Never

By Blacksheep303

24.5K 1.2K 107

ဦးနှောက်က မလုပ်သင့်ဘူးလို့ အကြိမ်ကြိမ် သတိပေးနေပေမယ့် ကိုယ့်ရဲ့ စိတ်ပျော်ရွှင်ရာလေးမို့ အခါခါ ထပ်လုပ်မိနေတာမျ... More

Never (ဘယ်တော့မှ) - 1
Never (ဘယ်တော့မှ) Zawgyi -1
Never (ဘယ်တော့မှ) - 2
Never (ဘယ်တော့မှ) - Zawgyi 2
Never (ဘယ်တော့မှ ) - 3
Never (ဘယ်တော့မှ) - Zawgyi 3
Never (ဘယ်တော့မှ)-4
Never (ဘယ်တော့မှ) - Zawgyi 4
Never (ဘယ်တော့မှ)- 5
Never (ဘယ်တော့မှ) - Zawgyi 5
Never (ဘယ်တော့မှ ) -6
Never (ဘယ်တော့မှ) - Zawgyi 6
Never (ဘယ်တော့မှ)- 7
Never (ဘယ်တော့မှ) - Zawgyi 7
Never (ဘယ်တော့မှ) - 8
Never (ဘယ်တော့မှ) - Zawgyi 8
N ever (ဘယ်တော့မှ) - 9
Never (ဘယ်တော့မှ) -Zawgyi 9
Never (ဘယ်တော့မှ)- 10
Never (ဘယ်တော့မှ) - Zawgyi 10
Never (ဘယ်တော့မှ) - 11
Never (ဘယ်တော့မှ) - Zawgyi 11
Never (ဘယ်တော့မှ) -12
Never (ဘယ်တော့မှ) - Zawgyi 12
Never (ဘယ်တော့မှ) - 13
Never (ဘယ်တော့မှ) - Zawgyi 13
Never (ဘယ်တော့မှ) - 14
Never (ဘယ်တော့မှ) - Zawgyi 14
Never (ဘယ်တော့မှ) - 15
Never (ဘယ်တော့မှ) - Zawgyi 15
Never (ဘယ်တော့မှ) - 16
Never (ဘယ်တော့မှ) - Zawgyi 16
Never (ဘယ်တော့မှ) - 17
Never (ဘယ်တော့မှ) - Zawgyi 17
Never (ဘယ်တော့မှ) - 18
Never (ဘယ်တော့မှ) - Zawgyi 18
Never (ဘယ်တော့မှ) - 19
Never (ဘယ်တော့မှ) - Zawgyi 19
Never (ဘယ်တော့မှ) - 20
Never (ဘယ်တော့မှ) - Zawgyi 20
Never (ဘယ်တော့မှ) - 21
Never (ဘယ်တော့မှ) - Zawgyi 21
Never (ဘယ်တော့မှ) -22
Never (ဘယ်တော့မှ) - Zawgyi 22
Never (ဘယ်တော့မှ) - 23
Never (ဘယ်တော့မှ) - Zawgyi 23
Never (ဘယ်တော့မှ) -24
Never (ဘယ်တော့မှ) - Zawgyi 24
Never (ဘယ်တော့မှ) - 25
Never (ဘယ်တော့မှ) - Zawgyi 25
Never (ဘယ်တော့မှ) - 26
Never (ဘယ်တော့မှ) - Zawgyi 26
Never (ဘယ်တော့မှ) - 27
Never (ဘယ်တော့မှ) - Zawgyi 27
Never (ဘယ်တော့မှ) - 28
Never (ဘယ်တော့မှ) - Zawgyi 28
Never (ဘယ်တော့မှ) - 29
Never (ဘယ်တော့မှ) - Zawgyi 29
Never (ဘယ်တော့မှ) - 30
Never (ဘယ်တော့မှ) - Zawgyi 30
Never (ဘယ်တော့မှ) - 31
Never (ဘယ်တော့မှ) - Zawgyi 31
Never (ဘယ်တော့မှ) - 32
Never (ဘယ်တော့မှ) - 33
Never (ဘယ်တော့မှ) - Zawgyi 33
Never (ဘယ်တော့မှ) - 34 (Final)
Never (ဘယ်တော့မှ) - Zawgyi 34 (Final)
Author's Note (Unicode+ Zawgyi)
Never (ဘယ်တော့မှ) - Special Part
Never (ဘယ်တော့မှ) - Special Part (Zawgyi)

Never (ဘယ်တော့မှ) - Zawgyi 32

149 3 0
By Blacksheep303

ရှောင်းကျန့် Planချထားပြီး ဖြည်းဖြည်းချင်းစီ အဆင့်တက်လာတာ အခုတော့ တော်တော်လေး အဆင်ပြေပါတယ် ဒါပေမယ့် Neverလေးကိစ္စနဲ့ ပတ်သက်ပြီး အယူအဆမတူတာကြောင့် ရိပေါ်ဘက်ကလည်း လက်ထပ်ဖို့အကြောင်း မစခဲ့သလို ရှောင်းကျန့်ကလည်း လက်ထပ်ဖို့အကြောင်း မပြောတော့ဘူး

