မင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ...
By Zphoowai
1.3M 59.1K 2.2K
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။ More
... Prolouge...
Character profile
Disclaimer
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
🍀
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
can't relate..
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၁၂)
30.9K 1.9K 76
By Zphoowai
{Unicode}
...ပျိုးငယ်... ငါ မင်းကို ...
သတ်ပစ်ချင်လာအောင်
မလုပ်နဲ့...။
***
မနက်ဖြန် တောင်းရမ်းရမည့်နေ့...။
ဒီနေ့မှာတော့ ကျွန်တော်တို့ တောင်းရမ်းဖို့ ကိစ္စကို စီစဥ်နေကြသည်။ အမေကတော့ အစကတည်းက လူမူရေးအပိုင်းနှင့် အတော်လေး ၀င်ဆံ့ခဲ့သည်မို့ အခုလို ပွဲမျိုးဆိုရင် ရှောက်လှိမ့်ပြီးမှတော့ ထုံးစံအတိုင်း သံပုရာလှိမ့်လာသည်။
အမေ့လူများနှင့် အဆင်ပြေနေသည်မို့ ကျွန်တော်ကတော့ လူရှုပ်တာ မကြိုက်သည်မို့ စက်ရုံထဲမှာပဲ ​ေ၀ကြီးတို့ဖြင့် ရှိနေမိသည်။ ​ေ၀ကြီးကတော့ အမေတို့နှင့်အတူ တလှုပ်လှုပ် ရှိနေသည့် ပျိုးငယ်ကို ပြုံးပြုံးကြီးကြည့်ကာ ကျွန်တော့်ကို ကြည့်လာပြန်သည်။
"အဟမ်း! အဦးတို့များ ကြိုက်လိုက်ရင် ဒိတ်ဆိုမှပဲနော်။ မင်း ဒီကို ပြန်လာတာမှ သိပ်မကြာသေးဘူး။ တွေ့ပြီးတာမှ မကျန်သေးဘူး... နှစ်လအတွင်း အပိုင် သိမ်းလိုက်တာပဲနော်။ ဘယ်လိုလဲ? မြန်မြန်ဖြေ ငဦး.. မင်း အဲ့ဒါလေးကို ကြည့်ကြည့်ပြီး အူယားနေတာမလား?"
​ေ၀ကြီးကတော့ ဒီနှစ်လအတွင်း ပျိုးငယ့်ကို တွေ့ပြီးသည်နှင့် သူ့ကို အတင်းမေးခဲ့တာမို့... သူကတော့ဖြင့် ကျွန်တော့်စိတ်ကို အသိရှိဆုံး ပုံစံမျိုးပင်။ ကျွန်တော်လည်း ပြုံးရုံသာ ပြုံးလိုက်ပြီး ကျွန်တော်နှင့်မနီးမ​ေ၀းမှာ သက်၀င်လှုပ်ရှားနေသည့် ကောင်းခြင်းငါးဖြာထက် ဘယ်လိုပြောရမလဲ ... ပြည့်စုံသည့် အဲ့ဒီအလှတရားကို ငေးကြည့်နေမိသည်။
"ဒါနဲ့... ငဦး... မင်းကို မေးစရာ ရှိတယ်..။ မင်း မှန်မှန်ဖြေနော်။"
"......."
ခေါင်းကိုသာ တစ်ချက် ညိမ့်ပြလိုက်ပြီး သူ့အမေးကို စောင့်နေမိသည်။ ထိုအချိန်မှာတော့ ​ေ၀ကြီးက...
"မင်း အဲ့ဒါလေးကို ဘယ်မှာတွေ့တာလဲ?...စတွေ့ တွေ့ချင်း ဆွဲလား ရမ်းလားတွေတော့ လုပ်တယ်မလား?"
​ေ၀ကြီး အမေးကြောင့် လူက တစ်ချက်ပြန်ပြုံးမိလိုက်ပြီး ထိုအရိပ်လေးကို တစ်ချက် ငေးကြည့်မိပြန်သည်။ ဟုတ်တယ်... မလွှတ်ချင် လွှတ်ချင်နဲ့ လွှတ်ပေးခဲ့တာ။ စိတ်အလိုအတိုင်းလည်း လုပ်ခဲ့သေးတာ။ သေးသေးလေးနဲ့ သူ့ခန္ဓာကိုယ်လေးက လက်တစ်ဖက်တည်းနဲ့ပင် ပျော်၀င်သွားတာမျိုး။
"... ဒီအတိုင်း စေ့စေ့ကြည့်ပြီး ပွေ့ခဲ့ရုံပဲ။ ဘာမှမလုပ်ပါဘူး..."
"သြော.. အေးအေး မုဒိမ်းတော့ တစ်ခါတည်းကျင့်ခဲ့တာ မဟုတ်ဘူး...။ အခုမှ တွေ့တဲ့ သူကို အဲ့ဒီလိုအပြုအမူက ... အလှည့်မသင့်ရင် တစ်ပြားလိုနေတယ် ထင်မယ် ငဦး...။ ဒါနဲ့ ဟိုကတော့ ဇွတ်အတင်း မင်းနဲ့နီးတဲ့ နေရာမှာ တစ်ခါမှ မတွေ့ဘူးနော်။ မင်း အတင်းခြိမ်းခြောက်ပြီး ယူထားတာ မလား? ဒါနဲ့.. အရေးကြီးတာက... သေချာတာကတော့ အဲ့ဒီဟာ လုပ်လို့ မရဘူးမလား?"
​ေ၀ကြီးကတော့ ကျွန်တော့်ကို တည့်တိုးဆန်ဆန် မေးလေတော့ သဘောတကျ ပြုံးလိုက်ပြီး နောက်မှာ....
"အင်း...
မနေ့က အဲ့ဒါလုပ်လို့ ငါ့အနား မကပ်တော့တာ။"
"ဟမ်?
ဘယ်လို? မင်းက ဘယ်လိုကြီးတောင် လုပ်လိုက်လို့လဲ?"
"ဒီအတိုင်းပဲကွာ... မနေ့က..
