Devil Venerable Also Wants To...

By m_velvetblue

63.9K 7.8K 647

Mary-Sue ဝတ္ထုတစ်ပုဒ်၌ ဇာတ်လိုက်မကိုအလွန်သစ္စာရှိပြီးချစ်သည့် ဒုတိယဇာတ်လိုက်နတ်ဆိုးအရှင်သခင်အား ဝတ္ထုဖတ်သူအကု... More

မိတ်ဆက်ခြင်း
အပိုင်း၁။ ကောင်းကင်ဘုံက စာအုပ်
အပိုင်း၂။ ချွမ်းယွမ်ဂိုဏ်း၏ ဖြားယောင်းသူ
အပိုင်း၃။ ဒီလိုကြောင့်ကိုး
အပိုင်း၄။ ကျောက်တုံးတစ်တုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်ခြင်း
အပိုင်း၅။ အကြံကောင်းပါပဲ အရှင်
အပိုင်း၆။မိုင်ထောင်ချီရေခဲလွင်ပြင်
အပိုင်း၇။လေလွင့်မသေမျိုးနှင့် တိုက်ခိုက်ခြင်း
အပိုင်း၈ ။ ခရမ်းရင့်ရောင်ဝိဉာဥ်စံအိမ်ဝောာ်သခင်မ
အပိုင်း၉။ပိုလစ်ကြယ်နှင့် အယ်ကိတ်ကြယ်
အပိုင်း၁၀။ခံစားချက်ကင်းမဲ့သည့်မဟာတာအို
အပိုင်း၁၁။သေချင်ယောင်ဆောင်၍ လွတ်မြောက်ခြင်း
အပိုင်း ၁၂။ အရှိန်အဟုန်ပြင်းပြင်းလာ‌နေသည့်မုန်တိုင်း
အပိုင်း ၁၃။ အယ်ကိတ်ကြယ် ဖောက်ပေးသည့်လမ်း
အပိုင်း၁၄။ဂိုဏ်းပေါင်းစုံစစ်ပွဲအဆုံးသတ်
အပိုင်း၁၅။သွေးဖြိုခွဲ၍ ဝိဉာဉ်တံဆိပ်ထွင်းထုခြင်း
အပိုင်း၁၆။ လက်ခုပ်ထဲက လ
အပိုင်း၁၇။နယ်စပ်မြို့ငယ်လေး
အပိုင်း၁၈။အကြီးအကဲ ချင့်ရွှယ်
အပိုင်း၁၉။‌ဉာဏ်ကွန့်မြူးလှသည့် လက်အောက်ငယ်သား
အပိုင်း၂၁။သစ်သားပန်းပု လေ့ကျင့်ထုဆစ်ခြင်း
အပိုင်း၂၂။ဝိဉာဉ်လောက
အပိုင်း၂၃။ချွမ်းယွမ်ဂိုဏ်း တိုကင်
အပိုင်း၂၄။ဘေးချင်းယှဉ်လျက်
အပိုင်း၂၅။အမိန့်မနာခံခြင်း။
အပိုင်း၂၆။အရှုပ်အထွေးများကို ရှင်းလင်းခြင်း
အပိုင်း ၂၇။စာပေဆွေးနွေးပွဲ၌ အိပ်ပျော်သွားခြင်း
အပိုင်း ၂၈။အမှိုက်တွေချည်းပဲ
အပိုင်း ၂၉။အဆိပ်ပြင်းသော မိန်းမလှ
အပိုင်း၃၀။လက်ခုပ်ထဲကရေဖြစ်သွားမည်။
အပိုင်း ၃၁။ ဆွတ်ပျံ့ကြည်နူးဖွယ် မင်္ဂလာပွဲ
အပိုင်း ၃၂။ရှီထုံရှင်း၏ နတ်ဘုရား
အပိုင်း ၃၃။အစီအစဉ် လွဲချော်သွားခြင်း
အပိုင်း ၃၄။စိတ်ခံစားချက် မြင့်တက်သွားရခြင်း
အပိုင်း ၃၅။အမှန်တရား ပေါ်လာခြင်း
အပိုင်း၃၆။ တံခါးပိတ်ကျင့်ကြံခြင်း

အပိုင်း၂၀။သွေးနတ်ဆိုးအကြီးအကဲ

1.3K 198 23
By m_velvetblue

ပိုင်လီချင်းမြောင်ဟာ ချိုးဟုန်ရွှယ်လက်မောင်းကိုဖက်လိုက်ရင်း
လုချင်းယဲ့ဆီသို့ ရန်စသည့်အငွေ့အသက်အပြည့်ပါဝင်သောအကြည့်တစ်ချက်
ပစ်ခွင်းလိုက်လေသည်။

ဝမ်ရန်အယ် : ....

ချွမ်းယွမ်ဂိုဏ်းတွင် တစ်ယောက်ယောက်
ကသာ သူ့ကို ထိုကဲ့သို့ကြည့်ရဲပါက
တစ်သက်လုံးမည်သည့်အရာကိုမှ
ထပ်ကြည့်၍မရတော့အောင် လုပ်ပစ်မှာပင်။
မျက်လုံးတွေကို နှိုက်ထုတ်ပစ်ပြီး
ချွမ်းယွမ်ဂိုဏ်း၏အဓိကခန်းမဆောင်၌
ချိတ်ဆွဲထားမည်။ထိုမျက်လုံးတွေ
စိုက်ကြည့်လိုသမျှ သူ့ကိုအချိန်ပြည့်
စိုက်ကြည့်နိုင်ချေပြီ။

ပိုင်လီချင်းမြောင်၏ ဗြောင်ကျကျ
အကြည့်ကို ချိုးဟုန်ရွှယ်သတိထား
မိသွားသည့်အခါ ဝမ်ရန်အယ်၏
တုန့်ပြန်မှုကို အလိုလိုအကဲခတ်မိ
လိုက်သည်။မျက်နှာအမူအရာ
တင်းမာသွားသည်ကို တွေ့လိုက်ရသည့်
အခါ ချက်ချင်းပင် ပိုင်လီချင်းမြောင်၏ မျက်လုံးကို လက်ဖြင့်အုပ်လိုက်မိသည်။

ကြုံနေရသည့် အန္တရာယ်ကို
သတိမမူမိသော ပိုင်လီချင်းမြောင်ဟာ
ခေါင်းငုံ့လိုက်ပြီး ချိုးဟုန်ရွှယ်ရင်ခွင်ထဲ
တိုးဝင်လိုက်သည်။"ဆရာချင့်ရွှယ်
ကျွန်မ တကယ်..တကယ့်ကို ဂိုဏ်းတူအစ်ကိုကိုသတိရလို့ပါ။ကျေးဇူးပြုပြီးတော့
သွားတွေ့ခွင့်ပေးပါ‌နော်။"ဟု
တောင်းဆိုလိုက်သည်။

"မင်းသူ့ကို သွားတွေ့လို့ရတယ်။
အနာဂတ်ကျရင် တွေ့လို့ရတော့မှာမှ
မဟုတ်တာ။ဟုတ်တယ်မလား။"ဟု
ချိုးဟုန်ရွှယ်ပြောရင်း ရင်ခွင်ထဲမှ
ပိုင်လီချင်းမြောင်ကို ဆွဲထုတ်လိုက်ကာ
လုံးဝန်းကာတောက်ပနေသော
မျက်လုံးတွေကို ကြည့်မိသွားသည်။

နောက်ဆုံးမေးခွန်းဟာ ဝမ်ရန်အယ်ကို
မေးခြင်းဖြစ်သည်။ထာဝရ မျက်မမြင်
မဖြစ်သွားခင်သူအချစ်ရဆုံးလူကို
တွေ့သွားခွင့်ပေးပါဟု ဝမ်ရန်အယ်အား
ပိုင်လီချင်းမြောင်အစားငဲ့ညှာပေးရန်
တောင်းဆိုနေခြင်းလည်းဖြစ်၏။
ဤသည်မှာ ဆရာတစ်ယောက်အနေဖြင့် တပည့်အတွက် နောက်ဆုံးလုပ်ပေးနိုင်သော
အရာတစ်ခု ဖြစ်ပေသည်။

ဝမ်ရန်အယ်ဟာ ချိုးဟုန်ရွှယ်ကို
အေးစက်စက်ကြည့်လိုက်ရင်း
"မလိုဘူး။"ဟုပြောလိုက်သည်။

အန္တရာယ်မှ လွတ်မြောက်သွားသော
ပိုင်လီချင်းမြောင်ဟာ အန္တရာယ်နှင့်
ရင်ဆိုင်နေရခြင်းကို ယခုထိ
သတိမထားမိသေးပေ။ချိုးဟုန်ရွှယ်
ကျောနောက် ထပ်၍ပုန်းကွယ်လိုက်ရင်း "ဂိုဏ်းတူအစ်မလု အကြီးအကဲချင့်ရွှယ်က ကျွန်မကိုဂိုဏ်းတူအစ်ကိုကို သွားတွေ့ခွင့်
ပေးတယ်။ဂိုဏ်းတူအစ်မမှာ ကျွန်မကို
တားဖို့ အခွင့်အာဏာမရှိဘူး။"
ဟုရန်စပြန်သည်။

'အင်း..ဒီအရှင့်မှာ ချိုးဟုန်ရွှယ်
မင်းမျက်လုံးတွေကိုဖောက်ထုတ်ပစ်တော့မဲ့ ‌အရေးကနေ တားဆီးဖို့ အခွင့်အာဏာတော့
ရှိတယ်။'ဟုဝမ်ရန်အယ်တွေးလိုက်မိသည်။

ဝမ်ရန်အယ်နှင့်ပိုင်လီချင်းမြောင်တို့၏
စကားကို နားထောင်ပြီးနောက်
ချိုးဟုန်ရွှယ်ဟာ ပိုင်လီချင်းမြောင်
ပါးနှစ်ဖက်ကို ဖွဖွလေးကိုင်လိုက်ပြီး
‌နွေးထွေးသောအပြုံးလေးနှင့်အတူ
"ဟုတ်တယ်။ဒီမျက်လုံးတွေရှိရှိ မရှိရှိ
မင်းအတွက်ဘာမှသိပ်ပြီး ကွဲပြားသွားမှာမဟုတ်ဘူး။"

"ဟမ်..."ပိုင်လီချင်းမြောင် သူ့မျက်လုံး
နှစ်လုံးကို လက်ဖြင့်ပွတ်သပ်လိုက်ပြီး
သူ့ဆရာကို ထူးဆန်းစွာကြည့်မိလိုက်သည်။
သူ့မျက်လုံးတွေက အကောင်းအတိုင်း
ရှိ‌‌နေသေး၏။

ပိုင်လီချင်းမြောင်၏ တောင်းဆိုချက်ကို
ချိုးဟုန်ရွှယ်သဘောတူလိုက်သလို
ဖြစ်သွား၏။လုချင်းယဲ့ဟာ ဗဟိုချက်
ဖွဲ့စည်းခြင်းအဆင့်ဂိုဏ်းတပည့်သာ
ဖြစ်သောကြောင့် ဂိုဏ်းအကြီးအကဲ၏
အမိန့်ကို မလွန်ဆန်နိုင်ပေ။ထို့အတွက်
ချိုးဟုန်ရွှယ် အကာအကွယ်အစီအရင်ကို
ဖွင့်လိုက်ချိန်အထိ တိတ်တဆိတ်သာ
နေလိုက်သည်။‌လှေပျံပေါ်မတက်ခင်
ပိုင်လီချင်းမြောင်ဟာ သူ့အချစ်ပြိုင်ဘက်ကို
လှောင်ကြည့်ကြည့်သွားသည်။

ပိုင်လီချင်းမြောင်‌ လှေပျံပေါ်တက်ပြီးနောက်
သူ့ကျောဘက်ဆီမှထူးဆန်းသည့်
ခံစားချက်တစ်ခုရလိုက်သည်။ထို့ကြောင့်လှည့်ကြည့်လိုက်သည့်အခါ အကြီးအကဲ
ချင့်ရွှယ်ကော လုချင်းယဲ့ပါ သူ့နောက်
လိုက်လာသည်ကို တွေ့လိုက်ရ၏။

"ဘာလို့ လိုက်လာရတာလဲ။"
ဟုပိုင်လီချင်းမြောင်‌ လုချင်းယဲ့အား
မကျေနပ်သံဖြင့်မေးလိုက်သည်။

သူ့အသံအနေအထားကိုကြားပြီးနောက်
ချိုးဟုန်ရွှယ်ဟာ ဓားအသေးတစ်ချောင်း
ထုတ်ယူလိုက်ပြီး လက်ချောင်းထိပ်၌
လှည့်ကစားရင်း ပိုင်လီချင်းမြောင်
သူ့လျှာသူမလိုချင်တော့ပါက
ပိုင်လီချင်းမြောင်အစား သူဖြတ်ပေးမည်ဟု
တွေးနေမိသည်။ကျင့်ကြံသူအတွက်
လျှာဟာမရှိမဖြစ် လိုအပ်မနေပေ။

"အဲ့တာက..ငါလည်းဆီးနှင်းတောင်ထွဋ်က
ထွက်လာဖို့ လိုလို့လေ။"ဟုလုချင်းယဲ့
ပြန်ဖြေလိုက်ရင်း ဓားကိုင်ထားသည့်
ချိုးဟုန်ရွှယ်လက်ကို ဆွဲချလိုက်သည်။
သူ့အကူအညီကို အရှင်မလိုအပ်ကြောင်း
နားလည်သွားပြီးနောက် ချိုးဟုန်ရွှယ်
ဓားကိုသိမ်းလိုက်သည်။

အန္တရာယ်နှစ်ခုမှ လက်မ‌တင်‌လေး
လွတ်မြောက်ခဲ့ရကြောင်း သတိမမူမိသည့်
ပိုင်လီချင်းမြောင်ဟာ လှေကိုဦးတည်ပေးရင်း
သူ့ဘာသာသူ ငြီးတွားနေလေသည်။
သူလုချင်းယဲ့ကိုသဘောမကျပေ။
သူအပြင်စည်းတပည့်ဖြစ်စဉ်က
ဂိုဏ်းတူအစ်မလု သူ့ကိုအနိုင်ကျင့်ခဲ့သည်။
ကျင့်ကြံနည်းစနစ်များ သို့မဟုတ်
အခြေခံအုတ်မြစ်တည်ဆောက်ဆေးများကို
စီမံခန့်ခွဲခြင်းခန်းမ၌သူ မဝယ်ယူနိုင်စေရန် သူ့အမှတ်တွေကိုပါ အမြဲခိုးယူခဲ့သည်။
သူ့ဂိုဏ်းတူအစ်ကို၏ တွေးပေးတတ်မှုကြောင့်သာမဟုတ်လျှင် သူယခုအချိန်အထိ
ချီစုဆောင်းခြင်းအဆင့်မှာသာ
ရှိသေးဦးမှာပင်။

ယခုအချိန်၌ သူ့နောက်တွင် အကြီးအကဲ
ချင့်ရွှယ်ရှိနေပြီဖြစ်သည့်အတွက်
လုချင်းယဲ့သူ့ကိုဘာမှလုပ်ရဲတော့မှာ
မဟုတ်ပေ။အကြီးအကဲချင့်ရွှယ်သူ့‌နောက်တွင်ရှိသောကြောင့်
ပိုင်လီချင်းမြောင်ဟာ လုချင်းယဲ့အပေါ်
ရှိသည့် သူ၏မကျေနပ်ချက်များကို
ထုတ်ပြရဲလာသည်။

ပိုင်လီချင်းမြောင် လှေဦးတည်ရာကို
ထိန်းချုပ်နေစဉ် ဝမ်ရန်အယ်ဟာ
သူ့‌နောက်မှ ချိုးဟုန်ရွှယ်နှင့် စိတ်ချင်း
ဆက်သွယ်ကာ "သူဝိဉာဉ်အခြေတည်
အဆင့်ရောက်ဖို့ကျော်ဖြတ်ရတဲ့
အတွင်းစိတ်မကောင်းဆိုးဝါးကပ်ဘေးကို ဘယ်လိုကျော်ဖြတ်နိုင်သွားတာလဲ။"
ဟုမေးလိုက်သည်။

ပိုင်လီချင်းမြောင် ဗဟိုချက်ဖွဲ့စည်းခြင်းအဆင့်မိုးကြိုးကပ်ဘေးကိုရင်ဆိုင်ပြီးသောအခါ နားလည်ကာစ အရာအားလုံးတူညီခြင်းလမ်းစဉ် သူ့စိတ်ထဲမှ
လုံးဝကွယ်ပျောက်သွား၏။
ဝိဉာဉ်အ‌ခြေတည်အဆင့်ကပ်ဘေးကို
ကျော်ဖြတ်ရာတွင်လည်း ထိုနည်းတူ
ဖြစ်မည်ဟု ဝမ်ရန်အယ်ထင်မိသည်။

"အ‌ခြေတည်စဝိဉာဉ်ဖန်တီး‌နေစဉ်မှာ
ဟယ့်ဝမ်းချောင်ကို ကာကွယ်သူရှူ၊အခု အရှင်ဝင်နေတဲ့ခန္ဓာကိုယ်ပိုင်ရှင်နဲ့ အခြားမရေမတွက်နိုင်တဲ့မိန်းမတွေနဲ့တူတူ‌တွေ့ရပါတယ်။အချို့မိန်းမ‌တွေရဲ့မျက်နှာ‌တွေက
မှုန်ဝါး‌နေပါတယ်တဲ့။အဲ့အချိန်တုန်းက
သူအသည်းအသန် ငိုကြွေးနေတာကြောင့်
အခြေတည်စဝိဉာဉ်ဖန်တီးတာ ကျရှုံးကာနီး
ဖြစ်သွားပြီး သူရဲ့ရွှေရောင်အမြူတေတောင်
ပျက်စီးသွားခါနီးပါပဲလို့ ပြောပါတယ်။"
ဟုချိုးဟုန်ရွှယ်ပြန်ဖြေလိုက်သည်။

"အတွင်းစိတ်မကောင်းဆိုးဝါးကို
သူဘယ်လိုကျော်ဖြတ်နိုင်ခဲ့တာလဲ။"

"ချီဖောက်ပြန်ခါနီးမှာပဲ ရုတ်တရက်ကြီး
စိတ်အေးသွားပြီး အခြေတည်စဝိဉာဉ်
ဖန်တီးနိုင်သွားပါတယ်။ပုံရိပ်ယောင်
တွေလည်းပျောက်ကွယ်သွားပါတယ်။
ကျွန်မ‌ မေးကြည့်တော့ အဲ့ပုံရိပ်ယောင်ထဲမှာ သူ့ဂိုဏ်းတူအစ်ကိုက သူ့ကို
ညင်ညင်သာသာလေး ပြုံးပြပြီး
တစ်ကမ္ဘာလုံးမှာ သူ့ကိုအချစ်ဆုံးပါပဲ။
ကျန်တဲ့သူတွေက စိတ်ထွေပြားသွားရုံပါပဲလို့ပြောလာပါတယ်တဲ့။အဲ့တာကိုကြားတော့
ချက်ချင်းပဲစိတ်အေးသွားပြီး
အရေးအကြီးဆုံးအရာက ဂိုဏ်းတူအစ်ကို
သူ့ကိုချစ်နေဖို့ပဲဆိုတာကို
သဘောပေါက်သွားပါတယ်လို့
ပြန်ဖြေလာပါတယ်။"
ဟုချိုးဟုန်ရွှယ်ပြောကြားလိုက်သည်။

ဝမ်ရန်အယ် : .....

