"သမီးငယ်...ကျူရှင် သွားတော့ မလို့လား..."
"ဟုတ်တယ် ဖိုးဖိုးရေ...
ဘွားတော်ကြီးဆီသွားမလို့..."
"အမလေး ငါ့မြေးရယ်...ဟားဟား...
အဲ့ ဘွားတော်ကြီးက ငါ့မြေးနဲ့ ဘာတော်လဲ ပြမယ်...
လာ...ဖိုးဖိုး ကျူရှင်လိုက်ပို့မယ်"
"ဟင်...ဟုတ်ကဲ့...ဖိုးဖိုး..."
မေမေ့ရဲ့ ဖေဖေ ...ငယ်ရဲ့ ဖိုးဖိုးမှာ...
အသက်ကြီးကြီး ဆံပင်ဖြူဖြူဖြစ်သည်...
ရယ်လိုက်သည့် အခါမှသာ ရှေ့သွား တစ်ချောင်းအား
မြင်ရသည်....
ဟသ်ာတ ဇာတိဖြစ်သော ဖိုးဖိုးမှာ...
ငယ့်လိုပင် ပေါတောတောနိုင်လှ၏.....
ထို့ ကြောင့် ငယ်နှင့်ဆို အလွန်
အတိုင်ပေါက်ညီ၏.....
ငယ်ရှိရာ ဒီမြို့ ဆီ သို့ ခဏခဏ လာလည်ရှာသည်...
"လာ....အထဲဝင်ရအောင်"
"ဟမ်...ဖိုးဖိုးပါ ဝင်မလို့လား...
ဝင်လို့ရပါ့မလား..တီချယ်က ကြောက်စရာကြီးနော်
ဖိုးဖိုးကိုပါ ရိုက်လွှတ်နေအုံးမယ်..."
"အောင်မလေး...ငါ့မြေးလေးက ဘယ်တုန်းက ကြောက်တတ်သွားတာလဲ...
လာ...လာ..."
အိမ်ထဲ ဝင်သွားတော့....တီချယ့် မေမေကိုတွေ့သည်...အလန့်တကြားနှင့် ငယ့်အဖိုးအား
ပြေးဖက်သည်...
"အဲ...ကိုလပြည့်..."
"အမလေး...ငါ့ညီမက အခု ချိန်ထိ ကလေးလေးကျနေရော..."
ဖိုးဖိုးတို့ အလွမ်းသည်နေကြချိန် တီချယ် ကျောင်းက ပြန်ရောက်လာသည်....
မနက်တုန်းက အဖြစ်ကို ပြန်မြင်ပြီး
ရှက်တောင်ရှက်မိသည်...
တီချယ်သာ ဖိုးဖိုးကို ပြောလိုက်ရင်တော့ အိမ်မှာ အရှက်ကွဲလိမ့်မည်..
"ဟော...ဦးပြည့်ပြန်ရောက်နေတာလား"
"ဒါပေါ့ ငါ့တူမကြီးရဲ့...
အထဲသွားရအောင်...ကိုတင်မောင် ကိုလည်းမတွေ့ရတာကြာရောပေါ့"
"လာ..အထဲဝင်ကြရအောင်..."
တီချယ့် ဖေဖေ အခန်းထဲသို့ ရောက်သွားကြတော့သည်...
အသက်၇၀ကျော်လောက်ရှိတဲ့အဖိုး တယောက်...
"ကိုတင်မောင်...နေကောင်းတယ်နော်"
"ကောင်းပါ့ဗျာ...ဘယ်တုန်းက ပြန်ရောက်နေတာတုန်း"
"မနေ့ညကပဲ...ဒီမှာလေ...ချစ်မြေးလေး
ကျူရှင် သွားမယ်ဆိုမှ...တူမကြီးသက်ဆီမှာ စာသင်နေမှန်းသိရတာ.."
"ဝေး...ဒီကလေးမက စုငယ်တို့ မြေးပေါ့...ဟုတ်လား ကိုလပြည့်"
"ဟုတ်ပါ့...စုငယ်တို့ရဲ့မြေး...
ဟော့ဒီက သက်ရဲ့ တူမပေါ့....
သက်ကို တိုင်ရအုံးမယ်...သက်ရဲ့တပည့်ကလေ...
အိမ်မှာ သက်ကိုဘယ်လိုခေါ်တယ် မှတ်လဲ..."
"ဖိုးဖိုးနော်..."
"ပြောပါအုံး ဦးပြည့်ရဲ့..."
"ဘွားတော်ကြီးတဲ့"
"ဟားဟား...ခစ်ခစ်..."
ငယ်..နှလုံးခုန်ချိန်များပါရပ်တန့်သွားသည်.....
ကလေးလေး လို ရယ်နေသည့် တီချယ့်ကို...
အခုမှ ပထမဆုံးအကြိမ်တွေ့ဖူးခြင်းသာ....
ဘယ်လောက်တောင်အေးချမ်း လိုက်သည့်
အပြုံးလေးလဲ....
ရယ်သံလွင်လွင်လေးက ငယ့်နားမှ
မထွက်နိုင်တော့ချေ....
"ဒါဖြင့် သက် တူမလေးဆိုတော့...
ဒီကဘွားတော်ကြီးကို စာသင်ချိန်ကလွဲရင် ဒေါ်ဒေါ်လို့ခေါ်ပေါ့"
"ဗျာ..ဟုတ်..ဟုတ်ကဲ့"
"ကဲ...ငါ့မြေးလေးလည်း စာသွားကျက်တော့...ငါ့တူမကြီးလည်း လုပ်စရာရှိတာလုပ်တော့...
ဦးပြည့် မပြန်ခင်တော့ ခရီးတိုလေး တစ်ခုလောက်သွားကြတာပေါ့"
"ဟုတ်..."
"အဟမ်း..အဟမ်း..."
ချောင်းဟန့်ပြီး ငယ့်ကို မျက်စောင်းထိုးနေသည့်သက်..
"အဲ...ဟို...ဟုတ်..ဟုတ်ကဲ့ဖိုးဖိုး..."
"ဟားဟား...ငါ့မြေးလေးကတော့
သက်နဲ့ဆို စိတ်ချရပြီထင်တယ်...သမီးငယ်က...
ဘယ်ကျူရှင်ဆရာမမှ လက်မခံတဲ့ အထိ ဆိုးတာနော် သက်...ကိုယ့်တူမ ကို လျော့ မတွက်နဲ့အုံး"
"ရှင်...ဟုတ်ကဲ့ပါ ဦးပြည့်...စိတ်ချပါ.."
~~~~~~
ဒီနေ့ တော့ ငယ့်အတွက်အဖော်အသစ်များ
ရောက်သည်....
သီရိလင်းလက်နဲ့ မီကိုဖြိုး တဲ့....
နှစ်ယောက်စလုံးမှာ မိန်းခလေးတွေပါ...
ငယ်နှင့်တော့ ကျောင်း မတူကြချေ...
