Devil Venerable Also Wants To...
By m_velvetblue
64.1K 7.8K 647
Mary-Sue ဝတ္ထုတစ်ပုဒ်၌ ဇာတ်လိုက်မကိုအလွန်သစ္စာရှိပြီးချစ်သည့် ဒုတိယဇာတ်လိုက်နတ်ဆိုးအရှင်သခင်အား ဝတ္ထုဖတ်သူအကု... More
မိတ်ဆက်ခြင်း
အပိုင်း၁။ ကောင်းကင်ဘုံက စာအုပ်
အပိုင်း၂။ ချွမ်းယွမ်ဂိုဏ်း၏ ဖြားယောင်းသူ
အပိုင်း၃။ ဒီလိုကြောင့်ကိုး
အပိုင်း၄။ ကျောက်တုံးတစ်တုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်ခြင်း
အပိုင်း၅။ အကြံကောင်းပါပဲ အရှင်
အပိုင်း၆။မိုင်ထောင်ချီရေခဲလွင်ပြင်
အပိုင်း၇။လေလွင့်မသေမျိုးနှင့် တိုက်ခိုက်ခြင်း
အပိုင်း၈ ။ ခရမ်းရင့်ရောင်ဝိဉာဥ်စံအိမ်ဝောာ်သခင်မ
အပိုင်း၉။ပိုလစ်ကြယ်နှင့် အယ်ကိတ်ကြယ်
အပိုင်း၁၀။ခံစားချက်ကင်းမဲ့သည့်မဟာတာအို
အပိုင်း၁၁။သေချင်ယောင်ဆောင်၍ လွတ်မြောက်ခြင်း
အပိုင်း ၁၂။ အရှိန်အဟုန်ပြင်းပြင်းလာ‌နေသည့်မုန်တိုင်း
အပိုင်း ၁၃။ အယ်ကိတ်ကြယ် ဖောက်ပေးသည့်လမ်း
အပိုင်း၁၄။ဂိုဏ်းပေါင်းစုံစစ်ပွဲအဆုံးသတ်
အပိုင်း၁၅။သွေးဖြိုခွဲ၍ ဝိဉာဉ်တံဆိပ်ထွင်းထုခြင်း
အပိုင်း၁၆။ လက်ခုပ်ထဲက လ
အပိုင်း၁၇။နယ်စပ်မြို့ငယ်လေး
အပိုင်း၁၈။အကြီးအကဲ ချင့်ရွှယ်
အပိုင်း၂၀။သွေးနတ်ဆိုးအကြီးအကဲ
အပိုင်း၂၁။သစ်သားပန်းပု လေ့ကျင့်ထုဆစ်ခြင်း
အပိုင်း၂၂။ဝိဉာဉ်လောက
အပိုင်း၂၃။ချွမ်းယွမ်ဂိုဏ်း တိုကင်
အပိုင်း၂၄။ဘေးချင်းယှဉ်လျက်
အပိုင်း၂၅။အမိန့်မနာခံခြင်း။
အပိုင်း၂၆။အရှုပ်အထွေးများကို ရှင်းလင်းခြင်း
အပိုင်း ၂၇။စာပေဆွေးနွေးပွဲ၌ အိပ်ပျော်သွားခြင်း
အပိုင်း ၂၈။အမှိုက်တွေချည်းပဲ
အပိုင်း ၂၉။အဆိပ်ပြင်းသော မိန်းမလှ
အပိုင်း၃၀။လက်ခုပ်ထဲကရေဖြစ်သွားမည်။
အပိုင်း ၃၁။ ဆွတ်ပျံ့ကြည်နူးဖွယ် မင်္ဂလာပွဲ
အပိုင်း ၃၂။ရှီထုံရှင်း၏ နတ်ဘုရား
အပိုင်း ၃၃။အစီအစဉ် လွဲချော်သွားခြင်း
အပိုင်း ၃၄။စိတ်ခံစားချက် မြင့်တက်သွားရခြင်း
အပိုင်း ၃၅။အမှန်တရား ပေါ်လာခြင်း
အပိုင်း၃၆။ တံခါးပိတ်ကျင့်ကြံခြင်း
အပိုင်း၁၉။‌ဉာဏ်ကွန့်မြူးလှသည့် လက်အောက်ငယ်သား
1.1K 195 29
By m_velvetblue
ပိုင်လီချင်းမြောင်၏ဆရာ အကြီးအကဲ
ချင့်ရုန်သည် နတ်အဖြစ်ပြောင်းလဲခြင်းအဆင့်သာရှိသေးသော်ငြား
အကြီးအကဲချင့်ရွှယ်နှင့် မျိုးဆက်တူသည်။လေလွင့်မသေမျိုးဟာ သူ့ကိုတပည့်အဖြစ်လက်ခံမည်ဟူသည့်စကားကိုကြားပြီးနောက် အကြီးအကဲချင့်ရုန် တွန့်ဆုတ်မိသွားသည်။ခဏကြာစဥ်းစားပြီးနောက်
"အခုအချိန်မှာ ရှန့်ချင်းဂိုဏ်းရဲ့စီနီယာ
အကျဆုံးဂိုဏ်းသားတွေက ဂိုဏ်းချုပ်နဲ့ကျွန်မပါ။ကျွန်မသာ အကြီးအကဲချင့်ရွှယ်ရဲ့
အမည်ခံတပည့်ဖြစ်သွားရင် မင်းက
ဂိုဏ်းချုပ်ရဲ့ အစ်မဖြစ်သွားမှာ။
အဲ့လိုကိစ္စမျိုးဖြစ်သွား‌အောင်
ကျွန်မမှာလုပ်ခွင့်မရှိပါဘူး။"
အမှန်သာဆိုလျှင်ချင့်ရွှယ်သည်
လေလွင့်မသေမျိုးဖြစ်သည့်အတွက်
အကြီးအကဲချင့်ရုန်နှင့်ဂိုဏ်းချုပ်တို့၏
စီနီယာဖြစ်သင့်သည်။သို့သော် သူသည်
ဧည့်သည်သာဖြစ်သောကြောင့်
