Another World

By NaYoungVK

2.5K 262 129

When 19 years old boy suddenly reached the another world of 1582. BTS x Tae Published Date - 29.9.2021 End Da... More

Main Characters
1
2
3
4
Author Note
"Samurai Jeon" to "ANOTHER WORLD"
5
6
7
8
A/N
9
10

11

112 9 13
By NaYoungVK

[ Zawgyi ]


သူကရော....?



" ဟင်း.... "


" ဟင် ဂျောင်ဂု "



မဖြစ်နိုင်တာ


" ဗျာ "


" သူပြန်လာမှာပါ "


" ဒါပေါ့ "



" အင်းသက်သာပါတယ် "


" ဟုတ်ပါပြီ.... "

" နွေးနွေးထွေးထွေးနေ "



" ကျေးဇူးပါ ဂျောင်ဂု "

" ရော့ "






" Hyung ပါ "

" Namjoon hyung!! "

" ရောက်ပြီလား hyung "

" အင်းဂျောင်ဂု "






ဟင်? ဂျီမင်း?


" ကျေးဇူး hyung "







" အင်း.. "


အထဲမှာတွေ့ရဦးမှာကို "

" ဗျာ! "

" ကိုယ်နဲ့တစ်တဲထဲလေ "





" ကျေးဇူးပါဂျောင်ဂု "



________________________________.









________________________________.


*ထွီ *
ကျွန်တော်မှမဟုတ်တာ "

" မင်း! တောက် "

ထယ်.... မင်းအတွက်....




NaYoungVK🍓
22.9.2022


______________________________________.

[ Unicode ]

မီးပုံဘေး၌ထိုင်တာ ကြယ်တွေပြည့်နေသောကောင်းကင်ကိုငေးကြည့်ရင်းထယ်ယောင်းသက်ပြင်းချမိသည် ။

သန်းခေါင်းယံပင်ရောက်သွားပေမဲ့ဂျီမင်းကပြန်မလာသေးဘူးတဲ့လေ....
အကုန်သိကြတာပေါ့ ဂျီမင်းဘယ်မှာလဲဆိုတာ
ဒါပေမဲ့ပုံမှန်ဆိုနာရီပိုင်းသာပျောက်သွားတတ်တာမို့ဂျောင်ဂုတို့လည်းစိတ်ပူနေကြသည်
အင်း.... အကြာကြီးအတူရှိခဲ့ကြတာအမြင်မကြည်စရာတွေရှိတောင်စိတ်ပူမှာပဲလေ
သူကရော....?

ဘတ်ဂျီမင်းကိုလူချင်းသိတာတစ်ပတ်ကျော်သာရှိတယ်
ဘတ်ဂျီမင်းကအန္တရာယ်လည်းများတယ်
ဇာတ်လမ်းတစ်ပုဒ်လိုသာကြည့်မယ်ဆို ဘတ်ဂျီမင်းကိုအဓိကဗီလိန်ပဲ
သိတာလည်းမကြာသေးပဲလူကိုလာလာလည်းထိတတ်သေး
ဘတ်ဂျီမင်းနဲ့ဆိုဝေးဝေးမှာပဲနေချင်တာ
ဒါပေမဲ့....ဒါပေမဲ့ ဒီလိုကြီးတော့မမြင်ရတော့တာမျိုးမဖြစ်ချင်ဘူး
ဝေးဝေးမှာနေချင်ပေမဲ့ ဝေးဝေးမှာလည်းမနေချင်ပြန်ဘူး

မနေ့ညကထိကြယ်တွေအတူကြည့်နေခဲ့တာ
မနေ့ညကဝမ်းနည်းနေပုံပေမဲ့မနက်ကကျတော့လည်းအရာအာလုံးအဆင်ပြေနေဟန် ။
တကယ်ပဲအဆင်ပြေနေရဲ့လား ဘတ်ဂျီမင်း....