ငယ်တို့ ကျူရှင်မှာ အတန်း အကြီးဆုံးက
၇တန်းအကိုကြီးပင်...
၄တန်း အထိကို ကျ...ညနေ ၆နာရီဆို လွှတ်သည်...
၅တန်း ၆တန်း ၇တန်းကျ..၈နာရီမှ လွှတ်သည်
၅တန်းတွင် ကောင်လေး ၂ယောက်..
၆တန်းတွင် ၃ယောက်...ရှိကြသည်...
"လဝန်း လာခဲ့အုံး..."
ငယ့်ကို ခေါ်ပြီး တီချယ် က စာသင်ခန်းမှထွက်သွားသည်..ငယ်လည်း တီချယ့် အနောက်မှလိုက်သွားခဲ့သည်....
တီချယ့် အခန်းထဲပထမဆုံးအကြိမ်ရောက်ဖူးခြင်း...
"တီချယ် မနက်က အထည်ချုပ်အပ်ထားတာ ရလာလို့ ဝတ်ကြည့်နလို့လေ...လဝန်း တီချယ့်
အကျီ ဝိုင်းလဲပေးပါအုံး..."
"ဗျာ!!!"
"အလန့်တကြားနဲ့ကွယ်...ဘာဗျာလဲ"
ရင်ဘတ်လေးဖိကာ...ပြောနေသည့်
တီချယ့် ပုံကလေးမှာ ဆွဲညှစ်ချင်စရာလေးပင်...
"ဟို...ဟုတ်...ဟုတ်ကဲ့ တီချယ်ဒေါ်ဒေါ်.."
"အဲ့တာဆို ဟိုဘက်လှည့်နေ တီချယ် ဒီ အပြာရောင် ဝမ်းဆက်လေး ဝတ်ကြည့်လိုက်အုံးမယ်
ဇစ် တက်မရမှ ခေါ်မယ် လှည့်နေနော်....
ခိုး မကြည့်နဲ့....တို့ရှက်တတ်တယ်..."
"ဗျာ..ဟုတ်..ဟုတ်ကဲ့ ..တီချယ်..."
တီချယ် အကျီ လဲနေတုန်း...
ငယ့် မျက်လုံးများ လျှောက်ကစားရင်း...ဘီဒိုမှန်မှ...
အနည်း ငယ် လှမ်းမြင်မိသည်....
သို့ပေမဲ့ ငယ်...မကြည့်ရဲခဲ့ပေ.....
အဘယ်ကြောင့်ဆိုသော်....
"ခိုးမကြည့်နဲ့နော်....
ငါတွေ့တာနဲ့ ခေါက်မှာ..."
အစရှိသော...ခြိမ်းခြောက်စကားများ...
တတွတ်တွတ်ပြောနေသော...စာကလေးမလေး...
တီချယ့်ကြောင့်သာဖြစ်သာ....
"လဝန်းရေ....တစ်ချက် ဒီဟာလေး ဆွဲချပေးပါအုံး.."
"စာကလေးမ..."
အို....ငယ်တော့ ပေါက်ကရ ဖြစ်ပြီ....
ရင်ထဲ ဝုန်းဒိုင်းကျဲရင်း...စိတ်ထဲရှိရာတွေပါ...
အပြင်ထွက်ကုန်ရှာပြီ....
"ဘာပြောတယ်.!!!!"
"ဟို ဆရာမလို့ ပြောလိုက်တာပါ...."
"တို့ နား မ လေး သေးပါဘူးနော် ကလေးမ"
"ဟိုလေ...ဟို...
"ဒါဖြင့် တီချယ့်ကို လိမ်တာပေါ့..."
"ဟုတ်...ဟုတ်ကဲ့..
အယ်...မဟုတ်ပါဘူး...ဟို ဆရာမလို့ပဲ ခေါ်တာပါ"
"ခွပ်..."
မပြောမဆို နှင့်
ကူလည်း ကူညီရသေးသည်...
အခေါက်လည်း ခံရသေးသည်...
ဒါတော့ မဟုတ်သေးပါ....
"လုပ် ...လုပ်
မြန်မြန်ဆွဲချပေး...ရှင်လေး အကြောင်း
မသိရင်ခက်မယ်....တစ်ရက်တည်းနဲ့
ကျွန်မမှာလည်း...နာမည်ပေါင်းစုံနဲ့
ကင်ပွန်းတပ်နေရပြီ"
"ဗျာ...."
"ဘာဗျာ တုန်း....
နောက်ဆို ဗျာ...ဗျာ လို့မပြောနဲ့...
မိန်းကလေးက ရှင်..လို့ ထူးရတယ်..မှတ်ထားနော်"
"ဟုတ်...ဟုတ်ကဲ့ပါတီချယ်..."
"အင်း...သွား စာသွားလုပ်တော့...
နောက်ဆို အချိန်တိကျအောင် လာအုံးနော်..
လိမ်လိမ်မာမာနဲ့ စာလည်း ကြိုးစားအုံး...
အရိုက်မခံရစေနဲ့..."
"ဟုတ်ကဲ့ တီချယ်..."
စာသင်ခန်းထဲ ပြန်ရောက်တော့...
၆တန်းအားလုံး မြန်မာစာ စကားပြေ
ကျက်ခိုင်းသည်..
သီရိနဲ့ မီကိုမှာ ကျောင်းတူကြသည်....
သူတို့ နှစ်ယောက်မှာ စာအတူတူ ကျက်နိုင်ကြသည်
ငယ့်မှာတော့ တစ်ယောက်တည်းပင်..
ကျောင်း တစ်ကျောင်းနှင့်တစ်ကျောင်း
စာပေးတာခြင်းလည်း မတူကြပေ...
ထို့ကြောင့် အတူတူ ကျက်မရချေ...
မီကိုနှင့်သီရိမှာ စာအရင်နှုတ်နှင့်ပြီး..
ငယ့်မှာ နောက်ဆုံးမှနှုတ်ရသည်....
ငယ့်စာများမှာ ခက်လှသည်...
ငယ်တက်သည့်ကျောင်းမှာ မြို့ထဲမှ နာမည်
အကြီးဆုံးကျောင်းဖြစ်တော့...
စကားပြေကိုတောင်မှ
စာတွေ ကဗျာတွေ ဖွဲ့ပြီး အသေချာရေးထားသည်များကိုသာ သင်သည်...
ဒါကြောင့်လည်း အသေကုန်းရုန်းကာကျက်ရသည်....
ငယ် စာနှုတ်သည့် အလှည့်ရောက်ချိန်...
ငယ်ရေးထားသည့် ကျောင်းစာအုပ်ကို
တီချယ့်အား.....ပေးလိုက်သည်...
ငယ် မျက်လုံးများပင် ပြူးသွားလေသည်...
ငယ် အခုနှုတ်မဲ့ စာရွက်ကြီးကို တစ်စဆီ
ဆွဲဖြဲလိုက်သည်....
တီချယ့် အထာများ ငယ် အခုထိ မနပ်သေးချေ....
