Forever[Completed]
By Sandara_Jung7
8.8K 1.1K 1.4K
// အမြဲတမ်း တစ်ဘဝလုံးစာအတွက် ချစ်တယ်။// -Gyu //တောင်းပန်ပါတယ်။ တစ်ဘဝလုံးစာအတွက် တကယ်မချစ်ပေးနိုင်ရင် ကျွန်တော... More
Start this story(Kai)
EP-(1)
EP-(2)
EP-(2)½
Ep-(3)
Ep-(4)
Ep-(5)
Part-(6)
Ep-(7) (birthday)
Ep-(8)
Ep-(9)
Ep-(10)
Yeonjun's Birthday (short part)
Ep-(12)
Ep-(13)
Ep-(14)
Ep-(15)
Ep-(16)
~~Thanks for reading~~
Ep-(17)
Ep-(18)
Ep-(19)
Ep-(20)
Ep-(21)
Ep-(22)
Ep-(23)
Ep-(24)
Ep-(25)
Ep-(26)
Ep-(27)
Ep-(28)
Ep-(29)
အမှတ်တရသိမ်းမယ်။
Ep-(30)
Ep-(31)
Ep-(32)
Ep-(33)
Ep-(34)
Ep-(35) (End)
End this story (Yeonjun)
Ep-(11)
205 32 80
By Sandara_Jung7
"Gyu"
"Ruby!!!!"
နင်ဒီကိုဘာလာလုပ်တာလည်း။ "
" ဘာလာလုပ်ရမှာလည်း gyuရဲ့...
နင့်ကိုလာတွေ့တာပေါ့....ငါကသတိရလို့လာတာကို...ဘာလည်း gyuနင်က ငါ့ကိုသတိမရတာလား။ "
"မနေ့ညကတွေ့ပြီးသွားပြီလေ။ "
"အဲ့လောက်အချိန်လေးနဲ့ ငါကအလွမ်းပြေမယ်ထင်နေလို့လား။ "
-rubyကပါးစပ်ကလည်းပြော၊ လက်နှစ်ဖက် gyuပုခုံးပေါ်ထောက်ကာ မှီထားသည်။ ထိုအချိန်တော့ taehyunဒေါသတစ်ချက်ထွက်သွားသည်။ yeonjunတို့ကလည်း မျက်နှာပျက်သွားကြသည်။ -
"အော်...တွေ့ရတာဝမ်းသာပါတယ် ။
အမနာမည်က Yoon Rubyတဲ့....beomgyuရဲ့ အချစ်ဆုံးသူငယ်ချင်းပေါ့.....အွန်း.....သူငယ်ချင်းများလား။ သူရဲ့အချစ်ဦးလို့ပြောရမလား။ gyuငယ်ငယ်ကလေ အမကိုအရမ်းသဘောကျခဲ့ပြီး အမတို့အကြာကြီးတွဲခဲ့ကြတာ...အထက်တန်းပြီးတဲ့အထိလား။ လက်ထပ်ကြမယ်လို့တောင်ထင်ခဲ့ကြတာတဲ့လေ။ ဟားဟား.."
"စကားအပိုတွေလျှောက်ပြောမနေဘဲ လိုရင်းကိုသာ ပြောလိုက်...."
"မရှိပါဘူး....သူငယ်ချင်းတွေမတွေ့တာကြာလို့ လာနှုတ်ဆက်တာ....။ "
"Ruby....
နင် ထွက်သွားလိုက်ပါလား။
ဒီနေရာမှာ နင်ကိုကြိုဆိုမဲ့လူမရှိဘူး။ "(yeonjun)
"Wae? Wae?
ဘာလို့ငါကိုအဲ့လောက်ထိရန်မူနေရတာလည်း ယောန်ဂျွန်းရဲ့....ငါကိုပြန်တွေ့ရတာဝမ်းမသာဘူးလား။ "
"အေး ဝမ်းမသာဘူး။
Gyuလည်းဝမ်းသာမယ်မထင်ဘူး...hyunjinတွေ့ရင်တော့ နင့်ကို သတ်မိတော့မယ်ထင်တယ်။ "
"နင်တို့က ငါ့ကိုအဲ့လောက်မုန်းနေကြတာလား။
ငယ်ငယ်လေးကတည်းက ခင်ခဲ့ ချစ်ခဲ့ကြတာကို...."
"အေးလေ....
ငယ်ငယ်လေးကတည်းက နင်က ရွံစရာလေးကိုး....။
အမြဲတမ်း gyuကိုဆို အနိုင်ကျင့်ခဲ့ပြီး ခိုင်းစ.....တော်ပြီ...တော်ပြီ။ yoon ruby နင်ထွက်သွားတော့။ "
"ရန်သူတွေကျလို့ gyuကတောင် ခွင့်လွှတ်ပေးထားတာကို....ဘာလည်း ယောန်ဂျွန်း....နင်က အလယ်တန်းကတည်းက gayနေတယ်ဆိုတာ သူငယ်ချင်းတွေသိသွားလို့လား။ "
"YOON RUBY!!!!!!!"
"Yeonjun စိတ်ထိန်း....."
-soobinက လက်ကိုဆွဲလိုက်ကာ တားသည်။
yeonjunဒေါသထွက်နေတာကို သူမြင်တာ ဒါဒုတိယအကြိမ်ဖြစ်သည်။ -
"မဆိုးပါဘူး...
