Zawgyi
ယူႏိုရက္စ္ရဲ႕ေတာင္ဘက္ဂိတ္မွာ အုႏိုသားရဲႏွစ္ေကာင္ကို ေတြ႔လိုက္ရသည္၊အေတာင္ပံသံုးခုသာ ပါ႐ွိတဲ့အုႏိုနတ္ဆိုးသားရဲေတြဟာ ေၾကာက္စရာမေကာင္းလွေပမယ့္ အုႏိုတစ္ေကာင္ရဲထိပ္မွာ ရပ္ကာေနေနသည့္ လူပံုသ႑ာန္အရာေၾကာင့္ ဒန္နာရီမ်က္ေမွာင္ၾကဳတ္သြားေတာ့သည္၊
နဖူးကေန နီရင့္ရင့္ဦးခ်ိဳေၾကာင့္ အင္အားႀကီးလွၿပီး ေမွာ္စြမ္းအင္အသံုးျပဳႏိုင္တဲ့နတ္ဆုိးသားရဲဆုိတာ သေဘာေပါက္လိုက္သည္၊ဒါေပမယ့္ ဘယ္နတ္ဆိုးသားရဲလဲ သူေတြးေနခ်ိန္မွာ မက္စ္ဟာ ေျပာလာေတာ့သည္၊
"ႏိုရီေမွာ္နတ္ဆိုးလည္း ပါဝင္လာလိမ့္မယ္ မထင္ခဲ့ဘူး... အဟက္ ႏိုရီေမွာ္နတ္ဆိုးေတြရဲ႕ဦးခ်ိဳက ေမွာ္မွင္တံလုပ္ရာမွာ ေမွာ္အင္းကြက္ဆြဲတဲ့ေမွာ္ဆရာေတြကို မ်ားစြာအက်ိဳးျပဳတယ္လို႔ ေျပာတယ္" မက္စ္ဟာ ဒန္နာရီေခါင္းကို ပုတ္လိုက္ၿပီးေျပာလိုက္သည္၊ထိုေနာက္မွာေတာ့ မက္စ္ဟာ ဒန္နာရီကို ခ်လိုက္ၿပီး ဂိတ္နံရံကေန ခုန္ခ်သြားေတာ့သည္၊က်န္တဲ့သူေတြကလည္း မက္စ္ေနာက္ကို ခ်က္ခ်င္းလိုက္ပါသြားေတာ့သည္၊
ဒန္နာရီကေတာ့ အနားမွာ႐ွိတဲ့သစ္သားဗူးေတြကိုဆင့္လိုက္ၿပီး တိုက္ပြဲအေျခအေနကို ၾကည့္လိုက္သည္၊မက္စ္တို႔အဖြဲ႔ဝင္လာတာနဲ႔တိုက္ပြဲအေေျခအေနဟာ ေျပာင္းလဲသြားေတာ့သည္၊ဒါေပမယ့္ သူၿပီးဆံုးေအာင္ေတာင္ မၾကည့္ရေသးဘူး က်န္ရစ္ခဲ့တဲ့အထိန္းေတာ္ငယ္ဟာ ဒန္နာရီကို ေပြ႔ခ်ီလာေတာ့သည္၊
"သခင္ေလး ဒီမွာက အႏၱရာယ္မ်ားလြန္းတယ္"အထိန္းေတာ္ငယ္ဟာ ေျပာလိုက္ၿပီးေနာက္မွာ ဒန္နာရီကို အျခားေနရာေခၚေဆာင္သြားေတာ့သည္၊မီရာလ္ကေတာ့ ေသြးနံ႔မခံႏိုင္ေပမယ့္ အေနာက္ကေန မတတ္ႏိုင္စြာလိုက္ပါေနေတာ့သည္၊
တိုက္ပြဲက ျပင္းထန္ခဲ့တာေၾကာင့္ ကုသေဆာင္မွာပင္ ေနရာမလပ္ဘဲ အျပင္ဘက္မွာေတာင္ ဒဏ္ရာရေနတဲ့စစ္သားေတြကို ေတြ႔ေနရေတာ့သည္၊တစ္ခ်ိဳ႕က ေျခလက္ေတြ ျပတ္ေနၿပီး တစ္ခ်ိဳ႕က်ေတာ့ အသက္ပင္ မနည္း႐ွဴ႐ိႈက္ေနရေတာ့သည္၊ေသြးညီွနံ႔ေတြဟာလည္း ေလထဲမွာ တေထာင္းေထာင္းပင္၊