ရှောင်းကျန့်က လက်ထပ်ဖို့ အကြောင်းမပြောတော့တာမဟုတ်ပါဘူး မစဉ်းစားတော့တာပါ ပထမတစ်ခါ လက်ထပ်ခွင့်တောင်းပါလို့ အခွင့်အရေးပေးတာ ရှောင်းကျန့်စတာများသွားလို့ ရိပေါ်ထွက်သွားတယ် ပထမအကြိမ် အငြင်းခံရတာလို့ ယူဆတယ် ချန်ချန်ဆိုတဲ့ ငယ်နာမည်သုံးပြီး Surprisedတိုက် လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားတာလည်း လေထဲ တိုက်အိမ်ဆောက်သလို ဖြစ်သွားတယ် ဒုတိယအကြိမ်မြောက် အငြင်းခံရတယ်လို့ တွက်တယ် နောက် Staff party ညတုန်းက တစ်ခါခွင့်တောင်းတယ် သူ့အကြောင်းပြချက်နဲ့သူ ရိပေါ် လက်မခံခဲ့ဘူး

တတိယအကြိမ်အထိ အငြင်းခံခဲ့ရပြီးပြီ တစ်ခြားသူဆိုရင် ပထမတစ်ခါတည်းနဲ့ ရှောင်းကျန့်က အရမ်းမှတ်ထားတာ ရိပေါ်မို့လို့ ၃ကြိမ်တောင် ရှောင်းကျန့်ကို ငြင်းထားတာမို့ ရှောင်းကျန့်ရဲ့ ခေါင်းထဲမှာရော နှလုံးသားထဲမှာပါ လက်ထပ်ဖို့ဆိုတာ လုံးဝမေ့ထားလိုက်ပြီးသား ချစ်တာက ချစ်တာတစ်ပိုင်း အမှတ်ကြီးပြီး မာနကြီးတာက တစ်ပိုင်းလေ

ဒါပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် ရိပေါ်က Neverလေးကို ဦးစားပေးတာမို့ နောက်ဆုံးအခွင့်အရေးအနေနဲ့ အစီအစဉ်လေး တစ်ခုလုပ်ထားတယ် ရိပေါ် မွေးနေ့ကျရင် Neverလေးကို မွေးနေ့လက်ဆောင် အနေနဲ့ ပေးလိုက်မလို့ သူ့တုန်းကတောင် ကျင်းကော်လေး ပေးသေးတာ ကျင်းကော်လေးလည်း သူများသမီးဘဲ ပြောရမယ်ဆိုရင် အဲဒီတုန်းကတောင် သမီးလေး ပါးပါးကလေးလေး လုပ်နေသေးတာပဲ Neverလေး ကျမှ လက်မခံကြည့် မင်းနဲ့ငါနဲ့တွေ့မယ်လို့ စိတ်ထဲက ကြုံးဝါးထားပြီးသား

အဆင်ပြန်ပြေပြီးကတည်း အလုပ်မှာ မင်းသားနဲ့ Personal Stylist ဆိုတာမျိုးအနေနဲ့ပဲ ပြန်တွေ့ရသေးတာ အဲဒီကတည်းက ပွဲဆက်တွေ
ရိုက်ကူးရေးတွေ အရမ်းများနေလို့ အေးအေးဆေးဆေး မတွေ့ရသေးဘူး တစ်ချို့ရက်တွေဆို ရိုက်ကူးရေးက ည၂-၃နာရီထိ ပြီးရင် မနက်ကို ၈နာရီလောက်ပြန်စတာမျိုးတွေတောင်ရှိတယ် အဲဒါတွေကြောင့် သူထပ်ပြီး ပင်ပန်းမှာစိုးလို့ ရှောင်းကျန့်လည်း Xiao ကုမ္ပဏီကို ဆက်ခံရမှာအတွက် သင်ယူရမှာတွေရှိလို့ မအားဘူးလို့ ပြောထားတာ ဒါတေင် ကိုယ်တော်ချောကတစ်ရက်လောက်လေးတွေ့ခွင့်ပေးဖို့ တဂျီဂျီနဲ့ တောင်း ဆိုနေတာကြောင့် အခု July ၂၇ရက်နေ့ ကို ကွန်ဒိုမှာ စောင့်နေမယ်လို့ ပြောပြီး ရှောင်းကျန့် လာစောင့်နေတာ

ရောက်တာနဲ့ ရေချိုးအဝတ်အစားလဲ ပေါ့ပေါ့ပါးပါး ဝတ်ပြီး ရိပေါ်က ဖားဟူးခေါက်ဆွဲ အမဲလုံးများများနဲ့ ကြိုက်တတ်မှန်းသိတော့ အဲဒါလေး ချက်ထားပေးရင်း သူ့ကို စောင့်လိုက်ပါတယ် ဒီတစ်ခေါက် ကျင်းကော်လေးပါ ခေါ်လာခဲ့တယ် ကျင်းကော်နဲ့ ရိပေါ် မတွေ့ရတာ ကြာလှပြီ

ကျင်းကော်လေး ကို မမေးပုံထောက် မရှိတော့ဘူးလို့ ထင်လို့နေမှာ အခုအားလုံးပြင်ဆင်ပြီးတော့ ည၇နာရီပဲရှိသေးတယ် ရိုက်ကူးရေးပြီးတာနဲ့ တန်းလာခဲ့မယ်လို့ ပြောထားတာမို့ ရိုက်ကူးရေးက ဘယ်အချိန်ပြီးမယ်မှန်း တွက်လို့မရတာကြောင့် နိုဝင်ဘာလထဲမှာ လုပ်မယ့် Paris Fashion Week မှာ ဝင်ပြိုင်မယ့် Fashion ဒီဇိုင်းပြိုင်ပွဲ အတွက် ဒီဇိုင်းဆွဲရင်း စောင့်နေလိုက်ပါတယ် စောင့်ရမှာမကြိုက်ပေမယ့် ရိပေါ်ကို ကြိုက်မိတာကြောင့် စောင့်တာကိုပဲ မကြိုက်ချင်လည်း လုပ်နေခဲ့ရပြီ ဘယ်အတိုင်းအတာထိ စောင့်နိုင်မယ်ဆိုတာကို တော့ ကိုယ်တိုင်လည်း မသိတော့ဘူး