ရှန့်ချင်းဂိုဏ်းဟာ အပြင်လူကို
သူတို့၏ဂိုဏ်းချုပ်ထက်မြင့်သည့်
ရာထူးကိုပေးမှာမဟုတ်ပေ။
ချင့်ရွှယ်၏အမူအယာ ရှုံ့မဲ့သွားပြီး
ကျန်ရှိသည့်ဦးနှောက်အနည်းငယ်ဖြင့်
အကြီးအကဲချင့်ရုန်ကိုဖယ်ထုတ်ပစ်ဖို့
ဖြစ်နိုင်ချေမည်မျှလောက်ရှိနိုင်သလဲ
ဆိုတာကို ဖြစ်ညှစ်စဉ်းစားနေမိသည်။
ကံကောင်းစွာ အကြီးအကဲချင့်ရုန်ဟာ
ပိုင်လီချင်းမြောင်ခေါင်းကိုပုတ်လိုက်ပြီး
"အကြီးအကဲ ချင့်ရွှယ် ပိုင်လီချင်းမြောင်ရဲ့ပါရမီကိုသဘောကျပြီး သူ့ကို
လက်မလျော့ချင်တာကြောင့် ကျွန်မကို တပည့်အဖြစ်လက်ခံမှာကို ကျွန်မသိတယ်။
ချင်းမြောင် အကြီးအကဲချင့်ရွှယ်က
မင်းကိုသင်ပြပေးချင်တာက မင်းအတွက်
ကံကောင်းမှုကြီးပဲ။ဒါ့ကြောင့် မငြင်းပါနဲ့။
သူကမင်းကို အမွေခံတပည့်အဖြစ်
လက်ခံချင်တာဆိုရင်တော့ အဆင်မပြေပေမဲ့
အမည်ခံတပည့်အဖြစ်ဆိုရင်တော့
ကိစ္စမရှိဘူး။"
"အင်း အဲ့လိုလည်းအဆင်ပြေတယ်။"
ဟုချင့်ရွှယ်ပြောလိုက်သည်။
ပိုင်လီချင်းမြောင်သည် အကြီးအကဲချင့်ရွှယ်နှင့်အတူ တံခါးပိတ်ကျင့်ကြံရင်း အလျင်အမြန်ပင် ဝိဉာဉ်အ‌ခြေတည်ခြင်းအဆင့်ရောက်သွားပြီး ရှန့်ချင်းဂိုဏ်း၏
မျိုးဆက်သစ် တောက်ပနေသည့်
ကြယ်တစ်လုံးဖြစ်လာသည်။
သူ့ဂိုဏ်းတူအစ်ကိုဆီ သူသွားလည်ချင်သည်။သို့ပေမဲ့ အကြီးအကဲချင့်ရွှယ်သည်
သူ့ထက်စွမ်းအင်ပိုမြင့်ပြီး ကျင့်ကြံရာ
နေရာကို အကာအကွယ်စည်းချထားကာ
ထိုစည်းကို ချိုးဖျက်နိုင်မှထွက်ရမည်ဟု
စည်းကမ်းထုတ်ထားသည်။
သူ့ဂိုဏ်းတူအစ်ကို ကိုတွေ့ရဖို့အတွက်
ပိုင်လီချင်းမြောင်ဟာ ကျင့်ကြံခြင်းကိုပဲ
အာရုံစူးစိုက်ထားသဖြင့် လျင်မြန်စွာတိုးတက်လာသည်။သင်ကြားခြင်းတွေ၊နည်းစနစ်တွေကိုလည်း ရေမြှုပ်တစ်ခုလိုစုပ်ယူနေ၏။
ဝမ်ရန်အယ် : ...
စာမျက်နှာအချို့ကို ဆက်လှန်လိုက်သည့်အခါ မူလဇာတ်ကြောင်းအတိုင်းပင်
ရှိသေးပြီး မပြောင်းလဲသေးတာကို
တွေ့လိုက်ရသည်။
နောက်ဆုံးစာမျက်နှာတွင်ဝောာ့
မှတ်ချက်အချို့ထပ်ရထားသည်။
[အပိုဆောင်းအပိုင်း အပိုဆောင်းအပိုင်း
ဒဏ္ဍာရီလာအမှိုက်စာရေးသူ သေရာက
ပြန်ရှင်လာပြီး ဝတ္ထုကိုပြန်ပြင်နေပြီ။]
[ပြန်ပြင်ထားတာကိုမဖတ်ခင်ကငါ :
ဒီဦးနှောက်မဲ့ဝတ္ထုကို ပြန်ပြင်လို့ရမှာ
မို့လို့လား။စာလုံးပေါင်းမှားတာ‌တွေ၊စာလုံးအပိုတွေကို ပြန်ပြင်တာပဲနေမှာပေါ့။
ပြန်ပြင်ထားတာကိုဖတ်ပြီးသောငါ:
မိုက်တယ်ဟ။]
[အကြီးအကဲ ချင့်ရွှယ်ကအမိုက်စားပဲ။
"လေလွင့်မသေမျိုးနဲ့ ‌အခြေတည်ဝိဉာဉ်
ဆုံးရှုံးထားတဲ့တပည့်နဲ့ယှဥ်ရင် ဘယ်သူ့ကို
ကယ်သင့်သလဲဆိုတာကိုလူတိုင်းသိတယ်။
မင်းက ဘာလို့ငါနဲ့လာယှဉ်ရဲတာလဲ။"
ဆိုတဲ့စာသားက ငါ့ကိုသတ်လိုက်တာပဲ။
ဟားဟားဟားဟား]
[အကြီးအကဲ ချင့်ရွှယ်ရုတ်တရက်ကြီး
ပေါ်လာတာ ထူးဆန်းတယ်လို့မထင်ကြဘူးလား။ဇာတ်လိုက်က နတ်ဆိုးဂိုဏ်းချုပ်ကို
ကယ်သင့်တာလေ။အဲ့အစား ဝမ်ရန်အယ်က
မူလကထက်စောပြီး ပေါ်လာတယ်။
ဇာတ်လိုက်အပေါ်အကြွေးမရှိတော့
ဇာတ်လိုက်သေသေရှင်ရှင် သူဂရုစိုက်
