Hidden love " ကုမုဒြာ "( comp...

By MikkyLay1

1.1M 56.7K 6.2K

လရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မ... More

ဇာတ်ကောင်မိတ်ဆက်
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter-6
Chapter-7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64 ( Final )
Extra❤
ကျေးဇူးတင်လွှာ❤️ ( ပရိုမိုးရှင်း )
🎉🎉🎉
Inner Art မိတ်ဆက် ❤️

Chapter - 52

13K 714 72
By MikkyLay1

ဧကရာဇ်မောင် ဆေးသောက်ထားတာတောင်မှ နည်းနည်းလေးမှအိပ်မပျော်ပဲ ရင်ခွင်ထဲကကုမုဒြာရဲ့မျက်နှာလေးကိုသာ တစိမ့်စိမ့်ငေးကြည့်နေ၏ ။ ဆံပင်ရှည်လေးက နှဖူးနဲ့လည်ပင်းထပ်မှာ ဝဲကျနေပေမဲ့ မုဒြာရဲ့အလှတရားကိုတော့ ဖုံးကွယ်မထားနိုင်ပေ ။ မျက်နှာနုနုလေးရဲ့အသားအရေက အပြစ်အနာစာမရှိအောင် ချောမွှေ့နေပြီး နှုတ်ခမ်းဖူးဖူးက ပန်းရောင်သန်းနေကာ ဆွဲမနမ်းမိအောင် မနည်းစိတ်ကို ထိန်းထားရသည် ။

ထိုစဉ်တစ်နာရီခန့် နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့တဲ့ မုဒြာဟာ ရုတ်တရပ်ဆိုသလိုလှုပ်လာပြီး ဧကရာဇ်ထံမော့လာကာ နှစ်ဦးသားရဲ့မျက်နှာက နှဖူးချင်းထိကပ်မတတ်နီးကပ်သွားလေသည် ။ ရုတ်တရပ်မို့ ဧကရာဇ်လဲကျောက်ရုပ်ပမာ အသက်ပင်မရှူရဲပဲ ငြိမ်သက်သွားပြီး မုဒြာဘာဆက်လုပ်မလဲစောင့်နေလိုက်သည် ။ မုဒြာရဲ့အသက်ရှူသံတွေက ဖြေးဖြေးနဲ​ြပုံမှန်ဖြစ်နေ၍ မနိုးသေးမှန်းသိသာသည် ။

ဧကရာဇ်က နီးကပ်နေတဲ့မုဒြာရဲ့မျက်ဝန်းလေးကိုကြည့်နေစဉ် ဖြေးညှင်းစွာ ဖွင့်ဟလာတာကိုတွေ့လိုက်ရသည် ။ သို့ပေမဲ့ အသိစိတ်လွတ်နေသလို ငြိမ်သက်စွာ သူ့အားကြည့်နေခြင်းကြောင့် ဧကရာဇ်လဲဘာလုပ်ရမှန်းမသိဖြစ်ကာ ငြိမ်၍သာနေနေရသည် ။

မုဒြာရဲ့ပူနွေးနေတဲ့လက်ဖဝါးက ဧကရာဇ်ရဲ့ပါးပြင်ကို လာရောက်ထိကိုင်ပြီး မုဒြာကသူ့ရဲ့နှဖူးအား ဧကရာဇ်နှဖူးနဲ့ထိကပ်စေကာ အာရုံခံကြည့်ပြီးနောက် တိုးတိုးလေးရေရွတ်လိုက်တော့သည် ။

" မပူတော့ဘူး … မောင် အဖျားကျသွားပြီပဲ "

" …… "

နူးညံ့လွန်းတဲ့မုဒြာရဲ့ စကားသံလေးနဲ့ အပြုအမူတွေကို ဧကရာဇ်မောင်အိမ်မက်ဟုပင်ထင်မှတ်နေပြီး နှလုံးခုန်သံတွေကလဲ မြန်ဆန်လာသည် ။ နှစ်တွေအကြာကြီးလွမ်းစွတ်နေခဲ့တဲ့ ထိုအခိုက်တန့်လေးမှာ ဧကရာဇ်မောင် အသက်ရှူဖို့ပင်မေ့သွားသည်ထိ ပျော်ရွှင်သွားလေသည် ။ ထိုစဉ်မုဒြာက မှေးစဉ်းနေတဲ့မျက်ဝန်းလေးနဲ့ ဧကရာဇ်အားငေးကြည့်ကာ ပြုံးလိုက်ပြီး ထပ်မံဆိုလိုက်သည် ။

" စောသေးတယ် မောင် … ထပ်အိပ်လိုက်ဦး "

" …… "

ပြောပြီးမုဒြာ ဧကရာဇ်ရဲ့လည်ပင်းအားသိုင်းဖက်ကာ ထပ်မံအိပ်ပျော်သွားလေသည် ။ ထိုအပြုအမူတွေက ဟိုတစ်ချိန်က သူအပြင်းဖျားတိုင်း မုဒြာပြုမူနေကြဖြစ်၍ ယခုလဲအိမ်ချင်မူးတူးဖြင့်  ယောင်နေမှန်းသိပေမဲ့ ဧကရာဇ်နှလုံးသားကတော့ ပေါက်ထွက်လုမတတ်ခုန်ပေါက်နေကာ ရပ်တန့်မသွားပေ ။ နိုးထလာလျှင် မုဒြာမမှတ်မိနိုင်မှန်းသိပေမဲ့ ခနသာနူးညံ့မှုလေးကပင် ရှေ့ဆက်ဖို့အတွက် ခွင့်အားတွေအများကြီးရရှိစေခဲ့သည် ။

