Unicode
"တီ .... !!"
ဟွန်းရှည်ဆွဲပြီးလိုက်လာတဲ့ အနောက်က ကားကို Back မှန်က တဆင့် ထယ်ယောင်းကြည့်ပြီး စိတ်ပျက်သွားသည်။
မဲနက်နေတဲ့ပြိုင်ကားတစ်စီးက မရပ်မချင်း အနောက်က လိုက်နေမယ့်ပုံ။
"ကင်မ်ထယ် .. ကျွန်တော် တိုက်ပစ်လိုက်မှ ရပ်မှာလား"
ဘေးကနေ လိုက်ယှဉ်ပြီး စကားလိုက်ပြောနေတဲ့သူက ထယ်ယောင်း အမုန်းဆုံးသော သူ။
"ကျစ် .. ချီးပဲ"
တုံ့ခနဲ ထိုးရပ်ပေးလိုက်တော့ သူပါ ကားရှေ့မှာ ပိတ်ရပ်ပြီး ဆင်းကာ ထယ်ယောင်းကားစီသို့ လျှောက်လာသည်။
"အဟက် .. လိမ္မာရဲ့သားနဲ့"
ကားတံခါးဘောင်ကနေ လက်ထောက်လျက် ကားထဲက ထယ်ယောင်းရဲ့ဆံပင်ကို လာဖွတဲ့သူ့လက်တွေကို ခပ်ပြင်းပြင်း ပုတ်ထုတ်လိုက်သည်။
"ကျွတ်စ် .. ပြောစရာရှိတာပြော"
သူက ဂျစ်ကန်ကန်စတိုင်လ်ဖြင့် ခေါင်းစောင်းကာ လူကို ပြန်ကြည့်သည်။
"ကားပေါ်ကဆင်းလေကွာ .. မာနကြီးလိုက်တာ"
"မင်းနဲ့ငါက စကားအတူရပ်ပြောရလောက်တဲ့ဆက်ဆံရေးမျိုး မဟုတ်ဘူး .. မင်းပြောစရာရှိတာပြောပြီး ဖယ်ပေးတော့"
ဒေါသကြောင့် ထယ်ယောင်း အသံတွေပါ တုန်နေသည်။
"အဟား .. စိတ်ဆိုးတာလား ချစ်ဖို့ကောင်းသားပဲ"
ပြီတီတီမျက်နှာပေးနဲ့ ပြောတဲ့ သူ့မျက်နှာဟာ ဖြတ်ရိုက်ပစ်လိုက်ချင်စရာ။
"မပြောဘူးဆိုရင် ဖယ်တော့"
သူက ထယ်ယောင်းစကားကို လုံးဝ ဂရုမစိုက်ပဲ ကားတံခါးကို ဆွဲဖွင့်ပစ်လိုက်ပြီး ထယ်ယောင်းလက်ကနေ ဆွဲခေါ်ထုတ်သည်။
"ဘာလုပ်တာလဲ .. ငါ့အသားကို မထိနဲ့"
"အော်ဟော် .. နောက်လဲ ထိရမယ့်လူတွေပဲကို"
"ဂျွန်ဂျောင်ဂု .. မင်း သိပ်ရိုင်းပါလား"
"ကျွန်တော့်ဘဝမှာတော့ ဒါအယဉ်ကျေးဆုံးပဲ"
သူက ထယ်ယောင်းကို ခွန်းတုံ့ပြန်ပြီးနောက် ထယ်ယောင်းကားထဲ ဇိုးဇိုးဇတ်ဇတ်ဝင်ထိုင်သည်။
"မင်း .. ဒါဘာလုပ်တာလဲ .. ဆင်း .. ငါ့ကားပေါ်က"
သူက မမှုပါ ... သူ့ကားသော့ကို ထယ်ယောင်းစီ ပစ်ပေးကာဖြင့်
"ကားလဲစီးမယ် .. မနက်ဖြန် စကိတ်ကွင်းကို ပြန်ယူလာခဲ့"
"အဓိပ္ပာယ်မရှိတာ .. ငါ့ကားကိုသာ ပြန်ပေး"
