အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့...

By Tharaphy97

691K 116K 2.4K

The Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက... More

Story Description(Uni and Zawgyi)
ပြန်လည်​မွေးဖွားခြင်း 1.1
ပြန်လည်​မွေးဖွားခြင်း 1.2
2. အပင်များရှားပါးခြင်း
3. အလုပ် ရှာခြင်း
4. အိမ်ကို ​ခေါ်လာခြင်း
5.တသီးတခြား​နေခြင်း
6. လိင် အမျိုးအစား
7. အလုပ်
8. သီးသန့်
9. စတင်ခြင်း
10. ​လေ့ကျင့်ခြင်း
11. သူငယ်ချင်း
12. ပြိုင်ပွဲစင်မြင့်
13. စက္ကန့်ပိုင်းအတွင်း အနိုင်ရခြင်း
14. စာအုပ်
15. မိုင်နဲ
16. ပစ္စည်း ဥစ္စာများ
17. အပင် ဌာန
18. အရှုံး​ပေးခြင်း
19. အိမ်​ပြောင်း ​နေထိုင်ခြင်း
Chapter 20
Chapter 21
Chapter . 22
Chapter 24
Chapter 25
တနင်္လာနေ့ paid group စပါမယ်နော်
Hey guys!
Please Read !!!
Chapter 26 : တိုက်ခိုက်ခြင်း
Chapter 27 : ဒုတိယမြောက် အပင်ရရှိခြင်း
Chapter 28:ဧရာမခြင်္သေ့သားရဲ
Chapter 29.1 : ပြိုင်ပွဲ
Chapter 29.2 : ပြိုင်ပွဲ
Chapter 29.3 : ပြိုင်ပွဲ
Chapter 30 : ထွက်ခွာခြင်း
Chapter 31:အဖွဲ့လိုက် ပြိုင်ပွဲ အတွင်း...
Chapter 32 : လွှင့်ပစ်ခြင်း
Chapter 33 : အဆိပ်မိခြင်း
Chapter 34.1 : ​ပြောင်းပြန်ဖြစ်သွားတယ်
Chapter 34.2:ပြောင်းပြန်ဖြစ်သွားတယ်
Chapter 35 : ဆက်နွယ်ခြင်း
Chapter 36.1 Network တစ်ခုလုံး ဆဲဆိုကြခြင်း
36.2
Chapter 37 : ​ခဏ​လောက် သတိလွတ်သွားခြင်း
Chapter 38 : အမှီလိုက်ခြင်း
Chapter 39 : ပုံမှန်!!!(Uni)
Chapter 39 : ပုံမွန္ !!! (ZG)
Chapter 40 : အစီအစဥ်
Chapter 41 : တတိယ​မြောက် အပင်
Chapter 42 : ပြင်ဆင်ခြင်း
Chapter 43 : ဖွင့်ပြောခြင်း
Chapter 44: တိုက်ခိုက်ခံရခြင်း
Chapter 45 : ဆင်းသက်ခြင်း
Chapter 46 : ဆက်သွယ်ခြင်း
Chapter 47.1 : စွမ်းအင် ပြန်လည်ရယူခြင်း
Chapter 47.2: စွမ်းအင်ပြန်လည် ရယူခြင်း
Chapter 48 :ထွက်ခွာခြင်း
အခန်း 49- ရောင်းဖို့မဟုတ်ဘူး
Chapter 50: ပူး​ပေါင်း ​ဆောင်ရွက်ခြင်း
Chapter 51: တွယ်ကပ်​နေခြင်း
Chapter 52 : မ​ကောင်းတဲ့ အကြံ
New Story!!! & Game!!!
Chapter 53 : သတိ​ပေးခြင်း
Chapter 54 : Live streaming
Chapter 55 : ​စောင့်ကြည့် စစ်​ဆေးခြင်း
Chapter 56 : ဖြေရှင်းခြင်း
Chapter 57 : သံသယရှိသူ
Chapter 58 : ​တွေ့၍ နှုတ်ဆက်ခြင်း
Chapter 59 : စတုတ္တ အပင်အား အသက်သွင်းခြင်း
Chapter 60 : အကုန်လုံး ရှုံးသွားတယ်
Chapter 61 : ထင်မြင်ချက်​ပေးခြင်း
Chapter 62 : Aဂြိုလ်ရဲ့ သတ္တုတွင်း
Chapter 63 : နဂါးပျံသားရဲ
Chapter 64 : ခရီးက အပြန်
Chapter 65 : အကျိုးသက်​ရောက်မှု
Chapter 66 :ပါတနာ အသစ်များ
Chapter 67 : ဖမ်းဆီးခြင်း
Chapter 68 :အိမ်ရှင်
Chapter 69 : လူစုခြင်း
Chapter 70 : အမ
Chapter 71 : ဖမ်းဆီးခြင်း
Chapter 72: ပြန်တိုက်ခိုက်ခြင်း
Chapter 73 : ရောက်ရှိခြင်း
Chapter 74 : နိုးထလာခြင်း
Chapter 75 : ဆက်နွယ်အပင်
Chapter 76 : ခြင်္သေ့ပျံ သားရဲ
Chapter 77 : ပဉ္စမမြောက် အပင်
Chapter 78 : အပြာရောင်ဂြိုလ်
Chapter 79 : တိုက်ခိုက်ခြင်း!!!
Chapter 80 : လေလံပွဲများ
Chapter 81 : လုပ်ဆောင်ချက်
Chapter 82 : ပူးပေါင်းဆောင်ရွက်ခြင်း
Chapter 83 : ဖွက်ထားခြင်း
Chapter 84 : ပြန်လည်တွေ့ဆုံခြင်း
Chapter 85 : သဘောတူညီချက်
Chapter 86 : ပင်လယ် သတ္တဝါကြီးများ
Chapter 87 : Coma
Chapter 88 : နှုတ်ဆက်ခြင်း
Chapter 89 : ကောက်ကျစ်တဲ့ အကြံဥာဏ်
Chapter 90 : သတင်းစာ ရှင်းလင်းပွဲ
Chapter 91 : စွမ်းအင်​တွေ အများကြီး ရခြင်း
Chapter 92: ကိုယ်ဝန်
Chapter 93: ဂုဏ်ယူပါတယ်!!!!
Chapter 94: ​မြေဝယ်ခြင်း
Chapter 95: ကျန်​သေးတဲ့ စွမ်းအင်
Chapter 96: ပြန်ယူခြင်း
Chapter 97: စွမ်းရည် မြှင့်တင်ခြင်း
Chapter 98: ဂြိုလ်သား သားရဲ​တွေ
Chapter 99: အ​လောင်း ​ဖျောက်ခြင်း
Chapter 100: ဆုံးဖြတ်ချက်
Chapter 101: ဝန်ထမ်း ခေါ်ယူခြင်း
Chapter 102 : စွမ်းအင်​တွေ ​​လျော့နည်းလာခြင်း
Chapter 103 : လူအများရှေ့ ချက်ပြုတ်ခြင်း
Chapter 104 :​ဖော်ထုတ်ခြင်း
Chapter 105: အ​လျော်​ပေးခြင်း
Chapter 106: ဘွဲ့ နှင်းသဘင်
Chapter 107: လက်ထပ်ခွင့် ​တောင်းခြင်း
Chapter 108: လက်ထပ်ပွဲ ကြိုတင် ပြင်ဆင်မှု
Chapter 109: လက်ထပ်ပွဲ
Chapter 110 :​နေ့တိုင်း
Chapter 111: ဘုရင်ကြီးဆီ က သင်ကြားခြင်း (Final)
Chapter 112: Extra One
Chapter 113: Extra Two
Chapter 114: Extra Three
​ကျေးဇူးတင်လွှာ
Hi👋👋👋
Hello
Attention Please!!!
Hello
Please!!!

Chapter 23

5.8K 1.1K 92
By Tharaphy97

Chapter 23: အထင်လွဲခြင်း

ရှဲ့စန်း မကြာခင်မှာပဲ အစာ​ကျွေးတဲ့ဌာနနဲ့ အကျွမ်းတဝင် ဖြစ်လာခဲ့သည်။ သူ့အတွက် အံ့သြစရာ က ပုံမှန်ဆိုရင် ဆက်နွယ်သားရဲ​တွေကို အစာ​ကျွေးတာက​နေ စွမ်းအင်မရ​လောက်ဘူးလို့ သူ​တွေးထားခဲ့​သည်။ သူဒီ​လောက်အထိရလိမ့်မယ် လို့ မ​မျှော်လင့်ထားခဲ့​ချေ။

ဆက်နွယ်သားရဲ တစ်မျိုးစီတိုင်းမှာ အထူးသီးသန့် အစာ​ကျွေးသူ​တွေ ရှိ​​ပြီး ထုံးစံအတိုင်း ဒီအလုပ်လုပ်ဖို့ အရည်အချင်းရှိကြ​ပေမယ့်  ဖြစ်စဥ်က အမြဲတမ်း တုန်လှုပ်ချောက်ချားနေပါသည်။ အမှန်မှာ၊ တိရစ္ဆာန်များသည် အစာကိုမြင်သောအခါ ဆင်ခြင်ဥာဏ်မရှိကြ​တော့ပေ။ ရှဲ့စန်း ၏အကူအညီဖြင့်၊ အစာကျွေးသည့်အလုပ်များသည် ပိုမိုလွယ်ကူလာပြီး ပိုမိုမြန်ဆန်လာကာ ဆက်နွယ်သားရဲများနှင့် တိုက်ခိုက်ရန် ၊ညှစ်ကစားခံရန် မလို​တော့​ချေ။

ဒါကြောင့် အစာ​ကျွေးသူတိုင်းက ရှဲ့စန်း ကို စွမ်းအင်ပြန်ပေးကြသည်။

ရှဲ့စန်း သည် အလုပ်မှထွက်လာသောအခါ စနစ် မှ စွမ်းအင်တန်ဖိုးကို ကြည့်ပြီး ကျေနပ်သောမျက်နှာဖြင့် ပြုံးလိုက်သည်။

စွင်းမောင်းက သူ့ကိုဒီလိုမြင်တော့ အံ့သြသွားခဲ့သည်။ အစာကျွေးခြင်းလုပ်ငန်း အထူးသဖြင့် B အဆင့် အထက် တိရိစ္ဆာန်များကို အစာကျွေးနေသော ရှဲ့စန်း အတွက် ရုပ်ပိုင်းဆိုင်ရာအလုပ်ဟု ယူဆလို့ရသည်။ အစားအစာပမာဏက အံ့ဩစရာဖြစ်ပြီး အစားအစာကို ကောက်ဖို့တောင် မလွယ်​ပေ။

ရှဲ့စန်း ၏ပုံစံသည် အရပ်ရှည်သော အထီးများ ကြားထဲတွင် သေးငယ်လှသည်။ စွင်း​မောင်းက ခံနိုင်ရည်ရှိမည်ဟု တွေးထား​ပေမယ့် နေ့ခင်းတိုင်း အလုပ်ရှုပ်​နေသည့် ကြားထဲ တောက်ပစွာ ပြုံးနိုင်သေးမယ်လို့ မ​မျှော်လင့်ထားခဲ့​ပေ။

စွင်း​မောင်း သည် ရှဲ့စန်း ၏ ပခုံးကို ပုတ်ပြီး “ကောင်းလို​ကောင်း လုပ်ခဲ့တာပဲ!”

