အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့...

By Tharaphy97

698K 117K 2.4K

The Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက... More

Story Description(Uni and Zawgyi)
ပြန်လည်​မွေးဖွားခြင်း 1.1
ပြန်လည်​မွေးဖွားခြင်း 1.2
2. အပင်များရှားပါးခြင်း
3. အလုပ် ရှာခြင်း
4. အိမ်ကို ​ခေါ်လာခြင်း
5.တသီးတခြား​နေခြင်း
6. လိင် အမျိုးအစား
7. အလုပ်
8. သီးသန့်
9. စတင်ခြင်း
10. ​လေ့ကျင့်ခြင်း
11. သူငယ်ချင်း
12. ပြိုင်ပွဲစင်မြင့်
13. စက္ကန့်ပိုင်းအတွင်း အနိုင်ရခြင်း
14. စာအုပ်
15. မိုင်နဲ
16. ပစ္စည်း ဥစ္စာများ
17. အပင် ဌာန
18. အရှုံး​ပေးခြင်း
19. အိမ်​ပြောင်း ​နေထိုင်ခြင်း
Chapter 20
Chapter 21
Chapter . 22
Chapter 23
Chapter 25
တနင်္လာနေ့ paid group စပါမယ်နော်
Hey guys!
Please Read !!!
Chapter 26 : တိုက်ခိုက်ခြင်း
Chapter 27 : ဒုတိယမြောက် အပင်ရရှိခြင်း
Chapter 28:ဧရာမခြင်္သေ့သားရဲ
Chapter 29.1 : ပြိုင်ပွဲ
Chapter 29.2 : ပြိုင်ပွဲ
Chapter 29.3 : ပြိုင်ပွဲ
Chapter 30 : ထွက်ခွာခြင်း
Chapter 31:အဖွဲ့လိုက် ပြိုင်ပွဲ အတွင်း...
Chapter 32 : လွှင့်ပစ်ခြင်း
Chapter 33 : အဆိပ်မိခြင်း
Chapter 34.1 : ​ပြောင်းပြန်ဖြစ်သွားတယ်
Chapter 34.2:ပြောင်းပြန်ဖြစ်သွားတယ်
Chapter 35 : ဆက်နွယ်ခြင်း
Chapter 36.1 Network တစ်ခုလုံး ဆဲဆိုကြခြင်း
36.2
Chapter 37 : ​ခဏ​လောက် သတိလွတ်သွားခြင်း
Chapter 38 : အမှီလိုက်ခြင်း
Chapter 39 : ပုံမှန်!!!(Uni)
Chapter 39 : ပုံမွန္ !!! (ZG)
Chapter 40 : အစီအစဥ်
Chapter 41 : တတိယ​မြောက် အပင်
Chapter 42 : ပြင်ဆင်ခြင်း
Chapter 43 : ဖွင့်ပြောခြင်း
Chapter 44: တိုက်ခိုက်ခံရခြင်း
Chapter 45 : ဆင်းသက်ခြင်း
Chapter 46 : ဆက်သွယ်ခြင်း
Chapter 47.1 : စွမ်းအင် ပြန်လည်ရယူခြင်း
Chapter 47.2: စွမ်းအင်ပြန်လည် ရယူခြင်း
Chapter 48 :ထွက်ခွာခြင်း
အခန်း 49- ရောင်းဖို့မဟုတ်ဘူး
Chapter 50: ပူး​ပေါင်း ​ဆောင်ရွက်ခြင်း
Chapter 51: တွယ်ကပ်​နေခြင်း
Chapter 52 : မ​ကောင်းတဲ့ အကြံ
New Story!!! & Game!!!
Chapter 53 : သတိ​ပေးခြင်း
Chapter 54 : Live streaming
Chapter 55 : ​စောင့်ကြည့် စစ်​ဆေးခြင်း
Chapter 56 : ဖြေရှင်းခြင်း
Chapter 57 : သံသယရှိသူ
Chapter 58 : ​တွေ့၍ နှုတ်ဆက်ခြင်း
Chapter 59 : စတုတ္တ အပင်အား အသက်သွင်းခြင်း
Chapter 60 : အကုန်လုံး ရှုံးသွားတယ်
Chapter 61 : ထင်မြင်ချက်​ပေးခြင်း
Chapter 62 : Aဂြိုလ်ရဲ့ သတ္တုတွင်း
Chapter 63 : နဂါးပျံသားရဲ
Chapter 64 : ခရီးက အပြန်
Chapter 65 : အကျိုးသက်​ရောက်မှု
Chapter 66 :ပါတနာ အသစ်များ
Chapter 67 : ဖမ်းဆီးခြင်း
Chapter 68 :အိမ်ရှင်
Chapter 69 : လူစုခြင်း
Chapter 70 : အမ
Chapter 71 : ဖမ်းဆီးခြင်း
Chapter 72: ပြန်တိုက်ခိုက်ခြင်း
Chapter 73 : ရောက်ရှိခြင်း
Chapter 74 : နိုးထလာခြင်း
Chapter 75 : ဆက်နွယ်အပင်
Chapter 76 : ခြင်္သေ့ပျံ သားရဲ
Chapter 77 : ပဉ္စမမြောက် အပင်
Chapter 78 : အပြာရောင်ဂြိုလ်
Chapter 79 : တိုက်ခိုက်ခြင်း!!!
Chapter 80 : လေလံပွဲများ
Chapter 81 : လုပ်ဆောင်ချက်
Chapter 82 : ပူးပေါင်းဆောင်ရွက်ခြင်း
Chapter 83 : ဖွက်ထားခြင်း
Chapter 84 : ပြန်လည်တွေ့ဆုံခြင်း
Chapter 85 : သဘောတူညီချက်
Chapter 86 : ပင်လယ် သတ္တဝါကြီးများ
Chapter 87 : Coma
Chapter 88 : နှုတ်ဆက်ခြင်း
Chapter 89 : ကောက်ကျစ်တဲ့ အကြံဥာဏ်
Chapter 90 : သတင်းစာ ရှင်းလင်းပွဲ
Chapter 91 : စွမ်းအင်​တွေ အများကြီး ရခြင်း
Chapter 92: ကိုယ်ဝန်
Chapter 93: ဂုဏ်ယူပါတယ်!!!!
Chapter 94: ​မြေဝယ်ခြင်း
Chapter 95: ကျန်​သေးတဲ့ စွမ်းအင်
Chapter 96: ပြန်ယူခြင်း
Chapter 97: စွမ်းရည် မြှင့်တင်ခြင်း
Chapter 98: ဂြိုလ်သား သားရဲ​တွေ
Chapter 99: အ​လောင်း ​ဖျောက်ခြင်း
Chapter 100: ဆုံးဖြတ်ချက်
Chapter 101: ဝန်ထမ်း ခေါ်ယူခြင်း
Chapter 102 : စွမ်းအင်​တွေ ​​လျော့နည်းလာခြင်း
Chapter 103 : လူအများရှေ့ ချက်ပြုတ်ခြင်း
Chapter 104 :​ဖော်ထုတ်ခြင်း
Chapter 105: အ​လျော်​ပေးခြင်း
Chapter 106: ဘွဲ့ နှင်းသဘင်
Chapter 107: လက်ထပ်ခွင့် ​တောင်းခြင်း
Chapter 108: လက်ထပ်ပွဲ ကြိုတင် ပြင်ဆင်မှု
Chapter 109: လက်ထပ်ပွဲ
Chapter 110 :​နေ့တိုင်း
Chapter 111: ဘုရင်ကြီးဆီ က သင်ကြားခြင်း (Final)
Chapter 112: Extra One
Chapter 113: Extra Two
Chapter 114: Extra Three
​ကျေးဇူးတင်လွှာ
Hi👋👋👋
Hello
Attention Please!!!
Hello
Please!!!

Chapter 24

6K 1.1K 40
By Tharaphy97

                                     Chapter 24 : အားနည်းချက်

ရှဲ့စန်း သူ့အတွေးနဲ့သူ ကြက်သေသေနေပြီး သူကိုယ်တိုင်တောင် စိတ်ရောဂါရှိနေပြီ ဟု ခံစားလိုက်ရသည်။ ဘယ်လိုဖြစ်ပြီးတော့ ယောက်ျားတစ်ယောက် အပေါ်မှာ ရှင်းပြလို့ မရတဲ့ အတွေးတွေ ရှိနေတာလဲ ? ယောက်ျားချင်း အတူတူကို တစ်ယောက်နဲ့ တစ်ယောက် နှိုင်းယှဉ်ပြီး မနာလိုတာ၊ သဝန်တိုတာတွေ မဖြစ်သင့်ဘူးလေ၊ မဟုတ်သေးဘူး၊ အဲ့ဒါ တဖက်လူက အရမ်း ကြည့်ကောင်းနေတာ ! သူ နေမကောင်းဖြစ်တာ မဟုတ်ဘူး။

"မင်း အခု ငါ့ မျက်စိရှေ့ကနေ ထွက်သွားလို့ မရဘူး " ဟု မိုင်နဲ က ပြောလိုက်ပြီး တံခါးနဲ့ ဝေးရာ အိပ်ရာနားကို ဆွဲခေါ်လိုက်သည်။

သူလွှတ်လိုက်တာနဲ့ ရှဲ့စန်းက ချက်ချင်းလှည့်လိုက်ကာ သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ဖို့ ညာလက်ကို ဆန့်ထုတ်လိုက်သည်၊ တကယ်လို့ သူ့ကို ကိုင်ထားတဲ့ လက် က ဘောင်းဘီကို ပြောင်းကိုင်လိုက်မယ်ဆိုရင် သူ လွတ်သွားလိမ့်မယ်။

ရှဲ့စန်း က သူတို့ရဲ့ ခွန်အားကွာခြားချက်ကို တွေးပြီး မိုင်နဲ ကို ကြောက်တဲ့အတွက် ဘယ်လက်ကိုဆန့်ပြီး သူ့လက်မောင်းကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်သည်။