တော့မှာမဟုတ်ဘူး။အကြီးအကဲ ချင့်ရွှယ်ကသူ့နေရာကိုဝင်ယူသွားပြီး ဇာတ်လိုက်မင်းသားကို ဇာတ်လိုက်မင်းသမီးအတွက်
ပညာပြနေတယ်။အကြီးအကဲ ချင့်ရွှယ်ကမိန်းမယောင်ဆောင်ထားတဲ့ ယောကျာ်း
တစ်ယောက်လို့ငါတော့ထင်တယ်။
သူ့အကြောင်းရေးထားတာကို ကြည့်ကြည့် သူကပိုင်လီချင်းမြောင်ထက်
ခေါင်းတစ်လုံးစာပိုရှည်တယ်။
ငါ့အတွက်တော့ သံသယဝင်စရာပဲ။]
[အပေါ်ကတစ်ယောက်ရေးထားတာကို
ဖတ်ပြီးတော့ အကြီးအကဲ ချင့်ရွှယ်
အဝတ်တွေချွတ်လိုက်ချိန်မှာ
ဇာတ်လိုက်မင်းသားထက်ပိုကြီးနေမှာမျိုးကို ငါရုတ်တရက်ကြီးမြင်ချင်လာတယ်။
ဟား ဟား]
[အရမ်းကြီးမျှော်လင့်မနေကြနဲ့။
ဇာတ်လိုက် ချင့်ရွှယ်ကိုကယ်ချိန်မှာ
သူ့ရဲ့ခန္ဓာကိုယ်ကိုမြင်လိုက်တယ်လေ။
သူကတကယ့်မိန်းမတစ်ယောက်ပဲ။
ပြီးတော့ အဆိုးဆုံးအနေနဲ့စာရေးဆရာက
ချင့်ရွှယ်ကိုပါ ဇာတ်လိုက်မင်းသားရဲ့
မောင်းမဆောင်ထဲထည့်လာရင်ဘယ်လို
လုပ်မလဲ။ချင့်ရွှယ်နဲ့ ဇာတ်လိုက်
ပြိုင်ဘက်တွေဖြစ်လာပြီး ဆရာနဲ့တပည့်
မတည့်တော့တဲ့ဇာတ်‌ကြောင်းမျိုး
ဖန်တီးပြီး စာရေးဆရာကဇာတ်လိုက်ကို
ပိုပြီးနှိပ်စက်ရင်ကော။"]
[ဘယ်လိုပဲဖြစ်ဖြစ်ပါ။ငါတို့ဖတ်ခဲ့သမျှ
ပြန်ပြင်ထားတဲ့အပိုင်းတွေက မဆိုးပါဘူး။
ငါဆက်‌ပြီးစောင့်ဖတ်ဦးမယ်။]
ဤကမ္ဘာ၌ပြောင်းလဲသွားသမျှဟာ
ဝတ္ထု၏ ပြန်ပြင်သောအပိုင်းများဖြစ်သွားပုံပင်။ပိုင်လီချင်းမြောင်တစ်ယောက်တည်း၏ အမြင်ဘက်မှသာ ကန့်သတ်ဖော်ပြထား၏။ပိုင်လီချင်းမြောင်သည် ဝမ်ရန်အယ်၏
သွေးဖြိုခွဲလမ်းစဉ် နှင့် ယင်ဟန်ကျန်းဟင်းလင်းပြင်နယ်နိမိတ်အဆင့်
ရောက်သွားကြောင်းတို့ကိုမသိပေ။
ထို့ကြောင့် စာအုပ်ထဲ၌ ထိုအကြောင်း
တစွန်းတစ်စမျှမပါပေ။
အစစ်အမှန်လောကသည် တသမတ်တည်းမဟုတ်တာ သေချာလှ၏။သူနေသည့်
ကမ္ဘာသည်စာအုပ်ထဲ၌ ပေါ်လာသော်ငြား
အစစ်အမှန် တည်ရှိနေသည်။
လူတစ်ယောက်ချင်းစီနှင့် ဇာတ်ကောင်
တစ်ဦးချင်းစီ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊
ကိုယ်ပိုင်လုပ်ဆောင်ချက်များက
ပိုမြင့်သည့်ကမ္ဘာမှ လူများ၏အတွေးနှင့်
လုပ်ဆောင်ချက်များကိုပြောင်းလဲနိုင်၏။
ဝမ်ရန်အယ် ဝတ္ထုစာအုပ်ကိုရပြီးနောက်
ဇာတ်ကြောင်း စတင်ပြောင်းလဲလာသည့်အခါ ပိုမြင့်သည့်ကမ္ဘာမှစာရေးဆရာ
သည်လည်း ဝတ္ထုကိုပြန်ပြင်ချင်သည့်စိတ် ရုတ်တရက်ပေါ်လာပြီး အတွေးသစ်များ
ရလာကာ တကယ်ဖြစ်ပျက်နေသည့်အဖြစ်အပျက်များနှင့်ကိုက်ညီ‌အောင်
ဝတ္ထု၏တစ်ဝက်ကို ပြန်ပြင်ရေးသားလာ၏။
စာရေးဆရာဟာ သူ၏ကိုယ်ပိုင်
အကြံဉာဏ်အသစ်များဟုထင်မှာပင်။သို့သော် အမှန်သည် မတူညီသည့်
ကမ္ဘာတစ်ခုအပေါ်တစ်ခု လွှမ်းမိုးနေခြင်းပင်။
ထိုအတွေးတွေးပြီးနောက် ဤကမ္ဘာမှာ
ရှိသည့်လူများကျိုးကြောင်းသင့်လျော်စွာ နေထိုင်ပါက ဝတ္ထုထဲမှကံကြမ္မာကို
ပြောင်းလဲနိုင်သည်ဟူသည့် ဝမ်ရန်အယ်၏ အတွေးပိုခိုင်မာလာ၏။
ပိုင်လီချင်းမြောင်တံခါးပိတ်ကျင့်ကြံနေသည့်
နေရာအတိအကျကိုစာအုပ်ထဲမှ
တွေ့ပြီးနောက် ထိုနေရာသို့
သူအမြန်သွားလိုက်သည်။
စည်းကမ်းချက်များအရ ဂိုဏ်းအတွင်း