ရှဲ့စန်း က ချက်ချင်းပဲ "ကျွန်တော် ဆက်ပြီး ကြိုးစားပါ့မယ်"

ရှဲ့စန်း က အလုပ်ပြီးတာနဲ့ တိုက်ခန်းကို တန်းတန်းမတ်မတ်ပြန်သွားခဲ့သည်။ ကျင်းကျန် သည် မိုင်နဲ ၏တိုက်ခန်းနှင့် သိပ်မဝေးပါ။ ပြန်​ရောက်သွားတဲ့အချိန် ခြောက်နာရီမထိုးသေးဘဲ မိုင်နဲ က ပြန်မလာ​သေး​ပေ။ ညစာချက်ရန် မီးဖိုချောင်ထဲသို့ လှမ်းဝင်ကာ နုတ်နုတ်စင်းတဲ့ အသား​တွေကို ယူလိုက်သည်။

ဓားကိုချလိုက်ပြီး လက်ကိုဆေးကာ မီးဖိုခန်းထဲက ထွက်လာတဲ့ အချိန် မိုင်နဲ​ ကို ​တွေ့​တော့ ပြုံးပြလိုက်သည်။

" မင်း ပြန်လာပြီ ! "

မိုင်နဲရဲ့​ ခြေလှမ်းတွေ ရပ်​သွားသည်​။ သူ့မျက်လုံးများက ရှဲ့စန်း ဆီသို့ လှမ်းကြည့်လိုက်ပြီး သူ့အမူအရာက ခဏမျှ ရပ်တန့်သွားသည်။ 'တစ်စုံတစ်ယောက်က သူ့ကို ဒီလိုပြောဖူးတာ ဒါပထမဆုံးပဲ' ။ သူက ပြုံးလိုက်ပြီး " အင်း ၊ ဟင်းချက်​နေတာလား "

ရှဲ့စန်း က ပြန်မ​ဖြေခဲ့​ပေမယ့် သူ့ဆီ ​ပြေးလာပြီး သူ့လည်ပင်း ဘယ်ဘက်က ဒဏ်ရာ​သေး​သေး​လေးကို လက်ညှိုးထိုးကာ " ဘာဖြစ်လာတာလဲ "

သူ အိမ်က ထွက်တုန်းက ဘာဒဏ်ရာမှ မရှိဘူး​လေ၊ သူ တကယ် ရန်ဖြစ်ဖို့ သွားခဲ့တာလား ?

ရှဲ့စန်း အနားတိုးလာခဲ့သည်၊ မိုင်နဲ ခန္ဓာကိုယ်မှ ​သွေးနံ့ရတယ်လို့ သတိထားမိ​ပေမယ့် မိုင်နဲက တစ်ကိုယ်လုံး အမဲ​တွေ ဝတ်ထားပြီး လည်ပင်းကလွဲရင် ဘာမှ​ပေါ်မ​နေတဲ့အတွက် သူ ဘယ်​နေရာ ဒဏ်ရာရ​နေလဲ ဆိုတာ ​ပြောဖို့ မဖြစ်နိုင်ပေ။

မိုင်နဲ၏ လက်ချောင်းတွင် ဒဏ်ရာ ရှိ​နေခဲ့ပြီး သိပ်စိုးရိမ်စရာမရှိပါ။ “အဆင်ပြေပါတယ်၊ မနက်ဖြန်ဆို ​ကောင်းသွားမှာပါ။”

"ဘာတွေဖြစ်နေတာလဲ? ရန်ဖြစ်ခဲ့တာလား။ တခြား ဘယ်​နေရာ​တွေမှာ ဒဏ်ရာ ရခဲ့​သေးလဲ။ သွေးနံ့တွေရနေတယ်" ရှဲ့စန်း က လေးနက်သော မျက်နှာဖြင့် မေးလိုက်သည်။

မိုင်နဲက သူ့လက်ကို မြှောက်ပြီး အနံ့ခံလိုက်သည်။ သူ မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်မိသွားသည်။ “ငါ ဘယ်သူနဲ့မှ ရန်မဖြစ်ခဲ့ပါဘူး။ ငါ့သွေး မဟုတ်ဘူး။ ငါ ရေသွားချိုးလိုက်တော့မယ်"

ရှဲ့စန်း က သူ့ကို ပြန်ဆွဲထုတ်လိုက်ပြီး

 “ရှင်းရှင်းလင်းလင်းပြော။”

စိတ်ထဲမှာ ​ဒေါသထွက်​နေခဲ့သည်။ မိုင်နဲက တစ်​ကယ်​ အ​မှောင်​ထဲမှာ ဆိုး​သွမ်းတာတွေ လုပ်​​နေပြီဆိုရင်​ သူ​နောက်​ကို လိုက်​​နေရ​တော့မှာလား?

မိုင်နဲက တစ်ဖက်လှည့်ပြီး သူ့လက်မောင်းကို ကိုင်ထားတဲ့ ရှဲ့စန်း ရဲ့လက်ကို ကြည့်လိုက်​တော့ စိုးရိမ်နေတဲ့ မျက်နှာကို တွေ့လိုက်ရသည်။ သူက မျက်ခုံးပင့်သွားခဲ့ပြီး  "ငါ ထိခိုက်သွားမှာ ကြောက်လို့လား"

သူသည် ရှဲ့စန်း ၏လက်ကို နောက်လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ရှေ့သို့ အနည်းငယ် ဆွဲယူလိုက်သည်။

ရှဲ့စန်း သည် မိုင်နဲကဲ့သို့ ခေါင်းကို ငုံ့ထားရင်း ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်သည်။ သူတို့ကြားက အကွာအဝေးက အလွန် နီးကပ်သွားသည်။ မိုင်နဲ အသံက ပုံမှန်​ထက်​ ပို​ပေါ့ပါးသွားပြီး

"မင်း ငါ့ကို ဘာလို့ အဲ့​လောက်​ စိုးရိမ်​​နေတာလဲ"

ရှဲ့စန်း သည် ငှက်​မွှေး​လေးလို ​ပေါ့​ပေါ့ပါးပါး​ မေးလာတဲ့ ​မေးခွန်းအား နား​ထောင်ပြီး နီးကပ်​နေတဲ့ ချောမောသော မျက်နှာကို ကြည့်လိုက်သည်။ သူ့နှလုံးခုန်သံက အကြောင်းတစ်ခုခုကြောင့် စည်းချက်ပျက်သွားပြီး သူ့မျက်နှာမှာ အပူတွေ ရုတ်တရက် တက်လာခဲ့သည်။

"ငါ...ငါ... ငါတို့က သူငယ်ချင်းပဲ!"    ရှဲ့စန်း က သူ့မျက်လုံးတွေ ဝေဝါးနေပြီး မိုင်နဲကို မကြည့်ဘဲ ခပ်မြန်မြန် ပြောလိုက်သည်။ 

“မင်းက ငါ့ညီအစ်ကို​လေ။ သေချာ​ပေါက် မင်းကို ဂရုစိုက်ရမှာ​ပေါ့ !"

“မင်း…” မိုင်နဲက စကားတစ်ခွန်းပြောပြီး ရုတ်တရက် ရပ်လိုက်သည်။ ရှဲ့စန်း ကို ရှုပ်​ထွေး​နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။   

“ညီအစ်ကို? ငါ က ညီအစ်ကိုဖြစ်​နေတာ ဘယ်လောက်ကြာပြီလဲ။ ရက်အနည်းငယ်အတွင်း အခြားတစ်ယောက်ကို ညီအစ်ကိုလို့ ခေါ်နိုင်လား။ အခု မင်းငါ့ကို လုပ်နေသလိုမျိုး​လေ ? "

“သေချာတာပေါ့ အမြဲတမ်း ညီအစ်ကိုပဲ။ တခြားသူငယ်ချင်းတွေနဲ့ တွေ့ခဲ့ရင်တောင် ညီအကိုတွေဖြစ်နေတုန်းပဲ !”

မိုင်နဲက သူ့လက်ကို လွှတ်ချလိုက်ပြီး " ညီအစ်ကို ဒါမှမဟုတ် တခြားသူငယ်ချင်းတွေကို မင်း မလိုပါဘူး" ။ ပြောပြီးတာနဲ့ သူ့အခန်းကို သွားခဲ့သည်။

ရှဲ့စန်း က ပိတ်ထားတဲ့ တံခါးကို ကြည့်ပြီး အေးခဲသွားတယ်။ အဲဒါ ဘာကို ဆိုလိုတာလဲ။ ဒါက ဘာအဓိပ္ပာယ်လဲ။ မူလတန်းကျောင်းမှာ မင်း ငါနဲ့ကစားရင် ငါက တခြားသူတွေနဲ့ ကစားခွင့်မရှိ​တော့ဘူးလား။

ဒီဟာ..... အခု သူနဲ့ မိုင်နဲက သူငယ်ချင်း ဖြစ်သွား​ပေမယ့်  သူ့ဘဝမှာ မိတ်​​ဆွေတစ်​​ယောက်​ပဲရှိ​တော့တာလား ? ။ မိုင်နဲအ​တွေး​တွေက တခုခုလွဲမှား​​နေတာ မဟုတ်ဘူးလား ! ။

သူအဲဒီမှာ ခဏရပ်​နေခဲ့ပြီး ညစာစားဖို့ စဉ်းစားလိုက်သည်။ မီးဖိုချောင်သို့ အမြန်သွားကာ ညစာစားရင်း သူငယ်ချင်း​တွေအကြောင်း မိုင်နဲ စိတ်ပြောင်းအောင် ဘယ်လိုလုပ်ရမလဲဟု တွေးနေမိသည်။ ညစာ အဆင်သင့်ဖြစ်သောအခါ သူ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ မဟုတ်​သေးပါဘူး၊ သူက မိုင်နဲကို ယနေ့ မွန်းလွဲပိုင်းတွင် ဘာ​တွေလုပ်ခဲ့တာလဲ လို့ မေးခဲ့တာ မဟုတ်ဘူးလား။

အရေးကြီးဆုံး အရာက မိုင်နဲ မ​ကောင်းတာ တစ်ခုခု လုပ်ခဲ့တာလား !

