𝑨𝒍𝒍 𝑰 𝑵𝒆𝒆𝒅 𝑰𝒔 𝒀𝒐�...

By Yuki_michi

8.7K 930 103

For Commission More

Part - 1
Part - 2
Part - 3
Final Part

Part - 4

1.2K 174 10
By Yuki_michi

Unicode

" ယွန်းဆော..."

မျက်စိရှေ့မှာမြင်နေရတာယွန်းဆောဆိုတာကို မယုံကြည်နိုင်အောင်နှစ်ခေါက်ပြန်မေးတော့ ခေါင်းညိတ်လို့ပြုံးပြသည်..။ အနည်းငယ်နွမ်းနယ်နေတဲ့ယွန်းဆောမျက်နှာက စိတ်ထောင်းကိုယ်ကြေနေသလို.. ချစ်ရသူနောက်လိူက်သွားတဲ့လူရဲ့မျက်နှာက အီသန့်လက်ထဲကဆောင်းဟွန်းထက်ပို၍နွမ်းနယ်နေသည်..။

တစ်လလောက်ပဲကြာသေးပေမဲ့ ယွန်းဆောမျက်နှာက တစ်နှစ်လောက်ဒုက္ခတွေကြုံလာရသလို အဝတ်အစားနွမ်းနွမ်းကလဲအရင်ကယွန်းဆောလက်နဲ့တောင်မကိုင်ချင်ဘူးလို့ပြောဆိုထားတဲ့အနေအထားဖြစ်သည်..။

" စကားခဏလောက်ပြောရအောင် ဆောင်းဟွန်း.."

ကျောင်းလွှတ်ချိန်ပေမဲ့ လာမကြိုသေးတဲ့အီသန့်ကြောင့် နာရီကိုတစ်ချက်ကြည့်ရင်း ကျောင်းနားကနီးစပ်ရာကော်ဖီဆိုင်တစ်ခုကိုဆွဲခေါ်လာခဲ့သည်..။

ကော်ဖီတစ်ခွက်စီရှေ့ချရင်း စကားတွေပြောနေတဲ့ယွန်းဆောမျက်နှာကိုကြည့်မိသည်..။ သူသိခဲ့ဖူးတဲ့ယွန်းဆောမှဟုတ်လေရဲ့လားဆိုတာ မေမေသိရင် ရင်ကွဲရချည်ရဲ့..။
ပိန်လှီသွားတဲ့လက်လေးတွေက အရင်ကထက်ပို၍ဆိုးရွားလွန်းသည်..။

" ငါမှားခဲ့တာတွေပဲဆောင်းဟွန်းရယ်... ငါသူ့ကိုယုံခဲ့မိလို့.."

ပိုက်ဆံမက်တယ်လို့ပဲဆောင်းဟွန်းသုံးချင်သည်..။ ပိုက်ဆံတစ်ခုအတွက်ယုံလွယ်ခဲ့တဲ့ဘဝက ပျက်စီးသွားတော့တစ်ဘဝလုံးစာ.. အခွံသက်သက်ချင်းတွေ့ကြတဲ့နှစ်ယောက်သားရဲ့ဆက်ဆံရေးဟာ ဘယ်လိုမှသာယာနိုင်မှာမဟုတ်ကြောင်း ။လက်ရှိယွန်းဆောကိုကြည့်တာနဲ့သိသာသည်..။

" အခု မမက ထွက်ပြေးလာတာလား..."

" ငါသူနဲ့မပေါင်းနိုင်တော့ဘူး ဆောင်းဟွန်း "

" မပေါင်းတာကရပါတယ်...အဲ့လူပြဿနာရှာမှာကိုပဲစိတ်ပူတာ..နောက်ပီး မမကိုအီသန်ကတအားစိတ်ဆိုးနေပုံပဲ..တွေ့ရင်အဆင်ပြေပါ့မလား.."

" ငါပြောချင်တာလဲအဲ့တာပဲဆောင်းဟွန်း... အီဟီဆွန်းစိတ်ဆိုးနေမှာကိုငါသိတယ် အဲ့တာကြောင့် ရတဲ့နည်းနဲ့တောင်းပန်ပီး ငါ့နေရာကို ငါပြန်ယူမယ်...ဒီအတောအတွင်းမှာ ငါ့နေရာကိုဝင်နေပေးခဲ့တာတွေကို ကျေးဇူးတင်တယ် ဆောင်းဟွန်း အခု လူမှန်နေရာမှန်ဖြစ်အောင် ပြန်နေကြရအောင်.."

တုန့်ပြန်မှုမပြုနိုင်အောင် ဆောင်းဟွန်းခဏတာတိတ်ဆိတ်သွားသည်..  ဖန်ခွက်ကိုကိုင်ထားတဲ့လက်တွေကဖြူဆုပ်လျက်..အောက်နှုတ်ခမ်းကိုသတိမမူမိပဲအကြိမ်ကြိမ်ကိုက်ခဲနေမိတဲ့အထိ ဆောင်းဟွန်းအတွေးတွေယောက်ယက်ခတ်သွားသည်..။ အသုံးချခံသက်သက်လို့အီသန်ပြောဖူးတာကိုသတိရမိတော့ အလိုလိုနေရင်း မျက်ရည်ဝဲသွားသည်.. ပျော့ညံ့ခြင်းမဟုတ်ပေမဲ့ယောကျာ်းတစ်ယောက်က ဒီလောက်ထိမာနမရှိပဲနေခဲ့ရလျှင်တော်လောက်ကျရောပေါ့...။

အကြိမ်ကြိမ်အခါခါစော်ကားခံနေရတော့ နှလုံးသားကမာကြောနေရင်တောင် အစိုင်အခဲတွေမရှိတော့လောက်အောင်တိုက်စားခံနေရပီးပီ..။

ပတ်ဝန်းကျင်ဆိုတဲ့အရာကို ဆောင်းဟွန်းကထည့်တွေးတတ်တဲ့အရွယ်ရောက်နှင့်နေပြီမို့ ဒီအခြေအနေကိုဘယ်လိုဖြစ်လာမလဲဆိုတာကိုကြိုတွေးနှင့်ပြီးပြီ.. သက်ပြင်းကိုခခလေးချရင်း ဆံနွယ်ဖြူဖြူတွေကိုသပ်လိုက်တဲ့အခါ လက်မောင်းရင်းက အောင့်ခနဲ..

လျစ်လျူရှုပစ်လိုက်ရင်း...

" မမအဆင်ပြေတယ်ဆိုရင် ပြန်လဲကြတာပေါ့...ဒါပေမဲ့ လောလောဆယ်တော့ ကျွန်တော်ပြန်ရတော့မယ်... အီသန်လာကြိုနေပီထင်တယ်.."

" အီဟီဆွန်းကမင်းကိုကျောင်းကြိုတယ်ပေါ့.."

" အင်း...အကြိုအပို့လုပ်ပေးတယ်.."

" အင်းပေါ့...ငါ့မျက်နှာရှိသေးတာကိုး....နောက်ပီး အီသန်..."

" အီသန်ကအဲ့လိုခေါ်ပါလို့ပြောထားလို့..သွားတော့မယ်...ဟိုမှာလာနေပီ...နောက်မှတွေ့မယ်နော်..."

ဆောင်းဟွန်းလွယ်အိတ်ကိုဆွဲကိုင်လိုက်ရင်း ဆိုင်ထဲကခပ်သုတ်သုတ်ပြေးထွက်လာခဲ့သည်.. ကားက ဆိုင်ကိုကျော်ကာ ကျောင်းရှိရာဘက်ကိူဦးတည်နေပေမဲ့ပြေးလိုက်လာတဲ့ ဆောင်းဟွန်းကိုမြင်ပုံရသည်..တုံ့ခနဲရပ်တန့်သွားတဲ့ကားကြောင့် ဆောင်းဟွန်းရေးရေးလေးပြုံးလိုက်မိသည်..။

" ဘယ်တွေသွားနေတာလဲ..."

ခါးပတ်ကိုဆွဲယူလို့ သေချာပတ်ပေးနေတဲ့အီသန့်ကြောင့် လွယ်အိတ်ကိုနောက်ခန်းမှာလှမ်းထားရင်း

" ဟိုနားကကော်ဖီဆိုင်ခဏ.."

" ကော်ဖီကြိုက်တာလား.."

" ဟုတ်..."

အီသန့်စိတ်ကခက်မှန်းရခက်ပေမဲ့ ဆောင်းဟွန်းလိုက်လျောညီထွေဖြစ်ကာနေသားကျနေခဲ့တာကြာပြီ..။ မထင်ရင်မထင်သလို အော်ဟစ်တတ်တာကလွဲရင် ကျန်တဲ့အချိန်တွေမှာ အီသန်က ဂရုတစိုက်ရှိသည်..။ မျက်နှာတည်တည်နှင့် ဘယ်လောက်ပဲပြောဆိုနေပါဦးတော့... အီသန်က သူ့အား ကလေးတစ်ယောက်ကိုဆက်ဆံသလိုအမြဲပြုလုပ်လေ့ရှိသည်.. ကျောင်းကထွက်လို့ကားပေါ်ရောက်တာနဲ့ လုံခြုံတယ်လို့ခံစားလာရတဲ့အထိ အီသန့်ရဲ့အပြုအမူတွေအပေါ်မှာနေသားတကျရှိလာခဲ့သည်..

" ရေတွေစိုပြန်ပီလား...."

ဆောင်းဟွန်းခေါင်းကိုငဲ့ကြည့်လို့မေးတဲ့အခါ ခေါင်းကိုခပ်သာသာညိတ်ပြလိုက်သည်.. ရေစက်တွေကဝဲခနဲ.. ။

" ကျွန်တော် ကျောင်းမတက်ချင်တော့ဘူး အီသန်...."

" ဘာပြောတယ်.... မင်းအသက်အရွယ်ကကျောင်းမတက်ရင်ဘာလုပ်ချင်လို့လဲ.."

" ကျွန်တော်ကျောင်းမတက်ချင်တော့ဘူး.."

