Never

By Blacksheep303

24.6K 1.2K 107

ဦးနှောက်က မလုပ်သင့်ဘူးလို့ အကြိမ်ကြိမ် သတိပေးနေပေမယ့် ကိုယ့်ရဲ့ စိတ်ပျော်ရွှင်ရာလေးမို့ အခါခါ ထပ်လုပ်မိနေတာမျ... More

Never (ဘယ်တော့မှ) - 1
Never (ဘယ်တော့မှ) Zawgyi -1
Never (ဘယ်တော့မှ) - 2
Never (ဘယ်တော့မှ) - Zawgyi 2
Never (ဘယ်တော့မှ ) - 3
Never (ဘယ်တော့မှ) - Zawgyi 3
Never (ဘယ်တော့မှ)-4
Never (ဘယ်တော့မှ) - Zawgyi 4
Never (ဘယ်တော့မှ)- 5
Never (ဘယ်တော့မှ) - Zawgyi 5
Never (ဘယ်တော့မှ ) -6
Never (ဘယ်တော့မှ) - Zawgyi 6
Never (ဘယ်တော့မှ)- 7
Never (ဘယ်တော့မှ) - Zawgyi 7
Never (ဘယ်တော့မှ) - 8
Never (ဘယ်တော့မှ) - Zawgyi 8
N ever (ဘယ်တော့မှ) - 9
Never (ဘယ်တော့မှ) -Zawgyi 9
Never (ဘယ်တော့မှ)- 10
Never (ဘယ်တော့မှ) - Zawgyi 10
Never (ဘယ်တော့မှ) - 11
Never (ဘယ်တော့မှ) - Zawgyi 11
Never (ဘယ်တော့မှ) -12
Never (ဘယ်တော့မှ) - Zawgyi 12
Never (ဘယ်တော့မှ) - 13
Never (ဘယ်တော့မှ) - Zawgyi 13
Never (ဘယ်တော့မှ) - 14
Never (ဘယ်တော့မှ) - Zawgyi 14
Never (ဘယ်တော့မှ) - 15
Never (ဘယ်တော့မှ) - Zawgyi 15
Never (ဘယ်တော့မှ) - 16
Never (ဘယ်တော့မှ) - Zawgyi 16
Never (ဘယ်တော့မှ) - 17
Never (ဘယ်တော့မှ) - Zawgyi 17
Never (ဘယ်တော့မှ) - 18
Never (ဘယ်တော့မှ) - Zawgyi 18
Never (ဘယ်တော့မှ) - 19
Never (ဘယ်တော့မှ) - Zawgyi 19
Never (ဘယ်တော့မှ) - 20
Never (ဘယ်တော့မှ) - Zawgyi 20
Never (ဘယ်တော့မှ) - 21
Never (ဘယ်တော့မှ) - Zawgyi 21
Never (ဘယ်တော့မှ) -22
Never (ဘယ်တော့မှ) - Zawgyi 22
Never (ဘယ်တော့မှ) - 23
Never (ဘယ်တော့မှ) - Zawgyi 23
Never (ဘယ်တော့မှ) -24
Never (ဘယ်တော့မှ) - Zawgyi 24
Never (ဘယ်တော့မှ) - 25
Never (ဘယ်တော့မှ) - Zawgyi 25
Never (ဘယ်တော့မှ) - 26
Never (ဘယ်တော့မှ) - Zawgyi 26
Never (ဘယ်တော့မှ) - 27
Never (ဘယ်တော့မှ) - Zawgyi 27
Never (ဘယ်တော့မှ) - 28
Never (ဘယ်တော့မှ) - Zawgyi 28
Never (ဘယ်တော့မှ) - 29
Never (ဘယ်တော့မှ) - Zawgyi 29
Never (ဘယ်တော့မှ) - 30
Never (ဘယ်တော့မှ) - Zawgyi 30
Never (ဘယ်တော့မှ) - 31
Never (ဘယ်တော့မှ) - Zawgyi 31
Never (ဘယ်တော့မှ) - 32
Never (ဘယ်တော့မှ) - Zawgyi 32
Never (ဘယ်တော့မှ) - 33
Never (ဘယ်တော့မှ) - 34 (Final)
Never (ဘယ်တော့မှ) - Zawgyi 34 (Final)
Author's Note (Unicode+ Zawgyi)
Never (ဘယ်တော့မှ) - Special Part
Never (ဘယ်တော့မှ) - Special Part (Zawgyi)

Never (ဘယ်တော့မှ) - Zawgyi 33

151 3 0
By Blacksheep303

၂၀၁၈ ဒီဇင်ဘာ ၁၆ရက်နေ့

ရှောင်းကျန့် သတိရတော့ ဆေးရုံရောက်နေမှန်း သတိပြုမိပါတယ် မိသားစုဝင်အားလုံးလည်း ရောက်နေကြတာပါ

"ဘယ်လိုလုပ် ဆေးရုံရောက်နေတာလဲ"

"ကျန့်ကျန့် သားမပြောတာနဲ့ ပါးပါးမားမားတို့က သားနေတဲ့အိမ်ကို မသိနိုင်တော့ဘူးထင်တာလား ကိုယ့်ကိုထိန်းကျောင်းနိုင်တဲ့ပြီယူဆလို့ လွတ်ထားပေးတာ အခုလို အခန်းထဲမှာ သတိလစ်နေဖို့ မဟုတ်ဘူး ဒီစာက ဘာသဘောလဲ"

မေးတာကို မဖြေဘဲ ရှောင်းကျန့် လိုချင်တာကို ဘဲ ပြောမိပါတယ်

"ရိပေါ်ကို ရှာပေးပါ ပါးပါး  ပါးတို့မားတို့ မရှာပေးရင်လည်း သားကိုယ်တိုင်ရှာရလိမ့်မယ်"

"ကျန့်ကျန့် ဘာကိစ္စနဲ့ ရိပေါ်ကို ရှာမှာလဲ ရိပေါ်ထွက်သွားပြီလေ ကျန့်ကျန့်လဲ စာဖတ်ပြီးပြီမလား တခြားသူနဲ့ လက်ထပ်မယ်လုပ်ပြီး ထွက်သွားတဲ့ ရိပေါ်ကို ဘာကိစ္စရှာမှာလဲ"

ပါးရဲ့ စကားကြောင့် ရှောင်းကျန့် နားလည် သွားအောင်

"ချန်ချန်က ရိပေါ်ရဲ့ သူတောင် မမှတ်မိတော့တဲ့ သူ့ရဲ့ငယ်နာမည် ချန်ချန်က ရိပေါ်ပဲ ဒါကြောင့် ရိပေါ်ကို ရှာရမယ်"

ရိပေါ်ရဲ့ စကားအဆုံး မိသားစုဝင်တွေက ရှောင်းကျန့်ရဲ့ ကျီစားမှုအတိုင်းအတာကို ချက်ချင်းသဘောပေါက်သွားခဲ့ပါတယ် ဒါကြောင့် ပါးပါးက

"မရှာပေးနိုင်ဘူး ဒါ ကျန့်ကျန့် လုပ်လိုက်တာ ဘယ်သူမှ လုပ်တာမဟုတ်ဘူး လက်ထပ်တဲ့ကိစ္စဆိုတာ ကျီစားနေရမယ့်ကိစ္စမဟုတ်တာ ဘာလို့ သွားကျီစားလည်း ကိုယ့်အပစ်နဲ့ ကိုယ်ခံ"

"မခံဘူး ဘာလို့ခံရမှာလဲ သွားရှာပြီး ရှင်းပြရမယ် ပါးတို့မားတို့ မရှာပေးလည်း ကျန့်ကျန့် ကိုယ့်ကိုရှာမယ်"

