ခွင့် (Unicode+Zawgyi)

By mg-yoe-shin

16.6K 977 864

တစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။ More

Intro(U+Z)
Chapter-1(U+Z)
Chapter-2(U+Z)
Chapter-3(U+Z)
Chapter-4(U+Z)
Chapter-5(U+Z)
Chapter-6(U+Z)
Chapter-7(U+Z)
Chapter-8(U+Z)
Chapter-9(U+Z)
Chapter-10(U+Z)
Chapter-11(U+Z)
Chapter-12(U+Z)
Chapter-13(U+Z)
Chapter-14(U+Z)
Chapter-15(U+Z)
Chapter-16(U+Z)
Chapter-17(U+Z)
Chapter-18(U+Z)
Chapter-19(U+Z)
Chapter-20(U+Z)
Chapter-21(U+Z)
Chapter-22(U+Z)
Chapter-23(U+Z)
Chapter-24(U+Z)
Chapter-25(U+Z)
Chapter-26(U+Z)
Chapter-27(U+Z)
Chapter-28(U+Z)
Chapter-29(U+Z)
Chapter-30(U+Z)
Chapter-31(U+Z)
Chapter-32(U+Z)
Chapter-33(U+Z)
Chapter-34(U+Z)
Chapter_35(U+Z)
Chapter-36(U+Z)
Chapter-37(U+Z)
Chapter_38(U+Z)
Chapter-39(U+Z)
Chapter-40(U+Z)
Chapter_41(U+Z)
Chapter-42(U+Z)
Chapter-43(U+Z)
Chapter-44(U+Z)
Chapter-45(U+Z)
Chapter-46(U+Z)
Chapter-48(U+Z)

Chapter-47(U+Z)

154 8 3
By mg-yoe-shin

မက်နေကျ အိမ်မက်တစ်ခုအား အခါခါမြင်မက်‌နေရ၍ စိတ်အတွေးမှာ ထိုအိမ်မက်အကြောင်းကို အလွတ်နီးပါးပင် ရနေလေပြီ။ ခက်တော့လည်း အခက်သား။ မျက်စိရှေ့မှာ အဖြူအစိမ်းဝတ် ကျောင်းသားနှစ်ယောက်မြင်သည်နှင့် အိမ်မက်ထဲက ကောင်လေးနှစ်ယောက်ကို မြင်ယောင်လာမိသည်။သူငယ်ချင်း သို့မဟုတ် မည်သို့ခေါင်းစဉ်တပ်ရမည်မသိသော ပတ်သက်မှုအကြောင်းကို တွေးမိသည်က တစ်ဆက်တည်း။ ထိုအိမ်မက်ကို အက္ခရာသစ်လွင် ငယ်ငယ်ကနေ အခုချိန်ထိ မကြာမကြာ မက်တတ်ပါသည်။ ဖြစ်နိုင်ရင် ဒီအိမ်မက်တွေကို ထပ်မမက်ချင်တော့ပါ။ အိမ်မက်မက်ပြီး နိုးထလာရသည့်အခါတိုင်း သူ့ဝဲဘက်ရင်အုံကပါ နာကျင်လာရသောကြောင့်ပင်ဖြစ်သည်။ ထို အိမ်မက်နှင့်သူ ဘယ်လိုများ ပတ်သတ်နေခဲ့လဲဆိုတာ ဘယ်လောက်ပဲစဉ်းစား စဉ်းစား အဖြေက ထွက်မလာခဲ့။

ထိုအိမ်မက်တွေအကြောင်း ဖေဖေနှင့် မေသက်ကို ပြန်ပြောပြတော့လည်း နားထောင်သူ သက်သက်မျှသာပင်။ "စိတ်စွဲလန်းလို့ မက်တာပဲ ဖြစ်မှာပါ"ဟူသည့် အဖြေစကားဖြင့်သာ နှစ်သိမ့်ပေးခံရပြီး သူ့အိမ်မက်အကြောင်းကို ဂရုမမူကြတော့ပေ။ စိတ်စွဲလန်းမှုကြောင့်ဖြစ်တဲ့ အိမ်မက်ဆိုရင် ဘာကြောင့် ထိုကောင်လေးနှစ်ယောက်ဟာ သူ့ အိမ်မက်ထဲ ခဏခဏ ရောက်နေရတာလဲ။ထိုကောင်လေးနှစ်ယောက်ကိုလည်း သူ
မသိ။

"သားငယ် အိမ်မက်တွေ ထပ်မက်နေပြန်ပြီလား"

အိပ်ယာကုတင်ပေါ်တွင် ငူငူငိုင်ငိုင်ဖြင့် ထိုင်ကာ အိမ်မက်အကြောင်းအား တောင်စဉ်ရေမရ စဉ်းစားနေမိသည့်ခဏ အခန်းထဲဝင်လာသည့် မေသက်က ဂရုဏာသက်စွာ ကြည့်ရင်း ပြောလေသည်။ သူ့အိမ်မက်တွေ မက်ပြီး နိုးထလာရသည့်အချိန်တိုင်း ဝဲဘက်ရင်အုံနာကျင်ပြီး လူက နွမ်းလျလျ။

"ဟုတ် မေသက်။သား ဒီအိမ်မက်ကြီးကိုအခုချိန်ထိ ထပ်မက်နတယ်။ ဒီအိမ်မက်တွေကို ဘယ်အချိန်ထိမက်နေဦးမှာလဲ မသိတော့ဘူး။နောက်ပြီး အိမ်မက်ထဲက လူနှစ်ယောက်ကရော ဘယ်သူတွေလဲ။ သားနဲ့ရော ဘယ်လိုပတ်သတ်နေသလဲ သိချင်မိတယ်"

"ကဲပါ ဒုက္ခခံပြီး စိတ်ရှုပ်ခံစဉ်းစားမနေပါနဲ့ကွယ်..။နောက်အပတ်ကျရင် မေသက်တို့ သွားနေကျ ဆရာမကြီးဆီ သားကို ခေါ်သွားပေးမယ်။ ရှေ့ဖြစ်နောက်ဖြစ်တွေ၊ နောက် ပဌာန်းဆက်တွေအထိပါ စစ်ပေးနိုင်တဲ့ ဆရာမကြီးပဲ။ သား အခုမက်မက်နေတဲ့ အိမ်မက်တွေနဲ့ ပတ်သတ်ပြီး ဆရာမကြီးကို စစ်ခိုင်းကြည့်ကြရအောင်"

"ဟုတ်လား သား စိတ်ဝင်စားတယ် မေသက်"

"ဒါဆို ရှေ့အပတ်ထဲမှာ မေသက်တို့ သွားကြရအောင်"

"ဟုတ်ကဲ့ မေသက်"

ဆရာမကြီးဆီ ခေါ်သွားပေးမည်ဟူသည့် မေသက်စကားကြောင့် ရောဂါတစ်ဝက် သက်သာသွားသလိုပင် ခံစားသွားရသည်။ ထိုအိမ်မက်တွေအကြောင်း သိချင်ပြီး အိမ်မက်ထဲက လူသားနှစ်ယောက်၏ အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးချင်သည်။

သူ ဒီအိမ်မက်တွေ ဆက်မမက်လိုတော့ပါ။

"ကဲပါ မျက်နှာသစ် ရေမိုးချိုးပြီး အောက်ဆင်းလာခဲ့။ အလုပ်သွားရဦးမှာမလား။မေသက် breakfastပြင်ထားမယ် "

"ဟုတ်ကဲ့ မေသက်"

မေသက်က ရေမိုးချိုးပြီး အောက်ကို ဆင်းလာခဲ့ဖို့ပြောပြီး အခန်းထဲက ထွက်သွားသည်။ သူ တစ်ယောက်တည်းသာ အခန်းထဲ ငူငူငိုင်ငိုင်နှင့် ကျန်နေရစ်ခဲ့ရသည်။