"သခင္ေလး " အထိန္းေတာ္ငယ္ဟာ ဒန္နာရီ ေသြးညီွနံ႔ေတြအျပင္ ဒီျမင္ကြင္းေၾကာင့္ ေၾကာက္လန္႔သြားမည္ထင္ခဲ့ေပမယ့္ သူရဲ႕လက္ထဲမွာ ခ်ီထားတဲ့ခုႏွစ္အရြယ္ကေလးေလးဟာ တည္ၿငိမ္ေနၿပီး ဒဏ္ရာရေနတဲ့စစ္သားေတြကို စိုက္ၾကည့္ေနေတာ့သည္၊ဒန္နာရီရဲ႕အေစခံကေတာ့ ပ်ိဳ႕အန္ခ်င္ပံုစံျဖင့္ ေျပးထြက္သြားေတာ့သည္၊
အထိန္းေတာ္ငယ္ဟာ ထိုအေစခံကို အနည္းငယ္အထင္ေသးသြားေပမယ့္ ဆက္ၿပီး ဂ႐ုစိုက္မေနေတာ့ေပ၊
"ကုသေဆာင္ဘက္ကို သြားရေအာင္" ဒန္နာရီဟာ ေျပာလိုက္ေတာ့ အထိန္းေတာ္ငယ္ကလည္း အထြန္႔တက္မေနဘဲ ေခၚေဆာင္သြားေတာ့သည္၊အလင္းသူေတာ္စင္ေတြဟာ ကုသလေရးေမွာ္ဆရာမ်ားျဖစ္ၿပီး ႐ွားပါးလွသည္၊ဒါေၾကာင့္ ေတာင္ဘက္ဂိတ္မွာ ကုသေရးေမွာ္အသံုးျပဳသူ ႏွစ္ဦးသာ႐ွိၿပီး က်န္တဲ့တစ္ဦးကေတာ့ မက္စ္တို႔ရဲ႕အဖြဲ႔ထဲက ျဖစ္သည္၊
"ကုသေရးေဆာင္က လူေတြက ပိုၿပီး ထိခိုက္မႈမ်ားတာပဲ" ဒန္နာရီက အျပင္ဘက္ကလူေတြထက္ အတြင္းဘက္ကလူေတြရဲ႕ထိခိုက္မႈဟာ အသက္ဟာ ႀကိဳတန္းေပၚမွာလို ယဲ့ယဲ့ျဖစ္ေနသည္ကို ေတြ႔လိုက္ရသည္၊
လူေတြ အားလံုးကို ဒန္နာရီ ကူညီေပးခ်င္သည္၊ဒါေပမယ့္ သူ႔မွာလံုေလာက္တဲ့အင္အားမ႐ွိေပ၊ထိုခ်ိန္မွာ အျဖဴေရာင္လိပ္ျပာေလးဟာ ဒန္နာရီႏူဖူးကေန ေပၚထြက္လာေတာ့သည္၊
"႐ႈ~"
[တကယ္ေတာ့ သူတို႔ကို သခင္ ကယ္တင္လို႔ရတယ္...]႐ႈရဲ႕ပ်င္းတြဲတြဲအသံထြက္လာေတာ့သည္၊
"ဘယ္လိုမ်ိဳးလဲ"
[က်ဳပ္ရဲ႕စြမ္းအားကို အသံုးျပဳႏိုင္တယ္...ဒါေပမယ့္ သခင္က သံုးႏွစ္ အိပ္ေပ်ာ္သြားရလိမ့္မယ္] ႐ႈစကားေၾကာင့္ ဒန္နာရီေတြေဝသြားေတာ့သည္၊သံုးႏွစ္အတြင္းမွာ သူမသိတာေတြ ေျပာင္းလဲသြားမည္ကို ဒန္နာရီေၾကာက္ရြံမိသည္၊
[အခ်ိန္ေတြက ပံုမွန္အတိုင္းသြားေနလိမ့္မယ္...သခင္ကိုေတာ့ ယူႏိုရက္စ္နယ္ေျမက နတ္သူငယ္ေတာအုပ္ထဲကို ေခၚေဆာင္သြားရလိမ့္မယ္...ၿပီးေတာ့] ႐ႈပ္ဟာ ဒန္နာရီပခံုးေပၚမွာ အနားယူလိုက္ၿပီး ေလးတိေလးဆြဲေျပာေနေတာ့သည္၊
[သခင္ မႏိုးမထလာခ်င္းခ်င္း ဒီေနရာက အလင္းသူေတာ္စင္စက္ကြင္းက အျမဲတည္႐ွိေနလိမ့္မယ္...]
