Part - 4

1.2K 173 10
                                    

Unicode

" ယွန်းဆော..."

မျက်စိရှေ့မှာမြင်နေရတာယွန်းဆောဆိုတာကို မယုံကြည်နိုင်အောင်နှစ်ခေါက်ပြန်မေးတော့ ခေါင်းညိတ်လို့ပြုံးပြသည်..။ အနည်းငယ်နွမ်းနယ်နေတဲ့ယွန်းဆောမျက်နှာက စိတ်ထောင်းကိုယ်ကြေနေသလို.. ချစ်ရသူနောက်လိူက်သွားတဲ့လူရဲ့မျက်နှာက အီသန့်လက်ထဲကဆောင်းဟွန်းထက်ပို၍နွမ်းနယ်နေသည်..။

တစ်လလောက်ပဲကြာသေးပေမဲ့ ယွန်းဆောမျက်နှာက တစ်နှစ်လောက်ဒုက္ခတွေကြုံလာရသလို အဝတ်အစားနွမ်းနွမ်းကလဲအရင်ကယွန်းဆောလက်နဲ့တောင်မကိုင်ချင်ဘူးလို့ပြောဆိုထားတဲ့အနေအထားဖြစ်သည်..။

" စကားခဏလောက်ပြောရအောင် ဆောင်းဟွန်း.."

ကျောင်းလွှတ်ချိန်ပေမဲ့ လာမကြိုသေးတဲ့အီသန့်ကြောင့် နာရီကိုတစ်ချက်ကြည့်ရင်း ကျောင်းနားကနီးစပ်ရာကော်ဖီဆိုင်တစ်ခုကိုဆွဲခေါ်လာခဲ့သည်..။

ကော်ဖီတစ်ခွက်စီရှေ့ချရင်း စကားတွေပြောနေတဲ့ယွန်းဆောမျက်နှာကိုကြည့်မိသည်..။ သူသိခဲ့ဖူးတဲ့ယွန်းဆောမှဟုတ်လေရဲ့လားဆိုတာ မေမေသိရင် ရင်ကွဲရချည်ရဲ့..။
ပိန်လှီသွားတဲ့လက်လေးတွေက အရင်ကထက်ပို၍ဆိုးရွားလွန်းသည်..။

" ငါမှားခဲ့တာတွေပဲဆောင်းဟွန်းရယ်... ငါသူ့ကိုယုံခဲ့မိလို့.."

ပိုက်ဆံမက်တယ်လို့ပဲဆောင်းဟွန်းသုံးချင်သည်..။ ပိုက်ဆံတစ်ခုအတွက်ယုံလွယ်ခဲ့တဲ့ဘဝက ပျက်စီးသွားတော့တစ်ဘဝလုံးစာ.. အခွံသက်သက်ချင်းတွေ့ကြတဲ့နှစ်ယောက်သားရဲ့ဆက်ဆံရေးဟာ ဘယ်လိုမှသာယာနိုင်မှာမဟုတ်ကြောင်း ။လက်ရှိယွန်းဆောကိုကြည့်တာနဲ့သိသာသည်..။

" အခု မမက ထွက်ပြေးလာတာလား..."

" ငါသူနဲ့မပေါင်းနိုင်တော့ဘူး ဆောင်းဟွန်း "

" မပေါင်းတာကရပါတယ်...အဲ့လူပြဿနာရှာမှာကိုပဲစိတ်ပူတာ..နောက်ပီး မမကိုအီသန်ကတအားစိတ်ဆိုးနေပုံပဲ..တွေ့ရင်အဆင်ပြေပါ့မလား.."

" ငါပြောချင်တာလဲအဲ့တာပဲဆောင်းဟွန်း... အီဟီဆွန်းစိတ်ဆိုးနေမှာကိုငါသိတယ် အဲ့တာကြောင့် ရတဲ့နည်းနဲ့တောင်းပန်ပီး ငါ့နေရာကို ငါပြန်ယူမယ်...ဒီအတောအတွင်းမှာ ငါ့နေရာကိုဝင်နေပေးခဲ့တာတွေကို ကျေးဇူးတင်တယ် ဆောင်းဟွန်း အခု လူမှန်နေရာမှန်ဖြစ်အောင် ပြန်နေကြရအောင်.."

𝑨𝒍𝒍 𝑰 𝑵𝒆𝒆𝒅 𝑰𝒔 𝒀𝒐𝒖 // 𝑯𝒆𝒆𝒉𝒐𝒐𝒏On viuen les histories. Descobreix ara