မုဒြာနိုးထလာချိန်မှာ အသက်ရှူသံပြင်းပြင်းက နှဖူးထံသို့ရိုက်ခပ်ကာ လှုပ်ခပ်နေတဲ့ နှလုံးခုန်သံကို သူ့ရဲ့နားကအတိုင်းသားကြားနေရသည် ။  မျက်လုံးဖွင့်ကြည့်လိုက်တော့မှ သူ့ရဲ့ကိုယ်က နေမကောင်းဖြစ်နေတဲ့ ဧကရာဇ်မောင်ရင်ခွင်ထဲသို့ရောက်နေပြီး သူ့ရဲ့လက်တွေက ဧကရာဇ်မောင်အား ဖက်သွယ်ထားလျှက်အနေအထားမှာရှိနေသည် ။

ကွာရှင်းပြီးခါမှ နှစ်တွေအတော်ကြာ ထိုယောက်ျားနှင့် ထိုမျှလောက်ထိ ရင်းနီးကာနွေးထွေးပြီး နီးနီးကပ်ကပ်နေခဲ့ဖူးခြင်းမရှိသေး၍ ဒါကအိမ်မက်လား လက်တွေ့လားဆိုတာကို အချိန်ယူပြီးစဉ်းစားလိုက်ရသည် ။

" …… "

အသိပြန်ဝင်လာမှ မုဒြာခနမျှစွံ့အသွားကာ ချက်ချင်းပဲ ကုတင်ပေါ်ကနေခုန်ဆင်းပြီး ဧကရာဇ်မောင်အခန်းထဲကနေ တစ်ကျိုးထည်းပြေးထွက်လာခဲ့တော့သည် ။

ထိုခံစားချက်က နွေးထွေးကာ အယ်ဖာတစ်ယောက်ရဲ့ ထိတွေ့မှုတွေက သူ့အားအရင်အတိုင်းရစ်မူးနေစေသည် ။ ကြာကြာဆက်နေမိပါက အိုမီဂါရဲ့ရက်ဝန်းဖြစ်ပေါ်စေနိုင်သည် ။ ဆေးတွေနဲ့တားစီးထားပေမဲ့ မိတ်အယ်ဖာရဲ့ ဖယ်ရိုမုန်းတွေနဲ့သာ ဖိနှိပ်ခံရလျှင် ထိုအခြေအနေကို လွန်ဆန်နိုင်မည်မဟုတ်ခြေ ။ ကံကောင်းတာက ဧကရာဇ်မောင်ဟာ သူ့အား မိတ်အယ်ဖာတစ်ယောက်ရဲ့အငွှေ့အသက်တွေနဲ့ ဖိနှိပ်မထားပဲ သူ့ကိုယ်သူ ထိန်းချုပ်ထား၍မှတော်သေးသည် ။

အခန်းထဲရောက်တော့မှ မုဒြာအသက်ကိုဝဝရှူထုတ်လိုက်ပြီး …

" တော်သေးတယ် … ငါအချိန်မှီပြေးထွက်လာနိုင်လို့ … မဟုတ်ရင် ငါ့ရဲ့ Heat Cycle ဖြစ်လာနိုင်တယ် "

အခန်းထဲမှာ သားလေးအိမ်နေသေးတာကိုတွေ့တော့မှ မုဒြာသက်ပျင်းရှည်ချလိုက်နိုင်တော့သည် ။

မုဒြာ မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးနောက် သိမ်းထားတဲ့ ဆေးတွေကို ထုတ်ယူကာ အစားမစားရသေးပဲ အလျှင်လိုပြီးသောက်လိုက်သည် ။ ဒီဆေးတွေက Heat Cycle အလွယ်တကူမဖြစ်ပေါ်အောင်ထိန်းထားနိုင်ပြီး အယ်ဖာရဲ့ဖယ်ရိုမုန်းရန်ကနေ ကာကွယ်နိုင်သည် ။

ရက်နဲ့တွက်ကြည့်လျှင် Heat Cycle ကာလရောက်ရန် ၂ ပတ်လောက်လိုသေးပေမဲ့ ဧကရာဇ်မောင်က အနားမှာရှိနေတော့ မိတ်အယ်ဖာရဲ့ဖယ်ရိုမုန်းတွေကြောင့် ရာသီရက်ဝန်းက စောစောဖြစ်လာနိုင်သည် ။ ကြိုတင်တားစီးထားတာက အကောင်းဆုံးကာကွယ်နည်းဖြစ်သည် ။ အရင်လကလဲ ထိုဆေးနဲ့ပဲ ကြိုတင်ကာကွယ်နိုင်ခဲ့တာမို့ မုဒြာစိတ်အေးသွားရသည် ။

ထိုစဉ်သူ့အာရုံထဲမှာ ဧကရာဇ်မောင်ကို ဟိုအရင်အချိန်ကလို တစ်ရင်းတစ်နီးနဲ့ ပြုမူခဲ့သလို ပြန်မြင်ယောင်နေပြီး အိမ်မက်လား လက်တွေ့လား ခွဲချားမရဖြစ်နေသည် ။ သူအိပ်ပျော်နေစဉ်က ယောင်ပြီးလုပ်ဆောင်မိခဲ့တာတွေကို သတိမရတော့ပေ ။ အတွေးနယ်လွန်နေခိုက် တံခါးခေါက်သံကို ကြားလိုက်ရသည် ။

' ဒေါက် … ဒေါက် '

" ပန်းကလေး "