"ဒါဆုိရင္ ဒီေနရာ ေတာ္ဝင္နယ္ေျမျဖစ္ေနမွာေပါ့"
[ဟုတ္တယ္...သခင္ က်ဳပ္ရဲ႕စြမ္းအားကို အသံုးမျပဳခ်င္ဘူးလား]
႐ႈရဲ႕စကားေၾကာင့္ ဒန္နာရီသက္ျပင္းခ်လိုက္ၿပီသည္၊သံုးႏွစ္ဆုိတဲ့အခ်ိန္ေပးစက္ရလိမ့္မည္၊ဒါေပမယ့္ ေဘးပတ္လည္မွာ နာက်င္စြာေအာ္ဟစ္ေနတဲ့စစ္သားေတြရဲ႕အသံေတြေရာ၊အတတ္ႏိုင္ဆံုးကယ္တင္ေပမယ့္ မကယ္တင္ႏိုင္လို႔ ဝမ္းနည္းပူေဆြးေနတဲ့ကုသေရးအဖြဲ႔ေၾကာင့္ ဒန္နာရီ ဆံုးျဖတ္ခ်က္ကို ခိုင္ခိုင္မာမာ ခ်မွတ္လိုက္ေတာ့သည္၊
သံုးႏွစ္ဆုိတာ ဘာအေရးပါလို႔လဲ၊ယူႏိုရက္စ္နယ္ေျမက ငါ့အေဖရဲ႕ပိုင္ဆိုင္မႈပဲ၊ဒီလူေတြက ငါအေဖရဲ႕လူေတြပဲ၊သားတစ္ေယာက္အေနနဲ႔ ဒီလူေတြကို လက္ေဆာင္တစ္ခုေပးလိုက္မယ္၊
"ကြၽန္ေတာ့္ကို ေအာက္ခ်ေပးပါလား" ဒန္နာရီစကားေၾကာင့္ အထိန္းေတာ္ဟာ ေအာက္ခ်ေပးလိုက္ေတာ့သည္၊ထိုေနာက္မွာ ဒန္နာရီဟာ အထိန္းေတာ္ငယ္ကို ေမာ့ၾကည့္ကာ ေျပာလိုက္သည္၊
"အေဖကို ေျပာလိုက္ပါ ဒီဆံုးျဖတ္ခ်က္က ကြၽန္ေတာ္ကိုယ္တိုင္ဆံုးျဖတ္ခ်က္တာပါ၊ၿပီးေတာ့ ေနာက္သံုးႏွစ္ေနရင္ ေတြ႔မယ္"
အထိန္းေတာ္ငယ္ဟာ ဒန္နာရီစကားကို နားမလည္ေပ၊ထိုေနာက္မွာ လူႀကီးအရြယ္ အျဖဴေရာင္နတ္သူငယ္တစ္ပါးထြက္လာေတာ့သည္၊နတ္သူငယ္ရဲ႕အသားအေရဟာ လမင္းလို ျဖဴေဖြးေနၿပီး သန္႔႐ွင္းစင္ၾကယ္လွတဲ့ေရႊေရာင္မ်က္ဝန္းမ်ားနဲ႔လွပတဲ့ေငြေရာင္ဆံပင္႐ွည္ေတြပါ ႐ွိသည္၊
"မက္စ္ ႐ိုစဲဆလပ္ရဲ႕သားျဖစ္တဲ့ ဒန္နာရီ ႐ိုစဲဆလပ္က မင္းတို႔ကို ပထမဆံုး လက္ေဆာင္ေပးလိုက္တယ္"
ဒန္နာရီရဲ႕အသံေသးေသးေလးေၾကာင့္ အကုန္လံုးကၾကည့္လာေတာ့သည္၊ ႀကီးမားက်ယ္ျပန္႔တဲ့ အလင္းစက္ကြင္းဟာ ေတာင္ဘက္ဂိတ္ကို ဖံုးအုပ္သြားၿပီး မ်ားစြာေသာအျဖဴေရာင္လိပ္ျပာငယ္ေတြဟာ ထြက္ေပၚလာေတာ့သည္၊
ေသခါနီးစဲစဲမေျပာနဲ႔ လြန္ခဲ့တဲ့နာရီဝက္က ေသဆံုးသြားတဲ့သူေတြေတာင္ အျဖဴေရာင္လိပ္ျပာငယ္ေတြေၾကာင့္ ျပန္လည္႐ွင္သန္လာေတာ့သည္၊လက္ျပတ္၊ေျချပတ္သြားတဲ့သူေတြကလည္း အေကာင္းတိုင္း ျပန္လည္ျဖစ္ေပၚသြားေတာ့သည္၊သူတို႔ဟာ အံ့အားသင့္စြာ လိပ္ျပာငယ္မ်ား ဝန္းရံခံထားရတဲ့ခုႏွစ္ႏွစ္အရြယ္ကေလးေလးကို ၾကည့္လိုက္သည္၊
