ယောန်ဂျွန်းတို့အိမ်၊ မီးဖိုခန်းထဲတွင် အိုးပြုတ်ကျသံ၊ လက်အပူလောင်သံ ဂလုန်ဂလွမ်အစရှိသောအသံပေါင်းစုံတို့မြည်ဟီးနေကာ သူ့ဦးလေးကင်မ်နမ်ဂျွန်း ရောက်လာလေသလားဟုအောက်မေ့ရအောင် တရားခံကတော့ ယောန်ဂျွန်း ကိုယ်တိုင်ပင်။ -
"အ့ ပူလိုက်တာ..... "
"ဟျောင့်... ငါ့သား။
မင်းဘာလုပ်နေတာလည်း။ "
"ဟို...မနက်စာပြင်ကြည့်တာပါ အဖေ"
"ထူးထူးနဲ့ ဆန်းဆန်းပါလား။ "
"ထူးထူးနဲ့ဆန်းဆန်းတော့မဟုတ်ဘူး အဖေရေ။
ယောန်ဂျွန်းဗျ...ယောန်ဂျွန်း ယောန်ဂျွန်း။ "
"ကဲ ထွက်စမ်းပါကွာ...။
အဒေါ်ကြီးတွေရော...သူတို့ကိုမပြင်ခိုင်းဘူးလား။ "
"တစ်ခါမှမလုပ်ဖူးလို့ဝင်လုပ်ကြည့်တာပါ။
ဟိုမှာ အဖေကိုယ်တိုင်လုပ်ပြီး စားနေသောက်နေရတာ ဒီလိုမျိုးပါလားဆိုပြီး တွေးမိတယ်။ "
"တော်စမ်းပါကွာ....မင်းဘာပြောမလို့လည်း။
မလုပ်စဖူးထလုပ်နေတယ်....အဒေါ်ကြီးရေ....လာပါဦး.... ယောန်ဂျွန်းလုပ်ထားတာတွေလာရှင်းပေးပါဦး။"
"ဟုတ်ကဲ့ ဥက္ကဌကြီး။ "
"ဘာပြောမလို့လည်း..."
-စားပွဲဝိုင်းမှာထိုင်လိုက်ပြီး သူ့သားကို မေးနေသော Mr.Choi....-
"ဒီလိုပါ အဖေ....
ဒီနှစ်ပြီးရင် ကျွန်တော်က အဖေနဲ့အတူ ဟိုကိုလိုက်ရမှာမလား။ "
"အေးလေ....
မင်းဘဲဒုတိယနှစ်ပြီးရင်လိုက်ခဲ့ပါ့မယ်ဆို....အဲ့ဒါကြောင့်ငါလာခေါ်တာလေ။ "
"အဲ့ဒါနောက်တစ်နှစ် တတိယနှစ်ပြီးတဲ့အထိစောင့်ပေးလို့မရဘူးလား။ တစ်နှစ်ဘဲလေ...."
"ဥက္ကဌကြီး ကော်ဖီရပါပြီ။ "
-အဒေါ်ကြီးကို ခေါင်းညိမ့်ပြပြီး သူယူလာသော ကော်ဖီခွက်ကို ယူသောက်လိုက်သည်။ -
"ဘာလုပ်မလို့လည်း ။
မင်းမဟုတ်မှ.... မင်းအမေနဲ့ ငါမသိအောင်တွေ့နေတာလား။ "
"မဟုတ်ပါဘူး အဖေကလည်း....
အဖေဘဲပြောတယ်လေ....ဒုတိယနှစ်အထိ စောင့်ပေးမယ်။ အဲ့အထိ မင်း ဖက်တွယ်စရာလူမရှိရင် ငါတစ်ခါတည်းအပြီးခေါ်သွားတော့မှာဆို...."
"အခုဖက်တွယ်စရာရှိနေလို့လား။ "
-တဖန် တည်ငြိမ်စွာမေးလာတဲ့ သူ့အဖေ၏အသံ။ -
"အရမ်းကြီးတော့မဟုတ်ပေမဲ့ သူကသားစိတ်ထဲရှိနေတယ် အဖေ။ "
"အဆက်အသွယ်ဖြတ်လိုက်....။
သံယောဇဉ် ဒီထက်ပိုမတွယ်ခင်....."