ပြောလည်းပြော ဆေးရုံကုတင်ပေါ်က နေ Dripသွင်းထားတာတွေ ဆွဲဖြုတ်ပြီး ထသွားဖို့လုပ်နေတာမို့

"ကျန့်ကျန့် တော်သင့်ပြီ ကိုယ့်ကိုကိုယ်အရင်ကြည့်ဦး အခု ဘယ်နှစ်ရက်နေ့ရှိပြီထင်လဲ ကျန့်ကျန့် သတိလစ်နေတာ ၂ရက်ကျော်သွားပြီ ဒီလောက် ကျန်းမာရေး မကောင်းတာ ဘယ်လိုရှာမှာလဲ ပြီးတော့ ရှာတွေ့ရင်ကော ရိပေါ်က ယုံမှာတဲ့လား အခုတစ်မျိုး တော်ကြာတစ်မျိုး အမျိုးမျိုးပြောနေတဲ့လူတစ်ယောက်ကို ယုံမယ်ထင်နေလို့လား"

ပါးပါးစကားကြောင့် ရှောင်းကျန့်တွေဝေသွားတာပါ ဒါပေမယ့်

"ရိပေါ်က ဘယ်ရောက်နေမှန်း မသိတာ ကျန့်ကျန့်က ဘယ်လိုလုပ် စိတ်အေးနိုင်မှာလဲ ပါးပါးကလည်း"

ရှောင်းကျန့်နဲ့ပါးပါး နဲ့ အပြန်အလှန်ပြောဆိုနေကြတာကို ကျန်တဲ့သူတွေက ဘာမှဝင်မပြောဘဲ ကြည့်နေကြရာကနေ

"ရှောင်းပါး ကျန့်ကျန့်လေးကို ပြောပြလိုက်လေ ကလေးကနေမကောင်းတာကို နည်းနည်းလောက် သနားပါဦး"

မားက ဘေးကနေဝင်ပြောတော့မှ ပါးပါးက

"ရိပေါ် ဒီနိုင်ငံမှာ မရှိတော့ဘူး ကိုးရီးယားမှာ Yae Hua Entertainment ရဲ့ Trainee အဖြစ်နဲ့ စာချုပ်ချုပ်လိုက်ပြီ"

"ပါး ဘယ်လိုသိတာလဲ"

"ကျန့်ကျန့် သတိလစ်နေတုန်း အကသင်တန်းမှာ သွားစုံစမ်းကြည့်တော့ ဟိုတစ်လောက Yae Hua က Trainee တွေလာရွေးတော့ ရိပေါ်ပါတယ် ဒါပေမယ့် အဲဒီတုန်းက သူက မသွားဘူး ငြင်းထားတာ Yae Hua ကတော့ စိတ်ပြောင်းသွားရင် ဆက်သွယ်ပါလို့တော့ ပြောသွားတယ်ဆိုလို့ ကိုးရီးယားမှာ ရှိတဲ့ ပါးပါးအသိကို စုံစမ်းခိုင်းလိုက်တာ ၁၂ရက်နေ့တုန်းက စာချုပ်ချုပ်ထားတဲ့ Traineeအသစ်တွေထဲမှာ ဝမ်ရိပေါ် ပါတယ်ပြောတယ် ရိပေါ်က သူ့ဘဝလမ်းကြောင်းသူ ပြန်စနေပြီ သူ့ကို ဒီထက်ပိုပြီး စိတ်ဒုက္ခမပေးနဲ့တော့ ကျန့်ကျန့်"

"သူ့ကို အမှန်ရှင်းပြရမယ်လေ ပါးပါး အဲလိုဆို သူပြန်လာမှာ"

"ပါး ကျန့်ကျန့်ကို အမြဲခွင့်လွှတ်ခဲ့တယ် အခုတစ်ခေါက်တော့ ခွင့်မလွှတ် ချင်တော့ဘူး ကျီစားတယ်ဆိုတာ အတိုင်းအတာရှိတယ်လေ အခုက ရိပေါ်က စိတ်ဓါတ်ခိုင်မာတဲ့ သူမို့လို့ သူ့ဘဝကို သူ မပြိုလဲအောင် ကြိုးစားလိုက်နိုင်တယ်လေ မတော်လို့ အဲလိုမဟုတ်ခဲ့ရင် တချို့ဆို ကိုယ့်ကိုကိုယ် အဆုံးစီရင်တာမျိုးတွေ မူးယစ်ဆေးရဲ့သားကောင် ဖြစ်သွားတာမျိုးတွေတောင် ဖြစ်နိုင်တယ် အဲဒါတောင် အသိတရား မရသေးဘူးလား ကိုယ့်ကိုကိုယ်လည်း ကြည့်ဦး အရမ်းသွေးအားနည်းနေတယ် သွေးတောင် သွင်းထားရတယ် ရန်လီကပြောတယ် ကျန့်ကျန့်မှာ Internal Haemorroid (အတွင်းလိပ်ခေါင်းရောဂါ) ရှိတယ်ဆို မသိမသာနဲ့ Bleedingရထားတာများသွားပုံရတယ် ကိုယ့်ရောဂါကိုယ် အရင်ကု ဦး ကျန့်ကျန့်လုပ်နိုင်တာ တစ်ခုပဲ ရှိတယ် ရိပေါ် ပြန်လာတဲ့စောင့် ဒါပဲ"

ပါးစကားကြောင့် စိတ်တော်တော်ညစ်သွားပါတယ် ဟုတ်လည်း ဟုတ်ပါတယ် ရှောင်းကျန့် နည်းနည်းစတာ များသွားတာ ဒါပေမယ့် ရှောင်းကျန့်သာ ရိပေါ် လက်ထပ်မယ် လုပ်ကြည့်ပါလား ရှောင်းကျန့်က အဆုံးထိ စောင့်ကြည့်မှာ တကယ်ဟုတ်နေရင်တောင် လက်ထပ်ပွဲ ရအောင် ဖျက်ရင်ဖျက် မဖျက်ရင်တောင် သတို့သားကို လက်ထပ်ပွဲမလာနိုင်အောင် လုပ်ထားပစ်မှာ အဆုံးထိ လက်မလွှတ်ဘူး အခုတော့ ရိပေါ်က သူ့ကို လက်လွှတ်သွားတာ နောက်ပြီး ပါးပြောသလို ဆေးကုရမယ်ဆိုရင်တောင် ဒီမှာမကုဘူး ပြန်တွေ့ရမယ့်လူတွေမို့ မျက်နှာပူတယ် ဒါကြောင့်

"ဒီမှာ မကုဘူး နိုင်ငံခြားမှာကုမယ် ပြီးတော့ ဒီမှာ ဒီအတိုင်းတော့ မစောင့်နိုင်ဘူး နိုင်ငံခြားမှာ Fashion နဲ့ ဆိုင်တဲ့ Courseတွေ တက်ပြီး စောင့်မယ်"

"တကယ်ကုမယ် တကယ် သင်တန်းတက်မယ်ဆို ပါးပါးလုပ်ပေးမယ် အဲဒါအကြောင်းပြပြီး ဟိုကနေ တဆင့် ကိုးရီးယားသွားဖို့ မစဉ်းစားနဲ့ ကျန်းလီနဲ့ အတူတူ မောင်နှမ နှစ်ယောက်သွား ဆေးကုပြီးမှ ကျန်းလီ ပြန်လာလိမ့်မယ်"

"မယုံမကြည်နဲ့ဆို မကုဘူး ဟိုမှာလည်း မကုဘူး ဒီမှာလည်း မကုဘူး ယုံကြည်တယ်ဆိုမှ တစ်ယောက်တည်း သွားမှာ တစ်ယောက်တည်းကုမှာ"