အပြင်ဘက်က အမလီရဲ့ခေါ်သံကြောင့် အတွေးတွေကို ရပ်တန့်ကာ မုဒြာ တံခါးဖွင့်ပေးလိုက်သည် ။ သစ်သီးခြင်းလေးကိုဆွဲကိုင်ထားလျှက် အမလီဝင်လာခဲ့ပြီး  သူမရဲ့ပုံစံက အနည်းငယ် ဆိုးရိမ်နေပုံပင် ။

" ပန်းကလေး …ဟိုလူချောလေး နေမကောင်းဖြစ်နေတယ်ဆို "

" ညကအအေးမိပြီး ဖျားသွားတာ … ခုတော့သက်သာနေလောက်ပါပြီ "

မုဒြာသူပြေးထွက်လာတော့ ဧကရာဇ်မောင်အခြေအနေကို စစ်ဆေးဖို့မေ့သွားသည် ။ သူ့တစ်ကိုယ်လုံးလဲ ပူလောင်နေသေး၍ ဧကရာဇ်မောင်အဖျားမကျသေးလောက်ဘူးဟုထင်လိုက်သည် ။

" တော်သေးတာပေါ့ … မနေ့ကမှအကောင်းကြီးကို … ရုတ်တရပ်ဆိုတော့ စိတ်ပူသွားတာပဲ "

မုဒြာက သူလဲမပြောပြရသေးပဲ နေမကောင်းဖြစ်နေတာကိုသိပြီး ရောက်လာတဲ့အမလီအား မေးကြည့်လိုက်သည် ။

" အမဘယ်လိုသိတာလဲ "

" ဒီမနက်ဆိုင်ကိုဆရာဝန်လေးတစ်ယောက် ရောက်လာပြီး မင်းတို့ကိုသွားကြည့်ပေးဖို့ပြောလာလို့ အမသစ်သီးလေးတွေဝယ်ပြီး စိုးရိမ်တကြီးပြေးလာရတာ "

ယံယံကပြောသွားမှန်း မုဒြာသိလိုက်သည် ။ သူယံယံကို ဧကရာဇ်မောင်အားစောင့်ရှောက်ဖို့မှာကြားခဲ့ပေမဲ့ ကို့သူငယ်ချင်းကို ခုလိုဒုက္ခခံခိုင်းရလောက်တဲ့ထိ ဧကရာဇ်မောင်ဘက်မှာနေပေးဖို့တော့ မပြောဖူးခဲ့ပေ ။

" ယံယံ မင်းကတော့ … ငါ့ကိုသူ့အနား တမင်တကာတွန်းပို့နေတာလား "

တိုးတိုးလေး ရေရွတ်လိုက်တာမို့ အမလီမကြားလိုက်ပေ ။

" ဘာပြောလိုက်တာလဲ ပန်းကလေး "

" ဘာမှမဟုတ်ပါဘူး … အမလီစိတ်မပူနဲ့တော့နော် … ကျွန်တော်သူ့ကိုဂရုစိုက်ပေးထားတယ် "

" အင်းပါ … ဒီနေ့တော့ ဆိုင်ကိုမလာနဲ့တော့ … အမဆိုင်ကိုတာဝန်ယူထားမယ် … ပန်းကလေးက သူ့ကိုနေပြန်ကောင်းလာအောင် သေသေချာချာလေးပြုစုပေးလိုက် "

" ရပါတယ် … ကျွန်တော်ပဲ ဆိုင်ကိုလာလိုက်ပါ့မယ် … ဝယ်သူတွေက ကျွန်တော့လက်ရာကိုပိုကြိုက်ကြတယ်  "

" ပန်းကလေးလက်ရာက အကောင်းဆုံးဆိုတာ အမသိပေမဲ့ ပန်းကလေးမှာစောင့်ရှောက်ပေးရမဲ့သူရှိနေတယ်လေ … နေမကောင်းတဲ့သူကို ပြစ်ထားမလို့လား "

" ကျွန်တော် … "

" ပါပါး "

သားလေးလဲနိုးလာပြီမို့ မုဒြာအလုပ်ပိုရှုတ်ရပြီ ။ အမလီရဲ့စကားကို နားမထောင်ပဲ ဧကရာဇ်မောင်အနားကနေပြေးထွက်ပြီး ဆိုင်မှာပုန်းနေဖို့မဖြစ်နိုင်တော့ပေ ။

" ကဲ့ပါ … သားအဖတတွေအခန်းမှာပဲ နားနားနေနေ နေကြ … ဆိုင်ကိုနောက်ဆံမတင်းနဲ့ … အမတာဝန်တာထားလိုက် "

" ဒါပေမဲ့ "

" နေမကောင်းတဲ့သူအတွက် စားစရာသာ အရင်ဆုံးပြင်ပေးလိုက်ပါဦး … တော်ကြာဆေးသောက်ချိန်ကျော်သွားဦးမယ် … ပြီးရင်သစ်သီးလေးတွေ လှီးကြွေးလိုက် … ဒါဆိုအမပြန်တော့မယ်နော် "

အမလီက သစ်သီးခြင်းကိုထားခဲ့ပြီး နှုတ်ဆက်ကာ ပြန်သွားသည် ။

" ပါပါး … ဦးဦးရောဟင် "

" သူ့အခန်းမှာပေါ့သားလေးရဲ့ "

" ဒါဆိုဦးဦးက သားတို့နဲ့အတူနေဦးမှာပေါ့ "

သားလေးကလဲ ဧကရာဇ်မောင် ရှိနေသေးမှန်းသိတော့ ပျော်ရွှင်စွာဖြင့် ဧကရာဇ်အခန်းထံသွားရန်ပြင်နေ၍ မုဒြာက တားထားရသည် ။

