ခိုးကြောင်ခိုးဝှက်ပုံစံနဲ့ သိုင်းကွက်တွေနင်းကာကျောင်းအပြင်ကိုထွက်ဖို့ပြင်နေတဲ့ကောင်လေးတစ်ယောက်
ထိုကောင်လေးရဲ့နောက်မှာတော့ သူ့ကိုနောက်ယောင်ခံကာကျောင်းအပြင်ကိုလိုက်ထွက်ဖို့ပြင်နေတဲ့ကောင်လေးတစ်ယောက်ပါရှိနေ၏ ။
အရှေ့ကနေခိုးထွက်လာတဲ့ကောင်လေးမှာအုတ်နံရံကိုအခတ်အခဲမရှိခုန်တက်သွားနိုင်ပေမယ့် နောက်ကကောင်လေးကတော့တောက်တဲလေးအလား ကြိုးစားပန်းစားကိုတွယ်တက်နေရသည်။
" အားရှ်...အုတ်နံရံတွေကိုအမြင့်ကြီးဆောက်ရမယ်လို့ဘယ်ကောင်စတီထွင်ခဲ့တာလဲ! "
သူ့အရပ်ထက်ပိုမြင့်နေတဲ့အုတ်နံရံကိုခြေကုန်လက်ပန်းကျအောင်တွယ်တက်လာပြီးနောက်ရှိသမျှအားတွေဟာလဲကုန်လုမတက်
အရင်လိုကူညီပေးမဲ့ဂျွန်ဂျောင်ကုကလည်းသူခိုးလိုက်လာတာမသိတဲ့အပြင် အော်ခေါ်လိုက်ရင်လဲသူ့အကြံတွေသိသွားမှာဆိုးတာကြောင့်သူ့အားအင်တွေကိုဒီလိုအသုံးချလိုက်ရခြင်းသာ
သူ့လူဆိုးကောင်နောက်ကိုခိုးကြောင်ခိုးဝှက်နဲ့လိုက်ချောင်းရာကနေ လူဆိုးကောင်သွားသည့်နေရာမှာ လူခြေတိတ်တဲ့အိမ်ပြတ်ကြီးမှန်းသိလိုက်ရ၏
အရင်က ထိုအိမ်ကြီးရှေ့ရောက်ရင်တောင်
ဖနှောက်နဲ့တင်ပါးတစ်သားတည်းကျအောင်လစ်ပြေးတဲ့သူက လူဆိုးကောင်ရှိတယ်ဆိုတဲ့အသိလေးနဲ့တင် တုန့်ဆိုင်းခြင်းမရှိဘဲဝင်လာမိသည်။
ဂျွန်ဂျောင်ကုကထိုနေရာကိုဘာလာလုပ်သလဲဆိုတာအရမ်းတွေသိချင်နေတာမလို့အုံးနှောက်ကိုအလုပ်ပေးရင်းခြေလှမ်းတွေကစပ်စုချင်စိတ်အပြည့်
" ဆိုပါအုံးဘောင်ချာရှင်းချင်တယ်ဆိုတာလေး"
" ငါတို့ကိုခွေးဖြစ်အောင်လုပ်သွားတဲ့ကိစလေးမှတ်မိတယ်မလား ။ မြို့တော်ဝန်သားဆိုလဲစောက်ဂရုမစိုက်ဘူး အကြွေးရှိရင်တော့ဆပ်ရမယ်လေ"
အကွယ်ကနေခိုးနားထောင်နေတာမလို့ဂျွန်ဂျောင်ကုရဲ့နောက်ကျောကိုသာတစ်စွန်းတစ်စမြင်နေရပြီး နောက်တစ်ကောင်ကိုတော့အသံဘဲကြားနေရသည်။
သူနဲ့သူငယ်ချင်းဖြစ်ကတည်းက ရန်မဖြစ်ဖြစ်အကြိမ်ကြိမ်မှာထားတာကို ဒင်းကသူ့နောက်ကွယ်မှာချိန်းပွဲတွေလုပ်နေသလားတွေးမိတော့ အူတွေယားလာသည်။
