Unicode
" ဒီမင်္ဂလာပွဲက သမီးစိတ်ဆန္ဒမပါဘူးနော် မာမီ "
အခန်းတံခါးဆီကိုလှမ်းလိုက်တဲ့ဟီဆွန်းရဲ့လက်ချောင်းတွေဟာ တံခါးလက်ကိုင်ပေါ်မှာရပ်တန့်သွားသည်..။ ထပ်မံကာထွက်ပေါ်လာသော ခပ်ကြီးကြီး restaurant တစ်ခုရဲ့ သီးသန့်ခန်းအတွင်းက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသောအသံဟာ အချေအတင်အော်ဟစ်နေပုံရသည်။
ဟီဆွန်းလက်ကနာရီကိုငုံ့ကြည့်ရင်း အချိန်ကအနည်းငယ်စောနေသေးကြောင်းသတိထားမိတဲ့အခါ လက်ကိုပြန်ရုတ်၍ တိတ်တိတ်လေးရပ်နေခဲ့သည် ..
သူတစ်ပါးစကားပြောတာကိုခိုးနားထောင်တာမဟုတ်သော်လည်း ဒါက သူနဲ့သက်ဆိုင်တဲ့အကြောင်းအရာတော့ဖြစ်သည် ..။
" မသိချင်ဘူး မာမီ သမီးက အကြွေးနဲ့သိမ်းခံရတဲ့မိန်းမဖြစ်ခံရမှာလား မာမီတကယ်ပဲ ကိုယ့်သမီးကို သူများကိုအကြွေးနဲ့ထိုးအပ်ဖို့စဉ်းစားနေတာတော့မဟုတ်ဘူးမလား "
ဟီဆွန်းသိထားပီးသားတဲ့အကြောင်းအရာကို တစ်ဖက်က မိန်းကလေးသိပုံမရပဲအခုမှသိပုံပေါ်သည် ဟီဆွန်းကလဲခေါင်းညိတ်ချင်ခဲ့သည်မဟုတ်ပဲ မာမီ့ရဲ့ရုပ်ရှင်ထဲက အပေါစား ပလော့တွေလိုမျိုး ဟိုရောဂါဒီရောဂါခေါင်းစဉ်တပ်တာကို မယုံချင်ပါသော်လည်း ခေါင်းညိတ်ခဲ့မိသည် ...။ ခေါင်းထဲမှာအလုပ်ကလွဲလို့ဘာမှမရှိတဲ့သူ့ဘဝအတွက် မိန်းမယူလိုက်ရင်လဲ ဘာမှထူးခြားလာခြင်းမရှိနိုင်ဘူးလို့တွေးမိ၍ လက်ခံခဲ့ပေမဲ့..ဟီဆွန်းရဲ့စိတ်ဆန္ဒကလဲတစ်ဖက်မိန်းကလေးလိုမျိုးပဲထပ်တူကျနေသည်..။
" မာမီ့အကြွေးတွေကိုသမီးကဘာလို့ ကြားထဲကဒုက္ခခံပေးရမှာလဲ မယူနိုင်ဘူး အဲ့လူကရော ဘယ်လောက်တောင်ကြီးကျယ်မြင့်မြတ်နေလို့လဲ အဲ့လောက်ထိ ပါးစပ်ကမချတမ်းဖြစ်နေရအောင် သူ့ဘာသာ ဘာကောင်ကြီးပဲဖြစ်နေနေ သူများသားသမီးကိုအကြွေးနဲ့ယူတယ်ဆိုထဲက လူကောင်းမဟုတ်တဲ့လူယုတ်မာပဲဖြစ်နေမှာ..."
တံခါးကိုထပ်ဖွင့်လိုက်တဲ့ဟီဆွန်းရဲ့လက်တွေလိုတာထက်ပို၍တင်းကြပ်စွာဆုပ်ကိုင်ထားမိသည်..လက်ဆစ်တွေဖြူနေတဲ့အထိ ။ မာနထိခိုက်စေတဲ့စကားတွေက ဟီဆွန်းကိုတမြေ့မြေ့နဲ့ဒေါသတွေလှိုက်လာစေသည်..။ မိဘတွေစီစဉ်ထားတဲ့ပွဲမှာ သူက ကစားစရာအရုပ်တစ်ခုလို မလွန်ဆန်နိုင်လွန်းလို့ လက်ခံလိုက်ရတာကို ဘယ်လိုစကားတွေနဲ့စော်ကားနေသလဲ..
အခန်းတံခါးကိုဝုန်းခနဲဆွဲဖွင့်လိုက်တဲ့ခဏမှာ စကားသံတွေဟာတိတ်ဆိတ်သွားသည်..။ မြင်ဖူးနေကြ အန်တီ မာရီ ကတော့ သူ့အားတောင့်တောင့်ကြီးရပ်ကြည့်လို့နေသည်..။
" ဒီနေ့ မေမေက လာတာနောက်ကျမယ်တဲ့ ကျွန်တော်တို့ပဲအရင်ပြောလို့ရတာပဲ အန်တီမာရီ... ထိုင်ပါ..."
အိုးတိုးအမ်းတမ်းဖြစ်ကာ မတ်တပ်ရပ်နေတဲ့သားအမိနှစ်ယောက်ကို ခပ်တည်တည်ပြောတဲ့စကားတွေကအေးစက်စက်နိုင်သည်..။ ဒါကဒေါသတွေပါတယ်ဆိုတာကို ကောင်းကောင်းကြီးနားလည်လာနိုင်လောက်သည်..။
အန်တီမာရီဘေးမှာ ခပ်ကုတ်ကုတ်ထိုင်နေတဲ့ မိန်းကလေးက စောစောက အော်ဟစ်နေခဲ့သော သူနှင့်လက်ထပ်ဖို့ရည်ရွယ်ပေးထားတဲ့ ပတ်ယွန်းဆော ဖြစ်လိမ့်မည်... ရွှေဝါရောင်ဆံပင်ရှည်တွေကို.ကပိုကရိုထုံးဖွဲ့လို့ ရဲတောက်နေတဲ့နှုတ်ခမ်းနီက ဟီဆွန်းစိတ်အာရုံကိုညစ်နွမ်းသွားစေသည်..။
" ကျွန်တော်ကတော့ မင်္ဂလာပွဲကို လာမဲ့နှစ်ပတ်အတွင်းလုပ်စေချင်တယ်..."
ပွင့်အာသွားတဲ့နှုတ်ခမ်းနီနီရဲက ဒေါသရှိန်ပါသွားသလားမသိပါ.. တဆတ်ဆတ်တုန်ယင်နေတာကို သေချာစိုက်မကြည့်နေရင်းတောင်မြင်တွေ့ရတာမို့ ဟီဆွန်းခနဲ့စွာပြုံးမိသည်..။ နှုတ်ခမ်းတွေကို ညွတ်သွားရုံ အပြုံးလို့မဆိုသာတဲ့ ခပ်သာသာရွဲ့ပြုံးကိုသူမကမြင်တော့ ပိုကာညိုမှောင်လာတဲ့မျက်နှာက တစ်ခုခုပြောဖို့အားယူနေသယောင်..။
" အန်တီတို့ကပိုသဘောကျတာပေါ့ သားရယ်... သားတို့ဘက်က အဆင်ပြေမယ်ဆိုရင်..."
" မြန်လေပိုကောင်းလေပေါ့ အန်တီ...သေချာပေါက် ဒီနှစ်ပတ်အတွင်း မင်္ဂလာပွဲလုပ်ပီး အန်တီ့သမီးကိုယူမယ်...ဒီလိုပဲသိထားပေးပါ..နောက်ပီး အကြွေးတွေက အန်တီ့သမီးနဲ့ယူပီး တစ်လနေမှချေပေးမှာလို့ မေမေကပြောတယ်..."
" ဟုတ်ပါတယ်.. ဝမ်းသာလိုက်တာသားရယ် သားဘက်ကငြင်းမယ်ထင်နေခဲ့တာ...ကျေးဇူးတင်ပါတယ်..."
