Uni
Taehyung စျေးဝယ်ပြီးပြန်လာကတည်းက အဝတ်အစားရွေးနေရသည်။ ဘာမှအရမ်းကြီးမပြင်ဆင်သွားချင်ပေမဲ့ကိုယ့်သူငယ်ချင်းအရင်းကြီးမွေးနေ့ဆိုတော့ ကိုယ်ကချောနေရမှာပါပဲလေ။ ဆရာJungkookကလည်း လိုက်လာမယ်ထင်တယ် မဟုတ်ဘူးလိုက်ကိုလိုက်မှာသေချာတယ်။ ကျွန်တော့်ကိုတွဲဖို့ဆိူပြီး လိုက်လာမှာသေချာသည်။ ပုံတုံးတုံးဒီဇိုင်းကြီးတော့မဝတ်တာသေချာတာမလို့ ထိုအတွက်ကလုံးဝကိုစိတ်ပူစရာမလိုပေ။ အဲ့ဒီအရာထက် စိတ်ပူရမှာကလိုက်ပြီးအဖိူးကြီးလို လိုက်ဆူပူနေမှာကိုပဲ။ လူငယ်မွေးနေ့ပါတီဆိုတော့ ပျော်ကြပါးကြမှာလေ အနားကနေတရားတွေလိုက်ချနေရင် ကိုယ်ပဲစိတ်ညစ်စရာတွေဖြစ်မှာ။ အတတ်နိုင်ဆုံးမွေးနေ့ကိုမလိုက်လာဖို့နားချရမယ်။ မွေးနေ့ပါတီက ၆နာရီလောက်မှစမည်ဆိုတော့အေးအေးဆေးဆေးပြင်ဆင်လို့ရပါသေးသည်။
ဧည့်ခန်းကို ဖြည်းဖြည်းချင်းဘေးနားကပစ္စည်းတွေကိုအမှီပြုပြီးထွက်လာလိုက်သည်။ ကော်ဖီတစ်ခွက်ကိုဘေးမှာချပြီး စာအုပ်ထိုင်ဖတ်နေတဲ့ဆရာJungkookကိုတွေ့တော့ အနားကိုဖြည်းဖြည်းချင်းကပ်သွားလိုက်တယ်။
"ဆရာ.."
"အော ဘာပြောမလို့လဲ... ကိုယ့်ကိုတော့မခေါ်ဘူး ထပ်ပြီးလဲနေရင် ပိုပြီးဒဏ်မိမှာနော်"
"အရမ်းကြီးတော့မနာတော့ဘူး တစ်ယောက်တည်းတောင်ဖြည်းဖြည်းချင်းသွားရနေပါပြီ"
"အင်းပါ အင်းပါ"
စကားစဖြတ်ပြီးကော်ဖီသောက်ပြီးစာထပ်ဖတ်နေတဲ့ဆရာJungkookကို မွေးနေ့ပါတီကိုမလိုက်လာဖို့ဘယ်လိုပြောရမလဲ အတော်စဥ်းစားရခက်နေတယ်။ မလိူက်လာဖို့ကိုအတော်လေးပြောဆိုရမှာ ကိုယ့်အတွက်လိုက်မှာကိုတော့နားလည်ပေမဲ့ တစ်ချိူ့ကိစ္စတွေမှာတော့လိုက်လာတာသဘောမကျမိပါဘူးလေ။
"ဟိုလေ ဆရာ"
"အင်း ပြောလေ"
"မွေးနေ့ပွဲကလိုက်မှာလားဟင်"
"အမ်... ဘာလို့လဲ"
ကော်ဖီသောက်ပြီးသတင်းစာထိုင်ဖတ်နေတုန်း သူ့အခန်းထဲကထွက်လာပြီး ကိုယ့်နားလာထိုင်ပြီးစကားတွေလာပြောနေတဲ့Taehyung။ သူလိုချင်တာ ဒါမှမဟုတ်ပြောချင်တာတစ်ခုခုရှိတယ်ထင်သည်။ အဲ့ဒီကောင်လေးနဲ့အတူတစ်အိမ်တည်းနေပါများလို့လားပဲနည်းနည်းပါးပါးတော့ အထာနပ်နေပါပြီ။
"မွေးနေ့ပွဲမှာက လူငယ်ကျောင်းသားတွေများတယ်လေ... မွေးနေ့မှာ လူကြီးဆိုဆရာတစ်ယောက်တည်းဖြစ်နေမှာဆိုတော့ အိမ်မှာနေခဲ့ချင်လည်းရတယ်နော်"
လက်စသတ်တော့ ဒင်းလေးကမွေးနေ့ပွဲကိုလိုက်လာမှာစိုးနေတာပဲ။ လူငယ်မွေးနေ့ပွဲဆိုတော့လွတ်လွတ်လပ်လပ်ပျော်ပျော်ပါးပါးစားကြသောက်ကြမှာတော့ နားလည်ပါတယ်။ ဒါပေမဲ့ သူ့မိဘတွေကသူ့ကိုကိုယ်နဲ့စိတ်ချလို့ထားခဲ့လိုက်တာလေ ကိစ္စတစ်ခုခုများဖြစ်သွားရင် ကိုယ်နဲ့အပြစ်မကင်း။ စောင့်ရှောက်ရမှာ တာဝန်ရှိတယ်။
"မွေးနေ့မှာ လွတ်လွတ်လပ်လပ်နေချင်လို့ ခုလိုလာပြောနေတာနားလည်ပါတယ် ဒါပေမဲ့ မင်းရဲ့မိဘတွေက ကိုယ်နဲ့စိတ််ချလို့ထားခဲ့တာ တစ်ယောက်တည်းမသွားရဘူး..."