ဆန်းကြယ်သည့်စွမ်းအားတစ်ခုခုဟာ
ပိုင်လီချင်းမြောင် ကျော်ဖြတ်ရသည့်
ကပ်ဘေး‌များကို ဝင်ရောက်စွက်ဖက်
နေသည်ဟု ဝမ်ရန်အယ်
သံသယဝင်မိသည်။

မူလဇာတ်ကြောင်း၌ ပိုင်လီချင်းမြောင်ဟာ
နတ်ဘုရားစွမ်းအင်ကို စွန့်လွှတ်ခဲ့ပြီး
တစ်စုံတစ်ခု၏ ထိန်းချုပ်ခြင်းခံထားရ
သကဲ့သို့ "ဂိုဏ်းတူအစ်ကိုက သူ့ကိုလူတွေရဲ့
အသက်ကို ကာကွယ်ပေးစေချင်တယ်။"
ဟု အမြဲတွေးတောနေလေ့ရှိသည်။‌
ဦးခေါင်းထဲ ထိုအတွေးတွေ တွေးနေမိအောင် တစ်စုံတစ်ရာက အတင်းအကျပ်
တွန်းအားပေးနေတာများ ဖြစ်နိုင်စလား။

ဝမ်ရန်အယ်၏ ထူးဆန်းသည့် မျက်နှာ
အမူအယာကို မြင်ပြီးနောက်ချိုးဟုန်ရွှယ်ဟာ
"အရှင် ကျွန်မကအခုလေလွင့်မသေမျိုး
ဖြစ်နေပေမဲ့ တစ္ဆေကျင့်စဉ်ထဲပါတဲ့
နည်းလမ်းတချို့ကို မှတ်မိနေပါသေးတယ်။
ဝိဉာဉ်အချို့ကိုဆင့်ခေါ်ပြီး သူ့ဦးနှောက်တွေကို ခပ်ထုတ်ပစ်မယ်။ပြီးရင် ယောကျာ်းတွေကိုမုန်းတဲ့ အငြှိုးတရားအပြည့် တစ္ဆေ
တစ်ကောင်ကို ပြန်ထည့်ပေးလိုက်မယ်လေ။"
ဟု အသေအချာစဉ်းစားကာ
အကြံပေးလိုက်သည်။

အလွန့်အလွန်ကိုမှ စဉ်းစားပေးတတ်ကာ ဝန်ထုပ်ဝန်ပိုးများ လျော့နည်းသွားအောင်ကြိုးစားတွေးပေးနေသည့် သူ၏ လက်အောက်ငယ်သားကို ဝမ်ရန်အယ်
ငဲ့ကြည့်လိုက်ပြီး "ခန်းမဆောင်သခင်ချိုး
မင်း‌ခေါင်းထဲမှာ ဦးနှောက်ပြန်ရှိသွားပြီ
မလား။ခန်းမဆောင် သခင်ရှူနဲ့
မကြာခဏတွေ့ပြီး သူ့ဆီကနေ
ဦးနှောက်ကိုဘယ်လိုအသုံးချရမလဲ
ဆိုတာကိုသင်။အလဟဿမဖြစ်သွားစေနဲ့။" ဟုမိန့်လိုက်သည်။

"နားလည်ပါပြီ အရှင်။" ဟုချိုးဟုန်ရွှယ်
ရိုရိုကျိုးကျိုးပြန်ဖြေလိုက်သည်။

၎င်းတို့နှစ်ဦးစိတ်ချင်းဆက်သွယ်နေစဉ်မှာ
ပိုင်လီချင်းမြောင်ဟာ လှေကိုအဓိက
တောင်ထွဋ်ရှိရာသို့ ဦးတည်နေလေ၏။
ဂိုဏ်းချုပ်နှင့် ဂိုဏ်းချုပ်၏တပည့်ရင်း
နှစ်ဦးလုံးဒဏ်ရာရပြီးနောက်
ဂိုဏ်းချုပ်နေထိုင်ရာအဆောက်အဦး၌
နှစ်ဦးစလုံး ပြန်ကောင်းမွန်လာအောင်
ကုစားနေကြသည်။

"ဂိုဏ်းတူအစ်မလု ကျွန်မတို့အဓိက
တောင်ထွဋ်ကိုရောက်ပြီ။"ဟု
ပိုင်လီချင်းမြောင် မာထန်ထန်လေသံဖြင့်
ပြောလိုက်သည်။
"အခုထွက်သွားလို့ရပြီ။"

လုချင်းယဲ့အပေါ်  ပိုင်လီချင်းမြောင်
ဆက်ဆံပုံကို ဝမ်ရန်အယ်ကျင့်သားရနေပြီ
ဖြစ်သောကြောင့် ဘယ်လိုမှမနေ‌ဘဲ
ပိုင်လီချင်းမြောင်နောက် တိတ်တဆိတ်သာလိုက်နေ၏။

"ဘာလို့ ငါ့နောက်လိုက်နေတာလဲ။"
ဟုပိုင်လီချင်းမြောင်စိတ်တိုစွာ
မေးလိုက်သည်။သူ့နောက် လုချင်းယဲ့
တကောက်ကောက်သာ လိုက်နေပါက
သူ့ဂိုဏ်းတူအစ်ကိုကို သူဘယ်လို
နှုတ်ဆက်စကားပြောရတော့မှာလဲ။

"ငါလည်း ဟယ့်ဝမ်းချောင်ကိုတွေ့ချင်လို့။"

ဟယ့်ဝမ်းချောင် မည်ကဲ့သို့ မိန်းမ
နှစ်ယောက်ကြားဟန်ချက်ညီအောင်
ထိန်းပြီး ပိုင်လီချင်းမြောင်နှင့်
လုချင်းယဲ့နှစ်‌ယောက်စလုံး သူ့ကို
ယုံကြည်အောင်လုပ်မလဲဆိုတာကို
ဝမ်ရန်အယ်မျက်မြင်တွေ့ချင်မိသည်။

လုချင်းယဲ့ သူ့ဂိုဏ်းတူအစ်ကိုဆီသွားခြင်းမှ
တားဆီးရန် သတိလစ်သွားအောင်
လုပ်ပစ်ချင်သော်ငြား အဓိကတောင်ထွဋ်၌
ရောက်နေသောကြောင့် ပိုင်လီချင်းမြောင်
ထိုကဲ့သို့ မလုပ်ရဲပေ။ထို့ကြောင့် သူ့နောက်
တကောက်ကောက်လိုက်နေသောအကြီးအကဲချင့်ရွှယ်နှင့် လုချင်းယဲ့တို့ကို
မခေါ်ချင်ခေါ်ချင်ဖြင့် ဟယ့်ဝမ်းချောင်အနားယူရာသို့ဦးဆောင်လာခဲ့ရ၏။

တံခါးကဝင်လိုက်သောအခါ အားနည်းစွာ
အိပ်ယာ‌ပေါ် လဲလျောင်းနေရသော
ဟယ့်ဝမ်းချောင်ကိုမြင်လိုက်ရသည့်အတွက်
ပိုင်လီချင်းမြောင်၏ မျက်နှာပေါ်
ဆည်ကျိုးသလို မျက်ရည်တွေ
စီးကျလာတော့သည်။"ဂိုဏ်းတူအစ်ကို"
ဟုငိုရင်းသူခေါ်လိုက်သည်။

မှိတ်ထားသည့်မျက်လုံးကို ဟယ့်ဝမ်းချောင်ဖွင့်လိုက်ပြီးခံစားချက်အပြည့်ဖြင့်
ပိုင်လီချင်းမြောင်ကို စိုက်ကြည့်လိုက်ကာ
"ဂိုဏ်းတူညီမလေး"ဟုခေါ်လိုက်သည်။
ထိုမျှမကသေးဘဲ ပိုင်လီချင်းမြောင်နောက်ရှိ
လုချင်းယဲ့ကိုပါ ထိုခံစားချက်
အပြည့်မျက်လုံးဖြင့်စိုက်ကြည့်ကာ
"ဂိုဏ်းတူညီမလေး လု"
ဟုထပ်ခေါ်ပြန်သည်။

လုချင်းယဲ့ကိုဂရုမစိုက်ဘဲ ဟယ့်ဝမ်းချောင်ကို
ပိုင်လီချင်းမြောင်ဖက်လိုက်ပြီး
"ဂိုဏ်းတူအစ်ကို အစ်ကိုရဲ့ဒဏ်ရာတွေနဲ့ပတ်သက်ပြီး ဆေးခန်းမအကြီးအကဲ
ဘာပြောသေးလဲ။"ဟုမေးလိုက်သည်။

ဟယ့်ဝမ်းချောင် ခါးသီးမှုအပြည့်ဖြင့်
ပြုံးလိုက်ကာခေါင်းခါရင်း ပိုင်လီချင်းမြောင်
ဆံပင်ကိုပွတ်သက်ပေးလိုက်၏။
"ဂိုဏ်းတူညီမလေး ဝိဉာဉ်အခြေတည်အဆင့်ကိုရောက်သွားပြီပေါ့။အစ်ကိုဖန်တီးနိုင်ခဲ့တုန်းကထက်‌တောင် စောပြီးအခြေတည်စ
ဝိဉာဉ်ကို‌ ဖန်တီးနိုင်ခဲ့တာပဲ။ဂိုဏ်းရဲ့
အနာဂတ်ကို ညီမလေးလက်ထဲ စိတ်ချလက်ချအပ်ထားလို့ရပြီပဲ။"

ခက်ခက်ခဲခဲဖြင့် ပိုင်လီချင်းမြောင်၏
မျက်ရည်ကိုသုတ်ပေးရင် ညင်သာသော
အသံဖြင့် "မငိုပါနဲ့ ညီမလေးရဲ့။
ဝိဉာဉ်အခြေတည်အဆင့်
အတွင်းစည်းတပည့်တစ်ယောက်
ရှန့်ချင်းဂိုဏ်းရဲ့အနာဂတ်ထောက်တိုင်
တစ်ယောက်အနေနဲ့ သန်မာပြီး
ဂျူနီယာတွေရဲ့စံပြအဖြစ်နေရမှာပေါ့။"

ဟယ့်ဝမ်းချောင်စကားကြောင့်
ပိုင်လီချင်းမြောင် ပို၍ငိုကြွေးလာ၏။
ရှန့်ချင်းဂိုဏ်း၏အနာဂတ်ထောက်တိုင်ဟာ
ဟယ့်ဝမ်းချောင်ဖြစ်ရမှာပင်။ဂိုဏ်းတူအစ်ကို
သူ့ကိုယခုကဲ့သို့ပြောနေခြင်းဟာ
အရာအားလုံးကိုလက်လျော့ပြီး သူ့ကို
တာဝန် လွှဲပေးချင်နေလို့များလား။"

"ဆရာ ချင့်ရွှယ်"ပိုင်လီချင်းမြောင်
ခေါင်းမော့လိုက်ပြီး ချိုးဟုန်ရွှယ်ကို မျက်ရည်စီးကြောင်းအပြည့် မျက်နှာဖြင့်
ကြည့်လိုက်သည်။"ဝိဉာဉ်အခြေတည်
အဆင့်ရောက်ရင် ဂိုဏ်းတူအစ်ကိုကို
ကယ်ဖို့နည်းလမ်းရှိလာမယ်ဆို။
ဘယ်လိုကယ်ရမှာလဲဟင်။"

"ဒီလိုမျိုးလေ ဝိဉာဉ်အခြေတည်အဆင့်ကို
ရောက်ရင် မင်းသင်ယူနိုင်မဲ့ လျှို့ဝှက်ချက်တစ်ခုရှိတယ်။အဲ့ဒါက လူတစ်ယောက်ရဲ့
ဝိဉာဉ်ကိုအမှတ်အသားတစ်ခုမှတ်ထားပြီး
နောက်ဘဝကျရင် ပြန်ရှာလို့ရတာမျိုး။
ငါမင်းကို အဲ့နည်းလမ်းသင်ပေးပြီးသွားရင်
ဟယ့်ဝမ်းချောင်ဝိဉာဉ်ကို မှတ်ထားလိုက်။
ပြီးရင်သတ်လိုက်။ပြန်ဝင်စားလာတဲ့နောက်ဘဝကိုရှာပြီး သူအရွယ်ရောက်လာတဲ့အထိ ပျိုးထောင်။ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဆယ့်ရှစ်နှစ်ဆိုတာက
မျက်တောင်တစ်ခတ်လောက်ပဲကြာမှာပါ။"

ပိုင်လီချင်းမြောင် : ......

ဟယ့်ဝမ်းချောင် : .......

ဝမ်ရန်အယ်တောင်မှ ချိုးဟုန်ရွှယ်
အတွက် လက်ခုပ်တီးပေးချင်မိသည်။
ချွမ်းယွမ်ဂိုဏ်းတွင် ပါရမီရှင်တွေနှင့်
ပြည့်နှက်နေတာပါလား။

အချိန်ခဏကြာစကားမပြောနိုင်
ဖြစ်သွားပြီးနောက် ဟယ့်ဝမ်းချောင်ကို
ဖက်ရင်း ပိုင်လီချင်းမြောင်
"ဂိုဏ်းတူအစ်ကို"ဟုခေါ်ကာ
အော်ငိုတော့သည်။

ပိုင်လီချင်းမြောင်ကို ရင်ခွင်ထဲဖက်ထား
သော်ငြား ဟယ့်ဝမ်းချောင်မျက်လုံးဟာ
လုချင်းယဲ့အပေါ်ကျရောက်နေ၏။
ဟယ့်ဝမ်းချောင်ဟာ အလွန်
ကြည့်ကောင်းသည့်ရုပ်ရည်ပိုင်ဆိုင်ထားပြီး
ခံစားချက်တွေကို နူးညံ့နွေးထွေးသောမျက်လုံးတွေမှတစ်ဆင့်ပြောပြနိုင်၏။
သူ၏နွေးထွေးသောမျက်လုံးတွေ၌
"ဂိုဏ်းတူညီမလေး အစ်ကိုက ညီမရဲ့
အချစ်တွေနဲ့မထိုက်တန်တော့ပါဘူး။
အစ်ကို့ကိုလာမကြည့်ပါနဲ့တော့။"
ဟူသည့်အဓိပ္ပာယ်ကို လုချင်းယဲ့
သဘောပေါက်အောင် ဖော်‌ပြနေ၏။

လုချင်းယဲ့အစစ်သာဆိုလျှင် နေရာမှာပင်
သူ့ခန္ဓာကိုယ်ကိုပေးပစ်လောက်သည်။
သို့ပေမဲ့ ဝမ်ရန်အယ်ကတော့သူ့ကို
အေးစက်စက်သာကြည့်နေလိုက်သည်။
အချိန်တစ်ခုကြာ ကြည့်ပြီးနောက်
ဝမ်ရန်အယ်၏မျက်ခုံး အနည်းငယ်
တွန့်ချိုးသွားသည်။

လုချင်းယဲ့နှင့်အကြည့်ချင်း
ဖလှယ်နေစဉ်မှာပင် ရုတ်တရက်
ဟယ့်ဝမ်းချောင်ဟာ တစ်ယောက်ယောက် စကားပြောနေသည်ကိုနားထောင်နေသကဲ့သို့
ပြုမူနေ၏။ခဏကြာသောအခါ
ဖြူဖျော့သွားပြီး ဝမ်ရန်အယ်အား
သတိအပြည့်ဖြင့်ကြည့်လိုက်သည်။
ပါးစပ်ဖွင့်ပြီး အော်ဟစ်ကာနီးပင်။

ဝမ်ရန်အယ် ခြေတစ်လှမ်းရှေ့တိုးလိုက်ပြီး
လက်တစ်ဖက်ဖြင့် ဟယ့်ဝမ်းချောင်
ပါးစပ်ကိုပိတ်ထားလိုက်သည်။
ပိုင်လီချင်းမြောင်ကိုဆွဲလိုက်ပြီး
"မင်း..နောက်ကိုဆုတ်‌နေ။"
ဟုပြောလိုက်သည်။

