Never

By Blacksheep303

24.6K 1.2K 107

ဦးနှောက်က မလုပ်သင့်ဘူးလို့ အကြိမ်ကြိမ် သတိပေးနေပေမယ့် ကိုယ့်ရဲ့ စိတ်ပျော်ရွှင်ရာလေးမို့ အခါခါ ထပ်လုပ်မိနေတာမျ... More

Never (ဘယ်တော့မှ) - 1
Never (ဘယ္ေတာ့မွ) Zawgyi -1
Never (ဘယ်တော့မှ) - 2
Never (ဘယ္ေတာ့မွ) - Zawgyi 2
Never (ဘယ်တော့မှ ) - 3
Never (ဘယ္ေတာ့မွ) - Zawgyi 3
Never (ဘယ်တော့မှ)-4
Never (ဘယ္ေတာ့မွ) - Zawgyi 4
Never (ဘယ်တော့မှ)- 5
Never (ဘယ္ေတာ့မွ) - Zawgyi 5
Never (ဘယ်တော့မှ ) -6
Never (ဘယ္ေတာ့မွ) - Zawgyi 6
Never (ဘယ်တော့မှ)- 7
Never (ဘယ္ေတာ့မွ) - Zawgyi 7
Never (ဘယ်တော့မှ) - 8
Never (ဘယ္ေတာ့မွ) - Zawgyi 8
N ever (ဘယ်တော့မှ) - 9
Never (ဘယ္ေတာ့မွ) -Zawgyi 9
Never (ဘယ်တော့မှ)- 10
Never (ဘယ္ေတာ့မွ) - Zawgyi 10
Never (ဘယ်တော့မှ) - 11
Never (ဘယ္ေတာ့မွ) - Zawgyi 11
Never (ဘယ်တော့မှ) -12
Never (ဘယ္ေတာ့မွ) - Zawgyi 12
Never (ဘယ်တော့မှ) - 13
Never (ဘယ္ေတာ့မွ) - Zawgyi 13
Never (ဘယ်တော့မှ) - 14
Never (ဘယ္ေတာ့မွ) - Zawgyi 14
Never (ဘယ်တော့မှ) - 15
Never (ဘယ္ေတာ့မွ) - Zawgyi 15
Never (ဘယ်တော့မှ) - 16
Never (ဘယ္ေတာ့မွ) - Zawgyi 16
Never (ဘယ်တော့မှ) - 17
Never (ဘယ္ေတာ့မွ) - Zawgyi 17
Never (ဘယ်တော့မှ) - 18
Never (ဘယ္ေတာ့မွ) - Zawgyi 18
Never (ဘယ်တော့မှ) - 19
Never (ဘယ္ေတာ့မွ) - Zawgyi 19
Never (ဘယ်တော့မှ) - 20
Never (ဘယ္ေတာ့မွ) - Zawgyi 20
Never (ဘယ်တော့မှ) - 21
Never (ဘယ္ေတာ့မွ) - Zawgyi 21
Never (ဘယ်တော့မှ) -22
Never (ဘယ္ေတာ့မွ) - Zawgyi 22
Never (ဘယ်တော့မှ) - 23
Never (ဘယ္ေတာ့မွ) - Zawgyi 23
Never (ဘယ်တော့မှ) -24
Never (ဘယ္ေတာ့မွ) - Zawgyi 24
Never (ဘယ်တော့မှ) - 25
Never (ဘယ္ေတာ့မွ) - Zawgyi 25
Never (ဘယ်တော့မှ) - 26
Never (ဘယ္ေတာ့မွ) - Zawgyi 26
Never (ဘယ်တော့မှ) - 27
Never (ဘယ္ေတာ့မွ) - Zawgyi 27
Never (ဘယ်တော့မှ) - 28
Never (ဘယ္ေတာ့မွ) - Zawgyi 28
Never (ဘယ်တော့မှ) - 29
Never (ဘယ်တော့မှ) - Zawgyi 29
Never (ဘယ်တော့မှ) - Zawgyi 30
Never (ဘယ်တော့မှ) - 31
Never (ဘယ္ေတာ့မွ) - Zawgyi 31
Never (ဘယ်တော့မှ) - 32
Never (ဘယ္ေတာ့မွ) - Zawgyi 32
Never (ဘယ်တော့မှ) - 33
Never (ဘယ္ေတာ့မွ) - Zawgyi 33
Never (ဘယ်တော့မှ) - 34 (Final)
Never (ဘယ္ေတာ့မွ) - Zawgyi 34 (Final)
Author's Note (Unicode+ Zawgyi)
Never (ဘယ်တော့မှ) - Special Part
Never (ဘယ္ေတာ့မွ) - Special Part (Zawgyi)

Never (ဘယ်တော့မှ) - 30

409 31 5
By Blacksheep303

" ဘယ်လိုဖြစ်နေကြတာတုန်း "

"ဟင် ရိပေါ်"

" ဟုတ်တယ် ကျန်တာနောက်မှရှင်းမယ်"

စကားအဆုံး ရိပေါ်က ရိဖန်းရဲ့ လက်ကို ဆတ်ခနဲဆွဲပြီး သူနဲ့အတူပါလာတဲ့ Staffတွေ Bodyguardတွေ အားလုံးကို အခန်းအပြင် ထုတ်ပြီး အခန်းတံခါးကို လော့ချလိုက်တာပါ ပြီးတော့ ရှောင်းကျန့်နား ပြန်လှည့်လာတဲ့အခါ

"ဟို ရိပေါ် ..... Recordingက ညနေမှ ပြီးမှာဆို....."

"ဘာလဲ အချိန်ကောင်းမှာ အနှောင့်အယှက် ဖြစ်သွားလို့လား"

"မဟုတ်ပါဘူး အသံမပေးဘာမပေး ရုတ်တရက်ကြီးဆွဲလိုက်တော့ လန့်သွားတာပါ"

"မဟုတ်မဟတ် ဘာတွေများကြံစည်နေကြလဲမှ မသိတာ နောက်ဆို ဆင်ခြင်ပါ ဒါလုပ်ငန်းခွင် ပန်းခြံမဟုတ်ဘူး"

သေချာတယ် သူနဲ့ရိဖိန်း ပြောတာကို ရိပေါ်က နားစွန်နားဖျားကြားပြီး Neverလေးရဲ့ မာမီရှာပုံတော်ဖွင့်နေတာလို့ ထင်သွားတာနေမှာ အရင်ကတည်းက ရိပေါ် အရမ်းအူတို တတ်တာသူသိတာပေါ့ ဒါကြောင့်လည်း တမင်တကာကို

"ဪ.....မသိပါဘူး ငါက ဟိုတယ်အခန်းထဲရောက်နေကြပြီလို့ ထင်နေတာ အဲဒါကြောင့်.....အွန့်"