" ဟင်း.... "

" အသက်ငယ်ငယ်လေးနဲ့သက်ပြင်းတွေချနေလိုက်တာ "

" ဟင် ဂျောင်ဂု "

ဂျောင်ဂုကမီးပုံဘေး၌ဝင်ထိုင်ကာ
" ဂျီမင်းကိုစိတ်ပူနေတာလား "

" ဟို..မဟုတ်ပါဘူး ဒီအတိုင်းတွေးနေတာပါ "

ငါအခုဘတ်ဂျီမင်းကိုစိတ်ပူနေတာလား?
မဖြစ်နိုင်တာ

" မျက်နှာမှာရေးထားတယ် ဘတ်ဂျီမင်းကိုစိတ်ပူနေတယ်ဆိုပြီး "

" ဗျာ "

မျက်လုံးပြူးကာကိုယ့်ကိုယ်ကိုပြန်မေးနေဟန်ပေါက်သောကောင်လေးကြောင့် ဂျောင်ဂုတောင်သတိမထားမိလိုက်ပဲပြုံးမိသွားသည် ။

" သူပြန်လာမှာပါ "

" ဟုတ်တယ် ပြန်လာလောက်မှာပါနော်ဂျောင်ဂု "

" ဒါပေါ့ "

ဂျောင်ဂုပြုံးကာထယ်ယောင်းအားပြောပြနေပေမဲ့
သူကိုယ်တိုင်လည်းသေချာမသိပါ
ဂျီမင်းဘယ်လိုပုံစံနဲ့ပြန်လာမယ်ဆိုတာကိုပေါ့ ။

" ဂျောင်ဂုရဲ့လက်သက်သာရဲ့လား "

" အင်းသက်သာပါတယ် "

" ရာသီဥတုကအေးနေတာ ကိုက်နေလိမ့်မယ် ဆေးသေချာသောက်နော်ဂျောင်ဂု "

" ဟုတ်ပါပြီ.... "

ဂျောင်ဂုကရုတ်တရက်ထလိုက်ကာသူ့အပေါ်ဝတ်ရုံပားထယ်ယောင်းကိုခြုံပေးလျက်
" နွေးနွေးထွေးထွေးနေ "

" ဂျောင်ဂုအေးနေမှာပေါ့ "

ဝတ်ရုံကိုဂျောင်ဂုအားပြန်ပေးဖို့ဖယ်ရန်လုပ်နေသာထယ်ယောင်းလက်နှစ်ဖက်အားဂျောင်ဂုကိုင်ထားကာ
" ကိုယ်ကဒီအအေးလောက်ဘာမှမဖြစ်ဘူး
ဒါကြောင့်ဝတ်ထားလို့ရတယ်ကောင်လေး "

" ကျေးဇူးပါ ဂျောင်ဂု "

" ရော့ "

စတော်ဘယ်ရီခြင်းအသေးလေးအားထယ်ယောင်းကိုပေးပြီး
" ညစာလည်းသေချာမစားလို့
ကလေးတွေကစတော်ဘယ်ရီကြိုက်ကြလို့ "

" ဗျာ ကျွန်တော်ကလေးမဟုတ်ပါဘူးနော် "

" စတော်ဘယ်ရီမကြိုက်ဘူးလား "

" ဟီး အဲ့တာတော့အရမ်းကြိုက်တယ် "

ကောင်လေးကြိုက်တယ်ဆိုလို့ဂျောင်ဂုစိတ်သက်သာရာရသွားတော့သည်
ညစာသေချာမစားလို့ဘာပေးရမှန်းမသိဖြစ်နေတာ

ထယ်ယောင်းစတော်ဘယ်ရီသီးအားတစ်ခုပြီးတစ်ခုစားနေတုန်းအမှောင်ထဲကထွက်လာသောလူတစ်ယောက်ကြောင့်လန့်သွားတော့သည်
" Hyung ပါ "

" Namjoon hyung!! "

" ရောက်ပြီလား hyung "

" အင်းဂျောင်ဂု "

နမ်ဂျွန်းထယ်ယောင်းအားပြုံးပြရင်းဂျောင်ဂုရှေ့သို့ဝင်ထိုင်လေသည် ။

" အဖြေအနေဘယ်လိုလဲ hyung "

" ဟုတ်တယ်အဲ့မှာရှိနေတာ
ဒါပေမဲ့ မတွေ့ခဲ့ရဘူး hyung ကြားခဲ့ရသလောက်တော့အပြစ်ပေးခံနေရတာပဲ "