သူနှင့်ဂိုဏ်းတူအစ်ကိုကို ဆွဲခွာရဲသည့်
လုချင်းယဲ့‌အား ဒေါသပုန်ထစွာ
"လုချင်းယဲ့"ဟုအော်လိုက်ပြီးနောက်
အခန်းအပြင်ဘက်သို့အကြီးအကဲချင့်ရွှယ်
ဆွဲခေါ်သွားခြင်းကို ပိုင်လီချင်းမြောင်
ခံလိုက်ရသည်။

လက်တစ်ဖက်ကိုဝှေ့ယမ်းရင်း
အကြီးအကဲချင့်ရွှယ် တံခါးကိုချိပ်ပိတ်
လိုက်ခြင်းအားကြည့်ရင်း ဒေါသနှင့်ပူပန်မှု‌ ရောထွေးနေသံဖြင့် "ဆရာ"ဟု
ပိုင်လီချင်းမြောင်ခေါ်လိုက်၏။

သူ့ခေါင်းကို အကြီးအကဲ ချင့်ရွှယ်
ကိုင်ထားပြီး သူ့ကိုထိန်းချုပ်ထား၏။
"ပါးစပ်ပိတ်ထား"ဟုပါပြောလာသည်။

အရှင့်၏ မျက်နှာအမူအယာကိုကြည့်ခြင်းဖြင့်
အန္တရာယ်ကြီးသည့် ရန်သူကိုရင်ဆိုင်နေရကြောင်းသိနိုင်သည်။ဟယ့်ဝမ်းချောင်နှင့်
ပတ်သက်ပြီး တစ်စုံတစ်ခု မှားနေ၏။
အထဲမှ လူနှစ်ယောက်စကားပြောကြား
နေခြင်းအား တစ်စုံတစ်ယောက်
ခိုးနားထောင်ခြင်းမှ ကာကွယ်ရန်အခန်းတစ်ဝိုက်ကို ချိုးဟုန်ရွှယ်
အတားအဆီးချလိုက်သည်။

အတားအဆီးချလိုက်ခြင်းအား
အခန်းထဲတွင် ရှိနေသည့်
ဝမ်ရန်အယ်သတိထားမိပြီးနောက်
ဟယ့်ဝမ်းချောင်ပါးစပ်ပေါ်မှ လက်ကို
ဖယ်လိုက်ကာ သေသေချာချာ
စစ်ဆေးကြည့်ရှုရန် ဝိဉာဉ်သိစိတ်ကို
ထုတ်လွှတ်လိုက်သည်။

ဆန့်ကျင်ဘက်နံရံရှိရာသို့ ဟယ့်ဝမ်းချောင်နောက်ဆုတ်သွားသည်။မှော်လက်နက်ကို
လက်တစ်ဖက်ကကိုင်ထားပြီး
နောက်လက်တစ်ဖက်တွင်တော့
သတင်းပေးပို့အဆောင်ရှိနေသည်။
ကျောက်စိမ်းပြားကို ချိုးဖျက်လိုက်သည်နှင့်
ရှန့်ချင်းဂိုဏ်းမှ အဆင့်မြင့်ကျင့်ကြံသူများရောက်လာကာ လုချင်းယဲ့ကို
ကပ်တွယ်နေသည့် အရာပျောက်ကွယ်
သွား‌စေရန်တောင်ရှိ အစီအရင်ကို
အသက်သွင်းမှာပင်။

သတင်းပေးပို့အဆောင်ကိုငဲ့ကြည့်ရင်း
"မင်းကိုကူညီပေးမဲ့သူတွေကို မင်းခေါ်နိုင်တယ်။ဒီအရှင်လည်း မင်းရဲ့သရုပ်မှန်ကို
သူတို့သိအောင် ဖော်ထုတ်ပစ်မှာ။"
ဟု ဝမ်ရန်အယ်ပြောလိုက်၏။

သွေးကျင့်စဉ်ကိုသာ ကျင့်ကြံမထားပါက
ဟယ့်ဝမ်းချောင်ခန္ဓာကိုယ်ထဲ၌
ဝိဉာဉ်နှစ်ခုရှိနေခြင်းအား ဝမ်ရန်အယ်
မသိနိုင်ပေ။သူ့ခန္ဓာကိုယ်ထဲတွင်
သေးငယ်လှသည့် သွေးချီအနည်းငယ်
ပုန်းအောင်းနေသည်။ဝမ်ရန်အယ်ကဲ့သို့
သွေးကျင့်စဉ်ကျင့်ကြံထားသူပင်။

လွန်ခဲ့သည့် နှစ်တစ်သောင်းခန့်က
တစ်ဦးတည်းသော သွေးကျင့်စဥ်
ကျင့်ကြံသူသည် လမ်းလွဲသွားပြီး
နတ်ဆိုးဖြစ်သွားခဲ့သည်။ထို့ကြောင့်
အမှန်တရားဂိုဏ်းများနှင့် နတ်ဆိုးဂိုဏ်းများ ပူးပေါင်းပြီး ထိုသူကိုနှိမ်နှင်းခဲ့သည်။သို့‌သော် သွေးကျင့်ကြံသူ‌သေဆုံးသွားအောင်
သတ်ရန်ခက်ခဲလှ၏။သွေးတစ်စက်
ကျန်လျှင်သော်တောင်မှ တဖြည်းဖြည်းနှင့် အင်အားပြန်ပြည့်လာအောင်လုပ်၍
ရသောကြောင့်ပင်။

"မင်းဘယ်သူလဲ။"ဟုဟယ့်ဝမ်းချောင်
မေးလိုက်သည်။"လွန်ခဲ့တဲ့ခုနစ်ရက်
ဂိုဏ်းတူညီမလေးလုကို ငါတွေ့ခဲ့တုန်းက
သူ့ကို ကပ်တွယ်ထားတဲ့အရာမျိုးမရှိ‌ဘူး။
မင်း သူ့ကိုဘာလုပ်လိုက်တာလဲ။"

"ဒီအရှင်နဲ့ မင်း စကားပြောဖို့
မထိုက်တန်ဘူး။"ဟုဝမ်ရန်အယ် အေးစက်စက်ပြောလိုက်သည်။
"မင်းခန္ဓာကိုယ်ထဲက တစ်ယောက်နဲ့
လဲလိုက်။"

ဟယ့်ဝမ်းချောင်အမူအယာဟာ
သဘောမတူချင်ပုံပေါ်နေသည်။
မျက်လုံးတွေကို ဟိုရွှေ့ ဒီရွှေ့ဖြင့်
တစ်စုံတစ်ယောက်နှင့် စိတ်ချင်း
ဆက်သွယ်နေပုံပင်။ခဏကြာသောအခါ
သူ့အမူအယာဟာ ခံစားမှုရောထွေးကာဆုံးဖြတ်ချက်မပြတ်သား‌သော
အမှန်တရားဂိုဏ်းတပည့်အဖြစ်မှ
ရက်စက်ကြမ်းကြုတ်သော သွေးကျင့်ကြံသူတစ်ယောက်အဖြစ်သို့လုံးဝပြောင်းလဲသွား၏။

ဟယ့်ဝမ်းချောင်ခန္ဓာကိုယ်ကို
အသုံးပြုထားသော သွေးနတ်ဆိုး
စကားပြောလာသည်။"ဟီး ဟီး
နှစ်ပေါင်းတစ်သောင်းလောက်
ကုစားပြီးချိန်မှာ ကျင့်ကြံခြင်းလောကမှာ
ဒီအရှင်လို သွေးကျင့်ကြံသူရှိလာမယ်လို့
မထင်ထားမိခဲ့ဘူး။သွေးဖြိုခွဲကျင့်စဉ်ကိုကျင့်ကြံ‌အောင်မြင်ခဲ့တဲ့မင်းကို ဒီအရှင်ချီးကျူးချင်တယ်။"

"ဒီအရှင်"ဟုသူ့ကိုယ်သူရည်ညွှန်းသံဟာ
ဝမ်ရန်အယ်ကို နားမခံသာဖြစ်စေ၏။
ထပ်တူညီသည့် မောက်မာသံဖြင့်
"ဒီအရှင် ဘယ်တုန်းကမှ ငါကလွဲပြီး
သူ့ကိုယ်သူအရှင်လို့ရည်ညွှန်းဖို့
ထိုက်တန်သူနောက်တစ်ယောက်ကို
မတွေ့ဖူးသေးဘူး။"ဟုဝမ်ရန်အယ်
ပြောလိုက်သည်။

"အိုး အဲ့လိုလား။အတိတ်က ဒီအရှင်
ဘယ်လောက်အင်အားကြီးခဲ့လဲ။
လွန်ခဲ့တဲ့နှစ်‌တစ်သောင်းက ကျင့်ကြံသူတွေ
ဘယ်လောက်တောင်မှ အင်အားကြီးခဲ့လဲ
ဆိုတာကို မင်းတွေးကြည့်လို့တောင်
ရမှာ မဟုတ်ဘူး။အခုခေတ် ကျင့်ကြံသူတွေရဲ့အဆင့်က စကားထဲ ထည့်ပြောဖို့တောင်
မတန်ဘူး။"ဟုသွေးနတ်ဆိုးပြန်ပြောလာ၏။

ငြင်းနေ၍လည်းအကျိုးမရှိသဖြင့်
ထိုသွေးနတ်ဆိုးနှင့် ဝမ်ရန်အယ်
ထပ်မငြင်းတော့ပေ။လွန်ခဲ့သည့်
နှစ်‌တစ်သောင်းက ကျင့်ကြံသူတွေ
သန်မာတာမှန်၏။သို့ပေမဲ့ ထိုလွန်ခဲ့သည့်နှစ်‌တစ်သောင်းခန့်က ကမ္ဘာတစ်ခုလုံးဟာ
မဆုံးနိုင်သော ဆင်းရဲဒုက္ခ‌တွေ၊
သဘာဝကပ်ဘေးတွေဖြင့်ပြည့်နှက်နေ၏။ နတ်ဘုရားတွေကို လူတွေပူဇော်ပသကြ
သော်ငြား နတ်ဘုရားတွေဟာ လူသားတွေကိုဂရုမစိုက်ကြပေ။ထိုသို့သာ ဆက်ဖြစ်နေပါက
ကောင်းကင်ဘုံဟာ ကမ္ဘာကြီးဆက်လက်တည်ရှိနေပြီး အသစ် အသစ်သောသက်ရှိများမွေးဖွားလာစေရန် လူသားလောကကို
သန့်ရှင်းပြီး လက်ရှိတည်ရှိနေသမျှ
သက်ရှိအားလုံးအား ဖယ်ရှားပစ်မှာ
သေချာနေ၏။

ကံကောင်းစွာ သွေးကျင့်ကြံသူတစ်ဦးဟာ
ကျင့်ကြံခြင်းလောကတစ်ခုလုံး၏ အာရုံကိုဖမ်းစားသွား၏။ထိုသွေးကျင့်ကြံသူကို
သတ်ဖြတ်ရန်ကြိုးစားသောလမ်း၌
မရေမတွက်နိုင်သော ကျင့်ကြံသူများ
သေဆုံးသွားကြသည်။ထို့အတွက်
လူ့ကမ္ဘာလောက ပြန်လည်ကုစားရန်
အချိန်အတိုင်းအတာတစ်ခု ရလာခဲ့သည်။
ဤဖြစ်ရပ်သည် လွန်ခဲ့သည့်
နှစ်တစ်သောင်းက ကျင့်ကြံသူများ
ကြုံတွေ့ခဲ့ရသည့် အကြီးကျယ်ဆုံး
ကပ်ဘေးတစ်ခုဖြစ်၏။

"ဟယ့်ဝမ်းချောင်ကို ကပ်တွယ်နေပေမဲ့
သူ့ခန္ဓာကိုယ်ကို လုယူဖို့မကြိုးစားဘူး။
မင်းရဲ့ ရည်ရွယ်ချက်ကဘာလဲ။
မင်းက သွေးကျင့်ကြံသူဆိုတာကိုကော
သူသိရဲ့လား။"ဟုဝမ်ရန်အယ်
မေးခွန်းထုတ်လိုက်သည်။

သူတို့နှစ်ဦး‌ပြောဆိုနေသည့် စကားကို
ဟယ့်ဝမ်းချောင်ကိုမသိ‌‌စေလိုလျှင်
စကားတစ်လုံးတောင်မကြားအောင်
သွေးကျင့်ကြံသူ ထိန်းချုပ်ထားနိုင်၏။

"ဟီး ဟီး မင်းဘယ်လိုထင်လဲ။
ဟယ့်ဝမ်းချောင်ကို မထိဖို့ဒီအရှင်
မင်းကိုသတိပေးချင်တယ်။အဲ့လိုမှမဟုတ်ရင်
ဂိုဏ်းရဲ့အစီအရင်အသက်ဝင်လာတဲ့အခါ
ပိုက်ကွန်ထဲရောက်နေတဲ့ငါးနှစ်‌ကောင်လို
ဖြစ်သွားလိမ့်မယ်။ငါတို့နှစ်ယောက်လုံး
အသက်ရှင်ရက် ထွက်သွားနိုင်မှာ
မဟုတ်ဘူး။"ဟုသွေးနတ်ဆိုးပြောလာ၏။
 
"ဘယ်အချိန်တုန်းက သူ့ကိုမင်း
ကပ်တွယ်ခဲ့တာလဲ။ဂိုဏ်းပေါင်းစုံစစ်ပွဲ
ပြီးချိန်လား။"ဟုဝမ်ရန်အယ်မေးလိုက်သည်။

ဝမ်ရန်အယ်၏ တွက်ချက်မှုအရဆိုလျှင်
လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းက
ကပ်ဘေးကို နောက်ထပ်နှစ်ပေါင်း
တစ်သောင်းကြာချိန်၌ ထပ်မကြုံတွေ့နိုင်ပေ။
ဂိုဏ်းပေါင်းစုံစစ်ပွဲကြောင့် အိပ်စက်နေရာမှ
နိုးထလာတာဖြစ်ရမည်။ရှူယန်ယန်နှင့်
နှစ်ကိုယ်တူကျင့်ကြံနေချိန်တွင်
ဟယ့်ဝမ်းချောင်ခန္ဓာကိုယ်ထဲ
သွေးနတ်ဆိုး ကပ်တွယ်နေပါက
ရှူယန်ယန် အထိအခိုက်မရှိပြန်လာနိုင်မှာ
မဟုတ်ပေ။အထိအခိုက်မရှိပြန်လာကာ
ဟယ့်ဝမ်းချောင်၏ အခြေတည်စဝိဉာဉ်ကို
ရှူယန်ယန်လုယူနိုင်သည်ဆိုကတည်းက
အခြေတည်စဝိဉာဉ် လုယူခံရပြီး
နောက်ပိုင်းမှ သွေးနတ်ဆိုးကို
ဟယ့်ဝမ်းချောင် ကြုံတွေ့ရတာဖြစ်မှာပင်။

စာအုပ်ထဲမှ ကိစ္စရပ်တစ်ခုကို ဝမ်ရန်အယ်
နားမလည်နိုင်ပေ။လုချင်းယဲ့ဟာ သူ့ကိုယ်သူ
အမှန်တရားဂိုဏ်းသားဆီကို ပေးအပ်ခဲ့တာပင်။အဘယ့်ကြောင့် သူ၏ရွှေရောင်
အမြူတေကို ဆုံးရှုံးသွားခဲ့ရတာလဲ။
ချီဖောက်ပြန်နေပြီး သူ့ကိုယ်သူ
ဟယ့်ဝမ်းချောင်မထိန်းချုပ်နိုင်ခြင်းကြောင့်ဟုစာအုပ်ထဲတွင် ရှင်းလင်းထားသည်။
ပြန်ကောင်းသွားသည်နှင့်
အတွင်းစိတ်မကောင်းဆိုးဝါးကို
ဖြတ်ကျော်သည်။ထို့‌နောက် ရှန့်ချင်းဂိုဏ်းအကြီးအကဲတွေကိုယ်တိုင် နဂိုအတိုင်း
ပြန်ကောင်းသွားပြီဟု အတည်ပြုကြသည်။
ဟယ့်ဝမ်းချောင် ကိုယ့်ကိုကိုယ်မထိန်းနိုင်ချိန်
လုပ်ခဲ့သည့် ဖြစ်ရပ်ကိုစစ်ဆေးကြည့်ရန်မှာ
ဂိုဏ်းအကြီးအကဲတွေအတွက်
ကိုးရိုးကားရားနိုင်လှ၏။ထို့ကြောင့်
လုချင်းယဲ့ဟာ သူ့ပြဿနာသူ
မီးထွန်းရှာသည်ဟုသာ
သတ်မှတ်လိုက်ကြသည်။
 
ထို့အပြင် ထိုဖြစ်ရပ်ဖြစ်ပြီးနောက်
ဟယ့်ဝမ်းချောင်ဟာ လုချင်းယဲ့
အပေါ်ဂရုစိုက်ကာ နေ့နေ့ညည
ရွှေရောင်အမြူတေ နဂိုအတိုင်းပြန်ဖြစ်လာစေမည့်နည်းလမ်းကိုသာကြိုးစားရှာနေ၏။
ခန္ဓာကိုယ်စုစည်းခြင်းအဆင့်ရောက်ပြီးသောအခါ လုချင်းယဲ့နှင့် နှစ်ကိုယ်တူစုံတွဲ
ကျင့်ကြံခြင်းခဲ့ကာ နဂိုစွမ်းအင်များ
ပြန်လည်ရရှိပြီး ဝိဉာဉ်အ‌ခြေတည်အဆင့်
ကိုရောက်ရှိသွားအောင် ကူညီပေးခဲ့သည်။