လူယုတ်မာဆိုတဲ့အတိုင်း ယုတ်မာပြဖို့လမ်းစလေးပျိုးရုံရှိသေးသည်..ရှေ့မှမိန်းမပျိူကတော့ ပျက်ယွင်းနေတဲ့မျက်နှာကိုပြန်လည်မပြင်ဆင်နိုင်အောင် အောက်နှုတ်ခမ်းကိုတင်းတင်းကိုက်လို့ ငြိမ်သက်နေသည်..။ သိပ်ပီး ကျေနပ်သလိုခံစားလိုက်ရသည်..။
ဟီဆွန်းအတွေးထဲမှာ နှစ်ယောက်သဘောတူညီမှုယူပီး ငြင်းကြဖို့စီစဉ်ခဲ့ပေမဲ့ အခုမှာတော့ ထိုအတွေးတွေကို နှောင့်ယှက်ချင်တဲ့ တစ်စုံတစ်ရာစိတ်တွေကနေရာယူလို့လာသည်..။
မေမေရောက်လာတဲ့အခါ တင်းကြပ်နေတဲ့လေထုကလျော့ကျသွားသလို စကားပြောသံနဲ့ရယ်သံက အခန်းတွင်းလွှမ်းမိုးလာသည်..။ ဟီဆွန်းလက်တွေကိုစားပွဲပေါ်တစ်ဒေါက်ဒေါက်ခေါက်ပစ်လို့ ဒီနေရာမှာရှိမနေချင်ကြောင်း သိသိသာသာပြဆိုသည်..။ ဒါကို မေမေလဲရိပ်မိပါလိမ့်မယ်..။
တောင်တောင်အီအီလျှောက်တွေးရင်း လက်ကနာရီကိုငုံကြည့်မိတော့ သူဒီနေရာမှာထိုင်နေတာ တစ်နာရီနီးပါးရှိပီဖြစ်ကြောင်း နာရီကညွှန်ပြနေသည်..။ တစ်ချက်တစ်ချက် စကားဝိုင်းဆီကနေ ဟီဆွန်းဆိုတဲ့အသံကိုကြားရသလို ယွန်းဆောဆိုတဲ့အမည်နာမကိုလဲကြားရသည်..။ ယွန်းဆောရဲ့မျက်နှာက.ပြန်မော့မလာပဲ ခေါင်းငိုက်လို့ထားသည်..တစ်ခါတစ်ရံမှသာ မေးတဲ့စကားကိုယဉ်ကျေးစွာပြန်လည်ဖြေတတ်သည်..။
စားပွဲပေါ်က အဝါရောင် လိမ္မော်ရည်တွေထည့်ထားတဲ့ ဖန်ခွက်ကိုယူလို့ အနည်းငယ်မော့သောက်ပီး အရှေ့မှ တိတ်ဆိတ်နေတဲ့သူကိုကြည့်ဖြစ်သည်..။
မိဘတွေရဲ့စကားဝိုင်းဟာ အနည်းငယ်တော့ပျင်းစရာကောင်းပေမဲ့ ဟီဆွန်းရှေ့ကကောင်လေးကပို၍ပျင်းစရာကောင်းသည်..ဘာစကားတစ်ခွန်းမှမဆိုပဲ သူ့နည်းတူငြိမ်သက်လို့ထိုင်နေပေမဲ့ ဂနာမငြိမ်ဖြစ်နေတဲ့သူ့ထက် ရေငွေ့သီးနေတဲ့အအေးခွက်ကိုသာစိုက်ကြည့်ရင်းထိုင်လို့နေသည်..။
ယူသောက်တာလဲမမြင်ရသေးသလို မျက်တောင်ပင်ခတ်ရဲ့လားမသေချာ..။
ဒါက ပတ်ယွန်းဆောရဲ့မောင်ဖြစ်လိမ့်မည်..။ ပတ်ဆောင်းဟွန်းဆိုတဲ့ ကျောင်းဝတ်စုံအပေါ်က ရင်ဘတ်နားမှာရှိတဲ့နာမည်ကတ်ကို အမှတ်တမဲ့လှမ်းဖတ်လိုက်မိ၍ ပိုသေချာသွားသည်..။ ရုပ်ချင်းတော့လုံးဝကိုမတူတာကိုလဲ သတိထားမိသည်..။
မျက်လုံးလှန်လို့ကြည့်မိတဲ့ခဏမှာ ဟီဆွန်းနဲ့မတူတဲ့အအေးခွက်ကိုယူသောက်လိုက်ရင်း လူကြီးတွေတောင်မထိကိုင်ရသေးတဲ့ ဟင်းပွဲတွေကို တစ်ခုချင်းပန်းကန်ထဲထည့်ကာယူလို့စားသောက်နေသည်..။ ဒီတိုင်း...ဘာဆိုဘာကိုမှအတွေးရှိပုံမရသလို ဘေးကလူတွေကိုလဲရှိတယ်လို့ထင်ပုံမရ..။
ပလုတ်ပြည့်ပလောင်းပြည့်ဝါးနေ၍ ဖောင်းနေတဲ့ပါးဖောင်းဖောင်းက ဝါဂွမ်းလုံးလိုမျိုး... ။
" ယွန်းဆောကို ချွေးမတော်ဖို့ အန်တီကတော့စိတ်လှုပ်ရှားနေမိတယ် ...သားဆိုရင်တော့ပိုဆိုးနေမယ်ထင်တယ်...မင်္ဂလာပွဲကိုတောင် မြန်မြန်လုပ်ခိုင်းလိုက်တာဆိုတော့..."
အပြုံးတုနဲ့လုပ်ရယ်နေကြသော စကားဝိုင်းထဲ ဟီဆွန်းခေါင်းညိတ်ပြလို့ခပ်ဟဟရယ်ပြရင်း အရှေ့ဆီကိုပြန်ကြည့်မိတော့ သူ့ကိုမျက်လွှာတွေပင့်လို့ကြည့်နေတဲ့ဆောင်းဟွန်းရဲ့မျက်ဝန်းတွေနှင့်ဆုံသည်..။ နှုတ်ခမ်းကိုဟကာ တရူးရူးအသံပြုနေတဲ့ဆောင်းဟွန်းက စပ်နေပုံရသည် ။ မျက်နှာတစ်ခုလုံးပန်းနုရောင်သမ်းနေအောင် ပါးစပ်ကိုဟလို့ လက်ဖြင့်သာသာလေးခပ်နေသည် ....။ ကုန်သွားတဲ့အအေးခွက်မျက်စိရှေ့မှာစီးကြိုနေတာမို့ ဟီဆွန်းအအေးခွက်ကိုတွန်းပေးကာ မေးငေါ့လို့ပြလိုက်သည်..။
မထုံတက်တေးမျက်ဝန်းတွေက မမှိတ်မသုန်စိုက်ကြည့်ရင်းမှ မခံနိုင်တော့တဲ့အခါ ခပ်မြန်မြန်ယူသောက်သည်..။ ဒါကိုမြင်သွားပုံရတဲ့ဆောင်းဟွန်းရဲ့အမေက ပြုံးရင်းသဘောကျနေဟန်..။ အနေရခက်စွာ ခေါင်းကုတ်ရင်းခေါင်းညိတ်ပြမိသည် ..။ ဒီနေရာမှာ ဟီဆွန်းကကို့ရို့ကားယားနိုင်လွန်းသည်..။
" ဒါဆို ပြန်ကြတာပေါ့...နောက်ရက်ကျရင် အသေးစိတ်စီစဉ်ဖို့အိမ်လာခဲ့ပါဦးမယ်.."
နောက်ဆုံးမျှော်လင့်နေရတဲ့စကားသံလေးကြားလိုက်ရတော့ ဟီဆွန်းထခုန်မိတော့မတတ်ပင်..။ အရှေ့မှဆောင်းဟွန်းကလဲ လှုပ်လှုပ်ရှားရှားပင်...။ အကြပ်အတည်းကြားကလွတ်မြောက်သွားတဲ့ ယွန်းဆောကလဲ ထိုမှသာပြုံးလာသည်..။
" ကျွန်တော် ယွန်းဆောကိုပြန်လိုက်ပို့လို့ရမလား..."
" ရတာပေါ့သားရဲ့ အိမ်လဲတခါထဲရောက်ဖူးသွားအောင် လိုက်ပို့လေ အန်တီတို့က သက်သက်ပြန်လိုက်မယ်..."
ကာယကံရှင်ဆီကအသံထွက်မလာပဲ ကြားဖြတ်ဝင်ပြောတဲ့အန်တီမာရီစကားကြောင့် ယွန်းဆောမျက်နှာဟာစောစောကအတိုင်းပျက်ယွင်းနေပြန်သည်..။
" ဒါဆို မေမေရော အန်တီရော သွားလိုက်ပါဦးမယ်.."