ပျံလို့မရသော်ငြား တစ်နေရာမှတစ်နေရာသို့သွားရန် လှေပျံများစီးနင်းခွင့်ရှိသည်။
ထို့ကြောင့်  ဆီးနှင်းတောင်ထွဋ်ရှိရာသို့ သူ
လှေပျံစီးသွားလိုက်သည်။
ရှန့်ချင်းဂိုဏ်းသည် အကြီးအကဲချင့်ရွှယ်ကိုလေးစားသောကြောင့် ကျင့်ကြံဖို့အတွက်
တောင်တစ်လုံးလုံးကိုပေးထားသည်။
သူက တကယ့်ကိုကောင်းကောင်းဆက်ဆံ
ခံနေရတာပဲ။ဝမ်ရန်အယ်၏မျက်နှာ
မည်းမှောင်သွားသည်။
ဆီးနှင်းတောင်ထွဋ်ရှိရာသို့ ဝမ်ရန်အယ်
ရောက်ရှိပြီးနောက် လှေပျံပေါ်မှ
ဆင်းလိုက်သည့်အခါ အကာအကွယ်စည်း၏ တားဆီးခြင်းကိုခံလိုက်ရသည်။
ချင့်ရွှယ်၏အစီအရင်သည် အထဲဝင်ရန်
သာမက အထဲသို့ကြည့်ရှုခြင်းကိုပါ
တားမြစ်ထားသည်။
ထိုဘာမဟုတ်သည့်အစီအရင်သည်
ဝမ်ရန်အယ်ကိုမတားဆီးနိုင်ပေ။
ရှန့်ချင်းဂိုဏ်းပိုင်နက်ထဲ၌ သွေးဖြိုခွဲနည်းစဥ်များကိုမသုံးနိုင်လျှင်သော်တောင်မှ
သူ၏အစီအရင်ပညာရပ်သည် ထိပ်တန်းပင်။
အစီအရင်၏အားနည်းချက်ကို သူအလျင်အမြန်ရှာတွေ့သွားပြီး
လုချင်းယဲ့၏ စွမ်းအင်ကိုသုံးကာ
လူတစ်ယောက်ဝင်သာရုံ အပေါက်
ဖောက်ပြီး ဝင်လိုက်သည်။
ခဏကြာသောအခါ ဝင်ပေါက်ဟာ
ချက်ချင်းပြန်ပိတ်သွား၏။
"ဘယ်သူဝင်လာရဲတာလဲ။"
ရှန့်ချင်းဂိုဏ်းဝတ်ရုံဝတ်ထားသည့်
အရပ်ရှည်ရှည်မိန်းမတစ်ဦး လေထဲတွင်ပေါ်လာပြီး ဝမ်ရန်အယ်ကိုစိုက်ကြည့်လာ၏။
"တကယ်ကို မင်းပဲ။"ဟု ထိုမိန်းမ၏
ရင်းနှီး နေသောမျက်နှာကိုမြင်ပြီး
ဝမ်ရန်အယ် ဖြေးညှင်းစွာပြောလိုက်သည်။
စာအုပ်ဖတ်နေစဉ် အကြီးအကဲချင့်ရွှယ်ဟာ
ချိုးဟုန်ရွှယ်ဖြစ်‌‌လောက်သည်ဟု
ခန့်မှန်းရန်လွယ်ကူလှသည်။
ချိုးဟုန်ရွှယ်မြေပြင်ပေါ်ဆင်းလာပြီး
သူ၏ရှည်လျားသည့်အရပ်ကိုအသုံးချကာ
လုချင်းယဲ့ကိုငုံ့ကြည့်ရင်း "မင်း ဘယ်သူလဲ။"
ဟုမေးလိုက်သည်။
လုချင်းယဲ့သည် တုန်လှုပ်ခြင်းမရှိဘဲ
တည်ငြိမ်သည့်အရှိန်အဝါဖြင့်ရပ်နေသည်။
လက်ကိုနောက်ပစ်ရင်း အိန္ဒြေသိက္ခာ
အပြည့်ဖြင့် "ချွမ်းယွမ်ဂိုဏ်းရဲ့
ခန်းမဆောင်သခင်ချိုး မင်းအမှန်တရား
ဂိုဏ်းထဲမှာဝင်နေမယ်ဆိုရင် မင်းရဲ့ဂိုဏ်းကတပည့်‌တွေရဲ့မျက်နှာနဲ့ နာမည်ကိုမှတ်မိ
နေသင့်တယ်မဟုတ်ဘူးလား။"ဟု
မေးလိုက်သည်။
ချိုးဟုန်ရွှယ်ဟာ အနည်းဆုံးတော့
နတ်ဆိုးဂိုဏ်းများတွင် ရာထူးမြင့်မြင့်
ရထားသူတစ်ယောက်ပင်။ဦးနှောက်
သိပ်မရှိသော်ငြား သူ့တွင်အတွေ့အကြုံ
များစွာရှိသည်။လုချင်းယဲ့ကိုခဏကြာအသေးစိတ်ကြည့်ရှုစစ်ဆေးပြီးနောက်
"မင်းကနတ်ဆိုးကျင့်ကြံသူနေမယ်။
ဝိဉာဉ်ရုပ်သေးရုပ်ပညာ ဒါမှမဟုတ်
အခြားလျှို့ဝှက်နည်းပညာကိုသုံးပြီး
ဒီတပည့်ခန္ဓာကိုယ်ကိုယူထားတာမလား။"
ဝမ်ရန်အယ် ဤလက်အောက်ငယ်သားနှင့်
ဘာကိုမျှမဆွေး‌နွေးချင်ပေ။ချိုးဟုန်ရွှယ်၏
သရုပ်မှန်ကိုဖော်ထုတ်ပြီးနောက်
"မင်းရှန့်ချင်းဂိုဏ်းမှာ ဘာပဲလုပ်လုပ်
ဒီအရှင်စိတ်မဝင်ဘူး။ငါ့မှာ ပိုင်လီချင်းမြောင်အတွက်ဆွဲထားတဲ့အစီအစဉ်တွေရှိပြီးသား။
ဒီအရှင် မင်းသူ့ကိုဘာမှမလုပ်ဖို့ကိုပဲ
ပြောချင်တယ်။။"ဟုဆက်ပြောလိုက်သည်။
