KILL ME [JinKook]

By Freya_JinN

11.6K 1.4K 499

If you like action books, please read. I'll try my best to create this book. I swear it will be good.(◍•ᴗ•◍)... More

Prologue
Wanna live?
Truth???
Survival'
Where is Me?
Why?
Brother!
Accident?
Truth??
Park? Jack? J?
Accident?? (A)
Accident??(B)
Deep Deeper Deepest
The Begining of Begining
Second Time
A Real Witness?

Winner?

472 50 50
By Freya_JinN

-Unicode-

ဒုတိယအကြိမ်မြောက်ဆွေးနွေးပွဲကို စောင့်ကြည့်နေကြသော ကမ္ဘာကြီးသည် ဆွေးနွေးပွဲမတိုင်ခင် တစ်ပတ်ခန့်အလိုတွင် ထိုအရာထက် ပို၍ အံ့အားသင့်စရာအဖြစ်ကို ကြုံကြိုက်လိုက်ရသည်။ ယင်းမှာ Jack and J ဟု ကင်ပွန်းတပ်ထားသော ဖောက်ခွဲမှုဖြစ်စဉ်တစ်ခုကြောင့်ဖြစ်သည်။

ဂျပန်ရေပိုင်နက်အတွင်း ‌ပင်လယ်ရေမျက်နှာပြင်အောက် ပေနှစ်ထောင်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံအပေါ် အလတ်စားငလျင်တစ်ခုအဖြစ် သက်ရောက်စေသည်။ အသေးစားပျက်စီးဆုံးရှုံးမှုများကြောင့် ဂျပန်အစိုးရအဖွဲ့က ဂျက်ခ်ကို မကျေနပ်ကြောင်း ရိပ်ဖမ်းသံဖမ်းပြောလာသည်။ ဂျက်ခ်၏ ဩဇာက ဤမျှ ရှိနေပြီဖြစ်သည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများကပင် တိုက်ရိုက်ဆန့်ကျင်မှုကို ရှောင်ရသည်အထိပင်။

နိုင်ငံတကာကထွက်လာသော အသံဆူဆူများကြား ဂျက်ခ်မျက်နှာတွင် အပြုံးအပြည့်ဖြင့် ဖြစ်သည်။ သူက အရင်ကလို သာမန်လူဆိုးလေး မဟုတ်တော့။ သတိထားစောင့်ကြည့်နေရသည့် ထိပ်တန်းလူဆိုးစာရင်းဝင်လာပြီ ဖြစ်သည်။ သူ့တွင် ရန်သူစစ်စစ်တွေ များလာသလို၊ မိတ်ဆွေဟန်ဆောင်သော ရန်သူများလည်းများသည်။ သူ့ရင်ထဲမှ ဆူးငြောင့်တစ်ခုကို ရှင်းလင်းဖို့ရာ သူမိုက်မြဲ မိုက်‌မည်ဖြစ်သည်။

//##//##//

မြောက်ဘက်မှ စတင်ခဲ့ခြင်းဖြစ်သော်လည်း မြောက်မှာ သူတို့နှင့် ဂျက်ခ်သည် ပက်သတ်မှုမရှိကြောင်းသာ တွင်တွင်ငြင်းသည်။ Jackအကြောင်း သိရပါက တစ်ခုပါမကျန် သတင်းပေးမည့်အကြောင်းကိုလည်း ထပ်ကာထပ်ကာ ကတိပေးသည်။ ဂျက်ခ်၏ နူးကလီးယားနည်းပညာသည် ဒီမိုကရေစီနိုင်ငံများမှလည်း ရသွားနိုင်ခြင်းရှိကြောင်းထောက်‌ပြသည်။ ဂျက်အကြောင်း‌ကို ဝေဝေဆာဆာသတင်းထုတ်ပြန်ခြင်းအားဖြင့် Jကို အာရုံစိုက်မှုနည်းစေရန် ဆော့ဂျင်အားထုတ်နေသည်။ သတင်းများအရ ဂျက်ခ်နည်းတူ Jကလည်း နာမည်ကြီးစာရင်းဝင်နေသည့်အတွက် လွတ်ရာလွတ်ကြောင်းအနေနှင့် အသက်ရှူပေါက်ကို သူ အလျင်အမြန်ဖန်တီးလိုက်ရသည်။ အမေရိကန်နှင့်မျက်နှာပျက်မည်လည်း စိုးရိမ်ပြီး အခြားဒီမိုကရေစီနိုင်ငံများနှင့်ပါ ရန်တိုက်ပေး၍ရသည့်အတွက် ခေါင်းဆောင်က သူ့အစီအစဉ်ကို သဘောတူလိုက်ပါသည်။