မားက အခြေအနေတွေကို ဝင်ထိန်းပေးပါတယ်

"ယုံတယ် ကျန့်ကျန့်လေးကို မားမားယုံတယ်နော် ဆေးတော့ မကုဘဲမနေနဲ့ ကျန့်လေးက လိမ္မာတယ် ရှောင်းပါး ကလေးကို အဲလိုလုပ်မနေနဲ့ သူ့ဘာသာသူ တစ်ယောက်တည်း ရပ်တည်နေတာကြာလှပြီ ကျန့်လေးကို သနားပါဦး ဘယ်လိုပဲ စနောက်တယ်ပြောပြော ကျန့်ကျန့်လေးလည်း ခံစားရတာပဲလေ စီစဉ်ပေးမယ်မလား ကျန့်လေး ဆေးကုဖို့နဲ့ တက်ချင်တဲ့သင်တန်းတက်ဖို့"

"၃ ရက်အတွင်း ဒီက သွားလို့ရအောင် စီစဉ်ပေးမယ် ဆေးရုံချိတ်ပေးမယ် သင်တန်းကတော့ ကျန့်ကျန့်စိတ်တိုင်းကျပဲ ရွေးချယ် ဘယ်နိုင်ငံလဲပြော ကိုးရီးယားကလွဲရင်"

"Switzerland သွားမယ် အဲဒီမှာ ဆေးပညာတိုးတက်သလို Fashion Trendတွေကလည်း ကျန့်ကျန့် သဘောကျတယ်"

ဆေးရုံမှာ သွေးသွင်းလိုက်တာရယ် Dripချိတ်လိုက်တာရယ် ရန်လီကျဲက လိပ်ခေါင်းအတွက် သောက်ဆေးလိမ်းဆေး စီစဉ်ပေးလိုက်လို့ လူက နည်းနည်းထူထူထောင်ထောင် ဖြစ်လာတယ် ဒါပေမယ့် ရင်တုန်သလို လူက တလှပ်လှပ်ဖြစ်နေတာတော့ သတိထားမိတယ် ဒါပေမယ့် ဟိုရောက်မှ သေချာကုမယ်ဆိုပြီး ပေါ့ပေါ့လေး နေလိုက်မိတယ်

နောက်ရက်လည်း နေရော ပါးပါးက ပေကျင်းကနေ Genevaလေယာဉ်လက်မှတ်နဲ့ Passportလာပေးပါတယ်

" ၁၈ရက်နေ့ ညလေယာဉ်နဲ့ စီစဉ်ထားပေးတယ် ဟိုမှာ Hirslanden Clinic La Colline Geneva ဆိုတဲ့ Clinic က Dr. med Pascal Bucher ဆိုတဲ့ ဆရာနဲ့ Appointယူထားတယ် အဲဒါ Haemorrhoid အတွက် နာမည်ကြီးတဲ့ ဆရာပဲ ကျန့်ကျန့်ရောက်ပြီး နောက်ရက်သွားပြလို့ ရတယ် Rue de Cloche Serviced Apartment မှာ Bookingတင်ထားပြီးပြီ Clinic နဲ့လည်း နီးတယ် အဲဒီ Apartment ကဟိုတယ်တွေလိုပဲ ကောင်းတယ် ပါးပါး ၇ရက် နေဖို့လုပ်ထားတယ် ကျန့်ကျန့် ကြိုက်ရင် ဆက်နေ မကြိုက်ရင်လည်း အခန်းတွေ ထပ်ရှာလို့ရပါတယ် ပါးရဲ့ မိတ်ဆွေတွေတော့ မရှိဘူး ဒါပေမယ့် သူတို့ရဲ့ အသိတွေ ရှိတယ် ပါးပါး ဖုန်းနံပါတ်တွေ ချရေးပေးထားတယ် လိုရင် အန်ကယ် ကျိုးကျန်းမင် ရဲ့ မိတ်ဆွေပါဆိုပြီး ဆက်လိုက် သူတို့ကူညီပေးလိမ့်မယ် ဖြစ်ပြီးသွားတာတွေ အတွက် ကိုယ့်ကိုကိုယ် အပြစ်မတင်နဲ့တော့ အကောင်းဆုံးပြန်ပြင်ဆင် ....နည်းနည်း အခြေအနေငြိမ်သွားရင် ပါးပါး ကိုယ်တိုင် ကိုးရီးယားပို့ပေးမယ်နော် အခုတော့ ဆေးအရင်ကုရအောင်နော်"

ပါးပါး စကားကြောင့် ရှောင်းကျန့် ပါးကို ဖက်ငိုမိပါတယ် ငယ်ငယ်တည်းက အမြဲတမ်း အဲလိုပဲ စိတ်ဆိုးလည်းခဏပဲ အမြဲတမ်း ပါးပါးက တာဝန်ကျေတာထက်ကို ပိုခဲ့ပါတယ်
*
*
*
*
*
*
အခု ရှောင်းကျန့် Switzerland နိုင်ငံ Zurich မြို့ကိုရောက်နေတာပါ အိမ်က စီစဉ်ပေးတဲ့နေရာမှာ နေရင် အချိန်မရွေးလိုက်လာမှာ စိုးလို့ Geneva ရောက်တာနဲ့ ရထားနဲ့ Zurich ကို ဆက်လာခဲ့လိုက်တာပါ ရှောင်းကျန့်ကို နောက်ဆုံးတစ်ကြိမ် ခွင့်လွှတ်ပေးဖို့ တောင်းပန်ရင်းနဲ့ပေါ့
ရှောင်းကျန့်က ဆေးအရင်ကုပြီးတာနဲ့ ကိုးရီးယားသွားမှာ အိမ်က တစ်ယောက်တည်း အခုလွတ်လိုက်ပေမယ့် သူတို့အကြောင်းသိတယ် နောက် ၃ရက်လောက်နေရင် မားမားနဲ့ ကျန်းလီကျဲ သေချာပေါက်လိုက်လာမှာ ပြီးရင် ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ပြန်မှာ မဟုတ်ဘူး ဒါကြောင့် ချက်ချင်းပဲ Zurich ကို ဆက်လာခဲ့လိုက်တာ Geneva ရောက်တုန်းကတော့ လေဆိပ်မှာ ရောက်ပြီ စိတ်မပူဖို့ ဖုန်းဆက်ထားပြီးသား နောက်ရက်လောက်မှ Genevaမှာ မရှိမှန်းသိမှာ

ပေကျင်းကနေ Geneva ကို လေယာဉ်စီးလာတာက ၁၀နာရီကျော် လေဆိပ်မှာက ၁နာရီလောက် အချိန်ကုန်ပြီးတော့ Zurich ကိုက ၃နာရီကျော်လောက် ရထားစီးလာရတာကြောင့် တော်တော် ပင်ပန်းနေတာပါ တော်သေးတာက ပေကျင်းမှာကတည်းက အခန်းကြိုရှာခဲ့လို့

ရှောင်းကျန့်ကိုယ်တိုင်ရွေးထားတဲ့ City Stay Furnished Apartment လေး အိပ်ခန်းတစ်ခန်းရယ် TVကြည့် ထမင်းစားလုပ်လို့ရတဲ့ အခန်းလေးတစ်ခန်းရယ် ချက်ပြုတ်ဖို့ မီးဖိုလေးတစ်ခန်းရယ် ၃ခန်းပဲပါပေမယ့် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းလေးမို့ အဆင်ပြေပါတယ်

သိပ်ပင်ပန်းလွန်းလို့ အိပ်လိုက်တာ ဘယ်အချိန်တွေ ရောက်လို့ရောက်မှန်း မသိဖြစ်နေတာ
နာရီ ကြည့်လိုက်တော့ ၄နာရီ ၃၀မိနစ်လို့ပြနေတာပါ ဖုန်းကို အင်တာနက်ချိတ်ပြီး Auto Date and Time Settingချိန်လိုက်တော့ ဒီဇင်ဘာ ၂၁ မနက် ၄နာရီ၃၀မိနစ် တော်တော်လေးကို အိပ်ပျော်သွားတာပါ