မနေ့က...
ပျိုးငယ်ကတော့ အမေနှင့် တလှုပ်လှုပ် ရှိနေမိပြီး ညနေပိုင်း ထမင်းချက်ပြီးသည့် နောက်မှာတော့ ရေချိုးဖို့ပြင်နေပါသည်။ ကျွန်တော်လည်း ရေကန်တစ်ဖက်က ဓားသွေးကြောက်ပေါ်မှာ ဓားသွားကိုမြည့်စေသည်။
သူကတော့ အ၀တ်အစားတစ်ချို့ကို ရင်၀ယ်ပိုက်ပြီး ရေကန်ဆီသို့။ ကျွန်တော့်ကို တစ်ချက်ကြည့်လာပြီး ကျွန်တော်က ရေကန်ဘက် ကျောခိုင်းထားမှန်း သိသည့်အချိန်မှ ရေကန်ထဲသို့။ ခဏအကြာမှာတော့ အ၀တ်အစား လျှော်၊ ရေချိုးနေသည့် အသံကို ကြားရသည်။
ခဏအကြာမှာတော့ အ၀တ်တစ်ချို့ အ၀တ်တန်းသို့လှမ်းပြီးသည်နှင့် အိမ်ပေါ်သို့ တက်သွားလေပြီ။ ထိုအချိန်မှ ကျွန်တော်လည်း ဓားသွေးတာကို အဆုံးသတ်ကာ အပေါ်တက်သွားသည့် သူ့ဆီသို့....။
သူကတော့ တလှုပ်လှုပ်ဖြင့် ကျွန်တော့်အခန်းထဲမှာ အင်္ကျီတစ်ထည်ကို ၀တ်လေပြီ။ ကြယ်သီးကို တပ်နေဟန် ရှိပြီး သူ့ထံမှ အမွှေးရနံ့တစ်ချို့နှင့်အတူ ရေသဲ့သဲ့ စိုထားသည့် ဆံပင်လေးကတော့ လည်တိုင်တစ်၀ိုက်၌ ကပိုကရို။
၀င်းမြမြ လည်တိုင်ကျော့ကျော့လေးက ၀င်းမှည့်နေသည်။ ထို့အတူ ကိုယ်သင်းရနံ့နှင့်ပါ ပြုစားလေတော့...
သူ့ခန္ဓာကိုယ်ကို ဆတ်ခနဲ ပွေ့ချီလိုက်တော့ သူက ရုတ်တရက် လန့်သွားပြီး သူ့အင်္ကျီကြယ်သီးကို ဆက်မတပ်တော့ဘဲ ရှိနေသည်။ ကျွန်တော့်ကို မျက်လုံးလေး ပြူးကာ ကြည့်နေပြီး ထိတ်လန့်နေဟန်ဖြင့်....။
ကျွန်တော်လည်း ထိုအမူအရာကို မြင်သည်နှင့် အိပ်ရာပေါ် ဇွတ်အတင်း ပွေ့ချီ ပစ်တင်လိုက်ပြီးသည်နှင့် သူ့မျက်နှာကို ဖွဖွ ပွတ်သပ်လိုက်မိသည်။ ထို့နောက် ပြီးပြည့်စုံစွာ မတပ်ရသေးသည့် အင်္ကျီလေးကို ခါးလေးမှ တိုး၀င် ပွတ်သပ်လိုက်သည်။ ထို့နောက် သူ့လက်နှစ်ဖက်ကို လက်တစ်ဖက်ဖြင့် ချုပ်ထားလိုက်ပြီး ကျန်တစ်ဖက်ကတော့ သူ့ကျောအောက်ပိုင်းမှ အမို့အမောက် ရှိရာသို့....။
ထိုအချိန်မှာတော့ ပျိုးငယ်က အတင်းရုန်းကန်လာသည်။ ကျွန်တော်က သူ အဲ့လိုလုပ်လေ... သဘောကျကာ ပိုပြီး နှိပ်စက် ချင်လာသည်မို့ ဒီတစ်ယောက်က ဘယ်လိုလုပ်ရင် နာကျင်မှုနှင့် ညည်းတွားနေမလဲပေါ့....။ ပြီးတော့ ထိုမျက်နှာလေးကိုလည်း သိချင်သည်မို့ ....
"ငါ မင်းကို နာကျင်မှုတွေ ပေးချင်တယ်။
ဘယ်အရာက နာကျင်ရမယ်ဆိုတာလည်း သိတယ်။ ဟိုနေ့က ငါ့ဖုန်းထဲက တစ်ချို့တစ်လေကို ကြည့်ထားတယ် မလား? "
ထို့နောက် ဇွတ်အတင်း သူ့ကို ကုတင်အောက်ခြေမှာ ကျုံ့ကျုံ့လေး ထိုင်စေသည်။ ပျိုးငယ်ကတော့ ကုတင်အောက်ခြေမှာ ထိုင်ပြီး ကျွန်တော့်အခြေအနေကို အကဲခတ်နေဟန် ရှိသည်။
ကျွန်တော်ကတော့ ကျွန်တော့်ကို မျက်နှာငယ်လေးဖြင့် ငေးကြည့်နေပြီး ကြယ်သီးအပြည့်အစုံ မတပ်ရသေးသည်မို့ ကင်းကွာနေသည့် သူ့အသားစိုင်များကို မကြည့်ရဲတော့ပါ။ နူတ်ခမ်းဖူးဖူးလေးနှင့် ပန်းနုရောင်သန်းသည့် နူတ်ခမ်းလေးကို ဖိပွတ်လိုက်ပြီး နူတ်ခမ်းလွှာကို ဖယ်ခွာစေပြီး ဟ စေသည်။ ထို့နောက် ခပ်ကျယ်ကျယ် ဟ စေပြီးသည်နှင့် အတိုင်းအတာကို တစ်ချက်ကြည့်ပြီး တင်းကြပ်လာသည့် ထိုအရာ။
Sh1t!