ထပ်ခါထပ်ခါပြောတဲ့အခါ အီသန့်မျက်ဝန်းတွေကတိတိကျကျဆောင်းဟွန်းမျက်လုံးတွေကိုဆုံလာသည်.. မလုံမလဲဖြင့်အကြည့်လွှဲကာ တစ်ဖက်သို့လှည့်ဖို့ကြံရွယ်သော်လည်း ကားရပ်ပစ်လိုက်သောအီသန်က မေးဖျားကိုကိုင်ကာမျက်နှာချင်းဆိုင်ဆွဲလှည့်သည်..

" အကြောင်းပြချက်ခိုင်ခိုင်လုံလုံပေးနိုင်လား...ခိုင်လုံတဲ့အကြောင်းပြချက်ရရင် မင်းကိုကျောင်းမတက်ဖို့ခွင့်ပြုတယ်..ပြောကြည့် မင်းအကြောင်းပြချက်ကို..."

ထိုအခါတွေဝေသွားတဲ့ဆောင်းဟွန်းရဲ့အတွေးထဲမှာ သူများကိုမနှောက်ယှက်ချင်တာမို့ မေးပေါ်ကလက်ကိုသာဖယ်ချလိုက်သည် ...

" အကြောင်းပြချက်မရှိရင်တော့ မင်းပြောတာကိုငါလက်မခံဘူး.."

ကားပြန်မောင်းနေတဲ့အီသန့်မျက်နှာကို ငေးရင်း မသိလိုက်ပါတဲ့လေပူတွေကိုသာမှုတ်ထုတ်နေမိပြန်သည်.. အမှန်တကယ် ဆောင်းဟွန်းကျောင်းမတက်ချင်တော့ဘူး..ကျောင်းတက်ဖို့ကိုကြောက်ရွံ့လာတာမို့...။

" ဆောင်းဟွန်းခဏ ..."

"အ.."

ကားပေါ်ကဆင်း၍ အိမ်ထဲဝင်ခါနီးဆဲဆဲလက်မောင်းကိုလှမ်းဆွဲတဲ့ အီသန့်ကြောင့် လူကတောင့်ခနဲ..နာကျင်နေတဲ့လက်မောင်းက အားတစ်ခုဖြင့်ဆွဲကိုင်ခံထားရတဲ့အခါ လက်ချောင်းတွေပါတဆတ်ဆတ်တုန်လာသည်..

" လက်မောင်းကဘာဖြစ်လို့လဲ.."

" ဘာမှမဖြစ်ဘူး...အီသန်ဘာပြောစရာရှိလို့လဲ.."

" ငါအလုပ်ကိစ္စတစ်ခုရှိလို့ ခဏပြန်သွားမလို့ မင်းဗိုက်ဆာရင်စားဖို့ မုန့်ဖိုးပေးမလို့.. စကားလမ်းကြောင်းမလွှဲပစ်နဲ့ မင်းလက်မောင်းကိုပြစမ်း..."

" တကယ်ဘာမှမဖြစ်...အီသန်..ခဏ...အား..နာတယ်.."

ငြင်းဆိုလေလေ လက်မောင်းကိုတင်းနေအောင်ဖိကိုင်ခံရလေဖြစ်တာမို့ဆောင်းဟွန်းဟန်မဆောင်နိုင်အောင် အသံကျယ်ထွက်၍အော်ဟစ်မိသည်.. ရုန်းထွက်လေ မလွတ်နိုင်အောင်ဆုပ်ကိုင်ထားတဲ့လက်မောင်းရဲ့နာကျင်မှုကြောင့်ခြေမခိုင်ချင်သလိုပင်ဖြစ်လာရသည်..။

ကျောင်းဝတ်စုံကအပေါ်ကုတ်ကိုခပ်မြန်မြန်ဆွဲချွတ်လိုက်တဲ့အခါ ပြဲနေတဲ့ အောက်ခံအကျီဖြူကြားမှ လက်မောင်းရဲရဲကိုမြင်တဲ့အခါ အီသန့်အကြည့်တွေပြောင်းလဲသွားသည်..။

" ဒါဘာဖြစ်တာလဲ...ဘယ်သူလုပ်တာလဲ..."

" ကျောင်းမှာသန့်ရှင်းရေးလုပ်ပီးထိခိုက်မိတာ အထွေအထူးမဟုတ်ဘူး.."

" ကျောင်းကိစ္စလုပ်ရင်းထိတာကို ဘယ်သူမှဒဏ်ရာကိုဂရုမစိုက်ဘူးလား...ပြောစမ်း ပတ်ဆောင်းဟွန်း..."

" တကယ်ဘာမှမဖြစ်ဘူး နည်းနည်းနာနေရုံကလွဲရင် အဆင်ပြေတယ်..."

ရေပြင်လိုတည်ငြိမ်နေတတ်တဲ့မျက်ဝန်းနက်တွေက အငြိမ်မနေပဲဆွဲကိုင်ထားတဲ့လက်တွေကိုရုန်းကန်တော့ ခပ်သာသာလွှတ်ပေးလိုက်ရသည်....လက်ထဲကိုပိုက်ဆံတချို့ထည့်ပေးရင်း

" မှာစားလိုက်.. အပြင်ထွက်ဝယ်မနေနဲ့.. "

" အီသန့်ဖို့ပါမှာလိုက်ရမလား..."

" မမှာနဲ့ မင်းဖို့ပဲမှာ..."

ဆောင်းဟွန်းအလျင်အမြန်ခေါင်းညိတ်လို့ ကျောပိုးအိတ်ကိုရင်ဘတ်မှာပိုက်ကာ နေရာကပြေးထွက်ခဲ့သည်.. အီသန့်ရဲ့ကားစက်နှိုးသံကိုကြားရချိန်မှာ အဝတ်အစားလဲလို့ကုတင်ထက်တွင်ပစ်လှဲချနှင့်ပီးပီ.. နာနာကျင်ကျင်ညီးညူမှုကိုပြုရင်း လက်မောင်းတစ်ဖက်ကိုဆုပ်ကိုင်လိုက်သည်..

အခုချိန်မှာလက်မောင်းကဒဏ်ရာထက်ပိုဆိုးတဲ့ရှုပ်ထွေးတဲ့အရာဖြစ်သော ယွန်းဆောကခေါင်းထဲမှာပေါ်လာသည်..။ ဒီလိုဖြစ်လာဖို့ဖန်ခဲ့ပီးမှအခုတော့ နေရာပြန်ယူမယ်ဆိူတဲ့စကားက ဆောင်းဟွန်းကအရွယ်မရောက်သေးတဲ့ကလေးတစ်ယောက်မို့လို့ လူကြီးတွေစီမံရာနေရသည်လား..။

စာအုပ်တွေကိုလွယ်အိတ်ထဲကထုတ်ယူရင်း ဘောပင်ကိုလက်ညိုးနှင့်လက်ခလယ်ကြားမှာညှပ်လျက်အချိန်တော်တော်ကြာအောင် အဖြေမရှိမေးခွန်းမရှိတဲ့အဆုံးအစမရှိသောအရာကိုတွေးတောနေမိသည်..။ ဒီနေရာကို အီသန့်ရဲ့ကြင်သူဆိုတဲ့နေရာကို ဆောင်းဟွန်းနေသားတကျရှိနှင့်နေပြီးပြီ.. ချစ်ခြင်းမေတ္တာတွေနှင့်လက်ထပ်ယူထားတာမဟူတ်ပေမဲ့ အမုန်းတွေလျော့ပါးနေတာကိုဆောင်းဟွန်းခံစားရသည်..။ တစ်ခါတစ်ရံအီသန်က မင်းနဲ့မဆိုင်တဲ့ပြဿနာတွေကြားထဲပါနေရတယ်လို့ဆိုတတ်သည်..

အမှန်အတိုင်းပြောရပါရင် ဆောင်းဟွန်း ဒီနေရာမှာပဲရှိနေချငိသည်.. ယွန်းဆောကိုဒီနေရာမှာနေစေရင်လဲ ထွေထူးသောပြဿနာမရှိပေမဲ့ ဒီတစ်ခါမှာတော့ဆောင်းဟွန်းမှာတွေဝေစိတ်လေးရှိသည်..။

ဆံနွယ်ဖြူဖြူတွေထဲကိုလက်တွေထိုးဖွလိုက်ရင်း တွေးတောဖို့ငယ်ရွယ်နေသေးတယ်လို့သုံးသပ်လိုက်သည်..
ဒါကလူကြီးတွေရဲ့ပြဿနာမဟုတ်လား..

ညနေစာအတွက်ထွေထူးပီးမှာထားတာမရှိပဲ ပဲခေါက်ဆွဲတစ်ပွဲပဲစား၍ စာလုပ်နေတာ အချိန်အနည်းငယ်ကြာမြင့်နေလေပြီ..။ အီသန်ကအမြဲအိမ်ပြန်နောက်ကျတာမို့ မျက်နှာချင်းဆိုင်တွေ့ချိန်ကရှားသည်.. တစ်ခါတလေ တအားနောက်ကျ၍ ဆိုဖာမှာစောင့်ရင်း အိပ်ပျော်သွားရတဲ့အချိန်တွေရှိသည်..ဒီလိုဆိုရင် ဇိမ်ကျကျပဲ အီသန့်ရဲ့ရင်အုပ်ကျယ်မှာမျက်နှာအပ်ရင်း ကုတင်ပေါ်မှာသိပ်ပေးခဲ့တဲ့အချိန်တွေကိုလဲ ထူးထူးဆန်းဆန်းသဘောကျမိသည်..။

ဆောင်းဟွန်းကဂရုစိုက်မှုကိုလိုအပ်ပေမဲ့ မလိုအပ်ဘူးလို့လိမ်ညာရင်းနေခဲ့တာမို့ ဂရုစိုက်မှုကိုရတဲ့အခါ သိသိသာသာပဲခုံမင်သည်..။

" ဟာ..ကျစ်.."

စာရေးနေတဲ့စာလုံးတွေနဲ့စာအုပ်ပေါ်ကို နီပျစ်ပျစ်သွေးစက်တစ်ချို့ကပေါက်ခနဲ.. ကမန်းကတမ်း ဘေးကတစ်ရူးအထပ်လိုက်ကို နှာခေါင်းထက်အုပ်ရင်းရေချိုးခန်းပြေးထွက်လာတဲ့အခါ တံခါးပေါက်ရှေ့ကမာကြောကြောအရာဟာ အီသန်ဖြစ်နေသည်..။

" အဆင်ပြေလား.."