အဲ့အချက်က နင့်ဒေါသကို ပြန်ဆွပေးနိုင်သေးတာဘဲ။ "
"ဒီမှာ...အစ်မ
ကျွန်တော်တို့အတန်းတက်ရတော့မှာမလို့ ခွင့်ပြုပေးပါဦး။ beomgyu shi၊ yeonjun shiသွားကြတာပေါ့။ "
လေးယောက်စလုံး
-felixကစကားကိုဖြတ်ပြောပြီးမှ သူတို့နှစ်ယောက်ကို ပထုတ်လာခဲ့သည်။ အငယ်လေးတွေကလည်းအလိုက်သိစွာ အိတ်တွေယူပြီး ထထွက်သွားသည်။ အမDa binကလည်း ပုခုံးကိုတိုက်ပြီးထွက်သွားလိုက်သည်။ ထိုနေရာတွင်တော့ Yoon Rubyတစ်ယောက်တည်း မတ်တပ်ရပ်ကာ အံကြိတ်ရင်းကျန်ခဲ့သည်။ -
.
.
.
-သူတို့အကုန်လုံး အတန်းချိန်မရှိသော taehyun၏အတန်းထဲသို့ဝင်ကာ taehyunဘေးနားဝင်ထိုင်နေလိုက်ကြသည်။ -
"ငါ့သူငယ်ချင်းတို့အဆင်ပြေနေကာမှ ဘယ်ကမှန်းမသိတဲ့ ဆေးဆိုးပါး(ပန်း)ရိုက်မျက်နှာကြီးနဲ့ မိန်းမထွက်လာရတယ်လို့..."
"အဲ့အမျိုးသမီးကဘယ်သူလည်း။ "
"အာ....ငယ်ငယ်တုန်းကသူငယ်ချင်းပါ။
သူကြောင့်နဲ့ ကျွန်တော်တို့သုံးယောက်လုံးပြဿနာတက်ဖူးတယ်။ သူနဲ့တစ်ယောက်မှမတည့်ကြဘူး။ "
"သူက ငယ်ငယ်က ကျွန်တော်ကြိတ်သဘောကျခဲ့ရတဲ့ ကောင်မလေးပါ။ အချစ်ဦးဆိုလည်းဟုတ်ပါတယ်။ ဒါပေမဲ့ အမုန်းရဆုံးလူတစ်ယောက်ဖြစ်နေတော့လည်း ဘာလုပ်ရတော့မှာလည်း။ အရမ်း မထိတထိပြောတတ်တာ။ ခုနက yeonjunကိုပြောသွားတာဘဲကြည့်လေ...။"
"တော်သေးတာပေါ့...
felix hyungဝင်ထိန်းလိုက်ပေလို့..."
"ခင်ဗျားကလည်း စိတ်လိုက်မာန်ပါ လျှောက်မလုပ်နဲ့။ ဒေါသကိုထိန်းမှပေါ့ဗျ...။ "
"ဆူဘင်း သူ့ကိုလွှတ်ထားသင့်တယ်ထင်တယ်...။
ယောန်ဂျွန်းက အရင်ကတည်းကအဲ့ကိစ္စကို ထိခိုက်မခံဘူး။ "
"ထိခိုက်မခံဘူးဆိုတာထက် အဲ့ဒါငါ့ဘဝနဲ့ငါဘဲလေ....အဲ့မိန်းမနဲ့ဘာဆိုင်လို့လည်း။ တစ်ကျောင်းလုံးသိအောင်လည်း သူဘဲလုပ်ခဲ့တာ။ အဲ့တုန်းက ငါဘယ်လောက်ရှက်ခဲ့ရလည်း။ "
"အခုတော့များ လမ်းလယ်ခေါင်တောင် သူများကိုစော်ကားသွားပြီးတော့..."
-ယောန်ဂျွန်းမကြားအောင် တိုးညှင်းစွာ ရေရွတ်လိုက်သည်။ -
"အော်.... ဒါနဲ့ အမမနက်က Resultသွားကြည့်တာ ။
Preပြထားတဲ့ Top(5)အထဲမှာ Royal loveလေးပါတယ်။ ဒီလိုအချိန်မှာ ဒါရိုက်တာက ပျောက်နေတာတော့ စိတ်မကောင်းစရာဘဲ။ "
"Ahn Juhoကိုဆက်ကြပါဦး...။
မချစ်သော်လည်းအောင့်ကာနမ်းပေါ့..."
"သူ့အိမ်ငါသိတယ်...နေ့ခင်းငါသွားလိုက်မယ်။ "
"မရဘူး.... မသွားရဘူး။
ဆူဘင်း....ငါစိတ်မချဘူး။ "
"အတူသွားကြမှာပါ....စိတ်မချရင်လိုက်ခဲ့ပေါ့"
"ဟုတ်သားဘဲ...အဲ့ဒါကောင်းတယ်။ "
"ဟုတ်တယ်... ဟုတ်တယ်။
အတူတူသွားကြမယ်။ "
"အွန်း...လိပ်စာသိတာသေချာတယ်နော်။ "
"ဒါပေါ့.... "
- ထို့ကြောင့်စိတ်မချသော်လည်း yeonjunခေါင်းညိမ့်လိုက်ရသည်။ -
"Taehyun na!!
အများကြီးလန့်သွားတယ်မလား။ စိတ်မပူပါနဲ့တော့"
"ကျွန်တော်ကရပါတယ် gyu hyungရဲ့။
အဆင်ပြေတယ်....hyungသာဘေးနားရှိနေသေးရင် ကျွန်တော်အတွက်အားလုံးကဘာမှပြောစရာမဟုတ်ဘူး။ "
"ဝေါ့...အော့...အော့....
"အတွဲတွေများ မသိတုန်းဘဲကောင်းတယ်။ သိရင် နည်းနည်းလေးပိုပြလိုက်ရမှ...စိတ်ပျက်စရာတွေ...ဟွန့် "
"မင်းတို့ကလည်းကွာ...