သူညစာကို ယူလိုက်ပြီး စားပွဲ​ပေါ် တင်လိုက်တဲ့အချိန် မိုင်နဲ အခန်းထဲက ထွက်လာခဲ့သည်။ သူသည် မီးခိုးရောင်ဖျော့ဖျော့ ညအိပ်ဝတ်စုံကို ပြောင်းလဲခဲ့ပြီး အလွန်ပေါ့ပေါ့ပါးပါး ဖြစ်နေသည်။

ရှဲ့စန်း က သူ့လည်ပင်းနားကို ကြည့်လိုက်သည် ။ ဒဏ်ရာက ကုသပြီးပြီဆိုတာ သိသာ​နေခဲ့သည်။

"ဒါ ဘာလဲ?" မိုင်နဲသည်​ အစပ်အရသာရှိပြီး နုတ်နုတ်စင်းထားတဲ့ အသားကို  လက်ညှိုးထိုးပြီး ​မေးလိုက်သည်​။

“အစပ်အဟပ်။ အရသာကောင်းတယ်၊ မြည်းကြည့်ပါ။" ရှဲ့စန်း က သူ့ကို မျှော်လင့်တကြီး ကြည့်နေလိုက်သည် ။

မိုင်နဲ တစ်​လုတ် စားလိုက်​သည်​။ စပ်တဲ့အစားအစာကို ပထမဆုံးအကြိမ် စားရတဲ့အတွက် စားပြီးပြီးချင်း မ​မျှော်လင့်ဘဲ ​ချောင်းဆိုးသွားခဲ့သည်။ သူ့မျက်နှာမှာ နီရဲပြီးရင် နီရဲလာသည်၊ သူ့မျက်လုံးများတွင် မျက်ရည်ဝဲလာ စိတ်မသက်မသာ ဖြစ်​နေပုံ​ပေါ်​နေသည်။

ရှဲ့စန်း က အံသြသွားပေမယ့် အမြန် သတိပြန်ဝင်လာပြီး ရေတစ်ခွက် ပေးလိုက်သည်။

 "​ချောင်းဆိုးတာ သက်သာစေဖို့ ရေနည်းနည်း သောက်လိုက်။"

မိုင်နဲ က ​ရေ များများ သောက်လိုက်ပြီး ပြန်ကောင်းလာတဲ့အခါ အံ့သြသွားခဲ့သည်။

“ဒါက အစပ် လား ။ အရသာရှိတယ်!"

ရှဲ့စန်း ရယ်လိုက်ပြီး  "အင်း၊ အဲဒါက အစပ်ဆုံးတော့ မဟုတ်ဘူး" ငရုတ်သီးတစ်တောင့်ကို အသားသုံးပေါင်နဲ့ လုပ်ထားတော့ အစပ်တွေ အများကြီး လျော့သွားတယ်။

မိုင်နဲ ဆက်​စား​နေခဲ့သည်။ သူ့နှုတ်ခမ်းတွေက အစပ်​ကြောင့် နီရဲနေခဲ့သည်။ ရှဲ့စန်း သည် အသားကင်စားခဲ့သည်။ သူက သူ့ကို ခဏခဏ စိုက်ကြည့်ရင်း တွေးလိုက်သည်။ 'ဒီကောင်က အရမ်းကြည့်ကောင်းတာပဲ၊သူ နမ်းပြီး ကိုက်ချင်လိုက်တာ.......' ။

သေရော!

“ဘန်း..…” ရှဲ့စန်း က သူတွေးနေတာကို သဘောပေါက်ခဲ့ကာ စားပွဲပေါ် လက်တစ်ဖက်တင်ပြီး ပြင်းထန်စွာ ထရပ်လိုက်သည်။

မိုင်နဲက သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ "ဘာမှား​နေလို့လဲ?"

ရှဲ့စန်းက သူ့ကို မကြည့်ဝံ့​ပေ။ သူ့မျက်လုံးများသည် အစပ်ဟင်း ထည့်ထား​သော ပန်းကန်ပြားဆီသို့ စိုက်ကြည့်ကာ ပန်းကန်ပြားကို ကောက်ယူရန် လက်ဆွဲလိုက်သည်။ "မင်းမှာ ဒဏ်ရာရ​နေတယ်။ မင်း စားလို့မရဘူး။ စပ်တဲ့အစာတွေက အနာအတွက် မကောင်းဘူး။”

မိုင်နဲက မကျေနပ်ဘူး ဖြစ်သွားခဲ့သည်။ များများစားလေ စားချင်လေလေမို့ စားရင်းနဲ့

"အဆင်ပြေတယ်လို့  ငါ​ပြောတယ်​လေ"

 ခေါင်းကို ​မော့ကာ ဒဏ်ရာရှိ​နေသော လည်ပင်းကို ပြလိုက်သည်။ “ကြည့်။ သက်သာနေပြီ။”

သူသည် ညဝတ်အင်္ကျီကို ခပ်ပွပွ ၀တ်ထားခဲ့သည်၊ ထိပ်က ကြယ်သီးကို ဖြုတ်ထားတဲ့အတွက် သူ၏ညှပ်ရိုးက အပြည့်အဝ ပေါ်လွင်နေခဲ့သည်။

ဖြား​ယောင်း​ သွေး​ဆောင် လုနီးပါးဖြစ်​နေခဲ့သည်။

အားးးးးးးး၊ ရှဲ့စန်း က ဗျာများ​နေခဲ့ပြီး ၊ ​​သူဘာတွေတွေးနေတာလဲ။ ဒါက 1.9 မီတာထက်ပိုတဲ့ လူတစ်ယောက်! ယောကျာ်းတစ်​ယောက် ! အထီး !

“ဘန်း..…” ရှဲ့စန်း က ဗန်းကိုချကာ ထိုင်ချလိုက်ပြီး သူ့ခေါင်းကို မြှုပ်ကာ ဆက်စား​နေခဲ့သည်။ ဆန့်ကျင်ဘက်ဘက်ကို လှည့်မကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

မိုင်နဲက ကျေနပ်​သွားပြီး အစပ်​အရသာ အသား ကို ဆက်​စား​နေသည်​။ သူစားနေရင်း ရှဲ့စန်း မှာ တစ်ခုခုမှားနေပြီဆိုတာ သတိထားမိလိုက်သည်။ သူ စားပွဲကို ခေါက်လိုက်ပြီး "မင်း စိတ်ဆိုးနေတာလား? ဒဏ်ရာက အဆင်​ပြေတယ်လို့ ငါ​ပြောထားတယ်​​လေ"

ဒဏ်ရာကို ပြောသောအခါ ရှဲ့စန်း သည် သူ့တွင်လမေးစရာတစ်ခုရှိနေသေးကြောင်း သတိရမိလိုက်သည်။ "မင်း ဒဏ်ရာ ဘယ်လို ရလာတာလဲ"

မိုင်နဲတစ်​​ယောက်​ ခဏ​လောက် တိတ်​ဆိတ်​သွားသည်​။ "လျှို့ဝှက်ချက်။"

ရှဲ့စန်း မော့ကြည့်လိုက်သည်။ "မင်း မကောင်းတာလုပ်ခဲ့တာလား။ တရားမဝင်တာ လုပ်ခဲ့တာလား”

မိုင်နဲက သူ့လက်ကို စက္ကူနဲ့သုတ်ပြီး ရေတစ်ကျိုက် ​သောက်ကာ “ငါနဲ့ ပတ်သက်ရမှာ ကြောက်လို့လား ?။ မင်း အမြဲတမ်း ထွက်သွားနိုင်တယ်။"

ရှဲ့စန်း က သူ့လက်သီးကို ဆုပ်ထားပြီး ဒါဟာ သူတကယ် ဆိုးသွမ်းတဲ့ ဒါမှမဟုတ် တရားမ၀င် တစ်ခုခုကို လုပ်ခဲ့တာလို့ ဝန်ခံလိုက်တာပဲ။

မ​ကောင်းတာ လုပ်တာကို တားဖို့ သူ သိပ်နောက်ကျနေပြီမလို့ ဖယ်ရှားပစ်ရုံပဲ ရှိ​တော့တယ်။

"မင်းငါ့ကိုပြော၊ မင်းဘာလုပ်လိုက်တာလဲ" ရှဲ့စန်း က မေးလိုက်သည်နှင့် အဆိုးဆုံးအရာများ ဖြစ်နိုင်သည်ဟု မျှော်လင့်ထားသည်။

စာအုပ်ထဲမှာ၊ မိုင်နဲက ဘရန့်ဒ်ဂြိုလ် ကို တိုက်ခိုက်ဖို့ သားရဲတွေနဲ့ တွဲလုပ်ခဲ့တယ်။ သားရဲများသည် အခြားဂြိုဟ်မှ ဖြစ်ကြတယ်။ မိုင်နဲက ယခုအချိန်တွင်၊ ဘရန့်ဒ်ဂြိုလ်မှ မထွက်သွား​သေးသလို သားရဲများနှင့်လည်း အဆက်အသွယ် မရှိ​သေး​ချေ။

မိုင်နဲ က မဖြေခဲ့​ပေ။ သူသည် လျှို့ဝှက်ချက်များကို အလေးအနက်ထားတတ်ကြောင်း ထင်ရှားသည်။

ရှဲ့စန်း က သူ့ကို အရမ်းဒေါသထွက်နေပေမယ့် သူ့ကိုပြောဖို့ နည်းလမ်းမရှိခဲ့​ပေ။ ဘရန့်ဒ်ဂြိုလ်သည် သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံရသည့် မြင်ကွင်းကို တွေးနေခဲ့ပြီး အသားကင်ကို ပြင်းပြင်းထန်ထန် ကိုက်လိုက်သည်။ သူ့ပန်းကန်ကို စိုက်ကြည့်နေခဲ့သည်။ 'အချိန်မနှောင်းခင် သူတကယ် လုပ်လိုက်ရမှာလား? ။ '

သူစားပြီး​နောက် သူ့ပန်းကန်ကို သန့်ရှင်းရေးလုပ်ဖို့ ပြင်​နေချိန် မိုင်နဲက သူ့လက်ကို မြှောက်ကာ တားလိုက်သည် ။ " ငါ ​ဆေးလိုက်မယ်"