" သား … ဦးဦးကဖျားနေတယ် … သားနဲ့အတူမကစားပေးနိုင်သေးဘူး … အနားယူပါစေဦး "

" ဒါပေမဲ့ ဦးဦးကိုသားတွေ့ချင်တယ် "

" သူနိုးလာအောင်စောင့်လိုက် … ပြီးရင်သားကိုတွေ့ခွင့်ပေးမယ် "

" ဟုတ် "

ချော့လိုက်တော့လဲ သားလေးကလိမ်မာစွာလက်ခံသည် ။ မုဒြာလဲ ဧကရာဇ်မောင်အတွက် စားစရာ ဆန်ပြုတ်ပြုတ်ပေးဖို့ ပြင်လေတော့သည် ။

တစ်ဖက်တွင်တော့ ……

မုဒြာထသွားကတည်းက ဧကရာဇ်မောင်နိုးနေဆဲဖြစ်သည် ။ တစ်ချိန်လုံး မုဒြာခေါင်းကို သူ့ရဲ့ဘယ်ဘက်လက်မောင်းပေါ်တင်ထား၍ ထုံပြီးနာကျင်နေသည် ။ ထိုနာကျင်မှုက သူ့ရဲ့ပျော်ရွှင်မှုနဲ့ယှဉ်လျှင် မြူမှုန်မျှသာရှိသည် ။

ဧကရာဇ်မောင် သူ့ရဲ့နှဖူးကိုသူ စမ်းကြည့်တော့ ကိုယ်အပူချိန်ကျနေတာကို သတိထားမိလိုက်သည် ။ အဖျားပျောက်လျှင် မုဒြာက အိမ်ပြန်ခိုင်းမည်ဆိုး၍ ဧကရာဇ်မောင် နည်းလမ်းရှာရတော့သည် ။ သူ့ဘဝမှာ ခုလိုကလေးကလားဆန်စွာပြုမူပြီး လူတစ်ယောက်ကိုလိမ်ညာဖို့ ကြိုးစားရလိမ့်မည်ဟု တွေးပင်မထားဘူးပေ ။

နာရီအနည်းငယ်ကြာတော့ မုဒြာ ကြက်သားဆန်ပြုတ်တစ်ခွက်ပြင်ဆင်ပြီး အခန်းထဲယူလာခဲ့သည် ။ ဧကရာဇ်မောင်ကတော့ ကုတင်ပေါ်မှာလှဲနေဆဲပင် ။ မုဒြာ ဧကရာဇ်မောင်နဲ့နေလာတဲ့တစ်လျှောက် ဒီလောက်ထိဖျားနာနေတာမျိုးမမြင်ဖူး၍ အနည်းငယ်တော့ စိုးရိမ်သွားလေသည် ။

" ဧကရာဇ်မောင် … မနိုးသေးဘူးလား "

" …… "

" မနက်စာပြင်ပေးထားတယ် … နိုးလာရင်ထစားလို့ရပြီ "

" ဟင်း "

မုဒြာက ခွက်ကိုချထားခဲ့ပြီးပြန်မယ်လုပ်တော့ ကုတင်ပေါ်ကညည်းညူသံကြောင့် ရပ်တန့်သွားကာ လှည့်ကြည့်လာသည် ။ ဧကရာဇ်ရဲ့မျက်နှာက နီနေပြီး အပူရှိန်တက်နေပုံပင် ။

" မင်း အဆင်ပြေရဲ့လား "

ဧကရာဇ်မောင်က မျက်လုံးအနည်းငယ်ဖွင့်ကြည့်လာပြီး ထပ်မံညည်းညူပြန်သည် ။

" မုဒြာ … ကိုယ်အရမ်းပူတယ် … ဟင်း "

မုဒြာလှည့်ထွက်မသွားနိုင်တော့ပဲ ကုတင်ထံလျှောက်လာပြီး စောင်ပုံထဲက ဧကရာဇ်မောင်ရဲ့အသားကိုစမ်းကြည့်လိုက်တော့ ပူကျစ်နေတာကို ခံစားလိုက်ရသည် ။

" ဘာကြောင့်အရမ်းပူလာတာလဲ … စောစောကအဲ့လောက်မပူပါဘူး "

" ကိုယ်ထပ်ပြီးဖျားနေပြန်ပြီထင် … ကိုယ့်အနားကနေမသွားပါနဲ့လား "

ဧကရာဇ်မောင်က ပရိယာယ်မျိုးစုံဖြင့် အသနားခံနေသည် ။ ဒီလိုဖြစ်ဖို့ကို မုဒြာအခန်းထဲဝင်မလာခင်တစ်လျှောက်လုံး မီဖိုနားမှာ နာရီများစွာနေကာ အသားအလောင်ခံပြီးလုပ်ထားရသည် ။ မုဒြာကတော့ ထပ်ပြီးမစစ်ဆေးတော့ပဲ ယုံကြည်သွားပုံပေါ်သည် ။

"  ဒါဆိုအဝတ်အရင်လဲလိုက် … ချွေးတွေနဲ့ပိုပြီးဖျားသွားလိမ့်မယ် "

ဧကရာဇ်မောင်က ကတုန်ကယင်နဲ့ထပြီး အဝတ်ကိုကြိုးစားကာလဲနေသည် ။ တကယ်တော့မုဒြာသနားလာအောင် လုပ်ပြနေယုံပင် ။ သူလိုသန်မာတဲ့လူက ရိုးရိုးအဖျားလောက်နဲ့ အိပ်ယာထဲမလဲနိုင်ပေ ။ ပြီးသွားတော့ အနွေးထည်အထူကြီးဝတ်ကာ ကုတင်ပေါ်မှာ အနောက်သို့မှီကာထိုင်နေလိုက်သည် ။