ရက်ရက်စက်စက် အဲ့လိုမပြောပါနဲ့။ "
"ပြောမှာဘဲ...ပြောမှာဘဲ ။
မပြောစေချင်ရင် ငါတို့ရှေ့ ပူးထိုင်မနေနဲ့။ "
"Gyu hyungပြောပါဦးဗျာ။
ကျွန်တော့်ကို ဖိပြောနေကြတယ်။ "
"Hyunလေးဘာမှမဖြစ်ဘူး... hyunလေးဘေးမှာ ဒီက အကိုတစ်ယောက်လုံးရှိတယ်။ အဆုံးထိကာကွယ်ပေးသွားမှာ။ "
"အမယ်လေး...Choi Beomgyuရယ်။
သွာကြပါတော့....မကြားချင်ဘူး မကြားချင်ဘူး ။ "
-သူတို့အကုန်လုံး ထပြောင်ပြသော yeonjunကိုကြည့်၍ အူတက်ကြရပြန်သည်။ တစ်နေ့တာကနည်းနည်းလေးတော့ စိတ်ရှုပ်စရာကောင်းခဲ့ပေမဲ့ ပျော်ပါတယ်။-
.
.
.
-beomgyu အိမ်ပြန်လမ်းတွင် ကားပေါ်မှာ taehyunနှင့်စကားပြောပြီး ဖြေးဖြေးလေးလှိမ့်လာသည်။ အိမ်နားရောက်ခါနီးကျမှ hyunက ဖုန်းချသွားသည်။ သူလည်း ဖုန်းလေးပြန်ချကာ အိမ်ရှေ့၌ ကားထိုးရပ်လိုက်သည်။ -
"သား ပြန်လာပြီလား "
"အွန်း..."
"ဟဲ့ ဂယူ.... နင်က အန်တီ့ကို ဘယ်လိုတွေပြောနေတာလည်း။ အမေကိုများ အွန်းတဲ့....ဟုတ်လို့ပြန်ဖြေရင် နင်အိမ်ထောင်ကျမှာမလို့လား။ "
-စူးစူးဝါးဝါးအသံကြောင့် beomgyuဧည့်ခန်းထဲလှည့်ကြည့်မိသည်။ နေ့ခင်းက နဂါးမYoon Ruby....-
"နင်အပူမပါဘူး။
ကိုယ်ကိစ္စကိုယ်လုပ်စမ်းပါ...နင့်မှာအိမ်မရှိဘူးလား။
ဘာလာလုပ်ပြန်တာလည်း။ "
"အန်တီ....ပြောပါဦး ။ "
"Ommaထမင်းစားဖို့ခေါ်ထားတာ။
မိသားစုထမင်းလက်ဆုံစားချင်လို့..."
"သူကမိသားစုမှမဟုတ်တာ။ "
"အခုမဟုတ်လည်း နောက်ဖြစ်လာမှာပေါ့"
-ကျစ်....ဇာတ်လမ်းကစလာပြန်ပြီ။
အဓိပ္ပါယ်မရှိတာတွေ....-
"ကျွန်တော်သွားနားတော့မယ်။
ထမင်းကို နှစ်ယောက်သားဘဲစားလိုက်ကြပါ။ "
-ommaကို ဦးညွှတ်ပြီး rubyကိုတစ်ချက်ကြည့်ကာ လှေကားကိုတက်သွားလိုက်သည်။ -
"Choi Beomgyu....
Ommaကိုဒေါသမထွက်စေချင်ရင် ခြေလက်ဆေး အဝတ်စားလဲပြီး အောက်မှာထမင်းလာစားနော်။ သမီးလေးRubyနဲ့ ommaစောင့်နေမယ်။ "
-ဟ....!!!!
မလွန်ဆန်နိုင်ပြန်တဲ့ ချိုသာသလိုထင်ရတဲ့ အမိန့်သံမျိုး။ -
"ဟုတ်...ကျွန်တော်ခဏနေပြန်ဆင်းလာခဲ့မယ်။ "
"သားလေးက လိမ္မာလိုက်တာ။
ဆင်းခဲ့နော်...ommaတို့ထမင်းစားစောင့်နေမယ်။ "
-beomgyuအပေါ်တက်သွား​တော့ rubyက beomgyu ommaရဲ့ လက်ကိုတွဲကာ ထမင်းစားခန်းထဲဝင်သွားသည်။ beomgyu ommaကလည်း rubyလက်ကိုပြန်ကိုင်ပြီး သမီးအရင်းကဲ့သို့ပုံစံမျိုးဆက်ဆံနေသည်။ -
-beomgyuရေချိုးပြီးပြန်ဆင်းလာတော့ rubyနဲ့ ommaက ထမင်းစားပွဲမှာ ထိုင်စောင့်နေသည်။ သူလည်း ommaနားဝင်ထိုင်လိုက်ပြီး ထမင်းစားရန်ပြင်သည်။ -
"ကြည့်ပါဦး အခုလို မိသားစုလိုမျိုး စုံစုံလင်လင်စားရတာဘယ်လောက်တောင်ကောင်းလိုက်မလည်း။ rubyလည်း နောက်အားရင်လာစားနော်။ "
"ဟုတ် အန်တီ"
"ဘာအန်တီလည်း....သားငယ်လေးခေါ်သလိုမျိုး ommaလို့ဘဲခေါ်ပေါ့။ "
"အဲ့လိုရတယ်လား။
ဒါဆို Ommaလို့ဘဲခေါ်မယ်နော်။ "
"ဟုတ်ပါပြီ သမီးလေးruby"
"စားလို့ပြီးပြီ။
အရင်ထသွားနှင့်ပါ့မယ်။ "
"ဘာမှလည်းသိပ်မစားပါလား gyuရယ်။
Rubyခွံ့ကျွေးရမလား။ "
"လူကိုပိုပြီး စာချင်စိတ်မရှိအောင် မလုပ်ဘဲနဲ့ ဒီတိုင်း ထမင်းကိုတိတ်တိတ်လေးစားပြီး ပြန်တော့...။ ငါသွားပြီ"
- ထမင်းစားပွဲဝိုင်းကနေထလာခဲ့လိုက်သည်။ -
"Gyuကသမီးကို တော်တော်စိတ်နာသွားတယ်ထင်တယ် အန်တီ...အာ Ommaရယ်...။ "
"စိတ်မပူပါနဲ့ သမီးရယ်။
သမီးနဲ့သားငယ်လေးနဲ့အဆင်ပြေအောင်လို့ ommaတစ်ယောက်လုံးရှိပါသေးတယ်။ သမီးလိုအပ်တာရှိရင်သာပြောနော်။ "
"ဟုတ် omma"
.