လက်မှာပေနေတဲ့သွေးတွေကိုဆေးချပီး နှာခေါင်းမှာ တစ်ရူးစကိုထိုးထည့်လိုက်ကာ..

" ဒီရက်ပိုင်း စာလုပ်တာများပီးပင်ပန်းလို့နေလိမ့်မယ်..."

" မင်းမျက်နှာအရောင်မကောင်းဘူး ဖြူရော်ရော်နဲ့ စာလုပ်နေတာဆို ဒီညနားလိုက်... မနက်ဖြန်ပိတ်တာပဲ "

" တွက်စရာနည်းနည်းကျန်သေးတယ် ရပါတယ် အခုလဲ သွေးတိတ်သွားပီပဲ.."

" သဘောပဲ... ညတော့အရမ်းမနက်စေနဲ့ မင်းပုံစံကိုငါသဘောမကျဘူး.."

တားမရတဲ့အခါ စာကြည့်နေတဲ့ဘေးနားမှာ ခုံတစ်လုံးဖြင့် စာအုပ်ထိုင်ဖတ်နေတဲ့အီသန်က.တကယ်ကိုအုပ်ထိန်းသူပီသည်..။
ခေါင်းအနည်းမူးနေပီမို့ နားထင်ကိုဖိနှိပ်ကာ စာအုပ်တွေသိမ်းဆည်းနေဆဲ နဖူးပြင်ပေါ်ကိုရောက်လာတဲ့လက်တစ်စုံကြောင့် ခါးကမတ်ခနဲ..။

" ကိုယ်တော့မပူဘူး...နေမကောင်းဖြစ်အောင်လုပ်ပီး ငါ့ကိုအလုပ်ရှုပ်အောင်မလုပ်နဲ့ စာအုပ်တွေသိမ်းပီးအိပ်တော့..."

" အီသန်..."

" ဘာလဲ.."

" အကယ်၍ယွန်းဆောကသာ အီသန့်ကိုလာတွေ့ရင်ဘယ်လိုလုပ်မလဲ..."

" ငါ့မှာတွေ့စရာအကြောင်းမရှိဘူး သူ့နေရာမင်းဖြစ်နေလိူ့ ခံသာနေတာ သူသာဆိုရင် ကွာရှင်းဖို့တောင်းဆိုလာအောင်ထိငါနှိပ်စက်ဖို့ဆုံးဖြတ်ထားပီးသား..."

" အီသန်က.အတ္တကြီးတယ်..."

သိမ်းပီးသွားတဲ့စားပွဲပေါ်ကို အဝတ်နှင့်ပွတ်ရင်း ထရပ်လိုက်တဲ့ဆောင်းဟွန်းက ခုံလက်ရန်းပေါ်ကို လက်ထောက်လိုက်တဲ့အီသန့်ကြောင့်အလန့်တကြားပြုတ်ကျလို့ မျက်လုံးစုံမှိတ်လိုက်ရသည်..။

" ဒါတွေကမင်းအမစခဲ့တဲ့ဇာတ်လမ်းတွေပဲ....မင်းကဇာတ်လမ်းဆုံးအောင်ကပေးလိုက်သင့်တယ်မထင်ဘူးလား...."

ဆောင်းဟွန်းမျက်လုံးတွေတင်းတင်းမှိတ်ထားတာတောင် မျက်တောင်ဖျားကိုလာထိနေတဲ့ထွက်သက်ဝင်သက်က ခပ်ပါးပါးလေးလှုပ်ခတ်နေသည်..။ အောက်နှူတ်ခမ်းကိုဖိကိုက်လိုက်ရင်း..

" ကျွန်တော်ကဆုံးအောင်မကနိုင်ရင်ရော အီသန်.."

" မင်းကငါ့ရဲ့တစ်သက်လုံးအတွက်အရုပ်လေဆောင်းဟွန်း.. မင်းကိုငါပိုင်တာမို့လို့ သက်ဆုံးတိုင်အောင်ဒီဇာတ်ကိုကနေရမှာ "

"မျက်လုံးကိုဖွင့်ပီး အိပ်ဖို့ပြင်တော့ ငါဒီနေ့ည ပြန်လာဖြစ်မလား မလာဖြစ်ဘူးလား မသေချာဘူး.. အိမ်တံခါးကိုသေချာပိတ်ပီးအိပ်တော့..."

ဆောင်းဟွန်းနဖူးကိုနောက်ဆုံးခပ်ဖွဖွတောာက်လို့ထွက်သွားတဲ့အီသန်က ဘားတစ်ခုခုကိုသွားတာဖြစ်လိမ့်မည်... ပြန်လာတိုင်းအီနေအောင်ရတတ်တဲ့ အရက်နံ့တွေကိုဆောင်းဟွန်းမနှစ်မြို့ပေမဲ့ အီသန်ကကြိုက်တော့လဲမတတ်သာ..

အီသန်နဲ့ယွန်းဆောပြောသလိုပဲသူက ဘာမှပြောခွင့်မရှိတဲ့လူစားထိုးခံထားရတဲ့အရုပ်သက်သက်ပဲ..။

••••••

" ဒီညပြုံးနေတာပါပဲလား ဘယ်လိုလဲကောင်လေးနဲ့အဆင်ပြေနေလို့လား..."

ဝီစကီခွက်ကိုခပ်သာသာလှည့်နေတဲ့ဟီဆွန်းပခုံးတစ်ဖက်စီကိုပုတ်လို့ မျက်စပစ်ကာမေးလာတဲ့ ဂျေးနဲ့ဂျယ်ယွန်းကြောင့်ပခုံးကိုခပ်သာသာတွန့်ပြလိုက်သည်..။

" ဒီလိုပါပဲ စိတ်ဝင်စားစရာမျက်နှာလေးတွေ့ခဲ့လို့..."

" ပြောရရင် hyungရဲ့စိတ်ကိုကျွန်တော်မရှင်းဘူး အဲ့ကောင်လေးကိုမုန်းတာလား မမုန်းတာလား ဒါမှမဟုတ်ချစ်တာလား.."

ဟီဆွန်းမျက်ခုံးတစ်ဖက်ကိုပင့်တင်လို့ ကျန်နေသေးတဲ့ဝီစကီကိုအကုန်မော့ချလိုက်ကာ ဖန်ခွက်ကိုကောင်တာပေါ်တင်လိုက်သည်.. ကျန်နေသေးတဲ့ခွက်ထဲက ရေခဲလေးကိုလက်ညိုးဖြင့်ထိမွှေရင်းဘာစကားမှမဆို..။ ခပ်သာသာလေးပဲပြုံးလို့နေသည်...

" ဒီလိုကွာ...တကယ်တမ်းက ယွန်းဆောကိုအတင်းအကြပ်ပေးစားမှာမို့မလိုချင်ခဲ့ဘူး ဒါပေမဲ့ မင်းသိပီးသားအကြောင်းအရင်းတွေကြောင့် ယွန်းဆောကိုယူမယ် အနုနည်းနဲ့နှိပ်စက်မယ် ကွာရှင်းခွင့်တောင်းရင် နှစ်ဆလျှော်တာကိုရမယ်.. ဒါကိုလိုချင်တာ..."

ဘေးကဂျေးက ဝင်ထောက်တော့ ဟီဆွန်းခေါင်းညိတ်လိုက်ရင်း

" ဂျေးပြောသလိုပဲ..ဒါပေမဲ့မထင်မှတ်ပဲ ယွန်းဆောကထွက်ပြေးတော့ သတို့သမီးမရှိတဲ့ပွဲမှာအရှက်ရမဲ့ငါ့ပုံစံကိုမြင်ကြည့်ပါဦး...ငါ့ဘဝမှာ အမုန်းဆုံးက ဒီလိုအရှက်တကွဲဖြစ်ရတာပဲကို မင်းတို့သိတာပဲ.. အဲ့တာကြောင့် ဒီကောင်လေးကိုအစားထိုးလိုက်တယ် သိပ်ဆိုးတဲ့မိသားစုကိုရထားတဲ့ကောင်လေးပဲ အမေက သူ့အကြွေးတွေမဆပ်ရရင်နေပါစေ..သူ့သားကိုလဲထိုးပေးတာပဲ.."

" အစကတော့ ယွန်းဆောကိုလုပ်သလိုမျိုးလုပ်ဖို့ပေမဲ့ မဆိုင်ဘူးလေ...ဆောင်းဟွန်းက သူ့မိသားစုနဲ့မတူအောင် ဘာကိုမှအတွေးမရှိတဲ့ကလေးဖြစ်နေတယ်... သူ့အမလို ငွေမမက်ဘူး သူ့အမေလို တလွဲမာနနဲ့ဟိတ်ဟန်မရှိဘူး တကယ်ကို အစားထိုးခံသက်သက်ဖြစ်နေခဲ့တာ.."

စကားတွေအများကြီးပြောနေပေမဲ့လိုချင်တဲ့ဆီမရောက်တော့မျက်မှောင်ကြုတ်လာတဲ့ဂျယ်ယွန်းက စိတ်မရှည်တော့ဟန်ဖြင့်

" အဲ့တာနဲ့မမုန်းတော့ဘူး...ဒါဆိုချစ်တာလား မချစ်တာလား..."

" မချစ်ဘူး.."

" ညာနေတာ..."

ဂျေးရဲ့စကားသံကတစ်ဆက်တည်းထွက်လာကာ ဟီဆွန်းရဲ့စိတ်ကိုသိဟန်ဆောင်နေသည်၊။

" သနားတာတော့လက်ခံပေမဲ့ ချစ်တဲ့အဆင့်ထိမရောက်သေးဘူး.. "

" hyungက ကိုယ့်ဘာသာညာနေတာပဲ နေ့တိုင်းပြောသမျှစကားတွေတိုင်းမှာ သနားတယ်ဆိုတာပေမဲ့ hyungကိုယ်တိုင်က အဲ့ကောင်လေးကို သနားဖို့သေချာနားလည်ပေးနေတာမဟုတ်လား... ပီပီပြင်ပြင်မုန်းဖို့လုပ်ခဲ့ပီးမှ သဘောကျသွားလို့လေ..."

