Uni
Taehyungခု အိပ်ပြန်လမ်းမှာဖြစ်သည်။ Sunghoonပြောပုံအရဆို သေချာပေါက်ဆရာJungkookက သူလျှောက်ပတ်ညာထားမိတာတွေ သိကုန်ပြီ။ အိမ်ရောက်ရင်လည်း ဆရာJungkookနဲ့ဆုံရအုံးမည်။ ဘယ်လိုပတ်ပြေးရှောင်ရမလဲဆိုပြီးတွေးမိပေမဲ့ လုံးဝကိူစဥ်းစားမရ။ အစကတော့ ကျွန်တော်ပြောပြီးလျှောက်ဖွထားတာကို ဆရာJungkookမသိသေးဘူးထင်ပြီး တော်သေးတယ်လို့ဖြေသိမ့်နေရပေမဲ့ အကျိုးပေးကောင်Sunghoonက ကျွန်တော်ပြောတာပါလို့ပါပြောခဲ့ပါတယ်တဲ့လေ။
Busကားပေါ်ကဆင်းပြီး အိမ်ကိုပြန်လာတဲ့လမ်းတစ်လျှောက်လုံးလည်း အဲ့ဒီကိစ္စကို အတွေးထဲကယောင်လို့တောင်ထုတ်မရပေ။ ဟူးး မနက်ဖြန်ကျောင်းမှာခေါ်ပြီးမေးရင်ရော အိမ်မှာမေးတာမြန်းတာတော့လုပ်မယ်မထင်ဘူး။ အိမ်မှာမေမေတိူ့ဖေဖေတို့ရှိတော့ အဲ့ဒီကိစ္စကိုယောင်လို့တောင်ပြောမယ်မထင်ဘူး။
"ဟာ ဟုတ်တယ် အိမ်မှာ မေမေတို့နားပဲကပ်နေလိုက်မယ် အဲ့ဒါဆိုမေးရတော့မှာမဟုတ်ဘူး"
အကြံကောင်းရတော့ ပါးစပ်ကအလိုလိုတောင်တန်းထွက်မိသေးတာ။ ဟီးး Kim Taehyungရဲ့ဦးနှောက်ကရွှေဉာဏ်တော်ပဲ။ ဆရာJungkookက ကျောင်းကိစ္စဆိုအိမ်မှာသိပ်တောင်မပြောတော့ ဒီကိစ္စဆိုပိုလို့တောင်မမေးမှာသေချာသည်။
*ပွမ် ပွမ် ပွမ်*
လမ်းလျှောက်နေရင်း ဘေးက ကားဟွန်သံကြားလိူ့လှည့်ကြည့်လိုက်တော့ ဆရာJungkookရဲ့ကားဖြစ်သည်။ Junghyungကလည်းပါသေးသည်။
မကြားချင်ယောင်ဆောင်ပြီး ခပ်သွက်သွက်လျှောက်နေလိုက်တော့ အနောက်ကနေ ဟွန်းခနခနတီးပြီးကိုယ့်နားကကပ်လိုက်လာသည်။ ကားထဲကိုနောက်ပြန်လှည့်ကြည့်လိုက်တော့ ကားပေါ်လိုက်ခဲ့ဆိူတဲ့အမူအရာလုပ်ပြသည်။
ကားပေါ်ရောက်တာနဲ့မေးမှာသေချာသည်။ ခုချိန်ထိဘယ်လိူညာရမလဲ ဉာဏ်နီဉာဏ်နက်ကထွက်မလာသေးဘူး။ ကိုယ်ကခပ်မြန်မြန်ထပ်လျှောက်လေ သူကအနောက်ကအရှိန်တိုးပြီးကပ်လိုက်သည်။ မသိရင် သူခိုးလိုက်ဖမ်းနေတဲ့ရဲကားကျနေတာပဲ။ ဟူး Kim Taehyungရေ သူ့ကားပေါ်ပါသွားလို့မရဘူးနော်။ မဟုတ်ရင် သူခိုးစစ်သလို မေးတော့မှာ။
*ပွမ် ပွမ် ပွမ်*
"ကိုကို ကားနဲ့လိုက်ခဲ့လေ ဘာလို့ဇွတ်ပြေးနေတာလဲ"
ကားဟွန်းထပ်တီးပြန်သည့် ဆရာJungkookက အရိပ်အကဲပဲမသိတာလား။ သူ့ဆီကိုတမင်မလိုက်ချင်လို့ မတတ်တာပါဆို ဘေးကကပ်လိုက်တော့တာပဲ။ ကြားထဲက Junghyungမျောက်လောင်းကောင်က အသံစွာစွာနဲ့ ကားပေါ်ကလှမ်းပြီးပြောနေသေးတယ်။ တကယ့်ကို အမြင်ကတ်ဖိူ့ကောင်းတဲ့လူနှစ်ယောက်ပဲ။
"ဘယ်မှာပြေးနေလိူ့လဲ မပြေးပါဘူး "
နောက်ဆုံးဘိတ် Taehyungလည်း ပေါ်တင်ငြင်းပြီးအသားကုန်ပြေးတော့သည်။ တကယ်စိတ်ညစ်လိုက်တာ ခုချိန်ထိ အနောက်ကကပ်လိုက်နေတုန်းဘဲ။ နောက်တစ်လမ်းကျော်ဆိုရင်တောင် အိမ်ရောက်တော့မည်။ ခုလိုပြေးရင်းနဲ့ပဲ ဒင်းတို့နှစ်ယောက်ဆီကလွတ်အောင်ပြန်ရတော့မည်ထင်ပါရဲ့။ ဟူး Kim Taehyungရယ်မင်းဘဝကလည်းမလွယ်ပါ့လား။
"အာ့ အမေ့"
ပြေးရင်းပြေးရင်းနဲ့ ကျောက်ခဲကိုတတ်နင်းမိပြီး ချော်လဲသွားသည်။ ခြေထောက်က ခိုက်မိသွားတယ်ထင်သည် မတ်တပ်ပြန်ရပ်မရတော့ပေ အတော်ကိုနာသည်။ ခြေမျက်စိကလည်း ဘာလုပ်ဖို့များလူခန္ဓာကိုယ်မှာထည့်ပေးတာလဲ သုံးစားလို့ကိုမရဘူး ။
