Yeonjun POV:
- beomgyuကိုဖုန်းဆက်ပြီးတော့ soobinဘေးနားသို့ဝင်ထိုင်နေပြီး လက်ကိုကိုင်ထားပေးခဲ့သည်။ နာရီဝက်လောက်ကြာတော့ beomgyuရောက်လာခဲ့သည်။ သူ့ကောင်လေး Soobin သူငယ်ချင်း taehyunပါ ပါလာခဲ့သည်။ -
"Soobin....ထဦး....ဆေးရုံသွားရအောင်။
Beomgyuရောက်နေပြီ...."
-ညီးတွားသံလေးပြန်လာကာ ငြင်းနေတဲ့သူ။ -
"မသွားလို့မရဘူးလေ။
ခဏ...အင်္ကျီအရင်လဲမယ်။ "
-beomgyuယူလာတဲ့ အင်္ကျီကို ထုတ်ကာ soobinကိုလဲပေးလိုက်သည်။ ပြီးတာနဲ့soobinကို ချီကာ ကားပေါ်တင်ပေးသည်။ -
"လေးလိုက်တာ..."
-ကားပေါ်သို့တက်ကာ ဘေးနားဝင်ထိုင်ရသည်။ beomgyuကတော့ ကားမောင်းပေးပြီး ဆေးရုံသို့သွားရတော့သည်။ အဝတ်အစားကအစ အန်တီကြီးအိမ်မှာထားခဲ့တာမလို့ ပြန်လာယူရမှာတော့ရှိသေးသည်။-
.
.
.
-ဆေးရုံရောက်တာနဲ့အရေးပေါ်ခန်းထဲသို့တန်းပို့ပေးရသည်။ -
"မိုးမိပြီးဖျားတာပါ။ "
"ဟို....ဟို....."
"ဘာဖြစ်လို့လည်း taehyun"
"ဟို....ဟိုလေ....လူနာက....နှလုံးရောဂါသည်ပါ။
နှလုံးဖောက်ပြီး နေမကောင်းဖြစ်တာပိုဖြစ်နိုင်ပါတယ်။ "
"ကောင်းပါပြီ....။
အခုတော့အပြင်မှာခဏလောက်စောင့်ပေးကြပါ။ "
-ဆရာဝန်ပြောတော့မှ သူတို့သုံးယောက်အပြင်ထွက်လာကြသည်။ -
"Choi Soobin က နှလုံးရောဂါရှိတယ်လို့ပြောတာလား။ "
"ဟုတ်...ဟုတ်တယ်။
မွေးရာပါ နှလုံးတစ်ခြမ်းကြီးနေတာ။ ခွဲစိတ်ခဲ့ဖူးပေမဲ့ ဆေးသောက်နေရတာ။ "
"ဒါဆို....ဟိုနေ့က ဆေးရုံမှာတွေ့ခဲ့တာအမှန်ဘဲပေါ့။ "
-taehyunဆီက ဘာသံမှထွက်မလာပေ။ -
.
.
.
Hyunjin POV:
-ကျောင်းပြန်တက်တက်ချင်းနေ့မှာတင် Kaiက ဖုန်းဆက်ပြီးခေါ်လို့ သွားရသည်။ -
"ဘာကိစ္စရှိလို့လည်း kai"
"စီနီယာ.....
စီနီယာ သရဲတွေ ဘာတွေယုံလား။ "
"တဝက် တဝက်စီပေါ့။
ဒါနဲ့ ဘာလို့မေးတာ"
"ဟိုနေ့က လိုင်းပေါ်မှာ ကျွန်တော်တို့ကျောင်းရဲ့ သရဲအကြောင်းနဲ့ပတ်သက်ပြီးတက်လာလို့....။ "
"ဘယ်လို...."
"ဟုတ်တယ်.... final yearsတွေရဲ့ အဆောင်အပေါ်ဘက်မှာ အရင်တုန်းက ခုန်ချဖူးတဲ့လူရှိတယ်တဲ့။ "
"အာ....အဲ့ဒါကိုး....။ "
"စီနီယာကသိတယ်ပေါ့..."