ရှောင်းကျန့်မှာ စကားတောင်ဆုံးအောင် မပြောလိုက်ရပါဘူး ရည်းစားလူလု အူနုကျွဲခတ်နေတဲ့ ရိပေါ်က အသိတရားရအောင် ရုတ်တရက် နမ်းလိုက်လို့ ဖြစ်ပါတယ် လာထားအာဘွားဆိုတာ ဒါပဲလေ ဇာတ်လမ်းတောင် မထွင်ရသေးဘူး ရိပေါ်က အနားတဆင့်တိုးလာပြီမို့ အရမ်း လွမ်းခဲ့ရတဲ့ အနမ်းမို့ ရှောင်းကျန့်ရိပေါ်ကို တင်းတင်းကျပ်ကျပ် ပြန်ဖက်ထားလိုက်ပြီး အနမ်းတွေကို တုန့်ပြန်လိုက်ပါတယ်

ခဏနေတော့ ရိပေါ်က အသိစိတ်ဝင်လာတာနဲ့ အတင်းဆွဲခွါပြီး

" တောင်းပန်ပါတယ် ကျန့်ကော ကျွန်တော်စိတ်လွတ်သွားလို့ မထိန်းချုပ်လိုက်ဘူး"

"မင်း စိတ်လွတ်ပေမယ့် ငါစိတ်လွတ်မနေဘူး ငါ့ဘက်က တော့ မထိန်းချုပ်ဘူး"

စကားအဆုံး ရိပေါ်ကို အတင်းပြန်ဆွဲဖက်ပြီး ခပ်ကြမ်းကြမ်းလေး နမ်းပေးလိုက်ပါတယ် ကိုယ်တော်ချောက ရုန်းချင်နေသေးတယ် ရှိသမျှ အား အကုန်ထုတ်ပြီး ဆွဲချုပ်နမ်းပေးလိုက်တယ် လက်ဝှေ့ငါးထပ်ကွမ်း ချန်ပီယံဖြစ်လာတာ အလကားဖြစ်လာတာမှ မဟုတ်တာ အနှစ်နှစ် အလလ ကျင့်ထားရတာ ခုချိန်အသုံးမချရင် ဘယ်အချိန်အသုံးချရမှာလဲ

စိတ်ပါနေရဲ့သားနဲ့ ပါးစပ်ကို တင်းတင်းစိထားနေတဲ့ ရိပေါ်ကြောင့် နှုတ်ခမ်းကို ဆတ်ခနဲကိုက်ပေးလိုက်မှ 'အ' လို့ အသံလေးထွက်ပြီး ပါးစပ်လေးဟလာတောင်ကြောင့် ခံတွင်းထဲကို ကျူးကျော်နယ်ချဲ့ အနမ်းနဲ့ သိမ်းပိုက်လိုက်ပါတယ် ခွေးပေါက်လေးကလည်း မခေပါဘူး အားနဲ့ပြန်ကိုက်လိုက်တာကြောင့် ရှောင်းကျန့်လည်း နှုတ်ခမ်းပေါက် သွားပါတယ် နမ်းလို့ဝလို့ လွတ်ပေးလိုက်ပြီးတဲ့နောက်

"ကြပ်ကြပ် သတိထား မင်းတင်အပြစ်ပေးတတ်တာ မဟုတ်ဘူး ငါလည်း အပြစ်ပေးတတ်တယ် နောက်ပြီး ထင်ရာမြင်ရာ ဇွတ်ရမ်းမနေနဲ့ သေချာအောင် မေးဦး ရိဖိန်းက ရှောင်းရိဖိန်း ဖြစ်လာမှာဆိုတာတော့ ဟုတ်တယ် ငါ့ကြောင့်တော့မဟုတ်ဘူး ရှင်းလီကျဲကြောင့် ဒါပေမယ့် ဒီ
တစ်ခါ မင်းအထင်လွဲတာကိုတော့ ငါသေလောက်အောင် ကျေနပ်တယ် ဟုတ်ပြီလား"

ရှောင်းကျန့်လုပ်ရပ်နဲ့ စကားတွေကြောင့် ဆွံ့အပြီး ကြောင်သလို ဖြစ်နေတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်ကိုယ်တိုင်ပဲ တံခါးသွားဖွင့်ပေးလိုက်တာပါ အပြင်ကလူတွေလည်း သိပ်မစပ်စုရှာဘူး တံခါးဖွင့်လိုက်တော့ အားလုံးက တံခါးကိုမှီထားကြလို့ လဲကျတော့မလိုလိုတွေတောင် ဖြစ်လို့ အခန်းတွေ အားလုံးက အသံလုံခန်းဆိုတာကို မေ့နေကြတာလား ကြားရမှာလဲ မဟုတ်ပဲနဲ့

ရိဖိန်းကတော့ ရှောင်းကျန့်တို့ကို ကြည့်ပြီး ပြုံးစိစိ ဖြစ်နေကြပေမယ့် ကျန်တဲ့သူတွေကတော့ ယောင်နန နဲ့ ထိုင်နေတဲ့ မင်းသားက နှုတ်ခမ်းပေါက်နေတာကြောင့် အနည်းဆုံးတော့ ထိုးကြကြိတ်ကြ ဖြစ်သွားတာလားမသိဘူးလို့ ထင်နေကြတယ် အကုန်လုံးက ထိုင်ရမှာလိုလို ထရမှာလိုလို ဒီလိုအခြေအနေတွေကနေ ရှောင်လွဲလို့ရအောင်  ရိဖိန်းက

"မင်းသား ...မင်းသား ကျွန်မ အဝတ်အစားတွေ တစ်ချက်စမ်းကြည့်မှရမယ် ဒီရက်ပိုင်း Body Building လုပ်နေရင်း Training များများ ဆင်းထားတော့ သေချာ Fittingပြန်ချရမှာမို့ စမ်းဝတ်ကြည့်ပေးပါဦး"

ဆိုပြီး ဆွဲခေါ်သွားတာနဲ့အတူ ရိပေါ် ပါသွားပေမယ့် ကျန်တဲ့ Staffတွေက အခန်းထဲကအခြေအနေကို သို့လော သို့လောနဲ့ ဖြစ်ပြီး ကျန်ခဲ့တာပါ သိလည်းသိချင်တယ် မေးလည်းမမေးရဲဘူးဆိုတဲ့အခြေအနေမို့ အူလည်လည်လေးတွေနဲ့ မသိချင်ယောင်ဆောင်နေရတဲ့သူတွေကြောင့် ရယ် ချင်စိတ်ကို မနည်းထိန်းနေရတယ် ဒါနောက်တစ်ဆင့် တိုးပြီလို့ မှတ်ယူလို့ရတယ်မလား