:"ဘာလို့...လက်ရေးတွေ အဲ့သလောက်စုတ်ပြတ်နေတာလဲ..."
"လက်ရေးက အဲ့သလောက် လိုလို့လား!!!...ဘာလို့ ဆွဲဖြဲလိုက်တာလဲ...ဒါကျောင်းက ဆရာမ စာခေါ်လို့ လောလော လောလောနဲ့ ရေးထားတာတွေလေ..."
"လဝန်း!!! လူကြီးကိုဒီလိုပြန်ပြောစရာလား...
ဟမ်း!!!တီချယ်မေးနေတယ်လေ"
ငယ်ကိုယ်တိုင်ပင် မသိလိုက်....
ငယ့်ဒေါသ ငယ်မထိန်းနိုင်သည်မှာ တကယ့် အားနည်းချက်ပင်....
သို့ပေမဲ့... သေချာစဉ်းစားကြည့်လျှင်...
မြန်မာစာဆရာမမှာ အမှတ်တောင် ခြစ်ထားပြီးပြီ...မနက်ဖန်ကျမှ
စာအုပ်စစ်လျှင် ငယ် အော်ခံထိလိမ့်မည်...
နောက်ဆို လက်ရေးပြင်ရေးလို့ပြောလည်းရသားနှင့်ကို...အခုလိုလုပ်တော့ ပို၍ပင်ဒေါသပိုထွက်ရသည်...
"လက်ရေးလှဖို့ထက် စာပြီးဖို့က ပို လိုအပ်တယ် မဟုတ်လား တီချယ်"
"လဝန်း...ငါ မေးတာပဲဖြေ..
မင်း မေးခွန်းပြန်ထုတ်နေစရာမလိုဘူး"
"ဟုတ်ပါတယ်...လဝန်းမှားသွားပါတယ်...
နောက်ဆို လက်ရေးပြင်ရေးခဲ့မယ်...ကျေနပ်ပြီလား"
ဖြေပြန်တော့လည်း ဆောင့်ဆောင့်အောင့်အောင့်နဲ့ဖြေလို့တဲ့ ရစ်ပြန်သည်လေ..
အပျိုကြီးများ ဇီဇာကြောင်တတ်သည်ဆိုတာ...
အခုမှပဲ...ကိုယ်တွေ့ဖြစ်တော့၏...
"လဝန်း...မင်း လူကြီးကို စကားပြောတာ
ဆင်ခြင်စမ်း!!"
"..."
"လက်သီးဆုပ်ထား...လက်အရှေ့တိုးလာခဲ့.."
"လက်ရေး မလှရင် ပြန်ရေးပေးမယ်...
အခုသွားရေးလိုက်တော့မယ်..."
တီချယ့်လက်ထဲကစာအုပ်ကို ဇွက် ကနဲ ဆွဲယူကာ...
ဆွဲဖြဲပြီး ပစ်ချထားသည့် စာရွက်များကို မြန်မြန်ကောက်လိုက်တော့သည်...
"လဝန်း!!!လူကြီးက စကားပြောနေတယ်လေ..
လုပ်ဆိုလုပ်လိုက်..."
ငယ်...ငြင်းမနိုင်တော့ပေ...
တီချယ့်၏ အမိန့်သံတို့သည်.....
သေဆို သေပေးနိုင်သည်အထိ...ငယ့်အပေါ်
လွှမ်းမိုးသွားနိုင်ခဲ့ပြီ....
ကျောက်သင်ပုန်းမှာသုံးသည့် သံပေတံတိုကြီးကိုကောက်ကိုင်လိုက်သည်....
တီချယ့်လက်မှ အကြောစိမ်းတို့သည်...ဒေါသခွန်အားတို့ကြောင့်...ထောင်တက်နေသည်ကို...
ငယ် သတိပြုမိ၏....
"လက်ကို တင်းတင်း ဆုပ်ထား...
မရှောင်နဲ့....နေရာလွဲသွားရင် ပိုနာမှာနော်..."
"ဖြောက်..."
"အ့...အား...ဟအင်း...နာ...နာတယ်...
နောက်..နောက်ဆို လှ လှလေး ရေးပါ့မယ်...
က...ကတိပေးပါတယ်...တီချယ်..."
"မလိုချင်ဘူး...လက်အရှေ့ပြန်တိုးလာ..."
"ဟင့်...ငင့်...ဟအင်း ဟအင်း"
နှပ်တရွှတ်ရွှတ်နှင့် စာသင်ခန်းထဲမှ ပြေးထွက်ပြီး...
ဖိုးဖိုးရဲ့ညီမဖြစ်သည့် တီချယ့်မေမေကို
စစ်ကူသွားတောင်းရတော့သည်..
"ဟိတ်...ဘယ်ပြေးတာတုန်း..."
"ဟအင်း...ငင့်...ဖွားဖွား...လဝန်းက လက်ရေးလေး မလှတာကို ရိုက်ထည့်တယ်...ငင့်...ဟင့်..."
"သမီး ဘာလို့ ကလေးကို ရိုက်လိုက်တာတုန်း"
" မေမေ...သက် စာသင်ချိန်ဆို ဒီလိုပဲ သင်တတ်တာ မေမေသိပါတယ်...သမီးတွေ...
မြေးတွေမသိဘူး...အရှေ့ပြန်ထွက်ခဲ့ ဟိုကလေးမ..."
"ငင့်...ဟအင်း...မ...မထွက်ဘူး...
စာ...စာလည်း မသင်တော့ဘူး..."
"မြေးလေး...မငိုနဲ့ တိတ်...တိတ်...
သွားနော်...သမီး တီချယ်ဆီ ပြန်သွားလိုက်...
ဖွားဖွားလည်းမြေးလေးတီချယ်ကို ပြောလို့မှ မရတာကွယ်...ပိုရိုက်ခံထိနေမယ်...ဒေါ်ဒေါ့်ဆီ ပြန်သွားလိုက်နော်...."
"ဒီနားလာခဲ့ လဝန်း.."
လက်မောင်းကို ဆွဲပြီး ရုပ်တည်ကြီးနဲ့ခေါ်တော့...
ငယ် တကယ်ကြောက်သည်..ကျူရှင်တောင်ထွက်ချင်စိတ်ပေါက်သည်...
"ခဏကလို လက်သီး ပြန်ဆုပ်ထား..."
"တီ..တီချယ်...နောက်ဆို တကယ်လှလှရေးပါ့မယ်..."
"အဲ့တာဆို ဘာလို့ မြန်မာစာ ခေါ်တုန်းက
လေပေါပြီး ရေးရတာတုန်း"
"ဟို...အဲ...ဘယ်...ဘယ်လို သိတာလဲ
တီချယ်က..."
"ကိုယ့် အပြစ်ကိုယ်သိတယ် မလား...
လက်သီးဆုပ်ထား...နောက်ထပ်နှစ်ချက်ပဲ ရိုက်မှာ.."
"ဟင့်...မ...မလုပ်ပါနဲ့ နောက်ဆို ဂရုတစိုက်နဲ့
လှလှပပ ရေးပါ့မယ်..."