ထိုကိစ္စကြောင့် ပိုင်လီချင်းမြောင်နှင့်
ဟယ့်ဝမ်းချောင် မကြာခဏရန်ဖြစ်ရသည်။
ဂိုဏ်းချုပ်အသက်ကိုကယ်တင်ရန်
ခရမ်းရင့်ရောင်ဝိဉာဉ်စံအိမ်တော်သခင်မနှင့်
ဟယ့်ဝမ်းချောင် လက်ထပ်ခဲ့သည်။
ခရမ်းရင့်ရောင်ဝိဉာဉ်စံအိမ်တော်၌သာ ဂိုဏ်းချုပ်ကိုကုသရန် နည်းလမ်း
ရှိသောကြောင့်ပင်။လုချင်းယဲ့နှင့်
အကြိမ်များစွာ နှစ်ကိုယ်တူစုံတွဲ
ကျင့်ကြံခဲ့တာကကော ဘာကြောင့်လဲ။
နှစ်ကိုယ်တူစုံတွဲကျင့်ကြံခြင်းကသာလျှင်
လုချင်းယဲ့ကို ကယ်တင်ဖို့ တစ်ခုတည်းသော
နည်းလမ်းဖြစ်နေလို့လား။

ဇာတ်လိုက်မင်းသား အကြောင််းပြချက်အမျိုးမျိုးပေးခြင်းကို ဖတ်ဖို့ ဝမ်ရန်အယ်
စိတ်မဝင်စားပေ။‌နောက်ဆုံးကျ အမြဲ
ပိုင်လီချင်းမြောင်ပဲ အလျော့ပေးမှာ
ဖြစ်သောကြောင့်ပင်။

နောက်ဆုံးအကြိမ်ဟယ့်ဝမ်းချောင်နှင့်
တွေ့ခဲ့စဉ်က သူ့အပေါ် အထင်အမြင်ကောင်းမရှိခဲ့ပေ။ရှူယန်ယန်အ‌ပေါ်  ခံစားချက်
မပြတ်သားကာ လိုချင်တပ်မက်နေသော ယောကျာ်းတစ်ယောက်ကိုသာလျှင်
ဝမ်ရန်အယ်တွေ့ခဲ့သောကြောင့်ပင်။
စာအုပ်ထဲမှ ဟယ့်ဝမ်းချောင်ဟာ
အခြေတည်စဝိဉာဉ်ဆုံးရှုံးပြီးနောက်
ပိုမိုပါးနပ်လာကာ လေလွင့်မသေမျိုး
တစ်ယောက်ဖြစ်သော ခရမ်းရင့်ရောင်
ဝိဉာဉ်စံအိမ်တော်သခင်မကိုတောင်မှ
သူ့မောင်းမဆောင်ထဲဆွဲသွင်းနိုင်ခဲ့သည်။

နှစ်ပေါင်းတစ်သောင်းကျော် အတွေ့အကြုံ
ရှိသည့် ဤသွေးနတ်ဆိုးကိုကြုံပြီး
နောက်မှာတော့ စာအုပ်ထဲမှအဓိပ္ပာယ်မဲ့ဖြစ်ရပ်အချို့ အဓိပ္ပာယ်ရှိသွားပြီဟု
ဝမ်ရန်အယ် တွေးမိသည်။

စာအုပ်နောက်ပိုင်းမှ ဟယ့်ဝမ်းချောင်ဟာ
မူလဟယ့်ဝမ်းချောင်ဟုတ်ရဲ့လား။
သွေးနတ်ဆိုးအကြီးအကဲက ခန္ဓာကိုယ်ကို
အပိုင်သိမ်းလိုက်ပြီလားဟု
စဉ်းစားကြည့်ပြီးနောက် မဖြစ်နိုင်လောက်ဘူးဟုဝမ်ရန်အယ်ဆုံးဖြတ်လိုက်သည်။
အကြံဉာဏ်ပေးကာ ဟယ့်ဝမ်းချောင်လျှောက်လှမ်းနေသော ခြေလှမ်းတစ်လှမ်း
စီတိုင်းကို အစီအစဉ်ဆွဲပေးနေသည့်
ထိုသွေးနတ်ဆိုးဟာ တဖြည်းဖြည်းနှင့်
ဟယ့်ဝမ်းချောင်ခေါင်းထဲမှ အယူအဆဟောင်းများကိုဖယ်ရှားပစ်ကာ
အယူအဆသစ်များရိုက်သွင်းပြီး
အမှန်တရားဂိုဏ်းသားတစ်ယောက်အဖြစ်မှ ပန်းတိုင်ရောက်ရန် ဘာမဆိုလုပ်မည့်
လူတစ်ယောက်ဖြစ်သွားအောင်
ထိန်းချုပ်နေ၏။

ကျင့်စဉ်တူ သွေးကျင့်ကြံသူတစ်ယောက်အနေဖြင့် သွေးနတ်ဆိုးဟာ
ဟယ့်ဝမ်းချောင်၏ နတ်ဘုရားစွမ်းအင်ကို
စိတ်ဝင်စားနေတာဖြစ်မည်ဟု ဝမ်ရန်အယ်
ခန့်မှန်းမိသည်။ဟယ့်ဝမ်းချောင်
နတ်ဘုရားတစ်ပါးဖြစ်အောင် ကျင့်ကြံပြီးမှ
ဟယ့်ဝမ်းချောင်ခန္ဓာကိုယ်နှင့်
သူ့စွမ်းအင်တွေ‌ကိုလုယူပြီး
တစ်ချက်တည်းပွဲသိမ်းသွားစေမည့် လုပ်ဆောင်ချက်တစ်ခုတည်းဖြင့်
နတ်ဆိုးနတ်ဘုရားတစ်ပါး
ဖြစ်လာအောင်လုပ်မည့်ပုံပင်။
ဝတ္ထုစာအုပ်၏ ဇာတ်ကြောင်း၌
အဓိကစုံတွဲ မသေမျိုးလောကသို့
တက်လှမ်းသွားသည်အထိသာပါသည်။
နတ်ဘုရားလောကသို့တက်လှမ်းသွားသည့်
ဖြစ်ရပ်မပါဝင်ပေ။ထို့ကြောင့်
ဟယ့်ဝမ်းချောင်ဟာ မူလဟယ့်ဝမ်းချောင်ဖြစ်နေဆဲဟုကောက်ချက်ချနိုင်သည်။
နောက်ပိုင်း ဖြစ်ပျက်သွားမည့်ကိစ္စကို
မည်သူမှကြိုမသိနိုင်ပေ။
 
သူမရှင်းသည့် ကိစ္စနောက်တစ်ခု
ရှင်းလင်းသွားပြန်သည်။ဟယ့်ဝမ်းချောင် အခြေတည်စဝိဉာဉ်ပြန်ရမည်မှာ သေချာသည့်ကိစ္စတစ်ခုဖြစ်နေသည်။လုချင်းယဲ့
မဟုတ်လျှင်တောင်မှ လုချင်းယဲ့အစား
အခြားတစ်ယောက်ဖြစ်သွားနိုင်သည်။အသုံးချခံလူဟာ မိန်းမတစ်ယောက်ပဲဖြစ်ဖြစ်
ယောကျာ်းတစ်ယောက်ပဲဖြစ်ဖြစ်
သွေးနတ်ဆိုးဂရုစိုက်မှာမဟုတ်ပေ။
ဝိဉာဉ်စွမ်းအင်ရှိသူသာ ဖြစ်ဖို့လိုသည်။
အသုံးချခံ၏ဝိဉာဉ်စွမ်းအင်ကိုစုပ်ယူကာ
ဟယ့်ဝမ်းချောင်၏ကိုယ်ပိုင်ဝိဉာဉ်စွမ်းအင်
ဖြစ်လာအောင် ပြောင်းလဲပစ်မှာပင်။

"ဒီအရှင် မင်းကိုမလိမ်ဘူး။
ဂိုဏ်းပေါင်းစုံစစ်ပွဲမှာဒီဟာလေးက ဒီအရှင်အိပ်နေတဲ့နေရာကိုကျလာတာ။
သူ့ပါရမီက မဆိုးဘူး။အဲ့တာကြောင့်
တပည့်အဖြစ်လက်ခံလိုက်တာ။ဟီး ဟီး။"
ဟုသွေးနတ်ဆိုးအကြီးအကဲဟု
တစ်ချိန်တစ်ခါက ခေါ်‌ဝေါ်ခြင်းခံခဲ့ရသည့်
သွေးကျင့်ကြံသူပြောလာ၏။

"နောက်ပိုင်းကျ သူ့ခန္ဓာကိုယ်ကို လုယူဖို့
ပျိုး‌ထောင်နေတာ မဟုတ်ဘူးလား။"

သွေးနတ်ဆိုးအကြီးအကဲဟာ ဘာမှ
ပြန်မပြောဘဲ အူလှိုက်သည်းလှိုက်
ရယ်‌မောနေ၏။ဝမ်ရန်အယ်အား နေရာတွင်ပင်ချက်ချင်းသတ်ဖြတ်ပစ်တော့မတတ်
ကြမ်းကြုတ်မှုအချို့ သူ့မျက်လုံးထဲတွင်ပေါ်လာ၏။

ထိုကြမ်းကြုတ်မှုဟာ ဝမ်ရန်အယ်ကိုစိတ်ကျေနပ်စေသည်။အပြုံးချင်း
ဖလှယ်လိုက်ပြီးနောက် ဝမ်ရန်အယ်ဟာ
ဂရုမစိုက်ဟန်ဖြင့် "ဂိုဏ်းပေါင်းစုံစစ်ပွဲ
ပြီးသွားတဲ့နောက်မှာ ဒီအရှင်က မဟာယနာထိပ်ဆုံးအဆင့်ရောက်သွားပြီး
မသေမျိုးလောကကို တက်လှမ်းဖို့
ခြေတစ်လှမ်းစာလောက်ပဲလိုတော့တာ။
သွေးကျင့်စဉ်ကျင့်ကြံပြီးနောက်မှာတော့
ဒီအရှင်ကို စိန်ခေါ်နိုင်တဲ့လူတော်တော့်ကို
ရှားသွားပြီ။သွေးငရဲကိုသာ မဝင်ဘူးဆိုရင်
ဒီအရှင်ကျင့်ကြံဆင့်မြင့်ဖို့အတွက်
အခွင့်အရေးနည်းနည်းပဲကျန်တော့တယ်။"

သွေးငရဲကိုသာ ဝမ်ရန်အယ်ဝင်ရောက်ပါက ယင်ဟန်ကျန်းပါလိုက်မှာသေချာ၏။
ဟင်းလင်းပြင်လေဟာနယ်ကျင့်ကြံသူ
တစ်ယောက်ဖြစ်သည့် ယင်ဟန်ကျန်း
သွေးငရဲ၌ အသက်ရှင်သန်ဖို့
အခွင့်‌အရေးလုံးဝမရှိနိုင်ပေ။

သွေးလမ်းစဉ်ကျင့်ကြံပါက မည်သည့်တားဆီးပိတ်ပင်မှုကိုမှ မကြုံရပေ။
စကြဝဠာ၏ချီနှင့် အခြားသူများ၏
ဝိဉာဉ်ရင်းမြစ်ကို အတားအဆီးမဲ့စုပ်ယူပြီး
စွမ်းအင်ရယူနိုင်သည်။သတ်ဖြတ်ခြင်းလမ်းစဉ်ကတော့ ထိုသို့မဟုတ်ပေ။
လက်ရည်တူပြိုင်ဘက်မရှိပါက
အင်အားနှင့်လိုက်ဖက်ညီသည့်
စိတ်ဓာတ်ခိုင်မာမှု ရှိမှာမဟုတ်ပေ။
သုံးနှစ်အရွယ်ကလေးကို ဒဏ္ဍာရီလာ
မှော်လက်နက်ပေးထားသလိုပင်။
လင်နက်ရှိနေသော်ငြား အသုံးမချနိုင်ပေ။

အင်အားရှိသော်ငြား လိုအပ်သည့်
စိတ်ဓာတ်ခိုင်မာမှုမရှိပါက တစ်ချိန်ချိန်၌
ချီဖောက်ပြန်သွားမှာပင်။သူ့‌ရှေ့ရှိ
သွေးနတ်ဆိုးအကြီးအကဲဟာ
ထိုဖြစ်စဥ်၏ ဥပမာတစ်ရပ်ပင်။

သွေးကျင့်ကြံခြင်းလမ်းကြောင်း၌
ရောက်နေသော်ငြား ကိုယ့်ကိုကိုယ်
မထိန်းချုပ်နိုင်သည့် ရူးသွပ်နေသူ
တစ်ယောက်ဖြစ်သွားမှာကို ဝမ်ရန်အယ်
မလိုချင်ပေ။စိတ်ဓာတ်ခိုင်မာလာအောင်
ကိုယ့်ကိုကိုယ် လေ့ကျင့်ပေးပြီး
မဖြစ်နိုင်သည့်ကြားမှ လမ်းကြောင်းသစ်
တစ်ခုရအောင်ဖောက်မည်။

ထိုသို့လုပ်ရန် လက်ရည်တူပြိုင်ဘက်
တစ်ဦးလိုသည်။

"စိတ်‌ချထားလို့ရတယ်။ဒီအရှင်
ဟယ့်ဝမ်းချောင်ကို အန္တရာယ်မပေးဘူး။
ဒီအတောအတွင်း သူ့ကိုကောင်းကောင်းပျိုးထောင်ပေး။မင်းသူ့ခန္ဓာကိုယ်ကို
လုယူပြီး နတ်ဆိုးနတ်ဘုရားတစ်ပါးဖြစ်တဲ့နေ့
ဒီအရှင်မင်းကိုသတ်ပစ်မဲ့နေ့ပဲ။"

"ငါ့ကိုသတ်မယ်။ဟား ဟား ဟား ဟား"
သွေးနတ်ဆိုးအကြီးအကဲဟာ ပြက်လုံးတစ်ခုကြားရသလို အော်ရယ်လိုက်သည်။
"မဟာယနာအဆင့်ပဲရှိတဲ့ ဘာမဟုတ်တဲ့
ကျင့်ကြံသူတစ်ယောက်က ဒီအရှင့်ကို
သတ်ချင်တယ်။ကိုယ့်ကိုကိုယ်အရမ်း
အထင်ကြီးနေတာပဲ။ကောင်းပြီလေ
အခုလို ဝင့်ကြွားတဲ့မင်းရဲ့စကားကို
ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ
ဒီအရှင်သိချင်မိပါဘိ။"

သူတို့နှစ်ဦးကြား လေထု၌တိုက်ခိုက်ခြင်း
စိတ်ဆန္ဒတွေ ပြည့်လျှံနေ၏။ထိုစိတ်ဆန္ဒ
တွေကြောင့် သူ၏စိတ်ဓာတ်ခိုင်မာမှုအဆင့်အနည်းငယ်တိုးသွား၏။

သဘောတူညီချက်တစ်ခုထားပြီးနောက်
နတ်ဆိုးအကြီးအကဲ ပြန်လည်အိပ်စက်
သွားသည်။အသိစိတ်ပြန်ဝင်လာသော
ဟယ့်ဝမ်းချောင်ဟာ ထူးဆန်းသည့်
အပြုံး သူ့ကိုပြုံးပြနေသည့် လုချင်းယဲ့ကို
ကြည့်ပြီး "ဂိုဏ်းတူညီမလေးလုကို
လွှတ်လိုက်။"ဟုအော်လိုက်သည်။

"စိတ်မပူနဲ့။ဒီအရှင် သူ့ကိုစိတ်မဝင်စားသလိုမင်းကိုလည်း စိတ်မဝင်စားဘူး။"ဟု
ပြောကာ ‌တစ်ဖက်သို့လှည့်လိုက်ပြီး
အခန်းထဲမှလမ်းလျှောက်
ထွက်သွားတော့သည်။


အပိုင္း ၂၀။ေသြးနတ္ဆိုးအႀကီးအကဲ

ပိုင္လီခ်င္းေျမာင္ဟာ ခ်ိဳးဟုန္႐ႊယ္လက္ေမာင္းကိုဖက္လိုက္ရင္း
လုခ်င္းယဲ့ဆီသို႔ ရန္စသည့္အေငြ႕အသက္အျပည့္ပါဝင္ေသာအၾကည့္တစ္ခ်က္
ပစ္ခြင္းလိုက္ေလသည္။

ဝမ္ရန္အယ္ : ....