"ဒီနေ့အလုပ်သွားရဦးမည်"ဟူသည့် အသိတစ်ချက် ခေါင်းထဲဝင်လာသည်နှင့် အိမ်မက်အကြောင်းများ စဉ်းစားရန် အချိန်မပေးနိုင်တော့ပေ။ ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ် ရေချိုးရသည်။ ရေချိုးခန်းထဲမှ ထွက်လာသည်နှင့် အိပ်ယာပေါ်မှာ ရှိနေခဲ့သည့် လက်ကိုင်ဖုန်းလေးရှိရာဆီသို့ လက်က အလိုလိုရောက်နှင့်ပြီးသားပင်ဖြစ်သည်။

ဒီအချိန်ဆို ဦးဆီက စာလာနေကျမဟုတ်လား။ထင်ထားသည့်အတိုင်းပင်။ "ချာတိတ် ကိုယ်လာကြိုမယ်နော် အိမ်ကပဲစောင့်နေနော် ချစ်တယ် ချာတိတ်"ဟူသည့် စာတိုလေးတစ်ကြောင်းအား ဖတ်ရင်း အက္ခရာ သဘောတကျပြုံးမိပြန်ပါသည်။ ချစ်တယ်ဟူသည့် စကားဟာ စိတ်ကိုကြည်နူးစေသည်မှာ အမှန်ပင်။ ပျော်ရွှင်ရသည်။ ဦးထံမှ "ချစ်တယ်"ဟု အပြောခံရတိုင်း ရိုးအီသွားတယ်ဆိုတာ မရှိခဲ့။ အက္ခရာ ရေစိုနေသောလက်ဖြင့် စာတိုတစ်ကြောင်း ခပ်သွက်သွက်ရိုက်ကာ ဦးဆီသို့
ပို့လိုက်သည်။

"ကြာလိုက်တာ သားရယ်"

ထမင်းစားခန်းထဲဝင်သည်နှင့် ဖေဖေ၏ အသံကို ပထမဦးစွာ စကြားရပါသည်။ စားပွဲပေါ်မှာ တင်ထားသည့် ကော်ဖီခွက်နှင့် ပေါင်မုန့်များ အရာမယွင်းသေးပုံထောက်လျှင်တော့ ဖေဖေနှင့် မေသက် သူ့ကို စောင့်နေကြပုံပင်။ စောင့်နေကြသည်ဟူသည့် အသိကြောင့် အားတုံ့အားနာပင် ဖြစ်သွားရသည်။

"‌ဆောရီး ဖေဖေ။ သား ပိစိလေး နောက်ကျသွားတယ်"

"မင်းရဲ့ အချိန်ပိစိလေးက ဖေဖေနဲ့ မင်း
မေသက်ကို အူလိမ်စေတယ်ကွ"

ဖေဖေအပြောကြောင့် မေသက်ကပါ ခပ်ဟဟရယ်သည်။သူလည်း သဘောတကျရယ်မိပါသည်။ အချိန်ဘယ်လောက်တောင် ကြာသွားခဲ့ပါလိမ့်။

"သားငယ်"

"ဗျာ"

"မင်း မာမီကို ‌မောင်ထိန်လင်းအောင်နဲ့အကြောင်း ပြောပြပြီးပြီလား"

"ဟုတ်ကဲ့ ဖေဖေ။ ညကပဲ ပြောထားပါတယ်"

ညက မာမီနှင့် Chatting ထိုင်ရင်း စကားတွေအများကြီး ပြောဖြစ်ခဲ့ကြသည်။ချစ်ရသူရှိနေပြီဖြစ်ကြောင်းကိုလည်း မာမီအား ဖွင့်ပြောပြခဲ့လိုက်သည်။ ပထမတော့ မာမီ အံ့ဩဟန်ဖြစ်သွားသည်။ ပြီးမှ "အင်းလေ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်တာ ဓမ္မတာပေါ့"ဟူသည့် စကားကို ခပ်လေးလေးပြောရင်း လက်ခံကြောင်းပြောခဲ့သည်။ မာမီဘက်ကလည်း ဦးနှင့်တွေ့ပြီး စကားပြောကြည့်ချင်ကြောင်း တောင်းဆိုခဲ့သည်။ မာမီနဲ့သူ့ရဲ့ကြားမှာ  အစစအရာရာ ပွင့်လင်းကြသူမို့ ဘာမှ အထစ်အငေါ့မရှိခဲ့။

"သား မာမီပြန်လာမယ့် ရက်အတိအကျသိရပြီလား"

"ဟုတ်ကဲ့ဖေဖေ။ July7မှာ ပြန်လာမယ်လို့ ပြောတယ်"

"နေဖို့ ထိုင်ဖို့ရောအဆင်ပြေတယ်မလား"

"ဟုတ်ကဲ့ ပြေပါတယ်ဖေဖေ။ တည်းနေကျ ဟိုတယ်မှာပဲ တည်းမယ်လို့ပြောပါတယ်။ Bookingကိုတော့ သားပဲလုပ်ထားပေးဖို့ ပြောတယ်"

မနက်စာ စားဝိုင်းတွင် ဖေဖေနှင့်သူ ပြောမိသည်က မာမီပြန်လာမည့်အကြောင်းနှင့် ဦးနှင့်ပတ်သက်သည့် ကိစ္စများသာ။ တော်သေးသည်။ မေသက်က သဘောထားပြည့်ဝသူမို့သာ။

"သားငယ်"

"ဗျာ ဖေဖေ"

"မောင်ထိန်လင်းအောင်အပေါ်မှာ သိပ်မဆိုးရဘူးနော်။ အလုပ်ကတစ်ဖက်၊ သားက တစ်ဖက်နဲ့။ ကောင်းတဲ့သူကို ထောင်းလို့မရဘူး"

"ဖေဖေကလည်း"

ဦးက ဖေဖေ့ကို ဘာတွေများ
တိုင်တောထားသလား မသိ။ နေပါဦး ဖေဖေကရော သားဘက်က မရပ်တည်ဘဲ မတော်ရသေးသည့် သားမက်ဘက်ကပါနေပြီ။ အင်း အဲ့ဒီ ဦးကလေ ဖေဖေနဲ့မေသက်ကို စည်းရုံးသိမ်းသွင်းတာ မြန်လိုက်တာ။

"ဖေဖေ့ကို ဦးက ဘာတွေ တိုင်ထားလို့လဲ"

"မတိုင်ပါဘူးဗျာ။ ကိုယ့်သားအကြောင်း ကိုယ်သိနေတာပဲ.."

"ဖေဖေကလည်း မသိရင် သားက လူဆိုးကျနေတာပဲ"

"ဟုတ်ပါပြီဗျာ။ ဖေဖေ့သားက မဆိုးပါဘူး။"

"သားငယ် ညစာ မေသက် ဘာချက်ထားပေးရမလဲ"

"မေသက်ကြိုက်တာချက်ပါ။ မေသက်ကြိုက်ရင် သားက အကုန်ကြိုက်ပြီးသား"

"သက့်သားက ကလေးမဟုတ်တော့ဘူးနော်သက်။"

"ဖေဖေကလည်း"

ဖေဖေ့စကားကြောင့် အက္ခရာ့မျက်နှာ ထူပူသွားရသည်။ မကြာခင် အိမ်ထောင်သည်ဖြစ်ရတော့မည်ဆိုသည့် အတွေးကလည်း ငြိမ်သက်နေသည့် ရင်ခုန်သံကို လှုပ်နှိုးလိုက်သလို တဆတ်ဆတ်တုန်လာရသည်။ မကြာခင် ဦးနဲ့ရွှေလက်ဆတ်ကာ နှစ်ယောက်တစ်ဘဝ ထူထောင်ရတော့မည်။

ခဏကြာသည်နှင့် အက္ခရာအပါအဝင် အားလုံး မနက်စာစားဝိုင်းလေးမှ အသီးသီးထွက်ခွါကြသည်။ ဖေဖေက အလုပ်သွားသည်။ မေသက်ကတော့ နေ့လယ်စာအတွက် ချက်ရေးပြုတ်ရေး လုပ်ငန်းစနေပြီ။ အက္ခရာတစ်ယောက်သာ
ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင်ထိုင်ရင်း Social Mediaသုံးကာ ဦးအလာကို စောင့်နေမိသည်။

"မိုးလား လေလား"

"ဆွဲဟေ့ ဆွဲဟ မိုးကွ၊ မိုး။ လေကွ လေ"