မလိုက်ချင်တဲ့ယွန်းဆောရဲ့ခြေလှမ်းတွေကလေးကန်နေသည်..။ ဟီဆွန်းခပ်ဟဟရယ်လို့ ကားသော့ကိုရမ်းကာ လှည့်ထွက်ချိန်မှာ သူ့ရှေ့မှာရောက်နှင့်သားကောင်လေးက တံခါးဖွင့်လို့နေသည်..။
" မင်းအကို ကိုနှုတ်ဆက်လိုက်လေ ဆောင်းဟွန်း "
ထွက်သွားမဲ့ခြေလှမ်းတွေကပြန်လှည့်လာပီးမှ ဟီဆွန်းကိုမရဲတရဲမော့ကြည့်လာတဲ့ဆောင်းဟွန်းမျက်နှာက ပကတိတည်ငြိမ်သည်..။ ခေါင်းကိုအနည်းငယ်လေးညွှတ်လို့..
" ပြန်ခွင့်ပြုပါဦး..."
ဟီဆွန်းခေါင်းညိတ်လို့ပြလိုက်ရင် လှစ်ခနဲနေအောင်ပြေးထွက်သွားတဲ့ဆောင်းဟွန်းက နောက်ကျောလေးပင်ဖမ်းမမိခဲ့..။ အားနားပါးနာပြုံးပြတဲ့ဆောင်းဟွန်းအမေကိုတော့ ပြန်လည်ကာအသိအမှတ်ပြုပြုံးပြရင်းသာ ။
" ဒီမင်္ဂလာပွဲကို ကျွန်မလက်မခံနိုင်ဘူး..."
ကားပါကင်မှာ တစ်ဒေါက်ဒေါက်ဖြင့်ထွက်ပေါ်နေသော ဒေါက်ဖိနပ်သံဟာ ကားပေါ်မတက်ခင် သူ့နောက်ကျောနားတွင်ရပ်လို့သွားသည်..။
တိတိပပထွက်လာတဲ့စကားသံကို ဟီဆွန်းနားထောင်ဟန်မပြုပဲ ကားတံခါးဖွင့်လို့မေးငေါ့ပြတဲ့အခါ ယွန်းဆောကနားမလည်ဟန်..။ ရပ်ကြည့်နေတဲ့ ယွန်းဆောအား..
" မင်းလက်မခံလဲငါကယူမှာ..."
" ရှင်ကျွန်မကိုမချစ်ပဲနဲ့ ဘာလို့လက်ခံမှာလဲ "
" လက်ထပ်ချင်လို့... မင်းပြောသလိုအကြွေးနဲ့သိမ်းတဲ့လူယုတ်မာပေါ့.."
" ဒါကလေးကစားစရာမဟုတ်ဘူးနော် အီဟီဆွန်း... တစ်ဘဝလုံးနဲ့ဆိုင်တာ... ရှင့်ရဲ့မာနတွေကိုဘေးဖယ်ပီး ဦးနှောက်နဲ့သေချာစဉ်းစားကြည့်စမ်းပါ.."
" ငါ့မာနကိုသိရက်နဲ့ထိပါးရဲတဲ့မင်းကရော... အရင်ကတော့ ငါငြင်းဖို့ပဲ ဒါပေမဲ့မင်းစကားတွေကြားလိုက်ရတော့ ငါမငြင်းချင်တော့ဘူး..."
အီဟီဆွန်းအကြောင်းတွေကို သူမကြားဖူးသည်..။ သိပ်ကိုမာနကြီးတဲ့လူတစ်ယောက်ဖြစ်ကြောင်း သူငယ်ချင်းတွေကဆီကကြားသိရသည်..။ စီးပွားရေးလောကရဲ့အောင်မြင်နေတဲ့လူတွေကြားမှာ လူငယ်တစ်ယောက်အနေနဲ့နာမည်ရှိတဲ့ အီဟီဆွန်းက တော်တဲ့အလျောက် မာနကခေါင်ခိုက်နေအောင် လူတိုင်းကိုမတူသလိုမတန်သလိုဆက်ဆံတတ်သေးတာ..။
အခန်းထဲဝင်လာထဲက စကားမပြောခင်မှာကြည့်တဲ့အကြည့်တွေနဲ့တင် သူမတို့တစ်မိသားစုလုံးကိုချုပ်ကိုင်နိုင်သည်..။
တစ်လုံးချင်းပြောနေတဲ့အေးစက်စက်စကားသံတွေမှာ သူမထိုင်ငိုချင်လာအောင် အကြည့်စူးတွေကပါချုပ်နှောင်နေသည်...မိန်းကလေးတွေကြားထဲမှာနာမည်ကြီးတဲ့ ဒီလူ..အီဟီဆွန်းကိုလက်ထပ်ရမယ်ဆိုတာ ကံကောင်းတာလား ကံဆိုးတာလဲမခွဲခြားတတ်ပေမဲ့ သူမရဲ့လက်ရှိချစ်သူကိုလက်ဆက်ဖို့ပဲရည်ရွယ်သည်...။
" လူယုတ်မာ...တကယ်ကိုကြားခဲ့ဖူးတဲ့အတိုင်း လူစိတ်မရှိတဲ့သူပဲ..."
" စောင့်ကြည့်လိုက်လေ ပတ်ယွန်းဆော...မင်းပြောတဲ့လူယုတ်မာက မင်းကိုယူပီး ဘယ်လောက်ထိယုတ်မာမလဲဆိုတာ..."
" ရှင့်ကိုသေတောင်မယူနိုင်ဘူး.."
" ငါကတော့မင်းကိုရအောင်ယူမှာ...."
ဟီဆွန်းရဲ့ခပ်ထေ့ထေ့စကားတစ်ခွန်းကပေါ့တန်သည်မဟုတ်ရာ..ဒါကိုသူမကောင်းကောင်းသဘောပေါက်မှာပါ..။ ညိုမှောင်နေတဲ့မျက်နှာက ပျက်ယွင်းတာထက်ပျက်ယွင်းပီး နီဆွေးဆွေးနှုတ်ခမ်းကနေ တောက်ခေါက်သံတစ်ချကိထွက်လာကာ ဖွင့်ပေးထားတဲ့ကားတံခါးအား လျစ်လျူရှုလို့ လှည့်ထွက်သွားသည်..။
ဟီဆွန်းကလိုက်ခေါ်မဲ့လူစားမဟုတ်တာကိုလဲသူမသိနှင့်ပီးသားဖြစ်မှာပါ..။ ပျော်စရာကောင်းတဲ့မင်္ဂလာပွဲမဖြစ်ရင်တောင် ကျိန်းသေပေါက်မင်းကိုယူမှာ...။
•••••••
နှိုးစက်က အသံမြည်လာတာနဲ့ဆောင်းဟွန်းကမန်းကတမ်းထကာ listစီထားတဲ့စာရွက်ကိုပြေးကိုင်ရသည်..ဒီနေ့ မမရဲ့wedding dayမို့လို့ တအိမ်လုံးအလုပ်ရှုပ်သလို ဆောင်းဟွန်းကိုယ်တိုင်လဲ ဝိုင်းကူရမည်..။ လက်ကိုင်ပန်းသွားယူပေးရမှာမို့ ရေအမြန်ချိုးပီးနောက် သိပ်မဝေးတဲ့ နှစ်လမ်းကျော်က ပန်းအလှဆင်ဆိုင်ကို စက်ဘီးနင်းလို့ထွက်ခဲ့သည်..။
ဆောင်းဟွန်းအတွက်တော့အရာရာဟာ ပုံမှန်လိုပဲ.. အိမ်မှာလူတစ်ယောက်လျော့သွားရုံကလွဲရင် ကျန်တဲ့ထွေထွေထူးထူးခံစားချက်မရှိ..။ မမနဲ့လဲအနည်းငယ်ဝေးကွာလို့ထင်သည်..။
ဆောင်းဟွန်းဘာမှလုပ်ပေးနိူင်တဲ့အရွယ်မဟုတ်ပေမဲ့ အိမ်ကသောကတွေကိုဝင်ဖြေရှင်းပေးချင်သည်..သို့တိုင်အောင် အခုချိန်ထိ အထက်တန်းအရွယ် ဆယ့်ကိုးနှစ်ပဲရှိသေးတဲ့သူက ဒီအကြွေးတွေကိုဘယ်လိုများဆပ်ပေးနိုင်မှာလဲ..။ မမရဲ့အနစ်နာခံလိုက်မှုကိုစိတ်မကောင်းပေမဲ့ ဒါကအဆင်ပြေတဲ့နည်းလမ်းလို့ဆောင်းဟွန်းယူဆသည်...။
မြေနီလမ်းလေးခင်းထားတဲ့ဆိုင်အဝင်ဝကနေ စက်ဘီးလေးနင်းကာ အတွင်းဘက်အိမ်ဆိုင်လေးထဲသို့ဆောင်းဟွန်းဝင်လာတာမြင်တာနဲ့ဆိုင်ရှင်အမက ပြုံးပြလျက် လက်ကိုင်ပန်လေးကိုသေချာထုတ်ပေးသည်..။ ဘာပန်းတွေလို့ဆောင်းဟွန်းသေသေချာချာနားမလည်ပေမဲ့ အဖြူရောင်လေးတွေဖြစ်တဲ့ပန်းအစုစည်းလေးကတော်တော်လှသည်...။
အသိမှတ်ပြုလို့ ပန်းလေးကိုယူလာပီးတဲ့နောက် ဆောင်းဟွန်းလုပ်စရာက ကိုယ့်ကိုယ်ကိုပြင်ဆင်ဖို့ပဲရှိတော့သည်..။ မကြာခင်မှာနာရီအနည်းငယ်အတွင်းမှာ ပွဲကစတော့မှာမို့လို့ ဆောင်းဟွန်းပြင်ဆင်ရဦးမည်..။ ကြီးကြီးကျယ်ကျယ်ပွဲအခမ်းအနားတွေကသူနဲ့ဘယ်လိုမှအဆင်မပြေပေမဲ့ ဒီနေ့တစ်ရက်တော့သည်းခံရဦးမည်..ရိုးရှင်းတဲ့ဘဝကိုနှစ်သက်တဲ့ဆောင်းဟွန်းနဲ့အထည်ကြီးပျက်ဘဝမှာ ဟိတ်ဟန်တွေလုပ်ချင်နေတဲ့ မိဘတွေနဲ့က တစ်လမ်းစီကွာခြားသည်..။
အိမ်ရှေ့မှုရပ်ထားတဲ့ကားကိုတွေ့၍ စက်ဘီးကိုအရှိန်လျှော့ကာ ဘေးနားမှခြံထဲသို့ကပ်ဝင်လာခဲ့သည်..ကြည့်ရတာ မမကို ပြင်ဆင်ဖို့လာခေါ်တာထင်သည်..။
" လက်ကိုင်ပန်းလေးက လှလိုက်တာ...."
