တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Co...

By zuriiiiii8

179K 28.9K 808

-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်န... More

Synopsis
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း (၂၁)(၁)
အခန်း(၂၁)(၂)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)(၁)
အခန်း(၃၉)(၂)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း (၆၉)
အခန်း(၇၀)
အခန်း (၇၁)
အခန်း(၇၂)
အခန်း (၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)(၁)
အခန်း(၇၇)(၂)
အခန်း(၇၈)
အခန်း(၇၉)(၁)
အခန်း(၇၉)(၂)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂) (ဇာတ်သိမ်း)
from author
farewell

အခန်း(၅၀)

1.3K 231 3
By zuriiiiii8

<မိန်းကလေး၊မင်းဘာလုပ်ချင်နေတာလဲ?>

ထိုစကားများကို ပြန်အမှတ်ရသွားလေရာ ဝမ်ရွှမ် ချွေးပါရွှဲလာရတော့သည်။ထိုအချိန်တု
န်းက ချူလျန်မှာခဲ့သော စကားအဓိပ္ပါယ်ကို
သူနားမလည်နိုင်ခဲ့ပေ။သို့သော် ယခုအချိန်တွ
င် သူရှေ့မှ မြင်ကွင်းကို တွေ့လိုက်ရသောအ
ခါ ထိုစကားများဟာ ဤနေရာသို့ လမ်းညွှန်နေမှန်း သံသယဖြစ်စရာပင် မလိုတော့အောင် ရှင်းလင်းသွားခဲ့ချေပြီ။မျက်စိတစ်မှိတ်အတွ
င်း၌ ဝမ်ရွှမ် ဘာဆက်လုပ်ရမှန်းမသိတော့အောင် ထုံအသွားရသည်။

ချူလျန်က စကားပြောရာတွင် ထိုကဲ့သို့ လေ
သံမျိုးဖြင့် ပြောသည်ကား အလွန်ရှားလှ၏။တစ်စုံတစ်ခုကို မှာကြားရာ၌ ထိုလေသံမျိုး အသုံးပြုခဲ့သည်ဆိုထဲက အသက်နှင့်တမျှ အရေးကြီးသော ကိစ္စမျိုးသာဖြစ်လိမ့်မည်။

ဝမ်ရွှမ်သည် သူကျိုးပဲ့သွားအောင် လုပ်ခဲ့မိသော ရေခဲပြင်ပေါ်မှ အပေါက်ငယ်ကို စိုက်ကြည့်ရင်း ကြေကွဲမှုနှင့်အတူ နောင်တပါရလာတော့သည်။သူ့အတွက် အကာအကွယ်အ
ဖြစ် ပိတ်ဆို့ထားခဲ့သော ရေခဲပြင်ကို သူ့လက်နှင့်ကိုယ်တိုင် ဖျက်ဆီးခဲ့မိခြင်းကြောင့် ကြော
က်ရွံ့သွားရလေသည်။

ကံကောင်းထောက်မစွာဖြင့် ခဏအကြာတွင် အပေါက်ငယ်သည် ဖြည်းဖြည်းချင်း သူ့အလို
လို ပြန်ပြည့်လာခဲ့သည်။တစ်ချိန်တည်းမှာပင် ငယ်ရွယ်သော ကျင့်ကြံသူအမျိုးသား၏ ပုံရိ
ပ်လည်း ဖြည်းဖြည်းချင်း မှိန်ဖျော့သွားတော့
သည်။

၎င်းသည် မသိသာလောက်သော ပမာဏမျိုးဖြစ်သော်လည်း ဤနေရာကို ကာကွယ်ရန်အတွက် ထိုမှတ်ဥာဏ်ပုံရိပ်သည် လက်ရှိတွင် ကိုယ်ပိုင်စွမ်းအင်များကို အသုံးချလျက်ရှိသ
ည်။

ဝမ်ရွှမ်လည်း ယခုမှ ခပ်မြန်မြန် သက်ပြင်းချနိုင်ခဲ့ပြီး အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေ
သော ဝိဥာဥ်စွမ်းအင်များကို အခြားတစ်နေ
ရာသို့ ပြောင်းလဲတိုက်ခိုက်ရန် စေလွှတ်လိုက်သည်။အနှီထူးဆန်းလှသော ရေခဲပြင်ကိုတော့ သွားမထိသည်က အကောင်းဆုံးဖြစ်မ
ည်ဟု မှတ်ချက်ချလိုက်သည်။

သူထွက်မသွားခင်တွင် နောက်ဆုံးအကြိမ် ပြ
န်လှည့်ကြည့်လိုက်သည်။ထိုပုဂ္ဂိုလ်၏ပုံရိပ်က မျောလွင့်နေဆဲဖြစ်သည့်အပြင် အပြုံးဖျော့ဖျော့လေးနှင့် ပြုံးပြလျက်ပင်။

၎င်းသည် သာမန်မဟုတ်သော အပြုံးမျိုးဖြစ်သော်လည်း သူ့စိတ်ကိုတော့ သက်သာရာရစေခဲ့သည်။

အဆုံးတွင်၊ဝမ်ရွှမ့်ခန္ဓာကိုယ်ကို များပြားလှသော ဝိဥာဥ်စွမ်းအင်များဖြင့် လွှမ်းခြုံသွားပြီး စုစုပေါင်း အတားအဆီးလေးဆယ့်ရှစ်ခုကို ကျော်ဖြတ်၍ ယခင်တုန်းက အတွေ့အကြုံထက် အဆပေါင်းများစွာ ပိုနက်ရှိုင်းခဲ့သည်။ယခုအတွေ့အကြုံသည် ယွမ်စုစည်းခြင်းအဆင့်၌ ပဏာမခြေလှမ်းသာရှိသေး၏။ဝမ်ရွှမ့်စိတ်အာရုံသည် ကိုယ့်ကိုယ်ကို ကြည့်နေရင်းမှ အလွန်လျင်မြန်စွာ လွတ်ထွက်သွားပြီး ဖော်ပြရန်ခဲယဥ်းသော ဟင်းလင်းပြင်နေရာ
တစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။

၎င်းသည်'တောက်ဓမ္မလမ်းစဥ်'နေရာပင်။

အတားအဆီးများကို ကျော်ဖြတ်နေစဥ် အချိ
န်တွင်း၌သာ ကျင့်ကြံသူများသည် ဝိဥာဥ်စွမ်း
အင်များကို စုစည်းခြင်းဖြင့် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကို ချိတ်ဆက်ပြီး'တောက်ဓမ္မလမ်းစဥ်'ကို ထိတွေ့နိုင်ခြင်းဖြစ်သည်။ထိုအခို
က်တွင်၊နှလုံးသားထဲ၌ ရှုပ်ထွေးနေသော မေး
ခွန်းများလည်း ရှင်းလင်းပြတ်သားလာခဲ့သ
ည်။သူတို့၏ စိတ်ဝိဥာဥ်သည်လည်း မှန်းဆ၍ မရနိုင်လောက်သော အဆင့်မျိုးအထိ မကြုံစဖူး တိုးတက်သွားပေလိမ့်မည်။ဤအဆင့်ကို ကျော်ဖြတ်ရင်းမှသာလျှင် ကျင့်ကြံသူများသ
ည် မိမိကိုယ်ကို ပိုနက်ရှိုင်းစွာ နားလည်သ
ဘောပေါက်နိုင်ပြီး လမ်းကြောင်းမှန်မှန်ရှေ့
ဆက်လျှောက်နိုင်ပေမည်။

ယွမ်စုစည်းခြင်းအဆင့်သို့ နောက်ဆုံးတစ်ကြိ
မ်ဝင်ခဲ့စဥ်က သူအဖြေရှာမရခဲ့သော အရာမှာ ဤအဆင့်ဖြစ်သည်။သို့ဖြစ်ရာ ဝမ်ရွှမ်သည် ကျင့်ကြံခြင်းလမ်းစဥ်ကို ကိုယ်တိုင်ဖျက်ဆီးပစ်ပြီး အခြေခံတည်ထောင်ခြင်းအဆင့်သို့ ပြ
န်ဆင်းခဲ့စဥ်က ထိုအဆင့်ကို ယွမ်စုစည်းခြင်းအဆင့်၏ တစ်ဝက်ဟု သတ်မှတ်ခဲ့ခြင်းဖြစ်
သည်။ထိုစဥ်က ကျင့်ကြံခြင်းအဆင့်နှင့် စွမ်း
အင်တို့၌ ယွမ်စုစည်းအဆင့်တွင် ရှိနေသည်ဟု သတ်မှတ်နိုင်သော်လည်း သူ့ကိုယ်သူတော့ အခြေခံတည်ထောင်ခြင်းအဆင့်ဟုသာ
ရိုးရိုးရှင်းရှင်းလက်ခံခဲ့သည်။

ယခုတွင်မူ လစ်ဟာနေသော နေရာတစ်ခုအ
တွက် အဖြေရှာနိုင်ခဲ့ချေပြီ။

ဝမ်ရွှမ်သည် ဟင်းလင်းပြင်ထဲတွင် မျက်လုံးပြန်ဖွင့်လိုက်ရာ ခန္ဓာကိုယ်ပတ်ချာလည်၌ ဝ
န်းရံနေသော မှုန်ဝါးဝါးအလင်းရောင်အချို့ကို
မြင်လိုက်ရသည်။သူ့စိတ်အာရုံများ မျောလွင့်သွားသည့်အတိုင်း ထိုအလင်းရောင်သည်လ
ည်း တရွေ့ရွေ့ မျောလွင့်သွားခဲ့သည်။ဤသ
ည်မှာ စိတ်နှလုံးသားထဲမှ'တောက်ဓမ္မလမ်းစဥ်'၏ ရောင်ပြန်ဟပ်မှုပေတည်း။

အလင်းရောင်တွေနဲ့ ဘယ်လိုပုံစံမျိုး ဖန်တီးချင်တာလဲ?ဒီတစ်ရက် ကုန်သွားပြီးရင်ရော ဘယ်လိုလမ်းစဥ်မျိုးကို ရှေ့ဆက်လျှောက်ချင်တာလဲ?

ဝမ်ရွှမ်သည် သူ့ကိုယ်သူ ပြန်မေးရန် အချိန်
ယူခဲ့သလို အဖြေကို ပြန်သုံးသပ်ရန်လည်း အ
ချိန်ယူခဲ့သည်။အဖြေရှင်းလင်းလာသည်နှင့်အမျှ မှုန်ဝါးဝါး အလင်းရောင်များလည်း ပြန့်ကျဲသွားလေသည်။၎င်းတို့သည် ဆုံချက်သုံးခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။ဝမ်ရွှမ်သည် လက်ကို ဆန့်ထုတ်ပြီး ၎
င်းတို့ကို ထိတွေ့လိုက်သည်နှင့် နှလုံးသားထဲတွင် ထိန်းချုပ်မရသော စိတ်ကျေနပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

ဖျက်ဆီးပြီးနောက် ပြန်လည်ထုဆစ်ပုံဖော်ခြ
င်း။

ယွမ်စုစည်းခြင်းအဆင့်သို့ ဒုတိယအကြိမ် ပြ
န်ရောက်လာချိန်တွင် သူတစ်ဦးတည်းပိုင်ဆိုင်ခဲ့ဖူးသော ထူးခြားစွမ်းအင်ကိုလည်း ပြန်လ
ည်ရရှိခဲ့သည်။မတူကွဲပြားသော ထူးခြားစွမ်း
အင်သုံးသွယ်။ဤသည်မှာ၊ယခင်အချိန်က ချီသန့်စင်ခြင်းအဆင့်မှ အခြေခံတည်ထောင်ခြ
င်းသို့ သူကျော်ဖြတ်ခဲ့စဥ်က ရရှိခဲ့သလို ကျင့်ကြံသူများအတွက် ပေးအပ်သော ရလဒ်တစ်မျိုးဖြစ်သည်။
(T/N:chapter38)

စိတ်ပျက်အားငယ်မှု၊မရေရာသော မျှော်လင့်ချက်များဖြင့် လျှောက်လှမ်းခဲ့သော ခရီးလမ်းအဆုံးတွင် ယွမ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၌ ရှိသင့်သော အစစ်အမှန်ခွန်အားကို သူပိုင်ဆိုင်ခဲ့ချေပြီ။

ကြည်လင်ပြတ်သားသော အသံနှင့်အတူ၊ဝမ်ရွှမ့်ပတ်ချာလည်တွင် ဝန်းရံနေသော ဝိဥာဥ်စွမ်းအင်များသည် ပြန့်ကျဲကွဲထွက်သွားပြီးမှ စွမ်းအင်လှိုင်းအဖြစ် ပြန်လည်ပေါင်းစည်းပြီး ခန္ဓာကိုယ်ထဲသို့ အလုံးအရင်းပြန်လှိမ့်ဝင်လာရာ ဝတ်ရုံစပင်လျှင် တဖျတ်ဖျတ်လွင့်ခါသွားခဲ့သည်။ဝမ်ရွှမ်သည် အပြုံးတစ်ပွင့်နှင့်အတူ မျက်လုံးပြန်ဖွင့်ပြီး ခန္ဓာကိုယ်ပေါ်မှ ဝိဥာဥ်ကြောများကို တစ်ဖန်ပြန်ကြည့်လိုက်သည်။

အေးစက်နေသော လေလှိုင်းများလည်း လွင့်စင်သွားလေပြီ။ဤနေရာတွင် အနှစ်ငါးဆယ်ကြာ အေးခဲနေခဲ့သော ရေခဲထုနှင့်ဆီးနှင်းများလည်း မထင်မှတ်စွာ အရည်ပျော်လာချေပြီ။ကောင်းကင်ဘုံနတ်မိစ္ဆာ၏ ဦးချိုကတော့ အအေးဓာတ်အချို့ကို ထုတ်လွှတ်နေဆဲပင်။သို့သော်လည်း ဝမ်ရွှမ့်ကျင့်ကြံခြင်းလမ်းစဥ်
၏ လှည့်ပတ်ဝန်းရံမှုနှင့်အတူ ထိုအအေးဓာ
တ်သည် ခန္ဓာကိုယ်ထဲ၌ အဆုံးမရှိသော စမ်း
ချောင်းပမာ စိမ့်ဝင်စီးဆင်းသွားပြီး သူ့လက်
ခုပ်မှ လွတ်မြောက်နိုင်တော့မည်မဟုတ်ပေ။

တာဝန်ပြီးဆုံးသွားသည်နှင့် ဝမ်ရွှမ့်မျက်နှာသ
ည် မသိစိတ်မှ ပျော်ရွှင်မှုဖြင့် ကြည်လင်တော
က်ပလို့နေ၏။ဦးချိုကို ပြန်ယူသွားရန်သာရှိတော့သည်။

ဤအကြောင်းကို တွေးရင်းဖြင့် ဂူဝင်ပေါက်သို့ ပြန်လှည့်လိုက်ရာ သူမြင်လိုက်ရသော မြ
င်ကွင်းကြောင့် တစ်ကိုယ်လုံး ကြက်သီးထသွားရတော့သည်။

လမ်းအဆုံး၊ဂူဝင်ပေါက်တွင် လူတစ်ယောက်ရှိနေခဲ့သည်။အတိအကျဆိုရသော် အမျိုး
သမီးတစ်ယောက်။

ဒီလိုနေရာမျိုးမှာ ဘယ်လိုလုပ်ပြီး မိန်းမတစ်ယောက်ရှိနေရတာလဲ?