ဆွေးနွေးစရာလဲကုန်ပီထင်သည်..။ ဘေးလူသိနေတဲ့စိတ်ကို သူကမသိချင်ခဲ့ဘူး.. သိစိတ်ထဲမှာ ဒီမိသားစုကဆောင်းဟွန်းဆိုတာကိုထည့်ပိတ်လို့ငြင်းဆန်ဖို့အားသန်နေဆဲဖို့ ဘယ်လိုအတွေးမြင်တွေပြောပြပါစေ ခေါင်းမာလွန်းတဲ့သူကလက်လျှော့မည်မဟုတ်..။

သူက ဆောင်းဟွန်းချစ်မနေသေးပါ...။

••••••••

မှောင်မဲနေတဲ့ဒီအခန်းက ဘယ်နေရာလဲဆိုတာကိုဆောင်းဟွန်းသိလိုက်တာမို့ ဒူးနှစ်ဖက်ကိုကျစ်နေအောင်ပိုက်ရင်းခေါင်းမှောက်ချလိုက်သည်..။ အေးစက်စက် အဆောင်ပျက်က ကျောင်းဂိုဒေါင်လုပ်ထားတာကြာမြင့်နေလေပြီ..။အလင်းရောင်တောင်သိပ်မဝင်တဲ့ဒီနေရာက သစ်ပင်ရိပ်တွေအုပ်နေတဲ့ကျောင်းနောက်ဖက်မှာမို့ အေးစိမ့်စိမ့်ခံစားရသည်..။ ရေစိုနေတဲ့ဆောင်းဟွန်းခန္ဓာကိုယ်က ဒီအအေးဒဏ်ကိုပိုခံနေရသည်..။

ကျောင်းဆင်းချိန်ထိဆောင်းဟွန်းတောင့်ခံနိုင်ဖို့မသေချာ..။ နာကျင်နေတဲ့ဝမ်းဗိုက်က စူးကာထိုးအောင့်နေတာကြောင့်အသက်ရူလျင်တောင်ပင်ပန်းသည်..။ အထဲကကလီစာတွေကြေမွကုန်ပီထင်သည်..။

နာလိုက်တာလို့ခပ်ဖွဖွရေရွတ်ရင်း ကျောင်းလွှတ်ချိန်ကိုတမ်းတမိသည်..။
ဆောင်းဟွန်းရဲ့ကျောင်းမတက်ချင်တဲ့နေ့ရက်တွေကိုအီသန်မသိပေမဲ့ဆိူးရွားလွန်းသည်..။ အီသန်နှင့်လက်ထပ်လိုက်တဲ့သတင်းကဟိုးလေးတကျော်ကျော် ဒါ့အပြင် ရိသဲ့သဲ့နှင့် ကလူ၏မြူ၏လုပ်ခြင်းတွေကိုလဲရှောင်ဖယ်နေရသည်..။ နေ့တိုင်းကျောင်းဆောင်အပြင်က ရေကန်ထဲကိုတွန်းချခံနေရတဲ့ဒုက္ခက အထက်ကျောင်းရဲ့အနိူင်ကျင့်မှုတစ်ခုလဲဖြစ်သည်..

ဆောင်းဟွန်းကိုပျော့ညံ့တဲ့သူတစ်ယောက်လို့လှောင်ပြောင်ချင်ကြတာ..။ အီသန့်ကိုပြန်ပြောဖို့အခွင့်တွေရှိရင်တောင် အခွင့်အရေးတွေယူတာတော်သင့်ပီထင်သည်..။ ကိုယ့်နေရာမဟုတ်တဲ့ အစားထိူးသက်သက်က ဒီလိုကိစ္စတွေကိုတိုင်တန်းနေစရာမလိုဟုထင်သည်..။

အကျီလက်ဖျားစတွေကိုတင်းတင်းဆုပ်ကိုင်လိုက်ရင်း ချမ်းအေးမှုကြောင့်ခပ်ဆတ်ဆတ်တုန်နေတဲ့နှုတ်ခမ်းတွေကိုလျစ်လျူရူပစ်လိုက်သည်..။

ကျောင်းလွှတ်ချိန်ထိပဲ...။

အချိန်တွေကုန်တာနှေးသယောင်ခံစားရသည်.. ဒီထက်ပိုပီးသည်းမခံနိုင်လောက်အောင်အေးစက်နေတဲ့ဆောင်းဟွန်းခန္ဓာကိုယ်က ဒီနေရာမှာဆက်ရှိနေရင် သေဆုံးသွားမဲ့ထိအခြေအနေဆိုးနေကြောင်းကိုယ်တိုင်ခံစားရသည်..။
လက်ကျန်အားတစ်ခုဖြင့် ခိုးယူလာတဲ့ ဖုန်းကိုထုတ်ကာ နံပါတ်တွေကိူလျှင်မြန်စွာနှိပ်လိုက်တဲ့အခါ ကြားရတဲ့အသံကနွေးခနဲ..။

" ကျွန်တော်..ကျွန်တော်ကြောက်တယ် အီသန်..."

.-All_i_need_is_you-









Zawgyi

" ယြန္​း​ေဆာ..."

မ်က္​စိ​ေ႐ွ႕မွာျမင္​​ေနရတာယြန္​း​ေဆာဆိုတာကို မယံုၾကည္​ႏိုင္​​ေအာင္​ႏွစ္​​ေခါက္​ျပန္​​ေမး​ေတာ့ ​ေခါင္​းညိတ္​လို႔ျပံဳးျပသည္​..။ အနည္​းငယ္​ႏြမ္​းနယ္​​ေနတဲ့ယြန္​း​ေဆာမ်က္​ႏွာက စိတ္​​ေထာင္​းကိုယ္​​ေၾက​ေနသလို.. ခ်စ္​ရသူ​ေနာက္​လိူက္​သြားတဲ့လူရဲ႕မ်က္​ႏွာက အီသန္​႔လက္​ထဲက​ေဆာင္​းဟြန္​းထက္​ပို၍ႏြမ္​းနယ္​​ေနသည္​..။

တစ္​လ​ေလာက္​ပဲၾကာ​ေသး​ေပမဲ့ ယြန္​း​ေဆာမ်က္​ႏွာက တစ္​ႏွစ္​​ေလာက္​ဒုကၡ​ေတြၾကံဳလာရသလို အ၀တ္​အစားႏြမ္​းႏြမ္​းကလဲအရင္​ကယြန္​း​ေဆာလက္​နဲ႔​ေတာင္​မကိုင္​ခ်င္​ဘူးလို႔​ေျပာဆိုထားတဲ့အ​ေနအထားျဖစ္​သည္​..။

" စကားခဏ​ေလာက္​​ေျပာရ​ေအာင္​ ​ေဆာင္​းဟြန္​း.."

​ေက်ာင္​းလႊတ္​ခ်ိန္​​ေပမ့ဲ လာမႀကိဳ​ေသးတဲ့အီသန္​႔​ေၾကာင္​့ နာရီကိုတစ္​ခ်က္​ၾကည္​့ရင္​း ​ေက်ာင္​းနားကနီးစပ္​ရာ​ေကာ္​ဖီဆိုင္​တစ္​ခုကိုဆြဲ​ေခၚလာခဲ့သည္​..။

​ေကာ္​ဖီတစ္​ခြက္​စီ​ေ႐ွ႕ခ်ရင္​း ​စကား​ေတြ​ေျပာ​ေနတဲ့ယြန္​း​ေဆာမ်က္​ႏွာကိုၾကည္​့မိသည္​..။ သူသိခဲ့ဖူးတ့ဲယြန္​း​ေဆာမွဟုတ္​​ေလရဲ႕လားဆိုတာ ​ေမ​ေမသိရင္​ ရင္​ကြဲရခ်ည္​ရဲ႕..။
ပိန္​လွီသြားတဲ့လက္​​ေလး​ေတြက အရင္​ကထက္​ပို၍ဆိုးရြားလြန္​းသည္​..။

" ငါမွားခဲ့တာ​ေတြပဲ​ေဆာင္​းဟြန္​းရယ္​... ငါသူ႔ကိုယံုခဲ့မိလို႔.."

ပိုက္​ဆံမက္​တယ္​လို႔ပဲ​ေဆာင္​းဟြန္​းသံုးခ်င္​သည္​..။ ပိုက္​ဆံတစ္​ခုအတြက္​ယံုလြယ္​ခဲ့တဲ့ဘ၀က ပ်က္​စီးသြား​ေတာ့တစ္​ဘ၀လံုးစာ.. အခြံသက္​သက္​ခ်င္​း​ေတြ႔ၾကတဲ့ႏွစ္​​ေယာက္​သားရဲ႕ဆက္​ဆံ​ေရးဟာ ဘယ္​လိုမွသာယာႏိုင္​မွာမဟုတ္​​ေၾကာင္​း ။လက္​႐ွိယြန္​း​ေဆာကိုၾကည္​့တာနဲ႔သိသာသည္​..။

" အခု မမက ထြက္​​ေျပးလာတာလား..."

" ငါသူနဲ႔မ​ေပါင္​းႏိုင္​​ေတာ့ဘူး ​ေဆာင္​းဟြန္​း "

" မ​ေပါင္​းတာကရပါတယ္​...အဲ့လူျပႆနာ႐ွာမွာကိုပဲစိတ္​ပူတာ..​ေနာက္​ပီး မမကိုအီသန္​ကတအားစိတ္​ဆိုး​ေနပံုပဲ..​ေတြ႔ရင္​အဆင္​​ေျပပါ့မလား.."

" ငါ​ေျပာခ်င္​တာလဲအဲ့တာပဲ​ေဆာင္​းဟြန္​း... အီဟီဆြန္​းစိတ္​ဆိုး​ေနမွာကိုငါသိတယ္​ အဲ့တာ​ေၾကာင္​့ ရတဲ့နည္​းနဲ႔​ေတာင္​းပန္​ပီး ငါ့​ေနရာကို ငါျပန္​ယူမယ္​...ဒီအ​ေတာအတြင္​းမွာ ငါ့​ေနရာကို၀င္​​ေန​ေပးခဲ့တာ​ေတြကို ​ေက်းဇူးတင္​တယ္​ ​ေဆာင္​းဟြန္​း အခု လူမွန္​​ေနရာမွန္​ျဖစ္​​ေအာင္​ ျပန္​​ေနၾကရ​ေအာင္​.."