ရှဲ့စန်းက သူ မီးဖိုချောင်ထဲ ဝင်သွားဖို့အတွက် စောင့်နေခဲ့သည်။ စားပွဲပေါ်ရှိ ရေဖန်ခွက်ကို ကြည့်ကာ အိတ်ကပ်ထဲမှ အဖြူရောင် ဆေးဘူးလေးကို ထုတ်ယူလိုက်သည်။ အထဲမှာ ကျင်းကျန် ရဲ့ ဆက်နွယ်သားရဲဆီမှ ပိုးမွှားတွေကို ဖယ်ရှားတဲ့ ဆေးပြားတွေ ရှိ​နေခဲ့သည်။ သူလုပ်စရာရှိတာက အဲဒါကို ရေထဲမှာ ပျော်အောင် လုပ်လိုက်ရင်ရပြီ ။ အဲဒါကို ထိရတာ အဆင်​ပြေ​ပေမယ့် သောက်လိုက်ရင် အဆိပ်ဖြစ်သွားလိမ့်မယ်။

ဤအရာသည် မိုင်နဲ မ​ကောင်းတာ လုပ်တဲ့အခါတွင် သုံးရန် သူလျှို့ဝှက်ဝှက်ထားခဲ့သော အရာဖြစ်သည်၊ အဲ့ဒါကြောင့် ဘရန့်ဒ်ဂြိုလ်အား ဘေးဥပဒ်ဖြစ်စေမည့်တရားခံကို ပုခက်ထဲမှာကတည်းက သတ်ပစ်ရမယ်။

သူ့ရှေ့က ရေခွက်ကို ဆွဲယူပြီး ပုလင်းကို ညာလက်နဲ့ တင်းတင်းကျပ်ကျပ် ညှစ်လိုက်သည်။ သူသည် ဂြိုလ်ကျူးကျော်ဝင်ရောက်မှု၏ ဆိုးရွား​သော မြင်ကွင်းကို ပြန်တွေးပြီး သူ့ကိုယ်တိုင် ရှင်းလင်းဖို့ ကြိုးစားခဲ့သည်။ တစ်ဖက်က မိုင်နဲဖြစ်​နေသည်ကို တွေးပြီး အဖုံးဖွင့်ဖို့အတွက် သူစိတ်မဆုံးဖြတ်နိုင်သေး​ပေ။

"မင်း ဘာလုပ်နေ​တာလဲ?" 

သူ၏ ညာဘက် လက်ကောက်ဝတ်ကို ကြီးမား လေးလံသောလက်ဖြင့် ရုတ်တရက် အညှစ်ခံလိုက်ရပြီး မိုင်နဲ၏ ပြင်းပြင်းထန်ထန် မေးခွန်းထုတ်သံသည် နားထဲတွင် ထွက်ပေါ်လာခဲ့သည်။

ရှဲ့စန်း ၏လက် နာကျင်သွားသဖြင့် ​​ဆေးဘူးလွတ်ကျသွားခဲ့သည်။ ​ဆေးဘူး လဲကျသွားပြီး မိုင်နဲ ကောက်ကိုင်လိုက်သည် ။

မိုင်နဲက သူ့ရှေ့တွင် ဆေးဘူးကို ကိုင်ထားပြီး ညွှန်ကြားချက်များကို သေချာဖတ်လိုက်သည်။ သူ့မျက်နှာသည် ပို၍ပို၍ ရုပ်ဆိုးလာခဲ့သည်။

ရှဲ့စန်း က ထိတ်လန့်သွားသည်။  'သူဘယ်လိုရှင်းပြရမလဲ။'

သူ ဘာမှပြန်မပြောမီ မိုင်နဲက ​ဆေးဘူးကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီး သူ့ပုခုံးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အေးစက်သော မျက်နှာဖြင့် သူ့ကို ကြည့်လာသည်။

 "မင်း ကိုယ့်ကိုကိုယ် ထပ်ပြီးသတ်ချင်နေတာလား။ နေ့တိုင်း ကိုယ့်ကိုကိုယ်သတ်သေဖို့ ကြိုးစားတာကလွဲရင် တခြားလုပ်စရာမရှိဘူးလား။ မင်းသေချင်​နေရင် ငါ့စိတ်ထဲစွဲ​နေ​အောင် လုပ်ပြီး​တော့ ဘာဖြစ်ချင်​နေတာလဲ။ လူတွေကို လှည့်စားရတာ ပျော်စရာလို့ ထင်လား"

မိုင်နဲ၏အသံသည် နွေးထွေးမှုလုံးဝမရှိဘဲ နောက်အခိုက်အတန့်တွင် ရန်သူကို တိုက်ခိုက်မည့် ပြင်းထန်သော သားရဲတစ်ကောင်ကို မြင်လိုက်ရသလိုမျိုး သူ့မျက်လုံးများက သူ့ကို စိုက်ကြည့်နေသည်။

ရှဲ့စန်း အေးခဲသွားပြီး မသိစိတ်က "ငါမလုပ်ပါဘူး... ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ မကြိုးစားခဲ့ဘူး"

"ကိုယ့်ကိုယ်ကို မသတ်သေချင်ရင် ဒီဆေးကို ဘာလို့ ထုတ်တာလဲ" မိုင်နဲ အသက်​ပြင်းပြင်းရှူလိုက်​ပြီး

 "ဒီမနက် မင်းအဆင်ပြေနေတာကို ငါ​တွေ့ခဲ့တယ်။ ရေထဲငုပ်ပြီး သေကြောင်းကြံဖို့ ကြိုးစားခဲ့တာကို မင်းနောင်တရတယ်လို့ ငါထင်ခဲ့တယ်၊ ဒါကြောင့် မင်း ​ကြောက်တာကို လှုံ့​ဆော်မိမှာစိုးလို့ ငါပြောမပြခဲ့ပေမဲ့ မင်းအကြံအစည်ကို မစွန့်လွှတ်သေးဘူးလို့ ငါမမျှော်လင့်ထားဘူး။"

"သေကြောင်းကြံ ရေငုပ်တာလား?"

“ရေကူးနည်းတော့ မသိဘူး။ ရေကူးကန်ထဲ ခုန်ချပြီး ကိုယ့်ကိုကိုယ်သတ်သေဖို့ ကြိုးစားတာအပြင် တခြားဘာတွေရှိနိုင်လဲ။ ပထမက မင်း အဆောက်အဦးပေါ်က ခုန်ချပြီး​ နောက်တစ်ခါ ရေထဲခုန်ချတယ်၊ အခု မင်းဆေးတွေသောက်နေတယ်…”

မိုင်နဲ က ခေတ္တရပ်လိုက်ပြီး သူ့ပခုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ 

“မဟုတ်ဘူး၊ မင်း ဒါကို မလုပ်ရဘူး။ စိတ်ရောဂါကု ဆရာဝန်နှင့် ပြသရမယ်။ မင်းမှာ စိတ်ရောဂါရှိ​နေတာ ဖြစ်ရမယ်။"
(T/N : နှစ်​ယောက် က တွဲ​တောင် မတွဲရ​သေးဘူး အရူး​ထောင်ပို့​တော့မယ် 😂😂😂)

သူသည် ရှဲ့စန်း ၏ပခုံးများကို လွှတ်လိုက်ပြီး ရှဲ့စန်းလက်​မောင်းကို ဆွဲကာ လှည့်လိုက်သည်။ "ငါ မင်းကို အခု ဆေးရုံ လိုက်ပို့​ပေးမယ်။ အခု မ ကုသလိုက်ရင် တစ်ချိန်ချိန်မှာ ကိုယ့်ကိုကိုယ် သတ်သေသွားနိုင်တယ်။ မင်းက အရမ်းအန္တရာယ်များတယ်။"(T/N : 😅😅😅)

ရှဲ့စန်း သည် သူ့ကိုယ်သူ ဆွဲထုတ်ခံရခြင်းမှ တားဆီးရန် စားပွဲထောင့်ကို ဖမ်းကိုင်ကာ ရိုးရှင်းစွာ အော်ဟစ်ရယ်မောခဲ့သည်။

 "ငါ အဆင်​ပြေတယ် ။ ငါ့မှာ စိတ်ရောဂါ မရှိဘူး၊ ဆေးရုံသွားစရာ မလိုဘူး"

"လွှတ်ပါ။ မင်း သွားမှရမယ်။"

ရှဲ့စန်း ၏ ခွန်အားသည် သူ့အတွက် မယှဉ်စရာမလို​ပေ၊ စားပွဲထောင့်ကို ဆွဲရန် ခက်ခဲသည်ဆိုသော အချက်ကို မပြောဘဲ သူ့ကို ဆွဲ​ခေါ်လိုက်သည်။

ရှဲ့စန်း က မိုင်နဲ ရဲ့ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်နိုင်တော့ဘဲ သူ့အဝတ်အစားတွေကို ကြည့်ကာ "မင်း က ညဝတ်အင်္ကျီနဲ့ ရှိနေတုန်းပဲ!"

မိုင်နဲ နည်းနည်းလှုပ်​ရှား သွားသည်။ ရှဲ့စန်း သူ့ကိုယ်သူ သတ်သေဖို့ ထပ်ကြိုးစားမှာကို အရမ်းစိုးရိမ်နေပုံရသည်။ အဲ့ဒါ​​ကြောင့် ဆေးဘူးကို အရင် ကောက်ယူလိုက်ပြီး ရှဲ့စန်းကို သူ့အိပ်ခန်းထဲ ဆွဲခေါ်သွားလိုက်သည်။

သူ့အိပ်ခန်း၏ အဓိကအရောင်မှာ မီးခိုးရောင်နှင့် အဖြူရောင်ဖြစ်ပြီး အပြင်အဆင်သည် ရိုးရှင်းပြီး သန့်ရှင်းသည်။

“ဒီမှာ ရပ်​နေ ။ မလှုပ်နဲ့ ! " 

မိုင်နဲက သူ့ကို ဗီရိုဆီသို့ ခေါ်သွားကာ သူ့လက်ကို လွှတ်လိုက်ပြီး ဗီရိုထဲမှ ခရမ်းရင့်​ရောင် အဝတ်အစား တစ်စုံကို ပေါ့ပေါ့ဆဆ ထုတ်ယူကာ ကုတင်ပေါ် ပစ်ချလိုက်သည်။ ထို့နောက် သူ့ ညဝတ်အင်္ကျီ ကြယ်သီးကို ဖြုတ်လိုက်သည်။

အဝတ်မပါတဲ့ ​တောင့်တင်း​သော သူ၏ ရင်ဘတ်သည် တဖြည်းဖြည်း ​ပေါ်လာခဲ့သည်။ မိုင်နဲက သူ့အဝတ်အစားတွေကို ကြယ်သီးတွေ ဖြုတ်နေတုန်း ရှဲ့စန်းကို စိုက်ကြည့်နေခဲ့ပြီး ထွက်ပြေးမှာကို စိုးရိမ်နေပုံ ​ပေါ်သည်။ မိုင်နဲက သူ့ကို စိုက်ကြည့်​နေ​တော့ ရှဲ့စန်း ရဲ့ နှလုံးခုန်သံတွေ တဟုန်ထိုး မြန်လာပြီး၊ သူ့ခန္ဓာကိုယ်က နှလုံးခုန်သံ ပိုများလာတာနဲ့အမျှ ထိတ်လန့်တကြားဖြစ်လာခဲ့သည်။

