက်ချပြီးမှ...
"ဟင်အင်း ခင်ဗျားကိုပဲ အုပ်ချင်တာ.."
"ဆောရီးပဲ ကိုယ်စိတ်မပါဘူး..."
ရှင်းခန့်က ပြောရင်းဖြင့် အတင်းရုန်းကန်ထသည်။သူ အတင်းချုပ်ဖက်၍ ပြန်ဖိချထားလိုက်ပြီးမှ...
"အဲ့လိုမရဘူးလေကွာ မောင့်ကို လာဆွပြီးတော့ အကျင့်မယုတ်နဲ့ကွာ..."
တကယ်လည်း ဆိုင်းလော့ဒ်တစ်ယောက် စကားပြောလိုက်တိုင်း အသက်ရှူသံတွေပြင်းထန်လို့နေကာ ထိန်းချုပ်ထားရလွန်းလို့ လည်ပင်းကြောကြီးများပင် ထောင်ထလို့နေလေပြီ။
"ကိုယ်က လူယုတ်မာပဲလေ..."
ရှင်းခန့်က မျက်လုံးလေးပင့်၍ ဂျစ်ကန်ကန်လေးပြောသည်။ဆိုင်းလော့ဒ်အသဲတယားယားဖြင့် ခပ်စိုက်စိုက်ကြည့်ပြီးမှ...
"အိုခေလေ ရတယ်..."
ခေါင်းညိတ်ပြောရင်းဖြင့် လည်တိုင်လေးအား အတင်းအကြပ် တိုးဝှေ့နမ်းရှိုက်ဟန်ပြင်တော့...
"ကိုယ့်ဆန္ဒမပါရင် မင်း မုဒိန်းကျင့်တာပဲနော်..."
သူပြောတော့ ဆိုင်းလော့ဒ်ကလည်း ဂျစ်တစ်တစ်ဖြင့်ခပ်မဲ့မဲ့ ပြုံးပြီး....
"လူယုတ်မာမို့ မုဒိန်းကောင်နဲ့တွေ့တာပေါ့ကွာ..."
ပြောရင်းဖြင့် ဆိုင်းလော့ဒ်က ဇွတ်တရွတ်ဖြစ်လာကာ ရှင်းခန့်၏ ညဝတ်အင်္ကျီအား အကြမ်းပတမ်းဆွဲဖြဲပစ်သည်။
"မင်း!..အု!..."
ငြင်းဆန်ဟန်ပြုနေပါသော ရှင်းခန့်၏အသံလေးတို့ တစ်စွန်းတစ်စဖြင့် ဆိုင်းလော့ဒ်၏ နှုတ်ခမ်းလွှာတို့ကြား တိုးဝင်ပျောက်ကွယ်ကုန်တော့သည်။ကျောပြင်အားထုရိုက်ကာ တွန်းထိုးရုန်ကန်နေသော လက်ချောင်းသွယ်လေးများသည်လည်း တဖြည်းဖြည်းနှင့် ဆိုင်းလော့ဒ်၏ လည်တိုင်အား အလိုအလျောက်ဖယ်တွယ်လို့လာသည်။စက္ကန့်များစွာ ကုန်ဆုံးပြီးချိန်မှာတော့ ငြင်းဆန်သံတို့အစား စိတ်ဆန္ဒပြင်းပြင်းဖြင့် ငြီးငြူးသံသဲ့သဲ့လေးများသာ အစားထိုး၍လာလေတော့သည်။
အချစ်ညတွေဟာ ဘယ်လိုအရောင်အဆင်းများလည်း သူဝေခွဲမတက်တော့ပါ။
အရာအားလုံးဟာ အရှင်သခင်လေး၏အလိုအတိုင်းသာ..
~~~~~~
"ဆိုင်လည်းဖွင့်နိုင်တော့တာမဟုတ်ပဲနဲ့ ဘာလို့စာချုပ်ထပ်ချုပ်လိုက်တာလည်း အခုပဲမန်းလေးသွားရင် လချီကြာဦးမယ်မဟုတ်လား..."
