𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉ...
By Bliawnk
103K 8.1K 79
"ဘာမှအများကြီးစဥ်းစားမနေနဲ့နော် ကျွန်တော်နဲ့တွဲမယ်ဆိုရင် Yesကိုရွေး... ကျွန်တော်နဲ့ချစ်သူဖြစ်ချင်ရင် Yeahကို... More
Ep1
Ep2
Ep3
Ep4
Ep5
Ep6
Ep7
Ep8
Ep9
Ep10
Ep11
Ep12
Ep13
Ep15
Ep16
Ep17
Ep18
Ep19
Ep20
Ep21
Ep22
Ep23
Ep24
Ep25
Ep26
Final
Ep14
2.8K 268 1
By Bliawnk
Uni
Sunghoonဒီနေ့နဲ့ဆို Kim Taehyungကိုစိတ်ဆိုးနေတာ၃ရက်လောက်ရှိပြီ။Kim Taehyungကလည်း သူ့ကိုစိတ်မညစ်ဘဲအသည်းသန်လိုက်ချော့ရှာပါတယ်။ ကိုယ်ကလည်း အမှန်ဆိုသူ့ကိုစိတ်ဆိုးပြေချင်သလိုဖြစ်နေပြီဆိုပေမဲ့ ဟိုတစ်နေ့က Minhoနဲ့အတူတူလာတဲ့ကိစ္စကိုပြန်တွေးမိရင် ပြေချင်တဲ့စိတ်ဆိုတာ ကြက်ပျောက်ငှက်ပျောက်ပဲ။Kim Taehyungဆိုတာ ဟိုးငယ်ငယ်လေးကတည်းကခင်လာပြီးအချစ်ဆုံးတွေသူငယ်ချင်းတွေဖြစ်နေကြတာ‌။
ကျောင်းမှာဆို စာသင်ချိန်တောင်မရှောင် ဆရာJungkookကိုငမ်းနေလိုက်တာမျက်လုံးတောင်ကျွတ်ကျမတတ်ပဲ။ အပြစ်ပြောတာတော့မဟုတ်ပေမဲ့ ချစ်ရင်လည်းချစ်တယ်ပြောပြီးအ‌ဖြေပေးလိုက်တော့ပေါ့။
"Sunghoonလေးရေ...."
အခုလည်း နေ့လည်စာစားချိန်မလို့ကန်တင်းသွားထိုင်မလို့ရှိသေးပါတယ်။ အနောက်ကနေSunghoonလေးရေ ဆိုပြီးလိူက်လာပြန်ပြီ။ Sunghoonလေး Sunghoonလေးဆိုပြီး အနောက်ကလိုက်လိုက်လာတာ ကလေးကနို့ဆာလို့ နို့သောက်ချင်လို့ကလေးအမေနောက်လိုက်နေသလိုဖြစ်နေသည်။
မကြားချင်ယောင်ဆောင်ပြီးအနောက်ကအော်ခေါ်ပြီးလိုက်လာသည်။
"Sunghoonလေး ... Sunghoonလေးရေ"
"ဟေ ဟေ ပြောပြော"
အနောက်ကလိုက်တာကိုမရပ်မှတော့ နောက်ဆုံးကိုယ်ကပဲမသိချင်ယောင်ဆောင်တာကိုအလျော့ပေးလိုက်ရတော့သည်။ ဟူးးး Kim Taehyungနဲ့တော့တကယ်ကိုမလွယ်ပါဘူး။
"ဟီး  စိတ်ဆိုးပြေပြီလားဟင်"
မျက်နှာကိုစပ်ဖြဲဖြဲလုပ်ပြီးလာရယ်ပြနေတဲ့ Kim Taehyungက ကလေးရုပ်လးပေါက်နေပေမဲ့ အမြင်ကသိပ်မကြည်နေတော့ ထုထုရိုက်ပစ်ချင်စိတ်သာပေါက်နေတော့တယ်။ မေးတဲ့စကားကလည်း စိတ်ဆိုးပြေပြီလားတဲ့ စကားပြောတဲ့လေသံက ဆောင့်အောင့်ပြီးထွက်လာတာတောင် စိတ်ဆိုးပြေပြီလားမေးနိုင်တဲ့ Kim Taehyungကိုခြေရောလက်ရောမြှောက်လိုက်ပါပြီ။