*
*
*
*
*
မရှင်းပဲထားတဲ့ ပုစ္ဆာက ပိုပြီးစိတ်ထဲ စွဲကျန်နေရစ်တတ်တဲ့ သဘောမို့ အဲဒီနေ့ ပြီးတော့ နောက်ရက် ရှောင်းကျန့်ခွင့်တစ်ရက်ယူလိုက်ပါတယ် နောက်ရက်ကျတော့ ရိပေါ်တို့က ရိုက်ကူးရေးခရီးစဉ်အတွက် ၂ပတ်ခရီးထွက်သွားရပြီမို့ သေချာတယ် ရိပေါ်စိတ်ထဲမှာ မေးချင်တာတွေ ပြောချင်တာတွေနဲ့ ဒီရက်ပိုင်း ရှောင်းကျန့်ကို သတိရနေလိမ့်မယ်

ရိပေါ်မရှိတုန်း ရှောင်းကျန့်ကတော့ အေးအေး အလုပ်လုပ်နေရုံပါပဲ ရိပေါ် နဲ့ ရိဖိန်းကို စိတ်ပူစရာလည်း မလိုတော့ အေးဆေးပေါ့
အလုပ်ကို စိတ်ပါလက်ပါ စိတ်အေးလက်အေးလုပ်ပြီး Neverလေးမွေးနေ့ကို အိမ်မှာပဲ အိမ်သားတွေနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်း
အရာရာက သာမန်နေ့ရက်တွေလို ပေ့ါပေါ့ပါးပါးပါပဲ လူကတော့ အေးအေးဆေးဆေး ဆိုပေမယ့် စိတ်ကတော့ Planing လုပ်နေတာပေါ့ ဘယ်အချိန် ဘာလုပ်မယ် ဘယ်လိုအဆင့်တိုးမယ်ဆိုတာမျိုးပေါ့ ဉာဏ်များလို့ မြေခွေးကြီးကျန့်လို့ ခေါ်ဖူးတဲ့ တစ်ယောက်သောသူကို သတိရမိတယ် ငြိမ်ငြိမ်လေးသာ ရပ်နေ အနားတိုးလာခဲ့မယ် ထွက်မပြေးနဲ့

*
*
*
*
အခု YH ရဲ့ Anniversary Concert က July 17မှာ လုပ်မယ် အဲဒီမတိုင်ခင် Staff Dinner Party က  July 15 ရက်နေ့ အဲဒီနေ့မှာ အနုပညာရှင် တွေက ဘာမှမလုပ်ရဘဲ Staffထဲက အနုပညာဝါသနာပါတဲ့သူတွေက ဖြေဖျော်ကြမှာ ရှောင်းကျန့် လည်း သီချင်းဆိုဖို့ စာရင်းပေးထားတယ်  သီချင်းက ဆိုလေ့မရှိပေမယ့် Staff ပါတီညအတွက် သီချင်းကိုတော့ အပီအပြင်ကျင့်ထားတယ် တကယ်က ကျင့်စရာကို မလိုတာ လွန်ခဲ့သော ၂နှစ်ကတည်းက ညတိုင်း နားထောင်ဖြစ်ခဲ့တဲ့သီချင်းပါ ဒါပေမယ့် စင်ပေါ်မှာ ဆိုပြရမယ်ဆိုတော့လည်း ညတိုင်း အသံထွက် ဆိုကျင့်တာမို့ Neverလေးတောင် သီချင်းဖွင့်လိုက်တာနဲ့ သူပါ ဝူးဝါး ဝူးဝါးနဲ့ သီချင်းဆိုသလို လိုက်လုပ်တတ်နေပါပြီ

ခရီးပြန်ရောက်တော့လည်း အနမ်းခံထားတာရမို့ ရှောင်ဖယ် ရှောင်ဖယ်လုပ်နေတဲ့ ရိပေါ်ကို ဒီသီချင်းလေးနဲ့ အနားပြန်လာအောင် လုပ်မယ် လို့ ရည်ရွယ်ထားတာ လုပ်နိုင်ပါ့မလား မသေချာပေမယ့် ကြိုးစားကြည့်ရမယ် ဒီသီချင်းက နဂိုကတည်းက နာမည်ကြီးတဲ့ သီချင်းဆိုပေမယ့် လက်ရှိ ရှောင်းကျန့်အတွက် သီးသန့်ရေးထားပေးသလား အောက်မေ့ရတယ် စာသားတိုင်း စာသားတိုင်းက ကိုက်ညီလွန်းလို့ ပါးစပ်နဲ့တင်မဟုတ်ဘဲ နှလုံးသားနဲ့ပါ ဆိုပြရမယ်
*
*
*
*
Staff Party ည 
YHအနုပညာရှင်တော်တော်များများက Staffတွေ ဖျော်ဖြေတာကို ဝိုင်းပြီး အကဲဖြတ်ကြဖို့ အပျော်သဘောနဲ့ Commentတွေ ပေးကြဖို့ စင်ရှေ့မှာ အတန်းလိုက် စုပြီး ထိုင်အကဲဖြတ်နေပုံစံမျိုးနဲ့ထိုင်ရတော့ ကွက်တိပေါ့ ကျန်တဲ့သူတွေအားလုံးက ခန်းမကျယ်ထဲ Dinner Table ဝိုင်းတွေမှာ ထိုင်ပြီးကြည့်ရုံပါပဲ Entertainment ကုမ္ပဏီက ဝန်ထမ်းတွေမို့လို့ထင်တယ် အားလုံးက သူ့ဘာသာသူ ကောင်းကြတယ် သီချင်းဆိုတဲ့သူ တီးမှုတ်ဖျော်ဖြေတဲ့သူ ကပြဖျော်ဖြေတဲ့သူတွေ အားလုံး တမျိုးစီကောင်းကြတယ် တစ်ချို့ကြတော့ ရီစရာပုံစံမျိုးတင်ဆက်တဲ့ ဟာတွေကလည်း တော်တော်ရီ ရတာမို့ Staff Partက ပျော်စရာကောင်းနေခဲ့ပါတယ် ညနေ ၆နာရီခွဲကတည်းကစတာ အခု ၉နာရီခွဲခါနီးမှ ရှောင်းကျန့်အလှည့်ရောက်တယ်

သီချင်းမဆိုခင် ရိပေါ်ကို မကြည့်ဘဲ အောက်က ဝိုင်းအသီးသီးမှ ထိုင်နေကြတဲ့ Staffတွေကြည့်ပြီး စကားနည်းနည်း ပြောလိုက်ပါသေးတယ်