Jungkookကျောင်းကနေ အိမ်ကိုပြန်တော့ Junghyungက ရေခဲမုန့်စားချင်တယ်ဆိူလို့ ရေခဲမုန့်စားဝင်ပို့ရသေးသည်။ ရေခဲမုန့်စားပြီးအိမ်ပြန်လာတော့ Busကားပေါ်ကဆင်းလာတဲ့ Taehyungနဲ့တိုးတယ်။ အရင်ကကျ အိမ်ကို ကျွန်တော်နဲ့ Junghyungကစောရောက်သည်။ Busကားကကျ ကျောင်းသားတွေကိုမှတ်တိုင်တစ်ခုချင်းစီချပေးနေရတော့ Taehyungက ကျွန်တော်တို့ထက် ၁၀ မိိနစ် ၅မိနစ်လောက်နောက်ကျပြီးမှ အမြဲရောက်သည်။ ဒီနေ့က ရေခဲမုန့်ဆိုင်ဝင်နေတာနဲ့ Taehyungနဲ့ အချိန်တိုးသည်။
ကားပေါ်ကနေ ဟွန်းတီးပြီးလှမ်းခေါ်လိုက်တော့ လှည့်ကြည့်ပြီးကျွန်တော့်ကိုလည်းမြင်ရော ဘီလူးမြင်သလို မသိချင်ယောင်ဆောင်ပြီးပြေးသွားသည်။ ကြည့်ရတာနေ့လည်ကကိစ္စကြောင့်ထင်သည်။ ကလေးသဘာဝစိတ်တိုလာရင် ဆရာကိုတောင်မရှောင်ဘဲပြောတတ်တာမလို့ နားလည်ပေးထားပါသည်။ ဘာတဲ့ လက်သီးစာကျွေးရမယ်တဲ့ သူ့လက်လေးကသေးသေးလေးကို ထိုးလည်းပန်းပေါက်သလိူဖြစ်နေမှာ။
သူ့ညီကကားပေါ်ကနေ ဘာလို့ပြေးနေတာလဲလို့ မေးတာလည်း မပြေးပါဘူးဆိူပြီ ဗြောင်လိမ်ပြီးထပ်ပြေးပြန်သည်။ ဘာလို့များကားပေါ်တတ်ရမှာအဲ့ဒီလောက်ကြောက်နေလဲမသိပေ။ သူ့ကိုကိုက်စားမဲ့လူတွေပါနေတယ်လို့ Kim Taehyungကထင်နေတာလားပဲ။
ဇွတ်ကိုအရှေ့ကပြေးတဲ့အကျိုးကျေးဇူးက ခုတော့မှောက်ရက်လဲပြီ။ ပြန်ထရပ်ကြည့်ဖို့လုပ်နေပေမဲ့ ပြန်မထတာကိုကြည့်ရပုံအရ ခိုက်မိသွားတယ်ထင်သည်။ ကားကိုထိုးရပ်ပြီးအနားကိုသွားတာတောင် Kim Taehyungက ဖင်ရွှေ့ပြီးသွားနေသေးသည်။ ဟူးး တကယ့်ကိုမလွယ်ကြောပါပဲ။
"Taehyung ဘယ်နားထိခိုက်သွားသေးလဲ"
"ဟို.. ဆရာJungkook.. "
"ခုမှကြောက်ပြမနေနဲ့ နေ့လည်ကပြောသွားတုန်းကရော မကြောက်ဘူးလား.. ဘာမှစိတ်ထဲထားမနေပါနဲ့.. လူငယ်ဆိုတာ စကားပြောမှားမိတာရှိမှာပဲလေ"
"ဟုတ်ကဲ့ဆရာ"
ဆရာJungkookကခုလိုကျတော့လည်း စိတ်ထားပြည့်ဝတာပဲ။ အစကတည်းက စိတ်ထားပြည့်ဝပေမဲ့ကျွန်တော်ကပဲတမင်တလွဲတွေလုပ်အရွဲ့တွေတိုက်နေမိလို့မမြင်မိတာလား။
"ဘယ်နားနာသွားလဲ ဆရာ့ကိုပြ.. "
"ဟုတ် ခြေကျင်းဝတ်ကနာနေတယ်"
"ဘယ်ခြေထောက်လဲ"
"ညာဘက်ကနာနေတာ"
ခြေထောက်ကိုကိုင်ပြီး ဘောင်းဘီးစကိုဆွဲတင်လိုက်တော့ ခြေကျင်းဝတ်ကအနည်းငယ်ယောင်နေသည်။ ဆေးနည်းနည်းပါးပါးလူးရင် ပျောက်သွားလောက်မည်ထင်ပါရဲ့ ဒါပေမဲ့လည်းကိုယ်ကအနောက်ကလိုက်လာလို့ သူကရှေ့ကပြေးတာဆိုတော့ အပြစ်မကင်းပေ။ပြီးကျသူ့မိဘတွေကိုလည်း စိတ်မပူစေချင်ဘူးလေ။
ခြေထောက်ကိုကိုင်ကြည့်ပြီး ခြေကျင်းဝတ်ကို ကိုင်ပြီးဘယ်ညာလှည့်ပေးနေတဲ့ဆရာJungkookရဲ့မျက်နှာအစိတ်အပိုင်းတိုင်းကို သေချာကြည့်နေမိသည်။ ပါးပေါ်ကအမာအရွတ်သေးသေးလေးကအစ စမတ်ကျနေလိုက်တာ မျက်လုံးလေးကဝိုင်းစက်စက်လေး တခြားယောကျာ်းလေးတွေဆို မျက်လုံးဝိုင်းရင်းကျွန်တော့်သိပ်တော့သဘောမကျမိ။ ဒါပေမဲ့ ခုတော့သဘောကျနေမိပါရဲ့။
"ဆေးခန်းသွားလိုက်ကြမလား ကြီးကြီးမားမားတော့ထိိခိုက်မိတာမဟုတ်ပေမဲ့ ဆေးခန်းသွားပြကြည့်တော့ ပိုစိတ်ချရတာပေါ့.."