Sunghoonကို လိုက်ချော့နေရတာရက်အတော်ကြာနေပြီ။ ခုထိကိုစိတ်ဆိုးမပြေနိုင်သေးတဲ့ Park Sunghoonကလည်း ဘယ်လိုချော့နည်းမျိုးနဲ့အချော့ခံချင်နေမှန်းကို မသိတော့ဘူး။ တော်ရုံတန်ရုံစိတ်မရှည်တဲ့ကိုယ့်လိုလူကတောင် အကြာကြီးလိုက်ချော့ပေးနေတာတောင် စိတ်ဆိုးမပြေသေးတာက တစ်ဆိတ်လောက်တော့ လွန်သွားပြီမလား။ Minhoကို အဲ့ဒီနေ့ကလိုက်ပို့ခိုင်းတာကို မကျေနပ်နေတာလည်းပါလိမ့်မည်ထင်သည်။ ဒါပေမဲ့ အဲ့ဒါက သူ့ကိုလိုက်ရှာချင်လို့ အကူအညီတောင်းခဲ့တာလေ အဲ့ဒါကိုခုလိုနားမလည်ပေးတာတော့ နည်းနည်းအမြင်ကတ်လာသည်။
"ဘယ်တော့စိတ်ဆိုးပြေမှာလဲလို့"
"မသိဘူး.."
စိတ်ဆိုးနေတဲ့လူကို ဘယ်တော့စိတ်ဆိုးပြေမှာလဲလာမေးတဲ့ Kim Taehyungက ရွှေဉာဏ်တော်ဆုချ‌ရလောက်ပါပေတယ်။ဘယ်စိတ်ဆိုးနေတဲ့လူက စိတ်ဆိုးပြေမှရက်ကိုအတိအကျထုတ်ပြန်လို့လဲ။
"နေပါအုံး ငါ့ကိုစိတ်ဆိုးနေတာအရမ်းကြာနေပြီနော် ၃ရက်လောက်ကြာပြီနော်"
"အေး အဲ့ဒီတော့ ဘာဖြစ်ချင်လဲ"
"ဘယ်တော့စိတ်ဆိုးပြေမှာလဲလို့ "
"ဘာလို့လာမေးနေတာလဲ ဘယ်စိတ်ဆိုးနေတဲ့လူက စိတ်ဆိုးပြေမဲ့ရက်ကိုကြိုပြောလို့လဲ"
Park Sunghoonတို့စိတ်ဆိုးတာကြီးကိုတကယ်ကြောက်လာပြီ။ အရမ်းကိုကြာနေပြီလေ... အရင်ကဆို ရန်ဖြစ်စိတ်ကောက်ပြီးလို့ ငါးမိိနစ်လောက်နေရင်ဟီလာပြန်တိုက်နေကြပြီ။ ခုဟာကတော့ ၃ရက်သာကြာသွားတယ် ချော့တာကခုထိကိူချော့လို့မရဘူး။ ကိုယ့်လို ရုပ်ချောချော စိတ်သဘောထားကောင်း လိုက်ချော့တတ်တဲ့လူမျိုး ရထားလို့ Park Sunghoon‌တို့ကံကောင်းတာပေါ့။ Minhoလို့လူမျိုးကိုသာ သူငယ်ချင်းဖြစ်ပြီးစိတ်ဆိုးကကြည့်ပါလား Park Sunghoonတို့ကိုင်ပေါက်ခံနေ‌ရလောက်တယ်။ ဒီကောင်က ချော့နေမှန်းသိလို့ကို တမင်ရောင့်တတ်လာတာ.. တမင်အရွဲ့တိုက်လိုက်ရင်ကောင်းမလား? အဲ့ဒါ‌ဆိုပိုလို့တောင် စိတ်ဆိုးသွားမလား? ထားပါ တစ်ခါလောက်တော့ အမြင်ကတ်ကတ်နဲ့အရွဲ့တိုက်ကြည့်အုံးမယ်။
"တကယ်ကြီး စိတ်ဆိုးမပြေတော့ဘူး Park Sunghoon shii"
"စိတ်ဆိုးနေတာမဟုတ်ပါဘူး Kim Taehyung shi"
