ကျေးလက်တောရွာသို့ပြန်ခြင်း(မြ...

By tofu94-1

19.2K 3.1K 133

This is not my own story. This is just fun translation. Credits to original author. Credits to Eng translator... More

အပိုင်း_၁
အပိုင်း_၂
အပိုင်း_၃
အပိုင်း_၄
အပိုင်း_၅
အပိုင်း_၆
အပိုင်း_၇
အပိုင်း_၈
အပိုင်း-၁၀
အပိုင်း_၁၁
အပိုင်း_၁၂
အပိုင်း_၁၃
အပိုင်း_၁၄
အပိုင်း_၁၅
အပိုင်း_၁၆
အပိုင်း_၁၇
အပိုင်း_၁၈
အပိုင်း_၁၉
အပိုင်း_၂၀
အပိုင်း_၂၁
အပိုင်း-၂၂
အပိုင်း-၂၃
အပိုင်း -၂၄
အပိုင်း-၂၅
အပိုင်း-၂၆
အပိုင်း-၂၇
အပိုင်း-၂၈
အပိုင်း-၂၉
အပိုင်း-၃၀

အပိုင်း_၉

526 105 4
By tofu94-1

[Unicode]

အိမ်တံခါးထပ်မံခေါက်ခံလိုက်ရသောအခါ, ချီယွဲ့အနည်းငယ် အံ့ဩသွားရသည်။ များသောအားဖြင့် သူကရွာထဲမှလူအများစုနှင့် သိပ်ပြီးဆက်ဆံလေ့မရှိဘဲ လင်ရှန်းမိသားစုတို့နှင့်သာ အပြန်အလှန် လည်ပတ်ဆက်ဆံလေ့ရှိသည်။ ယခုတော့ လင်မိသားစုရှိယောကျာ်းရောဇနီးပါ ဒီမှာရောက်နေတာ ဖြစ်သည်။ ဦးလေးလင် ဒါမှမဟုတ် အဒေါ်လင်တို့တစ်ယောက်ယောက် လာတာများဖြစ်နိုင်မလား?။

သူနှင့်လင်ရှန်းတို့တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီးနောက်, သူအခန်းထဲမှ ထွက်လာလိုက်သည်။ လင်ရှန်းက ဇနီးအားတစ်ချက်ကြည့်ပြီးနောက် သူ့နောက်မှလိုက်လာသည်။

ချီယွဲ့က တံခါးဖွင့်လိုက်သောအခါ တွေ့လိုက်ရသောသူကိုမျှော်လင့်မထားပေမယ့်, ထိုသူ   

 “အကိုချီ…” ဟေးကျန်းကသူ့လူကိုမြင်သောအခါ, သူမျက်လုံးများကနီနေပြီး, ငိုချင်ပေမယ့် မငိုသည့်ပုံစံဖြစ်နေသည်။ ဒီကိုရောက်လာတော့လည်း သိပ်ပြီးအံ့ဩမှုတို့မရှိပေ။

“ငါပြောမယ်ဟေးကျန်း, မင်းပြောစရာရှိတယ်ဆိုရင်ပြော, မင်းရဲ့ဒီအမူအရာက အကယ်၍တခြားသူတွေ မြင်သွားရင် ငါ့ညီလေးချီကမင်းကိုအနိုင်ကျင့်တယ်လို့ပြောနေကြလိမ့်မယ်!”

ချီယွဲ့ထက် ခြေတစ်လှမ်းနောက်ကျသောလင်းရှန်က သူ့ကိုထိုကဲ့သို့မြင်သောအခါ ဦးနှောက်နာကျင်သွားသလိုပင် ခံစားလိုက်ရသည်။

“မဟုတ်…မဟုတ်ပါဘူး, ကျနော်အလျင်လိုနေလို့ပါ”

ဟေးကျန်းကသူ့လက်များကိုအမြန်ယမ်း၍, သူ၏စိတ်ထဲတွင်လည်းအနည်းငယ်စိတ်ညစ်သွားသည်။ သူ့ကိုချီယွဲ့ကသနားသွားအောင်လုပ်ချင်တာ ဖြစ်ပေမယ့်,လင်ရှန်းပြောစကားအရ သူကတမင်လုပ်နေသည့်ပုံ ဖြစ်သွားတော့သည်။

ကုန်ကုန်ပြောရရင်, ဒီလူကသူ့အိမ်မှာသူမနေဘဲ, သူများအိမ်မှာဘာလာလုပ်နေတာလဲ!

“ကျနော် အကိုချီကိုအကူအညီတောင်းစရာရှိလို့”

“ချီယွဲ့အကူအညီကိုလိုတယ်? သူကရွာကိုရောက်တာ ရက်အနည်းငယ်လောက်ဘဲရှိသေးတယ်, သူကဘာကူညီနိုင်မှာလဲ? ငါတို့ကိုပါပြောစမ်းပါ, ဘယ်သူသိမှာလဲ ငါတို့လည်းမင်းကိုကူညီနိုင်ချင် ကူညီနိုင်မှာပေါ့!” လင်ရှန်းကထိုနေရာတွင်ဘဲ လက်ကိုပိုက်ထားပြီး ချီယွဲ့ကိုစကားတစ်လုံးမှ ပြောခွင့်မပေးပေ။ ဒီဟေးကျန်း၏ချီယွဲ့အပေါ်ခံစားချက်တွေအရမ်းသိသာလှသည်။ သူကချဉ်းကပ်ချင်လို့ဘဲအကြောင်းပြချက်ရှာလားဆိုတာဘယ်သူကသိနိုင်မှာလဲ!။

ဟေးကျန်းက သူ့သွားများကိုချိုးမိတော့မလိုပင်။ သူ့ကိစ္စကိုစွက်ဖက်လို့ စိတ်ထဲမှကြိမ်ဆဲနေပေမယ့် သူ့မျက်နှာမှာတော့သနားစရာကောင်းသည့်အမူအရာကပေါ်နေဆဲဖြစ်သည်။

“အဲ့တာကျနော့်ရဲ့ သနားစရာကောင်းတဲ့ ဝမ်းကွဲဟေးလင်ပါ။ ကလေးကတည်းက သူကအားနည်းတယ်, ပြီးတော့အခုသူအဖျားရှိနေတယ်။ သမားတော်လီက မြို့ကိုထပ်သွားတယ်လေ၊၊ အကိုချီကဆေးပညာတစ်ချို့နားလည်တယ်လို့ကြားလို့, အဲ့တာကြောင့် သူ့ကိုတစ်ချက်လောက် ကြည့်ပေးလို့ရမလားလို့”

“ဟမ်?” လင်ရှန်းကသူ့လက်များကိုချလိုက်ပြီး, သူ့မျက်နှာပေါ်ရှိအမူအရာကပြောင်းသွားတော့သည်။ “သတိလစ်နေတာလား?”

ဟေးကျန်းကပြက်ရယ်ပြုလိုက်သည်။ ဒီလောက်တောင်စိတ်ပူနေတာကို , သူတို့ကအတွဲတွေမဟုတ်ဘူး လို့ပြောချင်နေသေးတယ်!။

အစကတော့ချီယွဲ့က ဒီလူနှစ်ယောက်၏အဆက်အဆံကိုဘေးဘက်မှကြည့်နေရင်း ပြုံးနေပေမယ့်, ချက်ချင်းပင်သူ့နှုတ်ခမ်းကပြုံးနေခြင်းကို ဟန့်တားလိုက်ကာ, “ခဏလောက်စောင့်ပေး, ငါတစ်ခုခု သွားယူလိုက်ဦးမယ်!”

