သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Co...
By Daisy-Kim
72.8K 6.4K 867
အနွယ်ရဲ့ခန္ဓာကိုယ်က ဘယ်လောက်ပင်ညစ်ညမ်းနေပစေ။ကျွန်မကတော့ အနွယ့်ကိုဆက်ချစ်နေအုန်းမှာ ..။ ဘာလို့လဲသိလား ကျွန်မချ... More
သစ္စာနွယ်တော်ပျော်မွေ့ရာ(အင်ထရို)
အပိုင်း၁။ နှင်းဆီမြိုင်
အပိုင်း၂။ မြေခွေးအို
အပိုင်း၃။ အကြင်သူ
အပိုင်း၄။ အချစ်သက်သေ
အပိုင်း၅။။ ချစ်သည်းကညှာ၏အပြုံးပန်း
အပိုင်း၆။ တည်နိုင်ခဲ့လေသောကတိတစ်ခု
အပိုင်း၇။ အတိတ်ခရီး
အပိုင်း၈။ ပြတ်ခဲ့လေသောသံယောဇဉ်ကြိုးမျှင်
အပိုင်း၉။ မိတ်ဆွေဟောင်း
အပိုင်း၁၀။ နာမ်စားလေးတစ်ခု
အပိုင်း၁၁။ ပွတ်သဘင်
အပိုင်း၁၂။ ကစားစရာ
အပိုင်း၁၃။ သွေးကြွေး
အပိုင်း၁၄။ မောင့်ရနံ့ငယ်
အပိုင်း၁၅။ မိုးကြိုးနက်ဂိုဏ်း
အပိုင်း၁၆။ မြတ်နိုးရသည့်အချစ်သည်းကညှာ
အပိုင်း၁၇။ ဇီဇဝါပန်း၏အဓိပ္ပါယ်ဖွင့်ဆိုချက်
အပိုင်း၁၈။ သူပြန်လာပြီလား?
၁၉။ အမေ!!
အပိုင်း၂၀။။ မောင့်ရနံ့ငယ်နှင့်ဒုတိယအကြိမ်ဆုံတွေ့ခြင်း
အပိုင်း၂၁။ အနှီစာရေးငယ်ကတော့လေ!
အပိုင်း၂၂။ လူတိုင်းမှာလှို့ဝှက်ချက်ဆိုတာရှိစမြဲ
pls Attention to me
အပိုင်း၂၃။ မထင်မှတ်ထားသူနှင့်ပြန်လည်ဆုံတွေ့ခြင်း
အပိုင်း၂၄။ အပျော်မယ်တွေမှာလည်း မနှစ်သက်ရင်ငြင်းဆန်ပိုင်ခွင့်ရှိသည်။
အပိုင်း၂၅။ ဟန်ဆောင်ခြင်း‌ေတွအတွက်အမှန်တရားပေါ်ပေါက်မြဲ။(uni+Zawgyi)
အပိုင်း၂၆ ။ ဒီလောက်ချစ်ဖို့ကောင်းတဲ့အနွယ်ကိုဘယ်နေရာမှသွားဖွက်ထားရမလဲ(uni+Zawgy)
အပိုင်း၂၇။ တချို့သောပန်းတွေအပြင်ပိုင်းကလှပသလောက် အဓိပ္ပါယ်ကတော့ဝမ်းနည်းစရာပေ ။
၂၈။ ဒေါ်ငွေစံပယ်ခင်၏အမည်အရင်း?