"ရား...ဂျွန်ဂျောင်ကု မင်းကိုငါရန်မဖြစ်ဖို့ပြောထားတယ်မလား "
" ဟမ်! ...မျက်မှန်လေးကဘလို__ အ့နာ...နာတယ်မျက်မှန်လေးရဲ့ ကိုယ့်ကိုလွှတ်ပေးပါအုံး "
သူ့ကိုတောင်လိမ်ပြီးရန်ဖြစ်ဖို့ကိစကိုအကွက်ချကာလစ်ထွက်သွားတာမလို့ထိုကောင်ကိုအမှုန့်ကျိတ်ချင်စိတ်ကတစ်ဖွားဖွား
စိတ်ထဲဒေါသထွက်နေတဲ့စိတ်သာနေရာယူထားတော့
ဂျွန်ဂျောင်ကုနားရွက်တစ်ဖက်ကိုခပ်နာနာဆွဲနေရင်း ဘေးနားကအကောင်တွေဆီသတိရောက်တော့မှ ဂန်ယူတို့အဖွဲ့မှန်းသိလိုက်၏
နှစ်အတော်ကြာတဲ့အထိသူ့အပေါ်Bullyလုပ်လာတဲ့အဖွဲ့မလို့ ကြောက်စိတ်ကအခုချိန်ထဲအသဲထဲစွဲနေဆဲသာ
ထိုကောင်တွေရှေ့မှာသူ့ရဲ့အားနည်းတဲ့ပုံစံကိုဘယ်တော့မှမပြချင်တာမလို့ ဂျောင်ကုအကျီစကိုဆုပ်ထားရင်းဂျောင်ကုနောက်မှာပုံကွယ်နေမိတယ်
" ဝါး... လယ်သမားသားက တကယ့်အကောင်ကြီးကိုကပ်ထားနိုင်တာဘဲ ။
ငါတို့ထယ်ယောင်းဂီကသေချာကိုသိမ်းသွင်းထားတာနေမယ်အဖေ့အာဏာသုံးပြီးငါတို့ကိုကျောင်းထုတ်ခိုင်းလောက်တဲ့အထိလေ"
ရန်ပွဲရဲ့အစက သူ့ကြောင့်မှန်းသိတဲ့အခါ အားနာနေဟန်မျက်ဝန်းတွေနဲ့မော့ကြည့်လာသည်။ သူကိုယ်တိုင်မျက်မှန်လေးကိုကာကွယ်ပေးချင်ခဲ့တာမလို့အဲ့အကြည့်ကိုသူမနှစ်မြို့ဘူး။
" အော..ဒီတစ်ခါအဖေ့အာဏာမပါဘဲကစားကြည့်မလားလို့လေ "
စိတ်မြန်လက်မြန်ရှိတဲ့လူဆိုးကောင်က ဂန်ယူယူ့မျက်နှာကိုစထိုးပြီးရန်ပွဲကိုစတင်လိုက်သည်
ငါးယောက်တစ်ယောက်ဆိုပေမယ့်ဂျွန်ဂျောင်ကုက သူဝင်ပါစရာမလိုတဲ့အထိရနိဖြစ်တဲ့နေရာမှာကျွမ်းကျင်တာ
အထိနာသွားတဲ့ဂန်ယူကိုခနမှောက်သိပ်လိုက်ရင်း သူ့နောက်လိုက်ခွေးတွေကိုတစ်ကောင်ချင်းဆီစနွှာတော့သည်။ အဖေ့အာဏာထက်ဒီကောင့်လက်သီးကပိုထိရောက်တာသိလောက်ပြီလို့ထင်တာဘဲ
" ဘလိုလဲမင်းအဖေရဲ့လက်သံက မင်းတို့အဖိုးထက်ပိုထိရောက်တယ်မလား ခွေးတွေလိုမျိုးအုပ်စုလိုက်မကိုက်နဲ့ဖေ့သားလေး"