"ဟာ အဲ့ဒီလိုမလိုက်လည်းရပါတယ်ဆို"
တကယ်ပါပဲ အဲ့ဒီဆရာJungkookနဲ့အဆင်ပြေမဲ့နေ့ရောက်လာမှာမဟုတ်ဘူး။ ကိုယ်ကအစကတော့ သူ့ကိုကောင်းကောင်းမွန်မွန်ပဲဆက်ဆံတော့မယ်လို့တွေးထားပေမဲ့ မရဘူး။ တကယ်ကိုစိတ်ညစ်တာပဲ မွေးနေ့ပွဲမှာလူငယ်သဘာဝနည်းနည်းပါးပါးသောက်ချင်ကြတာလေ။ ဆရာJungkookသာပါလာရင်တော့ အသက်မပြည့်ဘဲသောက်နေတာဘလာဘလာဆိုပြီး ဆုံးမနေတော့မှာ။
"လိုက်ချင်လို့လိုက်တယ်များထင်နေတာလား မင်းမိဘတွေကငါ့ဆီမှာအပ်ခဲ့လို့"
"ဟုတ်ထင်တယ်"
အမြင်ကတ်ပါတယ်ဆို လိုက်ချင်လိုက်တယ်များထင်နေတာလားဆိုပြီးမေးနေသေးတယ်။ အကယ်၍ ဟင့်အင်မထင်ပါဘူး ကျွန်တော့်ဘက်ကဖြေကြည့်ပါ့လား မပြီးမဆုံးနိုင်တဲ့လိုက်ကိုလိုက်ရမည့်အကြောင်းပြချက်တွေကိုထိုင်ပြောနေမှာသိနေသည်။
"အော်.. ကိုယ်ကမင်းတို့လိုကလေးတွေကို လိုက်ထိန်းပေးရမှာလေ ကိုယ်ကအရမ်းလိုက်ချင်နေတာမဟုတ်ဘူး"
"မလိုက်ချင်မလိုက်ပါနဲ့..ကျွန်တော့်ဘာသာထိန်းနိုင်ပါတယ်"
"လူကြည့်တော့ ခုထိကလေးနံ့တောင််မစင်သေးဘူး..မိဘလည်းအပြစ်ပြော ဆရာလည်းအပြစ်ပြော.. မဟုတ်တဟုတ်တွေကလည်းအလွန်ပြောတဲ့ကောင်"
"ဘာ? မဟုတ်တဟုတ်တွေဘယ်မှာပြောလိူ့လဲ"
တကယ်ပါပဲ ဘယ်မှာမဟုတ်တဟုတ်ပြောဖူးလိူ့လည်းမသိဘူး။ မိဘကိုပြောတာတော့ မနက်အကျင့်မကောင်ဘူးပြောမိတယ် ဆရာကိုအပြစ်ပြောတာတော့အမြဲပဲ အဲ့ဒါတွေကိုလက်ခံပါတယ် ဒီမဟုတ်တဟုတ်ကဘယ်ကပါလာတာလဲ ။ အဲ့ဒီလိုမျိူးမဟုတ်တာလာပြောလို့ကတော့ Kim Taehyungကငြိမ်ခံနေမှာမဟုတ်ဘူး။
"မပြောဖူးဘူးပေါ့?ပြန်စဥ်းစားကြည့်ပါအုံး... မင်းကိုငါကကြိုက်နေတာဆို.. ရည်းစားစကားတောင်ပြောပြီးပြီးဆို?"
"အယ်?"
အဲ့ဒီဟာကိုမေ့သွားတာလေ.. ခုတစ်လောအဲ့ဒီကိစ္စဖြေရှင်းဖို့အခွင့်အရေးအများကြီးရပါရက်နဲ့ မပြောတော့ကိုယ်ကလည်း မသိသလိုသဘောထားကြီးပြီးဟန်ဆောင်ပေးနေတယ်ထင်ထားတာပေါ့။ ခုတော့များ ခဏလေးစကားကြောမတိူးလိုက်တာနဲ့ တန်းပြီးတော့ပြောတော့တာပဲ။
"ပြောလေ အဲ့ဒါမဟုတ်တဟုတ် မဟုတ်ဘူးလား?အဲ့ဒါဆို အတည်ကြီးလား"
Kim Taehyungက နည်းနည်းလေးမှအလျှော့ပေးလို့မရတာခုနကပဲကြည့်လေ..ကိုယ်ကအေးအေးဆေးဆေးပြောနေတာပဲအဲ့ဒါကို လူကြီးကိုလူကြီးမှန်းမသိပြန်ခံပြောနေတာ။အစကတော့ သူညာပြီးပေါက်တတ်ကရပြောထားတာတွေကိူမသိချင်ယောင်ဆောင်ပြီး မေ့ပေးထားမလိူ့ ခုလိုအခြေအနေရောက်လာတော့လည်း ထုတ်မေးရတာပေါ့။ ခုခေတ်ကလေးတွေများ လူကြီးကိုလူကြီးလို့မထင်တော့တာ။ လေးစားမှုလည်းလုံးဝကိုမရှိတော့တာပဲ။
"အဲ့ဒီလိူမရည်ရွယ်ပေမဲ့ Sunghoonကိုစတာလေ..သူငယ်ချင်းအချင်းချင်းနောက်တာလေ မဟုတ်တဟုတ်လို့ပြောမရဘူးလေ..."
"ဒါပေမဲ့ ဆရာတစ်ယောက်ဂုဏ်သိက္ခာကိုထိခိုက်တယ်လေ"
"ရှိတယ်ပေါ့?"
"ဘာလဲ"
Kim Taehyungကပေါတောတောလို့ ပြောရင်လည်းဘဝင်ကမြင့်ချင်မြင့်နေမယ့်လူမျိူး။ခုနက သူကိုယ့်ကိုအသုံးချပြီးမဟုတ်တဟုတ်ပြောထားတာကို ဖြေရှင်းနေရင်း... ရုတ်တရက်ကြီးရှိလားလာမေးနေတယ်.. တကယ့်ကို ပေါတောတော.. ခုကိုယ့်လုပ်ရပ်ကလည်း ကိုယ့်အသက်အရွယ်နဲ့မလိုက် ၁၇နှစ်အရွယ်ကလေးနဲ့မှ ရန်ထဖြစ်နေရတယ်တဲ့။
"ဂုဏ်သိက္ခာလေ ရှိလို့လား"
"ရားး Kim Taehyung!!! မင်းအတော်လွန်သွားပြီ.. သွားသွားကြိုက်တဲ့နေရာသွား... ကြိုကိသလိုသာလုပ်တော့ ငါနဲ့မဆိုင်ဘူး..."