၂၉။ ဟန်နီရဲ့လှို့ဝှက်ချက်(uni+Zawgyi)
၃၀။ လျစ်လျှူရှူခြင်း (uni +Zawgyi)
၃၁။ သေစေနိုင်လောက်တဲ့အပြုံးပန်းတစ်ပွင့်ပန်ဆင်ထားလှသူ (uni+Zawgyi)
၃၂။ သေဆုံးခြင်း
၃၃။ ရှင်သန်ရာနေရာသစ် (U+Z)
၃၄။ အချစ်သည်းကညှာလေးကအရင်တိုင်းပါပဲ ချစ်ဖို့ကောင်းတုန်း (U+Z)
Attention to me ♡
၃၅။ ရင်သွေးငယ်
အပိုင်း(၃၇) ။
၃၈။ စံပယ်ပန်းလေးဟာ မာနတရားတွေလွှမ်းခြုံထားသည်တဲ့။
အပိုင်း၃၉. အတိတ်ကအပိုင်းအစအချို့
အပိုင်း၄၀။ ဇာတ်သိမ်းပိုင်း
-အပိုင်း(၃၆) - အချိန်ကြာမှတောင်းပန်ဖို့သတ္တိရှိလာတဲ့သူမကိုခွင့်လွှတ်ပေးနိုင်မလား
1.5K 108 11
By Daisy-Kim
Uni
စံအိမ်တစ်ခုရှိ ဧည့်ခန်းတစ်ခုဝယ် ဘိလပ်အမျိုးသားတစ်ယောက်နှင့် မြန်မာအမျိုးသမီးတစ်ယောက်ထိုင်၍စကား ပြောနေကြသည်။ သူတို့ပြောနေသည်က ဘိလပ်လိုတွေချည်းသာဖြစ်သည့်အတွက် အိမ်ရှိ အကူတွေကတော့ ဘာမှကိုနားမလည်ချေ။ ထို ဘိလပ်သားနှင့်ရင်ဘောင်တန်း၍ စကားပြောနေသည့်အမျိုးသမီးရှေ့တွင် သစ္စာပန်းနှင့်ဇီဇဝါပန်းကိုသာအသုံးပြု၍ အလှဆင်ထားသော ပန်းအိုးတစ်ခုရှိနေလေသည်။
ထိုဘိလပ်သားနှင့်အမျိုးသမီးဆွေးနွေးနေသည့်အကြောင်းသည်ကား...။
"Mrs. Moen is about to step into the world of politics."
//Mrs.မုန်းကနိုင်ငံရေးလောကထဲခြေချတော့မယ်ပေါ့လေ"//
"No, I don't want to enter the world of politics. I want to create a person who can hold the legal world of this country."
//မဟုတ်တာရှင်ကျွန်မက နိုင်ငံရေးလောကထဲခြေမချချင်ပါဖူးကွယ်၊ ကျွန်မကဒီနိုင်ငံရဲ့ဥပဒေလောက ကိုချူပ်ကိုင်ထားနိုင်မယ့်လူတစ်ယောက်ကိုဖန်တီးချင်ယုံပါ.//
"Wow! Mrs. Hate's ambition is so big, why would she want to use the law instead of entering the legal field herself? And why would she want to control the law!"
//" wow! Mrs.မုန်းက ရည်မှန်းချက်ကကြီးလိုက်တာဗျာ၊ ဒါဆိုဘာလို့များ ဥပဒေနယ်ပယ်ထဲကိုကိုယ်တိုင်မဝင်ပဲ အစားထိုးသုံးချင်ရတာလဲ ပြီးတော့ ! ဘာလို့များ ဥပဒေကိုမှချုပ်ကိုင်ချင်ရတာလဲ!"//
"Oh! So many questions!"
//" အို! မေးခွန်းတွေများလိုက်ပါဘိ!"//
"If that's the case, I'm sorry, but I want you to answer my little question."
//" အဲ့သလိုဖြစ်သွားရင်တော့ တောင်းပန်ပါတယ်၊ သို့ပေမယ့် ကျုပ်ရဲ့မေးခွန်းလေးကိုတော့ဖြေပေးစေချင်တယ်"//
"Huh, sir. When the questioner asks, I have to answer the question. I have never hesitated."
//" ဟူတ်ပါပြီရှင်။ မေးလာတဲ့သူကမေးလာမှတော့အဖြေကိုဖြေရမယ့်ကျွန်မကလဲ တုံ့ဆိုင်းမနေတော့ပါဖူး"//
"Why are you using it as a substitute? As you know, this Burmese ambassador is very much afraid of women. They are very afraid that a woman will overtake them and have a higher position than them, Mr., so I have to say that they use it instead because they don't want to argue with people like that."
