- soobinဆေးရုံဆင်းတော့ မနေ့ကသူတို့တည်းခဲ့တဲ့ အဒေါ်ကြီးအိမ်သို့ လက်ဆောင်များဝယ်ကာ ပြန်သွားကြသည်။ -
"အဒေါ်ကြီး...."
"ဘယ်သူတွေလည်း"
"ကျွန်တော်တို့ပါ....မနေ့ကကောင်လေးတွေ"
"လာကြ...လာကြ။
အမယ်လေး....မျှော်နေတာ....ထိုင်ကြ "
"ဟုတ်..."
-သူတို့မှန်းသိလေတော့ အဒေါ်ကြီးက အားရဝမ်းသာကြိုဆိုကာ ထိုင်ခိုင်းလေတော့သည်။ -
"လူလေး....နေကောင်းသွားပြီလား ။
မနေ့ညကတည်းက မင်းကိုစိတ်ပူနေတာကွယ့်"
"Nae....ကောင်းသွားပါပြီ။ "
"မကောင်းသေးပါဘူး။
သူ့ကိုအမြဲစောင့်ကြည့်နေရမှာ။ "
"အွန်း....ဂရုစိုက်ကြ။ "
"ဒါလေးလက်ခံပေးပါ ajuma။ "
"နေပါစေကွယ်...လိုချင်လို့လုပ်ခဲ့တာမှမဟုတ်ဘဲ...။
မင်းတို့ကို ကူညီရတာဘဲဝမ်းသာလှပါပြီ။ "
-ဘယ်လိုပေးပေး ငြင်းနေသော အန်တီကြီးအား သူတို့လက်လျော့ကာ မသိအောင်ထားခဲ့ရန်သာဆုံးဖြတ်လိုက်ကြသည်။ သူတို့ကျန်ခဲ့တဲ့အဝတ်တွေကို နေလှမ်းပေးထားပြီး ခြောက်သည်ကခြောက်နေလေပြီ။ soobinလည်း သူ့အဝတ်သူပြန်လဲကာ သူဝတ်ထားသော yeonjunအဝတ်ကို ပြန်ပေးလိုက်သည်။ -
"မင်းဘဲယူထားလိုက်....ငါအဲ့အင်္ကျီမကြိုက်ဘူး။ "
"ကျွန်တော်လည်းမကြိုက်ဘူး....
ခင်ဗျားပြန်မယူရင် ကျွန်တော်လွှင့်ပစ်ခဲ့မယ်။ "
-အမှိုက်ပုံးထဲသို့လက်ဦးတည်နေသော soobinဆီက မနည်းလိုက်ပြန်လုကာ
"မလိုချင်ရင် လွှင့်ပစ်ရမယ်လို့ မင်းကိုဘယ်သူပြောလည်း။ သူများတွေပေးလို့ရတယ်။ ပြန်ပေး...."
"ပေးကတည်းက ယူလိုက်ရင်ပြီးနေတာကို...."
"ပြန်မယ်...."
"အွန်း"
-သူတို့အန်တီကြီးကိုနှုတ်ဆက်ကာ soobinအိတ်ယူသလိုမျိုးဖြင့် လင်ဆောင်ခြင်းအားအခန်းထဲဝင်ထားခဲ့လိုက်သည်။ ပြီးမှ ကားပေါ်ပြန်တက်ကာ yeonjunမောင်းထွက်သွားခဲ့သည်။ -
"ဟယ်...ဒီကလေးတွေကတော့လေ...."
-soobinထားခဲ့သော လက်ဆောင်ခြင်းအား ကြည့်ပြီး အန်တီကြီးရေရွတ်လိုက်ခြင်းပင်ဖြစ်သည်။ -
.
.
.
-ကားပေါ်တွင် ဘေးချင်းယှဥ်လျက်ထိုင်ကာ ဘာစကားမှမပြောကြသော yeonjunနှင့် soobin။-
"သက်သာလား "
"အင်း.."