ဝမ်ရွှမ့်ခေါင်းထဲ၌ ဤမေးခွန်း ရုတ်တရက်ပေါ်လာစဥ်တွင် ထိုအမျိုးသမီးသည်လည်း ဂူထဲသို့ စတင်မျောလာတော့သည်။

ဟုတ်တယ်....တကယ်ကြီး လေပေါ်မှာ မျောလာတာ!

ဝမ်ရွှမ်သည် အနောက်သို့ ခြေတစ်လှမ်းပြန်ဆုတ်လိုက်၏။ဤသည်မှာ ဒဏ္ဍာရီသဖွယ် အမျိုးသမီးတစ္ဆေသာဖြစ်ပေလိမ့်မည်။နော
က်ဆုံးတွင် သူမကို ဝမ်ရွှမ်မှတ်မိသွားခဲ့သည်။

အမျိုးသမီးတစ္ဆေ၏ ကျင့်ကြံခြင်းအဆင့်က မမြင့်သော်လည်း ဝမ်ရွှမ်သည် စိတ်အာရုံကို နိုးနိုးကြားကြား သတိကပ်ထား၏။

အမျိုးသမီးတစ္ဆေသည် ခေါင်းကို ခပ်မြင့်မြင့်မော့ထားခြင်းကြောင့် မသေဆုံးခင်တုန်းက သူမ၏အသွင်အပြင်ကိုပါ မှန်းဆ၍ ရနိုင်သ
ည်။သူမသည် သိမ်မွေ့ပြီး လှပသော အမျိုး
သမီးတစ်ယောက် ဖြစ်ခဲ့ဟန်တူသည်။သို့
သော် ယခုအချိန်တွင်မူ ထိုလှပသော မျက်နှာသည် အလောင်းကောင်ပမာ ဖြူဆုတ်နေပြီး ခြောက်ခြားဖွယ်ကောင်းလှသည်။ထိုဖြူဆု
တ်နေသော မျက်နှာဖြင့် ဝမ်ရွှမ့်ကို မျက်တော
င်မခတ်တမ်း စိုက်ကြည့်နေလေသည်။

အမှန်တွင်၊သူမကို ဝမ်ရွှမ်သတိမထားမိခင်က
တည်းက ထိုနည်းအတိုင်း အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့ခြင်းဖြစ်သည်။

"အမ်......မိန်းကလေး?"

ဝမ်ရွှမ်သည် တစ်ချိန်လုံးနီးပါး ထိုကဲ့သို့ စိုက်ကြည့်ခံလိုက်ရခြင်းကြောင့် ဦးခေါင်းပါ ထုံကျင်လာပြီး ထုတ်မေးရန်မှတပါး ရွေးချယ်စရာမရှိတော့ချေ။

"ဒီနေရာမှာဘာလို့ရှိနေသေးတာလဲ?"

တစ်ဖက်သားက သူ့ကို ထိခိုက်အောင်မလုပ်နိုင်မှန်း သိထားသော်လည်း ယခုလိုအခြေအ
နေမျိုးကို ပထမဆုံးအကြိမ် ကြုံဆုံဖူးသည်ဖြ
စ်ရာ ဝမ်ရွှမ် နည်းနည်းတော့ ကြောက်နေမိသ
ည်။သရဲတစ္ဆေများသည် အလွန်ရှားပါး၏။ပုံမှန်အားဖြင့်၊သူတို့တွင် နောင်တကြီးကြီးမားမားနှင့် မတရားခံခဲ့ရခြင်းတို့သာ မရှိပါက လူ့
လောကတွင် မကျွတ်မလွတ်ဘဝဖြင့် ကျင်
လည်နေလိမ့်မည်မဟုတ်။

အမျိုးသမီးတစ္ဆေသည် ဘာတစ်ခွန်းမှ ပြန်မဖြေဘဲ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ
မြဲသာ။

ဝမ်ရွှမ်သည် စကားပြောကြည့်ရန် ဆုံးဖြတ်လိုက်သော်လည်း အမျိုးသမီးတစ္ဆေက ရုတ်
တရက်ထအော်လာခဲ့သည်။

သူမသည် ပါးစပ်ဟ၍ ကျယ်လောင်စွာ အော်
ဟစ်၏။သို့သော် သူမ ပြောချင်သော စကားကိုတော့ ရှင်းရှင်းလင်းလင်းမကြားရချေ။ထိုအော်သံဟာ ဝမ်ရွှမ့်ထံ သူမ ပြေးဝင်လာသ
ည်အထိ ရပ်တန့်မသွားခဲ့။

ဝမ်ရွှမ် ချက်ချင်း နောက်ပြန်ဆုတ်လိုက်သ
ည်။

အမျိုးသမီးတစ္ဆေသည် ဝမ်ရွှမ့်ရှေ့သို့ ကြမ်းကြမ်းတမ်းတမ်း ပြေးဝင်လာသော်လည်း ခြေတစ်လှမ်းစာခန့်အလိုတွင် နံရံတစ်ခုနှင့် ဝင်ရို
က်မိသည့်နှယ် ရုတ်တရက်ရပ်တန့်သွားခဲ့သ
ည်။

ဤသည်မှာ၊ဝမ်ရွှမ့်ဝိဥာဥ်စွမ်းအင်က ဝမ်ရွှမ့်ကို ကာကွယ်ပေးနေခြင်းဖြစ်သည်။

လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းခုနစ်သွယ်မှ ဖြောင့်မတ်သော ကျင့်ကြံသူတစ်ဦးဖြစ်ရာ ဝမ်ရွှမ့်ဝိဥာဥ်စွမ်းအင်သည် မြေအောက်လောကမှ သ
ရဲတစ္ဆေမျိုးကို တားမြစ်နိုင်ပေ၏။ဝမ်ရွှမ်သ
ည် အမျိုးသမီးတ​စ္ဆေ၏ ကိုယ်ထဲမှ အစိမ်းပုပ်ရောင် အခိုးအငွေ့များထွက်လာသည်ကို တွေ့လိုက်ရသည်။ဒဏ်ရာအတော်ရသွားသကဲ့သို့ သူမ၏ မျက်နှာထက်တွင် နာကျင်မှု အရိပ်အ
ယောင်များ ပေါ်လွင်လာခဲ့သည်။

"မိန်းကလေး...."

ဝမ်ရွှမ့်အမူအရာမှာ ပြောင်းလဲသွားရ၏။

"မင်း ဘာလုပ်ချင်နေတာလဲ?"

အမျိုးသမီးတစ္ဆေသည် နားကန်းနေသည့်ပ
မာ။ဝမ်ရွှမ့်ဝိဥာဥ်စွမ်းအင်ကြောင့် ဒဏ်ရာရသွားသည့် နာကျင်မှုကိုတောင် ဂရုမစိုက်အားဘဲ ပါးစပ်ဟ၍ မရပ်မနား ကျယ်လောင်စွာ အော်ဟစ်ရင်း ဝမ်ရွှမ်နှင့် ခြေတစ်လှမ်းစာခန့် ပိုနီးစပ်လိုစိတ်ဖြင့် ဝိဥာဥ်စွမ်းအင်က ဖန်တီးထားသော အကာအကွယ်ကို လက်ဗလာဖြင့် ကုတ်ဖဲ့နေခဲ့သည်။

"အလုပ်ဖြစ်မှာမဟုတ်ဘူး"

"မင်းရဲ့ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းတ
ယ်။ကျွန်တော့်ရဲ့ ဝိဥာဥ်စွမ်းအင်ကို ဖျက်ဆီးနိုင်မှာမဟုတ်ဘူး"

သူ့စကားကို နားလည်နိုင်မည်လားတော့မသိ။အမျိုးသမီးသည် အနောက်သို့ ခြေတစ်လှမ်းဆုတ်သွား၏။ဝမ်ရွှမ်လည်း သက်ပြင်းချလို
က်သည်။

သို့သော် သက်ပြင်းချ၍တောင် မဆုံးသေးခင်တွင် အမျိုးသမီးတစ္ဆေသည် အကာအကွယ်ကို နောက်တစ်ကြိမ် ပြေးတိုက်ပြန်လေသည်။၎င်းသည် ကိုယ့်ကိုယ်ကို သေကြောင်းကြံခြ
င်းနှင့် ဆင်တူ၏။သူမဟာ ကျယ်ကျယ်လော
င်လောင် ငိုကြွေးလာခဲ့သည်။

ဝမ်ရွှမ်သည် ဤအဖြစ်အပျက်ကို အသက်မဲ့သော မျက်ဝန်းများဖြင့် ငြိမ်ငြိမ်လေး ရပ်ကြည့်မနေနိုင်တော့ချေ။သူ့နှလုံးသားကို ဖျစ်ညှ
စ်နေသလို ခံစားရ၏။

"မိန်းကလေး....ဘာလို့ဒီလောက်ခေါင်းမာနေရတာလဲ?"

သူ့အသံသည်ပင်လျှင် မသိမသာ တုန်ယင်နေ
ချေပြီ။

"မင်းမှာ ဘယ်လိုနောင်တမျိုး ရှိနေလို့လဲ?ကျွ
န်တော့်ကို ပြောပြမယ်ဆိုရင် မင်းကို ကူညီပေးလို့ရလောက်တယ်။အနားကို ထပ်ကပ်မလာနဲ့တော့။ဘာလို့ ဒီလိုမျိုး အသုံးမဝင်တဲ့ကိစ္စအတွက် အလဟသ အပင်ပန်းခံနေအုံးမှာလဲ?"

သို့သော် အမျိုးသမီးတစ္ဆေကတော့ ချိုးဖျက်မရနိုင်သော အတားအဆီးကို လက်မလျော့ဘဲ မရပ်မနား ပြေးဝင်တိုက်နေဆဲပင်။သူမ
၏ကိုယ်ပေါ်မှ အမှောင်စွမ်းအင်များလည်း ဆက်တိုက်ပျက်စီးကုန်ပြီး လောင်ကျွမ်းနေသကဲ့သို့ တရှဲရှဲမြည်လာခဲ့သည်။ဤကဲ့သို့ သေလုမျောပါး နာကျင်ခံစားနေသော်လည်း သူမသည် ငိုကြွေးခြင်းနှင့်အောဟစ်ခြင်းတို့ဖြင့်သာ အသံပြုခဲ့ပြီး မရပ်မနား ဝင်တိုက်နေခြ
​င်းကိုတော့ မရပ်ခဲ့ပါချေ။

ဝမ်ရွှမ့်ဦးခေါင်းခွံသည် ပိုထုံကျင်လာရတော့
၏။

သူ ဘာလုပ်ချင်နေတာလဲ?ငါ့ရဲ့ ယန်စွမ်းအင်ကို စုပ်ယူချင်နေတာလား?သရဲတစ္ဆေတွေက ယန်စွမ်းအင်လေးဖို့လောက်အတွက်နဲ့ သူတို့ကိုယ်သူတို့ ဒီလောက်အထိ အနာခံပါ့မလား?

ဝမ်ရွှမ်သည် သရဲတစ္ဆေများကို နားမလည်နိုင်
ရာ အဖြေကိုလည်း မစဥ်းစားတတ်ခဲ့ပေ။

(T/N:DaoismမှာလေYin-Yangဆိုပြီးရှိတာ။Yinကအမှောင်ထု၊တစ်နည်း မကောင်းမှုတို့၊သေဆုံးပြီးသားမြေအောက်လောကနဲ့ဆိုင်တာမျိုးပေါ့။Yangကအလင်း။အနီးစပ်ဆုံးတော့အဲ့သဘောကိုပြောတာပေါ့နော်)

ဝမ်ရွှမ်သည် တစ်ဖက်သား၏ပါးစပ်မှ ထွက်လာသော အသံကို ပိုရှင်းလင်းစွာ ကြားချင်မိ
သည်။သို့သော် ၎င်းကို သူနားလည်ရန် ဘယ်
လောက်ပဲ ကြိုးစားနေပါစေ၊နားမလည်နိုင်လောက်သော အသံများသာဖြစ်နေ၏။ထိုအ
သံသည် အချို့လူများသာ ထုတ်ပြောနိုင်သော......