" ဟုတ်တယ်.. အတော်လေးလှတယ်နော်...ဒါကိုမမတစ်ခါထဲယူသွားမှာမဟုတ်လား..."
" အင်း...အခုပြင်ဆင်ဖို့သွားတော့မှာတစ်ခါထဲယူသွားရမှာ..နင်နဲ့မာမီက နောက်မှလိုက်ခဲ့ ငါအရင်သွားပီ.."
အိမ်ထဲရောက်လို့ ပန်းစည်းကိုပေးပီးတာနဲ့ အမဖြစ်သူက ခြံရှေ့မှာရပ်ထားတဲ့ကားစီပြေးထွက်သွားသည်..။ မလိုချင်ဘူးငြင်းဆန်တာလဲသူပဲ အခုကျတော့လဲပြင်ဆင်ဖို့တက်တက်ကြွကြွပါပဲ..။ ဆောင်းဟွန်းအတွေးကြောင့်တစ်ချက်ရယ်လိုက်ရင်း မေမေနဲ့တူတူလိုက်သွားဖိူ့ ဝယ်ပေးထားတဲ့အနောက်တိုင်းဝတ်စုံကိုတစ်ချက်ကြည့်ကာလဲလှယ်ဝတ်ဆင်လိုက်သည်..။
အရပ်ရှည်ရှည်နဲ့သူက အနောက်တိုင်းဝတ်စုံနဲ့အံဝင်ဂွင်ကျပါပဲ..လိုက်ဖက်သလိုခံစားရတော့ကျေကျေနပ်နပ်ပြုံးမိပြန်သည်..။
ဆောင်းဟွန်းအတွေးတွေကရိုးရှင်းလွန်းသည်..။ ဒီတိုင်းသဘောကျတဲ့အရာကိုစိတ်ရှိတိုင်းသဘောကျပီး မကြိုက်ရင်လဲပွင့်လင်းစွာပဲငြင်းဆန်လေ့ရှိသည်..။ ဆယ်ကျော်သက်တစ်ယောက်ရဲ့အတွေးက စိတ်ကစားတာရှိပေမဲ့လူကြီးတွေထက်တော့ရိုးရှင်းလွန်းသည်..။
မေမေက သူ့အခန်းထဲမှာပဲ ပြင်ဆင်ပေမဲ့ယောကျာ်းလေးဖြစ်တဲ့သူကတော့ ထွေထူးပီးပြင်စရာမရှိတာမို့ အကျီတွေဝတ်ပီးတာနဲ့ ပီးဆုံးသွားလေပြီ..။ အချိန်ခဏလောက်ဖြုန်းဖို့ရာ ဖုန်းကြည့်နေရာက ခဏလောက်အိပ်ပျော်လို့သွားတာထင်သည်..။
တံခါးခေါက်သံကြားမှ ဆောင်းဟွန်းမှေးခနဲဖြစ်ရာက နိူးလာခဲ့သည်..သိပ်မကြည်တဲ့မမြင်အာရုံတွေကြောင့်မျက်လုံးကိုပုတ်ခတ်ရင်း ဖုန်းကနာရီကိုကြည့်တော့ ပွဲချိန်ပင်နီးနေလေပြီ..။ သူတော်တော်အိပ်ပျော်သွားခဲ့တာပဲ...။
အဆက်မပြတ်ထွက်ပေါ်လာတဲ့တံခါးသံကြောင့် ကုတင်ပေါ်ကနေ လူးလဲထကာ ဆောင်းဟွန်းခပ်မြန်မြန်တံခါးကိုဆွဲဖွင့်လိုက်သည်..။
" သား...အမေတို့တော့ဒုက္ခရောက်ပီ.."
ငိုချတော်မတတ် ပျက်ယွင်းနေတဲ့မျက်နှာနဲ့တံခါးရှေ့မှမေမေက.သူ့အားမြင်တာနဲ့အတင်းဖက်လာတာမို့ ဘာမှန်းမသိသော်လည်း ဆောင်းဟွန်းအလိုက်သင့်ဖက်ကာ..
" ဘာလို့လဲ မေမေ..ကျွန်တော့်ကိုပြော.."
မေမေက ရှိုက်ကြီးတငင်နှင့် စကားသံတော်တော်ဖြင့်မထွက်လာ၍ ဆောင်းဟွန်းအတော်ပင်ရင်မောရသည်..။ မေမေ့လိုလူက စိတ်ဓာတ်မာကြောတဲ့နေရာမှာဆောင်းဟွန်းထက်ပင်မာကြောသေးတဲ့လူမို့လို့..။
" မင်းအမမရှိတော့ဘူး.. ထွက်ပြေးသွားပီ သားငယ်..."
-All_I_need_ is_you-
Zawgyi
" ဒီမဂၤလာပြဲက သမီးစိတ္ဆႏၵမပါဘူးေနာ္ မာမီ "
အခန္းတံခါးဆီကိုလွမ္းလိုက္တဲ့ဟီဆြန္းရဲ႕လက္ေခ်ာင္းေတြဟာ တံခါးလက္ကိုင္ေပၚမွာရပ္တန႔္သြားသည္..။ ထပ္မံကာထြက္ေပၚလာေသာ ခပ္ႀကီးႀကီး restaurant တစ္ခုရဲ႕ သီးသန႔္ခန္းအတြင္းက က်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚလာေသာအသံဟာ အေခ်အတင္ေအာ္ဟစ္ေနပုံရသည္။
ဟီဆြန္းလက္ကနာရီကိုငုံ႕ၾကည့္ရင္း အခ်ိန္ကအနည္းငယ္ေစာေနေသးေၾကာင္းသတိထားမိတဲ့အခါ လက္ကိုျပန္႐ုတ္၍ တိတ္တိတ္ေလးရပ္ေနခဲ့သည္ ..
