𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉ...

By Bliawnk

103K 8.1K 79

"ဘာမှအများကြီးစဥ်းစားမနေနဲ့နော် ကျွန်တော်နဲ့တွဲမယ်ဆိုရင် Yesကိုရွေး... ကျွန်တော်နဲ့ချစ်သူဖြစ်ချင်ရင် Yeahကို... More

Ep1
Ep3
Ep4
Ep5
Ep6
Ep7
Ep8
Ep9
Ep10
Ep11
Ep12
Ep13
Ep14
Ep15
Ep16
Ep17
Ep18
Ep19
Ep20
Ep21
Ep22
Ep23
Ep24
Ep25
Ep26
Final

Ep2

5K 435 6
By Bliawnk

#Unicode

တစ်နေ့လုံး စာသင်နေရတော့လည်းလူကစိတ်ထဲမှာတွေးနေမိတာက အတန်းပိုင်ဆရာJeon jungkookအ‌ကြောင်းပဲ။ ၂၄နာရီတစ်ရက်တာလုံးအများတွေးနေမိမလားပဲ။ အဲ့ဒီလူကြီးကိုတွေ့တာ တစ်ရက်တောင်မပြည့်သေးပေမဲ့ သူ့ရဲ့အတွေးကိုစိုးမိုးသွားတဲ့ထိုလူကြီးကို နည်းနည်းလေးတော့ အမြင်ကတ်မိသား။

နောက်ဆုံးစာသင်ချိန်ရောက်တော့ ဆရာJeon အချိန်ပြန်ရောက်လာတော့လူက ဘာမှန်းမသိပဲသူ့အလိုလိုပျော်နေမိလေရဲ့။ ဘေးနားက Sunghoonကိုကြည့်လိုက်တော့ ‌စာအုပ်ထဲခေါင်းစိုက်လောက်အောင် ကုန်းဖတ်နေတော့ လူကစိတ်ဝင်စားပြီဘာများဖတ်နေလဲသွားစပ်စုမိပြန်ရော။

အနားကိုခပ်ဆပ်ဆပ်ကပ်လိုက်ပြီး စာအုပ်ကိုလှမ်းကြည့်လိုက်တော့ ရုပ်ပြကာတွန်းစာအုပ်လေး။ သူ့အကြိုက်နဲ့ ကွက်တိပဲ။ အဲ့ဒီကောင်ကသူ့ကိုတောင်မပြောဘူး ခိုးဖတ်နေလိုက်တာများ။ တကယ်ကို စိတ်ပုတ်လိုက်တာအရမ်း။

"Sunghoonလေး.. ဘာစာအုပ်လေးဖတ်နေတာလဲဟင်"

ကိုယ်ကငှားဖတ်ချင်တာဆိုပြန်တော့လည်း စကားလုံးအချိုလေးတွေပေးပြီး ပြောရသေးတယ်။ အဲ့ဒီလိုပြောလို့ ငှားရငိတောင် ကံကောင်း။ ကပ်စေးနည်း Sunghoonပါလေ။ သူ့စာအုပ်ဆို ပျက်စီးမှာစိုးလို့တဲ့ ငှားဖတ်ခိုင်းတောင် တယုတယလေးကိုင်ခိုင်းတာ။ အရင်တစ်ခါကဆို စာအုပ်လေးငှားဖတ်မိတာ အနားထောင့်စွန်းမှာပွန်းရာလေးပါလာလို့ ပေါက်ပေါက်ဖောက်လိုက်တာ နားကန်းမသွားတောင်ကံကောင်းရုံလေ။

"အဟမ်း မငှားဘူးနော် ဒီစာအုပ်လေး မနေ့ကမှ ဝယ်ထားတာနော်"

"Sunghoonကလည်း ချစ်တယ်လေ လပ်ဗြူ အာဘွားပေးမယ်လေနော် နော် နော် ငှားပါကွာ "

လက်အသည်းပုံတွေလုပ်ပြလိုက်နဲ့ မျိုးစုံလုပ်ပြလိုက်နေတဲ့ Kim Taehyungကို ငှားရမလား မငှားရဘူးလား လုံးဝဝေခွဲမရပေ။ ငှားချင်ပေမဲ့ အဲ့ဒီကောင်က စာအုပ်ဆ်ိုသေချာသပ်သပ်ရပ်ရပ်ကိုင်တာမဟုတ်ဘူး။ မငှားပြန်ရင်လည်း မပြီးမသတ်နိုင်လိုက်ပြောပြီးနှိပ်စက်နေမှာအသေချာပဲ။

"ဟူးး~~~ ကျောင်းမှာပဲဖတ်နော် အိမ်ကိုယူမသွားရဘူးနော် ကြားလား "

"ဟင် မင်းကလည်း ဒါနောက်ဆုံးအချိန်လေ ဘယ်ချိန်မှာဘယ်လိုလုပ်ပြီးအောင်ဖတ်ရမှာလဲ"

"အဲ့ဒါမင်းအပိုင်းလေ ဖတ်မှာဆိုဖတ်တော့"

"အေးပါ အေးပါ "

နောက်ဆုံးအချိန်ပဲရောက်နေပြီကို ပြီးအောင်ဖတ်ခိုင်းနေတဲ့ Sunghoonက တမင်သက်သက်အကျင့်ယုတ်တာ။

အခန်းတံခါးက ရုတ်တရက်ပွင့်လာပြီး အခန်းထဲဝင်လာတဲ့ ဆရာJeon Jungkook။

မနက်ကလို ကြယ်သီးအပြည့်မတပ်ထားဘဲ ကြယ်သီးနှစ်လုံးလောက်ဖြုတ်ထားတော့ ဖြူဖွေးဖွေးလည်တိုင်လေးက အထင်းသား။ဖွင့်ဟနေတဲ့အကျီအောက်က ရင်အုပ်ကျယ်ကျယ်ကိုမြင်ပြီး တံတွေးတောင်မျိုချမိတယ်။

"မနက်က နှုတ်ဆက်စကားတွေ မိတ်ဆက်တာတွေနဲ့စာသေချာမသင်လိုက်ရဘူး... ခုသေချာသင်ကြရအောင်နော်.. Mathကသေချာသင်ရင် မခက်ပါဘူး သူ့ရဲ့ပုံသေနည်းတွေကိုသာ မှတ်ထားလိုက် သချာ်ဆိုတာ အိပ်ဖြေလိုက်ရုံပဲလေ ဟုတ်တယ်မလား"

"မဟုတ်ပါဘူး !!"

ဆရာJeon Jungkookရဲ့ စကားကို ‌ကျောင်းသားတွေရဲ့ထောက်ခံမှုကတော့ ရှိကိုမရှိကြဘူး။ ကျောင်းသားတိုင်းက Mathဆိုရင် ကာယဆရာထက်တောင်ပိုကြောက်ကြသေးတာ။ ကာယဆရာကိုမှ မလှိမ့်တပတ်လုပ်ပြီးလစ်ရှောင်ရသေးတယ်လေ။

"ခုချိန်ကသေချာစလုပ်ပေါ့ မင်းတို့တွေသေချာလုပ်ရင် သေချာရမှာပါ။ တစ်ခုခုနားမလည်တာတွေမသိတာတွေရှိရင် ဆရာကိုလာမေးရတယ်
မနက်က သင်လက်စအခန်းကို ဆက်သင်ကြမယ်နော် "

"ဟုတ်ကဲ့ပါ ဆရာ!"