"ဟုတ်ကဲ့ "
"မထနိုင်ဘူးမလား ဆရာတွဲမယ် "
ပြောပြီးTaehyungဘေးနာကို ထိုင်ချလိုက်တဲ့Jungkook။ Taehyungရဲ့လက်တစ်ဖက်ကို Jungkookပုခုံးပေါ်တင်ခိုင်း၍ သူ့ရဲ့ပုခုံးကိုအားပြုပြီးတွဲခိုခိုင်းရင်းထခိုင်းလိုက်သည်။ ကားနားလေးထိတွဲခေါ်သွားပြီး Lover seatကတံခါးပေါက်ကိုလှပ်ပေးသည်။ ကားထဲကိုဝင်ထိုင်ခိုင်းပြီး သူကDriverဘက်ကအခြမ်းကိုဝင်ထိုင်လိုက်သည်။
Taehyungတစ်ယောက် Jungkookရဲ့လှုပ်ရှားမှုတိုင်းကိုလိုက်ကြည့်နေမိသည်။ ဒါကြီးက ပထမဆုံးစတွေ့ခဲ့ဖူးတဲ့အချိန်တုန်းကအတိုင်းဖြစ်နေသည်။ သူလုပ်နေတဲ့အရာရာတိုင်းကို တစ်စိတ်ချင်းစီလိုက်ကြည့်မိပြီး မှတ်သားနေမိတာလေ။
ရုတ်တရက်ကြီး ကျွန်တော့်ဘက်ကို ကိုယ့်ကိုကိုင်းချလာတဲ့ဆရာJungkookကြောင့်လူက အသက်ရှုဖို့တောင်မေ့သွားသည်။ ဘာများလုပ်တာလဲလို့ လူကရင်တုန်သွားပေမဲ့ ဆရာJungkookကတော့ ခါးပတ်ပတ်ပေးတာဖြစ်သည်။ ဟုတ်သားပဲ ငေးနေမိတာနဲ့ ခါးပတ်ပတ်ဖို့တောင်မေ့နေမိတာပဲ။
"ခါးပတ်တောင်မပတ်နိုင်တော့ဘူးပေါ့... နောက်တစ်ခါကျမမေ့နဲ့ အန္တရာယ်များတယ်"
"ဟုတ်ကဲ့ပါ "
"ဦးဦး ကိုကို့ကိုဘာလို့တွဲခေါ်လာရတာလဲဟင်"
အနောက်ကအသံစွာစွာကိုကြားမိမှ မျောက်လောင်းစွာစိကောင်ပါလာမှန်းသတိရသည်။စပ်စပ်စုစုနဲ့ ကလေးကကလးလိုမနေဘူးလို့ပြောမိရင်လည်း သားက ကလေးမဟုတ်တော့ဘူး လူကြီးဖြစ်နေပြီလို့ ရန်ပြန်တွေ့အုံးမှာသိနေတော့ လေကုန်ခံပြီးပြောမနေတော့ဘူး။
ဟိုဆရာကို ခဏလေးတကယ်ခဏလေးငမ်းမိတာနဲ့ အကုန်မေ့ကုန်တော့တာပဲ။ ဟူးး Kim Taehyungတော့ဒီနေ့နေလို့ထိုင်လို့မကောင်းတော့ဘူး။ ချော်လဲတာက ခြေကျင်းဝတ်အပြင်တခြားတစ်နေရာရာများခိုက်မိသွားသေးတာလားပဲ။
"Junghyungလေးရဲ့ကိုကိုက အရမ်းပြေးတာလေ Junghyungမြင်တယ်မလား"
"ဟုတ်မြင်တယ် ဒါပေမဲ့ကိုကိုကမပြေးဘူးလိူ့ လိမ်တယ်လေ"
"ဘယ်တုန်းကလိမ်လို့လဲ Kim Junghyung... ဘာမှမသိဘဲမပြောနဲ့"
ဆရာJungkookပြောတာကိုထောက်ခံတာတောင် ကျွန်တော့်ကလိမ်တာလို့တောင်ပြောနေသေးတဲ့ Junghyungကြောင့် ထပ်ပြီးဗြောင်လိမ်လိုက်သည်။ တကယ်ပါပဲ Kim Junghyungကတော့ အမြဲ့အဲ့ဒီလိုပဲ။ ကလေးလေးကကလေးနေရာဘယ်တော့မှမနေဘူး။ နေရာတကာ ဟိုဟိုဒီဒီ အကုန်စပ်စပ်စုစုပါတာပဲ။
"တော်ပါ ကလေးကိုရန်တွေ့မနေနဲ့... ကလေးကဘာသိမှာလဲ Taehyungကလည်း.. အကြီးကပဲနားလည်ပေးလိုက်ပါ"
"သားက ကလေးမဟုတ်တော့ဘူးလို့ ပြီးကျ ကိုကိုကညာတာတကယ်လေ ပြေးနေတာကြီးကိုမဟုတ်ဘူးလို့ ပြောတာလေ "
"ရားး Junghyung!! "
"တော်တော့လို့ Taehyung.. Junghyungလေးကို အလျှော့ပေးလိုက်ပါဟ"
"ဟင်းးး Kim Junghyungနော် ငါဆရာJungkookကြောင့် မင်းကိုအလျှော့ပေးလိုက်မယ်"
တကယ်ဒီကလေးက လူကြီးသိပ်လုပ်ချင်နေတာ။ လူကြီးစကားတွေလည်း တအားပြောတတ်တာ တခြားလူတွေကတော့ ကလေးတွေစကားသိပ်ပြောတတ်ပြီးလူကြီးစကားပြောရင် စကားတတ်လိုက်တာချစ်စရာလေးလို့ ချီးကျူးကြမှာပေမဲ့ Kim Taehyungကတော့ နိုးပါပဲ။ အပိုတွေလုပ်နေမိတယ်လို့မြင်မ်တယ်။ စိတ်ပျက်စရာ သတ္တဝါလေးတွေ။ ချစ်စရာတစ်ကွက်တောင်မရှိဘူး။
ဆေးခန်းကိုရောက်တော့လည်း အဲ့ဒီမျောက်လောင်းကလေးက ဆေးခန်းထဲမဝင်ချင်ဘူးဆိူပြီးအော်ရစ်နေပြန်သည်။ အဲ့ဒါကြောင့် ကလေးတွေနဲ့ဘယ်တော့မှဘယ်ကိုမှမသွားချင်တာ။
"Junghyungလေးက လိမ္မာပါတယ် ဆေးခန်းထဲကိုလိုက်ခဲ့ပါ.. သားသားကိုးဆေးထိူးမှာမဟုတ်ဘူးလေ... ဆရာဝန်ကြီးက သားသားကိုကိုကို ဆေးထိုးမှာလေ.. "
"ဟင့်အင် သားမလိုက်ချင်ဘူး အနံ့ကြီးကိူမကြိုက်ဘူး"
"ဟင် ဟုတ်လား အဲ့ဒါဆို သားသားကားထဲမှာ နေခဲ့မလား.. ကိုကိုနဲ့ဦးဦးကခဏလေးပဲကြာမှာ.. ဆေးခန်းပြပြီးတော့တန်းထွက်လာမှာ "
"ဟင့်အင့် သားတစ်ယောက်တည်းမနေချင်ဘူး.. ကိုကိုတစ်ယောက်တည်းသွားလိမ့်မယ်.. ဦးဦးကသားနဲ့ နေခဲ့"
"မရဘူးလေ Junghyungလေးကလည်း.. ကိုကိုကတစ်ယောက်တည်းလမ်းမလျှောက်နိုင်ဘူးလေ.. ဦးဦးကဘေးကလိုက်တွဲရမှာလေ"
"ဟင့်အင် မရဘူး"
"ရားး Kim Junghyung!!"
