Slowly Falling For Changkong...

By ANyein_26

50.2K 5.4K 165

COMPLETED โœ”๏ธ Author - Ban Li Zi , Chestnut Chapter - 56 + 10 extras Started Date -1.9.2022 Ended Date- 22.1... More

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18.1
Chapter-18.2
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แ )
Chapter-58 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แ‚ )
Chapter-59 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แƒ )
Chapter-60 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แ„ )
Chapter-61 ( แ€œแ€€แ€บแ€‘แ€•แ€บแ€แ€ฝแ€„แ€บแ€ทแ€แ€ฑแ€ฌแ€„แ€บแ€ธแ€แ€ผแ€„แ€บแ€ธ )
Chapter-62 ( แ€œแ€€แ€บแ€‘แ€•แ€บแ€‘แ€ญแ€™แ€บแ€ธแ€™แ€ผแ€ฌแ€ธแ€แ€ผแ€„แ€บแ€ธ )
Chapter-63 ( แ€€แ€œแ€ฑแ€ธแ€œแ€ฑแ€ธ )
Chapter-64 ( Date )
Chapter-65 ( แ€•แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€›แ€ฝแ€พแ€ฑแ€ทแ€แ€ผแ€„แ€บแ€ธ )
Chapter-66 ( แ€แ€ฑแ€ทแ€›แ€ญแ€แ€ปแ€”แ€บ ) The End

Chapter-11

622 97 5
By ANyein_26


ရှန့်ချန်ခုန်းသည် သူ့စကူတာကိုရဲစခန်းသို့ယူဆောင်လာခဲ့၏။ သူတို့နှစ်ယောက် စကူတာအနားရောက်ချိန်တွင် သူလှည့်၍ ရွှီလျန်အားစကားဆိုလိုက်သည်။

"ဒါဆို ကျွန်တော် အရင်သွားနှင့်တော့မယ်နော်"

သူထွက်သွားတော့မည်ကို ရွှီလျန်မြင်သောအခါ သူမသည် လက်လှမ်း၍ နောက်ထိုင်ခုံပေါ်ကအနွေးသေတ္တာဘုံးကိုလှမ်းဆွဲလိုက်လေ၏။

နောက်လှည့်ကြည့်ရင်း ရှန့်ချန်ခုန်း သူမအားပဟေဠိဆန်ဆန်ကြည့်လျက်

"တခြားတစ်ခုခုများရှိသေးလို့လား"

ထိုအခိုက်အတန့်၌ ရွှီလျန်သည် ရှန့်ချန်ခုန်းနှင့်ပတ်သတ်၍ ကျန်းကော်အာ၏ဖော်ပြချက်က အလွန်မှန်ကန်ကြောင်းဝန်ခံရပေမည်။ သူ့မျက်လုံးတွေဟာ လွမ်းဆွေးဖွယ်ကောင်းပြီး ကြယ်များဖြင့်တလက်လက်တောက်ပနေသော ကျယ်ပြောလှသည့်ကောင်းကင်ကြီးကဲ့သို့နက်ရှိုင်းလှ၏။ သူ့အကြည့်တွေကြောင့် ခံစားချက်တွေတိမ်းညွှတ်လာရင်း သူမကထပ်ပြော၏။

"ကျွန်မကတော့ ရှင်ဆေးရုံသွားပြီးစစ်ဆေးသင့်တယ်လို့ ထင်နေတုန်းပဲ"

သူမ သူ့ကိုအဘယ်ကြောင့်မပြီးနိုင်မဆုံးနိုင်အပူကပ်နေမိမှန်းလဲ သူမလည်းမသိတော့ ၊ သူမကိုယ်တိုင်၌လည်း စိတ်တိုလာရသည်။ ရှန့်ချန်ခုန်းကတော့ သူအဆင်ပြေပါတယ်..သူ့မှာလုပ်စရာအလုပ်ရှိနေလို့ပါဟူ၍သာဆို၏။

ခဏကြာပြီးနောက် သူက ရိုးရိုးရှင်းရှင်း'ဂွတ်ဘိုင်'ဟုနှုတ်ဆက်ကာထွက်သွားတော့လေသည်။

ရွှီလျန်သည် ပြန်လှည့်၍ သူမဆိုင်ကိုပြန်ရန် တက္ကစီမတားခင် လှည့်ထွက်သွားသောသူ၏နောက်ကျောပြင်ကို အတန်ကြာစိုက်ကြည့်နေခဲ့သည်။

ဆိုင်ကအနည်းငယ်သာရှုပ်ပွနေခဲ့ခြင်း ၊ ကြမ်းပြင်ပေါ်ကျနေသည့်ဖယောင်းတိုင်အနည်းငယ်မှလွဲ၍ သူမ၏တခြားဘယ်ပစ္စည်းကမှ မပျက်စီးခဲ့ပေ ၊ အဆုံးမှာတော့ သန့်ရှင်းရေးလုပ်ရန်အခက်ခဲဆုံးအရှုပ်ထုပ်ကတော့ သူမကိုယ်တိုင်ဖျက်စီးလိုက်သည့်ပန်းအိုးအကွဲပဲ။

ဖန်နှင့်ကြွေထည်အပိုင်းအစတွေကတော့ သန့်ရှင်းဖို့အချိန်အကြာကြီးယူရမှာမဟုတ်...သို့သော် အိုးထဲကမြေကြီးကတော့ ပျံ့ကြဲနေလျက် နေရာတိုင်းပေပွလျက်ရှိနေခဲ့သည်။ ရွှီလျန်သည် ပထမထပ်တစ်ခုလုံး စေ့စေ့စပ်စပ် သန့်ရှင်းရမည်ဖြစ်ကြောင်း ခန့်မှန်းလိုက်သော်ငြားလည်း သူမအလွန်ပျင်းရိနေ၏။ ထို့အပြင် ဒီပန်းအိုးက သူမအကြိုက်ဆုံးAnthurium(ပိန်းပန်း)အိုးပဲ...

ရွှီလျန်မှာ Anthuriumပန်းတွေအများကြီးရှိပေမဲ့လည်း ဤပန်းအိုးတစ်အိုးချင်းစီတိုင်းက သူမအကျေနပ်ဆုံးဝယ်ယူမှုတွေပဲ ၊ အထူးသဖြင့် ဤပန်းတွေ၏အရောင်ဟာ ရွှန်းလဲ့တောက်ပကာ သူမကြည့်လိုက်သည့်အချိန်တိုင်း ၎င်းပန်းတွေဟာ သူမအားအမြဲလိုလိုအနည်းငယ်အကောင်းမြင်စေခဲ့သည်။ သို့သော် ယခုအချိန်မှာတော့ ပန်းတွေကကြမ်းပြင်ပေါ်တွင် ညှိုးငယ်စွာပြန့်ကျဲနေရင်း သူတို့လေးတွေကိုပြန်ကယ်လို့ရနိုင်မလားကိုလည်း ရွှီလျန်မသိတော့။

သူမ ပန်းတွေကိုကောက်ယူကာ ညင်ညင်သာသာပွတ်သပ်လိုက်ပြီး နောက်ကျရင် ပန်းဆိုင်သို့ယူသွားရန်အတွက် ထုပ်ပိုးထားလိုက်တော့သည်။ သူတို့လေးတွေကိုစစ်ဆေးပေးရန် သူမ ပန်းသည်ကိုအကူအညီတောင်းပြီး ပန်းအိုးအသစ်တစ်အိုးတွင် သေချာကျကျနန ပြန်လည်စိုက်ပျိုးမည်။

သူမဆိုင်ကို ယာယီနှစ်ရက်ပိတ်ထားရန်ဆုံးဖြတ်လိုက်၏။ ဘယ်လိုပဲဖြစ်ဖြစ် သူမကလာမြဲအတိုင်းလာပြီး အပေါ်ထပ်မှာပဲအလုပ်လုပ်မှာဆိုတော့ ဆိုင်ပိတ်ထားခြင်းက သူမအော်ဒါတွေကို အများကြီးသက်ရောက်မှုတော့ရှိမှာမဟုတ်ဘူး။

သူမဖုန်းကိုထုတ်ပြီး ကျန်းကော်အာကို သူမနောက်နှစ်ရက်အလုပ်လာစရာမလိုကြောင်း အကြောင်းကြားတော့မည့်အချိန်၌ သူမဖုန်းသံမြည်လာခဲ့၏။

ဝေ့ရိချန်ပဲ ၊ ဗီဒီယိုကောခေါ်ဆိုလာခြင်း..