"အပေါစားကို ဘာမက်နေတာလဲ .. ကျွန်တော့်ကားက မင်းရဲ့ကားထက် ဆယ်ဆတန်တယ်"
"ငါ့ကို "မင်း" လို့ မခေါ်ဖို့ ပြောပြီးပြီနော်"
"ကျွန်တော့်ကိုလဲ "ဂျွန်ဂျောင်ဂု"လို့ မခေါ်ဖို့ ပြောပြီးပြီနော် .. သင်ပေးထားတယ်လေ .. "Jeony" .. "your little jeony" ပါဆိုကွာ .. အဟင်း"
သူ့ကြောင့် ထယ်ယောင်း အတန်းလဲမမှီတော့သလို စိတ်ညစ်လွန်းလှစွာ လမ်းပလက်ဖောင်းပေါ်မှာ ထိုင်ချပစ်လိုက်သည်။
ထယ်ယောင်းရဲ့ပုံကို သူက ကားပေါ်ကနေ စိမ်ပြေနပြေ ပြုံးပြီး ကြည့်ကာဖြင့်
"ငိုတော့မလို့လား .. ငိုလေ ချော့ချင်တယ်"
"မင်းဘာကြောင့် ငါ့ကို အဲ့လောက်ထိ စိတ်ဒုက္ခပေးနေရတာလဲ .. ငါမင်းကို ဘာများ လုပ်မိလို့လဲ .. ငါ့မှာ ဘာအပြစ်ရှိလို့လဲ"
သေချင်လောက်အောင်ကို စိတ်ပျက်မိစွာ မေးလိုက်တော့ သူက အပြုံးကြီးပြုံးသည်။
"ကျွန်တော့်ကို ပြန်မကြိုက်တဲ့အပြစ်"
"လဲသေလိုက် ဂျွန်ဂျောင်ဂု .. မင်းလိုကောင်ကို စိတ်ကူးထဲတောင် မထည့်ဘူး .. ရွံလွန်းလို့"
ပစ်နှစ်နေအောင်ပြောလိုက်ပေမယ့် အကြောခပ်တင်းတင်း သူက မျက်နှာတချက်မပျက်။
"အေးပေါ့ .. မင်းရဲ့ ဆရာဝန်လောင်း ဆိုတဲ့ကောင်နဲ့တော့ ကွာတာပေါ့လေ ဟုတ်ရဲ့လား"
"မင်း စကားကို ကြည့်ပြောနော်"
"ကြည့်ပြောနေတာပဲလေ"
ကပ်သတ်ပြီးပြောနေတဲ့ သူ့ကို ထယ်ယောင်း ဆက်မပြောချင်တော့လို့ စိတ်ကို လျှော့ချပြီး သူပြောတဲ့အတိုင်း လုပ်ဖို့သာ တွေးလိုက်ပြီး သူ့ကားဆီသွားရန် ခြေလှမ်းပြင်တော့
"နေဦး .. ခဏ"
သူ့ကို လည်ပြန် လှည့်ကြည့်လိုက်တော့
"မနက်ဖြန်ချိန်းတဲ့နေရာကိုလာ .. ပြီးတော့ မင်းရည်းစားကို ဖြတ်ခဲ့ .. မဟုတ်ရင် ကျွန်တော် ဖြတ်ပေးရလိမ့်မယ် .. သွားပြီ တာ့တာပဲ"
မျက်လုံးတစ်ဖက်မှိတ်ပြပြီး ဝူးခနဲ မောင်းထွက်သွားတဲ့ သူ့ကို လိုက်ကြည့်ရင်း ထယ်ယောင်း နှုတ်ခမ်းကို ပြတ်ထွက်လုမတတ်ကိုက်ထားမိသည်။
"တောက် .. ဂျွန်ဂျောင်ဂု .. ဆိုက်ကိုကောင်"
17 Sếp 2022
22:59 PM
Zaw Gyi Code
"တီ .... !!"