"မလိုချင်ဘူး...နောက်က နောက်ပဲ...အခုကိစ္စပဲ
ရှင်းမယ်.."
"အင့်...ဖြည်းဖြည်းလေးတော့ရိုက်နော်...
တီချယ်"
"လူကြီးကို ဆရာလာပြန်မလုပ်ပါနဲ့"
"ဖြောက်...ဖြောက်..."
"အား...ဟ့...အ့.."
"သမီး ကလေးကို
အဲ့သလောက်ရိုက်ရလားကွယ်...ကြည့်ပါအုံး...
ငါ့မြေးလေးရဲ့ဖြူဥနေတဲ့ လက်ခေါက်လေးတွေ နီရဲကုန်ပြီ...မြေးလေး...မငိုနဲ့နော်...တိတ်..တိတ်.."
"မေမေမှမသိတာ...သူက ကျောင်းမှာ မြန်မာစာ စာခေါ်တဲ့ အချိန် စကားများရင်း Bingoဆော့ရင်းနဲ့ ရေးထားတာတဲ့...သူ့ဆရာမက မနွယ်လေ...
သမီးကို အကုန်ပြန်တိုင်တယ်.."
ဟင်...ဒါဆို တီချယ်နွယ်နဲ့ တီချယ်ဒေါ်ဒေါ်က
အသိတွေပေါ့...
ဟုတ်သားပဲ...ကျောင်းအပ်တုန်းက တီချယ်နွယ်ကို ဖေဖေပြောပြထားတာပဲ ကျူရှင်တက်တဲ့ကိစ္စကို...
ငယ်တော့ လွတ်လမ်းကို ရှိမယ်မထင်...
"ငိုမနေနဲ့...စာသင်ခန်းထဲ ပြန်လိုက်ခဲ့ အချိန်ကုန်တယ်..."
"ဟုတ်...ဟုတ်ကဲ့...ဖွားဖွား...သမီးပြန်ဝင်သွားတော့မယ်နော်..."
"နေပါအုံး...ဖွားဖွားဆေးထည့်ပေးမယ်
လာ..."
"ဟအင်း...အချိန်ကြာနေရင် ပိုအော်ခံထိနေအုံးမယ်...သမီး သွားလိုက်အုံးမယ်..."
အဲ့နေ့က...နီနေတဲ့ လက်ထိပ်ခေါက်လေးတွေကြည့်ရင်း...တီချယ်နွယ်နဲ့ဖေဖေကို ဒေါသထွက်မိသည်...
တော်တော် အတိုင်ကြောထူတဲ့ လူကြီးတွေ....ဟင့်..
ဖြဲထားသည့် စာရွက်များကို ကြည့်ပြီး...
အသစ်ပြန်ရေးလိုက်ရသည်...
၈နာရီခွဲလောက်မှပြီးတော့သည်..
အကုန်လုံးက ပြန်ကုန်ကြပြီ...
စာသင်ခန်းထဲမှာ ငယ်နဲ့ တီချယ်သာကျန်တော့သည်...
"ရွှတ်....တီချယ်...ဒီမှာရေး ပြီးသွားပြီ"
ငယ်တောင် ကိုယ့်ကိုယ်ကို ပြန်အံ့ဩမိသည်...
ကြောက်စိတ်နဲ့ရေးလိုက်တာ...
ငယ့် လက်ရေးလေးတွေမှာ ပုလဲလုံးလေးများကဲ့သို့ပင်...ဘဝမှာ သေသေသပ်သပ်နှင့် လှလှပပလေး
ရေးဖူးသည်မှာ ဒါပထမဆုံး ထင်မိပါရဲ့....
"အင်း...နောက်ဆို အဲ့လိုပဲရေး...တော်တယ်
ပြန်လို့ရပြီ..."
"ဟုတ်ကဲ့ တီချယ်.."
"အိမ်ရောက်ရင် လက်ကိုလည်း ဆေးထည့်လိုက်အုံးနော်..."
"ဟုတ်...ဟုတ်ကဲ့..."
အိမ်ပြန်နောက်ကျနေသည်တောင်...
ဖေဖေတို့မှ အရမ်းယုံကြည် နေကြသည်..
ဘာလို့ အိမ်ပြန်နောက်ကျနေလဲတောင် မမေးကြဘူး..
တကယ် အမြင်ကပ်သည်...အဲ့သလောက်ထိ
စိတ်ချနေရင်လည်း...တီချယ့်ကိုသာ...
မွေးစားခိုင်းလိုက်ပါတော့လို့....တစ်ယောက်တည်း ရေရွတ်နေမိသည်....
ဒါကိုလည်း ဘယ်လို ကြားသွားမှန်းမသိ.....
"ဟိုက မွေးစားရင် တစ်ခါတည်း ထည့်ပေးလိုက်မှာ"တဲ့လေ.....
ပြောစရာစကားပါပျောက်ရှသွားတော့သည်...
ထိုနေ့မှစပြီး...ဘုရားရှေ့မှာ
ဆုတောင်းမိတာကတော့....
တီချယ် အိမ်ထောင် မြန်မြန်ပြုပါစေ...
တီချယ် ကျောင်း ပြောင်းပြီး တခြားနေရာ ရောက်ပါစေ....
တီချယ် တစ်ခုခု ဖြစ်ပြီး ဆေးရုံရောက်ပါစေ...တဲ့...
အဲ့သလောက်တောင် မုန်းပြီး မမြင်ချင်တော့တာ...
________
"သမီးငယ္...က်ဴ႐ွင္ သြားေတာ့ မလို႔လား..."
"ဟုတ္တယ္ ဖိုးဖိုးေရ...
ဘြားေတာ္ႀကီးဆီသြားမလို႔..."
"အမေလး ငါ့ေျမးရယ္...ဟားဟား...
အဲ့ ဘြားေတာ္ႀကီးက ငါ့ေျမးနဲ႔ ဘာေတာ္လဲ ျပမယ္...
လာ...ဖိုးဖိုး က်ဴ႐ွင္လိုက္ပို႔မယ္"
"ဟင္...ဟုတ္ကဲ့...ဖိုးဖိုး..."
ေမေမ့ရဲ႕ ေဖေဖ ...ငယ္ရဲ႕ ဖိုးဖိုးမွာ...
အသက္ႀကီးႀကီး ဆံပင္ျဖဴျဖဴျဖစ္သည္...
ရယ္လိုက္သည့္ အခါမွသာ ေ႐ွ႕သြား တစ္ေခ်ာင္းအား
ျမင္ရသည္....
ဟသ္ာတ ဇာတိျဖစ္ေသာ ဖိုးဖိုးမွာ...
ငယ့္လိုပင္ ေပါေတာေတာႏိုင္လွ၏.....
ထို႔ ေၾကာင့္ ငယ္ႏွင့္ဆို အလြန္
အတိုင္ေပါက္ညီ၏.....