အနူးက အဝတ်အစားအိတ်တွေ ပြင်ဆင်ထည့်ပေးနေရင်း တတွတ်တွတ်ဖြင့်ပြောမဆုံးရှိနေသည်။
"ဒီတစ်ခေါက်က မကြာပါဘူး နှစ်ရက်သုံးရက်ပါပဲ..."
"နှစ်ရက်သုံးရက်လည်း ဒီအခန်းကြီးကအပိုဖြစ်နေတာပဲ အရင်ကတော့ဆိုင်ဖွင့်နေတော့ဟုတ်တာပေါ့ အခုတော့ဒီအတိုင်းအလွတ်ကြီးထားပြီး ပိုက်ဆံအပိုကုန်တာပေါ့ အိမ်မှာနေလည်းရနေတာကို..."
သူမထပ်ပြောတော့ ဆိုင်းလော့ဒ်က ဘာမှထပ်မပြောပဲ မကြားချင်ယောင်ဆောင်လို့နေသည်။ဒီအခန်းကို ဘာများသံယောဇဥ်တွယ်နေလဲ နားကိုမလည်နိုင်။ဟိုတုန်းကတော့ စီးပွားရေးအရမို့ထားပါတော့။အခုတော့ဆိုင်လည်းဖွင့်တော့တာမှမဟုတ်ပဲ။ဆိုင်မဖွင့်တဲ့အပြင် ရန်ကုန်မှာတောင် တစ်လလုံးပြည့်အောင်နေနိုင်တော့တာမဟုတ်။တစ်ကိုယ်ရည်တစ်ကာယ လွတ်လွတ်လပ်လပ်နေချင်သပဆိုလည်း အလုပ်ရှိတဲ့ မန်းလေးမှာပဲနေပါတော့လား။ရန်ကုန်ကိုပဲ အခေါက်ခေါက်အခါခါ ပြန်ပြေးလာနေစရာမှမလိုပဲ။ဒေါ်ဂျာနူး သားဖြစ်သူအား မကျေမလည်တွေးနေရင်းဖြင့် ခရီးဆောင်အိတ်အား ထုပ်ပိုးခြင်းကို လက်စသတ်လိုက်သည်။
"သြော် မကေသီသားလေးက ရှေ့လထဲမင်္ဂလာဆောင်မှာတဲ့ အဲ့ဒါ အစိမ်းလေးတစ်ဆက်လောက် လိုချင်လို့တဲ့ ဟိုတစ်နေ့က ပြောနေတာ အဲ့ဒါပစ္စည်းရရင်သွားပြလိုက်ဦး..."
"အနူးအမျိုးတွေ အကြွေးပဲလာဦးမယ် မရဘူးနော်..."
"ဟဲ့..."
ထိုအခါမှ သားတော်မောင်ဆီမှ အသံထွက်လာတာမို့ ဒေါ်ဂျာနူးဟဲ့ကနဲဖြစ်သွားရသည်။
"သူများသားက second officerဖြစ်သွားပြီနော် အကြွေးလည်း ဆုံးမဲ့သူမဟုတ်ဘူး..."
"မဆုံးမှာသိတယ် ချမ်းသာတာလည်းသိတယ် တမင်တကာစီးပိုးတာလည်းသိတယ် အလကားလိုတာရှိမှအမျိုးလာစပ်ကြတာ ကိုယ်လိုအပ်ရင်တော့ ဆေးဖော်ကြောဖက်လုပ်ချင်တာမဟုတ်ပဲနဲ့ အနူးမို့လို့ဒါတွေကို အကောင်းအကန်းလုပ်နေတယ်..."
သားဖြစ်သူ၏မကျေမချမ်းစကားကြောင့် ကုတင်အောက်မှ အမှိုက်ပုံးအား ဆွဲထုတ်ပြီးတော့မှ ဒေါ်ဂျာနူးခေါင်းမော့လာရသည်။
"အကောင်းအကန်းလုပ်တယ်တော့ ဟုတ်မလား သွေးဆိုတာရေလောက်မကျဲဘူးလေ။ပြီးတော့ နင့်အဝါးရဲ့ တစ်ဝမ်းပဲကွဲတဲ့မရီး။နင်တို့အဝါးက အမျိုးဆိုချစ်တက်နေတာ။
ဆွေမျိုးဆိုတာ မခေါ်ချင်လို့ရတယ် မတော်ချင်လို့တော့မရဘူးလေ.."