သူ့မျက်နှာကို ကြည့်ရင်း ဆက်ပြီး ထိန်းချုပ်လာဖို့ ခဲယဥ်းလာသည်မို့ အသက်ကို တတ်နိုင်သမျှ ပြင်းစွာ ရှုရှိုက်လိုက်မိသည်။ ထို့နောက် မျက်စိရှေ့ ရှိနေသည့် ထိုအကောင်အထည်လေး၏ လက်ကိုဆွဲယူကာ လက်မောင်းသားဆီသို့ သွားဖြင့် အားကုန် ဖိကိုက်လိုက်မိသည်။ ထို့နောက် ....
သူ့ပါးစပ်ကို လက်မအစွန်ဖျားထည့်ကာ ဟ စေပြီးသည်နှင့်.... အနည်းငယ် ပြုံးကာ....
"အဟင်း...
နောက်ဆို ဒီအရာလေးတွေက ငါနဲ့ အကျွမ်းတ၀င် ဖြစ်တော့မှာ...."
ထိုအချိန်မှာတော့ ပျိုးငယ်က အစွန်ဆုံး ထိတ်လန့်ဟန်ဖြင့် ကျွန်တော် အားပျော့သွားသည့် တစ်ချက်၌ ကျွန်တော့်လက်မှရုန်းကာ အိမ်အောက်သို့ ပြေးဆင်းသွားသည်။
"အဲ့လို လုပ်လိုက်လို့ ငါ့ အနား မကပ်တော့ဘူး"
ကျွန်တော်ကတော့ မနေ့က အဖြစ်အပျက်ကို ပြန်တွေးပြီး ပြောလိုက်မိတော့ ဝေကြီးက...
"ဟေ... အဲ့လိုကြီးလား?
သူတော့ တော်တော် လန့်သွားပုံ ရတယ်နော်...။ ဒါပေမယ့် အဲ့လိုကြီး မကပ်တာတော့ မဖြစ်ဘူးလေ...."
​ေ၀ကြီးကတော့ တွေးတဆဆ ပြောလေတော့ စက်ရုံထဲမှ အပေါက်၀မှ သူ ရှိရာသို့ ကြည့်လိုက်သည်။ ထို့နောက် လက်၀ါးနှစ်ဖက်ကို တီးကာ... အခြားသူများကိုပါ ပျိုးငယ်ကို ကျွန်တော့်ဆီ လွှတ်ဖို့။
ခဏအကြာမှာတော့ ပျိုးငယ်က ကျွန်တော့်ဆီ ကြည့်လာသည်နှင့် ကျွန်တော် လက်ယပ်ခေါ်မိသည်။ ပျိုးငယ်ကတော့ ကျွန်တော့်ကို ကြည့်ကာ ဘေးဘီကို တစ်ချက်ကြည့်လာပြီး... အတည်ပြုသည်။ ကျွန်တော်က ထပ်ပြီး လက်ယပ်ခေါ်လေတော့ ဖြည်းညှင်းစွာပင် ကျွန်တော့်ဆီ လျှောက်လာသည်။
စက်ရုံထဲသို့ ​ေ၀့၀ဲကာ ကြည့်နေပြီး ကျွန်တော့်ဘေးအနား ထိုင်နေသည့် ​ေ၀ကြီးတို့ကို တွေ့စဥ်မှာတော့ ရုတ်တရက် သူ့ခြေလှမ်းများကို ဆက်မလျှောက်တော့ဘဲ နှေးလေတော့... ​ေ၀ကြီးက....
"ပျိုးငယ်... လာလာ ဒီကိုလာ။ အစ်ကိုတို့ ရှိမှ မင်း ဘာမှမလုပ်ခံရမှာ။ အားမနာနဲ့..."
​ေ၀ကြီးစကားအဆုံးမှာတော့ ပျိုးငယ်က ကျွန်တော့်ကို မရဲတရဲ ကြည့်လာသည်။ ထို့နောက် ကျွန်တော့်ဘေးအနား နေရာလွတ်မှာ ထိုင်ကာ ရှိနေသည်။ ကျွန်တော်က ဒီအတိုင်း ပျိုးငယ်ကို ပြုံးကာ ကြည့်လိုက်ပေမယ့်... ​ေ၀ကြီးကတော့....
"ပျိုးငယ်...
ငါ တစ်ခု အကြံပေးမယ်နော်။"
ထို့နောက် ကျွန်တော့်ဆီသို့ လက်ညှိုးထိုးလာကာ ....
"ဒီတစ်ယောက်က ပျိုးငယ်ကို ဘယ်နေရာတွေ့တွေ့ အမဲဖျက်ချင်နေတာ။ သူနဲ့ဆိုရင် အလုံပိတ် အခန်းတွေထဲ မနေနဲ့...။ ပြီးတော့ ဒီကောင်က အသည်းယားရင် ဓားနဲ့ပြေးထိုးတာ... သူ ချစ်တာက ကြမ်းတယ်...။"
​ေ၀ကြီးက မျက်နှာတည်ဖြင့်ပင် အကြံပေးသံဖြင့် ပြောလာလေတော့ ပျိုးငယ် ခန္ဓာကိုယ်က အနည်းငယ်တောင် ကျုံ့သွားသလို။ ကျွန်တော့်ကို အကဲခတ်သလို ကြည့်နေပြီး ကျွန်တော့်အနား ထိုင်ရတာကိုပင် မ၀ံ့မရဲ ဖြစ်နေဟန် ရှိသည်။
ပျိုးငယ်၏ ထိုပုံစံကို ​ေ၀ကြီးက သဘောကျစွာ တခွိခွိ ရယ်လေတော့ ကျွန်တော်လည်း.....
"ချီး! ငါလ*းတဲ့ပဲ...။ မခြောက်နဲ့တော့ ဟိုမှာ ကြောက်နေပြီ။"
ထိုအချိန်မှာတော့ ​ေ၀ကြီးက အသံထွက်သည့် အထိ ရယ်မောလာသည်။ ပျိုးငယ်ကတော့ သူ့ခေါင်းကို ငုံ့ထားပြီး ဘာမှမပြောတော့ ....။
"ပျိုးငယ်... ကလေးရေ... ဒီကို ခဏလောက်ဟေ့!