ဆရာ Jeon jungkookကတော့ သူ့အလုပ်သူလုပ်ပြီး စာစသင်လေပြီ။ Kim Taehyungကတော့ Mathဆိုရင် စိတ်ကိုမဝင်စားတာ သင်ရင်လည်းပိုရှုတ်ပြီးဘာမှမရမယ့်အတူတူ မနက်တုန်းကတော့ ကာတွန်းရုပ်ပြစာအုပ်လေးကို လွယ်အိတ်လေး‌နဲ့ကွယ်ပြီးစခိုးဖတ်တော့တယ်။

ကာတွန်းစာအုပ်ကို ဖတ်ရင်းအရှိန်ကတတ်လာပြီး လွယ်အိတ်နဲ့တောင်မကွယ်နိုင်တော့။ စာသင်ခုံပေါ်တင်ပြီး ဇိမ်နဲ့ထိုင်ဖတ်နေလိုက်တော့တယ်။

"စာမသင်ချင်ရင် အခန်းထဲကထွက်သွားကြပါနော်.. မင်းတို့အပြင်စာတွေဖတ်ဖို့ဆိုရင် တခြားနေရာသွားကြ..  ငါ့အချိန်မှာ ခုလိုအချိုးမျိုးလာမလုပ်နဲ့ "

စာသင်နေရင်း ရုတ်တရက်ကြီးထဆူလိုက်တော့ တစ်ခန်းလုံးရဲ့အကြည့်တွေ့ကတော့ Kim Taehyungဆီမှာ စုနေတော့တယ်။

Taehyungစာအုပ်လေးကို လွယ်အိတ်ထဲထိုးထည့်ပြီးဖွက်ဖို့လုပ်လိုက်ပေမဲ့ အချိန်ကမမှီတော့။

"ဖွက်မနေနဲ့ အဲ့ဒီစာအုပ်ပေးစမ်း "

စာအုပ်ကို ဆရာJeonရှိရာ ခပ်သွက်သွက်လေးသွားပေးလိုက်ရသည်။ မနက်တုန်းကတော့ သဘောကောင်းတဲ့ဆရာလေးလားလို့ ထင်ခဲ့ပေမဲ့ ခုတော့အတွေးနဲ့တခြားစီပဲ။

စာအုပ်ကို မပေးလို့ကလည်းမဖြစ်လို့သာ ပေးလိုက်ရတာ Sunghoonဆီကပိုးစိုးပက်စက်အပြောခံရတော့မှာ သေချာနေပြီ။ အဲ့ဒီဆရာJeonကလည်း စတတ်တတ်ချင်းနေ့မှာတောင် အာဏာပြနေတော့တာပဲ။

စာသင်ချိန်တစ်ချိန်လုံး နားမလည်တဲ့သချာ်ရှင်းပြတာကိုပဲ ဆက်တိုက်နားထောင်နေရသည်။  နာရီကိုကြည့်လိုက် ကျောင်းဆင်းချိန်က်ိုစောင့်နေလိုက်နဲ့ အချိန်တွေကုန်နေသည်။

*ကလင် ကလင် ကလင် *

"ရေးးးးးးးးးး"

ခေါင်းလောင်းမြည်သံကြားတာနဲ့ စောင့်နေရတဲ့အချိန်ကြီးရောက်လာတာမလို့ ပါးစပ်ကအော်တို "ရေးး"လို့ထွက်သွားမိသည်။ သူ့အော်သံကလည်း တစ်ခန်းလုံးမှာသူ့တစ်သံတည်း။ ဆရာ Jeon Jungkookရဲ့အကြည့်ဆူးဆူးကလည်း သူ့ဆီကိုတန်းရောက်လာသည်။

"ဒီလောက်နဲ့ရပ်ကြတာပေါ့
စာမသင်ချင်ဘဲ ခေါင်းလောင်မြည်ချိန်စောင့်နေတဲ့လူတွေကတော့ စာဘယ်လောက်သင်သင်တတ်နေမှာမဟုတ်ဘူး "

နောက်ဆုံးနှုတ်ဆက်စကားကလည်း ကိုယ့်ကိုတမင်ပြောတာမှန်းသိပေမဲ့ ဂရုစိုက်မအားပေ။ Sunghoonကိုလည်း စာအုပ်ကိစ္စနဲ့‌တောင်းပန်ရအုံးမယ်လေ။ လွယ်အိတ်ထဲ စာအုပ်တွေအကုန်ထိုးထည့်ပြီး Sunghoonနောက်ကို အမြန်ပြေးလိုက်လိုက်သည်။

"Sunghoon ငါအသစ်ပြန်ဝယ်ပေးပါ့မယ်နော်
စိတ်မဆိုးပါနဲ့"

Sunghoonမျက်နှာကို ကြည့်ရတာအတော်ကိုစိတ်ဆိုးနေပုံရတယ်။ ကိုယ်လည်း ခိုးမဖတ်ချင်ပေမဲ့ သူကမှအိမ်ကိုယူသွားခွင့်မပေးတာလေ ခိုးဖတ်မှရမယ့်ကိန်းလေ။ အဓိကပြဿနာက အဲ့ဒီဆရာ Jeon Jungkookပဲ။ သူမမြင်ချင်ယောင်ဆောင်ပေးရင် ရနေတာပဲလေ။
ဘာမှမပြောဘဲ မြန်မြန်သွားနေတာမလို့ အနောက်ကလိုက်ချော့ရပြန်သည်။

"Sunghoon ငါမနက်ဖြန်အဲ့ဒီစာအုပ်ကိုရအောင်‌ယူပေးမယ်နော် ကတိပေးတယ် ကတိနော်...."

"သေချာလို့လား "

"သေချာတယ် သေချာတယ်ဟီး"

အဲ့ဒီကပ်စေးနည်းကောင်ကို မနည်းချော့လိုက်ပြီး ကားမှတ်တိုင်ရောက်တော့ ကျောင်းကားကထွက်တောင်ထွက်တော့မည်။ အမြန်ပြေးသွားပြီး ကားပေါ်တတ်လိုက်ရသည်။ Sunghoonကတော့ သူ့အဖေကလမ်းကြုံလို့ဝင်ခေါ်သွားတာမလို့ ကိုယ်နဲ့အတူမပါလာတော့တာဖြစ်သည်။

ကားမှတ်တိုင်ကဆင်းပြီးအိမ်ကိုလမ်းလျှောက်ပြန်လာရင်း အိမ်ရှေ့မှာရပ်ထားတဲ့ကားတစ်စီးကိုတွေ့လိုက်သည်။ အိမ်ကကားမဟုတ်တာသေချာနေတော့ ဧည့်သည်များရောက်နေတာလားလို့တွေးမိမှ မနက်ကဖေဖေပြောတဲ့ ဖေဖေသူငယ်ချင်းဆိူတာကိုသတိရသည်။

နဂိုကစပ်စုချင်တဲ့ဓာတ်ခံလေးကြောင့် အိမ်ထဲကို ခပ်မြန်မြန်ဝင်သွားလိုက်တော့ ဧည့်ခန်းထဲကဆိုဖာမှာဇိမ်နဲ့ထိုင်နေတဲ့ ကျောင်းကဆရာဖြစ်သည်။ခဏလေးစာအုပ်ခိုးဖတ်တာကို အိမ်ထိလိုက်တိုင်ရလောက်တဲ့ထိပြစ်မှူကြီးနေတာလည်းမဟုတ်ပါဘဲ။