" လွန်ခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာ ၁၄ရက်နေ့ညမှာ ကျွန်တော့်ကို လူတစ်ယောက်က စာတစ်စောင်ချန်ပြီး ထွက်သွားခဲ့တယ် နှုတ်ဆက်စကားလေး တစ်ခွန်းတောင် မဆိုလိုက်ရဘဲ ကျွန်တော့်ဘဝထဲ သူပျောက်သွားတယ် အဲဒီအချိန်ကတည်း ကျွန်တော် သူ့ကိုစောင့်နေတာ အမှန်အတိုင်း ပြောရရင် ကျွန်တော်က စောင့်ရတာနည်းနည်းလေးမှ မကြိုက်ဘူး ဒါပေမယ့် နောက်ပိုင်း သိလာရတာက ကိုယ့်ကို စောင့်နေတဲ့သူတစ်ယောက် ရှိတယ်ဆိုတာကို သိရတဲ့အသိက အရမ်းနွေးထွေးတယ် ကိုယ့်ကိုစောင့်နေတယ်ဆိုတဲ့ ခံစားချက်ကလည်း အရမ်းနွေးထွေးတယ် သူ့ကို လည်း ကျွန်တော်က နွေးထွေးမှုလေးကို ခံစားစေချင်လို့ သူ့ကို ကျွန်တော်စောင့်နေကြောင်း သိစေချင်လို့ ဒီသီချင်းလေးနဲ့ ပြောပြချင်ပါတယ်"

ပြောချင်တာပြောပြီး သီချင်းကို သက်ဝင်မှုအပြည့်နဲ့ ရှောင်းကျန့်ဆိုမိပါတယ်

                                                  (အပေါ်က Media မှာ ထည့်ထားတဲ့ သီချင်းလေးနားထောင်ပြီး ဖတ်ပေးပါနော်)

Oceans apart day after day  (တစ်ရက်ပြီးတစ်ရက် သမုဒ္ဒရာတွေခြား ကွာဝေးနေရတာ)
An I slowly go insane ( ကိုယ်လည်း တဖြည်းဖြည်းနဲ့ ရူးတော့မယ်)
I can hear you voice on the line( ကိုယ်မင်းရဲ့အသံလေးကို လိုင်းပေါ်ကနေ ကြားနိုင်တယ်)
But, it doesn't stop the pain ( အဲဒါက ကိုယ့်ရဲ့နာကျင်မှုတွေကို ရပ်တန့်နိုင်စွမ်းမရှိခဲ့ပါဘူး)
If I see you next to never ( မင်းကို နောက်ထပ်ဘယ်တော့မှ မတွေ့ရတော့ဘူးဆိုရင်)
How can we say forever (ထာဝရလို့ ဘယ်လိုလုပ်ပြောနိုင်တော့မှာလဲ)
Wherever you go ( မင်းဘယ်ကိုသွားသွား )
Whatever you do (မင်း ဘာတွေပဲလုပ်လုပ် )
I will be right here waiting for you  (ကိုယ်မင်းကို ဒီနေရာလေးမှာပဲ စောင့်မှာပါ)
Whatever it take (ဘာတွေပဲဖြစ်ဖြစ်)
or How my heart breaks ( ကိုယ့်အသည်းဘယ်လောက်ကွဲကွဲ)
I will be right here waiting for you (ကိုယ်မင်းကို ဒီနေရာလေးမှာပဲ စောင့်မှာပါ)
I took for granted all the time ( ကိုယ်အချိန်တိုင်း ပေါ့ပေါ့တန်တန်တွေးခဲ့မိတယ်)
That I thought would last somehow ( အဲဒါက တနည်းနည်းနဲ့ နောက်ဆုံးဖြစ်မယ် ထင်ခဲ့တာ)
I hear the laughter (ကိုယ် ရယ်မောသံတွေကြားနေရတယ်)
I taste the tears (မျက်ရည်တွေလည်း ကျနေမိတယ်)
But I can't get near you now (ဒါပေမယ့် အခုတော့ မင်းနဲ့ မနီးနိုင်တော့ဘူး)
Oh, can't you see it baby! (ဒါတွေကို  မင်း မမြင်နိုင်ဘူးလား)
You've got me goin' crazy ( မင်း ကိုယ့်ကို ရူးသွားအောင် လုပ်နိုင်တယ်ဆိုတာကိုလေ)
Wherever you go ( မင်းဘယ်ကိုသွားသွား )
            Whatever you do (မင်း ဘာတွေပဲလုပ်လုပ် )
            I will be right here waiting for you  (ကိုယ်မင်းကို ဒီနေရာလေးမှာပဲ စောင့်မှာပါ)
    Whatever it take (ဘာတွေပဲဖြစ်ဖြစ်)
         or How my heart breaks ( ကိုယ့်အသည်းဘယ်လောက်ကွဲကွဲ)
         I will be right here waiting for you (ကိုယ်မင်းကို ဒီနေရာလေးမှာပဲ စောင့်မှာပါ)
       I wonder how we can survive ( ကိုယ်တို့ ဘယ်လိုရှေ့ဆက်ကြမလဲလို့လည်း တွေးနေမိတယ်)
This romance (ဒီအချစ်ခရီးလမ်းလေးကိုပေါ့)
But, in the end , if I'm with you (ဒါပေမယ့် အဆုံးသတ်မှာ မင်းနဲ့အတူရှိခွင့်ရရင်)
I will take the chance ...........(ဒီလိုအခွင့်အရေးမျိုးကို ကိုယ်အရယူမှာပါ)
Oh, can't you see it baby! (ဒါတွေကို  မင်း မမြင်နိုင်ဘူးလား)
          You've got me goin' crazy ( မင်း ကိုယ့်ကို ရူးသွားအောင် လုပ်နိုင်တယ်ဆိုတာကိုလေ)
          Wherever you go ( မင်းဘယ်ကိုသွားသွား )
          Whatever you do (မင်း ဘာတွေပဲလုပ်လုပ် )
       I will be right here waiting for you  (ကိုယ်မင်းကို ဒီနေရာလေးမှာပဲ စောင့်မှာပါ)
          Whatever it take (ဘာတွေပဲဖြစ်ဖြစ်)
          or How my heart breaks ( ကိုယ့်အသည်းဘယ်လောက်ကွဲကွဲ)
          I will be right here waiting for you (ကိုယ်မင်းကို ဒီနေရာလေးမှာပဲ စောင့်မှာပါ)
          Waiting for you (မင်းကိုပဲ စောင့်နေမှာ)

ရှောင်းကျန့်ရဲ့ သီချင်းသီဆိုမှုအပြီးမှာ အားလုံးက လက်ခုပ်တီးပြီး အားပေးကြပါတယ် ရိပေါ်လေး ကတော့ တော်တော်လေး ရင်ထဲထိသွားပုံ ရပါတယ် လက်ခုပ်တီးရင်းနဲ့ ငိုရှာတယ် ဒါရှောင်းကျန့်ရဲ့ နောက်တဆင့်တိုးတက်မှုလို့ ပြောရမှာပဲ
အားလုံးက လည်း ချီးကျူးကြပါတယ် စင်ပေါ်ကနေ ဆင်းခါနီးလည်း