" ကိုယ်ပြီးပြီ "

" ကို့ဘာသာသောက်နိုင်လား "

" ဟင့်အင် … ကိုယ့်မှာအားမရှိဘူး "

မုဒြာလဲ ဘာမှဆက်မပြောတော့ပဲ ကိုယ်တိုင်ဇွန်းဖြင့်ခပ်ကာ ဧကရာဇ်မောင်အားတိုက်လိုက်သည် ။ ဟိုအရင်အတိတ်ကအချိန်တွေကို ပြန်ရောက်သွားသလိုမျိုး နွေးထွေးတဲ့ခံစားချက်တွေကို ရရှိလာ၍ ဧကရာဇ်မောင် ပြုံးပျော်နေတော့သည် ။

ပြီးနောက်တစ်နေ့လုံး ဘာမှမလုပ်နိုင်သလိုဟန်ဆောင်ကာ မုဒြာအား သူ့အနားကနေဘယ်မှထွက်မသွားအောင် ဆွဲထားလေတော့သည် ။ သားလေးကလဲ မနှောက်ယှက်တဲ့အပြင် ရှောင်ပေးနေသေးသည် ။

ဧကရာဇ်မောင် နေမကောင်သလိုဟန်ဆောင်တဲ့အချိန်တွေမှာ အတိတ်ကသူ့အားအမြဲဂရုစိုက်ပေးနေခဲ့တဲ့ ကုမုဒြာကို ပြန်လည်ရရှိလိုက်လေသည် ။

*

*

*

ဧကရာဇ်မောင် ၂ ရက်လောက်ထိ အချိန်ဆွဲထားနိုင်ပေမဲ့ သူ့ရဲ့သန်မာတဲ့ကိုယ်နဲ့ ဖယ်ရိုမုန်းတွေက နှစ်တွေအကြာကြီး ဂရုစိုက်ပေးလာခဲ့တဲ့ မုဒြာကို ဆက်ပြီးလိမ်ညာ၍မရနိုင်တော့ပေ ။ ပိုဆိုးတာက သူ့ရဲ့အပူချိန်ကို မြှင့်တင်နေတုန်း မုဒြာမိသွားလေသည် ။

ဧကရာဇ်မောင်က သူတစ်ခုခုစားချင်လာလို့ မီးဖိုချောင်ဝင်ခဲ့တာဟု လိမ်ညာဖို့ကြိုးစားပေမဲ့ မုဒြာပိုပြီးမယုံကြည်တော့မည်ဆိုးကာ ဆက်ပြီးမလိမ်ညာတော့ပေ ။

" ကိုယ်တောင်းပန်ပါတယ် … ကိုယ်နေမကောင်းသလိုဟန်ဆောင်တာက မင်းအနားမှာဆက်ပြီးနေချင်ယုံလေးပါ "

" အဲ့ဒါနဲ့ပဲ လူကိုစိတ်ပူအောင် တစ်ချိန်လုံးလိမ်ညာနေခဲ့တာလား  "

မုဒြာအသံကအေးဆက်နေ၍ ဧကရာဇ်မောင် ပို၍ပင် အပြစ်ရှိသလိုခံစားလာရသည် ။

" ကိုယ်လိမ်ညာဖို့မရည်ရွယ်ပါဘူး "

" ဘာကြောင့် ဒီလောက်တောင် မစဉ်းစားမဆင်ခြင်နိုင်ရတာလဲ ဧကရာဇ်မောင် … မင်းအချိန်အကြာကြီးဖျားသလိုဟန်ဆောင်နေတာကို မင်းကပျော်နေပေမဲ့ ငါ့မှာတော့ ဘယ်လောက်ထိစိတ်ပူပန်နေခဲ့လဲ မင်းမတွေးမိဘူးလား "

မုဒြာက တကယ်ပဲသူ့ကိုတာဝန်တစ်ခုလို သဘောထားပြီးဂရုစိုက်ပေးနေတာမဟုတ်ပဲ အမှန်တကယ်စိတ်ပူနေခဲ့မှန်းသိရတော့ ဧကရာဇ်မောင်ပျော်ရွှင်မိပေမဲ့ တစ်ဆက်ထည်း မုဒြာကသူလိမ်ညာနေခဲ့တာကိုသိသွားပြီး စိတ်ဆိုးသွား၍ ဝမ်းနည်းရပြန်သည် ။

" ကိုယ်အမှားလုပ်မိတာကို ဝန်ခံပါတယ် … ဒါပေမဲ့ မင်းကိုယ့်ကိုတကယ်စိတ်ပူနေမယ်လို့ ကိုယ်တကယ်မထင်ခဲ့မိတာပါ … ကိုယ့်ကိုခွင့်လွှတ်ပါ "

မုဒြာကနားမထောင်တော့ပဲ သူ့အခန်းထံပြန်သွားသည် ။ ဧကရာဇ်ကလဲ အနောက်ကနေလိုက်လာပြီး မုဒြာတံခါးမပိတ်မှီ လက်ဖြင့်တွန်းဖွင့်ကာ အထဲသို့ဝင်လာခဲ့သည် ။

" မုဒြာ "

မုဒြာက ဧကရာဇ်မောင်အား ဆက်ပြီးမကြည့်တော့ပဲ ကျောခိုင်းလိုက်ကာ ခပ်ပျက်ပျက်သာပြောလိုက်သည် ။