.
.
-Beomgyu အခန်းထဲရောက်တော့ အိပ်ရာပေါ်တွင်လှဲလိုက်ကာ ဖုန်းကိုဖွင့်ကြည့်မိသည်။ Wallpaperက taehyunအပြုံးလေးကို ကြည့်မိသည်။ ပြီးမှတွေ့မိတာ ဒိုင်နိုကမ္ဘာငယ်လေးရဲ့ Missed callတွေ။ -
"Hello....
ဗျာ့....hyunလေးဖုန်းကိုမကိုင်စရာလားဗျာ။
အောက်မှယထမသ်းစားနေလို့ မသိလိုက်တာ။ "
"သေချာပါတယ်နော်...
တစ်ခြားမိန်းမနဲ့ရှိနေတာမလား။ သိနေတယ်နော် Choi Beomgyu ....ခင်ဗျားကြီး မဟုတ်တာလုပ်လို့ကတော့ စိစိညှပ်ညှပ်ကျေအောင် ထောင်းဖြစ်ပြီးအမှုန့်လုပ်ပစ်မယ်။ "
"အဟား....hyunလေးကချစ်စရာလေးဗျာ။
ကမ္ဘာငယ်ကလွဲရင် ကိုယ့်မှာ ဘယ်သူရှိသေးလို့လည်း။ "
"နေ့ခင်းက ဟိုမိန်းမ..."
"Hyunလေး...စိတ်မပူပါနဲ့....ခွဲမသွားသိလျက်နဲ့..."
"သိတော့သိပေမဲ့.... ကျွန်တော်က...
"Hyunလေး...တစ်ခုပြောပြရဦးမလား။ "
"ဘာကြီးလည်း gyu hyung"
"ဟောဒီက Gyu hyungကလေ Hyunလေးမရှိတဲ့ကမ္ဘာကြီးမှာမှ တစ်ယောက်တည်းရှင်သန်ရမယ်ဆိုရင် ရူးတောင်သွားမလားဘဲ။ "
"Hyunလေးမရှိတော့ ဘယ်သွားနေလို့လည်း...
အခုကတည်းက ခွဲဖို့စဥ်းစားနေတာမဟုတ်ပါဘူးနော်။ "
"ဟားဟားဟားဟား.....
Hyunလေးရယ်အခုမှ ကိုယ်တို့သက်တမ်းက နှစ်ပတ်ကျော်ကျော်ဘဲရှိသေးတာကို ကိုယ်ကအဲ့လိုတွေးပါ့မလားဗျာ။ "
"နှစ်ပတ်ကျော်ကျော်မို့ မတွေးသေးတာပေါ့...နောက်ဆိုတွေးမဲ့သဘောမှာရှိနေတာပေါ့...ဟုတ်လား။ မဟုတ်တာတော့ မဟုတ်သေးဘူးနော် အကိုဂယူ..."
"ကဲ....ကိုယ့်ဒိုင်နိုပေါက်လေးက ရစ်တတ်လာပြီဘဲ။ "
"ဘာလည်း....အခုကတည်းက ငြိုငြင်နေပြီလား။ "
"စိတ်ကြိုက်ရစ်ပါလို့ပြောနေတာ..."
"ဒါဆို နောက်များများဆက်ရစ်နိုင်အောင် အိပ်ပါတော့မယ်။ "
"အိပ်ပါတော့ဗျာ...ချစ်တယ် ကိုယ့်သည်းငယ်လေး"
"ပိုချစ်တယ် အကိုဂယူ...။ "
- သည်းငယ်လေးနဲ့ တီတီတာတာတွေပြောကာ ဖုန်းချပြီး စောင်ခြုံကာ အိပ်ရာဝင်ခဲ့သည်။ -
.
.
.
"မောနင်း ဘောမ်...."
"ထူးထူးဆန်းဆန်း မင်းက မနက်ခင်းအချိန်ပိုအတန်းလာတက်နေရတယ်လို့...felixဆိုရင်တောင်ဘာမှပြောမှာမဟုတ်ဘူး။ "
"ပြောမနေပါနဲ့ beomgyu ရယ်။
Yeonjun က ကျွန်တော်မရောက်ခင်မနက် 6:50ကျော်ကျော်လောက်ကတည်းကရောက်နေတာ။ ကျွန်တော်တောင် 7:00မှရောက်တာကို..."