"ဒီမှာ ဆရာJeon Jungkook.. စာအုပ်လေးခဏ‌ခိုးဖတ်မိတာက အိမ်ထိလိုက်တိုင်ရတဲ့ထိပြစ်မှူကြီးတယ်လို့ မထင်မိပါဘူးနော် အဲ့ဒါကြောင့် လာရာလမ်းအတိုင်းမြန်မြန်ပြန်ပါတော့ "

Jungkookသူငယ်ချင်းအိမ်မှာပဲနေလိူက်ဖို့တွေးထားတာကြောင့် ကျောင်းဆင်းတော့ ထွက်လာလိုက်သည်။ အိမ်တံခါးခေါက်တော့ Mrs.Kimကလာဖွင့်ပေးပြီး အကျိုးအကြောင်းပြောလိုက်တော့ ဧည့်ခန်းထဲမှာထိုင်ခိုင်းပြီး ဧည့်ခံဖို့ အချိုရည်ပြင်ပေးမယ်ဆိုကာ မီးဖိူချောင်ထဲဝင်သွားသည်။

အိမ်ထဲကို ပြေးဝင်လာတဲ့ကောင်လေးတစ်ယောက် သေချာကြည့်မှ ကျောင်းကစာအူပ်ခိုးဖတ်တဲ့ကောင်လေးမှန်းသိသည်။ သူ့ကိုတွေ့တာနဲ့ နှူတ်သီး‌ထော်ပြီးအပြစ်တွေတင်လိုက်တာ ကိုယ်ကဆရာလား သူကဆရာလားပြန်မေးရမည့်ကိန်းပင်။

"Kim Taehyung!! စာသင်ချိန်စာအုပ်ခိုးဖတ်တာပေါ့ "

"ဟင် မေမေ "

မီးဖိုချောင်ထဲက အအေးဗန်းကိုကိုင်ပြီးထွက်လာတဲ့မေမေက မပြီးဆုံးနိုင်တဲ့ဓာတ်ပြားခွေကြီးလို အဆက်လိုက်ဆူတော့မှာသိနေတော့ မြန်မြန်ဖြေရှင်းချက်ပေးလိုက်ရသည်။

"မေမေ မဟုတ်ဘူးနော် သားခိုးမဖတ်ပါဘူး အဲ့ဒီဆရာက မေမေ‌ကိုမဟုတ်တာတွေပြောပြီ လာတိုင်နေတာ... အဲ့ဒီဆရာက အကျင့်မကောင်းဘူး "

"ဘာတွေလာပြောနေတာလဲ ငါကနင်ပြောတာကြားလို့ သိတာ.. အကိုJungkookက နင့်အဖေသူငယ်ချင်းလေ ဘာကိုတိုင်ရမှာလဲ ကိုယ့်ထက်အကြီးကိုများ အကျင့်မကောင်းဘူးတဲ့ တော်တော်တိုးတတ်မယ့်ကောင်"

ကိုယ်ပေါင်ကိုယ်လှန်ထောင်းမိမှန်းအခုမှသိသည်။ ကိုယ်သေတွင်းကိုယ်တူးမိတာပဲ။ ဆရာJeon Jungkookကိုမြင်တော့ အိမ်ကိုလာတိုင်တာလို့ပဲထင်မိ‌တာပေါ့။ ဘယ်ကျောင်းသားအိမ်ကို ဆရာတွေက တိုင်ကြားဖိူ့ကလွဲပြီးလာဖူးလို့လဲ။

"မေမေရယ် အဲ့ဒီလိုမဟုတ်ပါဘူး သားနဲ့ဆရာJeonက အရမ်းကိုခင်နေပါပြီ ဟုတ်တယ်မလား ဆရာလေး"

"ဟင်"

သူ့ဘာသာအမှုပြန်ပတ်နေပြီး ကိုယ့်ကိုတပ်ကူလာတောင်းနေတဲ့ Kim Taehyungက တကယ့်လူလည်ငစားလေး။ ရုပ်ခံလေးရှိသလောက် တည့်တံ့တာကျ သူနဲ့မအပ်စပ်သလိုပဲ။ ပေါတောတောနဲ့ ကျပ်ရောပြည့်ရဲ့လားမသိဘူး။ တကယ့်မျက်နှာရူးကောင်လေး။ ကျောင်းပထမအချိန်ကတည်းက လူကိုသေချာအသေးစိတ်လိုက်ကြည့်နေတာ သတိထားမိသားပဲ။ ‌

"ဟုတ်တယ်မလားလို့ "

တံတောင်စစ်နဲ့ လာလာထိုးပြီး သူ့အပြောကိုထောက်ခံပေးဖို့ အချက်လာပြနေသည်။မျက်နှာရူးကောင်လေးက သူ့မေမေကိုတော့ ကြောက်တယ်ထင်သည်။ ဒူးတွေတောင်တုန်နေတာ စာအုပ်လေးခိုးဖတ်တာကို ကျောင်းမှာလည်းဆူပြီးပြီးမလို့ သူ့မေမေကဆူခံရရင် ကလေးစိတ်ညစ်နေမှာစိူးလိူ့ ကိုယ်ကကြားထဲက လူလိမ်လုပ်ပေးလိုက်ရသည်။

"အော်ဟုတ်တယ်လေ သူနဲ့ကျောင်းမှာခင်တာ စာကိုသေချာလိုက်မသင်လို့ဆူနေရတာ ပါးစပ်တောင်ညောင်းတယ်ဗျာ"

စကားကိုထောက်ခံလိုက်ပေမဲ့ အချွန်နဲ့မသွားတဲ့ဆရာJeonက အကျင့်မကောင်းတာတကယ်ပါပဲ။

Kim Taehyungအမေက သူ့ကိုမျက်စောင်းထိုးပြီးကြည့်လိုက်တော့ ဟ်ိုကောင်လေးက ဇာတ်ကတန်းပုဝင်သွားတာ။ အမေကြောက်သားလေးဆိုတာကတော့ ၁၀၀ရာခိုင်နှူန်းသေချာနေပြီ။

"အကိုရယ် ကျွန်မလည်းအဲ့ဒီကောင်ကို မနိူင်တော့ပါဘူး အကို့ကိုပဲကျွန်မအပ်ပါတယ် ဆုံးမပေးပါအုံး "

"စိတ်ချပါ ဆုံးမလိုက်ပါမယ် "

"သွား Kim Taehyung အထုတ်တွေကို  ဧည့်သည့်အခန်းထဲသွားထားပေးလိုက်စမ်း "

"ဟုတ် "

ကိုယ်ကအမှားလုပ်ထားမိတော့လည်း ဘာမှအထွန့်မတတ်ရဲဘူး။ မဟုတ်ရင် ဒါလည်းမလုပ်ချင်ဘူး စာကျလည်းသေချာမသင်ဘူးဆိုပြီးထပ်ပြီးဆူပူနေအုံးမှာအသေချာပဲ။

အထုတ်တွေကသုံးထုတ်ဆိုတော့ အပေါ်တတ်လိုက် အောက်ဆင်းလိုက်နဲ့ ခဏခဏလုပ်လိုက်ရတယ်။ နောက်ဆုံးအိတ်ကျမှ သတိရတာက Sunghoonရဲ့ကာတွန်းစာအုပ်ကိုရှာကြည့်ရမယ်ဆိုတာဖြစ်သည်။

အိတ်တွေတစ်အိတ်ပြီး တစ်အိတ်လိုက်ရှာလိုက်ရင်း နောက်ဆုံးတစ်အိတ်ပဲကျန်တော့တယ်။ ဒီအိတ်ကတော့ တခြားအိတ်တွေလို အကြီးကြီးမဟုတ်တော့ မျှော်လင့်ချက်သေးသေးလေးတော့ကျန်နေသေးသည်။