"အဖေ....
သေချာအောင်လုပ်ကြည့်ရမယ်မဟုတ်လား။ "
"မင်းပြောချင်တဲ့လူက ဟိုတစ်ခါအိမ်လာတဲ့ကလေးလား။ "
"ဗျာ....?"
"မနက်ပိုင်းကြီးရောက်လာတဲ့သူလေ။
ဂျူနီယာဆိုလား...ဘာဆိုလား။ "
-အဖေကသူ့စိတ်ကိုမြင်နေရတာလား။
မဖြစ်ဘူး....မသေချာခင်အထိ အဖေမသိစေရဘူး။ -
"မ...မဟုတ်တာ ။
သူကယောက်ျားလေးကို....သားကြိုက်နေတာ မိန်းကလေးဗျ...မိန်းကလေး။ သူ့နာမည်က Lee Da Binတဲ့။ "
(အပေါ်ပိုင်းတွေမှာမှတ်မိကြမှာပါ....
Soobinနဲ့ yeonjunနဲ့ရန်ဖြစ်တော့လေ da binနဲ့သိကြတာ။ အဲ့မှာကတည်းက yeonjunက da binကိုcrhနေတယ်လို့ ပြောဖူးခဲ့တယ်နော်။ မှတ်ဉာဏ်တွေပြန်ယူဆောင်ပါ။ )
"အွန်း...ကောင်းပြီလေ။
ငါစောင့်ပေးရလို့ ဘာမှမဖြစ်ဘူး။
မင်းသာ မင်းကတိမင်းတည်။ "
"ဟုတ် အဖေ။
အဲ့ဒါဆို သားကျောင်းသွားဖို့ပြင်တော့မယ်နော်။ "
"အေး....
သား....ယောန်ဂျွန်း....ခံစားချက်ကိုသိအောင်လုပ်.... ဟိုလိုလို ဒီလိုလိုလုပ်နေရင်းက လက်လွှတ်လိုက်ရရင် နာကျင်ရမယ် ငါ့သား။ မင်းကိုယ်မင်းမလိမ်မိစေနဲ့။ အဖေဒါဘဲပြောချင်တယ်။ "
"ဟုတ်ကဲ့ပါ appa"
-ယောန်ဂျွန်းထွက်သွားပြီးတော့...
-မလိမ်ချင်စမ်းပါနဲ့ Junလေးရယ်။
မင်းအဖေ ငါကိုယ်တိုင်အဲ့လိုခံစားချက်ကို ရိပ်မိနေတာမလို့ မင်းအဲ့ကောင်လေးနဲ့ သဘောကျသွားလည်း အဖေကန့်ကွက်စရာမရှိပါဘူး။ -
.
.
.
-သူတို့ကျောင်းကိုရောက်တော့ အားလုံးကပုံမှန်ပြန်ဖြစ်နေသည်။ ခါအီ ၊ ဆူဘင်းကလည်း သူတို့အတန်းတက်နေသလို ဟျွန်းဂျင်ကလည်း ထိုနည်းတူပင်။ ယောန်ဂျွန်း ဘောမ်ဂယူနဲ့ ဖီးလစ်ကလည်း အတန်းတက်နေသော ဟျွန်းဂျင်ကိုစောင့်နေသလို ထယ်ဟျွန်းကလည်း ဘောမ်ဂယူရဲ့ဘေးတွင်ရပ်ကာ နေလေသည်။ -
"အတန်းပြီးပြီ....သွားကြရအောင်။ "
"Boramတို့ရော..."
"မိန်းကလေးတွေမခေါ်ဘူး...ရှူးးးးသွားမယ်"
- ခါအီကိုလက်ဆွဲကာခေါ်သွားသော ဆူဘင်းနှင့် ထယ်ဟျွန်း။ -
"ကန်တင်းသွားတာတောင် ခွဲခြား ခွဲခြားနဲ့...."
-ထိုသို့ပြောလေသော ဆူဘင်းမျက်စောင်းက ယောန်ဂျွန်းဆီဒိုင်းကနဲ။ -
" ဦးလေးကြီးနဲ့ ကျွန်တော်နဲ့သိလို့လား။ "
"မင်း....."