"အွန်း....
ပထမနှစ်လေးတွေကိုခြောက်ကြပြန်ပြီ။ hyungတို့လည်း ပထမနှစ်တုန်းက ဒီလိုဘဲ.... စီနီယာတွေစတာခံရတယ်။ နှစ်တိုင်းပြောနေကြဆိုတော့ တကယ့်ဇာတ်လမ်းလိုဖြစ်လာရုံပါ။ "
"အဲ့ဒါက ဘယ်လိုဖြစ်တာလဲဟင်"
"ပြောကြတာကတော့ စီနီယာအစ်မတစ်ယောက်က သူတို့စာသင်ဆောင်ပြတင်းပေါက်ကနေပြီး အပြင်ဘက်ကိုခုန်ချသွားတာတဲ့။ အဲ့စီနီယာက သူ့ရည်းစားကသစ္စာဖောက်သွားလို့တဲ့...."
"Wow.....
ကြက်သီးထစရာကြီး ။ "
"ကြောက်ရင်ဆက်မပြောနဲ့တော့..."
"သွားကြရအောင်.... "
"ဟင်...."
"ဒီညသွားကြရအောင်လို့...အဲ့စီနီယာအဆောင်ကို"
"သေချာမှလုပ်ပါကွာ...."
"ကျွန်တော်Kaiပါဗျ...။
မသေချာရင် ဘာမှမလုပ်ဘူး။ "
"မသွားရဘူး...."
"လုပ်ပါ....သွားကြမယ်လေ...နော်"
"ဒီည အဲ့ဘက်အဆောင်တွေမှာ အချိန်ပိုရှိတယ်ကြားတယ်။ လူတွေရှိတယ်။ သိရင် ကျောင်းအုပ်ဆီရောက်မှာ။ "
"မသိအောင်သွားရမှာပေါ့....နော်....နော်...."
"ပြီးမှ ကြောက်တယ်မပြောနဲ့နော်။ "
"တကယ်မရှိဘူးဆို....
ဒီတိုင်းသွားကြည့်ရုံကို..."
"အင်းပါ....ခဏဘဲနော်။
ကြည့်ပြီးရင်ပြန်လာရမယ်။ "
"တကယ်နော်....ရက်စ်"
"အွန်း..."
-စိတ်အားထက်သန်နေသော ဂျူနီယာလေးအား ကူညီရန်ဆုံးဖြတ်လိုက်သည်။ ဘာဖြစ်ခဲ့လည်း သူလည်းသိသည်မဟုတ်လား။ တကယ်တမ်းဆို မသွားစေချင်...။ -
.
.
.
"Hyung....hyunjin hyung ကျွန်တော် ဒီမှာ "
"သွားကြမယ်..."
"ခဏ...ခဏနေပါဦး ။ "
"ဘာလည်း..."
"Mask...."
-ပေးလာသော maskအမဲကိုတပ်ကာ သူတို့စီနီယာအဆောင်ဆီဦးတည်တော့လေသည်။ အချိန်အားဖြင့် ည1:00။ ထိုအချိန်က yeonjunတို့ အိမ်လိုက်ရှာနေချိန်။ -
Felix POV:
-အခန်းသန့်ရှင်းရေးလုပ်ပြီး ပါမောက္ခမိုနဲ့ အလုပ်ကူလုပ်ပြီး အိမ်ပြန်တော့ 1:00။ ပြန်ခါနီး လမ်းတဝက်တွင် သူ့အရှေ့မှဖြတ်သွားသော Kaiနဲ့ Hyunjinကိုတွေ့လိုက်သည်။ စီနီယာဆောင်ဘက်ကို တန်းတန်းမတ်မတ်သွားနေသည်။ -
"အဲ့ဘက်မှာ final yearတွေဘဲရှိတော့တာကို... "
-သူလည်း သိချင်ဇောနဲ့ နောက်ကနေလိုက်သွားခဲ့သည်။ -
.