တုန္​႔ျပန္​မႈမျပဳႏိုင္​​ေအာင္​ ​ေဆာင္​းဟြန္​းခဏတာတိတ္​ဆိတ္​သြားသည္​..  ဖန္​ခြက္​ကိုကိုင္​ထားတဲ့လက္​​ေတြကျဖဴဆုပ္​လ်က္​..​ေအာက္​ႏႈတ္​ခမ္​းကိုသတိမမူမိပဲအႀကိမ္​ႀကိမ္​ကိုက္​ခဲ​ေနမိတဲ့အထိ ​ေဆာင္​းဟြန္​းအ​ေတြး​ေတြ​ေယာက္​ယက္​ခတ္​သြားသည္​..။ အသံုးခ်ခံသက္​သက္​လို႔အီသန္​​ေျပာဖူးတာကိုသတိရမိ​ေတာ့ အလိုလို​ေနရင္​း မ်က္​ရည္​၀ဲသြားသည္​.. ​ေပ်ာ့ညံ့ျခင္​းမဟုတ္​​ေပမဲ့​ေယာက်ာ္​းတစ္​​ေယာက္​က ဒီ​ေလာက္​ထိမာနမ႐ွိပဲ​ေနခဲ့ရလ်ွင္​​ေတာ္​​ေလာက္​က်​ေရာ​ေပါ့...။

အႀကိမ္​ႀကိမ္​အခါခါ​ေစာ္​ကားခံ​ေနရ​ေတာ့ ႏွလံုးသားကမာ​ေၾကာ​ေနရင္​​ေတာင္​ အစိုင္​အခဲ​ေတြမ႐ွိ​ေတာ့​ေလာက္​​ေအာင္​တိုက္​စားခံ​ေနရပီးပီ..။

ပတ္​၀န္​းက်င္​ဆိုတဲ့အရာကို ​ေဆာင္​းဟြန္​းကထည္​့​ေတြးတတ္​တဲ့အရြယ္​​ေရာက္​ႏွင္​့​ေနၿပီမို႔ ဒီအ​ေျခအ​ေနကိုဘယ္​လိုျဖစ္​လာမလဲဆိုတာကိုႀကိဳ​ေတြးႏွင္​့ၿပီးၿပီ.. သက္​ျပင္​းကုိခခ​ေလးခ်ရင္​း ဆံႏြယ္​ျဖဴျဖဴ​ေတြကိုသပ္​လိုက္​တဲ့အခါ လက္​​ေမာင္​းရင္​းက ​ေအာင္​့ခနဲ..

လ်စ္​လ်ဴရႈပစ္​လိုက္​ရင္​း...

" မမအဆင္​​ေျပတယ္​ဆိုရင္​ ျပန္​လဲၾကတာ​ေပါ့...ဒါ​ေပမဲ့ ​ေလာ​ေလာဆယ္​​ေတာ့ ကြၽန္​​ေတာ္​ျပန္​ရ​ေတာ့မယ္​... အီသန္​လာႀကိဳ​ေနပီထင္​တယ္​.."

" အီဟီဆြန္​းကမင္​းကို​ေက်ာင္​းႀကိဳတယ္​​ေပါ့.."

" အင္​း...အႀကိဳအပို႔လုပ္​​ေပးတယ္​.."

" အင္​း​ေပါ့...ငါ့မ်က္​ႏွာ႐ွိ​ေသးတာကိုး....​ေနာက္​ပီး အီသန္​..."

" အီသန္​ကအဲ့လို​ေခၚပါလို႔​ေျပာထားလို႔..သြား​ေတာ့မယ္​...ဟိုမွာလာ​ေနပီ...​ေနာက္​မွ​ေတြ႔မယ္​​ေနာ္​..."

​ေဆာင္​းဟြန္​းလြယ္​အိတ္​ကိုဆြဲကိုင္​လိုက္​ရင္​း ဆိုင္​ထဲကခပ္​သုတ္​သုတ္​​ေျပးထြက္​လာခဲ့သည္​.. ကားက ဆိုင္​ကို​ေက်ာ္​ကာ ​ေက်ာင္​း႐ွိရာဘက္​ကိူဦးတည္​​ေန​ေပမဲ့​ေျပးလိုက္​လာတဲ့ ​ေဆာင္​းဟြန္​းကိုျမင္​ပံုရသည္​..တံု႔ခနဲရပ္​တန္​႔သြားတဲ့ကား​ေၾကာင္​့ ​ေဆာင္​းဟြန္​း​ေရး​ေရး​ေလးျပံဳးလိုက္​မိသည္​..။

" ဘယ္​​ေတြသြား​ေနတာလဲ..."

ခါးပတ္​ကိုဆြဲယူလို႔ ​ေသခ်ာပတ္​​ေပး​ေနတဲ့အီသန္​႔​ေၾကာင္​့ လြယ္​အိတ္​ကို​ေနာက္​ခန္​းမွာလွမ္​းထားရင္​း

" ဟိုနား​က​ေကာ္​ဖီဆိုင္​ခဏ.."

" ​ေကာ္​ဖီႀကိဳက္​တာလား.."

" ဟုတ္​..."

အီသန္​႔စိတ္​ကခက္​မွန္​းရခက္​​ေပမဲ့ ​ေဆာင္​းဟြန္​းလိုက္​​ေလ်ာညီ​ေထြျဖစ္​ကာ​ေနသားက်​ေနခဲ့တာၾကာၿပီ..။ မထင္​ရင္​မထင္​သလို ​ေအာ္​ဟစ္​တတ္​တာကလြဲရင္​ က်န္​တဲ့အခ်ိန္​​ေတြမွာ အီသန္​က ဂ႐ုတစိုက္​႐ွိသည္​..။ မ်က္​ႏွာတည္​တည္​ႏွင္​့ ဘယ္​​ေလာက္​ပဲ​ေျပာဆို​ေနပါဦး​ေတာ့... အီသန္​က သူ႔အား က​ေလးတစ္​​ေယာက္​ကိုဆက္​ဆံသလိုအျမဲျပဳလုပ္​​ေလ့႐ွိသည္​.. ​ေက်ာင္​းကထြက္​လို႔ကား​ေပၚ​ေရာက္​တာနဲ႔ လံုျခံဳတယ္​လို႔ခံစားလာရတဲ့အထိ အီသန္​႔ရဲ႕အျပဳအမူ​ေတြအ​ေပၚမွာ​ေနသားတက်႐ွိလာခဲ့သည္​..

" ​ေရ​ေတြစိုျပန္​ပီလား...."

​ေဆာင္​းဟြန္​း​ေခါင္​းကိုငဲ့ၾကည္​့လို႔​ေမးတဲ့အခါ ​ေခါင္​းကိုခပ္​သာသာညိတ္​ျပလိုက္​သည္​.. ​ေရစက္​​ေတြက၀ဲခနဲ.. ။

" ကြၽန္​​ေတာ္​ ​ေက်ာင္​းမတက္​ခ်င္​​ေတာ့ဘူး အီသန္​...."

" ဘာ​ေျပာတယ္​.... မင္​းအသက္​အရြယ္​က​ေက်ာင္​းမတက္​ရင္​ဘာလုပ္​ခ်င္​လို႔လဲ.."

" ကြၽန္​​ေတာ္​​ေက်ာင္​းမတက္​ခ်င္​​ေတာ့ဘူး.."

ထပ္​ခါထပ္​ခါ​ေျပာတဲ့အခါ အီသန္​႔မ်က္​၀န္​း​ေတြကတိတိက်က်​ေဆာင္​းဟြန္​းမ်က္​လံုး​ေတြကိုဆံုလာသည္​.. မလံုမလဲျဖင္​့အၾကည္​့လႊဲကာ တစ္​ဖက္​သို႔လွည္​့ဖို႔ၾကံရြယ္​​ေသာ္​လည္​း ကားရပ္​ပစ္​လိုက္​​ေသာအီသန္​က ​ေမးဖ်ားကိုကိုင္​ကာမ်က္​ႏွာခ်င္​းဆိုင္​ဆြဲလွည္​့သည္​..

" အ​ေၾကာင္​းျပခ်က္​ခိုင္​ခိုင္​လံုလံု​ေပးႏိုင္​လား...ခိုင္​လံုတဲ့အ​ေၾကာင္​းျပခ်က္​ရရင္​ မင္​းကို​ေက်ာင္​းမတက္​ဖို႔ခြင္​့ျပဳတယ္​..​ေျပာၾကည္​့ မင္​းအ​ေၾကာင္​းျပခ်က္​ကို..."

ထိုအခါ​ေတြ​ေ၀သြားတဲ့​ေဆာင္​းဟြန္​းရဲ႕အ​ေတြးထဲမွာ သူမ်ားကိုမ​ေႏွာက္​ယွက္​ခ်င္​တာမို႔ ​ေမး​ေပၚကလက္​ကိုသာဖယ္​ခ်လိုက္​သည္​ ...

" အ​ေၾကာင္​းျပခ်က္​မ႐ွိရင္​​ေတာ့ မင္​း​ေျပာတာကိုငါလက္​မခံဘူး.."

ကားျပန္​​ေမာင္​း​ေနတဲ့အီသန္​႔မ်က္​ႏွာကို ​ေငးရင္​း မသိလိုက္​ပါတဲ့​ေလပူ​ေတြကိုသာမႈတ္​ထုတ္​​ေနမိျပန္​သည္​.. အမွန္​တကယ္​ ​ေဆာင္​းဟြန္​း​ေက်ာင္​းမတက္​ခ်င္​​ေတာ့ဘူး..​ေက်ာင္​းတက္​ဖို႔ကို​ေၾကာက္​ရြံ႔လာတာမို႔...။

" ​ေဆာင္​းဟြန္​းခဏ ..."

"အ.."