ငယ္႐ွိရာ ဒီၿမိဳ႕ ဆီ သို႔ ခဏခဏ လာလည္႐ွာသည္...
"လာ....အထဲဝင္ရေအာင္"
"ဟမ္...ဖိုးဖိုးပါ ဝင္မလို႔လား...
ဝင္လို႔ရပါ့မလား..တီခ်ယ္က ေၾကာက္စရာႀကီးေနာ္
ဖိုးဖိုးကိုပါ ႐ိုက္လႊတ္ေနအုံးမယ္..."
"ေအာင္မေလး...ငါ့ေျမးေလးက ဘယ္တုန္းက ေၾကာက္တတ္သြားတာလဲ...
လာ...လာ..."
အိမ္ထဲ ဝင္သြားေတာ့....တီခ်ယ့္ ေမေမကိုေတြ႕သည္...အလန္႔တၾကားႏွင့္ ငယ့္အဖိုးအား
ေျပးဖက္သည္...
"အဲ...ကိုလျပည့္..."
"အမေလး...ငါ့ညီမက အခု ခ်ိန္ထိ ကေလးေလးက်ေနေရာ..."
ဖိုးဖိုးတို႔ အလြမ္းသည္ေနၾကခ်ိန္ တီခ်ယ္ ေက်ာင္းက ျပန္ေရာက္လာသည္....
မနက္တုန္းက အျဖစ္ကို ျပန္ျမင္ၿပီး
႐ွက္ေတာင္႐ွက္မိသည္...
တီခ်ယ္သာ ဖိုးဖိုးကို ေျပာလိုက္ရင္ေတာ့ အိမ္မွာ အ႐ွက္ကြဲလိမ့္မည္..
"ေဟာ...ဦးျပည့္ျပန္ေရာက္ေနတာလား"
"ဒါေပါ့ ငါ့တူမႀကီးရဲ႕...
အထဲသြားရေအာင္...ကိုတင္ေမာင္ ကိုလည္းမေတြ႕ရတာၾကာေရာေပါ့"
"လာ..အထဲဝင္ၾကရေအာင္..."
တီခ်ယ့္ ေဖေဖ အခန္းထဲသို႔ ေရာက္သြားၾကေတာ့သည္...
အသက္၇၀ေက်ာ္ေလာက္႐ွိတဲ့အဖိုး တေယာက္...
"ကိုတင္ေမာင္...ေနေကာင္းတယ္ေနာ္"
"ေကာင္းပါ့ဗ်ာ...ဘယ္တုန္းက ျပန္ေရာက္ေနတာတုန္း"
"မေန႔ညကပဲ...ဒီမွာေလ...ခ်စ္ေျမးေလး
က်ဴ႐ွင္ သြားမယ္ဆိုမွ...တူမႀကီးသက္ဆီမွာ စာသင္ေနမွန္းသိရတာ.."
"ေဝး...ဒီကေလးမက စုငယ္တို႔ ေျမးေပါ့...ဟုတ္လား ကိုလျပည့္"
"ဟုတ္ပါ့...စုငယ္တို႔ရဲ႕ေျမး...
ေဟာ့ဒီက သက္ရဲ႕ တူမေပါ့....
သက္ကို တိုင္ရအုံးမယ္...သက္ရဲ႕တပည့္ကေလ...
အိမ္မွာ သက္ကိုဘယ္လိုေခၚတယ္ မွတ္လဲ..."
"ဖိုးဖိုးေနာ္..."
"ေျပာပါအုံး ဦးျပည့္ရဲ႕..."
"ဘြားေတာ္ႀကီးတဲ့"
"ဟားဟား...ခစ္ခစ္..."
ငယ္..ႏွလုံးခုန္ခ်ိန္မ်ားပါရပ္တန္႔သြားသည္.....
ကေလးေလး လို ရယ္ေနသည့္ တီခ်ယ့္ကို...
အခုမွ ပထမဆုံးအႀကိမ္ေတြ႕ဖူးျခင္းသာ....
ဘယ္ေလာက္ေတာင္ေအးခ်မ္း လိုက္သည့္
အျပဳံးေလးလဲ....
ရယ္သံလြင္လြင္ေလးက ငယ့္နားမွ
မထြက္ႏိုင္ေတာ့ေခ်....
"ဒါျဖင့္ သက္ တူမေလးဆိုေတာ့...
ဒီကဘြားေတာ္ႀကီးကို စာသင္ခ်ိန္ကလြဲရင္ ေဒၚေဒၚလို႔ေခၚေပါ့"
"ဗ်ာ..ဟုတ္..ဟုတ္ကဲ့"
"ကဲ...ငါ့ေျမးေလးလည္း စာသြားက်က္ေတာ့...ငါ့တူမႀကီးလည္း လုပ္စရာ႐ွိတာလုပ္ေတာ့...
ဦးျပည့္ မျပန္ခင္ေတာ့ ခရီးတိုေလး တစ္ခုေလာက္သြားၾကတာေပါ့"
"ဟုတ္..."
"အဟမ္း..အဟမ္း..."
ေခ်ာင္းဟန္႔ၿပီး ငယ့္ကို မ်က္ေစာင္းထိုးေနသည့္သက္..
"အဲ...ဟို...ဟုတ္..ဟုတ္ကဲ့ဖိုးဖိုး..."
"ဟားဟား...ငါ့ေျမးေလးကေတာ့
သက္နဲ႔ဆို စိတ္ခ်ရၿပီထင္တယ္...သမီးငယ္က...
ဘယ္က်ဴ႐ွင္ဆရာမမွ လက္မခံတဲ့ အထိ ဆိုးတာေနာ္ သက္...ကိုယ့္တူမ ကို ေလ်ာ့ မတြက္နဲ႔အုံး"
"႐ွင္...ဟုတ္ကဲ့ပါ ဦးျပည့္...စိတ္ခ်ပါ.."
~~~~~~
ဒီေန႔ ေတာ့ ငယ့္အတြက္အေဖာ္အသစ္မ်ား
ေရာက္သည္....
သီရိလင္းလက္နဲ႔ မီကိုၿဖိဳး တဲ့....
ႏွစ္ေယာက္စလုံးမွာ မိန္းခေလးေတြပါ...
ငယ္ႏွင့္ေတာ့ ေက်ာင္း မတူၾကေခ်...
ငယ္တို႔ က်ဴ႐ွင္မွာ အတန္း အႀကီးဆုံးက
၇တန္းအကိုႀကီးပင္...
၄တန္း အထိကို က်...ညေန ၆နာရီဆို လႊတ္သည္...
၅တန္း ၆တန္း ၇တန္းက်..၈နာရီမွ လႊတ္သည္
၅တန္းတြင္ ေကာင္ေလး ၂ေယာက္..
၆တန္းတြင္ ၃ေယာက္...႐ွိၾကသည္...
"လဝန္း လာခဲ့အုံး..."
ငယ့္ကို ေခၚၿပီး တီခ်ယ္ က စာသင္ခန္းမွထြက္သြားသည္..ငယ္လည္း တီခ်ယ့္ အေနာက္မွလိုက္သြားခဲ့သည္....