ပျိုးငယ်..."
အိမ်ဘက်မှ အမေ့အသံ တစာစာ ကြာလေတော့ ပျိုးငယ်က ချက်ချင်း အသံကြားရာသို့ ကယ်တင်ရှင်ပမာ ခေါင်းထောင်ကြည့်လိုက်သည်။ ကျွန်တော်လည်း ထိုအရာကို တစ်ချက်ကြည့်ကာ ....
"မသွားနဲ့... မသွားလည်း ရတယ်..."
"ဒါပေမယ့် အရီးလေးက ခေါ်နေတာလေ..."
ပျိုးငယ်တော့ လူရှေ့သူရှေ့ အမေ့ကို သြဇာညောင်းစေလိုသည့် ပြယုဂ်များကို ဖော်ပြစေချင်သည် ထင်သည်။
"​ေ၀ကြီး မင်းတို့ သွားတော့... အမေ့ကို ပြောလိုက်... ပျိုးငယ်က ငါနဲ့ ရှိနေတယ်လို့..."
"ဟုတ်ပါပြီကွာ... ဟုတ်ပါပြီ...။ ဒါနဲ့ ပျိုးငယ်... ဟိုဘက်က ထွက်ပေါက်နော်... တစ်ခုခုဆိုရင် ရအောင်ပြေး..."
​ေ၀ကြီးကတော့ အခုထက်ထိ ပျိုးငယ်ကို စ လို့ မပြီးသေး။ ပျိုးငယ်ကတော့ ​ေ၀ကြီး ထွက်သွားသည်နှင့် ကျွန်တော့်ကို သတိထားဟန်ဖြင့် ကြည့်နေသည်။ ကျွန်တော်လည်း မပြောမဆိုဖြင့်ပင် သူ့ခြေထောက်ကို ဆွဲယူလိုက်တော့ ....
"အစ်ကို...?"
ရုတ်တရက် ခေါ်လာသည်။ ကျွန်တော်လည်း သူ့ခြေမကို ရအောင် လွှတ်မပေးဘဲ ဆုပ်ကိုင်ထားပြီး ....
"​မလှုပ်နဲ့... ​ခြေသည်း ညှပ်ရုံလေး..."
ထို့နောက်မှာတော့ ပျိုးငယ်က ငြိမ်ကျသွားလေပြီ။ ကျွန်တော်လည်း သူ့ခြေချောင်းများကို တစ်ချောင်းချင်း ညှပ်ပြီး တံစဥ်းဖြင့် ဖွဖွလေး တိရိလိုက်သည်။ ပျိုးငယ်ကတော့ အသံကိုတောင် ရှုရဲ့လား မသိဘဲ တိုးညှင်း ညင်သာစွာ ရှိနေသည်။
"... ဟိုနေ့က ကိုယ် တောထဲသွားတော့ အမေက ကိုယ့်ကွယ်ရာမှာ မင်းကို ဘာတွေလုပ်ခိုင်းသေးလဲ?"
"ဘာမှ မလုပ်ခိုင်းပါဘူး...။"
"ဒါဆို အဲ့ဒီအချိန် ပျိုးငယ် ဘာတွေလုပ်နေလဲ?"
"အစ်ကို့ ဖုန်းမကြည့်ရင် အိမ်နောက်ဘက်မှာ သွားထိုင်နေတာ...။ ဘယ်မှ မသွားနဲ့ဆိုတော့... ဒီအတိုင်း သာကူ သောက်ချင်တာတောင် မသောက်ရဘူး..."
"အရီးလှဌေး ရောင်းတဲ့ သာကူလား?"
"ဟုတ်တယ်... မနေ့က အော်သံကြားလို့ ထွက်ကြည့်တာ... ပိုက်ဆံ ယူနေတာနဲ့ မမီတော့လို့..."
"အဲ့ဒါဆို ... အခု သောက်မယ်လေ..."
"ဟင်?"
ကျွန်တော်က နားမလည်စွာ အစ်ကို့ကို ကြည့်လိုက်မိတော့... အစ်ကိုက tsk တစ်ချက်နှင့်အတူ မျက်နှာတစ်ချက် မေးထိုးကာ ပြလေတော့ တကယ်ပင် ကျွန်တော့်နားထဲ ကြားလိုက်ရသည်က ....
~~ ဟောဒီက သာကူကျို ချိုချိုလေး~~~
ထိုအသံကို ကြားစဥ်မှာတော့ အစ်ကို့ဆီ အကြည့်တို့ ပြန်ရောက်မိသည်။ အစ်ကိုက ပြုံးကာ သူ့ခါးကြားထဲ ပုဆိုးအစနှင့်အတူ လိပ်ထားသည့် ပိုက်ဆံကို ထုတ်ကာ အိမ်ရှေ့ကို သွားလေတော့ ကျွန်တော်လည်း နောက်က လိုက်မိတော့သည်။
... ဇေယျတု သဗ္ဗမင်္ဂလံ...
ဒီနေ့မှာတော့ ကျွန်တော်တို့ ပျိုးငယ်အိမ်ကို သွားဖို့ ပြင်ဆင်နေမိသည်။ လူတရုန်းရုန်းဖြင့် ရှိနေသည်မို့ မီးဖိုနောက်ဖေးဘက်မှ မန်ကျည်းပင်အောက်၌သာ ပုဆိုးကို လိပ်ပြီး ထိုင်နေမိသည်။
"ဟေ့... ငဦးရေ ငဦး...
သြော်... ဒီကလေး ဘယ်ရောက်နေတုန်း မသိဘူး။ ၈နာရီကျော်နေပြီ... နောက်ကျနေပြီ။"
အမေ့ အသံကြားစဥ်မှာတော့ ကျွန်တော်လည်း ထိုင်ရာမှ ထ ကာ အမေ့ဆီသို့...
ပျိုးငယ်တို့အိမ်....
