Unicode
အရှေ့ရပ်က နေရောင်ခြည်တောင်ထွက်မလာသေးသော်လည်း မျက်လုံးနှစ်လုံးကပွင့်နေပြီဖြစ်သည်။ ကျောင်းသားတွေကို စာသင်ရတာအရမ်းကြီးမပင်ပန်းပေမဲ့ အနည်းနဲ့အများတော့ Pressureရှိသည်။ Jungkookဒီဆိုးလ်ကကျောင်းကို ပြောင်းလာတော့ Busanမှာအမေကိုတစ်ယောက်တည်းထားခဲ့ရတယ်။ အစကတော့ အမေ့ကိုစိတ်မချပေမဲ့ အမေကအဆင်ပြေပါတယ်လို့ ပြောလာတော့လည်း အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်ပြောင်းလာခဲ့သည်။
ဆိုးလ်ကိုရောက်လာတာ ခုဆို၂လနီးပါးတောင်ရှိနေပြီ။ သူငယ်ချင်းအိမ်မှာတည်းနေရတော့ အားနာစရာကြီးပေမဲ့ မသက်သာဘူးလေ။ နောက်နှစ်မှ ကိုယ့်ဘာသာအိမ်ငှားဖို့နေရာရှာရမှာပဲ။ မပြေတာဆိုလို့ ဟိုကလေးKim Taehyungပဲရှိသည်။ ပင်ကိုယ်ဉာဏ်လေးက ကောင်းရဲ့သားနဲ့လူက ပေါတောတောအရမ်းလုပ်နေတာ။ ကိုယ့်သူငယ်ချင်းသားမလို့ ကျောင်းမှာလည်း သူ့အကြောင်းစုံစမ်းပြီးဂရုစိုက်ရသေးတယ်။ ကိစ္စတစ်ခုခုမကောင်းတာဖြစ်လာရင် မျက်နှာပျက်ရမှာက ကိုယ်နဲ့ကိုယ့်သူငယ်ချင်းလေ။ မျောက်လောင်းKim Taehyungကတော့ သူ့ဘာသာပြဿနာတွေရှာပြီးရင်းရှာ ပြီးကျရင် မသိသလိုနေနေတော့တာပဲ။
မျက်လုံးကိုမှိတ်ပြီးပြန်အိပ်ဖိူ့ကြိုးစားကြည့်သော်လည်း မျက်လုံးကကြောင်နေပြီး ပြန်အိပ်လို့ကိုမရတော့ပေ။ စားပွဲပေါ်ကနာရီကိုကြည့်လိုက်တော့ မနက်၄နာရီခွဲသာရှိသေးတယ်။ ရေဆာနေသလိုဖြစ်နေတာမလို့ ရေထသောက်ဖို့ မီးဖိုချောင်ကိုထွက်လာလိုက်သည်။
အခန်းတံခါးလှပ်ပြီး ထွက်လာရုံတံခါးဝမှာပဲရှိသေးရုံနဲ့ မီးဖိုချောင်ထဲက တကျွတ်ကျွတ်အသံတွေကြားနေရသည်။ ခုလို မနက်စောစောစီးစီးတစ်အိမ်လုံးအိပ်နေကြတဲ့အချိန်ကြီး မီးဖိုချောင်ထဲက အသံကြားနေရသည်က ပုံမှန်မဟုတ်သည့်ကိစ္စရပ်ပင်။ ကြောင်တို့ ခွေးတို့ မွေးထားတာလည်းမဟုတ်တော့ သူခိုးများဝင်နေတာလား။
အနီးနားက ထီးတစ်ချောင်းကိုယူပြီးခြေသံလုံလုံနဲ့မီးဖိုချောင်သို့ လျှောက်လာလိုက်သည်။ မီးဖိူချောင်နံရံနားကပ်ပြီး အခန်းထဲကိုလှမ်းကြည့်လိုက်တော့ ရေခဲသေတ္တာတံခါးကပွင့်နေပြီး ကုန်းကွကွနဲ့ပစ္စည်းတွေယူနေသည့် လူတစ်ယောက်။ သေချာပေါက် သူခိုးဆိုတာသေချာနေပြီ။ ကိုယ့်သူငယ်ချင်းအိမ်ဆိုတော့လည်း ကိုယ့်အိမ်လိုစောင့်ရှောက်ရမှာတာဝန်ရှိတယ်လေ။
အနောက်ကနေ ဖြည်းဖြည်းချင်းကပ်သွားလိုက်ပြီး သူခိုးရဲ့အနောက်မှာရပ်လိုက်သည်။ သူခိုးက ခိူးတာအရမ်းဇာန်ဝင်နေပုံပင်။ သူရောက်နေတာတောင်လုံးဝကိုမသိတာ။
"ဖြောင်း"
အနောက်ကနေ ထီးရိုးနဲ့ခပ်နာနာပိတ်ရိုက်ပစ်လိုက်သည်။
"အာ့ အာ့ ဘယ်သူရိုက်တာလဲငါကို"
ဟင် ဒီအသံ ဒီအသံက ဟိုမျောက်လောင်းအသံနဲ့တူနေတာမလား။ ရေခဲသေတ္တာထဲခေါင်းအပ်နေရာက လှည့်လာတဲ့သူခိုးကောင်ာနောက်စေ့ကိုလက်နဲ့ကိုင်ထားပုံရအတော်အနာထိသွားပုံပဲ။ သေချာရုပ်ကိုမြင်ရတော့ သေချာပေါက် Kim Taehyungပင်။ ပါးစပ်မှာလည်း မုန်ြအကြွင်းအကျန်တွေပေကျန်နေပြီး ဆံပင်ကငှက်သိုက်ကြီးလို ရှုတ်ပွနေတာပင်။ ရုပ်ကလည်းအတော်လေးနာသွားမှန်းသိသာအောင်ကို ဘီးလူးသံပုရာသီးကိုက်သလို ရှုံ့မဲ့နေသည်။
Taehyung ညက ညစာထမင်းတောင်မစားဘဲ ဂိမ်းထိူင်ဆော့နေရင်း အိပ်ချင်လာ၍တန်းအိပ်လိုက်တယ်။ အစကအိပ်ယာမဝင်ခင်ထမင်းစားလိုက်ရင်ကောင်းမလားလို့ တွေးခဲ့မိပေမဲ့ အိပ်ချင်နေတာရော အောက်ထပ်မီးဖိုချောင်သွားရမှာပျင်းတာရာ ပေါင်းပြီး တန်းအိပ်ပစ်လိုက်ခြင်းဖြစ်သည်။