"အဲ့ဒါပြောတာလေ....အတန်းက 7:30စတာဆိုတော့ ထူးဆန်းတယ် ။ မင်းဘာဖြစ်လာတာလည်း"
"ဒီနေ့ Ahn Juhoအိမ်ကို သွားရမှာလေ။ "
" ရှိပါ့မလား။ "
"ဒီကောင် အိမ်မှာပုန်းနေတာကလွဲရင် မဖြစ်လောက်ပါဘူး။ ဘာလို့ဆို ငါတို့နဲ့ ပရောဂျက်မပြီးမချင်း သူဒီကနေထွက်နိုင်မှာမဟုတ်ဘူး။ နူနားကတစ်ခါတည်းချုပ်ထားတာ။ သွားကြည့်ရင်သိလိမ့်မယ်။ "
-သူတို့လည်း ခေါင်းငြိမ့်ပြီး ဆရာဝင်အလာကိုဘဲစောင့်နေလိုက်သည်။ -
.
.
.
"အာညော် ငါ့စွာစိလေး။ "
"အွန်း....လာပြီလား။ "
"တစ်ခြားလူတွေရော"
"Kaiက hyunjin hyungနဲ့ အပြင်ထွက်သွားတယ်။
ဟိုအတွဲကတော့ hyung သိတဲ့အတိုင်း ကြက်တူရွေးတွေ တစ်တီတူးတွေ လုပ်နေမှာပေါ့။ "
(အမယ်...hyungဆိုပါလား။)
"အော်..."
"အချိန်မရှိဘူး...မြန်မြန်သွားမယ်။ "
-စွာစိက လက်ထဲကမုန့်ကို ပါးစပ်ထဲအတင်းထိုးထည့်ကာ သူပုံစံအတိုင်း ရှေ့ကဦးဆောင်သွားလေသည်။ သူတို့စထွက်တော့ဘဲ ညနေလေးနာရီ...။ ပုံမှန်အတန်းချိန်ထိ အကုန်တက်ကာ သွားခဲ့ကြမလို့ ထိုအချိန်ဖြစ်သွားသည်။ -
-မိနစ်နှစ်ဆယ်လောက် busစီးလာပြီးတော့ ရပ်ကွက်တစ်ခုသို့ရောက်လာခဲ့သည်။ သူတို့နေသည့်နေရာနှင့်ဆိုရင်တော့ တော်တော်ဝေးသည်။ -
-ရပ်ကွက်ထဲကတွေ့သမျှလူတိုင်းကိုလမ်းမေးကာ မိနစ်သုံးဆယ်လုံးလုံးလမ်းလျှောက်သွားရသည်။ ခဏကြာတော့ ဂျောင်နည်းနည်းကျတဲ့ အိမ်ခန်းလေးတစ်ခုကိုရောက်လာခဲ့သည်။ -
"ဒီနေရာဟုတ်ရဲ့လား။ "
"အွန်း....ဟုတ်တယ်။
75/B ဂယောင်းဒုံရပ်ကွက်။ "
တင်းတောင်....ဒင်းတောင်....
"Ahn Ju...."
"မအော်နဲ့...ထွက်လာမှာမဟုတ်ဘူး။ "
-soobinကဖုန်းထုတ်ပြီး ဖုန်းဆက်လိုက်သည်။ -
"ဟယ်လို binလေးက ကိုယ့်ဆီကိုဖုန်းဆက်တာလား။"
"ကျွန်တော်အပိုတွေမပြောချင်ဘူး ။
အိမ်ရှေ့တံခါးခဏလာဖွင့်ပေးပါ။ ကျွန်တော်တို့ရောက်နေတယ်။ "
"အခုလာပြီ.... "
-ဖုန်းဆက်ပြီး နှစ်ဆယ်စက္ကန့်လောက်ကြာတော့ အိမ်တံခါးပွင့်လာသည်။ -
"Binလေး..."
"Yeonjunပြောလိုက်ပါ..."
-ထို့ကြောင့် soobinရှေ့တွင် yeonjunကာရပ်ကာ စကားစလိုက်သည်။ -
"ကျက်သရေမရှိတာပြန်တွေ့ရလို့ ဝမ်းမသာပါဘူး။
ဒါပေမဲ့ အဖွဲ့ရဲ့ ပရောဂျက်ပြီးမြောက်အောင်လုပ်ဖို့ ဒါရိုက်တာကိုလိုပါတယ်။ Top(5)ထဲလည်းပါနေပြီမလို့ နောက်နေ့ winnerရွေးရင် ဒါရိုက်တာရော၊ Script writer ရော Actor Actress တွေရောစုံနေမှရမှာ ။ ရှိတာမှ လူလေးဆယ်ယောက်ကို ခင်ဗျားကမလာတော့ ဘာသွားလုပ်ရမှာလည်း။ နောက်နေ့ကစပြီး ပရောဂျက်ပြီးတဲ့အထိ ခင်ဗျားကျောင်းတတ်ရက်မှန်ပေးပါ။ အဲ့ဒီနောက်မှခင်ဗျားဘာသာ ဆေးဘဲသုံးသုံး ကျောင်းဘဲထွက်ထွက် သေဘဲသေသေ ဂရုမစိုက်ဘူး။ ခင်ဗျားထက် ကျုပ်တို့ နောက်နှစ်အတန်းအတွက်အမှတ်တွေက အရေးကြီးတယ်။ "
"ကောင်းပါပြီ... ငါလာခဲ့မယ်။
Da bin Noonaကိုရော ပြောလိုက်ပါ။ "
"ဒါဆိုခွင့်ပြုပါဦး... "
"အိမ်ရောက်မှတော့ ဝင်သွားပါဦးလား binလေး"
"နေပါစေ...ရပါတယ်။
သွားလိုက်ပါဦးမယ်...."