အိပ်ရာထဲကနေ ထလာတော့ သတိထားမိတာ သွေးနည်းနည်းကွက်နေတာပါ မြန်မြန်ဆေးခန်းပြရမယ် ရေချိုး သန့်ရှင်းရေးလုပ်ပြီး ဆေး လိမ်းထားလိုက်ပါတယ် ဆေးသောက်မယ်ဆိုပြီး ဆေးကိုမျိုချပြီး ရေနည်းနည်းလေး သောက်ရုံရှိသေးတယ် ဆေးတွေရော ရေတွေပါ ပြန်အန်ထွက်လာလို့ သန့်ရှင်းရေးပြန်လုပ် ဆေးလည်းမသောက်တော့ဘူး ရေပဲသောက်မယ်ဆိုပြီး သောက်လိုက်တာ ဗိုက်ထဲရောက်တာနဲ့ ရေက ပြန်အန်ထွက်လာလို့ ရေတောင် ထပ်မသောက်ရဲအောင်ပဲ ကြည့်ရတာ ဒီက ရေတွေက ကလိုရင်းနံ့ ရလို့ မခံနိုင်တာထင်တယ် မိုးလင်းမှပဲ လိုအပ်တာထွက်ဝယ်မယ်လို့ စိတ်ကူးပြီး ပြန်အိပ်လိုက်ပါတယ်

လိုအပ်တဲ့ ပစ္စည်းတစ်ချို့ နဲ့ ရေသန့်ပုလင်းတွေ ထွက်ဝယ်လိုက်ပါတယ် ခရစ္စမတ်နားနီးတော့ အလှဆင်ထားတာတွေနဲ့ မြို့ကတော်တော်လေးကို လှနေတာပါ ရိပေါ်လေးနဲ့ ခေါ်ပြီး ထပ်လာချင်မိတယ် အခန်းပြန်ရောက်တော့ ရေက တော်တော်ဆာနေပြီမို့ ချက်ချင်းဖောက်သောက်မိပါတယ် အားရပါးရသောက်လို့ မျိုချလို့တောင် မဝသေးဘူး သောက်ထားသမျှ ပြန်အန်ထွက်တော့ တော်တော်ကို မောသွားတာပါ

မောလို့ခရီးပန်းနေလို့နေမှာ ရန်လီကျဲ ထည့်ပေးလိုက်တဲ့ဆေးတွေထဲက အအန်ပျောက်ဆေးလို့ ရေးပေးထားတာကြည့်ပြီး သောက်လိုက်ဦးမှ ဆိုပြီး အအန်ပျောက်ဆေးကို ရေလေးနည်းနည်းလေးနဲ့ သောက်တာတောင် ပြန်အန်ထွက်တာမို့ ကိုယ့်ကိုကိုယ်တောင် လန့်သွားပါတယ်

Googleခေါက်ကြည့်လိုက်တော့ Food Poisoningဖြစ်ရင်လည်း အဲလိုပဲ အရမ်းအန်တယ်တဲ့ Stress အရမ်းများတာတို့ ခရီးသွားလို့ Motion Sickness ရရင်လည်း ဖြစ်တယ်တဲ့ အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းတာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ရေးထားတာမို့ မနေ့က လေယာဉ်ပေါ် စားခဲ့တဲ့အထဲမှာ မတည့်တာပါတာလဲ ဖြစ်နိုင်တာပဲ ခရီးသွားထားတဲ့ ဒဏ်ကြောင့်လည်း နေမှာ ပြန်နားဦးမှ ဆိုပြီး နားလိုက်ပါတယ် ရေဆာလွန်းပေမယ့် ရေတောင်မသောက်ရဲဘူး ပလုတ်ကျင်းသလို အာခေါင်စွတ်အောင်လုပ်ပြီး ထွေးထုတ်တဲ့နည်းနဲ့ သက်သာအောင် လုပ်နေရတယ်

ရေသောက်လို့မရပေမယ့် အစားစားကြည့်မယ်ဆိုပြီး ပေါင်မုန့်လေးနည်းနည်းကို နွားနို့လေးနဲ့ တို့ပြီး မျိုချကြည့်တာ မကြာပါဘူး ပြန်အန်ထွက်တာမို့ လက်လျော့လိုက်ပါတယ် စိတ်ပြေလက်ပျောက် နားဦးမှဆိုပြီး TVဖွင့် ဇာတ်လမ်းကြည့်လိုက်တာ ဇာတ်ကားလေးက မဆိုးဘူး ကြည့်လို့ကောင်းတယ်

မင်းသား ကောင်လေးက အရင်က အရမ်းဆိုးတာ နောက် Accidentကြောင့် အောက်ပိုင်းသေသွားရော သူ့ချစ်သူကလည်း သူ့သူငယ်ချင်းနဲ့ လက်ထပ်သွားတော့ စိတ်ဓါတ်တွေကျနေတဲ့အချိန် အရာရာကို အကောင်းမြင်ပြီး ကြင်နာတတ်တဲ့ မင်းသမီးက သူကိုပြုစုမယ့်သူ အဖြစ်နဲ့ ရောက်လာတာပါ မင်းသမီးလေး ရဲ့ အကောင်းမြင်စိတ်နဲ့ ကြင်နာမှုတွေကြောင့် မင်းသားက ပြန်ပြီး စိတ်ဓါတ်မြင့်တက်လာတဲ့ ကားလေးပေါ့ ကြည့်လို့ကောင်းတယ် စိတ်ဓါတ်ကျ အားငယ်နေရမယ့်အစား ရင်ဆိုင်သင့်တယ် ဟုတ်တယ် ရှောင်းကျန့် ချီးကျူးလို့မှ မဆုံးသေးဘူး မင်းသားက ကိုယ့်ဘဝကိုယ် အခုလို ကုသလို့မရတဲ့ အောက်ပိုင်းသေတဲ့ ဘဝနဲ့ မနေချင်လို့ သူ့ဘဝကြီးကို Switzerlandမှာ ငြိမ်းချမ်းစွာ အဆုံးသတ်ဖို့ စီစဉ်ထားပြီးသားတဲ့လေ

ဇာတ်ကားကြည့်နေရင်းနဲ့ ထင်ထားတာ နောက်ဆုံးမင်းသမီးကို ချစ်တဲ့စိတ်လေးနဲ့ အဆုံးထိရှင်သန်သွားမယ်လို့ ထင်ထားတာ မင်းသမီးကို ချော့မော့ပြီး ထားသွားခဲ့တာ မင်းသမီးကလည်း မင်းသားရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပြီး လက်လွှတ်လိုက်တယ် အချစ်ကို ဦးစားပေးရိုက်ပြသလိုလို နဲ့ Human Rightကို ပြသွားတာ တစ်ဖက်ဆန္ဒကို တစ်ဖက်ကလေးစားပြီး လက်ခံတာကို ပြသွားတာ နဂိုက ဝမ်းနည်းနေတဲ့ ရှောင်းကျန့် တစ်ရှူးတစ်ဗူးကုန်သွားတယ် ဒါရိုက်တာကိုလည်း မမေ့မလျော့ ကျိန်ဆဲလိုက်တယ် ချစ်တဲ့သူတွေကို ပေါင်းခိုင်းလိုက်တော့ ဘာဖြစ်မှာလဲ ဇာတ်ကားနာမည်က Me before You တဲ့ သေချာမှတ်ထားတယ် ကျန်တဲ့သူတွေကို ယောင်လို့တောင် မကြည့်မိစေနဲ့လို့ ပြောရအောင်ပါ