ဝမ်ရွှမ့်အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားရပြန်သည်။အမျိုးသမီးတစ္ဆေကို မရေမရာဖြင့် ထုတ်မေးလိုက်၏။

"မင်း....အသက်ရှင်နေတုန်းက ဆွံ့အခဲ့တာလား?"

အမျိုးသမီးတစ္ဆေသည် အသံနှစ်သံပြု၏။၎
င်းကို လုံးဝနားမလည်နိုင်သော်လည်း ဆွံ့အနေသူတစ်ဦး၏အသံနှင့် ဆင်တူလှသည်။ကြိမ်ဖန်များစွာ ဝင်တိုက်နေခြင်းကြောင့် သူမ
၏အသွင်သည် စတွေ့စဥ်ကထက် အဆပေါ
င်းများစွာ မှိန်ဖျော့သွားပြီး လေထုထဲတွင် မျောလွင့်နေသော မီးပွားကဲ့သို့ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့် အနေအထားမျိုးဖြစ်နေ၏။ထိုအခိုက်တွင် သူမ၏မျက်နှာ
ပေါ်၌ မျက်ရည်စီးကြောင်း စကျလာတော့သ
ည်။

ထိုမျက်ရည်များကို မြင်လိုက်ရသောအခါ ဝမ်ရွှမ်သည် သူ့နှလုံးသားကို တင်းပုတ်ဖြင့် ရို
က်လိုက်သကဲ့သို့ အလွန်အမင်းနာကျင်လာခဲ့သည်။

အမျိုးသမီးတစ္ဆေ နောက်ပြန်ဆုတ်သွားပြီး နောက်တစ်ကြိမ် ပြေးဝင်ရန် ကြိုးစားနေသ
ည်ကို မြင်လိုက်ရစဥ်တွင် ဝမ်ရွှမ်သည် သူကို
ယ်တိုင်ပင် ရှင်းမပြနိုင်လောက်သော အရာတ
စ်ခုကို လုပ်ခဲ့သည်။

သူ့ကို ကာကွယ်ပေးနေသော ဝိဥာဥ်စွမ်းအင်များကို တစ်စွန်းတစ်စမျှတောင် ချန်မထားဘဲ အကုန်ပြန်ရုတ်သိမ်းလိုက်လေသည်။

အမျိုးသမီးတစ္ဆေသည် အော်ဟစ်ငိုကြွေးရင်း
နောက်တစ်ကြိမ် ပြေးဝင်လာကာ ဝမ်ရွှမ့်ကို
ယ်ပေါ်သို့ ခုန်အုပ်လာခဲ့သည်။

ယင်းစွမ်းအင်ဖြင့် ထိတွေ့မိသည့် တမဟုတ်ချင်းတွင် ဝမ်ရွှမ် အတန်ငယ် မူးဝေသွားရသ
ည်။သူ့ကိုယ်သူ ရူးသွားပြီဟုသာ ကောက်ချ
က်ချလိုက်တော့သည်။ယွမ်စုစည်းခြင်းအဆင့်တွင် ရှိနေလျှင်တောင် အကာအကွယ်တစ်ခုမျှ မချန်ထားဘဲ သရဲတစ္ဆေကို တိုက်ခိုက်ခွင့်ပြုလိုက်သည်ကတော့.....တစ်ဖက်သားတွင် မကောင်းသော ရည်ရွယ်ချက်သာ ရှိနေခဲ့လျှ
င် ဤလုပ်ရပ်အတွက် အကျိုးဆက်ကို သူတ
ကယ်ခံရတော့မည်ဖြစ်သည်။သူ့ကို အသက်
သေသည်အထိ မတိုက်ခိုက်နိုင်လျှင်တောင်
ဝိဥာဥ်ကွဲထွက်သွားသည်အထိ လုပ်နိုင်ပေလိ
မ့်မည်။

သို့သော် မည်သည့်အန္တရာယ်မျိူးမှ မကြုံခဲ့ရပေ။

ဝမ်ရွှမ်သည် သူ့ပခုံးပေါ်သို့ ကျလာသော မျ
က်ရည်စက်ကိုသာ ခံစားမိခဲ့သည်။

ထို့နောက် သူ့ခန္ဓာကိုယ်ကို အုပ်မိုးထားသော ယင်းစွမ်းအင်အပြင် ပုခုံးပေါ်ကျလာသော မျ
က်ရည်စက်သည်ပင် အငွေ့ပျံသွားသည့်နှယ်ရှာမတွေ့တော့အောင် ပျောက်ကွယ်သွားခဲ့သ
ည်။

ဝမ်ရွှမ်သည် တုန်လှုပ်ချောက်ချားစွာ လှည့်ပတ်ရှာဖွေခဲ့သော်လည်း အမျိုးသမီးတစ္ဆေကို မည်သည့်နေရာတွင်မှ မမြင်ရတော့ချေ။ကြုံ
တွေ့ခဲ့ရသမျှသည် စိတ်ကူးယဥ်အိပ်မက်တစ်
ခုပမာ။

ဒါပေမယ့် ဘယ်လိုလုပ် အိပ်မက်ဖြစ်နိုင်ပါ့မလဲ?

အမျိုးသမီးတစ္ဆေသည် ဤနေရာမှ ထွက်သွားခြင်း(သို့)ပုန်းကွယ်လိုက်ခြင်းသာဖြစ်ပေမည်။

အဲ့ဒီလိုဆိုရင်လည်း စောတုန်းက ပြောသမျှ
နားမဝင်အောင်ကို ခေါင်းမာနေတာကရော ဘာအတွက်လဲ?

ထိုမေးခွန်းအတွက် အဖြေရှာမရခဲ့ပေ။ယခုအ
ချိန်တွင် ဆက်မတွေးရန်သာ ဆုံးဖြတ်၍ ခေါ
င်းခါလိုက်သည်။ကောင်းကင်ဘုံနတ်မိစ္ဆာ၏
ဦးချိုကို ဝတ်ရုံထဲသို့ ထည့်သိမ်းပြီး ဂူထဲမှထွ
က်ကာ တောင်ခြေသို့ ပြန်ဆင်းလာခဲ့သည်။

တောင်ခြေသို့ ပြန်ဆင်းသောခရီးသည် ပိုမြန်
ဆန်ခဲ့သည်။မူလချိတ်ပိတ်ထားသော နေရာတွင် ကောင်းကင်ဘုံနတ်မိစ္ဆာ၏ဦးချို မရှိတော့ခြင်းကြောင့် မန္တန်စည်းလည်း ပျက်ပြ
ယ်သွားချေပြီ။တောင်ပေါ်မှ လေလှိုင်းများလ
ည်း လုံးဝပျောက်ကွယ်သွားကာ ရေခဲထုနှင့်ဆီးနှင်းတို့ကြောင့် ဖြစ်ပေါ်လာသော သဘာဝအငွေ့အသက်တို့သာ ကျန်ရစ်ခဲ့သည်။အချိန်ငါးပုံတစ်ပုံခန့် ကုန်လွန်ပြီးနောက် အမှတ်အ
သားပြုလုပ်ခဲ့သော ကျောက်တုံးကို ပြန်မြင်လိုက်ရသည်။

ပိုအံ့သြစရာကောင်းသည်ကတော့ ကျောက်တုံးနံဘေးတွင် ရပ်နေသော လူရိပ်နှစ်ခုပင်။

သုံးဦးသား လူစုကွဲသွားပြီးသည်မှ အနည်း
ဆုံးတစ်ရက်နှင့်တစ်ညတော့ ကုန်လွန်ခဲ့ပြီးဖြ
စ်မည်။မည်သို့ပင်ဖြစ်စေ ဝမ်ရွှမ် ပြန်ပေါ်လာသည်နှင့် ကျန်းရီက သတိထားမိခဲ့သည်။ဝမ်ရွှမ့်ထံ ချက်ချင်းထပြေးလာပြီး ရင်ခွင်ထဲသို့ ပစ်ဝင်လာလေသည်။

ဝမ်ရွမ်သည် ကျန်းရီကို တင်းတင်းကျပ်ကျပ် လှမ်းဖမ်းပြီး ခေါင်းလေးကို ပွတ်သပ်ပေးလို
က်၏။

"ဘာဖြစ်လို့ တောင်အောက်မဆင်းဘဲ ဒီမှာစောင့်နေရတာလဲ?"

ကျန်းရီက ပြန်မဖြေပေ။သူ့ခေါင်းလေးကို ဝမ်ရွှမ့်ရင်ခွင်ထဲတွင်သာ တိုးကပ်ထား၏။အချိန်အတော်ကြာအောင် လေအေးများဖြင့် ထိတွေ့
ထားခြင်းကြောင့် ပါးနှစ်ဖက်သည်ပင် နီမြန်းနေပြီး လက်ချောင်းထိပ်များဆိုလျှင် ခရမ်း
ရောင်သမ်းနေချေပြီ။

"ကျင့်ကြံသူဝမ်၊နောက်ဆုံးတော့ ပြန်ရောက်
လာပြီပေါ့"

ကျင့်ကြံသူဆန်းလည်း သူ့ကို လာနှုတ်ဆက်
၏။

"ကျင့်ကြံသူကျန်းကို တောင်အောက်ဆင်းဖို့ အကြိမ်ကြိမ် ဖျောင်းဖျခဲ့ပါသေးတယ်။ဒါပေမယ့် ဘယ်လိုပြောပြော လက်မခံဘူးလေ"

ကျန်းရီသာ တောင်ပေါ်တွင် စောင့်နေလိုစိတ်မရှိပါက ကျင့်ကြံသူဆန်းလည်း စောင့်နေရမည်မဟုတ်ပေ။

ကျင့်ကြံသူဆန်းသည် ဝမ်ရွှမ့်အနားသို့ ပိုတိုးလာသည်နှင့် ယွမ်စုစည်းခြင်းအဆင့် အငွေ့
အသက်ကို ခံစားမိခဲ့ပြီး တောင့်တင်းသွားရတော့သည်။ခဏအကြာတွင် သိသိသာသာ ပြောင်းလဲသွားသော အမူအရာနှင့် လက်နှစ်ဖ
က်ယှက်၍ စကားဆိုလာခဲ့သည်။ဝမ်းမြောက်ခြင်းနှင့်မနာလိုခြင်း အရိပ်အမြွက်တို့ကတော့ ရောယှက်လျက်ပင်။

"ယွမ်စုစည်းခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ကျင့်ကြံသူဝမ်ကို ဂုဏ်ပြုပါတ
ယ်"

ဝမ်ရွှမ်သည် ပြုံးပြရင်း ခေါင်းညိတ်လိုက်သ
ည်။သူသည်လည်း အစဥ်အလာအတိုင်း တုံ့
ပြန်ချင်သော်ငြား ကျန်းရီက ရင်ခွင်ထဲတွင် မှီနေဆဲဖြစ်ပြီး  လုံးဝမလွှတ်ပေးချေ။သက်ပြ
င်းချလိုက်သော်လည်း တွန်းမထုတ်ရက်ခဲ့။ထိုအစား အေးခဲမှုကြောင့် ခရမ်းရောင်သမ်းနေသော လက်ချောင်းလေးများကို သူ့လက်ဖဝါးဖြင့် ဆုပ်ကိုင်လိုက်သည်။

"တောင်းပန်ပါတယ်...ငါမင်းကိုစိတ်ပူအောင်လုပ်မိပြီ"

"အရမ်းစိတ်မပူခဲ့ပါဘူး"

ကျန်းရီသည် နောက်ဆုံးတွင် အလွန်တိုးညှင်းစွာ အသံပြုလာတော့သည်။

"အစ်ကိုဘာမှမဖြစ်ဘူးဆိုတာယုံတယ်။ဒီအ
တိုင်း....အကြာကြီးစောင့်လိုက်ရယုံပါ"

ဝမ်ရွှမ်သည် ပြုံးလျက် ကျန်းရီ၏ပါးနှစ်ဖက်ကို သူ့လက်ဖဝါးဖြင့် အုပ်လိုက်ပြီး

"ဟုတ်တယ်။ဒါပေမယ့် တောင်းပန်ပါတယ်...
ငါမင်းကိုအကြာကြီးစောင့်ခိုင်းခဲ့မိတယ်"

တစ်ဖက်တွင်မူ လေဟာနယ်ပမာ လျစ်လျူရှုခံထားရသော ကျင့်ကြံသူဆန်းလည်း မတတ်နိုင်တော့ဘဲ ချောင်းတစ်ချက်ဟန့်၍ မျက်စိကန်းချင်စရာ အပြုအမူများကို ဝင်နှောင့်လို
က်သည်။

"ကျင့်ကြံသူဝမ်၊တောင်ပေါ်မှာ ဘာတွေဖြစ်သွားတာလဲ?လေတိုက်နှုန်းနဲ့ဆီးနှင်းတွေလ
ည်း အရှိန်လျော့သွားသလိုပဲ။အဲ့တာက...."

အလုပ်ကိစ္စအကြောင်း ပြောလာစဥ်တွင် ဝမ်ရွှမ်နှင့်ကျန်းရီတို့လည်း လူချင်းခွာလိုက်ကြတော့သည်။ဝမ်ရွှမ်သည် နောက်တစ်ကြိမ် ပြုံးပြ၍ ပြန်ဖြေပေးခဲ့သည်။

"ကံကောင်းထောက်မစွာနဲ့ပဲ တာဝန်ကို အပြီး
သတ်နိုင်ခဲ့တယ်"

"ဘယ်လို!?"

ကျင့်ကြံသူဆန်းသည် အစပိုင်းတွင် ကြောင်အမ်းသွားရသော်လည်း အလွန်လျှင်မြန်စွာ သတိပြန်ကပ်ပြီး ပျော်ပျော်ရွှင်ရွှင် စကားဆိုလာတော့သည်။

"တကယ်ပြောတာလား?"