အိတ်ဇစ်လေးကို သေချာလေးဖွင့်လိုက်ပြီး တစ်ကန့်ပြီးတစ်ကန့်ရှာရင်း တွေ့လိုက်ရတာတွေအကုန်က အတွင်းဝတ်ဘောင်းဘီတွေချည်း။ အကုန်လုံးအတွင်းဝတ်တွေချည်းဆိူ အရမ်းများလွန်းနေတာပဲဆိုပြီ အကုန်လှန်ကြည့်တော့လည်း တကယ်အတွင်းခံတွေချည်းပဲ။ အနီ၊အနက်၊အပြာနဲ့ ရောင်စုံကိုရှိနေသည်။ အတွင်းခံစုဆောင်းသူလား။

"အဟမ်း နှာဘူးထပြီးရင် မြန်မြန်ပြန်တော့ ငါရေချိုးဖို့အဝတ်အစားလဲတော့မယ်"

"ဟင် ဘယ်ချိန်ကတည်းက ရောက်နေတာလဲ"

အသံကြားလို့ အနောက်ကိုကြည့်လိုက်တော့..တံခါးပေါက်မှာရပ်နေတဲ့ ဆရာJungkook။
စာအုပ်ရှာချင်တဲ့ဇောနဲ့ အဲ့ဒီလူကိုတောင် သတိမထားမိ။ ကိုယ့်ကိုနှာဘူးကောင်လို့များ ထင်သွားပြီးလားပဲ။ အားး ရှိသမျှအရှက်တွေတော့ အကုန်ကွဲပါပြီ။

"မင်း ငါ့အတွင်းခံတွေ စပြီးရှာကြည့်ကတည်းကရောက်နေတာ.. မထင်ရဘူး ငယ်ငယ်ရွယ်ရွယ်လေးနဲ့ တဏှာစိတ်ကကြီးသားပဲ"

"ဟာ မဟုတ်ပါဘူး ကျွန်တော်.. ကျွန်တော်က "

"ကျွန်တော်က ဘာဖြစ်တာလဲ ဆက်ပြောလေ"

ဟင်းးး Sunghoonစာအုပ်ကို လာရှာတာလို့ပဲ တည့်ဝန်ခံလိုက်ရတော့မလား။ မဟုတ်ရင်လည်း အတွင်းခံရှာတဲ့နှာဘူးဆိူပြီး တစ်သက်လုံးထင်နေတော့မှာလေ။ တကယ် ကောင်းကျိုးမပေးတဲ့ ဆရာပဲ။

"စာအုပ်လေးများပြန်တွေ့မလားလို့ပါ "

"စာအုပ်? အော် မင်းခိုးဖတ်တဲ့ ကလေးကုလားစာအုပ်လား ငါ့လက်ဆွဲအိတ်ထဲမှာလေ"

ရှိသမျှအိတ်အကုန်ဖွပြီး ရှာတာတောင် မတွေ့တာ စာအုပ်က လက်ဆွဲအိတ်ထဲရောက်နေလို့ပေါ့။ သူကလည်း တကယ်ရူးနေတာပဲ ညနေကမှ အသိမ်းခံလိုက်ရတဲ့စာအုပ်ကို အဝတ်အိတ်တွေထဲ‌ရှာရတယ်လို့။

"အဲ့ဒါလေး ပြန်ပေးပါ့လားဟင် ဆရာလေး"

"ဘာအကြောင်းကြောင့် ပြန်ပေးရမှာလဲ ပြောကြည့်"

စာအုပ်ခိုးဖတ်တာက ကိုယ်တွေကျောင်းသားဘဝတုန်းကလည်း လုပ်ဖူးကြတာမလို့ နားလည်ပါသည်။ မဟုတ်ရင်လည်း ပြန်ပေးမယ်လို့စဥ်းစားထားပေမဲ့ ဒီကောင်လေးကို တမင်ညစ်ချင်လို့ကို ဆက်မေးနေတာဖြစ်သည်။

"အဲ့ဒါ သားစာအုပ်မဟုတ်ဘူးလေ သူငယ်ချင်းစာအုပ်မလို့ပါဆရာလေး... ကူညီပါနော် ပြန်ပေးပါနော် စာအုပ်ပြန်မရရင် သူငယ်ချင်းကစိတ်ဆိုးတာပြေမှာမဟုတ်လို့ပါ"

အသနားခံပြီး တောင်းနေတဲ့ ပုံလေးက ခွေးပေါက်လေးအတိုင်းချစ်စရာကောင်းနေသည်။ မျက်နှာ‌ရူးက ခုလိုလည်းချစ်စရာကောင်းတတ်သေးတာလား။

"ရော့ ရော့ ဒီမှာ ပြန်ယူသွား.. နောက်ခါစာသေချာလိုက်သင်နော် "

"ဟုတ်ဆရာလေး ဟီးဟီး"

စာအုပ်ပြန်ရသွားတော့ မျက်နှာရူးရုပ်လေးက ပြန်ပေါ်လာသည်။ တကယ့်ကိုစပ်ဖြီးဖြီးအူကြောင်ကြောင်လေးနဲ့ ချစ်စရာကောင်းနေတာ။

Taehyungအစက စာအုပ်တောင်းရမယ်လို့ မထင်ထားပေမဲ့ တကယ်ကြီးပြန်ပေးလိုက်တော့လည်း Sunghoonဆီက နားပူခံစရာမလိုတော့ဘူးပေါ့။

အခန်းထဲက ခပ်သွက်သွက်လေးထွက်လာပြီး ကိုယ့်အခန်းထဲကိုယ်အမြန်ပြေးသွားလိုက်သည်။ ကုတင်ပေါ်ခုန်တတ်ပြီး မပြီးပြတ်သေးတဲ့ စာအုပ်ကို အပြီးဖတ်လိုက်တော့တာ ညစာတောင်လွတ်သွားတော့သည်။


#bliawnk



#Zawgyi

တစ္ေန႕လုံး စာသင္ေနရေတာ့လည္းလူကစိတ္ထဲမွာေတြးေနမိတာက အတန္းပိုင္ဆရာJeon jungkookအ‌ေၾကာင္းပဲ။ ၂၄နာရီတစ္ရက္တာလုံးအမ်ားေတြးေနမိမလားပဲ။ အဲ့ဒီလူႀကီးကိုေတြ႕တာ တစ္ရက္ေတာင္မျပည့္ေသးေပမဲ့ သူ႕ရဲ႕အေတြးကိုစိုးမိုးသြားတဲ့ထိုလူႀကီးကို နည္းနည္းေလးေတာ့ အျမင္ကတ္မိသား။

ေနာက္ဆုံးစာသင္ခ်ိန္ေရာက္ေတာ့ ဆရာJeon အခ်ိန္ျပန္ေရာက္လာေတာ့လူက ဘာမွန္းမသိပဲသူ႕အလိုလိုေပ်ာ္ေနမိေလရဲ႕။ ေဘးနားက Sunghoonကိုၾကည့္လိုက္ေတာ့ ‌စာအုပ္ထဲေခါင္းစိုက္ေလာက္ေအာင္ ကုန္းဖတ္ေနေတာ့ လူကစိတ္ဝင္စားၿပီဘာမ်ားဖတ္ေနလဲသြားစပ္စုမိျပန္ေရာ။