ရွှီလျန်က လက်ဖျားထိပ်ဖြင့်လက်ခံသည့်ခလုတ်ကိုနှိပ်လိုက်သည်။

"ရွှီလျန် မင်းအဆင်ပြေရဲ့လား? ငါ အားမောင်ပြောတာကြားခဲ့တာ ကျူးပင်းကမင်းဆိုင်ကိုလာပြီးပြဿနာရှာခဲ့တယ်ဆို..မင်းထိခိုက်မိသေးလား"

ဝေ့ရိချန်၏စိုးရိမ်နေသောအသံနှင့်ဆန့်ကျင်ဘက် ရွှီလျန်၏အသံဟာအေးစက်နေခဲ့သည်။ သူမဖုန်းကိုလှည့်ပြီး ကင်မရာအားသူမဆိုင်ဘက်သို့ပြလိုက်၏။ လှည့်ပတ်ပြရင်း

"နင်ဘယ်လိုထင်လဲ"

ဝေ့ရိချန်က သူမဆိုင်၏အခြေအနေကိုကြည့်ပြီး ဆူပူကြိမ်းမောင်းတော့၏။

"မင်းစိတ်ချပါ၊ မင်းဆိုင်မှာဖြစ်ခဲ့တဲ့ဆုံးရှုံးမှုတွေနဲ့အပျက်အစီးအားလုံးကို ငါတာဝန်ယူမယ်.. ငါအပြန်လက်မှတ်ဝယ်ပြီးသွားပြီ ငါကျူးပင်းနဲ့စာရင်းသွားရှင်းလိုက်မယ်"

ရွှီလျန် : "သူတို့ ဆုံးရှုံးမှုအတွက် ငါ့ကိုလျော်ကြေးပေးပြီးပြီမလို့ နင်ကငါ့ဆိုင်ကို ငါ့အစားလာရှင်းပေးသင့်တယ်"

"ကောင်းပြီ ပြဿနာမရှိဘူး၊ မင်းပြောတာမှန်သမျှငါအကုန်လုပ်မယ်"

ဝေ့ရိချန်ဟာ ကျူးပင်းကလက်တုံ့ပြန်လိမ့်မယ်မှန်း ကြိုတင်မျှော်မှန်းထား၏။ ထို့ကြောင့် သူထွက်မသွားခင်၌ သူ့ဘားနှင့်ပတ်သတ်သည့်ကိစ္စများအား သေချာစီစဉ်ထားခဲ့သည်၊ သို့သော် ကျူးပင်းက ရွှီလျန်ကိုသွားရှာပြီး သူမအားပြဿနာရှာလိမ့်မယ်လို့တော့ သူလုံးဝမ​မျှော်လင့်ထားခဲ့ဘူး။

"ဒီလိုကိစ္စမျိုးနောက်ဘယ်တော့မှထပ်မဖြစ်စေရဘူး ငါကတိပေးတယ်"

ရွှီလျန်ကတော့ ဝေ့ရိချန်ကတိစကားကို အလေးအနက်သိပ်မထားခဲ့ ၊ ဆန့်ကျင်ဘက်အနေဖြင့် သူမသည် သူမ၏အချိန်အကြာကြီးဆုပ်ကိုင်ထားခဲ့သောသဘောထားအမြင်ကို အတည်ပြုနိုင်ခဲ့သည် — ရင်းနှီးသောဆက်ဆံရေးများဖြစ်ပေါ်လာသည့်အခါ ပြဿနာများလည်း မလွဲမသွေ ရောက်ရှိလာပေလိမ့်မည်။

သူမသည် ဝေ့ရိချန်နှင့် ထိုမမြင်နိုင်သောစည်းကို ဘယ်တော့မှမကျော်ခဲ့သော်လည်း အခြားသူတွေက သူတို့နှစ်ယောက်ဟာ'ရင်းနှီး'သည်ဟုယူဆသဖြင့် သူမအားဒုက္ခရောက်စေခဲ့သည်။

သူမ ဖုန်းချပြီးနောက် ငွေရှင်းကောင်တာနားရှိတစ်စုံတစ်ခုအား ရိပ်ခနဲမြင်လိုက်ရ၏။ သူမမှာထားခဲ့သည့် Chicken Set...

သူမ ကောင်တာနားလျှောက်သွား၍ ဘူးကိုကိုင်ကြည့်၏။ အစားအသောက်တွေကအေးစက်နေပြီဖြစ်ကာ ငွေ့ရည်ဖွဲ့ခြင်းကြောင့် ရေစက်အနည်းငယ်က ဘေးနားမှတစ်စက်စက်ကျနေခဲ့သည်။ ဘာကြောင့်မှန်းမသိ ရှန့်ချန်ခုန်းမျက်နှာက သူမစိတ်ထဲတစ်ဖန်ပြန်ပေါ်လာပြီး ထူးဆန်းသည့်ခံစားချက်ပါဖြစ်ပေါ်လာခဲ့၏။ သူမဖုန်းထဲက Takeaway App ကိုဖွင့်ပြီး ပထမဆုံးအကြိမ်ဖြင့် အစားအသောက်ပို့ဆောင်သောအမျိုးသားနာမည်အား အာရုံစိုက်ခဲ့သည်။

ရှန့်ချန်ခုန်း..

သူမစိတ်ထဲကနေ နာမည်ကိုရေရွတ်လျက် ထိုသူ့အား five-star အဆင့်ပေးလိုက်သည်။

App ကိုပိတ်ပြီးနောက် သူမ၏အတော်ကြာအေးစက်နေသောနေ့လည်စာအားယူပြီး သူမ၏Anthuriumကိုထည့်ထားရန်အိတ်တစ်အိတ်ရှာခဲ့၏။ ထို့နောက် သူမဆိုင်ကိုပိတ်ပြီး ကားမောင်းထွက်လာခဲ့တော့သည်။ သူမ၏ပထမဆုံးမှတ်တိုင်က အနီးရှိပန်းဆိုင်တစ်ဆိုင်ဖြစ်ကာ သူမ၏Anthuriumကိုပြန်စိုက်လို့ရ၊မရ ပန်းသည်အားမေးရန်ဖြစ်သည်။

"ရပါတယ် အမြစ်တွေမပြတ်သေးသရွေ့ သူတို့အသက်ရှင်နိုင်စွမ်းရှိတယ်၊ မင်းသွားပြီးတော့နောက်ထပ်ပန်းအိုးရွေးလိုက် ငါမင်းအတွက်ပြန်စိုက်ပေးလို့ရတယ်"

ရွှီလျန်၏ပန်းတွေအများစုက နူးညံ့သိမ်မွေ့သောပင်ကိုယ်စရိုက်ရှိသည့် ဤငယ်ရွယ်တဲ့ပန်းသည်လေးထံမှရလာခဲ့ခြင်းဖြစ်သည်။

ရွှီလျန် ဆိုင်ကိုလှည့်ပတ်ကြည့်နေပြီး နောက်ဆုံးတွင် သူမခွဲခဲ့သောပန်းအိုးနှင့်ဆင်တူသည့်အိုးတစ်အိုးကိုသာရွေးခဲ့၏။

"ဖြည်းဖြည်းချင်းလုပ်ပါ ကျွန်မမနက်ဖြန်မှပြန်လာခဲ့မယ်"

"ကောင်းပါပြီ"

ဆိုင်ပိုင်ရှင်ကခေါင်းညိတ်ပြီးဆို၏။

"ငါမင်းဆီကနေယူခဲ့တဲ့နောက်ဆုံးတစ်ခေါက်ကဒ်လေးတွေက ရောင်းကုန်ခါနီးနေပြီ... ငါနောက်ထပ်ထပ်မှာချင်တယ်"

ရွှီလျန်၏ဂျစ်ပဆမ်ကဒ်ပြားလေးတွေက ဤပန်းဆိုင်၌လည်း အလွန်ရောင်းကောင်းကာ အများစုက သူတို့ဝယ်ယူခဲ့သည့်ပန်းစည်းများနှင့်တွဲဖက်ရတာကြိုက်ကြလေသည်။

"ရပါတယ် ဒါပေမဲ့ ကျွန်မမှာ ဒီလအတွက်အော်ဒါတွေအများကြီးရှိတယ် အဲဒါကြောင့် ကျွန်မအများကြီးတော့လုပ်ပေးလို့မရဘူး"

"ငါနည်းနည်းပဲမှာမှာပါ မင်းအလုပ်မများတဲ့ထိငါစောင့်နေပါ့မယ်"

မကြာခင် နှစ်ယောက်ကကဒ်အရေအတွက်နှင့်ပို့ရမည့်အချိန်ကိုလည်း သဘောတူလိုက်ကြတော့သည်။ ထို့နောက် ရွှီလျန်သည် ပန်းဆိုင်မှထွက်လာကာ အိမ်ကိုပဲတန်းတန်းပြန်ရန်စီိစဉ်ထားခဲ့ပေမဲ့ အနီးအနား၌ ပန်းဆိုင်ပိုင်ရှင်၏သမီးက ပန်းချီဆွဲနေသည်ကိုသတိပြုမိလိုက်၏။

သူမ ခေါင်းငုံ့ကြည့်လိုက်တော့ ကောင်မလေးက Starlight ပန်းခြံရှိပန်းပင်လယ်ကိုဆွဲနေခဲ့သည်။ ပန်းရောင်စုံတွေဟာညှို့ယူဖမ်းစားနေလျက် တစ်စုံတစ်ယောက်အား နတ်ဘုံတမျှလှပဆန်းကြယ်လှသောနေရာကို ချောင်းကြည့်နေသကဲ့သို့ခံစားရစေ၏။

ရွှီလျန်က အနားမှဖြတ်သွားရင်လက်လှမ်းပြလိုက်သည်။

"ဂွတ်ဘိုင် ကောင်မလေး"

ထိုကောင်မလေးလည်း အပြုံးဖြင့်မော့ကြည့်လာရင်း လက်ပြန်ပြခဲ့၏။

ရွှီလျန် အိမ်သို့ပြန်ရောက်ပြီးနောက် အေးစက်နေသည့်ကြက်သားတွေကို မိုက်ခရိုဝေ့ထဲထည့်ပြီး ဧည့်ခန်းထဲထိုင်ကာစားတော့သည်။ သူမသည် ဝူးလုံစားသောက်ဆိုင်ကဤ Chicken Set ကိုအခေါက်ပေါင်းများစွာစားခဲ့ဖူးသည်။ အထူးသဖြင့် ဒီဟာကမကောင်းပေမဲ့လည်း သူမအကြိုက်နှင့်ကိုက်၏။

သို့သော် ယနေ့ညမှာတော့ သူမသည် ပုံမှန်နှင့်မတူ ကွဲပြားသည့်အရသာအနည်းငယ်ရနေ၏။

သူမပြန်နွှေးထားခဲ့လို့များလား?