ဂျောင်ဂုတို့ပြောနေတာကိုသိတ်နားမလည်သောကြောင့်ငြိမ်ငြိမ်နေရင်းနားထောင်နေလိုက်သည်

" အသုံးချရဦးမှာကျန်သေးတော့
သူတို့ဂျီမင်းကိုသေအောင်တော့လုပ်မှာမဟုတ်သေးဘူး "

ဟင်? ဂျီမင်း?
ဂျီမင်းအကြောင်းကိုပြောနေတာလား?
ဂျီမင်းကဘယ်သူ့ဆီကဘယ်လိုအပြစ်ပေးခံနေရတာမလို့ဘယ်သူကမှဘာမှဝင်မပြောနိုင်ကြတာလဲ
ထယ်ယောင်းခေါင်းထဲမေးခွန်းပေါင်းများစွာဖြင့်ရင်ထဲကလည်းကြပ်လာလေသည်
သေအောင်ထိတောင်ဆိုတော့တကယ်ကိုအန္တရာယ်ရှိနေတာမလား.... ဂျီမင်းဆီမှာလေ....

" မနက်ဖြန်တော့ပြန်လာလောက်မှာပါ ဂျောင်ဂု "

" ကျေးဇူး hyung "

" ရပါတယ်ကွာ ကဲ hyung သွားဦးမယ်
ထယ်ယောင်းနောက်မှ hyung ထပ်လာခဲ့မယ်နော် "

" ဟုတ် ဂရုစိုက်ပြန်ပါ hyung "

နမ်ဂျွန်းကထယ်ယောင်းခေါင်းအားပုတ်ကာပြုံးပြရင်း မျက်စိရှေ့ကလျင်မြန်စွာပင်ပျောက်သွားတော့သည် ။

" ကောင်လေးအိပ်ယာဝင်တော့မလား ညဉ့်နက်နေပြီ "

ထယ်ယောင်းအိပ်ချင်စိတ်မရှိသော်လည်းရာသီဥတုကအတော်အေးသောကြောင့်တဲထဲဝင်ရန်သာတွေးလိုက်တော့သည် ။

" ဟုတ်ဂျောင်ဂု ဒါဆိုကောင်းသောညပါ "

" အင်း.. "

တဲရှေ့ထိဂျောင်ဂုကလိုက်လာလေသည်
တဲထဲဝင်ခါနီးနှုတ်ဆက်သည်ထိဂျောင်ဂုကထွက်မသွားပေ

" ဘာတွေနှုတ်ဆက်နေတာတုန်း
အထဲမှာတွေ့ရဦးမှာကို "

" ဗျာ! "

" ကိုယ်နဲ့တစ်တဲထဲလေ "

" ဟင် ဟုတ်လား ကျွန်တော်ကမသိဘူးရယ် "

ဂုတ်အားလက်ဖြင့်ပွတ်လျက် ရယ်ကာပြောနေသောကောင်လေးအားကြည့်ရင်း သူပါလိုက်ပြုံးမိသည်

" နေ့လည်တုန်းကလိုထပ်ဖြစ်မှာစိုးလို့ "

အစောင့်တွေအထပ်ထပ်ချထားသောကြောင့်ထပ်ဖြစ်ဖို့ 10% တောင်မရှိပေမဲ့ပေါ့

" ကျေးဇူးပါဂျောင်ဂု "

ဂျောင်ဂုကခေါင်းညိတ်ပြကာ အိပ်ယာဘေးက စားပွဲ၌ထိုင်ကာစာရွက်များအားကြည့်နေလေသည်

မအိပ်ချင်သော်လည်းမနက်နှစ်နာရီနီးပါးဖြစ်နေသောကြောင့်မျက်ဝန်းများအတင်းမှိတ်ကာအတွေးများပျံ့လျက် ။
အခုချိန်ဆိုဂျီမင်းအိပ်များနေလောက်ပြီလား
မအိပ်ရဘဲတစ်ခုခုများဖြစ်နေလေမလား....
အဲ့နေ့ညကဂျီမင်းမျက်ဝန်းတွေကိုထယ်ယောင်းနားမလည်ပေမဲ့အဆင်ပြေနေတဲ့မျက်ဝန်းတွေဆိုတာကိုတော့အသေအချာသိပါသည်
ဒီလိုဖြစ်မယ်ဆိုတာဂျီးမင်းကကြိုသိနေတယ်ထင်ပါရဲ့

ထယ်ယောင်းအတွေးများစွာဖြင့်အချိန်အတော်ကြာမှအိပ်ပျော်သွားတော့သည် ။
________________________________.