ခဏ အကြာတွင် မိုင်နဲ ဆွဲ​ခေါ်တာ ခံလိုက်ရပြီး " မင်း ဘယ်သွားမလို့လဲ ? "

ရှဲ့စန်း စိတ်ထဲက​နေ ​အော်ဟစ်​နေခဲ့သည်။ 'တကယ်လို့ ဒီ​နေရာမှာ ဆက်​နေခဲ့ရင် သူ့အ​ပေါ် ခုန်တက်ချင်တဲ့စိတ်ကို ထိန်းလို့ရမှာ မဟုတ်ဘူး~~~~~.'
(T/N: ​သြော် အစ်ကိုရယ် ​ဖြောင့်​နေလို့ပဲ ​ကွေးသာ​ကွေး​နေရင်​တော့ မလွယ်ဘူး 😒😒😒)

Zawgyi version

Chapter 23: အထင္လြဲျခင္း

ရွဲ႕စန္း မၾကာခင္မွာပဲ အစာ​ေကြၽးတဲ့ဌာနနဲ႕ အကြၽမ္းတဝင္ ျဖစ္လာခဲ့သည္။ သူ႕အတြက္ အံ့ၾသစရာ က ပုံမွန္ဆိုရင္ ဆက္ႏြယ္သားရဲ​ေတြကို အစာ​ေကြၽးတာက​ေန စြမ္းအင္မရ​ေလာက္ဘူးလို႔ သူ​ေတြးထားခဲ့​သည္။ သူဒီ​ေလာက္အထိရလိမ့္မယ္ လို႔ မ​ေမွ်ာ္လင့္ထားခဲ့​ေခ်။

ဆက္ႏြယ္သားရဲ တစ္မ်ိဳးစီတိုင္းမွာ အထူးသီးသန့္ အစာ​ေကြၽးသူ​ေတြ ရွိ​​ၿပီး ထုံးစံအတိုင္း ဒီအလုပ္လုပ္ဖို႔ အရည္အခ်င္းရွိၾက​ေပမယ့္  ျဖစ္စဥ္က အၿမဲတမ္း တုန္လႈပ္ေခ်ာက္ခ်ားေနပါသည္။ အမွန္မွာ၊ တိရစ္ဆာန္မ်ားသည္ အစာကိုျမင္ေသာအခါ ဆင္ျခင္ဥာဏ္မရွိၾက​ေတာ့ေပ။ ရွဲ႕စန္း ၏အကူအညီျဖင့္၊ အစာေကြၽးသည့္အလုပ္မ်ားသည္ ပိုမိုလြယ္ကူလာၿပီး ပိုမိုျမန္ဆန္လာကာ ဆက္ႏြယ္သားရဲမ်ားႏွင့္ တိုက္ခိုက္ရန္ ၊ညွစ္ကစားခံရန္ မလို​ေတာ့​ေခ်။

ဒါေၾကာင့္ အစာ​ေကြၽးသူတိုင္းက ရွဲ႕စန္း ကို စြမ္းအင္ျပန္ေပးၾကသည္။

ရွဲ႕စန္း သည္ အလုပ္မွထြက္လာေသာအခါ စနစ္ မွ စြမ္းအင္တန္ဖိုးကို ၾကည့္ၿပီး ေက်နပ္ေသာမ်က္ႏွာျဖင့္ ၿပဳံးလိုက္သည္။

စြင္းေမာင္းက သူ႕ကိုဒီလိုျမင္ေတာ့ အံ့ၾသသြားခဲ့သည္။ အစာေကြၽးျခင္းလုပ္ငန္း အထူးသျဖင့္ B အဆင့္ အထက္ တိရိစ္ဆာန္မ်ားကို အစာေကြၽးေနေသာ ရွဲ႕စန္း အတြက္ ႐ုပ္ပိုင္းဆိုင္ရာအလုပ္ဟု ယူဆလို႔ရသည္။ အစားအစာပမာဏက အံ့ဩစရာျဖစ္ၿပီး အစားအစာကို ေကာက္ဖို႔ေတာင္ မလြယ္​ေပ။

ရွဲ႕စန္း ၏ပုံစံသည္ အရပ္ရွည္ေသာ အထီးမ်ား ၾကားထဲတြင္ ေသးငယ္လွသည္။ စြင္း​ေမာင္းက ခံနိုင္ရည္ရွိမည္ဟု ေတြးထား​ေပမယ့္ ေန႕ခင္းတိုင္း အလုပ္ရႈပ္​ေနသည့္ ၾကားထဲ ေတာက္ပစြာ ၿပဳံးနိုင္ေသးမယ္လို႔ မ​ေမွ်ာ္လင့္ထားခဲ့​ေပ။

စြင္း​ေမာင္း သည္ ရွဲ႕စန္း ၏ ပခုံးကို ပုတ္ၿပီး “ေကာင္းလို​ေကာင္း လုပ္ခဲ့တာပဲ!”

ရွဲ႕စန္း က ခ်က္ခ်င္းပဲ "ကြၽန္ေတာ္ ဆက္ၿပီး ႀကိဳးစားပါ့မယ္"

ရွဲ႕စန္း က အလုပ္ၿပီးတာနဲ႕ တိုက္ခန္းကို တန္းတန္းမတ္မတ္ျပန္သြားခဲ့သည္။ က်င္းက်န္ သည္ မိုင္နဲ ၏တိုက္ခန္းႏွင့္ သိပ္မေဝးပါ။ ျပန္​ေရာက္သြားတဲ့အခ်ိန္ ေျခာက္နာရီမထိုးေသးဘဲ မိုင္နဲ က ျပန္မလာ​ေသး​ေပ။ ညစာခ်က္ရန္ မီးဖိုေခ်ာင္ထဲသို႔ လွမ္းဝင္ကာ ႏုတ္ႏုတ္စင္းတဲ့ အသား​ေတြကို ယူလိုက္သည္။

ဓားကိုခ်လိဳက္ၿပီး လက္ကိုေဆးကာ မီးဖိုခန္းထဲက ထြက္လာတဲ့ အခ်ိန္ မိုင္နဲ​ ကို ​ေတြ႕​ေတာ့ ၿပဳံးျပလိုက္သည္။

" မင္း ျပန္လာၿပီ ! "

မိုင္နဲရဲ႕​ ေျခလွမ္းေတြ ရပ္​သြားသည္​။ သူ႕မ်က္လုံးမ်ားက ရွဲ႕စန္း ဆီသို႔ လွမ္းၾကည့္လိုက္ၿပီး သူ႕အမူအရာက ခဏမွ် ရပ္တန့္သြားသည္။ 'တစ္စုံတစ္ေယာက္က သူ႕ကို ဒီလိုေျပာဖူးတာ ဒါပထမဆုံးပဲ' ။ သူက ၿပဳံးလိုက္ၿပီး " အင္း ၊ ဟင္းခ်က္​ေနတာလား "

ရွဲ႕စန္း က ျပန္မ​ေျဖခဲ့​ေပမယ့္ သူ႕ဆီ ​ေျပးလာၿပီး သူ႕လည္ပင္း ဘယ္ဘက္က ဒဏ္ရာ​ေသး​ေသး​ေလးကို လက္ညွိုးထိုးကာ " ဘာျဖစ္လာတာလဲ "

သူ အိမ္က ထြက္တုန္းက ဘာဒဏ္ရာမွ မရွိဘူး​ေလ၊ သူ တကယ္ ရန္ျဖစ္ဖို႔ သြားခဲ့တာလား ?

ရွဲ႕စန္း အနားတိုးလာခဲ့သည္၊ မိုင္နဲ ခႏၶာကိုယ္မွ ​ေသြးနံ႕ရတယ္လို႔ သတိထားမိ​ေပမယ့္ မိုင္နဲက တစ္ကိုယ္လုံး အမဲ​ေတြ ဝတ္ထားၿပီး လည္ပင္းကလြဲရင္ ဘာမွ​ေပၚမ​ေနတဲ့အတြက္ သူ ဘယ္​ေနရာ ဒဏ္ရာရ​ေနလဲ ဆိုတာ ​ေျပာဖို႔ မျဖစ္နိုင္ေပ။

မိုင္နဲ၏ လက္ေခ်ာင္းတြင္ ဒဏ္ရာ ရွိ​ေနခဲ့ၿပီး သိပ္စိုးရိမ္စရာမရွိပါ။ “အဆင္ေျပပါတယ္၊ မနက္ျဖန္ဆို ​ေကာင္းသြားမွာပါ။”

"ဘာေတြျဖစ္ေနတာလဲ? ရန္ျဖစ္ခဲ့တာလား။ တျခား ဘယ္​ေနရာ​ေတြမွာ ဒဏ္ရာ ရခဲ့​ေသးလဲ။ ေသြးနံ႕ေတြရေနတယ္" ရွဲ႕စန္း က ေလးနက္ေသာ မ်က္ႏွာျဖင့္ ေမးလိုက္သည္။

မိုင္နဲက သူ႕လက္ကို ျမႇောက္ၿပီး အနံ႕ခံလိုက္သည္။ သူ မတတ္နိုင္ဘဲ မ်က္ေမွာင္ၾကဳတ္မိသြားသည္။ “ငါ ဘယ္သူနဲ႕မွ ရန္မျဖစ္ခဲ့ပါဘူး။ ငါ့ေသြး မဟုတ္ဘူး။ ငါ ေရသြားခ်ိဳးလိုက္ေတာ့မယ္"

ရွဲ႕စန္း က သူ႕ကို ျပန္ဆြဲထုတ္လိုက္ၿပီး

 “ရွင္းရွင္းလင္းလင္းေျပာ။”

စိတ္ထဲမွာ ​ေဒါသထြက္​ေနခဲ့သည္။ မိုင္နဲက တစ္​ကယ္​ အ​ေမွာင္​ထဲမွာ ဆိုး​သြမ္းတာေတြ လုပ္​​ေနၿပီဆိုရင္​ သူ​ေနာက္​ကို လိုက္​​ေနရ​ေတာ့မွာလား?