အမြင်ကတ်လာလို့ တရိုတသေနဲ့ခေါ်လိုက်တာကို ပြန်အရွဲ့တိုက်လာတဲ့Park Sunghoonပါလေ။ Parkမျိုးရိုးတွေက ခုလိုစိတ်အရမ်းဆိုးတတ်လား? ခုကျတော့လည်း စိတ်ဆိုးလာမေးတော့လည်း စိတ်ဆိုးနေတာမဟုတ်ပါဘူးတဲ့။
"စိတ်ဆိုးနေတာမဟုတ်ရင် ဘာဖြစ်နေတာလဲ"
"မကျေနပ်တာ"
"ဘာကိုလဲ Minhoကိုလိုက်ပို့ခိုင်းလိူ့လား? အဲ့ဒီနေ့ကိုမင်းကိုလိုက်ရှာချင်လို့လိုက်ပို့ခိုင်းတာလေ"
"မသိဘူးကွာ "
စကားများလိုက်ပြန်ချော့လိုက်နဲ့ အရင်ကတည်းကဖြစ်နေကျပေမဲ့ ခုတစ်ခါPark Sunghoonစိတ်ဆိုးချက်ကြီးကို လက်ပါလန်တယ်။ ကန်တင်းကိုရောက်လာတော့ အစားအသောက်တန်းမှာအစားအသောက်ယူကြသည်။ ပြီးကျတော့ Park Sunghoonက လူတစ်ယောက်တည်းလွတ်နေတဲ့ စားပွဲမှာဝင်ထိုင်တယ်။Park Sunghoonအကျင့်ပုတ်ချက်ကတော့။  လူလွတ်တဲ့ခုံက အဲ့ဒီစားပွဲမှာမရှိတော့ တခြားထိုင်ဖို့နေရာလိုက်ရှာရသည်။
"Kim Taehyung ‌ရေ"
ဘေးနားကစားပွဲက Minhoကလှမ်းခေါ်လာသည်။ သူတို့စားပွဲကလူလွတ်နေတော့ ခုံရှာနေတာမှန်းသိလို့တမင်လှမ်းခေါ်လိုက်တာဖြစ်မယ်။ Sunghoonကို အရွဲ့တိုက်ချင်တာမလို့ ခပ်တည်တည်ပဲအဲ့ဒီဝိုင်းကိုသွားထိုင်လိုက်သည်။ Mihoတို့ဝိုင်းမှာ လူက၄ယောက်တည်းရယ်။ တခြားဝိုင်းတွေလို စုပြုံထိုင်နေကြတာမဟုတ်ပါ။ သူတို့ဝိုင်းကဘူလီတဲ့လူတွေထိုင်ကြတာဆိုတော့လည်း တော်ရုံတန်ရုံလူတွေက ကြောက်ပြီးခုံလွတ်နေရင်တောင် လာမထိုင်ရဲကြဘူး။
"Sunghoonကိုရော ခေါ်လိုက်လေ  ဟိုဝိုင်းကလူကြပ်နေတာ‌လေ"
"သွားခေါ်မနေနဲ့ Minho....Sunghoonကခုထိငါ့ကိုစိတ်ဆိုးနေတာမပြေသေးဘူး"
Minhoကန်တင်းကို Sunghoonနဲ့Taehyungက ဝင်လာကတည်းကလိုက်ကြည့်နေတာဖြစ်သည်။ Kim Taehyungကဘေးက တပွစိစိပြောနေပေမဲ့ Sunghoonကတော့ဘာစကားမှမပြောတာကို ဘေးကကြည့်နေတဲ့ကိုယ်ကတောင်သတိထားမိသည်။ ခုံရှာနေပုံရတဲ့ Taehyungကို ခုံမှာထိုင်ဖို့လှမ်းခေါ်လိုက်သည်။ အစကတော့ Sunghoonရောပါလာမယ်ထင်ထားတာ ဘာလို့လဲဆိုတော့ Kim Taehyungနဲ့Park Sunghoonက ကော်လိုသူငယ်ချင်းတွေလေ။
"အော.. အဲ့ဒီSunghoonက စိတ်ဆိုးတာကြာတယ်နော်"
"အေး ဟုတ်တယ် မင်းနဲ့ပတ်သတ်ပြီးလည်းပါတာပေါ့.."
