ကူးပြောင်းလာပြီးနောက် ဘော့စ်က...

By empty432

73K 11.3K 253

Title: After Transmigrating, the Bosses Begged Me To Plant Land Author: Come seven months Translator: Empty မ... More

မိတ်ဆက်
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အခန်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အခန်း(၁၂)
အခန်း(၁၃)
အခန်း (၁၄)
အခန်း(၁၅)
အခန်း (၁၆)
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၂၀)
Paid Gp
အခန်း (၂၁)
အခန်း (၂၂)
အခန်း (၂၃)
အခန်း (၂၄) (က)
အခန်း (၂၄) (ခ)
အခန်း (၂၄)(ဂ)
အခန်း (၂၄)(ဃ)
အခန်း (၂၅)
အခန်း (၂၆)
အခန်း (၂၇) (က)
အခန်း (၂၇) (ခ)
အခန်း (၂၈)
အခန်း(၂၉)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)
Promotion 🎉🎉🎉
အခန်း (၃၅)
အခန်း (၃၆)
အခန်း (၃၇)
အခန်း (၃၈)
အခန်း(၃၉)
အခန်း ၄၀ (က)
အခန်း (၄၀) (ခ)
အခန်း (၄၁)
အခန်း (၄၂)
အခန်း (၄၃)
အခန်း ၄၄ (က)
အခန်း (၄၄)(ခ)

အပိုင်း (၁၁)

1.3K 260 9
By empty432

Title: After Transmigrating, the Bosses Begged Me To Plant Land
Author: Come seven months
Translator: Empty

အပိုင်း (၁၁)

ရှန်းထင်ရွှမ်းက ရှန်းမိသားစုအိမ်သို့ ရောက်သောအခါ ရှန်းရွှမ် အိမ်၌ ရှိနေသည်နှင့် ကြုံလိုက်ရသည်။ တခြားသူများကလည်း အိမ်၌ ရှိနေကြသည်။ လူတိုင်းက တစ်ခုခုကို စီစဥ်ရန် အလုပ်ရှုပ်နေကြပုံပေါ်သည်။

ရှန်းထင်ရွှမ်း ပြန်လာသည်ကို မြင်သောအခါ သူတို့အားလုံးက ဝိုင်းကြည့်လိုက်ကြသည်။

အတိတ်တွင်သာ ဖြစ်ပါက ရှန်းထင်ရွမ်းသည် သေချာပေါက် စိတ်တည်ငြိမ်နိုင်မည် မဟုတ်ပေ။ သို့သော် ယခု ရှန်းထင်ရွှမ်းက သူတို့ကို ဂရုမစိုက်ပေ။ ပြီးနောက် ရှန်းရွှမ်ဆီသို့ တည့်တည့် လျှောက်သွားလိုက်သည်။

ရှန်းရွှမ်က ရှန်းထင်ရွှမ်းကို မြင်လိုက်ပြီး အနည်းငယ် အံ့ဩသွားသည်။

"ညီမလေး နောက်ဆုံးတော့ အိမ်ပြန်လာပြီပေါ့၊ အမေနဲ့အဖေက ညီမလေးကို အရမ်းသတိရနေကြတာ "

ရှန်းထင်ရွှမ်းက ရှန်းရွှမ်ကို ခံစားချက်မဲ့စွာ ကြည့်လိုက်ပြီး "ရှင်းယွမ်ရှန်က ငါ့အသီးတွေကို ဖြတ်တောက်ဖို့ ပိုင်လျန်ကို ဘာကြောင့် ပြောခဲ့တာလဲ " ရှန်းရွှမ်က အနည်းငယ် ဂုဏ်ယူသလို ခံစားလိုက်ရသည်။ သို့သော် သူမက ခေါင်းကို ခါလိုက်ပြီး "ညီမလေး မမကို အထင်လွဲနေပြီ၊ ညီမလေးရဲ့အသီးတွေကို မဝယ်ဖို့ ပိုင်လျန်ကို ဘယ်တုန်းကမှ မလုပ်ခိုင်းခဲ့ဘူး… "

ရှန်းထင်ရွှမ်းက ရှန်းရွှမ်နှင့် အဓိပ္ပာယ်မရှိသော စကားများဆက်ပြောရန် အလွန် ပျင်းနေသည်။

"ကောင်းပြီ၊ ငါ အခု ဒီမှာ နင့်ကို ပြောမယ်… "

သူမ ပြော၍မပြီးသေးခင် ရှန်းထင်ရွှမ်းက တံခါးအပြင်ဘက်မှ အသံကို ကြားလိုက်ပြီး သူမက လှည့်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ဖောက်ခနဲ အသံတစ်ခု ထွက်လာသည်။

ရှန်းထင်ရွှမ်းက သူမခေါင်းကို ပြန်လှည့်လိုက်သောအခါ ရှန်းရွှမ်က ကြမ်းပြင်ပေါ်တွင် ထိုင်နေပြီး သူမ၏ညာဘက်မျက်နှာအား တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

ရှန်းရွှမ်က သူ့မျက်နှာကို အောက်ငုံ့ထားပြီး မည်သူမှ သူမ၏အမူအရာကို မမြင်နိုင်ပေ။ ယနေ့ အိမ်သို့ လာမည့်ဧည့်သည်က ကွဲပြားခြားနားသည်ကို သူမက သိသည်။ ပါပါးရှန်းနှင့် မာမားရှန်းက စောစောပြန်လာမည်မှာ သေချာသည်။

ပါပါးရှန်းက ရှန်းရွှမ်၏ရှေ့တွင် မတ်တတ်ရပ်နေသော ရှန်းထင်ရွှမ်းကို တွေ့လိုက်ပြီး ကြမ်းပြင်ပေါ်တွင် သူမမျက်နှာကို အုပ်လျက် ထိုင်နေသော ရှန်းရွှမ်ကို မြင်လိုက်ရသည်။

"ရှန်းထင်ရွှမ်း နင့်အသက် ငယ်ငယ်လေးနဲ့ ဒီလောက် ရက်စက်လိမ့်မယ်လို့ မထင်ထားဘူး "

"နင့်မမကို မြန်မြန်တောင်းပန်လိုက်စမ်း " ထိုအဆင့်ဆင့်အော်ငေါက်သံက ပါပါးရှန်းသည် ရှန်းထင်ရွှမ်းအပေါ် ချစ်ခင်နှစ်သက်ခြင်း  မရှိဟု လူများကို ထင်မြင်သွားစေသည်။