“ဘာဖြစ်တာလဲ?” ခဏအကြာတွင်,ချီယွဲ့ကသူ့အခန်းကိုပြန်လာတော့, ဝူယွိလန်ကပင်မခန်းထဲတွင် ဖြစ်သည်။ လင်ရှန်းကဆူဆူညံညံလုပ်နေတာဖြစ်သောကြောင့် သူမကထွက်လာပြီး တစ်ချက်လာကြည့်တာဖြစ်သည်။

လင်ရှန်းက ဟေးလင်အကြောင်းသူမကိုပြောပြလိုက်ပြီးနောက်, ဟေးကျန်းကိုပြောလိုက်သည်, “ငါ့ဇနီးနဲ့နောက်ကလိုက်ခဲ့မယ်, ငါတို့ကူညီနိုင်မယ့်ဟာများရှိမလားလို့”

အကယ်၍ချီယွဲ့ကိုယ်တိုင်သာ လိုက်သွားလျှင် တစ်စုံတစ်ယောက်က အဆင်အခြင်မဲ့စွာဖြင့် ကောက်ချက်ချလိမ့်မည်၊၊ သူ့ဇနီးကိုပါခေါ်ပြီးချီယွဲ့နောက်ကလိုက်သွားပြီး, တစ်စုံတစ်ယောက်က တစ်ခုခုပြောရဲမလားဆိုတာကြည့်ရဦးမည်။

ဟေးကျန်းကသူ့ကိုလိုက်မလာစေချင်ပေ, “ဒါ…အကိုစိတ်အနှောက်အယှက်ဖြစ်မှာ ကြောက်…”

“ရတယ်၊၊ ငါတို့နောက်ကလိုက်တာပိုကောင်းလိမ့်မယ်။ မင်းနဲ့ငါ့ညီချီယွဲ့ နှစ်ယောက်တည်း လမ်းလျှောက်နေတာ တစ်ယောက်ယောက်မြင်သွားရင် ကောလဟာလတွေထွက်ကုန်လိမ့်မယ်။ လင်ရှန်းက တိုက်ရိုက်ငြင်းဆိုလိုက်သည်။

သူပြောပြီးသည်နှင့် ဟေးကျန်းကဘာမှပြန်မပြောတော့ပေ၊၊ မဟုတ်လျှင် သူက ‘တစ်ခုခုဖြန့်ချင်နေသည်’ ဆိုတာရှင်းလင်းသွားလိမ့်မည်!။ ဒီလင်ရှန်းက သူ့ရဲ့အခွင့်အရေးတွေကို ဖျက်စီးနေသည်။

ဟေးကျန်းအိမ်သို့အဖွဲ့လိုက်ရောက်သွားချိန်တွင်, အမျိုးသမီးချင်နှင့် သူမ၏တခြားသားနှစ်ယောက်က ခြံဝင်းထဲတွင်စောင့်နေကြသည်။ လင်ရှန်းနှင့်ဝူယွိလန်တို့ကနောက်မှလိုက်လာသည်ကိုမြင်သောအခါ,  အမျိုးသမီးချင်၏မျက်နှာအမူအရာက အနည်းငယ်မြင်မကောင်းတော့ပေ။ “အိုး,လင်ရှန်းမဟုတ်လား,ငါတို့ရဲ့လင်ကောအာကဖျားနေတာကို, မင်းကအပြေးအလွှား ရောက်လာတော့တာဘဲ၊၊ ဒါကတကယ်ကိုကြင်နာတတ်တာဘဲ!”

နောက်ဆုံးစာလုံးအနည်းငယ်လောက်တွင်, အမျိုးသမီးချင်၏အသံက အရမ်းကိုသိမ်မွေ့နေပေမယ့်, သူ့ကိုပြက်ရယ်ပြုနေမှန်းထင်ရှားလှသည်။

“မဟုတ်လို့လား?။ ကျွန်မတို့အားလုံးက တစ်ရွာတည်းကလူတွေဘဲကို, ကြင်နာတတ်ဖို့က အရေးကြီးတယ်။ အခုဘဲ မတ်လေးချီရဲ့အိမ်မှာလက်ဖက်ရည်သောက်နေကြတာ, လင်ကောအာ နေမကောင်းဘူးကြားတာနဲ့, ကျွန်မတို့အားလုံးစိတ်ပူကြတာဘဲလေ!” ဝူယွိလန်က စကားပြောတော့မည့် လင်ရှန်းကိုရပ်လိုက်ပြီး, သူမကအရင်ပြောလိုက်သည်။ ဒီမှတ်ချက်က လင်ရှန်းနှင့်ဟေးလင်တို့ဟာ နက်နဲသည့်ကြင်နာမှုတွေရှိနေပေမယ့်, ရွာသားတွေအချင်းချင်းကြားထဲမှာရှိသည့် ‘ကြင်နာမှု’သာ ဖြစ်သည်ဟု သူမအားပြောခြင်းလည်းဖြစ်သည်။‌‌ ကောလဟာလမှကြားသည့်စကားများကို မကောင်းသည့်နာမည်လျှောက်တပ်မနေလေနှင့်!

ဝူယွိလန်ပြောသည်ကို အမျိုးသမီးချင်ကအလိုလျောက်နားလည်သည်။ ဒါပေမယ့်, သူမကဘာမှမသိသလိုဟန်ဆောင်နေသည်ဟုသာ သူမစိတ်ထဲတွင်ခံစားနေရသည်။ ထို့အပြင်, ချီယွဲ့ကလည်းထိုနေရာမှာဘဲရပ်နေဆဲဖြစ်သည်။ ထို့ကြောင့်သူမက ဝူယွိလန်အားပြင်းပြင်းထန်ထန် ပြောမနေတော့ဘဲ, ထိုအစားချီယွဲ့အားကြည့်ကာပြုံးပြလိုက်သည်, “လူငယ်လေးချီ,မင်းကိုဒီတစ်ကြိမ်တော့ နှောက်ယှက်မိပြီ။”

“အနှောက်အယှက်မဖြစ်ပါဘူး, ကျနော်မေးပါရစေ…လူနာကဘယ်မှာလဲ?” အခုတွင်ချီယွဲ့က ဟေးလင်ဘယ်လိုနေလဲဆိုတာကြည့်ချင်နေပြီး, သူမကိုရည်မွန်ပျူငှာစွာဆက်ဆံဖို့ ရည်ရွယ်ချက်လည်း မရှိပေ။

“ဟုတ်သား, ဟုတ်သား, မင်းအရင်ကြည့်ရမှာပေါ့! ကျန်းအာ, လူငယ်လေးချီကို အထဲခေါ်သွားပေးပါဦး!” အမျိုးသမီးချင်က ဟေးကျန်းအားမျက်စိမှိတ်ပြလိုက်သည်။

ဟေးကျန်းကချက်ချင်းပင်ခေါင်းညိတ်လိုက်သည်။ သူ့လက်များကိုချီယွဲ့ဆီသို့ဆန့်တန်းလိုက်ပြီး ချီယွဲ့အား လက်ဟန်ပြလိုက်ကာ, “အကိုချီ, ကျနော်နဲ့လိုက်ခဲ့ပါ!”

“ သွားကြည့်ကြစို့!” လင်ရှန်းက အမျိုးသမီးချင်ကို စကားပြောခွင့်ပင်မပေးဘဲ သူ့ဇနီးကိုဆွဲခေါ်ကာ နောက်မှလိုက်သွားလိုက်သည်။

“ဒီလင်ရှန်းကလေ, ငါတို့ကချီယွဲ့နဲ့ကျန်းအာကို နှစ်ယောက်တည်းရှိစေချင်ပါတယ်ဆိုကာမှ, သူတို့က နောက်ကနေလိုက်ပြီးဘာလုပ်ကြမလို့တုန်း!” အမျိုးသမီးချင်က သူမ၏အစီအစဉ်များကို အမြဲနှောက်ယှက်နေသော လင်ရှန်းအားမနှစ်သက်မှုများ တိုးပွားလာသည်။

“အမေ, ဒီချီယွဲ့ပုံကြည့်ရတာ မျက်နှာကနည်းနည်းလေးဖြူနေသလိုဘဲ, သူကတကယ်ရော ယုံကြည်ရလို့လား?” အကုန်လုံးအိမ်ထဲဝင်သွားတာကိုမြင်တော့, ဟေးဖူက အမျိုးသမီးချင်နားကပ်၍ မေးလိုက်သည်။ ထိုမျိုးရိုးနာမည်ချီနှင့်သူက ကောနှင့်တူ၍ သူထက်တော့အရပ်ရှည်ပေမယ့်, သူကယောကျာ်းတစ်ယောက်နဲ့တော့ သိပ်ပြီးမတူပေ။ “ပြီးတော့, သူကရွာထဲဝင်လာကတည်းက ပိုက်ဆံတွေအများကြီးသုံးနေတာ၊၊ သူ့မှာပိုက်ဆံရော ရှိသေးရဲ့လား။?”