"သွားမှာ စိတ်ချ"
"သွားကွာ"
Jungkookဒီတစ်ခါတော့ တကယ်စိတ်တိုပါသည်။ ဘယ်လောက်ပဲတစ်အိမ်တည်းနေပြီးခင်နေပါစေ အနည်းဆုံးတော့လေးစားမှုလေးတော့ရှိသင့်တာပေါ့။ ဒီကလေးက သူ့ကိုကြောက်လားဆိုတော့လည်း မကြောက်ဘူး။ လေးစားမှုရှိလားမေးပြန်ရင်လည်း တစ်စက်မှမရှိတာ။ Kim Jungminကတော့ သူ့သားဆိုးသွမ်းနေပုံကို သိမှာမဟုတ်ဘူး။ ကိုယ်ကတော့ဒီကိူရောက်နေတဲ့ လပိူင်းလေးမှာတောင် အတော်ကိူစိတ်ကုန်နေပါပြီ။
Taehyungစကားပြောတာရပ်ပြီး ကိုယ့်အခန်းကိုယ်ပဲပြန်လာခဲ့တော့တယ်။ မဟုတ်ရင် အဲ့ဒီဆရာနဲ့ကျွန်တော်နဲ့ တစ်ပွဲတစ်လှမ်းနွှဲပြီးထသတ်ရတော့မှာ..။ အိပ်ယာပေါ်ထိုင်လိုက်မှ ခြေကျင်းဝတ်နာနေတာကိုပြန်သတိရသည်။ ခုနက သွေးပူနေလို့လား ရန်တွေနေလို့လားပဲနည်းနည်းလေးမှကို အနာမခံစားရတာ။ဆရာJungkookကလိုက်မပို့တော့ဘူးဆိုတော့ Sunghoonကိုပဲလာခေါ်ခိုင်းဖို့ ဖုန်းဆက်ရတော့မည်။ ဖုန်းခေါ်တာကိုလည်း Sunghoonကချက်ချင်းမကိုင် ကြည့်ရတာမွေးနေ့ပွဲအတွက်ပြင်ဆင်ရင်း အလုပ်ရှုတ်နေပုံရသည်။ လေးငါးခါလောက်ခေါ်လိုက်တော့မှ ဖုန်းလာကိူင်လိုက်သည်။
"Hello Taehyung"
"အေး Sunghoonငါကူညီခိုင်းစရာရှိလို့"
"ဟိုတစ်ခါလို ဆရာJungkookနဲ့တော့လာမပတ်သတ်စေနဲ့နော်... မင်းအဲ့ဒီတုန်းက ငါပဲမောင်းထုတ်ခံရတာ"
Sunghoonက ဟိုတစ်ခါအဆူခံရမှာစိုးလို့ ခေါ်သွားတုန်းက မောင်းထုတ်ခံလိူက်ရတာကို ခုထိအခဲမကျေသေးပုံပင်။ ဆရာJungkookကိုအခဲမကျေတာမဟုတ် ကိုယ့်ကိုအခဲမကျေတာဖြစ်မည်။ သူ့ကိုတစ်ယောက်တည်းချန်ခဲ့လိုတဲ့လေ။
"သူနဲ့မဆိုင်ပါဘူး .., ငါအဲ့ဒီနေ့တုန်းက ခြေကျင်းဝတ်ခိုက်မိသွားလို့ အဖော်ပါမှလမ်းလျှောက်ရတာ... ငါ့ကိုလာခေါ်လို့"
"ငါက? ငါကမွေးနေ့ရှင်လေ.. မင်းဘာသာမင်းဆရာJungkookဖြစ်ဖြစ် မင်းမိဘတွေဖြစ်ဖြစ်လိုက်ပို့ခိုင်းလေ"
"ဟာ မေမေတို့ကအဘွားနေမကောင်းလို့ Busanကိုသွားကြတယ်... ဆရာJungkookပဲကျန်ခဲ့တာ..သူနဲ့ကအဆင်မပြေဘူး.. အဲ့ဒါကြောင့်လာခေါ်ခိုင်းတာ"
"ဟင်? ခုက နှစ်ယောက်တည်းလား? ထားပါလေ မင်းကိုလာခေါ်လိုက်မယ်နော်"
"အေးအေး ၆နာရီလောက်လာခေါ်နော်"
"အွန်းဒါပဲ"
တစ်ဖက်ကဖုန်းချသွားပြီးတော့ Taehyungလည်း အဝတ်အစားဘာဝတ်ရမလဲပြန်ရှာရတော့သည်။ မနက်ကတည်းက ဘာဝတ်ရမလဲစဥ်းစားနေတာ ခုချိန်ထိစဥ်းစားမရဘူး။ ရိူးရိုးရှင်းရှင်းလေးပဲဝတ်သွားရမလား? ဆန်းဆန်းပြားပြားလေးပဲဝတ်သွားရတော့မလား။
ရွေးရင်းရွေးရင်း ညနေ၅နာရီခွဲသွားပြီးမလို့ ဘောင်းဘီးဂျင်းပွအပြာလေးနဲ့ အပေါ်ကအကျီအဖြူလေးကိူခါးထဲသွင်းဝတ်လိုက်သည်။ အစကတည်းက ဒီလိူဝတ်ရင်ကောင်းမလားတွေးမိပေမဲ့ ထပ်ပြီးစဥ်းစားလိုက်တာ ညနေ၅နာရီခွဲသွားတော့တာပဲလေ။
အကုန်ပြင်ဆင်ပြီးတော့ Sunghoonလာမည့်အချိန်ကို ဧည့်ခန်းထဲကပဲထိုင်စောင့်နေလိုက်တယ်။ ဆရာJungkokookကတကယ်စိတ်တိူသွားတယ်ထင်ပါရဲ့။ ကိုယ့်ကိုစကားတစ်ခွန်းတောင်လာမပြောဘူး..သူ့ဘာသာမီးဖိူချောင်ထဲမှာချက်ပြုတ်နေတယ်လေ။ ဘာတွေများချက်ပြုတ်နေလည်းမသိ..တော်တော်လေးမွှေးသည်။ ခဏနေတော့ အိမ်ရှေ့ကကားအသံကြားလိုက်ရတယ် Sunghoonတို့ရောက်လာပြီထင်သည်။ အိမ်တံခါးလှပ်ပြီးဝင်လာတဲ့Sunghoonက သန့်ပြန့်ပြီးဝတ်ထားလိုက်တာများ မွေးနေ့ရှင်လို့တောင်ပြောစရာမလိ အရှိန်အဝါတွေတောက်ပနေပါလေရော...။
"Taehyungသွားမယ်လာ... "
"ငါ့ကို တွဲဖို့လာခိုင်းတာလေ.. ငါဘာသာလာရရင်ခေါ်မလား"
တံခါးပေါက်အပေါက်ဝကနေ လာခဲ့ဖို့လှမ်းခေါ်နေတဲ့Sunghoonလည်း ကျပ်မပြည့်တော့တာသေချာနေပြီ...