"ရွှမ်ရွှမ် သမီး အဆင်ပြေလား " မာမားရှန်းက ရှန်းရွှမ်ကို ထူလိုက်ပြီး ရှန်းထင်ရွှမ်းကို သဘောမကျသည့်အကြည့်ဖြင့် ဖျတ်ခနဲ ကြည့်လိုက်သည်။

မိသားစုတစ်စုက တူညီသည့်ရန်သူကို တိုက်ခိုက်ရန် ရှိနေသကဲ့သို့ ထိုလူသုံးယောက်က တစ်တန်းထဲ ရပ်နေကြသည်။

နောက်ပြီး သူတို့၏ရန်သူက ရှန်းထင်ရွှမ်းပင်။

နှစ်တစ်သောင်းကြာ အသက်ရှင်နေထိုင်ခဲ့သည့် ဂျင်ဆင်းမြစ်တစ်ခုအနေဖြင့် သူမ အမုန်းဆုံးက မှားနေကြခြင်းကို ဖြစ်သည်။ ယခု ယခု သူမ၏ဝိညာဉ်သွေးကြောများက ၈% ပြန်လည်ရရှိပြီး ဖြစ်သည်။ ထို့ကြောင့် ခွန်အားအများကြီးသုံးရန် စွမ်းအင်အနည်းငယ်သာ လိုပေသည်။

"ဖြန်း " ရှန်းထင်ရွှမ်းက ရှေ့တိုးလိုက်ပြီး ရှန်းရွှမ်ကို ပါးရိုက်ချလိုက်သည်။ သို့သော် တကယ်တော့ ထိုရိုက်ချက်က စွမ်းအားအများအပြား ပါဝင်ပေသည်။

တစ်အိမ်လုံးက တိတ်ဆိတ်သွားသည်။ ထင်ရှားသည့် လက်ငါးချောင်းရာက ရှန်းရွှမ်၏မျက်နှာတွင် ပေါ်လာပြီး သူမ၏ပါးက ရောင်ကိုင်းနေသည်ကို မြင်နိုင်ပေသည်။

ရှန်းရွှမ်က သူမ၏ခေါင်း ချာချာလည်နေသည်ကိုသာ ခံစားနေရပြီး သူမ၏ပါးစပ်မှ သွေးအနည်းငယ် ထွက်လာခဲ့သည်။ ရှန်းထင်ရွှမ်း၏ ရိုက်ချက်က အားအပြည့်သုံးထားခြင်းဖြစ်သည်။ သို့သော် အပြင်ဘက်တွင်တော့ သူမက အားကုန် မသုံးထားပုံ ပြထားသည်။

ပါပါးရှန်းနှင့် မာမားရှန်းက တစ်စုံတစ်ယောက်ကို ရှန်းထင်ရွှမ်း ရုတ်တရက် ရိုက်လိမ့်မည်ဟု မထင်ထားချေ။ ရှန်းထင်ရွှမ်းကို အိမ်ပြန်ခေါ်ပြီးနောက် သူမက ရှန်းရွှမ်နှင့် အဆင်မပြေခဲ့သော်လည်း အရင်က သူမ၏လက်ကို ဘယ်သောအခါမှ မမြှောက်ခဲ့ပေ။

အချိန်တစ်ခုကြာ ပါပါးရှန်းနှင့် မာမားရှန်းက မတုံ့ပြန်နိုင်ခဲ့ပေ။

"နင့်ကို ငါက ရိုက်တယ်လို့ ပြောခဲ့မှတော့ ငါက ဒါကို အတည်ဖြစ်အောင် လုပ်ပေးရတာပေါ့ "

ရှန်းထင်ရွှမ်းက သူတို့သုံးယောက်ကို ဖြတ်သွားပြီး သူမအခန်းဆီသို့ လျှောက်သွားလိုက်သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူမက ရုတ်တရက် ပြန်လည့်လိုက်ပြီး "နင့်ဘာသာနင်ရိုက်တာနဲ့ သူများရိုက်တာ မတူဘူးဆိုတာ ရှင်းပြဖို့မလိုတော့ဘူးနော်၊ ငါ့ရဲ့ သိပ်တော်တဲ့အစ်မလေး  "

ထိုစကားကို ကြားလိုက်သောအခါ ပါပါးရှန်းနှင့် မာမားရှန်းက ရှန်းရွှမ်၏ ဘယ်ဘက်မျက်နှာကို ကြည့်လိုက်ကြသည်။

ပါပါးရှန်းနှင့် မာမားရှန်းက သူမကို ယုံကြည်စေရန် ရှန်းရွှမ်၏ ကိုယ်ပိုင်ရိုက်ချက်က အားမနည်းပေ။ ထို့ကြောင့် အနီရောင်အရာတစ်ခု ရှိနေဆဲ ဖြစ်သည်။ သို့သော် လက်မရာက အောက်ဘက်တွင် ရှိနေပေသည်။

၎င်းက အပေါ်ဘက်တွင် လက်မရာရှိနေသည့် ရှန်းထင်ရွှမ်း၏ရိုက်ချက်နှင့် လုံးဝကွဲပြားပေသည်။

ရှန်းရွှမ်က သူမ၏မျက်နှာကို ထပ်အုပ်လိုက်ပြီး ငိုလျက် သူမ၏အခန်းသို့ ပြန်ပြေးသွားသည်။ သူမက ရှန်းထင်ရွှမ်းဘေး ဖြတ်သွားသောအခါ ရှန်းထင်ရွှမ်း၏ပခုံးကို ရိုက်ချင်ပုံပေါ်ပေသည်။ သို့သော်လည်း ရှန်းထင်ရွှမ်းက ကြောက်စရာကောင်းနေသည်။ ထို့ကြောင့် ရှန်းရွှမ်ခမျာ ဆောင့်အောင့် ထွက်သွားလေသည်။

"ကျွတ် ကျွတ် ကျွတ်" ရှန်းထင်ရွှမ်းက ပိုပြီးတောင် အထင်မြင်သေးသွားခဲ့သည်။ ရှန်းရွှမ်က သူမ၏ အလိမ်အညာတွေရှေ့မှာ ဒီလိုလုပ်ရဲတာ တော်ရုံ အရှက်မရှိပေ။