ခြၽမ္းယြမ္ဂိုဏ္းတြင္ တစ္ေယာက္ေယာက္
ကသာ သူ႕ကို ထိုကဲ့သို႔ၾကည့္ရဲပါက
တစ္သက္လုံးမည္သည့္အရာကိုမွ
ထပ္ၾကည့္၍မရေတာ့ေအာင္ လုပ္ပစ္မွာပင္။
မ်က္လုံးေတြကို ႏိႈက္ထုတ္ပစ္ၿပီး
ခြၽမ္းယြမ္ဂိုဏ္း၏အဓိကခန္းမေဆာင္၌
ခ်ိတ္ဆြဲထားမည္။ထိုမ်က္လုံးေတြ
စိုက္ၾကည့္လိုသမွ် သူ႕ကိုအခ်ိန္ျပည့္
စိုက္ၾကည့္ႏိုင္ေခ်ၿပီ။

ပိုင္လီခ်င္းေျမာင္၏ ေျဗာင္က်က်
အၾကည့္ကို ခ်ိဳးဟုန္႐ႊယ္သတိထား
မိသြားသည့္အခါ ဝမ္ရန္အယ္၏
တုန္႔ျပန္မႈကို အလိုလိုအကဲခတ္မိ
လိုက္သည္။မ်က္ႏွာအမူအရာ
တင္းမာသြားသည္ကို ေတြ႕လိုက္ရသည့္
အခါ ခ်က္ခ်င္းပင္ ပိုင္လီခ်င္းေျမာင္၏ မ်က္လုံးကို လက္ျဖင့္အုပ္လိုက္မိသည္။

ၾကဳံေနရသည့္ အႏၲရာယ္ကို
သတိမမူမိေသာ ပိုင္လီခ်င္းေျမာင္ဟာ
ေခါင္းငုံ႔လိုက္ၿပီး ခ်ိဳးဟုန္႐ႊယ္ရင္ခြင္ထဲ
တိုးဝင္လိုက္သည္။"ဆရာခ်င့္႐ႊယ္
ကြၽန္မ တကယ္..တကယ့္ကို ဂိုဏ္းတူအစ္ကိုကိုသတိရလို႔ပါ။ေက်းဇူးျပဳၿပီးေတာ့
သြားေတြ႕ခြင့္ေပးပါ‌ေနာ္။"ဟု
ေတာင္းဆိုလိုက္သည္။

"မင္းသူ႕ကို သြားေတြ႕လို႔ရတယ္။
အနာဂတ္က်ရင္ ေတြ႕လို႔ရေတာ့မွာမွ
မဟုတ္တာ။ဟုတ္တယ္မလား။"ဟု
ခ်ိဳးဟုန္႐ႊယ္ေျပာရင္း ရင္ခြင္ထဲမွ
ပိုင္လီခ်င္းေျမာင္ကို ဆြဲထုတ္လိုက္ကာ
လုံးဝန္းကာေတာက္ပေနေသာ
မ်က္လုံးေတြကို ၾကည့္မိသြားသည္။

ေနာက္ဆုံးေမးခြန္းဟာ ဝမ္ရန္အယ္ကို
ေမးျခင္းျဖစ္သည္။ထာဝရ မ်က္မျမင္
မျဖစ္သြားခင္သူအခ်စ္ရဆုံးလူကို
ေတြ႕သြားခြင့္ေပးပါဟု ဝမ္ရန္အယ္အား
ပိုင္လီခ်င္းေျမာင္အစားငဲ့ညႇာေပးရန္
ေတာင္းဆိုေနျခင္းလည္းျဖစ္၏။
ဤသည္မွာ ဆရာတစ္ေယာက္အေနျဖင့္ တပည့္အတြက္ ေနာက္ဆုံးလုပ္ေပးႏိုင္ေသာ
အရာတစ္ခု ျဖစ္ေပသည္။

ဝမ္ရန္အယ္ဟာ ခ်ိဳးဟုန္႐ႊယ္ကို
ေအးစက္စက္ၾကည့္လိုက္ရင္း
"မလိုဘူး။"ဟုေျပာလိုက္သည္။

အႏၲရာယ္မွ လြတ္ေျမာက္သြားေသာ
ပိုင္လီခ်င္းေျမာင္ဟာ အႏၲရာယ္ႏွင့္
ရင္ဆိုင္ေနရျခင္းကို ယခုထိ
သတိမထားမိေသးေပ။ခ်ိဳးဟုန္႐ႊယ္
ေက်ာေနာက္ ထပ္၍ပုန္းကြယ္လိုက္ရင္း "ဂိုဏ္းတူအစ္မလု အႀကီးအကဲခ်င့္႐ႊယ္က ကြၽန္မကိုဂိုဏ္းတူအစ္ကိုကို သြားေတြ႕ခြင့္
ေပးတယ္။ဂိုဏ္းတူအစ္မမွာ ကြၽန္မကို
တားဖို႔ အခြင့္အာဏာမ႐ွိဘူး။"
ဟုရန္စျပန္သည္။

'အင္း..ဒီအ႐ွင့္မွာ ခ်ိဳးဟုန္႐ႊယ္
မင္းမ်က္လုံးေတြကိုေဖာက္ထုတ္ပစ္ေတာ့မဲ့ ‌အေရးကေန တားဆီးဖို႔ အခြင့္အာဏာေတာ့
႐ွိတယ္။'ဟုဝမ္ရန္အယ္ေတြးလိုက္မိသည္။

ဝမ္ရန္အယ္ႏွင့္ပိုင္လီခ်င္းေျမာင္တို႔၏
စကားကို နားေထာင္ၿပီးေနာက္
ခ်ိဳးဟုန္႐ႊယ္ဟာ ပိုင္လီခ်င္းေျမာင္
ပါးႏွစ္ဖက္ကို ဖြဖြေလးကိုင္လိုက္ၿပီး
‌ေႏြးေထြးေသာအျပဳံးေလးႏွင့္အတူ
"ဟုတ္တယ္။ဒီမ်က္လုံးေတြ႐ွိ႐ွိ မ႐ွိ႐ွိ
မင္းအတြက္ဘာမွသိပ္ၿပီး ကြဲျပားသြားမွာမဟုတ္ဘူး။"

"ဟမ္..."ပိုင္လီခ်င္းေျမာင္ သူ႕မ်က္လုံး
ႏွစ္လုံးကို လက္ျဖင့္ပြတ္သပ္လိုက္ၿပီး
သူ႕ဆရာကို ထူးဆန္းစြာၾကည့္မိလိုက္သည္။
သူ႕မ်က္လုံးေတြက အေကာင္းအတိုင္း
႐ွိ‌‌ေနေသး၏။

ပိုင္လီခ်င္းေျမာင္၏ ေတာင္းဆိုခ်က္ကို
ခ်ိဳးဟုန္႐ႊယ္သေဘာတူလိုက္သလို
ျဖစ္သြား၏။လုခ်င္းယဲ့ဟာ ဗဟိုခ်က္
ဖြဲ႕စည္းျခင္းအဆင့္ဂိုဏ္းတပည့္သာ
ျဖစ္ေသာေၾကာင့္ ဂိုဏ္းအႀကီးအကဲ၏
အမိန္႔ကို မလြန္ဆန္ႏိုင္ေပ။ထို႔အတြက္
ခ်ိဳးဟုန္႐ႊယ္ အကာအကြယ္အစီအရင္ကို
ဖြင့္လိုက္ခ်ိန္အထိ တိတ္တဆိတ္သာ
ေနလိုက္သည္။‌ေလွပ်ံေပၚမတက္ခင္
ပိုင္လီခ်င္းေျမာင္ဟာ သူ႕အခ်စ္ၿပိဳင္ဘက္ကို
ေလွာင္ၾကည့္ၾကည့္သြားသည္။

ပိုင္လီခ်င္းေျမာင္‌ ေလွပ်ံေပၚတက္ၿပီးေနာက္
သူ႕ေက်ာဘက္ဆီမွထူးဆန္းသည့္
ခံစားခ်က္တစ္ခုရလိုက္သည္။ထို႔ေၾကာင့္လွည့္ၾကည့္လိုက္သည့္အခါ အႀကီးအကဲ
ခ်င့္႐ႊယ္ေကာ လုခ်င္းယဲ့ပါ သူ႕ေနာက္
လိုက္လာသည္ကို ေတြ႕လိုက္ရ၏။

"ဘာလို႔ လိုက္လာရတာလဲ။"
ဟုပိုင္လီခ်င္းေျမာင္‌ လုခ်င္းယဲ့အား
မေက်နပ္သံျဖင့္ေမးလိုက္သည္။

သူ႕အသံအေနအထားကိုၾကားၿပီးေနာက္
ခ်ိဳးဟုန္႐ႊယ္ဟာ ဓားအေသးတစ္ေခ်ာင္း
ထုတ္ယူလိုက္ၿပီး လက္ေခ်ာင္းထိပ္၌
လွည့္ကစားရင္း ပိုင္လီခ်င္းေျမာင္
သူ႕လွ်ာသူမလိုခ်င္ေတာ့ပါက
ပိုင္လီခ်င္းေျမာင္အစား သူျဖတ္ေပးမည္ဟု
ေတြးေနမိသည္။က်င့္ၾကံသူအတြက္
လွ်ာဟာမ႐ွိမျဖစ္ လိုအပ္မေနေပ။

"အဲ့တာက..ငါလည္းဆီးႏွင္းေတာင္ထြဋ္က
ထြက္လာဖို႔ လိုလို႔ေလ။"ဟုလုခ်င္းယဲ့
ျပန္ေျဖလိုက္ရင္း ဓားကိုင္ထားသည့္
ခ်ိဳးဟုန္႐ႊယ္လက္ကို ဆြဲခ်လိုက္သည္။
သူ႕အကူအညီကို အ႐ွင္မလိုအပ္ေၾကာင္း
နားလည္သြားၿပီးေနာက္ ခ်ိဳးဟုန္႐ႊယ္
ဓားကိုသိမ္းလိုက္သည္။

အႏၲရာယ္ႏွစ္ခုမွ လက္မ‌တင္‌ေလး
လြတ္ေျမာက္ခဲ့ရေၾကာင္း သတိမမူမိသည့္
ပိုင္လီခ်င္းေျမာင္ဟာ ေလွကိုဦးတည္ေပးရင္း
သူ႕ဘာသာသူ ၿငီးတြားေနေလသည္။
သူလုခ်င္းယဲ့ကိုသေဘာမက်ေပ။
သူအျပင္စည္းတပည့္ျဖစ္စဥ္က
ဂိုဏ္းတူအစ္မလု သူ႕ကိုအႏိုင္က်င့္ခဲ့သည္။
က်င့္ၾကံနည္းစနစ္မ်ား သို႔မဟုတ္
အေျခခံအုတ္ျမစ္တည္ေဆာက္ေဆးမ်ားကို
စီမံခန္႔ခြဲျခင္းခန္းမ၌သူ မဝယ္ယူႏိုင္ေစရန္ သူ႕အမွတ္ေတြကိုပါ အၿမဲခိုးယူခဲ့သည္။
သူ႕ဂိုဏ္းတူအစ္ကို၏ ေတြးေပးတတ္မႈေၾကာင့္သာမဟုတ္လွ်င္ သူယခုအခ်ိန္အထိ
ခ်ီစုေဆာင္းျခင္းအဆင့္မွာသာ
႐ွိေသးဦးမွာပင္။

ယခုအခ်ိန္၌ သူ႕ေနာက္တြင္ အႀကီးအကဲ
ခ်င့္႐ႊယ္႐ွိေနၿပီျဖစ္သည့္အတြက္
လုခ်င္းယဲ့သူ႕ကိုဘာမွလုပ္ရဲေတာ့မွာ
မဟုတ္ေပ။အႀကီးအကဲခ်င့္႐ႊယ္သူ႕‌ေနာက္တြင္႐ွိေသာေၾကာင့္
ပိုင္လီခ်င္းေျမာင္ဟာ လုခ်င္းယဲ့အေပၚ
႐ွိသည့္ သူ၏မေက်နပ္ခ်က္မ်ားကို
ထုတ္ျပရဲလာသည္။

ပိုင္လီခ်င္းေျမာင္ ေလွဦးတည္ရာကို
ထိန္းခ်ဳပ္ေနစဥ္ ဝမ္ရန္အယ္ဟာ
သူ႕‌ေနာက္မွ ခ်ိဳးဟုန္႐ႊယ္ႏွင့္ စိတ္ခ်င္း
ဆက္သြယ္ကာ "သူဝိဉာဥ္အေျခတည္
အဆင့္ေရာက္ဖို႔ေက်ာ္ျဖတ္ရတဲ့
အတြင္းစိတ္မေကာင္းဆိုးဝါးကပ္ေဘးကို ဘယ္လိုေက်ာ္ျဖတ္ႏိုင္သြားတာလဲ။"
ဟုေမးလိုက္သည္။

ပိုင္လီခ်င္းေျမာင္ ဗဟိုခ်က္ဖြဲ႕စည္းျခင္းအဆင့္မိုးႀကိဳးကပ္ေဘးကိုရင္ဆိုင္ၿပီးေသာအခါ နားလည္ကာစ အရာအားလုံးတူညီျခင္းလမ္းစဥ္ သူ႕စိတ္ထဲမွ
လုံးဝကြယ္ေပ်ာက္သြား၏။
ဝိဉာဥ္အ‌ေျခတည္အဆင့္ကပ္ေဘးကို
ေက်ာ္ျဖတ္ရာတြင္လည္း ထိုနည္းတူ
ျဖစ္မည္ဟု ဝမ္ရန္အယ္ထင္မိသည္။

"အ‌ေျခတည္စဝိဉာဥ္ဖန္တီး‌ေနစဥ္မွာ
ဟယ့္ဝမ္းေခ်ာင္ကို ကာကြယ္သူ႐ွဴ၊အခု အ႐ွင္ဝင္ေနတဲ့ခႏၶာကိုယ္ပိုင္႐ွင္နဲ႔ အျခားမေရမတြက္ႏိုင္တဲ့မိန္းမေတြနဲ႔တူတူ‌ေတြ႕ရပါတယ္။အခ်ိဳ႕မိန္းမ‌ေတြရဲ႕မ်က္ႏွာ‌ေတြက
မႈန္ဝါး‌ေနပါတယ္တဲ့။အဲ့အခ်ိန္တုန္းက
သူအသည္းအသန္ ငိုေႂကြးေနတာေၾကာင့္
အေျခတည္စဝိဉာဥ္ဖန္တီးတာ က်႐ႈံးကာနီး
ျဖစ္သြားၿပီး သူရဲ႕ေ႐ႊေရာင္အျမဴေတေတာင္
ပ်က္စီးသြားခါနီးပါပဲလို႔ ေျပာပါတယ္။"
ဟုခ်ိဳးဟုန္႐ႊယ္ျပန္ေျဖလိုက္သည္။

"အတြင္းစိတ္မေကာင္းဆိုးဝါးကို
သူဘယ္လိုေက်ာ္ျဖတ္ႏိုင္ခဲ့တာလဲ။"

"ခ်ီေဖာက္ျပန္ခါနီးမွာပဲ ႐ုတ္တရက္ႀကီး
စိတ္ေအးသြားၿပီး အေျခတည္စဝိဉာဥ္
ဖန္တီးႏိုင္သြားပါတယ္။ပုံရိပ္ေယာင္
ေတြလည္းေပ်ာက္ကြယ္သြားပါတယ္။
ကြၽန္မ‌ ေမးၾကည့္ေတာ့ အဲ့ပုံရိပ္ေယာင္ထဲမွာ သူ႕ဂိုဏ္းတူအစ္ကိုက သူ႕ကို
ညင္ညင္သာသာေလး ျပဳံးျပၿပီး
တစ္ကမ႓ာလုံးမွာ သူ႕ကိုအခ်စ္ဆုံးပါပဲ။
က်န္တဲ့သူေတြက စိတ္ေထြျပားသြား႐ုံပါပဲလို႔ေျပာလာပါတယ္တဲ့။အဲ့တာကိုၾကားေတာ့
ခ်က္ခ်င္းပဲစိတ္ေအးသြားၿပီး
အေရးအႀကီးဆုံးအရာက ဂိုဏ္းတူအစ္ကို
သူ႕ကိုခ်စ္ေနဖို႔ပဲဆိုတာကို
သေဘာေပါက္သြားပါတယ္လို႔
ျပန္ေျဖလာပါတယ္။"
ဟုခ်ိဳးဟုန္႐ႊယ္ေျပာၾကားလိုက္သည္။

ဝမ္ရန္အယ္ : .....

ဆန္းၾကယ္သည့္စြမ္းအားတစ္ခုခုဟာ
ပိုင္လီခ်င္းေျမာင္ ေက်ာ္ျဖတ္ရသည့္
ကပ္ေဘး‌မ်ားကို ဝင္ေရာက္စြက္ဖက္
ေနသည္ဟု ဝမ္ရန္အယ္
သံသယဝင္မိသည္။

မူလဇာတ္ေၾကာင္း၌ ပိုင္လီခ်င္းေျမာင္ဟာ
နတ္ဘုရားစြမ္းအင္ကို စြန္႔လႊတ္ခဲ့ၿပီး
တစ္စုံတစ္ခု၏ ထိန္းခ်ဳပ္ျခင္းခံထားရ
သကဲ့သို႔ "ဂိုဏ္းတူအစ္ကိုက သူ႕ကိုလူေတြရဲ႕
အသက္ကို ကာကြယ္ေပးေစခ်င္တယ္။"
ဟု အၿမဲေတြးေတာေနေလ့႐ွိသည္။‌
ဦးေခါင္းထဲ ထိုအေတြးေတြ ေတြးေနမိေအာင္ တစ္စုံတစ္ရာက အတင္းအက်ပ္
တြန္းအားေပးေနတာမ်ား ျဖစ္ႏိုင္စလား။

ဝမ္ရန္အယ္၏ ထူးဆန္းသည့္ မ်က္ႏွာ
အမူအယာကို ျမင္ၿပီးေနာက္ခ်ိဳးဟုန္႐ႊယ္ဟာ
"အ႐ွင္ ကြၽန္မကအခုေလလြင့္မေသမ်ိဳး
ျဖစ္ေနေပမဲ့ တေစၧက်င့္စဥ္ထဲပါတဲ့
နည္းလမ္းတခ်ိဳ႕ကို မွတ္မိေနပါေသးတယ္။
ဝိဉာဥ္အခ်ိဳ႕ကိုဆင့္ေခၚၿပီး သူ႕ဦးေႏွာက္ေတြကို ခပ္ထုတ္ပစ္မယ္။ၿပီးရင္ ေယာက်ာ္းေတြကိုမုန္းတဲ့ အၿငႇိဳးတရားအျပည့္ တေစၧ
တစ္ေကာင္ကို ျပန္ထည့္ေပးလိုက္မယ္ေလ။"
ဟု အေသအခ်ာစဥ္းစားကာ
အၾကံေပးလိုက္သည္။