သူ ခေါင်းမော့လိုက်သည်။ သူနဲ့ မိုင်နဲ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။ သူ့မေးစေ့အောက်ကို မကြည့်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ရိုးသားတဲ့ မျက်နှာနဲ့ ပြောလိုက်သည်။

" အဆောက်အဦးပေါ်က ခုန်ချပြီးကတည်းက အဲဒါကို စဉ်းစားပြီးသွားပြီ။ နေရောင်ခြည်တွေ တောက်ပနေသလိုမျိုး ငါ့ စိတ်ပိုင်းဆိုင်ရာ က အရမ်းကောင်းတယ်။ အရမ်းပျော်စရာကောင်းတဲ့ဘဝနဲ့ နေနေတယ်။ သတ်သေဖို့ စိတ်ကူး မရှိဘူး၊ မနေ့က ပြုတ်ကျတာက မတော်တဆမှုတစ်ခုပါပဲ။ အိပ်ရာထချိန်မှာ ကြွက်တက်ခဲ့တာ၊ အခုဆေးကလည်း ထုတ်ကြည့်ရုံပဲ မသောက်ပါဘူး

မိုင်နဲ က သူ့မျက်နှာကို ကြည့်လိုက်သည်။ ရှဲ့စန်း သူ့မျက်လုံးတွေ ဖွင့်လိုက်ပြီး သူတို့ကို ကြည့်ခွင့်ပေးလိုက်သည်။ သူ့မျက်လုံးတွေကို မမှိတ်ခဲ့ဘူး။ သူ့မှာ အပြစ်ရှိတယ်လို့ လုံးဝ မခံစားရပါဘူး။

"မသောက်ရင် ဘာလို့ထုတ်ခဲ့တာလဲ" မိုင်နဲက မေးလာခဲ့သည်။

ရှဲ့စန်း သည် သူ အဝတ်အစား ချွတ်နေစဉ်တွင် ပြောစရာတစ်ခုကို ရှာဖွေနေပြီး ဤမေးခွန်းကို ဖြေရန် ပြင်ဆင်နေခဲ့သည်။

"ဒီဆေးကို ငါ့ ဆက်နွယ်သားရဲအတွက် သုံးနိုင်မလားလို့ တွေးနေတာ"

သူ ပြောတာကို ပိုယုံကြည်လာစေရန် မြန်မြန်ဆန်ဆန် ပြောလိုက်သည်။

" ငါ့ရဲ့ ဆက်နွယ်သားရဲက နည်းနည်း ကွာခြားတယ်။ အဲ့ဒါက တုပနိုင်တဲ့ ဆက်နွယ် သားရဲဖြစ်နေတယ်။ ဆက်နွယ်သားရဲ က အပင်တစ်ပင်နှင့်တူတဲ့ ငရုတ်သီးပင်ကို အတုယူခဲ့တာ မကြာသေးဘူး။ ဒီပိုးသတ်ဆေးက တိရိစ္ဆာန်တွေ အတွက်ဆိုတော့ သုံးလို့ ရမလားတော့ မသိဘူး။ သူ့ရဲ့လက်ရှိပုံစံနဲ့ အရမ်းထူးခြားနေပြီး ပြုစုစောင့်ရှောက်ရေးဌာနက လူအရမ်းများတဲ့အတွက် ဆေးကို တမင်သက်သက် အိမ်ကို ပြန်ယူလာခဲ့တာ"

မိုင်နဲက သူ့မေးစေ့ကို လက်ဖြင့် ပုတ်လိုက်သည်။

"လွှတ်တော့။ မင်းအရင်က ဘာလို့မပြောတာလဲ"

မိုင်နဲက သူ့လက်ကို ဆုပ်ကိုင်လိုက်ချိန်မှာတော့ သူ အံ့သြထိတ်လန့်သွားခဲ့သည်။ သင့်လျော်တဲ့ အကြောင်းပြချက်ကို သူ ဘယ်လိုလုပ်ပြီး လျင်မြန်စွာ ရှာဖွေနိုင်မှာလဲ။

သူ မိုင်နဲရဲ့ လက်ကို လွှတ်လိုက်တော့ မိုင်နဲ က ညဝတ်အင်္ကျီကို ကြယ်သီး ပြန်တပ်ပြီး ဝတ်ထားတာ မြင်လိုက်ရသည်။

"ငါ အနားယူဖို့ အခန်းကို ပြန်သွားတော့မယ်"

"ခဏနေဦး" မိုင်နဲက သူ့ကို လှမ်းခေါ်လိုက်သည်။

"မင်းရဲ့ ဆက်နွယ်သားရဲကို ငါ ကြည့်လို့ရမလား? ဒီနေ့ ငါတို့စားခဲ့တဲ့ အစပ်ဟင်း ၊ အဲ့ဒီ့ စပ်တဲ့အရသာက ငရုတ်သီးအရသာလား ?

ရှဲ့စန်း နှလုံးခုန်နှုန်း မြန်သွားခဲ့သည်။ ဟုတ်တယ် လို့ ဖြေလိုက်ရင် ငရုတ်သီးက ဘယ်ကလာတယ် ဆိုတာကို ဘယ်လိုရှင်းပြရမလဲ။

မိုင်နဲသည် ငရုတ်သီး အကြောင်းကို တွေးတောနေခဲ့သည်။ တုပနိုင်တဲ့ ဆက်နွယ်သားရဲ တစ်ကောင်က အပင်အဖြစ် အသွင်ဆောင်တာ ဖြစ်နိုင်သော်လည်း စားစရာများ ထုတ်လုပ်ခြင်းသည် လုံးဝမဖြစ်နိုင်ပေ။ အဲ့ဒါက သူ့ရဲ့ ဆက်နွယ်သားရဲက အမှန်တကယ် ငရုတ်ပင်ဖြစ်ကြောင်း ဝန်ခံခြင်းနှင့် ညီမျှသည်။

သူ့ ဆက်နွယ်သားရဲက အပင်တစ်ပင် ဖြစ်တယ် ဆိုရင် ပိုးသတ်ဆေးအတွက် သူ့ရှင်းပြချက်က အဓိပ္ပာယ် မရှိတော့ပြန်ဘူး။

ရှဲ့စန်း သည် သူ့စိတ်ထဲတွင် ငိုယိုကာ မျက်နှာကို ပွတ်သပ်လိုက်သည်။ လိမ်တာပဲဖြစ်ဖြစ်၊ တစ်ခုခုကို ပြောရတာက တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။

"ပြောရခက်နေလား?" သူဒီလိုဖြစ်နေတာ မြင်လိုက်ရတော့ မိုင်နဲ နားလည်သွားခဲ့သည်။

ရှဲ့စန်း က ပြုံးပြပြီး သူ့ပုခုံးပေါ် လက် တင်လိုက်သည်။

" မင်း က သိပ်သဘောကောင်းတာပဲ ညီအစ်ကို။ တချို့အရာတွေက ပြောဖို့မလွယ်ဘူး။ မြင်ရတာက ပြောရတာနဲ့ မတူဘူး။ လူတိုင်းမှာ ပြောရခက်တဲ့ အရာတစ်ခုရှိတယ်။ မင်းတောင်မှ ငါ့ကို နှစ်ကြိမ် လျှို့ဝှက်ထားခဲ့သေးတာပဲ ! "

မိုင်နဲ မျက်လုံးတွေ နည်းနည်းလှုပ်သွားခဲ့သည်။ သူဖတ်ဖူးတဲ့ ပို့စ် ကို တွေးလိုက်ပြီး စိတ်ထဲမှာ မရေမတွက်နိုင်အောင် သံသယတွေ ရှိနေခဲ့သည်။

" မင်း ကောင်းဖို့ အတွက် ငါလျှို့ဝှက်ထားခဲ့တာ။ ရက်အနည်းငယ်ကြာရင် မင်းသိရလိမ့်မယ်။"

ရှဲ့စန်း နားမလည်ခဲ့ပေ။ 'ဘာလို့ ရက်အနည်းငယ်ကြာနေတာလဲ' သူ တုန်လှုပ်သွားခဲ့သည်။ မိုင်နဲ လူတစ်ယောက်ကို နှုတ်ပိတ်သတ်ခဲ့ပြီးတော့ ရက်အနည်းငယ်အတွင်း ရဲတွေက အလောင်းကို ရွာတွေ့သွားမှာလား?

ရှဲ့စန်း က သူ့ကို လူသတ်မှုလို့ သံသယရှိမှန်း မသိဘဲ မိုင်နဲ က

"မနက်ဖြန် တက္ကသိုလ် စာမေးပွဲတွေ အားလုံးပြီးပြီ၊ ထုံးစံအတိုင်း အဖွဲ့လိုက်ပြိုင်ပွဲက တစ်ပတ်အတွင်း ဖြစ်လိမ့်မယ်" ဟု ပြန်ပြောခဲ့သည်။

ဒီလိုပြောခြင်းအားဖြင့် သူလျှို့ဝှက်ထားချင်တဲ့အရာကို ပြောပြပြီးသား ဖြစ်သွားခဲ့သည်။ ရှဲ့စန်း စိတ်ရှုပ်သွားမယ်လို့ သူမျှော်လင့်ထားသော်လည်း သူမြင်လိုက်ရသည်မှာ ပို၍ စိတ်ရှုပ်နေပုံရတဲ့ မျက်နှာဖြစ်သည်။

"အဖွဲ့လိုက်ဆိုတာ ဘာလဲ" ရှဲ့စန်း နားမလည်ချေ။

မိုင်နဲက သူ့ကိုကြည့်ဖို့ ခေါင်းငုံ့လိုက်ကာ 'အဲ့ဒီ့အချိန်တုန်း က သူ့နာမည်ကို ဘာလို့ မေးလာတာလဲ' ဟု စဉ်းစားလိုက်သည်။ အဲ့ဒီ့ အချိန်မှာ၊ ယခင် ရှဲ့စန်း သည် ကျောင်း၏ အချက်အလက်များကို အလွန် အာရုံမစိုက်ခဲ့ဘူး ဟု သူထင်ခဲ့သော်လည်း ယခုအခါတွင် အခြားသော အကြောင်းအရင်းတစ်ခု ရှိနေပြီဟု ထင်ရသည်။

ရှဲ့စန်း က သူ့အမူအရာကြောင့် စိတ်ရှုပ်သွားခဲ့သည်။

"ဘာမှားလို့လဲ?"