ဝမ်ရွှမ်သည် ဝတ်ရုံထဲမှ ကောင်းကင်ဘုံနတ်မိ
စ္ဆာ၏ဦးချိုကို ထုတ်ပြလိုက်သည်။ကျင့်ကြံသူဆန်းသည် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ၎င်းကို ထိတွေ့ရန် ကြိုးစားလိုက်သော်လ
ည်း အဆုံးတွင် အထဲ၌ ခိုအောင်းနေသေးသော အအေးဓာတ်ကြောင့် ထိခိုက်မိလုနီးပါးဖြစ်သွားရသည်။လက်ရှိတွင် ထိုအအေးဓာ
တ်ကို ဝမ်ရွှမ့်လက်ဖဝါးပေါ်၌ ထိန်းချုပ်ထား
၏။သို့သော် ၎င်းကို ထိကိုင်မိပါက အန္တရာယ်
ပြုနိုင်ဆဲပင်။

"ကျွန်တော် ကျင့်ကြံခြင်းနည်းလမ်းကို သုံးထားတာ...."

ဝမ်ရွှမ်သည် ကောင်းကင်ဘုံနတ်မိစ္ဆာ၏ဦးချိုကို ထိန်းချုပ်ထားသည့် နည်းလမ်းအား ရှင်းပြလိုသော်လည်း ထိုနည်းလမ်းအကြောင်း ထုတ်ပြောလိုက်သည်နှင့် သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းနည်းလမ်းနှင့်ပါ ဆက်နွယ်သွားပေလိမ့်မည်။သို့ဖြစ်ရာ မည်သို့ရှင်းပြရမည်ကို သူမသိတော့ချေ။

ကောင်းသောအချက်သည်ကား ကျင်ကြံသူဆန်းဟာ ထိုကိစ္စကို ဂရုမစိုက်ဘဲ ခေါင်းခါပြလာခဲ့သည်။

"အဲ့ဒီလိုဆိုမှတော့ ကျင့်ကြံသူဝမ်ပဲ သိမ်းထားလိုက်ပါ။ရှန်းကျစ်နဲ့တွေ့တဲ့အခါ ကိုယ်တိုင်ပေးလိုက်တာ ပိုကောင်းပါလိမ့်မယ်"

ဝမ်ရွှမ်လည်း ခေါင်းညိတ်ပြီး သဘောတူလို
က်သည်။သူတို့သုံးဦး စကားပြောပြီးသည်နှင့် တောင်ခြေသို့ အတူပြန်ဆင်းလာခဲ့သည်။ဝမ်ရွှမ်သည် တောင်ပေါ်တွင် ဖြစ်ပျက်ခဲ့သမျှကို အတိုချုံးရှင်းပြခဲ့သည်။ယခုအချိန်တွင် ကျင့်ကြံသူဆန်းသည် ဝမ်ရွှမ့်အပေါ် ဖော်ရွေပျူငှာလာပြီး မြောက်ပင့်ပြောဆိုခြင်းတို့တောင် ပြု
မူလာ၏။မန္တန်စည်းကို ယဲ့ရှန်းကော ခင်းကျ
င်းခဲ့ကြောင်း ကြားသိရသောအခါ လွမ်းဆွတ်ပူဆွေးသွားခဲ့ပြီး အမျိုးသမီးတစ္ဆေအကြော
င်း ကြားရချိန်တော့ အလွန်အံ့သြသွားပြီး ဝမ်ရွှမ်နှင့်အတူ လေးလေးနက်နက် ဆွေးနွှေး
လာခဲ့သည်။

ကျန်းရီသည် ဝမ်ရွှမ့်နံဘေးတွင်သာ တိတ်တ
ဆိတ်လျှောက်နေပြီး ဝင်နှောက်ယှက်ခြင်းမျိုး လုံးဝမလုပ်ခဲ့ချေ။

"ဘယ်လိုအခြေအနေမျိုးဆိုရင် သရဲတစ္ဆေတွေ ပျောက်ကွယ်သွားတတ်ပါလိမ့်"

ကျင့်ကြံသူဆန်းက ရုတ်တရက်ထပြော၏။

"မပြီးမြောက်သေးတဲ့ဆန္ဒတွေ ပြည့်ဝသွားတဲ့ အချိန်များလား?"

ကျင့်ကြံသူဆန်း ပြောလိုက်သောအချိန်တွင် ဝမ်ရွှမ်သည် ဆီးနှင်းထုပေါ်သို့ ခြေလှမ်းလို
က်ချိန်ဖြစ်ပြီး ထိုစကားကို ကြားလိုက်ရသောအခါ ခြေချော်ကျတော့မလိုပါဖြစ်သွားရသည်။ကျင့်ကြံသူဆန်းသည် ခြောက်ကပ်ကပ်ရယ်မောလျက်။

"ဒီအတိုင်း ခန့်မှန်းလိုက်တာပါဗျာ"

ဝမ်ရွှမ်သည် ကျင့်ကြံသူဆန်း ခန့်မှန်းခဲ့သော အယူအဆအတိုင်း စဥ်းစားကြည့်လိုက်သ
ည်။သူပိုတွေးလေလေ၊ချွေးပျံလာလေလေပင်။

ထိုအယူအဆသည် မှန်နိုင်ပေ၏။သရဲတစ္ဆေများသည် မပြီးမြောက်သေးသော ဆန္ဒနှင့် န
က်ရှိုင်းလွန်းသော စိတ်အစွဲတို့ကြောင့်သာ လူ့
လောကမှမကျွတ်လွတ်နိုင်ကြခြင်းဖြစ်သည်။သူတို့၏ဆန္ဒများ ပြည့်ဝသွားသည်နှင့် ဘဘာ
ဝကျကျ ပျောက်ကွယ်သွားပေလိမ့်မည်။ဝမ်ရွှမ်သည် အစောပိုင်းတုန်းက ကြုံခဲ့ရသော အဖြစ်အပျက်ကို ပြန်တွေးကြည့်ရင်း ကြက်
သီးဖျန်းဖျန်းထသွားရလေသည်။

အမျိုးသမီးတစ္ဆေရဲ့ဆန္ဒက သူ့အပေါ် ခုန်အုပ်ချင်တာတော့ မဖြစ်သင့်ဘူးလေနော်? ဒါပေမယ့်...မဟုတ်သေးပါဘူး။ခုန်အုပ်လိုက်တာ မဟုတ်သလိုပဲ။

နောက်ဆုံးအခိုက်အတန့်တွင် တစ္ဆေအမျိုးသ
မီးသည် ဝမ်ရွှမ့်ကို သူမ၏ ရင်ခွင်ထဲ၌ ပွေ့ဖ
က်ခဲ့ခြင်းဖြစ်သည်။

ဝမ်ရွှမ့်ခြေဖျား၊လက်ဖျားများ အေးစက်သွားရတော့သည်။

"အမျိုးသမီးတစ္ဆေက...."

ကျင့်ကြံသူဆန်းကို သတိလက်လွတ် ပြန်မေးလိုက်မိလေသည်။

"အမျိုးသမီးတစ္ဆေက...ဒီမှာရှိနေတာ ဘယ်
လောက်ကြာပြီလဲ?"

ကျင့်ကြံသူဆန်းက ခေါင်းခါပြလာခဲ့သည်။

"သေသေချာချာတော့မသိဘူး။ဒါပေမယ့် မြို့ထဲကလူတွေ ပြောတာတော့ တောင်ပေါ်မှာ နှင်းတွေဖုံးသွားတဲ့အချိန်ထဲက ရှိနေတာတဲ့။အနှစ်ငါးဆယ်လောက်တော့ ကြာနေပြီထင်တယ်"

ဝမ်ရွှမ် သက်ပြင်းရှိုက်လိုက်၏။အအေးဓာတ်သည် ခြေဖျား၊လက်ဖျားများမှတဆင့် ရင်ဘ
တ်ထဲအထိ တင်းကျပ်လာခဲ့သည်။

ဝမ်ရွှမ်သည် ကိုယ့်အသက်ကို အသေအချာမသိသလို၊မွေးနေ့ကိုလည်း မသိပါချေ။သူ့ကို တံခွန်တိမ်တိုက်ဂိုဏ်းသို့ ချူလျန်ခေါ်လာကြောင်းကိုသာ သိထားပြီး တိုက်ဆိုင်စွာဖြင့် ထိုအချိန်သည် လွန်ခဲ့သော အနှစ်ငါးဆယ်ဝန်းကျင်ခန့်ကဖြစ်ခဲ့သည်။

"သြော် ဟုတ်သားပဲ"

"မင်း တောင်ပေါ်မှာ ပိတ်မိနေတုန်းက အန္တရာ
ယ်တစ်ခုခုနဲ့ ကြုံနေမှာကြောက်လို့ ရှန်းကျစ်ကိုတောင် စာပို့လိုက်သေးတယ်။ရှန်းကျစ်လ
ည်း အရမ်းစိတ်ပူသွားပြီး သူပြန်ပို့တဲ့စာထဲမှာ အလုပ်တွေအားလုံးကို ထားခဲ့ပြီး ဒီရက်ပိုင်းအတွင်း လိုက်လာခဲ့မယ်လို့ ရေးထားတယ်။
အခုတော့ သူလိုက်လာစရာ မလိုတော့တဲ့အ
ကြောင်းကို ပြန်အသိပေးရအုံးမှာပေါ့"

"မုရုံရှန်းကျစ်ကဒီကိုလာမလို့လား?"

"ဟုတ်တယ် အဲ့ဒီလိုရေးထားတာပဲ။ဒါပေမယ့်မင်း အဆင်ပြေတယ်ဆိုမှတော့ သူ့ကို ငါတို့ပြန်အလာပဲ စောင့်ခိုင်းလိုက်တာကောင်းမယ်
ထင်တယ်"

"မဟုတ်ဘူး"

"သူမကိုလာခိုင်းလိုက်ပါ။အဲ့တာကပိုကောင်းလိမ့်မယ်"

ဝမ်ရွှမ့်ထံမှ ထိုသို့ကြားရမည်ကို မမျှော်လင့်ထားသည့်အတွက် ကျင့်ကြံသူဆန်းလည်း ကြောင်အသွားရလေသည်။

"သူ့ကိုဒီမှာပဲစောင့်နေချင်တယ်"

ဝမ်ရွှမ်သည် ဝတ်ရုံထဲ၌ တိတ်တခိုးလက်သီးကျစ်လိုက်သည်။

"ကျွန်တော် ဒီမြို့မှာ ရက်နည်းနည်းလောက် ဆက်နေချင်သေးတယ်.....စုံစမ်းစရာလေးရှိနေလို့ပါ"

..............................××..............................

<မိန္းကေလး၊မင္းဘာလုပ္ခ်င္ေနတာလဲ?>

ထိုစကားမ်ားကို ျပန္အမွတ္ရသြားေလရာ ဝမ္႐ႊမ္ ေခြၽးပါ႐ႊဲလာရေတာ့သည္။ထိုအခ်ိန္တု
န္းက ခ်ဴလ်န္မွာခဲ့ေသာ စကားအဓိပ္ပါယ်ကို
သူနားမလည္နိုင္ခဲ့ေပ။သို႔ေသာ္ ယခုအခ်ိန္တြ
င္ သူေရွ႕မွ ျမင္ကြင္းကို ေတြ႕လိုက္ရေသာအ
ခါ ထိုစကားမ်ားဟာ ဤေနရာသို႔ လမ္းၫႊန္ေနမွန္း သံသယျဖစ္စရာပင္ မလိုေတာ့ေအာင္ ရွင္းလင္းသြားခဲ့ေခ်ၿပီ။မ်က္စိတစ္မွိတ္အတြ
င္း၌ ဝမ္႐ႊမ္ ဘာဆက္လုပ္ရမွန္းမသိေတာ့ေအာင္ ထုံအသြားရသည္။

ခ်ဴလ်န္က စကားေျပာရာတြင္ ထိုကဲ့သို႔ ေလ
သံမ်ိဳးျဖင့္ ေျပာသည္ကား အလြန္ရွားလွ၏။တစ္စုံတစ္ခုကို မွာၾကားရာ၌ ထိုေလသံမ်ိဳး အသုံးျပဳခဲ့သည္ဆိုထဲက အသက္ႏွင့္တမွ် အေရးႀကီးေသာ ကိစၥမ်ိဳးသာျဖစ္လိမ့္မည္။

ဝမ္႐ႊမ္သည္ သူက်ိဳးပဲ့သြားေအာင္ လုပ္ခဲ့မိေသာ ေရခဲျပင္ေပၚမွ အေပါက္ငယ္ကို စိုက္ၾကည့္ရင္း ေၾကကြဲမႈႏွင့္အတူ ေနာင္တပါရလာေတာ့သည္။သူ႕အတြက္ အကာအကြယ္အ
ျဖစ္ ပိတ္ဆို႔ထားခဲ့ေသာ ေရခဲျပင္ကို သူ႕လက္ႏွင့္ကိုယ္တိုင္ ဖ်က္ဆီးခဲ့မိျခင္းေၾကာင့္ ေၾကာ
က္႐ြံ႕သြားရေလသည္။

ကံေကာင္းေထာက္မစြာျဖင့္ ခဏအၾကာတြင္ အေပါက္ငယ္သည္ ျဖည္းျဖည္းခ်င္း သူ႕အလို
လိုျပန္ေကာင္းလာခဲ့သည္။တစ္ခ်ိန္တည္းမွာပင္ ငယ္႐ြယ္ေသာ က်င့္ႀကံသူအမ်ိဳးသား၏
ပုံရိပ္လည္း ျဖည္းျဖည္းခ်င္း မွိန္ေဖ်ာ့သြားေတာ့သည္။

၎သည္ မသိသာေလာက္ေသာ ပမာဏမ်ိဳးျဖစ္ေသာ္လည္း ဤေနရာကို ကာကြယ္ရန္အတြက္ ထိုမွတ္ဥာဏ္ပုံရိပ္သည္ လက္ရွိတြင္ ကိုယ္ပိုင္စြမ္းအင္မ်ားကို အသုံးခ်လ်က္ရွိသ
ည္။

