အပိုင်း-၁၀

586 117 5
                                    

[Unicode]

လင်ရှန်းက သူ၏အိမ်မက်ယောင်၍ စကားပြောနေခြင်းကိုတွေ့သောအခါအနည်းငယ် ဝမ်းနည်းသွားသလိုခံစားလိုက်ရသည်။ ဟေးလင်၏အဖေထွက်သွားပြီးနောက်, ထိုကောင်လေးကခြောက်နှစ်မျှသာ ရှိသေးပြီး, သူ၏ “ကျားပေါက်”သားလေးထက်ပင်ငယ်သေးသည်။ (TN:လင်ရှန်းသားနာမည်ကရှောင်ဟူပါ၊၊ ရှောင်ဟူက ‘ကျားပေါက်လေး’ လို့ခေါ်ပါတယ်။)

အခုအချိန်မှာတော့ ဟူဇီအတွက် ဆိုးယုတ်မှုတွေမရှိ
သော ငယ်ရွယ်သည့်အချိန်ဖြစ်သည်။ တစ်နေ့လုံး, သူကအိမ်တွင်ပင်မရှိပေ။ ဒါပေမယ့် ရွာတစ်ရွာလုံးပတ်ပြေးနေသော ရွာသားလေးဖြစ်နေသည်၊၊ ထိုအရွယ်တွင်, ဟေးလင်မှာတော့ သူ့အဖွားနှင့်ဦးလေးတို့ကသူ့ကိုမကြိုက်ကြတာကြောင့် ဂရုတစိုက်ဖြင့်နေနေရသည်။

ဝူယွိလန်ကသိပ်ပြီးတော့တွေးမနေပေ။ သူမက တစ်ယောက်နှင့်တစ်ယောက်ဆက်နွယ်နေစေသည့် လက်ကိုစိုက်ကြည့်ရင်း, သူမမျက်နှာကပို၍ပင်ထူးဆန်းလာတော့သည်။

တံခါးဆီမှ ခြေလှမ်းလာသံထွက်လာသည်။ ချီယွဲ့က သူ့လက်ကိုညင်သာစွာဖြင့်ထုတ်ယူလိုက်ပြီး အိပ်ရာဘေးတွင်မတ်တပ်ရပ်နေလိုက်သည်။

ထိုအချိန်တွင်, ဟေးလင်ကသူ့လက်ထဲတွင် ဘာမှမရှိတော့သလိုခံစားလိုက်ရပြီး, သူ့မျက်လုံးထောင့်မှ မျက်ရည်များကျလာပြီး ခေါင်းအုံးပေါ်သို့ဆင်းသက်သွားတော့သည်။ သူ့မျက်နှာပေါ်ရှိအမူအရာများက စွန့်ပစ်ခံရသောကလေးတစ်ယောက်ကဲ့သို့ ဝမ်းနည်းပူဆွေးမှုအဖြစ်သို့ပြောင်းလဲသွားတော့သည်။ ထိုအခိုက်အတန့်တွင် သူ၏မျက်ခုံးအလယ်ရှိ အနီရောင်မက်မန်းပွင့်အမှတ်ကလေးသည် သွေးထွက်နေသကဲ့သို့ ရဲတောက်ကာ ခမ်းနားလှသည်။

ချီရွဲ့ကအနောက်ဘက်ရှိသူ့လက်ကိုဆုပ်ကိုင်လိုက်သည်။ ထိုလူသား၏ပုံစံကို ငုံ့ကြည့်ပြီး အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

ဟေးကျန်းကအခန်းထဲသို့ဝင်လာသောအခါ, အခန်းအတွင်းရှိလေထုက အနည်းငယ်ထူးဆန်းနေသလို ခံစားလိုက်ရသည်။ သူ့တွင်စဉ်းစားဖို့အချိန်မရှိခင်မှာပင်, ဝူယွိလန်ကသူ့လက်ထဲမှဇလုံကိုယူရန် ထလာလိုက်တော့, ၎င်းကိုထပ်ပြီးတွေးမနေတော့ပေ။

ကျေးလက်တောရွာသို့ပြန်ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now