ႀကီးမားတဲ့အလင္းစြမ္းအင္ေၾကာင့္ ဒီကေလးေလးက အနာဂတ္သူေတာ္စင္မ်ားလားလို႔ ေတြးထင္ေနမိေတာ့သည္၊ထိုေနာက္မွာ ဝုန္းဒုန္းၾကဲကာ ေသြးမ်ားစိုရြဲေနတဲ့မက္စ္ဟာ ဝင္ေရာက္လာေတာ့သည္၊
ဒန္နာရီဟာလည္း သူရဲ႕အေဖကိုၾကည့္လိုက္ၿပီး ျပံဳးလိုက္သည္၊ထိုေနာက္မွာ လိပ္ျပာငယ္ေတြဟာ ဒန္နာရီကိုေခၚေဆာင္သြားေတာ့သည္၊
"ကေလး!!" မက္စ္ဟာ လိပ္ျပာေတြၾကားကေန ဒန္နာရီရဲ႕လက္ေသးေသးေလးကို လွမ္းကာဆြဲလိုက္ေပမယ့္ မမိလိုက္ေပ၊
"မဟုတ္ဘူး!" သားကို အေဖေစာင့္ေ႐ွာက္ရအံုးမွာေလ! အေဖ့ကို ထားမသြားပါနဲ႔!
"ဒယ္ဒီ... "
"ေနာက္မွ ေတြ႔မယ္ေနာ္...က်န္းမာေအာင္ ေနအံုး" ထိုအသံေသးေသးေလးေၾကာင့္ မက္စ္ေၾကာင္အသြားေတာ့သည္၊သူ႔သားက အကုန္သိေနခဲ့တာလား၊
လိပ္ျပာငယ္ေတြေပ်ာက္သြားတဲ့ခ်ိန္မွာ ဒန္နာရီလည္း ေပ်ာက္သြားခဲသည္၊ဒါေပမယ့္ ခုႏွစ္ႏွစ္အရြယ္ ကေလးေလးရဲ႕ေပးဆပ္မႈသမိုင္းကေတာ့ ေပ်ာက္ကြယ္မသြားေပ၊ေတာင္ဘက္ဂိတ္က စစ္သားတိုင္းဟာ ဒန္နာရီကို သူေတာ္စင္ကေလးငယ္လို႔ ေခၚတြင္ၾကၿပီး ထိုအျဖစ္အပ်က္ကို ေကာလဟာလသက္သက္မဟုတ္သည္ကို သက္ေသျပလို႔ရစြာ လိပ္ျပာနန္းေတာ္ဟာ သက္ေသေပ၊အရင္က ထိုေနရာဟာ ေဆးကုသေဆာင္ျဖစ္ခဲ့ေပမယ့္ ျမဳိ႔စားမင္းမက္စ္ဟာ ထိုေနရာမွာ အေဆာက္အဦးေဆာက္ကာ လိပ္ျပာနန္းေတာ္ဟု ေခၚတြင္ကာ သူေတာ္စင္နယ္ေျမအျဖစ္သတ္မွတ္ခဲ့သည္၊မည္သည့္ဒဏ္ရာမဆုိ ထိုနန္းေတာ္မွာ လာေရာက္ကုသရံုျဖင့္ အကင္းေပ်ာက္ကင္းႏိုင္တာေၾကာင့္ ယူႏိုရက္စ္နယ္ေျမမွာ သူေတာ္စင္ကေလးငယ္အေၾကာင္းဟာ လူေျပာမ်ားစရာျဖစ္ခဲ့သည္။
ၿမိဳ႕စားမင္းမက္စ္ဟာလည္း ႏိုရီဆုိတဲ့နတ္ဆုိးရဲ႕ေခါင္းကိုပါ ျဖဳတ္ခဲ့ၿပီး ဦးခ်ိဳကိုပါ ဆြဲႏုတ္သာ အေကာင္းဆံုးေသာေမွာ္မွင္တံလုပ္ခိုင္းခဲ့သည္၊ထိုေမွာ္မွင္တံကိုလည္း လိပ္ျပာနယ္ေျမထဲမွာသာ ထားထားခဲ့သည္၊
ႏွစ္ႏွစ္ၾကာသြားၿပီးေနာက္မွာေတာ့ အရာရာဟာ စတင္ေျပာင္းလဲလာေတာ့သည္၊မက္စ္ ႐ိုစဲဆလပ္ဟာ ၿမိဳ႕ေတာ္ကို ေရာက္လာျခင္းျဖစ္သည္၊ထိုကိစၥဟာ ခ်ာမက္လက္စ္ကို ထိတ္လန္႔ေစခဲ့သည္၊သူတို႔ဟာ မက္စ္ကို ေသဆံုးသြားသည္လို႔သာ သတ္မွတ္ခဲ့ၿပီး မက္စ္ကလည္း ႐ိုစဲဆလပ္အိမ္ေတာ္ကို ဘယ္ေတာ့မွ ျပန္လည္မဆက္သြယ္လာတာေၾကာင့္ျဖစ္သည္။