ကျေးလက်ဒေသများ၏ ဓလေ့ထုံးတမ်းအရ မိုးခေါ်ပွဲဟူခေါ်သည့် လွန်ဆွဲပေါ်ကို ကြည့်ရင်း အက္ခရာ သဘောကျနေမိသည်။ လွန်ဆွဲခြင်းသည် ယုံကြည်မှုတစ်ခုသာ ဖြစ်စေကာမူ ဓလေ့ထုံးတမ်းတွေအရတော့ ဖီဆန်၍ ရလို့မရပေ။ ထိုမိုးခေါ်ပွဲနှင့် အက္ခရာ မစိမ်းသက်သလို ခံစားနေရသည်။
မြင်စိရှေ့မှာ မမြင်ဖူးပေမယ့် မြင်ခဲ့ဖူးသည့် ခံစားချက်မျိုးရသည်။

ကားစက်ရပ်သံ သဲ့သဲ့။
နောက်ပြီး တံခါးဖွင့်သံ ခပ်တိုးတိုး။
သေချာပါပြီ။ ဦး အိမ်ရှေ့ရောက်နေပြီဆိုတာ။ ဖွင့်ထားသည့်ကြည့်လက်စ ဗီဒီယိုအား စားပွဲပေါ်ခဏ တင်ခဲ့ကာ အိမ်ရှေ့သို့ ထွက်လာခဲ့သည်။

"‌ဆောရီး ကိုယ် နည်းနည်းနောက်ကျသွားတယ်"

ချစ်သူဖြစ်ကတည်းက ရုံးသွားရုံးပြန် စိတ်မချ၍ ကိုယ်တိုင်ကားမောင်းခွင့်မပြုဘဲ အပို့အကြိုကို ဦးကပဲ လုပ်ပေးသည်။ ဒီနေ့လည်း ရုံးသွားဖို့ အိမ်အထိ လာခေါ်တာ နောက်ကျ၍ တောင်းပန်နေသေးသည်။ တကယ်တမ်း အက္ခရာကပဲ အားနာနေရမှာပင်။ အမြဲတမ်းအပို့အကြိုလုပ်နေရ၍ ဦးအတွက် အလုပ်ပိုတစ်ခုဖြစ်နေသောကြောင့်ပင်။

"ဦးကိုစောင့်နေရတာ ပျင်းနေပြီလား"

"ဟင့်အင်း မပျင်းပါဘူး။ You Tubeက Videoကြည့်နေတာနဲ့ ပျင်းချိန်တောင်မရလိုက်ဘူး"

ဦး နံဘေးမှာရပ်ကာ လက်မောင်းကို ခိုတွယ်ကာ ပြောလိုက်သည်။ ဦးက ခပ်ပြုံးပြုံးနှင့် စူးရှသည့်အကြည့်များဖြင့် ကြည့်ကာ သူ့ကို မေးလေသည်။

"ဘယ်လောက်များ စိတ်ဝင်စားဖို့ကောင်းတဲ့
ဗီဒီယိုကြည့်နေလို့ ပျင်းချိန်မရ ရတာလဲ"

"လာ အက္ခရာပြမယ်"

အက္ခရာ ဦးကို ဧည့်ခန်းထဲထိ ဆွဲခေါ်ကာ စားပွဲပေါ်မှာ တင်ထားခဲ့သည့် ဖုန်းအားယူလိုက်သည်။ ပြီးနောက်

"ဒီမှာလေ ကျေးလက်ဓလေ့အရ မိုးခေါ်တာလို့ခေါ်တယ်တဲ့။Commentထဲက လူ တစ်ချို့ကတော့ တချို့အရပ်တွေမှာ လွန်ဆွဲပွဲလို့လည်း ခေါ်ကြတာရှိ‌တယ်တဲ့။ အဲ့ဒီ ဗီဒီယိုကြည့်နေတာ"

စားပွဲပေါ်မှာ တင်ထားသည့် ဖွင့်လက်စ ဗီဒီယိုအား ဦးကို ပြကာ ပြောလိုက်သည်။ ဦး မျက်နှာဟာ ရုတ်ချည်းဆိုသလို သပြေသီးမှည့်ကြီးနှယ် ညိုမဲသွားသည်။

"ချာတိတ်"

ဦး အသံက ခပ်ပြတ်ပြတ်။ စကားသံတို့မှာ ကြင်နာမှုမပါ။ ဒေါသအနည်းငယ် စွက်နေသည်ဟု အက္ခရာထင်မိပါသည်။

"ချာတိတ်ဘာလို့ အဲ့လို အရည်မရအဖတ်မရ ဓလေ့ထုံးတမ်းတွေကို ယုံကြည်ပြီး ကြည့်နေရတာလဲ"

ဦး စကားသံက ခပ်ပြတ်ပြတ်။ သူစိတ်ထင်နေ၍လား သို့မဟုတ် တကယ်ပဲလား မသိ။ ဦးရဲ့အသံဟာ အနည်းငယ်မျှ ခက်ထန်နေသည်။ရုတ်တရက်ပြောလာသည့် ဦးစကားကြောင့် အက္ခရာ အတော်ကြာ ကြောင်ငေးသွားရသည်။ ချက်ချင်းကြီး ဦး ဘာဖြစ်သွားရတာလဲ စဉ်းစားနိုင်စွမ်းမရှိတော့။

"ဦး ဘာဖြစ်နေတာလဲ။ ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ ဦး ကျွန်တော့်ကိုအော်နေတာလား။"

"ဆော ဆောရီး။ ကိုယ်မှားသွားတယ်"

ဦးက သူ့ကို ပျာပျာသလဲ တောင်းပန်သည်။ သူလိုသည်မှာ တောင်းပန်သည့်စကားမဟုတ်ပါ။ ရုတ်တရက်ပြောင်းလဲသွားသည့် ဦးရဲ့စိတ်ကို သိချင်ရုံသာ။ ဘာကြောင့် ဦးက ဒီကိစ္စလေးကို အရေးကြီးခွင်ကျယ်လုပ်ကာ စိတ်တိုနေပါသနည်း။

"ချာတိတ်"

"ဘာလဲ"

"ဟော ဦးကို စိတ်ဆိုးသွားတာလား။ ကိုယ် ချာတိတ်ကို အော်တာမဟုတ်ပါဘူးကွာ။ ကိုယ် သတိလေးတစ်ချက်လွတ်သွားလို့ပါ"

စိတ်ဆိုးနေသည့် လေသံကိုပင် မသိတာလား။ တကယ်ပဲ မသိတာလား။ စိတ်ဆိုးနေတာကို ဆိုးနေပါတယ်ဟု ပြန်ပြောဖို့ကလည်း အခက်သား။

"ချာတိတ် ကိုယ့်ကို စိတ်ဆိုးနေတာလားလို့"

"မဆိုးပါဘူး"

"အင်းပါ မဆိုးဘူးဆိုရင် ပြီးရော"

မဆိုးပါဘူးဆိုတာ စိတ်ဆိုးနေပါတယ်လို့ ဆိုလိုတာ မသိဘူးလား ဦးတိုက်ဂေါရယ်။ ဤသို့နှင့် အက္ခရာသစ်လွင်တစ်ယောက် စိတ်မကောက်လိုက်ရသလို အချောခံရခြင်း ရှိမလာခဲ့ပေ။ တိုက်ဂေါကြီးကို ချစ်သူတော်ထားရတဲ့ သူတော့ ငါးပါးမှောက်ရပါပြီ။

"ဦး"

"‌ဗျာ"

"စောစောက ဘာဖြစ်သွားတာလဲ။ အက္ခရာလည်း ဘာအမှားမှ မလုပ်ထားဘဲနဲ့"

ချာတိတ်သူ့ကို ထိုမေးခွန်းမေးလာမည်ကို။သူသိပါသည်။ သူ့မှာအဖြေမရှိ။ ဖြေလည်းမဖြေချင်။ ထို့ကြောင့် စကားလမ်းကြောင်းကိုသာ အမြန်လွှဲလိုက်ရလေသည်။

"ကိုယ်တို့ နောက်ကျနေပြီ သွားရအောင်လေ"

"ဟုတ်"