ညစာမစားမိတဲ့ပြစ်ဒဏ် ညသန်းခေါင်ကျော်မှာစခံစားရတော့တာပဲ။ ဗိုက်ထဲက တဂွီဂွီမြည်သံကဆက်မအိပ်နိုင်တော့အောင်ကို အော်မြည်နေတော့သည်။ မျက်လုံးကိုဇွတ်အတင်းမှိတ်ပြီး ဆက်အိပ်ဖို့ကြိုးစားပေမဲ့ ဗိုက်ထဲသံစုံတီးဝိူင်းကို သည်းမခံနိုင်တော့တာမလို့ အိပ်ယာကကုန်းရုန်းထလာပြီး မီးဖိုချောင်ကိုတန်းနေအောင်ပြေးရသည်။
မီးဖိုချောင်ထဲမှာ ဟိုဟိုဒီဒီစားစရာရှာနေပေမဲ့ ညကအကုန်စားစရာပြောင်သွားတယ်ထင်တယ် ဘာစားစရာမှကိုမတွေ့ပါ။ နောက်ဆုံးပစ်မှတ်ဖြစ်တဲ့ရေခဲသေတ္တာကို လှပ်ကြည့်လိုက်တော့မှ ကိတ်မုန့်ကိုတွေ့လိုက်ရသည်။ ဗိုက်ဆာနေလွန်းလို့ ကိတ်မုန့်ကို ရေခဲသေတ္တာထဲကတောင်မထုတ်အားတော့ဘဲ စားနေလိုက်တယ်။ စားနေရင်းအနောက်ကခြေသံတချွတ်ချွတ်ကြားလိုက်ပေမဲ့ အကောင်တစ်ကောင်ထင်ပြီး လှည့်တောင်မကြည့်အား ဆက်ပြီးစားနေလိုက်တယ်။
"ဖြောင်း"
အနောက်ကနေ ဖြောင်းခနဲဆိုတဲ့အသံနဲ့အတူ နောက်စေ့ကနေ့ခံစားလိုက်ရတဲ့နာကျင်မှု။
"အာ့ အာ့ ငါ့ကိုဘယ်သူရိုက်တာလဲ"
ပြောလည်းပြော အနောက်ကိုလည်းလှည့်ကြည့်လိုက်တော့ မြင်လိုက်ရတာက ဆရာJungkookဖြစ်သည်။ သေချာတယ် ဒီဆရာငါ့ကိုချောင်းရ်ိုက်တာပဲ။ လက်ထဲမှာကိုင်ထားတဲ့ ထီးကိုကြည့်လိုက်တာနဲ့ ကိုယ့်ကိုထီးရိုးနဲ့ပိတ်ရိုက်လိုက်မှန်းတန်းသိလိုသည်။ ဘယ်လောက်အားကြီးနဲ့များရိုက်လိုက်တာတုန်းမသိပေ အရိုက်ခံရတော့ ကိုယ်ကတော့ ထူပူသွားတာပဲ။
"ကြောက်ဖို့ကောင်းလိုက်တာ ဆရာက တပည့်ကိုချောင်းရိုက်တာတဲ့ဗျို့!!!လာ ကြည့် အွတ် ဝူးဝူး အွတ်"
အသံဲဗြဲကြီးနဲ့ ဆယ်အိမ်ကြားရှစ်အိမ်ကြားအောင် အော်ပြောနေတဲ့ မျက်နှာရူးမျောက်လောင်းကောင်ကြောင့် ပါးစပ်ကိုလက်နဲ့အမြန်ပိတ်လိုက်ရတယ်။ မဟုတ်ရင် ကိုယ်ကပဲသူ့ကိုချောင်းရိုက်ပါတယ်ဆိုပြီး လူကြမ်းကြီးဖြစ်အောင် ဇာတ်သွင်းခံရအုံးမယ်။ အသံအောင်ချက်ကတော့ စကြာဝဠာတစ်ခုလုံးမကြားသွားတာ ကံကောင်းလို့ပင်။
"ရှူး တိုးတိုးနေ ဒါလူအိပ်ချိန်လေ "
"ဝွန်း ဝူး ဝူး ဝူး အွတ်"
အုပ်ထားတဲ့လက်အောက်ကနေ ဘာတွေပြောလို့ပြောမှန်းမသိ တဝူးဝူးနဲ့ အော်နေသည်။ ပါးစပ်ကိုအုပ်ထားတာတောင် တဝူးဝူးနဲ့ ပြောနေတာ နားကိုမနားပေ။
"ပါးစပ်အုပ်ထားတာကို လွှတ်ပေးမယ် အေးအေးဆေးဆေးပြောကြမလား"
"ဝူး ဝူး ဝူး "
"ဟာ ဘာပြောနေတာလဲ ပြောမှာလားမပြောဘူးလား ပြောမယ်ဆိူခေါင်းငြိမ့် မပြောဘူးဆိူ ခေါင်းခါ"
သူလည်းပြောလိုက်ရော ပုတ်သင်ညိုလို ခေါင်းပြုတ်ခန့်မှန်းဇွတ်တွေကိုခေါင်းငြိမ့်တော့သည်။ လက်ကို ပါးစပ်ကဖယ်ပေးလိုက်တော့ လက်ဖဝါးမှာ တံတွေးတွေအများကြီးပေနေသည်။
"ဟာ ရွံစရာကြီးကွာ တံတွေးတွေ"
"ပါးစပ်ကို ပိတ်ထားမှတော့ တံတွေးကပ်မှာပေါ့ ဆရာဖြစ်ပြီးဒါလေးတောင် မသိဘူးလား"
မြင်လား ဖြေပုံကိုက အချိုးမလာတာ။ ဆရာကို ဆရာမှန်းမသိ လေးစားမှုလည်းမရှိတာပေ။ တကယ့်ကိုအချိုးမပြေတဲ့ကျောင်းသားပင်။ Kim Taehyungက ဒီလောက်ဆိုးသွမ်းနေတာ ဘယ်သူနဲ့တူတာလဲလို့ တွေးမိတော့ သေချာပေါက်သူ့အဖေနဲ့တူတာပဲဖြစ်မည်။ သူ့အဖေငယ်ငယ်ကလည်း စာကြည့်တိုက်ထဲကို ညဘက်ခိုးဝင်ပြီး စာအုပ်တွေဖွခဲ့လို့ ရုံခန်းတတ်ရလိုက် ဟိုဘက်ရပ်ကွက်ကကောင်တွေနဲ့ မတည့်လို့ ရန်ဖြစ်လို့ ရဲစခန်းရောက်လိုက်နဲ့ အတော်ကိုဆိူးသွမ်းခဲ့တာလေ။ ခုမှအိမ်ထောင်ရပ်သားကျပြီး တည်ငြိမ်သွားတာ။
"အေးအေး ငါမင်းကိုလက်လျော့လိုက်ပြီ တကယ် မပြောနိုင်မဆိုနိုင်ကောင်ပဲ"