နိုင်ငံ့သတင်းထုတ်ပြန်ရေးဌာနတွင် ဖြစ်သည်။ ကြိုတင်ရေးထားသော ဇာတ်ညွှန်းစာရွက်ကို အထပ်ထပ်အခါခါဖတ်ရင်း ဆော့ဂျင်သည် ရုပ်သံလွှင့်မည့် အချိန်ကို စောင့်သည်။ ယခုကဲ့သို့ ကိုယ်တိုင်ကြီးကြပ်နေရခြင်းမှာ တောင်နှင့်ပက်သတ်၍ သူ အမှားမခံနိုင်ခြင်းကြောင့်ဖြစ်သည်။ တတ်နိုင်သမျှ ရာဇဝတ်မှုတွေနှင့် သူကင်းကင်းနေချင်သည်။ မဖြစ်နိုင်သည့် ပုံစံခွက်ထဲရှိ သူ့ဘဝကို သူ့အားရှိသလောက်ရုန်းထွက်ချင်သည်။

သူစီစဉ်သည့် အတိုင်းပင် အရာအားလုံးကို ဂျက်ပေါ်ပုံချလိုက်ပြီး သူတို့ကိုယ်လွတ်ရုန်းသည့် သတင်းကို နိုင်ငံတကာသို့ အမှားအယွင်းမရှိထုတ်လွှင့်လိုက်နိုင်သည်။ သတင်းတင်ဆက်သည့် ခပ်ဝဝအမျိုးသမီးက ရိုးရာဝတ်စုံကြီး တကားကားဖြင့် အားမာန်အပြည့်တင်ဆက်ပြီး သူ့ရည်ရွယ်ချက်ကို အကောင်းဆုံးပုံဖော်ပေးလိုက်နိုင်သည်။ အမှန်ကိုအတည်ပြုစစ်ဆေးရန်ခက်ခဲသော ကိစ္စများအတွက်က ပါးစပ်ဇာတ်လမ်းတစ်ခုအပေါ်တွင်ပင် လမ်းဆုံးကြခြင်းသည် ထူးဆန်းသော ကိစ္စတော့မဟုတ်။

//##//##//

Internet Cafeထဲရှိ ထောင့်ကျကျနေရာတွင် computer တစ်လုံးဖြင့် တကုပ်ကုပ်အလုပ်ရှုပ်နေသော ကောင်လေးတစ်ယောက်ရှိ‌နေသည်။ အနက်ရောင် ခေါင်းစွပ်hoodieထဲမှ ကိုယ်လုံးကိုယ်ထည်မှာ ခပ်တောင့်တောင့်ပင်ဖြစ်သည်။ မျက်ခုံးနားထိဝဲကျနေသော ခေါင်းဆောင်းသည် သူ့မျက်နှာကို လုံခြုံအောင် ဖုံးကာပေးထားသည်။ ကွန်ပျူတာဖန်သားပြင်ကို ကြည့်နေရင်းမှ keyboardကို ငုံ့ကြည့်လိုက်တိုင်း ‌နှာတံ‌ပေါ်မှ လျှောကျလာတတ်သော လေးထောင့်မကျတကျ မျက်မှန်ကို ခဏခဏပင့်တင်နေရသည်။ သို့သော် ထိုသွယ်လျသည့် လက်တွေက ကျွမ်းကျင်မှုရှိစွာဖြင့် ခလုတ်များအပေါ်ပြေးလွှားသည်။ ကုတ်နံပါတ်တစ်ခုကို သူရိုက်ထည့်တိုင်းပေါ်လာသော အတားအဆီးများကို အခြားကုတ်များဖြင့် ဖြည်သည်။ screenပေါ်တွင် ကုတ်နံပါတ်များ ပြေးလွှားနေသည်မှာ စက္ကန့်မလပ်ပင်ဖြစ်သည်။