"လေပြေလေညင်းလေးတွေရေ သူ့ကိုတွေ့ရင် ပြောပေးကြပါဦး ကျွန်တော်စောင့်နေတယ်ဆိုတဲ့ အကြောင်းကို ဒီနေ့လည်း အရင်က ကွန်ဒိုလေးမှာ သူမလာ မချင်းစောင့်နေမှာလို့ ပြောပေးကြပါနော်"

MC တွေကလည်း

"မထင်ရဘူးနော် ကျွန်တော်တို့ ဒီဇိုင်းနာကြီးက သီချင်းဆို လည်း... ကောင်း စကားပြောလည်း ကောင်းတယ်ဗျာ
ပြောလိုက်ပါ့မယ် ပြောလိုက်ပါ့မယ် ဒီဇိုင်းနာကြီးရဲ့ သက်ဆိုင်သူကို"

ပြီးတော့ ပရိသတ်ဖက်လှည့်ပြီး
"ကဲ...ကဲ... ဆက်ဆက်သွားလိုက်ပါဦးနော်  ဒီဇိုင်းနာကြီး စောင့်နေတဲ့ဟာကို"

အောက်ကလူတွေကလည်း ရီကြပါတယ် ကိုယ့်အလှည့်ပြီးတာနဲ့ ရှောင်းကျန့် ခဏပဲ နောက်ထပ် အစီအစဉ် ၄ခုလောက်ပဲ ထိုင်ပြီး  Neverလေး စောင့်နေမှာစိုးလို့ ပြန်တော့မယ်လို့ ပြောပြီး အားလုံးကို နှုတ်ဆက် ထွက်လာခဲ့လိုက်ပါတယ် အပြင်ရောက်တာနဲ့ အိမ်ကိုတော့ ကိစ္စလေးရှိလို့ Neverလေးခေါ်သိပ်ပေးပါဦး နက်ဖြန်လောက်မှ ပြန်လာမယ်လို့ ဖုန်းဆက်ပြောပြီး အရင်ကွန်ဒိုကို ပြန်လာခဲ့လိုက်တာပါ

ကွန်ဒိုကို နိုင်ငံခြားသွားနေတုန်းကလည်း အစ်မကြီး ကျန်းလီကို အကူအညီတောင်းပြီး တစ်ပတ်တစ်ခါ သန့်ရှင်းရေးဝင်ခိုင်းထားတာ အခုထက်ထိပါပဲ ဒါပေမယ့် ရှောင်းကျန့်ကိုယ်တိုင်လည်း ကွန်ဒိုကို တစ်ခါမှ ပြန်မသွားရသေးပါဘူး မပြန်နိုင်တာဆိုရင် ပိုမှန်ပါလိမ့်မယ် အတူတူ ရှိခဲ့ဖူးတဲ့ ပုံရိပ်တွေက နှိပ်စက်လွန်းလို့ တစ်ယောက်တည်း မနေနိုင်ခဲ့ဘူး ရိပေါ်လေးနဲ့အတူ တစ်ချိန်ဒီအိမ်ကို ပြန်နေနိုင်မယ်လို့ ယုံကြည်ထား လို့လည်း ဒီကွန်ဒိုကို မရောင်းပစ်ခဲ့ဘူး အမှတ်တရတွေ အများကြီးနဲ့မို့လည်း မရောင်းရက်နိုင်ခဲ့တာလဲ ပါတယ်လေ

ဒီနေ့တော့ အရဲစွန့်ပြီး လာစောင့်နေလိုက်ပြီ ငါ့ရဲ့ စျေးဗန်းကြီးကိုတော့ မမှောက်ပစ်ဘူးမလား ဖုန်းဆက်ပြီး မလာနိုင်ဘူးတွေ ပြောလာမှာ စိုးရိမ်လို့ ဖုန်းတောင် ပိတ်ထားလိုက်ပြီ သူလာလာ မလာလာ ကိုယ်က စောင့်မယ်လို့ ဆုံးဖြတ်ထားပြီးသားလေ

လိုအပ်တာတွေ အားလုံးနေခင်းထဲကမှာထားပြီးသား ကားပေါ်မှာလည်း တခါတည်း ပါလာပြီးသားမို့ အိမ်မှာ လိုအပ်သလို ပြင်ဆင်ထားပြီး ရိပေါ်ကို စောင့်နေလိုက်ပါတယ် ဒီနေ့က ရိပေါ်ကို လက်ထက်ခွင့်တစ်ခါတောင်းမယ်လို့ စိတ်ကူးထားလို့ ကိုယ်တိုင် ဒီဇိုင်းထုတ်ပြီး အပ်ထားတဲ့ လက်စွပ်လေး ၂ကွင်းလဲပါတယ် ဒါလွန်ခဲ့တဲ့ ၂နှစ်ကျော်က အပ်ထားတဲ့ လက်စွပ်လေးဆိုတာကို ရိပေါ် လက်ခံပြီးတဲ့အခါမှ ပြောပြမယ် ကိုယ့်အစီအစဉ်နဲ့ ကိုယ်ကတော့ ဟုတ်နေတာပဲ

ရိပေါ်ကတော့ ချက်ချင်းလာနိုင်မှာ မဟုတ်ဘူးလေ အစီအစဉ်မပြီးရင် ထွက်လို့ရမှာမဟုတ်ဘူး ပြီးရင်လာသင့်မလာသင့် ကိုယ်တော်ချောက စဉ်းစားဦးမှာဆိုတော့ အချိန်က တော်တော်လေးရတာမို့ အကြောအချဉ်ပြေအောင် ရေနွေးနဲ့ရေစိမ် ရေချိုးပြီး အဝတ်အစား လှဲထားလိုက်တာပါ အဝတ်အစားတောင် အလွယ်တကူ ချွတ်လို့လွယ်မယ့်ဟာမျိုး သေချာရွေးထားပြီးသား ရိပေါ် စျေးဗန်း မမှောက်ပစ်ဖို့ပဲလိုတယ်

ည- ၁၂ နာရီ ,
ဖုန်းခဏဖွင့်ပြီး ရိဖိန်းဆီ ဖုန်းဆက်ကြည့်လိုက်တယ် အခုလေးတင် Staff Party ပြီးတယ်ပြောတယ် ရိပေါ်ကတော့ CEOတို့ BOD Memberတွေနဲ့ နှုတ်ဆက်နေကြတယ်လို့ ပြောတယ် သိချင်တာ သိရတာနဲ့ ဖုန်းပြန်ပိတ်ထားလိုက်ပါတယ် ဒါဆိုသူလာမယ်ဆိုရင် နောက် တစ်နာရီလောက်ဆို ရောက်နိုင်ပါတယ်