" လှည့်စားနေတာတွေကိုရပ်ပြီး အိမ်တော်ကိုပြန်တော့ … ငါ့မှာမင်းနဲ့ကစားပေးဖို့အချိန်မရှိဘူး "

ဧကရာဇ်မောင် မုဒြာအနားမှာ ဆက်ပြီးနေနိုင်ဖို့ ဆင်ခြေမရှိတော့ပေမဲ့ လက်မလျော့နိုင်သေးပေ ။

" ကိုယ့်ကိုတကယ်ပဲ အခွင့်အရေးမပေးတော့ဘူးလား … ကိုယ်မင်းနဲ့နေနိုင်ဖို့ ဘာမဆိုလုပ်မယ် "

" ငါဒီဘဝမှာနေရတာပျော်နေပြီ … ငါတို့လမ်းခွဲပြီးနောက် ငါ့ဘဝကိုအသစ်ကနေပြန်စပြီး အကောင်းဆုံးဒီအခြေအနေထိရောက်အောင် ငါလုပ်ဆောင်နိုင်ခဲ့ပြီးပြီ … ထပ်ပြီးဂုဏ်ပကာသနတွေနဲ့ အဆင့်အတန်းတွေကြား လူတွေရဲ့အကြည့်တွေအောက်မှာနေရတဲ့ လှောင်အိမ်လိုဘဝမျိုးကိုထပ်မသွားချင်တော့ဘူး "

" ဒါဆို ကိုယ်လဲအရာအားလုံးကိုစွန့်လွှတ်ပြီး မင်းနဲ့အတူလိုက်နေနိုင်တယ် … မင်းနှလုံးသားနဲ့ ကိုယ့်ကိုပြန်ပြီးလက်ခံပေးပါ "

မုဒြာက အနောက်သို့လှည့်ကြည့်လာပြီး လေးနက်စွာပြောလိုက်သည် ။

" အဖိုးက မင်းကိုယုံကြည်လို့ အရာအားလုံးကို ပုံအပ်ခဲ့တာ … ဒါကိုမင်းကလွယ်လွယ်လေးစွန်းပြစ်လိုက်ဖို့တွေးနေတာလား … မင်းမရှိရင် အဖိုးပေးခဲ့တဲ့တာဝန်ကို  ဘယ်သူကထမ်းဆောင်မှာလဲ "

" ကိုယ်တို့သားလေးရှိတာပဲ … ကုဌေရှင်းခန့်လေးက စံအိမ်တော်ရဲ့အမွေဆက်ခံသူ … အဖိုးရဲ့နေရာကိုအမွေယူရမဲ့မျိုးဆက်သစ်ပဲ "

" တော်တော့ … အရွယ်မရောက်သေးတဲ့သားလေးကို ပုံစံခွက်ထဲကိုထည့်သွင်းဖို့မကြိုးစားပါနဲ့ … သားလေးကိုတော့ သူဝါသနာပါရာကိုလုပ်ပါစေ … မင်းနဲ့ငါ ၂ ယောက်ပဲ ဒီဒုက္ခတွေကိုခံရယုံနဲ့လုံလောက်ပါပြီ … ချမ်းသာကြွယ်ဝပြီး အထီးကျန်တဲ့ဘဝကို သားလေးကိုတော့ မပိုင်ဆိုင်စေချင်ဘူး … ဒါကြောင့် မင်းငါတို့နဲ့ ဝေးဝေးနေပါ "

" မုဒြာ … အတိတ်မှာတုန်းက မင်းကိုယ့်ကြောင့် ခက်ခဲပြီးအရမ်းပင်ပန်းခဲ့တာကို ကိုယ်နားလည်ပါတယ် … ဒါပေမဲ့ ကိုယ်တို့တစ်ယောက်ကိုတစ်ယောက်ချစ်နေကြပြီပဲ … ဘာကြောင့်ပြန်ပြီးအတူနေဖို့ မကြိုးစားကြည့်ချင်တာလဲ … အရင်ကထက်ပိုပျော်ချင်ပျော်ရွှင်နိုင်မှာ … သားလေးကိုရော မပြည့်စုံတဲ့မိသားစုဘဝမှာရှိနေစေချင်တာလား … ကိုယ်တို့ပြန်ပြီးလက်ထပ်ကြရအောင်  "

မုဒြာခနမျှတိတ်ဆိတ်သွားကာ အခန်းထဲကဒေါင့်လေးမှာ အရုပ်တွေနဲ့ကစားနေတဲ့သားလေးထံအကြည့်ရောက်သွားသည် ။ ပြန်ပြီးလက်ထပ်ရင် ပျော်ရွှင်နိုင်မှာလား မသိပေမဲ့ အတိတ်ကလို လစ်လျှူရှုမှုတွေနဲ့ ကွဲကွာမှုတွေကြုံလာခဲ့ရင် ဖခင်မရှိတော့ဘူးဆိုတဲ့အသိထက် ပိုပြီးသားလေးနာကျင်ရမှာကိုကြောက်နေမိသည် ။