“သေချာပေါက် ယုံကြည်ရတာပေါ့! သူ့ရဲ့အပြုအမူတွေကိုဘဲကြည့်, လုံးဝကျိုးကြောင်းမဆင်ခြင်တဲ့သူ မဟုတ်ဘူး၊၊ သူကသေချာပေါက်ကတိတည်လောက်တယ်!”  အမျိုးသမီးချင်က မြို့ထဲရှိသခင်ငယ်လေးတွေက, ထိုသူ့ထက်ပိုကောင်းမှာမဟုတ်ဘူးလို့ထင်နေသည်!။

“အဲ့တာဟုတ်တယ်, အကိုကြီး, အကိုမြင်လား…သူကပိုးထည်အင်္ကျီဝတ်တယ်, ပြီးတော့ ရွာထဲက အုတ်ပြာတွေနဲ့ဆောက်ထားတဲ့အိမ်ရယ်, ရထားလုံးနဲ့ နွား, ဒါတွေအားလုံး ဘယ်လောက်ရှိလောက်လဲ? အကို့မှာတော့လက်ညှိုးထိုးပြဖို့တောင်မရှိဘူး, အခုလိုတုံးနေရဲသေးတယ်?”

ဟေးကုနှင့်အမျိုးသမီးချင်၏အကြံက အတူတူပင်ဖြစ်ပြီး, အကယ်၍ ချီယွဲ့လိုလူတစ်ယောက်၏ လက်ထဲတွင်ပိုက်ဆံတစ်ပြားတောင် မရှိတောင်မှ, သူကငွေရရန်အတွက်လမ်းရှာဦးမည်ဖြစ်သည်။

ဟေးဖူကသူ့ကိုယ်သူသိပ်မသေချာသလိုဖြစ်ကာ မေးချင်နေပေမယ့်, သူ့အမေနှင့်ညီ၏ သေချာနေသောပုံစံကိုမြင်သောအခါ, စိတ်သက်သာရာရသလိုခံစားလိုက်ရသည်။ အကယ်၍ ဟေးကျန်းသာထိုသူနှင့်တကယ်လက်ထပ်နိုင်လျှင်, သူတို့မိသားစုလည်းကျွဲနွားတွေဝယ်နိုင်, မြင်းတွေဝယ်နိုင်ပြီး အုတ်အိမ်လည်းဆောက်နိုင်မည်ဖြစ်သည်!။ ဒါဆိုချီယွဲ့က ဘယ်လိုရေးရဖတ်ရမည်ကိုလည်း သိသည်မဟုတ်ပါလား, ဒါကသူ့ကလေးတွေကိုလည်း စာသင်ပေးနိုင်သည့်သဘောဖြစ်သည်။ ပြန်စဉ်းစားကြည့်လျှင်, သူ့သားကပညာသင်သား ဖြစ်လာသည်၊၊ဘယ်လိုတောင် ကောင်းလိုက်တဲ့ချီးမြှောက်ခြင်းလဲ!

ချီယွဲ့ကတော့ တစ်စုံတစ်ယောက်ကသူ၏ငွေတွေနောက် လိုက်နေသည်ကို မသိပေ။ ဟေးကျန်းသည် ဟေးလင်အခန်းထဲသို့ဝင်သွားလိုက်သည်။ ၎င်းကိုအခန်းလို့ပြောသည်ထက်,  တကယ်တော့ ရှုပ်ပွနေသောအိမ်သုံးပစ္စည်းများကိုစု၍ထားသည့် အခန်းဖြစ်သည်။ ပြတင်းပေါက်မှစက္ကူများကလည်း ဆွေးမြေ့နေပြီဖြစ်ပြီး, လေဒဏ်ကိုကာကွယ်ပေးသည့်ပုံစံလည်းရှိမနေကာ, ကျိုးပဲ့နေသောသစ်သားကုတင်တစ်လုံးမှလွဲ၍ အခန်းထဲတွင်ထိုင်ခုံတစ်လုံးပင်မရှိချေ။

ဟေးလင်က အချိန်မရွေးလဲသွားနိုင်သည့်ပုံစံဖြင့် အိပ်ရာပေါ်တွင်လှဲနေပြီး, ပါးလွှာပြီးအဖာအစပ်များ ပြည့်နေသောအိပ်ရာခင်းသူ့အောက်တွင်ရှိနေကာ, သူ့ဘေးတွင်စောင်ရှိနေပြီး အပြည့်လွှမ်းခြုံမထားပေ။

သူသည်ထိုနေရာတွင် ပေါ့ဆစွာထားခံထားရပုံပေါ်ပြီး သူ့ခန္ဓာကိုယ်ကိုလည်း နေရာချရန် သေချာမလုပ်ထားနိုင်ဘဲ အနေအထားမှာအနည်းငယ်အဆင်မပြေဖြစ်နေသည်။

“ဟင်း, မင်းကတော့တောက်တောက်ပြောင်ပြောင်တွေ ဝတ်စားထားတယ်။ ဒါပေမယ့်, မင်းရဲ့မိသားစုက ဒီလောက်ဆင်းရဲတယ်ဆိုတာ ငါထင်မထားခဲ့ဘူး!” ဟေးလင်နေရသည့်နေရာကိုကြည့်ရင်း လင်းရှန်းက ရယ်မိသည်။

“အိမ်…အိမ်မှာအခန်းကမလောက်ဘူး, ကျနော့်ဝမ်းကွဲကလည်း ဒီမှာနေချင်တယ်လို့ပြောတယ်လေ!” ဟေးကျန်း၏ပုခုံးတို့ကကျုံ့သွားပြီးနောက်, သူ့မျက်လုံးတို့ကနီရဲလာသည်။ ဒီကောင်ကို တခြားအခန်းမှာထားဖို့ အစောတုန်းကဘာလို့မစဉ်းစားမိတာလဲ? ဒီကိစ္စအတွက်နှင့် သူ့အား ချီယွဲ့မှဆိုးရွားသည့်ထင်မြင်ချက်မထားစေချင်ပေ။

ထိုသူ့ပုံစံ ဖြစ်ပျက်နေသည်ကိုမြင်သောအခါ, လင်ရှန်းကသူ့နှုတ်ခမ်းများကိုတွန့်လိုက်ပြီး ဘာမှမပြောတော့ပေ။ အကယ်၍, နောက်မှငိုပြီး, သူ့ကိုအနိုင်ကျင့်ပါတယ်ဟုပြောလျှင် ငြင်းခုံနေဖို့မနေနိုင်သောကြောင့်ပင်၊၊ ဒါပါဘဲ။

ချီယွဲ့ကခုတင်ဘေးတွင်ရပ်နေပြီး ဟေးလင်ကိုအကြိမ်အနည်းငယ်လောက်ကြည့်လိုက်သည်။ သူ့ခေါင်းကိုဝူယွိလန်ဖက်သို့လှည့်လိုက်ပြီး, “မရီးကိုဒုက္ခပေးရတော့မှာဘဲ, သူ့ကိုရွှေ့ပေးဖို့ ကူညီပါဦး”

တစ်ဖက်က ကောဖြစ်တာကြောင့်, လူအများရှေ့တွင် သူ့ကိုပေါ့ဆစွာထိကိုင်ဖို့မသင့်တော်ပေ။ တကယ်တော့အသင့်တော်ဆုံးသူ ဟေးကျန်းကလည်းကောဖြစ်ပေမယ့်, ထိုသူက ဒါကိုဂရုတစိုက် လုပ်ပေးမယ်လို့မထင်ပေ။

ဝူယွိလန်က ရှေ့သို့လှမ်းပြီးသားဖြစ်သည်။ ဟေးလင်၏ပုံစံက သူမမြင်ရသလောက် မသက်မသာဖြစ်နေပုံရသည်။ သူမကချက်ချင်းဘဲ လက်ဆန့်လိုက်ကာ သူ့ကိုရွှေ့လိုက်ပြီး, စောင်ကိုလည်းတစ်ဖက်မှခြုံထားလိုက်သည်။ ကံကောင်းစွာနဲ့ဘဲ, ဟေးလင်ကသေးသွယ်ပြီး ပိန်တာကြောင့်, ဝူယွိလန်လိုအမျိုးသမီးတစ်ယောက်အနေနှင့် သူ့ကိုရွှေ့ဖို့အတွက် အားအများကြီးစိုက်မထုတ်လိုက်ရပေ။

ထိုအချိန်တွင်, ချီယွဲ့ကဘေးကိုလှည့်ကာ ဟေးကျန်းအားကြည့်လိုက်သည်၊၊ တစ်ဖက်လူ၏ မျက်လုံးများကသူနှင့်ဆုံသွားသောအခါ တောက်ပသွားတော့သည်။