"ဒီအရှင် ဆိုတော့ ဝမ်ရန်အယ်လား။"ဟု
ချိုးဟုန်ရွှယ်အံ့ဩစွာရေရွတ်လိုက်သည်။
ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်
ပြီးနောက် ရပ်လိုက်ပြီး "ဒီနေရာက မသေမျိုးအသုံးအဆောင်ပစ္စည်း ကာကွယ်ထားတဲ့
ရှန့်ချင်းဂိုဏ်းရဲ့ပိုင်နက်။မင်းတောင်မှ
အဲ့စွမ်းအင်ဖိနှိပ်တာကိုခံရမှာ။အခု
ဒီတပည့်ခန္ဓာကိုယ်ကိုသုံးပြီး ဝင်လာတာ
ဆိုတော့ စွမ်းအင်ကုန်ထုတ်သုံးနိုင်မှာ
မဟုတ်ဘူး။ဒီတပည့်ကိုသတ်လိုက်ပြီး
ဂိုဏ်းအစီအရင်ကို အသက်သွင်းလိုက်မယ်ဆိုရင် မင်းလုံးဝအသေအချာကို
ကြီးကြီးမားမားထိခိုက်သွားမှာပဲ။"ဟု
ပြောပြီးနောက် လုချင်းယဲ့၏ရင်ဘတ်ကို
တွန့်ဆုတ်မှုမရှိ ရိုက်ချလိုက်သည်။
ထိုတပည့် သေသေရှင်ရှင်
ဂရုမစိုက်ပုံပင်။
ဝမ်ရန်အယ် ညင်ညင်သာသာပြုံးလိုက်သည်။
ချွမ်းယွမ်ဂိုဏ်းဟာ သူသိထားသလို
ရည်မှန်းချက်ကိုရောက်ဖို့အတွက်
ဘယ်သူ့ကိုမဆို သစ္စာဖောက်နိုင်သောနှလုံးသားမဲ့မြွေများ စုဝေးရာအရပ်
ဖြစ်နေဆဲပင်။
တောင်ထွဋ်ကို ဝန်းရံထားသည့် အစီအရင်ကို
တစ်ချက်ကြည့်ပြီးနောက် ခန္ဓာကိုယ်တဝိုက်၌ သွေးမြူများစုဝေးလာသည်။
ကျေးနီရောင်အလင်းတစ်ချက်
ပေါ်လာပြီးနောက် ချိုးဟုန်ရွှယ်၏ လက်မောင်းတစ်ဖက်ပြတ်ကျသွားပြီး
သွေးမြူများထဲပျောက်ကွယ်သွားသည်။ကျန်ခဲ့သည့် လက်မောင်းတစ်ဝက်သည်လည်း စတင်ပြီးပျော်ဝင်လာ၏။
ချိုးဟုန်ရွှယ်သည် အသွားကြီးကြီး
ဓားတစ်ချောင်းထုတ်လိုက်ပြီး
ပြတ်ပြတ်သားသားဖြင့် ညာဘက်လက်ကို ပခုံးမှဖြတ်ချလိုက်ကာ သွေးမြူများ
တိုက်စားခြင်းမှ ကာကွယ်လိုက်သည်။
"သွေးလမ်းစဉ် ....မင်းသွေးဖြိုခွဲနည်းလမ်းကို
တကယ်ကြီး သုံးတယ်။"ဟုချိုးဟုန်ရွှယ်
ထိတ်လန့်စွာပြောလိုက်သည်။
"ဒီတပည့်ကိုအဝေးကထိန်းချုပ်နေတာမဟုတ်ဘဲ မင်းကိုယ်တိုင် ဒီကို
ရောက်နေတာပေါ့။"
အကြံပေါ်လာအောင် စဉ်းစားနေချိန်၌
သူ့မျက်လုံး‌ဟာ ဟိုရွှေ့ဒီရွှေ့ဖြင့်မငြိမ်ပေ။စိတ်လိုက်မာန်ပါဖြင့် တောင်ထွဋ်ကို
ဝန်းရံထားသည့်အစီအရင်ကို
အသက်သွင်းကာနီးပင်။
"မင်းအစီအရင်ကိုအသက်သွင်းပြီး
ရှန့်ချင်းဂိုဏ်းရဲ့အဓိကအစီအရင်
အသက်ဝင်လာအောင်လုပ်ပြီး
ဒီအရှင်ကို တိုက်ခိုက်ဖို့စဉ်းစားနေတာလား။"
ဟုဝမ်ရန်အယ်မေးလိုက်သည်။
"သွေးလမ်းစဥ်ကျင့်ကြံသူက ကျင့်ကြံခြင်းလောကတစ်ခုလုံးရဲ့ရန်သူပဲ။ရှန့်ချင်းဂိုဏ်းမှာသာ ရှာတွေ့ခဲ့ရင် ကျန်တဲ့အမှန်တရားဂိုဏ်းအကုန်လုံးပေါင်းပြီးသူ့ကိုသတ်ဖို့လုပ်မှာ။"
သူ့အကြံကိုဝမ်ရန်အယ် သိသွားသော်ငြား
ချိုးဟုန်ရွှယ်အတွက် အဟန့်အတား
မဖြစ်ပေ။အစီအရင်ကို အသက်သွင်း
တော့မည့်အချိန်၌ 'လုချင်းယဲ့'၏‌
သွေးမြူလက် သူ့ရင်ဘတ်သို့ဖောက်ထွင်း
ဝင်လာ၏။ချိုးဟုန်ရွှယ်သည်
လေလွင့်မသေမျိုးဖြစ်ကာစဖြစ်သည့်အပြင် မသေမျိုးရင်းမြစ်ကိုကောင်းကောင်းမွန်မွန်လည်း အသုံးမပြုတတ်သေးပေ။တိုက်ခိုက်မှုတစ်ခုတည်းခံရရုံဖြင့် ဒဏ်ရာအပြင်းအထန်ရသွား၏။
"ခန်းမဆောင်သခင်ချိုး မင်းအစီအရင်ကိုအသက်မသွင်းနိုင်ခင်မှာပဲ ဒီအရှင်က