သူထိုးထားလို့ဖူးယောင်နေတဲ့ဂန်ယူ့မျက်နှာကို ခပ်စက်စက်ရိုက်ရင်းအသိစိတ်ဝင်လာအောင်လုပ်ပေးလိုက်သည်
ကွဲပြဲနေတဲ့အနာတွေပေါ်မှဆင့်ရိုက်တာကြောင့်ဂန်ယူတို့အဖွဲ့အသံတောင်မထွက်ရဲ
သွေးပေါင်ချိန်ချင်ရင်လဲ ဒီကောင်ကဘလိုလူမျိုးလဲဆိုတာသိရမှာပေါ့ ဝမ်းနည်းစရာဘဲ
" ဘလိုလဲနောက်ကခိုးလိုက်လာရတဲ့ခံစားချက်"
" ဘာလဲမင်းကငါ့ကိုပြန်ပြီးစိတ်ဆိုးဖို့ပြင်နေတာလားဂျွန်ဂျောင်ကု!.. တကယ်ဆိုငါကစိတ်ဆိုးရမှာလေ ငါ့ကိုလိမ်ရတာပျော်ရဲ့လား"
.
ဂျွန်ဂျောင်ကုဘာကောင်ကြီးဘဲဖြစ်နေပါစေသူမကြောက်ဘူး သူနဲ့ရှိရင်ဂျွန်ဂျောင်ကုကသူ့ချစ်သူကောင်လေးတစ်ယောက်ပဲ
" မဆိုးစမ်းနဲ့မျက်မှန်လေး ကိုယ်မင်းနဲ့စကားမများချင်ဘူး ဒီရက်ပိုင်းထဲကိုယ့်ကိုဂရုစိုက်ပေးပါ "
မျက်နှာမကောင်းတဲ့ဂျောင်ကုပုံကသူ့အပြစ်တင်ချင်စိတ်တွေဖျောက်ဖျက်ပြစ်လိုက်သလို စိုးရိမ်စိတ်တွေကဝင်ရောက်လို့လာသည်။
သူနဲ့အတူရှိလာတဲ့ကာလတစ်လျှောက်ဂျွန်ဂျောင်ကုရဲ့ပြောင်ချော်ချော်မျက်နှာကိုသာမြင်ဖူးပြီးဒီနေ့လိုလေးလေးနက်နက်တွေးနေတဲ့ပုံစံကမြင်ရခဲတာ ။
ညိုးနွမ်းနေတဲ့လူဆိုးကောင်မျက်နှာကိုအုပ်မိုးကာ နဖူးပြင်ဖွေးဖွေးကိုအမြတ်တနိုးနမ်းရှိုက်ရင်း သူ့အနမ်းတွေနဲ့ကုစား၏
" ငါ့ကိုပြောပြချင်သလားJeon ။ မင်းဘာတွေခံစားနေရလဲဆိုတာကိုလေ "
" ကိုယ့်ကိုစိတ်ရင်းနဲ့ချစ်ခဲ့တာလားထယ် ကိုသေချာချင်လို့ပါ "
" ချစ်တာပေါ့မင်းကငါ့ရဲ့အချစ်ဦးလေးJeonရယ်"
သူပြောတော့ဂျွန်ကခပ်ရေးရေးပြုံးသည်
စိတ်ချသွားတဲ့ဂျွန့်အပြုံးမျိုးကိုသူနားမလည်
သူသိတာဂျွန့်မျက်ဝန်းတွေကသိပ်ဝမ်းနည်းနေတယ်ဆိုတာဘဲ
" ကိုယ့်ကိုစောင့်နေမယ်မလား...ကိုယ်ပြန်လာခဲ့မှာမလို့စောင့်နေပေးပါထယ် "
" မင်းဘာတွေပြောနေတာလဲဂျွန် ငါနားမလည်ဘူး ။ ငါ့ကိုမနာက်ပါနဲ့ဂျွန်ရယ်ငါမင်းကိုစိတ်ဆိုးမှာနော် "
" ကိုယ်Franceကိုပြန်ရမယ်ထင်တယ် ဒါပေမယ့်ကိုယ်သေချာပေါက်ပြန်လာမှာမလို့စောင့်နေပေးပါထယ် ကိုယ်တောင်းဆိုတာပါ "