ကား​ေပၚကဆင္​း၍ အိမ္​ထဲ၀င္​ခါနီးဆဲဆဲလက္​​ေမာင္​းကိုလွမ္​းဆြဲတဲ့ အီသန္​႔​ေၾကာင္​့ လူက​ေတာင္​့ခနဲ..နာက်င္​​ေနတဲ့လက္​​ေမာင္​းက အားတစ္​ခုျဖင္​့ဆြဲကိုင္​ခံထားရတဲ့အခါ လက္​​ေခ်ာင္​း​ေတြပါတဆတ္​​ဆတ္​တုန္​လာသည္​..

" လက္​​ေမာင္​းကဘာျဖစ္​လို႔လဲ.."

" ဘာမွမျဖစ္​ဘူး...အီသန္​ဘာ​ေျပာစရာ႐ွိလို႔လဲ.."

" ငါအလုပ္​ကိစၥတစ္​ခု႐ွိလို႔ ခဏျပန္​သြားမလို႔ မင္​းဗိုက္​ဆာရင္​စားဖို႔ မုန္​႔ဖိုး​ေပးမလို႔.. စကားလမ္​း​ေၾကာင္​းမလႊဲပစ္​နဲ႔ မင္​းလက္​​ေမာင္​းကိုျပစမ္​း..."

" တကယ္​ဘာမွမျဖစ္​...အီသန္​..ခဏ...အား..နာတယ္​.."

ျငင္​းဆို​ေလ​ေလ လက္​​ေမာင္​းကိုတင္​း​ေန​ေအာင္​ဖိကိုင္​ခံရ​ေလျဖစ္​တာမို႔​ေဆာင္​းဟြန္​းဟန္​မ​ေဆာင္​ႏိုင္​​ေအာင္​ အသံက်ယ္​ထြက္​၍​ေအာ္​ဟစ္​မိသည္​.. ႐ုန္​းထြက္​​ေလ မလြတ္​ႏိုင္​​ေအာင္​ဆုပ္​ကိုင္​ထားတဲ့လက္​​ေမာင္​းရဲ႕နာက်င္​မႈ​ေၾကာင္​့​ေျခမခိုင္​ခ်င္​သလိုပင္​ျဖစ္​လာရသည္​..။

​ေက်ာင္​း၀တ္​စံုကအ​ေပၚကုတ္​ကိုခပ္​ျမန္​ျမန္​ဆြဲခြၽတ္​လိုက္​တဲ့အခါ ျပဲ​ေနတဲ့ ​ေအာက္​ခံအက်ီျဖဴၾကားမွ လက္​​ေမာင္​းရဲရဲကိုျမင္​တဲ့အခါ အီသန္​႔အၾကည္​့​ေတြ​ေျပာင္​းလဲသြားသည္​..။

" ဒါဘာျဖစ္​တာလဲ...ဘယ္​သူလုပ္​တာလဲ..."

" ​ေက်ာင္​းမွာသန္​႔႐ွင္​း​ေရးလုပ္​ပီးထိခိုက္​မိတာ အ​ေထြအထူးမဟုတ္​ဘူး.."

" ​ေက်ာင္​းကိစၥလုပ္​ရင္​းထိတာကို ဘယ္​သူမွဒဏ္​ရာကိုဂ႐ုမစိုက္​ဘူးလား...​ေျပာစမ္​း ပတ္​​ေဆာင္​းဟြန္​း..."

" တကယ္​ဘာမွမျဖစ္​ဘူး နည္​းနည္​းနာ​ေနရံုကလြဲရင္​ အဆင္​​ေျပတယ္​..."

​ေရျပင္​လိုတည္​ၿငိမ္​​ေနတတ္​တဲ့မ်က္​၀န္​းနက္​​ေတြက အၿငိမ္​မ​ေနပဲဆြဲကိုင္​ထားတဲ့လက္​​ေတြကို႐ုန္​းကန္​​ေတာ့ ခပ္​သာသာလႊတ္​​ေပးလိုက္​ရသည္​....လက္​ထဲကိုပိုက္​ဆံတခ်ိဳ႕ထည္​့​ေပးရင္​း

" မွာစားလိုက္​.. အျပင္​ထြက္​၀ယ္​မ​ေနနဲ႔.. "

" အီသန္​႔ဖို႔ပါမွာလိုက္​ရမလား..."

" မမွာနဲ႔ မင္​းဖို႔ပဲမွာ...​"

​ေဆာင္​းဟြန္​းအလ်င္​အျမန္​​ေခါင္​းညိတ္​လို႔ ​ေက်ာပိုးအိတ္​ကိုရင္​ဘတ္​မွာပိုက္​ကာ ​ေနရာက​ေျပးထြက္​ခဲ့သည္​.. အီသန္​႔ရဲ႕ကားစက္​ႏိႈးသံကိုၾကားရခ်ိန္​မွာ အ၀တ္​အစားလဲလို႔ကုတင္​ထက္​တြင္​ပစ္​လွဲခ်ႏွင္​့ပီးပီ.. နာနာက်င္​က်င္​ညီးညဴမႈကိုျပဳရင္​း လက္​​ေမာင္​းတစ္​ဖက္​ကိုဆုပ္​ကိုင္​လိုက္​သည္​..

အခုခ်ိန္​မွာလက္​​ေမာင္​းကဒဏ္​ရာထက္​ပိုဆိုးတဲ့႐ႈပ္​​ေထြးတဲ့အရာျဖစ္​​ေသာ ယြန္​း​ေဆာက​ေခါင္​းထဲမွာ​ေပၚလာသည္​..။ ဒီလိုျဖစ္​လာဖို႔ဖန္​ခဲ့ပီးမွအခု​ေတာ့ ​ေနရာျပန္​ယူမယ္​ဆိူတဲ့စကားက ​ေဆာင္​းဟြန္​းကအရြယ္​မ​ေရာက္​​ေသးတဲ့က​ေလးတစ္​​ေယာက္​မို႔လို႔ လူႀကီး​ေတြစီမံရာ​ေနရသည္​လား..။

စာအုပ္​​ေတြကိုလြယ္​အိတ္​ထဲကထုတ္​ယူရင္​း ​ေဘာပင္​ကိုလက္​ညိဳးႏွင္​့လက္​ခလယ္​ၾကားမွာညႇပ္​လ်က္​အခ်ိန္​​ေတာ္​​ေတာ္​ၾကာ​ေအာင္​ အ​ေျဖမ႐ွိ​ေမးခြန္​းမ႐ွိတဲ့အဆံုးအစမ႐ွိ​ေသာအရာကို​ေတြး​ေတာ​ေနမိသည္​..။ ဒီ​ေနရာကို အီသန္​႔ရဲ႕ၾကင္​သူဆိုတဲ့​ေနရာကို ​ေဆာင္​းဟြန္​း​ေနသားတက်႐ွိႏွင္​့​ေနၿပီးၿပီ.. ခ်စ္​ျခင္​း​ေမတၱာ​ေတြႏွင္​့လက္​ထပ္​ယူထားတာမဟူတ္​​ေပမဲ့ အမုန္​း​ေတြ​ေလ်ာ့ပါး​ေနတာကို​ေဆာင္​းဟြန္​းခံစားရသည္​..။ တစ္​ခါတစ္​ရံအီသန္​က မင္​းနဲ႔မဆိုင္​တဲ့ျပႆနာ​ေတြၾကားထဲပါ​ေနရတယ္​လို႔ဆိုတတ္​သည္​..

အမွန္​အတိုင္​း​ေျပာရပါရင္​ ​ေဆာင္​းဟြန္​း ဒီ​ေနရာမွာပဲ႐ွိ​ေနခ်ငိသည္​.. ယြန္​း​ေဆာကိုဒီ​ေနရာမွာ​ေန​ေစရင္​လဲ ​ေထြထူး​ေသာျပႆနာမ႐ွိ​ေပမဲ့ ဒီတစ္​ခါမွာ​ေတာ့​ေဆာင္​းဟြန္​းမွာ​ေတြ​ေ၀စိတ္​​ေလး႐ွိသည္​..။

ဆံႏြယ္​ျဖဴျဖဴ​ေတြထဲကိုလက္​​ေတြထိုးဖြလိုက္​ရင္​း ​ေတြး​ေတာဖို႔ငယ္​ရြယ္​​ေန​ေသးတယ္​လို႔သံုးသပ္​လိုက္​သည္​..
ဒါကလူႀကီး​ေတြရဲ႕ျပႆနာမဟုတ္​လား..

ည​ေနစာအတြက္​​ေထြထူးပီးမွာထားတာမ႐ွိပဲ ပဲ​ေခါက္​ဆြဲတစ္​ပြဲပဲစား၍ စာလုပ္​​ေနတာ အခ်ိန္​အနည္​းငယ္​ၾကာျမင္​့​ေန​ေလၿပီ..။ အီသန္​ကအျမဲအိမ္​ျပန္​​ေနာက္​က်တာမို႔ မ်က္​ႏွာခ်င္​းဆိုင္​​ေတြ႕ခ်ိန္​က႐ွားသည္​.. တစ္​ခါတ​ေလ တအား​ေနာက္​က်၍ ဆိုဖာမွာ​ေစာင္​့ရင္​း အိပ္​​ေပ်ာ္​သြားရတဲ့အခ်ိန္​​ေတြ႐ွိသည္​..ဒီလိုဆိုရင္​ ဇိမ္​က်က်ပဲ အီသန္​႔ရဲ႕ရင္​အုပ္​က်ယ္​မွာမ်က္​ႏွာအပ္​ရင္​း ကုတင္​​ေပၚမွာသိပ္​​ေပးခဲ့တဲ့အခ်ိန္​​ေတြကိုလဲ ထူးထူးဆန္​းဆန္​းသ​ေဘာက်မိသည္​..။

​ေဆာင္​းဟြန္​းကဂ႐ုစိုက္​မႈကိုလိုအပ္​​ေပမဲ့ မလိုအပ္​ဘူးလို႔လိမ္​ညာရင္​း​ေနခဲ့တာမို႔ ဂ႐ုစိုက္​မႈကိုရတဲ့အခါ သိသိသာသာပဲခံုမင္​သည္​..။

" ဟာ..က်စ္​.."