"ငါနဲ့? Sunghoonကငါနဲ့မပေါင်းခိုင်းတာလား"
"အမ် .. အဲ့လိုတော့ မဟုတ်ဘူးလေ မင်းကငါ့ကိုကြိုက်နေတော့ သူကမရောစေချင်တာလေ.. အဲ့ဒါကိုငါက ဟိုနေ့က မင်းကိုလိုက်ပို့ခိုင်းတာ"
"ရားး!!!!"
*ဖြောင်း*
Taehyungလည်း Minhoကိုရှင်းပြနေတုန်း  Minhoကသူ့ဘေးကိုသူငယ်ချင်းကို နားရင်းကိုဖြတ်ရိုက်ပစ်သည်။ Taehyungတကယ်လန့်သွားတာပင်။ ဘာများဖြစ်လိူ့ထရိုက်တာလည်းတော့ပြောနေတဲ့ကိုယ်ကိုတိုင်လည်းမသိတော့ဘူး။ Minhoတို့ လက်သံပြောင်တာတော့လက်ခံသွားပါပြီ။
"ဘာလို့သွားရိုက်တာလဲဟ"
"ရည်းစားစာကို မင်းဆီရောက်လာတာမလား"
"ဟင် အေးလေ"
"တကယ်ပါပဲ မင်းတို့ကိုသေချာSunghoon lockerထဲထည့်ခိုင်းတာလေ"
နေပါအုံးအခု နားကြားမှားလိုက်တာလာား? ရည်းစားစာကို ကိုယ့်Lockerထဲမဟူတ်ဘဲ Sunghoon Lockerထဲထည့်ခိုင်းတာဆိုတော့ Minhoက Sunghoonကိုရည်းစားစာပေးတာပေါ့။ အားး Minhoက Sunghoonကိုကြိုက်နေတာပေါ့.။  နောက်ဆုံးတော့ ဘုရားသခင်က Kim Taehyungဆိုတဲ့ကိုယ့်ကို ကယ်တင်လိုက်ပြီပဲ။ တစ်ဖက်ကတော့ လက်နက်ချသွားပြီ..Park Sunghoonပဲကျန်တော့တယ်။ ထင်တော့ထင်မိတယ် Sunghoonကို Minhoစိတ်ဝင်စားနေမယ်လို့လေ။ဘာလို့လဲဆိုတော့ မုန်းတဲ့လူ မတည့်တဲ့လူကို အဲ့ဒီလောက်ကြီးလိုက်ပြီးဂရုတစိုက်လိုက်ကြည့်နေတဲ့လူမှမရှိတာ။
"အဲ့ဒါဆို Sunghoonကို မင်းကကြိုက်နေတာပေါ့"
"အင်း... Sunghoonကငါ့ကို ပြန်မကြိုက်လောက်ဘူးနော်"
"ပြန်ကြိုက်မှာပါ"
Sunghoonကို စိတ်ဝင်စားမိတာတော့ အတော်ကြာပါပြီ။ ကိုယ်နဲ့သူကမတည့်ကြတော့ မပြောရဲလို့သာငြိမ်ခဲ့ရတာလေ။ နောက်ဆုံးအရဲစွန့်ပြီး တခြားလူကတစ်ဆင့် ရည်းစားစာကို Sunghoon Lockerထဲထည့်ခိုင်းခဲ့တာ။ အဲ့ဒါကိုတောင် Sunghoonကအကြောင်းမပြန်တော့ မကြိုက်လို့ဘာမှပြန်မပြောတာလို့ထင်ပြီး ကိုယ်လည်းမသိချင်ယောင်ပဲဆက်နေထားတာပေါ့။ တကယ်အမှန်ကျ Kim Taehyung lockerထဲရည်းစားစာက ရောက်သွားတာတဲ့။ ဟူးးး ကံကြမ္မာကိုပဲအပြစ်တင်ရမလား Locker မှားထည်ံ့တဲ့ ဟိုကောင်တွေကိုပဲအပြစ်တင်ရမလားတောင် မသိတော့ဘူး။