လက်ထဲမှာ ဆုပ်ကိုင်ထားသည့် လက်စွပ်ကလေးတော့ ထိန်လင်းအောင် ထုတ်မပေးဖြစ်။ ဘောင်းဘီထဲကိုသာ အသာထိုးထည့်ထားလိုက်ရသည်။ ဒီအချိန်သည် လက်ထပ်လက်စွပ်ပေးဖို့ အချိန်အခါကောင်း ဖြစ်သေးဟန်မတူပေ။ဒီနေ့ ချာတိတ်ကို လက်ထပ် လက်စွပ်နဲ့အတူ လက်ထပ်ခွင့်တောင်းဖို့ သူ စိတ်ကူးထားခဲ့သည်။ ယောက္ခမကြီးနဲ့သာ အဆင်ပြေရင် အဆင်သင့်လက်ထပ်လိုက်ကြရုံသာ။

"ချာတိတ်"

"ဟင်"

"ဘယ်ကိုဝင်ချင်သေးလဲ"

"ဟင့်အင်း ဝင်စရာမရှိပါဘူး"

"ဒါဆို ကိုယ်ကုမ္ပဏီကိုပဲ မောင်းတော့မယ်နော်"

"ဟုတ်"

ကားလေးအား ဂရုတစိုက်မောင်းရင်း ကုမ္ပဏီရှိရာဆီသို့ ထွက်လာခဲ့လိုက်သည်။ ကားစတီယာရင်ကို လက်ဖြင့် ကစားနေရင်းမှ သူ့စိတ်အတွေး‌မှာ အလုပ်လုပ်နေရသည်။ လက်ထပ် လက်စွပ်ကို ဘယ်လို ပြောပြီး ပေးရမလဲဆိုတာ အိမ်ကထွက်လာသည်အထိ မစဉ်းစားခဲ့ရသေး။ ထိုသို့နှင့်ပင် ရုံးရှေ့ ကားပါကင်သို့ ရောက်လာခဲ့ရသည်။

"ချာတိတ် ခဏ"

ကားစက်ရပ်သွားချိန် ကားပေါ်မှ ဆင်းဖို့ပြင်နေသည့် ချာတိတ်ကို ခဏတားလိုက်ရသည်။ ရုံးမှာ ပေးရင် ပိုရှုပ်ကုန်လိမ့်မယ်။ နှစ်ယောက်တည်းရှိနေချိန် လက်ထပ်လက်စွပ်ပေးတာ အကောင်းဆုံးပဲ မဟုတ်လား။ ဟုတ်သည်။ ဦးထိန်လင်းအောင် ဆုံးဖြတ်လိုက်ပါပြီ။ ကားပေါ်မှာပင် ချာတိတ်ကို လက်ထပ်ခွင့်တောင်းဖို့ကိုပေါ့..။

"ဦး ဘာလို့လဲ ပြောလေ"

ကားပေါ်မှ မဆင်းရသေးဘဲ ချာတိတ်က ဘာမှနားမလည်ဟန်ဖြင့် မေးလေသည်။ ထိန်လင်းအောင် ဘောင်းဘီထဲ ထည့်ထားသည့် လက်စွပ်ကလေးအား လက်ဖြင့် ဟိုစမ်း ဒီစမ်း စမ်းရသည်။ ‌တွေ့ပြီ။

"ရော့"

"ဟင် ဘာလဲ"

"ချာတိတ်ကို လက်ထပ်ခွင့်တောင်းတာလေ"

လက်ထပ်လက်စွပ်ကလေးအား ချာတိတ်မျက်စိရှေ့သို့ တိုးပေးရင်း ပြောလိုက်လေသည်။ ချာတိတ်မျက်နှာထက်မှာ ပျော်ရွှင်ရမည့်အစား အနည်းငယ်မျှ ညိုကျသွားသည်ထင့်။ နှုတ်ခမ်းမှာလည်း အနည်းငယ်မျှ ဆူလာဟန်။ ဘုရား ဘုရား။ သူဘာများမှားသွားပါလိမ့်။

"ချာတိတ် ကိုယ် ကိုယ်ဘာမှားသွားလို့လဲ ဘာလို့ မျက်နှာညိုကျသွားရတာလဲကွာ။ ဘာလဲ ဒီလက်စွပ် ဒီဇိုင်းကို မကြိုက်လို့လား။ ကိုယ်ပြန်လဲပေးမယ်လေ။ ဘယ်လိုဟာမျိုးကို သဘောကျလဲ"

"ဦး ပြောတာတွေတစ်ခုမှ မဟုတ်ဘူး"

"ဒါဆို ဘာဖြစ်လို့လဲ။"

"ဘာဖြစ်ရမှာလဲ လက်ထပ်လက်ခွင့်တောင်းတာက Romanticမှမဆန်တာ။ ကိုရီးယားကားတွေထဲ ဦး မကြည့်ဖူးဘူးလား။ လက်ထပ်ခွင့်တောင်းကြတာများ အပြင်က ကြည့်နေတဲ့သူတောင် ကြည်နူးစရာကောင်းတယ်။ တခြားသူတွေ သူတို့ချစ်ရတဲ့သူကို ဘယ်လိုလက်ထပ်ခွင့်တောင်းကြလဲ Googleခေါက်ကြည့်ဦး"

ဘုရား ဘုရား။
လက်ထက်ခွင့်တောင်းဖို့ကို ရင်ခုန်ဖို့ကောင်းအောင် Google မှာရှာကြည့်ရဦးမည့်သဘောပါပင်။ ဒီခေတ်ချာတိတ်တွေ တကယ်မလွယ်ပါလား။

"ဒါဖြင့် ချာတိတ်က ဦးပေးတဲ့ လက်စွပ်ကို လက်မခံနိုင်သေးဘူးပေါ့"

"ဟုတ်တယ်"

"ဟာ ဒါဆို ဘယ်အချိန်ကျမှ လက်ခံမှာလဲ။ ဦးကဖြင့် ယောက္ခမကြီးနဲ့တွေ့ပြီလို့ မီးစိမ်းရင် လက်ထပ်ဖို့တောင် ပြင်ဆင်ပြီးနေပြီ"

"ဒါကတော့ ဦးအပိုင်းပဲ။ အက္ခရာကတော့ လက်မခံနိုင်သေးဘူး"

"ဟောဗျာ ဘယ်အချိန်ထိစောင့်ရဦးမှာလဲ"

"Romantic ဆန်ဆန်နဲ့ ရင်ခုန်ကြည်နူးစရာကောင်းအောင် လက်ထပ်ခွင့်‌တောင်းနိုင်တဲ့ နေ့ကျမှ"

ထိုစကားကို ပြောပြီးနောက် ချာတိတ်တစ်ယောက် ကားပေါ်မှ ကပျာကယာ ဆင်းသွားလေသည်။ ချာတိတ်တစ်ယောက်တော့ စိတ်ဆိုးသွားပြီထင့်။ မတတ်နိုင်ဘူး။ ခဏနေမှ ချာတိတ်ပြောသွားသည့် Romantic ဆိုပါသည်ဆိုသော် လက်ထပ်ခွင့်တောင်းနည်းပါသော Korea Drama Series၏ အမည်ကို မေးရဦးမည်သာ။