"အိမ်ပြန်ပြီး နားနေလိုက်နော်။ "
"အင်း.."
"မနက်ဖြန်ကျောင်းတက်လည်း ငါ့ကိုဖုန်းဆက်လိုက်နော်။ ငါလာခေါ်ပေးမယ်။ "
"အင်း.."
"တကယ်ရောအဆင်ပြေတာဟုတ်ရဲ့လား။ "
"အင်း.....
အဆင်မပြေဘူး.... "
"ဘာဖြစ်လို့လည်း....
ခေါင်းကိုက်လို့လား။ မောနေလို့လား။ အသက်ရှူမဝဘူးလား။ ဘာဖြစ်လည်း ပြောလေ...။ "
"ခင်ဗျား ဂရုတစိုက်မေးနေတာတွေက ကျွန်တော့်အတွက်အဆင်မပြေစေဘူး။ အဲ့ဒါကြောင့် အခုလိုမဟုတ်ဘဲ အရင်လိုဘဲ....ပြန်နေပေးပါလား။ "
"ငါက သိနေတဲ့ကိစ္စတစ်ခုကိုလျစ်လျူမရှုနိုင်ဘူး။ "
"ကျေးဇူးပြုပြီးတော့!!!!
ကျေးဇူးပြုပြီးတော့ မသိချင်ယောင်ဆောင်ပေးပါ။ "
"မရဘူး..."
"ချွဲယောန်ဂျွန်း!!!
"မရဘူး ချွဲဆူဘင်း ။
ငါလျစ်လျူရှူမပေးနိုင်ဘူး။ "
"ဘာလို့လည်း!!..."
"မသိဘူး....!!!"
-ထိုအဖြေစကားတစ်ခွန်းနဲ့အတူ ကားလမ်းဘေးသို့ထိုးရပ်လိုက်သော yeonjun။
Soobinလည်းလန့်သွားပြီး ဘာမှပြန်မပြောနိုင်ခဲ့ပေ။-
"အဆင်ပြေရဲ့လား ။
ငါတောင်းပန်ပါတယ်။ အခုအိမ်ကိုဘဲ အေးအေးဆေးဆေးပြန်ကြရအောင်။ "
"အွန်း..။ "
-အိမ်ရောက်သည်အထိ နှစ်ယောက်လုံးစကားမပြောဖြစ်ဘဲ နှုတ်ဆက်ခြင်းတောင်မရှိခဲ့ပေ။ အိမ်ထဲဝင်သွားတော့လည်း လှည့်တောင်မကြည့်ခဲ့ပေ။ -
.
.
.
-Yeonjunအိမ်ပြန်ရောက်တော့ အဖေကထိုင်စောင့်နေလေသည်။ -
"မနေ့ကလည်းပြန်မလာဘူး။
အခုလည်း နောက်ကျတယ်နော် jun"
"ဟုတ်တယ် အဖေ။
ဟိုတစ်ခါကဒီလိုလာတဲ့ကောင်လေး ဆေးရုံတင်ထားရလို့ သွားစောင့်ပေးနေတာ။ ကြိုမပြောမိလို့တောင်းပန်ပါတယ်။ "
"ရပါတယ်....
အိမ်တောင်ပြန်ရောက်နေဦးမှကို...နားတော့လေ ။ "
"ဟုတ်"
-ဒီလိုအချိန်မှာ သူ့ကိုအလုပ်အတွက်ဆိုပြီးဖိအားပေးမနေသေးတဲ့ အဖေ့ကိုဘဲကျေးဇူးတင်ရမည်။ နိုင်ငံခြားမှာတုန်းကသာ ဘာလုပ်မယ် ညာလုပ်မယ်ပြောနေတာ.... အခုချိန်မှာသူ့ကိုလွှတ်ပေးထားတာဘဲ တော်သေးတယ်။ -
*မကြိုက်လိုက်တာကွာ....