//" ဘာလို့ ကိုယ်စားအသုံးပြုရသလဲဆို၊ ဒီဗမာနိုင်ငံက ဘိလပ်ကြီးလဲသိတဲ့အတိုင်း အမျိုးသမီးတွေဆို သိပ်ကိုမှရှုံချချင်ကြတာလေ၊ မိန်းမတစ်ယောက်ကသူတို့ထပ်သာသွားမှာ၊ သူတို့ထက်ရာထူးအာဏာမြင့်မားသွားမှာကိုသေမလောက်ကြောက်ကြတဲ့သူတွေကြီးပဲ Mr.ရဲ့၊ အဲ့သလိုလူတွေနဲ့အငြင်းအခုံပြိုင်မလုပ်ချင်လို့ ကိုယ်စားအသုံးပြုတာလို့ပဲဆိုရမှာပေါ့ရှင် "//
"The answer to the next question
We do not control or manipulate politics.  I asked you why you want to control something called the law.  If I have an answer to that question that the bailiff doesn't understand, would you like to listen to Mr...”
//" နောက် မေးခွန်းရဲ့အဖြေကကြတော့
နိုင်ငံရေးကိုမှမချုပ်ကိုင်၊မခြယ်လှယ်ပဲ၊ ဥပဒေဆိုတဲ့အရာကိုမှချုပ်ကိုင်ချင်သလဲ‌လို့မေးခဲ့တယ်နော်၊ အဲ့မေးခွန်းအတွက်ကျွန်မမှာ ဘိလပ်ကြီးနားမလည်နိုင်တဲ့အဖြေတစ်ခုရှိတယ်ဆိုရင်ရော Mr.နားထောင်ချင်ရဲ့သလား..။"//
မုန်း စားပွဲခုံပေါ်ကအလှပန်းအိုးထဲမှာအလှဆင်ထားသည့်ဇီဇဝါပန်းနှင့်သစ္စာပန်းတွေကိုတယုတယထိတွေ့ရင်း မေးလိုက်သည်။
"Of course I want to know, just saying that I can't understand the answer is enough to make me want to know!"
//" သိချင်တာပေါ့ဗျာ၊ နားမလည်နိုင်တဲ့အဖြေလို့ပြောလိုက်တည်းက ကျုပ်ဖြင့်သိပ်ကိုသိချင်သွားဖို့လုံလောက်နေပြီ!"//
ဒီအဖြေပဲကြားရမည်ဆိုတာကိုကြိုသိထားတယ့်မုန်းကတယုတယထိတွေ့နေသည့်သစ္စာပန်းကိုလက်မလွတ်ပဲတယုတယထိတွေ့နေရင်းနှင့်သာအဖြေပြန်ပေးလိုက်သည်။
"For a woman..."
"Because I promised to bring him a fair world..."
//" အမျိုးသမီးတစ်ယောက်အတွက်...။"
" သူ့အတွက်တရားမျှတမှူရှိတဲ့လောကကြီးကိုဆောင်ယူပေးမယ်လို့ကတိပေးထားလို့...။"//
"For a woman..."
//" အမျိုးသမီးတစ်ယောက်အတွက်တဲ့လား...."//
ထိုဘိလပ်ကြီးကမုန်းကိုနားမလည်နိုင်တဲ့အကြည့်တွေနဲ့ကြည့်နေမှန်းသိပေမယ့်လည်းမုန်းဂရုပင်မစိုက်ပဲခပ်ဟဟရီရင်းဆိုသည်။
"I told you, you can't understand. Now, let's end our conversation with this, sir, so that we can determine that our deal has been successful?"