ရွှီလျန် သူမဖုန်းကိုကောက်ယူ၍ Takeaway App ကိုဖွင့်လိုက်သည်။ ပုံမှန်အားဖြင့် သူမ review တွေမရေးတက်သော်လည်း အချို့အကြောင်းပြချက်ကြောင့် ရုတ်တရက် သူမမှတ်ချက်တစ်ခုရေးချင်ခဲ့သည်။

"ဒီနေ့ Chicken Set ကအခြားစားဖိုမှူးလုပ်တာလား? ပုံမှန်ထက်အရသာပိုရှိနေတယ်၊ ဒါ့အပြင် ကျွန်မ ပစ္စည်းပို့တဲ့သူကို အထူးတလည်ချီးကျူးချင်တယ်... ဒီနေ့သူ့ရဲ့အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်"

ခဏကြာပြီးနောက် စားသောက်ဆိုင်ကပြန်ဖြေလာခဲ့၏။

"စားဖိုမှူးမပြောင်းပါဘူး မိန်းကလေး ပစ္စည်းပို့တဲ့သူရဲ့လှိုက်လှဲပျူဌာမှုက အစားအစာကိုအနည်းငယ်အရသာရှိစေခဲ့တာပဲဖြစ်မယ်"

ရွှီလျန် : .........

ရဲစခန်းမှထွက်လာပြီးနောက် ရှန့်ချန်ခုန်းသည် အခြေအနေကိုရှင်းပြရန် သူ၏ကာစတန်မာများထံ များစွာသောဖုန်းခေါ်ဆိုမှုများပြုလုပ်ခဲ့ရသည်။ သူက သူတို့အစားအသောက်တွေအတွက် ပေးချေရန်ဆန္ဒရှိကြောင်း ပြောခဲ့သော်ငြားလည်း မကျေနပ်ချက်များကိုတော့ သူရရှိနေဆဲပဲ။ ရှန့်ချန်ခုန်းသည် သူ့ကိစ္စအတွက်စိတ်မ၀င်စားတော့ဘဲ သူ့တစ်နေ့တာအလုပ်ကိုပဲ ပြီးဆုံးအောင်လုပ်တော့သည်။ အိမ်အပြန်လမ်း၌ ဆေးဆိုင်တစ်ဆိုင်နားတွင်ဆင်းကာ သူ့အတွက်ဆေးအချို့ဝယ်ခဲ့၏။

ပုံမှန်ဆိုလျှင် သူအိမ်ပြန်ရောက်သည့်အချိန်တွင် သူ့အမေကအိပ်မောကျနေပြီဖြစ်သည့်အတွက် သူက အမြဲလိုလိုခြေဖျားထောက်၍သာသွားခဲ့၏။ သို့သော် ယနေ့ သူအိမ်ရှေ့တံခါးဖွင့်လိုက်သည့်အခါ သူ့အမေကမီးဖိုချောင််မှာရပ်၍ ရေသောက်နေသည်ကိုမြင်လိုက်ရလေသည်။ သူမက မီးမဖွင့်ထားခဲ့ပေ ၊ သူ၏ဒဏ်ရာရနေသောမျက်နှာတစ်ဖက်အား မသိစိတ်အရ အိမ်ရှေ့တံခါးဘက်သို့လှည့်လိုက်၏။

"အမေ ကျွန်တော်ပြန်လာပြီ"

ထုံးစံအတိုင်း ဝမ်းရှုလီကပြန်မဖြေခဲ့ပေ ၊ သူမက ရှန့်ချန်ခုန်းကို တစ်ခဏစိုက်ကြည့်နေပြီးနောက် သူမလက်ထဲကဖန်ခွက်ကိုချကာ သူမအခန်းထဲသို့ပြန်ဝင်သွားတော့သည်။ သူ့အနောက်ကတံခါးကိုကြည့်ပြီး ရှန့်ချန်ခုန်း သူ့အခန်းထဲဝင်သွား၍ အင်္ကျီလဲရင်းသူ့ဒဏ်ရာတွေကိုစစ်ကြည့်နေ၏။

သူ့ဒူးခေါင်းနှင့်ဗိုက်ပေါ်တွင်လည်း ပွန်းပဲ့ရာတွေရှိနေ၏။ သူ့ဒူးခေါင်းကအဆိုးဆုံးဖြစ်ပြီး သွေးတွေတောင်မြင်နေရသည်။ ဖွဖွလေးထိရုံနဲ့တင် အလွန်နာကျင်စေ၏။ သူက ၎င်းဒဏ်ရာအားအရင်သန့်ရှင်းရေးလုပ်၍ ဆေးနည်းနည်းထည့်ထားလိုက်သည်။ ဤသို့လုပ်နေစဉ် သူသည် ယနေ့အဖြစ်အပျက်အား ပြန်တွေးမိခဲ့၏။

သူ ရွှီလျန်ကို သူမဘယ်လောက်ဒုက္ခရောက်ခဲ့သလဲမေးဖို့ မေ့သွားခဲ့တယ်၊ ရွှီလျန်ကအေးဆေးနေပုံရသော်လည်း သူမက ဒီလိုလူမျိုးတွေကို ရန်စတက်သည့်သူတော့မဟုတ် ၊ ရှန့်ချန်ခုန်းသည် ဤကိစ္စက သူမြင်ဖူးတဲ့ရွှီလျန်ဆီနှစ်ကြိမ်လာလည်ခဲ့သည့် အဲဒီယောက်ျားနှင့်ဆက်စပ်နေမယ်မှန်း ခန့်မှန်းမိလိုက်သည်။

ထိုအကြောင်းအားတွေးပြီးနောက် သူ့ကွန်ပြူတာဘက်လှည့်၍ Weibo ကိုကြည့်၏။ ရှန့်နွမ်က ရွှီလျန်၏ Weibo အကြောင်း သူ့ကိုပြောလာကတည်းက သူကဖော်လိုလုပ်ထားခဲ့ပြီး မကြာခဏစစ်ကြည့်နေခဲ့သည်။ ရွှီလျန်ကပို့စ်အများကြီးမတင် ၊ သူမ ပစ္စည်းအသစ်တစ်ခုထုတ်တဲ့အချိန်၊ သီးသန့်ကမ်းလှမ်းချက်ရှိတဲ့အချိန်မှသာ တင်လေ့ရှိ၏။ သို့ပေမဲ့ ယနေ့အဖြစ်အပျက်အားရှင်းပြရန် တစ်စုံတစ်ရာအား သူမတင်ခဲ့သင့်တယ်။

သေချာတာပေါ့ ပို့စ်အသစ်တစ်ခုတင်ထားခဲ့လေ၏။

MONSTER : [ တောင်းပန်ပါတယ် ဒီနေ့ ဆိုင်မှာမတော်တဆမှုအသေးစားလေးဖြစ်ပွါးခဲ့ပါတယ် ကျွန်မတို့ဆိုင်နှစ်ရက်ပိတ်ထားပါမယ်... ဒီ့အပြင် ရဲရင့်တဲ့ပစ္စည်းပို့အစ်ကိုလေးကိုလဲ ကျွန်မကျေးဇူးတင်ချင်ပါတယ်၊ အကယ်၍များ ဒီနေ့ မင်းတို့အော်ဒါတွေနောက်ကျသွားခဲ့ရင် သူ့ကိုနည်းနည်းပိုပြီးသည်းခံပေးလိုက်ကြပါ ]

သူမကဓာတ်ပုံတစ်ပုံကိုလည်းတင်ထားခဲ့သေး၏။ — ရှန့်ချန်ခုန်း ကင်မရာကိုကျောပေးထားတဲ့သူ့နောက်ကျောပုံ ၊ ဓာတ်ပုံရဲ့ရှုထောင့်ကိုတော့ ပြတင်းပေါက်မှတစ်ဆင့် သူမဆိုင်အပြင်ဘက်ကနေရိုက်ထားခဲ့ခြင်း.. လူအုပ်ထဲကတစ်ယောက်ယောက်ကရိုက်ထားခဲ့တာဖြစ်ပြီး ရွှီလျန်ကိုပို့လိုက်တာပဲဖြစ်မယ်။

ရှန့်ချန်ခုန်းသည် ရွှီလျန်ကသူ့ဓာတ်ပုံကိုတင်မယ်မှန်းတော့ လုံးဝမမျှော်လင့်ထားဘဲ စာတွေပဲတင်လိမ့်မယ်လို့ထင်ထားခဲ့ခြင်း ၊ ရွှီလျန်ကအေးတိအေးစက်သူတစ်ယောက်လို့ပဲ သူထင်မြင်ချက်ရှိနေခဲ့တာ။

ကြည့်ရတာ သူမအပေါ်သူ့ထင်မြင်ချက်က မှားနေခဲ့တဲ့ပုံပဲ။

ဤပို့စ်အားပြန်တင်သည့်အရေအတွက်က အံ့ဩစရာကောင်းလောက်အောင် မြင့်တက်နေလျက်ရှိခဲ့၏။ သူက ကွန်းမန့်တွေကိုအထက်အောက်ဆွဲကြည့်နေသော်လည်း သူကိုယ်တိုင်တော့ တစ်ခုမှမတင်ခဲ့ပေ ၊ သူ့ Weibo မှာဘယ်တုန်းကမှ ဘာတစ်ခုမှမတင်ဖူးခဲ့.. ရံဖန်ရံခါ သတင်းတွေကိုကြည့်ရန်အတွက်သာလော့အင်ဝင်ခဲ့ခြင်းဖြစ်သည်။

သို့သော် အကြောင်းပြချက်အချို့ကြောင့် တစ်စုံတစ်ယောက်က သူ့အား သီးသန့်မက်ဆေ့မှ စာပို့လာခဲ့၏။

သူဖတ်ဖို့ရည်ရွယ်ချက်မရှိပေ ၊ သို့သော် သူ ရွှီလျန်၏ပို့စ်ကိုဖတ်နေစဉ် သီးသန့်မက်ဆေ့အရေအတွက်က တစ်စောင်မှငါးစောင်ထိပြောင်းလာပြီး ဆက်၍မြင့်တက်လာခဲ့လေသည်။

သူသည် အနီရောင်သင်္ကေတလေးကိုကြည့်ကာ နောက်ဆုံး ဖွင့်ကြည့်လိုက်တော့သည်။

လေယာဉ်အမှုထမ်းများအတွက်ချစ်ခြင်းမေတ္တာဖြစ်ပေါ်စေခြင်း : [ ရှန့်ချန်ခုန်း မင်းရဲ့ Weibo ကိုသုံးနေတုန်းပဲလား? ငါတို့ရဲ့အဖွဲ့စကားပြောခန်းကိုတစ်ချက်ကြည့်လိုက်.. ကျောက်တိ အဲဒီလူဆိုးကောင်ကမင်းအကြောင်းပြောနေတယ် ]