တီခ်ယ့္ အခန္းထဲပထမဆုံးအႀကိမ္ေရာက္ဖူးျခင္း...
"တီခ်ယ္ မနက္က အထည္ခ်ဳပ္အပ္ထားတာ ရလာလို႔ ဝတ္ၾကည့္နလို႔ေလ...လဝန္း တီခ်ယ့္
အက်ီ ဝိုင္းလဲေပးပါအုံး..."
"ဗ်ာ!!!"
"အလန္႔တၾကားနဲ႔ကြယ္...ဘာဗ်ာလဲ"
ရင္ဘတ္ေလးဖိကာ...ေျပာေနသည့္
တီခ်ယ့္ ပုံကေလးမွာ ဆြဲညႇစ္ခ်င္စရာေလးပင္...
"ဟို...ဟုတ္...ဟုတ္ကဲ့ တီခ်ယ္ေဒၚေဒၚ.."
"အဲ့တာဆို ဟိုဘက္လွည့္ေန တီခ်ယ္ ဒီ အျပာေရာင္ ဝမ္းဆက္ေလး ဝတ္ၾကည့္လိုက္အုံးမယ္
ဇစ္ တက္မရမွ ေခၚမယ္ လွည့္ေနေနာ္....
ခိုး မၾကည့္နဲ႔....တို႔႐ွက္တတ္တယ္..."
"ဗ်ာ..ဟုတ္..ဟုတ္ကဲ့ ..တီခ်ယ္..."
တီခ်ယ္ အက်ီ လဲေနတုန္း...
ငယ့္ မ်က္လုံးမ်ား ေလွ်ာက္ကစားရင္း...ဘီဒိုမွန္မွ...
အနည္း ငယ္ လွမ္းျမင္မိသည္....
သို႔ေပမဲ့ ငယ္...မၾကည့္ရဲခဲ့ေပ.....
အဘယ္ေၾကာင့္ဆိုေသာ္....
"ခိုးမၾကည့္နဲ႔ေနာ္....
ငါေတြ႕တာနဲ႔ ေခါက္မွာ..."
အစ႐ွိေသာ...ၿခိမ္းေျခာက္စကားမ်ား...
တတြတ္တြတ္ေျပာေနေသာ...စာကေလးမေလး...
တီခ်ယ့္ေၾကာင့္သာျဖစ္သာ....
"လဝန္းေရ....တစ္ခ်က္ ဒီဟာေလး ဆြဲခ်ေပးပါအုံး.."
"စာကေလးမ..."
အို....ငယ္ေတာ့ ေပါက္ကရ ျဖစ္ၿပီ....
ရင္ထဲ ဝုန္းဒိုင္းက်ဲရင္း...စိတ္ထဲ႐ွိရာေတြပါ...
အျပင္ထြက္ကုန္႐ွာၿပီ....
"ဘာေျပာတယ္.!!!!"
"ဟို ဆရာမလို႔ ေျပာလိုက္တာပါ...."
"တို႔ နား မ ေလး ေသးပါဘူးေနာ္ ကေလးမ"
"ဟိုေလ...ဟို...
"ဒါျဖင့္ တီခ်ယ့္ကို လိမ္တာေပါ့..."
"ဟုတ္...ဟုတ္ကဲ့..
အယ္...မဟုတ္ပါဘူး...ဟို ဆရာမလို႔ပဲ ေခၚတာပါ"
"ခြပ္..."
မေျပာမဆို ႏွင့္
ကူလည္း ကူညီရေသးသည္...
အေခါက္လည္း ခံရေသးသည္...
ဒါေတာ့ မဟုတ္ေသးပါ....
"လုပ္ ...လုပ္
ျမန္ျမန္ဆြဲခ်ေပး...႐ွင္ေလး အေၾကာင္း
မသိရင္ခက္မယ္....တစ္ရက္တည္းနဲ႔
ကြၽန္မမွာလည္း...နာမည္ေပါင္းစုံနဲ႔
ကင္ပြန္းတပ္ေနရၿပီ"
"ဗ်ာ...."
"ဘာဗ်ာ တုန္း....
ေနာက္ဆို ဗ်ာ...ဗ်ာ လို႔မေျပာနဲ႔...
မိန္းကေလးက ႐ွင္..လို႔ ထူးရတယ္..မွတ္ထားေနာ္"
"ဟုတ္...ဟုတ္ကဲ့ပါတီခ်ယ္..."
"အင္း...သြား စာသြားလုပ္ေတာ့...
ေနာက္ဆို အခ်ိန္တိက်ေအာင္ လာအုံးေနာ္..
လိမ္လိမ္မာမာနဲ႔ စာလည္း ႀကိဳးစားအုံး...
အ႐ိုက္မခံရေစနဲ႔..."
"ဟုတ္ကဲ့ တီခ်ယ္..."
စာသင္ခန္းထဲ ျပန္ေရာက္ေတာ့...
၆တန္းအားလုံး ျမန္မာစာ စကားေျပ
က်က္ခိုင္းသည္..
သီရိနဲ႔ မီကိုမွာ ေက်ာင္းတူၾကသည္....
သူတို႔ ႏွစ္ေယာက္မွာ စာအတူတူ က်က္ႏိုင္ၾကသည္
ငယ့္မွာေတာ့ တစ္ေယာက္တည္းပင္..
ေက်ာင္း တစ္ေက်ာင္းႏွင့္တစ္ေက်ာင္း
စာေပးတာျခင္းလည္း မတူၾကေပ...
ထို႔ေၾကာင့္ အတူတူ က်က္မရေခ်...
မီကိုႏွင့္သီရိမွာ စာအရင္ႏႈတ္ႏွင့္ၿပီး..
ငယ့္မွာ ေနာက္ဆုံးမွႏႈတ္ရသည္....
ငယ့္စာမ်ားမွာ ခက္လွသည္...
ငယ္တက္သည့္ေက်ာင္းမွာ ၿမိဳ႕ထဲမွ နာမည္
အႀကီးဆုံးေက်ာင္းျဖစ္ေတာ့...
စကားေျပကိုေတာင္မွ
စာေတြ ကဗ်ာေတြ ဖြဲ႕ၿပီး အေသခ်ာေရးထားသည္မ်ားကိုသာ သင္သည္...
ဒါေၾကာင့္လည္း အေသကုန္း႐ုန္းကာက်က္ရသည္....
ငယ္ စာႏႈတ္သည့္ အလွည့္ေရာက္ခ်ိန္...
ငယ္ေရးထားသည့္ ေက်ာင္းစာအုပ္ကို
တီခ်ယ့္အား.....ေပးလိုက္သည္...
ငယ္ မ်က္လုံးမ်ားပင္ ျပဴးသြားေလသည္...
ငယ္ အခုႏႈတ္မဲ့ စာ႐ြက္ႀကီးကို တစ္စဆီ
ဆြဲၿဖဲလိုက္သည္....