ဇာတ်လမ်းအပြီးမှာ ဒါရိုက်တာ ရစေချင်တဲ့ Message ကဘာလဲမသိပါဘူး ရှောင်းကျန့်ကတော့ အဲလို သေချင်တိုင်း သေလို့ရလို့လား လုပ်ပေးတဲ့သူရောရှိလို့လားဆိုပြီး ရှာကြည့်လိုက်တာ ရှိတယ်ဆိုတာပါပဲ တချို့တိုင်းပြည်တွေမှာ တရားဝင်ခွင့်ပြုထားတယ် တစ်ချို့ကတော့ ခွင့်မပြုထားဘူးတဲ့

အဲလို ဘဝကြီးကို အဆုံးသတ်ပေးတာကို Euthanasias (ယူသနေးစီးယား) လို့ခေါ်တယ်တဲ့ ကုသလို့မရတဲ့ ရောဂါရှိတဲ့သူတွေ အရမ်းကို နာကျင်မှုဝေဒနာကို ခံစားနေရတဲ့ ကင်ဆာနောက်ဆုံးအဆင့်လို လူနာမျိုးတွေ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ရှင်သန်နေထိုင်ရတာ အရမ်းကို ခက်ခဲနေတဲ့သူတွေကို စာနာသောအားဖြင့် သူတို့ရဲ့ ဘဝကို နာကျင်မှုမရှိဘဲ အဆုံးသတ်ပေးတဲ့ Painless Killing ဒါမှမဟုတ် Assistant Suicide တစ်မျိုးပေါ့

အဓိပ္ပါယ်ဖွင့်ဆိုချက် အမျိုးမျိုးနဲ့ ရှင်းပြထားပြီး ကွာခြားချက်နည်းနည်းလေးတော့ရှိတယ် ရှောင်းကျန့်ကတော့ အရမ်းကြီးနားမလည်ပါဘူး ဘာပဲဖြစ်ဖြစ် သေအောင်လုပ်လိုက်ကြတာပါပဲ ခွင့်ပြုထားတဲ့နိုင်ငံတွေကလည်း သိပ်မရှိပါဘူး Switzerland မှာလည်း Euthanasia က Illegal ပါပဲ ဒါပေမယ့် တကယ်သာ ဆန္ဒရှိရင် လုပ်ပေးနေတာမို့ Switzerlandက Euthanasia လုပ်ပေးတဲ့နိုင်ငံတွေထဲမှာ နာမည်ကြီးနေတာပေါ့

တော်ပြီ အိပ်တော့မယ် စိတ်ပြေလက်ပျောက် ကြည့်မိတာ စိတ်မပြေတဲ့အပြင် ငိုယိုနေရတာမို့ ပိုလို့တောင် ပင်ပန်းသွားတာမို့ အိပ်လိုက်ပါတယ် နိုးတာနဲ့ အနီးဆုံး Clinic တစ်ခုကိုသွားပြီး ကုသမှု ခံယူလိုက်တာပါ အခုလောလောဆယ် ဖြစ်နေတဲ့ အရမ်းအန်နေတာကိုပဲ အရင် ကုလိုက်တာပါ နေ့တပိုင်း ဆေးရုံမှာနေပြီး Drip ချိတ်ရတယ် ဆေးမပြောနဲ့ ရေတောင် သောက်လို့မရတာမို့ အအန်ပျောက်ဆေး ထိုးယူရပါတယ် ဆေးသွင်းလိုက်တော့ လူကပြန်ပြီး နည်းနည်း ထူထူထောင်ထောင် ဖြစ်လာတာပါ ညနေပိုင်းလောက်ရောက်တော့ အစာပျော့ပျော့လေး စားလို့ဝင်တယ် ရေလည်းသောက်လို့ရတာမို့ ဆေးရုံက ပြန်ဆင်းခဲ့လိုက်ပါတယ်

ဒီမှာ လိပ်ခေါင်းအတွက် ဘယ်ဆရာဝန်နဲ့ပြရမလဲဆိုတာကို Onlineကနေပဲ ရှာကြည့်တော့ Recommend ပေးထားတာ Hirslanden Klinik မို့ အဲဒီမှာပဲ Appoint ယူထားလိုက်ပါတယ် ရှာဖတ်ကြည့်တာတော့ လိုအပ်ရင် ခွဲစိတ်ကုသမှုလုပ်ရမယ်ဆိုတာကြောင့် မြန်မြန်ခွဲမယ် ပြီးရင် သက်သာတာနဲ့ ကိုးရီးယားသွားမယ်ဆိုပြီး စဉ်းစားထားတာပါ

ဒါပေမယ့် အခြေအနေက မပေးပါဘူး တစ်ရက်လောက် သက်သာတာနဲ့ အရင်လို အရမ်းပြန်အန်တာ ဖြစ်လာတာပါပဲ ပိုဆိုးတာ တစ်ခုက ဗိုက်အရမ်းနာတာပါ နာလိုက်ရင် ချွေးသီးချွေးပေါက်တွေကျလာတဲ့အထိ ဘာမှကို မထနိုင်တဲ့အထိ နာလွန်းအားကြီးလို့ စောင်တွေတောင် ကိုက်ယူရတဲ့အထိကို နာတာပါ အခု အခန်းထဲက အခန်းအပြင်တောင် မထွက်နိုင်ပါဘူး

တစ်ယောက်တည်း အခန်းထဲမှာ နာလွန်းလို့ သတိလစ်သွားတာမျိုးထိ ဖြစ်တာပါ ကူမယ့်သူမရှိတာမို့ ပင်ပန်းနှုံးချိစွာနဲ့ ထလာရာတာမျိုးကြောင့် အိမ်ကို ဖုန်းဆက်ခေါ်လိုက်ရမလားတွေးမိပါတယ် တစ်ဆက်တည်း ကိုယ့်ကိုကိုယ် ကင်ဆာဖြစ်နေတာနဲ့တူတယ်လို့ တွေးမိသွားတာပါ ကင်ဆာနောက်ဆုံးအဆင့်နားရောက်ရင် အဲလို မခံမရပ်နိုင်အောင် နာကြတယ်တဲ့ အစားအသောက်ဆိုလည်း လုံးဝမဝင်တော့တာမျိုး ဖြစ်တယ်

တက္ကသိုလ် တက်တုန်းက တစ်ဖွဲ့တည်းပေါင်းကြတဲ့ သူငယ်ချင်းတစ်ယောက် သည်းခြေအိတ်ကင်ဆာ ဖြစ်တုန်းကလည်း အဲလိုပဲ ဘာမှမစားနိုင် မသောက်နိုင်နဲ့ အန်တာ အန်တာ ရေသောက်ရေအန် အစားစား အစားအန်တာကို သွားသတိရမိတယ် အဲဒီတုန်းက သူက သူငယ်ချင်းတွေကို ဖက်ပြီးငိုတာ ငိုတာ ဘာကြောင့်မှန်းမသိဘူး နောက်ရက်ကျတော့ "နာကျင်ရတဲ့ ဒဏ်တွေကို ထပ်ခံစားချင်တော့ဘူး သိပ်နာတာပဲ"လို့ စာလေးတစ်ကြောင်းတည်းရေးပြီး ကိုယ့်ကိုကိုယ် ဆွဲကြိုးချသေသွားတာ

အခုလည်း ရှောင်းကျန့်ရဲ့ လက္ခဏာတွေက သူနဲ့တစ်ပုံစံတည်းမို့လို့ အိမ်ကိုလည်း ဖုန်းဆက်မခေါ်ရက်တော့ဘူး ကိုယ့်ကိုကိုယ် အားတင်းပြီး ဟုတ်ချင်မှလည်း ဟုတ်မှာပါလို့ ပြန်တွေးပြီး ခဏလောက် စိတ်အေးအေးနဲ့ ပြန်အနားယူ အိပ်စက်လိုက်ပါတယ် နိုးလာရင် သက်သာသွားမှာလို့ ကိုယ့်ကိုကိုယ် အားပေးပြီး နေခဲ့ပေမယ့် အခြေအနေတွေက ပြန်မကောင်းလာခဲ့ပါဘူး