အလြန္႔အလြန္ကိုမွ စဥ္းစားေပးတတ္ကာ ဝန္ထုပ္ဝန္ပိုးမ်ား ေလ်ာ့နည္းသြားေအာင္ႀကိဳးစားေတြးေပးေနသည့္ သူ၏ လက္ေအာက္ငယ္သားကို ဝမ္ရန္အယ္
ငဲ့ၾကည့္လိုက္ၿပီး "ခန္းမေဆာင္သခင္ခ်ိဳး
မင္း‌ေခါင္းထဲမွာ ဦးေႏွာက္ျပန္႐ွိသြားၿပီ
မလား။ခန္းမေဆာင္ သခင္႐ွဴနဲ႔
မၾကာခဏေတြ႕ၿပီး သူ႕ဆီကေန
ဦးေႏွာက္ကိုဘယ္လိုအသုံးခ်ရမလဲ
ဆိုတာကိုသင္။အလဟႆမျဖစ္သြားေစနဲ႔။" ဟုမိန္႔လိုက္သည္။

"နားလည္ပါၿပီ အ႐ွင္။" ဟုခ်ိဳးဟုန္႐ႊယ္
႐ို႐ိုက်ိဳးက်ိဳးျပန္ေျဖလိုက္သည္။

၎တို႔ႏွစ္ဦးစိတ္ခ်င္းဆက္သြယ္ေနစဥ္မွာ
ပိုင္လီခ်င္းေျမာင္ဟာ ေလွကိုအဓိက
ေတာင္ထြဋ္႐ွိရာသို႔ ဦးတည္ေနေလ၏။
ဂိုဏ္းခ်ဳပ္ႏွင့္ ဂိုဏ္းခ်ဳပ္၏တပည့္ရင္း
ႏွစ္ဦးလုံးဒဏ္ရာရၿပီးေနာက္
ဂိုဏ္းခ်ဳပ္ေနထိုင္ရာအေဆာက္အဦး၌
ႏွစ္ဦးစလုံး ျပန္ေကာင္းမြန္လာေအာင္
ကုစားေနၾကသည္။

"ဂိုဏ္းတူအစ္မလု ကြၽန္မတို႔အဓိက
ေတာင္ထြဋ္ကိုေရာက္ၿပီ။"ဟု
ပိုင္လီခ်င္းေျမာင္ မာထန္ထန္ေလသံျဖင့္
ေျပာလိုက္သည္။
"အခုထြက္သြားလို႔ရၿပီ။"

လုခ်င္းယဲ့အေပၚ  ပိုင္လီခ်င္းေျမာင္
ဆက္ဆံပုံကို ဝမ္ရန္အယ္က်င့္သားရေနၿပီ
ျဖစ္ေသာေၾကာင့္ ဘယ္လိုမွမေန‌ဘဲ
ပိုင္လီခ်င္းေျမာင္ေနာက္ တိတ္တဆိတ္သာလိုက္ေန၏။

"ဘာလို႔ ငါ့ေနာက္လိုက္ေနတာလဲ။"
ဟုပိုင္လီခ်င္းေျမာင္စိတ္တိုစြာ
ေမးလိုက္သည္။သူ႕ေနာက္ လုခ်င္းယဲ့
တေကာက္ေကာက္သာ လိုက္ေနပါက
သူ႕ဂိုဏ္းတူအစ္ကိုကို သူဘယ္လို
ႏႈတ္ဆက္စကားေျပာရေတာ့မွာလဲ။

"ငါလည္း ဟယ့္ဝမ္းေခ်ာင္ကိုေတြ႕ခ်င္လို႔။"

ဟယ့္ဝမ္းေခ်ာင္ မည္ကဲ့သို႔ မိန္းမ
ႏွစ္ေယာက္ၾကားဟန္ခ်က္ညီေအာင္
ထိန္းၿပီး ပိုင္လီခ်င္းေျမာင္ႏွင့္
လုခ်င္းယဲ့ႏွစ္‌ေယာက္စလုံး သူ႕ကို
ယုံၾကည္ေအာင္လုပ္မလဲဆိုတာကို
ဝမ္ရန္အယ္မ်က္ျမင္ေတြ႕ခ်င္မိသည္။

လုခ်င္းယဲ့ သူ႕ဂိုဏ္းတူအစ္ကိုဆီသြားျခင္းမွ
တားဆီးရန္ သတိလစ္သြားေအာင္
လုပ္ပစ္ခ်င္ေသာ္ျငား အဓိကေတာင္ထြဋ္၌
ေရာက္ေနေသာေၾကာင့္ ပိုင္လီခ်င္းေျမာင္
ထိုကဲ့သို႔ မလုပ္ရဲေပ။ထို႔ေၾကာင့္ သူ႕ေနာက္
တေကာက္ေကာက္လိုက္ေနေသာအႀကီးအကဲခ်င့္႐ႊယ္ႏွင့္ လုခ်င္းယဲ့တို႔ကို
မေခၚခ်င္ေခၚခ်င္ျဖင့္ ဟယ့္ဝမ္းေခ်ာင္အနားယူရာသို႔ဦးေဆာင္လာခဲ့ရ၏။

တံခါးကဝင္လိုက္ေသာအခါ အားနည္းစြာ
အိပ္ယာ‌ေပၚ လဲေလ်ာင္းေနရေသာ
ဟယ့္ဝမ္းေခ်ာင္ကိုျမင္လိုက္ရသည့္အတြက္
ပိုင္လီခ်င္းေျမာင္၏ မ်က္ႏွာေပၚ
ဆည္က်ိဳးသလို မ်က္ရည္ေတြ
စီးက်လာေတာ့သည္။"ဂိုဏ္းတူအစ္ကို"
ဟုငိုရင္းသူေခၚလိုက္သည္။

မွိတ္ထားသည့္မ်က္လုံးကို ဟယ့္ဝမ္းေခ်ာင္ဖြင့္လိုက္ၿပီးခံစားခ်က္အျပည့္ျဖင့္
ပိုင္လီခ်င္းေျမာင္ကို စိုက္ၾကည့္လိုက္ကာ
"ဂိုဏ္းတူညီမေလး"ဟုေခၚလိုက္သည္။
ထိုမွ်မကေသးဘဲ ပိုင္လီခ်င္းေျမာင္ေနာက္႐ွိ
လုခ်င္းယဲ့ကိုပါ ထိုခံစားခ်က္
အျပည့္မ်က္လုံးျဖင့္စိုက္ၾကည့္ကာ
"ဂိုဏ္းတူညီမေလး လု"
ဟုထပ္ေခၚျပန္သည္။

လုခ်င္းယဲ့ကိုဂ႐ုမစိုက္ဘဲ ဟယ့္ဝမ္းေခ်ာင္ကို
ပိုင္လီခ်င္းေျမာင္ဖက္လိုက္ၿပီး
"ဂိုဏ္းတူအစ္ကို အစ္ကိုရဲ႕ဒဏ္ရာေတြနဲ႔ပတ္သက္ၿပီး ေဆးခန္းမအႀကီးအကဲ
ဘာေျပာေသးလဲ။"ဟုေမးလိုက္သည္။

ဟယ့္ဝမ္းေခ်ာင္ ခါးသီးမႈအျပည့္ျဖင့္
ျပဳံးလိုက္ကာေခါင္းခါရင္း ပိုင္လီခ်င္းေျမာင္
ဆံပင္ကိုပြတ္သက္ေပးလိုက္၏။
"ဂိုဏ္းတူညီမေလး ဝိဉာဥ္အေျခတည္အဆင့္ကိုေရာက္သြားၿပီေပါ့။အစ္ကိုဖန္တီးႏိုင္ခဲ့တုန္းကထက္‌ေတာင္ ေစာၿပီးအေျခတည္စ
ဝိဉာဥ္ကို‌ ဖန္တီးႏိုင္ခဲ့တာပဲ။ဂိုဏ္းရဲ႕
အနာဂတ္ကို ညီမေလးလက္ထဲ စိတ္ခ်လက္ခ်အပ္ထားလို႔ရၿပီပဲ။"

ခက္ခက္ခဲခဲျဖင့္ ပိုင္လီခ်င္းေျမာင္၏
မ်က္ရည္ကိုသုတ္ေပးရင္ ညင္သာေသာ
အသံျဖင့္ "မငိုပါနဲ႔ ညီမေလးရဲ႕။
ဝိဉာဥ္အေျခတည္အဆင့္
အတြင္းစည္းတပည့္တစ္ေယာက္
႐ွန္႔ခ်င္းဂိုဏ္းရဲ႕အနာဂတ္ေထာက္တိုင္
တစ္ေယာက္အေနနဲ႔ သန္မာၿပီး
ဂ်ဴနီယာေတြရဲ႕စံျပအျဖစ္ေနရမွာေပါ့။"

ဟယ့္ဝမ္းေခ်ာင္စကားေၾကာင့္
ပိုင္လီခ်င္းေျမာင္ ပို၍ငိုေႂကြးလာ၏။
႐ွန္႔ခ်င္းဂိုဏ္း၏အနာဂတ္ေထာက္တိုင္ဟာ
ဟယ့္ဝမ္းေခ်ာင္ျဖစ္ရမွာပင္။ဂိုဏ္းတူအစ္ကို
သူ႕ကိုယခုကဲ့သို႔ေျပာေနျခင္းဟာ
အရာအားလုံးကိုလက္ေလ်ာ့ၿပီး သူ႕ကို
တာဝန္ လႊဲေပးခ်င္ေနလို႔မ်ားလား။"

"ဆရာ ခ်င့္႐ႊယ္"ပိုင္လီခ်င္းေျမာင္
ေခါင္းေမာ့လိုက္ၿပီး ခ်ိဳးဟုန္႐ႊယ္ကို မ်က္ရည္စီးေၾကာင္းအျပည့္ မ်က္ႏွာျဖင့္
ၾကည့္လိုက္သည္။"ဝိဉာဥ္အေျခတည္
အဆင့္ေရာက္ရင္ ဂိုဏ္းတူအစ္ကိုကို
ကယ္ဖို႔နည္းလမ္း႐ွိလာမယ္ဆို။
ဘယ္လိုကယ္ရမွာလဲဟင္။"

"ဒီလိုမ်ိဳးေလ ဝိဉာဥ္အေျခတည္အဆင့္ကို
ေရာက္ရင္ မင္းသင္ယူႏိုင္မဲ့ လွ်ိဳ႕ဝွက္ခ်က္တစ္ခု႐ွိတယ္။အဲ့ဒါက လူတစ္ေယာက္ရဲ႕
ဝိဉာဥ္ကိုအမွတ္အသားတစ္ခုမွတ္ထားၿပီး
ေနာက္ဘဝက်ရင္ ျပန္႐ွာလို႔ရတာမ်ိဳး။
ငါမင္းကို အဲ့နည္းလမ္းသင္ေပးၿပီးသြားရင္
ဟယ့္ဝမ္းေခ်ာင္ဝိဉာဥ္ကို မွတ္ထားလိုက္။
ၿပီးရင္သတ္လိုက္။ျပန္ဝင္စားလာတဲ့ေနာက္ဘဝကို႐ွာၿပီး သူအ႐ြယ္ေရာက္လာတဲ့အထိ ပ်ိဳးေထာင္။က်င့္ၾကံသူတစ္ေယာက္အေနနဲ႔ ဆယ့္႐ွစ္ႏွစ္ဆိုတာက
မ်က္ေတာင္တစ္ခတ္ေလာက္ပဲၾကာမွာပါ။"

ပိုင္လီခ်င္းေျမာင္ : ......

ဟယ့္ဝမ္းေခ်ာင္ : .......

ဝမ္ရန္အယ္ေတာင္မွ ခ်ိဳးဟုန္႐ႊယ္
အတြက္ လက္ခုပ္တီးေပးခ်င္မိသည္။
ခြၽမ္းယြမ္ဂိုဏ္းတြင္ ပါရမီ႐ွင္ေတြႏွင့္
ျပည့္ႏွက္ေနတာပါလား။

အခ်ိန္ခဏၾကာစကားမေျပာႏိုင္
ျဖစ္သြားၿပီးေနာက္ ဟယ့္ဝမ္းေခ်ာင္ကို
ဖက္ရင္း ပိုင္လီခ်င္းေျမာင္
"ဂိုဏ္းတူအစ္ကို"ဟုေခၚကာ
ေအာ္ငိုေတာ့သည္။

ပိုင္လီခ်င္းေျမာင္ကို ရင္ခြင္ထဲဖက္ထား
ေသာ္ျငား ဟယ့္ဝမ္းေခ်ာင္မ်က္လုံးဟာ
လုခ်င္းယဲ့အေပၚက်ေရာက္ေန၏။
ဟယ့္ဝမ္းေခ်ာင္ဟာ အလြန္
ၾကည့္ေကာင္းသည့္႐ုပ္ရည္ပိုင္ဆိုင္ထားၿပီး
ခံစားခ်က္ေတြကို ႏူးညံ့ေႏြးေထြးေသာမ်က္လုံးေတြမွတစ္ဆင့္ေျပာျပႏိုင္၏။
သူ၏ေႏြးေထြးေသာမ်က္လုံးေတြ၌
"ဂိုဏ္းတူညီမေလး အစ္ကိုက ညီမရဲ႕
အခ်စ္ေတြနဲ႔မထိုက္တန္ေတာ့ပါဘူး။
အစ္ကို႔ကိုလာမၾကည့္ပါနဲ႔ေတာ့။"
ဟူသည့္အဓိပၸာယ္ကို လုခ်င္းယဲ့
သေဘာေပါက္ေအာင္ ေဖာ္‌ျပေန၏။

လုခ်င္းယဲ့အစစ္သာဆိုလွ်င္ ေနရာမွာပင္
သူ႕ခႏၶာကိုယ္ကိုေပးပစ္ေလာက္သည္။
သို႔ေပမဲ့ ဝမ္ရန္အယ္ကေတာ့သူ႕ကို
ေအးစက္စက္သာၾကည့္ေနလိုက္သည္။
အခ်ိန္တစ္ခုၾကာ ၾကည့္ၿပီးေနာက္
ဝမ္ရန္အယ္၏မ်က္ခုံး အနည္းငယ္
တြန္႔ခ်ိဳးသြားသည္။

လုခ်င္းယဲ့ႏွင့္အၾကည့္ခ်င္း
ဖလွယ္ေနစဥ္မွာပင္ ႐ုတ္တရက္
ဟယ့္ဝမ္းေခ်ာင္ဟာ တစ္ေယာက္ေယာက္ စကားေျပာေနသည္ကိုနားေထာင္ေနသကဲ့သို႔
ျပဳမူေန၏။ခဏၾကာေသာအခါ
ျဖဴေဖ်ာ့သြားၿပီး ဝမ္ရန္အယ္အား
သတိအျပည့္ျဖင့္ၾကည့္လိုက္သည္။
ပါးစပ္ဖြင့္ၿပီး ေအာ္ဟစ္ကာနီးပင္။

ဝမ္ရန္အယ္ ေျခတစ္လွမ္းေ႐ွ႕တိုးလိုက္ၿပီး
လက္တစ္ဖက္ျဖင့္ ဟယ့္ဝမ္းေခ်ာင္
ပါးစပ္ကိုပိတ္ထားလိုက္သည္။
ပိုင္လီခ်င္းေျမာင္ကိုဆြဲလိုက္ၿပီး
"မင္း..ေနာက္ကိုဆုတ္‌ေန။"
ဟုေျပာလိုက္သည္။

သူႏွင့္ဂိုဏ္းတူအစ္ကိုကို ဆြဲခြာရဲသည့္
လုခ်င္းယဲ့‌အား ေဒါသပုန္ထစြာ
"လုခ်င္းယဲ့"ဟုေအာ္လိုက္ၿပီးေနာက္
အခန္းအျပင္ဘက္သို႔အႀကီးအကဲခ်င့္႐ႊယ္
ဆြဲေခၚသြားျခင္းကို ပိုင္လီခ်င္းေျမာင္
ခံလိုက္ရသည္။

လက္တစ္ဖက္ကိုေဝွ႔ယမ္းရင္း
အႀကီးအကဲခ်င့္႐ႊယ္ တံခါးကိုခ်ိပ္ပိတ္
လိုက္ျခင္းအားၾကည့္ရင္း ေဒါသႏွင့္ပူပန္မႈ‌ ေရာေထြးေနသံျဖင့္ "ဆရာ"ဟု
ပိုင္လီခ်င္းေျမာင္ေခၚလိုက္၏။

သူ႕ေခါင္းကို အႀကီးအကဲ ခ်င့္႐ႊယ္
ကိုင္ထားၿပီး သူ႕ကိုထိန္းခ်ဳပ္ထား၏။
"ပါးစပ္ပိတ္ထား"ဟုပါေျပာလာသည္။

အ႐ွင့္၏ မ်က္ႏွာအမူအယာကိုၾကည့္ျခင္းျဖင့္
အႏၲရာယ္ႀကီးသည့္ ရန္သူကိုရင္ဆိုင္ေနရေၾကာင္းသိႏိုင္သည္။ဟယ့္ဝမ္းေခ်ာင္ႏွင့္
ပတ္သက္ၿပီး တစ္စုံတစ္ခု မွားေန၏။
အထဲမွ လူႏွစ္ေယာက္စကားေျပာၾကား
ေနျခင္းအား တစ္စုံတစ္ေယာက္
ခိုးနားေထာင္ျခင္းမွ ကာကြယ္ရန္အခန္းတစ္ဝိုက္ကို ခ်ိဳးဟုန္႐ႊယ္
အတားအဆီးခ်လိုက္သည္။

အတားအဆီးခ်လိုက္ျခင္းအား
အခန္းထဲတြင္ ႐ွိေနသည့္
ဝမ္ရန္အယ္သတိထားမိၿပီးေနာက္
ဟယ့္ဝမ္းေခ်ာင္ပါးစပ္ေပၚမွ လက္ကို
ဖယ္လိုက္ကာ ေသေသခ်ာခ်ာ
စစ္ေဆးၾကည့္႐ႈရန္ ဝိဉာဥ္သိစိတ္ကို
ထုတ္လႊတ္လိုက္သည္။