ည ၁၂ထိုးတာတောင် မရောက်သေးတာမို့ အိပ်ချင်လာတာကြောင့် စောင့်နေတဲ့ သဘောလည်း သက်ရောက်အောင် ဧည့်ခန်းက ဆိုဖာပေါ်မှာပဲ အိပ်စောင့်နေလိုက်ပါတယ်

အိပ်နေရင်းနဲ့ အေးလာတာကြောင့် AirCon ထပိတ်ဦးမှလို့ စိတ်ကူးမိပေမယ့် Remote Control လိုက်စမ်းတာ မျက်လုံးက ဖွင့်လို့မရ ရှောင်းကျန့်က အရမ်း အအိပ်မက်တာကြောင့် အအေးပတ်လည်း နေပလိမ့်စေ မထတော့ဘူးလို့ ဆုံးဖြတ်ပြီး ပြန်အိပ်လိုက်တာပါ ဒါပေမယ့် အိမ်မက်ထဲထိတောင် လိုက်နှောင့်ယှက်နေတဲ့ ရိပေါ်ကြောင့် အိပ်မရ အိပ်မက်ထဲမှာတောင် ရှောင်းကျန့်ကို လာပြီး Bjပေးနေသေးတာ မလွယ်ကြောလေးက အိမ်မက်ကလည်း မက်လို့ကောင်းလိုက်တာ တကယ်ကြီးလို ခံစားနေရတာကိုး ဒါကြောင့် မျက်လုံးမိတ်ပြီးပြုံးမိတယ် မကြာပါဘူး ကိုယ့်ဘာသာကို Ejaculation ဖြစ်ပြီး ပြီးမြောက်သွားတာသိလိုက်သလိုပဲ အသက်ကြီးမှ Wet-Dream တွေမက်နေပြန်ပါပြီ တော်ပြီမနက်ရောက်မှ ထသုတ်လိုက်တော့မယ် အိပ်ချင်လွန်းလို့ မျက်လုံးမဖွင့်တော့ဘူး

အိပ်နေရင်းနဲ့ လေထဲရောက်ပြီး လေထဲမှာမျောနေသလို ခံစားလိုက်ရတယ် အသံတွေတောင်ကြားနေတယ် အိမ်မက်ကြီးကလည်း အချစ်....အချစ် နဲ့လာခေါ်နေတာ အဟက်ရိပေါ် မင်း အိမ်မက်ထဲက မထွက်သွားသေးဘူးလား အချစ်နော် ....အချစ် ခေါ်မရဘူးလား ပြီးမှ ကျွန်တော့်ကို အဆိုးမဆိုနဲ့နော် အောင်မာ အိမ်မက်ထဲမှာ ငါ့ကိုတောင် လာခြိမ်းခြောက်နေတယ် ဟုတ်လား မရဘူးရိပေါ် ငါ့ကို ခြိမ်းခြောက်လို့မရဘူး မင်းဘာသာမင်း ကြိုက်ရာလုပ် ငါ့ကိုလာမခြိမ်းခြောက်နဲ့ အိမ်ဖြင့်ရောက်အောင် ပြန်မလာဘဲနဲ့

ရိပေါ် တော့ စိတ်ညစ်နေပါတယ် မနည်းကို အပြေးအလွှားနဲ့လာခဲ့ရတာကို ဒီရောက်တော့ ည၂နာရီတောင်ခွဲနေပြီ ကျန့်ကောက ဆိုဖာလေးပေါ်မှာတောင် အိပ်စောင့်နေတာမို့ အမောပြေသွားတာပေါ့

ဒါပေမယ့်ထုံးစံအတိုင်း အအိပ်မက်လေးက ဘယ်လိုနှိုးနှိုး နှိုးမရဘူး ခါတိုင်းလိုဆိုရင်တော့ အတူတူ ဝင်အိပ်လိုက်မှာပေါ့ ဒါပေမယ့်အခု ရိပေါ်အတွက် အချိန်က အရမ်းကိုရှားနေတာမို့ ခဏလေးတွေ့ရတဲ့အချိန်လေးကို မန်နေဂျာပြန်မှ ဆိုင်ကယ်နဲ့အပြေးထွက်လာရတာ ကွန်ဒို ဝန်းထဲ ဝင်ကတည်း ကျန့်ကောနဲ့အတူ ကုန်ဆုံးရမယ့်အချိန်ကို ဘာလုပ်ပစ်မယ် ညာလုပ်ပစ်မယ် တွေးမိတာနဲ့ ဂျူနီယာဝမ်က အသင့်ဖြစ်နေတာမို့ ရတဲ့အချိန်လေးကို အကျိုးရှိရှိပဲ ကုန်ဆုံးဖို့ ဆုံးဖြတ်ပြီး မထသေးတဲ့ ကျန့်ကောကို အင်္ကျီတွေ ချွတ်ပေးလိုက်ပြီး တဝကြီး ရှိုးနေလိုက်တာပါ အင်္ကျီမပါလို့ထင်တယ် အေးပြီး AirCon Remote Control လိုက်စမ်းနေတာ မျက်လုံးကြတော့မဖွင့်ဘူး နောက်ဆုံး ခန္ဓာကိုယ်လေး ကွေးလိုက်ပြီး ဆက်အိပ်နေတာပါ မြင်ကွင်းကွယ်သွားတာမို့ မျက်နှာချင်းဆိုင် ဆိုဖာပေါ်ကနေထိုင်နေရာက ကျန့်ကောဆီကူးလာပြီး အိပ်နေတယ့် ဂျူနီယာရှောင်းလေးကို အရင်နှိုးပေးလိုက်ပြီး Bjလုပ်ပေးလိုက်ပါတယ်