ဝမ္႐ႊမ္လည္း ယခုမွ ခပ္ျမန္ျမန္ သက္ျပင္းခ်နိဳင္ခဲ့ၿပီး အရွိန္အဟုန္ျပင္းစြာ စီးဆင္းေန
ေသာ ဝိဥာဥ္စြမ္းအင္မ်ားကို အျခားတစ္ေန
ရာသို႔ ေျပာင္းလဲတိုက္ခိုက္ရန္ ေစလႊတ္လိုက္သည္။အႏွီထူးဆန္းလွေသာ ေရခဲျပင္ကိုေတာ့ သြားမထိသည္က အေကာင္းဆုံးျဖစ္မ
ည္ဟု မွတ္ခ်က္ခ်လိဳက္သည္။

သူထြက္မသြားခင္တြင္ ေနာက္ဆုံးအႀကိမ္ ျပ
န္လွည့္ၾကည့္လိုက္သည္။ထိုပုဂၢိုလ္၏ပုံရိပ္က ေမ်ာလြင့္ေနဆဲျဖစ္သည့္အျပင္ အၿပဳံးေဖ်ာ့ေဖ်ာ့ေလးႏွင့္ ၿပဳံးျပလ်က္ပင္။

၎သည္ သာမန္မဟုတ္ေသာ အၿပဳံးမ်ိဳးျဖစ္ေသာ္လည္း သူ႕စိတ္ကိုေတာ့ သက္သာရာရေစခဲ့သည္။

အဆုံးတြင္၊ဝမ္႐ႊမ့္ခႏၶာကိုယ္ကို မ်ားျပားလွေသာ ဝိဥာဥ္စြမ္းအင္မ်ားျဖင့္ လႊမ္းၿခဳံသြားၿပီး စုစုေပါင္း အတားအဆီးေလးဆယ့္ရွစ္ခုကို ေက်ာ္ျဖတ္၍ ယခင္တုန္းက အေတြ႕အႀကဳံထက္ အဆေပါင္းမ်ားစြာ ပိုနက္ရွိုင္းခဲ့သည္။ယခုအေတြ႕အႀကဳံသည္ ယြမ္စုစည္းျခင္းအဆင့္၌ ပဏာမေျခလွမ္းသာရွိေသး၏။ဝမ္႐ႊမ့္စိတ္အာ႐ုံသည္ ကိုယ့္ကိုယ္ကို ၾကည့္ေနရင္းမွ အလြန္လ်င္ျမန္စြာ လြတ္ထြက္သြားၿပီး ေဖာ္ျပရန္ခဲယဥ္းေသာ ဟင္းလင္းျပင္ေနရာ
တစ္ခုဆီသို႔ ေရာက္ရွိသြားခဲ့သည္။

၎သည္'ေတာက္ဓမၼလမ္းစဥ္'ေနရာပင္။

အတားအဆီးမ်ားကို ေက်ာ္ျဖတ္ေနစဥ္ အခ်ိ
န္တြင္း၌သာ က်င့္ႀကံသူမ်ားသည္ ဝိဥာဥ္စြမ္း
အင္မ်ားကို စုစည္းျခင္းျဖင့္ ေကာင္းကင္ဘုံႏွင့္ ကမၻာေျမႀကီးကို ခ်ိတ္ဆက္ၿပီး'ေတာက္ဓမၼလမ္းစဥ္'ကို ထိေတြ႕နိုင္ျခင္းျဖစ္သည္။ထိုအခို
က္တြင္၊ႏွလုံးသားထဲ၌ ရႈပ္ေထြးေနေသာ ေမး
ခြန္းမ်ားလည္း ရွင္းလင္းျပတ္သားလာခဲ့သ
ည္။သူတို႔၏ စိတ္ဝိဥာဥ္သည္လည္း မွန္းဆ၍ မရနိုင္ေလာက္ေသာ အဆင့္မ်ိဳးအထိ မႀကဳံစဖူး တိုးတက္သြားေပလိမ့္မည္။ဤအဆင့္ကို ေက်ာ္ျဖတ္ရင္းမွသာလွ်င္ က်င့္ႀကံသူမ်ားသ
ည္ မိမိကိုယ္ကို ပိုနက္ရွိုင္းစြာ နားလည္သ
ေဘာေပါက္နိုင္ၿပီး လမ္းေၾကာင္းမွန္မွန္ေရွ႕
ဆက္ေလွ်ာက္နိုင္ေပမည္။

ယြမ္စုစည္းျခင္းအဆင့္သို႔ ေနာက္ဆုံးတစ္ႀကိ
မ္ဝင္ခဲ့စဥ္က သူအေျဖရွာမရခဲ့ေသာ အရာမွာ ဤအဆင့္ျဖစ္သည္။သို႔ျဖစ္ရာ ဝမ္႐ႊမ္သည္ က်င့္ႀကံျခင္းလမ္းစဥ္ကို ကိုယ္တိုင္ဖ်က္ဆီးပစ္ၿပီး အေျခခံတည္ေထာင္ျခင္းအဆင့္သို႔ ျပ
န္ဆင္းခဲ့စဥ္က ထိုအဆင့္ကို ယြမ္စုစည္းျခင္းအဆင့္၏ တစ္ဝက္ဟု သတ္မွတ္ခဲ့ျခင္းျဖစ္
သည္။ထိုစဥ္က က်င့္ႀကံျခင္းအဆင့္ႏွင့္ စြမ္း
အင္တို႔၌ ယြမ္စုစည္းအဆင့္တြင္ ရွိေနသည္ဟု သတ္မွတ္နိုင္ေသာ္လည္း သူ႕ကိုယ္သူေတာ့ အေျခခံတည္ေထာင္ျခင္းအဆင့္ဟုသာ
ရိုးရိုးရွင္းရွင္းလက္ခံခဲ့သည္။

ယခုတြင္မူ လစ္ဟာေနေသာ ေနရာတစ္ခုအ
တြက္ အေျဖရွာနိုင္ခဲ့ေခ်ၿပီ။

ဝမ္႐ႊမ္သည္ ဟင္းလင္းျပင္ထဲတြင္ မ်က္လုံးျပန္ဖြင့္လိုက္ရာ ခႏၶာကိုယ္ပတ္ခ်ာလည္၌ ဝ
န္းရံေနေသာ မႈန္ဝါးဝါးအလင္းေရာင္အခ်ိဳ႕ကို
ျမင္လိုက္ရသည္။သူ႕စိတ္အာ႐ုံမ်ား ေမ်ာလြင့္သြားသည့္အတိုင္း ထိုအလင္းေရာင္သည္လ
ည္း တေ႐ြ႕ေ႐ြ႕ ေမ်ာလြင့္သြားခဲ့သည္။ဤသ
ည္မွာ စိတ္ႏွလုံးသားထဲမွ'ေတာက္ဓမၼလမ္းစဥ္'၏ ေရာင္ျပန္ဟပ္မႈေပတည္း။

အလင္းေရာင္ေတြနဲ႕ ဘယ္လိုပုံစံမ်ိဳး ဖန္တီးခ်င္တာလဲ?ဒီတစ္ရက္ ကုန္သြားၿပီးရင္ေရာ ဘယ္လိုလမ္းစဥ္မ်ိဳးကို ေရွ႕ဆက္ေလွ်ာက္ခ်င္တာလဲ?

ဝမ္႐ႊမ္သည္ သူ႕ကိုယ္သူ ျပန္ေမးရန္ အခ်ိန္
ယူခဲ့သလို အေျဖကို ျပန္သုံးသပ္ရန္လည္း အ
ခ်ိန္ယူခဲ့သည္။အေျဖရွင္းလင္းလာသည္ႏွင့္အမွ် မႈန္ဝါးဝါး အလင္းေရာင္မ်ားလည္း ျပန့္က်ဲသြားေလသည္။၎တို႔သည္ ဆုံခ်က္သုံးခုအျဖစ္သို႔ တျဖည္းျဖည္း ေျပာင္းလဲသြားခဲ့သည္။ဝမ္႐ႊမ္သည္ လက္ကို ဆန့္ထုတ္ၿပီး ၎
င္းတို႔ကို ထိေတြ႕လိုက္သည္ႏွင့္ ႏွလုံးသားထဲတြင္ ထိန္းခ်ဳပ္မရေသာ စိတ္ေက်နပ္မႈမ်ားျဖင့္ ျပည့္ႏွက္သြားေတာ့သည္။

ဖ်က္ဆီးၿပီးေနာက္ ျပန္လည္ထုဆစ္ပုံေဖာ္ျခ
င္း။

ယြမ္စုစည္းျခင္းအဆင့္သို႔ ဒုတိယအႀကိမ္ ျပ
န္ေရာက္လာခ်ိန္တြင္ သူတစ္ဦးတည္းပိုင္ဆိုင္ခဲ့ဖူးေသာ ထူးျခားစြမ္းအင္ကိုလည္း ျပန္လ
ည္ရရွိခဲ့သည္။မတူကြဲျပားေသာ ထူးျခားစြမ္း
အင္သုံးသြယ္။ဤသည္မွာ၊ယခင္အခ်ိန္က ခ်ီသန့္စင္ျခင္းအဆင့္မွ အေျခခံတည္ေထာင္ျခ
င္းသို႔ သူေက်ာ္ျဖတ္ခဲ့စဥ္က ရရွိခဲ့သလို က်င့္ႀကံသူမ်ားအတြက္ ေပးအပ္ေသာ ရလဒ္တစ္မ်ိဳးျဖစ္သည္။
(T/N:chapter38)

စိတ္ပ်က္အားငယ္မႈ၊မေရရာေသာ ေမွ်ာ္လင့္ခ်က္မ်ားျဖင့္ ေလွ်ာက္လွမ္းခဲ့ေသာ ခရီးလမ္းအဆုံးတြင္ ယြမ္စုစည္းျခင္းအဆင့္ က်င့္ႀကံသူတစ္ဦး၌ ရွိသင့္ေသာ အစစ္အမွန္ခြန္အားကို သူပိုင္ဆိုင္ခဲ့ေခ်ၿပီ။

ၾကည္လင္ျပတ္သားေသာ အသံႏွင့္အတူ၊ဝမ္႐ႊမ့္ပတ္ခ်ာလည္တြင္ ဝန္းရံေနေသာ ဝိဥာဥ္စြမ္းအင္မ်ားသည္ ျပန့္က်ဲကြဲထြက္သြားၿပီးမွ စြမ္းအင္လွိုင္းအျဖစ္ ျပန္လည္ေပါင္းစည္းၿပီး ခႏၶာကိုယ္ထဲသို႔ အလုံးအရင္းျပန္လွိမ့္ဝင္လာရာ ဝတ္႐ုံစပင္လွ်င္ တဖ်တ္ဖ်တ္လြင့္ခါသြားခဲ့သည္။ဝမ္႐ႊမ္သည္ အၿပဳံးတစ္ပြင့္ႏွင့္အတူ မ်က္လုံးျပန္ဖြင့္ၿပီး ခႏၶာကိုယ္ေပၚမွ ဝိဥာဥ္ေၾကာမ်ားကို တစ္ဖန္ျပန္ၾကည့္လိုက္သည္။

ေအးစက္ေနေသာ ေလလွိုင္းမ်ားလည္း လြင့္စင္သြားေလၿပီ။ဤေနရာတြင္ အႏွစ္ငါးဆယ္ၾကာ ေအးခဲေနခဲ့ေသာ ေရခဲထုႏွင့္ဆီးႏွင္းမ်ားလည္း မထင္မွတ္စြာ အရည္ေပ်ာ္လာေခ်ၿပီ။ေကာင္းကင္ဘုံနတ္မိစ္ဆာ၏ ဦးခ်ိဳကေတာ့ အေအးဓာတ္အခ်ိဳ႕ကို ထုတ္လႊတ္ေနဆဲပင္။သို႔ေသာ္လည္း ဝမ္႐ႊမ့္က်င့္ႀကံျခင္းလမ္းစဥ္
၏ လွည့္ပတ္ဝန္းရံမႈႏွင့္အတူ ထိုအေအးဓာ
တ္သည္ ခႏၶာကိုယ္ထဲ၌ အဆုံးမရွိေသာ စမ္း
ေခ်ာင္းပမာ စိမ့္ဝင္စီးဆင္းသြားၿပီး သူ႕လက္
ခုပ္မွ လြတ္ေျမာက္နိုင္ေတာ့မည္မဟုတ္ေပ။

တာဝန္ၿပီးဆုံးသြားသည္ႏွင့္ ဝမ္႐ႊမ့္မ်က္ႏွာသ
ည္ မသိစိတ္မွ ေပ်ာ္႐ႊင္မႈျဖင့္ ၾကည္လင္ေတာ
က္ပလို႔ေန၏။ဦးခ်ိဳကို ျပန္ယူသြားရန္သာရွိေတာ့သည္။

ဤအေၾကာင္းကို ေတြးရင္းျဖင့္ ဂူဝင္ေပါက္သို႔ ျပန္လွည့္လိုက္ရာ သူျမင္လိုက္ရေသာ ျမ
င္ကြင္းေၾကာင့္ တစ္ကိုယ္လုံး ၾကက္သီးထသြားရေတာ့သည္။

လမ္းအဆုံး၊ဂူဝင္ေပါက္တြင္ လူတစ္ေယာက္ရွိေနခဲ့သည္။အတိအက်ဆိဳရေသာ္ အမ်ိဳး
သမီးတစ္ေယာက္။

ဒီလိုေနရာမ်ိဳးမွာ ဘယ္လိုလုပ္ၿပီး မိန္းမတစ္ေယာက္ရွိေနရတာလဲ?