-------------
Chapter -39ေမ်ွာ္၊
စာေရးဆရာ ေျပာစရာ႐ွိသည္၊
ေနာက္ပိုင္း ေလး၊ငါးပိုင္းေလာက္က မက္စ္ ႐ိုစဲဆလပ္အခန္းေတြျဖစ္ၿပီး၊ဒန္နာရီကေတာ့ နတ္သူငယ္ေတာအုပ္မွာ ေမွးစက္ေနတုန္းပါပဲဗ်၊
-*-*-*-*-*-*
Unicode
ယူနိုရက်စ်ရဲ့တောင်ဘက်ဂိတ်မှာ အုနိုသားရဲနှစ်ကောင်ကို တွေ့လိုက်ရသည်၊အတောင်ပံသုံးခုသာ ပါရှိတဲ့အုနိုနတ်ဆိုးသားရဲတွေဟာ ကြောက်စရာမကောင်းလှပေမယ့် အုနိုတစ်ကောင်ရဲထိပ်မှာ ရပ်ကာနေနေသည့် လူပုံသဏ္႑ာန်အရာကြောင့် ဒန်နာရီမျက်မှောင်ကြုတ်သွားတော့သည်၊
နဖူးကနေ နီရင့်ရင့်ဦးချိုကြောင့် အင်အားကြီးလှပြီး မှော်စွမ်းအင်အသုံးပြုနိုင်တဲ့နတ်ဆိုးသားရဲဆိုတာ သဘောပေါက်လိုက်သည်၊ဒါပေမယ့် ဘယ်နတ်ဆိုးသားရဲလဲ သူတွေးနေချိန်မှာ မက်စ်ဟာ ပြောလာတော့သည်၊
"နိုရီမှော်နတ်ဆိုးလည်း ပါဝင်လာလိမ့်မယ် မထင်ခဲ့ဘူး... အဟက် နိုရီမှော်နတ်ဆိုးတွေရဲ့ဦးချိုက မှော်မှင်တံလုပ်ရာမှာ မှော်အင်းကွက်ဆွဲတဲ့မှော်ဆရာတွေကို များစွာအကျိုးပြုတယ်လို့ ပြောတယ်" မက်စ်ဟာ ဒန်နာရီခေါင်းကို ပုတ်လိုက်ပြီးပြောလိုက်သည်၊ထိုနောက်မှာတော့ မက်စ်ဟာ ဒန်နာရီကို ချလိုက်ပြီး ဂိတ်နံရံကနေ ခုန်ချသွားတော့သည်၊ကျန်တဲ့သူတွေကလည်း မက်စ်နောက်ကို ချက်ချင်းလိုက်ပါသွားတော့သည်၊
ဒန်နာရီကတော့ အနားမှာရှိတဲ့သစ်သားဗူးတွေကိုဆင့်လိုက်ပြီး တိုက်ပွဲအခြေအနေကို ကြည့်လိုက်သည်၊မက်စ်တို့အဖွဲ့ဝင်လာတာနဲ့တိုက်ပွဲအေခြေအနေဟာ ပြောင်းလဲသွားတော့သည်၊ဒါပေမယ့် သူပြီးဆုံးအောင်တောင် မကြည့်ရသေးဘူး ကျန်ရစ်ခဲ့တဲ့အထိန်းတော်ငယ်ဟာ ဒန်နာရီကို ပွေ့ချီလာတော့သည်၊
"သခင်လေး ဒီမှာက အန္တရာယ်များလွန်းတယ်"အထိန်းတော်ငယ်ဟာ ပြောလိုက်ပြီးနောက်မှာ ဒန်နာရီကို အခြားနေရာခေါ်ဆောင်သွားတော့သည်၊မီရာလ်ကတော့ သွေးနံ့မခံနိုင်ပေမယ့် အနောက်ကနေ မတတ်နိုင်စွာလိုက်ပါနေတော့သည်၊
တိုက်ပွဲက ပြင်းထန်ခဲ့တာကြောင့် ကုသဆောင်မှာပင် နေရာမလပ်ဘဲ အပြင်ဘက်မှာတောင် ဒဏ်ရာရနေတဲ့စစ်သားတွေကို တွေ့နေရတော့သည်၊တစ်ချို့က ခြေလက်တွေ ပြတ်နေပြီး တစ်ချို့ကျတော့ အသက်ပင် မနည်းရှူရှိုက်နေရတော့သည်၊သွေးညှီနံ့တွေဟာလည်း လေထဲမှာ တထောင်းထောင်းပင်၊