အားမလိုအားမရဟန်ဖြင့် နှုတ်ခမ်းများကို လျှာဖြင့်သပ်ရင်း မျက်မှန်အောက်မှ မျက်ဝန်းများမှာလည်း စူးရှလာလေသည်။ ကြာလေတော့ မျက်မှန်သည် အနှောင့်အယှက်ဖြစ်ဟန်ဖြင့် ဘေးမှ notebookပေါ်တွင်သာ ငြိမ်သက်ရ၏။

အားပိုစိုက်ရသော မျက်လုံးများကို မှေးဆင်းရင်း သူ့လက်တွေက ပို၍ပို၍မြန်လာသည်။ အားအပြည့်ဖြင့် Keyboardရိုက်သံသည် ထိုအခန်းထဲတွင် ခပ်စိပ်စိပ်ထွက်ပေါ်နေသော်လည်း အခြားသူများ၏ ဆူညံစွာပြောဆိုနေသော စကားသံများကို မကျော်နိုင်ပေ။

"BINGO!"

နှစ်နာရီနီးပါး အချိန်ကုန်ပြီးနောက် secreenတွင် access ရနေပြီဖြစ်သော နိုင်ငံတော်အဆင့်လုံခြုံ‌ရေးဖြင့် accountတစ်ခု။ အစိမ်းရောင်အမှန်ခြစ်လေးဖြင့် ထိုဖိုင်ကို အသာဖွင့်ပြီး downloadယူလိုက်သည်။ ချက်ချင်းပင် stickထဲ ကူးထည့်ပြီး သူ့လမ်းကြောင်းများကို အပြီးတိုင်ရှင်းလင်းလိုက်သည်။

လက်ဆစ်များကို ‌တဖြောက်ဖြောက်ချိုးရင်း အညောင်းဆန့်လိုက်သည်။ ခေါင်းကိုဘယ်ညာ‌စောင်းရင်းမှ လက်နှစ်ဖက်ကို အပေါ်ကိုမြှောက်တင်လိုက်သည်။ ‌ တဖြောက်ဖြောက်အသံများမြည်သွားပြီး ထိုကောင်လေးမျက်နှာက ခပ်ပြုံးပြုံးဖြစ်သွားသည်။

notebookပေါ်မှ မျက်မှန်ကိုပြန်ကောက်စွပ်ပြီး မျက်နှာအုပ်လုနီးနီး Hoodieခေါင်းစွပ်ကို ပုံကျအောင်ပြင်သည်။ Notebookလေးကို ကျောပိုးအိတ်ထဲ ပြန်ထည့်ရင်း Stickလေးကိုပါ သီးသန့်တစ်ပါတည်းထည့်သည်။ ကျောပိုးအိတ်ကို သေချာကောက်လွယ်ပြီး လက်နှစ်ဖက်က အနွေးထည်ထဲ ထည့်သည်။ ထို့နောက် လေလေးတချွန်ချွန်ဖြင့် အခန်းထဲမှ အေးအေးလူလူထွက်သွားတော့သည်။

//##//##//##//

"တောက်"

ကျယ်လောင်သော တောက်ခေါက်သံကြောင့် မနက်စာစားနေရာမှ ဧည့်ခန်းသို့ ဂျောင်ကုကြည့်မိသွားသည်။ သူ့နည်းတူ မိခင်ဖြစ်သူကလည်း ကြည့်နေသည်။ ဧည့်ခန်းထဲတွင်က ဖခင်ဖြစ်သူက လူတစ်ယောက်နှင့် စကားပြောနေသည်။

"ငါ့ကို ကျော်ပြီး လုပ်ချင်နေတာတွေကို မသိရင် ခက်မယ်။ ဒီရက်ပိုင်း ဘာမှ မလုပ်ပါနဲ့ဦးဆိုတာကို ပြောလို့မရဘူး။ ငါမသိအောင်လုပ်ပြီး အခုလိုထိန်းချုပ်မရဖြစ်တော့ကောင်းလား။ ဂျက်လုပ်ပုံက ကောင်းသေးလား။ နောက်ကျရင် ဘာမှမဖြစ်သလိုလုပ်ပေးဆိုပြီး ငါ့ကိုခိုင်းလာအုံးမယ်။"

ဧည့်ခန်းထဲထိ ကျယ်‌ကျယ်လောင်လောင်ဖြစ်နေပုံထောက်လျှင် ကြီးကျယ်သည့်ကိစ္စတစ်ရပ်ဖြစ်မှန်း သူတို့သိလိုက်သည်။

"ကျွန်တော်တို့ တားနေတဲ့ကြားကနေမှ ဂျက်ခ်က Jကို ခေါ်ပြီး......"