အမယ် ဒါကိုလည်း အိမ်မက်လို့များထင်နေလားမသိဘူး မျက်လုံးမှိတ်ထားပေးမယ့် အမူအရာတွေက ခံစားသက်ဝင်နေမှန်း သိသာတာကြောင့် ရိပေါ် ကျန့်ကောကို မနိုးပဲ ခရီးဆက်ပေးမိတယ် ကျေနပ်မှုတွေရပြီး ပြီးသွားတာတောင် မနိုးသေးတာမို့ ချီပြီး အိပ်ရာထဲခေါ်ခဲ့တာ တောင် ပြုံးနေသေးတယ် အချစ်...အချစ်လို့ခေါ်နေလည်း မထူး အိမ်မက်မက်နေတယ်ပဲ ထင်နေပြန်ပြီ

အချစ်နော် ....အချစ် ခေါ်မရဘူးလား ပြီးမှ ကျွန်တော့်ကို အဆိုးမဆိုနဲ့နော်လို့ ပြောလည်း ပိုတောင်ပြုံးသွားတဲ့အပြင် မထလာပါဘူး အိပ်ချင်ယောင်ဆောင်နေတာမဟုတ်ဘူး သေချာတယ် အခုထက်ထိ အိမ်မက်ယောင်နေသေးတာ တွေ့ကြသေးတာပေါ့ ကျန့်ကောရယ်

အိပ်ရာပေါ် အသေအချာချ ပြီးခဲ့တဲ့အခေါက်က အံ့ဆွဲထဲ သိမ်းခဲ့တဲ့ Lubricantကို ထုတ်ပြီး ခရီးဆက် ဖို့လုပ်လိုက်ပါတယ် ခရီးမစခင် ဗိုက်သားလေးနဲ့ ဗိုက်က ခွဲထားတဲ့ ဒဏ်ရာလေးကိုလည်း နမ်းပေးလိုက်ပြီး နောက်ထပ်ဘာရောဂါမှ မဖြစ်နဲ့တော့နော်လို့လည်း ပြောလိုက်ပါ
တယ် ပြီးတာနဲ့ တစ်ယောက်တည်း Devil Smile နဲ့ ကျန့်ကော ကိုယ်ထဲကို အားနဲ့ တစ်ဆုံးတစ်ခါတည်း တိုးဝင်လိုက်ပါတယ်

"အား.......အ့..အာ့ ...."

နာသွားတော့မှပဲ ထလာဖော်ရတော့တယ် နှိုးနှိုးချင်းမှာ ခံစားလိုက်ရတာနဲ့ မြင်လိုက်ရတဲ့အနေအထားကြောင့် အိမ်မက်မဟုတ်မှန်း အခုမှ သဘောပေါက်သွားတာမို့

"နှိုးလိုက်တာမဟုတ်ဘူး ငါက အိမ်မက် လို့ထင်နေတာ"

"နှိုးတာပဲ ရမှ မရတာ ဒါကြောင့် အတင်းထည့်လိုက်တာ"

"ဟီး...ဟီး .......အခု နိုးပြီလေ ..."

ချစ်ရသူကလည်း နိုးလာပြီမို့ တူနှစ်ကိုယ် ချစ်ခရီးဆက်လိုက်ကြတာ နံနက်၎နာရီထိုးသွားတော့တာပါပဲ ပြီးတော့ အိပ်ကြရအောင်ဆိုတော့

"မအိပ်တော့ဘူး အချစ် မနက် ၅နာရီ မန်နေဂျာကြီးလာခေါ်မှာ ၆နာရီမထိုးခင် နေမထွက်ခင် ရိုက်ကွင်းစမှာ နေထွက်စအချိန်ကို ရအောင်လိုချင်လို့တဲ့ အဲဒါရေချိုးပြီး ပြန်တော့မယ်"

"ချိုးပေးမယ်လေ"

"ကျွန်တော် ရိုက်ကွင်းဖျက်လိုက်ရမလား အချစ်သာ ရေချိုးပေးရင် စိတ်ထိန်းနိုင်မယ် မထင်ဘူး အခုတောင် မနည်း ဘရိတ်အုပ်ထားရတာ"

"တော်ပြီ ရိုက်ကွင်းမပျက်စေနဲ့ ရေချိုးထားတုန်း ငါ ခေါက်ဆွဲလုပ်ထားပေးမယ် မင်းကြိုက်တဲ့ ဖားဟူးခေါက်ဆွဲလုပ်ထား ဟင်းရည်လေးနွေး ခေါက်ဆွဲလေးပြုတ်ပြီး ထည့်လိုက်ရင်ရပြီ မြန်တယ် စားသွားဦး"

"အင်း စားသွားမယ် အမြန်လုပ်လိုက်တော့နော်"

ရေမိုးချိုးပြီးတော့ စားသောက်နေရင်းနဲ့ မှ ကျင်းကော်လေးကို ရိပေါ်ကမြင်သွားပြီး ကျင်းကော်လေးကို ကောက်ချီပွေ့ဖက်နမ်းရှိုက်လိုက်ပြီး

"ကျင်းကော် က ရှိသေးတာလား ကျွန်တော်က ပေးပစ်လိုက်ပြီတောင် ထင်နေတာ"

"ပေးစရာလား မင်းမွေးနေ့လက်ဆောင် ပေးထားတာကို"

"ကော ရဲ့အစ်မကြီး နဲ့ ကြောင်နဲ့မတည့်ဘူးဆို အဲဒါကြောင့် ကောက အိမ်ပြန်နေတာဆိုတော့ မွေးဖို့အဆင်မပြေလောက်ဘူးထင်လို့
မမေးကြည့်တာ"