-အေးပါ...အေးပါ...နေနှင့်ဦး။
သည်းခံစမ်း....သည်းခံစမ်း.... -
.
.
.
-သူတို့ကန်တင်းရောက်တော့ သစ်ပင်တစ်ပင်က ထူးထူးဆန်းဆန်း သူတို့ထိုင်နေကြနားကိုရောက်နေသည်။ -
"အန်တီရေ...
ဒီအပင်ကဘယ်ကနေရောက်လာတာလည်း။ "
"မသိဘူးကွယ် "
"Hyung စိုက်ခိုင်းထားလို့ "
"ဘယ်လို..... "
-ဘောမ်ဂယူကိုနားမလည်စွာကြည့်လာကြသည်။ -
"ဒီလိုလေကွာ....ငါတို့ရဲ့အထိမ်းအမှတ်ပေါ့...။
သိရဲ့သားနဲ့... တစ်ခါမှလက်ဆောင်မပေးဖူးဘူးလေ။
ဒါကတစ်ဖွဲ့လုံးကို hyungကပေးတဲ့လက်ဆောင်။ "
"အော်...."
-ဆက်မမေးတော့ဘဲ ဝင်ထိုင်လိုက်သည်။
ဆက်မေးချင်သူကတော့....
"ဒီအပင်က ဘာလုပ်လို့ရလည်း။ " (YJ)
"ခုတ်ပြီးရောင်းစားလိုက်လေ..." (SB)
"ချွဲဆူဘင်း...ငါအကောင်းမေးနေတာ။
ဒီအပင်ကို ငါတို့က ဘာလုပ်ရမှာလည်း။ "
"အမှတ်တရပေါ့ကွာ...သူများတွေလည်း ကျောင်းပိတ်ခါနီးဆို ဒီလိုဘဲ ကိုယ့်အဆောင်မှာအမှတ်အသားချန်ခဲ့တာဘဲကို...."
"Hyung အတော်ဆုံးဘဲ....👍🏻😚"(TH)
"ငါတို့ကကျောင်းမှမပြီးသေးတာ။ "
"အော်...final examဖြေရတော့မယ်လေ။
Hyunjinမင်းအတိတ်မေ့သွားတာလား။ "
"တကယ်....."
"အွန်းလေ...hyunjin shi!!
တကယ်မေ့နေတာလား။ "
"ကယ်ကြပါဦး.... ငါဘာစာမှမရသေးဘူး။ "
"ဒီကလေးသုံးယောက်နဲ့ မင်းပြန်တက်ပေတော့ hyunjin"
"အန်သွဲ့........."
-မရီရဲသော်လည်း စိတ်ထဲမှာတော့ အူတက်နေလေသည်။ -
"Taehyun....ဘာလုပ်နေတာလည်း။ " (BG)
"Hyungစိုက်ပေးထားတဲ့သစ်ပင်မှာ ကတိတွေရေးပြီးချိတ်ထားမလို့။ "
"ကောင်းသားဘဲ...ငါတို့လည်း ချိတ်ထားရမယ်။
ဒီနှစ်ရဲ့ memoryတွေကို ပြန်အမှတ်ရစေရန်ပေါ့...."
"တစ်ယောက်စာတစ်ယောက်ခိုးမကြည့်ကြေး။
ခိုးကြည့်ရင် ပြန်လျော်ပေးရမယ်..." (HK)
"ငါကတော့မချိတ်ပါဘူး ကလေးဆန်တယ် ။ " (YJ)
"ခင်ဗျားသဘောလေ..."
"ပြီးတော့ ငါက ဒီနှစ်ပြီးရင် ဒီကျောင်းမှာရှိတော့မှာမဟုတ်ဘူး။ ငါ့အဖေဆီလိုက်သွားရတော့မှာ။ "
-ဆူဘင်းခုနက ပျော်ရွှင်နေသော မျက်နှာထားနှင့် ရေနေသောစာများသည် အခုတစ်ခါ ရပ်တန့်သွားပြီး အပြုံးတို့လည်းပျောက်ကွယ်သွားရသည်။ ဘာကြောင့်ဒီလိုဖြစ်ရလည်း သူလည်းမသိတော့ဘူး။ -
"ဒါပေမဲ့ စိတ်မပူပါနဲ့.... ငါနောက်နှစ်အထိတက်ဖို့မနက်က အဖေ့ကိုပြောခဲ့ပြီးသွားပြီ။ "
-ထိုအခါမှ မျက်နှာပြန်တည်လိုက်သော ဆူဘင်း။ -
"ရုတ်တရက်ကြီးဘာလို့လည်း...မင်းဘဲ ဒုတိယနှစ်ပြီးရင် မနေတော့ပါဘူးဆို..."