"ခုတော့ ကျွန်တော်က ပြောရမယ်ဆရာ ဘာလို့ချောင်းရိုက်တာလဲ ဆရာဖြစ်ပြီး ကိုယ့်တပည့်ကို ချောင်းရိုက်ရလား"
တကယ်ကြီး ချောင်းရိုက်တယ်ထင်နေပုံရတဲ့ ငနဲသားကအတည်ပေါက်ကိုပြောနေတော့တာပဲ။ ကိုယ်က သူ့ကိုချောင်းရိုက်စရလား ပေါ်တင်ရိုက်လို့ရနေတာပဲလေ။ ဒီပွဲမှာ ကိုယ်လည်းမမှား သူကသာ သူခိုးလိုလိုဂျပိုးလိုလို ခိုးကြောင်ခိုးဝှက်နဲ့ခိုးစားနေတာလေ။
"ငါက တမင်လုပ်တယ်လို့ ပြောလို့လား"
"အဲ့ဒါဆို မတော်တဆလား လက်ထဲမှာ ထီးကြီးကိုင်မိလို့ ကျွန်တော်ကိုမတော်တဆရိုက်မိတာပေါ့"
အဲ့ဒီဆရာက ရုပ်ကလေးကချောပြီး မိမိုက်နေသလောက် လူကိုချောင်းရိုက်တတ်တဲ့အကျင့်လေးရှိမယ်လို့တော့ တကယ်မထင်ထားမိခဲ့တာ။
"ဟာမဟုတ်ပါဘူး ကိုယ်က အိပ်မပျော်လို့ရေထသောက်ဖို့ထလာတာ မီးဖိုချောင်က တကျွတ်ကျွတ်အသံကြားတော့ သူခိုးထင်သွားမိတာ
ငါ့သူငယ်ချင်းသားကို ငါကပြန်ခိုးရိုက်စရာလား"
သူပြောတော့လည်းဟုတ်နေတာပဲ ညဘက်သန်းခေါင်ကျော်ကြီး မီးဖိုချောင်ထဲမှာ ကုန်းကုန်းကွကွလုပ်နေတဲ့လူတွေ့ရင် သူ့လိုသူခိုးလိုထင်မိမှာပဲ။
"ဆရာကတော့ ချောင်းရိုက်တာလားမရိုက်တာလား သေချာမသိပေမဲ့ ကျွန်တော်ကတော့ ပြန်ကလဲ့စားချေမှာ စောင့်ကြည့်နေလိုက်"
Taehyung ဆရာJungkookပြောတာကို လက်ခံချင်ပေမဲ့လည်း ကိုယ်ကအရိုက်ခံရတာဆိုတော့လည်း နည်းနည်းမှအကြောမခံနိုင်ပေ။ စကားကိုဘုကလန့်ပြောပြီ အိမ်ပေါ်ကတတ်လာပြီး အိပ်ယာပေါ်တတ်ပြီး ပြန်အိပ်လိုက်သည်။
ကျန်ခဲ့တဲ့ Jungkookကတော့ Kim Taehyungကို အတော်ကိုလက်လန်နေပါပြီ။ ကိုယ့်ကိုတောင် လက်တောက်လေးက ကလဲ့စားချေအုံးမှာတဲ့။ သူ့အဖေသူငယ်ချင်းကိူ သူ့သူငယ်ချင်းများထင်နေတာလားပဲ။ တကယ့်ကို မနိူင်စိန်ပါပဲ။
အိမ်ပေါ်ကို ခြေဆောင့်ပြီးတတ်သွားတဲ့ပုံကိုက လူကြီးကိုရိုသေမှူလုံးဝကိုမရှိပေ။ ကိုယ့်သူငယ်ချင်းသားမလို့သာ နည်းနည်းသည်းခံနေတာ။ Jeon Jungkookတို့အရင်က စိတ်တိုတဲ့ပုံနဲ့ဆို Kim Taehyungကို တိုင်မှာဇောက်ထိုးထားပြိးကြိုးတုတ်ထားတာကြာနေပြီဖြစ်သည်။
အစကတည်းကအိပ်လို့လည်း မရတာကို ခုတော့ဟိုမျောက်လောင်းကောင်လေးကြောင့် အိပ်မရတော့မှာသေချာနေပြီပင်။ ပြတင်းပေါက်ကိုလှပ်ကြည့်လိုက်တော့ ဝေလီဝေလင်းတောင်ဖြစ်နေပြီ။ မနက်စောစောပန်းခြံထဲလမ်းလျှောက်ထွက်ရင်ကောင်းမယ်လို့တွေးပြီး အခန်းထဲပြန်၍အားကစားဝတ်စုံလဲလိုက်ပြီး လမ်းလျှောက်ထွက်လာလိုက်သည်။ မနက်စောစောဆိုတော့ ပန်းခြံထဲမှာ လူကသိပ်တောင်မများပေ။ သက်လတ်ပိုင်းအရွယ်တွေ လူကြီးတွေသာရှိသည်။ လူငယ်တွေကတော့ခုလိုချိန် နတ်ပြည်မှာ နတ်စည်းစိမ်ခံစားကောင်းနေအုံးမှာ။
လေ့ကျင့်ခန်းလုပ်ပြီးပြန်လာတော့ လမ်းထဲက အိမ်တွေတောင်အိမ်တံခါးဖွင့်တဲ့အိမ်တွေတောင်ရှိနေပြီ။ သူထလာတုန်းက တစ်အိမ်နှစ်အိမ်လောက်ပဲနိူးကြသေးတာဖြစ်သည်။ အိမ်ထဲရောက်တော့ Kim Heein(Taehyung အမေ)နဲ့ တွေ့သည်။ အိမ်ရှင်မဆိုတော့လည်း သားသမီးတွေအတွက်လည်း မနက်စာပြင်ရ၊ ယောကျာ်းအတွက်လည်း ရုံးမသွားခင်အကုန်အဆင်သင့်ဖြစ်အောင်ပြင်ဆင်ရဆိုတော့လည်း စောစောထရတာပေါ့လေ။
"အကို Jungkook မနက်အစောကြီးနိုးနေတာလား"
"အင်းဟုတ်တယ် အဲ့ဒါကြောင့် လမ်းထလျှောက်နေတာ"
"ကောင်းတယ်ရှင် ကောင်းတယ် အိမ်ကယောကျာ်း အကို့သူငယ်ချင်းကိုလည်း အတူလမ်းလျှောက်ခိုင်းပါအုံး.. ရုံးမှာကျလည်း တစ်နေ့ကုန်ထိုင်နေရ အိမ်ရောက်တော့လည်း တန်းအိပ်ဆိုတော့ ကိုယ်လက်လှုပ်ရှားမှုကို မရှိတာ"