သူတစ္ပါးစကားေျပာတာကိုခိုးနားေထာင္တာမဟုတ္ေသာ္လည္း ဒါက သူနဲ႕သက္ဆိုင္တဲ့အေၾကာင္းအရာေတာ့ျဖစ္သည္ ..။
" မသိခ်င္ဘူး မာမီ သမီးက အေႂကြးနဲ႕သိမ္းခံရတဲ့မိန္းမျဖစ္ခံရမွာလား မာမီတကယ္ပဲ ကိုယ့္သမီးကို သူမ်ားကိုအေႂကြးနဲ႕ထိုးအပ္ဖို႔စဥ္းစားေနတာေတာ့မဟုတ္ဘူးမလား "
ဟီဆြန္းသိထားပီးသားတဲ့အေၾကာင္းအရာကို တစ္ဖက္က မိန္းကေလးသိပုံမရပဲအခုမွသိပုံေပၚသည္ ဟီဆြန္းကလဲေခါင္းညိတ္ခ်င္ခဲ့သည္မဟုတ္ပဲ မာမီ့ရဲ႕႐ုပ္ရွင္ထဲက အေပါစား ပေလာ့ေတြလိုမ်ိဳး ဟိုေရာဂါဒီေရာဂါေခါင္းစဥ္တပ္တာကို မယုံခ်င္ပါေသာ္လည္း ေခါင္းညိတ္ခဲ့မိသည္ ...။ ေခါင္းထဲမွာအလုပ္ကလြဲလို႔ဘာမွမရွိတဲ့သူ႔ဘ၀အတြက္ မိန္းမယူလိုက္ရင္လဲ ဘာမွထူးျခားလာျခင္းမ႐ွိႏိုင္ဘူးလို႔ေတြးမိ၍ လက္ခံခဲ့ေပမဲ့..ဟီဆြန္းရဲ႕စိတ္ဆႏၵကလဲတစ္ဖက္မိန္းကေလးလိုမ်ိဳးပဲထပ္တူက်ေနသည္..။
" မာမီ့အေႂကြးေတြကိုသမီးကဘာလို႔ ၾကားထဲကဒုကၡခံေပးရမွာလဲ မယူႏိုင္ဘူး အဲ့လူကေရာ ဘယ္ေလာက္ေတာင္ႀကီးက်ယ္ျမင့္ျမတ္ေနလို႔လဲ အဲ့ေလာက္ထိ ပါးစပ္ကမခ်တမ္းျဖစ္ေနရေအာင္ သူ႔ဘာသာ ဘာေကာင္ႀကီးပဲျဖစ္ေနေန သူမ်ားသားသမီးကိုအေႂကြးနဲ႔ယူတယ္ဆိုထဲက လူေကာင္းမဟုတ္တဲ့လူယုတ္မာပဲျဖစ္ေနမွာ..."
တံခါးကိုထပ္ဖြင့္လိုက္တဲ့ဟီဆြန္းရဲ႕လက္ေတြလိုတာထက္ပို၍တင္းၾကပ္စြာဆုပ္ကိုင္ထားမိသည္..လက္ဆစ္ေတြျဖဴေနတဲ့အထိ ။ မာနထိခိုက္ေစတဲ့စကားေတြက ဟီဆြန္းကိုတေျမ့ေျမ့နဲ႔ေဒါသေတြလိႈက္လာေစသည္..။ မိဘေတြစီစဥ္ထားတဲ့ပြဲမွာ သူက ကစားစရာအ႐ုပ္တစ္ခုလို မလြန္ဆန္ႏိုင္လြန္းလို႔ လက္ခံလိုက္ရတာကို ဘယ္လိုစကားေတြနဲ႔ေစာ္ကားေနသလဲ..
အခန္းတံခါးကို၀ုန္းခနဲဆြဲဖြင့္လိုက္တဲ့ခဏမွာ စကားသံေတြဟာတိတ္ဆိတ္သြားသည္..။ ျမင္ဖူးေနၾက အန္တီ မာရီ ကေတာ့ သူ႔အားေတာင့္ေတာင့္ႀကီးရပ္ၾကည့္လို႔ေနသည္..။
" ဒီေန႔ ေမေမက လာတာေနာက္က်မယ္တဲ့ ကြၽန္ေတာ္တို႔ပဲအရင္ေျပာလို႔ရတာပဲ အန္တီမာရီ... ထိုင္ပါ..."
အိုးတိုးအမ္းတမ္းျဖစ္ကာ မတ္တပ္ရပ္ေနတဲ့သားအမိႏွစ္ေယာက္ကို ခပ္တည္တည္ေျပာတဲ့စကားေတြကေအးစက္စက္ႏိုင္သည္..။ ဒါကေဒါသေတြပါတယ္ဆိုတာကို ေကာင္းေကာင္းႀကီးနားလည္လာႏိုင္ေလာက္သည္..။
အန္တီမာရီေဘးမွာ ခပ္ကုတ္ကုတ္ထိုင္ေနတဲ့ မိန္းကေလးက ေစာေစာက ေအာ္ဟစ္ေနခဲ့ေသာ သူႏွင့္လက္ထပ္ဖို႔ရည္ရြယ္ေပးထားတဲ့ ပတ္ယြန္းေဆာ ျဖစ္လိမ့္မည္... ေရႊ၀ါေရာင္ဆံပင္႐ွည္ေတြကို.ကပိုက႐ိုထံုးဖြဲ႔လို႔ ရဲေတာက္ေနတဲ့ႏႈတ္ခမ္းနီက ဟီဆြန္းစိတ္အာရံုကိုညစ္ႏြမ္းသြားေစသည္..။
" ကြၽန္ေတာ္ကေတာ့ မဂၤလာပြဲကို လာမဲ့ႏွစ္ပတ္အတြင္းလုပ္ေစခ်င္တယ္..."
ပြင့္အာသြားတဲ့ႏႈတ္ခမ္းနီနီရဲက ေဒါသ႐ွိန္ပါသြားသလားမသိပါ.. တဆတ္ဆတ္တုန္ယင္ေနတာကို ေသခ်ာစိုက္မၾကည့္ေနရင္းေတာင္ျမင္ေတြ႔ရတာမို႔ ဟီဆြန္းခန႔ဲစြာျပံဳးမိသည္..။ ႏႈတ္ခမ္းေတြကို ၫြတ္သြားရံု အျပံဳးလို႔မဆိုသာတဲ့ ခပ္သာသာရြဲ႔ျပံဳးကိုသူမကျမင္ေတာ့ ပိုကာညိဳေမွာင္လာတဲ့မ်က္ႏွာက တစ္ခုခုေျပာဖို႔အားယူေနသေယာင္..။
" အန္တီတို႔ကပိုသေဘာက်တာေပါ့ သားရယ္... သားတို႔ဘက္က အဆင္ေျပမယ္ဆိုရင္..."
" ျမန္ေလပိုေကာင္းေလေပါ့ အန္တီ...ေသခ်ာေပါက္ ဒီႏွစ္ပတ္အတြင္း မဂၤလာပြဲလုပ္ပီး အန္တီ့သမီးကိုယူမယ္...ဒီလိုပဲသိထားေပးပါ..ေနာက္ပီး အေႂကြးေတြက အန္တီ့သမီးနဲ႔ယူပီး တစ္လေနမွေခ်ေပးမွာလို႔ ေမေမကေျပာတယ္..."
" ဟုတ္ပါတယ္.. ၀မ္းသာလိုက္တာသားရယ္ သားဘက္ကျငင္းမယ္ထင္ေနခဲ့တာ...ေက်းဇူးတင္ပါတယ္..."