//" ကျွန်မပြောခဲ့တယ်မှလား၊ ရှင်နားမလည်နိုင်လောက်ပါဘူးလို့။ ကဲဒီလောက်နဲ့ပဲကျွန်မတို့ရဲ့စကားဝိုင်းကိုအဆူံးသတ်ရအောင်လားရှင်၊ ကျွန်မတို့ရဲ့အပေးအယူက ဒီလောက်ဆိုအောင်မြင်ပြီလို့ သတ်မှတ်လို့ရပြီမှလား"//
"I got it, I'm very happy to meet a woman as talented as Mrs. Moen, and I'm very happy to meet a talented woman like Mrs. Moen. It's not polite, but let me ask you a small question. Does Mrs. have a partner?"
//" ရတာပေါ့ဗျာ၊ နှစ်ဦးနှစ်ဖက်အတွက်အမြတ်ကြီးပဲကျန်နေစေမယ့် ပူးပေါင်းမှူပဲကို ၊ကျုပ်ဖြင့် Mrs.မုန်းလို အရည်အချင်းရှ်ိတဲ့အမျိုးသမီးတစ်ယောက်နဲ့တွေ့ဆုံရတာသိပ်ဝမ်းသာတာပဲ။ မယဉ်ကျေးရာရောက်ပေမယ့် မေးခွန်းလေးတစ်ခုလောက်မေးပါရစေ Mrsမှာ သက်ဆိုင်သူရှိနေပြီလား"//
"Yes, he decided to manipulate even the law for himself."
//" ရှိတာပေါ့ရှင်၊ ဥပဒေကိုတောင်သူ့အတွက်ခြယ်လှယ်ဖို့ ဆုံးဖြတ်ခဲ့တာပဲ "//
ထိုဘိလပ်ကြီးက မုန်းကိုတအံ့တဩဖြင့် စိုက်ကြည့်လာသည်။
"So, the woman Sawna mentioned earlier is a relative of Mrs!"
//" ဒါဆိုရင်ဖြင့် စောနကပြောခဲ့တဲ့အမျိုးသမီးဆိုတာ Mrs ရဲ့သက်ဆိုင်သူပေါ့လေ!" //
မုန်းခပ်ပြုံးပြုံးဖြင့်သာအဖြေပြန်ပေးလိုက်သည်။
"That's right. Goodbye. If it's our wedding, I'll invite Mr. Goodbye."
//" ဒါပေါ့ရှင် ၊နှုတ်ဆက်ပါတယ် ကျွန်မတို့ရဲ့လက်ထပ်ပွဲကြရင် Mr .ကိုဖိတ်ပါ့မယ်၊ နှုတ်ဆက်ပါတယ်ရှင်"၊//
ထိုဘိလပ်သားကဘာစကားမှထပ်မပြောနိုင်ပဲ အင်တင်တင်နှင့်သာပြန်သွားတော့လေသည်။
မုန်း ထိုလူပြန်သွားခါမှအိမ်ကအလုပ်သမားတွေကို ကြမ်းတိုက်ခိုင်းထားလိုက်သည်။
ဒါမှဟိုပေါက်စနလာလို့ကြမ်းပြင်ပေါ်ဝမ်းလျားထိုးမှောက်ရင် ဖုန်တွေမပေနေမှာ။ အနွယ်ကလေးကိုနာမည်မှဲ့ပေးလိုက်သည်လို့ကြားတယ်။ ကလေးမြင်ရင်ပေါ်နေတတ်တဲ့အနွယ်ကဒေစီရဲ့ ကလေးကိုချစ်မှာအသေအချာ။
ကလေးမချစ်တတ်တဲ့သူမတောင်၊ ဒေစီ့သားကိုလက်ကမချချင်တာသာကြည့်တော့။
" ဟေ့!ဒေါ်မုန်းရေ ငါတို့ရောက်ပြီ"
ထိုအသံကြောင့်မုန်း အိပ်ခန်းထဲကနေထွက်ပြီးဧည့်ခန်းထဲမှာ နေရာအသင့်ယူထားပြီးတဲ့အမြင်ကပ်စရာအတွဲစီသွားလိုက်သည်။ သူမရောက်တော့ထင်တဲ့အတိုင်းပင် ငါးလသားပြည့်တော့မယ့်ကလေးက မှောက်တတ်နေပြီး၊ ကြမ်းပြင်ပေါ်မှာတီကောင်သွားသလိုသွားနေလေသည်။
ထိုအချင်းအရာကိုအမေနှစ်ယောက်က ထိုင်ကြည့်နေကြသည်။ မုန်း ထိုနှစ်ယောက်ကိုတစ်ချက်ပိတ်ဟောက်လိုက်သည်။
" ဟဲ့! ကလေးကိုကြမ်းပြင်ပေါ်မှာ အခင်းမရှ်ိဘာမရှ်ိနဲ့!"