" အိမ်ဝန်းထဲမှာ ကျင်းကော်အတွက် သီးသန့် အိမ်လေးဆောက်ပေးထားလိုက်တာ ငါပြန်လာတော့ ငါတို့သားအဖလည်း ဝန်းထဲမှာ အိမ်သေးသေးလေး ထပ်ဆောက်ပြီး ကျင်းကော်နဲ့ သပ်သပ်နေကြတာ တစ်နေကုန်အတူနေပြီး ညကျမှ ပြန်အိပ်တာလေ"

"တော်သေးတာပေါ့ ဪ အချစ် ကျွန်တော် ဒီနေ့ပြီးရင် ရိုက်ကွင်းက ၁၀ရက်လောက်နားမှာ ဒါကြောင့် YH မှာပဲ Photoshooting တို့
ကြေငြာရိုက်တာတို့လုပ်မှာ အဲဒါ နောက်ရက်ကစပြီး Neverလေး ကုမ္ပဏီခေါ်ခဲ့လိုက်ဦးနော် ကျွန်တော်သွားတော့မယ် နောက်ခါကျမှ အချစ်ကို ဆိုင်ကယ်နဲ့ လိုက်ပို့မယ်နော် အခုတော့ နည်းနည်းနောက်ကျနေလို့ မြန်မြန်လေး လစ်လိုက်ဦးမယ်"

ထွက်သွားတဲ့ ရိပေါ်ကိုကြည့်ပြီး အရင်က သူ့ကို Silent လိုထားခဲ့သမျှ ကိုယ်လည်း အခုSilent တွဲရတဲ့ဘဝကို ပြန်ရောက်နေသလိုပဲ 
ရိပေါ်ပြန်သွားတော့ ခဏပြန်အိပ်ပြီး သိမ်းစရာရှိတာသိမ်းဆည်းပြီး ကျင်းကော်မ အိမ်ကိုပြန် Neverလေးကို ဝင်တွေ့ သူနဲ့ ခဏနေပေးပြီးမှ ကုမ္ပဏီကို ထွက်လာခဲ့ပါတယ်

အလုပ်လုပ်နေတုန်း သိပ်မကြာပါဘူး ဝမ်ရိပေါ် Hot Search ထဲဝင်နေတယ်ဆိုပြီး ဝန်ထမ်းတွေ တခစ်ခစ်လုပ်နေကြလို့ Weibo ကိုဝင်ကြည့်လိုက်မိပါတယ် Hot Search က ခေတ်သစ်စနှိုးဝှိုက် သို့မဟုတ် ဝမ်ရိပေါ် တဲ့

စနှိုးဝှိုက်က ပန်းသီးလေးတစ်ကိုက် စားမိလို့ အိပ်ပျော်သွားတာလေ မင်းတို့မင်းသားက မက်မွန်သီးတွေ တစ်ဝကြီးကိုက်သွားတာကိုး အိပ်မှာပေါ့လို့
*
*
*
*
*
*
*
အခု ရှောင်းကျန့် ညဘက်ဆို မအားပါဘူး ကိုယ့်အကြံနဲ့ ကိုယ် Neverလေးကို စကားသင်နေတယ် ရိပေါ် ဓါတ်ပုံတွေ ချ ပြီးတော့ Daddy လို့ခေါ် Daddy.........ဒါဘယ်သူလဲ Daddyရိပေါ် ရိပေါ်....ဒယ်ဒီလို့ ခေါ်ဆိုပြီး ကလေးကို အိပ်ခါနီး အနီးကပ် Training ဆင်းနေတာပါ ၃ရက်လောက်ရှိပြီ မရသေးဘူး ပုံပြလိုက်တိုင်း Daddyလို့ခေါ်လို့ သင်တာကို ခေါင်းခါပြီး ပေါ်....ပေါ်.....လို့ပဲခေါ်တာပါ ပြီးတော့ ဒီ.......ဒီ ဆိုပြီးခေါ်လို့ အဟုတ်မှတ်နေတာ လက်က ခါပြနေတာ သဘောက Daddy မဟုတ်ဘူးပေါ့ ကလေးကလည်း ဘာလို့လဲမသိ Daddyလို့ သင်တာကို လက်မခံဘူး

ဟိတ် ဒါလေ မင်းရဲ့ Daddyရိပေါ် လို့ ပြောလည်း ခေါင်းပဲခါခါနေတာမို့ ခက်ပါတယ် ဇွဲမလျော့ပါဘူး ရိပေါ်မွေးနေ့မရောက်မချင်းသင်လို့ရသားပဲ မဟုတ်ရင် နေ့ခင်းပါ သင်လို့ရတယ် ရိပေါ်က သူအားတယ်ဆိုပြီး နေ့တိုင်း ကုမ္ပဏီခေါ်လာခိုင်းတာကိုး ပြီးရင် သူ့Trainingအခန်းထဲခေါ်သွားရော ရှောင်းကျန့်ကိုလည်း နေခဲ့မလိုက်ခဲ့နဲ့ဆိုပြီး ထားခဲ့သေးတာ ရိပေါ်မအားလည်း Staffတွေက ဟိုလူခေါ် ဒီလူခေါ်နဲ့မို့ သင်ဖို့ အခွင့် မသာဘူးလေ ညရောက်တော့လည်း နည်းနည်းပဲ သင်ရသေးတယ် ကလေးက အိပ်ချင်နေပြီဆိုတော့ သူ့သိပ်လိုက်ရတာပေါ့