ဒီခေတ်ချာတိတ်တွေ သိပ်ခက်ပါလား။
လိုက်မမှီတဲ့ Next Level ကို ရောက်သွားကြချေပြီ။

Zawgyi

မက္ေနက် အိမ္မက္တစ္ခုအား အခါခါျမင္မက္ေနရ၍ စိတ္အေတြးမွာ ထိုအိမ္မက္အေၾကာင္းကို အလြတ္နီးပါးပင္ ရေနေလၿပီ။ ခက္ေတာ့လည္း အခက္သား။ မ်က္စိေရွ႕မွာ အျဖဴအစိမ္းဝတ္ ေက်ာင္းသားႏွစ္ေယာက္ျမင္သည္ႏွင့္ အိမ္မက္ထဲက ေကာင္ေလးႏွစ္ေယာက္ကို ျမင္ေယာင္လာမိသည္။သူငယ္ခ်င္း သို႔မဟုတ္ မည္သို႔ေခါင္းစဥ္တပ္ရမည္မသိေသာ ပတ္သက္မႈအေၾကာင္းကို ေတြးမိသည္က တစ္ဆက္တည္း။ ထိုအိမ္မက္ကို အကၡရာသစ္လြင္ ငယ္ငယ္ကေန အခုခ်ိန္ထိ မၾကာမၾကာ မက္တတ္ပါသည္။ ျဖစ္နိုင္ရင္ ဒီအိမ္မက္ေတြကို ထပ္မမက္ခ်င္ေတာ့ပါ။ အိမ္မက္မက္ၿပီး နိုးထလာရသည့္အခါတိုင္း သူ႕ဝဲဘက္ရင္အုံကပါ နာက်င္လာရေသာေၾကာင့္ပင္ျဖစ္သည္။ ထို အိမ္မက္ႏွင့္သူ ဘယ္လိုမ်ား ပတ္သတ္ေနခဲ့လဲဆိုတာ ဘယ္ေလာက္ပဲစဥ္းစား စဥ္းစား အေျဖက ထြက္မလာခဲ့။

ထိုအိမ္မက္ေတြအေၾကာင္း ေဖေဖႏွင့္ ေမသက္ကို ျပန္ေျပာျပေတာ့လည္း နားေထာင္သူ သက္သက္မွ်သာပင္။ "စိတ္စြဲလန္းလို႔ မက္တာပဲ ျဖစ္မွာပါ"ဟူသည့္ အေျဖစကားျဖင့္သာ ႏွစ္သိမ့္ေပးခံရၿပီး သူ႕အိမ္မက္အေၾကာင္းကို ဂ႐ုမမူၾကေတာ့ေပ။ စိတ္စြဲလန္းမႈေၾကာင့္ျဖစ္တဲ့ အိမ္မက္ဆိုရင္ ဘာေၾကာင့္ ထိုေကာင္ေလးႏွစ္ေယာက္ဟာ သူ႕ အိမ္မက္ထဲ ခဏခဏ ေရာက္ေနရတာလဲ။ထိုေကာင္ေလးႏွစ္ေယာက္ကိုလည္း သူ
မသိ။

"သားငယ္ အိမ္မက္ေတြ ထပ္မက္ေနျပန္ၿပီလား"

အိပ္ယာကုတင္ေပၚတြင္ ငူငူငိုင္ငိုင္ျဖင့္ ထိုင္ကာ အိမ္မက္အေၾကာင္းအား ေတာင္စဥ္ေရမရ စဥ္းစားေနမိသည့္ခဏ အခန္းထဲဝင္လာသည့္ ေမသက္က ဂ႐ုဏာသက္စြာ ၾကည့္ရင္း ေျပာေလသည္။ သူ႕အိမ္မက္ေတြ မက္ၿပီး နိုးထလာရသည့္အခ်ိန္တိုင္း ဝဲဘက္ရင္အုံနာက်င္ၿပီး လူက ႏြမ္းလ်လ်။

"ဟုတ္ ေမသက္။သား ဒီအိမ္မက္ႀကီးကိုအခုခ်ိန္ထိ ထပ္မက္နတယ္။ ဒီအိမ္မက္ေတြကို ဘယ္အခ်ိန္ထိမက္ေနဦးမွာလဲ မသိေတာ့ဘူး။ေနာက္ၿပီး အိမ္မက္ထဲက လူႏွစ္ေယာက္ကေရာ ဘယ္သူေတြလဲ။ သားနဲ႕ေရာ ဘယ္လိုပတ္သတ္ေနသလဲ သိခ်င္မိတယ္"

"ကဲပါ ဒုကၡခံၿပီး စိတ္ရႈပ္ခံစဥ္းစားမေနပါနဲ႕ကြယ္..။ေနာက္အပတ္က်ရင္ ေမသက္တို႔ သြားေနက် ဆရာမႀကီးဆီ သားကို ေခၚသြားေပးမယ္။ ေရွ႕ျဖစ္ေနာက္ျဖစ္ေတြ၊ ေနာက္ ပဌာန္းဆက္ေတြအထိပါ စစ္ေပးနိုင္တဲ့ ဆရာမႀကီးပဲ။ သား အခုမက္မက္ေနတဲ့ အိမ္မက္ေတြနဲ႕ ပတ္သတ္ၿပီး ဆရာမႀကီးကို စစ္ခိုင္းၾကည့္ၾကရေအာင္"

"ဟုတ္လား သား စိတ္ဝင္စားတယ္ ေမသက္"

"ဒါဆို ေရွ႕အပတ္ထဲမွာ ေမသက္တို႔ သြားၾကရေအာင္"

"ဟုတ္ကဲ့ ေမသက္"

ဆရာမႀကီးဆီ ေခၚသြားေပးမည္ဟူသည့္ ေမသက္စကားေၾကာင့္ ေရာဂါတစ္ဝက္ သက္သာသြားသလိုပင္ ခံစားသြားရသည္။ ထိုအိမ္မက္ေတြအေၾကာင္း သိခ်င္ၿပီး အိမ္မက္ထဲက လူသားႏွစ္ေယာက္၏ အလိုဆႏၵေတြကို ျဖည့္ဆည္းေပးခ်င္သည္။

သူ ဒီအိမ္မက္ေတြ ဆက္မမက္လိုေတာ့ပါ။

"ကဲပါ မ်က္ႏွာသစ္ ေရမိုးခ်ိဳးၿပီး ေအာက္ဆင္းလာခဲ့။ အလုပ္သြားရဦးမွာမလား။ေမသက္ breakfastျပင္ထားမယ္ "

"ဟုတ္ကဲ့ ေမသက္"

ေမသက္က ေရမိုးခ်ိဳးၿပီး ေအာက္ကို ဆင္းလာခဲ့ဖို႔ေျပာၿပီး အခန္းထဲက ထြက္သြားသည္။ သူ တစ္ေယာက္တည္းသာ အခန္းထဲ ငူငူငိုင္ငိုင္ႏွင့္ က်န္ေနရစ္ခဲ့ရသည္။

"ဒီေန႕အလုပ္သြားရဦးမည္"ဟူသည့္ အသိတစ္ခ်က္ ေခါင္းထဲဝင္လာသည္ႏွင့္ အိမ္မက္အေၾကာင္းမ်ား စဥ္းစားရန္ အခ်ိန္မေပးနိုင္ေတာ့ေပ။ ေရခ်ိဳးခန္းထဲဝင္ကာ မ်က္ႏွာသစ္ ေရခ်ိဳးရသည္။ ေရခ်ိဳးခန္းထဲမွ ထြက္လာသည္ႏွင့္ အိပ္ယာေပၚမွာ ရွိေနခဲ့သည့္ လက္ကိုင္ဖုန္းေလးရွိရာဆီသို႔ လက္က အလိုလိုေရာက္ႏွင့္ၿပီးသားပင္ျဖစ္သည္။

ဒီအခ်ိန္ဆို ဦးဆီက စာလာေနက်မဟုတ္လား။ထင္ထားသည့္အတိုင္းပင္။ "ခ်ာတိတ္ ကိုယ္လာႀကိဳမယ္ေနာ္ အိမ္ကပဲေစာင့္ေနေနာ္ ခ်စ္တယ္ ခ်ာတိတ္"ဟူသည့္ စာတိုေလးတစ္ေၾကာင္းအား ဖတ္ရင္း အကၡရာ သေဘာတက်ၿပဳံးမိျပန္ပါသည္။ ခ်စ္တယ္ဟူသည့္ စကားဟာ စိတ္ကိုၾကည္ႏူးေစသည္မွာ အမွန္ပင္။ ေပ်ာ္႐ႊင္ရသည္။ ဦးထံမွ "ခ်စ္တယ္"ဟု အေျပာခံရတိုင္း ရိုးအီသြားတယ္ဆိုတာ မရွိခဲ့။ အကၡရာ ေရစိုေနေသာလက္ျဖင့္ စာတိုတစ္ေၾကာင္း ခပ္သြက္သြက္ရိုက္ကာ ဦးဆီသို႔
ပို႔လိုက္သည္။

"ၾကာလိုက္တာ သားရယ္"