ကြားထဲကနားထောင်နေရတဲ့ ကိုယ်ကလုံးဝကိူစိတ်မရှည်တော့တာ။ ဟိုဟာကျလည်းမလူပ်ချင် ဒီဟာကျလည်းမလူပ်ချင်နဲ့။ တကယ်စိတ်ပျက်စရာကောင်ပဲ။ ဆရာJungkookကလည်း အတော်ကိုစိတ်ရှည်နေတာ သူ့ကြည့်ရတာကျ စိတ်ဆတ်ဆတ်နဲ့ပုံကို ခုကျတော့လည်း ပြောနေလိုက်တာများနူးညံ့နေတာပဲ။ နောက်ဆုံးမနေနိူင်တော့တဲ့အဆုံး ကြားထဲက Taehyungပဲဝင်ပါရတော့သည်။
"Kim Junghyungမင်းပဲ ကလေးမဟုတ်တော့ဘူးဆို အဲ့ဒါဆိူဘာလို့ကလေးလို ဂျီကျနေတာလဲ လိုက်မှာလား နေခဲ့မှာလား... လူကြီးတွေက တစ်ခုရွေးတယ် မင်းကလူကြီးဆိုရွေး"
သူပြောနေကျ သားကကလေးမဟုတ်တော့ဘူး လူကြီးဖြစ်နေပြီနဲ့ပဲအနိုင်ပိုင်းလိုက်တော့သည်။ အဲ့ဒါကျရုပ်ကငိုမဲ့မဲ့လေးနဲ့။
"ဟွန့် နေပဲနေခဲ့တော့မယ် မြန်မြန်ပြန်လာနော်"
"အင်း Junghyungလေးဘယ်မှမသွားနဲ့နော် ဦးဦးတိူ့မြန်မြန်ပြန်လာခဲ့မယ်"
နောက်ဆူံးတော့ Junghyungကိုကားထဲမှာထားခဲ့လိုက်ပြီး ဆရာJungkookကိုတွဲပြီး ဆေးခန်းထဲဝင်လာလိုက်သည်။ လူနာနည်းနည်းများနေလိူ့ ခဏစောင့်ပေးပါဆိူလို့ ခုံတန်းမှာထိုင်စောင့်နေရသေးသည်။
ထိုင်စောင့်နေချိန်တောင် ဆရာJungkookက Junghyungဆီအပြေးအလွှားသွားပြီးသွားကြည့်သေးသည်။ သူ့ကြည့်တော့ ကလေးမချစ်တတ်သလိူပုံနဲ့ခုကျတော့လည်း ချစ်ပြနေလိုက်တာများ ဘေးကလူတောင်မနာလိုမိတယ်။
ခဏနေတော့ ပြန်ဝင်လာပြီး ဘေးကခုံအလွတ်မှာဝင်ထိုင်သည်။ တကယ်အံ့ပါရော ဟိုကူးလိုက်ဒီကူးလ်ိုက်နဲ့မမောဘူးထင်ပါရဲ့။
"ဆရာ့ကို ကလေးမချစ်တတ်ဘူးထင်နေတာ"
ဘာမှမပြောဘဲတိတ်ဆိတ်နေတဲ့ နှစ်ယောက်ကြား Taehyungပဲစကားစလိုက်ရသည်။ မဟုတ်ရင် ဘာစကားမှမပြောဘဲထိုင်နေကြတော့မှာလေ။
"ကလေးချစ်တတ်ပါတယ်.... ကလေးတွေက ဖြူစင်တယ်လေ...လူဘဝမှာဖြူဖြူစင်စင်အမှတ်တရတွေနဲ့ ပျော်ရတာဆိုလို့ ကလေးဘဝပဲရှိတယ် အဲ့ဒါကြောင့် သူတို့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံဖြစ်တယ်..."
"မဖြစ်နိူင်လိိုက်တာ "
"ဘယ်ဟာကမဖြစ်နိုင်တာလဲ"
"ကလေးတွေကို ကောင်းကောင်းမွန်မွန်ဆက်ဆံတာဆိုတာလေ.. ကျွန်တော်လည်းအသက်၁၈မပြည့်သေးဘူး ကလေးပဲဟာကို... ကျွန်တော့်ကျကောင်းကောင်းမွန်မွန်မပြောဘူး"
"အော်... မင်းကဘယ်တုန်းက ငါ့ကိုစကားအတည်ပြောဖူးလို့လဲ အမြဲရွဲ့လိုက်စောင်းလိုက်နဲ့လေ... ငါကကောင်းကောင်းမွန်မွန်ပြောပါတယ်"
"ဟီး ဟုတ်သားပဲ"
ဆရာJungkookပြောတာလည်းဟုတ်တာပဲ။သူကပဲအမြဲလိုက်ပြီးရန်စနေတာလေ။ ခနနေတော့ သူနာပြုဆရာမက ဝင်ရပြီဆိုလို့ ဝင်သွားရသည်။ ဆရာဝန်ကတော့ ဘာမှအရမ်းကိုခိုက်မိတာမဟုတ်ဘူးတဲ့။ ဆေးလိမ်းပြီး ၁၀ရက် ၁၂ရက်လောက်နေရင်ပျောက်သွားလိမ့်မယ်တဲ့။ အပြန်ကျတော့လည်း ဆရာJungkookကတွဲခေါ်သည်။ အိမ်ကျတော့ မေမေကအိမ်ပြန်နောက်ကျလို့စိတ်ပူနေသည်။ တွဲခေါ်လာတာကိုမြင်တော့ ပိုတောင်စိတ်ပူသွားပြီး စိတ်အရမ်းပူကာတအားကို မေးနေလို့ သေချာရှင်းပြလိုက်ရသေးသည်။ အိပ်ခန်းကိုလည်း ဆရာJungkookကပဲလိုက်ပို့တယ်။ အင်းး ဒီလိုကျတော့ ဆရာJungkookကအရမ်းသဘောကောင်းတာပဲ အရင်ကဒီအချက်တွေကိုမမြင်မိခဲ့ဘဲ ပြဿနာပတ်ရှာနေခဲ့တာကိုယ့်ကိုတောင် ရှက်မိပါရဲ့။