ခံစားချက်တဲ့လား။ မင်းနဲ့ပတ်သက်ရင် စတွေ့ကတည်းက ခံစားချက်ရှိနေတာကိုလည်း မကြိုက်ဘူး။ မင်းကိုဘဲစိတ်ထဲရောက်နေတာလည်းမကြိုက်ဘူး။ မင်းကို သဝန်တိုနေမိတာလည်း ရှိတယ်။ ဒီလိုစကားမျိုးမပြောချင်ပေမဲ့ ငါမင်းကို သဘောကျနေမိပြီထင်တယ် ဆူဘင်း။ ဒါပေမဲ့ ငါထုတ်ပြောမှာမဟုတ်ဘူး။ မင်းရှေ့မှာ ချစ်ခြင်းဆိုတဲ့ ပျော့ညံ့မှုကို မပြချင်ဘူး.... မုန်းတယ်။ *
.
.
.
-မနက်မိုးလင်းကတည်းက ကျောင်းသွားမည်ဟုပြောကာ ယောန်ဂျွန်း ကားယူပြီးလိမ့်လာခဲ့သည်။ ပထမဆုံးလာခဲ့တာက ဆူဘင်းအိမ်။ -
တီ...တီ။
-အိမ်ရှေ့ရောက်တော့ကားဟွန်းတီးလိုက်သည်။ သို့သော် မျှော်လိုက်တဲ့လူအစား တစ်ခြားလူတစ်ယောက်ကထွက်လာခဲ့သည်။ -
"ဘယ်သူလည်း "
"အော်...
ဒီအိမ်က soobinဆိုတဲ့ကောင်လေးကိုလာခေါ်တာပါ။"
"Soobinက ထွက်သွားပြီကွဲ့... ကျောင်းကို"
"ဗျာ..."
"အေး... အတန်းရှိတယ်ဆိုပြီးပြောသွားတာဘဲ။ "
"အော် ဟုတ်ဟုတ်.... သွားလိုက်ပါဦးမယ် ဒါဆို"
"အေး...အေး။ "
-ယောန်ဂျွန်းလည်း ရှုပ်ထွေးစွာ ကားမှန်ပြန်တင်ရင်း မောင်းထွက်သွားခဲ့သည်။ yeonjunကားထွက်သွားတော့မှ....
"အဒေါ်အီ....ကူညီပေးလို့ကျေးဇူးတင်ပါတယ်။
ကျွန်တော်ကျောင်းသွားတော့မယ်.... "
"အေး ဂရုစိုက်သွား.... သားbinnie "
-အဒေါ်ကြီးကိုခေါင်းငြိမ့်ပြပြီး ခါတိုင်းလို အသက်ဝဝရှူကာ တစ်နေ့တာကို အဆင်ပြေပြောစတင်ရရန် အသင့်ပြင်လိုက်သည်။ ပြီးတာနဲ့ ကားမှတ်တိုင်ကို လမ်းလျှောက်ကာ သွားလိုက်တော့သည်။ -
(Yeonjunအိမ်ရှေ့ရောက်လာတုန်းက...)
"အဒေါ်အီ...အိမ်ရှေ့က ကားပေါ်ကလူကို သားကျောင်းသွားပြီလို့ပြောပေးပါနော်။ သားသူနဲ့မတွေ့ချင်ဘူး။ "
"လိုက်နှောက်ယှက်နေတဲ့လူလား binnie"
"မဟုတ်ပါဘူး...
ဒီတိုင်း သူကစိတ်ရှုပ်ဖို့ကောင်းတယ်။ "
"အေးအေး....အဒေါ်သွားပြောပေးမယ်။ "
"ကျေးဇူးပါ အဒေါ်အီ ။ "
.
.
.