"အေးဟုတ်သား... လာငါ့ကိုတွဲ"
Sunghoonကိုတွဲပြီး အိမ်ထဲကထွက်လာတဲ့အထိ ဆရာJungkookကကိုယ့်ကိုဂရုတစ်စက်မှမစိုက်တာ..။ အင်းပေါ့လေ ကိုယ်ပြောတာလည်းလွန်သွားတော့ စိတ်ဆိုးတာမဆန်းပါဘူးလေ။
မွေးနေ့ပါတီကိုရောက်တော့ လူစုံတာနဲ့ ကိတ်မုန့်ကိုစခွဲပြီး စားကြသောက်ကြသည်။ လူကသက်ငယ်အပိုင်းဆိုတော့ အကုန်လုံးက အယ်ကိုဟောလ်ကိုစမ်းသောက်ချင်နေကြသည်။ Sunghoonကလည်း စမ်းချင်နေတော့ သူ့အမေကိူသွားခွင့်တောင်းတယ်။ ခဏကြာတော့ သူ့အမေဆီကခွင့်ပြချက်ရပြီး သောက်စားကြသည်။
ကိုယ်က၃ခွက်လောက်ပဲသောက်ရသေးတယ် နည်းနည်းရီဝေဝေဖြစ်လာသည်။ .. ပထမဆုံးသောက်ဖူးတာဆိုတော့လည်း ဘယ်လောက်ထိသောက်နိုင်လည်း Limitကမသိသေးဘူး။ အကုန်လုံးပါတီကလူတွေက ခုမှစသောက်ဖူးတဲ့လူတွေများတော့ သောက်လိုက်စားလိုက်နဲ့ ပျော်နေကြသည်။ နောက်ဆုံးခက်တာက Taehyungသောက်လိုက်တာ အရှိန်လွန်ပြီးခေါင်းတောင်မဖော်နိုင်တော့တဲ့အထိပင်။
Sunghoonကမွေးနေ့ရှင်မလို့ ထိန်းသောက်နေရသည်။ သန့်စင်ခန်းသွားချင်လာလို့ Sunghoonသန့်စင်ခန်းသွားပြီး အပြန်ကျတော့ Taehyungကခေါင်းတောင်မဖော်နိုင်တော့တဲ့အထိပဲ။ Taehyungကို ပုခုံးပေါ်လက်တင်ပြီးမနည်းဆွဲထူကာ အိမ်သို့ပြန်လိုက်ပို့ရန်ခေါ်လာလိုက်ရသည်။ အိမ်တံခါးဝပဲထွက်ရသေးတယ် အိမ်ရှေ့ကကားတစ်စီးပေါ်ကနေဆင်းလာပြီး Taehyungကိုလာတွဲခေါ်သွားသည့် ဆရာJungkook..,။ မျက်စိပဲအမြင်မှားလားတော့မသိပေမဲ့ ကိုယ်ကလည်းနည်းနည်းမူးနေတော့ လိုက်ပို့နိုင်မှာမဟုတ်ဘူးလေ။ အဲ့ဒါကြောင့် ထည့်လွှတ်လိုက်ရသည်။ Taehyungမူးချက်ကတော့... သူကိုဘယ်သူခေါ်သွားလဲတောင်သိမှာမဟုတ်ပေ။ Sunghoonလည်း ပါတီထဲပြန်ဝင်သွားပြီ မွေးနေ့ရှင်သိက္ခာတောင် မထိန်းတော့ဘဲအသားကုန်သောက်တော့သည်။
-----------
A/N- ဖတ်ရတာအခြေအနေလေးပြောပြပေးပါ့လား
#bliawnk
Zawgyi
Taehyung ေစ်းဝယ္ၿပီးျပန္လာကတည္းက အဝတ္အစားေ႐ြးေနရသည္။ ဘာမွအရမ္းႀကီးမျပင္ဆင္သြားခ်င္ေပမဲ့ကိုယ့္သူငယ္ခ်င္းအရင္းႀကီးေမြးေန႕ဆိုေတာ့ ကိုယ္ကေခ်ာေနရမွာပါပဲေလ။ ဆရာJungkookကလည္း လိုက္လာမယ္ထင္တယ္ မဟုတ္ဘူးလိုက္ကိုလိုက္မွာေသခ်ာတယ္။ ကြၽန္ေတာ့္ကိုတြဲဖို႔ဆိူၿပီး လိုက္လာမွာေသခ်ာသည္။ ပုံတုံးတုံးဒီဇိုင္းႀကီးေတာ့မဝတ္တာေသခ်ာတာမလို႔ ထိုအတြက္ကလုံးဝကိုစိတ္ပူစရာမလိုေပ။ အဲ့ဒီအရာထက္ စိတ္ပူရမွာကလိုက္ၿပီးအဖိူးႀကီးလို လိုက္ဆူပူေနမွာကိုပဲ။ လူငယ္ေမြးေန႕ပါတီဆိုေတာ့ ေပ်ာ္ၾကပါးၾကမွာေလ အနားကေနတရားေတြလိုက္ခ်ေနရင္ ကိုယ္ပဲစိတ္ညစ္စရာေတြျဖစ္မွာ။ အတတ္နိုင္ဆုံးေမြးေန႕ကိုမလိုက္လာဖို႔နားခ်ရမယ္။ ေမြးေန႕ပါတီက ၆နာရီေလာက္မွစမည္ဆိုေတာ့ေအးေအးေဆးေဆးျပင္ဆင္လို႔ရပါေသးသည္။
ဧည့္ခန္းကို ျဖည္းျဖည္းခ်င္းေဘးနားကပစၥည္းေတြကိုအမွီျပဳၿပီးထြက္လာလိုက္သည္။ ေကာ္ဖီတစ္ခြက္ကိုေဘးမွာခ်ၿပီး စာအုပ္ထိုင္ဖတ္ေနတဲ့ဆရာJungkookကိုေတြ႕ေတာ့ အနားကိုျဖည္းျဖည္းခ်င္းကပ္သြားလိုက္တယ္။
"ဆရာ.."