ဂျောင်ဂုအိပ်ရန်ကောင်လေးကိုကြည့်လိုက်တော့အိပ်မောပင်ကျနေလေသည်

သုံးနာရီတောင်ထိုးပြီဘဲ

ခြေလှမ်းများကအလိုလိုထယ်ယောင်းအိပ်ယာဘေးသို့ရောက်သွားတော့သည်
ထယ်ယောင်းအားစောင်သေချာခြုံပေးရင်း
" ငါဘာတွေလာလုပ်နေမိပါလိမ့် "

အိပ်ပျော်နေသောကောင်လေးမျက်နှာလေးကတကယ်ပင်ဖြူစင်လှပါသည်
ဘယ်လိုကံတွေကြောင့်များဒီကိုရောက်လာပါလိမ့်နော်
ကိုယ့်ကြောင့်နဲ့အန္တာရယ်တွင်းထဲရောက်နေရတာ

"ကိုယ့်ကြောင့်မလို့အဆုံးထကာကွယ်ပေးသွားပါမယ့်ကောင်လေး "

ထယ်ယောင်းပါးပြင်ပေါ်ပွတ်သပ်မိသောလက်အားပြန်လည်ရုတ်သိမ်းလိုက်ကာ

" ကောင်းသောညပါ ကောင်လေး "

ထို့နောက် ထယ်ယောင်းဘေးအိပ်ယာသို့လှဲကာအိပ်စက်ခြင်းဆီသို့....

________________________________.

" အဲ့တာအမိန့်မနာခံလို့ပဲဂျီမင်း
မင်းသာလက်ခံလိုက်ရင်အခုလိုအစီစဉ်ကျရှုံးမှာလဲမဟုတ်သလို ဟိုကောင်လေးကိစ္စလည်းပြီးပြီကို "

*ထွီ *
သွေးများရောနေသောတံတွေးအားထွေးလိုက်ကာ
" အဟက် ဒါပေါ့ ခင်ဗျားကိုယ်တိုင်လုပ်တောင်ကျရှုံးမှာပဲလေ
ကျွန်တော်မှမဟုတ်တာ "

" မင်း! တောက် "

ထိုလူဆီမှကြာပွတ်ကဂျီမင်းအားထပ်မံကျရောက်လာလေသည်
ဂျီမင်းအံအားကြိတ်လျက်ငြိမ်ခံနေမိသည်
ဒါတွေအကုန်လုံးကအမေ့အတွက် ညီလေးအတွက်
ထယ်.... မင်းအတွက်....

ကာကွယ်ပေးနိုင်တဲ့ဓားတစ်လက်မဖြစ်နိုင်တောင်အစားထိုးခံပေးမဲ့ဒိုင်းကာတော့ဖြစ်ပေးမှာပါ မင်းအတွက်....

ထပ်မံကျရောက်လာသောရိုက်ချက်များကြောင့်ဂျီမင်းမျက်ခွံများပင်လေးလာကာလူကထုံထာလေသည် ။
ကောင်းကောင်းအိပ်နေမလား ထယ်
ဒီညကတော့မနေ့ကလိုမလှလိုက်တာ....

ထို့နောက် တဖြည်းဖြည်းဂျီမင်းမျက်လုံးများမှေးစက်သွားတော့သည် ။

NaYoungVK🍓
22.9.2022

( A/N - Keep streaming Hobi's Rush Hour guys! )

Continue Reading

You'll Also Like

570K 8.7K 86
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
69.5K 1.6K 31
!Uploads daily! Max starts his first year at college. Everything goes well for him and his friends PJ and Bobby until he meets Bradley Uppercrust the...
152K 5.4K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
141K 6.5K 36
"I can never see you as my wife. This marriage is merely a formality, a sham, a marriage on paper only." . . . . . . She was 10 years younger than hi...