မိုင်နဲ က "မင်း တော်တော်များများ မေ့သွားခဲ့တာလား" လို့ မေးလာခဲ့သည်။

အဲ့ဒီလို အမေးခံသောအခါ ဤ အဖွဲ့လိုက်ပြိုင်ပွဲ သည် သာမာန် အချက်အလက် တစ်ခုဖြစ်သည် ဟု ရှဲ့စန်း သိလိုက်ရသည်။ ဖုံးကွယ် မထားဘဲ ခေါင်းညိတ်လိုက်သည်။

"အင်း ၊ အိမ် က တစ်ချို့ကိစ္စတွေကိုပဲ မှတ်မိတယ်။ ကျောင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ တော်တော်များများ မမှတ်မိတော့ဘူး"

အရင် ပိုင်ရှင်က ဒိုင်ယာရီထဲမှာတော့ ကျောင်းအကြောင်း  ရေးထားတာ နည်းနည်းလေးပဲ ရှိတယ်။ ရေးထားတာက 'သူတို့' ဟုသာ ဖော်ပြထားပြီး အကြောင်းအရာက 'ငါ့ကို နှောင့်ယှက်ခြင်း' သာဖြစ်သည်။ အခြားလှုပ်ရှားမှုများကို ဖော်ပြထားခြင်းမရှိပေ။

မိုင်နဲ မျက်မှောင်ကြုတ် သွားခဲ့သည်။

"မင်းငါ့ကိုဘာလို့မပြောတာလဲ။ မင်း အခု ဘာမှမသိဘူး၊ မင်းအတွက် အန္တရာယ်ဖြစ်နိုင်တယ်"

ရှဲ့စန်း က ရယ်လိုက်ပြီး  "ငါ့မှာ သူငယ်ချင်း ဒါမှမဟုတ် ညီအစ်ကို မရှိဘူး" ဟု ပြောလိုက်သည်။ သို့သော် သူသည် ညီအစ်ကိုကဲ့သို့ ပြုမူကာ သူ့ကို စိတ်မပူဘဲ မနေနိုင်ခဲ့ပေ။

"ရယ်နေနိုင်သေးတယ်ပေါ့ ? " မိုင်နဲ က အသံနိမ့်နဲ့ ဆူပူလာခဲ့သည်။

ရှဲ့စန်း က ပိုပြုံးလိုက်သည်။

" မင်းက ငါ့ကို ဂရုစိုက်ပြီး သူငယ်ချင်းလို ဆက်ဆံတယ်။ ငါ ပျော်တယ်!"

မိုင်နဲ မျက်မှောင်ကြုတ်ပြီး သူ့လက်ကို ပခုံးပေါ်မှ ဖယ်လိုက်သည်။ သူသည် ဗီရိုကို မှီရန် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

"ထွက်သွား"

ရှဲ့စန်း သူ့လက်ကိုကြည့်ကာ ရယ်လိုက်သည်။ ဒီလူက ဘာလို့ ကလေးဆန်ရတာလဲ။

"ဟေး...၊ မင်းရဲ့ သဘောထားက စောစောကနဲ့ အခု မတူတာ သိပ်ကိုထင်ရှားလွန်းတယ် မဟုတ်ဘူးလား?"

မိုင်နဲက  "အနာဂတ်မှာ ငါ့ကို စကား လျှော့ပြောပေါ့ကွာ "
တခြား သူငယ်ချင်းတွေ ရှာတွေ့မယ်ဆိုရင် သူထွက်သွားလိမ့်မယ်။ ဒီလိုသူငယ်ချင်းမျိုး မလိုချင်ပါဘူး။

ရှဲ့စန်း ကူကယ်ရာမဲ့သွားခဲ့သည်။

"အဖွဲ့လိုက်ပြိုင်ပွဲက ဘာလဲဆိုတာ မင်း မပြောရသေးဘူးလေ "

မိုင်နဲက သူ့အား ခဏလောက် တိတ်ဆိတ်စွာ စိုက်ကြည့် ပြီးနောက်မှာ ပြန်ဖြေလာခဲ့သည်။

"ရှင်းချန်မှာရှိတဲ့ တက္ကသိုလ်အားလုံးရဲ့ ဘွဲ့စာမေးပွဲတွေ ပြီးလို့ တစ်ပတ်ကြာရင် ပညာရေးဝန်ကြီးဌာန က တပ်မတော်နဲ့ ပူးပေါင်းပြီး တက္ကသိုလ်ဘွဲ့ရတွေအတွက် အဖွဲ့လိုက် ပြိုင်ပွဲတစ်ခု ကျင်းပပေးလိမ့်မယ်။ စာမေးပွဲ အောင်တဲ့သူတွေကို မြို့ကနေ ထွက်ခွင့်ပြုပြီး ထိပ်ဆုံး သုံးယောက်ကို ထိုက်ထိုက်တန်တန် ဆုပေးလိမ့်မယ် "

"မြို့ကနေ ထွက်သွားခွင့်လား ? "

"ရှင်းချန် အပြင်ဘက်မှာ တောရိုင်း သစ်တောတွေရှိပြီး သားရဲတွေ သောင်းကျန်းတယ်။ နိုင်ငံသားတွေရဲ့ လုံခြုံမှုကို သေချာစေဖို့အတွက် မြို့တွင်းက ထွက်ခွာခွင့်ရှိသူတွေပဲ မြို့တွင်းကနေ ထွက်ခွာခွင့် ရှိရမယ်ဆိုတဲ့ အခြေအနေတစ်ခုရှိတယ်။

"မင်းလည်း ပါမှာလား?" ရှဲ့စန်း က မေးလိုက်သည်။

"အင်း" မိုင်နဲက ခေါင်းညိတ်ပြခဲ့သည်။

" သွားအိပ်တော့ ။ ဘွဲ့ရတဲ့သူတိုင်း မနက်ဖြန် မက်ဆေ့ချ် ရလိမ့်မယ်"

ရှဲ့စန်း သည် အခန်းတံခါးဆီသို့ လျှောက်သွားပြီး ထိုအကြောင်းကို တွေးကာ လေးလေးနက်နက်ပြောဖို့ ပြန်လှည့်လိုက်သည်။

"မိုင်နဲ ၊ လူတိုင်း က သူတို့ဘဝမှာ သူငယ်ချင်းတွေ အများကြီးရှိတယ်။ တချို့က ရင်းနှီးပြီး တစ်ချို့ က ပေါ့ပေါ့ပါးပါးပဲ ၊ အဲဒီသူငယ်ချင်းတွေ က တစ်ယောက်တည်းတော့ မဟုတ်ဘူး"

သူ ထွက်သွားဖို့ ပြင်လိုက်တာနဲ့ သူ့အနောက်မှာရှိတဲ့ မိုင်နဲဆီ က

"တစ်ယောက်ပဲ ရှိတာက ဘာလဲ " ဟုမေးသံကြားလိုက်ရသည်။

ရှဲ့စန်းက ခေါင်းကို ငုံ့ပြီး စဉ်းစားလိုက်သည်။

"လင်မယား၊ အိမ်ထောင်ဖက် ၊လက်တွဲဖော် ဖြစ်မယ်လို့ ငါ ထင်တာပဲ"

မိုင်နဲက ပိတ်သွားတဲ့ အခန်းတံခါးကို ကြည့်ပြီး

  "လက်တွဲဖော်?"

ရှဲ့စန်း သည် သူ့အခန်းသို့ပြန်၍ ရေချိုးပြီး အိပ်ရာမဝင်မီ ငရုတ်သီးပင်ကို ခေါ်ကာ လေ့ကျင့်ပေးခဲ့သည်။ ညသန်းခေါင်မှာ ရေငတ်ပြီး နိုးလာခဲ့သည်။ သူသည် မျက်လုံးများ ပွတ်သပ်ရင်း မီးဖွင့်ကာ ဖိနပ်စီး၍ နောက်ပိုင်း ညစာအတွက် အစပ်လျှော့စားရန် သူ့ကိုယ်သူ သတိပေးလိုက်ပြီး........

မိုင်နဲ အအိပ်ဆတ်တာကို သတိရ သွားသည်။ စိတ်အနှောက်အယှက်ဖြစ်မှာ စိုးရိမ်သဖြင့် တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သည်။

သူ ခဏလောက် အေးခဲသွားခဲ့သည်။ မှောင်နေမည်ဟု သူမျှော်လင့်ထားသော်လည်း ဧည့်ခန်းသည် နေ့အချိန် ကဲ့သို့ လင်းထိန်နေသည်။

သူ မီးပိတ်ဖို့ မေ့သွားတာလား ?

ရေတစ်ခွက် ထည့်သောက်ပြီးနောက် ဧည့်ခန်း က မီးကို ပိတ်လိုက်သော်လည်း မီးဖိုချောင် မီးလင်းလာသည်ကို တွေ့လိုက်ရသည်။ ဧည့်ခန်းမီးကို ပြန်ဖွင့်လိုက်ကာ မီးဖိုချောင်မီးကို အရင်ပိတ်လိုက်ပြီးနောက် ဧည့်ခန်းမီး ပြန်ပိတ်ဖို့ ပြင်လိုက်သည်။

ခလုတ်မနှိပ်မီမှာပင် မိုင်နဲ၏တံခါးမှ ဒေါသတကြီး ဆူပူနေသော အသံတစ်ခု ထွက်လာခဲ့သည်။

"မင်းဘာလုပ်နေတာလဲ?"