“ဒီက ဟေးကောအာကို ဒုက္ခပေးရတော့မယ်၊ ရေအေးတစ်ဇလုံလောက် ဒီကိုယူလာပေးလို့ရမလား”

ထိုသူက ထိုအရာလေးတစ်ခုသာ ပြောသောကြောင့် ဟေးကျန်းကစိတ်ပျက်သွားရသည်။ တဖက်သူနှင့် သူလည်းဒီနေရာတွင်နေချင်ပေမယ့်, ထိုသူ၏တောင်းဆိုမှုကိုသူမငြင်းဆန်နိုင်ပေ။ သူကတွန့်ဆုတ်စွာဖြင့် အခန်းထဲမှထွက်သွားတော့သည်။

အခန်းထဲတွင်မည်သည့်ထိုင်ခုံမှမရှိသော်လည်း ချီယွဲ့ကဂရုမစိုက်ပေ။ သူ၏ဝတ်ရုံခေါက်ရိုးစကို မြှောက်ကာ, ခုတင်၏အစွန်းတွင်ထိုင်လိုက်ပြီး, သူ့လက်ကိုဟေးလင်၏လက်ပေါ်တွင်ထားလိုက်သည်။

သူကထိုနေရာတွင် အမူအရာမဲ့စွာထိုင်နေသည်ကို လင်ရှန်းမြင်လိုက်ရသည်။ သူကအချိန်အကြာကြီး စကားပြောမနေပေ။ သူ့တွင်စိတ်မရှည်သည့်အနေအထားရှိနေပြီး အောင့်အီးမနေနိုင်တော့ပေ။ သူကပြောလိုက်သည်, “ဘာဖြစ်လို့လဲ?”

သူစကားပြောပြီးမကြာခင်, ဝူယွိလန်ကသူ့ကိုစိုက်ကြည့်လာပြီး စကားမပြောဖို့အမူအယာပြလိုက်သည်။ လင်ရှန်ကရှက်ရွံ့စွာဖြင့်သူ့နှာခေါင်းကိုထိလိုက်သည်။

ကံကောင်းစွာဖြင့် တစ်ချိန်တည်းမှာဘဲချီယွဲ့ကသူ့လက်တွေကို ရုတ်လိုက်သည်။ သူတို့နှစ်ယောက်ကို ကြည့်၍ပြောလိုက်သည်, “ဒါက အပြင်းဖျားတာတော့မဟုတ်ပါဘူး၊၊ တစ်ခါတစ်လေမှ ဖြစ်တတ်တဲ့ အအေးမိပြီးအဖျားကြီးသွားတာပါ။ သူ့မှာကအားနည်းတဲ့တည်ဆောက်ပုံရှိတာကြောင့်, နေ့ရောညပါ အလုပ်တအားလုပ်ပြီး, အာဟာရဓာတ်ပြည့်ပြည့်ဝဝမရတာကြောင့်ပါ။ ဒါပြီးတော့, သူဖျားတော့တာဘဲ”

“အာဟာရဓာတ်? ဒီလိုအိမ်မျိုးမှာ အစားအသောက်လောက်အောင်ရတာကိုဘဲ အတော်လေးကောင်းနေပြီ!”

လင်ရှန်းက အဓိပ္ပါယ်ပြည့်ဝသောမျက်လုံးများဖြင့် တံခါးအပြင်ဘက်သို့ ကြည့်လိုက်သည်။

ရွာထဲကလူများလည်း, ဟေးလင်က ကျန်းမာရေးမကောင်းမှန်းသိကြသည်။ ရွာကလည်း အရမ်းကြီးတာဆိုတော့ ရွာသားတွေ အကုန်လုံးအားလုံးနီးပါးသိကြသည်။ ပြီးတော့ သမားတော်ကြီးလီပင်လျှင် ၎င်းကိုဖုံးကွယ်ထားဖို့မဖြစ်နိုင်ပေ။

ဟေးလင်က အိမ်ထောင်မပြုရသေးပေ။ ဒါကအကြောင်းအရင်းတစ်ခုတည်းကြောင့်ဖြစ်သည်။ သူကကြည့်ကောင်းပြီးလုပ်နိုင်ကိုင်နိုင်ဖြစ်နေလျှင်တောင်, တံခါးကိုဖြတ်လိုက်သည်နှင့် အဖျားကြောင့်ရုတ်တရက်ပင် သေဆုံးနိုင်သည်။ ဘယ်လိုတောင် ကံဆိုးလိုက်သလဲ! အကယ်၍ မသေလျှင်တောင် သူ့ခန္ဓာကိုယ်က ကောင်းလားမကောင်းဘူးလားဆိုတာ ဘယ်သူကသိမည်နည်း။, ဘယ်သူကမှ မစွန့်စားရဲပေ၊၊

“အဟွတ် အဟွတ် အဟွတ်…” အိပ်ရာထဲမှလူထံမှ ချောင်းဆိုးသံအစီအရီထွက်ပေါ်လာပြီး လူသုံးယောက်စလုံး၏ အာရုံကိုဖမ်းစားလိုက်သည်။

ချီယွဲ့ကသူနှင့်အနီးဆုံးဖြစ်သည်။ သူကခက်ခက်ခဲခဲချောင်းဆိုးနေသည်ကိုမြင်သောအခါ, မသိစိတ်အရ သူ့လက်ကိုထိုကောလေး၏ရင်ဘတ်ပေါ်သို့တင်လိုက်ပြီး, ချောချောမွေ့မွေ့နှင့်သက်တောင့်သက်သာ ဖြစ်အောင်ကူညီပေးလိုက်သည်။

လင်ရှန်းကဘာမှမခံစားလိုက်မိပေမယ့်, ဝူယွိလန်၏မျက်လုံးများကတော့ ပြောင်းလဲသွားတော့သည်။ သူမဘာတွေတွေးမိနေမှန်း မသိတော့ပေ။

ဟေးလင်ကခဏအတန်ကြာ ချောင်းဆိုးနေပြီး, တစ်စုံတစ်ယောက်က သူ့ကိုသက်တောင့်သက်သာ ဖြစ်အောင်ပြုလုပ်ပေးနေသည်ကိုခံစားမိသွားတာကြောင့်, သူ၏လက်ကိုဆန့်ထုတ်လိုက်ပြီး, သူ့ရင်ဘတ်ရှိနွေးထွေးကာ ဂရုတစိုက်ရှိပေးသောသူ၏လက်ကိုဖမ်းဆုပ်လိုက်ပြီး တတွတ်တွတ် ရေရွတ်နေသည်, “အဖေ…အဖေ…”

ချီယွဲ့က အဖမ်းခံလိုက်ရမည်ဟု မျှော်လင့်မထားပေမယ့်, သူလွှတ်ချလိုက်ဖို့လည်း မရည်ရွယ်ထားပေ။ ချွေးစေးများထွက်နေသောလက်ဖြင့်ကိုင်ခံထားရသော်လည်း ခံစားချက်ကတော့စိတ်ပျက်မနေပေ။

*****************************************
[Zawgyi]

အိမ္တံခါးထပ္မံေခါက္ခံလိုက္ရေသာအခါ, ခ်ီယြဲ႔အနည္းငယ္ အံ့ဩသြားရသည္။ မ်ားေသာအားျဖင့္ သူကရြာထဲမွလူအမ်ားစုႏွင့္ သိပ္ၿပီးဆက္ဆံေလ့မရိွဘဲ လင္ရွန္းမိသားစုတို႔ႏွင့္သာ အျပန္အလွန္ လည္ပတ္ဆက္ဆံေလ့ရိွသည္။ ယခုေတာ့ လင္မိသားစုရိွေယာက်ာ္းေရာဇနီးပါ ဒီမွာေရာက္ေနတာ ျဖစ္သည္။ ဦးေလးလင္ ဒါမွမဟုတ္ အေဒၚလင္တို႔တစ္ေယာက္ေယာက္ လာတာမ်ားျဖစ္ႏိုင္မလား?။

သူႏွင့္လင္ရွန္းတို႔တစ္ေယာက္ကိုတစ္ေယာက္ၾကၫ့္လိုက္ၾကၿပီးေနာက္, သူအခန္းထဲမွ ထြက္လာလိုက္သည္။ လင္ရွန္းက ဇနီးအားတစ္ခ်က္ၾကၫ့္ၿပီးေနာက္ သူ႔ေနာက္မွလိုက္လာသည္။

ခ်ီယြဲ႔က တံခါးဖြင့္လိုက္ေသာအခါ ေတြ့လိုက္ရေသာသူကိုေမ်ွာ္လင့္မထားေပမယ့္, ထိုသူ   

 “အကိုခ်ီ…” ေဟးက်န္းကသူ႔လူကိုျမင္ေသာအခါ, သူမ်က္လံုးမ်ားကနီေနၿပီး, ငိုခ်င္ေပမယ့္ မငိုသၫ့္ပံုစံျဖစ္ေနသည္။ ဒီကိုေရာက္လာေတာ့လည္း သိပ္ၿပီးအံ့ဩမႈတို႔မရိွေပ။

“ငါေျပာမယ္ေဟးက်န္း, မင္းေျပာစရာရိွတယ္ဆိုရင္ေျပာ, မင္းရဲ့ဒီအမူအရာက အကယ္၍တျခားသူေတြ ျမင္သြားရင္ ငါ့ညီေလးခ်ီကမင္းကိုအႏိုင္က်င့္တယ္လို႔ေျပာေနၾကလိမ့္မယ္!”