ဟြန္းရွည္ဆြဲၿပီးလိုက္လာတဲ့ အေနာက္က ကားကို Back မွန္က တဆင့္ ထယ္ေယာင္းၾကည့္ၿပီး စိတ္ပ်က္သြားသည္။
မဲနက္ေနတဲ့ၿပိဳင္ကားတစ္စီးက မရပ္မခ်င္း အေနာက္က လိုက္ေနမယ့္ပုံ။
"ကင္မ္ထယ္ .. ကြၽန္ေတာ္ တိုက္ပစ္လိုက္မွ ရပ္မွာလား"
ေဘးကေန လိုက္ယွဥ္ၿပီး စကားလိုက္ေျပာေနတဲ့သူက ထယ္ေယာင္း အမုန္းဆုံးေသာ သူ။
"က်စ္ .. ခ်ီးပဲ"
တုံ႔ခနဲ ထိုးရပ္ေပးလိုက္ေတာ့ သူပါ ကားေရွ႕မွာ ပိတ္ရပ္ၿပီး ဆင္းကာ ထယ္ေယာင္းကားစီသို႔ ေလွ်ာက္လာသည္။
"အဟက္ .. လိမၼာရဲ႕သားနဲ႔"
ကားတံခါးေဘာင္ကေန လက္ေထာက္လ်က္ ကားထဲက ထယ္ေယာင္းရဲ႕ဆံပင္ကို လာဖြတဲ့သူ႔လက္ေတြကို ခပ္ျပင္းျပင္း ပုတ္ထုတ္လိုက္သည္။
"ကြၽတ္စ္ .. ေျပာစရာရွိတာေျပာ"
သူက ဂ်စ္ကန္ကန္စတိုင္လ္ျဖင့္ ေခါင္းေစာင္းကာ လူကို ျပန္ၾကည့္သည္။
"ကားေပၚကဆင္းေလကြာ .. မာနႀကီးလိုက္တာ"
"မင္းနဲ႔ငါက စကားအတူရပ္ေျပာရေလာက္တဲ့ဆက္ဆံေရးမ်ိဳး မဟုတ္ဘူး .. မင္းေျပာစရာရွိတာေျပာၿပီး ဖယ္ေပးေတာ့"
ေဒါသေၾကာင့္ ထယ္ေယာင္း အသံေတြပါ တုန္ေနသည္။
"အဟား .. စိတ္ဆိုးတာလား ခ်စ္ဖို႔ေကာင္းသားပဲ"
ၿပီတီတီမ်က္ႏွာေပးနဲ႔ ေျပာတဲ့ သူ႔မ်က္ႏွာဟာ ျဖတ္႐ိုက္ပစ္လိုက္ခ်င္စရာ။
"မေျပာဘူးဆိုရင္ ဖယ္ေတာ့"
သူက ထယ္ေယာင္းစကားကို လုံးဝ ဂ႐ုမစိုက္ပဲ ကားတံခါးကို ဆြဲဖြင့္ပစ္လိုက္ၿပီး ထယ္ေယာင္းလက္ကေန ဆြဲေခၚထုတ္သည္။
"ဘာလုပ္တာလဲ .. ငါ့အသားကို မထိနဲ႔"
"ေအာ္ေဟာ္ .. ေနာက္လဲ ထိရမယ့္လူေတြပဲကို"
"ဂြၽန္ေဂ်ာင္ဂု .. မင္း သိပ္႐ိုင္းပါလား"
"ကြၽန္ေတာ့္ဘဝမွာေတာ့ ဒါအယဥ္ေက်းဆုံးပဲ"
သူက ထယ္ေယာင္းကို ခြန္းတုံ႔ျပန္ၿပီးေနာက္ ထယ္ေယာင္းကားထဲ ဇိုးဇိုးဇတ္ဇတ္ဝင္ထိုင္သည္။
"မင္း .. ဒါဘာလုပ္တာလဲ ဆင္း ငါ့ကားေပၚက"
သူက မမူပါ ... သူ႔ကားေသာ့ကို ထယ္ေယာင္းစီ ပစ္ေပးကာျဖင့္
"ကားလဲစီးမယ္ .. မနက္ျဖန္ စကိတ္ကြင္းကို ျပန္ယူလာခဲ့"
"အဓိပၸာယ္မရွိတာ .. ငါ့ကားကိုသာ ျပန္ေပး"