သူ့အသံက အေးစက်ပြီး ကြမ်းတမ်းနေသည်။ တိတ်ဆိတ်တဲ့ညမှာ ရုတ်တရက် ပေါ်လာတဲ့အတွက် ရှဲ့စန်း လန့်သွားခဲ့သည်။ သူ့လက်က တဆတ်ဆတ် တုန်ကာ ခလုတ် ကို နှိပ်လိုက်သည်။  မီးဖွင့်သံ ထွက်လာပြီးဧည့်ခန်းက မီး ပြန်လင်းလာပြန်သည်။

ရှဲ့စန်း သည် အခန်းတံခါး အဝတွင် နက်မှောင်သောမျက်နှာဖြင့် မိုင်နဲ ရပ်နေတာကို ချက်ချင်း မြင်လိုက်ရသည်။ သူ့မျက်နှာက ဖြူဖွေးကာ ဖျော့တော့နေပြီး မျက်လုံးတွေ အေးစက်နေခဲ့သည်။

"ငါ ရေသောက်ချင်လာလို့" မိုင်နဲ အခုလို ဖြစ်နေချိန်မှာ သူနဲ့ စာအုပ်ထဲက ဗီလိန်ဘော့စ်က အတူတူပဲလို့ ခံစားလိုက်ရပြီး ရှဲ့စန်း ထိတ်လန့်သွားသည်။

"တောင်းပန်ပါတယ် ငါ့ကြောင့် နိုးသွားတာလား"

မိုင်နဲက သူ့မျက်ခုံးကို ပွတ်လိုက်ပြီး စိတ်သက်သာရာ ရသွားခဲ့တဲ့ ပုံပေါ်သည်။

"ဘာမှ မဖြစ်ဘူး။ ငါလည်း ရေငတ်နေတယ်"

ရှဲ့စန်း သည် သူ၏ ပြင်းထန်သော တုံ့ပြန်မှုကို နားမလည်သေးဘဲ ပြုံးပြလိုက်သည်။

"အစပ်အရသာက အရမ်းပြင်းတယ်။ အနာဂတ်မှာ လျှော့စားသင့်တယ်။ ငါအရင်အိပ်တော့မယ်။ နောက်တစ်ခါ မီးပိတ်ဖို့ မမေ့ပါနဲ့။ ငါ ထွက်လာတော့ မီးတွေပွင့်နေတယ်"

မိုင်နဲက သူ့ကိုကြည့်ကာ ခေါင်းညိတ်ပြသည်။

ရှဲ့စန်း သူ့အခန်းသို့ ပြန်လာခဲ့သည်။ မိုင်နဲ ရဲ့ တုံ့ပြန်မှုကို တွေးပြီး စိတ်မကောင်းဖြစ်မိသည်။ သူ့ခန္ဓာကိုယ်ပေါ်က သွေးတွေ၊ ဒဏ်ရာတွေနဲ့ ဆက်စပ်ပြီး တွေးတောင် မတွေးနိုင်ခဲ့ပေ။

ဒဏ်ရာ က ရှည်လျား ပါးလွှာပြီး ဓါးအတုကြောင့် ရတာနဲ့ မတူဘဲ ချွန်ထက်သော လက်သည်းခြစ်ရာကဲ့သို့ ဖြစ်နေသည်။  'မိုင်နဲ က သားရဲတွေနဲ့ အဆက်အသွယ်ရွိနေတာဖြစ်နိုင်မလား?'

ပက်လက် လှန်လိုက်သော်လည်း လုံးဝမအိပ်နိုင်ခဲ့ပေ။ အဲဒီအစား ရေငတ်သလို ခံစားလာရပြန်သည်။ ရိုးရှင်းစွာ ထပြီး ဧည့်ခန်းထဲ ဝင်သွားခဲ့သည်။ ဧည့်ခန်းမီးက ပွင့်နေဆဲဖြစ်ပြီး မီးဖိုချောင်မီးလည်း ပွင့်နေခဲ့သည်။

မိုင်နဲ ညသန်းခေါင် ဗိုက်ဆာပြီး မီးဖိုချောင်မှာ ဟင်းချက်နေတာ ဖြစ်နိုင်မလား?

ရှဲ့စန်း မီးဖိုချောင်ထဲဝင်သွားပေမယ့် မိုင်နဲက အဲ့ဒီမှာ မရှိခဲ့ချေ။

ဧည့်ခန်းထဲက အလင်းရောင်က လင်းနေပေမယ့် မီးဖိုချောင်ထဲက အလင်းရောင်ကကော ? ရေသောက်ဖို့အတွက် မီးဖိုချောင်ထဲကို သွားစရာ မလိုပါဘူး။

ရှဲ့စန်းက ရေတစ်ခွက်ထည့်လိုက်ပြီး သူဒီမှာ ပထမဆုံးအကြိမ် နေတဲ့အချိန်တုန်းက အကြောင်းကို ရုတ်တရက် စဉ်းစားမိလိုက်သည်။ ညသန်းခေါင် အိပ်ရာက နိုးလာတော့ အခန်းထဲမှာ မီးတွေ လင်းနေခဲ့သည်။

တွေးကြည့်လိုက်တော့ မိုင်နဲ စောစောက သူ့ကို ဆူပူနေတဲ့အချိန်မှာ သူ..... မီးပိတ်နေခဲ့တာ...

ရှဲ့စန်း ရုတ်တရက် အတွေးပေါက်သွားခဲ့သည်။ 'မိုင်နဲ က အမှောင် ကြောက်တယ် !"

တစ်နည်းမဟုတ် တစ်နည်းဖြင့် မိုင်နဲ ရဲ့ အားနည်းချက်ကို သိလိုက်ရသောအခါ ရှဲ့စန်း စိတ်သက်သာရာရသွားခဲ့သည်။ ရေသောက်ပြီးတာနဲ့ သူ့အခန်းထဲ တည့်တည့်ဝင်သွားပြီး မနက်အထိ အိပ်လိုက်သည်။

သန့်ရှင်းရေးလုပ်ပြီး အခန်းထဲက ထွက်လာတဲ့အချိန်မှာ ဧည့်ခန်းနဲ့ မီးဖိုချောင်က မီးတွေ တစ်ချိန်ချိန်မှာ ပိတ်သွားပေမယ့် မိုင်နဲ အိပ်ရာ က မထသေးပေ။

ရှဲ့စန်း အနည်းငယ် ရယ်မောမိသွားသည်။ သူ အမှောင်ကြောက်တာကို ရှဲ့စန်း သိသြားမှာ စိုးတာကြောင့် စောစောထပြီး မီးပိတ်လိုက်တာ ဖြစ်နိုင်မလား ?  မိုင်နဲ အိပ်ခန်းထဲက ထွက်မလာခင် မနက်စာပြင်၍ ပြုံးပြကာ လက်ပြပြီး နှုတ်ဆက်လိုက်သည်။

"မင်္ဂလာနံနက်ခင်းပါ။ မနက်စာ လာစားလေ"

မိုင်နဲက ပေါ့ပေါ့ပါးပါး ဖြေလာခဲ့သည်။ ရှဲ့စန်း သူ့ရှေ့က စွမ်းအင် ၁ ခု ရရှိကြောင်း အချက်ပြတာကို ကြည့်ပြီး သူ့အပြုံးက ပိုကြီးမားလာခဲ့သည်။

ရှဲ့စန်း နေ့လည်စာစားပြီးနောက် အနားယူတော့မယ့် အချိန်တွင် ပညာရေးဝန်ကြီးဌာနထံမှ မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။ တစ်ပုံစံတည်း မက်ဆေ့ချ်တစ်ခု ပေးပို့လာခဲ့သည်၊

[ယခုနှစ် ဘွဲ့လွန် အဖွဲ့လိုက်ပြိုင်ပွဲကို ဧပြီလ ၈ ရက်နေ့တွင် ကျင်းပမည်၊ အသေးစိတ်အတွက် ပူးတွဲပါဖိုင်ကို ကြည့်ပါ။]

ရှဲ့စန်း ဖိုင်ကို ဖွင့်၍ သေချာ ဂရုတစိုက် ဖတ်လိုက်သည်။

သင်တန်းကာလမှာ နှစ်ရက်နှင့်တစ်ည ကြာမြင့်မည်ဖြစ်ပြီး တည်နေရာမှာ မြို့အနီး တောရိုင်းသစ်တောထဲရှိ  ရေကန်တစ်ခုဖြစ်သည့် ယွီချူး ကျွန်းတွင် ဖြစ်သည်။ ပြိုင်ပွဲက ရိုးရှင်းပါတယ်။ ပါဝင်သူအားလုံးသည် ကျွန်း၏ တစ်ဖက်စွန်းမှ အတူတကွစတင်ခဲ့ကြပြီး ပြီးဆုံးရန် ကျွန်း၏အခြားတစ်ဖက်သို့ ရောက်ရှိလာခဲ့ကြရမည်။ အဲဒီကိုရောက်တဲ့ အချိန်တွင် သူတို့ကို အဆင့်သတ်မှတ်ပေးမည်။

ပါဝင်သူတိုင်းသည် ပြိုင်ပွဲကို အချိန်မရွေး စွန့်လွှတ်နိုင်သည်။ အန္တရာယ်ကြုံလာပြီး စွန့်လွှတ်ရန် ဆုံးဖြတ်ထားသရွေ့ ၎င်းတို့ကို ကယ်ဆယ်ရမည့် တပ်မတော်သားများက ချက်ချင်း လာကယ်လိမ့်မည် ဖြစ်သည်။

အောက်တွင် မှတ်ချက် တစ်ခု ရှိသည်၊၊

[ပါဝင်သူများသည် အသင်းတစ်သင်းလျှင် အများဆုံး လေးဦးအထိ အဖွဲ့များ ဖွဲ့စည်းနိုင်သည်။ ၎င်းတို့သည် ပြိုင်ပွဲကာလအတွင်း ၎င်းတို့၏ ပြိုင်ဘက်များအတွက် ကျိုးကြောင်းဆီလျော်စွာ အတားအဆီးများကို ပြုလုပ်နိုင်သော်လည်း တရားမဝင်သောလုပ်ရပ်များကို ကျူးလွန်ခွင့် မရွိပါ။]

ဆုကြေးငွေဖော်ပြချက်ကို နောက်ဆုံးတွင် ဖော်ပြထားခဲ့သည်၊၊

[ပထမဆု- အသင်းသား တစ်ဦးစီသည် ၎င်းတို့၏ ဆက်နွယ်သားရဲကဲ့သို့ အဆင့်တူ နေရာလွတ် လက်ပတ် တစ်ခု ၊ တစ်ဦးလျှင် ငွေသား 50,000 ]