" တော်တော့ … အတိတ်မှာတုန်းက မင်းရဲ့လစ်လျှူရှုမှုတွေနဲ့ ပြစ်ပယ်ခြင်းကိုလဲခံခဲ့ရပြီးပြီ … မင်းရဲ့ရူးသွပ်စွာဆွဲလမ်းချုပ်နှောင်မှုတွေကိုလဲ ခံခဲ့ရပြီးပြီ … ခုမင်းကပုံမှန်လူတစ်ယောက်လိုဖြစ်နေပေမဲ့ ငါတို့အတူနေရင် ခုလိုအဆင်ပြေနေလိမ့်မယ်လို့ အာမမခံနိုင်ဘူး … အတိတ်မှာငါမင်းအပေါ်ကောင်းပေးခဲ့လို့  ခုလိုဂရုစိုက်မှုတွေက မင်းအတွက် ခနသာပျော်ရွှင်မှုလဲဖြစ်နေနိုင်တာပဲ … ဒါကြောင့် ရှေ့ဆက်မတိုးပဲ ဒီအတိုင်းလေးပဲရပ်လိုက်ကြရအောင် "

ဒါဏ်ရာတွေများစွာ ရရှိပြီးတဲ့နောက်မှာ မုဒြာအရူးတစ်ယောက်လို ထပ်ပြီးမမျှော်လင့်မိဖို့ ကိုယ့်ကိုယ်ကိုတားစီးထားလိုက်သည် ။ အားလုံးပျော်ရွှင်ဖို့အတွက် ရှေ့ဆက်မတိုးတာအကောင်းဆုံးဖြစ်မည် ။

ဧကရာဇ်မောင်ရဲ့မျက်နှာက ညှိုးငယ်ကာ သူ့အားငြင်းဆန်နေတဲ့လူတစ်ယောက်ကို လက်မလျော့နိုင်ဖြစ်နေသည် ။ မျှော်လင့်ချက်က မြူမှုန်မျှပင်မရှိတော့သလို အစကနေပြန်စဖို့အတွက်လဲ အခွင့်အရေးမရှိတော့ပေ ။ ဒါပေမဲ့သူဟာ အရူးတစ်ယောက်လို မျှော်လင့်နေဆဲပင် ။

' ဒေါက် … ဒေါက် '

တံခါးခေါက်သံက အေးဆက်တဲ့လေထုကို ဖြိုခွင်းလိုက်ပြီး မုဒြာက တံခါးသွားဖွင့်ပေးလိုက်သည် ။ အထဲသို့ဝင်လာတဲ့လူကြောင့် ဧကရာဇ်မောင်ရောမုဒြာပါ မျက်လုံးပြူးသွားကြသည် ။

" ဇွဲ "

မတွေ့တာကြာပြီဖြစ်တဲ့ ဇွဲက လက်ထဲမှာကလေးငယ်တစ်ယောက်ကိုပွေ့ချီလျှက် ဝင်လာသည် ။ သူ့လက်ထဲမှာ အဝတ်ထုတ်ကိုဆွဲထားကာ ပြောင်းရွှေ့လာတဲ့လူနဲ့ပင်တူနေသည် ။

" ကိုဇွဲ … ဒါက ဘယ်လိုဖြစ်တာလဲ "

" မုဒြာ … အကိုမင်းဆီကနေ အကူအညီလိုအပ်တယ် "

ဇွဲရဲ့အသံကမောဟိုက်နေပြီး အနည်းငယ်တုန်နေသည် ။ အရေးကြီးတဲ့ကိစ္စတစ်ခုခုဖြစ်လာမှန်းသိသာလှသည် ။

" ဘာဖြစ်လာတာလဲပြောပါ "

ဇွဲက စိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်ပြီး …

" ကိုယ် … ကိုယ်အခု ဒုက္ခရောက်နေတယ် "

မုဒြာရော ဧကရာဇ်မောင်ပါ မျက်လုံးပြူးသွားကြသည် ။ ဇွဲကဆက်ကာပြောလာသည် ။

" ကိုယ့်မေမေ မနေ့ညက အက်စိဒန့်ဖြစ်ပြီး အရေးပေါ်ကုသနေရတယ် "

ထိုစကားကြားတော့ မုဒြာက စိုးရိမ်တကြီးမေးလိုက်သည် ။

" ဒေါ်လေးက ဘယ်လိုဖြစ်ရတာလဲ … အဆင်ပြေရဲ့လား "

" ခုတော့အဆင်ပြေသွားပါပြီ … ဒါပေမဲ့ ဒီတစ်ခေါက်ကသာမန်အက်စိဒန့်မဖြစ်နိုင်ဘူး … တစ်ယောက်ယောက်က နှုတ်ပိတ်ချင်လို့ လုပ်ကြံတာလို့ကိုယ်ထင်နေတယ် … ပြီးတော့ ကို့ရဲ့ကလေးလေး "

သူကရင်ခွင်ထဲမှာအိပ်ပျော်နေတဲ့ ကလေးကိုကို ငုံ့ကြည့်ကာ ဆက်ကာဆိုလိုက်သည် ။

" ကလေးလေးကို ခုချိန်မှာ ဘေးကင်းတဲ့နေရာမှာထားဖို့လိုအပ်တယ် … ကိုယ့်မေမေရဲ့အမှုကို ကိုယ်စုံစမ်းနေစဉ်အတွင်း မင်းကိုယ့်ကလေးလေးကို စောင့်ရှောက်ပေးနိုင်မလား "

တစ်နှစ်ခွဲမျှသာရှိသေးတဲ့ကလေးငယ်လေးက ဂါဝန်ကားကားလေးဝတ်ထားပြီး ဆံပင်လေးတွေကအနည်းငယ်ရှည်နေသည် ။ ဘယ်လိုကြည့်ကြည့် ဒါကသမီးလေးနဲ့တူသည် ။

" ဒါက ကိုဇွဲရဲ့ကလေးလား "

ဇွဲကခနမျှငြိမ်နေပြီးမှ ဖြေလိုက်သည် ။

" အင်း "