#bliawnk
ZG
Taehyungခု အိပ္ျပန္လမ္းမွာျဖစ္သည္။ Sunghoonေျပာပုံအရဆို ေသခ်ာေပါက္ဆရာJungkookက သူေလွ်ာက္ပတ္ညာထားမိတာေတြ သိကုန္ၿပီ။ အိမ္ေရာက္ရင္လည္း ဆရာJungkookနဲ႕ဆုံရအုံးမည္။ ဘယ္လိုပတ္ေျပးေရွာင္ရမလဲဆိုၿပီးေတြးမိေပမဲ့ လုံးဝကိူစဥ္းစားမရ။ အစကေတာ့ ကြၽန္ေတာ္ေျပာၿပီးေလွ်ာက္ဖြထားတာကို ဆရာJungkookမသိေသးဘူးထင္ၿပီး ေတာ္ေသးတယ္လို႔ေျဖသိမ့္ေနရေပမဲ့ အက်ိဳးေပးေကာင္Sunghoonက ကြၽန္ေတာ္ေျပာတာပါလို႔ပါေျပာခဲ့ပါတယ္တဲ့ေလ။
Busကားေပၚကဆင္းၿပီး အိမ္ကိုျပန္လာတဲ့လမ္းတစ္ေလွ်ာက္လုံးလည္း အဲ့ဒီကိစၥကို အေတြးထဲကေယာင္လို႔ေတာင္ထုတ္မရေပ။ ဟူးး မနက္ျဖန္ေက်ာင္းမွာေခၚၿပီးေမးရင္ေရာ အိမ္မွာေမးတာျမန္းတာေတာ့လုပ္မယ္မထင္ဘူး။ အိမ္မွာေမေမတိူ႕ေဖေဖတို႔ရွိေတာ့ အဲ့ဒီကိစၥကိုေယာင္လို႔ေတာင္ေျပာမယ္မထင္ဘူး။
"ဟာ ဟုတ္တယ္ အိမ္မွာ ေမေမတို႔နားပဲကပ္ေနလိုက္မယ္ အဲ့ဒါဆိုေမးရေတာ့မွာမဟုတ္ဘူး"
အႀကံေကာင္းရေတာ့ ပါးစပ္ကအလိုလိုေတာင္တန္းထြက္မိေသးတာ။ ဟီးး Kim Taehyungရဲ႕ဦးႏွောက္ကေ႐ႊဉာဏ္ေတာ္ပဲ။ ဆရာJungkookက ေက်ာင္းကိစၥဆိုအိမ္မွာသိပ္ေတာင္မေျပာေတာ့ ဒီကိစၥဆိုပိုလို႔ေတာင္မေမးမွာေသခ်ာသည္။
*ပြမ္ ပြမ္ ပြမ္*
လမ္းေလွ်ာက္ေနရင္း ေဘးက ကားဟြန္သံၾကားလိူ႕လွည့္ၾကည့္လိုက္ေတာ့ ဆရာJungkookရဲ႕ကားျဖစ္သည္။ Junghyungကလည္းပါေသးသည္။
မၾကားခ်င္ေယာင္ေဆာင္ၿပီး ခပ္သြက္သြက္ေလွ်ာက္ေနလိုက္ေတာ့ အေနာက္ကေန ဟြန္းခနခနတီးၿပီးကိုယ့္နားကကပ္လိုက္လာသည္။ ကားထဲကိုေနာက္ျပန္လွည့္ၾကည့္လိုက္ေတာ့ ကားေပၚလိုက္ခဲ့ဆိူတဲ့အမူအရာလုပ္ျပသည္။
ကားေပၚေရာက္တာနဲ႕ေမးမွာေသခ်ာသည္။ ခုခ်ိန္ထိဘယ္လိူညာရမလဲ ဉာဏ္နီဉာဏ္နက္ကထြက္မလာေသးဘူး။ ကိုယ္ကခပ္ျမန္ျမန္ထပ္ေလွ်ာက္ေလ သူကအေနာက္ကအရွိန္တိုးၿပီးကပ္လိုက္သည္။ မသိရင္ သူခိုးလိုက္ဖမ္းေနတဲ့ရဲကားက်ေနတာပဲ။ ဟူး Kim Taehyungေရ သူ႕ကားေပၚပါသြားလို႔မရဘူးေနာ္။ မဟုတ္ရင္ သူခိုးစစ္သလို ေမးေတာ့မွာ။
*ပြမ္ ပြမ္ ပြမ္*
"ကိုကို ကားနဲ႕လိုက္ခဲ့ေလ ဘာလို႔ဇြတ္ေျပးေနတာလဲ"
ကားဟြန္းထပ္တီးျပန္သည့္ ဆရာJungkookက အရိပ္အကဲပဲမသိတာလား။ သူ႕ဆီကိုတမင္မလိုက္ခ်င္လို႔ မတတ္တာပါဆို ေဘးကကပ္လိုက္ေတာ့တာပဲ။ ၾကားထဲက Junghyungေမ်ာက္ေလာင္းေကာင္က အသံစြာစြာနဲ႕ ကားေပၚကလွမ္းၿပီးေျပာေနေသးတယ္။ တကယ့္ကို အျမင္ကတ္ဖိူ႕ေကာင္းတဲ့လူႏွစ္ေယာက္ပဲ။
"ဘယ္မွာေျပးေနလိူ႕လဲ မေျပးပါဘူး "
ေနာက္ဆုံးဘိတ္ Taehyungလည္း ေပၚတင္ျငင္းၿပီးအသားကုန္ေျပးေတာ့သည္။ တကယ္စိတ္ညစ္လိုက္တာ ခုခ်ိန္ထိ အေနာက္ကကပ္လိုက္ေနတုန္းဘဲ။ ေနာက္တစ္လမ္းေက်ာ္ဆိုရင္ေတာင္ အိမ္ေရာက္ေတာ့မည္။ ခုလိုေျပးရင္းနဲ႕ပဲ ဒင္းတို႔ႏွစ္ေယာက္ဆီကလြတ္ေအာင္ျပန္ရေတာ့မည္ထင္ပါရဲ႕။ ဟူး Kim Taehyungရယ္မင္းဘဝကလည္းမလြယ္ပါ့လား။
"အာ့ အေမ့"
ေျပးရင္းေျပးရင္းနဲ႕ ေက်ာက္ခဲကိုတတ္နင္းမိၿပီး ေခ်ာ္လဲသြားသည္။ ေျခေထာက္က ခိုက္မိသြားတယ္ထင္သည္ မတ္တပ္ျပန္ရပ္မရေတာ့ေပ အေတာ္ကိုနာသည္။ ေျခမ်က္စိကလည္း ဘာလုပ္ဖို႔မ်ားလူခႏၶာကိုယ္မွာထည့္ေပးတာလဲ သုံးစားလို႔ကိုမရဘူး ။