"ဒီလိုကွ...
ငါ့အဖေက ငါ့မှာရည်းစားလိုမျိုးဖက်တွယ်စရာမရှိရင် လိုက်ခဲ့ရမယ်ပြောတာ။ အခုက ငါ့စိတ်ထဲမှာ တစ်ယောက်ယောက်ကရှိနေသလိုမျိုးဆိုတော့....မသေချာသေးလို့ ငါနောက်တစ်နှစ်တောင်းလိုက်တာ။"
-သူထိုစကားကိုဆိုနေရင်း တစ်ယောက်ယောက်ဆိုသောလူအား ကြည့်ဖြစ်အောင်ကြည့်လိုက်မိပါသေးသည်။ သူကတော့ ပြောတာအာရုံမစိုက်ဘဲ စာကိုဘဲကောက်ရေးနေလေရဲ့....-
"ဘယ်သူလည်း yeonjun sambae"
"ဒီလိုပါဘဲ... ရှိတယ်။ "
"သဘောကျနေရင် ဖွင့်ပြောပြလိုက်တာအကောင်းဆုံးဘဲ။ မြုံစိစိလုပ်နေရင် အဲ့ဒီလူကို ဆုံးရှုံးရလိမ့်မယ်။ " (SB)
"ငါ့ကိစ္စပါ...."
"ကျွန်တော်က ခင်ဗျားတစ်ယောက်တည်းကိုပြောနေတာမဟုတ်ဘူး။ ဒီဝိုင်းထဲမှာ အဲ့လိုလူမျိုးရှိသေးတယ်။ သူ့ကိုပြောတာ..."
-soobinစကားကြောင့် kaiမှာ ပူရှိန်းရှိန်းဖြစ်သွားပြီး မျက်နှာများရဲလာခဲ့သည်။ -
"ဟုတ်ပ....အဲ့လူကတော့ တော်တော်သတ္တိကြောင်တာဘဲ။ သဘောကျနေတဲ့လူကို သဘောကျပါတယ်လို့ မပြောပြနိုင်ဘူး။ ဘာတွေငဲ့ကွက်နေလည်းမသိ..။"
-taehyunကလည်း ရွဲ့စောင်းစောင်းပြောလာသည်။
Kaiကလည်း မျက်နှာက ဒန့်တလွန်ရွက်လောက်သာကျန်တော့သည်။ ထို့အပြင် ဤသို့ဖြစ်နေတာ kaiတစ်ယောက်တည်းမဟုတ်ဘဲ နောက်တစ်ယောက်ထပ်ရှိနေသေးသည်။ သူကတော့ felixပင်။ taehyunပြောလိုက်သောစကားတွင် ပိုလန့်သွားခြင်းဖြစ်သည်။ -
"ဘာလို့ရုတ်တရက်ကြီး တိတ်ဆိတ်သွားကြတာလည်း။ မသိရင် အကုန်လုံးကဘဲ ငါပြောတာနဲ့ ငြိစွန်းသွားကြသလိုလို..."
-စာရေးလို့ပြီးသွားဟန်ဖြစ်သော soobinက ပတ်ပတ်လည်ကိုကြည့်ရင်းမေးလာသည်။ -
"မ..မဟုတ်ပါဘူး ။
ဘယ်သူလည်းဆိုပြီး စဥ်းစားနေကြလို့ပါ။ "
"ဟုတ်တယ်...ဟုတ်တယ်။ "
-အပြန်အလှန်ထောက်ခံကြရင်း စကားစပြတ်သွားသည်။ -
"ဒါနဲ့သိချင်တာရှိတယ်...