-soobinငြင်းနေသည်မလို့ အရှေ့ကိုကြိုရောက်နေသော yeonjunကလှည့်ကြည့်နေသည်။ -
-soobinသွားမယ်လုပ်သော်လည်း Ahn Juhoက သူ့လက်ကောက်ဝတ်ကိုလာထိသည်။ ကိုင်တော့မလိုလုပ်သည်ဆိုလျှင်ပိုမှန်မည်။ သူလည်းကြောက်ကြောက်လန့်လန့်နဲ့ လက်ကိုရုတ်လိုက်ကာ ခြေနှစ်လှမ်းသုံးလှမ်းလောက်ဆုတ်သွားခဲ့သည်။ -
"အာ....တောင်းပန်ပါတယ်...
သွားမယ်ဆိုသွားတော့လေ။ "
-binလေးက သူ့ကိုတော်တော်ကြောက်သွားတာဘဲ။ -
-ဘာမှပြန်မပြောမိဘဲ yeonjunရှိရာသို့သာပြေးလာခဲ့သည်။ -
"ဘာဖြစ်သွားသေးလည်း စွာစိ"
"ဟင့်အင်း... သွားရအောင်။
မိုးရွာတော့မယ်ထင်တယ်။ "
"အွန်း"
-သူတို့လွယ်အိတ်ကို ဟန်ပါပါပြန်လွယ်လိုက်ရင်း ရပ်ကွက်ထဲကနေပြန်ထွက်လာကြသည်။ busကားဂိတ်ကိုရောက်တော့ မိုးကစရွာလာသည်။
အချိန်အခါမဟုတ်တဲ့မိုးဘဲ...သတိပေးထားခြင်းလည်းမရှိ မိုးလေဝသခန့်မှန်းချက်လည်းမရှိ။ -
"ကားလာနေပြီ..."
-yeonjunပြောတော့ သူကးလမ်းမကိုလှမ်းကြည့်လိုက်သည်။ busအပြာရောင်လေးက သူတို့ရှိရာ ကားဂိတ်လေးသို့ ဆိုက်ရောက်လာသည်။ ထီးလည်းမပါသေးတာမလို့ လွယ်အိတ်ကိုသာ ဆောင်းပြီးထွက်မယ်ကြံတုန်း ယောန်ဂျွန်းက သူ့အပေါ်ထပ်ဂျင်းအင်္ကျီကို ချွတ်ကာ သူအပေါ်ကိုပါ လာဆောင်းပေးသည်။ လှည့်ကြည့်မိတော့ တက်တော့လေ ဆိုတဲ့ပုံစံမျိုးဖြင့် မေးငေါ့ပြသည်။ -
-သူလည်းခေါင်းပြန်ငြိမ့်ပြလိုက်ပြီး နှစ်ယောက်သား ဂျင်းအင်္ကျီအထူကြီးကို အုပ်မိုးကာ busပေါ်တက်လိုက်သည်။ ပိုက်ဆံထည့်ပြီးတာနဲ့ busရဲ့နောက်ဆုံးခုံသို့သွားထိုင်လိုက်သည်။ -
"ခုနက သေချာမလုံလို့လား။
ခင်ဗျားစိုကုန်ပြီ...အိမ်ရောက်ရင် ခေါင်းသေချာသုတ်.... ကြားလား။ "
"အွန်း..."
-လူကြီးလေးတစ်ယောက်လိုမှာနေသော စွာစိကိုကြည့်ပြီးပြုံးမိပြန်သည်။ ဒီလအတွင်း စွာစိကြောင့်ပြုံးမိရတာ အကြိမ်ပေါင်းမရေတွက်နိုင်တော့။ -
"Soobin...
ငါ့ကိုသာပြောနေတာ မင်းလည်းစိုနေတယ်မလား။
ဆံပင်တွေစိုနေတာငါကတော်သေးတယ်။ မင်းကနေမကောင်းဖြစ်တော့မှာ။ "
"ပါးစပ်ပုတ်ကြီးနဲ့..."
Yeonjun POV:
-ရန်တောင်ပြန်တွေ့နေသေးတော့ အားရှိသေးပုံဘဲ။
ဆံပင်ရေစိုနေရင်ဖျားမှာစိုးလို့ ခွင့်မတောင်းဘဲ ရေစိုနေသောဆံပင်များကို လက်ဖျားလေးနဲ့ ဖွဖွလေးခါပေးလိုက်သည်။ ခါလိုက်သည့်အရှိန်ကြောင့် ရေစင်ကာ ဖွာထွက်လာသော ဆံပင်လေးတွေက နှဖူးပေါ်တွင်ဝဲပြီးကျနေသည်။ -
Soobin POV:
-ဆံပင်ရေစိုနေလို့ ကိုယ့်ဘာသာကိုသုတ်မလို့ ပြင်နေတုန်း yeonjunက သူ့ခေါင်းကိုလာကိုင်ပြီး ရေခါပေးနေသည်။ မော့ကြည့်လိုက်တော့ သူနဲ့ eye contact ဖြစ်ကာ စိုက်ကြည့်နေမိသည်။ ရှေ့ဆံပင်ရေစိုထားသောကြောင့် ထိုနေ့က yeonjunကလည်း တော်တော်လေးကြည့်လို့ကောင်းနေသည်။ -
"အာ...ရပါတယ်။
ကိုယ့်ဘာသာကို သုတ်လိုက်မယ်။ "
-သူတို့ တစ်ယောက်နဲ့တစ်ယောက်ရှက်သွားကြသည်။ မျက်နှာလွဲပြီးထိုင်နေခဲ့သည်။ -
ကျွိ.....။