ဘာလုပ်ရမလဲ သူငယ်ချင်းလိုပဲ ကြိုးဆွဲချ သေလိုက်ရမလား လက်ကောက်ဝတ်ကို ဓားနဲ့လှီးလိုက်ရမလား စဉ်းစားကြည့်တော့လည်း မလုပ်ရဲသလို ကိုယ်သေပြီးရင် သူများဒုက္ခရောက် ကျန်ခဲ့ဦးမှာ ဒီApartmentဆိုရင်လည်း လူသေဖူးတယ်ဆိုတဲ့ အမဲစက်က ဖျက်မရအောင် ကျန်ဦးမယ် ပါးပါးမားမားတို့လည်း လိုက်လာပြီး ဖြေရှင်းရဦးမယ် အခြေအနေကို ရင်ဆိုင်ရအောင်လည်း ကိုယ်ခံစားရတဲ့ ဝေဒနာက ကိုယ့်အတွက် အရမ်းကို ဝန်ထုပ်ဝန်ပိုးဖြစ်နေပြန်တယ် ဒါကြောင့် နောက်ဆုံးမှာ စဉ်းစားမိတာ Euthanasia လုပ်ဖို့နဲ့ သေတမ်းစာထားခဲ့ပြီး ရှောင်းကျန့်သေဆုံးပြီး တစ်နှစ်ကြာမှ မိသားစုဆီ အရိုးပြာ ပို့ပေးဖို့သာ ဖြစ်ပါတယ်

ပိုက်ဆံရှိရင် ဘာမဆိုဖြစ်တဲ့ အနေအထားမှာ Euthanasia လုပ်ပေးမယ့် Agentတွေနဲ့ ချိတ်ဆက်လို့ရခဲ့ပါတယ် သူတို့ကတော့ Evidence ပြနိုင်ဖို့ စာရွက်စာတမ်းတွေ လိုအပ်တာကြောင့် ကုသလို့မရတဲ့ ရောဂါဖြစ်နေကြောင်းကို ပြသဖို့ ဆေးစစ်ချက် စာရွက်တွေရှိမှ ရမယ်ဆိုလို့ ရှောင်းကျန့် အခု Hirslanden Klinik မှာ Appointယူထားတဲ့ဆရာနဲ့ မပြတော့ဘဲ Overall Medical Check Up လုပ်မယ် Detailed အားလုံးစစ်မယ် ဆိုပြီး လာပြလိုက်တာပါ

ရှောင်းကျန့် အဲဒီလိုလုပ်လိုက်တာ မှန်ကန်တဲ့လုပ်ရပ် ဖြစ်သွားတာပါ လောကကြီးကို စွန့်ခွါဖို့စိတ်နဲ့ ဆေးရုံရောက်လာတဲ့အချိန်မှာ ရှင်သန်ဖို့ အသည်းအသန် ကြိုးစားနေရှာတဲ့ ပိစိလေး နဲ့ သိခွင့်ရခဲ့ပြီး ရှောင်းကျန့် ဆုံးဖြတ်ချက်တွေ ပြောင်းသွားတာ သူ့လို ပိစိလေးတောင် ရှင်သန်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ရှောင်းကျန့်က ဘာလို့ လောကကြီးထဲကနေ ထွက်သွားရမှာလဲဆိုတဲ့ စိတ်ကြောင့် ဒီနေ့အထိ အသက်ရှင်နေသေးတာ
ဆက်သွယ်မိတဲ့ Agentကလည်း မှန်ကန်တဲ့ Agentမို့လို့ပေါ့ တစ်ချို့Agentတွေက ဘာစာရွက်စာတမ်းမှ မတောင်းပဲ လုပ်ပေးတာမျိုးရှိပါတယ် ပထမတုန်းက အလုပ်ရှုပ်တာမို့ ဘာမှမစစ်တော့ဘဲ ထွက်ခွါသွားလိုက်ဖို့ စဉ်းစားပြီး စာရွက်စာတမ်းမတောင်းတဲ့ Agentနဲ့ပဲ ဆက်လုပ်တော့မယ် စိတ်ကူးသေးတယ်

ဒါပေမယ့် မသေခင်လေးတော့ ငါ့ကို ဒီလောက်တောင် ဒုက္ခပေးတာ ဘာရောဂါလည်းဆိုတာ အတိအကျ သိရတော့ အသေဖြောင့်တာပေါ့လို့ တွေးမိပြီး စိတ်ကူးပြောင်းသွားလို့ ဆေးစစ်ချက်တွေရလာတော့ ကုသလို့မရတဲ့ ရောဂါမဟုတ်ဘူး ကုသလို့ရတာ ကြောင့် ရောဂါကုနေတာနဲ့ ကိုးရီးယားမလိုက်ဖြစ်တော့တာ အိမ်ကိုတော့ Genevaမှာ မဟုတ်ပေမယ့် Switzerlandမှာပဲရှိနေတာမို့ စိတ်မပူကြဖို့ပဲ လှမ်းပြောထားလိုက်တာပါ ကျန်းမာအောင် ဆေးကုနေပြီဆိုတဲ့အကြောင်းရောပေါ့
*
*
*
*
*
Fashion ဒီဇိုင်းအသစ်အတွက် Switzerland အခြေပြုကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်ဖို့အတွက် Genevaရောက်နေတာမို့ အရင်တုန်းက အကြောင်းက ခေါင်းထဲရောက်လာခဲ့တာပါ

ပြန်အဆင်ပြေပေမယ့် ရိပေါ် လက်ထပ်ခွင့်တောင်းတာကို လက်မခံရတဲ့ အကြောင်းရင်းက တစ်ခုပဲရှိပါတယ်  ရိပေါ်ကို ဒုတိယလူဆိုတဲ့ ခံစားချက်မျိုးနဲ့ မဖြစ်စေချင်ဘူး သူက ရိုးသားတယ် အနေအေးတယ် လိမ်ညာလှည့်ပတ်တတ်တာမျိုး နည်းနည်းမှ မရှိတဲ့သူ တစ်ယောက် အနေနဲ့ ပြီးခဲ့တဲ့ ကိစ္စတွေကို တကယ် ဖြစ်သွားခဲ့တာလို့ပဲ

သူက သိနေခဲ့တာ စုံလည်း နည်းနည်းမှ မစုံစမ်းဘူးလေ ကိုယ်တိုင်လည်း မပြောပြချင်တာမို့ လက်မခံဖြစ်သေးတာပါ  လက်မခံဘဲ ထားထားတာ အခု Neverလေးတောင် ၃နှစ်ကျော်လို့ ၄နှစ်ထဲတောင်ရောက်နေပြီမို့ ပြန်ရောက်ရင်တော့ ဖြစ်ခဲ့သမျှကို Neverလေးမွေးနေ့မှာ ပြောပြလိုက်တော့မယ်လို့ စိတ်ကူးလိုက်ပါတယ် ကျန်တဲ့အချိန်တွေကိုတော့ ရိပေါ်လေးရယ် Neverလေးရယ်နဲ့ပဲ ဖြတ်သန်းသွားတော့မယ်လေ သူရော ရှောင်းကျန့်ရော ပျော်ရွှင်ဖို့ရာ အချိန်မဆွဲနေတော့ပါဘူး