.
.
Kai POV:
-kaiနဲ့ hyunjinလူရှိသော ပထမထပ်ကိုကျော်ကာ ဒုတိယထပ်က လူခုန်ချသည်ဟူသောအတန်းကို သွားကြည့်လေသည်။ ညဘက်မလို့ မီးတွေလည်းပိတ်ထားပြီး မှောင်မဲနေသည်။ -
"Hyung
အရှေ့ရောက်ရင်ရောက်ပြီ..."
"သွားကြမယ်..."
"နေပါအုံး... ရောက်မှတော့ ဝင်ကြည့်ကြရအောင်"
-ပြန်လှည့်ရန်ပြင်နေသော စီနီယာကို ပြန်ဆွဲထားရသည်။ -
"Kai....
မ...မသွားရင် ကောင်းမယ်နော်။ "
"လာပါ..."
"မသွားနဲ့တော့...."
"ကျစ်...စီနီယာကကြောက်တတ်လိုက်တာ။ "
"အော်...မင်းအရှေ့ကို ကြည့်...."
-kaiရဲ့ခေါင်းကို စာသင်ဆောင်ဘက်မှ လျှောက်လမ်းဘက်သို့တည့်တည့်လှည့်ပေးလိုက်သည်။ သူတို့ကျောင်းရဲ့အရင်uniformနဲ့ ဆံပင်အဖြောင့်ကို ချထားသော မိန်းကလေးတစ်ယောက်။ -
"အားးးးးး.....သရဲ....."
-ကြောက်လန့်တကြား ဘေးနားက စာသင်ဆောင်ထဲသို့ပြေးဝင်သွားခဲ့သည်။ hyunjinကတော့ နောက်လှည့်ပြေးပြီး လှေကား ဘေးအတန်းထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့သည်။ ဖုန်းကိုတော့ ပြေးရင်းလွှတ်ပစ်ခဲ့သည်။ -
Felix POV:
-အသံပြဲကြီးနဲ့အော်သံကြားရတော့ kaiမှန်းတန်းသိလိုက်သည်။ ထို့ကြောင့်အသံကြားရာဘက်သို့လျှောက်လာချိန် ပထမထပ်ကလူတွေနဲ့ လုံခြုံရေးကပါ တက်လာသောကြောင့် နီးရာစာသင်ခန်းတစ်ခုဆီသို့ပြေးဝင်လိုက်သည်။ -
-အခန်းတစ်ခုလုံးက တိတ်ဆိတ်နေပြီး ကျယ်လည်းကျယ်သည်။ စီနီယာဆောင်တွေဒီလောက်ကျယ်မှန်းသိသော်လည်း ဒီအခန်းကတော့ ပိုပြီးကျယ်နေသလိုပင်။ မှောင်လည်းမှောင် ၊ ဘာမှလည်းမမြင်ရတာကြောင့် တစ်ခြားလူတွေမမြင်ခင် ဆရာ့စားပွဲအောက်သို့ဝင်ပြီးပုန်းနေလိုက်သည်။ -
-ငုံ့လိုက်ချင်းမြင်လိုက်ရတာက mask အမဲရောင်နှင့် ဆံပင်အရှည်လူတစ်ယောက်။ -
"အာ့....ခဏလေး...hyunjin shi!!!!"
"အော်....felix ya!!
ဘယ်လိုလုပ်ပြီး....."
"ရှူးး..."
-hyunjinပါးစပ်ကို felixလက်နဲ့ပိတ်လိုက်ကာ နှစ်ယောက်လုံးအသံတိတ်သွားကြသည်။ -
"ခုနက ဒီနားကအော်သံကြားလိုက်တယ်။ "
"ဘာမှတော့မတွေ့ပါဘူး။
တစ်ခြားအခန်းကိုသွားကြည့်ရအောင်။ "
"သ...သရဲ.....သရဲ တွေ့တယ် ဆရာ...."