ရှန်းရွှမ်ကို သင်ခန်းစာပေးပြီး ရှန်းထင်ရွှမ်းက မွေ့ယာအစုံအနည်းငယ်ကို ထုပ်ပိုးရန် စီစဥ်လိုက်သည်။ ပြီးနောက် ၎င်းတို့ကို ရှင်းယွမ်ရှန်သို့ သယ်သွားရမည်ပင်။ သူမက ထိုမွေ့ယာများသည် အလွန်သက်သောင့်သက်သာရှိသည်ဟု အမြဲတမ်း ခံစားခဲ့ရသည်။

ဒါ့အပြင် ယနေ့ ဒဏ်ရာရနေသည့် လူတစ်ယောက်ရောက်လာခဲ့သောကြောင့် ညတုန်းက သူမသည် အိပ်ရာထဲ၌ မအိပ်နိုင်ခဲ့ပေ။ သူမကိုယ်တိုင်အတွက် သက်သောင့်သက်သာရှိသည့်အိပ်ရာကို သူမ ပြင်ဆင်ရပေမည်။

လက်ဆွဲအိတ်ကို လက်ခံရရှိပြီးနောက် ရှန်းထင်ရွှမ်းက ရောင်စုံအစင်းကွက်များပါသည့် အိတ်ကြီးတစ်လုံးကို ယူပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ သို့သော် အောက်ထပ်တွင် ထိုင်နေသည့် လူစုလူဝေးကို တွေ့လိုက်ရသည်။

ပါပါးရှန်းက သူ၏ ပုံမှန်မာနကြီးသည့်အနေအထားကို ပြောင်းလဲလိုက်ပြီး ဆိုဖာပေါ်တွင် မဝံ့မရဲ ထိုင်နေခဲ့သည်။

ရှန်းထင်ရွှမ်း ထွက်လာကာ ရောင်စုံအစင်းကွက်များပါသည့် အိတ်ကြီး၂လုံး ကိုင်ထားသည်ကို မြင်လိုက်ကြပြီး စကားပြောနေကြသည့် လူတိုင်းက ရှန်းထင်ရွှမ်းကို ကြည့်လိုက်ကြသည်။

ရှန်းထင်ရွှမ်းက အိတ်များကိုသယ်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ သူမက လူတိုင်းကို လျစ်လျူရှုထားပြီး တံခါးကို တိုက်ရိုက် သွားဖွင့်လိုက်သည်။

အသက်ကြီးသည့်လူကြီးတစ်ယောက်က အထဲသို့ဝင်လာရန် အပြင်ဘက်တွင် မတ်တတ်ရပ်နေခဲ့သည်။ ရှန်းထင်ရွှမ်းက တံခါးကို ဖွင့်လိုက်သောအခါ သူ၏မျက်လုံးများက လင်းလက်သွားသည်။ "မိန်းကလေး၊ ငါလာတာကို မင်းသိနေတာလား "

ရှန်းထင်ရွှမ်းက ခေါင်းခါလိုက်ပြီး "ကျွန်မက အခု အပြင်ထွက်မလို့ "

ပါပါးရှန်းနှင့် တခြားသူများက ထိုအသံကိုကြားသောအခါ တံခါးဆီသို့ ချက်ချင်း ရောက်လာကြသည်။ သူတို့က နှုတ်ဆက်ရန် အဆင်သင့်ရှိနေကြသည်။ သို့သော် ထိုအသက်ကြီးသည့် လူကြီးက ပြောလိုက်သည်။ "မင်းက ဘာလို့ အပြင်သွားမှာလဲ၊ ငါ ဒီနေ့ ဒီမှာ မင်းကို တွေ့ဖို့ ရောက်နေပြီလေ  "

လူတိုင်းက ကြောင်သွားကြသည်။

    ...

စာအုပ်ထဲသို့ ကူးပြောင်းပြီး ပထမဆုံးနေ့၌ ရှန်းထင်ရွှမ်းက ပထမဆုံးတာဝန်ကို ပြီးမြောက်ရန်အတွက် အပူကြီးနေသည့် အဘိုးအိုတစ်ယောက်ကို ကယ်ဆယ်ရန် အနီရောင်ဘယ်ရီသီးကို သုံးခဲ့သည်။

ထိုအဘိုးအိုက ဖေးမိသားစုကို ပိုင်ဆိုင်သည့်သူမှန်း မည်သူမျှ မတွေးမိကြချေ။

အဘိုးဖေး ကားဖြင့် အပြင်ထွက်သွားသည်က  တိုက်ဆိုင်မှုတစ်ခု ဖြစ်သည်။ သို့သော် ထိုနေ့တွင် ဒရိုင်ဘာ၏အိမ်၌ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် အဘိုးဖေးက ဒရိုင်ဘာကို ကားဖြင့် အရင်ဆုံး ထွက်သွားရန် ပြောခဲ့သည်။

ဘာပဲဖြစ်ဖြစ် အိမ်က သိပ်မဝေးပေ။ အဘိုးဖေးက သူကိုယ်တိုင် လမ်းလျှောက်ပြန်ရန် ရည်ရွယ်ခဲ့သည်။ သို့သော် အကွာအဝေးက အရမ်းမဝေးသော်လည်း အပူချိန်က မြင့်မားနေပေသည်။ သူက လမ်းလျှောက်လာသောအခါ အပူလျှပ်သလို ဖြစ်သွားခဲ့သည်။

ထိုနေ့တွင် အဘိုးအိုက သတိပြန်ရသောအခါ သူက ထွက်သွားပြီဖြစ်သည့် ရှန်းထင်ရွှမ်းကိုသာ မြင်ခဲ့သည်။ ထို့ကြောင့် သူ့ကို ကယ်ခဲ့သည့် မိန်းကလေးကို ရှာရန် သူ့သား ဖေးဝမ်ရှုကို ပြောခဲ့သည်။

ဖေးဝမ်ရှုက ထိုဖြစ်ရပ်ကို ကြားပြီးနောက် သူက ဆေးစစ်ရန် သူ့အဖေကို ဆေးရုံသို့ ခေါ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူ့အဖေကို ကယ်ခဲ့သည့်သူကို ရှာရန် သူ၏အတွင်းရေးမှူးကို မှာလိုက်သည်။