ဝမ္႐ႊမ့္ေခါင္းထဲ၌ ဤေမးခြန္း ႐ုတ္တရက္ေပၚလာစဥ္တြင္ ထိုအမ်ိဳးသမီးသည္လည္း ဂူထဲသို႔ စတင္ေမ်ာလာေတာ့သည္။

ဟုတ္တယ္....တကယ္ႀကီး ေလေပၚမွာ ေမ်ာလာတာ!

ဝမ္႐ႊမ္သည္ အေနာက္သို႔ ေျခတစ္လွမ္းျပန္ဆုတ္လိုက္၏။ဤသည္မွာ ဒ႑ာရီသဖြယ္ အမ်ိဳးသမီးတစ္ေဆသာျဖစ္ေပလိမ့္မည္။ေနာ
က္ဆုံးတြင္ သူမကို ဝမ္႐ႊမ္မွတ္မိသြားခဲ့သည္။

အမ်ိဳးသမီးတစ္ေဆ၏ က်င့္ႀကံျခင္းအဆင့္က မျမင့္ေသာ္လည္း ဝမ္႐ႊမ္သည္ စိတ္အာ႐ုံကို နိုးနိုးၾကားၾကား သတိကပ္ထား၏။

အမ်ိဳးသမီးတစ္ေဆသည္ ေခါင္းကို ခပ္ျမင့္ျမင့္ေမာ့ထားျခင္းေၾကာင့္ မေသဆုံးခင္တုန္းက သူမ၏အသြင္အျပင္ကိုပါ မွန္းဆ၍ ရနိုင္သ
ည္။သူမသည္ သိမ္ေမြ႕ၿပီး လွပေသာ အမ်ိဳး
သမီးတစ္ေယာက္ ျဖစ္ခဲ့ဟန္တူသည္။သို႔
ေသာ္ ယခုအခ်ိန္တြင္မူ ထိုလွပေသာ မ်က္ႏွာသည္ အေလာင္းေကာင္ပမာ ျဖဴဆုတ္ေနၿပီး ေျခာက္ျခားဖြယ္ေကာင္းလွသည္။ထိုျဖဴဆု
တ္ေနေသာ မ်က္ႏွာျဖင့္ ဝမ္႐ႊမ့္ကို မ်က္ေတာ
င္မခတ္တမ္း စိုက္ၾကည့္ေနေလသည္။

အမွန္တြင္၊သူမကို ဝမ္႐ႊမ္သတိမထားမိခင္က
တည္းက ထိုနည္းအတိုင္း အခ်ိန္အေတာ္ၾကာေအာင္ စိုက္ၾကည့္ေနခဲ့ျခင္းျဖစ္သည္။

"အမ္......မိန္းကေလး?"

ဝမ္႐ႊမ္သည္ တစ္ခ်ိန္လုံးနီးပါး ထိုကဲ့သို႔ စိုက္ၾကည့္ခံလိုက္ရျခင္းေၾကာင့္ ဦးေခါင္းပါ ထုံက်င္လာၿပီး ထုတ္ေမးရန္မွတပါး ေ႐ြးခ်ယ္စရာမရွိေတာ့ေခ်။

"ဒီေနရာမွာဘာလို႔ရွိေနေသးတာလဲ?"

တစ္ဖက္သားက သူ႕ကို ထိခိုက္ေအာင္မလုပ္နိုင္မွန္း သိထားေသာ္လည္း ယခုလိုအေျခအ
ေနမ်ိဳးကို ပထမဆုံးအႀကိမ္ ႀကဳံဆုံဖူးသည္ျဖ
စ္ရာ ဝမ္႐ႊမ္ နည္းနည္းေတာ့ ေၾကာက္ေနမိသ
ည္။သရဲတစ္ေဆမ်ားသည္ အလြန္ရွားပါး၏။ပုံမွန္အားျဖင့္၊သူတို႔တြင္ ေနာင္တႀကီးႀကီးမားမားႏွင့္ မတရားခံခဲ့ရျခင္းတို႔သာ မရွိပါက လူ႕
ေလာကတြင္ မကြၽတ္မလြတ္ဘဝျဖင့္ က်င္
လည္ေနလိမ့္မည္မဟုတ္။

အမ်ိဳးသမီးတစ္ေဆသည္ ဘာတစ္ခြန္းမွ ျပန္မေျဖဘဲ မ်က္ေတာင္မခတ္တမ္း စိုက္ၾကည့္ေန
ၿမဲသာ။

ဝမ္႐ႊမ္သည္ စကားေျပာၾကည့္ရန္ ဆုံးျဖတ္လိုက္ေသာ္လည္း အမ်ိဳးသမီးတစ္ေဆက ႐ုတ္
တရက္ထေအာ္လာခဲ့သည္။

သူမသည္ ပါးစပ္ဟ၍ က်ယ္ေလာင္စြာ ေအာ္
ဟစ္၏။သို႔ေသာ္ သူမ ေျပာခ်င္ေသာ စကားကိုေတာ့ ရွင္းရွင္းလင္းလင္းမၾကားရေခ်။ထိုေအာ္သံဟာ ဝမ္႐ႊမ့္ထံ သူမ ေျပးဝင္လာသ
ည္အထိ ရပ္တန့္မသြားခဲ့။

ဝမ္႐ႊမ္ ခ်က္ခ်င္း ေနာက္ျပန္ဆုတ္လိုက္သ
ည္။

အမ်ိဳးသမီးတစ္ေဆသည္ ဝမ္႐ႊမ့္ေရွ႕သို႔ ၾကမ္းၾကမ္းတမ္းတမ္း ေျပးဝင္လာေသာ္လည္း ေျခတစ္လွမ္းစာခန့္အလိုတြင္ နံရံတစ္ခုႏွင့္ ဝင္ရို
က္မိသည့္ႏွယ္ ႐ုတ္တရက္ရပ္တန့္သြားခဲ့သ
ည္။

ဤသည္မွာ၊ဝမ္႐ႊမ့္ဝိဥာဥ္စြမ္းအင္က ဝမ္႐ႊမ့္ကို ကာကြယ္ေပးေနျခင္းျဖစ္သည္။

လွ်ို႔ဝွက္ဆန္းၾကယ္ဂိုဏ္းခုနစ္သြယ္မွ ေျဖာင့္မတ္ေသာ က်င့္ႀကံသူတစ္ဦးျဖစ္ရာ ဝမ္႐ႊမ့္ဝိဥာဥ္စြမ္းအင္သည္ ေျမေအာက္ေလာကမွ သ
ရဲတစ္ေဆမ်ိဳးကို တားျမစ္နိုင္ေပ၏။ဝမ္႐ႊမ္သ
ည္ အမ်ိဳးသမီးတစ္ေဆ၏ ကိုယ္ထဲမွ အစိမ္းပုပ္ေရာင္ အခိုးအေငြ႕မ်ားထြက္လာသည္ကို ေတြ႕လိုက္ရသည္။ဒဏ္ရာအေတာ္ရသြားသကဲ့သို႔ သူမ၏ မ်က္ႏွာထက္တြင္ နာက်င္မႈ အရိပ္အ
ေယာင္မ်ား ေပၚလြင္လာခဲ့သည္။

"မိန္းကေလး...."

ဝမ္႐ႊမ့္အမူအရာမွာ ေျပာင္းလဲသြားရ၏။

"မင္း ဘာလုပ္ခ်င္ေနတာလဲ?"

အမ်ိဳးသမီးတစ္ေဆသည္ နားကန္းေနသည့္ပ
မာ။ဝမ္႐ႊမ့္ဝိဥာဥ္စြမ္းအင္ေၾကာင့္ ဒဏ္ရာရသြားသည့္ နာက်င္မႈကိုေတာင္ ဂ႐ုမစိုက္အားဘဲ ပါးစပ္ဟ၍ မရပ္မနား က်ယ္ေလာင္စြာ ေအာ္ဟစ္ရင္း ဝမ္႐ႊမ္ႏွင့္ ေျခတစ္လွမ္းစာခန့္ ပိုနီးစပ္လိုစိတ္ျဖင့္ ဝိဥာဥ္စြမ္းအင္က ဖန္တီးထားေသာ အကာအကြယ္ကို လက္ဗလာျဖင့္ ကုတ္ဖဲ့ေနခဲ့သည္။

"အလုပ္ျဖစ္မွာမဟုတ္ဘူး"

"မင္းရဲ႕က်င့္ႀကံျခင္းအဆင့္က နိမ့္လြန္းတ
ယ္။ကြၽန္ေတာ့္ရဲ႕ ဝိဥာဥ္စြမ္းအင္ကို ဖ်က္ဆီးနိုင္မွာမဟုတ္ဘူး"

သူ႕စကားကို နားလည္နိုင္မည္လားေတာ့မသိ။အမ်ိဳးသမီးသည္ အေနာက္သို႔ ေျခတစ္လွမ္းဆုတ္သြား၏။ဝမ္႐ႊမ္လည္း သက္ျပင္းခ်လိဳ
က္သည္။

သို႔ေသာ္ သက္ျပင္းခ်၍ေတာင္ မဆုံးေသးခင္တြင္ အမ်ိဳးသမီးတစ္ေဆသည္ အကာအကြယ္ကို ေနာက္တစ္ႀကိမ္ ေျပးတိုက္ျပန္ေလသည္။၎သည္ ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံျခ
င္းႏွင့္ ဆင္တူ၏။သူမဟာ က်ယ္က်ယ္ေလာ
င္ေလာင္ ငိုေႂကြးလာခဲ့သည္။

ဝမ္႐ႊမ္သည္ ဤအျဖစ္အပ်က္ကို အသက္မဲ့ေသာ မ်က္ဝန္းမ်ားျဖင့္ ၿငိမ္ၿငိမ္ေလး ရပ္ၾကည့္မေနနိုင္ေတာ့ေခ်။သူ႕ႏွလုံးသားကို ဖ်စ္ညွ
စ္ေနသလို ခံစားရ၏။

"မိန္းကေလး....ဘာလို႔ဒီေလာက္ေခါင္းမာေနရတာလဲ?"

သူ႕အသံသည္ပင္လွ်င္ မသိမသာ တုန္ယင္ေန
ေခ်ၿပီ။

"မင္းမွာ ဘယ္လိုေနာင္တမ်ိဳး ရွိေနလို႔လဲ?ကြၽ
န္ေတာ့္ကို ေျပာျပမယ္ဆိုရင္ မင္းကို ကူညီေပးလို႔ရေလာက္တယ္။အနားကို ထပ္ကပ္မလာနဲ႕ေတာ့။ဘာလို႔ ဒီလိုမ်ိဳး အသုံးမဝင္တဲ့ကိစၥအတြက္ အလဟသ အပင္ပန္းခံေနအုံးမွာလဲ?"

သို႔ေသာ္ အမ်ိဳးသမီးတစ္ေဆကေတာ့ ခ်ိဳးဖ်က္မရနိုင္ေသာ အတားအဆီးကို လက္မေလ်ာ့ဘဲ မရပ္မနား ေျပးဝင္တိုက္ေနဆဲပင္။သူမ
၏ကိုယ္ေပၚမွ အေမွာင္စြမ္းအင္မ်ားလည္း ဆက္တိုက္ပ်က္စီးကုန္ၿပီး ေလာင္ကြၽမ္းေနသကဲ့သို႔ တရွဲရွဲျမည္လာခဲ့သည္။ဤကဲ့သို႔ ေသလုေမ်ာပါး နာက်င္ခံစားေနေသာ္လည္း သူမသည္ ငိုေႂကြးျခင္းႏွင့္ေအာဟစ္ျခင္းတို႔ျဖင့္သာ အသံျပဳခဲ့ၿပီး မရပ္မနား ဝင္တိုက္ေနျခ
င္းကိုေတာ့ မရပ္ခဲ့ပါေခ်။

ဝမ္႐ႊမ့္ဦးေခါင္းခြံသည္ ပိုထုံက်င္လာရေတာ့
၏။

သူ ဘာလုပ္ခ်င္ေနတာလဲ?ငါ့ရဲ႕ ယန္စြမ္းအင္ကို စုပ္ယူခ်င္ေနတာလား?သရဲတစ္ေဆေတြက ယန္စြမ္းအင္ေလးရဖို႔ေလာက္အတြက္နဲ႕ သူတို႔ကိုယ္သူတို႔ ဒီေလာက္အထိ အနာခံပါ့မလား?

ဝမ္႐ႊမ္သည္ သရဲတစ္ေဆမ်ားကို နားမလည္နိုင္
ရာ အေျဖကိုလည္း မစဥ္းစားတတ္ခဲ့ေပ။

(T/N:DaoismမွာေလYin-Yangဆိုၿပီးရွိတာ။Yinကအေမွာင္ထု၊တစ္နည္း မေကာင္းမႈတို႔၊ေသဆုံးၿပီးသားေျမေအာက္ေလာကနဲ႕ဆိုင္တာမ်ိဳးေပါ့။Yangကအလင္း။အနီးစပ္ဆုံးေတာ့အဲ့သေဘာကိုေျပာတာေပါ့ေနာ္)

ဝမ္႐ႊမ္သည္ တစ္ဖက္သား၏ပါးစပ္မွ ထြက္လာေသာ အသံကို ပိုရွင္းလင္းစြာ ၾကားခ်င္မိ
သည္။သို႔ေသာ္ ၎ကို သူနားလည္ရန္ ဘယ္
ေလာက္ပဲ ႀကိဳးစားေနပါေစ၊နားမလည္နိုင္ေလာက္ေသာ အသံမ်ားသာျဖစ္ေန၏။ထိုအ
သံသည္ အခ်ိဳ႕လူမ်ားသာ ထုတ္ေျပာနိုင္ေသာ......

ဝမ္႐ႊမ့္အမူအရာမွာ ခ်က္ခ်င္း ေျပာင္းလဲသြားရျပန္သည္။အမ်ိဳးသမီးတစ္ေဆကို မေရမရာျဖင့္ ထုတ္ေမးလိုက္၏။

"မင္း....အသက္ရွင္ေနတုန္းက ဆြံ႕အခဲ့တာလား?"