လေယာဉ်အမှုထမ်းများအတွက်ချစ်ခြင်းမေတ္တာဖြစ်ပေါ်စေခြင်း : [ ငါ့ကိုတကယ်စိတ်ကုန်စေတယ်! ဒီညနေမှာ ငါတစ်ယောက်ယောက်ကိုတော့တကယ်ရိုက်ပစ်ချင်နေတယ်! ]

လေယာဉ်အမှုထမ်းများအတွက်ချစ်ခြင်းမေတ္တာဖြစ်ပေါ်စေခြင်း : [ Aတက္ကသိုလ်ကျောင်းသားတစ်ယောက်အနေနဲ့ အတိအကျ သူဘာကိုသင်ယူခဲ့တာလဲ ]

လေယာဉ်အမှုထမ်းများအတွက်ချစ်ခြင်းမေတ္တာဖြစ်ပေါ်စေခြင်း : [ သူ့ကိုမာန်စွယ်ချိုးဖို့ ငါမင်းကိုကူညီပေးမယ် တခြားအတန်းဖော်အများစုကလဲ သူ့ကိုဝေဖန်နေကြတာ! ငါတို့အတန်းရဲ့အလှပန်းလေးတောင်မှ မင်းအတွက်ရပ်တည်ပေးနေတုန်းပဲ ]

လေယာဉ်အမှုထမ်းများအတွက်ချစ်ခြင်းမေတ္တာဖြစ်ပေါ်စေခြင်း : [ စိတ်တည်ငြိမ်စေဖို့ ငါဘီယာတစ်ခွက်သောက်ခဲ့ရတယ်! မင်းမြင်လိုက်ခဲ့သင့်တာ.. ဒါပေမဲ့ ကျောက်တိကဘာလုပ်ဖို့ကြိုးစားနေတာလဲ ]

၎င်းမက်ဆေ့တွေကိုဖတ်ပြီးနောက် ရှန့်ချန်ခုန်းသည် ကျောက်တိပြောခဲ့ဖြစ်လောက်မည့်ဟာတွေကို ခန့်မှန်းနိုင်ခဲ့သည်။ သူသည် သူ၏တက္ကသိုလ်အတန်းဖော်များနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့သည်မှာ ကြာနေပြီဖြစ်ပြီး သူတို့၏အဖွဲ့စကားပြောခန်းကိုတောင်ဘလော့ထားခဲ့သည်။ ခဏလောက်စဉ်းစားပြီးနောက် သူ့ screen ထက်ရှိပင်ဂွင်းသင်္ကေတကိုနှိပ်၍ QQ ကိုလော့အင်ဝင်လိုက်၏။

သူ့အဖွဲ့စကားပြောခန်းများစာရင်းတွင်။ 

သူဝင်မကြည့်တာတော်တော်ကြာနေခဲ့ပြီ ၊ အဖွဲ့ဘေးရှိသင်္ကေတတစ်ခုသည် ၎င်း၏ဘေးတွင်'99+'ကိုပြသထားခဲ့သည်။ ရှန့်ချန်ခုန်းက ထိုအရာကိုကြည့်နေစဉ်၌တွင် စကားပြောခန်းကဆက်လက်တိုးနေခဲ့သည်။

အိုကေ၊ ငါကအတန်းရဲ့အလှပန်းလေးပဲ : [ တခြားသူတွေက ချန်ခုန်းမိသားစုရဲ့အဖြစ်အပျက်အသေးစိတ်ကို မသိနိုင်ပေမဲ့ ဒီအဖွဲ့ထဲကလူတိုင်းကတော့ ရှင်းရှင်းလင်းလင်းသိသင့်တယ်၊ နင်ကရွံစရာကောင်းတဲ့လူဆိုးကောင်ပဲ.. ချန်ခုန်းသာမရှိခဲ့ဘူးဆိုရင် နင့်ရဲ့ဘွဲ့လွန်ကို နိုင်ငံရပ်ခြားမှာပညာသင်ကြားခွင့်ရဖို့ အကြံပြုချက်ရခဲ့မှာတဲ့လား ]

ကျောက်တိတိတိ : [ ဟား ဟား ငါကတော့ အကျိုးမရှိတာပြောခဲ့တယ်လို့ မထင်ဘူး ]

ခံ့ညားသောလူယုတ်မာ : [ ဟား ဟား မင်းကအကျိုးမရှိတာပြောခဲ့တယ်လို့ မထင်ရင်လဲ ဘာလို့ပြောခဲ့သေးလဲ၊ မင်းအီးပေါလောကောင် ]

တုလောင်ရှစ် : [ ဟုတ်ပြီ တော်လိုက်ကြတော့ ဒီကိစ္စမှာတကယ်ကျောက်တိအမှားပဲ ]

အဖွဲ့စကားပြောခန်းက တစ်မိနစ်လောက်တိတ်ဆိတ်သွားခဲ့သည်။

ခံ့ညားသောလူယုတ်မာ : [ တုရှောင်ထျန်း မင်းလူအကောင်! ငါက အခုပြောလိုက်တဲ့သူက တကယ်ပဲတုလောင်ရှစ်လို့ထင်လိုက်တာ.. မင်းငါ့ကိုသေအောင်ခြောက်နေတာလား! ]

ရှန့်ချန်ခုန်းသည် သူတို့၏ကလေးကလားအကွက်တွေကို မရယ်ဘဲမနေနိုင်တော့ ၊ သို့သော် တုလောင်ရှစ်ကိုပြောနေချိန်၌ သူ့အပြုံးတွေကတဖြည်းဖြည်းမှိန်ကျသွားခဲ့၏။ တုလောင်ရှစ်၊ အန်ကယ်ဟော်လိုမျိုးပဲ သူ့အပေါ်မှာအမြဲတမ်းမျှော်လင့်ချက်မြင့်မြင့်ထားခဲ့တာ... သို့သော် ယခုမှာတော့ ရှန့်ချန်ခုန်း သူတို့အပေါ်မှာ တာဝန်မကျေဖြစ်ခဲ့သည်။

ရှန့်ချန်ခုန်းသည် တခြားသူများအကြားတွင် ကျောက်တိနာမည်ကိုတွေ့တော့ သူနှင့် chat တစ်ခုဖွင့်လိုက်လေသည်။

ကျောက်တိသည် ချန်ခုန်းကသူ့ကိုမက်ဆေ့ပို့ထားသောအသိပေးချက်ကိုမြင်သည့်အခါ အံ့ဩသွားခဲ့သည်။ သူအဘယ်ကြောင့်မကောင်းတာတွေပြောနေသည့်အကြောင်းမေးရန် ဒါမှမဟုတ် သူ့ကိုဖုန်းခေါ်ခိုင်းရန်အတွက် ရှန့်ချန်ခုန်းကမက်ဆေ့ပို့ခဲ့တာလို့ သူခန့်မှန်းထားခဲ့တာ ၊ သူ chatကိုဖွင့်ရင်း လှောင်ရယ်လိုက်သော်လည်း မထင်မှတ်ထားသောအရာတစ်ခုကို တွေ့လိုက်ရလေသည်။

ရှန့်ချန်ခုန်းက မေးခွန်းတစ်ခုတည်းကိုသာမေးထားခဲ့ခြင်း..

[ မင်း ဘဏ္ဍာရေးကုမ္ပဏီမှာဘာလို့အလုပ်လုပ်နေတာလဲ ]

__________________

ဒါနဲ့ ရှန့်ချန်ခုန်းက Love at first sight ပါနော်

*********

ရွန့္ခ်န္ခုန္းသည္ သူ႕စကူတာကိုရဲစခန္းသို႔ယူေဆာင္လာခဲ့၏။ သူတို႔ႏွစ္ေယာက္ စကူတာအနားေရာက္ခ်ိန္တြင္ သူလွည့္၍ ႐ႊီလ်န္အားစကားဆိုလိုက္သည္။

"ဒါဆို ကြၽန္ေတာ္ အရင္သြားႏွင့္ေတာ့မယ္ေနာ္"

သူထြက္သြားေတာ့မည္ကို ႐ႊီလ်န္ျမင္ေသာအခါ သူမသည္ လက္လွမ္း၍ ေနာက္ထိုင္ခုံေပၚကအေႏြးေသတၱာဘုံးကိုလွမ္းဆြဲလိုက္ေလ၏။

ေနာက္လွည့္ၾကည့္ရင္း ရွန့္ခ်န္ခုန္း သူမအားပေဟဠိဆန္ဆန္ၾကည့္လ်က္

"တျခားတစ္ခုခုမ်ားရွိေသးလို႔လား"

ထိုအခိုက္အတန့္၌ ႐ႊီလ်န္သည္ ရွန့္ခ်န္ခုန္းႏွင့္ပတ္သတ္၍ က်န္းေကာ္အာ၏ေဖာ္ျပခ်က္က အလြန္မွန္ကန္ေၾကာင္းဝန္ခံရေပမည္။ သူ႕မ်က္လုံးေတြဟာ လြမ္းေဆြးဖြယ္ေကာင္းၿပီး ၾကယ္မ်ားျဖင့္တလက္လက္ေတာက္ပေနေသာ က်ယ္ေျပာလွသည့္ေကာင္းကင္ႀကီးကဲ့သို႔နက္ရွိုင္းလွ၏။ သူ႕အၾကည့္ေတြေၾကာင့္ ခံစားခ်က္ေတြတိမ္းၫႊတ္လာရင္း သူမကထပ္ေျပာ၏။

"ကြၽန္မကေတာ့ ရွင္ေဆး႐ုံသြားၿပီးစစ္ေဆးသင့္တယ္လို႔ ထင္ေနတုန္းပဲ"