ရှာတွေ့ပါက ဖေးမိသားစုသည် သူတို့၏ကျေးဇူးတင်မှုကို ပြသရမည်။

နည်းလမ်းပေါင်းများစွာဖြင့် ရှာဖွေပြီးနောက် သူ့အဖေကို ကယ်ခဲ့သည့် ထိုမိန်းကလေးသည် ရှန်းမိသားစုမှဖြစ်ကြောင်း အတွင်းရေးမှူးက ဖေးဝမ်ရှုကို ပြောခဲ့သည်။

မူလက ထိုမိန်းကလေးကို ရှာတွေ့ပြီးနောက် သူက သူမကို ကျေးဇူးတင်ရန် တတ်နိုင်သမျှ အမြန်ဆုံး ရှန်းအိမ်သို့ လာချင်ခဲ့သည်။ သို့သော် ဆေးရုံရှိ အဘိုးဖေး၏ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုက မပြီးသေးပေ။ ထို့ကြောင့် ဖေးဝမ်ရှုက ဆေးစစ်ပြီးမှ လူကိုယ်တိုင် ကျေးဇူးတင်ရန် သူ့အဖေကို စောင့်ဖို့ အတင်းတောင်းဆိုးထားရသည်။

ဤအတောအတွင်း ဖေးဝမ်ရှုက ရုံး၌ ပရောဂျက်တစ်ခုကို ဆွေးနွေးရန် ရှိနေခဲ့ပြီး ယနေ့တိုင် ကြန့်ကြာသွားရခြင်း ဖြစ်သည်။

မနေ့က ဖေးဝမ်ရှုက ရှန်းထျန်းသဲကို သူတို့ ယနေ့ ကျေးဇူးတင်ရန် လာမည်ဖြစ်ကြောင်း ဖုန်းခေါ်ပြီး ပြောခဲ့သည်။ ထို့ကြောင့် ရှန်းထျန်းသဲက မနက်စောစော ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။

ကုမ္ပဏီကိစ္စများ ပြီးသွားသောအခါ ဖေးဝမ်ရှုက ကျေးဇူးတင်လက်ဆောင်များဖြင့် ရှန်းအိမ်သို့ တိုက်ရိုက်လာခဲ့လေသည်။

အဘိုးအိုဖေးက သူကိုယ်တိုင် ကျေးဇူးတင်လက်ဆောင်များကို ရွေးချင်ခဲ့သည်။ ထို့ကြောင့် သူက အနည်းငယ် နောက်ကျသွားခဲ့သည်။

ရှန်းရွှမ်က ဤအကြောင်းကို မနေ့က သိခဲ့ရသည်။ သူမက အဘိုးဖေးကို ကယ်ခဲ့တာ မမှတ်မိပေ။ သို့သော် အဘိုးဖေးကို ရှန်းထင်ရွှမ်းက ကယ်ခဲ့သည်ဟု သူမ မထင်ထားခဲ့ချေ။ ထို့ကြောင့် ပါပါးရှန်းက မနေ့တုန်းက ထိုအကြောင်း မေးသောအခါ ရှန်းရွှမ်က မရေမရာ ဖြေခဲ့သည်။

ထို့ကြောင့် ပါပါးရှန်းနှင့်မာမားရှန်းတို့ နှစ်ယောက်စလုံးက အဘိုးဖေးကို ရှန်းရွှမ်က ကယ်ခဲ့သည်ဟု ယုံကြည်ခဲ့သည်။

ဖေးဝမ်ရှုက ရှန်းမိသားစုတွင် သမီးတစ်ယောက်သာ ရှိသည်ဟု ထင်ခဲ့သည်။ တကယ်တော့ ရှန်းထင်ရွှမ်းက ပြန်ရောက်သောအခါ ရှန်းမိသားစုက ဧည့်ခံပွဲတစ်ခုကို မကျင်းပပေးခဲ့ပေ။

ထို့ကြောင့် ဖေးဝမ်ရှုက ရှန်းအိမ်သို့ ရောက်လာသောအခါ သူ့အဖေကို ကယ်ခဲ့သည့်တစ်ယောက်က ရှန်းရွှမ်ဟု သူလည်း ထင်ခဲ့သည်။

ထို့အပြင် သူက ကျေးဇူးတင်စကားများ ပြောသောအခါ ရှန်းထျန်းသဲက ဘာမှ မကန့်ကွက်ခဲ့ပေ။

ယခု အဘိုးဖေးက ရောက်လာခဲ့ပြီး  သူရှာနေတဲ့တစ်ယောက်က ရှန်းထင်ရွှမ်းလားလို့ ပြောခဲ့သည်။

လူတိုင်းက တိတ်ဆိတ်သွားကြသည်။

ပါပါးရှန်းက ရှန်းထင်ရွှမ်းကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူ စိတ်ဓာတ်မျိုးနဲ့ အဘိုးဖေးကို ဘယ်လို ကယ်ခဲ့တာလဲ။

စာရေးသူမှာ ပြောစရာရှိနေပါတယ်။

အဘိုးဖေးက ပါပါးရှန်းကို တစ်ချက်ကြည့်လိုက်သည်။ မင်းရဲ့စိတ်ဓာတ်မျိုးနဲ့ မင်းကရော ထင်ရွှမ်းရဲ့ အဖေ ဘယ်လိုဖြစ်နိုင်မှာလဲ။

...