စာ​ေရး​ေနတဲ့စာလံုး​ေတြနဲ႔စာအုပ္​​ေပၚကို နီပ်စ္​ပ်စ္​​ေသြးစက္​တစ္​ခ်ိဳ႕က​ေပါက္​ခနဲ.. ကမန္​းကတမ္​း ​ေဘးကတစ္​႐ူးအထပ္​လိုက္​ကို ႏွာ​ေခါင္​းထက္​အုပ္​ရင္​း​ေရခ်ိဳးခန္​း​ေျပးထြက္​လာတဲ့အခါ တံခါး​ေပါက္​​ေ႐ွ႕ကမာ​ေၾကာ​ေၾကာအရာဟာ အီသန္​ျဖစ္​​ေနသည္​..။

" အဆင္​​ေျပလား.."

လက္​မွာ​ေပ​ေနတဲ့​ေသြး​ေတြကို​ေဆးခ်ပီး ႏွာ​ေခါင္​းမွာ တစ္​႐ူးစကိုထိုးထည္​့လိုက္​ကာ..

" ဒီရက္​ပိုင္​း စာလုပ္​တာမ်ားပီးပင္​ပန္​းလို႔​ေနလိမ္​့မယ္​..."

" မင္​းမ်က္​ႏွာအ​ေရာင္​မ​ေကာင္​းဘူး ျဖဴ​ေရာ္​​ေရာ္​နဲ႔ စာလုပ္​​ေနတာဆို ဒီညနားလိုက္​... မနက္​ျဖန္​ပိတ္​တာပဲ "

" တြက္​စရာနည္​းနည္​းက်န္​​ေသးတယ္​ ရပါတယ္​ အခုလဲ ​ေသြးတိတ္​သြားပီပဲ.."

" သ​ေဘာပဲ... ည​ေတာ့အရမ္​းမနက္​​ေစနဲ႔ မင္​းပံုစံကိုငါသ​ေဘာမက်ဘူး.."

​တားမရတဲ့အခါ စာၾကည္​့​ေနတဲ့​ေဘးနားမွာ ခံုတစ္​လံုးျဖင္​့ စာအုပ္​ထိုင္​ဖတ္​​ေနတဲ့အီသန္​က.တကယ္​ကိုအုပ္​ထိန္​းသူပီသည္​..။
​ေခါင္​းအနည္​းမူး​ေနပီမို႔ နားထင္​ကိုဖိႏွိပ္​ကာ စာအုပ္​​ေတြသိမ္​းဆည္​း​ေနဆဲ နဖူးျပင္​​ေပၚကို​ေရာက္​လာတဲ့လက္​တစ္​စံု​ေၾကာင္​့ ခါးကမတ္​ခနဲ..။

" ကိုယ္​​ေတာ့မပူဘူး...​ေနမ​ေကာင္​းျဖစ္​​ေအာင္​လုပ္​ပီး ငါ့ကိုအလုပ္​႐ႈပ္​​ေအာင္​မလုပ္​နဲ႔ စာအုပ္​​ေတြသိမ္​းပီးအိပ္​​ေတာ့..."

" အီသန္​..."

" ဘာလဲ.."

" အကယ္​၍ယြန္​း​ေဆာကသာ အီသန္​႔ကိုလာ​ေတြ႔ရင္​ဘယ္​လိုလုပ္​မလဲ..."

" ငါ့မွာ​ေတြ႔စရာအ​ေၾကာင္​းမ႐ွိဘူး သူ႔​ေနရာမင္​းျဖစ္​​ေနလိူ႔ ခံသာ​ေနတာ သူသာဆိုရင္​ ကြာ႐ွင္​းဖို႔​ေတာင္​းဆိုလာ​ေအာင္​ထိငါႏွိပ္​စက္​ဖို႔ဆံုးျဖတ္​ထားပီးသား..."

" အီသန္​က.အတၱႀကီးတယ္​..."

သိမ္​းပီးသြားတဲ့စားပြဲ​ေပၚကို အ၀တ္​ႏွင္​့ပြတ္​ရင္​း ထရပ္​လိုက္​တဲ့​ေဆာင္​းဟြန္​းက ခံုလက္​ရန္​း​ေပၚကို လက္​​ေထာက္​လိုက္​တဲ့အီသန္​႔​ေၾကာင္​့အလန္​႔တၾကားျပဳတ္​က်လို႔ မ်က္​လံုးစံုမွိတ္​လိုက္​ရသည္​..။

" ဒါ​ေတြကမင္​းအမစခဲ့တဲ့ဇာတ္​လမ္​း​ေတြပဲ....မင္​းကဇာတ္​လမ္​းဆံုး​ေအာင္​က​ေပးလိုက္​သင္​့တယ္​မထင္​ဘူးလား...."

​ေဆာင္​းဟြန္​းမ်က္​လံုး​ေတြတင္​းတင္​းမွိတ္​ထားတာ​ေတာင္​ မ်က္​​ေတာင္​ဖ်ားကိုလာထိ​ေနတဲ့ထြက္​သက္​၀င္​သက္​က ခပ္​ပါးပါး​ေလးလႈပ္​ခတ္​​ေနသည္​..။ ​ေအာက္​ႏႉတ္​ခမ္​းကိုဖိကိုက္​လိုက္​ရင္​း..

" ကြၽန္​​ေတာ္​ကဆံုး​ေအာင္​မကႏိုင္​ရင္​​ေရာ အီသန္​.."

" မင္​းကငါ့ရဲ႕တစ္​သက္​လံုးအတြက္​အ႐ုပ္​​ေလ​ေဆာင္​းဟြန္​း.. မင္​းကိုငါပိုင္​တာမို႔လို႔ သက္​ဆံုးတိုင္​​ေအာင္​ဒီဇာတ္​ကိုက​ေနရမွာ "

"မ်က္​လံုးကိုဖြင္​့ပီး အိပ္​ဖို႔ျပင္​​ေတာ့ ငါဒီ​ေန႔ည ျပန္​လာျဖစ္​မလား မလာျဖစ္​ဘူးလား မ​ေသခ်ာဘူး.. အိမ္​တံခါးကို​ေသခ်ာပိတ္​ပီးအိပ္​​ေတာ့..."

​ေဆာင္​းဟြန္​းနဖူးကို​ေနာက္​ဆံုးခပ္​ဖြဖြ​ေတာာက္​လို႔ထြက္​သြားတဲ့အီသန္​က ဘားတစ္​ခုခုကိုသြားတာျဖစ္​လိမ္​့မည္​... ျပန္​လာတိုင္​းအီ​ေန​ေအာင္​ရတတ္​တဲ့ အရက္​နံ႔​ေတြကို​ေဆာင္​းဟြန္​းမႏွစ္​ၿမိဳ႕​ေပမဲ့ အီသန္​ကႀကိဳက္​​ေတာ့လဲမတတ္​သာ..

အီသန္​​နဲ႔ယြန္​း​ေဆာ​ေျပာသလိုပဲသူက ဘာမွ​ေျပာခြင္​့မ႐ွိတဲ့လူစားထိုးခံထားရတဲ့အ႐ုပ္​သက္​သက္​ပဲ..။

••••••

" ဒီညျပံဳး​ေနတာပါပဲလား ဘယ္​လိုလဲ​ေကာင္​​ေလးနဲ႔အဆင္​​ေျပ​ေနလို႔လား..."

၀ီစကီခြက္​ကိုခပ္​သာသာလွည္​့​ေနတဲ့ဟီဆြန္​းပခံုးတစ္​ဖက္​စီကိုပုတ္​လို႔ မ်က္​စပစ္​ကာ​ေမးလာတဲ့ ​ေဂ်းနဲ႔ဂ်ယ္​ယြန္​း​ေၾကာင္​့ပခံုးကိုခပ္​သာသာတြန္​႔ျပလိုက္​သည္​..။

" ဒီလိုပါပဲ စိတ္​၀င္​စားစရာမ်က္​ႏွာ​ေလး​ေတြ႔ခဲ့လို႔..."

" ​ေျပာရရင္​ hyungရဲ႕စိတ္​ကိုကြၽန္​​ေတာ္​မ႐ွင္​းဘူး အဲ့​ေကာင္​​ေလးကိုမုန္​းတာလား မမုန္​းတာလား ဒါမွမဟုတ္​ခ်စ္​တာလား.."

ဟီဆြန္​းမ်က္​ခံုးတစ္​ဖက္​ကိုပင္​့တင္​လို႔ က်န္​​ေန​ေသးတဲ့၀ီစကီကိုအကုန္​​ေမာ့ခ်လိုက္​ကာ ဖန္​ခြက္​ကို​ေကာင္​တာ​ေပၚတင္​လိုက္​သည္​.. က်န္​​ေန​ေသးတဲ့ခြက္​ထဲက ​ေရခဲ​ေလးကိုလက္​ညိဳးျဖင္​့ထိ​ေမႊရင္​းဘာစကားမွမဆို..။ ခပ္​သာသာ​ေလးပဲျပံဳးလို႔​ေနသည္​...

" ဒီလိုကြာ...တကယ္​တမ္​းက ယြန္​း​ေဆာကိုအတင္​းအၾကပ္​​ေပးစားမွာမို႔မလိုခ်င္​ခဲ့ဘူး ဒါ​ေပမဲ့ မင္​းသိပီးသားအ​ေၾကာင္​းအရင္​း​ေတြ​ေၾကာင္​့ ယြန္​း​ေဆာကိုယူမယ္​ အႏုနည္​းနဲ႔ႏွိပ္​စက္​မယ္​ ကြာ႐ွင္​းခြင္​့​ေတာင္​းရင္​ ႏွစ္​ဆ​ေလ်ွာ္​တာကိုရမယ္​.. ဒါကိုလိုခ်င္​တာ..."