သူမ သူ႕ကိုအဘယ္ေၾကာင့္မၿပီးနိုင္မဆုံးနိုင္အပူကပ္ေနမိမွန္းလဲ သူမလည္းမသိေတာ့ ၊ သူမကိုယ္တိုင္၌လည္း စိတ္တိုလာရသည္။ ရွန့္ခ်န္ခုန္းကေတာ့ သူအဆင္ေျပပါတယ္..သူ႕မွာလုပ္စရာအလုပ္ရွိေနလို႔ပါဟူ၍သာဆို၏။

ခဏၾကာၿပီးေနာက္ သူက ရိုးရိုးရွင္းရွင္း'ဂြတ္ဘိုင္'ဟုႏႈတ္ဆက္ကာထြက္သြားေတာ့ေလသည္။

႐ႊီလ်န္သည္ ျပန္လွည့္၍ သူမဆိုင္ကိုျပန္ရန္ တကၠစီမတားခင္ လွည့္ထြက္သြားေသာသူ၏ေနာက္ေက်ာျပင္ကို အတန္ၾကာစိုက္ၾကည့္ေနခဲ့သည္။

ဆိုင္ကအနည္းငယ္သာရႈပ္ပြေနခဲ့ျခင္း ၊ ၾကမ္းျပင္ေပၚက်ေနသည့္ဖေယာင္းတိုင္အနည္းငယ္မွလြဲ၍ သူမ၏တျခားဘယ္ပစၥည္းကမွ မပ်က္စီးခဲ့ေပ ၊ အဆုံးမွာေတာ့ သန့္ရွင္းေရးလုပ္ရန္အခက္ခဲဆုံးအရႈပ္ထုပ္ကေတာ့ သူမကိုယ္တိုင္ဖ်က္စီးလိုက္သည့္ပန္းအိုးအကြဲပဲ။

ဖန္ႏွင့္ေႂကြထည္အပိုင္းအစေတြကေတာ့ သန့္ရွင္းဖို႔အခ်ိန္အၾကာႀကီးယူရမွာမဟုတ္...သို႔ေသာ္ အိုးထဲကေျမႀကီးကေတာ့ ပ်ံ့ႀကဲေနလ်က္ ေနရာတိုင္းေပပြလ်က္ရွိေနခဲ့သည္။ ႐ႊီလ်န္သည္ ပထမထပ္တစ္ခုလုံး ေစ့ေစ့စပ္စပ္ သန့္ရွင္းရမည္ျဖစ္ေၾကာင္း ခန့္မွန္းလိုက္ေသာ္ျငားလည္း သူမအလြန္ပ်င္းရိေန၏။ ထို႔အျပင္ ဒီပန္းအိုးက သူမအႀကိဳက္ဆုံးAnthurium(ပိန္းပန္း)အိုးပဲ...

႐ႊီလ်န္မွာ Anthuriumပန္းေတြအမ်ားႀကီးရွိေပမဲ့လည္း ဤပန္းအိုးတစ္အိုးခ်င္းစီတိုင္းက သူမအေက်နပ္ဆုံးဝယ္ယူမႈေတြပဲ ၊ အထူးသျဖင့္ ဤပန္းေတြ၏အေရာင္ဟာ ႐ႊန္းလဲ့ေတာက္ပကာ သူမၾကည့္လိုက္သည့္အခ်ိန္တိုင္း ၎ပန္းေတြဟာ သူမအားအၿမဲလိုလိုအနည္းငယ္အေကာင္းျမင္ေစခဲ့သည္။ သို႔ေသာ္ ယခုအခ်ိန္မွာေတာ့ ပန္းေတြကၾကမ္းျပင္ေပၚတြင္ ညွိုးငယ္စြာျပန့္က်ဲေနရင္း သူတို႔ေလးေတြကိုျပန္ကယ္လို႔ရနိုင္မလားကိုလည္း ႐ႊီလ်န္မသိေတာ့။

သူမ ပန္းေတြကိုေကာက္ယူကာ ညင္ညင္သာသာပြတ္သပ္လိုက္ၿပီး ေနာက္က်ရင္ ပန္းဆိုင္သို႔ယူသြားရန္အတြက္ ထုပ္ပိုးထားလိုက္ေတာ့သည္။ သူတို႔ေလးေတြကိုစစ္ေဆးေပးရန္ သူမ ပန္းသည္ကိုအကူအညီေတာင္းၿပီး ပန္းအိုးအသစ္တစ္အိုးတြင္ ေသခ်ာက်က်နန ျပန္လည္စိုက္ပ်ိဳးမည္။

သူမဆိုင္ကို ယာယီႏွစ္ရက္ပိတ္ထားရန္ဆုံးျဖတ္လိုက္၏။ ဘယ္လိုပဲျဖစ္ျဖစ္ သူမကလာၿမဲအတိုင္းလာၿပီး အေပၚထပ္မွာပဲအလုပ္လုပ္မွာဆိုေတာ့ ဆိုင္ပိတ္ထားျခင္းက သူမေအာ္ဒါေတြကို အမ်ားႀကီးသက္ေရာက္မႈေတာ့ရွိမွာမဟုတ္ဘူး။

သူမဖုန္းကိုထုတ္ၿပီး က်န္းေကာ္အာကို သူမေနာက္ႏွစ္ရက္အလုပ္လာစရာမလိုေၾကာင္း အေၾကာင္းၾကားေတာ့မည့္အခ်ိန္၌ သူမဖုန္းသံျမည္လာခဲ့၏။

ေဝ့ရိခ်န္ပဲ ၊ ဗီဒီယိုေကာေခၚဆိုလာျခင္း..

႐ႊီလ်န္က လက္ဖ်ားထိပ္ျဖင့္လက္ခံသည့္ခလုတ္ကိုႏွိပ္လိုက္သည္။

"႐ႊီလ်န္ မင္းအဆင္ေျပရဲ႕လား? ငါ အားေမာင္ေျပာတာၾကားခဲ့တာ က်ဴးပင္းကမင္းဆိုင္ကိုလာၿပီးျပႆနာရွာခဲ့တယ္ဆို..မင္းထိခိုက္မိေသးလား"

ေဝ့ရိခ်န္၏စိုးရိမ္ေနေသာအသံႏွင့္ဆန႔္က်င္ဘက္ ႐ႊီလ်န္၏အသံဟာေအးစက္ေနခဲ့သည္။ သူမဖုန္းကိုလွည့္ၿပီး ကင္မရာအားသူမဆိုင္ဘက္သို႔ျပလိုက္၏။ လွည့္ပတ္ျပရင္း

"နင္ဘယ္လိုထင္လဲ"

ေဝ့ရိခ်န္က သူမဆိုင္၏အေျခအေနကိုၾကည့္ၿပီး ဆူပူႀကိမ္းေမာင္းေတာ့၏။

"မင္းစိတ္ခ်ပါ၊ မင္းဆိုင္မွာျဖစ္ခဲ့တဲ့ဆုံးရႈံးမႈေတြနဲ႕အပ်က္အစီးအားလုံးကို ငါတာဝန္ယူမယ္.. ငါအျပန္လက္မွတ္ဝယ္ၿပီးသြားၿပီ ငါက်ဴးပင္းနဲ႕စာရင္းသြားရွင္းလိုက္မယ္"

႐ႊီလ်န္ : "သူတို႔ ဆုံးရႈံးမႈအတြက္ ငါ့ကိုေလ်ာ္ေၾကးေပးၿပီးၿပီမလို႔ နင္ကငါ့ဆိုင္ကို ငါ့အစားလာရွင္းေပးသင့္တယ္"

"ေကာင္းၿပီ ျပႆနာမရွိဘူး၊ မင္းေျပာတာမွန္သမွ်ငါအကုန္လုပ္မယ္"

ေဝ့ရိခ်န္ဟာ က်ဴးပင္းကလက္တုံ႕ျပန္လိမ့္မယ္မွန္း ႀကိဳတင္ေမွ်ာ္မွန္းထား၏။ ထို႔ေၾကာင့္ သူထြက္မသြားခင္၌ သူ႕ဘားႏွင့္ပတ္သတ္သည့္ကိစၥမ်ားအား ေသခ်ာစီစဥ္ထားခဲ့သည္၊ သို႔ေသာ္ က်ဴးပင္းက ႐ႊီလ်န္ကိုသြားရွာၿပီး သူမအားျပႆနာရွာလိမ့္မယ္လို႔ေတာ့ သူလုံးဝမ​ေမွ်ာ္လင့္ထားခဲ့ဘူး။

"ဒီလိုကိစၥမ်ိဳးေနာက္ဘယ္ေတာ့မွထပ္မျဖစ္ေစရဘူး ငါကတိေပးတယ္"

႐ႊီလ်န္ကေတာ့ ေဝ့ရိခ်န္ကတိစကားကို အေလးအနက္သိပ္မထားခဲ့ ၊ ဆန႔္က်င္ဘက္အေနျဖင့္ သူမသည္ သူမ၏အခ်ိန္အၾကာႀကီးဆုပ္ကိုင္ထားခဲ့ေသာသေဘာထားအျမင္ကို အတည္ျပဳနိုင္ခဲ့သည္ — ရင္းႏွီးေသာဆက္ဆံေရးမ်ားျဖစ္ေပၚလာသည့္အခါ ျပႆနာမ်ားလည္း မလြဲမေသြ ေရာက္ရွိလာေပလိမ့္မည္။

သူမသည္ ေဝ့ရိခ်န္ႏွင့္ ထိုမျမင္နိုင္ေသာစည္းကို ဘယ္ေတာ့မွမေက်ာ္ခဲ့ေသာ္လည္း အျခားသူေတြက သူတို႔ႏွစ္ေယာက္ဟာ'ရင္းႏွီး'သည္ဟုယူဆသျဖင့္ သူမအားဒုကၡေရာက္ေစခဲ့သည္။

သူမ ဖုန္းခ်ၿပီးေနာက္ ေငြရွင္းေကာင္တာနားရွိတစ္စုံတစ္ခုအား ရိပ္ခနဲျမင္လိုက္ရ၏။ သူမမွာထားခဲ့သည့္ Chicken Set...