တောင်းရမ်းသည့် ဓလေ့များကို အကုန် လုပ်ပြီးသည်နှင့် မိဘနှစ်ပါးနှင့် ဆွေမျိုးတစ်ချို့ သီးသန့်တွေ့ဆုံမှုပင်။
"ဒါကတော့ ပျိုးငယ်လေးဆီ ညီမတို့ဘက်က တင်တောင်းတဲ့ ပစ္စည်းတွေပါ။ တစ်ခါတည်း စာချုပ်စာတမ်းနဲ့ လုပ်ပေးခဲ့ပါတယ်... အစ်မစော..."
ဒေါ်စောကတော့ သူ့လက်ထဲ အမေထည့်လာသည့် စာချုပ်ကို တစ်ချက်ဖတ်ကာ တည်တံ့သော မျက်နှာဖြင့်...။ သူ့ဘေးမှာ ထိုင်ကာ ရှိနေသည့် ပျိုးငယ် ဦးလေးဖြစ်သူကတော့ စီးကရက်တဖွာဖွာနဲ့ ပြုံးစစ ရှိနေသည်။
"ညီမ လေးရီ...
အစ်မတို့ ဘက်ကလည်း အခြေမဲ့ အနေမဲ့ မဟုတ်ပါဘူးနော်။ ပြီးတော့ ပျိုးငယ်အကြောင်းကို ညီမတို့ သိမှာပါ။ ပျိုးငယ် အကြောင်းကို သိထားရင် ပျိုးငယ် တန်ဖိုးက ဒီ့ထက်မက ရှိသင့်ပါတယ်..."
"ဟုတ် အစ်မစော...။
ညီမတို့ ဘက်ကို ဘာများ နောက်ထပ် တောင်းဆိုမလဲရှင်? "
တကယ်တော့ အမေတင်တောင်းသည့် ပမာဏက အတော်လေးကို များပြားလှသည့် အနေအထား။ ဒီဘက်မှာတော့ အမျိုးသမီးဆိုရင်သာ ရွှေတို့ဖြင့် တင်တောင်းသည် ရှိသော်ငြား ပျိုးငယ်ကိုတော့ ငွေသားချည်း သိန်း ၅၀ ၊ လယ်ဧက ၂၀(၄×၂၀=၈၀ ယောက်စိုက်) ၊ နွား နှစ်ရှဥ်း၊ ကုလားပဲ ၂၀၊ မတ်ပဲ ၂၀၊ စပါး ၅၀၀၊ နှမ်း ၁၀၊ နေကြာ ၁၀၊ ပဲစဥ်းငုံ ၁၀ အိမ်ထွက် သီးနှံ မှန်သမျှ အကုန် တင်တောင်းထားတာပင်။ နောက်ပြီး ပျိုးငယ်လေး ကျောင်းစရိတ်၊ အိမ် အကုန်လုံးပါ ပါ၀င်ဦးမည် ဖြစ်သည်။ ရှင်းရှင်း ပြောရရင် နောက်ဆုံး ကျွန်တော့်အတွက် အကုန်လုံးက ကျွန်တော့်အတွက် လွှဲထားတာပင်။
{N-သိန်း ၅၀
လယ် ၈၀ယောက်စိုက်( ၇×၈၀) = ၅၆၀သိန်း (ဒီ့ထက် များနိုင်)
နွားနှစ်ရှဥ်း (၉×၄ကောင်) = ၃၆ သိန်း (ခန့်မှန်း)
ကုလားပဲ ၂၀(၂၀×၄၀၀၀၀) = ၈သိန်း(စျေး ခန့်မှန်း)
မတ်ပဲ ၂၀(၂၀×၄၀၀၀၀) = ၈သိန်း(စျေး ခန့်မှန်း)
စပါး ၅၀၀ ( ၁တင်းကို ၁၇၈၀၀×၅၀၀) = ၈၈ သိန်း(ယခုပေါက်စျေး)
နှမ်း ၁၀( ၁၁၀၀၀၀×၁၀)= ၁၁သိန်း
နေကြာ ၁၀(၄၀၀၀၀×၁၀) = ၄သိန်း(စျေး ခန့်မှန်း)
ပဲစဥ်းငုံ ၁၀ (၄၀၀၀၀×၁၀) = ၄သိန်း(စျေးခန့်မှန်း)
စုစုပေါင်း = ၅၀+၅၆၀+၃၆+၈+၈+၈၈+၁၁+၄+၄=၁၂၅၂သိန်း
Imagine ပါနော် ခင်ဗျားတို့။}
ထိုအချိန်မှာတော့ ဒေါ်စောက ကျွန်တော့်မျက်နှာကို တစ်ချက်ကြည့်လာပြီး ....
"အခု ငွေပန်းပင် ဘေးနားမှာ ရှိနေတဲ့ လယ် ၆၉စိုက်ကို ပျိုးငယ်လေးအတွက် အပြီးအပိုင် စာချုပ် ချုပ်လို့ ရမလား?"
(၆၉×၇= ၄၈၃ သိန်း)
(483+769=1252lakhs)
ထိုစကား ကြားချိန်မှာတော့ အမေက ကျွန်တော့် မျက်နှာကို တစ်ချက်ကြည့်လာသည်။ ထို့အတူ တောင်းရမ်းပွဲကို တစွန်းတစ လာရောက်နားထောင်နေသည့် ရွာထဲက သတင်းပြန်ကြားရေး တစ်ချို့က အသံကို ဟင်ခနဲ ဟာခနဲပင်။ ကျွန်တော်ကတော့ အံကို တင်းတင်းကြိတ်ထားပြီး ဒေါ်စောဘေးနားက ပြုံးပြုံးကြီး ရှိနေသည့် ဦး၀င်းဆိုသူကို တစ်ချက် ကြည့်မိသည်။
ထို့နောက် မုန့်ပန်းကန်ထဲက ခရမ်းခွကို ကောက်ကိုင်လိုက်မိတော့....
"ငဦး..."