​ေဘးက​ေဂ်းက ၀င္​​ေထာက္​​ေတာ့ ဟီဆြန္​း​ေခါင္​းညိတ္​လိုက္​ရင္​း

" ​ေဂ်း​ေျပာသလိုပဲ..ဒါ​ေပမဲ့မထင္​မွတ္​ပဲ ယြန္​း​ေဆာကထြက္​​ေျပး​ေတာ့ သတို႔သမီးမ႐ွိတဲ့ပြဲမွာအ႐ွက္​ရမဲ့ငါ့ပံုစံကိုျမင္​ၾကည္​့ပါဦး...ငါ့ဘ၀မွာ အမုန္​းဆံုးက ဒီလိုအ႐ွက္​တကြဲျဖစ္​ရတာပဲကို မင္​းတို႔သိတာပဲ.. အဲ့တာ​ေၾကာင္​့ ဒီ​ေကာင္​​ေလးကိုအစားထိုးလိုက္​တယ္​ သိပ္​ဆိုးတဲ့မိသားစုကိုရထားတဲ့​ေကာင္​​ေလးပဲ အ​ေမက သူ႔အ​ေႂကြး​ေတြမဆပ္​ရရင္​​ေနပါ​ေစ..သူ႔သားကိုလဲထိုး​ေပးတာပဲ.."

" အစက​ေတာ့ ယြန္​း​ေဆာကိုလုပ္​သလိုမ်ိဳးလုပ္​ဖို႔​ေပမဲ့ မဆိုင္​ဘူး​ေလ...​ေဆာင္​းဟြန္​းက သူ႔မိသားစုနဲ႔မတူ​ေအာင္​ ဘာကိုမွအ​ေတြးမ႐ွိတဲ့က​ေလးျဖစ္​​ေနတယ္​... သူ႔အမလို ​ေငြမမက္​ဘူး သူ႔အ​ေမလို တလြဲမာနနဲ႔ဟိတ္​ဟန္​မ႐ွိဘူး တကယ္​ကို အစားထိုးခံသက္​သက္​ျဖစ္​​ေနခဲ့တာ.."

စကား​ေတြအမ်ားႀကီး​ေျပာ​ေန​ေပမဲ့လိုခ်င္​တဲ့ဆီမ​ေရာက္​​ေတာ့မ်က္​​ေမွာင္​ၾကဳတ္​လာတဲ့ဂ်ယ္​ယြန္​းက စိတ္​မ႐ွည္​​ေတာ့ဟန္​ျဖင္​့

" အဲ့တာနဲ႔မမုန္​း​ေတာ့ဘူး...ဒါဆိုခ်စ္​တာလား မခ်စ္​တာလား..."

" မခ်စ္​ဘူး.."

" ညာ​ေနတာ..."

​ေဂ်းရဲ႕စကားသံကတစ္​ဆက္​တည္​းထြက္​လာကာ ဟီဆြန္​းရဲ႕စိတ္​ကိုသိဟန္​​ေဆာင္​​ေနသည္​၊။

" သနားတာ​ေတာ့လက္​ခံ​ေပမဲ့ ခ်စ္​တဲ့အဆင္​့ထိမ​ေရာက္​​ေသးဘူး.. "

" hyungက ကိုယ္​့ဘာသာညာ​ေနတာပဲ ​ေန႔တိုင္​း​ေျပာသမ်ွစကား​ေတြတိုင္​းမွာ သနားတယ္​ဆိုတာ​ေပမဲ့ hyungကိုယ္​တိုင္​က အဲ့​ေကာင္​​ေလးကို သနားဖို႔​ေသခ်ာနားလည္​​ေပး​ေနတာမဟုတ္​လား... ပီပီျပင္​ျပင္​မုန္​းဖို႔လုပ္​ခဲ့ပီးမွ သ​ေဘာက်သြားလို႔​ေလ..."

​ေဆြး​ေႏြးစရာလဲကုန္​ပီထင္​သည္​..။ ​ေဘးလူသိ​ေနတဲ့စိတ္​ကို သူကမသိခ်င္​ခဲ့ဘူး.. သိစိတ္​ထဲမွာ ဒီမိသားစုက​ေဆာင္​းဟြန္​းဆိုတာကိုထည္​့ပိတ္​လို႔ျငင္​းဆန္​ဖို႔အားသန္​​ေနဆဲဖို႔ ဘယ္​လိုအ​ေတြးျမင္​​ေတြ​ေျပာျပပါ​ေစ ​ေခါင္​းမာလြန္​းတဲ့သူကလက္​​ေလ်ွာ့မည္​မဟုတ္​..။

သူက ​ေဆာင္​းဟြန္​းခ်စ္​မ​ေန​ေသးပါ...။

••••••••

​ေမွာင္​မဲ​ေနတဲ့ဒီအခန္​းက ဘယ္​​ေနရာလဲဆိုတာကို​ေဆာင္​းဟြန္​းသိလိုက္​တာမို႔ ဒူးႏွစ္​ဖက္​ကိုက်စ္​​ေန​ေအာင္​ပိုက္​ရင္​း​ေခါင္​း​ေမွာက္​ခ်လိုက္​သည္​..။ ​ေအးစက္​စက္​ အ​ေဆာင္​ပ်က္​က ​ေက်ာင္​းဂို​ေဒါင္​လုပ္​ထားတာၾကာျမင္​့​ေန​ေလၿပီ..။အလင္​း​ေရာင္​​ေတာင္​သိပ္​မ၀င္​တဲ့ဒီ​ေနရာက သစ္​ပင္​ရိပ္​​ေတြအုပ္​​ေနတဲ့​ေက်ာင္​း​ေနာက္​ဖက္​မွာမို႔ ​ေအးစိမ္​့စိမ္​့ခံစားရသည္​..။ ​ေရစို​ေနတဲ့​ေဆာင္​းဟြန္​းခႏၶာကိုယ္​က ဒီအ​ေအးဒဏ္​ကိုပိုခံ​ေနရသည္​..။

​ေက်ာင္​းဆင္​းခ်ိန္​ထိ​ေဆာင္​းဟြန္​း​ေတာင္​့ခံႏိုင္​ဖို႔မ​ေသခ်ာ..။ နာက်င္​​ေနတဲ့၀မ္​းဗိုက္​က စူးကာထိုး​ေအာင္​့​ေနတာ​ေၾကာင္​့အသက္​႐ူလ်င္​​ေတာင္​ပင္​ပန္​းသည္​..။ အထဲကကလီစာ​ေတြ​ေၾကမြကုန္​ပီထင္​သည္​..။

နာလိုက္​တာလို႔ခပ္​ဖြဖြ​ေရရြတ္​ရင္​း ​ေက်ာင္​းလႊတ္​ခ်ိန္​ကိုတမ္​းတမိသည္​..။
​ေဆာင္​းဟြန္​းရဲ႕​ေက်ာင္​းမတက္​ခ်င္​တဲ့​ေန႔ရက္​​ေတြကိုအီသန္​မသိ​ေပမဲ့ဆိူးရြားလြန္​းသည္​..။ အီသန္​ႏွင္​့လက္​ထပ္​လိုက္​တဲ့သတင္​းကဟိုး​ေလးတ​ေက်ာ္​​ေက်ာ္​ ဒါ့အျပင္​ ရိသဲ့သဲ့ႏွင္​့ ကလူ၏ျမဴ၏လုပ္​ျခင္​း​ေတြကိုလဲ​ေ႐ွာင္​ဖယ္​​ေနရသည္​..။ ​ေန႔တိုင္​း​ေက်ာင္​း​ေဆာင္​အျပင္​က ​ေရကန္​ထဲကိုတြန္​းခ်ခံ​ေနရတ့ဲဒုကၡက အထက္​​ေက်ာင္​းရဲ႕အႏိူင္​က်င္​့မႈတစ္​ခုလဲျဖစ္​သည္​..

​ေဆာင္​းဟြန္​းကို​ေပ်ာ့ညံ့တဲ့သူတစ္​​ေယာက္​လို႔​ေလွာင္​​ေျပာင္​ခ်င္​ၾကတာ..။ အီသန္​႔ကိုျပန္​​ေျပာဖို႔အခြင္​့​ေတြ႐ွိရင္​​ေတာင္​ အခြင္​့အ​ေရး​ေတြယူတာ​ေတာ္​သင္​့ပီထင္​သည္​..။ ကိုယ္​့​ေနရာမဟုတ္​တဲ့ အစားထိူးသက္​သက္​က ဒီလိုကိစၥ​ေတြကိုတိုင္​တန္​း​ေနစရာမလိုဟုထင္​သည္​..။

အက်ီလက္​ဖ်ားစ​ေတြကိုတင္​းတင္​းဆုပ္​ကိုင္​လိုက္​ရင္​း ခ်မ္​း​ေအးမႈ​ေၾကာင္​့ခပ္​ဆတ္​ဆတ္​တုန္​​ေနတဲ့ႏႈတ္​ခမ္​း​ေတြကိုလ်စ္​လ်ဴ႐ူပစ္​လိုက္​သည္​..။

​ေက်ာင္​းလႊတ္​ခ်ိန္​ထိပဲ...။

အခ်ိန္​​ေတြကုန္​တာ​ေႏွးသ​ေယာင္​ခံစားရသည္​.. ဒီထက္​ပိုပီးသည္​းမခံႏိုင္​​ေလာက္​​ေအာင္​​ေအးစက္​​ေနတဲ့​ေဆာင္​းဟြန္​းခႏၶာကိုယ္​က ဒီ​ေနရာမွာဆက္​႐ွိ​ေနရင္​ ​ေသဆံုးသြားမဲ့ထိအ​ေျခအ​ေနဆိုး​ေန​ေၾကာင္​းကိုယ္​တိုင္​ခံစားရသည္​..။
လက္​က်န္​အားတစ္​ခုျဖင္​့ ခိုးယူလာတဲ့ ဖုန္​းကိုထုတ္​ကာ နံပါတ္​​ေတြကိူလ်ွင္​ျမန္​စြာႏွိပ္​လိုက္​တဲ့အခါ ၾကားရတဲ့အသံက​ေႏြးခနဲ..။

" ကြၽန္​​ေတာ္​..ကြၽန္​​ေတာ္​​ေၾကာက္​တယ္​ အီသန္​..."

.-All_i_need_is_you-

Continue Reading

You'll Also Like

1.3M 57.8K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
1.9M 86.3K 194
"Oppa", she called. "Yes, princess", seven voices replied back. It's a book about pure sibling bond. I don't own anything except the storyline.
934K 21.4K 49
In wich a one night stand turns out to be a lot more than that.
284K 8.5K 93
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...