ခ်ီယြဲ႔ထက္ ေျခတစ္လွမ္းေနာက္က်ေသာလင္းရွန္က သူ႔ကိုထိုကဲ့သို႔ျမင္ေသာအခါ ဦးေနွာက္နာက်င္သြားသလိုပင္ ခံစားလိုက္ရသည္။

“မဟုတ္…မဟုတ္ပါဘူး, က်ေနာ္အလ်င္လိုေနလို႔ပါ”

ေဟးက်န္းကသူ႔လက္မ်ားကိုအျမန္ယမ္း၍, သူ၏စိတ္ထဲတြင္လည္းအနည္းငယ္စိတ္ညစ္သြားသည္။ သူ႔ကိုခ်ီယြဲ႔ကသနားသြားေအာင္လုပ္ခ်င္တာ ျဖစ္ေပမယ့္,လင္ရွန္းေျပာစကားအရ သူကတမင္လုပ္ေနသၫ့္ပံု ျဖစ္သြားေတာ့သည္။

ကုန္ကုန္ေျပာရရင္, ဒီလူကသူ႔အိမ္မွာသူမေနဘဲ, သူမ်ားအိမ္မွာဘာလာလုပ္ေနတာလဲ!

“က်ေနာ္ အကိုခ်ီကိုအကူအညီေတာင္းစရာရိွလို႔”

“ခ်ီယြဲ႔အကူအညီကိုလိုတယ္? သူကရြာကိုေရာက္တာ ရက္အနည္းငယ္ေလာက္ဘဲရိွေသးတယ္, သူကဘာကူညီႏိုင္မွာလဲ? ငါတို႔ကိုပါေျပာစမ္းပါ, ဘယ္သူသိမွာလဲ ငါတို႔လည္းမင္းကိုကူညီႏိုင္ခ်င္ ကူညီႏိုင္မွာေပါ့!” လင္ရွန္းကထိုေနရာတြင္ဘဲ လက္ကိုပိုက္ထားၿပီး ခ်ီယြဲ႔ကိုစကားတစ္လံုးမွ ေျပာခြင့္မေပးေပ။ ဒီေဟးက်န္း၏ခ်ီယြဲ႔အေပၚခံစားခ်က္ေတြအရမ္းသိသာလွသည္။ သူကခ်ဉ္းကပ္ခ်င္လို႔ဘဲအေၾကာင္းျပခ်က္ရွာလားဆိုတာဘယ္သူကသိႏိုင္မွာလဲ!။

ေဟးက်န္းက သူ႔သြားမ်ားကိုခ်ိဳးမိေတာ့မလိုပင္။ သူ႔ကိစၥကိုစြက္ဖက္လို႔ စိတ္ထဲမွႀကိမ္ဆဲေနေပမယ့္ သူ႔မ်က္ႏွာမွာေတာ့သနားစရာေကာင္းသၫ့္အမူအရာကေပၚေနဆဲျဖစ္သည္။

“အဲ့တာက်ေနာ့္ရဲ့ သနားစရာေကာင္းတဲ့ ဝမ္းကြဲေဟးလင္ပါ။ ကေလးကတည္းက သူကအားနည္းတယ္, ၿပီးေတာ့အခုသူအဖ်ားရိွေနတယ္။ သမားေတာ္လီက ၿမိဳ႔ကိုထပ္သြားတယ္ေလ၊၊ အကိုခ်ီကေဆးပညာတစ္ခ်ိဳ႕နားလည္တယ္လို႔ၾကားလို႔, အဲ့တာေၾကာင့္ သူ႔ကိုတစ္ခ်က္ေလာက္ ၾကၫ့္ေပးလို႔ရမလားလို႔”

“ဟမ္?” လင္ရွန္းကသူ႔လက္မ်ားကိုခ်လိုက္ၿပီး, သူ႔မ်က္ႏွာေပၚရိွအမူအရာကေျပာင္းသြားေတာ့သည္။ “သတိလစ္ေနတာလား?”

ေဟးက်န္းကျပက္ရယ္ျပဳလိုက္သည္။ ဒီေလာက္ေတာင္စိတ္ပူေနတာကို , သူတို႔ကအတြဲေတြမဟုတ္ဘူး လို႔ေျပာခ်င္ေနေသးတယ္!။

အစကေတာ့ခ်ီယြဲ႔က ဒီလူႏွစ္ေယာက္၏အဆက္အဆံကိုေဘးဘက္မွၾကၫ့္ေနရင္း ၿပံဳးေနေပမယ့္, ခ်က္ခ်င္းပင္သူ႔ႏႈတ္ခမ္းကၿပံဳးေနျခင္းကို ဟန႔္တားလိုက္ကာ, “ခဏေလာက္ေစာင့္ေပး, ငါတစ္ခုခု သြားယူလိုက္ဦးမယ္!”

“ဘာျဖစ္တာလဲ?” ခဏအၾကာတြင္,ခ်ီယြဲ႔ကသူ႔အခန္းကိုျပန္လာေတာ့, ဝူယြိလန္ကပင္မခန္းထဲတြင္ ျဖစ္သည္။ လင္ရွန္းကဆူဆူညံညံလုပ္ေနတာျဖစ္ေသာေၾကာင့္ သူမကထြက္လာၿပီး တစ္ခ်က္လာၾကၫ့္တာျဖစ္သည္။

လင္ရွန္းက ေဟးလင္အေၾကာင္းသူမကိုေျပာျပလိုက္ၿပီးေနာက္, ေဟးက်န္းကိုေျပာလိုက္သည္, “ငါ့ဇနီးနဲ႔ေနာက္ကလိုက္ခဲ့မယ္, ငါတို႔ကူညီႏိုင္မယ့္ဟာမ်ားရိွမလားလို႔”

အကယ္၍ခ်ီယြဲ႔ကိုယ္တိုင္သာ လိုက္သြားလ်ွင္ တစ္စံုတစ္ေယာက္က အဆင္အျခင္မဲ့စြာျဖင့္ ေကာက္ခ်က္ခ်လိမ့္မည္၊၊ သူ႔ဇနီးကိုပါေခၚၿပီးခ်ီယြဲ႔ေနာက္ကလိုက္သြားၿပီး, တစ္စံုတစ္ေယာက္က တစ္ခုခုေျပာရဲမလားဆိုတာၾကၫ့္ရဦးမည္။

ေဟးက်န္းကသူ႔ကိုလိုက္မလာေစခ်င္ေပ, “ဒါ…အကိုစိတ္အေနွာက္အယွက္ျဖစ္မွာ ေၾကာက္…”

“ရတယ္၊၊ ငါတို႔ေနာက္ကလိုက္တာပိုေကာင္းလိမ့္မယ္။ မင္းနဲ႔ငါ့ညီခ်ီယြဲ႔ ႏွစ္ေယာက္တည္း လမ္းေလ်ွာက္ေနတာ တစ္ေယာက္ေယာက္ျမင္သြားရင္ ေကာလဟာလေတြထြက္ကုန္လိမ့္မယ္။ လင္ရွန္းက တိုက္ရိုက္ျငင္းဆိုလိုက္သည္။