ဘာလို့ yeonjun hyungက နိုင်ငံခြားသွားရမှာလည်း။"
"အဖေ့အမွေဆက်ခံတယ်ပြောမလားပေါ့....
ကုမ္ပဏီဆက်ခံသူတစ်ယောက်။ "
"ဒါဆိုနောက်ပိုင်း ကျွန်တော်တို့က President Mr.Yeonjunကြီးနဲ့ခင်ခဲ့ပါတယ်ဆိုပြီး ကြွားလုံးထုတ်လို့ရပြီပေါ့...။ "
"အွန်းပေါ့...
Mr.yeonjunမဟုတ်ဘဲ President Mr.Deniel ဖြစ်သွားမှာပေါ့...."
"Wow....."
-အကုန်လုံးက သူ့ကိုကြည့်ပြီးwowကနဲဖြစ်သွားကြသည်။ soobinတော့မပါခဲ့ချေ။ -
"ဒါနဲ့ဟုတ်ပါပြီ...beomgyu hyungတို့ကရော final year ထိဆက်တက်မှာလား။ "
"အွန်းပေါ့..." (HJ)
-hyunjinကဖြေပေမဲ့ beomgyuကအသံထွက်မလာချေ။ ဒီကြားထဲဖြစ်ပျက်သွားနိုင်တဲ့အရာတွေက အများကြီးမလား။ -
"ကဲ...ကဲ။
အခုတော့ စကားများမနေကြတော့ဘဲ နောက်နှစ် စီနီယာ ဂျူနီယာအနေနဲ့ ပြန်တွေ့ရအောင် လုပ်ကြမယ်ဟေ့။ final examက နှစ်ပတ်ဘဲလိုတော့တာနော်။ "
"ဂိုးကြမယ်။ မဟုတ်ရင် စာမေးပွဲမှာကျနေမယ်။ "
"ငါတို့က ရုပ်ချောတော့စာကျက်ကစရာမလိုဘူး... အောင်မှာ။ " (YJ/HJ)
"One subject One Nightလုပ်မနေနဲ့နော်။ ပြီးမှ beomgyuရေ....ဒီအပုဒ်လေးရှင်းပြပါဆို မရှင်းပြဘူးမှတ်။ "
"စတာ...သူငယ်ချင်း။ စတာ...စတာ။
အခုဘဲစာသွားလုပ်တော့မယ်။ "
-မိမိသူငယ်ချင်းနှစ်ယောက်ကိုကြည့်ကာ beomgyuကတော့ မနိုင်ဘူးဆိုသောအကြည့်ဖြင့် ခေါင်းခါလိုက်လေသည်။-
-အားလုံးထွက်သွားတော့မှ နောက်ဆုံးထွက်လာတာ ဆူဘင်းပင်။ လွယ်အိတ်ထဲက တွယ်ချိတ်ကလေးကို ယူကာ မိမိစာရေးထားသော ကတ်ထူလေးကို ထည့်ပြီး သစ်ပင်ရဲ့အတွင်းဘက်တစ်နေရာမှာ ချိတ်ထားခဲ့သည်။ -
-လေတိုက်လို့လွင့်နေသည့် ကတ်ထူလေးထဲမှာတော့
// မျဥ်းပြိုင်တွေဖြစ်နေရင်တောင် အဆုံးသတ် တည်နေရာကတော့ တစ်နေရာတည်းဖြစ်နေဦးမှာဘဲ။ ကျွန်တော်ကတော့သေချာတယ်...ခင်ဗျားကရော။ //
.
.
.
*FOREVER*
ဟီးဟီး....နောက်ကျတယ်ဟုတ်?
ကဲ...ဒီအထိကို မိတ်ဆက်စရာ ဇာတ်ကြောင်းကုန်ပြီမလို့ ending အတွက်ရင်ခုန်ရအောင် Spoiler Queenလေးဖြစ်တဲ့ သာသာက မနေနိုင်မထိုင်နိုင် yeonbin အတွဲလေးအတွက် spoilerလုပ်သွားပါမယ်။ အကယ်၍spoilမကြိုက်ရင်တော့ အောက်ကvideoဆီ မဆက်ကြပါနဲ့....။ 🤭🤭