Jungkookေက်ာင္းကေန အိမ္ကိုျပန္ေတာ့ Junghyungက ေရခဲမုန့္စားခ်င္တယ္ဆိူလို႔ ေရခဲမုန့္စားဝင္ပို႔ရေသးသည္။ ေရခဲမုန့္စားၿပီးအိမ္ျပန္လာေတာ့ Busကားေပၚကဆင္းလာတဲ့ Taehyungနဲ႕တိုးတယ္။ အရင္ကက် အိမ္ကို ကြၽန္ေတာ္နဲ႕ Junghyungကေစာေရာက္သည္။ Busကားကက် ေက်ာင္းသားေတြကိုမွတ္တိုင္တစ္ခုခ်င္းစီခ်ေပးေနရေတာ့ Taehyungက ကြၽန္ေတာ္တို႔ထက္ ၁၀ မိိနစ္ ၅မိနစ္ေလာက္ေနာက္က်ၿပီးမွ အၿမဲေရာက္သည္။ ဒီေန႕က ေရခဲမုန့္ဆိုင္ဝင္ေနတာနဲ႕ Taehyungနဲ႕ အခ်ိန္တိုးသည္။
ကားေပၚကေန ဟြန္းတီးၿပီးလွမ္းေခၚလိုက္ေတာ့ လွည့္ၾကည့္ၿပီးကြၽန္ေတာ့္ကိုလည္းျမင္ေရာ ဘီလူးျမင္သလို မသိခ်င္ေယာင္ေဆာင္ၿပီးေျပးသြားသည္။ ၾကည့္ရတာေန႕လည္ကကိစၥေၾကာင့္ထင္သည္။ ကေလးသဘာဝစိတ္တိုလာရင္ ဆရာကိုေတာင္မေရွာင္ဘဲေျပာတတ္တာမလို႔ နားလည္ေပးထားပါသည္။ ဘာတဲ့ လက္သီးစာေကြၽးရမယ္တဲ့ သူ႕လက္ေလးကေသးေသးေလးကို ထိုးလည္းပန္းေပါက္သလိူျဖစ္ေနမွာ။
သူ႕ညီကကားေပၚကေန ဘာလို႔ေျပးေနတာလဲလို႔ ေမးတာလည္း မေျပးပါဘူးဆိူၿပီ ေျဗာင္လိမ္ၿပီးထပ္ေျပးျပန္သည္။ ဘာလို႔မ်ားကားေပၚတတ္ရမွာအဲ့ဒီေလာက္ေၾကာက္ေနလဲမသိေပ။ သူ႕ကိုကိုက္စားမဲ့လူေတြပါေနတယ္လို႔ Kim Taehyungကထင္ေနတာလားပဲ။
ဇြတ္ကိုအေရွ႕ကေျပးတဲ့အက်ိဳးေက်းဇူးက ခုေတာ့ေမွာက္ရက္လဲၿပီ။ ျပန္ထရပ္ၾကည့္ဖို႔လုပ္ေနေပမဲ့ ျပန္မထတာကိုၾကည့္ရပုံအရ ခိုက္မိသြားတယ္ထင္သည္။ ကားကိုထိုးရပ္ၿပီးအနားကိုသြားတာေတာင္ Kim Taehyungက ဖင္ေ႐ႊ႕ၿပီးသြားေနေသးသည္။ ဟူးး တကယ့္ကိုမလြယ္ေၾကာပါပဲ။
"Taehyung ဘယ္နားထိခိုက္သြားေသးလဲ"
"ဟို.. ဆရာJungkook.. "
"ခုမွေၾကာက္ျပမေနနဲ႕ ေန႕လည္ကေျပာသြားတုန္းကေရာ မေၾကာက္ဘူးလား.. ဘာမွစိတ္ထဲထားမေနပါနဲ႕.. လူငယ္ဆိုတာ စကားေျပာမွားမိတာရွိမွာပဲေလ"
"ဟုတ္ကဲ့ဆရာ"
ဆရာJungkookကခုလိုက်ေတာ့လည္း စိတ္ထားျပည့္ဝတာပဲ။ အစကတည္းက စိတ္ထားျပည့္ဝေပမဲ့ကြၽန္ေတာ္ကပဲတမင္တလြဲေတြလုပ္အ႐ြဲ႕ေတြတိုက္ေနမိလို႔မျမင္မိတာလား။
"ဘယ္နားနာသြားလဲ ဆရာ့ကိုျပ.. "
"ဟုတ္ ေျခက်င္းဝတ္ကနာေနတယ္"
"ဘယ္ေျခေထာက္လဲ"
"ညာဘက္ကနာေနတာ"
ေျခေထာက္ကိုကိုင္ၿပီး ေဘာင္းဘီးစကိုဆြဲတင္လိုက္ေတာ့ ေျခက်င္းဝတ္ကအနည္းငယ္ေယာင္ေနသည္။ ေဆးနည္းနည္းပါးပါးလူးရင္ ေပ်ာက္သြားေလာက္မည္ထင္ပါရဲ႕ ဒါေပမဲ့လည္းကိုယ္ကအေနာက္ကလိုက္လာလို႔ သူကေရွ႕ကေျပးတာဆိုေတာ့ အျပစ္မကင္းေပ။ၿပီးက်သဴ႕မိဘေတြကိုလည္း စိတ္မပူေစခ်င္ဘူးေလ။
ေျခေထာက္ကိုကိုင္ၾကည့္ၿပီး ေျခက်င္းဝတ္ကို ကိုင္ၿပီးဘယ္ညာလွည့္ေပးေနတဲ့ဆရာJungkookရဲ႕မ်က္ႏွာအစိတ္အပိုင္းတိုင္းကို ေသခ်ာၾကည့္ေနမိသည္။ ပါးေပၚကအမာအ႐ြတ္ေသးေသးေလးကအစ စမတ္က်ေနလိုက္တာ မ်က္လုံးေလးကဝိုင္းစက္စက္ေလး တျခားေယာက်ာ္းေလးေတြဆို မ်က္လုံးဝိုင္းရင္းကြၽန္ေတာ့္သိပ္ေတာ့သေဘာမက်မိ။ ဒါေပမဲ့ ခုေတာ့သေဘာက်ေနမိပါရဲ႕။
"ေဆးခန္းသြားလိုက္ၾကမလား ႀကီးႀကီးမားမားေတာ့ထိိခိုက္မိတာမဟုတ္ေပမဲ့ ေဆးခန္းသြားျပၾကည့္ေတာ့ ပိုစိတ္ခ်ရတာေပါ့.."