ရင်ထဲတင်းတင်းကျပ်ကျပ်ဖြစ်လာပေမယ့်ဝမ်းနည်းတဲ့စိတ်တွေကိုအတက်နိုင်ဆုံးဖြေဖျောက်ကာ ဂျွန့်အတွက်သူပြုံးပြမိ၏
ချစ်ရသူမျက်နှာညိုးရင်ဘလိုနေသလဲဆိုတဲ့ခံစားချက်ကိုသူကောင်းကောင်းသိနှင့်နေပြီ
" စောင့်မှာပေါ့Jeonရဲ့ ငါစောင့်ရမှာပေါ့ ။
ဘယ်နေ့လဲဂျွန် ဒါလေးကိုတော့ငါသိရပါစေ "
" နောက်နှစ်ရက်နေရင် "
မဝေးတော့တဲ့ခွဲခွာမှု့က သူ့ထံရုတ်ချည်းဝင်ရောက်လာတာ....အံ့သြခြင်းများစွာနဲ့သူကတော့ အော်တစ်လုံးကလွဲရင်ကျန်တာပြောမထွက်တဲ့အထိပါဘဲ
ဆိုးလိုက်တာJeonက ငါ့ကိုလိမ်ရက်တယ်
ဘယ်အချိန်ထိဖုံးကွယ်ပြီးငါ့ကိုအရူးလုပ်ဖို့စိတ်ကူးရှိသလဲဂျွန် ။
ခွဲခွာခြင်းတစ်ကိုဦးတည်တဲ့အိမ်ပြန်လမ်းလေးက တိုသည်
အရင်ကရီမောခဲ့တဲ့လမ်းလေးဟာ အခုတော့တိတ်ဆိတ်နေပုံကာရင်ထဲတင်းကျပ်ကျပ်ရယ်
တစ်ယောက်နဲ့တစ်ယောက် ဘာစကားမှမဆိုသည့်တိုင်ရင်ထဲမှာတော့ကြောက်ရွံ့ခြင်းတွေသာချယ်လှယ်ရင်း အိမ်ပြန်လမ်းလေးကအထီးကျန်လိုက်ပုံများ။
ငါတို့မနေ့ကအထိပျော်နေသေးတယ်မလားJeon ။ အတူတူရယ်မောပြီး အတူတူစနောက်ခဲ့ကြသေးတယ် ။
ချစ်ရသူကိုအပြစ်မဆိုချင်တဲ့အခါ မမြင်ရတဲ့ကံကြမာကြီးကိုသာအပြစ်ဖို့တက်တဲ့သူတစ်ချို့
ငါကတော့ကံကြမာကိုမယုံဘူးJeon အချစ်ဦးနဲ့ဝေးကြတဲ့ဝမ်းနည်းစရာပုံပြင်တွေကိုရောပေါ့
_____________________________
ရပ်တန့်ထားလို့မရနိုင်တဲ့အချိန်တွေဟာတရိပ်ရိပ်ကုန်ဆုံးရင်းလွမ်းမဲ့ရက်တွေကသူ့ဆီရောက်နှင့်နေပြီ
တကယ်လို့များသာအချိန်တွေကိုလှည့်နိုင်ခွင့်ရှိရင် ရာသီတွေနာရီတွေကိုကျော်ဖြတ်ပြီးချစ်သူရှိတဲ့အချိန်ကိုလှည့်ပြစ်ချင်သည်။
ငါဘလိုစိတ်နဲ့များမင်းကိုနှုတ်ဆက်ရပါ့မလဲဂျွန်
" ယူဂျင်း ဂျောင်ကုရောက်မလာသေးတာလား "
" ဂျောင်ကုလား? ...အောခုနကလေးတင်ကျောင်းထွက်စာလာယူပြီးပြန်သွားပြီလေ မင်းကိုတောင်စာတစ်ဆောင်ပေးခိုင်းလိုက်သေးတယ် ခန "