အနားကိုခပ္ဆပ္ဆပ္ကပ္လိုက္ၿပီး စာအုပ္ကိုလွမ္းၾကည့္လိုက္ေတာ့ ႐ုပ္ျပကာတြန္းစာအုပ္ေလး။ သူ႕အႀကိဳက္နဲ႕ ကြက္တိပဲ။ အဲ့ဒီေကာင္ကသူ႕ကိုေတာင္မေျပာဘူး ခိုးဖတ္ေနလိုက္တာမ်ား။ တကယ္ကို စိတ္ပုတ္လိုက္တာအရမ္း။

"Sunghoonေလး.. ဘာစာအုပ္ေလးဖတ္ေနတာလဲဟင္"

ကိုယ္ကငွားဖတ္ခ်င္တာဆိုျပန္ေတာ့လည္း စကားလုံးအခ်ိဳေလးေတြေပးၿပီး ေျပာရေသးတယ္။ အဲ့ဒီလိုေျပာလို႔ ငွားရငိေတာင္ ကံေကာင္း။ ကပ္ေစးနည္း Sunghoonပါေလ။ သူ႕စာအုပ္ဆို ပ်က္စီးမွာစိုးလို႔တဲ့ ငွားဖတ္ခိုင္းေတာင္ တယုတယေလးကိုင္ခိုင္းတာ။ အရင္တစ္ခါကဆို စာအုပ္ေလးငွားဖတ္မိတာ အနားေထာင့္စြန္းမွာပြန္းရာေလးပါလာလို႔ ေပါက္ေပါက္ေဖာက္လိုက္တာ နားကန္းမသြားေတာင္ကံေကာင္း႐ုံေလ။

"အဟမ္း မငွားဘူးေနာ္ ဒီစာအုပ္ေလး မေန႕ကမွ ဝယ္ထားတာေနာ္"

"Sunghoonကလည္း ခ်စ္တယ္ေလ လပ္ျဗဴ အာဘြားေပးမယ္ေလေနာ္ ေနာ္ ေနာ္ ငွားပါကြာ "

လက္အသည္းပုံေတြလုပ္ျပလိုက္နဲ႕ မ်ိဳးစုံလုပ္ျပလိုက္ေနတဲ့ Kim Taehyungကို ငွားရမလား မငွားရဘူးလား လုံးဝေဝခြဲမရေပ။ ငွားခ်င္ေပမဲ့ အဲ့ဒီေကာင္က စာအုပ္ဆ္ိုေသခ်ာသပ္သပ္ရပ္ရပ္ကိုင္တာမဟုတ္ဘူး။ မငွားျပန္ရင္လည္း မၿပီးမသတ္နိုင္လိုက္ေျပာၿပီးႏွိပ္စက္ေနမွာအေသခ်ာပဲ။

"ဟူးး~~~ ေက်ာင္းမွာပဲဖတ္ေနာ္ အိမ္ကိုယူမသြားရဘူးေနာ္ ၾကားလား "

"ဟင္ မင္းကလည္း ဒါေနာက္ဆုံးအခ်ိန္ေလ ဘယ္ခ်ိန္မွာဘယ္လိုလုပ္ၿပီးေအာင္ဖတ္ရမွာလဲ"

"အဲ့ဒါမင္းအပိုင္းေလ ဖတ္မွာဆိုဖတ္ေတာ့"

"ေအးပါ ေအးပါ "

ေနာက္ဆုံးအခ်ိန္ပဲေရာက္ေနၿပီကို ၿပီးေအာင္ဖတ္ခိုင္းေနတဲ့ Sunghoonက တမင္သက္သက္အက်င့္ယုတ္တာ။

အခန္းတံခါးက ႐ုတ္တရက္ပြင့္လာၿပီး အခန္းထဲဝင္လာတဲ့ ဆရာJeon Jungkook။

မနက္ကလို ၾကယ္သီးအျပည့္မတပ္ထားဘဲ ၾကယ္သီးႏွစ္လုံးေလာက္ျဖဳတ္ထားေတာ့ ျဖဴေဖြးေဖြးလည္တိုင္ေလးက အထင္းသား။ဖြင့္ဟေနတဲ့အက်ီေအာက္က ရင္အုပ္က်ယ္က်ယ္ကိုျမင္ၿပီး တံေတြးေတာင္မ်ိဳခ်မိတယ္။

"မနက္က ႏႈတ္ဆက္စကားေတြ မိတ္ဆက္တာေတြနဲ႕စာေသခ်ာမသင္လိုက္ရဘူး... ခုေသခ်ာသင္ၾကရေအာင္ေနာ္.. Mathကေသခ်ာသင္ရင္ မခက္ပါဘူး သူ႕ရဲ႕ပုံေသနည္းေတြကိုသာ မွတ္ထားလိုက္ သခ်ာ္ဆိုတာ အိပ္ေျဖလိုက္႐ုံပဲေလ ဟုတ္တယ္မလား"

"မဟုတ္ပါဘူး !!"

ဆရာJeon Jungkookရဲ႕ စကားကို ‌ေက်ာင္းသားေတြရဲ႕ေထာက္ခံမႈကေတာ့ ရွိကိုမရွိၾကဘူး။ ေက်ာင္းသားတိုင္းက Mathဆိုရင္ ကာယဆရာထက္ေတာင္ပိုေၾကာက္ၾကေသးတာ။ ကာယဆရာကိုမွ မလွိမ့္တပတ္လုပ္ၿပီးလစ္ေရွာင္ရေသးတယ္ေလ။

"ခုခ်ိန္ကေသခ်ာစလုပ္ေပါ့ မင္းတို႔ေတြေသခ်ာလုပ္ရင္ ေသခ်ာရမွာပါ။ တစ္ခုခုနားမလည္တာေတြမသိတာေတြရွိရင္ ဆရာကိုလာေမးရတယ္
မနက္က သင္လက္စအခန္းကို ဆက္သင္ၾကမယ္ေနာ္ "

"ဟုတ္ကဲ့ပါ ဆရာ!"

ဆရာ Jeon jungkookကေတာ့ သူ႕အလုပ္သူလုပ္ၿပီး စာစသင္ေလၿပီ။ Kim Taehyungကေတာ့ Mathဆိုရင္ စိတ္ကိုမဝင္စားတာ သင္ရင္လည္းပိုရႈတ္ၿပီးဘာမွမရမယ့္အတူတူ မနက္တုန္းကေတာ့ ကာတြန္း႐ုပ္ျပစာအုပ္ေလးကို လြယ္အိတ္ေလး‌နဲ႕ကြယ္ၿပီးစခိုးဖတ္ေတာ့တယ္။

ကာတြန္းစာအုပ္ကို ဖတ္ရင္းအရွိန္ကတတ္လာၿပီး လြယ္အိတ္နဲ႕ေတာင္မကြယ္နိုင္ေတာ့။ စာသင္ခုံေပၚတင္ၿပီး ဇိမ္နဲ႕ထိုင္ဖတ္ေနလိုက္ေတာ့တယ္။

"စာမသင္ခ်င္ရင္ အခန္းထဲကထြက္သြားၾကပါေနာ္.. မင္းတို႔အျပင္စာေတြဖတ္ဖို႔ဆိုရင္ တျခားေနရာသြားၾက..  ငါ့အခ်ိန္မွာ ခုလိုအခ်ိဳးမ်ိဳးလာမလုပ္နဲ႕ "

စာသင္ေနရင္း ႐ုတ္တရက္ႀကီးထဆူလိုက္ေတာ့ တစ္ခန္းလုံးရဲ႕အၾကည့္ေတြ႕ကေတာ့ Kim Taehyungဆီမွာ စုေနေတာ့တယ္။