ဝိုင်ပုလင်းလေးဖွင့်ပြီး နည်းနည်းပါးပါးသောက်ရင်းနဲ့ တီဗွီကြည့်ရင်း စောင့်နေလိုက်ပါတယ် ကော်ဖီလည်း နှပ်ထားပေးတယ် ရိပေါ်က ညဆိုရင် နှပ်ကော်ဖီမွှေးမွှေးလေး သောက်ရတာကြိုက်တယ် သူလာရင် အဆင်သင့်ဖြစ်အောင် သေချာနှပ်ထားပေးတယ် ကော်ဖီနှပ်ထားတုန်း တံခါးဖွင့်သံကြားလိုက်တာမို့ ကျေနပ်တဲ့အပြုံးလေး ပြုံးပြီး ဆီးကြိုလိုက်ပါတယ်

ရှောင်းကျန့်ကို တွေ့တာနဲ့ ရိပေါ်က

"ကျန့်ကော ကျွန်တော်တကယ်တောင်းပန်ပါတယ် ကော စောင့်နေတယ်ဆိုတာ မသိခဲ့ဘူး"

"ဟုတ်တယ် ငါမင်းကို စောင့်နေခဲ့တာ"

"ချန်ချန် နဲ့လက်ထပ်ပြီးတာတောင် ဘာလို့ ကျွန်တော့်ကို စောင့်နေတာလဲ ချန်ချန့်ကို အားမနာဘူးလား ဘာလဲ ကောရဲ့ လှေနံနှစ်ဖက်နင်းတဲ့ အကျင့် မပျောက်သေးတာလား အခုလည်း လုပ်ချင်ရာတွေလုပ် ပြောချင်ရာတွေပြောပြီး မအိပ်ဘဲစောင့်နေမှာစိုးလို့ ကျွန်တော်လာခဲ့လိုက် တာ ဘာသဘောမှ မဟုတ်ဘူးနော် ကော "

WTF ရိပေါ်စကားကြောင့် တော်တော်ရင်ခံသွားမိပါတယ် သူ့အတွက် ပြင်ဆင်ထားတဲ့စိတ်တွေတောင် ဘယ်ရောက်သွားမှန်း မသိတော့ဘူး

"ရိပေါ် တော်သင့်ပြီ အတိတ်ကအကြောင်း ဘာမှပြန်မပြောနေရအောင် အားလုံးကို ပြည်ဖုံးကား ချပြီး အသစ်ကို ပြန်စကြရအောင် အဲဒါ အကောင်းဆုံးဖြစ်မယ်"

"ကျန့်ကောက ဘာကို ပြန်စချင်တာတုန်း"

"ရိပေါ် ငါ့ကို လက်ထပ်ပါ ငါတို့အစကနေ ပြန်စရအောင် ငါဒီနေ့မင်းကို စောင့်နေတာ အခုမင်း ၂၅နှစ်လည်း ပြည့်ပြီ ငါလည်း လူလွတ်ပဲ Neverလေးရှိပေမယ့် ငါတို့အတူတူ ပျိုးထောင်လို့ရတယ် ငါတို့ ဘဝအသစ် အတူတူ ပြန်စကြရအောင်"

"မဖြစ်နိုင်ဘူးကော ကျွန်တော်ကောကို လက်မထပ်နိုင်ဘူး"

"ရိပေါ် ...ငါသိတယ် မင်းငါ့အပေါ် အရင်လို ချစ်နေသေးတုန်းဆိုတာ ငါသိတယ် ဘာကြောင့်လဲ ငါ့ကို လက်မခံနိုင်တာ ဘာကြောင့်လဲ"

"ကော Neverလေးကို ထည့်မတွက်ဘူးလား သူက ကျွန်တော့်ကို သူ့Daddyဖြစ်စေချင်မှာ မဟုတ်ဘူး ကျွန်တော် ငယ်ငယ်ကလည်း ကျွန်တော့် ပါးပါးကလွဲရင် ဘယ်သူ့ကိုမှ အဖေမတော်ချင်ခဲ့ဘူး မားနား ချဉ်းကပ်လာသမျှသူအားလုံးကိုကျွန်တော့်ဘဝထဲကမားကိုဆွဲထုတ်မယ့် သူလို့ပဲ မြင်ခဲ့တာ Neverလေး အဲဒီလိုပဲနေမှာ"

"မတူဘူး ရိပေါ် မင်းနဲ့ Neverအခြေအနေက လုံးဝမတူဘူး သူကမင်းကို အရမ်းသဘောကျတာ မင်းလည်းသိပါတယ်"

"ဒါပေမယ့် အဲဒါ အဖေတစ်ယောက်အနေနဲ့ သဘောကျတာမျိုး မဟုတ်ခဲ့ဘူးလေ"

"မင်းက အရွယ်ရောက်နေတော့ မင်းကကြီးနေပြီဆိုတော့ မင်းမားမားနား ကပ်လာတဲ့လူတွေကို မင်းအဖေမဟုတ်လို့ မလိုချင်ခဲ့တာလေ အခု Neverလေးက အရမ်းငယ်သေးတယ် သူက ဘာမှနားမလည်သေးဘူး ငါတို့ လက်ထပ်လိုက်ရင် မင်းက သူ့ Daddyဖြစ်သွားမှာ သူကြီးလာရင် မင်းကို သူ့Daddy လို့ပဲ သူသိသွားမှာလေ"

"ကော ဒီစကားက အရမ်းလွန်သွားပြီလို့ မထင်ဘူးလား ဘာမှမသိသေးတဲ့ ကလေးကို ငါလုပ်ချင်တာလုပ်ထားတာ မင်းလက်ခံလိုက်လို့ ပြောတာနဲ့ အတူတူ သူမသိလည်း ကော သိတယ်လေ ကလေးကို မသနားဘူးလား ကော"

"မင်းကရော ငါ့ကို မသနားဘူးလား ငါမင်းကို စောင့်နေတာ ၂နှစ်ကျော်ပြီ ငါသေလောက်အောင် ရောဂါဝေဒနာ ခံစားရတာတောင် မင်းကို မ မုန်း ရက်ခဲ့ဘူး ငါ့ကြောင့် မင်းဝါသနာတွေ စွန့်လွှတ်လိုက်ရလို့ ငါ လုပ်ရပ်တွေအတွက် ငါနောင်တနဲ့ ရှင်သန်နေရတာ တစ်နှစ်ကျော်တယ် မင်းငါ့ကို ရော မသနားဘူးလား"