"ကျွန်တော်ကတော့ မချစ်ဘူး၊အဝါးလည်း ရှိတော့တာမဟုတ်ဘူး၊တော်ချင်ရင်လည်း အနူးပဲတော်!"
ကြည့်စမ်း!...
ဆိုင်းလော့ဒ်က ဘုဘောက်ကျစွာပြော၍ အခန်းအပြင်သို့ထွက်သွားလေပြီ။ရမ်ဆိုင်းလော့ဒ်ဆိုတာ အဲ့ဒီလိုမျိုး။ဟိုတုန်းထဲက တယူသန်ဆန်ပြီး နားတစ်ဖက်ထဲရှိတဲ့ကောင်။
ခင်ပွန်းသည်ရှိစဥ်တုန်းကတော့ မိသားစုတွေပြည့်ပြည့်စုံစုံဖြင့် ဆွေမျိုးအသိုင်းအဝိုင်းကြား မျက်နှာပွင့်လန်းခဲ့သလောက် ခင်ပွန်းသည်ရုတ်ခြည်ဆုံးပါးခဲ့ရပြီး စီးပွားရေးတွေ ကမောက်ကမဖြစ်ကုန်တော့ ဘဝအခြေအနေတွေက ပြောင်းပြန်လှန်လိုက်သလို ပြောင်းလဲကုန်ရသည်။ကိုယ်ကတော့ လူကြီးပေမို့ လောကဓံ၏အလှည့်အပြောင်းအထုအနှက်ကို ကြံ့ကြံ့ခံရင်းစိတ်ဖြေနိုင်ခဲ့သည်။ဆိုင်းလော့ဒ်ကတော့ငယ်စဥ်ကတည်းက မောက်မာတာမျိုးမဟုတ်သော်လည်း အင်မတန်မာနကြီးတဲ့ကလေးမို့ နိမ့်ပါးစဥ်ကနှိမ့်ချမှုတွေကို အတေးအမှတ်ကြီးနေခဲ့ပုံပင်။
သူမတွေးရင်းဖြင့် သက်ပြင်းအားအသာရှိုက်ပြီးမှ ကုတင်အောက်မှ အမှိုက်ပုံအားဆွဲထုတ်လိုက်သည်။ဆိုင်းလော့ဒ်က ယောက်ျားလေးဆိုပေမဲ့ ပစ်စလက်ခတ်နေတက်သည့်လူမျိုးတော့မဟုတ်ပါ။သို့ပေမဲ့ မအေဆိုတော့တဲ့စိတ်ကလည်း အခက်သားပင်။သားသမီးရဲ့တစ်ကိုယ်တစ်ကာယ ကိစ္စတိုင်း အနည်းနဲ့အများတော့ ဝင်လုပ်ကိုင်ပေးချင်တက်ကြတာမျိုး။ထို့ကြောင့်လည်း သားအမိတွေ အတူမနေဖြစ်ကြတာတောင်မှ တစ်ပတ်တစ်ခါလောက်တော့ ဟင်းချက်ပို့လိုက် အခန်းလာရှင်းလိုက်ဖြင့် လုပ်ပေးဖြစ်သည်။
အိပ်ရာခင်းတွေ ခေါင်းစွပ်တွေကိုဆွဲချွတ်၍ စုသိမ်းကာလျှော်သိမ်းဖို့ ခြင်းထဲပစ်ထည့်ပြီးမှ အမှိုက်အိတ်ကိုတစ်ခါတည်းချွတ်ယူသွားဖို့ စိတ်ကူးမိသည်။ခြင်းထဲစွတ်ထားသော အမှိုက်အိတ်ထဲ ဘီယာဘူးခွံတွေချည်းမို့ ဒေါ်ဂျာနူးနှာခေါင်းရှုံ့လိုက်ပြီးမှ အိတ်အားချွတ်ယူလိုက်သည်။
ခြင်းအလွတ်ထဲ အိတ်အသစ်ပြန်စွပ်ပေးဖို့ပြင်လိုက်ပြီးမှ ခြင်းအောက်ခြေရှိ အဝါနုရောင်အရာတစ်ခုကို တွေ့လိုက်ရတာမို့ သူမ၏မျက်ခုံးတို့တွန့်သွားရသည်။
"ဒါ!...."