ဆန္႔က်င္ဘက္နံရံ႐ွိရာသို႔ ဟယ့္ဝမ္းေခ်ာင္ေနာက္ဆုတ္သြားသည္။ေမွာ္လက္နက္ကို
လက္တစ္ဖက္ကကိုင္ထားၿပီး
ေနာက္လက္တစ္ဖက္တြင္ေတာ့
သတင္းေပးပို႔အေဆာင္႐ွိေနသည္။
ေက်ာက္စိမ္းျပားကို ခ်ိဳးဖ်က္လိုက္သည္ႏွင့္
႐ွန္႔ခ်င္းဂိုဏ္းမွ အဆင့္ျမင့္က်င့္ၾကံသူမ်ားေရာက္လာကာ လုခ်င္းယဲ့ကို
ကပ္တြယ္ေနသည့္ အရာေပ်ာက္ကြယ္
သြား‌ေစရန္ေတာင္႐ွိ အစီအရင္ကို
အသက္သြင္းမွာပင္။

သတင္းေပးပို႔အေဆာင္ကိုငဲ့ၾကည့္ရင္း
"မင္းကိုကူညီေပးမဲ့သူေတြကို မင္းေခၚႏိုင္တယ္။ဒီအ႐ွင္လည္း မင္းရဲ႕သ႐ုပ္မွန္ကို
သူတို႔သိေအာင္ ေဖာ္ထုတ္ပစ္မွာ။"
ဟု ဝမ္ရန္အယ္ေျပာလိုက္၏။

ေသြးက်င့္စဥ္ကိုသာ က်င့္ၾကံမထားပါက
ဟယ့္ဝမ္းေခ်ာင္ခႏၶာကိုယ္ထဲ၌
ဝိဉာဥ္ႏွစ္ခု႐ွိေနျခင္းအား ဝမ္ရန္အယ္
မသိႏိုင္ေပ။သူ႕ခႏၶာကိုယ္ထဲတြင္
ေသးငယ္လွသည့္ ေသြးခ်ီအနည္းငယ္
ပုန္းေအာင္းေနသည္။ဝမ္ရန္အယ္ကဲ့သို႔
ေသြးက်င့္စဥ္က်င့္ၾကံထားသူပင္။

လြန္ခဲ့သည့္ ႏွစ္တစ္ေသာင္းခန္႔က
တစ္ဦးတည္းေသာ ေသြးက်င့္စဥ္
က်င့္ၾကံသူသည္ လမ္းလြဲသြားၿပီး
နတ္ဆိုးျဖစ္သြားခဲ့သည္။ထို႔ေၾကာင့္
အမွန္တရားဂိုဏ္းမ်ားႏွင့္ နတ္ဆိုးဂိုဏ္းမ်ား ပူးေပါင္းၿပီး ထိုသူကိုႏွိမ္ႏွင္းခဲ့သည္။သို႔‌ေသာ္ ေသြးက်င့္ၾကံသူ‌ေသဆုံးသြားေအာင္
သတ္ရန္ခက္ခဲလွ၏။ေသြးတစ္စက္
က်န္လွ်င္ေသာ္ေတာင္မွ တျဖည္းျဖည္းႏွင့္ အင္အားျပန္ျပည့္လာေအာင္လုပ္၍
ရေသာေၾကာင့္ပင္။

"မင္းဘယ္သူလဲ။"ဟုဟယ့္ဝမ္းေခ်ာင္
ေမးလိုက္သည္။"လြန္ခဲ့တဲ့ခုနစ္ရက္
ဂိုဏ္းတူညီမေလးလုကို ငါေတြ႕ခဲ့တုန္းက
သူ႕ကို ကပ္တြယ္ထားတဲ့အရာမ်ိဳးမ႐ွိ‌ဘူး။
မင္း သူ႕ကိုဘာလုပ္လိုက္တာလဲ။"

"ဒီအ႐ွင္နဲ႔ မင္း စကားေျပာဖို႔
မထိုက္တန္ဘူး။"ဟုဝမ္ရန္အယ္ ေအးစက္စက္ေျပာလိုက္သည္။
"မင္းခႏၶာကိုယ္ထဲက တစ္ေယာက္နဲ႔
လဲလိုက္။"

ဟယ့္ဝမ္းေခ်ာင္အမူအယာဟာ
သေဘာမတူခ်င္ပုံေပၚေနသည္။
မ်က္လုံးေတြကို ဟိုေ႐ႊ႕ ဒီေ႐ႊ႕ျဖင့္
တစ္စုံတစ္ေယာက္ႏွင့္ စိတ္ခ်င္း
ဆက္သြယ္ေနပုံပင္။ခဏၾကာေသာအခါ
သူ႕အမူအယာဟာ ခံစားမႈေရာေထြးကာဆုံးျဖတ္ခ်က္မျပတ္သား‌ေသာ
အမွန္တရားဂိုဏ္းတပည့္အျဖစ္မွ
ရက္စက္ၾကမ္းၾကဳတ္ေသာ ေသြးက်င့္ၾကံသူတစ္ေယာက္အျဖစ္သို႔လုံးဝေျပာင္းလဲသြား၏။

ဟယ့္ဝမ္းေခ်ာင္ခႏၶာကိုယ္ကို
အသုံးျပဳထားေသာ ေသြးနတ္ဆိုး
စကားေျပာလာသည္။"ဟီး ဟီး
ႏွစ္ေပါင္းတစ္ေသာင္းေလာက္
ကုစားၿပီးခ်ိန္မွာ က်င့္ၾကံျခင္းေလာကမွာ
ဒီအ႐ွင္လို ေသြးက်င့္ၾကံသူ႐ွိလာမယ္လို႔
မထင္ထားမိခဲ့ဘူး။ေသြးၿဖိဳခြဲက်င့္စဥ္ကိုက်င့္ၾကံ‌ေအာင္ျမင္ခဲ့တဲ့မင္းကို ဒီအ႐ွင္ခ်ီးက်ဴးခ်င္တယ္။"

"ဒီအ႐ွင္"ဟုသူ႕ကိုယ္သူရည္ၫႊန္းသံဟာ
ဝမ္ရန္အယ္ကို နားမခံသာျဖစ္ေစ၏။
ထပ္တူညီသည့္ ေမာက္မာသံျဖင့္
"ဒီအ႐ွင္ ဘယ္တုန္းကမွ ငါကလြဲၿပီး
သူ႕ကိုယ္သူအ႐ွင္လို႔ရည္ၫႊန္းဖို႔
ထိုက္တန္သူေနာက္တစ္ေယာက္ကို
မေတြ႕ဖူးေသးဘူး။"ဟုဝမ္ရန္အယ္
ေျပာလိုက္သည္။

"အိုး အဲ့လိုလား။အတိတ္က ဒီအ႐ွင္
ဘယ္ေလာက္အင္အားႀကီးခဲ့လဲ။
လြန္ခဲ့တဲ့ႏွစ္‌တစ္ေသာင္းက က်င့္ၾကံသူေတြ
ဘယ္ေလာက္ေတာင္မွ အင္အားႀကီးခဲ့လဲ
ဆိုတာကို မင္းေတြးၾကည့္လို႔ေတာင္
ရမွာ မဟုတ္ဘူး။အခုေခတ္ က်င့္ၾကံသူေတြရဲ႕အဆင့္က စကားထဲ ထည့္ေျပာဖို႔ေတာင္
မတန္ဘူး။"ဟုေသြးနတ္ဆိုးျပန္ေျပာလာ၏။

ျငင္းေန၍လည္းအက်ိဳးမ႐ွိသျဖင့္
ထိုေသြးနတ္ဆိုးႏွင့္ ဝမ္ရန္အယ္
ထပ္မျငင္းေတာ့ေပ။လြန္ခဲ့သည့္
ႏွစ္‌တစ္ေသာင္းက က်င့္ၾကံသူေတြ
သန္မာတာမွန္၏။သို႔ေပမဲ့ ထိုလြန္ခဲ့သည့္ႏွစ္‌တစ္ေသာင္းခန္႔က ကမ႓ာတစ္ခုလုံးဟာ
မဆုံးႏိုင္ေသာ ဆင္းရဲဒုကၡ‌ေတြ၊
သဘာဝကပ္ေဘးေတြျဖင့္ျပည့္ႏွက္ေန၏။ နတ္ဘုရားေတြကို လူေတြပူေဇာ္ပသၾက
ေသာ္ျငား နတ္ဘုရားေတြဟာ လူသားေတြကိုဂ႐ုမစိုက္ၾကေပ။ထိုသို႔သာ ဆက္ျဖစ္ေနပါက
ေကာင္းကင္ဘုံဟာ ကမ႓ာႀကီးဆက္လက္တည္႐ွိေနၿပီး အသစ္ အသစ္ေသာသက္႐ွိမ်ားေမြးဖြားလာေစရန္ လူသားေလာကကို
သန္႔႐ွင္းၿပီး လက္႐ွိတည္႐ွိေနသမွ်
သက္႐ွိအားလုံးအား ဖယ္႐ွားပစ္မွာ
ေသခ်ာေန၏။

ကံေကာင္းစြာ ေသြးက်င့္ၾကံသူတစ္ဦးဟာ
က်င့္ၾကံျခင္းေလာကတစ္ခုလုံး၏ အာ႐ုံကိုဖမ္းစားသြား၏။ထိုေသြးက်င့္ၾကံသူကို
သတ္ျဖတ္ရန္ႀကိဳးစားေသာလမ္း၌
မေရမတြက္ႏိုင္ေသာ က်င့္ၾကံသူမ်ား
ေသဆုံးသြားၾကသည္။ထို႔အတြက္
လူ႕ကမ႓ာေလာက ျပန္လည္ကုစားရန္
အခ်ိန္အတိုင္းအတာတစ္ခု ရလာခဲ့သည္။
ဤျဖစ္ရပ္သည္ လြန္ခဲ့သည့္
ႏွစ္တစ္ေသာင္းက က်င့္ၾကံသူမ်ား
ၾကဳံေတြ႕ခဲ့ရသည့္ အႀကီးက်ယ္ဆုံး
ကပ္ေဘးတစ္ခုျဖစ္၏။

"ဟယ့္ဝမ္းေခ်ာင္ကို ကပ္တြယ္ေနေပမဲ့
သူ႕ခႏၶာကိုယ္ကို လုယူဖို႔မႀကိဳးစားဘူး။
မင္းရဲ႕ ရည္႐ြယ္ခ်က္ကဘာလဲ။
မင္းက ေသြးက်င့္ၾကံသူဆိုတာကိုေကာ
သူသိရဲ႕လား။"ဟုဝမ္ရန္အယ္
ေမးခြန္းထုတ္လိုက္သည္။

သူတို႔ႏွစ္ဦး‌ေျပာဆိုေနသည့္ စကားကို
ဟယ့္ဝမ္းေခ်ာင္ကိုမသိ‌‌ေစလိုလွ်င္
စကားတစ္လုံးေတာင္မၾကားေအာင္
ေသြးက်င့္ၾကံသူ ထိန္းခ်ဳပ္ထားႏိုင္၏။

"ဟီး ဟီး မင္းဘယ္လိုထင္လဲ။
ဟယ့္ဝမ္းေခ်ာင္ကို မထိဖို႔ဒီအ႐ွင္
မင္းကိုသတိေပးခ်င္တယ္။အဲ့လိုမွမဟုတ္ရင္
ဂိုဏ္းရဲ႕အစီအရင္အသက္ဝင္လာတဲ့အခါ
ပိုက္ကြန္ထဲေရာက္ေနတဲ့ငါးႏွစ္‌ေကာင္လို
ျဖစ္သြားလိမ့္မယ္။ငါတို႔ႏွစ္ေယာက္လုံး
အသက္႐ွင္ရက္ ထြက္သြားႏိုင္မွာ
မဟုတ္ဘူး။"ဟုေသြးနတ္ဆိုးေျပာလာ၏။
 
"ဘယ္အခ်ိန္တုန္းက သူ႕ကိုမင္း
ကပ္တြယ္ခဲ့တာလဲ။ဂိုဏ္းေပါင္းစုံစစ္ပြဲ
ၿပီးခ်ိန္လား။"ဟုဝမ္ရန္အယ္ေမးလိုက္သည္။

ဝမ္ရန္အယ္၏ တြက္ခ်က္မႈအရဆိုလွ်င္
လြန္ခဲ့သည့္ႏွစ္ေပါင္းတစ္ေသာင္းက
ကပ္ေဘးကို ေနာက္ထပ္ႏွစ္ေပါင္း
တစ္ေသာင္းၾကာခ်ိန္၌ ထပ္မၾကဳံေတြ႕ႏိုင္ေပ။
ဂိုဏ္းေပါင္းစုံစစ္ပြဲေၾကာင့္ အိပ္စက္ေနရာမွ
ႏိုးထလာတာျဖစ္ရမည္။႐ွဴယန္ယန္ႏွင့္
ႏွစ္ကိုယ္တူက်င့္ၾကံေနခ်ိန္တြင္
ဟယ့္ဝမ္းေခ်ာင္ခႏၶာကိုယ္ထဲ
ေသြးနတ္ဆိုး ကပ္တြယ္ေနပါက
႐ွဴယန္ယန္ အထိအခိုက္မ႐ွိျပန္လာႏိုင္မွာ
မဟုတ္ေပ။အထိအခိုက္မ႐ွိျပန္လာကာ
ဟယ့္ဝမ္းေခ်ာင္၏ အေျခတည္စဝိဉာဥ္ကို
႐ွဴယန္ယန္လုယူႏိုင္သည္ဆိုကတည္းက
အေျခတည္စဝိဉာဥ္ လုယူခံရၿပီး
ေနာက္ပိုင္းမွ ေသြးနတ္ဆိုးကို
ဟယ့္ဝမ္းေခ်ာင္ ၾကဳံေတြ႕ရတာျဖစ္မွာပင္။

စာအုပ္ထဲမွ ကိစၥရပ္တစ္ခုကို ဝမ္ရန္အယ္
နားမလည္ႏိုင္ေပ။လုခ်င္းယဲ့ဟာ သူ႕ကိုယ္သူ
အမွန္တရားဂိုဏ္းသားဆီကို ေပးအပ္ခဲ့တာပင္။အဘယ့္ေၾကာင့္ သူ၏ေ႐ႊေရာင္
အျမဴေတကို ဆုံး႐ႈံးသြားခဲ့ရတာလဲ။
ခ်ီေဖာက္ျပန္ေနၿပီး သူ႕ကိုယ္သူ
ဟယ့္ဝမ္းေခ်ာင္မထိန္းခ်ဳပ္ႏိုင္ျခင္းေၾကာင့္ဟုစာအုပ္ထဲတြင္ ႐ွင္းလင္းထားသည္။
ျပန္ေကာင္းသြားသည္ႏွင့္
အတြင္းစိတ္မေကာင္းဆိုးဝါးကို
ျဖတ္ေက်ာ္သည္။ထို႔‌ေနာက္ ႐ွန္႔ခ်င္းဂိုဏ္းအႀကီးအကဲေတြကိုယ္တိုင္ နဂိုအတိုင္း
ျပန္ေကာင္းသြားၿပီဟု အတည္ျပဳၾကသည္။
ဟယ့္ဝမ္းေခ်ာင္ ကိုယ့္ကိုကိုယ္မထိန္းႏိုင္ခ်ိန္
လုပ္ခဲ့သည့္ ျဖစ္ရပ္ကိုစစ္ေဆးၾကည့္ရန္မွာ
ဂိုဏ္းအႀကီးအကဲေတြအတြက္
ကိုး႐ိုးကားရားႏိုင္လွ၏။ထို႔ေၾကာင့္
လုခ်င္းယဲ့ဟာ သူ႕ျပႆနာသူ
မီးထြန္း႐ွာသည္ဟုသာ
သတ္မွတ္လိုက္ၾကသည္။
 
ထို႔အျပင္ ထိုျဖစ္ရပ္ျဖစ္ၿပီးေနာက္
ဟယ့္ဝမ္းေခ်ာင္ဟာ လုခ်င္းယဲ့
အေပၚဂ႐ုစိုက္ကာ ေန႔ေန႔ညည
ေ႐ႊေရာင္အျမဴေတ နဂိုအတိုင္းျပန္ျဖစ္လာေစမည့္နည္းလမ္းကိုသာႀကိဳးစား႐ွာေန၏။
ခႏၶာကိုယ္စုစည္းျခင္းအဆင့္ေရာက္ၿပီးေသာအခါ လုခ်င္းယဲ့ႏွင့္ ႏွစ္ကိုယ္တူစုံတြဲ
က်င့္ၾကံျခင္းခဲ့ကာ နဂိုစြမ္းအင္မ်ား
ျပန္လည္ရ႐ွိၿပီး ဝိဉာဥ္အ‌ေျခတည္အဆင့္
ကိုေရာက္႐ွိသြားေအာင္ ကူညီေပးခဲ့သည္။

ထိုကိစၥေၾကာင့္ ပိုင္လီခ်င္းေျမာင္ႏွင့္
ဟယ့္ဝမ္းေခ်ာင္ မၾကာခဏရန္ျဖစ္ရသည္။
ဂိုဏ္းခ်ဳပ္အသက္ကိုကယ္တင္ရန္
ခရမ္းရင့္ေရာင္ဝိဉာဥ္စံအိမ္ေတာ္သခင္မႏွင့္
ဟယ့္ဝမ္းေခ်ာင္ လက္ထပ္ခဲ့သည္။
ခရမ္းရင့္ေရာင္ဝိဉာဥ္စံအိမ္ေတာ္၌သာ ဂိုဏ္းခ်ဳပ္ကိုကုသရန္ နည္းလမ္း
႐ွိေသာေၾကာင့္ပင္။လုခ်င္းယဲ့ႏွင့္
အႀကိမ္မ်ားစြာ ႏွစ္ကိုယ္တူစုံတြဲ
က်င့္ၾကံခဲ့တာကေကာ ဘာေၾကာင့္လဲ။
ႏွစ္ကိုယ္တူစုံတြဲက်င့္ၾကံျခင္းကသာလွ်င္
လုခ်င္းယဲ့ကို ကယ္တင္ဖို႔ တစ္ခုတည္းေသာ
နည္းလမ္းျဖစ္ေနလို႔လား။