- beomgyu ကားမောင်းပြီးကျောင်းကိုမြန်မြန်ရောက်အောင်လာလိုက်သည်။ အချက်နှစ်ချက်ကြောင့်ပင်။-
(1). ချစ်သူလေးစောင့်နေမှာကို တွေးပူရင်း သူခြေထောက်ညောင်းမည်စိုးသဖြင့်။
(2). ဒီနေ့ မိမိတို့ရထားသည့် ပရောဂျက်လေးက ဒီနေ့ winnerရွေးမည်ဖြစ်သောကြောင့်။ -
-အိတ်ကိုယူကာ ကားမှ အခန်းတွင်းသို့ စမတ်ကျကျ တည်တည်ကြည်ကြည်ဖြင့် လျှောက်သွားလိုက်သည်။ ဘေးနားကကောင်မလေးတွေကတော့ သူ့ကို အခုထိ single လို့ထင်နေတုန်း။ အပြိုင်ကြူးနေကြသည်။ -
"ဘောမ်ဂယူက ငါ့အပိုင်။ "
"ငါ့က ဂယူ့ရဲ့မျက်လုံးဆီမှာ ဖောအင်လပ်နေပြီ။ "
"နင်က ယောန်ဂျွန်းဆို.... ကိုယ့်ဘစိနဲ့ကိုယ်နေကြစမ်း။ ငါက ဒီကျောင်းစတက်ကတည်းက ဘောမ်ဂယူ့ကို ငါ့အပိုင်လို့သဘောထားပြီး ကြိုက်လာတာ။ "
-အပြိုင်အဆိုင်ကြူးနေကြသော မိန်းကလေးများအား သူသနားလာသည်။ အကုန်လုံးက Kang Taeလေးရဲ့ ချစ်ဖို့ကောင်းတာကို ခြေမှုန်လေးတောင်မမှီပေ။-
"Gyu...."
"ယွန်းရူဘီ မင်းဒီကိုဘာလာလုပ်တာလည်း။ "
"ဖိတ်လို့လာခဲ့တာပေါ့ဟ။
ဖေဖေ့အစားလာပေးရတယ်ဆိုပါစို့။ "
"အော် အင်း ။ "
-သူလည်း ထိုမျှသာစကားဖြတ်ခဲ့ပြီး hallခန်းထဲစို့သာဝင်လာခဲ့လိုက်သည်။ -
"Choi Beomgyu.... Choi Beomgyu
နင်တကယ် ပြောင်းလဲသွားပြီကိုး။ မတတ်နိုင်ဘူးလေ....ငါ့ကိုစွဲလမ်းအောင်လုပ်ထားပြီးမှ ဒီလိုအချိုးမျိုးတော့ လာမလုပ်နဲ့။ ယွန်းရူဘီ ဘယ်လိုမိန်းမမျိုးလည်း သိအောင်ပြရမှာပေါ့။ "
-beomgyuနောက်ကျောကို မီးဟုန်းဟုန်းတောက်နေသော မျက်လုံးများဖြင့်ကြည့်ကာ တစ်ချက်ပြုံးလိုက်သည်။-
.
.
.
-hallခန်းထဲတွင် ပရောဂျက်တွင်ပါဝင်ခဲ့ကြသော ကျောင်းသား/သူများ သူတို့အဖွဲ့အစည်းနှင့် သူတို့ ဝိုင်းဖွဲ့ကာထိုင်နေကြသည်။ ကျွန်တော်တို့အဖွဲ့လည်း ထိုနည်းတူပင်။ ချစ်ဖို့ကောင်းနေစွာ အဖွဲ့ထဲတွင် လင်းလက်နေသူကတော့ နှစ်ယောက်မရှိသော ချစ်ရသူ ကမ္ဘာငယ်tae taeလေးပင်။ -
"Hyun...."