[ဒုတိယဆု- အသင်းသား တစ်ဦးစီအား ကျင်းကျန် စောင့်ရှောက်မှုစင်တာမှ ၁နှစ်တာ အဖွဲ့ဝင်ကတ် ၊ဆုငွေ  တစ်ဦးလျှင် 30,000 ]

[တတိယဆု- အသင်းဝင်တစ်ဦးစီအား ဂေါ်ဖီထုပ် ဆယ်ပေါင်၊ တစ်ဦးကို ငွေသား 20,000 ]

[ထို့ပြင်- အောင်မြင်သူအားလုံးကို မြို့တွင်းမှ ထွက်ခွာခွင့် ပြုမည်ဖြစ်သည်]

ရှဲ့စန်း သည် တတိယဆု နေရာကို လှမ်းကြည့်လိုက်ပြီး  တိတ်တိတ်ဆိတ်ဆိတ် တံတွေး မျိုချလိုက်သည်။ သူ ကင်မ်ချီ စားချင်ခဲ့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့် 🤎🤎🤎keyboard မတူလို့ စာလုံးပေါင်းတွေ စစ်ထားပေမယ့် မှားတာတွေ ရှိလောက်တယ်၊ သည်းခံပြီး ဖတ်ပေးကြပါဦးနော်😊😊

Zawgyi version

                                     Chapter 24 : အားနည္းခ်က္

ရွဲ႕စန္း သူ႕အေတြးနဲ႕သူ ၾကက္ေသေသေနၿပီး သူကိုယ္တိုင္ေတာင္ စိတ္ေရာဂါရွိေနၿပီ ဟု ခံစားလိုက္ရသည္။ ဘယ္လိုျဖစ္ၿပီးေတာ့ ေယာက္်ားတစ္ေယာက္ အေပၚမွာ ရွင္းျပလို႔ မရတဲ့ အေတြးေတြ ရွိေနတာလဲ ? ေယာက္်ားခ်င္း အတူတူကို တစ္ေယာက္နဲ႕ တစ္ေယာက္ ႏွိုင္းယွဥ္ၿပီး မနာလိုတာ၊ သဝန္တိုတာေတြ မျဖစ္သင့္ဘူးေလ၊ မဟုတ္ေသးဘူး၊ အဲ့ဒါ တဖက္လူက အရမ္း ၾကည့္ေကာင္းေနတာ ! သူ ေနမေကာင္းျဖစ္တာ မဟုတ္ဘူး။

"မင္း အခု ငါ့ မ်က္စိေရွ႕ကေန ထြက္သြားလို႔ မရဘူး " ဟု မိုင္နဲ က ေျပာလိုက္ၿပီး တံခါးနဲ႕ ေဝးရာ အိပ္ရာနားကို ဆြဲေခၚလိုက္သည္။

သူလႊတ္လိုက္တာနဲ႕ ရွဲ႕စန္းက ခ်က္ခ်င္းလွည့္လိုက္ကာ သူ႕လက္ေကာက္ဝတ္ကို ဆုပ္ကိုင္ဖို႔ ညာလက္ကို ဆန႔္ထုတ္လိုက္သည္၊ တကယ္လို႔ သူ႕ကို ကိုင္ထားတဲ့ လက္ က ေဘာင္းဘီကို ေျပာင္းကိုင္လိုက္မယ္ဆိုရင္ သူ လြတ္သြားလိမ့္မယ္။

ရွဲ႕စန္း က သူတို႔ရဲ႕ ခြန္အားကြာျခားခ်က္ကို ေတြးၿပီး မိုင္နဲ ကို ေၾကာက္တဲ့အတြက္ ဘယ္လက္ကိုဆန႔္ၿပီး သူ႕လက္ေမာင္းကို လက္ႏွစ္ဖက္နဲ႕ ဆုပ္ကိုင္လိုက္သည္။

သူ ေခါင္းေမာ့လိုက္သည္။ သူနဲ႕ မိုင္နဲ တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လိုက္သည္။ သူ႕ေမးေစ့ေအာက္ကို မၾကည့္ဖို႔ စိတ္ပိုင္းျဖတ္ထားၿပီး ရိုးသားတဲ့ မ်က္ႏွာနဲ႕ ေျပာလိုက္သည္။

" အေဆာက္အဦးေပၚက ခုန္ခ်ၿပီးကတည္းက အဲဒါကို စဥ္းစားၿပီးသြားၿပီ။ ေနေရာင္ျခည္ေတြ ေတာက္ပေနသလိုမ်ိဳး ငါ့ စိတ္ပိုင္းဆိုင္ရာ က အရမ္းေကာင္းတယ္။ အရမ္းေပ်ာ္စရာေကာင္းတဲ့ဘဝနဲ႕ ေနေနတယ္။ သတ္ေသဖို႔ စိတ္ကူး မရွိဘူး၊ မေန႕က ျပဳတ္က်တာက မေတာ္တဆမႈတစ္ခုပါပဲ။ အိပ္ရာထခ်ိန္မွာ ႂကြက္တက္ခဲ့တာ၊ အခုေဆးကလည္း ထုတ္ၾကည့္႐ုံပဲ မေသာက္ပါဘူး

မိုင္နဲ က သူ႕မ်က္ႏွာကို ၾကည့္လိုက္သည္။ ရွဲ႕စန္း သူ႕မ်က္လုံးေတြ ဖြင့္လိုက္ၿပီး သူတို႔ကို ၾကည့္ခြင့္ေပးလိုက္သည္။ သူ႕မ်က္လုံးေတြကို မမွိတ္ခဲ့ဘူး။ သူ႕မွာ အျပစ္ရွိတယ္လို႔ လုံးဝ မခံစားရပါဘူး။

"မေသာက္ရင္ ဘာလို႔ထုတ္ခဲ့တာလဲ" မိုင္နဲက ေမးလာခဲ့သည္။

ရွဲ႕စန္း သည္ သူ အဝတ္အစား ခြၽတ္ေနစဥ္တြင္ ေျပာစရာတစ္ခုကို ရွာေဖြေနၿပီး ဤေမးခြန္းကို ေျဖရန္ ျပင္ဆင္ေနခဲ့သည္။

"ဒီေဆးကို ငါ့ ဆက္ႏြယ္သားရဲအတြက္ သုံးနိုင္မလားလို႔ ေတြးေနတာ"

သူ ေျပာတာကို ပိုယုံၾကည္လာေစရန္ ျမန္ျမန္ဆန္ဆန္ ေျပာလိုက္သည္။

" ငါ့ရဲ႕ ဆက္ႏြယ္သားရဲက နည္းနည္း ကြာျခားတယ္။ အဲ့ဒါက တုပနိုင္တဲ့ ဆက္ႏြယ္ သားရဲျဖစ္ေနတယ္။ ဆက္ႏြယ္သားရဲ က အပင္တစ္ပင္ႏွင့္တူတဲ့ င႐ုတ္သီးပင္ကို အတုယူခဲ့တာ မၾကာေသးဘူး။ ဒီပိုးသတ္ေဆးက တိရိစ္ဆာန္ေတြ အတြက္ဆိုေတာ့ သုံးလို႔ ရမလားေတာ့ မသိဘူး။ သူ႕ရဲ႕လက္ရွိပုံစံနဲ႕ အရမ္းထူးျခားေနၿပီး ျပဳစုေစာင့္ေရွာက္ေရးဌာနက လူအရမ္းမ်ားတဲ့အတြက္ ေဆးကို တမင္သက္သက္ အိမ္ကို ျပန္ယူလာခဲ့တာ"

မိုင္နဲက သူ႕ေမးေစ့ကို လက္ျဖင့္ ပုတ္လိုက္သည္။

"လႊတ္ေတာ့။ မင္းအရင္က ဘာလို႔မေျပာတာလဲ"

မိုင္နဲက သူ႕လက္ကို ဆုပ္ကိုင္လိုက္ခ်ိန္မွာေတာ့ သူ အံ့ၾသထိတ္လန႔္သြားခဲ့သည္။ သင့္ေလ်ာ္တဲ့ အေၾကာင္းျပခ်က္ကို သူ ဘယ္လိုလုပ္ၿပီး လ်င္ျမန္စြာ ရွာေဖြနိုင္မွာလဲ။

သူ မိုင္နဲရဲ႕ လက္ကို လႊတ္လိုက္ေတာ့ မိုင္နဲ က ညဝတ္အကၤ်ီကို ၾကယ္သီး ျပန္တပ္ၿပီး ဝတ္ထားတာ ျမင္လိုက္ရသည္။

"ငါ အနားယူဖို႔ အခန္းကို ျပန္သြားေတာ့မယ္"

"ခဏေနဦး" မိုင္နဲက သူ႕ကို လွမ္းေခၚလိုက္သည္။

"မင္းရဲ႕ ဆက္ႏြယ္သားရဲကို ငါ ၾကည့္လို႔ရမလား? ဒီေန႕ ငါတို႔စားခဲ့တဲ့ အစပ္ဟင္း ၊ အဲ့ဒီ့ စပ္တဲ့အရသာက င႐ုတ္သီးအရသာလား ?