သူေျပာၿပီးသည္ႏွင့္ ေဟးက်န္းကဘာမျွပန္မေျပာေတာ့ေပ၊၊ မဟုတ္လ်ွင္ သူက ‘တစ္ခုခုျဖန႔္ခ်င္ေနသည္’ ဆိုတာရွင္းလင္းသြားလိမ့္မည္!။ ဒီလင္ရွန္းက သူ႔ရဲ့အခြင့္အေရးေတြကို ဖ်က္စီးေနသည္။

ေဟးက်န္းအိမ္သို႔အဖြဲ႔လိုက္ေရာက္သြားခ်ိန္တြင္, အမ်ိဳးသမီးခ်င္ႏွင့္ သူမ၏တျခားသားႏွစ္ေယာက္က ၿခံဝင္းထဲတြင္ေစာင့္ေနၾကသည္။ လင္ရွန္းႏွင့္ဝူယြိလန္တို႔ကေနာက္မွလိုက္လာသည္ကိုျမင္ေသာအခါ,  အမ်ိဳးသမီးခ်င္၏မ်က္ႏွာအမူအရာက အနည္းငယ္ျမင္မေကာင္းေတာ့ေပ။ “အိုး,လင္ရွန္းမဟုတ္လား,ငါတို႔ရဲ့လင္ေကာအာကဖ်ားေနတာကို, မင္းကအေျပးအလႊား ေရာက္လာေတာ့တာဘဲ၊၊ ဒါကတကယ္ကိုၾကင္နာတတ္တာဘဲ!”

ေနာက္ဆံုးစာလံုးအနည္းငယ္ေလာက္တြင္, အမ်ိဳးသမီးခ်င္၏အသံက အရမ္းကိုသိမ္ေမြ့ေနေပမယ့္, သူ႔ကိုျပက္ရယ္ျပဳေနမွန္းထင္ရွားလွသည္။

“မဟုတ္လို႔လား?။ ကြၽန္မတို႔အားလံုးက တစ္ရြာတည္းကလူေတြဘဲကို, ၾကင္နာတတ္ဖို႔က အေရးႀကီးတယ္။ အခုဘဲ မတ္ေလးခ်ီရဲ့အိမ္မွာလက္ဖက္ရည္ေသာက္ေနၾကတာ, လင္ေကာအာ ေနမေကာင္းဘူးၾကားတာနဲ႔, ကြၽန္မတို႔အားလံုးစိတ္ပူၾကတာဘဲေလ!” ဝူယြိလန္က စကားေျပာေတာ့မၫ့္ လင္ရွန္းကိုရပ္လိုက္ၿပီး, သူမကအရင္ေျပာလိုက္သည္။ ဒီမွတ္ခ်က္က လင္ရွန္းႏွင့္ေဟးလင္တို႔ဟာ နက္နဲသၫ့္ၾကင္နာမႈေတြရိွေနေပမယ့္, ရြာသားေတြအခ်င္းခ်င္းၾကားထဲမွာရိွသၫ့္ ‘ၾကင္နာမႈ’သာ ျဖစ္သည္ဟု သူမအားေျပာျခင္းလည္းျဖစ္သည္။‌‌ ေကာလဟာလမွၾကားသၫ့္စကားမ်ားကို မေကာင္းသၫ့္နာမည္ေလ်ွာက္တပ္မေနေလႏွင့္!

ဝူယြိလန္ေျပာသည္ကို အမ်ိဳးသမီးခ်င္ကအလိုေလ်ာက္နားလည္သည္။ ဒါေပမယ့္, သူမကဘာမွမသိသလိုဟန္ေဆာင္ေနသည္ဟုသာ သူမစိတ္ထဲတြင္ခံစားေနရသည္။ ထို႔အျပင္, ခ်ီယြဲ႔ကလည္းထိုေနရာမွာဘဲရပ္ေနဆဲျဖစ္သည္။ ထို႔ေၾကာင့္သူမက ဝူယြိလန္အားျပင္းျပင္းထန္ထန္ ေျပာမေနေတာ့ဘဲ, ထိုအစားခ်ီယြဲ႔အားၾကၫ့္ကာၿပံဳးျပလိုက္သည္, “လူငယ္ေလးခ်ီ,မင္းကိုဒီတစ္ႀကိမ္ေတာ့ ေနွာက္ယွက္မိၿပီ။”

“အေနွာက္အယွက္မျဖစ္ပါဘူး, က်ေနာ္ေမးပါရေစ…လူနာကဘယ္မွာလဲ?” အခုတြင္ခ်ီယြဲ႔က ေဟးလင္ဘယ္လိုေနလဲဆိုတာၾကၫ့္ခ်င္ေနၿပီး, သူမကိုရည္မြန္ပ်ူငွာစြာဆက္ဆံဖို႔ ရည္ရြယ္ခ်က္လည္း မရိွေပ။

“ဟုတ္သား, ဟုတ္သား, မင္းအရင္ၾကၫ့္ရမွာေပါ့! က်န္းအာ, လူငယ္ေလးခ်ီကို အထဲေခၚသြားေပးပါဦး!” အမ်ိဳးသမီးခ်င္က ေဟးက်န္းအားမ်က္စိမိွတ္ျပလိုက္သည္။

ေဟးက်န္းကခ်က္ခ်င္းပင္ေခါင္းညိတ္လိုက္သည္။ သူ႔လက္မ်ားကိုခ်ီယြဲ႔ဆီသို႔ဆန႔္တန္းလိုက္ၿပီး ခ်ီယြဲ႔အား လက္ဟန္ျပလိုက္ကာ, “အကိုခ်ီ, က်ေနာ္နဲ႔လိုက္ခဲ့ပါ!”

“ သြားၾကၫ့္ၾကစို႔!” လင္ရွန္းက အမ်ိဳးသမီးခ်င္ကို စကားေျပာခြင့္ပင္မေပးဘဲ သူ႔ဇနီးကိုဆြဲေခၚကာ ေနာက္မွလိုက္သြားလိုက္သည္။

“ဒီလင္ရွန္းကေလ, ငါတို႔ကခ်ီယြဲ႔နဲ႔က်န္းအာကို ႏွစ္ေယာက္တည္းရိွေစခ်င္ပါတယ္ဆိုကာမွ, သူတို႔က ေနာက္ကေနလိုက္ၿပီးဘာလုပ္ၾကမလို႔တုန္း!” အမ်ိဳးသမီးခ်င္က သူမ၏အစီအစဉ္မ်ားကို အၿမဲေနွာက္ယွက္ေနေသာ လင္ရွန္းအားမႏွစ္သက္မႈမ်ား တိုးပြားလာသည္။

“အေမ, ဒီခ်ီယြဲ႔ပံုၾကၫ့္ရတာ မ်က္ႏွာကနည္းနည္းေလးျဖဴေနသလိုဘဲ, သူကတကယ္ေရာ ယံုၾကည္ရလို႔လား?” အကုန္လံုးအိမ္ထဲဝင္သြားတာကိုျမင္ေတာ့, ေဟးဖူက အမ်ိဳးသမီးခ်င္နားကပ္၍ ေမးလိုက္သည္။ ထိုမ်ိဳးရိုးနာမည္ခ်ီႏွင့္သူက ေကာႏွင့္တူ၍ သူထက္ေတာ့အရပ္ရွည္ေပမယ့္, သူကေယာက်ာ္းတစ္ေယာက္နဲ႔ေတာ့ သိပ္ၿပီးမတူေပ။ “ၿပီးေတာ့, သူကရြာထဲဝင္လာကတည္းက ပိုက္ဆံေတြအမ်ားႀကီးသံုးေနတာ၊၊ သူ႔မွာပိုက္ဆံေရာ ရိွေသးရဲ့လား။?”

“ေသခ်ာေပါက္ ယံုၾကည္ရတာေပါ့! သူ႔ရဲ့အျပဳအမူေတြကိုဘဲၾကၫ့္, လံုးဝက်ိဳးေၾကာင္းမဆင္ျခင္တဲ့သူ မဟုတ္ဘူး၊၊ သူကေသခ်ာေပါက္ကတိတည္ေလာက္တယ္!”  အမ်ိဳးသမီးခ်င္က ၿမိဳ႔ထဲရိွသခင္ငယ္ေလးေတြက, ထိုသူ႔ထက္ပိုေကာင္းမွာမဟုတ္ဘူးလို႔ထင္ေနသည္!။

“အဲ့တာဟုတ္တယ္, အကိုႀကီး, အကိုျမင္လား…သူကပိုးထည္အက်ႌဝတ္တယ္, ၿပီးေတာ့ ရြာထဲက အုတ္ျပာေတြနဲ႔ေဆာက္ထားတဲ့အိမ္ရယ္, ရထားလံုးနဲ႔ ႏြား, ဒါေတြအားလံုး ဘယ္ေလာက္ရိွေလာက္လဲ? အကို႔မွာေတာ့လက္ၫွိုးထိုးျပဖို႔ေတာင္မရိွဘူး, အခုလိုတံုးေနရဲေသးတယ္?”