"Gyu hyung"
"ဘာတွေပြောနေကြတာလည်း။ "
"မနေ့က စီနီယာဆောင်က သရဲခြောက်ခံလိုက်ရတဲ့အကြောင်းပြောနေကြတာ။ စီနီယာနာမည်ကယွန်းဆောတဲ့..." (boram)
"ယွန်းဆောစီနီယာက ဘယ်လိုလုပ်....?" (Beomgyu)
"Hyungတို့သိကြတာလား။ "
"အင်း...။
Hyunjinကသိတာကို မတားဘဲနဲ့ဘာလို့လိုက်သွားပေးရတာလည်း။ " (beomgyu)
"ငါပြောပြလိုက်ရင် သူကြောက်သွားမှာစိုးလို့။ "(hyunjin)
"သိရဲ့သားနဲ့ တမင်မပြောပြခဲ့တာပေါ့....hyunjin sambaeလွန်လိုက်တာ....။ " (kai)
"တောင်းပန်ပါတယ် Noonaနဲ့ hyungတို့...။
Busစီးလာရတော့ နောက်ကျသွားတယ်။ " (soobin)
"ရပါတယ်...yeonjunကျန်သေးတယ်။
Juhoလည်း မရောက်သေးဘူး။ "(Da Bin)
"ဟင်...yeonjunကမရောက်သေးဘူးလား။
ကားနဲ့အရင်ထွက်သွားတာကို..."
"တစ်ယောက်သောသူကြောင့် နည်းနည်းနောက်ကျသွားပါတယ်။ " (yeonjun)
"ဟင်းး အဟင်းးး...."
"သက်သာလား soobin"
"ဟုတ်"
"မနေ့က မအားတာနဲ့ မလာဖြစ်တာ တောင်းပန်ပါတယ်နော်။ "
"ရပါတယ်.... ကျွန်တော်ကကောင်းနေပြီ။ "
"ခုနကစကားလေးဆက်ကြပါဦး။
ငါအရမ်းစိတ်ဝင်စားနေပြီ...။ " (taehyun)
"ဘာဖြစ်လို့လည်း "
"မင်းဖျားတဲ့ညက kaiရယ် felix hyungရယ် hyunjin hyungရယ်က စီနီယာဆောင်က သရဲခြောက်တဲ့အခန်းဆီကိုသွားတာ တကယ်တွေ့လာခဲ့လို့တဲ့ကွ။ "(taehyun)
"ဒီလိုကွာ....ငါက အဲ့သတင်းကို လိုင်းပေါ်မှာတွေ့တယ်။ အဲ့ဒါနဲ့ hyunjin hyungနဲ့သွားဖို့ပြောတယ်။ မထင်မှတ်ဘဲ felix hyungနဲ့တွေ့ကြတယ်။ သရဲနဲ့လည်းစကားပြောခဲ့ရတယ်။ သူကပြောတယ်....စီနီယာ အီဟီဆွန်း နဲ့ စီနီယာအင်ယွန်းကို နှုတ်ဆက်တယ်လို့ပြောပေးပါတဲ့။ ပြီးတော့ သူကဒီကျောင်းရဲ့ရာဇဝင်တဲ့။ "
"အွန်း...ဟုတ်တယ်။
စီနီယာယွန်းဆောက ဒီကျောင်းရဲ့ရာဇဝင်လေ။
အရင်ကဆို ဖွန်ဆန်းအနုပညာတက္ကသိုလ်ရဲ့ queenတစ်ယောက်။ စီနီယာ အင်ယွန်း အင်အွန်းတို့အမြွာတွေနဲ့အတူပေါ့။ အဲ့တုန်းကတော့ အီဟီဆွန်းစီနီယာက King။ အမတို့ Juhoတို့ ပထမနှစ်တုန်းကပေါ့။ final yearက queen ဆိုတော့ အမတို့ကလည်းအားကျရတာပေါ့ ရုပ်ကလေးကလည်းချောတယ်၊ စာကလည်း Noonaတို့ကိုတောင် သင်ပြပေးနိုင်တဲ့အထိဆိုတော့ ယွန်းဆောစီနီယာက အမတို့အတွက် idolဘဲလေ။ King နဲ့ Queenကတွဲနေတယ်လို့ပြောကြတယ်။ ဒါပေမဲ့ နှစ်ဆုံးခါနီးလောက်ကျတော့ စီနီယာယွန်းဆောက စာသင်ချိန်ပြီးတော့ ပြတင်းပေါက်ကိုကြည့်နေရင်း အဲ့ပေါ်ကနေခုန်ချသွားတာတဲ့။ အမတို့ဖြင့်ကြားတုန်းက ယုံတောင်မယုံနိုင်ဘူး။ "
"ဘာဖြစ်လို့လည်း..."