"သခင်လေး " အထိန်းတော်ငယ်ဟာ ဒန်နာရီ သွေးညှီနံ့တွေအပြင် ဒီမြင်ကွင်းကြောင့် ကြောက်လန့်သွားမည်ထင်ခဲ့ပေမယ့် သူရဲ့လက်ထဲမှာ ချီထားတဲ့ခုနှစ်အရွယ်ကလေးလေးဟာ တည်ငြိမ်နေပြီး ဒဏ်ရာရနေတဲ့စစ်သားတွေကို စိုက်ကြည့်နေတော့သည်၊ဒန်နာရီရဲ့အစေခံကတော့ ပျို့အန်ချင်ပုံစံဖြင့် ပြေးထွက်သွားတော့သည်၊
အထိန်းတော်ငယ်ဟာ ထိုအစေခံကို အနည်းငယ်အထင်သေးသွားပေမယ့် ဆက်ပြီး ဂရုစိုက်မနေတော့ပေ၊
"ကုသဆောင်ဘက်ကို သွားရအောင်" ဒန်နာရီဟာ ပြောလိုက်တော့ အထိန်းတော်ငယ်ကလည်း အထွန့်တက်မနေဘဲ ခေါ်ဆောင်သွားတော့သည်၊အလင်းသူတော်စင်တွေဟာ ကုသလရေးမှော်ဆရာများဖြစ်ပြီး ရှားပါးလှသည်၊ဒါကြောင့် တောင်ဘက်ဂိတ်မှာ ကုသရေးမှော်အသုံးပြုသူ နှစ်ဦးသာရှိပြီး ကျန်တဲ့တစ်ဦးကတော့ မက်စ်တို့ရဲ့အဖွဲ့ထဲက ဖြစ်သည်၊
"ကုသရေးဆောင်က လူတွေက ပိုပြီး ထိခိုက်မှုများတာပဲ" ဒန်နာရီက အပြင်ဘက်ကလူတွေထက် အတွင်းဘက်ကလူတွေရဲ့ထိခိုက်မှုဟာ အသက်ဟာ ကြိုတန်းပေါ်မှာလို ယဲ့ယဲ့ဖြစ်နေသည်ကို တွေ့လိုက်ရသည်၊
လူတွေ အားလုံးကို ဒန်နာရီ ကူညီပေးချင်သည်၊ဒါပေမယ့် သူ့မှာလုံလောက်တဲ့အင်အားမရှိပေ၊ထိုချိန်မှာ အဖြူရောင်လိပ်ပြာလေးဟာ ဒန်နာရီနူဖူးကနေ ပေါ်ထွက်လာတော့သည်၊
"ရှု~"
[တကယ်တော့ သူတို့ကို သခင် ကယ်တင်လို့ရတယ်...]ရှုရဲ့ပျင်းတွဲတွဲအသံထွက်လာတော့သည်၊
"ဘယ်လိုမျိုးလဲ"
[ကျုပ်ရဲ့စွမ်းအားကို အသုံးပြုနိုင်တယ်...ဒါပေမယ့် သခင်က သုံးနှစ် အိပ်ပျော်သွားရလိမ့်မယ်] ရှုစကားကြောင့် ဒန်နာရီတွေဝေသွားတော့သည်၊သုံးနှစ်အတွင်းမှာ သူမသိတာတွေ ပြောင်းလဲသွားမည်ကို ဒန်နာရီကြောက်ရွံမိသည်၊
[အချိန်တွေက ပုံမှန်အတိုင်းသွားနေလိမ့်မယ်...သခင်ကိုတော့ ယူနိုရက်စ်နယ်မြေက နတ်သူငယ်တောအုပ်ထဲကို ခေါ်ဆောင်သွားရလိမ့်မယ်...ပြီးတော့] ရှုပ်ဟာ ဒန်နာရီပခုံးပေါ်မှာ အနားယူလိုက်ပြီး လေးတိလေးဆွဲပြောနေတော့သည်၊
[သခင် မနိုးမထလာချင်းချင်း ဒီနေရာက အလင်းသူတော်စင်စက်ကွင်းက အမြဲတည်ရှိနေလိမ့်မယ်...]