ဇာတ္လိုက္မင္းသား အေၾကာင္္းျပခ်က္အမ်ိဳးမ်ိဳးေပးျခင္းကို ဖတ္ဖို႔ ဝမ္ရန္အယ္
စိတ္မဝင္စားေပ။‌ေနာက္ဆုံးက် အၿမဲ
ပိုင္လီခ်င္းေျမာင္ပဲ အေလ်ာ့ေပးမွာ
ျဖစ္ေသာေၾကာင့္ပင္။

ေနာက္ဆုံးအႀကိမ္ဟယ့္ဝမ္းေခ်ာင္ႏွင့္
ေတြ႕ခဲ့စဥ္က သူ႕အေပၚ အထင္အျမင္ေကာင္းမ႐ွိခဲ့ေပ။႐ွဴယန္ယန္အ‌ေပၚ  ခံစားခ်က္
မျပတ္သားကာ လိုခ်င္တပ္မက္ေနေသာ ေယာက်ာ္းတစ္ေယာက္ကိုသာလွ်င္
ဝမ္ရန္အယ္ေတြ႕ခဲ့ေသာေၾကာင့္ပင္။
စာအုပ္ထဲမွ ဟယ့္ဝမ္းေခ်ာင္ဟာ
အေျခတည္စဝိဉာဥ္ဆုံး႐ႈံးၿပီးေနာက္
ပိုမိုပါးနပ္လာကာ ေလလြင့္မေသမ်ိဳး
တစ္ေယာက္ျဖစ္ေသာ ခရမ္းရင့္ေရာင္
ဝိဉာဥ္စံအိမ္ေတာ္သခင္မကိုေတာင္မွ
သူ႕ေမာင္းမေဆာင္ထဲဆြဲသြင္းႏိုင္ခဲ့သည္။

ႏွစ္ေပါင္းတစ္ေသာင္းေက်ာ္ အေတြ႕အၾကဳံ
႐ွိသည့္ ဤေသြးနတ္ဆိုးကိုၾကဳံၿပီး
ေနာက္မွာေတာ့ စာအုပ္ထဲမွအဓိပၸာယ္မဲ့ျဖစ္ရပ္အခ်ိဳ႕ အဓိပၸာယ္႐ွိသြားၿပီဟု
ဝမ္ရန္အယ္ ေတြးမိသည္။

စာအုပ္ေနာက္ပိုင္းမွ ဟယ့္ဝမ္းေခ်ာင္ဟာ
မူလဟယ့္ဝမ္းေခ်ာင္ဟုတ္ရဲ႕လား။
ေသြးနတ္ဆိုးအႀကီးအကဲက ခႏၶာကိုယ္ကို
အပိုင္သိမ္းလိုက္ၿပီလားဟု
စဥ္းစားၾကည့္ၿပီးေနာက္ မျဖစ္ႏိုင္ေလာက္ဘူးဟုဝမ္ရန္အယ္ဆုံးျဖတ္လိုက္သည္။
အၾကံဉာဏ္ေပးကာ ဟယ့္ဝမ္းေခ်ာင္ေလွ်ာက္လွမ္းေနေသာ ေျခလွမ္းတစ္လွမ္း
စီတိုင္းကို အစီအစဥ္ဆြဲေပးေနသည့္
ထိုေသြးနတ္ဆိုးဟာ တျဖည္းျဖည္းႏွင့္
ဟယ့္ဝမ္းေခ်ာင္ေခါင္းထဲမွ အယူအဆေဟာင္းမ်ားကိုဖယ္႐ွားပစ္ကာ
အယူအဆသစ္မ်ား႐ိုက္သြင္းၿပီး
အမွန္တရားဂိုဏ္းသားတစ္ေယာက္အျဖစ္မွ ပန္းတိုင္ေရာက္ရန္ ဘာမဆိုလုပ္မည့္
လူတစ္ေယာက္ျဖစ္သြားေအာင္
ထိန္းခ်ဳပ္ေန၏။

က်င့္စဥ္တူ ေသြးက်င့္ၾကံသူတစ္ေယာက္အေနျဖင့္ ေသြးနတ္ဆိုးဟာ
ဟယ့္ဝမ္းေခ်ာင္၏ နတ္ဘုရားစြမ္းအင္ကို
စိတ္ဝင္စားေနတာျဖစ္မည္ဟု ဝမ္ရန္အယ္
ခန္႔မွန္းမိသည္။ဟယ့္ဝမ္းေခ်ာင္
နတ္ဘုရားတစ္ပါးျဖစ္ေအာင္ က်င့္ၾကံၿပီးမွ
ဟယ့္ဝမ္းေခ်ာင္ခႏၶာကိုယ္ႏွင့္
သူ႕စြမ္းအင္ေတြ‌ကိုလုယူၿပီး
တစ္ခ်က္တည္းပြဲသိမ္းသြားေစမည့္ လုပ္ေဆာင္ခ်က္တစ္ခုတည္းျဖင့္
နတ္ဆိုးနတ္ဘုရားတစ္ပါး
ျဖစ္လာေအာင္လုပ္မည့္ပုံပင္။
ဝတၳဳစာအုပ္၏ ဇာတ္ေၾကာင္း၌
အဓိကစုံတြဲ မေသမ်ိဳးေလာကသို႔
တက္လွမ္းသြားသည္အထိသာပါသည္။
နတ္ဘုရားေလာကသို႔တက္လွမ္းသြားသည့္
ျဖစ္ရပ္မပါဝင္ေပ။ထို႔ေၾကာင့္
ဟယ့္ဝမ္းေခ်ာင္ဟာ မူလဟယ့္ဝမ္းေခ်ာင္ျဖစ္ေနဆဲဟုေကာက္ခ်က္ခ်ႏိုင္သည္။
ေနာက္ပိုင္း ျဖစ္ပ်က္သြားမည့္ကိစၥကို
မည္သူမွႀကိဳမသိႏိုင္ေပ။
 
သူမ႐ွင္းသည့္ ကိစၥေနာက္တစ္ခု
႐ွင္းလင္းသြားျပန္သည္။ဟယ့္ဝမ္းေခ်ာင္ အေျခတည္စဝိဉာဥ္ျပန္ရမည္မွာ ေသခ်ာသည့္ကိစၥတစ္ခုျဖစ္ေနသည္။လုခ်င္းယဲ့
မဟုတ္လွ်င္ေတာင္မွ လုခ်င္းယဲ့အစား
အျခားတစ္ေယာက္ျဖစ္သြားႏိုင္သည္။အသုံးခ်ခံလူဟာ မိန္းမတစ္ေယာက္ပဲျဖစ္ျဖစ္
ေယာက်ာ္းတစ္ေယာက္ပဲျဖစ္ျဖစ္
ေသြးနတ္ဆိုးဂ႐ုစိုက္မွာမဟုတ္ေပ။
ဝိဉာဥ္စြမ္းအင္႐ွိသူသာ ျဖစ္ဖို႔လိုသည္။
အသုံးခ်ခံ၏ဝိဉာဥ္စြမ္းအင္ကိုစုပ္ယူကာ
ဟယ့္ဝမ္းေခ်ာင္၏ကိုယ္ပိုင္ဝိဉာဥ္စြမ္းအင္
ျဖစ္လာေအာင္ ေျပာင္းလဲပစ္မွာပင္။

"ဒီအ႐ွင္ မင္းကိုမလိမ္ဘူး။
ဂိုဏ္းေပါင္းစုံစစ္ပြဲမွာဒီဟာေလးက ဒီအ႐ွင္အိပ္ေနတဲ့ေနရာကိုက်လာတာ။
သူ႕ပါရမီက မဆိုးဘူး။အဲ့တာေၾကာင့္
တပည့္အျဖစ္လက္ခံလိုက္တာ။ဟီး ဟီး။"
ဟုေသြးနတ္ဆိုးအႀကီးအကဲဟု
တစ္ခ်ိန္တစ္ခါက ေခၚ‌ေဝၚျခင္းခံခဲ့ရသည့္
ေသြးက်င့္ၾကံသူေျပာလာ၏။

"ေနာက္ပိုင္းက် သူ႕ခႏၶာကိုယ္ကို လုယူဖို႔
ပ်ိဳး‌ေထာင္ေနတာ မဟုတ္ဘူးလား။"

ေသြးနတ္ဆိုးအႀကီးအကဲဟာ ဘာမွ
ျပန္မေျပာဘဲ အူလိႈက္သည္းလိႈက္
ရယ္‌ေမာေန၏။ဝမ္ရန္အယ္အား ေနရာတြင္ပင္ခ်က္ခ်င္းသတ္ျဖတ္ပစ္ေတာ့မတတ္
ၾကမ္းၾကဳတ္မႈအခ်ိဳ႕ သူ႕မ်က္လုံးထဲတြင္ေပၚလာ၏။

ထိုၾကမ္းၾကဳတ္မႈဟာ ဝမ္ရန္အယ္ကိုစိတ္ေက်နပ္ေစသည္။အျပဳံးခ်င္း
ဖလွယ္လိုက္ၿပီးေနာက္ ဝမ္ရန္အယ္ဟာ
ဂ႐ုမစိုက္ဟန္ျဖင့္ "ဂိုဏ္းေပါင္းစုံစစ္ပြဲ
ၿပီးသြားတဲ့ေနာက္မွာ ဒီအ႐ွင္က မဟာယနာထိပ္ဆုံးအဆင့္ေရာက္သြားၿပီး
မေသမ်ိဳးေလာကကို တက္လွမ္းဖို႔
ေျခတစ္လွမ္းစာေလာက္ပဲလိုေတာ့တာ။
ေသြးက်င့္စဥ္က်င့္ၾကံၿပီးေနာက္မွာေတာ့
ဒီအ႐ွင္ကို စိန္ေခၚႏိုင္တဲ့လူေတာ္ေတာ့္ကို
႐ွားသြားၿပီ။ေသြးငရဲကိုသာ မဝင္ဘူးဆိုရင္
ဒီအ႐ွင္က်င့္ၾကံဆင့္ျမင့္ဖို႔အတြက္
အခြင့္အေရးနည္းနည္းပဲက်န္ေတာ့တယ္။"

ေသြးငရဲကိုသာ ဝမ္ရန္အယ္ဝင္ေရာက္ပါက ယင္ဟန္က်န္းပါလိုက္မွာေသခ်ာ၏။
ဟင္းလင္းျပင္ေလဟာနယ္က်င့္ၾကံသူ
တစ္ေယာက္ျဖစ္သည့္ ယင္ဟန္က်န္း
ေသြးငရဲ၌ အသက္႐ွင္သန္ဖို႔
အခြင့္‌အေရးလုံးဝမ႐ွိႏိုင္ေပ။

ေသြးလမ္းစဥ္က်င့္ၾကံပါက မည္သည့္တားဆီးပိတ္ပင္မႈကိုမွ မၾကဳံရေပ။
စၾကဝဠာ၏ခ်ီႏွင့္ အျခားသူမ်ား၏
ဝိဉာဥ္ရင္းျမစ္ကို အတားအဆီးမဲ့စုပ္ယူၿပီး
စြမ္းအင္ရယူႏိုင္သည္။သတ္ျဖတ္ျခင္းလမ္းစဥ္ကေတာ့ ထိုသို႔မဟုတ္ေပ။
လက္ရည္တူၿပိဳင္ဘက္မ႐ွိပါက
အင္အားႏွင့္လိုက္ဖက္ညီသည့္
စိတ္ဓာတ္ခိုင္မာမႈ ႐ွိမွာမဟုတ္ေပ။
သုံးႏွစ္အ႐ြယ္ကေလးကို ဒ႑ာရီလာ
ေမွာ္လက္နက္ေပးထားသလိုပင္။
လင္နက္႐ွိေနေသာ္ျငား အသုံးမခ်ႏိုင္ေပ။

အင္အား႐ွိေသာ္ျငား လိုအပ္သည့္
စိတ္ဓာတ္ခိုင္မာမႈမ႐ွိပါက တစ္ခ်ိန္ခ်ိန္၌
ခ်ီေဖာက္ျပန္သြားမွာပင္။သူ႕‌ေ႐ွ႕႐ွိ
ေသြးနတ္ဆိုးအႀကီးအကဲဟာ
ထိုျဖစ္စဥ္၏ ဥပမာတစ္ရပ္ပင္။

ေသြးက်င့္ၾကံျခင္းလမ္းေၾကာင္း၌
ေရာက္ေနေသာ္ျငား ကိုယ့္ကိုကိုယ္
မထိန္းခ်ဳပ္ႏိုင္သည့္ ႐ူးသြပ္ေနသူ
တစ္ေယာက္ျဖစ္သြားမွာကို ဝမ္ရန္အယ္
မလိုခ်င္ေပ။စိတ္ဓာတ္ခိုင္မာလာေအာင္
ကိုယ့္ကိုကိုယ္ ေလ့က်င့္ေပးၿပီး
မျဖစ္ႏိုင္သည့္ၾကားမွ လမ္းေၾကာင္းသစ္
တစ္ခုရေအာင္ေဖာက္မည္။

ထိုသို႔လုပ္ရန္ လက္ရည္တူၿပိဳင္ဘက္
တစ္ဦးလိုသည္။

"စိတ္‌ခ်ထားလို႔ရတယ္။ဒီအ႐ွင္
ဟယ့္ဝမ္းေခ်ာင္ကို အႏၲရာယ္မေပးဘူး။
ဒီအေတာအတြင္း သူ႕ကိုေကာင္းေကာင္းပ်ိဳးေထာင္ေပး။မင္းသူ႕ခႏၶာကိုယ္ကို
လုယူၿပီး နတ္ဆိုးနတ္ဘုရားတစ္ပါးျဖစ္တဲ့ေန႔
ဒီအ႐ွင္မင္းကိုသတ္ပစ္မဲ့ေန႔ပဲ။"

"ငါ့ကိုသတ္မယ္။ဟား ဟား ဟား ဟား"
ေသြးနတ္ဆိုးအႀကီးအကဲဟာ ျပက္လုံးတစ္ခုၾကားရသလို ေအာ္ရယ္လိုက္သည္။
"မဟာယနာအဆင့္ပဲ႐ွိတဲ့ ဘာမဟုတ္တဲ့
က်င့္ၾကံသူတစ္ေယာက္က ဒီအ႐ွင့္ကို
သတ္ခ်င္တယ္။ကိုယ့္ကိုကိုယ္အရမ္း
အထင္ႀကီးေနတာပဲ။ေကာင္းၿပီေလ
အခုလို ဝင့္ႂကြားတဲ့မင္းရဲ႕စကားကို
ဘယ္လိုအေကာင္အထည္ေဖာ္မလဲဆိုတာ
ဒီအ႐ွင္သိခ်င္မိပါဘိ။"

သူတို႔ႏွစ္ဦးၾကား ေလထု၌တိုက္ခိုက္ျခင္း
စိတ္ဆႏၵေတြ ျပည့္လွ်ံေန၏။ထိုစိတ္ဆႏၵ
ေတြေၾကာင့္ သူ၏စိတ္ဓာတ္ခိုင္မာမႈအဆင့္အနည္းငယ္တိုးသြား၏။

သေဘာတူညီခ်က္တစ္ခုထားၿပီးေနာက္
နတ္ဆိုးအႀကီးအကဲ ျပန္လည္အိပ္စက္
သြားသည္။အသိစိတ္ျပန္ဝင္လာေသာ
ဟယ့္ဝမ္းေခ်ာင္ဟာ ထူးဆန္းသည့္
အျပဳံး သူ႕ကိုျပဳံးျပေနသည့္ လုခ်င္းယဲ့ကို
ၾကည့္ၿပီး "ဂိုဏ္းတူညီမေလးလုကို
လႊတ္လိုက္။"ဟုေအာ္လိုက္သည္။

"စိတ္မပူနဲ႔။ဒီအ႐ွင္ သူ႕ကိုစိတ္မဝင္စားသလိုမင္းကိုလည္း စိတ္မဝင္စားဘူး။"ဟု
ေျပာကာ ‌တစ္ဖက္သို႔လွည့္လိုက္ၿပီး
အခန္းထဲမွလမ္းေလွ်ာက္
ထြက္သြားေတာ့သည္။

Continue Reading

You'll Also Like

426K 17.8K 123
SYPNOSIS Reading Purifying Love made Rachelle D'magiba feel very insulted. The ending that the author had written didn't go well with her expectation...
93.3K 3.3K 23
"𝗬𝗼𝘂 𝗮𝗿𝗲 𝗺𝗶𝗻𝗲." 𝗦𝗵𝗲 𝗶𝘀 𝘁𝗵𝗲 𝘀𝗰𝗵𝗼𝗼𝗹'𝘀 𝗺𝗼𝗱𝗲𝗹 𝘀𝘁𝗮𝗹𝗸𝗲𝗿 𝗛𝗲 𝗻𝗲𝘃𝗲𝗿 𝘀𝗮𝘄 𝗵𝗲𝗿 '𝘁𝗵𝗮𝘁 𝘄𝗮𝘆' 𝗳𝗿𝗼𝗺 𝘁𝗵�...
263K 10.8K 25
"I knew if I wanted a relationship, I should find someone else. But I didn't want anyone else and I still don't." I managed to take his arm from arou...
3.7K 215 20
In a world where humans and werewolves are enemies and mates are no longer a luxury afforded to werewolves, Liam is shocked when he feels that unfami...