Title: After Transmigrating, the Bosses Begged Me To Plant Land
Author: Come seven months
Translator: Empty

အပိုင္း (၁၁)

ရွန္းထင္႐ႊမ္းက ရွန္းမိသားစုအိမ္သို႔ ေရာက္ေသာအခါ ရွန္း႐ႊမ္ အိမ္၌ ရွိေနသည္ႏွင့္ ႀကဳံလိုက္ရသည္။ တျခားသူမ်ားကလည္း အိမ္၌ ရွိေနၾကသည္။ လူတိုင္းက တစ္ခုခုကို စီစဥ္ရန္ အလုပ္ရႈပ္ေနၾကပုံေပၚသည္။

ရွန္းထင္႐ႊမ္း ျပန္လာသည္ကို ျမင္ေသာအခါ သူတို႔အားလုံးက ဝိုင္းၾကည့္လိုက္ၾကသည္။

အတိတ္တြင္သာ ျဖစ္ပါက ရွန္းထင္႐ြမ္းသည္ ေသခ်ာေပါက္ စိတ္တည္ၿငိမ္နိုင္မည္ မဟုတ္ေပ။ သို႔ေသာ္ ယခု ရွန္းထင္႐ႊမ္းက သူတို႔ကို ဂ႐ုမစိုက္ေပ။ ၿပီးေနာက္ ရွန္း႐ႊမ္ဆီသို႔ တည့္တည့္ ေလွ်ာက္သြားလိုက္သည္။

ရွန္း႐ႊမ္က ရွန္းထင္႐ႊမ္းကို ျမင္လိုက္ၿပီး အနည္းငယ္ အံ့ဩသြားသည္။

"ညီမေလး ေနာက္ဆုံးေတာ့ အိမ္ျပန္လာၿပီေပါ့၊ အေမနဲ႕အေဖက ညီမေလးကို အရမ္းသတိရေနၾကတာ "

ရွန္းထင္႐ႊမ္းက ရွန္း႐ႊမ္ကို ခံစားခ်က္မဲ့စြာ ၾကည့္လိုက္ၿပီး "ရွင္းယြမ္ရွန္က ငါ့အသီးေတြကို ျဖတ္ေတာက္ဖို႔ ပိုင္လ်န္ကို ဘာေၾကာင့္ ေျပာခဲ့တာလဲ " ရွန္း႐ႊမ္က အနည္းငယ္ ဂုဏ္ယူသလို ခံစားလိုက္ရသည္။ သို႔ေသာ္ သူမက ေခါင္းကို ခါလိုက္ၿပီး "ညီမေလး မမကို အထင္လြဲေနၿပီ၊ ညီမေလးရဲ႕အသီးေတြကို မဝယ္ဖို႔ ပိုင္လ်န္ကို ဘယ္တုန္းကမွ မလုပ္ခိုင္းခဲ့ဘူး "

ရွန္းထင္႐ႊမ္းက ရွန္း႐ႊမ္ႏွင့္ အဓိပၸာယ္မရွိေသာ စကားမ်ားဆက္ေျပာရန္ အလြန္ ပ်င္းေနသည္။

"ေကာင္းၿပီ၊ ငါ အခု ဒီမွာ နင့္ကို ေျပာမယ္ "

သူမ ေျပာ၍မၿပီးေသးခင္ ရွန္းထင္႐ႊမ္းက တံခါးအျပင္ဘက္မွ အသံကို ၾကားလိုက္ၿပီး သူမက လွည့္ၾကည့္လိုက္သည္။ တစ္ခ်ိန္တည္းမွာပဲ ေဖာက္ခနဲ အသံတစ္ခု ထြက္လာသည္။

ရွန္းထင္႐ႊမ္းက သူမေခါင္းကို ျပန္လွည့္လိုက္ေသာအခါ ရွန္း႐ႊမ္က ၾကမ္းျပင္ေပၚတြင္ ထိုင္ေနၿပီး သူမ၏ညာဘက္မ်က္ႏွာအား တင္းၾကပ္စြာ ဆုပ္ကိုင္ထားသည္ကို ေတြ႕လိုက္ရသည္။

ရွန္း႐ႊမ္က သူ႕မ်က္ႏွာကို ေအာက္ငုံ႕ထားၿပီး မည္သူမွ သူမ၏အမူအရာကို မျမင္နိုင္ေပ။ ယေန႕ အိမ္သို႔ လာမည့္ဧည့္သည္က ကြဲျပားျခားနားသည္ကို သူမက သိသည္။ ပါပါးရွန္းႏွင့္ မာမားရွန္းက ေစာေစာျပန္လာမည္မွာ ေသခ်ာသည္။

ပါပါးရွန္းက ရွန္း႐ႊမ္၏ေရွ႕တြင္ မတ္တတ္ရပ္ေနေသာ ရွန္းထင္႐ႊမ္းကို ေတြ႕လိုက္ၿပီး ၾကမ္းျပင္ေပၚတြင္ သူမမ်က္ႏွာကို အုပ္လ်က္ ထိုင္ေနေသာ ရွန္း႐ႊမ္ကို ျမင္လိုက္ရသည္။

"ရွန္းထင္႐ႊမ္း နင့္အသက္ ငယ္ငယ္ေလးနဲ႕ ဒီေလာက္ ရက္စက္လိမ့္မယ္လို႔ မထင္ထားဘူး "

"နင့္မမကို ျမန္ျမန္ေတာင္းပန္လိုက္စမ္း " ထိုအဆင့္ဆင့္ေအာ္ေငါက္သံက ပါပါးရွန္းသည္ ရွန္းထင္႐ႊမ္းအေပၚ ခ်စ္ခင္ႏွစ္သက္ျခင္း  မရွိဟု လူမ်ားကို ထင္ျမင္သြားေစသည္။

"႐ႊမ္႐ႊမ္ သမီး အဆင္ေျပလား " မာမားရွန္းက ရွန္း႐ႊမ္ကို ထူလိုက္ၿပီး ရွန္းထင္႐ႊမ္းကို သေဘာမက်သည့္အၾကည့္ျဖင့္ ဖ်တ္ခနဲ ၾကည့္လိုက္သည္။

မိသားစုတစ္စုက တူညီသည့္ရန္သူကို တိုက္ခိုက္ရန္ ရွိေနသကဲ့သို႔ ထိုလူသုံးေယာက္က တစ္တန္းထဲ ရပ္ေနၾကသည္။

ေနာက္ၿပီး သူတို႔၏ရန္သူက ရွန္းထင္႐ႊမ္းပင္။

ႏွစ္တစ္ေသာင္းၾကာ အသက္ရွင္ေနထိုင္ခဲ့သည့္ ဂ်င္ဆင္းျမစ္တစ္ခုအေနျဖင့္ သူမ အမုန္းဆုံးက မွားေနၾကျခင္းကို ျဖစ္သည္။ ယခု ယခု သူမ၏ဝိညာဥ္ေသြးေၾကာမ်ားက ၈% ျပန္လည္ရရွိၿပီး ျဖစ္သည္။ ထို႔ေၾကာင့္ ခြန္အားအမ်ားႀကီးသုံးရန္ စြမ္းအင္အနည္းငယ္သာ လိုေပသည္။

"ျဖန္း " ရွန္းထင္႐ႊမ္းက ေရွ႕တိုးလိုက္ၿပီး ရွန္း႐ႊမ္ကို ပါးရိုက္ခ်လိဳက္သည္။ သို႔ေသာ္ တကယ္ေတာ့ ထိုရိုက္ခ်က္က စြမ္းအားအမ်ားအျပား ပါဝင္ေပသည္။

တစ္အိမ္လုံးက တိတ္ဆိတ္သြားသည္။ ထင္ရွားသည့္ လက္ငါးေခ်ာင္းရာက ရွန္း႐ႊမ္၏မ်က္ႏွာတြင္ ေပၚလာၿပီး သူမ၏ပါးက ေရာင္ကိုင္းေနသည္ကို ျမင္နိုင္ေပသည္။

ရွန္း႐ႊမ္က သူမ၏ေခါင္း ခ်ာခ်ာလည္ေနသည္ကိုသာ ခံစားေနရၿပီး သူမ၏ပါးစပ္မွ ေသြးအနည္းငယ္ ထြက္လာခဲ့သည္။ ရွန္းထင္႐ႊမ္း၏ ရိုက္ခ်က္က အားအျပည့္သုံးထားျခင္းျဖစ္သည္။ သို႔ေသာ္ အျပင္ဘက္တြင္ေတာ့ သူမက အားကုန္ မသုံးထားပုံ ျပထားသည္။

ပါပါးရွန္းႏွင့္ မာမားရွန္းက တစ္စုံတစ္ေယာက္ကို ရွန္းထင္႐ႊမ္း ႐ုတ္တရက္ ရိုက္လိမ့္မည္ဟု မထင္ထားေခ်။ ရွန္းထင္႐ႊမ္းကို အိမ္ျပန္ေခၚၿပီးေနာက္ သူမက ရွန္း႐ႊမ္ႏွင့္ အဆင္မေျပခဲ့ေသာ္လည္း အရင္က သူမ၏လက္ကို ဘယ္ေသာအခါမွ မျမႇောက္ခဲ့ေပ။

အခ်ိန္တစ္ခုၾကာ ပါပါးရွန္းႏွင့္ မာမားရွန္းက မတုံ႕ျပန္နိုင္ခဲ့ေပ။

"နင့္ကို ငါက ရိုက္တယ္လို႔ ေျပာခဲ့မွေတာ့ ငါက ဒါကို အတည္ျဖစ္ေအာင္ လုပ္ေပးရတာေပါ့ "

ရွန္းထင္႐ႊမ္းက သူတို႔သုံးေယာက္ကို ျဖတ္သြားၿပီး သူမအခန္းဆီသို႔ ေလွ်ာက္သြားလိုက္သည္။ ေျခလွမ္းအနည္းငယ္လွမ္းၿပီးေနာက္ သူမက ႐ုတ္တရက္ ျပန္လည့္လိုက္ၿပီး "နင့္ဘာသာနင္ရိုက္တာနဲ႕ သူမ်ားရိုက္တာ မတူဘူးဆိုတာ ရွင္းျပဖို႔မလိုေတာ့ဘူးေနာ္၊ ငါ့ရဲ႕ သိပ္ေတာ္တဲ့အစ္မေလး  "

ထိုစကားကို ၾကားလိုက္ေသာအခါ ပါပါးရွန္းႏွင့္ မာမားရွန္းက ရွန္း႐ႊမ္၏ ဘယ္ဘက္မ်က္ႏွာကို ၾကည့္လိုက္ၾကသည္။

ပါပါးရွန္းႏွင့္ မာမားရွန္းက သူမကို ယုံၾကည္ေစရန္ ရွန္း႐ႊမ္၏ ကိုယ္ပိုင္ရိုက္ခ်က္က အားမနည္းေပ။ ထို႔ေၾကာင့္ အနီေရာင္အရာတစ္ခု ရွိေနဆဲ ျဖစ္သည္။ သို႔ေသာ္ လက္မရာက ေအာက္ဘက္တြင္ ရွိေနေပသည္။

၎က အေပၚဘက္တြင္ လက္မရာရွိေနသည့္ ရွန္းထင္႐ႊမ္း၏ရိုက္ခ်က္ႏွင့္ လုံးဝကြဲျပားေပသည္။

ရွန္း႐ႊမ္က သူမ၏မ်က္ႏွာကို ထပ္အုပ္လိုက္ၿပီး ငိုလ်က္ သူမ၏အခန္းသို႔ ျပန္ေျပးသြားသည္။ သူမက ရွန္းထင္႐ႊမ္းေဘး ျဖတ္သြားေသာအခါ ရွန္းထင္႐ႊမ္း၏ပခုံးကို ရိုက္ခ်င္ပုံေပၚေပသည္။ သို႔ေသာ္လည္း ရွန္းထင္႐ႊမ္းက ေၾကာက္စရာေကာင္းေနသည္။ ထို႔ေၾကာင့္ ရွန္း႐ႊမ္ခမ်ာ ေဆာင့္ေအာင့္ ထြက္သြားေလသည္။

"ကြၽတ္ ကြၽတ္ ကြၽတ္" ရွန္းထင္႐ႊမ္းက ပိုၿပီးေတာင္ အထင္ျမင္ေသးသြားခဲ့သည္။ ရွန္း႐ႊမ္က သူမ၏ အလိမ္အညာေတြေရွ႕မွာ ဒီလိုလုပ္ရဲတာ ေတာ္႐ုံ အရွက္မရွိေပ။

ရွန္း႐ႊမ္ကို သင္ခန္းစာေပးၿပီး ရွန္းထင္႐ႊမ္းက ေမြ႕ယာအစုံအနည္းငယ္ကို ထုပ္ပိုးရန္ စီစဥ္လိုက္သည္။ ၿပီးေနာက္ ၎တို႔ကို ရွင္းယြမ္ရွန္သို႔ သယ္သြားရမည္ပင္။ သူမက ထိုေမြ႕ယာမ်ားသည္ အလြန္သက္ေသာင့္သက္သာရွိသည္ဟု အၿမဲတမ္း ခံစားခဲ့ရသည္။

ဒါ့အျပင္ ယေန႕ ဒဏ္ရာရေနသည့္ လူတစ္ေယာက္ေရာက္လာခဲ့ေသာေၾကာင့္ ညတုန္းက သူမသည္ အိပ္ရာထဲ၌ မအိပ္နိုင္ခဲ့ေပ။ သူမကိုယ္တိုင္အတြက္ သက္ေသာင့္သက္သာရွိသည့္အိပ္ရာကို သူမ ျပင္ဆင္ရေပမည္။

လက္ဆြဲအိတ္ကို လက္ခံရရွိၿပီးေနာက္ ရွန္းထင္႐ႊမ္းက ေရာင္စုံအစင္းကြက္မ်ားပါသည့္ အိတ္ႀကီးတစ္လုံးကို ယူၿပီး ေအာက္ထပ္သို႔ ဆင္းလာခဲ့သည္။ သို႔ေသာ္ ေအာက္ထပ္တြင္ ထိုင္ေနသည့္ လူစုလူေဝးကို ေတြ႕လိုက္ရသည္။

ပါပါးရွန္းက သူ၏ ပုံမွန္မာနႀကီးသည့္အေနအထားကို ေျပာင္းလဲလိုက္ၿပီး ဆိုဖာေပၚတြင္ မဝံ့မရဲ ထိုင္ေနခဲ့သည္။

ရွန္းထင္႐ႊမ္း ထြက္လာကာ ေရာင္စုံအစင္းကြက္မ်ားပါသည့္ အိတ္ႀကီး၂လုံး ကိုင္ထားသည္ကို ျမင္လိုက္ၾကၿပီး စကားေျပာေနၾကသည့္ လူတိုင္းက ရွန္းထင္႐ႊမ္းကို ၾကည့္လိုက္ၾကသည္။

ရွန္းထင္႐ႊမ္းက အိတ္မ်ားကိုသယ္ၿပီး ေအာက္ထပ္သို႔ ဆင္းလာခဲ့သည္။ သူမက လူတိုင္းကို လ်စ္လ်ဴရႈထားၿပီး တံခါးကို တိုက္ရိုက္ သြားဖြင့္လိုက္သည္။

အသက္ႀကီးသည့္လူႀကီးတစ္ေယာက္က အထဲသို႔ဝင္လာရန္ အျပင္ဘက္တြင္ မတ္တတ္ရပ္ေနခဲ့သည္။ ရွန္းထင္႐ႊမ္းက တံခါးကို ဖြင့္လိုက္ေသာအခါ သူ၏မ်က္လုံးမ်ားက လင္းလက္သြားသည္။ "မိန္းကေလး၊ ငါလာတာကို မင္းသိေနတာလား "

ရွန္းထင္႐ႊမ္းက ေခါင္းခါလိုက္ၿပီး "ကြၽန္မက အခု အျပင္ထြက္မလို႔ "

ပါပါးရွန္းႏွင့္ တျခားသူမ်ားက ထိုအသံကိုၾကားေသာအခါ တံခါးဆီသို႔ ခ်က္ခ်င္း ေရာက္လာၾကသည္။ သူတို႔က ႏႈတ္ဆက္ရန္ အဆင္သင့္ရွိေနၾကသည္။ သို႔ေသာ္ ထိုအသက္ႀကီးသည့္ လူႀကီးက ေျပာလိုက္သည္။ "မင္းက ဘာလို႔ အျပင္သြားမွာလဲ၊ ငါ ဒီေန႕ ဒီမွာ မင္းကို ေတြ႕ဖို႔ ေရာက္ေနၿပီေလ  "

လူတိုင္းက ေၾကာင္သြားၾကသည္။

    ...

စာအုပ္ထဲသို႔ ကူးေျပာင္းၿပီး ပထမဆုံးေန႕၌ ရွန္းထင္႐ႊမ္းက ပထမဆုံးတာဝန္ကို ၿပီးေျမာက္ရန္အတြက္ အပူႀကီးေနသည့္ အဘိုးအိုတစ္ေယာက္ကို ကယ္ဆယ္ရန္ အနီေရာင္ဘယ္ရီသီးကို သုံးခဲ့သည္။

ထိုအဘိုးအိုက ေဖးမိသားစုကို ပိုင္ဆိုင္သည့္သူမွန္း မည္သူမွ် မေတြးမိၾကေခ်။

အဘိုးေဖး ကားျဖင့္ အျပင္ထြက္သြားသည္က  တိုက္ဆိုင္မႈတစ္ခု ျဖစ္သည္။ သို႔ေသာ္ ထိုေန႕တြင္ ဒရိုင္ဘာ၏အိမ္၌ မေတာ္တဆမႈတစ္ခု ျဖစ္ပြားခဲ့သည္။ ထို႔ေၾကာင့္ အဘိုးေဖးက ဒရိုင္ဘာကို ကားျဖင့္ အရင္ဆုံး ထြက္သြားရန္ ေျပာခဲ့သည္။

ဘာပဲျဖစ္ျဖစ္ အိမ္က သိပ္မေဝးေပ။ အဘိုးေဖးက သူကိုယ္တိုင္ လမ္းေလွ်ာက္ျပန္ရန္ ရည္႐ြယ္ခဲ့သည္။ သို႔ေသာ္ အကြာအေဝးက အရမ္းမေဝးေသာ္လည္း အပူခ်ိန္က ျမင့္မားေနေပသည္။ သူက လမ္းေလွ်ာက္လာေသာအခါ အပူလွ်ပ္သလို ျဖစ္သြားခဲ့သည္။

ထိုေန႕တြင္ အဘိုးအိုက သတိျပန္ရေသာအခါ သူက ထြက္သြားၿပီျဖစ္သည့္ ရွန္းထင္႐ႊမ္းကိုသာ ျမင္ခဲ့သည္။ ထို႔ေၾကာင့္ သူ႕ကို ကယ္ခဲ့သည့္ မိန္းကေလးကို ရွာရန္ သူ႕သား ေဖးဝမ္ရႈကို ေျပာခဲ့သည္။

ေဖးဝမ္ရႈက ထိုျဖစ္ရပ္ကို ၾကားၿပီးေနာက္ သူက ေဆးစစ္ရန္ သူ႕အေဖကို ေဆး႐ုံသို႔ ေခၚသြားခဲ့သည္။ တစ္ခ်ိန္တည္းမွာပဲ သူ႕အေဖကို ကယ္ခဲ့သည့္သူကို ရွာရန္ သူ၏အတြင္းေရးမႉးကို မွာလိုက္သည္။

ရွာေတြ႕ပါက ေဖးမိသားစုသည္ သူတို႔၏ေက်းဇူးတင္မႈကို ျပသရမည္။

နည္းလမ္းေပါင္းမ်ားစြာျဖင့္ ရွာေဖြၿပီးေနာက္ သူ႕အေဖကို ကယ္ခဲ့သည့္ ထိုမိန္းကေလးသည္ ရွန္းမိသားစုမွျဖစ္ေၾကာင္း အတြင္းေရးမႉးက ေဖးဝမ္ရႈကို ေျပာခဲ့သည္။

မူလက ထိုမိန္းကေလးကို ရွာေတြ႕ၿပီးေနာက္ သူက သူမကို ေက်းဇူးတင္ရန္ တတ္နိုင္သမွ် အျမန္ဆုံး ရွန္းအိမ္သို႔ လာခ်င္ခဲ့သည္။ သို႔ေသာ္ ေဆး႐ုံရွိ အဘိုးေဖး၏ ႐ုပ္ပိုင္းဆိုင္ရာစစ္ေဆးမႈက မၿပီးေသးေပ။ ထို႔ေၾကာင့္ ေဖးဝမ္ရႈက ေဆးစစ္ၿပီးမွ လူကိုယ္တိုင္ ေက်းဇူးတင္ရန္ သူ႕အေဖကို ေစာင့္ဖို႔ အတင္းေတာင္းဆိုးထားရသည္။

ဤအေတာအတြင္း ေဖးဝမ္ရႈက ႐ုံး၌ ပေရာဂ်က္တစ္ခုကို ေဆြးႏြေးရန္ ရွိေနခဲ့ၿပီး ယေန႕တိုင္ ၾကန့္ၾကာသြားရျခင္း ျဖစ္သည္။

မေန႕က ေဖးဝမ္ရႈက ရွန္းထ်န္းသဲကို သူတို႔ ယေန႕ ေက်းဇူးတင္ရန္ လာမည္ျဖစ္ေၾကာင္း ဖုန္းေခၚၿပီး ေျပာခဲ့သည္။ ထို႔ေၾကာင့္ ရွန္းထ်န္းသဲက မနက္ေစာေစာ ျပင္ဆင္ေနခဲ့ျခင္း ျဖစ္သည္။

ကုမၸဏီကိစၥမ်ား ၿပီးသြားေသာအခါ ေဖးဝမ္ရႈက ေက်းဇူးတင္လက္ေဆာင္မ်ားျဖင့္ ရွန္းအိမ္သို႔ တိုက္ရိုက္လာခဲ့ေလသည္။

အဘိုးအိုေဖးက သူကိုယ္တိုင္ ေက်းဇူးတင္လက္ေဆာင္မ်ားကို ေ႐ြးခ်င္ခဲ့သည္။ ထို႔ေၾကာင့္ သူက အနည္းငယ္ ေနာက္က်သြားခဲ့သည္။

ရွန္း႐ႊမ္က ဤအေၾကာင္းကို မေန႕က သိခဲ့ရသည္။ သူမက အဘိုးေဖးကို ကယ္ခဲ့တာ မမွတ္မိေပ။ သို႔ေသာ္ အဘိုးေဖးကို ရွန္းထင္႐ႊမ္းက ကယ္ခဲ့သည္ဟု သူမ မထင္ထားခဲ့ေခ်။ ထို႔ေၾကာင့္ ပါပါးရွန္းက မေန႕တုန္းက ထိုအေၾကာင္း ေမးေသာအခါ ရွန္း႐ႊမ္က မေရမရာ ေျဖခဲ့သည္။

ထို႔ေၾကာင့္ ပါပါးရွန္းႏွင့္မာမားရွန္းတို႔ ႏွစ္ေယာက္စလုံးက အဘိုးေဖးကို ရွန္း႐ႊမ္က ကယ္ခဲ့သည္ဟု ယုံၾကည္ခဲ့သည္။

ေဖးဝမ္ရႈက ရွန္းမိသားစုတြင္ သမီးတစ္ေယာက္သာ ရွိသည္ဟု ထင္ခဲ့သည္။ တကယ္ေတာ့ ရွန္းထင္႐ႊမ္းက ျပန္ေရာက္ေသာအခါ ရွန္းမိသားစုက ဧည့္ခံပြဲတစ္ခုကို မက်င္းပေပးခဲ့ေပ။

ထို႔ေၾကာင့္ ေဖးဝမ္ရႈက ရွန္းအိမ္သို႔ ေရာက္လာေသာအခါ သူ႕အေဖကို ကယ္ခဲ့သည့္တစ္ေယာက္က ရွန္း႐ႊမ္ဟု သူလည္း ထင္ခဲ့သည္။

ထို႔အျပင္ သူက ေက်းဇူးတင္စကားမ်ား ေျပာေသာအခါ ရွန္းထ်န္းသဲက ဘာမွ မကန႔္ကြက္ခဲ့ေပ။

ယခု အဘိုးေဖးက ေရာက္လာခဲ့ၿပီး  သူရွာေနတဲ့တစ္ေယာက္က ရွန္းထင္႐ႊမ္းလားလို႔ ေျပာခဲ့သည္။

လူတိုင္းက တိတ္ဆိတ္သြားၾကသည္။

ပါပါးရွန္းက ရွန္းထင္႐ႊမ္းကို တစ္ခ်က္ေဝ့ၾကည့္လိုက္သည္။ သူ စိတ္ဓာတ္မ်ိဳးနဲ႕ အဘိုးေဖးကို ဘယ္လို ကယ္ခဲ့တာလဲ။

စာေရးသူမွာ ေျပာစရာရွိေနပါတယ္။

အဘိုးေဖးက ပါပါးရွန္းကို တစ္ခ်က္ၾကည့္လိုက္သည္။ မင္းရဲ႕စိတ္ဓာတ္မ်ိဳးနဲ႕ မင္းကေရာ ထင္႐ႊမ္းရဲ႕ အေဖ ဘယ္လိုျဖစ္နိုင္မွာလဲ။

...

Continue Reading

You'll Also Like

228K 37.4K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
301K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.7M 70.6K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...