"ေအာ ဘာေျပာမလို႔လဲ... ကိုယ့္ကိုေတာ့မေခၚဘူး ထပ္ၿပီးလဲေနရင္ ပိုၿပီးဒဏ္မိမွာေနာ္"
"အရမ္းႀကီးေတာ့မနာေတာ့ဘူး တစ္ေယာက္တည္းေတာင္ျဖည္းျဖည္းခ်င္းသြားရေနပါၿပီ"
"အင္းပါ အင္းပါ"
စကားစျဖတ္ၿပီးေကာ္ဖီေသာက္ၿပီးစာထပ္ဖတ္ေနတဲ့ဆရာJungkookကို ေမြးေန႕ပါတီကိုမလိုက္လာဖို႔ဘယ္လိုေျပာရမလဲ အေတာ္စဥ္းစားရခက္ေနတယ္။ မလိူက္လာဖို႔ကိုအေတာ္ေလးေျပာဆိုရမွာ ကိုယ့္အတြက္လိုက္မွာကိုေတာ့နားလည္ေပမဲ့ တစ္ခ်ိဴ႕ကိစၥေတြမွာေတာ့လိုက္လာတာသေဘာမက်မိပါဘူးေလ။
"ဟိုေလ ဆရာ"
"အင္း ေျပာေလ"
"ေမြးေန႕ပြဲကလိုက္မွာလားဟင္"
"အမ္... ဘာလို႔လဲ"
ေကာ္ဖီေသာက္ၿပီးသတင္းစာထိုင္ဖတ္ေနတုန္း သူ႕အခန္းထဲကထြက္လာၿပီး ကိုယ့္နားလာထိုင္ၿပီးစကားေတြလာေျပာေနတဲ့Taehyung။ သူလိုခ်င္တာ ဒါမွမဟုတ္ေျပာခ်င္တာတစ္ခုခုရွိတယ္ထင္သည္။ အဲ့ဒီေကာင္ေလးနဲ႕အတူတစ္အိမ္တည္းေနပါမ်ားလို႔လားပဲနည္းနည္းပါးပါးေတာ့ အထာနပ္ေနပါၿပီ။
"ေမြးေန႕ပြဲမွာက လူငယ္ေက်ာင္းသားေတြမ်ားတယ္ေလ... ေမြးေန႕မွာ လူႀကီးဆိုဆရာတစ္ေယာက္တည္းျဖစ္ေနမွာဆိုေတာ့ အိမ္မွာေနခဲ့ခ်င္လည္းရတယ္ေနာ္"
လက္စသတ္ေတာ့ ဒင္းေလးကေမြးေန႕ပြဲကိုလိုက္လာမွာစိုးေနတာပဲ။ လူငယ္ေမြးေန႕ပြဲဆိုေတာ့လြတ္လြတ္လပ္လပ္ေပ်ာ္ေပ်ာ္ပါးပါးစားၾကေသာက္ၾကမွာေတာ့ နားလည္ပါတယ္။ ဒါေပမဲ့ သူ႕မိဘေတြကသူ႕ကိုကိုယ္နဲ႕စိတ္ခ်လိဳ႕ထားခဲ့လိုက္တာေလ ကိစၥတစ္ခုခုမ်ားျဖစ္သြားရင္ ကိုယ္နဲ႕အျပစ္မကင္း။ ေစာင့္ေရွာက္ရမွာ တာဝန္ရွိတယ္။
"ေမြးေန႕မွာ လြတ္လြတ္လပ္လပ္ေနခ်င္လို႔ ခုလိုလာေျပာေနတာနားလည္ပါတယ္ ဒါေပမဲ့ မင္းရဲ႕မိဘေတြက ကိုယ္နဲ႕စိတ္္ခ်လိဳ႕ထားခဲ့တာ တစ္ေယာက္တည္းမသြားရဘူး..."