Kim Heeinက သူ့ယောကျာ်းကိုယ်လက်လှုပ်ရှားမှုမရှိလို့ ကျန်းမာရေးထိခိုက်မှာစိုးရိမ်နေပုံရသည်။ ချစ်လို့ယူထားကြတာပဲ စိုးရိမ်ကြမှာပေါ့။ ကိုယ်သာတစ်ကိုယ်တည်း လူပျိူကြီးဖြစ်နေတာ သူငယ်ချင်းအကုန်လည်း အိမ်ထောင်တွေကျ ကလေးတွေတောင်ရကုန်ကြပြီလေ။ အမေကတော့ ခဏခဏအိမ်ထောင်ပြုဖို့ပြောတယ် ကိုယ်ကပဲ အပူမခံချင်လို့ကိုမယူတာပါလို့ပြန်ပြောရသည်။
"အင်းပါ အကိုမျက်နှာသွားသစ်လိုက်အုံးမယ်"
"မနက်စာစားမယ်ဆို ခနနေလာတော့နော် ညီမပြင်တာပြီးတော့မယ် "
"ဟုတ်ပြီ"
မျက်နှာသစ်ဖို့ ရေချိုးခန်းထဲကိုထွက်လာလိုက်သည်။ မျက်နှာသစ်နေရင်း အပြင်ကနေ တဒေါက်ဒေါက်ခေါက်သံကြားလို့ တံခါးလှပ်ကြည့်လိုက်တော့ အိတ်မှုန်စုတ်ဖွားလေးနဲ့ Junghyungလေး။ အနီရောင်ညဝတ်အကျီလေးဝတ်ထားတဲ့ ကလေးလေးက စတော်ဘယ်ရီလုံးလေးအတိုင်ပင်။
"ဘာဖြစ်လို့လဲ Junghyungလေး"
"သား အီးအီးပါချင်လို့"
"အော် လာလေဝင်ခဲ့ "
"ဟာ သားက ဦးဦးရှေ့အီးအီးပါရမှာလား ရှက်စရာကြီး"
လူကြီးလေးလို အရမ်းလုပ်တတ်တဲ့Junghyungလေးအကျင့်ကို မေ့သွားတာပင်။ အဲ့ဒီကလေးက တကယ်လူကြီးလေးဖြစ်ချင်နေတာ။ တစ်ခါကလည်း ချိုချဥ်ဖောက်တာကို မရလို့ကူညီရမလားဆိုပြီးမေးတာကို သူကလူကြီးဖြစ်နေပါပြီ ဖောက်တတ်ပါတယ်တဲ့လေ။
"လာပါ ဦးဦးအပြင်ထွက်ပေးပါ့မယ် "
အဲ့ဒီကလေးကို ပြောလို့လည်းရမှာမဟုတ်တော့ ကိုယ်ကပဲအပြင်ထွက်ပေးလိုက်ရတယ်။ မဟုတ်ရင် ကိုယ်မထွက်ပေးမချင်း သူကသန့်စင်ခန်းအဝမှာရပ်စောင့်နေမှာ။
ခဏကြာတော့တံခါးလေးလှပ်ပြီးထွက်လာတဲ့ Junghyung။ ကိစ္စရှင်းပြီးသွားလို့ အဆင်ပြေသွားတဲ့ပုံပဲ မျက်နှာလေးက ခုနကထက်အတော်လေးလန်းနေသည်။ သူထွက်သွားပြီးတာနဲ့ ကိုယ်လည်းမျက်နှာသစ်ပြီး ကျောင်းသွားဖိူ့အဝတ်အစားလဲရသည်။ အပြင်ကိုထွက်လာတော့ Kim Jungmin(Taehyung၏အဖေ)တောင် ရောက်နေပြီ။ သတင်းစာကြီးကိုင်ပြီးဖတ်နေတဲ့သူငယ်ချင်းကိုမြင်တော့ အတော်ရင့်ကျက်လာတာပဲလို့တောင်တွေးမိသေးသည်။ ထမင်းစားဝိုင်းမှာ အကုန်အတူစားနေကြပေမဲ့ Kim Taehyungကတော့ ဆင်းမလာသေးပေ။ အင်းပေါ့လေ ၄ခွဲလောက်ကမှ အိပ်ယာထဲပြန်အိပ်တာဆိုတော့ ခုချိန်ပြန်နိုးပါ့အုံးမလား။ တွေးလို့တောင်မဆုံးသေး အိမ်ပေါ်ကဝရုန်းသုန်းကားဆင်းလာတဲ့ Kim Taehyung။ လွယ်အိတ်ကို ဗရုတ်သုတ်ခလွယ်ထားပြီး ကျောင်းရှပ်အကျီတောင်ကြယ်သီးအပြည့်မတပ်ရသေးပုံက အတော်ကပိုကရိုနိုင်လှသည်။
"မေမေ သားမနက်စာမစားတော့ဘူး"
"ဟယ် နင်မနက်စာပျက်တာများနေပြီနော် Kim Taehyung"
"ဟီး ဒီတစ်ခါနောက်ဆုံးပဲ"
"အေးအေးဂရုစိုက်သွား"
"သားကို စိတ်မပူပါနဲ့ မေမေတို့သာဂရုစိုက် ကျွန်တော်တို့အိမ်မှာချောင်းရိုက်တတ်တဲ့လူရောက်နေတယ် ကျွန်တော်တောင် အထောင်းခံရပြီးပြီး"
ပြောလည်းပြော ပြေးလည်းပြေးသွားတဲ့ Kim Taehyungက ကိုယ့်ကိုစောင်းပြောသွားမှန်း ဘယ်သူမှမေးစရာမလိုအောင် သိထားပြီးသားပင်။ ခုခေတ်ကလေးတွေများမလွယ်လိုက်ပုံများ။ မနက်စာစားသောက်ပြီး Junghyungလေးကိူ ခေါ်လာပြီးကျောင်းကို သွားကြသည်။ ကျောင်းရောက်တော့ အဆောင်ကဝရန်းတာနားမှာ ဟီးလာတိုက်နေတဲ့ Kim Taehyungကိုတောင် တွေ့သည်။ လူကိုတောင်သူက မျက်စောင်းထိုးလိုက်သေးတာ အဲ့ဒီမျောက်လောင်းက။ တစ်နေ့နေ့တော့ သေချာဆုံးမရအုံးမည်။