"ဒါဆိုရင် ဒီနေရာ တော်ဝင်နယ်မြေဖြစ်နေမှာပေါ့"
[ဟုတ်တယ်...သခင် ကျုပ်ရဲ့စွမ်းအားကို အသုံးမပြုချင်ဘူးလား]
ရှုရဲ့စကားကြောင့် ဒန်နာရီသက်ပြင်းချလိုက်ပြီသည်၊သုံးနှစ်ဆိုတဲ့အချိန်ပေးစက်ရလိမ့်မည်၊ဒါပေမယ့် ဘေးပတ်လည်မှာ နာကျင်စွာအော်ဟစ်နေတဲ့စစ်သားတွေရဲ့အသံတွေရော၊အတတ်နိုင်ဆုံးကယ်တင်ပေမယ့် မကယ်တင်နိုင်လို့ ဝမ်းနည်းပူဆွေးနေတဲ့ကုသရေးအဖွဲ့ကြောင့် ဒန်နာရီ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချမှတ်လိုက်တော့သည်၊
သုံးနှစ်ဆိုတာ ဘာအရေးပါလို့လဲ၊ယူနိုရက်စ်နယ်မြေက ငါ့အဖေရဲ့ပိုင်ဆိုင်မှုပဲ၊ဒီလူတွေက ငါအဖေရဲ့လူတွေပဲ၊သားတစ်ယောက်အနေနဲ့ ဒီလူတွေကို လက်ဆောင်တစ်ခုပေးလိုက်မယ်၊
"ကျွန်တော့်ကို အောက်ချပေးပါလား" ဒန်နာရီစကားကြောင့် အထိန်းတော်ဟာ အောက်ချပေးလိုက်တော့သည်၊ထိုနောက်မှာ ဒန်နာရီဟာ အထိန်းတော်ငယ်ကို မော့ကြည့်ကာ ပြောလိုက်သည်၊
"အဖေကို ပြောလိုက်ပါ ဒီဆုံးဖြတ်ချက်က ကျွန်တော်ကိုယ်တိုင်ဆုံးဖြတ်ချက်တာပါ၊ပြီးတော့ နောက်သုံးနှစ်နေရင် တွေ့မယ်"
အထိန်းတော်ငယ်ဟာ ဒန်နာရီစကားကို နားမလည်ပေ၊ထိုနောက်မှာ လူကြီးအရွယ် အဖြူရောင်နတ်သူငယ်တစ်ပါးထွက်လာတော့သည်၊နတ်သူငယ်ရဲ့အသားအရေဟာ လမင်းလို ဖြူဖွေးနေပြီး သန့်ရှင်းစင်ကြယ်လှတဲ့ရွှေရောင်မျက်ဝန်းများနဲ့လှပတဲ့ငွေရောင်ဆံပင်ရှည်တွေပါ ရှိသည်၊
"မက်စ် ရိုစဲဆလပ်ရဲ့သားဖြစ်တဲ့ ဒန်နာရီ ရိုစဲဆလပ်က မင်းတို့ကို ပထမဆုံး လက်ဆောင်ပေးလိုက်တယ်"
ဒန်နာရီရဲ့အသံသေးသေးလေးကြောင့် အကုန်လုံးကကြည့်လာတော့သည်၊ ကြီးမားကျယ်ပြန့်တဲ့ အလင်းစက်ကွင်းဟာ တောင်ဘက်ဂိတ်ကို ဖုံးအုပ်သွားပြီး များစွာသောအဖြူရောင်လိပ်ပြာငယ်တွေဟာ ထွက်ပေါ်လာတော့သည်၊
သေခါနီးစဲစဲမပြောနဲ့ လွန်ခဲ့တဲ့နာရီဝက်က သေဆုံးသွားတဲ့သူတွေတောင် အဖြူရောင်လိပ်ပြာငယ်တွေကြောင့် ပြန်လည်ရှင်သန်လာတော့သည်၊လက်ပြတ်၊ခြေပြတ်သွားတဲ့သူတွေကလည်း အကောင်းတိုင်း ပြန်လည်ဖြစ်ပေါ်သွားတော့သည်၊သူတို့ဟာ အံ့အားသင့်စွာ လိပ်ပြာငယ်များ ဝန်းရံခံထားရတဲ့ခုနှစ်နှစ်အရွယ်ကလေးလေးကို ကြည့်လိုက်သည်၊
ကြီးမားတဲ့အလင်းစွမ်းအင်ကြောင့် ဒီကလေးလေးက အနာဂတ်သူတော်စင်များလားလို့ တွေးထင်နေမိတော့သည်၊ထိုနောက်မှာ ဝုန်းဒုန်းကြဲကာ သွေးများစိုရွဲနေတဲ့မက်စ်ဟာ ဝင်ရောက်လာတော့သည်၊
ဒန်နာရီဟာလည်း သူရဲ့အဖေကိုကြည့်လိုက်ပြီး ပြုံးလိုက်သည်၊ထိုနောက်မှာ လိပ်ပြာငယ်တွေဟာ ဒန်နာရီကိုခေါ်ဆောင်သွားတော့သည်၊
"ကလေး!!" မက်စ်ဟာ လိပ်ပြာတွေကြားကနေ ဒန်နာရီရဲ့လက်သေးသေးလေးကို လှမ်းကာဆွဲလိုက်ပေမယ့် မမိလိုက်ပေ၊
"မဟုတ်ဘူး!" သားကို အဖေစောင့်ရှောက်ရအုံးမှာလေ! အဖေ့ကို ထားမသွားပါနဲ့!