"ဟာ အဲ့ဒီလိုမလိုက္လည္းရပါတယ္ဆို"
တကယ္ပါပဲ အဲ့ဒီဆရာJungkookနဲ႕အဆင္ေျပမဲ့ေန႕ေရာက္လာမွာမဟုတ္ဘူး။ ကိုယ္ကအစကေတာ့ သူ႕ကိုေကာင္းေကာင္းမြန္မြန္ပဲဆက္ဆံေတာ့မယ္လို႔ေတြးထားေပမဲ့ မရဘူး။ တကယ္ကိုစိတ္ညစ္တာပဲ ေမြးေန႕ပြဲမွာလူငယ္သဘာဝနည္းနည္းပါးပါးေသာက္ခ်င္ၾကတာေလ။ ဆရာJungkookသာပါလာရင္ေတာ့ အသက္မျပည့္ဘဲေသာက္ေနတာဘလာဘလာဆိုၿပီး ဆုံးမေနေတာ့မွာ။
"လိုက္ခ်င္လို႔လိုက္တယ္မ်ားထင္ေနတာလား မင္းမိဘေတြကငါ့ဆီမွာအပ္ခဲ့လို႔"
"ဟုတ္ထင္တယ္"
အျမင္ကတ္ပါတယ္ဆို လိုက္ခ်င္လိုက္တယ္မ်ားထင္ေနတာလားဆိုၿပီးေမးေနေသးတယ္။ အကယ္၍ ဟင့္အင္မထင္ပါဘူး ကြၽန္ေတာ့္ဘက္ကေျဖၾကည့္ပါ့လား မၿပီးမဆုံးနိုင္တဲ့လိုက္ကိုလိုက္ရမည့္အေၾကာင္းျပခ်က္ေတြကိုထိုင္ေျပာေနမွာသိေနသည္။
"ေအာ္.. ကိုယ္ကမင္းတို႔လိုကေလးေတြကို လိုက္ထိန္းေပးရမွာေလ ကိုယ္ကအရမ္းလိုက္ခ်င္ေနတာမဟုတ္ဘူး"
"မလိုက္ခ်င္မလိုက္ပါနဲ႕..ကြၽန္ေတာ့္ဘာသာထိန္းနိုင္ပါတယ္"
"လူၾကည့္ေတာ့ ခုထိကေလးနံ႕ေတာင္္မစင္ေသးဘူး..မိဘလည္းအျပစ္ေျပာ ဆရာလည္းအျပစ္ေျပာ.. မဟုတ္တဟုတ္ေတြကလည္းအလြန္ေျပာတဲ့ေကာင္"
"ဘာ? မဟုတ္တဟုတ္ေတြဘယ္မွာေျပာလိူ႕လဲ"
တကယ္ပါပဲ ဘယ္မွာမဟုတ္တဟုတ္ေျပာဖူးလိူ႕လည္းမသိဘူး။ မိဘကိုေျပာတာေတာ့ မနက္အက်င့္မေကာင္ဘူးေျပာမိတယ္ ဆရာကိုအျပစ္ေျပာတာေတာ့အၿမဲပဲ အဲ့ဒါေတြကိုလက္ခံပါတယ္ ဒီမဟုတ္တဟုတ္ကဘယ္ကပါလာတာလဲ ။ အဲ့ဒီလိုမ်ိဴးမဟုတ္တာလာေျပာလို႔ကေတာ့ Kim Taehyungကၿငိမ္ခံေနမွာမဟုတ္ဘူး။
"မေျပာဖူးဘူးေပါ့?ျပန္စဥ္းစားၾကည့္ပါအုံး... မင္းကိုငါကႀကိဳက္ေနတာဆို.. ရည္းစားစကားေတာင္ေျပာၿပီးၿပီးဆို?"
"အယ္?"
အဲ့ဒီဟာကိုေမ့သြားတာေလ.. ခုတစ္ေလာအဲ့ဒီကိစၥေျဖရွင္းဖို႔အခြင့္အေရးအမ်ားႀကီးရပါရက္နဲ႕ မေျပာေတာ့ကိုယ္ကလည္း မသိသလိုသေဘာထားႀကီးၿပီးဟန္ေဆာင္ေပးေနတယ္ထင္ထားတာေပါ့။ ခုေတာ့မ်ား ခဏေလးစကားေၾကာမတိူးလိုက္တာနဲ႕ တန္းၿပီးေတာ့ေျပာေတာ့တာပဲ။
"ေျပာေလ အဲ့ဒါမဟုတ္တဟုတ္ မဟုတ္ဘူးလား?အဲ့ဒါဆို အတည္ႀကီးလား"
Kim Taehyungက နည္းနည္းေလးမွအေလွ်ာ့ေပးလို႔မရတာခုနကပဲၾကည့္ေလ..ကိုယ္ကေအးေအးေဆးေဆးေျပာေနတာပဲအဲ့ဒါကို လူႀကီးကိုလူႀကီးမွန္းမသိျပန္ခံေျပာေနတာ။အစကေတာ့ သူညာၿပီးေပါက္တတ္ကရေျပာထားတာေတြကိူမသိခ်င္ေယာင္ေဆာင္ၿပီး ေမ့ေပးထားမလိူ႕ ခုလိုအေျခအေနေရာက္လာေတာ့လည္း ထုတ္ေမးရတာေပါ့။ ခုေခတ္ကေလးေတြမ်ား လူႀကီးကိုလူႀကီးလို႔မထင္ေတာ့တာ။ ေလးစားမႈလည္းလုံးဝကိုမရွိေတာ့တာပဲ။
"အဲ့ဒီလိူမရည္႐ြယ္ေပမဲ့ Sunghoonကိုစတာေလ..သူငယ္ခ်င္းအခ်င္းခ်င္းေနာက္တာေလ မဟုတ္တဟုတ္လို႔ေျပာမရဘူးေလ..."
"ဒါေပမဲ့ ဆရာတစ္ေယာက္ဂုဏ္သိကၡာကိုထိခိုက္တယ္ေလ"
"ရွိတယ္ေပါ့?"
"ဘာလဲ"
Kim Taehyungကေပါေတာေတာလို႔ ေျပာရင္လည္းဘဝင္ကျမင့္ခ်င္ျမင့္ေနမယ့္လူမ်ိဴး။ခုနက သူကိုယ့္ကိုအသုံးခ်ၿပီးမဟုတ္တဟုတ္ေျပာထားတာကို ေျဖရွင္းေနရင္း... ႐ုတ္တရက္ႀကီးရွိလားလာေမးေနတယ္.. တကယ့္ကို ေပါေတာေတာ.. ခုကိုယ့္လုပ္ရပ္ကလည္း ကိုယ့္အသက္အ႐ြယ္နဲ႕မလိုက္ ၁၇ႏွစ္အ႐ြယ္ကေလးနဲ႕မွ ရန္ထျဖစ္ေနရတယ္တဲ့။
"ဂုဏ္သိကၡာေလ ရွိလို႔လား"
"ရားး Kim Taehyung!!! မင္းအေတာ္လြန္သြားၿပီ.. သြားသြားႀကိဳက္တဲ့ေနရာသြား... ႀကိဳကိသလိုသာလုပ္ေတာ့ ငါနဲ႕မဆိုင္ဘူး..."