မိုင္နဲက တစ္ဖက္လွည့္ၿပီး သူ႕လက္ေမာင္းကို ကိုင္ထားတဲ့ ရွဲ႕စန္း ရဲ႕လက္ကို ၾကည့္လိုက္​ေတာ့ စိုးရိမ္ေနတဲ့ မ်က္ႏွာကို ေတြ႕လိုက္ရသည္။ သူက မ်က္ခုံးပင့္သြားခဲ့ၿပီး  "ငါ ထိခိုက္သြားမွာ ေၾကာက္လို႔လား"

သူသည္ ရွဲ႕စန္း ၏လက္ကို ေနာက္လက္တစ္ဖက္ျဖင့္ ဆုပ္ကိုင္လိုက္ၿပီး ေရွ႕သို႔ အနည္းငယ္ ဆြဲယူလိုက္သည္။

ရွဲ႕စန္း သည္ မိုင္နဲကဲ့သို႔ ေခါင္းကို ငုံ႕ထားရင္း ေရွ႕ကို ေျခတစ္လွမ္း တိုးလိုက္သည္။ သူတို႔ၾကားက အကြာအေဝးက အလြန္ နီးကပ္သြားသည္။ မိုင္နဲ အသံက ပုံမွန္​ထက္​ ပို​ေပါ့ပါးသြားၿပီး

"မင္း ငါ့ကို ဘာလို႔ အဲ့​ေလာက္​ စိုးရိမ္​​ေနတာလဲ"

ရွဲ႕စန္း သည္ ငွက္​ေမႊး​ေလးလို ​ေပါ့​ေပါ့ပါးပါး​ ေမးလာတဲ့ ​ေမးခြန္းအား နား​ေထာင္ၿပီး နီးကပ္​ေနတဲ့ ေခ်ာေမာေသာ မ်က္ႏွာကို ၾကည့္လိုက္သည္။ သူ႕ႏွလုံးခုန္သံက အေၾကာင္းတစ္ခုခုေၾကာင့္ စည္းခ်က္ပ်က္သြားၿပီး သူ႕မ်က္ႏွာမွာ အပူေတြ ႐ုတ္တရက္ တက္လာခဲ့သည္။

"ငါ...ငါ... ငါတို႔က သူငယ္ခ်င္းပဲ!"    ရွဲ႕စန္း က သူ႕မ်က္လုံးေတြ ေဝဝါးေနၿပီး မိုင္နဲကို မၾကည့္ဘဲ ခပ္ျမန္ျမန္ ေျပာလိုက္သည္။ 

“မင္းက ငါ့ညီအစ္ကို​ေလ။ ေသခ်ာ​ေပါက္ မင္းကို ဂ႐ုစိုက္ရမွာ​ေပါ့ !"

“မင္း…” မိုင္နဲက စကားတစ္ခြန္းေျပာၿပီး ႐ုတ္တရက္ ရပ္လိုက္သည္။ ရွဲ႕စန္း ကို ရႈပ္​ေထြး​ေနတဲ့ မ်က္လုံးေတြနဲ႕ ၾကည့္လိုက္သည္။   

“ညီအစ္ကို? ငါ က ညီအစ္ကိုျဖစ္​ေနတာ ဘယ္ေလာက္ၾကာၿပီလဲ။ ရက္အနည္းငယ္အတြင္း အျခားတစ္ေယာက္ကို ညီအစ္ကိုလို႔ ေခၚနိုင္လား။ အခု မင္းငါ့ကို လုပ္ေနသလိုမ်ိဳး​ေလ ? "

“ေသခ်ာတာေပါ့ အၿမဲတမ္း ညီအစ္ကိုပဲ။ တျခားသူငယ္ခ်င္းေတြနဲ႕ ေတြ႕ခဲ့ရင္ေတာင္ ညီအကိုေတြျဖစ္ေနတုန္းပဲ !”

မိုင္နဲက သူ႕လက္ကို လႊတ္ခ်လိဳက္ၿပီး " ညီအစ္ကို ဒါမွမဟုတ္ တျခားသူငယ္ခ်င္းေတြကို မင္း မလိုပါဘူး" ။ ေျပာၿပီးတာနဲ႕ သူ႕အခန္းကို သြားခဲ့သည္။

ရွဲ႕စန္း က ပိတ္ထားတဲ့ တံခါးကို ၾကည့္ၿပီး ေအးခဲသြားတယ္။ အဲဒါ ဘာကို ဆိုလိုတာလဲ။ ဒါက ဘာအဓိပၸာယ္လဲ။ မူလတန္းေက်ာင္းမွာ မင္း ငါနဲ႕ကစားရင္ ငါက တျခားသူေတြနဲ႕ ကစားခြင့္မရွိ​ေတာ့ဘူးလား။

ဒီဟာ..... အခု သူနဲ႕ မိုင္နဲက သူငယ္ခ်င္း ျဖစ္သြား​ေပမယ့္  သူ႕ဘဝမွာ မိတ္​​ေဆြတစ္​​ေယာက္​ပဲရွိ​ေတာ့တာလား ? ။ မိုင္နဲအ​ေတြး​ေတြက တခုခုလြဲမွား​​ေနတာ မဟုတ္ဘူးလား ! ။

သူအဲဒီမွာ ခဏရပ္​ေနခဲ့ၿပီး ညစာစားဖို႔ စဥ္းစားလိုက္သည္။ မီးဖိုေခ်ာင္သို႔ အျမန္သြားကာ ညစာစားရင္း သူငယ္ခ်င္း​ေတြအေၾကာင္း မိုင္နဲ စိတ္ေျပာင္းေအာင္ ဘယ္လိုလုပ္ရမလဲဟု ေတြးေနမိသည္။ ညစာ အဆင္သင့္ျဖစ္ေသာအခါ သူ ႐ုတ္တရက္ သေဘာေပါက္သြားခဲ့သည္။ မဟုတ္​ေသးပါဘူး၊ သူက မိုင္နဲကို ယေန႕ မြန္းလြဲပိုင္းတြင္ ဘာ​ေတြလုပ္ခဲ့တာလဲ လို႔ ေမးခဲ့တာ မဟုတ္ဘူးလား။

အေရးႀကီးဆုံး အရာက မိုင္နဲ မ​ေကာင္းတာ တစ္ခုခု လုပ္ခဲ့တာလား !

သူညစာကို ယူလိုက္ၿပီး စားပြဲ​ေပၚ တင္လိုက္တဲ့အခ်ိန္ မိုင္နဲ အခန္းထဲက ထြက္လာခဲ့သည္။ သူသည္ မီးခိုးေရာင္ေဖ်ာ့ေဖ်ာ့ ညအိပ္ဝတ္စုံကို ေျပာင္းလဲခဲ့ၿပီး အလြန္ေပါ့ေပါ့ပါးပါး ျဖစ္ေနသည္။

ရွဲ႕စန္း က သူ႕လည္ပင္းနားကို ၾကည့္လိုက္သည္ ။ ဒဏ္ရာက ကုသၿပီးၿပီဆိုတာ သိသာ​ေနခဲ့သည္။

"ဒါ ဘာလဲ?" မိုင္နဲသည္​ အစပ္အရသာရွိၿပီး ႏုတ္ႏုတ္စင္းထားတဲ့ အသားကို  လက္ညွိုးထိုးၿပီး ​ေမးလိုက္သည္​။

“အစပ္အဟပ္။ အရသာေကာင္းတယ္၊ ျမည္းၾကည့္ပါ။" ရွဲ႕စန္း က သူ႕ကို ေမွ်ာ္လင့္တႀကီး ၾကည့္ေနလိုက္သည္ ။

မိုင္နဲ တစ္​လုတ္ စားလိုက္​သည္​။ စပ္တဲ့အစားအစာကို ပထမဆုံးအႀကိမ္ စားရတဲ့အတြက္ စားၿပီးၿပီးခ်င္း မ​ေမွ်ာ္လင့္ဘဲ ​ေခ်ာင္းဆိုးသြားခဲ့သည္။ သူ႕မ်က္ႏွာမွာ နီရဲၿပီးရင္ နီရဲလာသည္၊ သူ႕မ်က္လုံးမ်ားတြင္ မ်က္ရည္ဝဲလာ စိတ္မသက္မသာ ျဖစ္​ေနပုံ​ေပၚ​ေနသည္။

ရွဲ႕စန္း က အံၾသသြားေပမယ့္ အျမန္ သတိျပန္ဝင္လာၿပီး ေရတစ္ခြက္ ေပးလိုက္သည္။

 "​ေခ်ာင္းဆိုးတာ သက္သာေစဖို႔ ေရနည္းနည္း ေသာက္လိုက္။"

မိုင္နဲ က ​ေရ မ်ားမ်ား ေသာက္လိုက္ၿပီး ျပန္ေကာင္းလာတဲ့အခါ အံ့ၾသသြားခဲ့သည္။

“ဒါက အစပ္ လား ။ အရသာရွိတယ္!"

ရွဲ႕စန္း ရယ္လိုက္ၿပီး  "အင္း၊ အဲဒါက အစပ္ဆုံးေတာ့ မဟုတ္ဘူး" င႐ုတ္သီးတစ္ေတာင့္ကို အသားသုံးေပါင္နဲ႕ လုပ္ထားေတာ့ အစပ္ေတြ အမ်ားႀကီး ေလ်ာ့သြားတယ္။

မိုင္နဲ ဆက္​စား​ေနခဲ့သည္။ သူ႕ႏႈတ္ခမ္းေတြက အစပ္​ေၾကာင့္ နီရဲေနခဲ့သည္။ ရွဲ႕စန္း သည္ အသားကင္စားခဲ့သည္။ သူက သူ႕ကို ခဏခဏ စိုက္ၾကည့္ရင္း ေတြးလိုက္သည္။ 'ဒီေကာင္က အရမ္းၾကည့္ေကာင္းတာပဲ၊သူ နမ္းၿပီး ကိုက္ခ်င္လိုက္တာ.......' ။

ေသေရာ!

“ဘန္း..…” ရွဲ႕စန္း က သူေတြးေနတာကို သေဘာေပါက္ခဲ့ကာ စားပြဲေပၚ လက္တစ္ဖက္တင္ၿပီး ျပင္းထန္စြာ ထရပ္လိုက္သည္။

မိုင္နဲက သူ႕ကို အံ့အားသင့္စြာ ၾကည့္လိုက္သည္။ "ဘာမွား​ေနလို႔လဲ?"