လူယုတ္မာဆိုတဲ့အတိုင္း ယုတ္မာျပဖို႔လမ္းစေလးပ်ိဳးရံု႐ွိေသးသည္..ေ႐ွ႕မွမိန္းမပ်ိဴကေတာ့ ပ်က္ယြင္းေနတဲ့မ်က္ႏွာကိုျပန္လည္မျပင္ဆင္ႏိုင္ေအာင္ ေအာက္ႏႈတ္ခမ္းကိုတင္းတင္းကိုက္လို႔ ၿငိမ္သက္ေနသည္..။ သိပ္ပီး ေက်နပ္သလိုခံစားလိုက္ရသည္..။
ဟီဆြန္းအေတြးထဲမွာ ႏွစ္ေယာက္သေဘာတူညီမႈယူပီး ျငင္းၾကဖို႔စီစဥ္ခဲ့ေပမဲ့ အခုမွာေတာ့ ထိုအေတြးေတြကို ေႏွာင့္ယွက္ခ်င္တဲ့ တစ္စံုတစ္ရာစိတ္ေတြကေနရာယူလို႔လာသည္..။
ေမေမေရာက္လာတဲ့အခါ တင္းၾကပ္ေနတဲ့ေလထုကေလ်ာ့က်သြားသလို စကားေျပာသံနဲ႔ရယ္သံက အခန္းတြင္းလႊမ္းမိုးလာသည္..။ ဟီဆြန္းလက္ေတြကိုစားပြဲေပၚတစ္ေဒါက္ေဒါက္ေခါက္ပစ္လို႔ ဒီေနရာမွာ႐ွိမေနခ်င္ေၾကာင္း သိသိသာသာျပဆိုသည္..။ ဒါကို ေမေမလဲရိပ္မိပါလိမ့္မယ္..။
ေတာင္ေတာင္အီအီေလ်ွာက္ေတြးရင္း လက္ကနာရီကိုငံုၾကည့္မိေတာ့ သူဒီေနရာမွာထိုင္ေနတာ တစ္နာရီနီးပါး႐ွိပီျဖစ္ေၾကာင္း နာရီကၫႊန္ျပေနသည္..။ တစ္ခ်က္တစ္ခ်က္ စကား၀ိုင္းဆီကေန ဟီဆြန္းဆိုတဲ့အသံကိုၾကားရသလို ယြန္းေဆာဆိုတဲ့အမည္နာမကိုလဲၾကားရသည္..။ ယြန္းေဆာရဲ႕မ်က္ႏွာက.ျပန္ေမာ့မလာပဲ ေခါင္းငိုက္လို႔ထားသည္..တစ္ခါတစ္ရံမွသာ ေမးတဲ့စကားကိုယဥ္ေက်းစြာျပန္လည္ေျဖတတ္သည္..။
စားပြဲေပၚက အ၀ါေရာင္ လိေမၼာ္ရည္ေတြထည့္ထားတဲ့ ဖန္ခြက္ကိုယူလို႔ အနည္းငယ္ေမာ့ေသာက္ပီး အေ႐ွ႕မွ တိတ္ဆိတ္ေနတဲ့သူကိုၾကည့္ျဖစ္သည္..။
မိဘေတြရဲ႕စကား၀ိုင္းဟာ အနည္းငယ္ေတာ့ပ်င္းစရာေကာင္းေပမဲ့ ဟီဆြန္းေ႐ွ႕ကေကာင္ေလးကပို၍ပ်င္းစရာေကာင္းသည္..ဘာစကားတစ္ခြန္းမွမဆိုပဲ သူ႔နည္းတူၿငိမ္သက္လို႔ထိုင္ေနေပမဲ့ ဂနာမၿငိမ္ျဖစ္ေနတဲ့သူ႔ထက္ ေရေငြ႔သီးေနတဲ့အေအးခြက္ကိုသာစိုက္ၾကည့္ရင္းထိုင္လို႔ေနသည္..။
ယူေသာက္တာလဲမျမင္ရေသးသလို မ်က္ေတာင္ပင္ခတ္ရဲ႕လားမေသခ်ာ..။
ဒါက ပတ္ယြန္းေဆာရဲ႕ေမာင္ျဖစ္လိမ့္မည္..။ ပတ္ေဆာင္းဟြန္းဆိုတဲ့ ေက်ာင္း၀တ္စံုအေပၚက ရင္ဘတ္နားမွာ႐ွိတဲ့နာမည္ကတ္ကို အမွတ္တမဲ့လွမ္းဖတ္လိုက္မိ၍ ပိုေသခ်ာသြားသည္..။ ႐ုပ္ခ်င္းေတာ့လံုး၀ကိုမတူတာကိုလဲ သတိထားမိသည္..။
မ်က္လံုးလွန္လို႔ၾကည့္မိတဲ့ခဏမွာ ဟီဆြန္းနဲ႔မတူတဲ့အေအးခြက္ကိုယူေသာက္လိုက္ရင္း လူႀကီးေတြေတာင္မထိကိုင္ရေသးတဲ့ ဟင္းပြဲေတြကို တစ္ခုခ်င္းပန္းကန္ထဲထည့္ကာယူလို႔စားေသာက္ေနသည္..။ ဒီတိုင္း...ဘာဆိုဘာကိုမွအေတြး႐ွိပံုမရသလို ေဘးကလူေတြကိုလဲ႐ွိတယ္လို႔ထင္ပံုမရ..။
ပလုတ္ျပည့္ပေလာင္းျပည့္၀ါးေန၍ ေဖာင္းေနတဲ့ပါးေဖာင္းေဖာင္းက ၀ါဂြမ္းလံုးလိုမ်ိဳး... ။
" ယြန္းေဆာကို ေခြၽးမေတာ္ဖို႔ အန္တီကေတာ့စိတ္လႈပ္႐ွားေနမိတယ္ ...သားဆိုရင္ေတာ့ပိုဆိုးေနမယ္ထင္တယ္...မဂၤလာပြဲကိုေတာင္ ျမန္ျမန္လုပ္ခိုင္းလိုက္တာဆိုေတာ့..."
အျပံဳးတုနဲ႔လုပ္ရယ္ေနၾကေသာ စကား၀ိုင္းထဲ ဟီဆြန္းေခါင္းညိတ္ျပလို႔ခပ္ဟဟရယ္ျပရင္း အေ႐ွ႕ဆီကိုျပန္ၾကည့္မိေတာ့ သူ႔ကိုမ်က္လႊာေတြပင့္လို႔ၾကည့္ေနတဲ့ေဆာင္းဟြန္းရဲ႕မ်က္၀န္းေတြႏွင့္ဆံုသည္..။ ႏႈတ္ခမ္းကိုဟကာ တ႐ူး႐ူးအသံျပဳေနတဲ့ေဆာင္းဟြန္းက စပ္ေနပံုရသည္ ။ မ်က္ႏွာတစ္ခုလံုးပန္းႏုေရာင္သမ္းေနေအာင္ ပါးစပ္ကိုဟလို႔ လက္ျဖင့္သာသာေလးခပ္ေနသည္ ....။ ကုန္သြားတဲ့အေအးခြက္မ်က္စိေ႐ွ႕မွာစီးႀကိဳေနတာမို႔ ဟီဆြန္းအေအးခြက္ကိုတြန္းေပးကာ ေမးေငါ့လို႔ျပလိုက္သည္..။
မထံုတက္ေတးမ်က္၀န္းေတြက မမွိတ္မသုန္စိုက္ၾကည့္ရင္းမွ မခံႏိုင္ေတာ့တဲ့အခါ ခပ္ျမန္ျမန္ယူေသာက္သည္..။ ဒါကိုျမင္သြားပံုရတဲ့ေဆာင္းဟြန္းရဲ႕အေမက ျပံဳးရင္းသေဘာက်ေနဟန္..။ အေနရခက္စြာ ေခါင္းကုတ္ရင္းေခါင္းညိတ္ျပမိသည္ ..။ ဒီေနရာမွာ ဟီဆြန္းကကို႔႐ို႔ကားယားႏိုင္လြန္းသည္..။
" ဒါဆို ျပန္ၾကတာေပါ့...ေနာက္ရက္က်ရင္ အေသးစိတ္စီစဥ္ဖို႔အိမ္လာခဲ့ပါဦးမယ္.."
ေနာက္ဆံုးေမ်ွာ္လင့္ေနရတဲ့စကားသံေလးၾကားလိုက္ရေတာ့ ဟီဆြန္းထခုန္မိေတာ့မတတ္ပင္..။ အေ႐ွ႕မွေဆာင္းဟြန္းကလဲ လႈပ္လႈပ္႐ွား႐ွားပင္...။ အၾကပ္အတည္းၾကားကလြတ္ေျမာက္သြားတဲ့ ယြန္းေဆာကလဲ ထိုမွသာျပံဳးလာသည္..။
" ကြၽန္ေတာ္ ယြန္းေဆာကိုျပန္လိုက္ပို႔လို႔ရမလား..."
" ရတာေပါ့သားရဲ႕ အိမ္လဲတခါထဲေရာက္ဖူးသြားေအာင္ လိုက္ပို႔ေလ အန္တီတို႔က သက္သက္ျပန္လိုက္မယ္..."
ကာယကံ႐ွင္ဆီကအသံထြက္မလာပဲ ၾကားျဖတ္၀င္ေျပာတဲ့အန္တီမာရီစကားေၾကာင့္ ယြန္းေဆာမ်က္ႏွာဟာေစာေစာကအတိုင္းပ်က္ယြင္းေနျပန္သည္..။
" ဒါဆို ေမေမေရာ အန္တီေရာ သြားလိုက္ပါဦးမယ္.."