ဒီလိုနဲ့ ဘယ်လိုသင်သင် ရိပေါ်မွေးနေ့ရောက်တဲ့အထိ Daddyလို့ကိုမခေါ်ပါဘူး သင်ပေးတာကိုလည်း ခေါင်းပဲခါနေတော့တာပဲ လိုက်လည်း လိုက်ဖက်တဲ့ နှစ်ယောက် ဟိုက Daddyမလုပ်ချင်ဘူးတဲ့ ဒီကလေးကလည်း Daddyခေါ်ဆိုတာကို မခေါ်ဘူး မတတ်နိုင်ဘူး ဒီအတိုင်း ခေါ် ချင် ခေါ် မခေါ်ချင်နေ မွေးနေ့လက်ဆောင်အနေနဲ့တော့ ပေးထားလိုက်တော့မယ်

*
*
*
*
*
*
ရိပေါ်မွေးနေ့ရောက်တော့ ရှောင်းကျန့်ကွန်ဒိုမှာ ချိန်းထားကြပြီး စီစဉ်ထားတဲ့အတိုင်း Neverလေးကို လက်ဆောင်ပေးလိုက်ပါတယ်

ဘောလုံးလေးတွေနဲ့ အလှဆင်ထားတဲ့ ခြင်းတောင်းလေးထဲမှာ Neverလေးကို ထည့်ထားပြီး လက်ဆောင်ပေးလိုက်တာပါ

"ရိပေါ် မင်းအတွက် အသက်၂၆နှစ်ပြည့် မွေးနေ့ အမှတ်တရလက်ဆောင်"

"အချစ် တော်တော် နောက်တာပဲ"

"နောက်တာ မဟုတ်ဘူးနော် တကယ်ပေးတာ ယူမှာလား မယူဘူးလား မင်းတုန်းက ကျင်းကော်ပေးတုန်းက ငါယူတယ်နော် ကျင်းကော်တုန်းက သမီးလေးရေ ပါးပါးဆီလာပါဦးတွေဘာတွေ မင်းပါးစပ်က ထွက်တာ ငါမှတ်မိသေးတယ် ငါပေးတာ့ လက်မခံဘူးလား"

"လက်မခံဘူးလို့ မပြောပါဘူး အချစ်ကလည်း စိတ်ချည်းပဲ ကျွန်တော် တကယ်ခေါ်ထားရမှာလား"

"ခေါ်ထားဖို့ မပြောပါဘူး လက်ခံဖို့ပဲပြောနေတာ လက်ခံပြီး မင်း ဘယ်လိုသဘောထားမှာလဲ ကျင်းကော်တုန်းက သမီးလေးလို သဘောထားတာနော်"

"ကျွန်တော် သူရဲ့ အုပ်ထိန်းသူ လုပ်မှာပေါ့"

"မင်း သူ့ရဲ့ Daddy တကယ်မလုပ်ဘူးပေါ့"

"အင်း ကျွန်တော် သူများကလေးရဲ့ Daddy မလုပ်ချင်ဘူးဆို Neverလေးရဲ့ Daddyမလုပ်ဘူးလို့လည်း ကတိပေးထားပါတယ်ဆို"

" Neverလေးက သူများကလေးမှ မဟုတ်တာကို ငါ့ကလေးလေ မင်းငါ့ကို စိတ်တိုအောင် လာလုပ်နေတာလား"

"စိတ်လျော့ ခဏလေး စိတ်လျော့ ဒီလက်ဆောင်ကို ကျွန်တော် လက်ခံတယ် ယူလည်းယူမယ် Daddyတော့ မလုပ်ဘူး ဘာလုပ်မှာလဲဆိုတာ အချစ်ကို လက်တွေ့ ပြမယ် ကြည့်ဦး"

ရှောင်းကျန့်ကို ပြောပြီး ရိပေါ်က Neverလေးကို ကောက်ချီပြီး

"Neverလေးရေ ခေါ်ပြလိုက်ပါဦး သင်ပေးထားတဲ့အတိုင်း ခေါ်ပါဦး"

ရိပေါ် စကားကြောင့် ရှောင်းကျန့် ထိတ်ခနဲဖြစ်ပြီးရှက်သွားပါတယ် သူDaddy လို့ခေါ်ဖို့ သင်နေတာ ရိပေါ်က သိသွားတာလား သူမသိအောင် သင်ထားတာ မသိနိုင်ပါဘူး သိလည်း Neverလေးက ခေါ်ပါ့မလား

"ခေါ်လိုက်လေ Neverလေးရေ ပေါ် ပေါ့်ကို ဘယ်လိုခေါ်ရမလဲ"

"(Papi) ပါပီ"

"ထပ်ခေါ်ပါဦး Neverလေးရေ"

"( Papi) ပါပီ"

ကလေးရဲ့ စကားသံလေးက ပီပီသသလေးနဲ့ ပါပီလို့ခေါ်လိုက်တာပါ ဘာလဲ ကလေးက ပေါ်...ပေါ် နဲ့ခေါ်နေကြကနေ ဒယ်ဒီနဲ့ တွဲပြီးခေါ်ခိုင်းလိုက်လို့ မှားပြီး ပါပီ ဖြစ်သွားတာလား မဖြစ်နိုင်ပါဘူး ပါပီ (Puppy) ဆိုတာခွေးလေးတွေကို ခေါ်တာမလား"

"Puppy လို့ခေါ်ခိုင်းရအောင် မင်းက ခွေးလား"

"လုပ်ပြီ အချစ်ကလည်း Puppy မဟုတ်ဘူး Papi (ပါပီ)"

"ငါ နားမလည်ဘူး"
" ပီ. အေ. ပီ. အိုင် Papi (ပါပီ) ကို ပြောတာ"