-ကားဘရိတ်အုပ်လိုက်သော်ကြောင့် လျှောက်လမ်းနဲ့တည့်တည့်ထိုင်နေသော soobinက အရှေ့သို့ယိုင်ပြီး ပြုတ်ကျသည်။ ကြမ်းပြင်ထိတော့မရောက်လိုက်။ အနောက်ဘက်ပြန်ကပ်သွားချိန်မှာတော့ ခုနကထိုင်နေသော ထိုင်ခုံလို မာမာတောင်တောင်ကြီးမဟုတ်တော့...အိအိစက်စက်လေးဖြစ်သည်။ သေချာကြည့်မှ yeonjun ပေါင်ပေါ်တွင်ဖြစ်သည်။ -
-အဖြစ်မှာ ကားဘရိတ်အုပ်လိုက်သော်ကြောင့် soobinပြုတ်ကျစွားချိန်တွင် yeonjunမြင်လိုက်ကာ ခါးကနေလှမ်းဖမ်းပြီးဘေးတိုးကာ ဆွဲခဲ့သောကြောင့် အနောက်သို့ပြန်ယိုင်ချိန်တွင် သူ့ပေါင်ပေါ်သို့ soobinရောက်နေခဲ့ခြင်းဖြစ်သည်။ -
-soobinလည်း yeonjunပေါင်ပေါ်တွင်ထိုင်နေပြီး yeonjunကလည်း soobinခါးကို မလွှတ်ပေးသေးချေ။ -
"ဟို...ဖယ် ဖယ်တော့လေ။ "
-သူလည်းထိုမှသတိလည်ကာ လက်လွှတ်ပေးလိုက်သည်။ -
"ခရီးသည်တွေကိုတော့အားနာပါတယ်။
အခုကားက စက်ပျက်သွားတာကြောင့် အရှေ့ကမှတ်တိုင်ကို ဆင်းပြီး အဲ့မှာ နောက်ကားစောင့်စီးပေးကြပါ။ တောင်းပန်ပါတယ်ဗျ။ "
-လူတွေကလည်း တစ်ယောက်တစ်ပေါက် အော်ကာ ကားပေါ်မှဆင်းသွားကြသည်။ Soobinနှင့်  yeonjunလည်း ဆင်းခဲ့ကြသည်။ -
"Yeonjun ဒီနားမှာ ထီးဝယ်လို့ရတာမရှိဘူးလား။ "
"ထီးကတော့ဝယ်လို့ရမှာမဟုတ်ဘူး....ဒီမှတ်တိုင်က ခေါင်လို့ ဘယ်သူမှမဆင်းကြဘူး။ ဒီနားမှာက.......တည်းခိုခန်းတွေဘဲရှိတာလေ။ "
"အဟွန်း...
နေဝင်မိုးချုပ်တော့မှာဆိုတော့ အပြင်မှာအိပ်ကြရအောင်။ မိုးကအခုတိတ်ပေမဲ့ ပြန်ရွာဦးမယ်ထင်တယ်။ "
"အိမ်ကိုပြောလေ...ငါကအိပ်နေကြ။ "
"ပြောစရာလူမရှိပါဘူး။
ပိုက်ဆံပါတယ်မလား။ "
"အပြည့်ဘဲ...ကတ်ရော အရွက်ရော"
"အွန်း...
စျေးသက်သာတစ်ခုခုစုံစမ်းပြီးမှ တည်းကြတာပေါ့။"
"ကောင်းပြီ။ "
-သူတို့လည်း နီးစပ်ရာ တည်းခိုခန်းတွေကို လိုက်လံမေးကြည့်ခဲ့သော်လည်း အကုန်ပြည့်နေသည်။ မိုးကလည်းစရွာလာခဲ့သည်။
"အကုန်ပြည့်နေတယ်တဲ့....
ဒီနေ့ကျမှလူတွေကအိပ်လိုက်ကြတာ။ "
"ဒီနားက အိမ်တစ်အိမ်ကိုအကူညီတောင်းရမှာပေါ့။ "
-သူတို့လည်းရပ်ကွက်ထဲသို့ အမြန်ဝင်သွားကာ အဆင်ပြေလောက်မယ်ထင်သော အိမ်ကိုလိုက်ရှာကြည့်ရတော့သည်။ ကံကောင်းချင်တော့ အန်တီကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။ -
"အဒေါ်ကြီး...အန်တီရေ..."
"ဘာကိစ္စရှိလို့လည်း။ "
"ကျွန်တော်တို့ အန်တီအိမ်မှာ တစ်ညတည်းလို့ရမလားလို့ပါ။ ကျွန်တော်တို့က.... "
"ရတာပေါ့....
မင်းတို့ကြည့်ရတာ လူရည်သန့်လေးတွေပါ။
မိုးရွာနေတာမလို့ မြန်မြန်ဝင်ကြ။ "
- မွေးကတည်းက ပါလာသော ရုပ်ရည်ဓာတ်ခံလေးကိုပြေးကျေးဇူးတင်မိသွားသည်။ -
"မင်းတို့ ဒီဘက်အခန်းမှာနေလို့ရတယ်။
အိမ်ငှားတွေပြောင်းသွားတာမကြာသေးလို့ နည်းနည်းတော့ရှုပ်နေတယ်။ ခဏဝင်နေနှင့်ကြ။ လဲဝတ်ဖို့အဒေါ်သားအင်္ကျီတွေပေးမယ်။ "
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "
-အဒေါ်ကြီးကခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ဝင်သွားသည်။ -
"ဆူဘင်း... မင်းဖြစ်ရဲ့လား။ "
"ရပါတယ်..."
"မင်းကြည့်ရတာ ဖြူဖက်ဖြူရော်နဲ့...နေမကောင်းဖြစ်ချင်နေလို့လား။ "
"မဟုတ်ပါဘူး...