Sunghoonတစ်ယောက်တည်း ထမင်းထိုင်စားနေရတယ်။ ချစ်လှပါချည်ရဲ့ဆိုတဲ့ Kim Taehyungကတောင် ဂရုမစိုက်ဘဲ Minhoတို့နဲ့အတူတူထိုင်စားနေတယ်။ Taehyungက တမင်အရွဲ့တိုက်နေတာသိပေမဲ့ အမြင်ကတ်အရွဲ့ပြန်တိုက်ချင်နေတဲ့ ကိုယ့်စိတ်ကိုကိုယ်လည်းထိန်းမရတာတော့အမှန်ပဲ။ အကြံစည်စဖို့ အတွက်‌ ဆရာJungkookရှိတဲ့ နားနေခန်းသို့ဦးတည်လိုက်တယ်။
ဒီအချိန်က နေ့လည်စာအစားစာချိန်ဆိုတော့ ဆရာJungkookကသူ့နားနေခန်းမှာရှိနေမယ်ဆိုတာ အသေချာပဲ။
ဆရာJungkookနားနေခန်‌းရှေ့ရောက်မှ ‌ကြောက်ဒူးကတုန်တာတယ်။ အစီအစဥ်ဖြစ်မြောက်ဖို့က ဆရာJungkookက အဓိ‌ကသော့ချက်ဆိုတော့လည်း အရဲစွန့်ပြီးလုပ်ရတော့မည်။ တံခါးကိုခေါက်လိုက်တော့ အထဲက ဝင်ခဲ့ဆိုတဲ့ဆရာJungkookအသံကထွက်လာသည်။
"ဆရာJungkook"
Jungkookတံခါးခေါက်သံကြားတော့ အစက တန်းခွဲDကို အိမ်စာလာထပ်ခိုင်းထားတာမလို့ တန်းခွဲDကကျောင်းသားတွေလို့ထင်နေတာဖြစ်ပေမဲ့ ဝင်လာ‌တာက Taehyungရဲ့သူငယ်ချင်းဖြစ်နေသည်။
"အော Sunghoon.. ဘာကိစ္စရှိလို့လဲ"
"ပြောလို့အဆင်ပြေမလားတော့ မသိပေမဲ့.."
"အယ် ပြောပါဘာမှမကြောက်နဲ့"
ပြောမည့်အရေးကို တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့ Sunghoonဆိုတဲ့ကျောင်းသားကို မကြောက်ဖို့ပြောရသေးသည်။ ပြောမှာကအရေးကြီးကိစ္စဖြစ်မယ်ထင်ပါ့.. ပါးစပ်ကတောင်ထုတ်ပြောဖို့ဝန်လေးနေတယ်ဆိုတော့လေ။
"ဆရာက Taehyungကိုကြိုက်နေတာမလား..အဲ့ဒါကြောင့် Taehyungအကြောင်းသိသင့်တယ်ထင်လို့ ပြောပြမလို့"
Sunghoonဆိုတဲ့ကျောင်းသားက ခုချိန်ထိKim Taehyungကို ကိုယ်ကြိုက်နေတယ်လို့ထင်နေပုံပါပဲ။ Taehyungကလည်း ခုချိန်ထိမရှင်းပြရသေးဘူးထင်တယ်။ Kim Taehyungအကြောင်းသိသင့်တယ်ဆိုပြီး လာပြောတော့ စိတ်တော့ဝင်စားသွားသည်။ Kim Taehyungမှာကိုယ်မသိတဲ့အကြောင်းအရာတွေအများကြီးရှိမှာအသေအချာပဲ။