ေဟးကုႏွင့္အမ်ိဳးသမီးခ်င္၏အႀကံက အတူတူပင္ျဖစ္ၿပီး, အကယ္၍ ခ်ီယြဲ႔လိုလူတစ္ေယာက္၏ လက္ထဲတြင္ပိုက္ဆံတစ္ျပားေတာင္ မရိွေတာင္မွ, သူကေငြရရန္အတြက္လမ္းရွာဦးမည္ျဖစ္သည္။

ေဟးဖူကသူ႔ကိုယ္သူသိပ္မေသခ်ာသလိုျဖစ္ကာ ေမးခ်င္ေနေပမယ့္, သူ႔အေမႏွင့္ညီ၏ ေသခ်ာေနေသာပံုစံကိုျမင္ေသာအခါ, စိတ္သက္သာရာရသလိုခံစားလိုက္ရသည္။ အကယ္၍ ေဟးက်န္းသာထိုသူႏွင့္တကယ္လက္ထပ္ႏိုင္လ်ွင္, သူတို႔မိသားစုလည္းကြၽဲႏြားေတြဝယ္ႏိုင္, ျမင္းေတြဝယ္ႏိုင္ၿပီး အုတ္အိမ္လည္းေဆာက္ႏိုင္မည္ျဖစ္သည္!။ ဒါဆိုခ်ီယြဲ႔က ဘယ္လိုေရးရဖတ္ရမည္ကိုလည္း သိသည္မဟုတ္ပါလား, ဒါကသူ႔ကေလးေတြကိုလည္း စာသင္ေပးႏိုင္သၫ့္သေဘာျဖစ္သည္။ ျပန္စဉ္းစားၾကၫ့္လ်ွင္, သူ႔သားကပညာသင္သား ျဖစ္လာသည္၊၊ဘယ္လိုေတာင္ ေကာင္းလိုက္တဲ့ခ်ီးေျမႇာက္ျခင္းလဲ!

ခ်ီယြဲ႔ကေတာ့ တစ္စံုတစ္ေယာက္ကသူ၏ေငြေတြေနာက္ လိုက္ေနသည္ကို မသိေပ။ ေဟးက်န္းသည္ ေဟးလင္အခန္းထဲသို႔ဝင္သြားလိုက္သည္။ ၄ကိုအခန္းလို႔ေျပာသည္ထက္,  တကယ္ေတာ့ ရႈပ္ပြေနေသာအိမ္သံုးပစၥည္းမ်ားကိုစု၍ထားသၫ့္ အခန္းျဖစ္သည္။ ျပတင္းေပါက္မွစကၠူမ်ားကလည္း ေဆြးေျမ့ေနၿပီျဖစ္ၿပီး, ေလဒဏ္ကိုကာကြယ္ေပးသၫ့္ပံုစံလည္းရိွမေနကာ, က်ိဳးပဲ့ေနေသာသစ္သားကုတင္တစ္လံုးမွလြဲ၍ အခန္းထဲတြင္ထိုင္ခံုတစ္လံုးပင္မရိွေခ်။

ေဟးလင္က အခ်ိန္မေရြးလဲသြားႏိုင္သၫ့္ပံုစံျဖင့္ အိပ္ရာေပၚတြင္လွဲေနၿပီး, ပါးလႊာၿပီးအဖာအစပ္မ်ား ျပၫ့္ေနေသာအိပ္ရာခင္းသူ႔ေအာက္တြင္ရိွေနကာ, သူ႔ေဘးတြင္ေစာင္ရိွေနၿပီး အျပၫ့္လႊမ္းၿခံဳမထားေပ။

သူသည္ထိုေနရာတြင္ ေပါ့ဆစြာထားခံထားရပံုေပၚၿပီး သူ႔ခႏၶာကိုယ္ကိုလည္း ေနရာခ်ရန္ ေသခ်ာမလုပ္ထားႏိုင္ဘဲ အေနအထားမွာအနည္းငယ္အဆင္မေျပျဖစ္ေနသည္။

“ဟင္း, မင္းကေတာ့ေတာက္ေတာက္ေျပာင္ေျပာင္ေတြ ဝတ္စားထားတယ္။ ဒါေပမယ့္, မင္းရဲ့မိသားစုက ဒီေလာက္ဆင္းရဲတယ္ဆိုတာ ငါထင္မထားခဲ့ဘူး!” ေဟးလင္ေနရသၫ့္ေနရာကိုၾကၫ့္ရင္း လင္းရွန္းက ရယ္မိသည္။

“အိမ္…အိမ္မွာအခန္းကမေလာက္ဘူး, က်ေနာ့္ဝမ္းကြဲကလည္း ဒီမွာေနခ်င္တယ္လို႔ေျပာတယ္ေလ!” ေဟးက်န္း၏ပုခံုးတို႔ကက်ံဳ႔သြားၿပီးေနာက္, သူ႔မ်က္လံုးတို႔ကနီရဲလာသည္။ ဒီေကာင္ကို တျခားအခန္းမွာထားဖို႔ အေစာတုန္းကဘာလို႔မစဉ္းစားမိတာလဲ? ဒီကိစၥအတြက္ႏွင့္ သူ႔အား ခ်ီယြဲ႔မွဆိုးရြားသၫ့္ထင္ျမင္ခ်က္မထားေစခ်င္ေပ။

ထိုသူ႔ပံုစံ ျဖစ္ပ်က္ေနသည္ကိုျမင္ေသာအခါ, လင္ရွန္းကသူ႔ႏႈတ္ခမ္းမ်ားကိုတြန႔္လိုက္ၿပီး ဘာမွမေျပာေတာ့ေပ။ အကယ္၍, ေနာက္မွငိုၿပီး, သူ႔ကိုအႏိုင္က်င့္ပါတယ္ဟုေျပာလ်ွင္ ျငင္းခံုေနဖို႔မေနႏိုင္ေသာေၾကာင့္ပင္၊၊ ဒါပါဘဲ။

ခ်ီယြဲ႔ကခုတင္ေဘးတြင္ရပ္ေနၿပီး ေဟးလင္ကိုအႀကိမ္အနည္းငယ္ေလာက္ၾကၫ့္လိုက္သည္။ သူ႔ေခါင္းကိုဝူယြိလန္ဖက္သို႔လွၫ့္လိုက္ၿပီး, “မရီးကိုဒုကၡေပးရေတာ့မွာဘဲ, သူ႔ကိုေရႊ့ေပးဖို႔ ကူညီပါဦး”

တစ္ဖက္က ေကာျဖစ္တာေၾကာင့္, လူအမ်ားေရ႔ွတြင္ သူ႔ကိုေပါ့ဆစြာထိကိုင္ဖို႔မသင့္ေတာ္ေပ။ တကယ္ေတာ့အသင့္ေတာ္ဆံုးသူ ေဟးက်န္းကလည္းေကာျဖစ္ေပမယ့္, ထိုသူက ဒါကိုဂရုတစိုက္ လုပ္ေပးမယ္လို႔မထင္ေပ။

ဝူယြိလန္က ေရ႔ွသို႔လွမ္းၿပီးသားျဖစ္သည္။ ေဟးလင္၏ပံုစံက သူမျမင္ရသေလာက္ မသက္မသာျဖစ္ေနပံုရသည္။ သူမကခ်က္ခ်င္းဘဲ လက္ဆန႔္လိုက္ကာ သူ႔ကိုေရႊ့လိုက္ၿပီး, ေစာင္ကိုလည္းတစ္ဖက္မွၿခံဳထားလိုက္သည္။ ကံေကာင္းစြာနဲ႔ဘဲ, ေဟးလင္ကေသးသြယ္ၿပီး ပိန္တာေၾကာင့္, ဝူယြိလန္လိုအမ်ိဳးသမီးတစ္ေယာက္အေနႏွင့္ သူ႔ကိုေရႊ့ဖို႔အတြက္ အားအမ်ားႀကီးစိုက္မထုတ္လိုက္ရေပ။