"ဘယ်ကသရဲလည်း....ဘယ်မှာရှိမှာလည်း။ "
"လူခုန်ချသွားတဲ့အတန်းရှေ့မှာ မတ်တပ်ရပ်ပြီး စိုက်ကြည့်နေတာ။ "
"မရှိပါဘူးကွာ... သွားမယ်။
စိတ်ဂယောင်ခြောက်ခြားဖြစ်ပြန်ပြီ။ "
-ထိုကျောင်းသားလေးကိုခေါ်ကာ ဆရာတွေနဲ့ လုံခြုံရေးတွေက ပြန်ဆင်းသွားသည်။ -
"ဒီကိုဘာလာလုပ်တာလည်း"
"Kaiက သရဲခြောက်တဲ့အခန်းဆီလာချင်တယ်ပြောလို့..."
"အခုတော့ ပြေးရပြီမလား။ "
"Felixကဘာလို့လိုက်လာတာလည်း။ "
"Hyunjinတို့ထွက်သွားတာမြင်လိုက်လို့ ဘာလာလုပ်လည်းသိချင်လို့လိုက်လာတာ။ "
"အော်...သွားကြရအောင် ။
Kaiကတစ်ယောက်တည်း..."
"အွန်း... "
-သူတို့အခြေအနေကြည့်ကာ kaiရှိတဲ့အခန်းဆီသို့ထွက်လာခဲ့ကြသည်။ -
.
.
.
Kai POV:
"နင်ထွက်သွားလို့ရပြီ....ဘယ်သူမှမရှိတော့ဘူး။ "
"နင်...နင်....နင်...နင် နင်က သရဲ...သရဲမလား။ "
"သရဲ?....
အွန်း....ငါကသရဲ"
"စီနီယာ တောင်းပန်ပါတယ်။ "
"သွား...ငါစိတ်ကောင်းဝင်နေတုန်း...ထပ်ပြီးလာမနှောင့်ယှက်နဲ့။ ထပ်ပြီးမင်းတို့နောက်ကဂျူနီယာတွေကို ငါ့အကြောင်းမပြောပြနဲ့တော့။ "
"ဗျာ?"
"ငါကိုက ဒီကျောင်းရဲ့ရာဇဝင်လေ။
မင်းတို့ရဲ့စီနီယာ အင်ယွန်းနဲ့ အီဟီဆွန်းကိုလည်း ပြောလိုက်။ ယွန်းဆောက နှုတ်ဆက်ပါတယ်လို့...ရော့ မင်းရဲ့ဖုန်း...."
"ယွန်းဆော....အဲ့ဒီယွန်းဆော....."
"အွန်း....ငါသွားပြီ။ "
-တစ်ချိန်တစ်ခါက ကျောင်းရဲ့Queen။
စီနီယာယွန်းဆောဆိုရင် စီနီယာအီဟီဆွန်းရဲ့ ရည်းစားဟောင်း။ ဒါဆို သစ္စာဖောက်တယ်ဆိုတာ စီနီယာအီဟီဆွန်းလား။ -
"Kai ya!!!!"
-အသံမတိုးမကျယ်လေးဖြင့် ခေါ်နေသော စီနီယာ။ -
"စီနီယာ...."
"မြန်မြန်လာ.... "
"ခဏလေး....စီနီယာ....
စီနီယာယွန်းဆော ဆိုတာကိုသိလား။ "
"အွန်း သိတယ်။
ဒါနဲ့ဘာလို့လည်း...."
"ခုနက...ခုနက အဲ့ မိန်းကလေးက စီနီယာ ယွန်းဆောတဲ့ "
"ဘယ်လို.....သွားကြမယ်။
အပြင်ရောက်မှဆက်ပြောကြတာပေါ့။ "
"ဟုတ်....