အမ်ိဳးသမီးတစ္ေဆသည္ အသံႏွစ္သံျပဳ၏။၎
င္းကို လုံးဝနားမလည္နိုင္ေသာ္လည္း ဆြံ႕အေနသူတစ္ဦး၏အသံႏွင့္ ဆင္တူလွသည္။ႀကိမ္ဖန္မ်ားစြာ ဝင္တိုက္ေနျခင္းေၾကာင့္ သူမ
၏အသြင္သည္ စေတြ႕စဥ္ကထက္ အဆေပါ
င္းမ်ားစြာ မွိန္ေဖ်ာ့သြားၿပီး ေလထုထဲတြင္ ေမ်ာလြင့္ေနေသာ မီးပြားကဲ့သို႔ အခ်ိန္မေ႐ြး ေပ်ာက္ကြယ္သြားေတာ့မည့္ အေနအထားမ်ိဳးျဖစ္ေန၏။ထိုအခိုက္တြင္ သူမ၏မ်က္ႏွာ
ေပၚ၌ မ်က္ရည္စီးေၾကာင္း စက်လာေတာ့သ
ည္။

ထိုမ်က္ရည္မ်ားကို ျမင္လိုက္ရေသာအခါ ဝမ္႐ႊမ္သည္ သူ႕ႏွလုံးသားကို တင္းပုတ္ျဖင့္ ရို
က္လိုက္သကဲ့သို႔ အလြန္အမင္းနာက်င္လာခဲ့သည္။

အမ်ိဳးသမီးတစ္ေဆ ေနာက္ျပန္ဆုတ္သြားၿပီး ေနာက္တစ္ႀကိမ္ ေျပးဝင္ရန္ ႀကိဳးစားေနသ
ည္ကို ျမင္လိုက္ရစဥ္တြင္ ဝမ္႐ႊမ္သည္ သူကို
ယ္တိုင္ပင္ ရွင္းမျပနိုင္ေလာက္ေသာ အရာတ
စ္ခုကို လုပ္ခဲ့သည္။

သူ႕ကို ကာကြယ္ေပးေနေသာ ဝိဥာဥ္စြမ္းအင္မ်ားကို တစ္စြန္းတစ္စမွ်ေတာင္ ခ်န္မထားဘဲ အကုန္ျပန္႐ုတ္သိမ္းလိုက္ေလသည္။

အမ်ိဳးသမီးတစ္ေဆသည္ ေအာ္ဟစ္ငိုေႂကြးရင္း
ေနာက္တစ္ႀကိမ္ ေျပးဝင္လာကာ ဝမ္႐ႊမ့္ကို
ယ္ေပၚသို႔ ခုန္အုပ္လာခဲ့သည္။

ယင္းစြမ္းအင္ျဖင့္ ထိေတြ႕မိသည့္ တမဟုတ္ခ်င္းတြင္ ဝမ္႐ႊမ္ အတန္ငယ္ မူးေဝသြားရသ
ည္။သူ႕ကိုယ္သူ ႐ူးသြားၿပီဟုသာ ေကာက္ခ်
က္ခ်လိဳက္ေတာ့သည္။ယြမ္စုစည္းျခင္းအဆင့္တြင္ ရွိေနလွ်င္ေတာင္ အကာအကြယ္တစ္ခုမွ် မခ်န္ထားဘဲ သရဲတစ္ေဆကို တိုက္ခိုက္ခြင့္ျပဳလိုက္သည္ကေတာ့.....တစ္ဖက္သားတြင္ မေကာင္းေသာ ရည္႐ြယ္ခ်က္သာ ရွိေနခဲ့လွ်
င္ ဤလုပ္ရပ္အတြက္ အက်ိဳးဆက္ကို သူတ
ကယ္ခံရေတာ့မည္ျဖစ္သည္။သူ႕ကို အသက္
ေသသည္အထိ မတိုက္ခိုက္နိုင္လွ်င္ေတာင္
ဝိဥာဥ္ကြဲထြက္သြားသည္အထိ လုပ္နိုင္ေပလိ
မ့္မည္။

သို႔ေသာ္ မည္သည့္အႏၱရာယ္မ်ိဴးမွ မႀကဳံခဲ့ရေပ။

ဝမ္႐ႊမ္သည္ သူ႕ပခုံးေပၚသို႔ က်လာေသာ မ်
က္ရည္စက္ကိုသာ ခံစားမိခဲ့သည္။

ထို႔ေနာက္ သူ႕ခႏၶာကိုယ္ကို အုပ္မိုးထားေသာ ယင္းစြမ္းအင္အျပင္ ပုခုံးေပၚက်လာေသာ မ်
က္ရည္စက္သည္ပင္ အေငြ႕ပ်ံသြားသည့္ႏွယ္ရွာမေတြ႕ေတာ့ေအာင္ ေပ်ာက္ကြယ္သြားခဲ့သ
ည္။

ဝမ္႐ႊမ္သည္ တုန္လႈပ္ေခ်ာက္ခ်ားစြာ လွည့္ပတ္ရွာေဖြခဲ့ေသာ္လည္း အမ်ိဳးသမီးတစ္ေဆကို မည္သည့္ေနရာတြင္မွ မျမင္ရေတာ့ေခ်။ႀကဳံ
ေတြ႕ခဲ့ရသမွ်သည္ စိတ္ကူးယဥ္အိပ္မက္တစ္
ခုပမာ။

ဒါေပမယ့္ ဘယ္လိုလုပ္ အိပ္မက္ျဖစ္နိုင္ပါ့မလဲ?

အမ်ိဳးသမီးတစ္ေဆသည္ ဤေနရာမွ ထြက္သြားျခင္း(သို႔)ပုန္းကြယ္လိုက္ျခင္းသာျဖစ္ေပမည္။

အဲ့ဒီလိုဆိုရင္လည္း ေစာနတုန္းက ေျပာသမွ်
နားမဝင္ေအာင္ကို ေခါင္းမာေနတာကေရာ ဘာအတြက္လဲ?

ထိုေမးခြန္းအတြက္ အေျဖရွာမရခဲ့ေပ။ယခုအ
ခ်ိန္တြင္ ဆက္မေတြးရန္သာ ဆုံးျဖတ္၍ ေခါ
င္းခါလိုက္သည္။ေကာင္းကင္ဘုံနတ္မိစ္ဆာ၏
ဦးခ်ိဳကို ဝတ္႐ုံထဲသို႔ ထည့္သိမ္းၿပီး ဂူထဲမွထြ
က္ကာ ေတာင္ေျခသို႔ ျပန္ဆင္းလာခဲ့သည္။

ေတာင္ေျခသို႔ ျပန္ဆင္းေသာခရီးသည္ ပိုျမန္
ဆန္ခဲ့သည္။မူလခ်ိတ္ပိတ္ထားေသာ ေနရာတြင္ ေကာင္းကင္ဘုံနတ္မိစ္ဆာ၏ဦးခ်ိဳ မရွိေတာ့ျခင္းေၾကာင့္ မႏၱန္စည္းလည္း ပ်က္ျပ
ယ္သြားေခ်ၿပီ။ေတာင္ေပၚမွ ေလလွိုင္းမ်ားလ
ည္း လုံးဝေပ်ာက္ကြယ္သြားကာ ေရခဲထုႏွင့္ဆီးႏွင္းတို႔ေၾကာင့္ ျဖစ္ေပၚလာေသာ သဘာဝအေငြ႕အသက္တို႔သာ က်န္ရစ္ခဲ့သည္။အခ်ိန္ငါးပုံတစ္ပုံခန့္ ကုန္လြန္ၿပီးေနာက္ အမွတ္အ
သားျပဳလုပ္ခဲ့ေသာ ေက်ာက္တုံးကို ျပန္ျမင္လိုက္ရသည္။

ပိုအံ့ၾသစရာေကာင္းသည္ကေတာ့ ေက်ာက္တုံးနံေဘးတြင္ ရပ္ေနေသာ လူရိပ္ႏွစ္ခုပင္။

သုံးဦးသား လူစုကြဲသြားၿပီးသည္မွ အနည္း
ဆုံးတစ္ရက္ႏွင့္တစ္ညေတာ့ ကုန္လြန္ခဲ့ၿပီးျဖ
စ္မည္။မည္သို႔ပင္ျဖစ္ေစ ဝမ္႐ႊမ္ ျပန္ေပၚလာသည္ႏွင့္ က်န္းရီက သတိထားမိခဲ့သည္။ဝမ္႐ႊမ့္ထံ ခ်က္ခ်င္းထေျပးလာၿပီး ရင္ခြင္ထဲသို႔ ပစ္ဝင္လာေလသည္။

ဝမ္႐ြမ္သည္ က်န္းရီကို တင္းတင္းက်ပ္က်ပ္ လွမ္းဖမ္းၿပီး ေခါင္းေလးကို ပြတ္သပ္ေပးလို
က္၏။

"ဘာျဖစ္လို႔ ေတာင္ေအာက္မဆင္းဘဲ ဒီမွာေစာင့္ေနရတာလဲ?"

က်န္းရီက ျပန္မေျဖေပ။သူ႕ေခါင္းေလးကို ဝမ္႐ႊမ့္ရင္ခြင္ထဲတြင္သာ တိုးကပ္ထား၏။အခ်ိန္အေတာ္ၾကာေအာင္ ေလေအးမ်ားျဖင့္ ထိေတြ႕
ထားျခင္းေၾကာင့္ ပါးႏွစ္ဖက္သည္ပင္ နီျမန္းေနၿပီး လက္ေခ်ာင္းထိပ္မ်ားဆိုလွ်င္ ခရမ္း
ေရာင္သမ္းေနေခ်ၿပီ။

"က်င့္ႀကံသူဝမ္၊ေနာက္ဆုံးေတာ့ ျပန္ေရာက္
လာၿပီေပါ့"

က်င့္ႀကံသူဆန္းလည္း သူ႕ကို လာႏႈတ္ဆက္
၏။

"က်င့္ႀကံသူက်န္းကို ေတာင္ေအာက္ဆင္းဖို႔ အႀကိမ္ႀကိမ္ ေဖ်ာင္းဖ်ခဲ့ပါေသးတယ္။ဒါေပမယ့္ ဘယ္လိုေျပာေျပာ လက္မခံဘူးေလ"

က်န္းရီသာ ေတာင္ေပၚတြင္ ေစာင့္ေနလိုစိတ္မရွိပါက က်င့္ႀကံသူဆန္းလည္း ေစာင့္ေနရမည္မဟုတ္ေပ။

က်င့္ႀကံသူဆန္းသည္ ဝမ္႐ႊမ့္အနားသို႔ ပိုတိုးလာသည္ႏွင့္ ယြမ္စုစည္းျခင္းအဆင့္ အေငြ႕
အသက္ကို ခံစားမိခဲ့ၿပီး ေတာင့္တင္းသြားရေတာ့သည္။ခဏအၾကာတြင္ သိသိသာသာ ေျပာင္းလဲသြားေသာ အမူအရာႏွင့္ လက္ႏွစ္ဖ
က္ယွက္၍ စကားဆိုလာခဲ့သည္။ဝမ္းေျမာက္ျခင္းႏွင့္မနာလိုျခင္း အရိပ္အႁမြက္တို႔ကေတာ့ ေရာယွက္လ်က္ပင္။

"ယြမ္စုစည္းျခင္းအဆင့္ကို တက္လွမ္းနိုင္ခဲ့တဲ့အတြက္ က်င့္ႀကံသူဝမ္ကို ဂုဏ္ျပဳပါတ
ယ္"

ဝမ္႐ႊမ္သည္ ၿပဳံးျပရင္း ေခါင္းညိတ္လိုက္သ
ည္။သူသည္လည္း အစဥ္အလာအတိုင္း တုံ႕
ျပန္ခ်င္ေသာ္ျငား က်န္းရီက ရင္ခြင္ထဲတြင္ မွီေနဆဲျဖစ္ၿပီး လုံးဝမလႊတ္ေပးေခ်။သက္ျပ
င္းခ်လိဳက္ေသာ္လည္း တြန္းမထုတ္ရက္ခဲ့။ထိုအစား ေအးခဲမႈေၾကာင့္ ခရမ္းေရာင္သမ္းေနေသာ လက္ေခ်ာင္းေလးမ်ားကို သူ႕လက္ဖဝါးျဖင့္ ဆုပ္ကိုင္လိုက္သည္။

"ေတာင္းပန္ပါတယ္...ငါမင္းကိုစိတ္ပူေအာင္လုပ္မိၿပီ"

"အရမ္းစိတ္မပူခဲ့ပါဘူး"

က်န္းရီသည္ ေနာက္ဆုံးတြင္ အလြန္တိုးညွင္းစြာ အသံျပဳလာေတာ့သည္။

"အစ္ကိုဘာမွမျဖစ္ဘူးဆိုတာယုံတယ္။ဒီအ
တိုင္း....အၾကာႀကီးေစာင့္လိုက္ရယုံပါ"

ဝမ္႐ႊမ္သည္ ၿပဳံးလ်က္ က်န္းရီ၏ပါးႏွစ္ဖက္ကို သူ႕လက္ဖဝါးျဖင့္ အုပ္လိုက္ၿပီး

"ဟုတ္တယ္။ဒါေပမယ့္ ေတာင္းပန္ပါတယ္...
ငါမင္းကိုအၾကာႀကီးေစာင့္ခိုင္းခဲ့မိတယ္"

တစ္ဖက္တြင္မူ ေလဟာနယ္ပမာ လ်စ္လ်ဴရႈခံထားရေသာ က်င့္ႀကံသူဆန္းလည္း မတတ္နိုင္ေတာ့ဘဲ ေခ်ာင္းတစ္ခ်က္ဟန့္၍ မ်က္စိကန္းခ်င္စရာ အျပဳအမူမ်ားကို ဝင္ႏွောင့္လို
က္သည္။

"က်င့္ႀကံသူဝမ္၊ေတာင္ေပၚမွာ ဘာေတြျဖစ္သြားတာလဲ?ေလတိုက္ႏႈန္းနဲ႕ဆီးႏွင္းေတြလ
ည္း အရွိန္ေလ်ာ့သြားသလိုပဲ။အဲ့တာက...."