Taehyungစာအုပ္ေလးကို လြယ္အိတ္ထဲထိုးထည့္ၿပီးဖြက္ဖို႔လုပ္လိုက္ေပမဲ့ အခ်ိန္ကမမွီေတာ့။

"ဖြက္မေနနဲ႕ အဲ့ဒီစာအုပ္ေပးစမ္း "

စာအုပ္ကို ဆရာJeonရွိရာ ခပ္သြက္သြက္ေလးသြားေပးလိုက္ရသည္။ မနက္တုန္းကေတာ့ သေဘာေကာင္းတဲ့ဆရာေလးလားလို႔ ထင္ခဲ့ေပမဲ့ ခုေတာ့အေတြးနဲ႕တျခားစီပဲ။

စာအုပ္ကို မေပးလို႔ကလည္းမျဖစ္လို႔သာ ေပးလိုက္ရတာ Sunghoonဆီကပိုးစိုးပက္စက္အေျပာခံရေတာ့မွာ ေသခ်ာေနၿပီ။ အဲ့ဒီဆရာJeonကလည္း စတတ္တတ္ခ်င္းေန႕မွာေတာင္ အာဏာျပေနေတာ့တာပဲ။

စာသင္ခ်ိန္တစ္ခ်ိန္လုံး နားမလည္တဲ့သခ်ာ္ရွင္းျပတာကိုပဲ ဆက္တိုက္နားေထာင္ေနရသည္။  နာရီကိုၾကည့္လိုက္ ေက်ာင္းဆင္းခ်ိန္က္ိုေစာင့္ေနလိုက္နဲ႕ အခ်ိန္ေတြကုန္ေနသည္။

*ကလင္ ကလင္ ကလင္ *

"ေရးးးးးးးးးး"

ေခါင္းေလာင္းျမည္သံၾကားတာနဲ႕ ေစာင့္ေနရတဲ့အခ်ိန္ႀကီးေရာက္လာတာမလို႔ ပါးစပ္ကေအာ္တို "ေရးး"လို႔ထြက္သြားမိသည္။ သူ႕ေအာ္သံကလည္း တစ္ခန္းလုံးမွာသူ႕တစ္သံတည္း။ ဆရာ Jeon Jungkookရဲ႕အၾကည့္ဆူးဆူးကလည္း သူ႕ဆီကိုတန္းေရာက္လာသည္။

"ဒီေလာက္နဲ႕ရပ္ၾကတာေပါ့
စာမသင္ခ်င္ဘဲ ေခါင္းေလာင္ျမည္ခ်ိန္ေစာင့္ေနတဲ့လူေတြကေတာ့ စာဘယ္ေလာက္သင္သင္တတ္ေနမွာမဟုတ္ဘူး "

ေနာက္ဆုံးႏႈတ္ဆက္စကားကလည္း ကိုယ့္ကိုတမင္ေျပာတာမွန္းသိေပမဲ့ ဂ႐ုစိုက္မအားေပ။ Sunghoonကိုလည္း စာအုပ္ကိစၥနဲ႕‌ေတာင္းပန္ရအုံးမယ္ေလ။ လြယ္အိတ္ထဲ စာအုပ္ေတြအကုန္ထိုးထည့္ၿပီး Sunghoonေနာက္ကို အျမန္ေျပးလိုက္လိုက္သည္။

"Sunghoon ငါအသစ္ျပန္ဝယ္ေပးပါ့မယ္ေနာ္
စိတ္မဆိုးပါနဲ႕"

Sunghoonမ်က္ႏွာကို ၾကည့္ရတာအေတာ္ကိုစိတ္ဆိုးေနပုံရတယ္။ ကိုယ္လည္း ခိုးမဖတ္ခ်င္ေပမဲ့ သူကမွအိမ္ကိုယူသြားခြင့္မေပးတာေလ ခိုးဖတ္မွရမယ့္ကိန္းေလ။ အဓိကျပႆနာက အဲ့ဒီဆရာ Jeon Jungkookပဲ။ သူမျမင္ခ်င္ေယာင္ေဆာင္ေပးရင္ ရေနတာပဲေလ။
ဘာမွမေျပာဘဲ ျမန္ျမန္သြားေနတာမလို႔ အေနာက္ကလိုက္ေခ်ာ့ရျပန္သည္။

"Sunghoon ငါမနက္ျဖန္အဲ့ဒီစာအုပ္ကိုရေအာင္‌ယူေပးမယ္ေနာ္ ကတိေပးတယ္ ကတိေနာ္...."

"ေသခ်ာလို႔လား "

"ေသခ်ာတယ္ ေသခ်ာတယ္ဟီး"

အဲ့ဒီကပ္ေစးနည္းေကာင္ကို မနည္းေခ်ာ့လိုက္ၿပီး ကားမွတ္တိုင္ေရာက္ေတာ့ ေက်ာင္းကားကထြက္ေတာင္ထြက္ေတာ့မည္။ အျမန္ေျပးသြားၿပီး ကားေပၚတတ္လိုက္ရသည္။ Sunghoonကေတာ့ သူ႕အေဖကလမ္းႀကဳံလို႔ဝင္ေခၚသြားတာမလို႔ ကိုယ္နဲ႕အတူမပါလာေတာ့တာျဖစ္သည္။

ကားမွတ္တိုင္ကဆင္းၿပီးအိမ္ကိုလမ္းေလွ်ာက္ျပန္လာရင္း အိမ္ေရွ႕မွာရပ္ထားတဲ့ကားတစ္စီးကိုေတြ႕လိုက္သည္။ အိမ္ကကားမဟုတ္တာေသခ်ာေနေတာ့ ဧည့္သည္မ်ားေရာက္ေနတာလားလို႔ေတြးမိမွ မနက္ကေဖေဖေျပာတဲ့ ေဖေဖသူငယ္ခ်င္းဆိူတာကိုသတိရသည္။

နဂိုကစပ္စုခ်င္တဲ့ဓာတ္ခံေလးေၾကာင့္ အိမ္ထဲကို ခပ္ျမန္ျမန္ဝင္သြားလိုက္ေတာ့ ဧည့္ခန္းထဲကဆိုဖာမွာဇိမ္နဲ႕ထိုင္ေနတဲ့ ေက်ာင္းကဆရာျဖစ္သည္။ခဏေလးစာအုပ္ခိုးဖတ္တာကို အိမ္ထိလိုက္တိုင္ရေလာက္တဲ့ထိျပစ္မႉႀကီးေနတာလည္းမဟုတ္ပါဘဲ။

"ဒီမွာ ဆရာJeon Jungkook.. စာအုပ္ေလးခဏ‌ခိုးဖတ္မိတာက အိမ္ထိလိုက္တိုင္ရတဲ့ထိျပစ္မႉႀကီးတယ္လို႔ မထင္မိပါဘူးေနာ္ အဲ့ဒါေၾကာင့္ လာရာလမ္းအတိုင္းျမန္ျမန္ျပန္ပါေတာ့ "

Jungkookသူငယ္ခ်င္းအိမ္မွာပဲေနလိူက္ဖို႔ေတြးထားတာေၾကာင့္ ေက်ာင္းဆင္းေတာ့ ထြက္လာလိုက္သည္။ အိမ္တံခါးေခါက္ေတာ့ Mrs.Kimကလာဖြင့္ေပးၿပီး အက်ိဳးအေၾကာင္းေျပာလိုက္ေတာ့ ဧည့္ခန္းထဲမွာထိုင္ခိုင္းၿပီး ဧည့္ခံဖို႔ အခ်ိဳရည္ျပင္ေပးမယ္ဆိုကာ မီးဖိူေခ်ာင္ထဲဝင္သြားသည္။