မင်းခန္ဓာကိုယ်ပျက်စီးသွားအောင်
လုပ်နိုင်တယ်။မင်းရဲ့ဝိဉာဉ်ကိုလည်း
အရည်ဖျော်ပြီးအင်မော်တယ်ရင်းမြစ်အကုန်လုံးကိုလည်းငါ့အပိုင်ဖြစ်သွားအောင်လုပ်နိုင်တယ်။"
"ငါ့လုပ်ရပ်က မင်းငါ့အပေါ်ဆက်ဆံပုံနဲ့
အစီအရင်ကို အသက်သွင်းမလား
မသွင်းဘူးလား ဆိုတဲ့အပေါ်ပဲမူတည်တယ်။"
ဟု အေးစက်စက်ပြော‌လိုက်သည်။
နှုတ်ခမ်းထောင့်မှ ကျဆင်းလာသည့်
သွေးကိုချိုးဟုန်ရွှယ်သုတ်လိုက်ပြီး
"အရှင် ဒီငယ်သားရဲ့တစ်သက်လုံး
ချွမ်းယွမ်ဂိုဏ်းရဲ့ လေလွင့်မသေမျိုးပဲဖြစ်ပြီး
သေသွားရင်လည်း ချွမ်းယွမ်ဂိုဏ်းရဲ့
တစ္ဆေပဲဖြစ်သွားမှာပါ။ကျွန်မရဲ့
အရှင့်အပေါ်သစ္စာရှိမှုကို ကျိန်ဆိုရဲပါတယ်။"ဟု ဒဏ်ရာရထားသည့်ကြားမှ
ခက်ခက်ခဲခဲ ပြောလိုက်သည်။
"ဒီလိုမှပေါ့။"ဟုပြောပြီးလက်ကို
ပြန်ဆွဲထုတ်လိုက်သည့်အခါ
သွေးမြူများဟာ လုချင်းယဲ့ခန္ဓာကိုယ်ထဲ ပြန်လည်ဝင်ရောက်ကာ ပျောက်ကွယ်
သွားကြသည်။"မင်းဒဏ်ရာတွေကို
ပြန်ကုလိုက်။လေလွင့်မသေမျိုးတစ်ယောက်အနေနဲ့ ဒီဒဏ်ရာတွေက မပြောပ
လောက်ဘူး။"ဟုအေးစက်စက်
အမိန့်ပေးလိုက်သည်။
"အရှင့်ရဲ့ ကြင်နာမှုအတွက်
ဒီငယ်သား ကျေးဇူးတင်ပါတယ်။
ဒီငယ်သား အဆင်ပြေပါတယ်။"
ဟုပြောနေဆဲမှာပင် ရင်ဘတ်မှ
ဒဏ်ရာပိုကြီးလာ၏။သို့သော်
ဂရုမစိုက်ဘဲ ခေါင်းမာနေ၏။
"ဒီအရှင်ရဲ့ ငယ်သားတွေက
တကယ့်ကို အရည်အချင်းရှိတာပဲ။"
ဟု ဝမ်ရန်အယ်အေးစက်စက်
လှောင်ပြုံး ပြုံးလိုက်သည်။
အလှောင်ခံရခြင်းကို ချိုးဟုန်ရွှယ်လျစ်လျူရှုလိုက်ပြီး ကုသဆေး
သောက်လိုက်သည်။အတွေ့အကြုံရှိ
နတ်ဆိုးကျင့်ကြံသူဖြစ်ခြင်းကြောင့်
သူ့ကဲ့သို့ အဆင့်မြင့်ကျင့်ကြံသူများဟာ
ပြောသည့်စကားအတိုင်း လုပ်နိုင်သည့်
လူများဖြစ်ကြောင်း သူသေချာနားလည်သည်။‌လေသံကိုနားထောင်ပြီးအလိုက်အထိုက်နေနိုင်မှသာ ဤကမ္ဘာ၌
ရှင်သန်နိုင်မှာပင်။
ခက်ခဲစွာကြိုးစားပြီးနောက် သူ့လက်‌မောင်း
နှင့် ရင်ဘတ်မှဒဏ်ရာ ပျောက်ကင််း
သွားသည်။ဒူးတစ်ဖက်ထောက်ကာ
ခေါင်းငုံ့လိုက်သည်။လုချင်းယဲ့ကို
ခုနကကဲ့သို့ သူငုံ့မကြည့်ရဲတော့ပေ။
အရှင်က သူ့ထက်အရပ်ပုသည့်
ခန္ဓာကိုယ်ထဲရောက်နေလျှင်သော်တောင်မှ
ငယ်သားတစ်ယောက်ဟာ သူ့အရှင်သူ့ကို
မော့ကြည့်နေရတာမျိုး မဖြစ်အောင်
ရှောင်ရှားရမည်။
"မင်းစိတ်ပူစရာမလိုဘူး။ရှန့်ချင်းဂိုဏ်းမှာပဲ
အကြီးအကဲအဖြစ်ဆက်နေ။မင်းကောင်းကောင်းနေနေရတာပဲ ဒါပေမဲ့
ကိစ္စသေးတစ်ခုလုပ်ခိုင်းဖို့ ပိုင်လီချင်းမြောင်ကိုလိုအပ်တယ်။မင်းသူ့ကို အတွေ့အကြုံ
ရဖို့လေ့ကျင့်ပေးမယ်ဆိုပြီး တောင်အောက်ကို ခေါ်လာခဲ့။"
"ဒီငယ်သား နားလည်ပါပြီ။"
ခဏကြာတုံ့ဆိုင်းပြီးနောက် "အရှင်
ပိုင်လီချင်းမြောင်က အရှင်သဘောကျတဲ့
တပည့်ဆိုတော့ ကျွန်မသူ့ကိုတပည့်အဖြစ်
လက်ခံဖို့ မသင့်တော်ပါဘူး။ကျွန်မ
ရှန့်ချင်းဂိုဏ်းတစ်ဂိုဏ်းလုံးကို သတ်ပစ်ပြီး
သူ့ကို နေစရာမရှိတော့အောင်လုပ်လိုက်မယ်။
အရှင်က သူ့ကိုကယ်လိုက်။အဲ့တာဆို
အရှင့်ကို ဆရာအဖြစ်သူလက်ခံမှာ
သေချာတယ်။"ဟုပြောလာ၏။
ဝမ်ရန်အယ် : .....