အလုပ္ကိစၥအေၾကာင္း ေျပာလာစဥ္တြင္ ဝမ္႐ႊမ္ႏွင့္က်န္းရီတို႔လည္း လူခ်င္းခြာလိုက္ၾကေတာ့သည္။ဝမ္႐ႊမ္သည္ ေနာက္တစ္ႀကိမ္ ၿပဳံးျပ၍ ျပန္ေျဖေပးခဲ့သည္။

"ကံေကာင္းေထာက္မစြာနဲ႕ပဲ တာဝန္ကို အၿပီး
သတ္နိုင္ခဲ့တယ္"

"ဘယ္လို!?"

က်င့္ႀကံသူဆန္းသည္ အစပိုင္းတြင္ ေၾကာင္အမ္းသြားရေသာ္လည္း အလြန္လွ်င္ျမန္စြာ သတိျပန္ကပ္ၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ စကားဆိုလာေတာ့သည္။

"တကယ္ေျပာတာလား?"

ဝမ္႐ႊမ္သည္ ဝတ္႐ုံထဲမွ ေကာင္းကင္ဘုံနတ္မိ
စ္ဆာ၏ဦးခ်ိဳကို ထုတ္ျပလိုက္သည္။က်င့္ႀကံသူဆန္းသည္ အလြန္အမင္း စိတ္လႈပ္ရွားေနၿပီး ၎ကို ထိေတြ႕ရန္ ႀကိဳးစားလိုက္ေသာ္လ
ည္း အဆုံးတြင္ အထဲ၌ ခိုေအာင္းေနေသးေသာ အေအးဓာတ္ေၾကာင့္ ထိခိုက္မိလုနီးပါးျဖစ္သြားရသည္။လက္ရွိတြင္ ထိုအေအးဓာ
တ္ကို ဝမ္႐ႊမ့္လက္ဖဝါးေပၚ၌ ထိန္းခ်ဳပ္ထား
၏။သို႔ေသာ္ ၎ကို ထိကိုင္မိပါက အႏၱရာယ္
ျပဳနိုင္ဆဲပင္။

"ကြၽန္ေတာ္ က်င့္ႀကံျခင္းနည္းလမ္းကို သုံးထားတာ...."

ဝမ္႐ႊမ္သည္ ေကာင္းကင္ဘုံနတ္မိစ္ဆာ၏ဦးခ်ိဳကို ထိန္းခ်ဳပ္ထားသည့္ နည္းလမ္းအား ရွင္းျပလိုေသာ္လည္း ထိုနည္းလမ္းအေၾကာင္း ထုတ္ေျပာလိုက္သည္ႏွင့္ သူ႕ကိုယ္ပိုင္က်င့္ႀကံျခင္းနည္းလမ္းႏွင့္ပါ ဆက္ႏြယ္သြားေပလိမ့္မည္။သို႔ျဖစ္ရာ မည္သို႔ရွင္းျပရမည္ကို သူမသိေတာ့ေခ်။

ေကာင္းေသာအခ်က္သည္ကား က်င္ႀကံသူဆန္းဟာ ထိုကိစၥကို ဂ႐ုမစိုက္ဘဲ ေခါင္းခါျပလာခဲ့သည္။

"အဲ့ဒီလိုဆိုမွေတာ့ က်င့္ႀကံသူဝမ္ပဲ သိမ္းထားလိုက္ပါ။ရွန္းက်စ္နဲ႕ေတြ႕တဲ့အခါ ကိုယ္တိုင္ေပးလိုက္တာ ပိုေကာင္းပါလိမ့္မယ္"

ဝမ္႐ႊမ္လည္း ေခါင္းညိတ္ၿပီး သေဘာတူလို
က္သည္။သူတို႔သုံးဦး စကားေျပာၿပီးသည္ႏွင့္ ေတာင္ေျခသို႔ အတူျပန္ဆင္းလာခဲ့သည္။ဝမ္႐ႊမ္သည္ ေတာင္ေပၚတြင္ ျဖစ္ပ်က္ခဲ့သမွ်ကို အတိုခ်ဳံးရွင္းျပခဲ့သည္။ယခုအခ်ိန္တြင္ က်င့္ႀကံသူဆန္းသည္ ဝမ္႐ႊမ့္အေပၚ ေဖာ္ေ႐ြပ်ဴငွာလာၿပီး ေျမာက္ပင့္ေျပာဆိုျခင္းတို႔ေတာင္ ျပဳ
မူလာ၏။မႏၱန္စည္းကို ယဲ့ရွန္းေကာ ခင္းက်
င္းခဲ့ေၾကာင္း ၾကားသိရေသာအခါ လြမ္းဆြတ္ပူေဆြးသြားခဲ့ၿပီး အမ်ိဳးသမီးတစ္ေဆအေၾကာ
င္း ၾကားရခ်ိန္ေတာ့ အလြန္အံ့ၾသသြားၿပီး ဝမ္႐ႊမ္ႏွင့္အတူ ေလးေလးနက္နက္ ေဆြးႏႊေး
လာခဲ့သည္။

က်န္းရီသည္ ဝမ္႐ႊမ့္နံေဘးတြင္သာ တိတ္တ
ဆိတ္ေလွ်ာက္ေနၿပီး ဝင္ႏွောက္ယွက္ျခင္းမ်ိဳး လုံးဝမလုပ္ခဲ့ေခ်။

"ဘယ္လိုအေျခအေနမ်ိဳးဆိုရင္ သရဲတစ္ေဆေတြ ေပ်ာက္ကြယ္သြားတတ္ပါလိမ့္"

က်င့္ႀကံသူဆန္းက ႐ုတ္တရက္ထေျပာ၏။

"မၿပီးေျမာက္ေသးတဲ့ဆႏၵေတြ ျပည့္ဝသြားတဲ့ အခ်ိန္မ်ားလား?"

က်င့္ႀကံသူဆန္း ေျပာလိုက္ေသာအခ်ိန္တြင္ ဝမ္႐ႊမ္သည္ ဆီးႏွင္းထုေပၚသို႔ ေျခလွမ္းလို
က္ခ်ိန္ျဖစ္ၿပီး ထိုစကားကို ၾကားလိုက္ရေသာအခါ ေျခေခ်ာ္က်ေတာ့မလိုပါျဖစ္သြားရသည္။က်င့္ႀကံသူဆန္းသည္ ေျခာက္ကပ္ကပ္ရယ္ေမာလ်က္။

"ဒီအတိုင္း ခန့္မွန္းလိုက္တာပါဗ်ာ"

ဝမ္႐ႊမ္သည္ က်င့္ႀကံသူဆန္း ခန့္မွန္းခဲ့ေသာ အယူအဆအတိုင္း စဥ္းစားၾကည့္လိုက္သ
ည္။သူပိုေတြးေလေလ၊ေခြၽးပ်ံလာေလေလပင္။

ထိုအယူအဆသည္ မွန္နိုင္ေပ၏။သရဲတစ္ေဆမ်ားသည္ မၿပီးေျမာက္ေသးေသာ ဆႏၵႏွင့္ န
က္ရွိုင္းလြန္းေသာ စိတ္အစြဲတို႔ေၾကာင့္သာ လူ႕
ေလာကမွမကြၽတ္လြတ္နိုင္ၾကျခင္းျဖစ္သည္။သူတို႔၏ဆႏၵမ်ား ျပည့္ဝသြားသည္ႏွင့္ ဘဘာ
ဝက်က် ေပ်ာက္ကြယ္သြားေပလိမ့္မည္။ဝမ္႐ႊမ္သည္ အေစာပိုင္းတုန္းက ႀကဳံခဲ့ရေသာ အျဖစ္အပ်က္ကို ျပန္ေတြးၾကည့္ရင္း ၾကက္
သီးဖ်န္းဖ်န္းထသြားရေလသည္။

အမ်ိဳးသမီးတစ္ေဆရဲ႕ဆႏၵက သူ႕အေပၚ ခုန္အုပ္ခ်င္တာေတာ့ မျဖစ္သင့္ဘူးေလေနာ္? ဒါေပမယ့္...မဟုတ္ေသးပါဘူး။ခုန္အုပ္လိုက္တာ မဟုတ္သလိုပဲ။

ေနာက္ဆုံးအခိုက္အတန့္တြင္ တစ္ေဆအမ်ိဳးသ
မီးသည္ ဝမ္႐ႊမ့္ကို သူမ၏ ရင္ခြင္ထဲ၌ ေပြ႕ဖ
က္ခဲ့ျခင္းျဖစ္သည္။

ဝမ္႐ႊမ့္ေျခဖ်ား၊လက္ဖ်ားမ်ား ေအးစက္သြားရေတာ့သည္။

"အမ်ိဳးသမီးတစ္ေဆက...."

က်င့္ႀကံသူဆန္းကို သတိလက္လြတ္ ျပန္ေမးလိုက္မိေလသည္။

"အမ်ိဳးသမီးတစ္ေဆက...ဒီမွာရွိေနတာ ဘယ္
ေလာက္ၾကာၿပီလဲ?"

က်င့္ႀကံသူဆန္းက ေခါင္းခါျပလာခဲ့သည္။

"ေသေသခ်ာခ်ာေတာ့မသိဘူး။ဒါေပမယ့္ ၿမိဳ႕ထဲကလူေတြ ေျပာတာေတာ့ ေတာင္ေပၚမွာ ႏွင္းေတြဖုံးသြားတဲ့အခ်ိန္ထဲက ရွိေနတာတဲ့။အႏွစ္ငါးဆယ္ေလာက္ေတာ့ ၾကာေနၿပီထင္တယ္"

ဝမ္႐ႊမ္ သက္ျပင္းရွိုက္လိုက္၏။အေအးဓာတ္သည္ ေျခဖ်ား၊လက္ဖ်ားမ်ားမွတဆင့္ ရင္ဘ
တ္ထဲအထိ တင္းက်ပ္လာခဲ့သည္။

ဝမ္႐ႊမ္သည္ ကိုယ့္အသက္ကို အေသအခ်ာမသိသလို၊ေမြးေန႕ကိုလည္း မသိပါေခ်။သူ႕ကို တံခြန္တိမ္တိုက္ဂိုဏ္းသို႔ ခ်ဴလ်န္ေခၚလာေၾကာင္းကိုသာ သိထားၿပီး တိုက္ဆိုင္စြာျဖင့္ ထိုအခ်ိန္သည္ လြန္ခဲ့ေသာ အႏွစ္ငါးဆယ္ဝန္းက်င္ခန့္ကျဖစ္ခဲ့သည္။

"ေၾသာ္ ဟုတ္သားပဲ"

"မင္း ေတာင္ေပၚမွာ ပိတ္မိေနတုန္းက အႏၱရာ
ယ္တစ္ခုခုနဲ႕ ႀကဳံေနမွာေၾကာက္လို႔ ရွန္းက်စ္ကိုေတာင္ စာပို႔လိုက္ေသးတယ္။ရွန္းက်စ္လ
ည္း အရမ္းစိတ္ပူသြားၿပီး သူျပန္ပို႔တဲ့စာထဲမွာ အလုပ္ေတြအားလုံးကို ထားခဲ့ၿပီး ဒီရက္ပိုင္းအတြင္း လိုက္လာခဲ့မယ္လို႔ ေရးထားတယ္။
အခုေတာ့ သူလိုက္လာစရာ မလိုေတာ့တဲ့အ
ေၾကာင္းကို ျပန္အသိေပးရအုံးမွာေပါ့"

"မု႐ုံရွန္းက်စ္ကဒီကိုလာမလို႔လား?"

"ဟုတ္တယ္ အဲ့ဒီလိုေရးထားတာပဲ။ဒါေပမယ့္မင္း အဆင္ေျပတယ္ဆိုမွေတာ့ သူ႕ကို ငါတို႔ျပန္အလာပဲ ေစာင့္ခိုင္းလိုက္တာေကာင္းမယ္
ထင္တယ္"

"မဟုတ္ဘူး"

"သူမကိုလာခိုင္းလိုက္ပါ။အဲ့တာကပိုေကာင္းလိမ့္မယ္"

ဝမ္႐ႊမ့္ထံမွ ထိုသို႔ၾကားရမည္ကို မေမွ်ာ္လင့္ထားသည့္အတြက္ က်င့္ႀကံသူဆန္းလည္း ေၾကာင္အသြားရေလသည္။

"သူ႕ကိုဒီမွာပဲေစာင့္ေနခ်င္တယ္"

ဝမ္႐ႊမ္သည္ ဝတ္႐ုံထဲ၌ တိတ္တခိုးလက္သီးက်စ္လိုက္သည္။

"ကြၽန္ေတာ္ ဒီၿမိဳ႕မွာ ရက္နည္းနည္းေလာက္ ဆက္ေနခ်င္ေသးတယ္.....စုံစမ္းစရာေလးရွိေနလို႔ပါ"

............................................................

Continue Reading

You'll Also Like

7.6K 638 6
This is just a fan translation.I don't own this novel.All credit to original author and Eng Translator. Title - Totally marked by the alpha who's no...
541K 75.3K 64
Author - 很是矫情 Original name - 快穿之炮灰女配逆袭记 English translator - Butterfly's Curse နဥ္ရႈေသဆံုးခဲ့သည္။ သို႔ေသာ္ သူမ၏ကံေကာင္းမႈအနည္းငယ္ေၾကာင့္ သနားစရ...
48.4K 3.8K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
179K 28.9K 89
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian T...