မလိုက္ခ်င္တဲ့ယြန္းေဆာရဲ႕ေျခလွမ္းေတြကေလးကန္ေနသည္..။ ဟီဆြန္းခပ္ဟဟရယ္လို႔ ကားေသာ့ကိုရမ္းကာ လွည့္ထြက္ခ်ိန္မွာ သူ႔ေ႐ွ႕မွာေရာက္ႏွင့္သားေကာင္ေလးက တံခါးဖြင့္လို႔ေနသည္..။
" မင္းအကို ကိုႏႈတ္ဆက္လိုက္ေလ ေဆာင္းဟြန္း "
ထြက္သြားမဲ့ေျခလွမ္းေတြကျပန္လွည့္လာပီးမွ ဟီဆြန္းကိုမရဲတရဲေမာ့ၾကည့္လာတဲ့ေဆာင္းဟြန္းမ်က္ႏွာက ပကတိတည္ၿငိမ္သည္..။ ေခါင္းကိုအနည္းငယ္ေလးၫႊတ္လို႔..
" ျပန္ခြင့္ျပဳပါဦး..."
ဟီဆြန္းေခါင္းညိတ္လို႔ျပလိုက္ရင္ လွစ္ခနဲေနေအာင္ေျပးထြက္သြားတဲ့ေဆာင္းဟြန္းက ေနာက္ေက်ာေလးပင္ဖမ္းမမိခဲ့..။ အားနားပါးနာျပံဳးျပတဲ့ေဆာင္းဟြန္းအေမကိုေတာ့ ျပန္လည္ကာအသိအမွတ္ျပဳျပံဳးျပရင္းသာ ။
" ဒီမဂၤလာပြဲကို ကြၽန္မလက္မခံႏိုင္ဘူး..."
ကားပါကင္မွာ တစ္ေဒါက္ေဒါက္ျဖင့္ထြက္ေပၚေနေသာ ေဒါက္ဖိနပ္သံဟာ ကားေပၚမတက္ခင္ သူ႔ေနာက္ေက်ာနားတြင္ရပ္လို႔သြားသည္..။
တိတိပပထြက္လာတဲ့စကားသံကို ဟီဆြန္းနားေထာင္ဟန္မျပဳပဲ ကားတံခါးဖြင့္လို႔ေမးေငါ့ျပတဲ့အခါ ယြန္းေဆာကနားမလည္ဟန္..။ ရပ္ၾကည့္ေနတဲ့ ယြန္းေဆာအား..
" မင္းလက္မခံလဲငါကယူမွာ..."
" ႐ွင္ကြၽန္မကိုမခ်စ္ပဲနဲ႔ ဘာလို႔လက္ခံမွာလဲ "
" လက္ထပ္ခ်င္လို႔... မင္းေျပာသလိုအေႂကြးနဲ႔သိမ္းတဲ့လူယုတ္မာေပါ့.."
" ဒါကေလးကစားစရာမဟုတ္ဘူးေနာ္ အီဟီဆြန္း... တစ္ဘ၀လံုးနဲ႔ဆိုင္တာ... ႐ွင့္ရဲ႕မာနေတြကိုေဘးဖယ္ပီး ဦးေႏွာက္နဲ႔ေသခ်ာစဥ္းစားၾကည့္စမ္းပါ.."
" ငါ့မာနကိုသိရက္နဲ႔ထိပါးရဲတဲ့မင္းကေရာ... အရင္ကေတာ့ ငါျငင္းဖို႔ပဲ ဒါေပမဲ့မင္းစကားေတြၾကားလိုက္ရေတာ့ ငါမျငင္းခ်င္ေတာ့ဘူး..."
အီဟီဆြန္းအေၾကာင္းေတြကို သူမၾကားဖူးသည္..။ သိပ္ကိုမာနႀကီးတဲ့လူတစ္ေယာက္ျဖစ္ေၾကာင္း သူငယ္ခ်င္းေတြကဆီကၾကားသိရသည္..။ စီးပြားေရးေလာကရဲ႕ေအာင္ျမင္ေနတဲ့လူေတြၾကားမွာ လူငယ္တစ္ေယာက္အေနနဲ႔နာမည္႐ွိတဲ့ အီဟီဆြန္းက ေတာ္တဲ့အေလ်ာက္ မာနကေခါင္ခိုက္ေနေအာင္ လူတိုင္းကိုမတူသလိုမတန္သလိုဆက္ဆံတတ္ေသးတာ..။
အခန္းထဲ၀င္လာထဲက စကားမေျပာခင္မွာၾကည့္တဲ့အၾကည့္ေတြနဲ႔တင္ သူမတို႔တစ္မိသားစုလံုးကိုခ်ဳပ္ကိုင္ႏိုင္သည္..။
တစ္လံုးခ်င္းေျပာေနတဲ့ေအးစက္စက္စကားသံေတြမွာ သူမထိုင္ငိုခ်င္လာေအာင္ အၾကည့္စူးေတြကပါခ်ဳပ္ေႏွာင္ေနသည္...မိန္းကေလးေတြၾကားထဲမွာနာမည္ႀကီးတဲ့ ဒီလူ..အီဟီဆြန္းကိုလက္ထပ္ရမယ္ဆိုတာ ကံေကာင္းတာလား ကံဆိုးတာလဲမခြဲျခားတတ္ေပမဲ့ သူမရဲ႕လက္႐ွိခ်စ္သူကိုလက္ဆက္ဖို႔ပဲရည္ရြယ္သည္...။
" လူယုတ္မာ...တကယ္ကိုၾကားခဲ့ဖူးတဲ့အတိုင္း လူစိတ္မ႐ွိတဲ့သူပဲ..."
" ေစာင့္ၾကည့္လိုက္ေလ ပတ္ယြန္းေဆာ...မင္းေျပာတဲ့လူယုတ္မာက မင္းကိုယူပီး ဘယ္ေလာက္ထိယုတ္မာမလဲဆိုတာ..."
" ႐ွင့္ကိုေသေတာင္မယူႏိုင္ဘူး.."
" ငါကေတာ့မင္းကိုရေအာင္ယူမွာ...."