တီခ်ယ့္ အထာမ်ား ငယ္ အခုထိ မနပ္ေသးေခ်....
:"ဘာလို႔...လက္ေရးေတြ အဲ့သေလာက္စုတ္ျပတ္ေနတာလဲ..."
"လက္ေရးက အဲ့သေလာက္ လိုလို႔လား!!!...ဘာလို႔ ဆြဲၿဖဲလိုက္တာလဲ...ဒါေက်ာင္းက ဆရာမ စာေခၚလို႔ ေလာေလာ ေလာေလာနဲ႔ ေရးထားတာေတြေလ..."
"လဝန္း!!! လူႀကီးကိုဒီလိုျပန္ေျပာစရာလား...
ဟမ္း!!!တီခ်ယ္ေမးေနတယ္ေလ"
ငယ္ကိုယ္တိုင္ပင္ မသိလိုက္....
ငယ့္ေဒါသ ငယ္မထိန္းႏိုင္သည္မွာ တကယ့္ အားနည္းခ်က္ပင္....
သို႔ေပမဲ့... ေသခ်ာစဥ္းစားၾကည့္လွ်င္...
ျမန္မာစာဆရာမမွာ အမွတ္ေတာင္ ျခစ္ထားၿပီးၿပီ...မနက္ဖန္က်မွ
စာအုပ္စစ္လွ်င္ ငယ္ ေအာ္ခံထိလိမ့္မည္...
ေနာက္ဆို လက္ေရးျပင္ေရးလို႔ေျပာလည္းရသားႏွင့္ကို...အခုလိုလုပ္ေတာ့ ပို၍ပင္ေဒါသပိုထြက္ရသည္...
"လက္ေရးလွဖို႔ထက္ စာၿပီးဖို႔က ပို လိုအပ္တယ္ မဟုတ္လား တီခ်ယ္"
"လဝန္း...ငါ ေမးတာပဲေျဖ..
မင္း ေမးခြန္းျပန္ထုတ္ေနစရာမလိုဘူး"
"ဟုတ္ပါတယ္...လဝန္းမွားသြားပါတယ္...
ေနာက္ဆို လက္ေရးျပင္ေရးခဲ့မယ္...ေက်နပ္ၿပီလား"
ေျဖျပန္ေတာ့လည္း ေဆာင့္ေဆာင့္ေအာင့္ေအာင့္နဲ႔ေျဖလို႔တဲ့ ရစ္ျပန္သည္ေလ..
အပ်ိဳႀကီးမ်ား ဇီဇာေၾကာင္တတ္သည္ဆိုတာ...
အခုမွပဲ...ကိုယ္ေတြ႕ျဖစ္ေတာ့၏...
"လဝန္း...မင္း လူႀကီးကို စကားေျပာတာ
ဆင္ျခင္စမ္း!!"
"..."
"လက္သီးဆုပ္ထား...လက္အေ႐ွ႕တိုးလာခဲ့.."
"လက္ေရး မလွရင္ ျပန္ေရးေပးမယ္...
အခုသြားေရးလိုက္ေတာ့မယ္..."
တီခ်ယ့္လက္ထဲကစာအုပ္ကို ဇြက္ ကနဲ ဆြဲယူကာ...
ဆြဲၿဖဲၿပီး ပစ္ခ်ထားသည့္ စာ႐ြက္မ်ားကို ျမန္ျမန္ေကာက္လိုက္ေတာ့သည္...
"လဝန္း!!!လူႀကီးက စကားေျပာေနတယ္ေလ..
လုပ္ဆိုလုပ္လိုက္..."
ငယ္...ျငင္းမႏိုင္ေတာ့ေပ...
တီခ်ယ့္၏ အမိန္႔သံတို႔သည္.....
ေသဆို ေသေပးႏိုင္သည္အထိ...ငယ့္အေပၚ
လႊမ္းမိုးသြားႏိုင္ခဲ့ၿပီ....
ေက်ာက္သင္ပုန္းမွာသုံးသည့္ သံေပတံတိုႀကီးကိုေကာက္ကိုင္လိုက္သည္....
တီခ်ယ့္လက္မွ အေၾကာစိမ္းတို႔သည္...ေဒါသခြန္အားတို႔ေၾကာင့္...ေထာင္တက္ေနသည္ကို...
ငယ္ သတိျပဳမိ၏....
"လက္ကို တင္းတင္း ဆုပ္ထား...
မေ႐ွာင္နဲ႔....ေနရာလြဲသြားရင္ ပိုနာမွာေနာ္..."
"ေျဖာက္..."
"အ့...အား...ဟအင္း...နာ...နာတယ္...
ေနာက္..ေနာက္ဆို လွ လွေလး ေရးပါ့မယ္...
က...ကတိေပးပါတယ္...တီခ်ယ္..."
"မလိုခ်င္ဘူး...လက္အေ႐ွ႕ျပန္တိုးလာ..."
"ဟင့္...ငင့္...ဟအင္း ဟအင္း"
ႏွပ္တ႐ႊတ္႐ႊတ္ႏွင့္ စာသင္ခန္းထဲမွ ေျပးထြက္ၿပီး...
ဖိုးဖိုးရဲ႕ညီမျဖစ္သည့္ တီခ်ယ့္ေမေမကို
စစ္ကူသြားေတာင္းရေတာ့သည္..
"ဟိတ္...ဘယ္ေျပးတာတုန္း..."
"ဟအင္း...ငင့္...ဖြားဖြား...လဝန္းက လက္ေရးေလး မလွတာကို ႐ိုက္ထည့္တယ္...ငင့္...ဟင့္..."
"သမီး ဘာလို႔ ကေလးကို ႐ိုက္လိုက္တာတုန္း"
" ေမေမ...သက္ စာသင္ခ်ိန္ဆို ဒီလိုပဲ သင္တတ္တာ ေမေမသိပါတယ္...သမီးေတြ...
ေျမးေတြမသိဘူး...အေ႐ွ႕ျပန္ထြက္ခဲ့ ဟိုကေလးမ..."
"ငင့္...ဟအင္း...မ...မထြက္ဘူး...
စာ...စာလည္း မသင္ေတာ့ဘူး..."
"ေျမးေလး...မငိုနဲ႔ တိတ္...တိတ္...
သြားေနာ္...သမီး တီခ်ယ္ဆီ ျပန္သြားလိုက္...
ဖြားဖြားလည္းေျမးေလးတီခ်ယ္ကို ေျပာလို႔မွ မရတာကြယ္...ပို႐ိုက္ခံထိေနမယ္...ေဒၚေဒၚ့ဆီ ျပန္သြားလိုက္ေနာ္...."
"ဒီနားလာခဲ့ လဝန္း.."
လက္ေမာင္းကို ဆြဲၿပီး ႐ုပ္တည္ႀကီးနဲ႔ေခၚေတာ့...
ငယ္ တကယ္ေၾကာက္သည္..က်ဴ႐ွင္ေတာင္ထြက္ခ်င္စိတ္ေပါက္သည္...