"သြားမွာ စိတ္ခ်"
"သြားကြာ"
Jungkookဒီတစ္ခါေတာ့ တကယ္စိတ္တိုပါသည္။ ဘယ္ေလာက္ပဲတစ္အိမ္တည္းေနၿပီးခင္ေနပါေစ အနည္းဆုံးေတာ့ေလးစားမႈေလးေတာ့ရွိသင့္တာေပါ့။ ဒီကေလးက သူ႕ကိုေၾကာက္လားဆိုေတာ့လည္း မေၾကာက္ဘူး။ ေလးစားမႈရွိလားေမးျပန္ရင္လည္း တစ္စက္မွမရွိတာ။ Kim Jungminကေတာ့ သူ႕သားဆိုးသြမ္းေနပုံကို သိမွာမဟုတ္ဘူး။ ကိုယ္ကေတာ့ဒီကိူေရာက္ေနတဲ့ လပိူင္းေလးမွာေတာင္ အေတာ္ကိူစိတ္ကုန္ေနပါၿပီ။
Taehyungစကားေျပာတာရပ္ၿပီး ကိုယ့္အခန္းကိုယ္ပဲျပန္လာခဲ့ေတာ့တယ္။ မဟုတ္ရင္ အဲ့ဒီဆရာနဲ႕ကြၽန္ေတာ္နဲ႕ တစ္ပြဲတစ္လွမ္းႏႊဲၿပီးထသတ္ရေတာ့မွာ..။ အိပ္ယာေပၚထိုင္လိုက္မွ ေျခက်င္းဝတ္နာေနတာကိုျပန္သတိရသည္။ ခုနက ေသြးပူေနလို႔လား ရန္ေတြေနလို႔လားပဲနည္းနည္းေလးမွကို အနာမခံစားရတာ။ဆရာJungkookကလိုက္မပို႔ေတာ့ဘူးဆိုေတာ့ Sunghoonကိုပဲလာေခၚခိုင္းဖို႔ ဖုန္းဆက္ရေတာ့မည္။ ဖုန္းေခၚတာကိုလည္း Sunghoonကခ်က္ခ်င္းမကိုင္ ၾကည့္ရတာေမြးေန႕ပြဲအတြက္ျပင္ဆင္ရင္း အလုပ္ရႈတ္ေနပုံရသည္။ ေလးငါးခါေလာက္ေခၚလိုက္ေတာ့မွ ဖုန္းလာကိူင္လိုက္သည္။
"Hello Taehyung"
"ေအး Sunghoonငါကူညီခိုင္းစရာရွိလို႔"
"ဟိုတစ္ခါလို ဆရာJungkookနဲ႕ေတာ့လာမပတ္သတ္ေစနဲ႕ေနာ္... မင္းအဲ့ဒီတုန္းက ငါပဲေမာင္းထုတ္ခံရတာ"
Sunghoonက ဟိုတစ္ခါအဆူခံရမွာစိုးလို႔ ေခၚသြားတုန္းက ေမာင္းထုတ္ခံလိူက္ရတာကို ခုထိအခဲမေက်ေသးပုံပင္။ ဆရာJungkookကိုအခဲမေက်တာမဟုတ္ ကိုယ့္ကိုအခဲမေက်တာျဖစ္မည္။ သူ႕ကိုတစ္ေယာက္တည္းခ်န္ခဲ့လိုတဲ့ေလ။
"သူနဲ႕မဆိုင္ပါဘူး .., ငါအဲ့ဒီေန႕တုန္းက ေျခက်င္းဝတ္ခိုက္မိသြားလို႔ အေဖာ္ပါမွလမ္းေလွ်ာက္ရတာ... ငါ့ကိုလာေခၚလို႔"
"ငါက? ငါကေမြးေန႕ရွင္ေလ.. မင္းဘာသာမင္းဆရာJungkookျဖစ္ျဖစ္ မင္းမိဘေတြျဖစ္ျဖစ္လိုက္ပို႔ခိုင္းေလ"
"ဟာ ေမေမတို႔ကအဘြားေနမေကာင္းလို႔ Busanကိုသြားၾကတယ္... ဆရာJungkookပဲက်န္ခဲ့တာ..သူနဲ႕ကအဆင္မေျပဘူး.. အဲ့ဒါေၾကာင့္လာေခၚခိုင္းတာ"
"ဟင္? ခုက ႏွစ္ေယာက္တည္းလား? ထားပါေလ မင္းကိုလာေခၚလိုက္မယ္ေနာ္"
"ေအးေအး ၆နာရီေလာက္လာေခၚေနာ္"
"အြန္းဒါပဲ"
တစ္ဖက္ကဖုန္းခ်သြားၿပီးေတာ့ Taehyungလည္း အဝတ္အစားဘာဝတ္ရမလဲျပန္ရွာရေတာ့သည္။ မနက္ကတည္းက ဘာဝတ္ရမလဲစဥ္းစားေနတာ ခုခ်ိန္ထိစဥ္းစားမရဘူး။ ရိူးရိုးရွင္းရွင္းေလးပဲဝတ္သြားရမလား? ဆန္းဆန္းျပားျပားေလးပဲဝတ္သြားရေတာ့မလား။
ေ႐ြးရင္းေ႐ြးရင္း ညေန၅နာရီခြဲသြားၿပီးမလို႔ ေဘာင္းဘီးဂ်င္းပြအျပာေလးနဲ႕ အေပၚကအက်ီအျဖဴေလးကိူခါးထဲသြင္းဝတ္လိုက္သည္။ အစကတည္းက ဒီလိူဝတ္ရင္ေကာင္းမလားေတြးမိေပမဲ့ ထပ္ၿပီးစဥ္းစားလိုက္တာ ညေန၅နာရီခြဲသြားေတာ့တာပဲေလ။