"သူများတွေကတော့ မိသားစုကိစ္စကြောင့်တဲ့။
တစ်ခြားသူတွေကကျတော့ အိမ်ကပေးစားတဲ့လူကိုမယူနိုင်လို့တဲ့....ပထမနှစ်မှာထွက်တဲ့သတင်းကျတော့ စီနီယာအီဟီဆွန်းက သစ္စာဖောက်ပြီး ဖောက်ပြန်လို့တဲ့။ "
"Ahn Juho nim!!
နောက်ကျလိုက်တာ။ "
"အွန်း....ပွဲစကာခါနီးမှလာလည်းမှီမယ်ထင်လို့။ "
"ကဲ...လူတောင်စုံနေကြပါရောလား။
ကြည့်ရတာ ငါဘဲကျန်တော့တာထင်တယ်။ "
"စီနီယာဟီဆွန်း..." (felix)
"လာမယ်တောင်မထင်ခဲ့ဘူး။
ကျေးဇူးပါဘဲ လာရောက်ပေးလို့။" (Da Bin)
-heeseungကအသာပြုံးပြရင်း Taehyunဘေးနားဝင်ထိုင်လိုက်သည်။ အစကတည်းက ငြူတူတူဖြစ်နေတဲ့စီနီယာရဲ့အကြည့်တွေကိုမကြိုက်တာနဲ့ beomgyuနဲ့ taehyunနေရာလဲကာ heeseungဘေးနားသို့ beomgyuသွားထိုင်လိုက်သည်။ ပြီးမှ ဘာလိုလို ညာလိုလိုဖြင့် စကားဆက်ပြောနေကြသည်။ -
-ခဏကြာတော့မှ သူတို့ပွဲအခမ်းအနားစတင်ခဲ့သည်။ Juhoရောက်လာကတည်းက သရဲအကြောင်းကတော့ စကားမဆက်မိတော့။ -
-သူတို့ပရောဂျက်ရုပ်ရှင်တွေကို အတူတူကြည့်ကြရင်း အကဲဖြတ်လူကြီးတွေဖြစ်တဲ့ စီနီယာအင်အမြွှာတွေက အမှတ်ပေးနေလေသည်။
- လေးနာရီလောက်အကြာ နောက်ဆုံးမှ ကျွန်တော်တို့ဇာတ်လမ်းလည်းရောက်လာခဲ့သည်။ အစကBLဆိုတော့ နှာခေါင်းရှုံ့ချင်ကြသည်။ နောက်မှ သူတို့ပိုပြီးစိတ်ဝင်စားကြသည်ကိုတွေ့လိုက်ရသည်။ စီနီယာတို့ဆိုလျှင် သူတို့crh heeseung ကိုလည်းမြင်ရော ထမအော်ရုံတမယ် လှုပ်စိစိဖြစ်သွားကြသည်။ အေးလေ...သူတို့လိုဘယ်သူကမှ စီနီယာတွေကို Guest အနေနဲ့ထည့်မရိုက်ဖူးတာကို....ဟက်ဟက်။ သေချာပေါက် အမှတ်တော့များရမယ်။ -
-taehyunနှင့် beomgyu၏ kiss senceကို ကြည့်တဲ့သူတိုင်းက ပြုံးစိစိဖြစ်လာကြသည်။ သူတို့ကိုယ်တိုင်ပင် တစ်ယောက်ပေါ်တစ်ယောက် မှီပြီးထိုင်နေမိကြသည်။ -
-သိပ်ကြည်နူးနေကြတယ်ပေါ့...