" အမယ်လေး! ကျွန်မက ဒေါ်မုန်းအကြောင်းမသိတာကြလို့ ကလေးကိုကြမ်းပြင်ပေါ်မချခင် ဒီအိမ်ကအဒေါ်ကြီးကိုမေးပြီးသွားပြီ။ သခင်မလေးမုန်း က အစောနလေးကမှအောက်ထပ်တစ်ထပ်လုံးကို ကြမ်းတိုက်ခိုင်းထားတယ်တဲ့။ "
ဒေစီကအပြုံးတစ်ချက်ပင်မပျက်ပဲပြောလာသည်။
" အဟွန်း! လာပါဦးသားသားရဲ့ "
မုန်း ဒေစီကိုဘာစကားမှမပြောပဲကြမ်းပြင်မှာဝမ်းလျားမှောက်နေသည့်သားသားကို မချီလိုက်သည်။
" အနွယ်..ကလေးကိုနာမည်မှဲ့ပေးလိုက်တယ်ဆို..။"
ကလေးကိုချော့မြူနေရင်းနဲ့မေးလိုက်သည်။
" အင်းလေ ရောင်စဉ်သက်ဖြာတဲ့ လှတယ်မှလား.."
" အင်း..လှတယ် ..ဒေါ်ဒေါ်ရဲ့သက်ဖြာလေး"
တစ်ကိုယ်တည်းတီးတိုးပြောလိုက်သည်။
" ဟဲ့ ကလေးကို သျှင်းစီ ခနပေးပြီး နင်နဲ့ငါနဲ့စကားပြောရအောင်။ "
" မပြောချင်ဘူး..၊ တစ်ခါလာလဲ ဒီအကြောင်းတွေပဲ အပ်ကြောင်းထပ်နေပြီ"
" မုန်းပန်းရာဇဝင်! ကျုပ်ပြောတာနားထောင်စမ်းပါ။ "
ဒေါသသံနဲ့ပြောလာသည့်ဒေစီ့ဘက်သို့လှည့်ပြီး တိတ်တိတ်နေဆိုတဲ့အမူအယာလုပ်ပြလိုက်သည်။
" ရှူးး! တိုး..တိုး ကလေးအိပ်နေတယ်"
သူ့ရဲ့ပုခုံးကိုမေးတင်ပြီးအိပ်ပျော်နေတဲ့ ကလေးကို ခနလမ်းလျှောက်ပြီးအိပ်မောကျအောင် ကျောပြင်ကိုခပ်ဖွဖွပုတ်ပြီး သိပ်နေလိုက်သည်။ အိပ်ပျော်သွားပြီဆိုကာမှ အခန်းထဲက သူမ၏ အိပ်ယာထက်မှာတင်ပေးလိုက်သည်။ ကလေးကို သျှင်းနဲ့တူတူထားခဲ့ပြီး ဧည့်ခနနးထဲ မှာဒေါသတကြီးစောင့်နေတဲ့ ဒေစီ ထံသွားလိုက်သည်။
မုန်း ခုံမှာဝင်ထိုင်လိုက်သည်နှင့် ဒေစီမ၏ ဆူပူကြိမ်းမောင်းသံတွေက တရပ်စပ်လွှတ်လာတော့သည်။
"  ကျုပ် တော့်ကိုဘယ်နှစ်ခါပြောနေဦးမှာလဲ မယ်မင်းကြီးမရဲ့ အထင်လွဲခဲ့တာကို အနွယ်နဲ့ မျက်နှာချင်းဆိုင် ရှင်းလို့!"