ထမင္းစားခန္းထဲဝင္သည္ႏွင့္ ေဖေဖ၏ အသံကို ပထမဦးစြာ စၾကားရပါသည္။ စားပြဲေပၚမွာ တင္ထားသည့္ ေကာ္ဖီခြက္ႏွင့္ ေပါင္မုန႔္မ်ား အရာမယြင္းေသးပုံေထာက္လွ်င္ေတာ့ ေဖေဖႏွင့္ ေမသက္ သူ႕ကို ေစာင့္ေနၾကပုံပင္။ ေစာင့္ေနၾကသည္ဟူသည့္ အသိေၾကာင့္ အားတုံ႕အားနာပင္ ျဖစ္သြားရသည္။

"ေဆာရီး ေဖေဖ။ သား ပိစိေလး ေနာက္က်သြားတယ္"

"မင္းရဲ႕ အခ်ိန္ပိစိေလးက ေဖေဖနဲ႕ မင္း
ေမသက္ကို အူလိမ္ေစတယ္ကြ"

ေဖေဖအေျပာေၾကာင့္ ေမသက္ကပါ ခပ္ဟဟရယ္သည္။သူလည္း သေဘာတက်ရယ္မိပါသည္။ အခ်ိန္ဘယ္ေလာက္ေတာင္ ၾကာသြားခဲ့ပါလိမ့္။

"သားငယ္"

"ဗ်ာ"

"မင္း မာမီကို ေမာင္ထိန္လင္းေအာင္နဲ႕အေၾကာင္း ေျပာျပၿပီးၿပီလား"

"ဟုတ္ကဲ့ ေဖေဖ။ ညကပဲ ေျပာထားပါတယ္"

ညက မာမီႏွင့္ Chatting ထိုင္ရင္း စကားေတြအမ်ားႀကီး ေျပာျဖစ္ခဲ့ၾကသည္။ခ်စ္ရသူရွိေနၿပီျဖစ္ေၾကာင္းကိုလည္း မာမီအား ဖြင့္ေျပာျပခဲ့လိုက္သည္။ ပထမေတာ့ မာမီ အံ့ဩဟန္ျဖစ္သြားသည္။ ၿပီးမွ "အင္းေလ သီးခ်ိန္တန္သီး ပြင့္ခ်ိန္တန္ပြင့္တာ ဓမၼတာေပါ့"ဟူသည့္ စကားကို ခပ္ေလးေလးေျပာရင္း လက္ခံေၾကာင္းေျပာခဲ့သည္။ မာမီဘက္ကလည္း ဦးႏွင့္ေတြ႕ၿပီး စကားေျပာၾကည့္ခ်င္ေၾကာင္း ေတာင္းဆိုခဲ့သည္။ မာမီနဲ႕သူ႕ရဲ႕ၾကားမွာ အစစအရာရာ ပြင့္လင္းၾကသူမို႔ ဘာမွ အထစ္အေငါ့မရွိခဲ့။

"သား မာမီျပန္လာမယ့္ ရက္အတိအက်သိရၿပီလား"

"ဟုတ္ကဲ့ေဖေဖ။ July7မွာ ျပန္လာမယ္လို႔ ေျပာတယ္"

"ေနဖို႔ ထိုင္ဖို႔ေရာအဆင္ေျပတယ္မလား"

"ဟုတ္ကဲ့ ေျပပါတယ္ေဖေဖ။ တည္းေနက် ဟိုတယ္မွာပဲ တည္းမယ္လို႔ေျပာပါတယ္။ Bookingကိုေတာ့ သားပဲလုပ္ထားေပးဖို႔ ေျပာတယ္"

မနက္စာ စားဝိုင္းတြင္ ေဖေဖႏွင့္သူ ေျပာမိသည္က မာမီျပန္လာမည့္အေၾကာင္းႏွင့္ ဦးႏွင့္ပတ္သက္သည့္ ကိစၥမ်ားသာ။ ေတာ္ေသးသည္။ ေမသက္က သေဘာထားျပည့္ဝသူမို႔သာ။

"သားငယ္"

"ဗ်ာ ေဖေဖ"

"ေမာင္ထိန္လင္းေအာင္အေပၚမွာ သိပ္မဆိုးရဘူးေနာ္။ အလုပ္ကတစ္ဖက္၊ သားက တစ္ဖက္နဲ႕။ ေကာင္းတဲ့သူကို ေထာင္းလို႔မရဘူး"

"ေဖေဖကလည္း"

ဦးက ေဖေဖ့ကို ဘာေတြမ်ား
တိုင္ေတာထားသလား မသိ။ ေနပါဦး ေဖေဖကေရာ သားဘက္က မရပ္တည္ဘဲ မေတာ္ရေသးသည့္ သားမက္ဘက္ကပါေနၿပီ။ အင္း အဲ့ဒီ ဦးကေလ ေဖေဖနဲ႕ေမသက္ကို စည္း႐ုံးသိမ္းသြင္းတာ ျမန္လိုက္တာ။

"ေဖေဖ့ကို ဦးက ဘာေတြ တိုင္ထားလို႔လဲ"

"မတိုင္ပါဘူးဗ်ာ။ ကိုယ့္သားအေၾကာင္း ကိုယ္သိေနတာပဲ.."

"ေဖေဖကလည္း မသိရင္ သားက လူဆိုးက်ေနတာပဲ"

"ဟုတ္ပါၿပီဗ်ာ။ ေဖေဖ့သားက မဆိုးပါဘူး။"

"သားငယ္ ညစာ ေမသက္ ဘာခ်က္ထားေပးရမလဲ"

"ေမသက္ႀကိဳက္တာခ်က္ပါ။ ေမသက္ႀကိဳက္ရင္ သားက အကုန္ႀကိဳက္ၿပီးသား"

"သက့္သားက ကေလးမဟုတ္ေတာ့ဘူးေနာ္သက္။"

"ေဖေဖကလည္း"

ေဖေဖ့စကားေၾကာင့္ အကၡရာ့မ်က္ႏွာ ထူပူသြားရသည္။ မၾကာခင္ အိမ္ေထာင္သည္ျဖစ္ရေတာ့မည္ဆိုသည့္ အေတြးကလည္း ၿငိမ္သက္ေနသည့္ ရင္ခုန္သံကို လႈပ္ႏွိုးလိုက္သလို တဆတ္ဆတ္တုန္လာရသည္။ မၾကာခင္ ဦးနဲ႕ေ႐ႊလက္ဆတ္ကာ ႏွစ္ေယာက္တစ္ဘဝ ထူေထာင္ရေတာ့မည္။

ခဏၾကာသည္ႏွင့္ အကၡရာအပါအဝင္ အားလုံး မနက္စာစားဝိုင္းေလးမွ အသီးသီးထြက္ခြါၾကသည္။ ေဖေဖက အလုပ္သြားသည္။ ေမသက္ကေတာ့ ေန႕လယ္စာအတြက္ ခ်က္ေရးျပဳတ္ေရး လုပ္ငန္းစေနၿပီ။ အကၡရာတစ္ေယာက္သာ
ဧည့္ခန္းထဲရွိ ဆိုဖာေပၚတြင္ထိုင္ရင္း Social Mediaသုံးကာ ဦးအလာကို ေစာင့္ေနမိသည္။

"မိုးလား ေလလား"

"ဆြဲေဟ့ ဆြဲဟ မိုးကြ၊ မိုး။ ေလကြ ေလ"

ေက်းလက္ေဒသမ်ား၏ ဓေလ့ထုံးတမ္းအရ မိုးေခၚပြဲဟူေခၚသည့္ လြန္ဆြဲေပၚကို ၾကည့္ရင္း အကၡရာ သေဘာက်ေနမိသည္။ လြန္ဆြဲျခင္းသည္ ယုံၾကည္မႈတစ္ခုသာ ျဖစ္ေစကာမူ ဓေလ့ထုံးတမ္းေတြအရေတာ့ ဖီဆန္၍ ရလို႔မရေပ။ ထိုမိုးေခၚပြဲႏွင့္ အကၡရာ မစိမ္းသက္သလို ခံစားေနရသည္။
ျမင္စိေရွ႕မွာ မျမင္ဖူးေပမယ့္ ျမင္ခဲ့ဖူးသည့္ ခံစားခ်က္မ်ိဳးရသည္။