ရွဲ႕စန္း ႏွလုံးခုန္ႏႈန္း ျမန္သြားခဲ့သည္။ ဟုတ္တယ္ လို႔ ေျဖလိုက္ရင္ င႐ုတ္သီးက ဘယ္ကလာတယ္ ဆိုတာကို ဘယ္လိုရွင္းျပရမလဲ။

မိုင္နဲသည္ င႐ုတ္သီး အေၾကာင္းကို ေတြးေတာေနခဲ့သည္။ တုပနိုင္တဲ့ ဆက္ႏြယ္သားရဲ တစ္ေကာင္က အပင္အျဖစ္ အသြင္ေဆာင္တာ ျဖစ္နိုင္ေသာ္လည္း စားစရာမ်ား ထုတ္လုပ္ျခင္းသည္ လုံးဝမျဖစ္နိုင္ေပ။ အဲ့ဒါက သူ႕ရဲ႕ ဆက္ႏြယ္သားရဲက အမွန္တကယ္ င႐ုတ္ပင္ျဖစ္ေၾကာင္း ဝန္ခံျခင္းႏွင့္ ညီမွ်သည္။

သူ႕ ဆက္ႏြယ္သားရဲက အပင္တစ္ပင္ ျဖစ္တယ္ ဆိုရင္ ပိုးသတ္ေဆးအတြက္ သူ႕ရွင္းျပခ်က္က အဓိပၸာယ္ မရွိေတာ့ျပန္ဘူး။

ရွဲ႕စန္း သည္ သူ႕စိတ္ထဲတြင္ ငိုယိုကာ မ်က္ႏွာကို ပြတ္သပ္လိုက္သည္။ လိမ္တာပဲျဖစ္ျဖစ္၊ တစ္ခုခုကို ေျပာရတာက တကယ့္ကို စိတ္အႏွောင့္အယွက္ျဖစ္စရာပဲ။

"ေျပာရခက္ေနလား?" သူဒီလိုျဖစ္ေနတာ ျမင္လိုက္ရေတာ့ မိုင္နဲ နားလည္သြားခဲ့သည္။

ရွဲ႕စန္း က ၿပဳံးျပၿပီး သူ႕ပုခုံးေပၚ လက္ တင္လိုက္သည္။

" မင္း က သိပ္သေဘာေကာင္းတာပဲ ညီအစ္ကို။ တခ်ိဳ႕အရာေတြက ေျပာဖို႔မလြယ္ဘူး။ ျမင္ရတာက ေျပာရတာနဲ႕ မတူဘူး။ လူတိုင္းမွာ ေျပာရခက္တဲ့ အရာတစ္ခုရွိတယ္။ မင္းေတာင္မွ ငါ့ကို ႏွစ္ႀကိမ္ လွ်ို႔ဝွက္ထားခဲ့ေသးတာပဲ ! "

မိုင္နဲ မ်က္လုံးေတြ နည္းနည္းလႈပ္သြားခဲ့သည္။ သူဖတ္ဖူးတဲ့ ပို႔စ္ ကို ေတြးလိုက္ၿပီး စိတ္ထဲမွာ မေရမတြက္နိုင္ေအာင္ သံသယေတြ ရွိေနခဲ့သည္။

" မင္း ေကာင္းဖို႔ အတြက္ ငါလွ်ို႔ဝွက္ထားခဲ့တာ။ ရက္အနည္းငယ္ၾကာရင္ မင္းသိရလိမ့္မယ္။"

ရွဲ႕စန္း နားမလည္ခဲ့ေပ။ 'ဘာလို႔ ရက္အနည္းငယ္ၾကာေနတာလဲ' သူ တုန္လႈပ္သြားခဲ့သည္။ မိုင္နဲ လူတစ္ေယာက္ကို ႏႈတ္ပိတ္သတ္ခဲ့ၿပီးေတာ့ ရက္အနည္းငယ္အတြင္း ရဲေတြက အေလာင္းကို ႐ြာေတြ႕သြားမွာလား?

ရွဲ႕စန္း က သူ႕ကို လူသတ္မႈလို႔ သံသယရွိမွန္း မသိဘဲ မိုင္နဲ က

"မနက္ျဖန္ တကၠသိုလ္ စာေမးပြဲေတြ အားလုံးၿပီးၿပီ၊ ထုံးစံအတိုင္း အဖြဲ႕လိုက္ၿပိဳင္ပြဲက တစ္ပတ္အတြင္း ျဖစ္လိမ့္မယ္" ဟု ျပန္ေျပာခဲ့သည္။

ဒီလိုေျပာျခင္းအားျဖင့္ သူလွ်ို႔ဝွက္ထားခ်င္တဲ့အရာကို ေျပာျပၿပီးသား ျဖစ္သြားခဲ့သည္။ ရွဲ႕စန္း စိတ္ရႈပ္သြားမယ္လို႔ သူေမွ်ာ္လင့္ထားေသာ္လည္း သူျမင္လိုက္ရသည္မွာ ပို၍ စိတ္ရႈပ္ေနပုံရတဲ့ မ်က္ႏွာျဖစ္သည္။

"အဖြဲ႕လိုက္ဆိုတာ ဘာလဲ" ရွဲ႕စန္း နားမလည္ေခ်။

မိုင္နဲက သူ႕ကိုၾကည့္ဖို႔ ေခါင္းငုံ႕လိုက္ကာ 'အဲ့ဒီ့အခ်ိန္တုန္း က သူ႕နာမည္ကို ဘာလို႔ ေမးလာတာလဲ' ဟု စဥ္းစားလိုက္သည္။ အဲ့ဒီ့ အခ်ိန္မွာ၊ ယခင္ ရွဲ႕စန္း သည္ ေက်ာင္း၏ အခ်က္အလက္မ်ားကို အလြန္ အာ႐ုံမစိုက္ခဲ့ဘူး ဟု သူထင္ခဲ့ေသာ္လည္း ယခုအခါတြင္ အျခားေသာ အေၾကာင္းအရင္းတစ္ခု ရွိေနၿပီဟု ထင္ရသည္။

ရွဲ႕စန္း က သူ႕အမူအရာေၾကာင့္ စိတ္ရႈပ္သြားခဲ့သည္။

"ဘာမွားလို႔လဲ?"

မိုင္နဲ က "မင္း ေတာ္ေတာ္မ်ားမ်ား ေမ့သြားခဲ့တာလား" လို႔ ေမးလာခဲ့သည္။

အဲ့ဒီလို အေမးခံေသာအခါ ဤ အဖြဲ႕လိုက္ၿပိဳင္ပြဲ သည္ သာမာန္ အခ်က္အလက္ တစ္ခုျဖစ္သည္ ဟု ရွဲ႕စန္း သိလိုက္ရသည္။ ဖုံးကြယ္ မထားဘဲ ေခါင္းညိတ္လိုက္သည္။

"အင္း ၊ အိမ္ က တစ္ခ်ိဳ႕ကိစၥေတြကိုပဲ မွတ္မိတယ္။ ေက်ာင္းနဲ႕ပတ္သက္တဲ့ အေၾကာင္းအရာေတြ ေတာ္ေတာ္မ်ားမ်ား မမွတ္မိေတာ့ဘူး"

အရင္ ပိုင္ရွင္က ဒိုင္ယာရီထဲမွာေတာ့ ေက်ာင္းအေၾကာင္း  ေရးထားတာ နည္းနည္းေလးပဲ ရွိတယ္။ ေရးထားတာက 'သူတို႔' ဟုသာ ေဖာ္ျပထားၿပီး အေၾကာင္းအရာက 'ငါ့ကို ႏွောင့္ယွက္ျခင္း' သာျဖစ္သည္။ အျခားလႈပ္ရွားမႈမ်ားကို ေဖာ္ျပထားျခင္းမရွိေပ။

မိုင္နဲ မ်က္ေမွာင္ၾကဳတ္ သြားခဲ့သည္။

"မင္းငါ့ကိုဘာလို႔မေျပာတာလဲ။ မင္း အခု ဘာမွမသိဘူး၊ မင္းအတြက္ အႏၱရာယ္ျဖစ္နိုင္တယ္"

ရွဲ႕စန္း က ရယ္လိုက္ၿပီး  "ငါ့မွာ သူငယ္ခ်င္း ဒါမွမဟုတ္ ညီအစ္ကို မရွိဘူး" ဟု ေျပာလိုက္သည္။ သို႔ေသာ္ သူသည္ ညီအစ္ကိုကဲ့သို႔ ျပဳမူကာ သူ႕ကို စိတ္မပူဘဲ မေနနိုင္ခဲ့ေပ။

"ရယ္ေနနိုင္ေသးတယ္ေပါ့ ? " မိုင္နဲ က အသံနိမ့္နဲ႕ ဆူပူလာခဲ့သည္။

ရွဲ႕စန္း က ပိုၿပဳံးလိုက္သည္။

" မင္းက ငါ့ကို ဂ႐ုစိုက္ၿပီး သူငယ္ခ်င္းလို ဆက္ဆံတယ္။ ငါ ေပ်ာ္တယ္!"

မိုင္နဲ မ်က္ေမွာင္ၾကဳတ္ၿပီး သူ႕လက္ကို ပခုံးေပၚမွ ဖယ္လိုက္သည္။ သူသည္ ဗီရိုကို မွီရန္ ေနာက္သို႔ ေျခလွမ္းအနည္းငယ္ ဆုတ္လိုက္သည္။

"ထြက္သြား"

ရွဲ႕စန္း သူ႕လက္ကိုၾကည့္ကာ ရယ္လိုက္သည္။ ဒီလူက ဘာလို႔ ကေလးဆန္ရတာလဲ။

"ေဟး...၊ မင္းရဲ႕ သေဘာထားက ေစာေစာကနဲ႕ အခု မတူတာ သိပ္ကိုထင္ရွားလြန္းတယ္ မဟုတ္ဘူးလား?"