သူမ ေကာင္တာနားေလွ်ာက္သြား၍ ဘူးကိုကိုင္ၾကည့္၏။ အစားအေသာက္ေတြကေအးစက္ေနၿပီျဖစ္ကာ ေငြ႕ရည္ဖြဲ႕ျခင္းေၾကာင့္ ေရစက္အနည္းငယ္က ေဘးနားမွတစ္စက္စက္က်ေနခဲ့သည္။ ဘာေၾကာင့္မွန္းမသိ ရွန့္ခ်န္ခုန္းမ်က္ႏွာက သူမစိတ္ထဲတစ္ဖန္ျပန္ေပၚလာၿပီး ထူးဆန္းသည့္ခံစားခ်က္ပါျဖစ္ေပၚလာခဲ့၏။ သူမဖုန္းထဲက Takeaway App ကိုဖြင့္ၿပီး ပထမဆုံးအႀကိမ္ျဖင့္ အစားအေသာက္ပို႔ေဆာင္ေသာအမ်ိဳးသားနာမည္အား အာ႐ုံစိုက္ခဲ့သည္။

ရွန့္ခ်န္ခုန္း..

သူမစိတ္ထဲကေန နာမည္ကိုေရ႐ြတ္လ်က္ ထိုသူ႕အား five-star အဆင့္ေပးလိုက္သည္။

App ကိုပိတ္ၿပီးေနာက္ သူမ၏အေတာ္ၾကာေအးစက္ေနေသာေန႕လည္စာအားယူၿပီး သူမ၏Anthuriumကိုထည့္ထားရန္အိတ္တစ္အိတ္ရွာခဲ့၏။ ထို႔ေနာက္ သူမဆိုင္ကိုပိတ္ၿပီး ကားေမာင္းထြက္လာခဲ့ေတာ့သည္။ သူမ၏ပထမဆုံးမွတ္တိုင္က အနီးရွိပန္းဆိုင္တစ္ဆိုင္ျဖစ္ကာ သူမ၏Anthuriumကိုျပန္စိုက္လို႔ရ၊မရ ပန္းသည္အားေမးရန္ျဖစ္သည္။

"ရပါတယ္ အျမစ္ေတြမျပတ္ေသးသေ႐ြ႕ သူတို႔အသက္ရွင္နိုင္စြမ္းရွိတယ္၊ မင္းသြားၿပီးေတာ့ေနာက္ထပ္ပန္းအိုးေ႐ြးလိုက္ ငါမင္းအတြက္ျပန္စိုက္ေပးလို႔ရတယ္"

႐ႊီလ်န္၏ပန္းေတြအမ်ားစုက ႏူးညံ့သိမ္ေမြ႕ေသာပင္ကိုယ္စရိုက္ရွိသည့္ ဤငယ္႐ြယ္တဲ့ပန္းသည္ေလးထံမွရလာခဲ့ျခင္းျဖစ္သည္။

႐ႊီလ်န္ ဆိုင္ကိုလွည့္ပတ္ၾကည့္ေနၿပီး ေနာက္ဆုံးတြင္ သူမခြဲခဲ့ေသာပန္းအိုးႏွင့္ဆင္တူသည့္အိုးတစ္အိုးကိုသာေ႐ြးခဲ့၏။

"ျဖည္းျဖည္းခ်င္းလုပ္ပါ ကြၽန္မမနက္ျဖန္မွျပန္လာခဲ့မယ္"

"ေကာင္းပါၿပီ"

ဆိုင္ပိုင္ရွင္ကေခါင္းညိတ္ၿပီးဆို၏။

"ငါမင္းဆီကေနယူခဲ့တဲ့ေနာက္ဆုံးတစ္ေခါက္ကဒ္ေလးေတြက ေရာင္းကုန္ခါနီးေနၿပီ... ငါေနာက္ထပ္ထပ္မွာခ်င္တယ္"

႐ႊီလ်န္၏ဂ်စ္ပဆမ္ကဒ္ျပားေလးေတြက ဤပန္းဆိုင္၌လည္း အလြန္ေရာင္းေကာင္းကာ အမ်ားစုက သူတို႔ဝယ္ယူခဲ့သည့္ပန္းစည္းမ်ားႏွင့္တြဲဖက္ရတာႀကိဳက္ၾကေလသည္။

"ရပါတယ္ ဒါေပမဲ့ ကြၽန္မမွာ ဒီလအတြက္ေအာ္ဒါေတြအမ်ားႀကီးရွိတယ္ အဲဒါေၾကာင့္ ကြၽန္မအမ်ားႀကီးေတာ့လုပ္ေပးလို႔မရဘူး"

"ငါနည္းနည္းပဲမွာမွာပါ မင္းအလုပ္မမ်ားတဲ့ထိငါေစာင့္ေနပါ့မယ္"

မၾကာခင္ ႏွစ္ေယာက္ကကဒ္အေရအတြက္ႏွင့္ပို႔ရမည့္အခ်ိန္ကိုလည္း သေဘာတူလိုက္ၾကေတာ့သည္။ ထို႔ေနာက္ ႐ႊီလ်န္သည္ ပန္းဆိုင္မွထြက္လာကာ အိမ္ကိုပဲတန္းတန္းျပန္ရန္စီိစဥ္ထားခဲ့ေပမဲ့ အနီးအနား၌ ပန္းဆိုင္ပိုင္ရွင္၏သမီးက ပန္းခ်ီဆြဲေနသည္ကိုသတိျပဳမိလိုက္၏။

သူမ ေခါင္းငုံ႕ၾကည့္လိုက္ေတာ့ ေကာင္မေလးက Starlight ပန္းၿခံရွိပန္းပင္လယ္ကိုဆြဲေနခဲ့သည္။ ပန္းေရာင္စုံေတြဟာညွို႔ယူဖမ္းစားေနလ်က္ တစ္စုံတစ္ေယာက္အား နတ္ဘုံတမွ်လွပဆန္းၾကယ္လွေသာေနရာကို ေခ်ာင္းၾကည့္ေနသကဲ့သို႔ခံစားရေစ၏။

႐ႊီလ်န္က အနားမွျဖတ္သြားရင္လက္လွမ္းျပလိုက္သည္။

"ဂြတ္ဘိုင္ ေကာင္မေလး"

ထိုေကာင္မေလးလည္း အၿပဳံးျဖင့္ေမာ့ၾကည့္လာရင္း လက္ျပန္ျပခဲ့၏။

႐ႊီလ်န္ အိမ္သို႔ျပန္ေရာက္ၿပီးေနာက္ ေအးစက္ေနသည့္ၾကက္သားေတြကို မိုက္ခရိုေဝ့ထဲထည့္ၿပီး ဧည့္ခန္းထဲထိုင္ကာစားေတာ့သည္။ သူမသည္ ဝူးလုံစားေသာက္ဆိုင္ကဤ Chicken Set ကိုအေခါက္ေပါင္းမ်ားစြာစားခဲ့ဖူးသည္။ အထူးသျဖင့္ ဒီဟာကမေကာင္းေပမဲ့လည္း သူမအႀကိဳက္ႏွင့္ကိုက္၏။

သို႔ေသာ္ ယေန႕ညမွာေတာ့ သူမသည္ ပုံမွန္ႏွင့္မတူ ကြဲျပားသည့္အရသာအနည္းငယ္ရေန၏။

သူမျပန္ေႏႊးထားခဲ့လို႔မ်ားလား?

႐ႊီလ်န္ သူမဖုန္းကိုေကာက္ယူ၍ Takeaway App ကိုဖြင့္လိုက္သည္။ ပုံမွန္အားျဖင့္ သူမ review ေတြမေရးတက္ေသာ္လည္း အခ်ိဳ႕အေၾကာင္းျပခ်က္ေၾကာင့္ ႐ုတ္တရက္ သူမမွတ္ခ်က္တစ္ခုေရးခ်င္ခဲ့သည္။

"ဒီေန႕ Chicken Set ကအျခားစားဖိုမႉးလုပ္တာလား? ပုံမွန္ထက္အရသာပိုရွိေနတယ္၊ ဒါ့အျပင္ ကြၽန္မ ပစၥည္းပို႔တဲ့သူကို အထူးတလည္ခ်ီးက်ဴးခ်င္တယ္... ဒီေန႕သူ႕ရဲ႕အကူအညီအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ေနာ္"

ခဏၾကာၿပီးေနာက္ စားေသာက္ဆိုင္ကျပန္ေျဖလာခဲ့၏။

"စားဖိုမႉးမေျပာင္းပါဘူး မိန္းကေလး ပစၥည္းပို႔တဲ့သူရဲ႕လွိုက္လွဲပ်ဴဌာမႈက အစားအစာကိုအနည္းငယ္အရသာရွိေစခဲ့တာပဲျဖစ္မယ္"

႐ႊီလ်န္ : .........