အမေက သတိပေးသံ သဲ့သဲ့ဖြင့် ဆိုလာသည်။ ကျွန်တော်က ဘာမှမပြောဘဲ ပြုံးလိုက်ပြီး ပန်းကန်ထဲမှ ရွှေကြည်မုန့်ကို ခရင်းဖြင့် ထိုးစိုက်ကာ ပါးစပ်ထဲသို့။
"ဒါဆို ကျွန်တော့်ကို ဓားတစ်ချောင်းလောက် ပေးပါ.."
ထိုအချိန်မှာတော့ အားလုံးက တိတ်ဆိတ်ငြိမ်သက်သွားသလိုပင်။ အပ်ကျသံတောင် မကြားနိုင်လောက်သည့်အထိ ဆိတ်ငြိမ်နေသည်။ အားလုံးက ကျွန်တော့်လှုပ်ရှားဟန်ကို စောင့်ကြည့်နေသလိုပင်။ အမေကတော့ ကျွန်တော့်လက်မောင်းကို ဖွဖွ ဆွဲလာပြီး ခေါင်းကို ရမ်းကာ စိတ်လျှော့ဖို့ ပြောသည်။
သို့ပေမယ့် ကျွန်တော်က အံ့သြပြီး ကြည့်နေသည့် သူတို့ဘက်မှ အမျိုးတစ်ချို့ကို ကြည့်ကာ ....
"ကျွန်တော့်ကို ဓားတစ်ချောင်းလောက် ပေးလို့ ရမလား?"
နောက်တစ်ကြိမ် ​ထပ်ပြောကာ တောင်းဆိုချိန်မှာတော့ သူတို့ဘက်က အနည်းငယ် လှုပ်ရှားဟန်ဖြင့် အသင့်အနေအထား....။
"... သြောဗျာ...
ပျိုးငယ်က ကျွန်တော့်မိန်းမ ဖြစ်လာမယ့်သူလေ...။ သျှောင်ပယ်လို့ မရတာလား?"
သြော~~
ထိုအချိန်မှပင် အားလုံးက စိတ်အေးသွားသလိုပင် သက်ပြင်းချပြီး ပြုံးရယ်ကာဖြင့်... သူတို့ဘက်မှ အစ်မတစ်ယောက်ကတော့ဖြင့်....။
"ဆံပင်က ပျိုးငယ်လေး... ၁၈နှစ်ပြည့်မှ လုံး၀ပယ်လို့ ရမှာ...။ အခုလောလောဆယ်တော့ အနည်းငယ်တော့ ပယ်ထားလို့ ရပါတယ်။"
"အဲ့ဒီ ၆၉ယောက်စိုက်ပဲ တော်ပြီလား?"
မျက်နှာကို တည်ကာ ပြောလိုက်မိသည်။ ထိုအချိန်မှာတော့ သူ့ဦးလေး၀င်းကတော့ အကြံမဟန်စွာဖြင့် ရုတ်တရက် လှည့်ကြည့်လာသည်။
"ယူချင်လို့ကို အပိုင်သိမ်းပါတယ်ဆိုမှ... အဟင်း~~"
ကျွန်တော်လည်း တစ်ချက်ပြုံးကာ ကြည့်လိုက်ပြီး နံဘေး အကွာအ​ေ၀းတစ်ခုမှာ ရှိနေသည့် ပျိုးငယ် လည်ပင်းသို့ လက်ဖြင့် ဖိညှစ်လိုက်မိသည်။ ပျိုးငယ်ကတော့ ရုတ်တရက် လန့်သွားကာ ကြည့်လာပြီး ကျွန်တော့်ကို ငေးကြည့်နေသည်။
"ချစ်လိုက်တာကွာ..."
သူ့လည်တိုင်ကို အနည်းငယ် ဖျစ်ညှစ်လိုက်ပြီး နောက်မှာတော့ ဖြေလွှတ်လိုက်ကာ အနားမှာ သဲတထိတ်ထိတ် ရင်တဖိုဖို ရှိနေသည့် လူအများကို ပြုံးပြလိုက်မိသည်။ ဒေါ်စောနှင့် ဦးလေး၀င်းကတော့ ဘာမှမပြောတော့ဘဲ ကျွန်တော့်မျက်နှာကိုတောင် မကြည့်ကြတော့ဘဲ မျက်နှာချင်းဆိုင်ဖို့ အတော်လေး ခက်ခဲနေသည့် ပုံပင်။
တောင်းရမ်းသည့် ကိစ္စ ပြီးချိန်မှာတော့ ကျွန်တော်တို့ ပျိုးငယ်တို့အိမ်မှ ဧည့်ခံသည့် မုန့်များကို စားနေကာ ခဏ စကားစမြည်ပြောပြီး ပျိုးငယ်ကို စောင့်နေမိသည်။ ပျိုးငယ်ကတော့ သူ့အမေ ခေါ်သွားတာကို မြင်လိုက်ပြီး အခုထက်ထိ ပြန်မပေါ်လာသေးပါ။
"ပျိုးငယ်..."
နှစ်ပတ်တာလောက် မတွေ့ရပေမယ့် လင်းထိန်ပုံကတော့ အတော်လေးကို ဖြူဖျော့သွားသလိုပါပင်။
"အင်း... လင်းထိန်.."
ထိုအချိန်မှာတော့ လင်းထိန်က ခပ်ယဲ့ယဲ့ ပြုံးလာပြီး... ကျွန်တော့်ကို ပြန်ကြည့်ကာ...
"ရုတ်တရက်ကြီး...
ငါ လုံး၀ မထင်ထားဘူး...။ ငါက မင်းကို တင်တောင်းဖို့ ပစ္စည်းတွေ စုနေချိန်မှာ ..."
"......."
"ဒါက ဒီနေ့ပွင့်တဲ့ ငွေပန်းတွေ...။ နောက်ဆုံး ပေးတယ်လို့သာ သဘောထားပါ။ စောစောစီးစီး အိမ်ထောင်ကျသွားတဲ့ အလှလေးအတွက်ပေါ့..."
"လင်းထိန်..."