"ဟုတ္ကဲ့ "
"မထနိုင္ဘူးမလား ဆရာတြဲမယ္ "
ေျပာၿပီးTaehyungေဘးနာကို ထိုင္ခ်လိဳက္တဲ့Jungkook။ Taehyungရဲ႕လက္တစ္ဖက္ကို Jungkookပုခုံးေပၚတင္ခိုင္း၍ သူ႕ရဲ႕ပုခုံးကိုအားျပဳၿပီးတြဲခိုခိုင္းရင္းထခိုင္းလိုက္သည္။ ကားနားေလးထိတြဲေခၚသြားၿပီး Lover seatကတံခါးေပါက္ကိုလွပ္ေပးသည္။ ကားထဲကိုဝင္ထိုင္ခိုင္းၿပီး သူကDriverဘက္ကအျခမ္းကိုဝင္ထိုင္လိုက္သည္။
Taehyungတစ္ေယာက္ Jungkookရဲ႕လႈပ္ရွားမႈတိုင္းကိုလိုက္ၾကည့္ေနမိသည္။ ဒါႀကီးက ပထမဆုံးစေတြ႕ခဲ့ဖူးတဲ့အခ်ိန္တုန္းကအတိုင္းျဖစ္ေနသည္။ သူလုပ္ေနတဲ့အရာရာတိုင္းကို တစ္စိတ္ခ်င္းစီလိုက္ၾကည့္မိၿပီး မွတ္သားေနမိတာေလ။
႐ုတ္တရက္ႀကီး ကြၽန္ေတာ့္ဘက္ကို ကိုယ့္ကိုကိုင္းခ်လာတဲ့ဆရာJungkookေၾကာင့္လူက အသက္ရႈဖို႔ေတာင္ေမ့သြားသည္။ ဘာမ်ားလုပ္တာလဲလို႔ လူကရင္တုန္သြားေပမဲ့ ဆရာJungkookကေတာ့ ခါးပတ္ပတ္ေပးတာျဖစ္သည္။ ဟုတ္သားပဲ ေငးေနမိတာနဲ႕ ခါးပတ္ပတ္ဖို႔ေတာင္ေမ့ေနမိတာပဲ။
"ခါးပတ္ေတာင္မပတ္နိုင္ေတာ့ဘူးေပါ့... ေနာက္တစ္ခါက်မေမ့နဲ႕ အႏၱရာယ္မ်ားတယ္"
"ဟုတ္ကဲ့ပါ "
"ဦးဦး ကိုကို႔ကိုဘာလို႔တြဲေခၚလာရတာလဲဟင္"
အေနာက္ကအသံစြာစြာကိုၾကားမိမွ ေမ်ာက္ေလာင္းစြာစိေကာင္ပါလာမွန္းသတိရသည္။စပ္စပ္စုစုနဲ႕ ကေလးကကလးလိုမေနဘူးလို႔ေျပာမိရင္လည္း သားက ကေလးမဟုတ္ေတာ့ဘူး လူႀကီးျဖစ္ေနၿပီလို႔ ရန္ျပန္ေတြ႕အုံးမွာသိေနေတာ့ ေလကုန္ခံၿပီးေျပာမေနေတာ့ဘူး။
ဟိုဆရာကို ခဏေလးတကယ္ခဏေလးငမ္းမိတာနဲ႕ အကုန္ေမ့ကုန္ေတာ့တာပဲ။ ဟူးး Kim Taehyungေတာ့ဒီေန႕ေနလို႔ထိုင္လို႔မေကာင္းေတာ့ဘူး။ ေခ်ာ္လဲတာက ေျခက်င္းဝတ္အျပင္တျခားတစ္ေနရာရာမ်ားခိုက္မိသြားေသးတာလားပဲ။
"Junghyungေလးရဲ႕ကိုကိုက အရမ္းေျပးတာေလ Junghyungျမင္တယ္မလား"
"ဟုတ္ျမင္တယ္ ဒါေပမဲ့ကိုကိုကမေျပးဘူးလိူ႕ လိမ္တယ္ေလ"
"ဘယ္တုန္းကလိမ္လို႔လဲ Kim Junghyung... ဘာမွမသိဘဲမေျပာနဲ႕"
ဆရာJungkookေျပာတာကိုေထာက္ခံတာေတာင္ ကြၽန္ေတာ့္ကလိမ္တာလို႔ေတာင္ေျပာေနေသးတဲ့ Junghyungေၾကာင့္ ထပ္ၿပီးေျဗာင္လိမ္လိုက္သည္။ တကယ္ပါပဲ Kim Junghyungကေတာ့ အၿမဲ့အဲ့ဒီလိုပဲ။ ကေလးေလးကကေလးေနရာဘယ္ေတာ့မွမေနဘူး။ ေနရာတကာ ဟိုဟိုဒီဒီ အကုန္စပ္စပ္စုစုပါတာပဲ။
"ေတာ္ပါ ကေလးကိုရန္ေတြ႕မေနနဲ႕... ကေလးကဘာသိမွာလဲ Taehyungကလည္း.. အႀကီးကပဲနားလည္ေပးလိုက္ပါ"
"သားက ကေလးမဟုတ္ေတာ့ဘူးလို႔ ၿပီးက် ကိုကိုကညာတာတကယ္ေလ ေျပးေနတာႀကီးကိုမဟုတ္ဘူးလို႔ ေျပာတာေလ "
"ရားး Junghyung!! "
"ေတာ္ေတာ့လို႔ Taehyung.. Junghyungေလးကို အေလွ်ာ့ေပးလိုက္ပါဟ"
"ဟင္းးး Kim Junghyungေနာ္ ငါဆရာJungkookေၾကာင့္ မင္းကိုအေလွ်ာ့ေပးလိုက္မယ္"
တကယ္ဒီကေလးက လူႀကီးသိပ္လုပ္ခ်င္ေနတာ။ လူႀကီးစကားေတြလည္း တအားေျပာတတ္တာ တျခားလူေတြကေတာ့ ကေလးေတြစကားသိပ္ေျပာတတ္ၿပီးလူႀကီးစကားေျပာရင္ စကားတတ္လိုက္တာခ်စ္စရာေလးလို႔ ခ်ီးက်ဴးၾကမွာေပမဲ့ Kim Taehyungကေတာ့ နိုးပါပဲ။ အပိုေတြလုပ္ေနမိတယ္လို႔ျမင္မ္တယ္။ စိတ္ပ်က္စရာ သတၱဝါေလးေတြ။ ခ်စ္စရာတစ္ကြက္ေတာင္မရွိဘူး။
ေဆးခန္းကိုေရာက္ေတာ့လည္း အဲ့ဒီေမ်ာက္ေလာင္းကေလးက ေဆးခန္းထဲမဝင္ခ်င္ဘူးဆိူၿပီးေအာ္ရစ္ေနျပန္သည္။ အဲ့ဒါေၾကာင့္ ကေလးေတြနဲ႕ဘယ္ေတာ့မွဘယ္ကိုမွမသြားခ်င္တာ။
"Junghyungေလးက လိမၼာပါတယ္ ေဆးခန္းထဲကိုလိုက္ခဲ့ပါ.. သားသားကိုးေဆးထိူးမွာမဟုတ္ဘူးေလ... ဆရာဝန္ႀကီးက သားသားကိုကိုကို ေဆးထိုးမွာေလ.. "
"ဟင့္အင္ သားမလိုက္ခ်င္ဘူး အနံ႕ႀကီးကိူမႀကိဳက္ဘူး"
"ဟင္ ဟုတ္လား အဲ့ဒါဆို သားသားကားထဲမွာ ေနခဲ့မလား.. ကိုကိုနဲ႕ဦးဦးကခဏေလးပဲၾကာမွာ.. ေဆးခန္းျပၿပီးေတာ့တန္းထြက္လာမွာ "
"ဟင့္အင့္ သားတစ္ေယာက္တည္းမေနခ်င္ဘူး.. ကိုကိုတစ္ေယာက္တည္းသြားလိမ့္မယ္.. ဦးဦးကသားနဲ႕ ေနခဲ့"
"မရဘူးေလ Junghyungေလးကလည္း.. ကိုကိုကတစ္ေယာက္တည္းလမ္းမေလွ်ာက္နိုင္ဘူးေလ.. ဦးဦးကေဘးကလိုက္တြဲရမွာေလ"
"ဟင့္အင္ မရဘူး"
"ရားး Kim Junghyung!!"