"အေပါစားကို ဘာမက္ေနတာလဲ .. ကြၽန္ေတာ့္ကားက မင္းရဲ႕ကားထက္ ဆယ္ဆတန္တယ္"
"ငါ့ကို "မင္း" လို႔ မေခၚဖို႔ ေျပာၿပီးၿပီေနာ္"
"ကြၽန္ေတာ့္ကိုလဲ "ဂြၽန္ေဂ်ာင္ဂု"လို႔ မေခၚဖို႔ ေျပာၿပီးၿပီေနာ္ .. သင္ေပးထားတယ္ေလ .. "Jeony" .. "your little jeony" ပါဆိုကြာ .. အဟင္း"
သူ႔ေၾကာင့္ ထယ္ေယာင္း အတန္းလဲမမွီေတာ့သလို စိတ္ညစ္လြန္းလွစြာ လမ္းပလက္ေဖာင္းေပၚမွာ ထိုင္ခ်ပစ္လိုက္သည္။
ထယ္ေယာင္းရဲ႕ပုံကို သူက ကားေပၚကေန စိမ္ေျပနေျပ ၿပဳံးၿပီး ၾကည့္ကာျဖင့္
"ငိုေတာ့မလို႔လား .. ငိုေလ ေခ်ာ့ခ်င္တယ္"
"မင္းဘာေၾကာင့္ ငါ့ကို အဲ့ေလာက္ထိ စိတ္ဒုကၡေပးေနရတာလဲ .. ငါမင္းကို ဘာမ်ား လုပ္မိလို႔လဲ .. ငါ့မွာ ဘာအျပစ္ရွိလို႔လဲ"
ေသခ်င္ေလာက္ေအာင္ကို စိတ္ပ်က္မိစြာ ေမးလိုက္ေတာ့ သူက အၿပဳံးႀကီးၿပဳံးသည္။
"ကြၽန္ေတာ့္ကို ျပန္မႀကိဳက္တဲ့အျပစ္"
"လဲေသလိုက္ ဂြၽန္ေဂ်ာင္ဂု .. မင္းလိုေကာင္ကို စိတ္ကူးထဲေတာင္ မထည့္ဘူး .. ႐ြံလြန္းလို႔"
ပစ္ႏွစ္ေနေအာင္ေျပာလိုက္ေပမယ့္ အေၾကာခပ္တင္းတင္း သူက မ်က္ႏွာတခ်က္မပ်က္။
"ေအးေပါ့ .. မင္းရဲ႕ ဆရာဝန္ေလာင္း ဆိုတဲ့ေကာင္နဲ႔ေတာ့ ကြာတာေပါ့ေလ ဟုတ္ရဲ႕လား"
"မင္း စကားကို ၾကည့္ေျပာေနာ္"
"ၾကည့္ေျပာေနတာပဲေလ"
ကပ္သတ္ၿပီးေျပာေနတဲ့ သူ႔ကို ထယ္ေယာင္း ဆက္မေျပာခ်င္ေတာ့ဖို႔ စိတ္ကို ေလွ်ာ့ခ်ၿပီး သူေျပာတဲ့အတိုင္း လုပ္ဖို႔သာ ေတြးလိုက္ၿပီး သူ႔ကားဆီသြားရန္ ေျခလွမ္းျပင္ေတာ့
"ေနဦး .. ခဏ"
သူ႔ကို လည္ျပန္ လွည့္ၾကည့္လိုက္ေတာ့
"မနက္ျဖန္ခ်ိန္းတဲ့ေနရာကိုလာ .. ၿပီးေတာ့ မင္းရည္းစားကို ျဖတ္ခဲ့ .. မဟုတ္ရင္ ကြၽန္ေတာ္ ျဖတ္ေပးရလိမ့္မယ္ .. သြားၿပီ တာ့တာပဲ"
မ်က္လုံးတစ္ဖက္မွိတ္ျပၿပီး ဝူးခနဲ ေမာင္းထြက္သြားတဲ့ သူ႔ကို လိုက္ၾကည့္ရင္း ထယ္ေယာင္း ႏႈတ္ခမ္းကို ျပတ္ထြက္လုမတတ္ကိုက္ထားမိသည္။
"ဂြၽန္ေဂ်ာင္ဂု .. ဆိုက္ကိုေကာင္"
17 Sếp 2022
22:59 PM