မိုင္နဲက  "အနာဂတ္မွာ ငါ့ကို စကား ေလွ်ာ့ေျပာေပါ့ကြာ "
တျခား သူငယ္ခ်င္းေတြ ရွာေတြ႕မယ္ဆိုရင္ သူထြက္သြားလိမ့္မယ္။ ဒီလိုသူငယ္ခ်င္းမ်ိဳး မလိုခ်င္ပါဘူး။

ရွဲ႕စန္း ကူကယ္ရာမဲ့သြားခဲ့သည္။

"အဖြဲ႕လိုက္ၿပိဳင္ပြဲက ဘာလဲဆိုတာ မင္း မေျပာရေသးဘူးေလ "

မိုင္နဲက သူ႕အား ခဏေလာက္ တိတ္ဆိတ္စြာ စိုက္ၾကည့္ ၿပီးေနာက္မွာ ျပန္ေျဖလာခဲ့သည္။

"ရွင္းခ်န္မွာရွိတဲ့ တကၠသိုလ္အားလုံးရဲ႕ ဘြဲ႕စာေမးပြဲေတြ ၿပီးလို႔ တစ္ပတ္ၾကာရင္ ပညာေရးဝန္ႀကီးဌာန က တပ္မေတာ္နဲ႕ ပူးေပါင္းၿပီး တကၠသိုလ္ဘြဲ႕ရေတြအတြက္ အဖြဲ႕လိုက္ ၿပိဳင္ပြဲတစ္ခု က်င္းပေပးလိမ့္မယ္။ စာေမးပြဲ ေအာင္တဲ့သူေတြကို ၿမိဳ႕ကေန ထြက္ခြင့္ျပဳၿပီး ထိပ္ဆုံး သုံးေယာက္ကို ထိုက္ထိုက္တန္တန္ ဆုေပးလိမ့္မယ္ "

"ၿမိဳ႕ကေန ထြက္သြားခြင့္လား ? "

"ရွင္းခ်န္ အျပင္ဘက္မွာ ေတာရိုင္း သစ္ေတာေတြရွိၿပီး သားရဲေတြ ေသာင္းက်န္းတယ္။ နိုင္ငံသားေတြရဲ႕ လုံၿခဳံမႈကို ေသခ်ာေစဖို႔အတြက္ ၿမိဳ႕တြင္းက ထြက္ခြာခြင့္ရွိသူေတြပဲ ၿမိဳ႕တြင္းကေန ထြက္ခြာခြင့္ ရွိရမယ္ဆိုတဲ့ အေျခအေနတစ္ခုရွိတယ္။

"မင္းလည္း ပါမွာလား?" ရွဲ႕စန္း က ေမးလိုက္သည္။

"အင္း" မိုင္နဲက ေခါင္းညိတ္ျပခဲ့သည္။

" သြားအိပ္ေတာ့ ။ ဘြဲ႕ရတဲ့သူတိုင္း မနက္ျဖန္ မက္ေဆ့ခ်္ ရလိမ့္မယ္"

ရွဲ႕စန္း သည္ အခန္းတံခါးဆီသို႔ ေလွ်ာက္သြားၿပီး ထိုအေၾကာင္းကို ေတြးကာ ေလးေလးနက္နက္ေျပာဖို႔ ျပန္လွည့္လိုက္သည္။

"မိုင္နဲ ၊ လူတိုင္း က သူတို႔ဘဝမွာ သူငယ္ခ်င္းေတြ အမ်ားႀကီးရွိတယ္။ တခ်ိဳ႕က ရင္းႏွီးၿပီး တစ္ခ်ိဳ႕ က ေပါ့ေပါ့ပါးပါးပဲ ၊ အဲဒီသူငယ္ခ်င္းေတြ က တစ္ေယာက္တည္းေတာ့ မဟုတ္ဘူး"

သူ ထြက္သြားဖို႔ ျပင္လိုက္တာနဲ႕ သူ႕အေနာက္မွာရွိတဲ့ မိုင္နဲဆီ က

"တစ္ေယာက္ပဲ ရွိတာက ဘာလဲ " ဟုေမးသံၾကားလိုက္ရသည္။

ရွဲ႕စန္းက ေခါင္းကို ငုံ႕ၿပီး စဥ္းစားလိုက္သည္။

"လင္မယား၊ အိမ္ေထာင္ဖက္ ၊လက္တြဲေဖာ္ ျဖစ္မယ္လို႔ ငါ ထင္တာပဲ"

မိုင္နဲက ပိတ္သြားတဲ့ အခန္းတံခါးကို ၾကည့္ၿပီး

  "လက္တြဲေဖာ္?"

ရွဲ႕စန္း သည္ သူ႕အခန္းသို႔ျပန္၍ ေရခ်ိဳးၿပီး အိပ္ရာမဝင္မီ င႐ုတ္သီးပင္ကို ေခၚကာ ေလ့က်င့္ေပးခဲ့သည္။ ညသန္းေခါင္မွာ ေရငတ္ၿပီး နိုးလာခဲ့သည္။ သူသည္ မ်က္လုံးမ်ား ပြတ္သပ္ရင္း မီးဖြင့္ကာ ဖိနပ္စီး၍ ေနာက္ပိုင္း ညစာအတြက္ အစပ္ေလွ်ာ့စားရန္ သူ႕ကိုယ္သူ သတိေပးလိုက္ၿပီး........

မိုင္နဲ အအိပ္ဆတ္တာကို သတိရ သြားသည္။ စိတ္အႏွောက္အယွက္ျဖစ္မွာ စိုးရိမ္သျဖင့္ တံခါးကို ညင္သာစြာ တြန္းဖြင့္လိုက္သည္။

သူ ခဏေလာက္ ေအးခဲသြားခဲ့သည္။ ေမွာင္ေနမည္ဟု သူေမွ်ာ္လင့္ထားေသာ္လည္း ဧည့္ခန္းသည္ ေန႕အခ်ိန္ ကဲ့သို႔ လင္းထိန္ေနသည္။

သူ မီးပိတ္ဖို႔ ေမ့သြားတာလား ?

ေရတစ္ခြက္ ထည့္ေသာက္ၿပီးေနာက္ ဧည့္ခန္း က မီးကို ပိတ္လိုက္ေသာ္လည္း မီးဖိုေခ်ာင္ မီးလင္းလာသည္ကို ေတြ႕လိုက္ရသည္။ ဧည့္ခန္းမီးကို ျပန္ဖြင့္လိုက္ကာ မီးဖိုေခ်ာင္မီးကို အရင္ပိတ္လိုက္ၿပီးေနာက္ ဧည့္ခန္းမီး ျပန္ပိတ္ဖို႔ ျပင္လိုက္သည္။

ခလုတ္မႏွိပ္မီမွာပင္ မိုင္နဲ၏တံခါးမွ ေဒါသတႀကီး ဆူပူေနေသာ အသံတစ္ခု ထြက္လာခဲ့သည္။

"မင္းဘာလုပ္ေနတာလဲ?"

သူ႕အသံက ေအးစက္ၿပီး ၾကမ္းတမ္းေနသည္။ တိတ္ဆိတ္တဲ့ညမွာ ႐ုတ္တရက္ ေပၚလာတဲ့အတြက္ ရွဲ႕စန္း လန႔္သြားခဲ့သည္။ သူ႕လက္က တဆတ္ဆတ္ တုန္ကာ ခလုတ္ ကို ႏွိပ္လိုက္သည္။  မီးဖြင့္သံ ထြက္လာၿပီးဧည့္ခန္းက မီး ျပန္လင္းလာျပန္သည္။

ရွဲ႕စန္း သည္ အခန္းတံခါး အဝတြင္ နက္ေမွာင္ေသာမ်က္ႏွာျဖင့္ မိုင္နဲ ရပ္ေနတာကို ခ်က္ခ်င္း ျမင္လိုက္ရသည္။ သူ႕မ်က္ႏွာက ျဖဴေဖြးကာ ေဖ်ာ့ေတာ့ေနၿပီး မ်က္လုံးေတြ ေအးစက္ေနခဲ့သည္။

"ငါ ေရေသာက္ခ်င္လာလို႔" မိုင္နဲ အခုလို ျဖစ္ေနခ်ိန္မွာ သူနဲ႕ စာအုပ္ထဲက ဗီလိန္ေဘာ့စ္က အတူတူပဲလို႔ ခံစားလိုက္ရၿပီး ရွဲ႕စန္း ထိတ္လန႔္သြားသည္။

"ေတာင္းပန္ပါတယ္ ငါ့ေၾကာင့္ နိုးသြားတာလား"

မိုင္နဲက သူ႕မ်က္ခုံးကို ပြတ္လိုက္ၿပီး စိတ္သက္သာရာ ရသြားခဲ့တဲ့ ပုံေပၚသည္။

"ဘာမွ မျဖစ္ဘူး။ ငါလည္း ေရငတ္ေနတယ္"

ရွဲ႕စန္း သည္ သူ၏ ျပင္းထန္ေသာ တုံ႕ျပန္မႈကို နားမလည္ေသးဘဲ ၿပဳံးျပလိုက္သည္။

"အစပ္အရသာက အရမ္းျပင္းတယ္။ အနာဂတ္မွာ ေလွ်ာ့စားသင့္တယ္။ ငါအရင္အိပ္ေတာ့မယ္။ ေနာက္တစ္ခါ မီးပိတ္ဖို႔ မေမ့ပါနဲ႕။ ငါ ထြက္လာေတာ့ မီးေတြပြင့္ေနတယ္"

မိုင္နဲက သူ႕ကိုၾကည့္ကာ ေခါင္းညိတ္ျပသည္။

ရွဲ႕စန္း သူ႕အခန္းသို႔ ျပန္လာခဲ့သည္။ မိုင္နဲ ရဲ႕ တုံ႕ျပန္မႈကို ေတြးၿပီး စိတ္မေကာင္းျဖစ္မိသည္။ သူ႕ခႏၶာကိုယ္ေပၚက ေသြးေတြ၊ ဒဏ္ရာေတြနဲ႕ ဆက္စပ္ၿပီး ေတြးေတာင္ မေတြးနိုင္ခဲ့ေပ။

ဒဏ္ရာ က ရွည္လ်ား ပါးလႊာၿပီး ဓါးအတုေၾကာင့္ ရတာနဲ႕ မတူဘဲ ခြၽန္ထက္ေသာ လက္သည္းျခစ္ရာကဲ့သို႔ ျဖစ္ေနသည္။  'မိုင္နဲ က သားရဲေတြနဲ႕ အဆက္အသြယ္႐ြိေနတာျဖစ္နိုင္မလား?'

ပက္လက္ လွန္လိုက္ေသာ္လည္း လုံးဝမအိပ္နိုင္ခဲ့ေပ။ အဲဒီအစား ေရငတ္သလို ခံစားလာရျပန္သည္။ ရိုးရွင္းစြာ ထၿပီး ဧည့္ခန္းထဲ ဝင္သြားခဲ့သည္။ ဧည့္ခန္းမီးက ပြင့္ေနဆဲျဖစ္ၿပီး မီးဖိုေခ်ာင္မီးလည္း ပြင့္ေနခဲ့သည္။

မိုင္နဲ ညသန္းေခါင္ ဗိုက္ဆာၿပီး မီးဖိုေခ်ာင္မွာ ဟင္းခ်က္ေနတာ ျဖစ္နိုင္မလား?

ရွဲ႕စန္း မီးဖိုေခ်ာင္ထဲဝင္သြားေပမယ့္ မိုင္နဲက အဲ့ဒီမွာ မရွိခဲ့ေခ်။

ဧည့္ခန္းထဲက အလင္းေရာင္က လင္းေနေပမယ့္ မီးဖိုေခ်ာင္ထဲက အလင္းေရာင္ကေကာ ? ေရေသာက္ဖို႔အတြက္ မီးဖိုေခ်ာင္ထဲကို သြားစရာ မလိုပါဘူး။

ရွဲ႕စန္းက ေရတစ္ခြက္ထည့္လိုက္ၿပီး သူဒီမွာ ပထမဆုံးအႀကိမ္ ေနတဲ့အခ်ိန္တုန္းက အေၾကာင္းကို ႐ုတ္တရက္ စဥ္းစားမိလိုက္သည္။ ညသန္းေခါင္ အိပ္ရာက နိုးလာေတာ့ အခန္းထဲမွာ မီးေတြ လင္းေနခဲ့သည္။

ေတြးၾကည့္လိုက္ေတာ့ မိုင္နဲ ေစာေစာက သူ႕ကို ဆူပူေနတဲ့အခ်ိန္မွာ သူ..... မီးပိတ္ေနခဲ့တာ...

ရွဲ႕စန္း ႐ုတ္တရက္ အေတြးေပါက္သြားခဲ့သည္။ 'မိုင္နဲ က အေမွာင္ ေၾကာက္တယ္ !"

တစ္နည္းမဟုတ္ တစ္နည္းျဖင့္ မိုင္နဲ ရဲ႕ အားနည္းခ်က္ကို သိလိုက္ရေသာအခါ ရွဲ႕စန္း စိတ္သက္သာရာရသြားခဲ့သည္။ ေရေသာက္ၿပီးတာနဲ႕ သူ႕အခန္းထဲ တည့္တည့္ဝင္သြားၿပီး မနက္အထိ အိပ္လိုက္သည္။

သန႔္ရွင္းေရးလုပ္ၿပီး အခန္းထဲက ထြက္လာတဲ့အခ်ိန္မွာ ဧည့္ခန္းနဲ႕ မီးဖိုေခ်ာင္က မီးေတြ တစ္ခ်ိန္ခ်ိန္မွာ ပိတ္သြားေပမယ့္ မိုင္နဲ အိပ္ရာ က မထေသးေပ။

ရွဲ႕စန္း အနည္းငယ္ ရယ္ေမာမိသြားသည္။ သူ အေမွာင္ေၾကာက္တာကို ရွဲ႕စန္း သိၾသားမွာ စိုးတာေၾကာင့္ ေစာေစာထၿပီး မီးပိတ္လိုက္တာ ျဖစ္နိုင္မလား ?  မိုင္နဲ အိပ္ခန္းထဲက ထြက္မလာခင္ မနက္စာျပင္၍ ၿပဳံးျပကာ လက္ျပၿပီး ႏႈတ္ဆက္လိုက္သည္။

"မဂၤလာနံနက္ခင္းပါ။ မနက္စာ လာစားေလ"

မိုင္နဲက ေပါ့ေပါ့ပါးပါး ေျဖလာခဲ့သည္။ ရွဲ႕စန္း သူ႕ေရွ႕က စြမ္းအင္ ၁ ခု ရရွိေၾကာင္း အခ်က္ျပတာကို ၾကည့္ၿပီး သူ႕အၿပဳံးက ပိုႀကီးမားလာခဲ့သည္။

ရွဲ႕စန္း ေန႕လည္စာစားၿပီးေနာက္ အနားယူေတာ့မယ့္ အခ်ိန္တြင္ ပညာေရးဝန္ႀကီးဌာနထံမွ မက္ေဆ့ခ်္ကို လက္ခံရရွိခဲ့သည္။ တစ္ပုံစံတည္း မက္ေဆ့ခ်္တစ္ခု ေပးပို႔လာခဲ့သည္၊

[ယခုႏွစ္ ဘြဲ႕လြန္ အဖြဲ႕လိုက္ၿပိဳင္ပြဲကို ဧၿပီလ ၈ ရက္ေန႕တြင္ က်င္းပမည္၊ အေသးစိတ္အတြက္ ပူးတြဲပါဖိုင္ကို ၾကည့္ပါ။]

ရွဲ႕စန္း ဖိုင္ကို ဖြင့္၍ ေသခ်ာ ဂ႐ုတစိုက္ ဖတ္လိုက္သည္။

သင္တန္းကာလမွာ ႏွစ္ရက္ႏွင့္တစ္ည ၾကာျမင့္မည္ျဖစ္ၿပီး တည္ေနရာမွာ ၿမိဳ႕အနီး ေတာရိုင္းသစ္ေတာထဲရွိ  ေရကန္တစ္ခုျဖစ္သည့္ ယြီခ်ဴး ကြၽန္းတြင္ ျဖစ္သည္။ ၿပိဳင္ပြဲက ရိုးရွင္းပါတယ္။ ပါဝင္သူအားလုံးသည္ ကြၽန္း၏ တစ္ဖက္စြန္းမွ အတူတကြစတင္ခဲ့ၾကၿပီး ၿပီးဆုံးရန္ ကြၽန္း၏အျခားတစ္ဖက္သို႔ ေရာက္ရွိလာခဲ့ၾကရမည္။ အဲဒီကိုေရာက္တဲ့ အခ်ိန္တြင္ သူတို႔ကို အဆင့္သတ္မွတ္ေပးမည္။

ပါဝင္သူတိုင္းသည္ ၿပိဳင္ပြဲကို အခ်ိန္မေ႐ြး စြန႔္လႊတ္နိုင္သည္။ အႏၱရာယ္ႀကဳံလာၿပီး စြန႔္လႊတ္ရန္ ဆုံးျဖတ္ထားသေ႐ြ႕ ၎တို႔ကို ကယ္ဆယ္ရမည့္ တပ္မေတာ္သားမ်ားက ခ်က္ခ်င္း လာကယ္လိမ့္မည္ ျဖစ္သည္။

ေအာက္တြင္ မွတ္ခ်က္ တစ္ခု ရွိသည္၊၊

[ပါဝင္သူမ်ားသည္ အသင္းတစ္သင္းလွ်င္ အမ်ားဆုံး ေလးဦးအထိ အဖြဲ႕မ်ား ဖြဲ႕စည္းနိုင္သည္။ ၎တို႔သည္ ၿပိဳင္ပြဲကာလအတြင္း ၎တို႔၏ ၿပိဳင္ဘက္မ်ားအတြက္ က်ိဳးေၾကာင္းဆီေလ်ာ္စြာ အတားအဆီးမ်ားကို ျပဳလုပ္နိုင္ေသာ္လည္း တရားမဝင္ေသာလုပ္ရပ္မ်ားကို က်ဴးလြန္ခြင့္ မ႐ြိပါ။]

ဆုေၾကးေငြေဖာ္ျပခ်က္ကို ေနာက္ဆုံးတြင္ ေဖာ္ျပထားခဲ့သည္၊၊

[ပထမဆု- အသင္းသား တစ္ဦးစီသည္ ၎တို႔၏ ဆက္ႏြယ္သားရဲကဲ့သို႔ အဆင့္တူ ေနရာလြတ္ လက္ပတ္ တစ္ခု ၊ တစ္ဦးလွ်င္ ေငြသား 50,000 ]

[ဒုတိယဆု- အသင္းသား တစ္ဦးစီအား က်င္းက်န္ ေစာင့္ေရွာက္မႈစင္တာမွ ၁ႏွစ္တာ အဖြဲ႕ဝင္ကတ္ ၊ဆုေငြ  တစ္ဦးလွ်င္ 30,000 ]

[တတိယဆု- အသင္းဝင္တစ္ဦးစီအား ေဂၚဖီထုပ္ ဆယ္ေပါင္၊ တစ္ဦးကို ေငြသား 20,000 ]

[ထို႔ျပင္- ေအာင္ျမင္သူအားလုံးကို ၿမိဳ႕တြင္းမွ ထြက္ခြာခြင့္ ျပဳမည္ျဖစ္သည္]

ရွဲ႕စန္း သည္ တတိယဆု ေနရာကို လွမ္းၾကည့္လိုက္ၿပီး  တိတ္တိတ္ဆိတ္ဆိတ္ တံေတြး မ်ိဳခ်လိဳက္သည္။ သူ ကင္မ္ခ်ီ စားခ်င္ခဲ့သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အားလုံးကို ေက်းဇူးတင္ပါတယ္ရွင့္ 🤎🤎🤎keyboard မတူလို႔ စာလုံးေပါင္းေတြ စစ္ထားေပမယ့္ မွားတာေတြ ရွိေလာက္တယ္၊ သည္းခံၿပီး ဖတ္ေပးၾကပါဦးေနာ္😊😊

Continue Reading

You'll Also Like

118K 20K 43
Associated Name - 自從我把生意失敗的男神撿回家後 Author(s) - Shao Nu Jiang, 少女醬 Eng Translator - Chrysanthemum Garden (Dera) Chapters - 40 Parts + 10 Extras Myanmar...
91.7K 14.1K 17
Original Author - Yan ZhaoMu 言朝暮 Eng Translator - Sakhyulations & A Splash Of Novel You can read eng translation here https://www.novelupdates.com/se...
545K 79.2K 138
ပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်...
7.6K 1K 45
•Both Unicode And Zawgyi •Type Web Novel (CN) •Genre Adventure Comedy Shounen Ai Xuanhuan Yaoi •Author(s) Xī Zǐxù 西子绪 •Status in COO 92 chapters + 7...