အမှိုက်အိတ်ထဲ ကောက်ယူထည့်ဖို့ လက်လှမ်းမိပြီးတော့မှ
ဘာဆိုတာကို စိတ်ကသိလိုက်တာနှင့် လက်တွန့်သွားရသည်။ပြီးတော့မှ ထိုအသုံးပြုပြီးသား အကာအကွယ်ပစ္စည်းအား ကျွတ်ကျွတ်အိတ်နှင့်အတူ တစ်ခါထဲလုံးထွေးကိုင်၍ အမှိုက်အိတ်ထဲထည့်ရခြင်းသို့ရောက်သည်။
!ဒီကောင်လေး ရည်းစားသနာများရှိနေပြီလား!
စိတ်ကတွေးတောမိပေမဲ့ ဖြစ်နိုင်ချေနည်းတာကိုလည်း သိထားသည်။နိုရာ့အမေနှင့်တောင်မှ ဆွေမျိုးတွေစပ်ဟပ်ပေးစားလို့သာ အကြောင်းပါခဲ့ရတာ။ယူပြီးလို့ညားသွားတာပဲရှိသည် ဆိုင်းလော့ဒ်၏ပုံစံက သိပ်ပြီးတော့နှစ်လိုသည့်ဟန်လည်းမရှိခဲ့ပေ။အဲ့ဒီတုန်းကတော့ ယောင်းမတွေ၏တိုက်တွန်းချက်ကြောင့် မျက်စိအေးရအောင် စီစဥ်ခဲ့ပြီးမှ ကိုယ့်သားက နှစ်သက်ဟန်မရှိတော့ သူမစိတ်မောခဲ့ရသေးသည်။သို့သော် ချစ်ခင်စိတ်မရှိ၍ ကြင်နာယုယတာမျိုးမရှိသော်လည်း ဆိုင်းလော့ဒ်က အိမ်ထောင့်တာဝန်တော့ကျေခဲ့သည်ပင်။အခုတော့ နိုရာလေးလည်း ၅နှစ်ကျော်၆နှစ်တောင်ရှိပြီဖြစ်ကာ ဆိုင်းလော့ဒ်သည်လည်း အရွယ်ကောင်းဆဲမို့ နောက်အိမ်ထောင်ထပ်ပြုမည်ဆိုလည်း သူမအနေနှင့်ကတော့ ကန့်ကွက်စရာမရှိပေ။တကယ်ပဲ ချစ်ခင်နှစ်သက်သည့်သူမျိုးဖြစ်ဖို့သာ မျှော်လင့်မိသည်။
အခန်းထဲ ရှင်းစရာရှိသည်များအား ဆွဲလွဲဖြုတ်ချသိမ်းဆည်းနေရင်း ပိတ်ထားသောပြတင်းတံခါးများအား လိုက်ဖွင့်ပစ်ရသည်။
"တံခါးလေးဘာလေး ဖွင့်တာမဟုတ်ဘူး အသက်ရှုကျပ်ရကျပ်နဲ့ ဒီကောင်လေးဟာလေ..."
နှုတ်မှလည်းပွစိပွစိ ပြောရင်းဖြင့် အခန်းတစ်ခုလုံးဆွဲလွဲ သိမ်းဆည်းပြီးတော့မှ အပြင်ထွက်လာတော့ အိမ်ထဲသို့အတူဝင်လာပါသော သားဖြစ်သူနှင့်အတူ သံသာညိုအားတွေ့လိုက်ရသည်။
"အနူး ရောက်နေတာလား.."