*
*
*
*
*
*
*
အခု ရှောင်းကျန့်က အလုပ်ကိစ္စနဲ့ Switzerlandရောက်နေချန် ရိပေါ်လည်း မိန်ကျားရွာက မားမားအိမ် ပြန်ရောက်နေတာပါ ငယ်ငယ်က ဓါတ်ပုံတွေ လာရှာတာ နောက်အပတ်ထဲမှာ ပေကျင်းက မူကြိုတစ်ခုမှာ Varitey Show သွားရိုက်ရတဲ့အခါ ငယ်ငယ်က ဓါတ်ပုံတွေ လိုနေလို့ပါ

အနုပညာရှင်တွေသာမက အောင်မြင်ကျော်ကြားနေတဲ့ အတတ်ပညာရှင်တွေ ရဲ့ ငယ်ဘဝက ဓါတ်ပုံတွေနဲ့ ကလေးတွေကို မိတ်ဆက်ပေးပြီး ကလေးတွေကိုမိတ်ဆက်ပေးပြီး ငယ်ငယ်က ကလေးလေးတွေက တချိန်ချိန်မှာ အခုလို အောင်မြင်ကျော်ကြားတဲ့သူတွေ ဖြစ်လာတယ်ဆိုတာမျိုးလေးပြပြီး ကလေးတွေကို လမ်းပြကြယ်တွေလို လုပ်ပေးရမှာပါ မူကြိုကလေးတွေက နားလည် ကြမှာမဟုတ်ပေမယ့် ဒီအစီအစဉ် ကို လွင့်တဲ့အချိန် နားလည်တဲ့ လူငယ်လေးတွေလည်း ကြည့်ဖြစ်ရင် ကြိုးစားချင်စိတ်ဖြစ်စေဖို့ပါ သိပ်ငယ်သေးတဲ့ ကလေးတွေက ပိုချစ်စရာကောင်းတော့ ကလေးငယ်လေးတွေပါရင် လူတွေက ပိုစိတ်ဝင်စားကြတာမို့ မူကြိုကလေးတွေကို ရွေးပြီး မူကြိုကျောင်းမှာ ရိုက်ဖို့ လုပ်ထားတာပါ တိုက်တိုက်ဆိုင်ဆိုင် အဲဒီမူကြိုက Neverလေးကို ထားထားတဲ့ ပေကျင်းအစိုးရမူကြိုပါ

မားမားကတော့ ပျော်နေတာပေါ့ အလုပ်များလို့ ပြန်မလာဖြစ်တာကြောင့် မားမားနဲ့ အေးအေးဆေးဆေး မနေရဘူးလေ အခုတော့ အလုပ် ကိစ္စနဲ့ တစ်ခါတည်း လာရတော့ ၃ရက်လောက်နေလို့ရအောင် Scheduleတွေ ညှိပြီး ပြန်လာခဲ့တာပါ မားအိမ်မှာ အရင်လို ပြန်နေနိုင်ခဲ့တယ် ဘယ်သွားသွား လွတ်လွတ်လပ်လပ် နေလို့မရခဲ့တာ အခုတော့ မိန်ကျားရွာမှာ သာမန်လို သွားလာနေရတာကြောင့် ရိပေါ် စိတ်လက် ပေါ့ပါးစွာနဲ့ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လည်နေလိုက်တယ် ရွာကလူတွေကလည်း မင်းသားသော ဘာသောနားမလည်ဘူး အရင်လိုပဲ ရိပေါ်ကို ရွာကလူတစ်ယောက်လိုပဲ ဆက်ဆံကြတာမို့ ပိုလွတ်လပ်ပေါ့ပါးနေကြတာပေါ့ ပုံရှာတာကလွယ်တာမို့ မရှာသေးဘဲ မားမားနား ကပ်ချွဲ မားချက်ကျွေးတာတွေစားပြီး နားရက်ယူတာရတာ သိပ်ကောင်းခဲ့တာပေါ့

ကျန့်ကောက လက်ထပ်ခွင့်တောင်းတာကို လက်မခံသေးဘူးလို့ ပြောပြတော့ သူကလည်း နည်းနည်းတော့ စိတ်ကောက်ဦးမှာပေါ့ ဒါပေမယ့် လက်ခံမှာ စိတ်မပူနဲ့ သားကသာ သူဖြစ်စေချင်သလို ခဏခဏသာ လက်ထပ်ခွင့်တောင်း ပေးလိုက် ဟုတ်ပြီလားလို့ သာ အားပေးပါတယ်

နောက်ရက်ဆိုပြန်ရတော့မှာမို့ ငယ်ငယ်တုန်းက Albumတွေတောင်းပြီး ကောင်းနိုးရာရာပုံလေးတွေ ရွေးထုတ်လိုက်နေလိုက်ပါတယ် ကြည့်နေတုန်း ကိတ်မုန့်လေးတစ်ခုမှာ Happy Birthday Chan Chan ဆိုတဲ့ စာသားလေးနဲ့ ဓါတ်ပုံလေးတွေရယ် မွေးနေ့ကိတ်နားမှာ ကလေးတွေ ဝိုင်းနေတဲ့ပုံ မုန့်စားနေကြတဲ့ပုံလေးတွေ တွေ့လို့ ပုံလေးကို ကြည့်ရင်း ထမင်းစားဝိုင်းပြင်ဆင်နေတဲ့ မားကို လှမ်းပြီး

"မား ဒီ ဓါတ်ပုံလေးတွေက ဘယ်သူ့မွေးနေ့မို့လို့ သား ငယ်ငယ်က Album ထဲမှာ ထည့်ထားတာတုန်းမား"

"သား Album ထဲက အားလုံးက သားပုံတွေကြီးပဲ ရိပေါ်"

"ဟုတ်ပါဘူး မားကလည်း ဒီမှာ Happy Birthday Chan Chan လို့ရေးထားတာလေ Chan Chan ကဘယ်သူ့အိမ်က ကလေးလေးတုန်း"

"အဲ ... ရိပေါ် သားငယ်နာမည် ချန်ချန်ဆိုတာ မမှတ်မိဘူးလို့ မားကို မပြောနဲ့နော် သားအသက်၂နှစ်ထိ အဲဒီ အိမ်နာမည်လေးနဲ့လေ ဒါပေမယ့် သားက ထော်နဲ့ ထော်နဲ့ တားနာမည် အိပေါ် အိပေါ်လို့ပဲထော် ဆိုပြီး ခဏခဏပြောလို့ မားတို့ အဲဒီနာမည် မခေါ်ဖြစ်တော့တာလေ မေ့သွားပြီလား အေးလေ ကလေးဆိုတော့လည်း မေ့ရောပေါ့"

ရိပေါ် တစ်ကိုယ်လုံး သွေးတွေပြောင်းပြန်စီးသွားသလိုပါပဲ

"ကျန့်ကော ကရော အဲဒါကို သိလားမား"

"အင်း သိတယ် သူ သားကို မားမားဆီမှာ သားမသိအောင် လာတောင်းတုန်းက သူလည်း အဲဒီပုံတွေ တွေ့သွားလို့ ပြောပြလိုက်သေးတယ်လေ"

လာတောင်းတယ် ကျန့်ကောက သူ့ကို လာတောင်းသေးတာလား မဝံ့မရဲ နဲ့

"မား ကျန့်ကောက ဘယ်သူနဲ့ လက်ထပ်တာလဲဟင်"

"ဪ ဒီကလေးလေးကတော့လေ သားက ကိုးရီးယားသွားလိုက်တော့ သူက ဘယ်လိုလုပ် လက်ထပ်လို့ရတော့မှာလဲ ကျန့်လေးကတော့ ဖုန်းဆက်ပြီး ပြောရှာပါတယ် ရိပေါ်လေးက တစ်မျိုးထင်သွားလို့တဲ့ သူ ကိုးရီးယားလိုက်ပြီး ရှင်းပြလိုက်ပါ့မယ်လို့ ပြောတာပဲ ဒါပေမယ့် သားလည်းပြန်မလာ သူလည်းပြန်မလာဆိုတော့ လူငယ်တွေကိစ္စ သားတို့ချင်းရှင်းပါစေ ဆိုပြီး မားက ဘာမှဝင်မပြောတာ"