" ၃ နှစ်တောင်ကြာခဲ့ပြီသိလား! သုံးနှစ်၊ အနွယ်လဲ ကောင်းကောင်းဆုံးဖြတ်နိုင်နေပြီ။ နင်ရှင်းပြရင် အနွယ်လဲ သေချာပေါက်နားလည်ပေးမှာ သိလား! မုန်းပန်းရာဇဝင်မရဲ့!"
" ငါလေ ငါ့သူငယ်ချင်းညတိုင်း အဲ့ဒီ့အရက်တွေနဲ့အသက်ဆက်နေရတဲ့ရက်တွေကို မမြင်ချင်တော့ဘူး။ အမြဲတမ်း ဘားမားစတိတ်ကိုလက်ဖဝါးက မချ ကြာရင် နင်သေလိမ့်မယ်သိရဲ့လား! "
" နင် ကျောက်ကပ် တစ်ခြမ်းမရှိတော့တာ သိတယ်နော်! အေး သေချင်ရင် ဆက်သောက် အဲ့ဒီ့မကောင်းတဲ့အရက်တွေကို၊ နင်သေသွားရင် ငါအနွယ့်ကို နင့်မကောင်းကြောင်းတွေပဲထိုင်ပြောမှာကြည့်ကျပ်လုပ်။ "
ဒေါသသံနဲ့ပြောနေပေမယ့် မုန်းရီချင်လာသည်။ ဘယ်နှယ့် အနွယ့်ကို သွားတိုင်မယ်ကပါသေး။
" အေးပါဟယ်။ တစ်ခါလာလဲ ဒါတွေချည်းပဲ ငါသိပါတယ်။ ငါလဲ ဆုံးဖြတ်ထားပါတယ်မကြာခင် အနွယ့်စီသွားပြီး အကုန်လုံးကိုရှင်းပြဖို့.."
" အေး ပြောတဲ့အတိုင်းလုပ်ရင် နင်နာပြီသာမှတ်!"
ထိုအပြောကိုမုန်းဘာမှမပြောသာရီသာရီနေလိုက်သည်။ မုန်းအပြင်ပိုင်းကသာရီနေပေမယ့် စိတ်ထဲတော့မေးခွန်းမေးနေမိသည်။
~ အနွယ်ကငါ့ကိုခွင့်လွှတ်နိုင်မှာမလို့လား ဒေစီရယ် ~
၁၈.၉.၂၀၂၂
မိုး♡
Zawgyi
"Oh! So many questions!"
"For a woman..."
"For a woman..."
" ဟဲ့! ကလေးကိုကြမ်းပြင်ပေါ်မှာ အခင်းမရှိဘာမရှိနဲ့!"
၁၈.၉.၂၀၂၂
မိုး♡
Continue Reading
You'll Also Like
69.6K 4.8K 37
‹ប៉ាៗ..អូនចង់បានបងប្រុសម្នាក់នេះមកធ្វើជាម៉ាក់អូន...!› ‹វ៉ុនយូនេះជាប្រុសមិចនឹងធ្វើម៉ាក់កូនបាន?› ‹អេមានច្បាប់ឯណាដែលហាមមិនអោយមនុស្សប្រុសធ្វើជាម្តាយគេនោះ...
1M 47.7K 100
624K 1.6K 8
ကလေးတေမဖတ်နဲ့ ဖတ်ရင်လည်း တိုးတိုးတိတ်တိတ်ဖတ် wattpadစာကိုwattpadမှာဘဲထားခဲ့ပါ ယူသွားမယ်ဆိုလည်းကိုတို့လိုလူတေရှိတဲ့နေရာဘဲယူသွားပါ
401K 8.3K 22
+++++ အခန်းတွေပါမှာမို့ ဖတ်ဖို့အဆင်မပြေတဲ့သူများပြန်လှည့်သွားကြပါ အသက်မပြည့်သေးတဲ့ကလေးတွေမဖတ်ကြဖို့မေတ္တာရပ်ခံပါတယါ