ဆိုင်းလော့ဒ်၏ သူငယ်ချင်းအုပ်စုများက သူမအား အနူးဟုသာ ခေါ်ဆိုတက်ကြသည်။
"ဟုတ်တယ် သမီးရေ့ သူ့အခန်းလာရှင်းပေးတာ ညစ်ပတ်ရှုပ်ပွနေတာပဲဆိုတာ..."
"တစ်ယောက်ထဲဆိုတော့ နေချင်သလိုနေနေမှာပေါ့ အိမ်ပြန်ခေါ်သွားတော့ အနူး..."
"ခေါ်နေတာပဲ ဒီအခန်းကိုပဲ သံယောဇဥ်တွယ်ပြီး ဘာကိုမခွာနိုင်ဖြစ်နေလဲမသိဘူး..."
"ဒီမှာက သူကဲချင်တိုင်းကဲလို့ရလို့လေ..."
သံသာညိုကပြောတော့ မိခင်ဖြစ်သူ၏ စူးစမ်းသောမျက်လုံးတို့ ဝင့်တက်လာတာမို့...
"မိကျောင်းမ နင်အာချောင်မနေနဲ့ ကားပေါ်ကသွားစောင့်နေတော့ ငါအခု အထုပ်ယူပြီးလာခဲ့မယ်..."
ဆိုင်းလော့ဒ် ကြားထဲမှနေ၍ စကားဖြတ်လိုက်ပြီးမှ အိပ်ခန်းထဲသို့ အထုပ်ယူဖို့ဝင်ခဲ့လိုက်တော့သည်။မြန်မြန်အထုပ်ယူပြီး မိကျောင်းမကို မြန်မြန်ခေါ်ထုတ်သွားမှကိုရမည်။
"ဟယ် ဒီကောင်လေး စကားကို ဘယ်လိုပြောနေတာလဲ.."
"အနူးသားက အဲ့လိုပဲ သမီးကိုဆို ပြောဆိုဖို့ပဲ..."
"အေးကွယ် ဒီကောင်လေး ဘယ်လိုတောင် ပါးစပ်ဆိုးမှန်းမသိဘူး.."
ဒေါ်ဂျာနူး အားနာဟန်ဖြင့် ပြောနေဆဲ...
"အန်တီ!..."
ဆိုင်ခန်းလေးထဲသို့ လျှောက်ဝင်လာပါသော အရိပ်တစ်ခုကြောင့် စကားစတို့ပြတ်တောက်သွားရသည်။သူမ မော့ကြည့်မိတော့ အခါများစွာက ဆိုင်းလော့ဒ်ဘေးနားမှာ တွေ့ဖူးနေကြပါသော ဟိုဖက်ဆိုင်က ခပ်ချောချော အမျိုးသားပင်။
"သြော်! သား လာလေ ဘာကိစ္စများလဲ..."
"ဆိုင်းလော့ဒ်ရှိလား အန်တီ..."
"သြော် ရှိတယ်သား အထဲမှာ လာ ထိုင်လေ အန်တီခေါ်ပေးမယ်..."
"ရတယ် အန်တီ ကျွန်တော်ဝင်သွားလိုက်မယ်..."
"သြော် အေးအေး အဲ့ဒါဆိုလည်း ဝင်သွားလေ သား..."
နှုတ်ခမ်းတွေက ချိုမြမြဖြင့် ပြုံးရယ်၍ပြောဆိုနေသော်ငြား မျက်လုံးအကြည့်တွေကျ အသက်မဲ့စွာအေးစက်နေသယောင်။သံသာညို အမှတ်တမဲ့ လိုက်ကြည့်မိနေဆဲ ထိုအေးစက်နေသော မျက်ဝန်းအကြည့်များဖြင့် ဖျတ်ကနဲ ဆုံမိလိုက်ချိန်မှာတော့ သူမ၏နှလုံးသားကြီးတစ်ခုလုံး ရေခဲကန်ထဲ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။စက္ကန့်ပိုင်းစာ အချိန်လေးအတွင်းမှာတောင်မှ ထို့အကြည့်များက သူမ၏ တစ်ကိုယ်လုံးအား ရေခဲချွန်များဖြင့်ထိုးစိုက်နေသလိုမျိုး ခံစားလိုက်ရသည်။အိမ်နီးနားချင်းမို့ ဆိုင်းလော့ဒ်နှင့် အတော်လေးရင်းနှီးပုံရသည်။
သူမကတော့ ထိုလူ့ကိုတွေ့လိုက်ရတိုင်း ရင်ထဲမှာထိတ်လန့်ရသလို ခံစားချက်မျိုး စိတ်မလုံခြုံရတဲ့ ခံစားချက်မျိုးဖြင့် မနှစ်မြို့သလိုခံစားနေရတဲ့စိတ်ဟာ ထူးဆန်းလေသည်။
~~~~~
"မင်း သွားတော့မှာလား..."
ရုတ်တရက်ကြီး အခန်းထဲသို့ ရောက်လာပါသော ရှင်းခန့်ကြောင့် သူအံ့သြသွားရသည်။ရှင်းခန့်က သူ့အနားသို့လျှောက်လာရင်းဖြင့် မေးမြန်းလို့လာတာမို့ သူခေါင်းညိတ်ပြီးမှ...
"ဟုတ်တယ်လေ ဘာလို့လဲ မောင် ညထဲကပြောထားတယ်လေ ဒီမနက်သွားမယ်လို့..."
အနားရောက်လာသောသူ၏ ခါးလေးအားဆွဲဖက်ရင်း သူအဖြေပေးမိသည်။
"ဘာလဲ သွားခါနီးအလွမ်းလာသယ်တာလား..."
သူပြောရင်းဖြင့် ထိုအမျိုးသားလေး၏ လည်တိုင်လေးအား တိုးတိုက်နမ်းရှိုက်ပစ်သည်။ရှင်းခန့်ကလည်း အလိုက်သင့်လေးငြိမ်သက်နေပြီးမှ...
"အပြင်ကတစ်ယောက်နဲ့ အတူသွားမှာလို့တော့ မပြောနဲ့နော်..."
"ဟင်!.."
အေးစက်စက်လေးထွက်ပေါ်လာသော စကားကြောင့် သူဟင်ကနဲ ဖြစ်သွားရ၏။ပြီးမှ စိတ်ထဲတမျိုးဖြစ်လာရကာ ရှင်းခန့်၏ မေးဖျားလေးအားဆွဲမော့ကြည့်မိပြီး...
"ဘာဖြစ်လို့လဲ..."
သူမေးမိတော့ ရှင်းခန့်ဆီမှ အေးစက်စက်အကြည့်ကလေးများ ဝင့်တက်၍လာသည်။
"မသွားစေချင်လို့..."
"ခရီးကြုံလိုက်တာပဲ မသွားစေချင်စရာဘာရှိလို့လဲ..."
"မလိုက်ရဘူး..."
"သဝန်တိုနေတာလား..."
"မင်းကရော ကိုယ့်အပေါ်မရိုးသားမှန်းသိနေရဲ့ သာယာနေတာလား..."
ရှင်းခန့်၏ တုံ့ပြန်စကားတို့ကြောင့် သူမျက်ခုံးတို့တွန့်သွားရပြီ...
"မဟုတ်တာ မောင်တို့က အရင်ထဲကလည်းဒီလိုပဲ..."
"အခု ကိုယ်မကြိုက်ဘူး..."
သူ့စကားအား အဆုံးသတ်ခွင့်မပေးပါပဲ အေးစက်ပြတ်တာင်းစွာထွက်ပေါ်လာသော ရှင်းခန့်၏စကားကြောင့် သူရုတ်တရက် ဆွံ့အသွားရသည်။မျက်လုံးတွေစူးရဲကာ တကယ်ကြီး အတည်အကြည် စိတ်ဆိုးနေပါသော မျက်စိရှေ့မှလူဟာ အစဥ်အမြဲနူးညံ့နေတက်သည့်လူနှင့် ပြောင်းပြန်လှန်လိုက်သည့်နှယ်။ဒါက တဇွတ်ထိုးတယူသန်ဖြင့် အတ္တဆိပ်လွန်ကဲတက်တဲ့ ရှင်းခန့်မောင်၏ မျက်နှာတခြမ်းတဲ့လား။သူ ရင်ခွင်ထဲမှလူအား ခပ်စိုက်စိုက်ကြည့်ပြီးတော့မှ....