"အင်းပြောပြလေ"
"Taehyungကလေ ခုတစ်လောခြေလှမ်းတွေပျက်နေတယ်သိလား"
"ဟင် ဟုတ်လား ဘယ်လိုပျက်တာလဲ"
"သူ့ကိုကြိုက်နေတဲ့ ကောင်လေးနဲ့လျှောက်သွားနေတယ်သိလား"
"ဘာ? "
ဘာလဲ Kim Taehyungကဘာဖြစ်ချင်နေတာလဲ။ ဟိုတစ်နေ့ကကျ ဆရာကျွန်တော်နဲ့တွဲချင်ရင် Yeahလို့ပဲပြောရုံပဲလို့ပြောသွားပြီတော့။ ခုခေတ်ကလေးတွေများ တော်တော်ဆိုးတာပဲ။ အဲ့ဒီတုန်းက kim Taehyungစကားကို မျက်နှာတွေပူပြီးရှက်သလိုဖြစ်ခဲ့မိတဲ့ ကိုယ့်ကိုကိုယ်တောင်အပြစ်တင်မိလာသည်။
"ဆရာမယုံဘူးဆို ခုလိုက်ကြည့်လိုက်ပါ့လား..ကန်တင်းမှာထိုင်နေတယ်"
"မလိုက်တော့ပါဘူး "
"လ်ိုက်ခဲ့ပါ ဆရာကလည်း..Kim Taehyungကို မပျက်စီးအောင်အုပ်ထိန်းပေးရမဲ့ထဲ ဆရာလည်းပါတာပဲလေနော်""
Sunghoonရဲ့ အစီအစဥ်ကအောင်မြင်လုနီးပါးဖြစ်နေပြီ။ ခုတစ်လော Kim Taehyungက ဆရာJungkookကိုကြိုက်နေတဲ့ အရိပ်အယောင်တွေကအတော်သိသာလာတယ်။ ဆရာJungkookတမင်အထင်လွဲအောင် လုပ်တဲ့အစီအစဥ်လေးကို သေချာအကောင်အထည်ဖော်နေရတယ်။
Jungkookလည်း Sunghoonပြောတဲ့စကားကိုလက်ခံပြီး ကန်တင်းကိုလိုက်လာလိုက်သည်။
"ဆရာ ဟ်ိုမှာ Taehyungနဲ့ဟိုကောင်လေး"
Sunghoonပြောတဲ့ဝိုင်းကိုကြည့်လိုက်တော့ Taehyungနဲ့အတူထိုင်နေတဲ့ကောင်းလေးတွေ။ ဘယ်ကကောင်လေးတွေလည်းတော့မသိဘူး။ အဲ့ဒီထဲကကောင်လေးတစ်ယောက်ကိုတော့ မှတ်မိသည်။ ဟိုတစ်လောက Taehyungနဲ့အတူတွဲလျှောက်လာတဲ့ကောင်လေးလေ။ Taehyungက အဲ့ဒီျကာင်လေးနဲ့တွဲနေပြီလားဆိုတဲ့အတွေးကြီးဝင်လာမိတော့ ရင်ဘတ်ထဲကဟာတာတာကြီးဖြစ်သွားတယ်။ ‌ဆုံးရှုံးရမှာကိုကြောက်နေမိတယ်.. Taehyungကိုမပိုင်ဆိုင်ပေမဲ့ ဆုံးရှုံးမှာကိုတော့ ကြောက်နေမိတယ်။ ဒီခံစားချက်ကြီးက ဘယ်လိုကြီးလဲ။ Kim Taehyungကိုသဘောကျနေမိတာလား?