"ခွပ်"

"ဘယ်သူပါသေးလဲ။ အဲ့နေရာကို ဘယ်သူထပ်သိသွားသေးလဲ။"

"JMရောပါ။"

"ခွပ်"

နားစွန်နားဖျားကြား‌နေရသော အသံများကို မသိကျိုးကျွန်ပြုရင်း ထမင်းစားပွဲမှ ထလိုက်သည်။

"ကောင်းကောင်းစားခဲ့ပါတယ်။"

"ဪအေး နည်းတယ်နော် သားလေး။"

"ဒီရက်ပိုင်း အလုပ်ရှုပ်နေလို့ပါ။"

သူ့အခန်းဆီတက်ရန် စာကြည့်ခန်းနားမှ ဖြတ်လျှောက်ခိုက်တွင် လူတစ်ယောက်၏ နာနာကျင်ကျင်အော်သံတစ်ခုက သူ့နားထဲ တိုးဝင်လာသည်။

"အားး!"

သူ့မျက်လုံးတွေကို မှိတ်ပစ်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်သည်။ သူဘယ်လိုတွေ တည့်မတ်ပေးရမလဲ တကယ်ကို မသိတော့တာဖြစ်သည်။ ဘယ်ကနေစပြီး အိမ်မှာပါ ထင်‌ထင်ပေါ်ပေါ်တွေဖြစ်နေခဲ့လဲ သူမသိတော့ပါ။

"ဂျောင်ကုရေ..."

"ဟုတ်ကဲ့။"

လှေကားကို တက်နေရင်းမှ အသံကြောင့်နောက်ပြန်လှည့်ကြည့်လိုက်သည်။ ဖခင်ဖြစ်သူက သူ့ကိုအစွမ်းကုန်ပြုံးပြနေရင်းမှ လက်ယက်ပြီးခေါ်လာသည်။ စာကြည့်ခန်းဆီ ဦးဆောင်ပြီး ထွက်သွားရင်းမှ

"အခန်းထဲကို ခဏလာခဲ့ပါအုံး။"

ပြောင်းလဲခြင်းမရှိသောမျက်နှာဖြင့် သူခေါင်းညိတ်ပြလိုက်ပြီးမှ တည်တည်ငြိမ်ငြိမ်ပင် အခန်းထဲဝင်လိုက်သည်။ အညိုအမဲစွဲနေသော မျက်နှာဖြင့် သူမမြင်ဖူးသည့်လူတစ်ယောက်က သူ့ကို ခေါင်းငုံ့နှုတ်ဆက်ရင်းမှ အခန်းအပြင်ကို ထွက်သွားသည်။ ဗိုက်နေရာကို လက်ဖြင့်ခပ်ဖွဖွဖိထားပြီး လက်ချောင်းများကြားမှ အနီရောင်များကို သူမြင်ဖြစ်အောင်မြင်လိုက်သည်။ တင်းကနဲဖြစ်သွားသော မေးရိုးနှင့်အတူ သူ့သွားများလည်း ကျင်ကနဲဖြစ်သွားသည်။

"နိုင်ငံတကာအကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့မှူးက မင်ယွန်ဂီနော်။"

"ဟုတ်ကဲ့။"

"အင်း သူက ဘယ်လိုမျိုးလဲဆိုတာ သေချာပြောပြ။ သူရဲ့လက်တလော မစ်ရှင်တွေအပြင် ဘာတွေကြိုက်လဲ။ မိသားစုနောက်ခံက ဘာလဲဆိုတာ။"

သူက မတုန်မလှုပ်မျက်နှာဖြင့် သူ့အဖေကို မျက်လုံးချင်းဆုံအောင်ကြည့်သည်။ ထိုင်ရာမှမထဘဲ ကိုယ်တိုင်စုံစမ်းနိုင်ပါလျက်နဲ့ သူ့ကို မေးနေသည်က သင်္ကာစရာမရှိပါ။

"နိုင်ငံ့ဝန်ထမ်းတစ်ယောက်ရဲ့ နောက်ကြောင်းကို ခွင့်ပြုချက်မရှိဘဲ စုံစမ်းတာက ပြစ်မှုမြောက်ပါတယ်။ ပြီးတော့ ကိုယ့်ပါတနာရဲ့ လျှို့ဝှက်ချက်နဲ့ ကိုယ်ရေးကိုယ်တာကို စောင့်ထိန်းရတာက ကျွန်တော်တို့ရဲ့ အဓိကကျင့်ဝတ်ပါ။ အဖေဆိုရင်တောင် ကျွန်တော်မပြောနိုင်ပါဘူး။"

"ဟား ဟား ဒါဆို ဒီလိုဆိုရင်ရော။"

ဖခင်ဖြစ်သူက ရယ်ရင်းနှင့်မှ သူ့ရှေ့သို့ အညိုရောင်စာအိတ်ရှည်တစ်ခုကို ပစ်ပေးလာသည်။ မရိုမသေဟန်ဖြင့် ဘုတ်ကနဲမြည်အောင်ပစ်ပေးလိုက်ပြီး ဖွင့်ကြည့်လိုက်ဆိုသည့်သဘောဖြင့် သူ့ကို မျက်ခုံးတစ်ဖက် ပင့်ပြလေသည်။

ချိတ်ပိတ်ထားသော ကြိုးလေးကို အသာဖြည်ရင်းမှ အထဲမှစာရွက်များကို ကြည့်မိသည်။ ဘာလဲဆိုတာသိနေပြီး စိတ်လှုပ်ရှားလာ၍ သူ့လက်များ တုန်ရီလာသည်ဟုပင် ထင်မိသည်။

အထဲမှ ထွက်လာသည်က အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့မှူးကို စောင့်ကြည့်ရန် တာဝန်ပေးသည့် စာရွက်ဖြစ်သည်။ သမ္မတအိမ်တော်မှ တံဆိပ်တုံး ထုထားသည့်အပြင် သမ္မ၏ လက်မှတ်ပါ တစ်ပါတည်းပါသည်မို့ နိုင်ငံ့အထူးအရေးကြီးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်၍ရသည်။

သူ ဖခင်ဖြစ်သူကို တစ်ချက်ငေးကြည့်တော့ ရေငတ်တုန်းရေတွင်းထဲကျဆိုသည့် မျက်နှာပေးဖြင့် သူ့ကို ပြန်ကြည့်နေသည်။

"အထူးလျှို့ဝှက်ချက်တစ်ခုအနေနဲ့စောင့်ကြည့်ခိုင်းတာမို့ အခြားသူမဟုတ်ဘဲ မင်းကိုပဲ ထပ်ပြီး တာဝန်ပေးမယ်။ မင်ယွန်ဂီရဲ့ လှုပ်ရှားမှုမှန်သမျှကို ငါ့ကိုသတင်းပို့ပါ။ ဒီအခွင့်အရေးက သမ္မတဆီက ယုံကြည်မှုကို ရအောင်ယူနိုင်ဖို့ အကောင်းဆုံးပဲ။"

"ဘယ်လိုပဲ သမ္မတလို့ ပြောပြော ကျွန်တော့်ပါတနာအပေါ်ကိုတော့ သစ္စာမဖောက်နိုင်ဘူး။ ပါတနာတစ်ယောက်အနေနဲ့ ယုံကြည်လို့ အတူတကွလုပ်ခဲ့တဲ့ ကိစ္စတွေကိုလည်း အခြားသူ‌ကို ကျွန်တော်ပြန်မပြောပြနိုင်ပါဘူး။"

သူကြုံနေရတာ ဘယ်လိုဘေးကြပ်နံကြပ် အခြေအနေကြီးလဲ။ သမ္မတရယ်။ သမ္မတရဲ့သားရယ်။ နောက်ပြီး သူ့အဖေဖြစ်သူရယ်။ သူက သုံးယောက်ကြားညပ်မည့်ကိစ္စမျိုးတော့ အဖြစ်မခံနိုင်။ အစကတည်းက ဝင်မပါမိအောင်နေတာက အကောင်းဆုံးနည်းလမ်းဖြစ်လိမ့်မည်။

"အင်း မင်း ဒီလိုပြောလိမ့်မယ်တော့ တွေးပြီးသားပါ။ ငါ့သွေးသားစစ်စစ်က ဒီလောက်ဖြောင့်မတ်နေတာက ငါ့အတွက် ဂုဏ်ယူစရာပါပဲ။ ဒါနဲ့ ငါ့ဆီမှာ တချို့အချက်အလက်တွေရှိပြီးသားပါ။ သေချာအတည်ပြုကြည့်ချင်ရုံပဲ။ ဟားဟား။"

စိတ်ဆိုးသွားလိမ့်မည်ဟု ထင်ထားသောလည်း ထင်မှတ်မထားသည့်တုန့်ပြန်မှုကြောင့် သူကြောင်အကာ ငေးမိသွားသည်။ သူ့ဖခင်သည်လည်း မှန်းဆ၍မရသည့် လူတစ်ဦးပင်ဖြစ်သည်။

"သမ္မတကြီးက ဘာအတွက်ကြောင့် ယွန်ဂီHyungကို စောင့်ကြည့်ချင်ရကြောင်းပြောပြလား။ နောက်ပြီး ဘာလို့ အဖေ့ကိုမှလဲ။"

သူခန့်မှန်းရ‌သလောက် ယွန်ဂီHyungနှသ့် သမ္မတတို့ပတ်သက်မှုကို သူ့အဖေမသိသေး။ သမ္မတကြီးက ထိုတာဝန်ကိုပေးရခြင်းက သူ့အဖေကို အလုပ်ရှုပ်စေဖို့နှင့် သူ့သားဖြစ်သူ ပိုသတိထားနိုင်ရန်အတွက် သတိပေးခြင်းတစ်မျိုးဖြစ်လိမ့်မည်။ သမ္မတကိုယ်တိုင်က စောင့်ကြည့်နေသည့်အတွက် ဂျွန်ဂီယောင်းမှလည်း ယွန်ဂီအပေါ် လက်လွတ်စပယ် လုပ်ရဲတော့မည်မဟုတ်ပေ။

"ငါ့လက်တံတွေ သိပ်ရှည်တာ သူသိပြီး ငါ့ကို ယုံကြည်ပါတယ်ဆိုတဲ့ သဘောကို ပြချင်တာနေမှာပေါ့။ ဒါမှမဟုတ်ရင်‌တော့ ခင်ဗျားက သမာန်ပမွှားကောင်လေးတစ်ယောက်ကိုသာ ဖြစ်မြောက်အောင် စောင့်ကြည့်ပါဆိုတဲ့သဘောနဲ့ ငါ့ကို နှိမ်ချလိုက်တာပဲ။"

"နိုင်ငံတကာအကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ကို သာမန်ပမွှားလေးလို့ ပြောချင်တာလား အဖေ။ထမ်းဆောင်ရတဲ့တာဝန်တွေ၊ လုပ်လိုက်ရတဲ့ မစ်ရှင်တွေကို သေချာမသိဘဲ မပြောသင့်ဘူး။"

အလုပ်ကို ထိခိုက်လာသည်မို့ သူ့အသံက ပုံမှန်ထက် အနည်းငယ်ပိုကျယ်သွားလည်း သူ့အဖေကတော့ သတိမထားမိပါ။

"ဂျက်ခ်တစ်ယောက်နဲ့တင်ကို ချာချာလည်နေတဲ့ဌာနကိုလား။"

"ဘယ်လိုနေနေ နောက်တစ်ယောက်သာ တာဝန်ပေးလိုက်ပါ။ ဌာနတစ်ခုလုံးလည်း ကျွန်တော်နဲ့ယွန်ဂီHyungကလွဲရင် အကုန်လုံး အဖေ့လူတွေပဲမလား။ ဒါဆို ခွင့်ပြုပါအုံး။"

ကြာလာလျှင် တစ်ယောက်တစ်ခွန်းစကားများလာနိုင်သည်မို့ စကားဖြတ်ကာ သူနှုတ်ဆက်လိုက်သည်။ သူ့ဖခင်က လက်တစ်ဖက်ကို အသာရမ်းပြကာ ထွက်သွားဖို့ ခွင့်ပြုမှ သူ့အခန်းဆီ ပြန်တက်လာခဲ့လိုက်သည်။

//##//##//##//

Ah Nann

ဘူးသီးသည်အစ်မကြီးအား Surprise တိုက်ခြင်း။

#20.9.22





#####################







Continue Reading

You'll Also Like

174K 26.5K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
29.8K 2.4K 72
ဖတ်ကြည့်နော်😉😉
279K 48.5K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
52.4K 4.1K 58
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...