Part 1

14.4K 1.4K 108
                                    

Unicode

"ဟား .. ကျစ် စိတ်ကုန်လိုက်တာ"

မနက်ဖြန် ဟိုကောင်ချိန်းတဲ့နေရာကိုသွားပြီး ကားသွားလဲရမှာကို တွေးမိတိုင်း ထယ်ယောင်း စိတ်ပျက်မိသည်။

ဒီကောင် .. ဒီဂျွန်ဂျောင်ဂုဆိုတဲ့ကောင်ကို လွန်ခဲ့တဲ့ ရှစ်နှစ် .. စတွေ့တည်းက မုန်းခဲ့ရတာ။

လွန်ခဲ့တဲ့ရှစ်နှစ် .. ထယ်ယောင်းတို့မိသားစု ဒယ်ဂူးကနေ ဆိုးလ်ကို ပြောင်းလာခဲ့တဲ့အချိန်။

အိမ်ပြောင်းပြီး နောက်တစ်နေ့မှာ အဲ့ဒီနတ်ဆိုးကောင်နဲ့ စတွေ့ခဲ့ပြီး တောက်လျှောက် နှောင့်ယှက်ခံခဲ့ရတာ။

"သား .. မေမေ ကျောင်းလိုက်ပို့ပေးမယ်လေ"

"ရတယ် ရတယ် .. ကိုယ့်ဟာကိုယ်ပဲသွားလိုက်မယ်"

ကျောင်းအသစ်မို့ မေမေက လိုက်ပို့ပေးမယ်ပြောပေမယ့် မေမေအလုပ်များနေတာသိတာမို့ ထယ်ယောင်း ကိုယ့်ဟာကိုယ်ပဲ ထွက်ခဲ့လိုက်သည်။

ခြံတံခါးဖွင့်ပြီး ထွက်လာကာ လမ်းလေးနည်းနည်းလျှောက်ရုံရှိသေး ဘေးခြံကျယ်ကြီးက ဒိုဘာမင်တစ်ကောင်ဟာ ကြိုးလွတ်လာပြီး ထယ်ယောင်းဆီ ဦးတည်ပြေးလာလေသည်။

အစွယ်ဖွေးဖွေးနဲ့ ဒေါသတကြီးပြေးထွက်လာတဲ့ ထိုခွေးကြောင့် ထယ်ယောင်းအလန့်တကြားနဲ့ ပြန်လှည့်ပြေးလေတော့ ထိုခွေးက အနောက်ကလိုက်လာသည်။

ကလေးသာသာပဲ ရှိသေးတဲ့ ထယ်ယောင်းမှာ ထိုခွေးလက်က လွတ်အောင်မပြေးနိုင်ပဲ ချော်လဲကျတဲ့အချိန်မှာတော့ ဒိုဘာမင်က လွှားခနဲ ခုန်အုပ်လာလျှင် ..

"Bam !! STOP !!"

ဒိုဘာမင်ချက်ချင်း ရပ်သွားသည်။ ထယ်ယောင်း အသံပိုင်ရှင်ကို ရှာကြည့်လိုက်တော့ ထယ်ယောင်းနဲ့ မလှမ်းမကန်း ကားပေါ်မှာ ပြုံးပြီးကြည့်နေတဲ့ ကောင်လေး။

ထိုကောင်လေးက ထယ်ယောင်းကိုပြုံးပြီး ကြည့်နေသည်။ သို့သော် သူပြုံးနေတဲ့ပုံက နွေးထွေးတဲ့အပြုံးမဟုတ်။

ထယ်ယောင်းကြောက်နေတဲ့ပုံကို အရသာခံပြီး ကြည့်နေတဲ့အပြုံးမျိုး။

Hurts Like HellOpowieści tętniące życiem. Odkryj je teraz