"အိုခေ ခင်ဗျားသဘော..."
ဆိုင်းလော့ဒ်၏ အလွယ်တကူလိုက်လျောမှုကြောင့် အေးစက်တောင့်ခဲနေသော ရှင်းခန့်၏မျက်ဝန်းလေးတွေ အရောင်ပြောင်းလို့သွားရသည်။ခရီးသွားခါနီး ပြဿနာမဖြစ်ကောင်းမှန်းသိပေမဲ့ ထိုမိန်းကလေးနှင့်ဆိုတာကို သူ့အတ္တစိတ်က ဘယ်လိုမှခွင့်မပြုနိုင်ပေ။ထို့ကြောင့် ထိုမိန်းကလေး၏ ကားကိုလှမ်းမြင်လိုက်တာနှင့် အိမ်ပေါ်မှ သူချက်ချင်းဆင်းလာခဲ့တာဖြစ်သည်။ဘာဖြစ်ဖြစ် ဆိုင်းလော့ဒ်နှင့် အကြီးအကျယ်ရန်သတ်စကားများရတော့မည်ဟု သူတွက်ဆထားခဲ့တာ။
အံ့သြရိပ်လေးများ ဖြတ်ပြေးသွားသော မျက်နှာလေးအားကြည့်၍ ဆိုင်းလော့ဒ် သဘောတကျပြုံမိပြီးမှ နဖူးပြင်လေးအား ခပ်ဖွဖွဖိကပ်နမ်းရှိုက်မိသည်။
"အရာအားလုံး ခင်ဗျားသဘောအတိုင်းပဲလို့ ပြောခဲ့တယ်လေ.."
"...."
"ကျွန်တော်က ကတိတည်ပါတယ်..."
ဒီကောင်လေးကတော့လေ....
သူ ကျေနပ်စွာပြုံးရယ်ရင်း ဆိုင်းလော့ဒ်၏ကိုယ်ကြီးအား တင်းကျပ်စွာတိုးဖက်မိသည်။
ရင်ခွင်ထဲသို့တိုးဝင်လာပါသော ကိုယ်လေးအား သူအလိုက်သင့်ပွေ့ဖက်ပြီးမှ နားသယ်စလေးအား ငုံ့နမ်းလိုက်သည်။ပြီးတော့ ရှင်းခန့်၏နားရွက်နားသို့ကပ်၍...
"ညကားနဲ့မှသွားတော့မှာဆိုတော့ မောင်တစ်နေကုန် အားနေမှာ..."
"...."
"ကတိတည်တဲ့ မောင့်ကို တစ်ခုခုဆုမချသင့်ဘူးလား..."
နားနားကပ်ပြောနေတဲ့ နှစ်ကိုယ်ကြားရုံလေသံ နွေးနွေးက တစ်ကိုယ်လုံးကို နွေးထွေးစွာလွှမ်းခြုံလို့သွားသည်။
အချစ်မှာ နေ့ညမရှိဘူးဆိုတာလည်း ယုံတမ်းစကားလို့ထင်မိခဲ့သမျှ.....
~~~~~~
AN.အားလုံးကို မျက်နှာပူစွာနဲ့ပဲ ခွင့်လေးတင်ပါရစေ။ဒီလကုန်မှာ အလုပ်အင်တာဗျူးတစ်ခု ဖြေဖို့ရှိတာမို့ ကိုယ်နည်းနည်းအလုပ်ရှုပ်နေပါတယ်။အဲ့ဒါမို့ နောက်ထပ်အပိုင်းသစ်လေးကို လကုန်ပြီးမှပဲဆက်upနိုင်မှာပါ။ခွင့်ပေးကြပါဦးနော်❤