"ဒယ်ဒီ... "
"နောက်မှ တွေ့မယ်နော်...ကျန်းမာအောင် နေအုံး" ထိုအသံသေးသေးလေးကြောင့် မက်စ်ကြောင်အသွားတော့သည်၊သူ့သားက အကုန်သိနေခဲ့တာလား၊
လိပ်ပြာငယ်တွေပျောက်သွားတဲ့ချိန်မှာ ဒန်နာရီလည်း ပျောက်သွားခဲသည်၊ဒါပေမယ့် ခုနှစ်နှစ်အရွယ် ကလေးလေးရဲ့ပေးဆပ်မှုသမိုင်းကတော့ ပျောက်ကွယ်မသွားပေ၊တောင်ဘက်ဂိတ်က စစ်သားတိုင်းဟာ ဒန်နာရီကို သူတော်စင်ကလေးငယ်လို့ ခေါ်တွင်ကြပြီး ထိုအဖြစ်အပျက်ကို ကောလဟာလသက်သက်မဟုတ်သည်ကို သက်သေပြလို့ရစွာ လိပ်ပြာနန်းတော်ဟာ သက်သေပေ၊အရင်က ထိုနေရာဟာ ဆေးကုသဆောင်ဖြစ်ခဲ့ပေမယ့် မြို့စားမင်းမက်စ်ဟာ ထိုနေရာမှာ အဆောက်အဦးဆောက်ကာ လိပ်ပြာနန်းတော်ဟု ခေါ်တွင်ကာ သူတော်စင်နယ်မြေအဖြစ်သတ်မှတ်ခဲ့သည်၊မည်သည့်ဒဏ်ရာမဆို ထိုနန်းတော်မှာ လာရောက်ကုသရုံဖြင့် အကင်းပျောက်ကင်းနိုင်တာကြောင့် ယူနိုရက်စ်နယ်မြေမှာ သူတော်စင်ကလေးငယ်အကြောင်းဟာ လူပြောများစရာဖြစ်ခဲ့သည်။
မြို့စားမင်းမက်စ်ဟာလည်း နိုရီဆိုတဲ့နတ်ဆိုးရဲ့ခေါင်းကိုပါ ဖြုတ်ခဲ့ပြီး ဦးချိုကိုပါ ဆွဲနုတ်သာ အကောင်းဆုံးသောမှော်မှင်တံလုပ်ခိုင်းခဲ့သည်၊ထိုမှော်မှင်တံကိုလည်း လိပ်ပြာနယ်မြေထဲမှာသာ ထားထားခဲ့သည်၊
နှစ်နှစ်ကြာသွားပြီးနောက်မှာတော့ အရာရာဟာ စတင်ပြောင်းလဲလာတော့သည်၊မက်စ် ရိုစဲဆလပ်ဟာ မြို့တော်ကို ရောက်လာခြင်းဖြစ်သည်၊ထိုကိစ္စဟာ ချာမက်လက်စ်ကို ထိတ်လန့်စေခဲ့သည်၊သူတို့ဟာ မက်စ်ကို သေဆုံးသွားသည်လို့သာ သတ်မှတ်ခဲ့ပြီး မက်စ်ကလည်း ရိုစဲဆလပ်အိမ်တော်ကို ဘယ်တော့မှ ပြန်လည်မဆက်သွယ်လာတာကြောင့်ဖြစ်သည်။
-------------
Chapter -39မျှော်၊
စာရေးဆရာ ပြောစရာရှိသည်၊
နောက်ပိုင်း လေး၊ငါးပိုင်းလောက်က မက်စ် ရိုစဲဆလပ်အခန်းတွေဖြစ်ပြီး၊ဒန်နာရီကတော့ နတ်သူငယ်တောအုပ်မှာ မှေးစက်နေတုန်းပါပဲဗျ၊