အိမ္ထဲကို ေျပးဝင္လာတဲ့ေကာင္ေလးတစ္ေယာက္ ေသခ်ာၾကည့္မွ ေက်ာင္းကစာအူပ္ခိုးဖတ္တဲ့ေကာင္ေလးမွန္းသိသည္။ သူ႕ကိုေတြ႕တာနဲ႕ ႏႉတ္သီး‌ေထာ္ၿပီးအျပစ္ေတြတင္လိုက္တာ ကိုယ္ကဆရာလား သူကဆရာလားျပန္ေမးရမည့္ကိန္းပင္။

"Kim Taehyung!! စာသင္ခ်ိန္စာအုပ္ခိုးဖတ္တာေပါ့ "

"ဟင္ ေမေမ "

မီးဖိုေခ်ာင္ထဲက အေအးဗန္းကိုကိုင္ၿပီးထြက္လာတဲ့ေမေမက မၿပီးဆုံးနိုင္တဲ့ဓာတ္ျပားေခြႀကီးလို အဆက္လိုက္ဆူေတာ့မွာသိေနေတာ့ ျမန္ျမန္ေျဖရွင္းခ်က္ေပးလိုက္ရသည္။

"ေမေမ မဟုတ္ဘူးေနာ္ သားခိုးမဖတ္ပါဘူး အဲ့ဒီဆရာက ေမေမ‌ကိုမဟုတ္တာေတြေျပာၿပီ လာတိုင္ေနတာ... အဲ့ဒီဆရာက အက်င့္မေကာင္းဘူး "

"ဘာေတြလာေျပာေနတာလဲ ငါကနင္ေျပာတာၾကားလို႔ သိတာ.. အကိုJungkookက နင့္အေဖသူငယ္ခ်င္းေလ ဘာကိုတိုင္ရမွာလဲ ကိုယ့္ထက္အႀကီးကိုမ်ား အက်င့္မေကာင္းဘူးတဲ့ ေတာ္ေတာ္တိုးတတ္မယ့္ေကာင္"

ကိုယ္ေပါင္ကိုယ္လွန္ေထာင္းမိမွန္းအခုမွသိသည္။ ကိုယ္ေသတြင္းကိုယ္တူးမိတာပဲ။ ဆရာJeon Jungkookကိုျမင္ေတာ့ အိမ္ကိုလာတိုင္တာလို႔ပဲထင္မိ‌တာေပါ့။ ဘယ္ေက်ာင္းသားအိမ္ကို ဆရာေတြက တိုင္ၾကားဖိူ႕ကလြဲၿပီးလာဖူးလို႔လဲ။

"ေမေမရယ္ အဲ့ဒီလိုမဟုတ္ပါဘူး သားနဲ႕ဆရာJeonက အရမ္းကိုခင္ေနပါၿပီ ဟုတ္တယ္မလား ဆရာေလး"

"ဟင္"

သူ႕ဘာသာအမႈျပန္ပတ္ေနၿပီး ကိုယ့္ကိုတပ္ကူလာေတာင္းေနတဲ့ Kim Taehyungက တကယ့္လူလည္ငစားေလး။ ႐ုပ္ခံေလးရွိသေလာက္ တည့္တံ့တာက် သူနဲ႕မအပ္စပ္သလိုပဲ။ ေပါေတာေတာနဲ႕ က်ပ္ေရာျပည့္ရဲ႕လားမသိဘူး။ တကယ့္မ်က္ႏွာ႐ူးေကာင္ေလး။ ေက်ာင္းပထမအခ်ိန္ကတည္းက လူကိုေသခ်ာအေသးစိတ္လိုက္ၾကည့္ေနတာ သတိထားမိသားပဲ။ ‌

"ဟုတ္တယ္မလားလို႔ "

တံေတာင္စစ္နဲ႕ လာလာထိုးၿပီး သူ႕အေျပာကိုေထာက္ခံေပးဖို႔ အခ်က္လာျပေနသည္။မ်က္ႏွာ႐ူးေကာင္ေလးက သူ႕ေမေမကိုေတာ့ ေၾကာက္တယ္ထင္သည္။ ဒူးေတြေတာင္တုန္ေနတာ စာအုပ္ေလးခိုးဖတ္တာကို ေက်ာင္းမွာလည္းဆူၿပီးၿပီးမလို႔ သူ႕ေမေမကဆူခံရရင္ ကေလးစိတ္ညစ္ေနမွာစိူးလိူ႕ ကိုယ္ကၾကားထဲက လူလိမ္လုပ္ေပးလိုက္ရသည္။

"ေအာ္ဟုတ္တယ္ေလ သူနဲ႕ေက်ာင္းမွာခင္တာ စာကိုေသခ်ာလိုက္မသင္လို႔ဆူေနရတာ ပါးစပ္ေတာင္ေညာင္းတယ္ဗ်ာ"

စကားကိုေထာက္ခံလိုက္ေပမဲ့ အခြၽန္နဲ႕မသြားတဲ့ဆရာJeonက အက်င့္မေကာင္းတာတကယ္ပါပဲ။

Kim Taehyungအေမက သူ႕ကိုမ်က္ေစာင္းထိုးၿပီးၾကည့္လိုက္ေတာ့ ဟ္ိုေကာင္ေလးက ဇာတ္ကတန္းပုဝင္သြားတာ။ အေမေၾကာက္သားေလးဆိုတာကေတာ့ ၁၀၀ရာခိုင္ႏႉန္းေသခ်ာေနၿပီ။

"အကိုရယ္ ကြၽန္မလည္းအဲ့ဒီေကာင္ကို မနိူင္ေတာ့ပါဘူး အကို႔ကိုပဲကြၽန္မအပ္ပါတယ္ ဆုံးမေပးပါအုံး "

"စိတ္ခ်ပါ ဆုံးမလိုက္ပါမယ္ "

"သြား Kim Taehyung အထုတ္ေတြကို  ဧည့္သည့္အခန္းထဲသြားထားေပးလိုက္စမ္း "

"ဟုတ္ "

ကိုယ္ကအမွားလုပ္ထားမိေတာ့လည္း ဘာမွအထြန့္မတတ္ရဲဘူး။ မဟုတ္ရင္ ဒါလည္းမလုပ္ခ်င္ဘူး စာက်လည္းေသခ်ာမသင္ဘူးဆိုၿပီးထပ္ၿပီးဆူပူေနအုံးမွာအေသခ်ာပဲ။

အထုတ္ေတြကသုံးထုတ္ဆိုေတာ့ အေပၚတတ္လိုက္ ေအာက္ဆင္းလိုက္နဲ႕ ခဏခဏလုပ္လိုက္ရတယ္။ ေနာက္ဆုံးအိတ္က်မွ သတိရတာက Sunghoonရဲ႕ကာတြန္းစာအုပ္ကိုရွာၾကည့္ရမယ္ဆိုတာျဖစ္သည္။

အိတ္ေတြတစ္အိတ္ၿပီး တစ္အိတ္လိုက္ရွာလိုက္ရင္း ေနာက္ဆုံးတစ္အိတ္ပဲက်န္ေတာ့တယ္။ ဒီအိတ္ကေတာ့ တျခားအိတ္ေတြလို အႀကီးႀကီးမဟုတ္ေတာ့ ေမွ်ာ္လင့္ခ်က္ေသးေသးေလးေတာ့က်န္ေနေသးသည္။