ယူဂျင်းရဲ့ကျောင်းလွယ်အိတ်ထဲမှထွက်လာတဲ့စာရွက်လှလှလေးကိုကိုင်ရင်းသူ့မျက်ရည်တွေဝဲလာမိသည်။
ငါ့ကိုမနှုတ်ဆက်ဘဲထွက်သွားတာမျိုးတော့မဟုတ်ဘူးမလား ။
အပြာနုရောင်စာရွက်လှလှလေးပေါ်မှာစီရီထားတဲ့လက်ရေးတွေကဝိုင်းစက်စက်
သူ့ကိုစောင့်နေဖို့နဲ့ပြန်စာတွေရေးပေးဖို့မှာရင်းနှုတ်ဆက်တာမျိုးမလုပ်ခဲ့တဲ့အတွက်အကြိမ်ကြိမ်တောင်းပန်ကြောင်းရေးဖွဲ့ထားသည်။
သူ့ကိုအလွမ်းဖြေစရာနှုတ်ဆက်အနမ်းလေးတောင်မပေးခဲ့တဲ့အပြင်မျက်နှာလေးတောင်ငေးကြည့်ခွင့်မပေးတဲ့လူဆိုးကောင်ကိုစိတ်တိုစွာဘဲ စက်ဘီးစုတ်လေးကိုဆွဲကာအရူးတစ်ယောက်လိုပြေးလိုက်မိ၏
ဖြစ်ချင်ရာဖြစ်ပါစေတော့လေသူဂျောင်ကုမျက်နှာကိုမတွေ့လိုက်ရရင်ဖြေသာမှာမဟုတ်ဘူး။
" ဟေး!...ထယ်ယောင်း! နင်အတန်းမတက်တော့ဘူလား "
သူမေးတာကိုတောင်မကြားနိုင်တော့တဲ့ထယ်ယောင်းကျောပြင်ကကမှုံပြပြသာ
မျက်ရည်တွေရစ်သိုင်းနေတဲ့မျက်ဝန်းညိုတွေကပြိုတော့မဲ့မိုးလိုမျိုးအုံ့မှိုင်းရင်းစီးနေကြစက်ဘီးလေးကိုအမြန်နင်းကာထွက်သွားပုံကစိတ်ထဲနေလို့မကောင်း။
" ဘာဖြစ်သွားတာပါ့လိမ့်....အာ သူ့သူငယ်ချင်းဂျွန်ဂျောင်ကုကြောင့်ထင်တယ် ဟူး...စိတ်မကောင်းစရာဘဲ "
__________
" ရား...ဂျွန်ဂျောင်ကု မုန်းစရာကောင်းတဲ့ကောင် "
အချိန်မဟုတ်ရွာတဲ့မိုးစက်တွေကသူ့အပေါ်အလုအယက်စိုစွတ်စေရင်း
မငိုဘဲတင်းထားတဲ့မျက်ရည်တွေကြောင့်သူ့မျက်လုံးကနီရဲလို့နေသည်။
ရှင်းလင်းနေတဲ့လမ်းမထက်မှာတစ်ယောက်တည်းနင်းလာတဲ့စက်ဘီးလေးကယိုင်နဲ့နဲ့
အရင်လိုသူ့စက်ဘီးနောက်ခုံပေါ်တွယ်ကပ်ကာလိုက်လာတက်တဲ့လူဆိုးကောင်မရှိတော့တဲ့အခါပေါ့ပါးနေတဲ့စက်ဘီးကအလိုမကျစရာပင်။
" အ့...နာလိုက်တာ "
ထားခဲ့ရက်တဲ့ထိုကောင့်မျက်နှာကိုတွေ့မြင်ချင်စိတ်က သူ့ကိုမမောပန်းစေပေမယ့် သူ့စက်ဘီးဟောင်းလေးကိုတော့သက်ရောက်မှု့မရှိပုံပေါ်သည်
စိုးရိမ်စိတ်တွေကြောင့်ပုံမှန်ထက်ပိုအရှိန်တင်တဲ့အခါဟောင်းနေပြီဖြစ်တဲ့သူ့စက်ဘီးလေးကရုန်းကန်နိုင်ခြင်းမရှိတော့ဘဲ သူပါပြစ်လဲသွားတော့သည်။