အကုန္ျပင္ဆင္ၿပီးေတာ့ Sunghoonလာမည့္အခ်ိန္ကို ဧည့္ခန္းထဲကပဲထိုင္ေစာင့္ေနလိုက္တယ္။ ဆရာJungkokookကတကယ္စိတ္တိူသြားတယ္ထင္ပါရဲ႕။ ကိုယ့္ကိုစကားတစ္ခြန္းေတာင္လာမေျပာဘူး..သူ႕ဘာသာမီးဖိူေခ်ာင္ထဲမွာခ်က္ျပဳတ္ေနတယ္ေလ။ ဘာေတြမ်ားခ်က္ျပဳတ္ေနလည္းမသိ..ေတာ္ေတာ္ေလးေမႊးသည္။ ခဏေနေတာ့ အိမ္ေရွ႕ကကားအသံၾကားလိုက္ရတယ္ Sunghoonတို႔ေရာက္လာၿပီထင္သည္။ အိမ္တံခါးလွပ္ၿပီးဝင္လာတဲ့Sunghoonက သန့္ျပန့္ၿပီးဝတ္ထားလိုက္တာမ်ား ေမြးေန႕ရွင္လို႔ေတာင္ေျပာစရာမလိ အရွိန္အဝါေတြေတာက္ပေနပါေလေရာ...။
"Taehyungသြားမယ္လာ... "
"ငါ့ကို တြဲဖို႔လာခိုင္းတာေလ.. ငါဘာသာလာရရင္ေခၚမလား"
တံခါးေပါက္အေပါက္ဝကေန လာခဲ့ဖို႔လွမ္းေခၚေနတဲ့Sunghoonလည္း က်ပ္မျပည့္ေတာ့တာေသခ်ာေနၿပီ...
"ေအးဟုတ္သား... လာငါ့ကိုတြဲ"
Sunghoonကိုတြဲၿပီး အိမ္ထဲကထြက္လာတဲ့အထိ ဆရာJungkookကကိုယ့္ကိုဂ႐ုတစ္စက္မွမစိုက္တာ..။ အင္းေပါ့ေလ ကိုယ္ေျပာတာလည္းလြန္သြားေတာ့ စိတ္ဆိုးတာမဆန္းပါဘူးေလ။
ေမြးေန႕ပါတီကိုေရာက္ေတာ့ လူစုံတာနဲ႕ ကိတ္မုန့္ကိုစခြဲၿပီး စားၾကေသာက္ၾကသည္။ လူကသက္ငယ္အပိုင္းဆိုေတာ့ အကုန္လုံးက အယ္ကိုေဟာလ္ကိုစမ္းေသာက္ခ်င္ေနၾကသည္။ Sunghoonကလည္း စမ္းခ်င္ေနေတာ့ သူ႕အေမကိူသြားခြင့္ေတာင္းတယ္။ ခဏၾကာေတာ့ သူ႕အေမဆီကခြင့္ျပခ်က္ရၿပီး ေသာက္စားၾကသည္။
ကိုယ္က၃ခြက္ေလာက္ပဲေသာက္ရေသးတယ္ နည္းနည္းရီေဝေဝျဖစ္လာသည္။ .. ပထမဆုံးေသာက္ဖူးတာဆိုေတာ့လည္း ဘယ္ေလာက္ထိေသာက္နိုင္လည္း Limitကမသိေသးဘူး။ အကုန္လုံးပါတီကလူေတြက ခုမွစေသာက္ဖူးတဲ့လူေတြမ်ားေတာ့ ေသာက္လိုက္စားလိုက္နဲ႕ ေပ်ာ္ေနၾကသည္။ ေနာက္ဆုံးခက္တာက Taehyungေသာက္လိုက္တာ အရွိန္လြန္ၿပီးေခါင္းေတာင္မေဖာ္နိုင္ေတာ့တဲ့အထိပင္။
Sunghoonကေမြးေန႕ရွင္မလို႔ ထိန္းေသာက္ေနရသည္။ သန့္စင္ခန္းသြားခ်င္လာလို႔ Sunghoonသန့္စင္ခန္းသြားၿပီး အျပန္က်ေတာ့ Taehyungကေခါင္းေတာင္မေဖာ္နိုင္ေတာ့တဲ့အထိပဲ။ Taehyungကို ပုခုံးေပၚလက္တင္ၿပီးမနည္းဆြဲထူကာ အိမ္သို႔ျပန္လိုက္ပို႔ရန္ေခၚလာလိုက္ရသည္။ အိမ္တံခါးဝပဲထြက္ရေသးတယ္ အိမ္ေရွ႕ကကားတစ္စီးေပၚကေနဆင္းလာၿပီး Taehyungကိုလာတြဲေခၚသြားသည့္ ဆရာJungkook..,။ မ်က္စိပဲအျမင္မွားလားေတာ့မသိေပမဲ့ ကိုယ္ကလည္းနည္းနည္းမူးေနေတာ့ လိုက္ပို႔နိုင္မွာမဟုတ္ဘူးေလ။ အဲ့ဒါေၾကာင့္ ထည့္လႊတ္လိုက္ရသည္။ Taehyungမူးခ်က္ကေတာ့... သူကိုဘယ္သူေခၚသြားလဲေတာင္သိမွာမဟုတ္ေပ။ Sunghoonလည္း ပါတီထဲျပန္ဝင္သြားၿပီ ေမြးေန႕ရွင္သိကၡာေတာင္ မထိန္းေတာ့ဘဲအသားကုန္ေသာက္ေတာ့သည္။
-----------
A/N- ဖတ္ရတာအေျခအေနေလးေျပာျပေပးပါ့လား
#bliawnk