"ဘာပဲဖြစ်ဖြစ်... ကိုဦးတို့ အိမ်က နည်းနည်းနောနော အခြေလည်း မဟုတ်ဘူးလေ။ တကယ် ငါ မင်းကို ဒီလိုလေး မြင်ရတာ တကယ် ပျော်ပါတယ်...။ အဲ့ဒီအစ်ကိုကလည်း မင်းကို တကယ် ချစ်တဲ့ပုံ ပေါ်ပါတယ်..."
"ငါ... နင့်ကို အသိမပေးဘဲ ရုတ်တရက်ဖြစ်သွားလို့ တောင်းပန်ပါတယ်နော်။ "
"မဟုတ်တာ... မင်း ခိုးရာလိုက်တာကို ငါ့ကို ပြောလို့ ရမလား?"
"မဟုတ်ဘူး... သူက ငါ့ကို အခန်းထဲ ပိတ်ထားခဲ့တာ... အဲ့ဒီနေ့က.... ။
တကယ်တော့ ငါ သေချာ အချစ်ကို မသိသေးဘူး။ သူ့ကို မချစ်သေးဘူး ထင်တာပဲ....။ သူ့ကို ငါ ကြောက်တာပဲ သိတာ။ သူက.."
လင်းထိန်မျက်နှာက တစ်နေရာကို ကြည့်ပြီး မျက်နှာပြောင်းသွားစဥ်မှာတော့ ကျွန်တော် စကားကို ရပ်တန့်လိုက်မိပြီး နောက်ကျောဘက်သို့...။
"အစ်ကို..."
အစ်ကိုကတော့ ပြုံးကာ ကျွန်တော့်အနားသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။
"Babe~~~"
မိနစ်အနည်းငယ် အကြာ...
အိမ်ကို ရောက်သည်နှင့် လူတရုန်းရုန်းနှင့် အောက်မှာသာ ရှိနေခဲ့ပြီး ကျွန်တော်နှင့် အစ်ကို....။ အစ်ကိုက ကျွန်တော့်ကို အိမ်ပေါ်သို့ ရှေ့က တက်စေပြီး သူက ကျွန်တော့်နောက်မှ ဖြည်းညှင်းစွာ လျှောက်လာသည်။ သူ့အခန်းရှေ့မှာ ရပ်ကာ ရှိနေပြီး ဘာမှ​မ​ပြောနိုင်ခင်.... ကျွန်တော့်မျက်နှာဘေးအနား နံရံကို လက်သီးဖြင့် နှစ်ချက်ထိုးလိုက်သည်။
အံကို တင်းတင်းကြိတ်ကာ... ကျွန်တော့်မျက်နှာပေါ်မှ နူတ်ခမ်းအစွန်းသို့ တစ်ချက်နမ်းရှိုက်ကာ ဖိကိုက်မှု....။ အရိုးကင်းလွတ်နေသည့် နေရာမို့ နာကျင်မှုက အသည်းခိုက်မတတ်ပင်။ အစ်ကိုကတော့ ကျွန်တော့်ပါးပြင်အပြည့်၊ မေးရိုး၊ နားထင် ၊ မျက်ခုံးနှစ်ခုအကြား မျက်နှာပြင်တစ်ခုလုံးကို သူ့သွားဖြင့် ဖိကိုက်သည်။ ကျွန်တော့်နူတ်ခမ်းအနားတစ်၀ိုက်၊ မျက်လုံးအစွန်းဘေးအနား၊ မေးစေ့ပိုင်းတို့ဆို ထပ်ကာ ထပ်ကာ ကိုက်ခဲမှုကြောင့် ပူနွေးနေသည်။
ကျွန်တော်က နာကျင်မှုကြောင့် အနည်းငယ် ရုန်းစဥ်မှာတော့ အစ်ကိုက ကျွန်တော့်မျက်နှာပြင်ကို လက်ဖြင့် ဘောင်သိမ်းခတ်ယူပြီး....
"အဲ့ဒီကောင်ကို အရမ်းတွေ့ချင်နေခဲ့တာလား? ဟမ်? တောက်!... "
ပြောရင်းဆိုရင်းပင် အစ်ကိုက အရမ်းစိတ်ထွက်လာပုံ ရပြီး သူ့မျက်နှာက ကျွန်တော့်မျက်နှာအနားသို့ ထပ်ကာ ရောက်လာစဥ်မှာတော့ ကျွန်တော် ဘယ်လိုလုပ်ရမှန်းမသိတော့။ အနည်းငယ် မျက်နှာတိမ်းလိုက်ချိန်မှာတော့ သူ့ပုံစံက အတော်လေးကို စိတ်ထွက်သွားဟန်ဖြင့်....။
ကျွန်တော်လည်း အစ်ကို့ဒေါသကို သိသည်နှင့် အောက်ကို ပြေးဆင်းပြီး အမေ့ကို အကူအညီတောင်းဖို့။ သို့သော် လှေကားခုံပေါ်မှာပင် ကျွန်တော့်ကို စွေ့ခနဲ ကောက်ချီပြီး ....
"ပျိုးငယ်
ငါ မင်းကို သတ်ပစ်ချင်လာအောင် မလုပ်နဲ့။
ဒီမျက်နှာလေးနဲ့ သွားတွေ့ခဲ့တာလား?
Ok... ရတယ်...။"
N- အချစ်ဆိုတာ နူးညံ့ညင်သာနေတဲ့ မြတ်နိူးမှုတွေလို့ရှင်းပြနေသော ကျွန်တော်။
စောင်FAလို့နှိမ်နေသော သူငယ်ချင်း....။
လက်သီးနဲ့ရွယ်၊ ဓားကြိမ်း ကြိမ်း၊လည်ပင်းညှစ်ကာ သတ်မယ် တကဲကဲလုပ်နေတဲ့ ငလူးသား ငဦး။
Sunday:September: 21:24PM:2022:18
{Zawgyi}
...ပျိုးငယ်... ငါ မင်းကို ...