ၾကားထဲကနားေထာင္ေနရတဲ့ ကိုယ္ကလုံးဝကိူစိတ္မရွည္ေတာ့တာ။ ဟိုဟာက်လည္းမလူပ္ခ်င္ ဒီဟာက်လည္းမလူပ္ခ်င္နဲ႕။ တကယ္စိတ္ပ်က္စရာေကာင္ပဲ။ ဆရာJungkookကလည္း အေတာ္ကိုစိတ္ရွည္ေနတာ သူ႕ၾကည့္ရတာက် စိတ္ဆတ္ဆတ္နဲ႕ပုံကို ခုက်ေတာ့လည္း ေျပာေနလိုက္တာမ်ားႏူးညံ့ေနတာပဲ။ ေနာက္ဆုံးမေနနိူင္ေတာ့တဲ့အဆုံး ၾကားထဲက Taehyungပဲဝင္ပါရေတာ့သည္။
"Kim Junghyungမင္းပဲ ကေလးမဟုတ္ေတာ့ဘူးဆို အဲ့ဒါဆိူဘာလို႔ကေလးလို ဂ်ီက်ေနတာလဲ လိုက္မွာလား ေနခဲ့မွာလား... လူႀကီးေတြက တစ္ခုေ႐ြးတယ္ မင္းကလူႀကီးဆိုေ႐ြး"
သူေျပာေနက် သားကကေလးမဟုတ္ေတာ့ဘူး လူႀကီးျဖစ္ေနၿပီနဲ႕ပဲအနိုင္ပိုင္းလိုက္ေတာ့သည္။ အဲ့ဒါက်႐ုပ္ကငိုမဲ့မဲ့ေလးနဲ႕။
"ဟြန့္ ေနပဲေနခဲ့ေတာ့မယ္ ျမန္ျမန္ျပန္လာေနာ္"
"အင္း Junghyungေလးဘယ္မွမသြားနဲ႕ေနာ္ ဦးဦးတိူ႕ျမန္ျမန္ျပန္လာခဲ့မယ္"
ေနာက္ဆူံးေတာ့ Junghyungကိုကားထဲမွာထားခဲ့လိုက္ၿပီး ဆရာJungkookကိုတြဲၿပီး ေဆးခန္းထဲဝင္လာလိုက္သည္။ လူနာနည္းနည္းမ်ားေနလိူ႕ ခဏေစာင့္ေပးပါဆိူလို႔ ခုံတန္းမွာထိုင္ေစာင့္ေနရေသးသည္။
ထိုင္ေစာင့္ေနခ်ိန္ေတာင္ ဆရာJungkookက Junghyungဆီအေျပးအလႊားသြားၿပီးသြားၾကည့္ေသးသည္။ သူ႕ၾကည့္ေတာ့ ကေလးမခ်စ္တတ္သလိူပုံနဲ႕ခုက်ေတာ့လည္း ခ်စ္ျပေနလိုက္တာမ်ား ေဘးကလူေတာင္မနာလိုမိတယ္။
ခဏေနေတာ့ ျပန္ဝင္လာၿပီး ေဘးကခုံအလြတ္မွာဝင္ထိုင္သည္။ တကယ္အံ့ပါေရာ ဟိုကူးလိုက္ဒီကူးလ္ိုက္နဲ႕မေမာဘူးထင္ပါရဲ႕။
"ဆရာ့ကို ကေလးမခ်စ္တတ္ဘူးထင္ေနတာ"
ဘာမွမေျပာဘဲတိတ္ဆိတ္ေနတဲ့ ႏွစ္ေယာက္ၾကား Taehyungပဲစကားစလိုက္ရသည္။ မဟုတ္ရင္ ဘာစကားမွမေျပာဘဲထိုင္ေနၾကေတာ့မွာေလ။
"ကေလးခ်စ္တတ္ပါတယ္.... ကေလးေတြက ျဖဴစင္တယ္ေလ...လူဘဝမွာျဖဴျဖဴစင္စင္အမွတ္တရေတြနဲ႕ ေပ်ာ္ရတာဆိုလို႔ ကေလးဘဝပဲရွိတယ္ အဲ့ဒါေၾကာင့္ သူတို႔ကိုေကာင္းေကာင္းမြန္မြန္ဆက္ဆံျဖစ္တယ္..."
"မျဖစ္နိူင္လိိုက္တာ "
"ဘယ္ဟာကမျဖစ္နိုင္တာလဲ"
"ကေလးေတြကို ေကာင္းေကာင္းမြန္မြန္ဆက္ဆံတာဆိုတာေလ.. ကြၽန္ေတာ္လည္းအသက္၁၈မျပည့္ေသးဘူး ကေလးပဲဟာကို... ကြၽန္ေတာ့္က်ေကာင္းေကာင္းမြန္မြန္မေျပာဘူး"
"ေအာ္... မင္းကဘယ္တုန္းက ငါ့ကိုစကားအတည္ေျပာဖူးလို႔လဲ အၿမဲ႐ြဲ႕လိုက္ေစာင္းလိုက္နဲ႕ေလ... ငါကေကာင္းေကာင္းမြန္မြန္ေျပာပါတယ္"
"ဟီး ဟုတ္သားပဲ"
ဆရာJungkookေျပာတာလည္းဟုတ္တာပဲ။သူကပဲအၿမဲလိုက္ၿပီးရန္စေနတာေလ။ ခနေနေတာ့ သူနာျပဳဆရာမက ဝင္ရၿပီဆိုလို႔ ဝင္သြားရသည္။ ဆရာဝန္ကေတာ့ ဘာမွအရမ္းကိုခိုက္မိတာမဟုတ္ဘူးတဲ့။ ေဆးလိမ္းၿပီး ၁၀ရက္ ၁၂ရက္ေလာက္ေနရင္ေပ်ာက္သြားလိမ့္မယ္တဲ့။ အျပန္က်ေတာ့လည္း ဆရာJungkookကတြဲေခၚသည္။ အိမ္က်ေတာ့ ေမေမကအိမ္ျပန္ေနာက္က်လိဳ႕စိတ္ပူေနသည္။ တြဲေခၚလာတာကိုျမင္ေတာ့ ပိုေတာင္စိတ္ပူသြားၿပီး စိတ္အရမ္းပူကာတအားကို ေမးေနလို႔ ေသခ်ာရွင္းျပလိုက္ရေသးသည္။ အိပ္ခန္းကိုလည္း ဆရာJungkookကပဲလိုက္ပို႔တယ္။ အင္းး ဒီလိုက်ေတာ့ ဆရာJungkookကအရမ္းသေဘာေကာင္းတာပဲ အရင္ကဒီအခ်က္ေတြကိုမျမင္မိခဲ့ဘဲ ျပႆနာပတ္ရွာေနခဲ့တာကိုယ့္ကိုေတာင္ ရွက္မိပါရဲ႕။
#bliawnk