စက်ဘီးမှောက်တဲ့အရှိန်ကပြင်းတဲ့အခါသူ့ခြေထောက်ဟာကြမ်းတမ်းတဲ့မြေပြင်နဲ့ထိခိုက်မိပြီးပေါက်ပြဲကုန်၏
ဒတောင်စစ်တစ်ချို့ပါထိခိုက်သွားပေမယ့်ခြေထောက်ကဒဏ်ရာဟာထမရတဲ့အထိစုတ်ပြဲသွားတာ
သွေးထွက်နေတဲ့ခြေထောက်က သူ့ရင်ထဲကခံစားချက်တွေလောက်မပျင်းပြတာကြောင့်လစ်လျှူရှု့ရင်း ထော့နဲ့ နဲ့ဘဲအိမ်ကိုပြန်လျှောက်လာသည်။
မိုးရေတွေစိုပြီးဒဏ်ရာတွေပါရလာတဲ့သူ့ကိုရန်ဖြစ်လာတယ်အထင်နဲ့အဖိုးကဆူပူ၏
သူ့နားထဲလဲအဖိုးဆူသံတွေပါမကြားရတော့ဘဲ ဆူညံနေတဲ့မိုးရေသံတွေသာနေရာယူသည်
မိုးမဆိုအောင်သေချာသိမ်းလာတဲ့ စာရွက်အပြာရောင်လေးကိုကိုင်ကာသူ့ဦးတည်ရာကခံစားချက်တွေဖွင့်ဟနိုင်မဲ့သူ့အခန်းငယ်ဆီ
ဖြေးညှင်းတဲ့အခန်းတံခါးပိတ်သံပြီးနောက်သူဟာကြမ်းပြင်ပေါ်အရုပ်ကြိုးပြတ်ပြိုလဲသွားရင်း အဓိပယ်မဲ့စွာစာရွက်အပြာရောင်လေးကိုကြည့်ပြီးမျက်ရည်တွေကအတားအစီမဲ့စွာ
" စောင့်နေမှာမလို့....ငါစောင့်နေမှာမလို့ပြန်
လာခဲ့ပါဂျွန်...ပုံပြင်တွေကမှားနေကြောင်းငါသက်သေပြချင်တယ်"
ရှေ့ဆက်ရမဲ့ရက်တွေကချစ်ရသူမရှိတဲ့အခါအကျဥ်းတန်သည်။ နေမြင့်လေအရူးရင့်လေဆိုတဲ့စကားကသူ့အတွက်ထိရောက်မနေဘဲအချိန်ကြာလေအရူးရင့်လေဖြစ်လို့လာတာ ။
အချစ်ဦးကလေပြေလိုဘဲတဲ့ ဒီစကားကပိုင်ဆိုင်ခွင့်မရတဲ့သူတွေအတွက်ဘဲမှန်တယ်သူ့အတွက်တော့..ဂျွန်ကလေပြေလေးဆိုရင်လဲ မင်းကိုဖမ်းနိုင်တဲ့တစ်ခါသုံးအိတ်ကလေးက ငါဘဲဂျွန် ။
____________________________
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
" နောက်နှစ်ရက်နေရင် "
.
.
.
.
.
.
.
.
.
.
.
.
.
____________________________________
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
__________
.
.
.
.
.
" အ့...နာလိုက်တာ "
.
.
.
.
.
.
.
.
.
.
.
.
.
____________________________