ထိုအခ်ိန္တြင္, ခ်ီယြဲ႔ကေဘးကိုလွၫ့္ကာ ေဟးက်န္းအားၾကၫ့္လိုက္သည္၊၊ တစ္ဖက္လူ၏ မ်က္လံုးမ်ားကသူႏွင့္ဆံုသြားေသာအခါ ေတာက္ပသြားေတာ့သည္။

“ဒီက ေဟးေကာအာကို ဒုကၡေပးရေတာ့မယ္၊ ေရေအးတစ္ဇလံုေလာက္ ဒီကိုယူလာေပးလို႔ရမလား”

ထိုသူက ထိုအရာေလးတစ္ခုသာ ေျပာေသာေၾကာင့္ ေဟးက်န္းကစိတ္ပ်က္သြားရသည္။ တဖက္သူႏွင့္ သူလည္းဒီေနရာတြင္ေနခ်င္ေပမယ့္, ထိုသူ၏ေတာင္းဆိုမႈကိုသူမျငင္းဆန္ႏိုင္ေပ။ သူကတြန႔္ဆုတ္စြာျဖင့္ အခန္းထဲမွထြက္သြားေတာ့သည္။

အခန္းထဲတြင္မည္သၫ့္ထိုင္ခံုမွမရိွေသာ္လည္း ခ်ီယြဲ႔ကဂရုမစိုက္ေပ။ သူ၏ဝတ္ရံုေခါက္ရိုးစကို ေျမႇာက္ကာ, ခုတင္၏အစြန္းတြင္ထိုင္လိုက္ၿပီး, သူ႔လက္ကိုေဟးလင္၏လက္ေပၚတြင္ထားလိုက္သည္။

သူကထိုေနရာတြင္ အမူအရာမဲ့စြာထိုင္ေနသည္ကို လင္ရွန္းျမင္လိုက္ရသည္။ သူကအခ်ိန္အၾကာႀကီး စကားေျပာမေနေပ။ သူ႔တြင္စိတ္မရွည္သၫ့္အေနအထားရိွေနၿပီး ေအာင့္အီးမေနႏိုင္ေတာ့ေပ။ သူကေျပာလိုက္သည္, “ဘာျဖစ္လို႔လဲ?”

သူစကားေျပာၿပီးမၾကာခင္, ဝူယြိလန္ကသူ႔ကိုစိုက္ၾကၫ့္လာၿပီး စကားမေျပာဖို႔အမူအယာျပလိုက္သည္။ လင္ရွန္ကရွက္ရြံ႔စြာျဖင့္သူ႔ႏွာေခါင္းကိုထိလိုက္သည္။

ကံေကာင္းစြာျဖင့္ တစ္ခ်ိန္တည္းမွာဘဲခ်ီယြဲ႔ကသူ႔လက္ေတြကို ရုတ္လိုက္သည္။ သူတို႔ႏွစ္ေယာက္ကို ၾကၫ့္၍ေျပာလိုက္သည္, “ဒါက အျပင္းဖ်ားတာေတာ့မဟုတ္ပါဘူး၊၊ တစ္ခါတစ္ေလမွ ျဖစ္တတ္တဲ့ အေအးမိၿပီးအဖ်ားႀကီးသြားတာပါ။ သူ႔မွာကအားနည္းတဲ့တည္ေဆာက္ပံုရိွတာေၾကာင့္, ေန့ေရာညပါ အလုပ္တအားလုပ္ၿပီး, အာဟာရဓာတ္ျပၫ့္ျပၫ့္ဝဝမရတာေၾကာင့္ပါ။ ဒါၿပီးေတာ့, သူဖ်ားေတာ့တာဘဲ”

“အာဟာရဓာတ္? ဒီလိုအိမ္မ်ိဳးမွာ အစားအေသာက္ေလာက္ေအာင္ရတာကိုဘဲ အေတာ္ေလးေကာင္းေနၿပီ!”

လင္ရွန္းက အဓိပၸါယ္ျပၫ့္ဝေသာမ်က္လံုးမ်ားျဖင့္ တံခါးအျပင္ဘက္သို႔ ၾကၫ့္လိုက္သည္။

ရြာထဲကလူမ်ားလည္း, ေဟးလင္က က်န္းမာေရးမေကာင္းမွန္းသိၾကသည္။ ရြာကလည္း အရမ္းႀကီးတာဆိုေတာ့ ရြာသားေတြ အကုန္လံုးအားလံုးနီးပါးသိၾကသည္။ ၿပီးေတာ့ သမားေတာ္ႀကီးလီပင္လ်ွင္ ၄ကိုဖံုးကြယ္ထားဖို႔မျဖစ္ႏိုင္ေပ။

ေဟးလင္က အိမ္ေထာင္မျပဳရေသးေပ။ ဒါကအေၾကာင္းအရင္းတစ္ခုတည္းေၾကာင့္ျဖစ္သည္။ သူကၾကၫ့္ေကာင္းၿပီးလုပ္ႏိုင္ကိုင္ႏိုင္ျဖစ္ေနလ်ွင္ေတာင္, တံခါးကိုျဖတ္လိုက္သည္ႏွင့္ အဖ်ားေၾကာင့္ရုတ္တရက္ပင္ ေသဆံုးႏိုင္သည္။ ဘယ္လိုေတာင္ ကံဆိုးလိုက္သလဲ! အကယ္၍ မေသလ်ွင္ေတာင္ သူ႔ခႏၶာကိုယ္က ေကာင္းလားမေကာင္းဘူးလားဆိုတာ ဘယ္သူကသိမည္နည္း။, ဘယ္သူကမွ မစြန႔္စားရဲေပ၊၊

“အဟြတ္ အဟြတ္ အဟြတ္…” အိပ္ရာထဲမွလူထံမွ ေခ်ာင္းဆိုးသံအစီအရီထြက္ေပၚလာၿပီး လူသံုးေယာက္စလံုး၏ အာရံုကိုဖမ္းစားလိုက္သည္။

ခ်ီယြဲ႔ကသူႏွင့္အနီးဆံုးျဖစ္သည္။ သူကခက္ခက္ခဲခဲေခ်ာင္းဆိုးေနသည္ကိုျမင္ေသာအခါ, မသိစိတ္အရ သူ႔လက္ကိုထိုေကာေလး၏ရင္ဘတ္ေပၚသို႔တင္လိုက္ၿပီး, ေခ်ာေခ်ာေမြ့ေမြ့ႏွင့္သက္ေတာင့္သက္သာ ျဖစ္ေအာင္ကူညီေပးလိုက္သည္။

လင္ရွန္းကဘာမွမခံစားလိုက္မိေပမယ့္, ဝူယြိလန္၏မ်က္လံုးမ်ားကေတာ့ ေျပာင္းလဲသြားေတာ့သည္။ သူမဘာေတြေတြးမိေနမွန္း မသိေတာ့ေပ။

ေဟးလင္ကခဏအတန္ၾကာ ေခ်ာင္းဆိုးေနၿပီး, တစ္စံုတစ္ေယာက္က သူ႔ကိုသက္ေတာင့္သက္သာ ျဖစ္ေအာင္ျပဳလုပ္ေပးေနသည္ကိုခံစားမိသြားတာေၾကာင့္, သူ၏လက္ကိုဆန႔္ထုတ္လိုက္ၿပီး, သူ႔ရင္ဘတ္ရိွေနြးေထြးကာ ဂရုတစိုက္ရိွေပးေသာသူ၏လက္ကိုဖမ္းဆုပ္လိုက္ၿပီး တတြတ္တြတ္ ေရရြတ္ေနသည္, “အေဖ…အေဖ…”

ခ်ီယြဲ႔က အဖမ္းခံလိုက္ရမည္ဟု ေမ်ွာ္လင့္မထားေပမယ့္, သူလႊတ္ခ်လိုက္ဖို႔လည္း မရည္ရြယ္ထားေပ။ ေခြၽးေစးမ်ားထြက္ေနေသာလက္ျဖင့္ကိုင္ခံထားရေသာ္လည္း ခံစားခ်က္ကေတာ့စိတ္ပ်က္မေနေပ။

Continue Reading

You'll Also Like

1.1M 61.9K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
99.3K 4.8K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
372K 26.5K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
627K 70.3K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...