#bliawnk
Zawgyi
အေရွ႕ရပ္က ေနေရာင္ျခည္ေတာင္ထြက္မလာေသးေသာ္လည္း မ်က္လုံးႏွစ္လုံးကပြင့္ေနၿပီျဖစ္သည္။ ေက်ာင္းသားေတြကို စာသင္ရတာအရမ္းႀကီးမပင္ပန္းေပမဲ့ အနည္းနဲ႕အမ်ားေတာ့ Pressureရွိသည္။ Jungkookဒီဆိုးလ္ကေက်ာင္းကို ေျပာင္းလာေတာ့ Busanမွာအေမကိုတစ္ေယာက္တည္းထားခဲ့ရတယ္။ အစကေတာ့ အေမ့ကိုစိတ္မခ်ေပမဲ့ အေမကအဆင္ေျပပါတယ္လို႔ ေျပာလာေတာ့လည္း အလုပ္အကိုင္အခြင့္အလမ္းေတြအတြက္ေျပာင္းလာခဲ့သည္။
ဆိုးလ္ကိုေရာက္လာတာ ခုဆို၂လနီးပါးေတာင္ရွိေနၿပီ။ သူငယ္ခ်င္းအိမ္မွာတည္းေနရေတာ့ အားနာစရာႀကီးေပမဲ့ မသက္သာဘူးေလ။ ေနာက္ႏွစ္မွ ကိုယ့္ဘာသာအိမ္ငွားဖို႔ေနရာရွာရမွာပဲ။ မေျပတာဆိုလို႔ ဟိုကေလးKim Taehyungပဲရွိသည္။ ပင္ကိုယ္ဉာဏ္ေလးက ေကာင္းရဲ႕သားနဲ႕လူက ေပါေတာေတာအရမ္းလုပ္ေနတာ။ ကိုယ့္သူငယ္ခ်င္းသားမလို႔ ေက်ာင္းမွာလည္း သူ႕အေၾကာင္းစုံစမ္းၿပီးဂ႐ုစိုက္ရေသးတယ္။ ကိစၥတစ္ခုခုမေကာင္းတာျဖစ္လာရင္ မ်က္ႏွာပ်က္ရမွာက ကိုယ္နဲ႕ကိုယ့္သူငယ္ခ်င္းေလ။ ေမ်ာက္ေလာင္းKim Taehyungကေတာ့ သူ႕ဘာသာျပႆနာေတြရွာၿပီးရင္းရွာ ၿပီးက်ရင္ မသိသလိုေနေနေတာ့တာပဲ။
မ်က္လုံးကိုမွိတ္ၿပီးျပန္အိပ္ဖိူ႕ႀကိဳးစားၾကည့္ေသာ္လည္း မ်က္လုံးကေၾကာင္ေနၿပီး ျပန္အိပ္လို႔ကိုမရေတာ့ေပ။ စားပြဲေပၚကနာရီကိုၾကည့္လိုက္ေတာ့ မနက္၄နာရီခြဲသာရွိေသးတယ္။ ေရဆာေနသလိုျဖစ္ေနတာမလို႔ ေရထေသာက္ဖို႔ မီးဖိုေခ်ာင္ကိုထြက္လာလိုက္သည္။
အခန္းတံခါးလွပ္ၿပီး ထြက္လာ႐ုံတံခါးဝမွာပဲရွိေသး႐ုံနဲ႕ မီးဖိုေခ်ာင္ထဲက တကြၽတ္ကြၽတ္အသံေတြၾကားေနရသည္။ ခုလို မနက္ေစာေစာစီးစီးတစ္အိမ္လုံးအိပ္ေနၾကတဲ့အခ်ိန္ႀကီး မီးဖိုေခ်ာင္ထဲက အသံၾကားေနရသည္က ပုံမွန္မဟုတ္သည့္ကိစၥရပ္ပင္။ ေၾကာင္တို႔ ေခြးတို႔ ေမြးထားတာလည္းမဟုတ္ေတာ့ သူခိုးမ်ားဝင္ေနတာလား။
အနီးနားက ထီးတစ္ေခ်ာင္းကိုယူၿပီးေျခသံလုံလုံနဲ႕မီးဖိုေခ်ာင္သို႔ ေလွ်ာက္လာလိုက္သည္။ မီးဖိူေခ်ာင္နံရံနားကပ္ၿပီး အခန္းထဲကိုလွမ္းၾကည့္လိုက္ေတာ့ ေရခဲေသတၱာတံခါးကပြင့္ေနၿပီး ကုန္းကြကြနဲ႕ပစၥည္းေတြယူေနသည့္ လူတစ္ေယာက္။ ေသခ်ာေပါက္ သူခိုးဆိုတာေသခ်ာေနၿပီ။ ကိုယ့္သူငယ္ခ်င္းအိမ္ဆိုေတာ့လည္း ကိုယ့္အိမ္လိုေစာင့္ေရွာက္ရမွာတာဝန္ရွိတယ္ေလ။
အေနာက္ကေန ျဖည္းျဖည္းခ်င္းကပ္သြားလိုက္ၿပီး သူခိုးရဲ႕အေနာက္မွာရပ္လိုက္သည္။ သူခိုးက ခိူးတာအရမ္းဇာန္ဝင္ေနပုံပင္။ သူေရာက္ေနတာေတာင္လုံးဝကိုမသိတာ။
"ေျဖာင္း"
အေနာက္ကေန ထီးရိုးနဲ႕ခပ္နာနာပိတ္ရိုက္ပစ္လိုက္သည္။
"အာ့ အာ့ ဘယ္သူရိုက္တာလဲငါကို"
ဟင္ ဒီအသံ ဒီအသံက ဟိုေမ်ာက္ေလာင္းအသံနဲ႕တူေနတာမလား။ ေရခဲေသတၱာထဲေခါင္းအပ္ေနရာက လွည့္လာတဲ့သူခိုးေကာင္ာေနာက္ေစ့ကိုလက္နဲ႕ကိုင္ထားပုံရအေတာ္အနာထိသြားပုံပဲ။ ေသခ်ာ႐ုပ္ကိုျမင္ရေတာ့ ေသခ်ာေပါက္ Kim Taehyungပင္။ ပါးစပ္မွာလည္း မုန္ျအႂကြင္းအက်န္ေတြေပက်န္ေနၿပီး ဆံပင္ကငွက္သိုက္ႀကီးလို ရႈတ္ပြေနတာပင္။ ႐ုပ္ကလည္းအေတာ္ေလးနာသြားမွန္းသိသာေအာင္ကို ဘီးလူးသံပုရာသီးကိုက္သလို ရႈံ႕မဲ့ေနသည္။
Taehyung ညက ညစာထမင္းေတာင္မစားဘဲ ဂိမ္းထိူင္ေဆာ့ေနရင္း အိပ္ခ်င္လာ၍တန္းအိပ္လိုက္တယ္။ အစကအိပ္ယာမဝင္ခင္ထမင္းစားလိုက္ရင္ေကာင္းမလားလို႔ ေတြးခဲ့မိေပမဲ့ အိပ္ခ်င္ေနတာေရာ ေအာက္ထပ္မီးဖိုေခ်ာင္သြားရမွာပ်င္းတာရာ ေပါင္းၿပီး တန္းအိပ္ပစ္လိုက္ျခင္းျဖစ္သည္။