"ခဏကလို လက္သီး ျပန္ဆုပ္ထား..."
"တီ..တီခ်ယ္...ေနာက္ဆို တကယ္လွလွေရးပါ့မယ္..."
"အဲ့တာဆို ဘာလို႔ ျမန္မာစာ ေခၚတုန္းက
ေလေပါၿပီး ေရးရတာတုန္း"
"ဟို...အဲ...ဘယ္...ဘယ္လို သိတာလဲ
တီခ်ယ္က..."
"ကိုယ့္ အျပစ္ကိုယ္သိတယ္ မလား...
လက္သီးဆုပ္ထား...ေနာက္ထပ္ႏွစ္ခ်က္ပဲ ႐ိုက္မွာ.."
"ဟင့္...မ...မလုပ္ပါနဲ႔ ေနာက္ဆို ဂ႐ုတစိုက္နဲ႔
လွလွပပ ေရးပါ့မယ္..."
"မလိုခ်င္ဘူး...ေနာက္က ေနာက္ပဲ...အခုကိစၥပဲ
႐ွင္းမယ္.."
"အင့္...ျဖည္းျဖည္းေလးေတာ့႐ိုက္ေနာ္...
တီခ်ယ္"
"လူႀကီးကို ဆရာလာျပန္မလုပ္ပါနဲ႔"
"ေျဖာက္...ေျဖာက္..."
"အား...ဟ့...အ့.."
"သမီး ကေလးကို
အဲ့သေလာက္႐ိုက္ရလားကြယ္...ၾကည့္ပါအုံး...
ငါ့ေျမးေလးရဲ႕ျဖဴဥေနတဲ့ လက္ေခါက္ေလးေတြ နီရဲကုန္ၿပီ...ေျမးေလး...မငိုနဲ႔ေနာ္...တိတ္..တိတ္.."
"ေမေမမွမသိတာ...သူက ေက်ာင္းမွာ ျမန္မာစာ စာေခၚတဲ့ အခ်ိန္ စကားမ်ားရင္း bingoေဆာ့ရင္းနဲ႔ ေရးထားတာတဲ့...သူ႕ဆရာမက မႏြယ္ေလ...
သမီးကို အကုန္ျပန္တိုင္တယ္.."
ဟင္...ဒါဆို တီခ်ယ္ႏြယ္နဲ႔ တီခ်ယ္ေဒၚေဒၚက
အသိေတြေပါ့...
ဟုတ္သားပဲ...ေက်ာင္းအပ္တုန္းက တီခ်ယ္ႏြယ္ကို ေဖေဖေျပာျပထားတာပဲ က်ဴ႐ွင္တက္တဲ့ကိစၥကို...
ငယ္ေတာ့ လြတ္လမ္းကို ႐ွိမယ္မထင္...
"ငိုမေနနဲ႔...စာသင္ခန္းထဲ ျပန္လိုက္ခဲ့ အခ်ိန္ကုန္တယ္..."
"ဟုတ္...ဟုတ္ကဲ့...ဖြားဖြား...သမီးျပန္ဝင္သြားေတာ့မယ္ေနာ္..."
"ေနပါအုံး...ဖြားဖြားေဆးထည့္ေပးမယ္
လာ..."
"ဟအင္း...အခ်ိန္ၾကာေနရင္ ပိုေအာ္ခံထိေနအုံးမယ္...သမီး သြားလိုက္အုံးမယ္..."
အဲ့ေန႔က...နီေနတဲ့ လက္ထိပ္ေခါက္ေလးေတြၾကည့္ရင္း...တီခ်ယ္ႏြယ္နဲ႔ေဖေဖကို ေဒါသထြက္မိသည္...
ေတာ္ေတာ္ အတိုင္ေၾကာထူတဲ့ လူႀကီးေတြ....ဟင့္..
ၿဖဲထားသည့္ စာ႐ြက္မ်ားကို ၾကည့္ၿပီး...
အသစ္ျပန္ေရးလိုက္ရသည္...
၈နာရီခြဲေလာက္မွၿပီးေတာ့သည္..
အကုန္လုံးက ျပန္ကုန္ၾကၿပီ...
စာသင္ခန္းထဲမွာ ငယ္နဲ႔ တီခ်ယ္သာက်န္ေတာ့သည္...
"႐ႊတ္....တီခ်ယ္...ဒီမွာေရး ၿပီးသြားၿပီ"
ငယ္ေတာင္ ကိုယ့္ကိုယ္ကို ျပန္အံ့ဩမိသည္...
ေၾကာက္စိတ္နဲ႔ေရးလိုက္တာ...
ငယ့္ လက္ေရးေလးေတြမွာ ပုလဲလုံးေလးမ်ားကဲ့သို႔ပင္...ဘဝမွာ ေသေသသပ္သပ္ႏွင့္ လွလွပပေလး
ေရးဖူးသည္မွာ ဒါပထမဆုံး ထင္မိပါရဲ႕....
"အင္း...ေနာက္ဆို အဲ့လိုပဲေရး...ေတာ္တယ္
ျပန္လို႔ရၿပီ..."
"ဟုတ္ကဲ့ တီခ်ယ္.."
"အိမ္ေရာက္ရင္ လက္ကိုလည္း ေဆးထည့္လိုက္အုံးေနာ္..."
"ဟုတ္...ဟုတ္ကဲ့..."
အိမ္ျပန္ေနာက္က်ေနသည္ေတာင္...
ေဖေဖတို႔မွ အရမ္းယုံၾကည္ ေနၾကသည္..
ဘာလို႔ အိမ္ျပန္ေနာက္က်ေနလဲေတာင္ မေမးၾကဘူး..
တကယ္ အျမင္ကပ္သည္...အဲ့သေလာက္ထိ
စိတ္ခ်ေနရင္လည္း...တီခ်ယ့္ကိုသာ...
ေမြးစားခိုင္းလိုက္ပါေတာ့လို႔....တစ္ေယာက္တည္း ေရ႐ြတ္ေနမိသည္....
ဒါကိုလည္း ဘယ္လို ၾကားသြားမွန္းမသိ.....
"ဟိုက ေမြးစားရင္ တစ္ခါတည္း ထည့္ေပးလိုက္မွာ"တဲ့ေလ.....
ေျပာစရာစကားပါေပ်ာက္႐ွသြားေတာ့သည္...
ထိုေန႔မွစၿပီး...ဘုရားေ႐ွ႕မွာ
ဆုေတာင္းမိတာကေတာ့....
တီခ်ယ္ အိမ္ေထာင္ ျမန္ျမန္ျပဳပါေစ...
တီခ်ယ္ ေက်ာင္း ေျပာင္းၿပီး တျခားေနရာ ေရာက္ပါေစ....
တီခ်ယ္ တစ္ခုခု ျဖစ္ၿပီး ေဆး႐ုံေရာက္ပါေစ...တဲ့...
အဲ့သေလာက္ေတာင္ မုန္းၿပီး မျမင္ခ်င္ေတာ့တာ...
________