အိတ္ဇစ္ေလးကို ေသခ်ာေလးဖြင့္လိုက္ၿပီး တစ္ကန့္ၿပီးတစ္ကန့္ရွာရင္း ေတြ႕လိုက္ရတာေတြအကုန္က အတြင္းဝတ္ေဘာင္းဘီေတြခ်ည္း။ အကုန္လုံးအတြင္းဝတ္ေတြခ်ည္းဆိူ အရမ္းမ်ားလြန္းေနတာပဲဆိုၿပီ အကုန္လွန္ၾကည့္ေတာ့လည္း တကယ္အတြင္းခံေတြခ်ည္းပဲ။ အနီ၊အနက္၊အျပာနဲ႕ ေရာင္စုံကိုရွိေနသည္။ အတြင္းခံစုေဆာင္းသူလား။

"အဟမ္း ႏွာဘူးထၿပီးရင္ ျမန္ျမန္ျပန္ေတာ့ ငါေရခ်ိဳးဖို႔အဝတ္အစားလဲေတာ့မယ္"

"ဟင္ ဘယ္ခ်ိန္ကတည္းက ေရာက္ေနတာလဲ"

အသံၾကားလို႔ အေနာက္ကိုၾကည့္လိုက္ေတာ့..တံခါးေပါက္မွာရပ္ေနတဲ့ ဆရာJungkook။
စာအုပ္ရွာခ်င္တဲ့ေဇာနဲ႕ အဲ့ဒီလူကိုေတာင္ သတိမထားမိ။ ကိုယ့္ကိုႏွာဘူးေကာင္လို႔မ်ား ထင္သြားၿပီးလားပဲ။ အားး ရွိသမွ်အရွက္ေတြေတာ့ အကုန္ကြဲပါၿပီ။

"မင္း ငါ့အတြင္းခံေတြ စၿပီးရွာၾကည့္ကတည္းကေရာက္ေနတာ.. မထင္ရဘူး ငယ္ငယ္႐ြယ္႐ြယ္ေလးနဲ႕ တဏွာစိတ္ကႀကီးသားပဲ"

"ဟာ မဟုတ္ပါဘူး ကြၽန္ေတာ္.. ကြၽန္ေတာ္က "

"ကြၽန္ေတာ္က ဘာျဖစ္တာလဲ ဆက္ေျပာေလ"

ဟင္းးး Sunghoonစာအုပ္ကို လာရွာတာလို႔ပဲ တည့္ဝန္ခံလိုက္ရေတာ့မလား။ မဟုတ္ရင္လည္း အတြင္းခံရွာတဲ့ႏွာဘူးဆိူၿပီး တစ္သက္လုံးထင္ေနေတာ့မွာေလ။ တကယ္ ေကာင္းက်ိဳးမေပးတဲ့ ဆရာပဲ။

"စာအုပ္ေလးမ်ားျပန္ေတြ႕မလားလို႔ပါ "

"စာအုပ္? ေအာ္ မင္းခိုးဖတ္တဲ့ ကေလးကုလားစာအုပ္လား ငါ့လက္ဆြဲအိတ္ထဲမွာေလ"

ရွိသမွ်အိတ္အကုန္ဖြၿပီး ရွာတာေတာင္ မေတြ႕တာ စာအုပ္က လက္ဆြဲအိတ္ထဲေရာက္ေနလို႔ေပါ့။ သူကလည္း တကယ္႐ူးေနတာပဲ ညေနကမွ အသိမ္းခံလိုက္ရတဲ့စာအုပ္ကို အဝတ္အိတ္ေတြထဲ‌ရွာရတယ္လို႔။

"အဲ့ဒါေလး ျပန္ေပးပါ့လားဟင္ ဆရာေလး"

"ဘာအေၾကာင္းေၾကာင့္ ျပန္ေပးရမွာလဲ ေျပာၾကည့္"

စာအုပ္ခိုးဖတ္တာက ကိုယ္ေတြေက်ာင္းသားဘဝတုန္းကလည္း လုပ္ဖူးၾကတာမလို႔ နားလည္ပါသည္။ မဟုတ္ရင္လည္း ျပန္ေပးမယ္လို႔စဥ္းစားထားေပမဲ့ ဒီေကာင္ေလးကို တမင္ညစ္ခ်င္လို႔ကို ဆက္ေမးေနတာျဖစ္သည္။

"အဲ့ဒါ သားစာအုပ္မဟုတ္ဘူးေလ သူငယ္ခ်င္းစာအုပ္မလို႔ပါဆရာေလး... ကူညီပါေနာ္ ျပန္ေပးပါေနာ္ စာအုပ္ျပန္မရရင္ သူငယ္ခ်င္းကစိတ္ဆိုးတာေျပမွာမဟုတ္လို႔ပါ"

အသနားခံၿပီး ေတာင္းေနတဲ့ ပုံေလးက ေခြးေပါက္ေလးအတိုင္းခ်စ္စရာေကာင္းေနသည္။ မ်က္ႏွာ‌႐ူးက ခုလိုလည္းခ်စ္စရာေကာင္းတတ္ေသးတာလား။

"ေရာ့ ေရာ့ ဒီမွာ ျပန္ယူသြား.. ေနာက္ခါစာေသခ်ာလိုက္သင္ေနာ္ "

"ဟုတ္ဆရာေလး ဟီးဟီး"

စာအုပ္ျပန္ရသြားေတာ့ မ်က္ႏွာ႐ူး႐ုပ္ေလးက ျပန္ေပၚလာသည္။ တကယ့္ကိုစပ္ၿဖီးၿဖီးအူေၾကာင္ေၾကာင္ေလးနဲ႕ ခ်စ္စရာေကာင္းေနတာ။

Taehyungအစက စာအုပ္ေတာင္းရမယ္လို႔ မထင္ထားေပမဲ့ တကယ္ႀကီးျပန္ေပးလိုက္ေတာ့လည္း Sunghoonဆီက နားပူခံစရာမလိုေတာ့ဘူးေပါ့။

အခန္းထဲက ခပ္သြက္သြက္ေလးထြက္လာၿပီး ကိုယ့္အခန္းထဲကိုယ္အျမန္ေျပးသြားလိုက္သည္။ ကုတင္ေပၚခုန္တတ္ၿပီး မၿပီးျပတ္ေသးတဲ့ စာအုပ္ကို အၿပီးဖတ္လိုက္ေတာ့တာ ညစာေတာင္လြတ္သြားေတာ့သည္။


#bliawnk

Continue Reading

You'll Also Like

108K 4.8K 46
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
531K 40.4K 18
ကိုကို....ကလေးကို အဲ့ဖွက်ထားတဲ့အရုပ်လေးပြပါလား.. ဘာအရုပ်လဲ ကလေးရဲ့..?? ဟာ...ကိုကို လိမ်တယ်..ကိုကို့ ဘောင်းဘီထဲကဖောင်းနေတာ ဘာကြီးလဲ အဲ့ဒါဆို...?? Shit...
200K 20.2K 22
ချစ်ခြင်းတစ်ခုရဲ့နိဂုံးက အမုန်းတရားတစ်ခုအား နိဒါန်းသွယ်စေခဲ့သော်....
563K 48.6K 21
Kookv yaoi fanfiction Language - Myanmar (unicode+zawgyi) Topkook/Vottom Started Date ~ August 11 , 2019 Ended Date ~ October 23 , 2019 Sorry if so...