ရွဲ႕စန္းက သူ႕ကို မၾကည့္ဝံ့​ေပ။ သူ႕မ်က္လုံးမ်ားသည္ အစပ္ဟင္း ထည့္ထား​ေသာ ပန္းကန္ျပားဆီသို႔ စိုက္ၾကည့္ကာ ပန္းကန္ျပားကို ေကာက္ယူရန္ လက္ဆြဲလိုက္သည္။ "မင္းမွာ ဒဏ္ရာရ​ေနတယ္။ မင္း စားလို႔မရဘူး။ စပ္တဲ့အစာေတြက အနာအတြက္ မေကာင္းဘူး။”

မိုင္နဲက မေက်နပ္ဘူး ျဖစ္သြားခဲ့သည္။ မ်ားမ်ားစားေလ စားခ်င္ေလေလမို႔ စားရင္းနဲ႕

"အဆင္ေျပတယ္လို႔  ငါ​ေျပာတယ္​ေလ"

 ေခါင္းကို ​ေမာ့ကာ ဒဏ္ရာရွိ​ေနေသာ လည္ပင္းကို ျပလိုက္သည္။ “ၾကည့္။ သက္သာေနၿပီ။”

သူသည္ ညဝတ္အကၤ်ီကို ခပ္ပြပြ ၀တ္ထားခဲ့သည္၊ ထိပ္က ၾကယ္သီးကို ျဖဳတ္ထားတဲ့အတြက္ သူ၏ညွပ္ရိုးက အျပည့္အဝ ေပၚလြင္ေနခဲ့သည္။

ျဖား​ေယာင္း​ ေသြး​ေဆာင္ လုနီးပါးျဖစ္​ေနခဲ့သည္။

အားးးးးးးး၊ ရွဲ႕စန္း က ဗ်ာမ်ား​ေနခဲ့ၿပီး ၊ ​​သူဘာေတြေတြးေနတာလဲ။ ဒါက 1.9 မီတာထက္ပိုတဲ့ လူတစ္ေယာက္! ေယာက်ာ္းတစ္​ေယာက္ ! အထီး !

“ဘန္း..…” ရွဲ႕စန္း က ဗန္းကိုခ်ကာ ထိုင္ခ်လိဳက္ၿပီး သူ႕ေခါင္းကို ျမႇုပ္ကာ ဆက္စား​ေနခဲ့သည္။ ဆန႔္က်င္ဘက္ဘက္ကို လွည့္မၾကည့္ဖို႔ ဆုံးျဖတ္လိုက္သည္။

မိုင္နဲက ေက်နပ္​သြားၿပီး အစပ္​အရသာ အသား ကို ဆက္​စား​ေနသည္​။ သူစားေနရင္း ရွဲ႕စန္း မွာ တစ္ခုခုမွားေနၿပီဆိုတာ သတိထားမိလိုက္သည္။ သူ စားပြဲကို ေခါက္လိုက္ၿပီး "မင္း စိတ္ဆိုးေနတာလား? ဒဏ္ရာက အဆင္​ေျပတယ္လို႔ ငါ​ေျပာထားတယ္​​ေလ"

ဒဏ္ရာကို ေျပာေသာအခါ ရွဲ႕စန္း သည္ သူ႕တြင္လေမးစရာတစ္ခုရွိေနေသးေၾကာင္း သတိရမိလိုက္သည္။ "မင္း ဒဏ္ရာ ဘယ္လို ရလာတာလဲ"

မိုင္နဲတစ္​​ေယာက္​ ခဏ​ေလာက္ တိတ္​ဆိတ္​သြားသည္​။ "လွ်ို႔ဝွက္ခ်က္။"

ရွဲ႕စန္း ေမာ့ၾကည့္လိုက္သည္။ "မင္း မေကာင္းတာလုပ္ခဲ့တာလား။ တရားမဝင္တာ လုပ္ခဲ့တာလား”

မိုင္နဲက သူ႕လက္ကို စကၠဴနဲ႕သုတ္ၿပီး ေရတစ္က်ိဳက္ ​ေသာက္ကာ “ငါနဲ႕ ပတ္သက္ရမွာ ေၾကာက္လို႔လား ?။ မင္း အၿမဲတမ္း ထြက္သြားနိုင္တယ္။"

ရွဲ႕စန္း က သူ႕လက္သီးကို ဆုပ္ထားၿပီး ဒါဟာ သူတကယ္ ဆိုးသြမ္းတဲ့ ဒါမွမဟုတ္ တရားမ၀င္ တစ္ခုခုကို လုပ္ခဲ့တာလို႔ ဝန္ခံလိုက္တာပဲ။

မ​ေကာင္းတာ လုပ္တာကို တားဖို႔ သူ သိပ္ေနာက္က်ေနၿပီမလို႔ ဖယ္ရွားပစ္႐ုံပဲ ရွိ​ေတာ့တယ္။

"မင္းငါ့ကိုေျပာ၊ မင္းဘာလုပ္လိုက္တာလဲ" ရွဲ႕စန္း က ေမးလိုက္သည္ႏွင့္ အဆိုးဆုံးအရာမ်ား ျဖစ္နိုင္သည္ဟု ေမွ်ာ္လင့္ထားသည္။

စာအုပ္ထဲမွာ၊ မိုင္နဲက ဘရန့္ဒ္ၿဂိဳလ္ ကို တိုက္ခိုက္ဖို႔ သားရဲေတြနဲ႕ တြဲလုပ္ခဲ့တယ္။ သားရဲမ်ားသည္ အျခားၿဂိဳဟ္မွ ျဖစ္ၾကတယ္။ မိုင္နဲက ယခုအခ်ိန္တြင္၊ ဘရန့္ဒ္ၿဂိဳလ္မွ မထြက္သြား​ေသးသလို သားရဲမ်ားႏွင့္လည္း အဆက္အသြယ္ မရွိ​ေသး​ေခ်။

မိုင္နဲ က မေျဖခဲ့​ေပ။ သူသည္ လွ်ို႔ဝွက္ခ်က္မ်ားကို အေလးအနက္ထားတတ္ေၾကာင္း ထင္ရွားသည္။

ရွဲ႕စန္း က သူ႕ကို အရမ္းေဒါသထြက္ေနေပမယ့္ သူ႕ကိုေျပာဖို႔ နည္းလမ္းမရွိခဲ့​ေပ။ ဘရန႔္ဒ္ၿဂိဳလ္သည္ သားရဲမ်ား၏ တိုက္ခိုက္ျခင္းကို ခံရသည့္ ျမင္ကြင္းကို ေတြးေနခဲ့ၿပီး အသားကင္ကို ျပင္းျပင္းထန္ထန္ ကိုက္လိုက္သည္။ သူ႕ပန္းကန္ကို စိုက္ၾကည့္ေနခဲ့သည္။ 'အခ်ိန္မႏွောင္းခင္ သူတကယ္ လုပ္လိုက္ရမွာလား? ။ '

သူစားၿပီး​ေနာက္ သူ႕ပန္းကန္ကို သန႔္ရွင္းေရးလုပ္ဖို႔ ျပင္​ေနခ်ိန္ မိုင္နဲက သူ႕လက္ကို ျမႇောက္ကာ တားလိုက္သည္ ။ " ငါ ​ေဆးလိုက္မယ္"

ရွဲ႕စန္းက သူ မီးဖိုေခ်ာင္ထဲ ဝင္သြားဖို႔အတြက္ ေစာင့္ေနခဲ့သည္။ စားပြဲေပၚရွိ ေရဖန္ခြက္ကို ၾကည့္ကာ အိတ္ကပ္ထဲမွ အျဖဴေရာင္ ေဆးဘူးေလးကို ထုတ္ယူလိုက္သည္။ အထဲမွာ က်င္းက်န္ ရဲ႕ ဆက္ႏြယ္သားရဲဆီမွ ပိုးမႊားေတြကို ဖယ္ရွားတဲ့ ေဆးျပားေတြ ရွိ​ေနခဲ့သည္။ သူလုပ္စရာရွိတာက အဲဒါကို ေရထဲမွာ ေပ်ာ္ေအာင္ လုပ္လိုက္ရင္ရၿပီ ။ အဲဒါကို ထိရတာ အဆင္​ေျပ​ေပမယ့္ ေသာက္လိုက္ရင္ အဆိပ္ျဖစ္သြားလိမ့္မယ္။

ဤအရာသည္ မိုင္နဲ မ​ေကာင္းတာ လုပ္တဲ့အခါတြင္ သုံးရန္ သူလွ်ို႔ဝွက္ဝွက္ထားခဲ့ေသာ အရာျဖစ္သည္၊ အဲ့ဒါေၾကာင့္ ဘရန့္ဒ္ၿဂိဳလ္အား ေဘးဥပဒ္ျဖစ္ေစမည့္တရားခံကို ပုခက္ထဲမွာကတည္းက သတ္ပစ္ရမယ္။

သူ႕ေရွ႕က ေရခြက္ကို ဆြဲယူၿပီး ပုလင္းကို ညာလက္နဲ႕ တင္းတင္းက်ပ္က်ပ္ ညွစ္လိုက္သည္။ သူသည္ ၿဂိဳလ္က်ဴးေက်ာ္ဝင္ေရာက္မႈ၏ ဆိုး႐ြား​ေသာ ျမင္ကြင္းကို ျပန္ေတြးၿပီး သူ႕ကိုယ္တိုင္ ရွင္းလင္းဖို႔ ႀကိဳးစားခဲ့သည္။ တစ္ဖက္က မိုင္နဲျဖစ္​ေနသည္ကို ေတြးၿပီး အဖုံးဖြင့္ဖို႔အတြက္ သူစိတ္မဆုံးျဖတ္နိုင္ေသး​ေပ။

"မင္း ဘာလုပ္ေန​တာလဲ?" 