ညစာမစားမိတဲ့ျပစ္ဒဏ္ ညသန္းေခါင္ေက်ာ္မွာစခံစားရေတာ့တာပဲ။ ဗိုက္ထဲက တဂြီဂြီျမည္သံကဆက္မအိပ္နိုင္ေတာ့ေအာင္ကို ေအာ္ျမည္ေနေတာ့သည္။ မ်က္လုံးကိုဇြတ္အတင္းမွိတ္ၿပီး ဆက္အိပ္ဖို႔ႀကိဳးစားေပမဲ့ ဗိုက္ထဲသံစုံတီးဝိူင္းကို သည္းမခံနိုင္ေတာ့တာမလို႔ အိပ္ယာကကုန္း႐ုန္းထလာၿပီး မီးဖိုေခ်ာင္ကိုတန္းေနေအာင္ေျပးရသည္။
မီးဖိုေခ်ာင္ထဲမွာ ဟိုဟိုဒီဒီစားစရာရွာေနေပမဲ့ ညကအကုန္စားစရာေျပာင္သြားတယ္ထင္တယ္ ဘာစားစရာမွကိုမေတြ႕ပါ။ ေနာက္ဆုံးပစ္မွတ္ျဖစ္တဲ့ေရခဲေသတၱာကို လွပ္ၾကည့္လိုက္ေတာ့မွ ကိတ္မုန့္ကိုေတြ႕လိုက္ရသည္။ ဗိုက္ဆာေနလြန္းလို႔ ကိတ္မုန့္ကို ေရခဲေသတၱာထဲကေတာင္မထုတ္အားေတာ့ဘဲ စားေနလိုက္တယ္။ စားေနရင္းအေနာက္ကေျခသံတခြၽတ္ခြၽတ္ၾကားလိုက္ေပမဲ့ အေကာင္တစ္ေကာင္ထင္ၿပီး လွည့္ေတာင္မၾကည့္အား ဆက္ၿပီးစားေနလိုက္တယ္။
"ေျဖာင္း"
အေနာက္ကေန ေျဖာင္းခနဲဆိုတဲ့အသံနဲ႕အတူ ေနာက္ေစ့ကေန႕ခံစားလိုက္ရတဲ့နာက်င္မႈ။
"အာ့ အာ့ ငါ့ကိုဘယ္သူရိုက္တာလဲ"
ေျပာလည္းေျပာ အေနာက္ကိုလည္းလွည့္ၾကည့္လိုက္ေတာ့ ျမင္လိုက္ရတာက ဆရာJungkookျဖစ္သည္။ ေသခ်ာတယ္ ဒီဆရာငါ့ကိုေခ်ာင္းရ္ိုက္တာပဲ။ လက္ထဲမွာကိုင္ထားတဲ့ ထီးကိုၾကည့္လိုက္တာနဲ႕ ကိုယ့္ကိုထီးရိုးနဲ႕ပိတ္ရိုက္လိုက္မွန္းတန္းသိလိုသည္။ ဘယ္ေလာက္အားႀကီးနဲ႕မ်ားရိုက္လိုက္တာတုန္းမသိေပ အရိုက္ခံရေတာ့ ကိုယ္ကေတာ့ ထူပူသြားတာပဲ။
"ေၾကာက္ဖို႔ေကာင္းလိုက္တာ ဆရာက တပည့္ကိုေခ်ာင္းရိုက္တာတဲ့ဗ်ိဳ႕!!!လာ ၾကည့္ အြတ္ ဝူးဝူး အြတ္"
အသံဲၿဗဲႀကီးနဲ႕ ဆယ္အိမ္ၾကားရွစ္အိမ္ၾကားေအာင္ ေအာ္ေျပာေနတဲ့ မ်က္ႏွာ႐ူးေမ်ာက္ေလာင္းေကာင္ေၾကာင့္ ပါးစပ္ကိုလက္နဲ႕အျမန္ပိတ္လိုက္ရတယ္။ မဟုတ္ရင္ ကိုယ္ကပဲသူ႕ကိုေခ်ာင္းရိုက္ပါတယ္ဆိုၿပီး လူၾကမ္းႀကီးျဖစ္ေအာင္ ဇာတ္သြင္းခံရအုံးမယ္။ အသံေအာင္ခ်က္ကေတာ့ စၾကာဝဠာတစ္ခုလုံးမၾကားသြားတာ ကံေကာင္းလို႔ပင္။
"ရႉး တိုးတိုးေန ဒါလူအိပ္ခ်ိန္ေလ "
"ဝြန္း ဝူး ဝူး ဝူး အြတ္"
အုပ္ထားတဲ့လက္ေအာက္ကေန ဘာေတြေျပာလို႔ေျပာမွန္းမသိ တဝူးဝူးနဲ႕ ေအာ္ေနသည္။ ပါးစပ္ကိုအုပ္ထားတာေတာင္ တဝူးဝူးနဲ႕ ေျပာေနတာ နားကိုမနားေပ။
"ပါးစပ္အုပ္ထားတာကို လႊတ္ေပးမယ္ ေအးေအးေဆးေဆးေျပာၾကမလား"
"ဝူး ဝူး ဝူး "
"ဟာ ဘာေျပာေနတာလဲ ေျပာမွာလားမေျပာဘူးလား ေျပာမယ္ဆိူေခါင္းၿငိမ့္ မေျပာဘူးဆိူ ေခါင္းခါ"
သူလည္းေျပာလိုက္ေရာ ပုတ္သင္ညိုလို ေခါင္းျပဳတ္ခန့္မွန္းဇြတ္ေတြကိုေခါင္းၿငိမ့္ေတာ့သည္။ လက္ကို ပါးစပ္ကဖယ္ေပးလိုက္ေတာ့ လက္ဖဝါးမွာ တံေတြးေတြအမ်ားႀကီးေပေနသည္။
"ဟာ ႐ြံစရာႀကီးကြာ တံေတြးေတြ"
"ပါးစပ္ကို ပိတ္ထားမွေတာ့ တံေတြးကပ္မွာေပါ့ ဆရာျဖစ္ၿပီးဒါေလးေတာင္ မသိဘူးလား"
ျမင္လား ေျဖပုံကိုက အခ်ိဳးမလာတာ။ ဆရာကို ဆရာမွန္းမသိ ေလးစားမႈလည္းမရွိတာေပ။ တကယ့္ကိုအခ်ိဳးမေျပတဲ့ေက်ာင္းသားပင္။ Kim Taehyungက ဒီေလာက္ဆိုးသြမ္းေနတာ ဘယ္သူနဲ႕တူတာလဲလို႔ ေတြးမိေတာ့ ေသခ်ာေပါက္သူ႕အေဖနဲ႕တူတာပဲျဖစ္မည္။ သူ႕အေဖငယ္ငယ္ကလည္း စာၾကည့္တိုက္ထဲကို ညဘက္ခိုးဝင္ၿပီး စာအုပ္ေတြဖြခဲ့လို႔ ႐ုံခန္းတတ္ရလိုက္ ဟိုဘက္ရပ္ကြက္ကေကာင္ေတြနဲ႕ မတည့္လို႔ ရန္ျဖစ္လို႔ ရဲစခန္းေရာက္လိုက္နဲ႕ အေတာ္ကိုဆိူးသြမ္းခဲ့တာေလ။ ခုမွအိမ္ေထာင္ရပ္သားက်ၿပီး တည္ၿငိမ္သြားတာ။
"ေအးေအး ငါမင္းကိုလက္ေလ်ာ့လိုက္ၿပီ တကယ္ မေျပာနိုင္မဆိုနိုင္ေကာင္ပဲ"