"ငါမှ မသိတာ ဘာတုန်း Papiဆိုတာ ကလေးထိန်းတဲ့ အရင်က သူများတွေခေါ်ကြတဲ့ နာနီ လိုမျိုးလား"

ရှောင်းကျန့်စကားကြောင့် ရိပေါ်က တဟားဟားနဲ့ ရီပါတယ် ပြီးတော့ ဖုန်းဖွင့်ပြီး ပြပါတယ် သူဖွင့်ပြတာ ဖတ်ကြည့်လိုက်တော့
Papi is a colloquial term for daddy in Spanish ( Papi = Daddy, Dad)
(ပါပီ( Papi) ဆိုသည်မှာ Daddy အတွက်  စပိန်လို စကားလုံး အသုံးအနှုန်းပင် ဖြစ်ပါသည်။)

"ဟင် ရိပေါ် မင်း....မဟုတ်မှ လွဲရော"

"အင်း ကျွန်တော် တော်တယ်မလား ......Neverလေးကို ပေးထားတဲ့ ကတိလည်း မပျက်အောင် အချစ်ဖြစ်ချင်တဲ့အတိုင်းလည်း ဖြစ်အောင် စီစဉ်ထားတာ ကျွန်တော် Neverလေးရဲ့ Daddy မလုပ်ဘူး သူရဲ့ Papi ပဲ လုပ်တော့မယ် ဟုတ်ပြီလား"

"မင်းတော်တော် တတ်နေ ကလေးကို ဘယ်တုန်းက သင်လိုက်တာလဲ"

"ဒီရက်ပိုင်း ကုမ္ပဏီခေါ်လာတဲ့အချိန် သင်ထားတာ"

"ဪ ဒါကြောင့် ကိုး Neverလေးက မင်းကို Daddy လို့ခေါ်ခိုင်းတာ မခေါ်တာကိုး ငါ့စကားကျတော့ နားမထောင်ဘူး မင်းစကားကြတော့ နားထောင်သား"

"ဟဲ....ဟဲ ဒါကတော့ Neverလေးက ကျွန်တော့်ရဲ့ အသက်အငယ်ဆုံးFanကိုး"

အဲဒီနေ့က ရိပေါ်ရဲ့ မွေးနေ့ဖြစ်တာအပြင် ရိပေါ်က Neverလေးရဲ့ ပါပီအဖြစ် ခံယူလိုက်တာကြောင့် ပျော်ရွှင်စရာအတိဖြစ်ခဲ့ရပါတယ်
Neverလေး မအိပ်ခင် အချိန်အတူတူ ဖြုန်းပြီး Family Timeလေး လို နေရတာလည်း ပျော်ခဲ့ရတာပါ
Neverလေး အိပ်သွားတော့ အတူတူ အချစ်ခရီးဆန့်ရတာလည်း မွေးနေ့ကို ပိုပြီးပြည့်စုံစေခဲ့တာပေါ့ Neverလေးကလည်း ရှောင်းကျန့်လိုပဲ အအိပ်မက်တယ်လေ အိပ်ပြီးရင် တော်ရုံမနိုးတတ်တဲ့ ကလေးမို့ နှစ်ယောက်သားအဆင်ပြေနေခဲ့တာပေါ့

ရေမချိုးရသေးတာမို့ နှစ်ဦးသား အတူတူလည်း ရေချိုးဖြစ်ကြတယ် ရေမိုးချိုးပြီးတဲ့အချိန် မှန်တင်ခုံရှေ့ Dryerနဲ့ ဆံပင်တွေ ခြောက်အောင် မှုတ်နေတုန်း ရိပေါ်က လာမှုတ်ပေးပါတယ် ပြီးတာနဲ့ ရှောင်းကျန့်ရှေ့မှာ ဒူးထောက်ပြီး

"အချစ် ကျွန်တော့်ကို လက်ထပ်ပါ ဒီလက်စွပ်လေးက အချစ်အတွက် ရည်ရွယ်ပြီး လွန်ခဲ့သော ၂နှစ်ကျော်ကတည်း ကျွန်တော့် ကိုယ်ပိုင်
ပိုက်ဆံလေးနဲ့ ဝယ်ထားတာ အခု ဒီထက်ပိုကောင်းတာ ဝယ်နိုင်ပေမယ့် အမှတ်တရ ပထမဆုံးလက်ထပ်မယ်လို့ ဆုံးဖြတ်ပြီး ဝယ်ထားတာလေးနဲ့ပဲ မှတ်မှတ်ရရ လက်ထပ်ခွင့်တောင်းထားပါရစေ Neverလေးနဲ့ အချစ်ကို တစ်သက်လုံး စောင့်ရှောက်ခွင့် ကျွန်တော့်ကို ပေးပါ"

"နောက်ကျသွားပြီ ရိပေါ် ငါ .....လက်မထပ်တော့ဘူးလို့ ဆုံးဖြတ်ပြီးသားမို့ မင်းလက်ထပ်ခွင့်တောင်းတာ ငါငြင်းတယ် "

ရှောင်းကျန့် စကားကြောင့် ရိပေါ် တော်တော်လေး အံ့အားသင့်သွားပြီး မျက်ရည်တွေဝိုင်းလာခဲ့ပါတယ်

"အချစ် ဘာလို့လဲ ပြီးခဲတဲ့လ ကတောင် အချစ် ကျွန်တော့်ကို လက်ထပ်ခွင့်တောင်းသေးတယ်လေ"

"အဲဒါ ပြီးခဲ့တဲ့လပဲ အခုတော့ စိတ်ပြောင်းသွားပြီ မင်းလက်ထပ်ခွင့်တောင်းတာ ငါငြင်းတယ် ဘာလုပ်ချင်သေးလဲ"

အခုလေးတင် ချစ်ချစ်ခင်ခင် နဲ့ Neverလေးကိုတောင် လက်ဆောင်ပေးတဲ့ ကျန့်ကောက ဘာဖြစ်သွားတာလဲ စတာလား စတယ်လို့ ထင်လို့

"အချစ် စနေတာမလား မနောက်နဲ့နော် မစပါနဲ့ ကဲ ကဲ ကျွန်တော် ပြန်ပြောမယ် အချစ် ကျွန်တော့်ကို လက်ထပ်မယ်မလား Will you marry me?"