သတ်ပစ်ချင်လာအောင်
မလုပ်နဲ့...။
***
အမေ့လူများနှင့် အဆင်ပြေနေသည်မို့ ကျွန်တော်ကတော့ လူရှုပ်တာ မကြိုက်သည်မို့ စက်ရုံထဲမှာပဲ ဝေကွီးတို့ဖွငျ့ ရှိနေမိသည်။ ဝေကွီးကတော့ အမေတို့နှင့်အတူ တလှုပ်လှုပ် ရှိနေသည့် ပျိုးငယ်ကို ပြုံးပြုံးကြီးကြည့်ကာ ကျွန်တော့်ကို ကြည့်လာပြန်သည်။
ဝေကွီးကတော့ ဒီနှစ်လအတွင်း ပျိုးငယ့်ကို တွေ့ပြီးသည်နှင့် သူ့ကို အတင်းမေးခဲ့တာမို့... သူကတော့ဖြင့် ကျွန်တော့်စိတ်ကို အသိရှိဆုံး ပုံစံမျိုးပင်။ ကျွန်တော်လည်း ပြုံးရုံသာ ပြုံးလိုက်ပြီး ကျွန်တော်နှင့်မနီးမဝေးမှာ သက်ဝင်လှုပ်ရှားနေသည့် ကောင်းခြင်းငါးဖြာထက် ဘယ်လိုပြောရမလဲ ... အဲ့ဒီအလှတရားကို ငေးကြည့်နေမိသည်။
"......."
မှန်မှန်ဖြေ စတွေ့ တွေ့ချင်း ဆွဲလား ရမ်းလားတွေတော့ လုပ်တယ်မလား?"
ဝေကွီးကတော့ ကျွန်တော့်ကို တည်တိုးဆန်ဆန် မေးလေတော့ သဘောတကျ ပြုံးလိုက်ပြီး နောက်မှာ....
"အင်း...
"ဟမ်?
"ဒီအတိုင်းပဲကွာ... မနေ့က..
မနေ့က...
Shit!
"အဟင်း...
"ဟေ... အဲ့လိုကြီးလား?
ဝေကွီးကတော့ တွေးတဆဆ ပြောလေတော့ စက်ရုံထဲမှ အပေါက်ဝမှ သူ ရှိရာသို့ ကြည့်လိုက်သည်။ ထို့နောက် လကျဝါးနှဈဖကျကို တီးကာ... အခြားသူများကိုပါ ပျိုးငယ်ကို ကျွန်တော့်ဆီ လွှတ်ဖို့။
စက်ရုံထဲသို့ ဝေ့၀ဲကာ ကြည့်နေပြီး ကျွန်တော့်ဘေးအနား ထိုင်နေသည့် ဝေကွီးတို့ကို တွေ့စဉ်မှာတော့ ရုတ်တရက် သူ့ခြေလှမ်းများကို ဆက်မလျှောက်တော့ဘဲ နှေးလေတော့... ဝေကွီးက....
"ပျိုးငယ်...
ပျိုးငယ်၏ ထိုပုံစံကို ဝေကွီးက သဘောကျစွာ တခွိခွိ ရယ်လေတော့ ကျွန်တော်လည်း.....
ပျိုးငယ်..."
"ဝေကွီး မင်းတို့ သွားတော့... အမေ့ကို ပြောလိုက်... ပျိုးငယ်က ငါနဲ့ ရှိနေတယ်လို့..."
"အစ်ကို...?"
"ဟင်?"
... ဇေယတု သဗ္ဗမင်္ဂလံ...
"ဟေ့... ငဦးရေ ငဦး...
ပျိုးငယ်တို့အိမ်....
"ညီမ လေးရီ...
"ဟုတ် အစ်မစော...။
{N-သိန်း ၅၀
လယ် ၈၀ယောက်စိုက်( ၇၈၀) = ၅၆သိန်း (ဒီ့ထက် များနိုင်)
ကုလားပဲ ၂၀(၂၀၄၀၀၀၀) = ၈သိန်း(ဈေး ခန့်မှန်း)
မတ်ပဲ ၂၀(၂၀၄၀၀၀၀) = ၈သိန်း(ဈေး ခန့်မှန်း)
စပါး ၅၀၀ ( ၁တင်းကို ၁၇၈၀၀၅၀၀) = ၈၈ သိန်း(ယခုပေါက်ဈေး)
နေကြာ ၁၀(၄၀၀၀၀၁၀) = ၄သိန်း(ဈေး ခန့်မှန်း)
ပဲစဉ်းငုံ ၁၀ (၄၀၀၀၀၁၀) = ၄သိန်း(ဈေးခန့်မှန်း)
စုစုပေါင်း = ၅၀+၅၆+၃၆+၈+၈+၈၈+၁၁+၄+၄= ၂၆၅ သိန်း
"ငဦး..."
"... သြောဗျာ...
သြော~~
"ချစ်လိုက်တာကွာ..."
"ပျိုးငယ်..."
"အင်း... လင်းထိန်.."
"ရုတ်တရက်ကြီး...
"......."
"လင်းထိန်..."
"အစ်ကို..."
"Babe~~~"
မိနစ်အနည်းငယ် အကြာ...
"ပျိုးငယ်
Ok... ရတယ်...။"
N- အချစ်ဆိုတာ နူးညံ့ညင်သာနေတဲ့ မြတ်နိုးမှုတွေလို့ရှင်းပြနေသော ကျွန်တော်။
လက်သီးနဲ့ရွယ်၊ ဓားကြိမ်း ကြိမ်း၊လည်ပင်းညစ်ကာ သတ်မယ် တကဲကဲလုပ်နေတဲ့ ငလူးသား ငဦး။
Continue Reading
You'll Also Like
2.2K 66 3
ဦးကုဋေလွန်းရဲ့ ထာဝရစေးကပ်လွန်းတဲ့ကော်ဗူးလေး ကုဋေလွန်း + ပိုင်ငြိမ်းသုတဟန်
80.4K 3.2K 28
ဖတ်ကြည့်ကြည့်ပါ ပြီးရင်ဝေဖန်ပေးပေါ့ !
26.8K 1.6K 31