ကားစက္ရပ္သံ သဲ့သဲ့။
ေနာက္ၿပီး တံခါးဖြင့္သံ ခပ္တိုးတိုး။
ေသခ်ာပါၿပီ။ ဦး အိမ္ေရွ႕ေရာက္ေနၿပီဆိုတာ။ ဖြင့္ထားသည့္ၾကည့္လက္စ ဗီဒီယိုအား စားပြဲေပၚခဏ တင္ခဲ့ကာ အိမ္ေရွ႕သို႔ ထြက္လာခဲ့သည္။

"ေဆာရီး ကိုယ္ နည္းနည္းေနာက္က်သြားတယ္"

ခ်စ္သူျဖစ္ကတည္းက ႐ုံးသြား႐ုံးျပန္ စိတ္မခ်၍ ကိုယ္တိုင္ကားေမာင္းခြင့္မျပဳဘဲ အပို႔အႀကိဳကို ဦးကပဲ လုပ္ေပးသည္။ ဒီေန႕လည္း ႐ုံးသြားဖို႔ အိမ္အထိ လာေခၚတာ ေနာက္က်၍ ေတာင္းပန္ေနေသးသည္။ တကယ္တမ္း အကၡရာကပဲ အားနာေနရမွာပင္။ အၿမဲတမ္းအပို႔အႀကိဳလုပ္ေနရ၍ ဦးအတြက္ အလုပ္ပိုတစ္ခုျဖစ္ေနေသာေၾကာင့္ပင္။

"ဦးကိုေစာင့္ေနရတာ ပ်င္းေနၿပီလား"

"ဟင့္အင္း မပ်င္းပါဘူး။ You Tubeက Videoၾကည့္ေနတာနဲ႕ ပ်င္းခ်ိန္ေတာင္မရလိုက္ဘူး"

ဦး နံေဘးမွာရပ္ကာ လက္ေမာင္းကို ခိုတြယ္ကာ ေျပာလိုက္သည္။ ဦးက ခပ္ၿပဳံးၿပဳံးႏွင့္ စူးရွသည့္အၾကည့္မ်ားျဖင့္ ၾကည့္ကာ သူ႕ကို ေမးေလသည္။

"ဘယ္ေလာက္မ်ား စိတ္ဝင္စားဖို႔ေကာင္းတဲ့
ဗီဒီယိုၾကည့္ေနလို႔ ပ်င္းခ်ိန္မရ ရတာလဲ"

"လာ အကၡရာျပမယ္"

အကၡရာ ဦးကို ဧည့္ခန္းထဲထိ ဆြဲေခၚကာ စားပြဲေပၚမွာ တင္ထားခဲ့သည့္ ဖုန္းအားယူလိုက္သည္။ ၿပီးေနာက္

"ဒီမွာေလ ေက်းလက္ဓေလ့အရ မိုးေခၚတာလို႔ေခၚတယ္တဲ့။Commentထဲက လူ တစ္ခ်ိဳ႕ကေတာ့ တခ်ိဳ႕အရပ္ေတြမွာ လြန္ဆြဲပြဲလို႔လည္း ေခၚၾကတာရွိတယ္တဲ့။ အဲ့ဒီ ဗီဒီယိုၾကည့္ေနတာ"

စားပြဲေပၚမွာ တင္ထားသည့္ ဖြင့္လက္စ ဗီဒီယိုအား ဦးကို ျပကာ ေျပာလိုက္သည္။ ဦး မ်က္ႏွာဟာ ႐ုတ္ခ်ည္းဆိုသလို သေျပသီးမွည့္ႀကီးႏွယ္ ညိုမဲသြားသည္။

"ခ်ာတိတ္"

ဦး အသံက ခပ္ျပတ္ျပတ္။ စကားသံတို႔မွာ ၾကင္နာမႈမပါ။ ေဒါသအနည္းငယ္ စြက္ေနသည္ဟု အကၡရာထင္မိပါသည္။

"ခ်ာတိတ္ဘာလို႔ အဲ့လို အရည္မရအဖတ္မရ ဓေလ့ထုံးတမ္းေတြကို ယုံၾကည္ၿပီး ၾကည့္ေနရတာလဲ"

ဦး စကားသံက ခပ္ျပတ္ျပတ္။ သူစိတ္ထင္ေန၍လား သို႔မဟုတ္ တကယ္ပဲလား မသိ။ ဦးရဲ႕အသံဟာ အနည္းငယ္မွ် ခက္ထန္ေနသည္။႐ုတ္တရက္ေျပာလာသည့္ ဦးစကားေၾကာင့္ အကၡရာ အေတာ္ၾကာ ေၾကာင္ေငးသြားရသည္။ ခ်က္ခ်င္းႀကီး ဦး ဘာျဖစ္သြားရတာလဲ စဥ္းစားနိုင္စြမ္းမရွိေတာ့။

"ဦး ဘာျဖစ္ေနတာလဲ။ ဘာမဟုတ္တဲ့ ကိစၥေလးနဲ႕ ဦး ကြၽန္ေတာ့္ကိုေအာ္ေနတာလား။"

"ေဆာ ေဆာရီး။ ကိုယ္မွားသြားတယ္"

ဦးက သူ႕ကို ပ်ာပ်ာသလဲ ေတာင္းပန္သည္။ သူလိုသည္မွာ ေတာင္းပန္သည့္စကားမဟုတ္ပါ။ ႐ုတ္တရက္ေျပာင္းလဲသြားသည့္ ဦးရဲ႕စိတ္ကို သိခ်င္႐ုံသာ။ ဘာေၾကာင့္ ဦးက ဒီကိစၥေလးကို အေရးႀကီးခြင္က်ယ္လုပ္ကာ စိတ္တိုေနပါသနည္း။

"ခ်ာတိတ္"

"ဘာလဲ"

"ေဟာ ဦးကို စိတ္ဆိုးသြားတာလား။ ကိုယ္ ခ်ာတိတ္ကို ေအာ္တာမဟုတ္ပါဘူးကြာ။ ကိုယ္ သတိေလးတစ္ခ်က္လြတ္သြားလို႔ပါ"

စိတ္ဆိုးေနသည့္ ေလသံကိုပင္ မသိတာလား။ တကယ္ပဲ မသိတာလား။ စိတ္ဆိုးေနတာကို ဆိုးေနပါတယ္ဟု ျပန္ေျပာဖို႔ကလည္း အခက္သား။

"ခ်ာတိတ္ ကိုယ့္ကို စိတ္ဆိုးေနတာလားလို႔"

"မဆိုးပါဘူး"

"အင္းပါ မဆိုးဘူးဆိုရင္ ၿပီးေရာ"

မဆိုးပါဘူးဆိုတာ စိတ္ဆိုးေနပါတယ္လို႔ ဆိုလိုတာ မသိဘူးလား ဦးတိုက္ေဂါရယ္။ ဤသို႔ႏွင့္ အကၡရာသစ္လြင္တစ္ေယာက္ စိတ္မေကာက္လိုက္ရသလို အေခ်ာခံရျခင္း ရွိမလာခဲ့ေပ။ တိုက္ေဂါႀကီးကို ခ်စ္သူေတာ္ထားရတဲ့ သူေတာ့ ငါးပါးေမွာက္ရပါၿပီ။

"ဦး"

"ဗ်ာ"

"ေစာေစာက ဘာျဖစ္သြားတာလဲ။ အကၡရာလည္း ဘာအမွားမွ မလုပ္ထားဘဲနဲ႕"

ခ်ာတိတ္သူ႕ကို ထိုေမးခြန္းေမးလာမည္ကို။သူသိပါသည္။ သူ႕မွာအေျဖမရွိ။ ေျဖလည္းမေျဖခ်င္။ ထို႔ေၾကာင့္ စကားလမ္းေၾကာင္းကိုသာ အျမန္လႊဲလိုက္ရေလသည္။

"ကိုယ္တို႔ ေနာက္က်ေနၿပီ သြားရေအာင္ေလ"

"ဟုတ္"