သူ၏ ညာဘက္ လက္ေကာက္ဝတ္ကို ႀကီးမား ေလးလံေသာလက္ျဖင့္ ႐ုတ္တရက္ အညွစ္ခံလိုက္ရၿပီး မိုင္နဲ၏ ျပင္းျပင္းထန္ထန္ ေမးခြန္းထုတ္သံသည္ နားထဲတြင္ ထြက္ေပၚလာခဲ့သည္။

ရွဲ႕စန္း ၏လက္ နာက်င္သြားသျဖင့္ ​​ေဆးဘူးလြတ္က်သြားခဲ့သည္။ ​ေဆးဘူး လဲက်သြားၿပီး မိုင္နဲ ေကာက္ကိုင္လိုက္သည္ ။

မိုင္နဲက သူ႕ေရွ႕တြင္ ေဆးဘူးကို ကိုင္ထားၿပီး ၫႊန္ၾကားခ်က္မ်ားကို ေသခ်ာဖတ္လိုက္သည္။ သူ႕မ်က္ႏွာသည္ ပို၍ပို၍ ႐ုပ္ဆိုးလာခဲ့သည္။

ရွဲ႕စန္း က ထိတ္လန႔္သြားသည္။  'သူဘယ္လိုရွင္းျပရမလဲ။'

သူ ဘာမွျပန္မေျပာမီ မိုင္နဲက ​ေဆးဘူးကို ၾကမ္းျပင္ေပၚသို႔ ပစ္ခ်လိဳက္ၿပီး သူ႕ပုခုံးႏွစ္ဖက္ကို လက္ႏွစ္ဖက္ျဖင့္ ဆုပ္ကိုင္ကာ ေအးစက္ေသာ မ်က္ႏွာျဖင့္ သူ႕ကို ၾကည့္လာသည္။

 "မင္း ကိုယ့္ကိုကိုယ္ ထပ္ၿပီးသတ္ခ်င္ေနတာလား။ ေန႕တိုင္း ကိုယ့္ကိုကိုယ္သတ္ေသဖို႔ ႀကိဳးစားတာကလြဲရင္ တျခားလုပ္စရာမရွိဘူးလား။ မင္းေသခ်င္​ေနရင္ ငါ့စိတ္ထဲစြဲ​ေန​ေအာင္ လုပ္ၿပီး​ေတာ့ ဘာျဖစ္ခ်င္​ေနတာလဲ။ လူေတြကို လွည့္စားရတာ ေပ်ာ္စရာလို႔ ထင္လား"

မိုင္နဲ၏အသံသည္ ႏြေးေထြးမႈလုံးဝမရွိဘဲ ေနာက္အခိုက္အတန႔္တြင္ ရန္သူကို တိုက္ခိုက္မည့္ ျပင္းထန္ေသာ သားရဲတစ္ေကာင္ကို ျမင္လိုက္ရသလိုမ်ိဳး သူ႕မ်က္လုံးမ်ားက သူ႕ကို စိုက္ၾကည့္ေနသည္။

ရွဲ႕စန္း ေအးခဲသြားၿပီး မသိစိတ္က "ငါမလုပ္ပါဘူး... ကိုယ့္ကိုယ္ကိုယ္ သတ္ေသဖို႔ မႀကိဳးစားခဲ့ဘူး"

"ကိုယ့္ကိုယ္ကို မသတ္ေသခ်င္ရင္ ဒီေဆးကို ဘာလို႔ ထုတ္တာလဲ" မိုင္နဲ အသက္​ျပင္းျပင္းရႉလိုက္​ၿပီး

 "ဒီမနက္ မင္းအဆင္ေျပေနတာကို ငါ​ေတြ႕ခဲ့တယ္။ ေရထဲငုပ္ၿပီး ေသေၾကာင္းႀကံဖို႔ ႀကိဳးစားခဲ့တာကို မင္းေနာင္တရတယ္လို႔ ငါထင္ခဲ့တယ္၊ ဒါေၾကာင့္ မင္း ​ေၾကာက္တာကို လႈံ႕​ေဆာ္မိမွာစိုးလို႔ ငါေျပာမျပခဲ့ေပမဲ့ မင္းအႀကံအစည္ကို မစြန႔္လႊတ္ေသးဘူးလို႔ ငါမေမွ်ာ္လင့္ထားဘူး။"

"ေသေၾကာင္းႀကံ ေရငုပ္တာလား?"

“ေရကူးနည္းေတာ့ မသိဘူး။ ေရကူးကန္ထဲ ခုန္ခ်ၿပီး ကိုယ့္ကိုကိုယ္သတ္ေသဖို႔ ႀကိဳးစားတာအျပင္ တျခားဘာေတြရွိနိုင္လဲ။ ပထမက မင္း အေဆာက္အဦးေပၚက ခုန္ခ်ၿပီး​ ေနာက္တစ္ခါ ေရထဲခုန္ခ်တယ္၊ အခု မင္းေဆးေတြေသာက္ေနတယ္…”

မိုင္နဲ က ေခတၱရပ္လိုက္ၿပီး သူ႕ပခုံးကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္လိုက္သည္။ 

“မဟုတ္ဘူး၊ မင္း ဒါကို မလုပ္ရဘူး။ စိတ္ေရာဂါကု ဆရာဝန္ႏွင့္ ျပသရမယ္။ မင္းမွာ စိတ္ေရာဂါရွိ​ေနတာ ျဖစ္ရမယ္။"
(T/N : ႏွစ္​ေယာက္ က တြဲ​ေတာင္ မတြဲရ​ေသးဘူး အ႐ူး​ေထာင္ပို႔​ေတာ့မယ္ 😂😂😂)

သူသည္ ရွဲ႕စန္း ၏ပခုံးမ်ားကို လႊတ္လိုက္ၿပီး ရွဲ႕စန္းလက္​ေမာင္းကို ဆြဲကာ လွည့္လိုက္သည္။ "ငါ မင္းကို အခု ေဆး႐ုံ လိုက္ပို႔​ေပးမယ္။ အခု မ ကုသလိုက္ရင္ တစ္ခ်ိန္ခ်ိန္မွာ ကိုယ့္ကိုကိုယ္ သတ္ေသသြားနိုင္တယ္။ မင္းက အရမ္းအႏၱရာယ္မ်ားတယ္။"(T/N : 😅😅😅)

ရွဲ႕စန္း သည္ သူ႕ကိုယ္သူ ဆြဲထုတ္ခံရျခင္းမွ တားဆီးရန္ စားပြဲေထာင့္ကို ဖမ္းကိုင္ကာ ရိုးရွင္းစြာ ေအာ္ဟစ္ရယ္ေမာခဲ့သည္။

 "ငါ အဆင္​ေျပတယ္ ။ ငါ့မွာ စိတ္ေရာဂါ မရွိဘူး၊ ေဆး႐ုံသြားစရာ မလိုဘူး"

"လႊတ္ပါ။ မင္း သြားမွရမယ္။"

ရွဲ႕စန္း ၏ ခြန္အားသည္ သူ႕အတြက္ မယွဥ္စရာမလို​ေပ၊ စားပြဲေထာင့္ကို ဆြဲရန္ ခက္ခဲသည္ဆိုေသာ အခ်က္ကို မေျပာဘဲ သူ႕ကို ဆြဲ​ေခၚလိုက္သည္။

ရွဲ႕စန္း က မိုင္နဲ ရဲ႕ တင္းမာမႈေတြနဲ႕ ပတ္သက္ၿပီး ဘာမွ မလုပ္နိုင္ေတာ့ဘဲ သူ႕အဝတ္အစားေတြကို ၾကည့္ကာ "မင္း က ညဝတ္အကၤ်ီနဲ႕ ရွိေနတုန္းပဲ!"

မိုင္နဲ နည္းနည္းလႈပ္​ရွား သြားသည္။ ရွဲ႕စန္း သူ႕ကိုယ္သူ သတ္ေသဖို႔ ထပ္ႀကိဳးစားမွာကို အရမ္းစိုးရိမ္ေနပုံရသည္။ အဲ့ဒါ​​ေၾကာင့္ ေဆးဘူးကို အရင္ ေကာက္ယူလိုက္ၿပီး ရွဲ႕စန္းကို သူ႕အိပ္ခန္းထဲ ဆြဲေခၚသြားလိုက္သည္။

သူ႕အိပ္ခန္း၏ အဓိကအေရာင္မွာ မီးခိုးေရာင္ႏွင့္ အျဖဴေရာင္ျဖစ္ၿပီး အျပင္အဆင္သည္ ရိုးရွင္းၿပီး သန႔္ရွင္းသည္။

“ဒီမွာ ရပ္​ေန ။ မလႈပ္နဲ႕ ! " 

မိုင္နဲက သူ႕ကို ဗီရိုဆီသို႔ ေခၚသြားကာ သူ႕လက္ကို လႊတ္လိုက္ၿပီး ဗီရိုထဲမွ ခရမ္းရင့္​ေရာင္ အဝတ္အစား တစ္စုံကို ေပါ့ေပါ့ဆဆ ထုတ္ယူကာ ကုတင္ေပၚ ပစ္ခ်လိဳက္သည္။ ထို႔ေနာက္ သူ႕ ညဝတ္အကၤ်ီ ၾကယ္သီးကို ျဖဳတ္လိုက္သည္။

အဝတ္မပါတဲ့ ​ေတာင့္တင္း​ေသာ သူ၏ ရင္ဘတ္သည္ တျဖည္းျဖည္း ​ေပၚလာခဲ့သည္။ မိုင္နဲက သူ႕အဝတ္အစားေတြကို ၾကယ္သီးေတြ ျဖဳတ္ေနတုန္း ရွဲ႕စန္းကို စိုက္ၾကည့္ေနခဲ့ၿပီး ထြက္ေျပးမွာကို စိုးရိမ္ေနပုံ ​ေပၚသည္။ မိုင္နဲက သူ႕ကို စိုက္ၾကည့္​ေန​ေတာ့ ရွဲ႕စန္း ရဲ႕ ႏွလုံးခုန္သံေတြ တဟုန္ထိုး ျမန္လာၿပီး၊ သူ႕ခႏၶာကိုယ္က ႏွလုံးခုန္သံ ပိုမ်ားလာတာနဲ႕အမွ် ထိတ္လန႔္တၾကားျဖစ္လာခဲ့သည္။

ခဏ အၾကာတြင္ မိုင္နဲ ဆြဲ​ေခၚတာ ခံလိုက္ရၿပီး " မင္း ဘယ္သြားမလို႔လဲ ? "

ရွဲ႕စန္း စိတ္ထဲက​ေန ​ေအာ္ဟစ္​ေနခဲ့သည္။ 'တကယ္လို႔ ဒီ​ေနရာမွာ ဆက္​ေနခဲ့ရင္ သူ႕အ​ေပၚ ခုန္တက္ခ်င္တဲ့စိတ္ကို ထိန္းလို႔ရမွာ မဟုတ္ဘူး~~~~~.'
(T/N: ​ေၾသာ္ အစ္ကိုရယ္ ​ေျဖာင့္​ေနလို႔ပဲ ​ေကြးသာ​ေကြး​ေနရင္​ေတာ့ မလြယ္ဘူး 😒😒😒)

Continue Reading

You'll Also Like

6.4K 734 9
Title - 被迫嫁给敌对的王子( Forced to Marry the Enemy Prince ) Original Author - 乔柚/QiaoYou Type - Webnovel Total Chapters - 108 Chapters ☆I don't own this n...
24.4K 2.1K 20
Name : 我家小朋友 /My Little One Author : Flightless Bo-chan (不会飞的菠酱) Chapter : 6 English Translator : Sushi Editors: Yappers I'm not own this novel. I cr...
565K 56.6K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
7.6K 1K 45
•Both Unicode And Zawgyi •Type Web Novel (CN) •Genre Adventure Comedy Shounen Ai Xuanhuan Yaoi •Author(s) Xī Zǐxù 西子绪 •Status in COO 92 chapters + 7...