ကြည်နူးထားကြပါ...နင်တို့အတွက်အချိန်သိပ်မကျန်တော့ဘူး။ ဟက်! -
-Yeonjunနှင့် soobinတို့၏ ရန်ဖြစ်တဲ့senceက အားလုံးထဲတွင်အသက်အဝင်ဆုံးဖြစ်သည်။ အပြင်မှာလည်း တကယ်သတ်နေကြတဲ့လူတွေဆိုတော့ အထဲမှာလည်း တကယ် ခံစားချက်ရောသွားကြသည်ထင်တယ်။
"သူဌေး...ကျွန်တော် သူဌေးကိုမယူနိုင်ပါဘူး။
ပိုင်းလုံးကောင်လို့လည်းအပြောမခံနိုင်ဘူး။ "
"မင်းကိုပြောရဲတဲ့ကောင်ထွက်ခဲ့ခိုင်းလိုက်။
Binကိုအဲ့ဒီကောင်ပြောရဲတယ်ဆို ကိုယ်လည်း အဲ့လူကိုသတ်ရဲတယ်။ "
-yeonjun ထိုစကားကိုဆိုလိုက်ချိန်တွင်တော့ အခန်းထဲရှိလူအကုန်လုံးက ဝိုးကနဲ ဝါးကနဲတွေဖြစ်ကုန်ကြသည်။ -
"ဒီလိုဖြေရှင်းလို့ပြီးသွားမှာမဟုတ်ဘူး သူဌေး။
ကျွန်တော်ပြောသလိုဘဲလုပ်လိုက်ပါ။ အစကတည်းက တွေ့ဆုံဖို့အကြောင်းပါလာပေမဲ့ ပေါင်းစည်းဖို့ အကြောင်းဖန်မလာဘူး။ "
"ရူးနေလား bin
ကိုယ်လည်းမင်းကိုချစ်တယ်....
မင်းလည်းကိုယ့်ကိုချစ်တယ်လေ....
ဒါကြောင့် ကိုယ်တို့လက်ထပ်ကြတယ်။
အဲ့ဒါက အဲ့လောက်ခက်ခဲနေတာလား။ "
-စီနီယာအင်အွန်းဆိုလျှင် မျက်ရည်တောင်စစထွက်လာခဲ့သည်။ အင်ယွန်းစီနီယာကတော့ အကြီးပီသစွာ ဣန္ဒြေရရဖြင့် ပီတိဝေဖြာနေသည်။ -
-ကာယကံရှင် နှစ်ယောက်သည်လည်း သူတို့မသိလိုက်ခင်ကတည်းက မျက်ရည်တွေဝဲနေကြသည်။ ခံစားချက်တွေတူညီနေတယ်ထင်ပါရဲ့...။ အကြောင်းအရာကတော့မတူပေမဲ့လေ...-
-တစ်နာရီခွဲကြာတဲ့အခါ သူတို့ရုပ်ရှင်အဆုံးသတ်သွားခဲ့သည်။ အာလုံးက လက်ခုပ်တွေထတီးတဲ့လူကတီး၊ မျက်ရည်သုတ်တဲ့လူကသုတ်ဖြင့် နည်းအမျိုးမျိုးဖြင့်အားပေးနေကြသည်။ -
-ဇာတ်လမ်းတွေအားလုံးကြည့်ပြီးတော့ သူတို့အခမ်းအနားပထမပိုင်းပြီးသွားလေသည်။ အတန်းတက်ချင်တဲ့လူတွေကလည်းသွားတက်၊ မတက်ရင်လည်းနားချိန်ဆိုပြီးပေးထားလေသည်။ သူတို့ကတော့ အုပ်စုလိုက် ကန်တင်းချီတက်ကြလေသည်။-
*FOREVER*
နေ့ခင်းကျရင် တပိုင်းထပ်Upပါမယ်။ 😗
MV streamနေရင်း Upပေးလိုက်တာမလို့ပါ
ဆာရားဟဲလ်
#jerry