လက္ထဲမွာ ဆုပ္ကိုင္ထားသည့္ လက္စြပ္ကေလးေတာ့ ထိန္လင္းေအာင္ ထုတ္မေပးျဖစ္။ ေဘာင္းဘီထဲကိုသာ အသာထိုးထည့္ထားလိုက္ရသည္။ ဒီအခ်ိန္သည္ လက္ထပ္လက္စြပ္ေပးဖို႔ အခ်ိန္အခါေကာင္း ျဖစ္ေသးဟန္မတူေပ။ဒီေန႕ ခ်ာတိတ္ကို လက္ထပ္ လက္စြပ္နဲ႕အတူ လက္ထပ္ခြင့္ေတာင္းဖို႔ သူ စိတ္ကူးထားခဲ့သည္။ ေယာကၡမႀကီးနဲ႕သာ အဆင္ေျပရင္ အဆင္သင့္လက္ထပ္လိုက္ၾက႐ုံသာ။

"ခ်ာတိတ္"

"ဟင္"

"ဘယ္ကိုဝင္ခ်င္ေသးလဲ"

"ဟင့္အင္း ဝင္စရာမရွိပါဘူး"

"ဒါဆို ကိုယ္ကုမၸဏီကိုပဲ ေမာင္းေတာ့မယ္ေနာ္"

"ဟုတ္"

ကားေလးအား ဂ႐ုတစိုက္ေမာင္းရင္း ကုမၸဏီရွိရာဆီသို႔ ထြက္လာခဲ့လိုက္သည္။ ကားစတီယာရင္ကို လက္ျဖင့္ ကစားေနရင္းမွ သူ႕စိတ္အေတြးမွာ အလုပ္လုပ္ေနရသည္။ လက္ထပ္ လက္စြပ္ကို ဘယ္လို ေျပာၿပီး ေပးရမလဲဆိုတာ အိမ္ကထြက္လာသည္အထိ မစဥ္းစားခဲ့ရေသး။ ထိုသို႔ႏွင့္ပင္ ႐ုံးေရွ႕ ကားပါကင္သို႔ ေရာက္လာခဲ့ရသည္။

"ခ်ာတိတ္ ခဏ"

ကားစက္ရပ္သြားခ်ိန္ ကားေပၚမွ ဆင္းဖို႔ျပင္ေနသည့္ ခ်ာတိတ္ကို ခဏတားလိုက္ရသည္။ ႐ုံးမွာ ေပးရင္ ပိုရႈပ္ကုန္လိမ့္မယ္။ ႏွစ္ေယာက္တည္းရွိေနခ်ိန္ လက္ထပ္လက္စြပ္ေပးတာ အေကာင္းဆုံးပဲ မဟုတ္လား။ ဟုတ္သည္။ ဦးထိန္လင္းေအာင္ ဆုံးျဖတ္လိုက္ပါၿပီ။ ကားေပၚမွာပင္ ခ်ာတိတ္ကို လက္ထပ္ခြင့္ေတာင္းဖို႔ကိုေပါ့..။

"ဦး ဘာလို႔လဲ ေျပာေလ"

ကားေပၚမွ မဆင္းရေသးဘဲ ခ်ာတိတ္က ဘာမွနားမလည္ဟန္ျဖင့္ ေမးေလသည္။ ထိန္လင္းေအာင္ ေဘာင္းဘီထဲ ထည့္ထားသည့္ လက္စြပ္ကေလးအား လက္ျဖင့္ ဟိုစမ္း ဒီစမ္း စမ္းရသည္။ ေတြ႕ၿပီ။

"ေရာ့"

"ဟင္ ဘာလဲ"

"ခ်ာတိတ္ကို လက္ထပ္ခြင့္ေတာင္းတာေလ"

လက္ထပ္လက္စြပ္ကေလးအား ခ်ာတိတ္မ်က္စိေရွ႕သို႔ တိုးေပးရင္း ေျပာလိုက္ေလသည္။ ခ်ာတိတ္မ်က္ႏွာထက္မွာ ေပ်ာ္႐ႊင္ရမည့္အစား အနည္းငယ္မွ် ညိုက်သြားသည္ထင့္။ ႏႈတ္ခမ္းမွာလည္း အနည္းငယ္မွ် ဆူလာဟန္။ ဘုရား ဘုရား။ သူဘာမ်ားမွားသြားပါလိမ့္။

"ခ်ာတိတ္ ကိုယ္ ကိုယ္ဘာမွားသြားလို႔လဲ ဘာလို႔ မ်က္ႏွာညိုက်သြားရတာလဲကြာ။ ဘာလဲ ဒီလက္စြပ္ ဒီဇိုင္းကို မႀကိဳက္လို႔လား။ ကိုယ္ျပန္လဲေပးမယ္ေလ။ ဘယ္လိုဟာမ်ိဳးကို သေဘာက်လဲ"

"ဦး ေျပာတာေတြတစ္ခုမွ မဟုတ္ဘူး"

"ဒါဆို ဘာျဖစ္လို႔လဲ။"

"ဘာျဖစ္ရမွာလဲ လက္ထပ္လက္ခြင့္ေတာင္းတာက Romanticမွမဆန္တာ။ ကိုရီးယားကားေတြထဲ ဦး မၾကည့္ဖူးဘူးလား။ လက္ထပ္ခြင့္ေတာင္းၾကတာမ်ား အျပင္က ၾကည့္ေနတဲ့သူေတာင္ ၾကည္ႏူးစရာေကာင္းတယ္။ တျခားသူေတြ သူတို႔ခ်စ္ရတဲ့သူကို ဘယ္လိုလက္ထပ္ခြင့္ေတာင္းၾကလဲ Googleေခါက္ၾကည့္ဦး"

ဘုရား ဘုရား။
လက္ထက္ခြင့္ေတာင္းဖို႔ကို ရင္ခုန္ဖို႔ေကာင္းေအာင္ Google မွာရွာၾကည့္ရဦးမည့္သေဘာပါပင္။ ဒီေခတ္ခ်ာတိတ္ေတြ တကယ္မလြယ္ပါလား။

"ဒါျဖင့္ ခ်ာတိတ္က ဦးေပးတဲ့ လက္စြပ္ကို လက္မခံနိုင္ေသးဘူးေပါ့"

"ဟုတ္တယ္"

"ဟာ ဒါဆို ဘယ္အခ်ိန္က်မွ လက္ခံမွာလဲ။ ဦးကျဖင့္ ေယာကၡမႀကီးနဲ႕ေတြ႕ၿပီလို႔ မီးစိမ္းရင္ လက္ထပ္ဖို႔ေတာင္ ျပင္ဆင္ၿပီးေနၿပီ"

"ဒါကေတာ့ ဦးအပိုင္းပဲ။ အကၡရာကေတာ့ လက္မခံနိုင္ေသးဘူး"

"ေဟာဗ်ာ ဘယ္အခ်ိန္ထိေစာင့္ရဦးမွာလဲ"

"Romantic ဆန္ဆန္နဲ႕ ရင္ခုန္ၾကည္ႏူးစရာေကာင္းေအာင္ လက္ထပ္ခြင့္ေတာင္းနိုင္တဲ့ ေန႕က်မွ"

ထိုစကားကို ေျပာၿပီးေနာက္ ခ်ာတိတ္တစ္ေယာက္ ကားေပၚမွ ကပ်ာကယာ ဆင္းသြားေလသည္။ ခ်ာတိတ္တစ္ေယာက္ေတာ့ စိတ္ဆိုးသြားၿပီထင့္။ မတတ္နိုင္ဘူး။ ခဏေနမွ ခ်ာတိတ္ေျပာသြားသည့္ Romantic ဆိုပါသည္ဆိုေသာ္ လက္ထပ္ခြင့္ေတာင္းနည္းပါေသာ Korea Drama Series၏ အမည္ကို ေမးရဦးမည္သာ။

ဒီေခတ္ခ်ာတိတ္ေတြ သိပ္ခက္ပါလား။
လိုက္မမွီတဲ့ Next Level ကို ေရာက္သြားၾကေခ်ၿပီ။

Continue Reading

You'll Also Like

578K 36.4K 61
ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့...
242K 12.9K 80
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
367K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.7M 69.9K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...