"No I don't, ငါ့ပုံက စနေတဲ့ပုံပေါက်လို့လား ငါမင်းကို နောက်ထပ်ဘယ်တော့မှ မစတော့ဘူးလို့ ဆုံးဖြတ်ပြီးသား ငါ တကယ့်ကို ငြင်းတာ"

ရှောင်းကျန့် စကားကြောင့် ရိပေါ် နားလည်မလည်သလို ငိုချင်လာတာပဲ သိတာမို့ ကျန့်ကော ရှေ့က လှည့်ထွက်တုန်းရှိသေးတယ်

"ရိပေါ် မင်းကလေ ငါမင်းကို ငါတကယ်မုန်းမိတော့မယ် ငါ တစ်ခါငြင်းလိုက်တာနဲ့ မင်းက တစ်ခါတည်း နောက်ဆုတ်သွားတာပဲလား ငါ လက်မခံမချင်း ပုံစံအမျိုးမျိုးနဲ့ လက်ထပ်ခွင့် ရအောင် ကြိုးစားရမှာ မဟုတ်လား ငါစဉ်းစားကြည့်လိုက်တော့ မင်းက ငါ့ကို တကယ် မလို ချင်ဘူးပဲ တစ်ခုခုဆို မင်းအမြဲနောက်ဆုတ်သွားတယ် င့ါကို ပိုင်ဆိုင်ခွင့် ရအောင် မကြိုးစားချင်တာလား မင်းက ငါ့ကို တကယ်မလိုချင်ဘူးပဲ"

ပြောလည်းပြော အော်လည်းအော် ငိုလည်းငိုနေတဲ့ ကျန့်ကောကြောင့် ရိပေါ်တောင် ကြောင်သွားပါတယ် အခု အငြင်းခံရတာ ရိပေါ်လေ ပြီးတော့ ကျန့်ကောက ဦးအောင် ငိုနေပြီ ကျန့်ကော စကားတွေကို ပြန်တွေးကြည့်လိုက်တော့ ကျွန်တော့်ကို တကယ်ငြင်းတာမှ မဟုတ်တာ ထပ်ခါ ထပ်ခါ လက်ထပ်ခွင့်တောင်းတာလိုချင်လို့ ဟိုတလောက ကျန့်ကောက လက်ထပ်ခွင့်တောင်တုန်းက ငြင်းထားတာကို မှတ်ထားပြီး ငြင်းနေတာပဲ တစ်အိမ်လုံးရဲ့ အချစ်ခံဘဝနဲ့ နေလာတာဆိုတော့ စိတ်အခံလေးက ဆိုးချင်နေတာကိုး ဆိုတာကို သဘောပေါက်သွားတာမို့

"အချစ် မငိုနဲ့ ကျွန်တော်မှားတာ ကျွန်တော်မှားတာ ဟုတ်တယ် တစ်ခါ လက်မခံရင် ခဏ ခဏ လက်ထပ်ခွင့်တောင်းရမှာကို ကျွန်တော်က နည်းနည်းတုံးသွားတာ နောက်လ နောက်လကျရင် လက်ထပ်ခွင့် ထပ်တောင်းမယ် ဟုတ်ပြီလား လက်မခံမချင်း လတိုင်း လတိုင်း ရဲ့ ၁ရက်နေ့မှာ လက်ထပ်ခွင့် မမေ့မလျော့တောင်းမယ် ဟုတ်ပြီလား စိတ်ကူးပေါက်တဲ့အချိန် ကျွန်တော့်ကို ယုံကြည်ပြီဆိုတဲ့အချိန် ကျမှ လက်ခံဟုတ်ပြီလား"

" အဲလို ဖြစ်ရမှာလေ အခုလည်း ငါ မင်းရဲ့ လက်ထပ်ခွင့်ကိုတော့ လက်မခံသေးဘူး ဒါပေမယ့် လက်စွပ်က လွန်ခဲ့သော ၂နှစ်က ငါ့အတွက် ရည်ရွယ်ထားတယ်ဆိုလို့ လက်စွပ်ကိုတော့ ငါယူထားလိုက်မယ်"

"ယူထား ပြီးတော့ ကျွန်တော့်ကို လက်မခံနဲ့ ဟုတ်ပြီလား ရတယ် လာ ညနက်နေပြီ သွားအိပ်ရအောင်"

အဲဒီနေ့က စပြီး ရိပေါ်မှာ အလုပ်တစ်ခု ရလာခဲ့ပါတယ် ရှောင်းကျန့်ကို လတိုင်း မမေ့မလျော့ လက်ထပ်ခွင့်တောင်းရမယ့်အလုပ်ပါ ..............

Continue Reading

You'll Also Like

1.3M 58.2K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
1.3K 142 4
အေးတိအေးစက်တောင်သခင်ဝမ်နဲ့ ကူးပြောင်းလာတဲ့သူ့တပည့်‌ကျန့်တို့ရဲ့ဇာတ်လမ်းလေး
314K 9.4K 101
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
3.2M 66.9K 136
Here you can read countless variations or the exact same characters Kohei Horikoshi has created. Maybe you're curious to who your perfect MHA...