" ကော အဲဒါတွေက အခုချိန် အရေးမကြီးတော့ဘူးလေ အတိတ်ကို ပြန်မသွားဘူးဆို အခု ကောက Neverလေးရဲ့ ပါးပါး ဖြစ်နေပြီ Neverလေးကိုပဲ ကော ရှေ့တန်းတင်သင့်တယ် စိတ်အလိုလိုက်ရမယ့် အသက်အရွယ်လည်း မဟုတ်တော့ဘူးလေ ကောရယ်"

"မပြောနဲ့ မင်းဘာမှမသိဘဲ မပြောနဲ့ ငါမေးတာပဲဖြေ"

" မင်း Neverလေးကို ချစ်လား မချစ်ဘူးလား"

"ချစ်တယ် ချစ်ပါတယ် ကျွန်တော်Neverလေးကို ချစ်ပါတယ်"

"ဒါဆို ငါ့ကိုရော မင်းချစ်လား မချစ်ဘူးလား"

"ကျွန်တော် အရင်တုန်းက ကောကို ချစ်ခဲ့ပါတယ်"

"ငါမေးနေတာ အခုလက်ရှိအချိန်ကို မေးတာ ဖြေ မင်းညာမပြောတတ်ဘူးဆိုတာ ငါသိတယ်"

"ကျွန်တော် အဲဒီမေးခွန်းကို မဖြေဘူးကော"

"ကောင်းပြီ သေချာစဉ်းစားပြီးဖြေနော် တစ်ချို့လူတွေက ချစ်စရာကောင်းတဲ့ ကလေးလေးတွေ့ရင် ငါ့သားလေး ဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ ငါ့သမီးလိုဖြစ်ရင်ကောင်းမယ်ဆိုပြီး လူတွေက စဉ်းစားတတ်တယ် မင်းရော Neverလေးသာ ငါ့သားလေး ဆိုပြီး လက်ခံချင်စိတ်လေး Neverလေးရဲ့ Daddyဖြစ်ချင်စိတ်မရှိဘူးလား မင်းသေချာဖြေ"

"ကျွန်တော် Neverလေးကို ချစ်တယ် ဒါပေမယ့် ကျွန်တော် Neverလေးရဲ့ Daddyဖြစ်ချင်စိတ်မရှိဘူး"

"ဝမ်ရိပေါ်"

ရိပေါ်ရဲ့ စကားအဆုံး ရှောင်းကျန့် သူ့နာမည်ကို အကျယ်ကြီးအော်ခေါ်ပစ်ပြီး ငိုချလိုက်ပါတယ်
အရမ်းကို ငိုနေတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်လည်း ဘာလုပ်ရမှန်းမသိပါဘူး ရိပေါ်ရှေ့တစ်လှမ်းတိုးလိုက်တော့လည်း ငိုနေရင်းနဲ့

"မလာခဲ့နဲ့ ငါ့ကို ထွေးပွေ့ဖို့ ယောင်လို့တောင် အနားမလာခဲ့နဲ့  ငါ Neverလေးကို လူတွေလက်မခံမှာ အရမ်းကို စိုးရိမ်ခဲ့ရတာ သူ့မှာအမေမရှိတာအပြင် စောမွေးတာမှ အရမ်းကို စောမွေးခဲ့တာမို့ အသက်ရှင်ဖို့ လမ်းစလေးက သိပ်နည်းနေခဲ့တာမို့ ငါက သူ့ကို သိပ်သနားခဲ့ရတာ ငါသေချင်နေလောက်တဲ့အချိန် သူကရှင်သန်ဖို့ ကြိုးစားနေတဲ့ ပိစိလေးမို့ ဒီကလေး သေးသေးလေး ပိစိလေးတောင် ရှင်သန်ဖို့ ကြိုးစားနိုင်ရင် ငါဘာလို့ မကြိုးစားနိုင်ရမှာလဲဆိုပြီး ငါဆက်ပြီးရပ်တည်နိုင်ခဲ့တာ သူက ငါ့အတွက် လမ်းပြကြယ်လေးတစ်လုံးပဲ 

သူ့ကို ဘယ်သူ့မှ လက်မခံခဲ့ရင်တောင် မင်းကတော့ လက်ခံလိမ့်မယ်လို့ ငါအများကြီး မျှော်လင့်ခဲ့တာ အခုမင်းက လုပ်ရက်လိုက်တာ ရိပေါ် ရယ် မင်းကိုငါ ဘာပြောရမှန်းတောင် မသိတော့ဘူး ပြန်တော့ အခုချက်ချင်းပြန်တော့ ရိပေါ် .......Neverလေးကို လက်မခံတဲ့ ဘယ်သူ့ကိုမဆို ငါ မမြင်ချင်တော့ဘူး အလုပ်လည်း ငါတစ်ခါတည်းထွက်တယ် မင်းသွားတော့ ငါတို့တွေ ဘယ်တော့မှ  ထပ်မတွေ့ကြရအောင် ငါကတော့ မင်းလိုမဟုတ်ဘူး မပြောမဆိုနဲ့ ငါ့ဘဝထဲကနေ ခွင့်ပြုချက်မတောင်းဘဲ နှုတ်ဆက်ခွင့်တောင် မပေးဘဲ မင်းထွက် သွားခဲ့တာ ငါကတော့ မင်းကို အပြီးတိုင် နှုတ်ဆက်ခဲ့တယ် သွားတော့ ငါသေရင်တောင် ငါ့နာရေးတောင် မလာခဲ့နဲ့တော့"

"ကျန့်ကော ဘာလို့ သေစကားတွေပြောနေတာလဲ မသွားဘူး လုံးဝမသွားဘူး"

"မင်းက ဘာဖြစ်ချင်နေတာလဲ"

"ကျွန်တော် Neverလေးကို လက်မခံဘူးပြောနေလို့လား Neverလေးကို မချစ်ဘူးပြောနေလို့လား Neverလေးကို တစ်သက်လုံးလည်း စောင့်ရှောက်နိုင်ပါတယ် တစ်သက်လုံးလဲ ချစ်နိုင်ပါတယ် ဒါပေမယ့် Neverလေးရဲ့ ကိုယ်ပိုင် ဆန္ဒက ကျွန်တော့်ကို သူ့Daddyအဖြစ် လက်ခံနိုင်လား လက်မခံနိုင်ဘူးလား မသိသေးတဲ့အချိန်မှာ သူ့ဘဝထဲက ကောကို ဆွဲထုတ်သလို ဖြစ်နေမှာ ကျွန်တော်သိပ်ကြောက်တာ ကျွန်တော်က သူ့ကို လက်ခံတာထပ်ပိုပါတယ်ကောရယ် ကျွန်တော်က....ကျွန်တော်က သူ့Daddyဆိုတဲ့ဘဝကို သူ့ခွင့်ပြုချက် မရဘဲ သူ့Daddyမလုပ်ချင်ခဲ့တာပါ ကော ဘာသာ ကော တွေးချင်ရာတွေးပြီး ဘာလို့ သေစကားပြောတာလဲ"