ရဲစခန္းမွထြက္လာၿပီးေနာက္ ရွန့္ခ်န္ခုန္းသည္ အေျခအေနကိုရွင္းျပရန္ သူ၏ကာစတန္မာမ်ားထံ မ်ားစြာေသာဖုန္းေခၚဆိုမႈမ်ားျပဳလုပ္ခဲ့ရသည္။ သူက သူတို႔အစားအေသာက္ေတြအတြက္ ေပးေခ်ရန္ဆႏၵရွိေၾကာင္း ေျပာခဲ့ေသာ္ျငားလည္း မေက်နပ္ခ်က္မ်ားကိုေတာ့ သူရရွိေနဆဲပဲ။ ရွန့္ခ်န္ခုန္းသည္ သူ႕ကိစၥအတြက္စိတ္မ၀င္စားေတာ့ဘဲ သူ႕တစ္ေန႕တာအလုပ္ကိုပဲ ၿပီးဆုံးေအာင္လုပ္ေတာ့သည္။ အိမ္အျပန္လမ္း၌ ေဆးဆိုင္တစ္ဆိုင္နားတြင္ဆင္းကာ သူ႕အတြက္ေဆးအခ်ိဳ႕ဝယ္ခဲ့၏။

ပုံမွန္ဆိုလွ်င္ သူအိမ္ျပန္ေရာက္သည့္အခ်ိန္တြင္ သူ႕အေမကအိပ္ေမာက်ေနၿပီျဖစ္သည့္အတြက္ သူက အၿမဲလိုလိုေျခဖ်ားေထာက္၍သာသြားခဲ့၏။ သို႔ေသာ္ ယေန႕ သူအိမ္ေရွ႕တံခါးဖြင့္လိုက္သည့္အခါ သူ႕အေမကမီးဖိုေခ်ာင္္မွာရပ္၍ ေရေသာက္ေနသည္ကိုျမင္လိုက္ရေလသည္။ သူမက မီးမဖြင့္ထားခဲ့ေပ ၊ သူ၏ဒဏ္ရာရေနေသာမ်က္ႏွာတစ္ဖက္အား မသိစိတ္အရ အိမ္ေရွ႕တံခါးဘက္သို႔လွည့္လိုက္၏။

"အေမ ကြၽန္ေတာ္ျပန္လာၿပီ"

ထုံးစံအတိုင္း ဝမ္းရႈလီကျပန္မေျဖခဲ့ေပ ၊ သူမက ရွန့္ခ်န္ခုန္းကို တစ္ခဏစိုက္ၾကည့္ေနၿပီးေနာက္ သူမလက္ထဲကဖန္ခြက္ကိုခ်ကာ သူမအခန္းထဲသို႔ျပန္ဝင္သြားေတာ့သည္။ သူ႕အေနာက္ကတံခါးကိုၾကည့္ၿပီး ရွန့္ခ်န္ခုန္း သူ႕အခန္းထဲဝင္သြား၍ အကၤ်ီလဲရင္းသူ႕ဒဏ္ရာေတြကိုစစ္ၾကည့္ေန၏။

သူ႕ဒူးေခါင္းႏွင့္ဗိုက္ေပၚတြင္လည္း ပြန္းပဲ့ရာေတြရွိေန၏။ သူ႕ဒူးေခါင္းကအဆိုးဆုံးျဖစ္ၿပီး ေသြးေတြေတာင္ျမင္ေနရသည္။ ဖြဖြေလးထိ႐ုံနဲ႕တင္ အလြန္နာက်င္ေစ၏။ သူက ၎ဒဏ္ရာအားအရင္သန့္ရွင္းေရးလုပ္၍ ေဆးနည္းနည္းထည့္ထားလိုက္သည္။ ဤသို႔လုပ္ေနစဥ္ သူသည္ ယေန႕အျဖစ္အပ်က္အား ျပန္ေတြးမိခဲ့၏။

သူ ႐ႊီလ်န္ကို သူမဘယ္ေလာက္ဒုကၡေရာက္ခဲ့သလဲေမးဖို႔ ေမ့သြားခဲ့တယ္၊ ႐ႊီလ်န္ကေအးေဆးေနပုံရေသာ္လည္း သူမက ဒီလိုလူမ်ိဳးေတြကို ရန္စတက္သည့္သူေတာ့မဟုတ္ ၊ ရွန့္ခ်န္ခုန္းသည္ ဤကိစၥက သူျမင္ဖူးတဲ့႐ႊီလ်န္ဆီႏွစ္ႀကိမ္လာလည္ခဲ့သည့္ အဲဒီေယာက္်ားႏွင့္ဆက္စပ္ေနမယ္မွန္း ခန့္မွန္းမိလိုက္သည္။

ထိုအေၾကာင္းအားေတြးၿပီးေနာက္ သူ႕ကြန္ျပဴတာဘက္လွည့္၍ Weibo ကိုၾကည့္၏။ ရွန့္ႏြမ္က ႐ႊီလ်န္၏ Weibo အေၾကာင္း သူ႕ကိုေျပာလာကတည္းက သူကေဖာ္လိုလုပ္ထားခဲ့ၿပီး မၾကာခဏစစ္ၾကည့္ေနခဲ့သည္။ ႐ႊီလ်န္ကပို႔စ္အမ်ားႀကီးမတင္ ၊ သူမ ပစၥည္းအသစ္တစ္ခုထုတ္တဲ့အခ်ိန္၊ သီးသန့္ကမ္းလွမ္းခ်က္ရွိတဲ့အခ်ိန္မွသာ တင္ေလ့ရွိ၏။ သို႔ေပမဲ့ ယေန႕အျဖစ္အပ်က္အားရွင္းျပရန္ တစ္စုံတစ္ရာအား သူမတင္ခဲ့သင့္တယ္။

ေသခ်ာတာေပါ့ ပို႔စ္အသစ္တစ္ခုတင္ထားခဲ့ေလ၏။

MONSTER : [ ေတာင္းပန္ပါတယ္ ဒီေန႕ ဆိုင္မွာမေတာ္တဆမႈအေသးစားေလးျဖစ္ပြါးခဲ့ပါတယ္ ကြၽန္မတို႔ဆိုင္ႏွစ္ရက္ပိတ္ထားပါမယ္... ဒီ့အျပင္ ရဲရင့္တဲ့ပစၥည္းပို႔အစ္ကိုေလးကိုလဲ ကြၽန္မေက်းဇူးတင္ခ်င္ပါတယ္၊ အကယ္၍မ်ား ဒီေန႕ မင္းတို႔ေအာ္ဒါေတြေနာက္က်သြားခဲ့ရင္ သူ႕ကိုနည္းနည္းပိုၿပီးသည္းခံေပးလိုက္ၾကပါ ]

သူမကဓာတ္ပုံတစ္ပုံကိုလည္းတင္ထားခဲ့ေသး၏။ — ရွန့္ခ်န္ခုန္း ကင္မရာကိုေက်ာေပးထားတဲ့သူ႕ေနာက္ေက်ာပုံ ၊ ဓာတ္ပုံရဲ႕ရႈေထာင့္ကိုေတာ့ ျပတင္းေပါက္မွတစ္ဆင့္ သူမဆိုင္အျပင္ဘက္ကေနရိုက္ထားခဲ့ျခင္း.. လူအုပ္ထဲကတစ္ေယာက္ေယာက္ကရိုက္ထားခဲ့တာျဖစ္ၿပီး ႐ႊီလ်န္ကိုပို႔လိုက္တာပဲျဖစ္မယ္။

ရွန့္ခ်န္ခုန္းသည္ ႐ႊီလ်န္ကသူ႕ဓာတ္ပုံကိုတင္မယ္မွန္းေတာ့ လုံးဝမေမွ်ာ္လင့္ထားဘဲ စာေတြပဲတင္လိမ့္မယ္လို႔ထင္ထားခဲ့ျခင္း ၊ ႐ႊီလ်န္ကေအးတိေအးစက္သူတစ္ေယာက္လို႔ပဲ သူထင္ျမင္ခ်က္ရွိေနခဲ့တာ။

ၾကည့္ရတာ သူမအေပၚသူ႕ထင္ျမင္ခ်က္က မွားေနခဲ့တဲ့ပုံပဲ။

ဤပို႔စ္အားျပန္တင္သည့္အေရအတြက္က အံ့ဩစရာေကာင္းေလာက္ေအာင္ ျမင့္တက္ေနလ်က္ရွိခဲ့၏။ သူက ကြန္းမန့္ေတြကိုအထက္ေအာက္ဆြဲၾကည့္ေနေသာ္လည္း သူကိုယ္တိုင္ေတာ့ တစ္ခုမွမတင္ခဲ့ေပ ၊ သူ႕ Weibo မွာဘယ္တုန္းကမွ ဘာတစ္ခုမွမတင္ဖူးခဲ့.. ရံဖန္ရံခါ သတင္းေတြကိုၾကည့္ရန္အတြက္သာေလာ့အင္ဝင္ခဲ့ျခင္းျဖစ္သည္။

သို႔ေသာ္ အေၾကာင္းျပခ်က္အခ်ိဳ႕ေၾကာင့္ တစ္စုံတစ္ေယာက္က သူ႕အား သီးသန့္မက္ေဆ့မွ စာပို႔လာခဲ့၏။

သူဖတ္ဖို႔ရည္႐ြယ္ခ်က္မရွိေပ ၊ သို႔ေသာ္ သူ ႐ႊီလ်န္၏ပို႔စ္ကိုဖတ္ေနစဥ္ သီးသန့္မက္ေဆ့အေရအတြက္က တစ္ေစာင္မွငါးေစာင္ထိေျပာင္းလာၿပီး ဆက္၍ျမင့္တက္လာခဲ့ေလသည္။

သူသည္ အနီေရာင္သေကၤတေလးကိုၾကည့္ကာ ေနာက္ဆုံး ဖြင့္ၾကည့္လိုက္ေတာ့သည္။

ေလယာဥ္အမႈထမ္းမ်ားအတြက္ခ်စ္ျခင္းေမတၱာျဖစ္ေပၚေစျခင္း : [ ရွန့္ခ်န္ခုန္း မင္းရဲ႕ Weibo ကိုသုံးေနတုန္းပဲလား? ငါတို႔ရဲ႕အဖြဲ႕စကားေျပာခန္းကိုတစ္ခ်က္ၾကည့္လိုက္.. ေက်ာက္တိ အဲဒီလူဆိုးေကာင္ကမင္းအေၾကာင္းေျပာေနတယ္ ]

ေလယာဥ္အမႈထမ္းမ်ားအတြက္ခ်စ္ျခင္းေမတၱာျဖစ္ေပၚေစျခင္း : [ ငါ့ကိုတကယ္စိတ္ကုန္ေစတယ္! ဒီညေနမွာ ငါတစ္ေယာက္ေယာက္ကိုေတာ့တကယ္ရိုက္ပစ္ခ်င္ေနတယ္! ]

ေလယာဥ္အမႈထမ္းမ်ားအတြက္ခ်စ္ျခင္းေမတၱာျဖစ္ေပၚေစျခင္း : [ Aတကၠသိုလ္ေက်ာင္းသားတစ္ေယာက္အေနနဲ႕ အတိအက် သူဘာကိုသင္ယူခဲ့တာလဲ ]

ေလယာဥ္အမႈထမ္းမ်ားအတြက္ခ်စ္ျခင္းေမတၱာျဖစ္ေပၚေစျခင္း : [ သူ႕ကိုမာန္စြယ္ခ်ိဳးဖို႔ ငါမင္းကိုကူညီေပးမယ္ တျခားအတန္းေဖာ္အမ်ားစုကလဲ သူ႕ကိုေဝဖန္ေနၾကတာ! ငါတို႔အတန္းရဲ႕အလွပန္းေလးေတာင္မွ မင္းအတြက္ရပ္တည္ေပးေနတုန္းပဲ ]

ေလယာဥ္အမႈထမ္းမ်ားအတြက္ခ်စ္ျခင္းေမတၱာျဖစ္ေပၚေစျခင္း : [ စိတ္တည္ၿငိမ္ေစဖို႔ ငါဘီယာတစ္ခြက္ေသာက္ခဲ့ရတယ္! မင္းျမင္လိုက္ခဲ့သင့္တာ.. ဒါေပမဲ့ ေက်ာက္တိကဘာလုပ္ဖို႔ႀကိဳးစားေနတာလဲ ]

၎မက္ေဆ့ေတြကိုဖတ္ၿပီးေနာက္ ရွန့္ခ်န္ခုန္းသည္ ေက်ာက္တိေျပာခဲ့ျဖစ္ေလာက္မည့္ဟာေတြကို ခန့္မွန္းနိုင္ခဲ့သည္။ သူသည္ သူ၏တကၠသိုလ္အတန္းေဖာ္မ်ားႏွင့္ အဆက္အသြယ္ျပတ္ေတာက္ခဲ့သည္မွာ ၾကာေနၿပီျဖစ္ၿပီး သူတို႔၏အဖြဲ႕စကားေျပာခန္းကိုေတာင္ဘေလာ့ထားခဲ့သည္။ ခဏေလာက္စဥ္းစားၿပီးေနာက္ သူ႕ screen ထက္ရွိပင္ဂြင္းသေကၤတကိုႏွိပ္၍ QQ ကိုေလာ့အင္ဝင္လိုက္၏။

သူ႕အဖြဲ႕စကားေျပာခန္းမ်ားစာရင္းတြင္။ 

သူဝင္မၾကည့္တာေတာ္ေတာ္ၾကာေနခဲ့ၿပီ ၊ အဖြဲ႕ေဘးရွိသေကၤတတစ္ခုသည္ ၎၏ေဘးတြင္'99+'ကိုျပသထားခဲ့သည္။ ရွန့္ခ်န္ခုန္းက ထိုအရာကိုၾကည့္ေနစဥ္၌တြင္ စကားေျပာခန္းကဆက္လက္တိုးေနခဲ့သည္။

အိုေက၊ ငါကအတန္းရဲ႕အလွပန္းေလးပဲ : [ တျခားသူေတြက ခ်န္ခုန္းမိသားစုရဲ႕အျဖစ္အပ်က္အေသးစိတ္ကို မသိနိုင္ေပမဲ့ ဒီအဖြဲ႕ထဲကလူတိုင္းကေတာ့ ရွင္းရွင္းလင္းလင္းသိသင့္တယ္၊ နင္က႐ြံစရာေကာင္းတဲ့လူဆိုးေကာင္ပဲ.. ခ်န္ခုန္းသာမရွိခဲ့ဘူးဆိုရင္ နင့္ရဲ႕ဘြဲ႕လြန္ကို နိုင္ငံရပ္ျခားမွာပညာသင္ၾကားခြင့္ရဖို႔ အႀကံျပဳခ်က္ရခဲ့မွာတဲ့လား ]

ေက်ာက္တိတိတိ : [ ဟား ဟား ငါကေတာ့ အက်ိဳးမရွိတာေျပာခဲ့တယ္လို႔ မထင္ဘူး ]

ခံ့ညားေသာလူယုတ္မာ : [ ဟား ဟား မင္းကအက်ိဳးမရွိတာေျပာခဲ့တယ္လို႔ မထင္ရင္လဲ ဘာလို႔ေျပာခဲ့ေသးလဲ၊ မင္းအီးေပါေလာေကာင္ ]

တုေလာင္ရွစ္ : [ ဟုတ္ၿပီ ေတာ္လိုက္ၾကေတာ့ ဒီကိစၥမွာတကယ္ေက်ာက္တိအမွားပဲ ]

အဖြဲ႕စကားေျပာခန္းက တစ္မိနစ္ေလာက္တိတ္ဆိတ္သြားခဲ့သည္။

ခံ့ညားေသာလူယုတ္မာ : [ တုေရွာင္ထ်န္း မင္းလူအေကာင္! ငါက အခုေျပာလိုက္တဲ့သူက တကယ္ပဲတုေလာင္ရွစ္လို႔ထင္လိုက္တာ.. မင္းငါ့ကိုေသေအာင္ေျခာက္ေနတာလား! ]

ရွန့္ခ်န္ခုန္းသည္ သူတို႔၏ကေလးကလားအကြက္ေတြကို မရယ္ဘဲမေနနိုင္ေတာ့ ၊ သို႔ေသာ္ တုေလာင္ရွစ္ကိုေျပာေနခ်ိန္၌ သူ႕အၿပဳံးေတြကတျဖည္းျဖည္းမွိန္က်သြားခဲ့၏။ တုေလာင္ရွစ္၊ အန္ကယ္ေဟာ္လိုမ်ိဳးပဲ သူ႕အေပၚမွာအၿမဲတမ္းေမွ်ာ္လင့္ခ်က္ျမင့္ျမင့္ထားခဲ့တာ... သို႔ေသာ္ ယခုမွာေတာ့ ရွန့္ခ်န္ခုန္း သူတို႔အေပၚမွာ တာဝန္မေက်ျဖစ္ခဲ့သည္။

ရွန့္ခ်န္ခုန္းသည္ တျခားသူမ်ားအၾကားတြင္ ေက်ာက္တိနာမည္ကိုေတြ႕ေတာ့ သူႏွင့္ chat တစ္ခုဖြင့္လိုက္ေလသည္။

ေက်ာက္တိသည္ ခ်န္ခုန္းကသူ႕ကိုမက္ေဆ့ပို႔ထားေသာအသိေပးခ်က္ကိုျမင္သည့္အခါ အံ့ဩသြားခဲ့သည္။ သူအဘယ္ေၾကာင့္မေကာင္းတာေတြေျပာေနသည့္အေၾကာင္းေမးရန္ ဒါမွမဟုတ္ သူ႕ကိုဖုန္းေခၚခိုင္းရန္အတြက္ ရွန့္ခ်န္ခုန္းကမက္ေဆ့ပို႔ခဲ့တာလို႔ သူခန့္မွန္းထားခဲ့တာ ၊ သူ chatကိုဖြင့္ရင္း ေလွာင္ရယ္လိုက္ေသာ္လည္း မထင္မွတ္ထားေသာအရာတစ္ခုကို ေတြ႕လိုက္ရေလသည္။

ရွန့္ခ်န္ခုန္းက ေမးခြန္းတစ္ခုတည္းကိုသာေမးထားခဲ့ျခင္း..

[ မင္း ဘ႑ာေရးကုမၸဏီမွာဘာလို႔အလုပ္လုပ္ေနတာလဲ ]

__________________

ဒါနဲ႕ ရွန့္ခ်န္ခုန္းက Love at first sight ပါေနာ္

*********

Continue Reading

You'll Also Like

1.6M 138K 46
โœซ ๐๐จ๐จ๐ค ๐Ž๐ง๐ž ๐ˆ๐ง ๐‘๐š๐ญ๐ก๐จ๐ซ๐ž ๐†๐ž๐ง'๐ฌ ๐‹๐จ๐ฏ๐ž ๐’๐š๐ ๐š ๐’๐ž๐ซ๐ข๐ž๐ฌ โŽโŽโŽโŽโŽโŽโŽโŽโŽโŽโŽ She is shy He is outspoken She is clumsy He is graceful...
1.4M 35.3K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
7.9K 691 15
แ€•แ€Šแ€ฌแ€žแ€„แ€บแ€†แ€ฏแ€›แ€›แ€พแ€ญโ€‹แ€›แ€ฑแ€ธแ€กแ€แ€ฝแ€€แ€บ แ€•แ€ผแ€ญแ€ฏแ€„แ€บแ€†แ€ญแ€ฏแ€„แ€บแ€€แ€ผแ€žแ€Šแ€บแ€™แ€พแ€ฌ โ€‹แ€แ€ฑแ€ฌแ€™แ€ฎแ€ธโ€‹แ€œแ€ฑแ€ฌแ€„แ€บแ€žแ€–แ€ฝแ€šแ€บ แ€กแ€€แ€ปแ€ญแ€แ€บแ€กแ€”แ€šแ€บแ‹ โ€‹แ€€แ€ปแ€ฑแ€ฌแ€„แ€บแ€ธแ€กแ€ฏแ€•แ€บแ€€แ€ผแ€ฎแ€ธแ€›แ€ฏแ€ถแ€ธแ€แ€”แ€บแ€ธโ€‹แ€›แ€พแ€ฑแ€ทแ€แ€ฝแ€„แ€บ 'แ€œแ€„แ€บแ€ธแ€šแ€ฝแ€ฎแ€€แ€ปแ€„แ€บแ€ธ' แ€”แ€พแ€„แ€บแ€ท 'แ€›แ€พแ€”แ€บแ€€แ€ปแ€ฝแ€™แ€บแ€ท'แ€แ€ญแ€ฏแ€ท แ€‘แ€ญแ€•แ€บ...