ဒါစီနီယာ့ဖုန်းမလား။ "
-ဖုန်းကိုလှမ်းပေးလိုက်ချိန် yeonjunခေါ်ထားသော notiကတက်လာလေသည်။ တက်လာချင်းချင်းတွဲမြင်လိုက်ရတာက wallpaper က felixရဲ့ပုံ။ သုံးယောက်လုံးမျက်လုံးချင်းဆုံသွားပြီး hyunjinဖုန်းကိုဆွဲယူကာ အရှေ့ကအရင်ထွက်သွားခဲ့သည်။ kaiကလည်းဖုန်းကိုပေးကာ felixကို မျက်စိမှိတ်ပြပြီးထွက်သွားခဲ့သည်။ felixကတော့....
"Kai....ငါတောင်းပန်ပါတယ်။
မင်းကိုနာကျင်စေမိရင်....ဒါပေမဲ့ ငါလည်း hyunjinကိုသဘောကျနေမိပြီထင်တယ်။ "
-ဒါကတော့ felixရဲ့အတွင်းစိတ်တစ်ခုပါ။ -
Someone POV:
-ငါတို့တုန်းကလိုမျိုးမဖြစ်ရင်ကောင်းမှာ။
အလျော့ပေးချင်သူတွေကများနေပြန်တော့...-
.
.
.
-ပုန်းလျိုးဝှက်လျိုးဖြင့် ထွက်လာခဲ့ပြီးနောက်တွင် ကျောင်းဝန်းထဲမှထွက်လာလာချင်း ဖုန်းပြန်ဆက်ရတာက yeonjunကိုပင်။ သို့သော် ခုနကတင်အကောင်းကြီးရှိနေသောဖုန်းမှာ ယခုတော့ဖွင့်လိုမရတော့။ -
"ပျက်ပြီထင်တယ်။ "
"ဘယ်နှနာရီရှိပြီလည်း "
"2:45"
"ဒီအချိန်ကြီးဘာလို့ဖုန်းဆက်တာလည်းမသိဘူး။ "
"ကျွန်တော့်ဖုန်းနဲ့ပြန်ဆက်ကြည့်ပါလား။
ပျက်လည်းမပျက်သေးဘူး။ battery လည်းရှိသေးတယ်။ "
"အွန်း...."
-felixဆီက ဖုန်းငှားပြီး yeonjunဆီဆက်လိုက်သည်။-
"ဟယ်လို...yeonjun....
ငါ hwang hyunjin....ဘာလိုဖုန်းဆက်တာလည်း။
ဟမ်....ဘယ်လိုဖြစ်လို့လည်း....သိပြီမလို့ kaiနဲ့felixကိုပါ ခေါ်ပြီးလာခဲ့လိုက်မယ်။ အွန်းးး"
"ဘာဖြစ်လို့လည်း။ "
"Soobin မိုးမိပြီးဖျားလို့တဲ့...ဆေးရုံတင်ထားရတယ်။"
"ဗျာ....
အခုချက်ချင်းသွားရမှာပေါ့....စိုးရိမ်ရတယ်။
သွားကြရအောင်...."
"စိတ်အေးအေးထားပါ kaiရဲ့....
ဘာလို့လောနေတာတုန်း...အခုဆေးရုံမှာအဖျားကျသွားပြီတဲ့...အိပ်နေတယ်။ ဖြေးဖြေးလာမှလည်းရတယ်တဲ့။ "
"တော်ပါသေးရဲ့.... "
-soobinရေ....နေမကောင်းမဖြစ်ပါနဲ့တော့။ -
.
.
.
Yeonjun POV:
-ဆေးရုံကုတင်လေးပေါ်မှာ အိပ်ပျော်နေတဲ့soobinကိုကြည့်ကာ yeonjunရင်ထဲမကောင်းပေ။ -
*မြန်မြန်သတိရလာပေးပါ ဆူဘင်း.....ဘာခံစားချက်လည်း ငါလည်းမသိပေမဲ့ မင်းမရှိရင်မနေတတ်လို့။ ပြန်ကောင်းလာပြီး ငါ့အပေါ်ကို အနိုင်ယူတော့။ ငါမင်းကို အထူးအခွင့်ရေးနဲ့လျှော့ပေးမယ်။ အဲ့ဒါကြောင့်မလို့ သတိရလာပါတော့...."