"မား ပြောတော့ ကျန့်ကော မင်္ဂလာဝတ်စုံက နဂါးတစ်ကောင်တည်းဆို"

"အေးလေ နဂါးတစ်ကောင်တည်းလေ သူကိုယ်တိုင်ဒီဇိုင်းဆွဲထားတာ တစ်ထည်မှာ တစ်ကောင် နှစ်ထည်ပေါင်းလိုက်ရင် နှစ်ကောင်ဆိုပြီး လုပ်ထားတဲ့ အဲဒီကလေးက အဲဒီဒီဇိုင်းလေးပို့လာတော့ ရွာလူကြီးတွေ မေးကြည့်တော့ အဲလိုဒီဇိုင်းမျိုးဆိုရင်လည်း ရတယ်တဲ့"

မားမား စကားအဆုံး ရိပေါ် မေးရိုးတောင် ပြုတ်ပါတော့မယ် ကျန့်ကောတိုက်တဲ့ Surprisedက ၂နှစ်ကျော်တာတောင် ရိပေါ်ကို ရူးအောင် လုပ်နိုင်တုန်းပဲ ကျန့်ကောရယ် စိတ်ချပါ ကျွန်တော်က ကျန့်ကော ဖြစ်စေချင်တာကို ပြန်ဖြစ်အောင်လုပ်ပေးမယ်လို့ မှတ်ထားလိုက်ပါတယ် မားမား ထုတ်ပြတဲ့ လက်ထပ်ဝတ်စုံကို ကြည့်ပြီးလည်း ရိပေါ် ငိုရသေးတယ်

နောက်ပြီး Neverလေးကို မွေးစားထားတဲ့ စာချုပ်စာတမ်းတွေ လည်း မားနားမှာ အပ်ထားခဲ့တာ ဒါကို ရိပေါ်က မစာမနာနဲ့ Neverလေးကို မစဉ်းစားပေးတဲ့ အဖေအဖြစ်တောင် အပြစ်တင်လိုက်သေးတယ် အစစ အရာရာ ရိပေါ်အတွက်ပဲ လုပ်ထားတာကို ကျန့်ကော ရွေးခိုင်းတဲ့ လမ်းအတိုင်း ရွေးလိုက်ရမှာလို့လဲ မချိတင်ကဲ ဖြစ်မိပါတယ် တော်သေးတယ် ကံကြမ္မာ အဆင်ပြန်ပြေပေးထားလို့ ဖြေသာတာ တော်သေးတယ် ဒီအကြောင်းတွေကို အမှတ်မထင် သိခွင့်ရလို့ အခုတော့ ကျန့်ကောက ရိပေါ်တစ်ယောက်တည်းရဲ့အပိုင်ဆိုတာ သိသွားတာမို့ ကျေနပ်တယ်

*
*
*
*
*
မူကြိုမှာ ရိုက်ကူးလေးရှိတော့ Neverလေးကလည်း ပျော်လို့ပေါ့ ပါပီ ပါပီ ဆိုပြီး အနားမှာပဲနေမှာလုပ်နေလို့ ချော့မော့ပြီး သူ့အခန်းသူ ပြန်ပို့ပေးထားရတယ် ရိုက်ကူးရေးစတော့ မူကြိုရဲ့ ကလေးလေးတွေ ဟောခန်းထဲ အားလုံးပေါင်းပြီး တစ်ချို့ကလေးတွေကို အများရှေ့ထွက်ပြီး ရဲရင့်အောင် စကားပြောတတ်အောင် သင်ထားပေးပြီး လူအများကြီးရှေ့မှာ ကိုယ့်နာမည်ကို မိတ်ဆက်ခိုင်းကြတာပါ မိဘတွေကိုလည်း သေချာကြိုပြီး ကလေးလေးတွေကို ကြိုက်တဲ့ပုံ နဲ့ မိတ်ဆက်တတ်အောင် ကြိုပြီးမှာလိုက်တယ်နဲ့ တူပါတယ် ကလေးပီစိလေးတွေက တစ်ယောက်တစ်မျိုး ပြောသွားတာ အားလုံးချစ်စရာလေးတွေကြီးပါပဲ

ထပြောရမယ့်အထဲမှာ Neverလေးလဲ ပါတယ်လေ ကြည့်ရတာ ရိပေါ်နဲ့ ရင်းနှီးမှန်းသိလို့ ထည့်ပေးထားတာ ထင်တာပဲ Neverလေးက သူ့ဖိုးဖိုးဖွားဖွား နားသင်လာတာလား သူ့ပါးပါးဆီဖုန်းဆက်ပြီးပဲ သင်ထားလား သူ့အန်တီတွေက သင်ပေးလိုက်တာလား မသိပါဘူး ဘယ်လိုပြောမလဲ ကြည့်ရမယ် ကလေးသံလေးဆိုပေမယ့် တခြားကလေးနဲ့ မတူတာက Neverလေးက စကားပီပီသသပြောနိုင်တာပါ လူကြီးလေးလိုပဲ အဲဒီကလေးက

" သားက Neverလို့ ခေါ်ပါတယ်
သားမှာ တရုတ်နာမည်လည်း ရှိပါသေးတယ်
ပါးပါးဆီ သားနာမည်အကြောင်း ဖုန်းဆက်ပြီးမေးထားတာ
သားရဲ့ ပါးပါးက ရှောင်း
သားရဲ့ပါပီက ဝမ်မို့လို့
ပါးပါးက ပါပီ့ကို ချစ်လို့တဲ့ သားနာမည်ကို ရှောင်းအိုက်ဝမ်လို့ ပေးထားတာ
သားပါးပါးက ပြောသေးတယ်  သား နာမည်ကြားတိုင်း သားပါးပါးက ပါ့ပီကိုချစ်တာသိစေချင်လို့ တဲ့
ဒါကြောင့် သားနာမည် ရှောင်းအိုက်ဝမ်ပါ
သားလည်း အဲဒီနာမည်ကို ကြိုက်ပါတယ်"

ရိပေါ် မသိခဲ့ဘူး Neverလေး တရုတ်နာမည်က ရှောင်းအိုက်ဝမ်တဲ့လား ကျန့်ကောက ကျွန်တော့်ကို ဘယ်တုန်းကမှ မချန်ထားခဲ့ဘူးပဲ ကျွန်တော်ကသာ ဒါပေမယ့် အဲဒါအကုန်လုံးကို ပြန်ပြင်ပေးမယ် ကျန့်ကော စိတ်သာချ Neverလေး နာမည်ကြားပြီး ဝမ်းသာတာ လူက မြေကြီးနဲ့တောင် မထိချင်တော့ဘူး ကျန့်ကောက ကျွန်တော့်ကို တစ်ချိန်လုံး ချစ်တာကို ပါးစပ်က မပြောဘဲ လက်တွေ့သက်သေပြခဲ့တယ် ကျွန်တော် ကသာ ချစ်တယ်တဖွဖွပြောပြီး ကောင်းကောင်း သက်သေမပြနိုင်ခဲ့ဘူး ဒီတစ်ခါ ကျွန်တော် သက်သေပြရမယ့် အလှည့်ပဲ..............

Continue Reading

You'll Also Like

37.3K 841 22
They're in third year when the Dekusquad made a bet. Todoroki had to pretend to love Katsuki, but what happens when trust and hearts are broken. The...
469K 31.6K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
5.1K 312 8
''ကောကော '' ''ချီးကိုကောကောလိုက်''
19.7K 1.7K 15
Original Name: 美丽的战士(The Beautiful Warrior) Original Author: SpicyRoastDuck Start date - December 1.2023(Friday) Ending date- Mar 11.2024(Monday)