နတ်ဆိုးအရှင်ဖြစ်သော်ငြား
သူ့ငယ်သားများ၏အတွေးဟာ
သူ့ကိုအမြဲအံ့အားသင့်စေသည်။
"မလိုဘူး။ဒီအရှင် သူ့ပါရမီကိုသဘောကျ
ပေမဲ့ တပည့်အဖြစ်လက်ခံဖို့အထိ မလိုဘူး။
သူ့ကို အင်အားကြီးတဲ့လူ‌တစ်ယောက်
ဖြစ်စေချင်ရုံပဲ။"ဘာကြောင့်လဲဆိုတာ
ရှင်းပြစရာမလိုပေ။သူ့ငယ်သားတွေဟာ
သူ့အစား အကြောင်းပြချက်တွေကို
သူတို့ဘာသာသူတို့ ရှာကြမှာမလို့ပင်။
ထင်သည့်အတိုင်းပင် "ကျွန်မနားလည်ပါပြီ။
အရှင်ရဲ့ကျင့်ကြံဆင့်ပိုမြင့်လာ‌အောင်
တိုက်ခိုက်ဖို့ လက်ရည်တူပြိုင်ဘက်
တစ်ယောက် ရအောင်ပိုင်လီချင်း‌မြောင်ကို လေ့ကျင့်ပေးချင်နေတာပဲ။ကျွန်မနားလည်
ပါပြီ။သူ့ကိုကောင်းကောင်းသင်ပြ
ပေးပါမယ်။"ဟုချိုးဟုန်ရွှယ်ပြောလာသည်။
"အင်း မင်းနားလည်ရင်ပြီးတာပဲ။"
စကားပြောနေစဉ်မှာပင် ကျင့်ကြံခန်းမှ
လူတစ်ယောက်ထွက်လာပြီး ချိုးဟုန်ရွှယ်
နားရောက်လာကာ "ဆရာ ဒီတပည့်က
အစီအရင်တည်ဆောက်ပုံကိုနားလည်
သွားပြီမလို့ အကာအကွယ်ကိုချိုးဖျက်ဖို့
လာတာပါ။"ဟုပြောလာ၏။
ထိုသူဟာ ပိုင်လီချင်းမြောင်ပင်။
ချိုးဟုန်ရွှယ်ကိုစကားပြောပြီးနောက်
သူ့ဆရာနှင့်အတူရှိနေသူကို သူလှည့်ကြည့်လိုက်သည်။လုချင်းယဲ့ကိုတွေ့သောအခါ
သူ့မျက်နှာတောင့်တင်းသွားသည်။
လုချင်းယဲ့သည် ပိုင်လီချင်းမြောင်၏
ပရိသတ်တစ်ယောက်မဟုတ်ပေ။
ပိုင်လီချင်းမြောင်သည်လည်း ဖားတတ်သူတစ်ယောက်မဟုတ်ပေ။လုချင်းယဲ့သည်လည်း သူ့ဂိုဏ်းတူအစ်ကိုကို သဘောကျသောကြောင့် သူ့ကိုပိုင်လီချင်းမြောင်
သဘောမကျပေ။
ချိုးဟုန်ရွှယ်ကျောနောက်ကွယ်လိုက်ပြီးခေါင်းထုတ်ကာ "ဆရာ သူ့ကိုလည်း
အမည်ခံတပည့်အဖြစ်လက်ခံမလို့လား။
ဒါနဲ့ဆရာ ဘာလို့ဆောင့်ကြောင့်
ထိုင်နေတာလဲ။"ဟုမေးလိုက်သည်။
သူဒူးထောက်နေကြောင်း ပိုင်လီချင်းမြောင်
သိသွား၍မဖြစ်ပေ။ဝမ်ရန်အယ်ထက်လည်း
မြင့်အောင်မနေရဲတာကြောင့် မည်မျှလောက်ကြည့်ရဆိုးနေပါစေ လျစ်လျူရှုပြီး
မြေပြင်ပေါ် ဆောင့်ကြောင့်တစ်ဝက်
ထိုင်နေလိုက်သည်။
"ဒါကို မြင်းကိုယ်နေဟန်ထားလို့ခေါ်တယ်။"
"ငါတို့ကျင့်ကြံသူတွေမှာ ဝိဉာဉ်စွမ်းအင်အများကြီးရှိရင်တောင်မှ ငါတို့ရဲ့
ခန္ဓာကိုယ်အင်အားကိုလျစ်လျူမရှုသင့်ဘူး။
အဲ့လိုမှ ဘယ်လိုအခြေအနေမဆို
ရင်ဆိုင်နိုင်မှာ။"
"နားလည်ပါပြီ။သင်ကြားမှုအတွက်
ကျေးဇူးတင်ပါတယ် ဆရာ။"ဟု
ခေါင်းညိတ်ရင်းပိုင်လီချင်းမြောင်
ဖြေကြားလိုက်သည်။
ဝမ်ရန်အယ် အကြည့်ကိုခံစားရသည့်
ချိုးဟုန်ရွှယ်ဟာ ချက်ချင်း
"ပိုင်လီချင်းမြောင် မင်းတံခါးပိတ်
ကျင့်ကြံတာကိုရပ်လို့ရပြီ။
ရွှေရောင်‌ကမ်းခြေချောက်ကမ်းပါးကို
ခရီးထွက်ရမယ်။"
"တကယ်လား"ဟုပိုင်လီချင်းမြောင်
ဝမ်းသာစွာ ပြောလိုက်သည်။
လက်ချောင်းများကို ဟိုရွှေ့ဒီရွှေ့
ကစားပြီးနောက်"မသွားခင်မှာ
ဂိုဏ်းတူအစ်ကိုကိုသွားတွေ့ချင်တယ်။
ရမလား။"ဟုမေးလာ၏။
အပိုင်း၁၉။‌ဉဏ်ကွန့်မြူးလှသည့် လက်အောက်ငယ်သား
စီနီယာဖြစ်သင့်သည်။သို့သော် သူသည်
ကိစ္စမရှိဘူး။"
စည်းကမ်းထုတ်ထားသည်။
ဝမ်ရန်အယ် : ...