-ဘေးနားကခုံလေးမှာထိုင်နေရင်း ကုတင်ပေါ်မှာဘဲအိပ်ပျော်သွားခဲ့သည်။ -
.
.
.
- ယခုအချိန်ကတော့ မနက်9:00။
Kaiလည်းဆေးရုံရောက်လာပြီး beomgyuနဲ့ taehyunကဆေးရုံဝိုင်းစောင့်ပေးနေသည်။ felixနဲ့ hyunjinကတော့ မိသားစုတွေကိုအသိပေးဖို့ထွက်သွားလေသည်။ -
-soobin သူနိုးလာတော့ သူ့ဘေးမှာ yeonjunကအိပ်နေသည်။ taehyunတို့အတွဲက ထိုင်နေကြသည်။ -
"နိုးလာပြီလား လူနာ"
-ဆရာဝန်ရောက်လာမှ ယောန်ဂျွန်းက လန့်နိုးလာသည်။ -
"ဟုတ်ကဲ့ "
"မင်းတို့ကောင်တွေဘဲလား။
ပထမတစ်ခေါက်ကလည်း မင်းမလား....ခြေထောက်ကျိုးတာက...."
"ဟုတ်ကဲ့ ဆရာ"
"သက်သာပြီဆို ရက်ချိန်းကိုသာပုံမှန်လာပြီး ဆေးအမြဲသောက်ရမယ်နော်။ "
"ဟုတ် ဆရာ...."
-ဆရာဝန်က သွေးပေါင်ချိန်တိုင်းပြီး မှာစရာရှိတာမှာကာ တစ်ခြာလူနာဆီကိုရောက်သွားခဲ့သည်။ -
"ဆေးရုံက ဆရာဝန်တောင်မှတ်မိနေလောက်တဲ့အထိနော် မင်းတို့နှစ်ယောက်က.... "
"ငါမိုးမိရုံပါ...."
"ဘာမိုးမိတာလည်း....မင်းမှာနှလုံးရောဂါရှိတာဘာလို့မပြောပြတာလည်း။ "
"ကျွန်တော်....ကျွန်တော်....
"မသိစေချင်တာသိပေမဲ့ ငါတို့အကုန်သိပြီးပြီ။
ဒါကြောင့် နောက်နေ့ကစလို့ မင်းဂရုစိုက်ရမယ်။ မနေ့ကငါ ဘယ်လောက်စိတ်ပူသွားလည်းသိလား။ "
"တောင်းပန်တယ်...စိတ်ပူစေခဲ့မိရင်"
-ဖြူဖက်ဖြူရော်မျက်နှာထားနဲ့ တောင်းပန်စကားဆိုနေတဲ့ အရှေ့ကကောင်လေးကို ကြည့်ရတာ စိတ်ပင်ပန်းရသည်။ -
"အနားယူလိုက်ပါ။
ညနေဆေးရုံဆင်းရင် အဒေါ်ကြီးဆီသွားရဦးမှာမလို့။ "
"အွန်း..."
- သူပြောတော့ တစ်သွေမတိမ်းလိုက်နာကာ ကုတင်ပေါ်ပြန်တက်သွားခဲ့သည်။ သူလည်း အခန်းထဲကထွက်ကာ သက်ပြင်းတစ်ချက်ချပြီး ထွက်လာခဲ့သည်။ -
*ခင်ဗျားဘာလို့စိတ်ပူနေရတာလည်း။
စိတ်မပူပေးပါနဲ့....ခင်ဗျားဆီက အဲ့လိုခံစားချက်မျိုးရတိုင်းအထင်လွဲနေမိဦးမယ်။ ဆန့်ကျင်ဘက်ဘဲ ယောန်ဂျွန်း....မျဥ်းပြိုင်တွေက ဆုံစည်းမှတ်မရှိကြဘူး။ *
*FOREVER*
တိုပေမဲ့ Updateဆက်နေမှာမလို့ ဒီလောက်ဘဲ...။
#jerry