ဒီတိုင်း ပြေးရတာမောသွားလို့ပါ။ "
"အော်...သက်လုံးမကောင်းလိုက်တာ။
နှလုံးရောဂါသည်ကျလို့..."
-ဆူဘင်းဘာမှ ဆက်မပြောတော့ဘဲ တိတ်သွားပြန်သည်။ -
-ခဏကြာတော့ အဒေါ်ကြီး ပြန်ရောက်လာပြီး ခေါင်းသုတ်ဖို့အဝတ်တွေနဲ့ လဲဖို့အင်္ကျီတွေလာပေးသွားလေသည်။ -
-soobinက shirtအဖြူလေးနဲ့ အားကစားဘောင်းဘီအနီလေးကို လဲဝတ်လိုက်ပြီး ကျွန်တော်ကတော့ hoddieအနက်ရောင်နဲ့ ဘောင်းဘီအပွကြီးနှင့်ပင်။ -
-နာရီကြည့်တော့ 7:00ထိုးတော့မည်ဖြစ်သည်။ သူ့အဖေဆီဖုန်းဆက်ပြီးတာနဲ့ အိမ်ထဲ ပြန်ဝင်လာသည်။ အထဲရောက်တော့ အိပ်ရာခင်းပြီး စောင်တောင်ခြုံပြီးအိပ်နေသော ဆူဘင်း။ သေချာပါတယ်....မိုးမိပြီး ဖျားတော့မှာ။ -
-သူလည်းဆူဘင်းဘေး ဝင်လှဲနေလိုက်ကာ နှဖူးပေါ်လက်တင်စဥ်းစားနေခဲ့သည်။ နေ့ခင်းက busကားအကြောင်း။ -
-တွေးမိလေ သဘောကျလေ ပြုံးမိလေ ခိုးရီမိလေ သတိထားမိလေ ဖြစ်သည်။ ထို့ကြောင့် သူလည်းအိပ်ရန်သာဆုံးဖြတ်လိုက်ပြီး မျက်စိပိတ်ကာ စောင်ခြုံလိုက်တော့လေသည်။ -
.
.
.
-ညဘက် နှစ်နာရီထိုးလောက်တွင် မိုးကအသည်းအသန်ပြန်ရွာလာပြန်သည်။ ခေါင်မိုးသို့ရိုက်ခတ်သံများကြောင့် ယောန်ဂျွန်းနိုးလာခဲ့သည်။ ထိုအကြောင်းအရင်းတစ်ခုတည်းကြောင့်တော့မဟုတ်။ ဘေးနားတွင်အိပ်နေသော ဆူဘင်းက ​ညီးသံထွက်ပေါ်လာကာ အသားထိမိတော့ပူနေသည်။ ထို့ကြောင့်နှဖူးကို လျင်မြန်စွာစမ်းကြည့်မိတော့ အဖျားအရမ်းတက်နေပုံရသည်။ ကိုယ်တွေက မီးခဲထပ်တောင်ပူနေသည်။ ချွေးတွေကလည်း ထွက်နေပြီး ရှိုက်သံတွေပါထွက်လာသည်။ -
"မဖြစ်တော့ဘူး....ဆေးရုံသွားရမှာမဟုတ်ဘူးလား။ "
-သူလည်းအလျင်စလိုဘဲ ဖုန်းကိုထုတ်ကာ hyunjinဆီလှမ်းဆက်တော့လေသည်။ သို့သော် hyunjinကစက်ပိတ်ထားသည်။ ထို့ကြောင့် ဘောမ်ဂယူကိုသာဆက်ရတော့သည်။ -
"ဂယူလား...ကားမြန်မြန်ယူပြီး ထွက်လာခဲ့...။
ဆူဘင်းအပြင်မှာငါနဲ့အတူအိပ်ရင်း ဖျားနေလို့။ "
"ဟာ....ဘယ်ကသာ....မိုးမိပြီးဖျားတာ။
ငါအနှောင့်အသွား လွတ်အောင်ပြောတာဘဲ...ထားစမ်းပါကွာ။ မင်းသာမြန်မြန်လာခဲ့...ငါလိပ်စာပို့ပေးမယ်။ အဝတ်အပိုတစ်စုံပါယူခဲ့စမ်းပါကွာ။ "
-သူလည်းလိပ်စာပါပို့ပေးလိုက်ပြီး ဆူဘင်းဘေးနားသွားထိုင်နေလိုက်သည်။ ခုနကက ရထားသော သဘက်အဝတ်ကို ရေစွတ်ပေးကာ နှဖူးပေါ်တင်ထားပေးရသည်။ ပေးထားသောအဝတ်ကပါ ချွေးစိုနေပြီးသားမလို့ ဂယူလာမှသာလဲပေးကတော့မည်။ -
*FOREVER*
ကတိအတိုင်းလာခဲ့ပါပြီ😗😗
#jerry
Continue Reading
You'll Also Like
4.5K 773 25
မင်းမပါတဲ့ငါ့ဘဝက အသက်မဲ့လွန်းတယ် Yoon~ ကျွန်‌တော်က အကို့ရဲ့တောင်ပံတစ်စုံဖြစ်ပေးမှာပါ~ A YoonJin story by AchanN
23.8K 3K 34
17K 1.7K 20
သာမာန်မျက်လုံးနဲ့မမြင်ရတဲ့ အရာတွေကို မြင်တဲ့ ကောင်လေး တစ်ယောက် အတိတ်ကအချိန်တွေထဲရောက်ပြီး သူကူညီနေတဲ့ ဝိဥာဉ်လေးရဲ့ အကြောင်းကို သိသွားမလား...... သူကရေ...
106K 6.3K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