တွေ့လိုက်ရသည်။
မိုက်တယ်ဟ။]
ဟားဟားဟားဟား]
ကယ်သင့်တာလေ။အဲ့အစား ဝမ်ရန်အယ်က
ဟား ဟား]
[ဘယ်လိုပဲဖြစ်ဖြစ်ပါ။ငါတို့ဖတ်ခဲ့သမျှ
တစွန်းတစ်စမျှမပါပေ။
သူအမြန်သွားလိုက်သည်။
ပျံလို့မရသော်ငြား တစ်နေရာမှတစ်နေရာသို့သွားရန် သင်္ဘောပျံများစီးခွင့်ရှိသည်။
သင်္ဘောပျံစီးသွားလိုက်သည်။
ခံနေရတာပဲ။ဝမ်ရန်အယ်၏မျက်နှာ
မည်းမှောင်သွားသည်။
ဆီးနှင်းတောင်ထွဋ်ရှိရာသို့ရောက်ရှိပြီး
"ဘယ်သူဝင်လာရဲတာလဲ။"
"တကယ်ကို မင်းပဲ။"ဟု ထိုမိန်းမ၏
ဟုမေးလိုက်သည်။
လက်ကိုနောက်ပစ်ရင်း အိနြေ္ဒသိက္ခာ
မေးလိုက်သည်။
ရထားသူတစ်ယောက်ပင်။ဦးနှောက်
အခြားလျှိုဝှက်နည်းပညာကိုသုံးပြီး
ပြောချင်တယ်။။"ဟုဆက်ပြောလိုက်သည်။
ဂရုမစိုက်ပုံပင်။
ဖြစ်နေဆဲပင်။
တကယ်ကြီး သုံးတယ်။"ဟုချိုးဟုန်ရွှယ်
ရောက်နေတာပေါ့။"
အသက်သွင်းကာနီးပင်။
မဖြစ်ပေ။အစီအရင်ကို အသက်သွင်း
ဝင်လာ၏။ချိုးဟုန်ရွှယ်သည်
"ဒီလိုမှပေါ့။"ဟုပြောပြီးလက်ကို
သွားကြသည်။"မင်းဒဏ်ရာတွေကို
လောက်ဘူး။"ဟုအေးစက်စက်
အမိန့်ပေးလိုက်သည်။
ဒဏ်ရာပိုကြီးလာ၏။သို့သော်
သောက်လိုက်သည်။အတွေ့အကြုံရှိ
ရှင်သန်နိုင်မှာပင်။
နှင့် ရင်ဘတ်မှဒဏ်ရာ ပျောက်ကင်း
သွားသည်။ဒူးတစ်ဖက်ထောက်ကာ
ခေါင်းငုံ့လိုက်သည်။လုချင်းယဲ့ကို
ရှောင်ရှားရမည်။
"ဒီငယ်သား နားလည်ပါပြီ။"
သေချာတယ်။"ဟုပြောလာ၏။
ဝမ်ရန်အယ် : .....
ဖြစ်စေချင်ရုံပဲ။"ဘာကြောင့်လဲဆိုတာ
ရှင်းပြစရာမလိုပေ။သူ့ငယ်သားတွေဟာ
လာတာပါ။"ဟုပြောလာ၏။
သဘောမကျပေ။
ထိုင်နေတာလဲ။"ဟုမေးလိုက်သည်။
သိသွား၍မဖြစ်ပေ။ဝမ်ရန်အယ်ထက်လည်း
ထိုင်နေလိုက်သည်။
ရင်ဆိုင်နိုင်မှာ။"
"နားလည်ပါပြီ။သင်ကြားမှုအတွက်
ကျေးဇူးတင်ပါတယ် ဆရာ။"ဟု
ဖြေကြားလိုက်သည်။
ခရီးထွက်ရမယ်။"
ရမလား။"ဟုမေးလာ၏။
Continue Reading
You'll Also Like
108K 3.1K 13
"Remember, this mark of yours will help you find your soulmate, the one who will love you unconditionally." And that was the last thing she said befo...
86.9K 4.6K 17
he was standing beside his husband, in the altar. Trying best to contain his tears as guest were congratulating him and his now husband, about their...
93.3K 3.3K 23
"𝗬𝗼𝘂 𝗮𝗿𝗲 𝗺𝗶𝗻𝗲." 𝗦𝗵𝗲 𝗶𝘀 𝘁𝗵𝗲 𝘀𝗰𝗵𝗼𝗼𝗹'𝘀 𝗺𝗼𝗱𝗲𝗹 𝘀𝘁𝗮𝗹𝗸𝗲𝗿 𝗛𝗲 𝗻𝗲𝘃𝗲𝗿 𝘀𝗮𝘄 𝗵𝗲𝗿 '𝘁𝗵𝗮𝘁 𝘄𝗮𝘆' 𝗳𝗿𝗼𝗺 𝘁𝗵�...
16.9K 204 15
Izuku Midoriya, a cheerful, shy, happy young teenager. After witnessing so much death in the Liberation War, he takes his own path in becoming a hero...