"ခုေတာ့ ကြၽန္ေတာ္က ေျပာရမယ္ဆရာ ဘာလို႔ေခ်ာင္းရိုက္တာလဲ ဆရာျဖစ္ၿပီး ကိုယ့္တပည့္ကို ေခ်ာင္းရိုက္ရလား"
တကယ္ႀကီး ေခ်ာင္းရိုက္တယ္ထင္ေနပုံရတဲ့ ငနဲသားကအတည္ေပါက္ကိုေျပာေနေတာ့တာပဲ။ ကိုယ္က သူ႕ကိုေခ်ာင္းရိုက္စရလား ေပၚတင္ရိုက္လို႔ရေနတာပဲေလ။ ဒီပြဲမွာ ကိုယ္လည္းမမွား သူကသာ သူခိုးလိုလိုဂ်ပိဳးလိုလို ခိုးေၾကာင္ခိုးဝွက္နဲ႕ခိုးစားေနတာေလ။
"ငါက တမင္လုပ္တယ္လို႔ ေျပာလို႔လား"
"အဲ့ဒါဆို မေတာ္တဆလား လက္ထဲမွာ ထီးႀကီးကိုင္မိလို႔ ကြၽန္ေတာ္ကိုမေတာ္တဆရိုက္မိတာေပါ့"
အဲ့ဒီဆရာက ႐ုပ္ကေလးကေခ်ာၿပီး မိမိုက္ေနသေလာက္ လူကိုေခ်ာင္းရိုက္တတ္တဲ့အက်င့္ေလးရွိမယ္လို႔ေတာ့ တကယ္မထင္ထားမိခဲ့တာ။
"ဟာမဟုတ္ပါဘူး ကိုယ္က အိပ္မေပ်ာ္လို႔ေရထေသာက္ဖို႔ထလာတာ မီးဖိုေခ်ာင္က တကြၽတ္ကြၽတ္အသံၾကားေတာ့ သူခိုးထင္သြားမိတာ
ငါ့သူငယ္ခ်င္းသားကို ငါကျပန္ခိုးရိုက္စရာလား"
သူေျပာေတာ့လည္းဟုတ္ေနတာပဲ ညဘက္သန္းေခါင္ေက်ာ္ႀကီး မီးဖိုေခ်ာင္ထဲမွာ ကုန္းကုန္းကြကြလုပ္ေနတဲ့လူေတြ႕ရင္ သူ႕လိုသူခိုးလိုထင္မိမွာပဲ။
"ဆရာကေတာ့ ေခ်ာင္းရိုက္တာလားမရိုက္တာလား ေသခ်ာမသိေပမဲ့ ကြၽန္ေတာ္ကေတာ့ ျပန္ကလဲ့စားေခ်မွာ ေစာင့္ၾကည့္ေနလိုက္"
Taehyung ဆရာJungkookေျပာတာကို လက္ခံခ်င္ေပမဲ့လည္း ကိုယ္ကအရိုက္ခံရတာဆိုေတာ့လည္း နည္းနည္းမွအေၾကာမခံနိုင္ေပ။ စကားကိုဘုကလန့္ေျပာၿပီ အိမ္ေပၚကတတ္လာၿပီး အိပ္ယာေပၚတတ္ၿပီး ျပန္အိပ္လိုက္သည္။
က်န္ခဲ့တဲ့ Jungkookကေတာ့ Kim Taehyungကို အေတာ္ကိုလက္လန္ေနပါၿပီ။ ကိုယ့္ကိုေတာင္ လက္ေတာက္ေလးက ကလဲ့စားေခ်အဳံးမွာတဲ့။ သူ႕အေဖသူငယ္ခ်င္းကိူ သူ႕သူငယ္ခ်င္းမ်ားထင္ေနတာလားပဲ။ တကယ့္ကို မနိူင္စိန္ပါပဲ။
အိမ္ေပၚကို ေျခေဆာင့္ၿပီးတတ္သြားတဲ့ပုံကိုက လူႀကီးကိုရိုေသမႉလုံးဝကိုမရွိေပ။ ကိုယ့္သူငယ္ခ်င္းသားမလို႔သာ နည္းနည္းသည္းခံေနတာ။ Jeon Jungkookတို႔အရင္က စိတ္တိုတဲ့ပုံနဲ႕ဆို Kim Taehyungကို တိုင္မွာေဇာက္ထိုးထားၿပိးႀကိဳးတုတ္ထားတာၾကာေနၿပီျဖစ္သည္။
အစကတည္းကအိပ္လို႔လည္း မရတာကို ခုေတာ့ဟိုေမ်ာက္ေလာင္းေကာင္ေလးေၾကာင့္ အိပ္မရေတာ့မွာေသခ်ာေနၿပီပင္။ ျပတင္းေပါက္ကိုလွပ္ၾကည့္လိုက္ေတာ့ ေဝလီေဝလင္းေတာင္ျဖစ္ေနၿပီ။ မနက္ေစာေစာပန္းၿခံထဲလမ္းေလွ်ာက္ထြက္ရင္ေကာင္းမယ္လို႔ေတြးၿပီး အခန္းထဲျပန္၍အားကစားဝတ္စုံလဲလိုက္ၿပီး လမ္းေလွ်ာက္ထြက္လာလိုက္သည္။ မနက္ေစာေစာဆိုေတာ့ ပန္းၿခံထဲမွာ လူကသိပ္ေတာင္မမ်ားေပ။ သက္လတ္ပိုင္းအ႐ြယ္ေတြ လူႀကီးေတြသာရွိသည္။ လူငယ္ေတြကေတာ့ခုလိုခ်ိန္ နတ္ျပည္မွာ နတ္စည္းစိမ္ခံစားေကာင္းေနအုံးမွာ။
ေလ့က်င့္ခန္းလုပ္ၿပီးျပန္လာေတာ့ လမ္းထဲက အိမ္ေတြေတာင္အိမ္တံခါးဖြင့္တဲ့အိမ္ေတြေတာင္ရွိေနၿပီ။ သူထလာတုန္းက တစ္အိမ္ႏွစ္အိမ္ေလာက္ပဲနိူးၾကေသးတာျဖစ္သည္။ အိမ္ထဲေရာက္ေတာ့ Kim Heein(Taehyung အေမ)နဲ႕ ေတြ႕သည္။ အိမ္ရွင္မဆိုေတာ့လည္း သားသမီးေတြအတြက္လည္း မနက္စာျပင္ရ၊ ေယာက်ာ္းအတြက္လည္း ႐ုံးမသြားခင္အကုန္အဆင္သင့္ျဖစ္ေအာင္ျပင္ဆင္ရဆိုေတာ့လည္း ေစာေစာထရတာေပါ့ေလ။
"အကို Jungkook မနက္အေစာႀကီးနိုးေနတာလား"
"အင္းဟုတ္တယ္ အဲ့ဒါေၾကာင့္ လမ္းထေလွ်ာက္ေနတာ"
"ေကာင္းတယ္ရွင္ ေကာင္းတယ္ အိမ္ကေယာက်ာ္း အကို႔သူငယ္ခ်င္းကိုလည္း အတူလမ္းေလွ်ာက္ခိုင္းပါအုံး.. ႐ုံးမွာက်လည္း တစ္ေန႕ကုန္ထိုင္ေနရ အိမ္ေရာက္ေတာ့လည္း တန္းအိပ္ဆိုေတာ့ ကိုယ္လက္လႈပ္ရွားမႈကို မရွိတာ"
Kim Heeinက သူ႕ေယာက်ာ္းကိုယ္လက္လႈပ္ရွားမႈမရွိလို႔ က်န္းမာေရးထိခိုက္မွာစိုးရိမ္ေနပုံရသည္။ ခ်စ္လို႔ယူထားၾကတာပဲ စိုးရိမ္ၾကမွာေပါ့။ ကိုယ္သာတစ္ကိုယ္တည္း လူပ်ိဴႀကီးျဖစ္ေနတာ သူငယ္ခ်င္းအကုန္လည္း အိမ္ေထာင္ေတြက် ကေလးေတြေတာင္ရကုန္ၾကၿပီေလ။ အေမကေတာ့ ခဏခဏအိမ္ေထာင္ျပဳဖို႔ေျပာတယ္ ကိုယ္ကပဲ အပူမခံခ်င္လို႔ကိုမယူတာပါလို႔ျပန္ေျပာရသည္။
"အင္းပါ အကိုမ်က္ႏွာသြားသစ္လိုက္အုံးမယ္"
"မနက္စာစားမယ္ဆို ခနေနလာေတာ့ေနာ္ ညီမျပင္တာၿပီးေတာ့မယ္ "
"ဟုတ္ၿပီ"
မ်က္ႏွာသစ္ဖို႔ ေရခ်ိဳးခန္းထဲကိုထြက္လာလိုက္သည္။ မ်က္ႏွာသစ္ေနရင္း အျပင္ကေန တေဒါက္ေဒါက္ေခါက္သံၾကားလို႔ တံခါးလွပ္ၾကည့္လိုက္ေတာ့ အိတ္မႈန္စုတ္ဖြားေလးနဲ႕ Junghyungေလး။ အနီေရာင္ညဝတ္အက်ီေလးဝတ္ထားတဲ့ ကေလးေလးက စေတာ္ဘယ္ရီလုံးေလးအတိုင္ပင္။
"ဘာျဖစ္လို႔လဲ Junghyungေလး"
"သား အီးအီးပါခ်င္လို႔"
"ေအာ္ လာေလဝင္ခဲ့ "
"ဟာ သားက ဦးဦးေရွ႕အီးအီးပါရမွာလား ရွက္စရာႀကီး"
လူႀကီးေလးလို အရမ္းလုပ္တတ္တဲ့Junghyungေလးအက်င့္ကို ေမ့သြားတာပင္။ အဲ့ဒီကေလးက တကယ္လူႀကီးေလးျဖစ္ခ်င္ေနတာ။ တစ္ခါကလည္း ခ်ိဳခ်ဥ္ေဖာက္တာကို မရလို႔ကူညီရမလားဆိုၿပီးေမးတာကို သူကလူႀကီးျဖစ္ေနပါၿပီ ေဖာက္တတ္ပါတယ္တဲ့ေလ။
"လာပါ ဦးဦးအျပင္ထြက္ေပးပါ့မယ္ "
အဲ့ဒီကေလးကို ေျပာလို႔လည္းရမွာမဟုတ္ေတာ့ ကိုယ္ကပဲအျပင္ထြက္ေပးလိုက္ရတယ္။ မဟုတ္ရင္ ကိုယ္မထြက္ေပးမခ်င္း သူကသန့္စင္ခန္းအဝမွာရပ္ေစာင့္ေနမွာ။
ခဏၾကာေတာ့တံခါးေလးလွပ္ၿပီးထြက္လာတဲ့ Junghyung။ ကိစၥရွင္းၿပီးသြားလို႔ အဆင္ေျပသြားတဲ့ပုံပဲ မ်က္ႏွာေလးက ခုနကထက္အေတာ္ေလးလန္းေနသည္။ သူထြက္သြားၿပီးတာနဲ႕ ကိုယ္လည္းမ်က္ႏွာသစ္ၿပီး ေက်ာင္းသြားဖိူ႕အဝတ္အစားလဲရသည္။ အျပင္ကိုထြက္လာေတာ့ Kim Jungmin(Taehyung၏အေဖ)ေတာင္ ေရာက္ေနၿပီ။ သတင္းစာႀကီးကိုင္ၿပီးဖတ္ေနတဲ့သူငယ္ခ်င္းကိုျမင္ေတာ့ အေတာ္ရင့္က်က္လာတာပဲလို႔ေတာင္ေတြးမိေသးသည္။ ထမင္းစားဝိုင္းမွာ အကုန္အတူစားေနၾကေပမဲ့ Kim Taehyungကေတာ့ ဆင္းမလာေသးေပ။ အင္းေပါ့ေလ ၄ခြဲေလာက္ကမွ အိပ္ယာထဲျပန္အိပ္တာဆိုေတာ့ ခုခ်ိန္ျပန္နိုးပါ့အုံးမလား။ ေတြးလို႔ေတာင္မဆုံးေသး အိမ္ေပၚကဝ႐ုန္းသုန္းကားဆင္းလာတဲ့ Kim Taehyung။ လြယ္အိတ္ကို ဗ႐ုတ္သုတ္ခလြယ္ထားၿပီး ေက်ာင္းရွပ္အက်ီေတာင္ၾကယ္သီးအျပည့္မတပ္ရေသးပုံက အေတာ္ကပိုကရိုနိုင္လွသည္။
"ေမေမ သားမနက္စာမစားေတာ့ဘူး"
"ဟယ္ နင္မနက္စာပ်က္တာမ်ားေနၿပီေနာ္ Kim Taehyung"
"ဟီး ဒီတစ္ခါေနာက္ဆုံးပဲ"
"ေအးေအးဂ႐ုစိုက္သြား"
"သားကို စိတ္မပူပါနဲ႕ ေမေမတို႔သာဂ႐ုစိုက္ ကြၽန္ေတာ္တို႔အိမ္မွာေခ်ာင္းရိုက္တတ္တဲ့လူေရာက္ေနတယ္ ကြၽန္ေတာ္ေတာင္ အေထာင္းခံရၿပီးၿပီး"
ေျပာလည္းေျပာ ေျပးလည္းေျပးသြားတဲ့ Kim Taehyungက ကိုယ့္ကိုေစာင္းေျပာသြားမွန္း ဘယ္သူမွေမးစရာမလိုေအာင္ သိထားၿပီးသားပင္။ ခုေခတ္ကေလးေတြမ်ားမလြယ္လိုက္ပုံမ်ား။ မနက္စာစားေသာက္ၿပီး Junghyungေလးကိူ ေခၚလာၿပီးေက်ာင္းကို သြားၾကသည္။ ေက်ာင္းေရာက္ေတာ့ အေဆာင္ကဝရန္းတာနားမွာ ဟီးလာတိုက္ေနတဲ့ Kim Taehyungကိုေတာင္ ေတြ႕သည္။ လူကိုေတာင္သူက မ်က္ေစာင္းထိုးလိုက္ေသးတာ အဲ့ဒီေမ်ာက္ေလာင္းက။ တစ္ေန႕ေန႕ေတာ့ ေသခ်ာဆုံးမရအုံးမည္။
#bliawnk