Taehyungတို့ထိုင်နေတဲ့ စားပွဲကို ခပ်မြန်မြန်လျှောက်သွားလိုက်သည်။ အစားကိုငုံ့စားနေတဲ့ Kim Taehyungကမော့ကြည့်လာတော့ သူရဲ့အကြည့်နဲ့ကိုယ့်ရဲ့အကြည့်စုံသွားတယ်။ မျက်ဝန်းညိုတွေက အတော်ကိုလေးနက်လှပတာပဲ။အကြည့်ချင်းစုံမိတဲ့အခိုက် စက္ကန့်တွေရပ်တန့်သွားသလိုပင်။
"Taehyung... ကိုယ်နဲ့ခဏလိုက်ခဲ့အုံး"
"အာဟုတ်"
Taehyungကိုယ့်ဘာသာမုန့်ထိုင်စားနေတုန်း ဆရာJungkookက ရုတ်တရက်ရောက်လာတယ်။ ပြီးတော့ သူ့နဲ့ခဏလိုက်ခဲ့ပါအုံးတဲ့။ ဘာကိစ္စများဖြစ်တာလဲတော့မသိပေမဲ့ အရှေ့ကထွက်သွားနှင့်ပြီဖြစ်တဲ့ ဆရာjungkookနောက်ကိုခပ်မြန်မြန်လိုပ်သွားရတယ်။ ကန်တင်းကထွက်လာပြီး ‌လူလွတ်တဲ့နေရာမှာရပ်သွားတဲ့ဆရာJungkookကြောင့် ကိုယ်ပါလိုက်ရပ်လိုက်ရတယ်။ လူမရှိဘဲလူရှင်းတဲ့နေရာမှာ နှစ်ယောက်တည်းရှိနေရတဲ့ခံစားချက်က ရင်ကိုအဆမတန်ခုန်စေသည်။
"ဘာဖြစ်လို့ ဒီကိုခေါ်လာတာလဲဆရာ"
ဘာစကားမှမပြောဘဲရပ်နေတော့ Taehyungပဲစကားစလိုက်ရတယ်။
"ဟိုတစ်နေ့ကကိစ္စကို ညကျအဖြေပြောပြမယ်"
"ဘယ်ကိစ္စ? တွဲဖို့ကိစ္စလား!!!!"
"အင်း"
တကယ်ဆရာJungkookက အဖြေပြန်ပေးတော့မှာပဲ။ ဝိုး  တစ်နေ့တော့ အဖြေပေးလာမယ်လို့ထင်ထားပေမဲ့ ဒီလောက်မြန်မြန်နဲ့ပေးလာလိမ့်မယ်လို့မထင်ထားမိ‌တာတော့မှန်ပါသည်။ ဆရာJungkookက အဲ့ဒီစကားပြောပြီးတန်းထွက်သွားတော့သည်။
Jungkookဘာလို့ ဒီစကားထွက်သွားမိတာလည်း ကိုယ့်ကိုကိုယ်လည်းမသိတော့..။ အတွေးထဲတွင် KimTaehyungကိုတခြားလူပိုင်သွားခဲ့ရင်ဆိုတဲ့  အတွေးကအလွန်ကြီးစိုးနေတယ်။ သေချာပေါက် Kim Taehyungကို ကိုယ်ကလွဲပြီးတခြားလူနဲ့ပတ်သတ်တာကိုမကြိုက်မိတာတော့အမှန်ပဲ။
ကန်တင်းမှာကျန်ခဲ့တဲ့ Sunghoonကတော့ Taehyungအဆူခံနေရပြီဆိုတဲ့အတွေးကြောင့် စခွီးထနေတော့တယ်။
#bliawnk
#taekook
#kookv
Zawgyi
"Sunghoonလေးရေ...."
"ဟေ ဟေ ပြောပြော"
"မသိဘူး.."
"မကျေနပ်တာ"
"ဘာကိုလဲ Minhoကိုလိုက်ပို့ခိုင်းလို့လား? အဲ့ဒီနေ့ကိုမင်းကိုလိုက်ရှာချင်လို့လိုက်ပို့ခိုင်းတာလေ"
"မသိဘူးကွာ "
"Kim Taehyung ‌ရေ"
"ရားး!!!!"
*ဖြောင်း*
"ဟင် အေးလေ"
"ပြန်ကြိုက်မှာပါ"
"ဆရာJungkook"
"အင်းပြောပြလေ"
"ဘာ? "
"မလိုက်တော့ပါဘူး "
"လိုက်ခဲ့ပါ ဆရာကလည်း..Kim Taehyungကို မပျက်စီးအောင်အုပ်ထိန်းပေးရမဲ့ထဲ ဆရာလည်းပါတာပဲလေနော်""
"ဆရာ ဟိုမှာ Taehyungနဲ့ဟိုကောင်လေး"
"အာဟုတ်"
"အင်း"
#bliawnk
#taekook
#kookv
Continue Reading
You'll Also Like
563K 48.6K 21
Kookv yaoi fanfiction Language - Myanmar (unicode+zawgyi) Topkook/Vottom Started Date ~ August 11 , 2019 Ended Date ~ October 23 , 2019 Sorry if so...
442K 62.3K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
154K 22.1K 16
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
83.7K 3.1K 38
Unicode & Zawgyi #37 complete