ဟီဆြန္းရဲ႕ခပ္ေထ့ေထ့စကားတစ္ခြန္းကေပါ့တန္သည္မဟုတ္ရာ..ဒါကိုသူမေကာင္းေကာင္းသေဘာေပါက္မွာပါ..။ ညိဳေမွာင္ေနတဲ့မ်က္ႏွာက ပ်က္ယြင္းတာထက္ပ်က္ယြင္းပီး နီေဆြးေဆြးႏႈတ္ခမ္းကေန ေတာက္ေခါက္သံတစ္ခ်ကိထြက္လာကာ ဖြင့္ေပးထားတဲ့ကားတံခါးအား လ်စ္လ်ဴရႈလို႔ လွည့္ထြက္သြားသည္..။
ဟီဆြန္းကလိုက္ေခၚမဲ့လူစားမဟုတ္တာကိုလဲသူမသိႏွင့္ပီးသားျဖစ္မွာပါ..။ ေပ်ာ္စရာေကာင္းတဲ့မဂၤလာပြဲမျဖစ္ရင္ေတာင္ က်ိန္းေသေပါက္မင္းကိုယူမွာ...။
•••••••
ႏိႈးစက္က အသံျမည္လာတာနဲ႔ေဆာင္းဟြန္းကမန္းကတမ္းထကာ listစီထားတဲ့စာရြက္ကိုေျပးကိုင္ရသည္..ဒီေန႔ မမရဲ႕wedding dayမို႔လို႔ တအိမ္လံုးအလုပ္႐ႈပ္သလို ေဆာင္းဟြန္းကိုယ္တိုင္လဲ ၀ိုင္းကူရမည္..။ လက္ကိုင္ပန္းသြားယူေပးရမွာမုိ႔ ေရအျမန္ခ်ိဳးပီးေနာက္ သိပ္မေ၀းတဲ့ ႏွစ္လမ္းေက်ာ္က ပန္းအလွဆင္ဆိုင္ကို စက္ဘီးနင္းလို႔ထြက္ခဲ့သည္..။
ေဆာင္းဟြန္းအတြက္ေတာ့အရာရာဟာ ပံုမွန္လိုပဲ.. အိမ္မွာလူတစ္ေယာက္ေလ်ာ့သြားရံုကလြဲရင္ က်န္တဲ့ေထြေထြထူးထူးခံစားခ်က္မ႐ွိ..။ မမနဲ႔လဲအနည္းငယ္ေ၀းကြာလို႔ထင္သည္..။
ေဆာင္းဟြန္းဘာမွလုပ္ေပးႏိူင္တဲ့အရြယ္မဟုတ္ေပမဲ့ အိမ္ကေသာကေတြကို၀င္ေျဖ႐ွင္းေပးခ်င္သည္..သို႔တိုင္ေအာင္ အခုခ်ိန္ထိ အထက္တန္းအရြယ္ ဆယ့္ကိုးႏွစ္ပဲ႐ွိေသးတဲ့သူက ဒီအေႂကြးေတြကိုဘယ္လိုမ်ားဆပ္ေပးႏိုင္မွာလဲ..။ မမရဲ႕အနစ္နာခံလိုက္မႈကိုစိတ္မေကာင္းေပမဲ့ ဒါကအဆင္ေျပတဲ့နည္းလမ္းလို႔ေဆာင္းဟြန္းယူဆသည္...။
ေျမနီလမ္းေလးခင္းထားတဲ့ဆိုင္အ၀င္၀ကေန စက္ဘီးေလးနင္းကာ အတြင္းဘက္အိမ္ဆိုင္ေလးထဲသို႔ေဆာင္းဟြန္း၀င္လာတာျမင္တာနဲ႔ဆိုင္႐ွင္အမက ျပံဳးျပလ်က္ လက္ကိုင္ပန္ေလးကိုေသခ်ာထုတ္ေပးသည္..။ ဘာပန္းေတြလို႔ေဆာင္းဟြန္းေသေသခ်ာခ်ာနားမလည္ေပမ့ဲ အျဖဴေရာင္ေလးေတြျဖစ္တဲ့ပန္းအစုစည္းေလးကေတာ္ေတာ္လွသည္...။
အသိမွတ္ျပဳလို႔ ပန္းေလးကိုယူလာပီးတဲ့ေနာက္ ေဆာင္းဟြန္းလုပ္စရာက ကိုယ့္ကိုယ္ကိုျပင္ဆင္ဖို႔ပဲ႐ွိေတာ့သည္..။ မၾကာခင္မွာနာရီအနည္းငယ္အတြင္းမွာ ပြဲကစေတာ့မွာမို႔လို႔ ေဆာင္းဟြန္းျပင္ဆင္ရဦးမည္..။ ႀကီးႀကီးက်ယ္က်ယ္ပြဲအခမ္းအနားေတြကသူနဲ႔ဘယ္လိုမွအဆင္မေျပေပမဲ့ ဒီေန႔တစ္ရက္ေတာ့သည္းခံရဦးမည္..႐ိုး႐ွင္းတဲ့ဘ၀ကိုႏွစ္သက္တဲ့ေဆာင္းဟြန္းနဲ႔အထည္ႀကီးပ်က္ဘ၀မွာ ဟိတ္ဟန္ေတြလုပ္ခ်င္ေနတဲ့ မိဘေတြနဲ႔က တစ္လမ္းစီကြာျခားသည္..။
အိမ္ေ႐ွ႕မႈရပ္ထားတဲ့ကားကိုေတြ႔၍ စက္ဘီးကိုအ႐ွိန္ေလ်ွာ့ကာ ေဘးနားမွျခံထဲသို႔ကပ္၀င္လာခဲ့သည္..ၾကည့္ရတာ မမကို ျပင္ဆင္ဖို႔လာေခၚတာထင္သည္..။
" လက္ကိုင္ပန္းေလးက လွလိုက္တာ...."
" ဟုတ္တယ္.. အေတာ္ေလးလွတယ္ေနာ္...ဒါကိုမမတစ္ခါထဲယူသြားမွာမဟုတ္လား..."
" အင္း...အခုျပင္ဆင္ဖို႔သြားေတာ့မွာတစ္ခါထဲယူသြားရမွာ..နင္နဲ႔မာမီက ေနာက္မွလိုက္ခဲ့ ငါအရင္သြားပီ.."
အိမ္ထဲေရာက္လို႔ ပန္းစည္းကိုေပးပီးတာနဲ႔ အမျဖစ္သူက ျခံေ႐ွ႕မွာရပ္ထားတဲ့ကားစီေျပးထြက္သြားသည္..။ မလိုခ်င္ဘူးျငင္းဆန္တာလဲသူပဲ အခုက်ေတာ့လဲျပင္ဆင္ဖို႔တက္တက္ႂကြႂကြပါပဲ..။ ေဆာင္းဟြန္းအေတြးေၾကာင့္တစ္ခ်က္ရယ္လိုက္ရင္း ေမေမနဲ႔တူတူလိုက္သြားဖိူ႔ ၀ယ္ေပးထားတဲ့အေနာက္တိုင္း၀တ္စံုကိုတစ္ခ်က္ၾကည့္ကာလဲလွယ္၀တ္ဆင္လိုက္သည္..။
အရပ္႐ွည္႐ွည္နဲ႔သူက အေနာက္တိုင္း၀တ္စံုနဲ႔အံ၀င္ဂြင္က်ပါပဲ..လိုက္ဖက္သလိုခံစားရေတာ့ေက်ေက်နပ္နပ္ျပံဳးမိျပန္သည္..။
ေဆာင္းဟြန္းအေတြးေတြက႐ိုး႐ွင္းလြန္းသည္..။ ဒီတိုင္းသေဘာက်တဲ့အရာကိုစိတ္႐ွိတိုင္းသေဘာက်ပီး မႀကိဳက္ရင္လဲပြင့္လင္းစြာပဲျငင္းဆန္ေလ့႐ွိသည္..။ ဆယ္ေက်ာ္သက္တစ္ေယာက္ရဲ႕အေတြးက စိတ္ကစားတာ႐ွိေပမဲ့လူႀကီးေတြထက္ေတာ့႐ိုး႐ွင္းလြန္းသည္..။
ေမေမက သူ႔အခန္းထဲမွာပဲ ျပင္ဆင္ေပမဲ့ေယာက်ာ္းေလးျဖစ္တဲ့သူကေတာ့ ေထြထူးပီးျပင္စရာမ႐ွိတာမို႔ အက်ီေတြ၀တ္ပီးတာနဲ႔ ပီးဆံုးသြားေလၿပီ..။ အခ်ိန္ခဏေလာက္ျဖဳန္းဖို႔ရာ ဖုန္းၾကည့္ေနရာက ခဏေလာက္အိပ္ေပ်ာ္လို႔သြားတာထင္သည္..။
တံခါးေခါက္သံၾကားမွ ေဆာင္းဟြန္းေမွးခနဲျဖစ္ရာက ႏိူးလာခဲ့သည္..သိပ္မၾကည္တဲ့မျမင္အာရံုေတြေၾကာင့္မ်က္လံုးကိုပုတ္ခတ္ရင္း ဖုန္းကနာရီကိုၾကည့္ေတာ့ ပြဲခ်ိန္ပင္နီးေနေလၿပီ..။ သူေတာ္ေတာ္အိပ္ေပ်ာ္သြားခဲ့တာပဲ...။
အဆက္မျပတ္ထြက္ေပၚလာတဲ့တံခါးသံေၾကာင့္ ကုတင္ေပၚကေန လူးလဲထကာ ေဆာင္းဟြန္းခပ္ျမန္ျမန္တံခါးကိုဆြဲဖြင့္လိုက္သည္..။
" သား...အေမတို႔ေတာ့ဒုကၡေရာက္ပီ.."
ငိုခ်ေတာ္မတတ္ ပ်က္ယြင္းေနတဲ့မ်က္ႏွာနဲ႔တံခါးေ႐ွ႕မွေမေမက.သူ႔အားျမင္တာနဲ႔အတင္းဖက္လာတာမို႔ ဘာမွန္းမသိေသာ္လည္း ေဆာင္းဟြန္းအလိုက္သင့္ဖက္ကာ..
" ဘာလို႔လဲ ေမေမ..ကြၽန္ေတာ့္ကိုေျပာ.."
ေမေမက ႐ိႈက္ႀကီးတငင္ႏွင့္ စကားသံေတာ္ေတာ္ျဖင့္မထြက္လာ၍ ေဆာင္းဟြန္းအေတာ္ပင္ရင္ေမာရသည္..။ ေမေမ့လိုလူက စိတ္ဓာတ္မာေၾကာတဲ့ေနရာမွာေဆာင္းဟြန္းထက္ပင္မာေၾကာေသးတဲ့လူမို႔လို႔..။
" မင္းအမမ႐ွိေတာ့ဘူး.. ထြက္ေျပးသြားပီ သားငယ္..."
-All_I_need_ is_you-