ရိပေါ်စကားကြောင့် အစတုန်းက တွေးချင်ရာတွေးပြီး ငိုနေတဲ့ ရှောင်းကျန့်  ရိပေါ်က သူ့ကို ဘာကြောင့်လက်မထပ်နိုင်ဘူးလို့ ပြောတာလည်း သဘောပေါက်သွားပါတယ် သူ့ဘဝနဲ့ သူက ယှဉ်ကြည့်စဉ်းစားကြည့်ပြီး Neverလေးအတွက်ပဲ ကြည့်နေတာကိုး ငါ့အတွက်မကြည့်တဲ့မင်း သေဖို့သာပြင်လို့တွေးလိုက်မိပြီး ရုတ်တရက် ခေါင်းထဲကို ဇာတ်ညွှန်းလေးတစ်ခု ဖျတ်ခနဲ ပေါ်လာတာမို့ မျက်ရည်တွေအားလုံးသုတ်ပြီး သေဖို့ပဲ စဉ်းစားထားတဲ့လူလို

"သေလည်း မင်းအပူမပါဘူး Neverလေးကို လက်ခံတယ်ဆိုလည်း ပြီးတာပဲ ငါသေရင် မင်းNeverလေးကို ဆက်စောင့်ရှောက်လိုက် ငါသေတမ်းစာ မှာထည့်ရေးခဲ့ပေးမယ်"

"ကျန့်ကော"

"ဘာတွေလာအော်နေတာလဲ မင်းပြန်တော့ ငါနဲ့မင်းနဲ့ ဘာမှမဆိုင်ဘူး ပြန်တော့ ဆက်ပြောစရာ စကားငါ့မှာမကျန်တော့ဘူး ပြန်တော့ မင်းစိတ်ထဲမှာ Neverလေးပဲရှိတာမလား ငါထိခိုက်မှာ ငါနစ်နာမှာ မင်းမစိုးရိမ်ဘူးမလား Neverလေးကိုကျတော့ ချစ်တယ်ပြောပြီး ငါ့ကို ချစ်တယ်လို့ မပြောနိုင်ဘူးမလား ပြန်တော့ ငါလည်း မင်းဆီက ချစ်စကားလဲ မကြားချင်တော့ဘူး ကြားဖို့ရာလည်း ငါ့အတွက် မလိုအပ်တော့ဘူး ဘာမှ မလိုအပ်တော့ဘူး ပြန်တော့....."

"ပြောနိုင်တယ် ပြောနိုင်တယ် ကျွန်တော် ကောကို ချစ်တယ် အရမ်းချစ်တာပါ ကောကို လက်မထပ်ဘူးလို့ပြောတာကလည်း Neverလေး နစ်နာမှာစိုးလို့ပါ Neverလေးကို ချစ်တာထက် ကောကို ပိုချစ်တာပါ အရင်ကနေ ခုချိန်ထိ ကောတစ်ယောက်တည်းကိုချစ်တာပါ ကျန်တာတွေ ဖြည်းဖြည်းချင်းစီ စဉ်းစားရင်း ဖြည်းဖြည်းချင်းစီဖြေရှင်းရအောင်ပါနော် သေဆိုတဲ့ စကားမပြောပါနဲ့ ကျွန်တော် မခံစားနိုင်လို့ပါ"

ပြောရင်းနဲ့ အသံဖြည်းဖြည်းချင်းစီ တိမ်ဝင်သွားတဲ့ ရိပေါ်ကြောင့် စိတ်မကောင်းဖြစ်သွားပေမယ့် ငါ့ကိုအရင် စိတ်မကောင်းအောင် မင်းက လာလုပ်တာကိုး ချစ်ရင် ချစ်တယ်ပြောလိုက်တော့ ဘာဖြစ်မှာကျလို့ ဘာတွေတွေးနေမှန်းမသိဘူး

"ကောင်းပြီလေ ငါမေးခွန်းပြန်မေးမယ် မင်း Neverလေးကို ချစ်လား"

"ချစ်ပါတယ် ကျွန်တော် Neverလေးကို ချစ်ပါတယ်"

"ငါ့ကိုရော Neverလေးရဲ့ အဖေဖြစ်တဲ့ငါ့ကို Neverအဖေအနေနဲ့ ချစ်တာလား ဒီအတိုင်း ရှောင်းကျန့်ဆိုတဲ့ လူသားအနေနဲ့ချစ်တာလား"

"ကျန့်ကောကို အရင်ကတည်းကချစ်တာပါ ဘာဖြစ်ဖြစ်ချစ်ပါတယ် ချန်ချန့် ယောက်ျားဖြစ်သွားလည်းချစ်တယ် အခုNeverလေးရဲ့ ပါးပါးဖြစ်နေလည်း ချစ်ပါတယ်"

အရေးထဲ ချန်ချန်က ပါလာပြန်ပြီ မင်းကတော့လည်း ချန်ချန်ဆိုတာ တကယ်ရှိရင် ငါချန်ချန့်တောင် သဝန်တိုလာပြီ မင်းကအခုထိ ချန်ချန် နေတုန်းမိုလို့လေ

"ကောင်းပြီ နောက်ဆုံးမေးခွန်း မင်း Neverလေးရဲ့ Daddyလုပ်မှာလား မလုပ်ဘူးလား"

"ကျွန်တော် မညာချင်ဘူး ကျွန်တော် Neverလေး မသိပေမယ့် သူ့ကို ကျွန်တော်ကတိပေးထားမိတယ် Neverလေးရဲ့​Daddy မလုပ်ဘူးလို့လေ သူ့ခွင့်ပြုချက်မရဘဲနဲ့ သူ့ Daddy မလုပ်ချင်ဘူး"

"ရတယ် ကိစ္စမရှိဘူးရတယ် သူ့ Daddy မလုပ်ချင်ရင် သူ့ Mommy လုပ်ကွာ"

စကားအဆုံး ရှောင်းကျန့်ရိပေါ်ကို ခုန်အုပ်လိုက်ပါတော့တယ် မင်းငါ့လက်က လွတ်ဖို့ မစဉ်းစားနဲ့တော့ရိပေါ် ငါမင်းကို ဘယ်လိုပဲဖြစ်ဖြစ် လွတ်ပေးတော့မှာ မဟုတ်ဘူး..............................

Continue Reading

You'll Also Like

2.2K 119 33
အိမ်မတ်အရှည်ကြီးတွေမတ်ရင်းနဲ့ ချစ်တက်သွားတာမျိုး မင်းတို့ကြုံဖူးလား....
665K 33.6K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
37.3K 841 22
They're in third year when the Dekusquad made a bet. Todoroki had to pretend to love Katsuki, but what happens when trust and hearts are broken. The...
1.3M 58.8K 105
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC