Uni
ညက ကာတွန်းစာအုပ်ဖတ်ပြီး နောက်ကျမှအိပ်ယာဝင်မိလိုက်တဲ့အကျိုးက မနက်ကျ အိပ်ယာထနောက်ကျပြီဖြစ်သည်။ တတီတီမြည်နေတဲ့ နာရီသံကိုပိတ်ပြီး ဝရုန်းသုန်းကာထပြင်ဆင်ရသည်။ အောက်ထပ်ရောက်တော့ ဟိုဆရာနဲ့Kim Junghyungက အဆင်တွေပြေနေပုံပဲ။Junghyungဘေးနားကနေထိုင်ပြီး Englishဝေါဟာရစာအုပ်ကိုဖတ်ပြနေတယ်။ သူဆင်းလာတာတော့ မျက်လုံးနဲ့တစ်ချက်သာဝေ့ကြည့်ပြီး စာထပ်ဖတ်ပြနေတဲ့ထိုလူက ကိုယ့်အပေါ်ကိုအာရုံအနည်းငယ်တောင်မရှိတာပဲ။
နာရီကိုကြည့်လိုက်တော့လည်း ကျောင်းကားက မှီတော့မည်မဟုတ်တာမလို့ Junghyungနဲ့ပဲအတူတူ မေမေကိုလိုက်ပို့ခိုင်းရတော့မည်။ မီးဖိုချောင်ထဲက မေမေဆီကိုသွားလိုက်ပြီး အနောက်ကဖက်လိုက်ရင်း ကျောင်းလိုက်ပို့ဖို့ ပူဆာလိုက်သည်။
"မေမေ သားနဲ့Junghyungကိုကျောင်းလိုက်ပို့ပေးပါ့လား.. သားကျောင်းကားမှီတော့မှာမဟုတ်တော့လို့ "
"ဒီနေ့ Junghyungကို အကိုJungkookက ခေါ်သွားပေးမယ်တဲ့.. သားလည်း အကိုJungkookနဲ့အတူတူလိုက်သွားပါ့လား"
အမလေး အဲ့ဒီဆရာJungkookနဲ့လိုက်ရမည့်အရေးကိုယ့်ဘာသာခြေလျင်ခရီးသွားတာကမှ ပိုအဆင်ပြေအုံးမည်။ မဟုတ်ရင် သူ့ရဲအတွင်းခံခိုးကြည့်တဲ့နှာဘူးလို့ အထင်ခံရတာကြီးကြောင့် ရှက်လွန်းလို့ လူက အငွေ့တောင်ပျံသွားမလားပဲ။ ညကအကြောင်းတွေးရင် လူကခုထိရှက်နေမိတုန်းပဲ။
"မေမေကလည်း... မေမေလိုက်ပို့ပါ့လားလို့.."
"မေမေလည်း ဒီနေ့အလုပ်အရမ်းများနေလို့ပါသားရယ်
တစ်ရက်တစ်လေလောက် လိုက်သွားလိုက်ပါ့လား"
"ဟွန်းးး သားကမလိုက်ချင််ဘူး ခြေလျင်ပဲသွားတော့မယ်"
တကယ်ကို တစ်ကားတည်းအတည်မစီးချင်ဘူး။ အဲ့ဒီလူနားကပ်ရင်တောင် လူကဘယ်လိုဖြစ်နေလည်းမသိတာ အတူကားစီးရင် တကယ်သေသွားမလပဲ။ ရှက်ကလည်းရှက်နေမိတော့ တကယ်အတူမစီးချင်မိပါ။
"Taehyungက ဘာလို့မစီးချင်တာလဲ.. Jungkookကို မင်းကဘာလို့အရမ်းကြောက်နေတာလဲ"
သူနဲ့မေမေပြောနေတာကို ဖေဖေကကြားသွားတဲ့ပုံပင်။သတင်းစာဖတ်နေရင်းတန်းလန်းကနေ လှမ်းထမေးသည်။
"ဖေဖေရှိတာပဲ ဖေဖေလိုက်ပို့ပေးနော်"
မေမေကပ်ပူဆာမရတော့ ဖေဖေဘက်အလှည့်ပြောင်းရတော့တာပေါ့။ အဲ့ဒီလူနဲ့ ကားအတူမစီးဖို့ဆို ဘာပဲလုပ်ရလုပ်ရလုပ်မှာပဲ။
"ငါမေးတာကို အရင်ဖြေပေးပါအုံး ဘာလို့အတူတူမစီးချင်တာလဲ"
"သူနဲ့မခင်သေးတာဖေဖေကလည်း"
"အမလေး Kim Taehyungရယ် ရှင်ပဲအမျိုးမျိုးနော် မနေ့ကကျ အရမ်းခင်နေကြပါပြီဆို"
မေမေက ကြားဝင်ပြောလိုက်တော့မှ
မေမေကို ခင်နေကြပြီလို့ပြောထားမိတာကို သတိရသည်။ ခုသူ့အပြစ်သူပြန်ပတ်နေမိတော့မှာ မြန်မြန်ဒီနေရာကလွတ်ဖို့ အကြောင်းပြချက်ရှာရတော့မည်။
"သားက-"
"ဘာမှသားမနေနဲ့ အကိုJungkookနဲ့လိုက်သွားလိုက် .. နင်မဟုတ်လည်း ခြေလျင်သွားနေရမှာပဲ"
သူရှင်းပြတာကိုတောင် ဆုံးအောင်နားမထောင်တော့ဘဲ မေမေကလက်ဆွဲပြီး ဆွဲခေါ်သွားတော့တာပဲ။ ဆရာJungkookဆီခေါ်သွားတာကတော့ မေးစရာမလိုအောင် အသေချာပဲပင်။
"အကိုJungkook.. Taehyungလေးကိုလည်း တစ်ခါတည်းခေါ်သွားပေးပါ့လား
သူကျောင်းကားမမှီတော့လို့လေ"
"အော်ရပါတယ် Taehyungလည်း အဆင့်သင့်ဖြစ်ပြီဆိုသွားကြရအောင်နော် "
တကယ်ကြီး သူနဲ့တစ်ကားတည်းအတူစီးရတော့မှာပဲ။ Junghyungကိူပွေ့ချီပြီးကားဆီကို ခေါ်သွားတဲ့သူနောက်ကို လိုက်သွားလိုက်သည်။
"နေပါအုံး မင်းကမတတ်ဘဲဘာလုပ်နေတာလဲ ကားတံခါးပါလှပ်ပေးရမှာလား"
ကားနားရောက်တော့ ဘယ်အခန်းမှာထိုင်ရမလဲမသိလို့ ရပ်နေမိတာတောင် အပြစ်ပြောခံရတဲ့ Kim Taehyungလေးပါလေ။ အဲ့ဒီဆရာJungkookဆီက အကောင်းမြင်ခံရအောင် ဘယ်လိုလုပ်ရမှာလဲတောင်မသိတော့။
"ဘယ်အခန်းမှာ ထိုင်ရမလဲမသိလို့ ရပ်နေတာလေ.. အနောက်ခန်းဝင်ထိုင်ရင်လည်း ခင်ဗျားက *ငါက Driverမဟုတ်ဘူး* လို့ပြောရင်ပြောမှာလေ.. ဟော Lover seatမှာထိုင်ပြန်ရင်လည်း အတင့်ရဲလှချည်းလားလို့ ပြောချင်ပြောနေမှာလေ..
ကျွန်တော်က ဘယ်လိုထိုင်ရမှာတဲ့လဲ"
"Lover seatမှာလာထိုင် တံခါးတော့လှပ်တတ်တယ်မလား"
"အင်းးးး"
တံခါးကိူ လှပ်ပြီးခုံမှာဝင်ထိုင်ပြီး ခါးပတ်ကို တင်းနေအောင်ပတ်ထားလိုက်သည်။ မဟုတ်ရင် အမြင်ကတ်ပုဒ်မနဲ့အဲ့ဒီလူက ကားတိုက်အောင်လုပ်ရင် ကြားထဲက ကိုယ်ကသေနေအုံးမယ်။ Kim Taehyungလေးမသေချင်သေးပါ ခုချိန်ထိရည်းစားတောင်မထားဖူးဘူးလေ။
ကားစီယာတိုင်ကို ကိုင်ထားတဲ့သူ့ရဲ့သွေးကြောထင်းနေတဲ့လက်ကို ကြည့်မိတော့ ယောင်ပြီးတံတွေးတောင်မြိုချမိသည်။ အဲ့ဒီလူက ယောကျာ်းဆန်တဲ့အစိတ်အပိုင်းတိုင်းနဲ့အတော်ကိုမိမိုက်နေတာ။ ကားကိုဂရုစိုက်မောင်းနေတာကို သူ့ရဲ့မျက်ဝန်းတွေကို ကြည့်တာနဲ့အလွန်သိသာလှသည်။
"အဲ့ဒီလောက်ကြီးမကြည့်နဲ့ ကိုယ်မကြိုက်ဘူး"
"ဟမ် အော် အင်း"
အားး ရှက်လိုက်တာ။ ဘယ်လောက်တောင်ကြည့်မိသွားတုန်းမသိဘူး။ ကိုယ့်ကြည်နေတာတောင် သတိထားမိရလောက်ထိ ငမ်းမိတာလား။ မသိချင်ယောင်ဆောင်ပေးလို့မရဘူးလားပဲ။
ကျောင်းကိုရောက်တော့ ကားပါကင်မှာဘေးညာ အရှေ့ အနောက်ဘက်စုံကို ကြည့်၍ ကားကိုဂရုစိုက်ပြီးပါကင်ထိုးနေပြန်တဲ့ သူ့ရဲ့စတိုင်ကအရမ်းမိမိုက်နေတာပဲ။ ဘာလို့အဲ့ဒီလောက်ကြီးသူ့ကို ချီးကျူးနေတာလဲ?
ကားပါကင်ထိူးတာပြီးသွားတော့ ကားပေါ်က လွယ်အိတ်ကိုဆွဲပြီးတန်းပြေးလာခဲ့လိုက်သည်။ ကျေးဇူးပါလို့တောင်မပြောမိခဲ့လိုက်မိတော့ဘူး။ ဒါပေမဲ့ လူကအတော်ရှက်နေပြီ မနေ့ညကလည်းသူ့အတွင်းခံကြည့်နေတာကို မိတယ်၊ခုကျတော့လည်း သူ့ကားမောင်းတာကို ငေးနေမိတာကို မိပြန်တယ်။ ညကတစ်ရှက်တောင်မပြေသေးတာ နောက်တစ်ရှက်ထပ်လာပြန်ပြီ။ လူတစ်ယောက်ရှက်ဖို့ဆို ဒီလောက်နဲ့လုံလောက်ပါပြီ ထပ်ရှက်စရာတွေမလုပ်မိပါနဲ့တော့။
"Kim Taehyung!! လာအုံးဒီကို မြန်မြန်လာ"
ကားကနေဆင်းလာပြီးလမ်းတစ်ဝက်မှာ ခုံတန်းပေါ်ကလှမ်းခေါ်တဲ့အသံကြားတော့ ကြည့်လိုက်တော့ နှစ်ယောက်မရှိတဲ့ ဥစ္စာခြောက်ကပ်စေးနည်းကောင် Sunghoon။
"မင်းစာအုပ်ကရပြီ ဒီမှာရော့ "
လွယ်အိတ်ထဲက သူ့စာအုပ်ကို တန်းထုတ်ပေးလိုက်သည်။ ခုခေါ်တာကလည်း ဒီစာအုပ်ကိစ္စကိုပြဿနာရှာမလို့ဆိုတာ 100ရာခိုင်နှုန်းသေချာနေပြီးသားပဲ။ စာအုပ်ဥစ္စာခြောက်ဆိုတော့လည်း ကိုယ်ကသူ့အကြောင်းနောကြေနေပြီ။
ကိုယ်စာအုပ်ပေးတာကို သူကမျက်လုံးပြူးနဲ့လာကြည့်နေသည်။ စာအုပ်တောင်းမရသေးဘူးဆိုပြီးသူကထင်နေပုံရသည်။
"ဝိုး Kim Taehyung ဘယ်လိုတောင်းလာတာလဲ...
ဆရာတင်ပါတယ် နည်းလမ်းလေးတွေမျှဝေပါအုံး"
"အဟမ်း"
ကိုယ့်ကိုတကယ်အထင်ကြီးနေပုံရတဲ့Sunghoonကြောင့် ဆရာကြီးပုံစံလုပ်ဖို့ ချောင်းတစ်ချက်ဟန့်ကာ အဲ့ဒီကောင်ရဲ့ပုခုံးကိုဖက်လိုက်သည်။ ပုခုံးဖက်ရတယ်အချိန်ဆိုလို့ အဲ့ဒီကောင်ဆရာစားတင်နေတဲ့အချိန်ရှိတာလေ။
"ငါက ဆရာJungkookကို အကွက်တွေလျှိုပြီးအနိုင်ပိုင်းထားတာကွ"
"ဘာအကွက်တွေလဲကွ"
Sunghoonမျက်လုံးကိုကြည့်လိုက်တာနဲ့ အဲ့ဒီကောင်ဘယ်လောက်သိချင်နေမှန်းအရမ်းသိသာသည်။ မသိချင်တဲ့ကိစ္စဆို အီးတောင်လှည့်မပေါက်တဲ့ကောင်က စိတ်ဝင်စားနေတော့လည်း ပါးစပ်ထဲတွေ့ကရာပေါက်ပန်းလေးဆယ်ပြောရတော့မှာပေါ့ ဟွန်းဟွန်း။
"ဆရာကကွာ ငါ့ကိုကြိုက်နေတာကွ"
"ဟမ် မဖြစ်နိုင်တာကြီး"
"မယုံရင် မပြောဘူးဟျောင့် သွားသွားမပြောပြဘူး"
နည်းနည်းလေးမာန်တင်းလိုက်ရသေးတယ် မဟုတ်ရင် အဲ့ဒီကပ်စေနည်းဂျလည်ကောင်က ယုံမှာမဟုတ်ဘူးလေ။
"ပြောပြပါ ယုံပါတယ်"
"မနေ့က ကျောင်းဆင်းတော့ မင်းကအိမ်ကလာကြိုတော့ ငါနဲ့မပြန်ဘူးလေဟုတ်တယ်မလား"
"အင်း ဟုတ်တယ်"
"ငါက ဘတ်စ်ကားပေါ်မတတ်ခင်ကို အဲ့ဒီဆရာက တားပြီးရည်းစားစကားပြောတာကွာ"
"ဟာ တကယ်ကြီး"
"အေးပါဆို အစက ငါလည်းကြောင်သွားတာပေါ့ ပြီးကျသူက ငါအဖေ့သူငယ်ချင်းလေ ငါတို့အိမ်မှာတည်းနေတာ "
"မင်းအဖေနဲ့ရွယ်တူလား မထင်ရဘူးနော် ဆရာကိုငယ်သေးတယ်ထင်တာ"
"ဘာလဲ မင်းက ငါအဖေ့ကိုအိုစာတယ်လို့ပြောတာလား"
"မဟုတ်ပါဘူး မဟုတ်ပါဘူး ဆရာကနဂိုရှိရင်းစွဲထက်နုတာပါ"
သူ့ကိုဆက်မပြောပြမှာဆိုးလို့ထင်သည်။ ဇွတ်ကိုလိုက်ငြင်းနေတော့တဲ့Sunghoonကို ကြည့်ပြီးရယ်ချင်စိတ်ကို မနည်းထိန်းထားရတယ်။ အရင်က ချားရဟတ်လိုလည်တယ်ထင်တဲ့ကောင်က ကိုယ့်အညာအောက်အလိမ်မိနေတော့ လူကနည်းနည်းတောင်ဂုဏ်တောင်ဆာချင်လာသည်။
"ဆရာကို မင်းဘယ်လိုပြောလိုက်လဲ အဖြေပေးလိုက်တာလား ကျောင်းတောင် အတူလာကြတယ်ဆိုတော့"
"ဟူးး ငါကအဲ့ဒီလိုလွယ်တဲ့ရုပ်ပေါက်နေလို့လား"
"ဟာမဟုတ်ပါဘူး ဆရာကတော်ကလည်း"
"အေးနော် ငါက ဆရာJungkookကိုအဖြေပေးလိုက်ရင် မင်းဆရာရဲ့ယောကျာ်းဖြစ်လာမှာဆိူတော့ ငါ့ကိုကောင်းကောင်းဆက်ဆံနော်"
ကိုယ့်အလိမ်ကွက်ထဲကို ရောက်နေတုန်း အနိုင်ပိုင်းထားရမှာက ကိုယ့်တာဝန်ပဲလေ။ Kim Taehyungကခုလိုညာတတ်တဲ့အကျင့်မရှိပါဘူး သူကအယုံလွယ်လို့ လောကကြီးကိုမယုံသင့်ကြောင်း သင်ခန်းစာပေးချင်လို့ပါ။
Sunghoonမှာတော့ Taehyungပြောသမျှကို နားထောင်းပြီးအံသြပြီးရင် အံသြနေရှာတော့တယ်။ Sunghoon အစကထင်ထားတာသည်က တစ်မျိုး။ ခုတော့တစ်မျိူးဖြစ်နေသည်။
ဆရာJungkookက Taehyungကို မျက်မှုန်းကျိုးနေပြီလို့ အစကထင်ထားပေမဲ့ ခုတော့ရည်းစားစကားတောင်ပြောတာတဲ့။ အိုးး လောကကြီးကဆန်းကြယ်လိုက်တာ မဖြစ်နိုင်တဲ့အရာဆိုတာ ဒီကမ္ဘာမှာရှိသေးရဲ့လားပဲ။ မနေ့တစ်နေ့က အော်ငေါက်ဆူပူနေပြီး ခုတော့ချစ်စကားတွေပြောဆိုကုန်ကြပြီ။ ကမ္ဘာကြီးနှစ်ခြမ်းကွဲမယ်ဆိူတာလည်းဖြစ်လာနိုင်သည်။ ဘယ်ဘက်ခြမ်းမှာနေရမလဲ တွေးထားဆုံးဖြတ်သင့်ပြီ။
စာသင်ခန်းကို လျှောက်လာတဲ့တစ်လျှောက်လုံးလည်း ဘေးနားမှာဘာစကားမှမပြောဘဲ အနားကနေ အတွေးတွေလွန်ပြီ ပါလာတဲ့Sunghoonကြောင့် လူကရယ်ချင်တာကိုမနည်းထိန်းနေရသည်။ တကယ်ကြီးကို ယုံစားနေတော့တာပဲ။
ပထမဆုံးအချိန်က သချာ်ချိန်ပဲမလို့ Sunghoonက ဘေးနားကနေ တရွရွဖြစ်နေသည်။ သူကတော့ အချစ်ဇာတ်လမ်းလေးတွေမြင်ရတော့မယ်ထင်ပြီ ဖင်မငြိမ်ဖြစ်နေပုံရသည်။ ကိုယ်ကတော့ သူနဲ့တစ်ခြားစီပင်။ ဆရာJungkookဆီက ဘယ်လိုတွေအရွဲ့ခံရမလဲ အပြစ်ပြောခံရမလဲ ရင်ခုန်နေမိပါပြီ။
ခဏနေတော့ ဆရာJungkookက ဝင်လာပြီ စာစသင်သည်။ Sunghoonကတော့ Taehyungကိုကြည့်လိုက်Jungkookကိုကြည့်လိုက်ဖြင့် တော်တော်ကိုအူမြူးနေပုံရသည်။ သွား၃၂ချောင်းလုံးဖြီးနေတော့တာပဲ။
စာအုပ်နဲ့မျက်နှာအပ်လိုက် Whiteboardကိုကြည့်လိုက်နဲ့ စာထဲအာရုံစိုက်နေတာက သေချာပေါက်Tahyungလေးပင်။ သူသာ စာသေချာမလုပ်လို့ ဆရာJungkookကအိမ်ပြန်တိုင်ရင်ဖေဖေနဲ့ မေမေဆီက သေချာပေါက်အထုထောင်းခံရတော့သေချာနေပြီ။
စာသင်ချိန်ပြီးတော့ ဆရာJungkookက စာအုပ်တွေသူဆီလာပို့ခိုင်းသည်။ ဘယ်သူတာဝန်ယူမှာလဲမေးတော့ ကျောင်းသားအကုန်လုံးကမသိချင်ယောင်ဆောင်နေကြသည်။ ခက်တာက ဘေးကထိုင်နေတဲ့ Sunghoonပဲ အနားကထိုင်နေပြီးဇွတ်ကိုလိုက်ခိုင်းနေတော့သည်။ သူကတော့ အချစ်ဆရာလေးနဲ့ မူနေတဲ့ကောင်လေးလို့ ထင်နေပုံပဲ။ အမှန်ဖြစ်နေတာက မုဆိုးကြီးနဲ့ယုန်ပေါက်လေးဖြစ်နေတာ။ ယုန်ပေါက်လေးကတော့ ကိုယ်ပဲနော် ဟိုဆရာကတော့ သေချာပေါက် မုဆိုးကောင်ပဲဟီးဟီး။
နောက်ဆုံးSunghoonရဲ့နားပူဒဏ်ကို မခံနိုင်လို့ ကိုယ်ပဲစာအုပ်တွေယူပြီသွားပိူ့လိုက်တော့သည်။ ကံကောင်းတာလို့ပဲပြောရမလား ဆရာJungkookက ခန်းထဲမှာမရှိပေ။ အေးအေးလူလူပဲ စာအုပ်လေးသူ့စားပွဲပေါ်တင်ပြီးစာသင်ခန်းပြန်လာလိုက်သည်။ အခန်းထဲရောက်လို့ Sunghoonကဘာဖြစ်ခဲ့လဲလို့လာမေးရင်တော့ လုပ်ကြံဇာတ်လမ်းလေးခင်းပေးရတော့မှာပေါ့။
#bliawnk
ZG
ညက ကာတြန္းစာအုပ္ဖတ္ၿပီး ေနာက္က်မွအိပ္ယာဝင္မိလိုက္တဲ့အက်ိဳးက မနက္က် အိပ္ယာထေနာက္က်ၿပီျဖစ္သည္။ တတီတီျမည္ေနတဲ့ နာရီသံကိုပိတ္ၿပီး ဝ႐ုန္းသုန္းကာထျပင္ဆင္ရသည္။ ေအာက္ထပ္ေရာက္ေတာ့ ဟိုဆရာနဲ႕Kim Junghyungက အဆင္ေတြေျပေနပုံပဲ။Junghyungေဘးနားကေနထိုင္ၿပီး Englishေဝါဟာရစာအုပ္ကိုဖတ္ျပေနတယ္။ သူဆင္းလာတာေတာ့ မ်က္လုံးနဲ႕တစ္ခ်က္သာေဝ့ၾကည့္ၿပီး စာထပ္ဖတ္ျပေနတဲ့ထိုလူက ကိုယ့္အေပၚကိုအာ႐ုံအနည္းငယ္ေတာင္မရွိတာပဲ။
နာရီကိုၾကည့္လိုက္ေတာ့လည္း ေက်ာင္းကားက မွီေတာ့မည္မဟုတ္တာမလို႔ Junghyungနဲ႕ပဲအတူတူ ေမေမကိုလိုက္ပို႔ခိုင္းရေတာ့မည္။ မီးဖိုေခ်ာင္ထဲက ေမေမဆီကိုသြားလိုက္ၿပီး အေနာက္ကဖက္လိုက္ရင္း ေက်ာင္းလိုက္ပို႔ဖို႔ ပူဆာလိုက္သည္။
"ေမေမ သားနဲ႕Junghyungကိုေက်ာင္းလိုက္ပို႔ေပးပါ့လား.. သားေက်ာင္းကားမွီေတာ့မွာမဟုတ္ေတာ့လို႔ "
"ဒီေန႕ Junghyungကို အကိုJungkookက ေခၚသြားေပးမယ္တဲ့.. သားလည္း အကိုJungkookနဲ႕အတူတူလိုက္သြားပါ့လား"
အမေလး အဲ့ဒီဆရာJungkookနဲ႕လိုက္ရမည့္အေရးကိုယ့္ဘာသာေျခလ်င္ခရီးသြားတာကမွ ပိုအဆင္ေျပအုံးမည္။ မဟုတ္ရင္ သူ႕ရဲအတြင္းခံခိုးၾကည့္တဲ့ႏွာဘူးလို႔ အထင္ခံရတာႀကီးေၾကာင့္ ရွက္လြန္းလို႔ လူက အေငြ႕ေတာင္ပ်ံသြားမလားပဲ။ ညကအေၾကာင္းေတြးရင္ လူကခုထိရွက္ေနမိတုန္းပဲ။
"ေမေမကလည္း... ေမေမလိုက္ပို႔ပါ့လားလို႔.."
"ေမေမလည္း ဒီေန႕အလုပ္အရမ္းမ်ားေနလို႔ပါသားရယ္
တစ္ရက္တစ္ေလေလာက္ လိုက္သြားလိုက္ပါ့လား"
"ဟြန္းးး သားကမလိုက္ခ်င္္ဘူး ေျခလ်င္ပဲသြားေတာ့မယ္"
တကယ္ကို တစ္ကားတည္းအတည္မစီးခ်င္ဘူး။ အဲ့ဒီလူနားကပ္ရင္ေတာင္ လူကဘယ္လိုျဖစ္ေနလည္းမသိတာ အတူကားစီးရင္ တကယ္ေသသြားမလပဲ။ ရွက္ကလည္းရွက္ေနမိေတာ့ တကယ္အတူမစီးခ်င္မိပါ။
"Taehyungက ဘာလို႔မစီးခ်င္တာလဲ.. Jungkookကို မင္းကဘာလို႔အရမ္းေၾကာက္ေနတာလဲ"
သူနဲ႕ေမေမေျပာေနတာကို ေဖေဖကၾကားသြားတဲ့ပုံပင္။သတင္းစာဖတ္ေနရင္းတန္းလန္းကေန လွမ္းထေမးသည္။
"ေဖေဖရွိတာပဲ ေဖေဖလိုက္ပို႔ေပးေနာ္"
ေမေမကပ္ပူဆာမရေတာ့ ေဖေဖဘက္အလွည့္ေျပာင္းရေတာ့တာေပါ့။ အဲ့ဒီလူနဲ႕ ကားအတူမစီးဖို႔ဆို ဘာပဲလုပ္ရလုပ္ရလုပ္မွာပဲ။
"ငါေမးတာကို အရင္ေျဖေပးပါအုံး ဘာလို႔အတူတူမစီးခ်င္တာလဲ"
"သူနဲ႕မခင္ေသးတာေဖေဖကလည္း"
"အမေလး Kim Taehyungရယ္ ရွင္ပဲအမ်ိဳးမ်ိဳးေနာ္ မေန႕ကက် အရမ္းခင္ေနၾကပါၿပီဆို"
ေမေမက ၾကားဝင္ေျပာလိုက္ေတာ့မွ
ေမေမကို ခင္ေနၾကၿပီလို႔ေျပာထားမိတာကို သတိရသည္။ ခုသူ႕အျပစ္သူျပန္ပတ္ေနမိေတာ့မွာ ျမန္ျမန္ဒီေနရာကလြတ္ဖို႔ အေၾကာင္းျပခ်က္ရွာရေတာ့မည္။
"သားက-"
"ဘာမွသားမေနနဲ႕ အကိုJungkookနဲ႕လိုက္သြားလိုက္ .. နင္မဟုတ္လည္း ေျခလ်င္သြားေနရမွာပဲ"
သူရွင္းျပတာကိုေတာင္ ဆုံးေအာင္နားမေထာင္ေတာ့ဘဲ ေမေမကလက္ဆြဲၿပီး ဆြဲေခၚသြားေတာ့တာပဲ။ ဆရာJungkookဆီေခၚသြားတာကေတာ့ ေမးစရာမလိုေအာင္ အေသခ်ာပဲပင္။
"အကိုJungkook.. Taehyungေလးကိုလည္း တစ္ခါတည္းေခၚသြားေပးပါ့လား
သူေက်ာင္းကားမမွီေတာ့လို႔ေလ"
"ေအာ္ရပါတယ္ Taehyungလည္း အဆင့္သင့္ျဖစ္ၿပီဆိုသြားၾကရေအာင္ေနာ္ "
တကယ္ႀကီး သူနဲ႕တစ္ကားတည္းအတူစီးရေတာ့မွာပဲ။ Junghyungကိူေပြ႕ခ်ီၿပီးကားဆီကို ေခၚသြားတဲ့သူေနာက္ကို လိုက္သြားလိုက္သည္။
"ေနပါအုံး မင္းကမတတ္ဘဲဘာလုပ္ေနတာလဲ ကားတံခါးပါလွပ္ေပးရမွာလား"
ကားနားေရာက္ေတာ့ ဘယ္အခန္းမွာထိုင္ရမလဲမသိလို႔ ရပ္ေနမိတာေတာင္ အျပစ္ေျပာခံရတဲ့ Kim Taehyungေလးပါေလ။ အဲ့ဒီဆရာJungkookဆီက အေကာင္းျမင္ခံရေအာင္ ဘယ္လိုလုပ္ရမွာလဲေတာင္မသိေတာ့။
"ဘယ္အခန္းမွာ ထိုင္ရမလဲမသိလို႔ ရပ္ေနတာေလ.. အေနာက္ခန္းဝင္ထိုင္ရင္လည္း ခင္ဗ်ားက *ငါက Driverမဟုတ္ဘူး* လို႔ေျပာရင္ေျပာမွာေလ.. ေဟာ Lover seatမွာထိုင္ျပန္ရင္လည္း အတင့္ရဲလွခ်ည္းလားလို႔ ေျပာခ်င္ေျပာေနမွာေလ..
ကြၽန္ေတာ္က ဘယ္လိုထိုင္ရမွာတဲ့လဲ"
"Lover seatမွာလာထိုင္ တံခါးေတာ့လွပ္တတ္တယ္မလား"
"အင္းးးး"
တံခါးကိူ လွပ္ၿပီးခုံမွာဝင္ထိုင္ၿပီး ခါးပတ္ကို တင္းေနေအာင္ပတ္ထားလိုက္သည္။ မဟုတ္ရင္ အျမင္ကတ္ပုဒ္မနဲ႕အဲ့ဒီလူက ကားတိုက္ေအာင္လုပ္ရင္ ၾကားထဲက ကိုယ္ကေသေနအုံးမယ္။ Kim Taehyungေလးမေသခ်င္ေသးပါ ခုခ်ိန္ထိရည္းစားေတာင္မထားဖူးဘူးေလ။
ကားစီယာတိုင္ကို ကိုင္ထားတဲ့သူ႕ရဲ႕ေသြးေၾကာထင္းေနတဲ့လက္ကို ၾကည့္မိေတာ့ ေယာင္ၿပီးတံေတြးေတာင္ၿမိဳခ်မိသည္။ အဲ့ဒီလူက ေယာက်ာ္းဆန္တဲ့အစိတ္အပိုင္းတိုင္းနဲ႕အေတာ္ကိုမိမိုက္ေနတာ။ ကားကိုဂ႐ုစိုက္ေမာင္းေနတာကို သူ႕ရဲ႕မ်က္ဝန္းေတြကို ၾကည့္တာနဲ႕အလြန္သိသာလွသည္။
"အဲ့ဒီေလာက္ႀကီးမၾကည့္နဲ႕ ကိုယ္မႀကိဳက္ဘူး"
"ဟမ္ ေအာ္ အင္း"
အားး ရွက္လိုက္တာ။ ဘယ္ေလာက္ေတာင္ၾကည့္မိသြားတုန္းမသိဘူး။ ကိုယ့္ၾကည္ေနတာေတာင္ သတိထားမိရေလာက္ထိ ငမ္းမိတာလား။ မသိခ်င္ေယာင္ေဆာင္ေပးလို႔မရဘူးလားပဲ။
ေက်ာင္းကိုေရာက္ေတာ့ ကားပါကင္မွာေဘးညာ အေရွ႕ အေနာက္ဘက္စုံကို ၾကည့္၍ ကားကိုဂ႐ုစိုက္ၿပီးပါကင္ထိုးေနျပန္တဲ့ သူ႕ရဲ႕စတိုင္ကအရမ္းမိမိုက္ေနတာပဲ။ ဘာလို႔အဲ့ဒီေလာက္ႀကီးသူ႕ကို ခ်ီးက်ဴးေနတာလဲ?
ကားပါကင္ထိူးတာၿပီးသြားေတာ့ ကားေပၚက လြယ္အိတ္ကိုဆြဲၿပီးတန္းေျပးလာခဲ့လိုက္သည္။ ေက်းဇူးပါလို႔ေတာင္မေျပာမိခဲ့လိုက္မိေတာ့ဘူး။ ဒါေပမဲ့ လူကအေတာ္ရွက္ေနၿပီ မေန႕ညကလည္းသူ႕အတြင္းခံၾကည့္ေနတာကို မိတယ္၊ခုက်ေတာ့လည္း သူ႕ကားေမာင္းတာကို ေငးေနမိတာကို မိျပန္တယ္။ ညကတစ္ရွက္ေတာင္မေျပေသးတာ ေနာက္တစ္ရွက္ထပ္လာျပန္ၿပီ။ လူတစ္ေယာက္ရွက္ဖို႔ဆို ဒီေလာက္နဲ႕လုံေလာက္ပါၿပီ ထပ္ရွက္စရာေတြမလုပ္မိပါနဲ႕ေတာ့။
"Kim Taehyung!! လာအုံးဒီကို ျမန္ျမန္လာ"
ကားကေနဆင္းလာၿပီးလမ္းတစ္ဝက္မွာ ခုံတန္းေပၚကလွမ္းေခၚတဲ့အသံၾကားေတာ့ ၾကည့္လိုက္ေတာ့ ႏွစ္ေယာက္မရွိတဲ့ ဥစၥာေျခာက္ကပ္ေစးနည္းေကာင္ Sunghoon။
"မင္းစာအုပ္ကရၿပီ ဒီမွာေရာ့ "
လြယ္အိတ္ထဲက သူ႕စာအုပ္ကို တန္းထုတ္ေပးလိုက္သည္။ ခုေခၚတာကလည္း ဒီစာအုပ္ကိစၥကိုျပႆနာရွာမလို႔ဆိုတာ 100ရာခိုင္ႏႈန္းေသခ်ာေနၿပီးသားပဲ။ စာအုပ္ဥစၥာေျခာက္ဆိုေတာ့လည္း ကိုယ္ကသူ႕အေၾကာင္းေနာေၾကေနၿပီ။
ကိုယ္စာအုပ္ေပးတာကို သူကမ်က္လုံးျပဴးနဲ႕လာၾကည့္ေနသည္။ စာအုပ္ေတာင္းမရေသးဘူးဆိုၿပီးသူကထင္ေနပုံရသည္။
"ဝိုး Kim Taehyung ဘယ္လိုေတာင္းလာတာလဲ...
ဆရာတင္ပါတယ္ နည္းလမ္းေလးေတြမွ်ေဝပါအုံး"
"အဟမ္း"
ကိုယ့္ကိုတကယ္အထင္ႀကီးေနပုံရတဲ့Sunghoonေၾကာင့္ ဆရာႀကီးပုံစံလုပ္ဖို႔ ေခ်ာင္းတစ္ခ်က္ဟန့္ကာ အဲ့ဒီေကာင္ရဲ႕ပုခုံးကိုဖက္လိုက္သည္။ ပုခုံးဖက္ရတယ္အခ်ိန္ဆိုလို႔ အဲ့ဒီေကာင္ဆရာစားတင္ေနတဲ့အခ်ိန္ရွိတာေလ။
"ငါက ဆရာJungkookကို အကြက္ေတြလွ်ိုၿပီးအနိုင္ပိုင္းထားတာကြ"
"ဘာအကြက္ေတြလဲကြ"
Sunghoonမ်က္လုံးကိုၾကည့္လိုက္တာနဲ႕ အဲ့ဒီေကာင္ဘယ္ေလာက္သိခ်င္ေနမွန္းအရမ္းသိသာသည္။ မသိခ်င္တဲ့ကိစၥဆို အီးေတာင္လွည့္မေပါက္တဲ့ေကာင္က စိတ္ဝင္စားေနေတာ့လည္း ပါးစပ္ထဲေတြ႕ကရာေပါက္ပန္းေလးဆယ္ေျပာရေတာ့မွာေပါ့ ဟြန္းဟြန္း။
"ဆရာကကြာ ငါ့ကိုႀကိဳက္ေနတာကြ"
"ဟမ္ မျဖစ္နိုင္တာႀကီး"
"မယုံရင္ မေျပာဘူးေဟ်ာင့္ သြားသြားမေျပာျပဘူး"
နည္းနည္းေလးမာန္တင္းလိုက္ရေသးတယ္ မဟုတ္ရင္ အဲ့ဒီကပ္ေစနည္းဂ်လည္ေကာင္က ယုံမွာမဟုတ္ဘူးေလ။
"ေျပာျပပါ ယုံပါတယ္"
"မေန႕က ေက်ာင္းဆင္းေတာ့ မင္းကအိမ္ကလာႀကိဳေတာ့ ငါနဲ႕မျပန္ဘူးေလဟုတ္တယ္မလား"
"အင္း ဟုတ္တယ္"
"ငါက ဘတ္စ္ကားေပၚမတတ္ခင္ကို အဲ့ဒီဆရာက တားၿပီးရည္းစားစကားေျပာတာကြာ"
"ဟာ တကယ္ႀကီး"
"ေအးပါဆို အစက ငါလည္းေၾကာင္သြားတာေပါ့ ၿပီးက်သဴက ငါအေဖ့သူငယ္ခ်င္းေလ ငါတို႔အိမ္မွာတည္းေနတာ "
"မင္းအေဖနဲ႕႐ြယ္တူလား မထင္ရဘူးေနာ္ ဆရာကိုငယ္ေသးတယ္ထင္တာ"
"ဘာလဲ မင္းက ငါအေဖ့ကိုအိုစာတယ္လို႔ေျပာတာလား"
"မဟုတ္ပါဘူး မဟုတ္ပါဘူး ဆရာကနဂိုရွိရင္းစြဲထက္ႏုတာပါ"
သူ႕ကိုဆက္မေျပာျပမွာဆိုးလို႔ထင္သည္။ ဇြတ္ကိုလိုက္ျငင္းေနေတာ့တဲ့Sunghoonကို ၾကည့္ၿပီးရယ္ခ်င္စိတ္ကို မနည္းထိန္းထားရတယ္။ အရင္က ခ်ားရဟတ္လိုလည္တယ္ထင္တဲ့ေကာင္က ကိုယ့္အညာေအာက္အလိမ္မိေနေတာ့ လူကနည္းနည္းေတာင္ဂုဏ္ေတာင္ဆာခ်င္လာသည္။
"ဆရာကို မင္းဘယ္လိုေျပာလိုက္လဲ အေျဖေပးလိုက္တာလား ေက်ာင္းေတာင္ အတူလာၾကတယ္ဆိုေတာ့"
"ဟူးး ငါကအဲ့ဒီလိုလြယ္တဲ့႐ုပ္ေပါက္ေနလို႔လား"
"ဟာမဟုတ္ပါဘူး ဆရာကေတာ္ကလည္း"
"ေအးေနာ္ ငါက ဆရာJungkookကိုအေျဖေပးလိုက္ရင္ မင္းဆရာရဲ႕ေယာက်ာ္းျဖစ္လာမွာဆိူေတာ့ ငါ့ကိုေကာင္းေကာင္းဆက္ဆံေနာ္"
ကိုယ့္အလိမ္ကြက္ထဲကို ေရာက္ေနတုန္း အနိုင္ပိုင္းထားရမွာက ကိုယ့္တာဝန္ပဲေလ။ Kim Taehyungကခုလိုညာတတ္တဲ့အက်င့္မရွိပါဘူး သူကအယုံလြယ္လို႔ ေလာကႀကီးကိုမယုံသင့္ေၾကာင္း သင္ခန္းစာေပးခ်င္လို႔ပါ။
Sunghoonမွာေတာ့ Taehyungေျပာသမွ်ကို နားေထာင္းၿပီးအံၾသၿပီးရင္ အံၾသေနရွာေတာ့တယ္။ Sunghoon အစကထင္ထားတာသည္က တစ္မ်ိဳး။ ခုေတာ့တစ္မ်ိဴးျဖစ္ေနသည္။
ဆရာJungkookက Taehyungကို မ်က္မႈန္းက်ိဳးေနၿပီလို႔ အစကထင္ထားေပမဲ့ ခုေတာ့ရည္းစားစကားေတာင္ေျပာတာတဲ့။ အိုးး ေလာကႀကီးကဆန္းၾကယ္လိုက္တာ မျဖစ္နိုင္တဲ့အရာဆိုတာ ဒီကမၻာမွာရွိေသးရဲ႕လားပဲ။ မေန႕တစ္ေန႕က ေအာ္ေငါက္ဆူပူေနၿပီး ခုေတာ့ခ်စ္စကားေတြေျပာဆိုကုန္ၾကၿပီ။ ကမၻာႀကီးႏွစ္ျခမ္းကြဲမယ္ဆိူတာလည္းျဖစ္လာနိုင္သည္။ ဘယ္ဘက္ျခမ္းမွာေနရမလဲ ေတြးထားဆုံးျဖတ္သင့္ၿပီ။
စာသင္ခန္းကို ေလွ်ာက္လာတဲ့တစ္ေလွ်ာက္လုံးလည္း ေဘးနားမွာဘာစကားမွမေျပာဘဲ အနားကေန အေတြးေတြလြန္ၿပီ ပါလာတဲ့Sunghoonေၾကာင့္ လူကရယ္ခ်င္တာကိုမနည္းထိန္းေနရသည္။ တကယ္ႀကီးကို ယုံစားေနေတာ့တာပဲ။
ပထမဆုံးအခ်ိန္က သခ်ာ္ခ်ိန္ပဲမလို႔ Sunghoonက ေဘးနားကေန တ႐ြ႐ြျဖစ္ေနသည္။ သူကေတာ့ အခ်စ္ဇာတ္လမ္းေလးေတြျမင္ရေတာ့မယ္ထင္ၿပီ ဖင္မၿငိမ္ျဖစ္ေနပုံရသည္။ ကိုယ္ကေတာ့ သူနဲ႕တစ္ျခားစီပင္။ ဆရာJungkookဆီက ဘယ္လိုေတြအ႐ြဲ႕ခံရမလဲ အျပစ္ေျပာခံရမလဲ ရင္ခုန္ေနမိပါၿပီ။
ခဏေနေတာ့ ဆရာJungkookက ဝင္လာၿပီ စာစသင္သည္။ Sunghoonကေတာ့ Taehyungကိုၾကည့္လိုက္Jungkookကိုၾကည့္လိုက္ျဖင့္ ေတာ္ေတာ္ကိုအူျမဴးေနပုံရသည္။ သြား၃၂ေခ်ာင္းလုံးၿဖီးေနေတာ့တာပဲ။
စာအုပ္နဲ႕မ်က္ႏွာအပ္လိုက္ Whiteboardကိုၾကည့္လိုက္နဲ႕ စာထဲအာ႐ုံစိုက္ေနတာက ေသခ်ာေပါက္Tahyungေလးပင္။ သူသာ စာေသခ်ာမလုပ္လို႔ ဆရာJungkookကအိမ္ျပန္တိုင္ရင္ေဖေဖနဲ႕ ေမေမဆီက ေသခ်ာေပါက္အထုေထာင္းခံရေတာ့ေသခ်ာေနၿပီ။
စာသင္ခ်ိန္ၿပီးေတာ့ ဆရာJungkookက စာအုပ္ေတြသူဆီလာပို႔ခိုင္းသည္။ ဘယ္သူတာဝန္ယူမွာလဲေမးေတာ့ ေက်ာင္းသားအကုန္လုံးကမသိခ်င္ေယာင္ေဆာင္ေနၾကသည္။ ခက္တာက ေဘးကထိုင္ေနတဲ့ Sunghoonပဲ အနားကထိုင္ေနၿပီးဇြတ္ကိုလိုက္ခိုင္းေနေတာ့သည္။ သူကေတာ့ အခ်စ္ဆရာေလးနဲ႕ မူေနတဲ့ေကာင္ေလးလို႔ ထင္ေနပုံပဲ။ အမွန္ျဖစ္ေနတာက မုဆိုးႀကီးနဲ႕ယုန္ေပါက္ေလးျဖစ္ေနတာ။ ယုန္ေပါက္ေလးကေတာ့ ကိုယ္ပဲေနာ္ ဟိုဆရာကေတာ့ ေသခ်ာေပါက္ မုဆိုးေကာင္ပဲဟီးဟီး။
ေနာက္ဆုံးSunghoonရဲ႕နားပူဒဏ္ကို မခံနိုင္လို႔ ကိုယ္ပဲစာအုပ္ေတြယူၿပီသြားပိူ႕လိုက္ေတာ့သည္။ ကံေကာင္းတာလို႔ပဲေျပာရမလား ဆရာJungkookက ခန္းထဲမွာမရွိေပ။ ေအးေအးလူလူပဲ စာအုပ္ေလးသူ႕စားပြဲေပၚတင္ၿပီးစာသင္ခန္းျပန္လာလိုက္သည္။ အခန္းထဲေရာက္လို႔ Sunghoonကဘာျဖစ္ခဲ့လဲလို႔လာေမးရင္ေတာ့ လုပ္ႀကံဇာတ္လမ္းေလးခင္းေပးရေတာ့မွာေပါ့။
#bliawnk