ဇွဲအိမ်ထောင်ကျတာ ၂ နှစ်လောက်ရှိပြီဖြစ်ပေမဲ့ တစ်နှစ်ခွဲအရွယ်ကလေးရှိလိမ့်မယ်လို့တော့ ဘယ်သူမှမထင်ထားကြပေ ။ ဇွဲက ဂျပန်မှာပဲအခြေချနေတာမို့ သတင်းမကြားမိတာဖြစ်နိုင်သည် ။ မုဒြာက ချက်ချင်းပဲလက်ခံလိုက်သည် ။

" ရတာပေါ့ … ကျွန်တော်ဂရုစိုက်ပေးနိုင်ပါတယ် "

ထိုအခါ ဧကရာဇ်မောင်က ရှေ့သို့လျှောက်လာပြီး …

" မရဘူး … သူ့အမေဆီသွားထားတော့ဘာဖြစ်လို့လဲ "

ထိုအခါမှ ဇွဲကဧကရာဇ်မောင် ရှိနေတာကို မြင်သွားပြီး ခနမျှအံ့ဩသွားသည် ။ ဝင်လာစဉ်က ကိုယ့်အာရုံနဲ့ကိုယ်ရှုတ်ထွေးနေ၍ မမြင်မိခြင်းဖြစ်သည် ။

" ဧကရာဇ်မောင် … မင်းလဲရောက်နေတာလား "

" ဟုတ်တယ် … ငါ့မိန်းမဆီငါလာတာ ဘာဖြစ်လဲ "

" ဟုတ်ပါပြီ … မင်းရှိနေတာ့ ပိုအဆင်ပြေတာပေါ့ … မုဒြာဒုက္ခမများတော့ဘူး "

" ဘာလို့မင်းဒုက္ခကို ခံပေးရမှာလဲ … သူ့အမေကရော "

ထိုအခါမှ ဇွဲကစိတ်မကောင်းစွာ ပြောလာသည် ။

" ကလေးရဲ့အမေက မရှိတော့ဘူး "

" …… "

ငယ်ငယ်ရွယ်ရွယ်မုဆိုးဘိုဖြစ်သွာတဲ့ ဇွဲကိုစိတ်မကောင်းစွာကြည့်နေကြသည် ။ ဧကရာဇ်မောင်လဲ ဆက်မပြောတော့ပဲငြိမ်သွားသည် ။ မုဒြာက ဧကရာဇ်မောင်အား လစ်လျှူရှုကာ ဇွဲလက်ထဲက ကလေးကိုပွေ့ချီလိုက်ပြီး …

" ကိုဇွဲ စိတ်မကောင်းမဖြစ်ပါနဲ့  … ကလေးကို ကျွန်တော်စောင့်ရှောက်ပေးမယ် … ဒါနဲ့ ကလေးရဲ့နာမည်ကရော "

" ခုတော့ မြန်မာနာမည်အတိအကျမပေးရသေးဘူး … ငယ်လေးလို့ခေါ်လို့ရတယ် "

" အိုး … အဆင်ပြေပါတယ် "

" ဒါဆို ကိုယ်အလုပ်ပြီးတဲ့ထိ မင်းဆီမှာအပ်ထားခဲ့မယ် … ဂရုစိုက်ပေးပါနော် "

ပြီးနောက် ဇွဲကဧကရာဇ်မောင်ကိုကြည့်လိုက်ပြီး …

" မင်းလဲ မုဒြာကိုကူထိန်းပေးလိုက်ဦး … ကလေး ၂ ယောက်နဲ့ဆို သူဒုက္ခများလိမ့်မယ် "

ထိုစကားကြားတော့ ဧကရာဇ်မောင်အကြံရသွားပြီး ချက်ချင်း အချိုးပြောင်းသွားလေသည် ။

" ရတာပေါ့ … ငါ့တာဝန်ထား … မင်းချက်ချင်းပြန်မလာသေးလဲဖြစ်တယ် … အကြာကြီးထားခဲ့လို့ရတယ် … အေးဆေးနေပြီး မင်းရဲ့အမေကိုဂရုစိုက်ပေးလိုက်ပါ … ကျန်တာဘာမှစိတ်မပူနဲ့ … ကြာကြာလေးလဲနေ "

ဧကရာဇ်မောင်က မုဒြာလက်ထဲကကလေးလေးကို ကူပြီးချီပေးလိုက်သည် ။ သဘောမကျတဲ့ပုံကနေ ချက်ချင်းအချိုးပြောင်းသွားတော့ ဇွဲပါကြောင်သွားရသည် ။ ဒါပေမဲ့ မုဒြာနဲ့ဧကရာဇ်မောင်အဆင်ပြေနေတာမြင်တော့ သူလဲစိတ်ချကာ ကလေးအားထားခဲ့လိုက်သည် ။

ဇွဲထွက်သွားချိန်မှာပဲ ကလေးငယ်ကိုပွေ့ချီထားတဲ့ ဧကရာဇ်ရဲ့လက်မောင်းပေါ်မှာ ပူနွေးနွေးအရည်တွေစီးကျလာကာ ကလေးရဲ့ကျယ်လောင်စွာအော်ငိုသံကိုကြားလိုက်ရသည် ။

" အူးဝါး … ဒယ်ဒီ … အီး … ဟီး  … ဟီး "

ကလေးလေးက မုဒြာလက်ပေါ်မှာငြိမ်နေပေမဲ့ ဧကရာဇ်ထံရောက်တော့ မျက်နှာကိုမြင်ပြီး အလန့်တကြားငိုနေခြင်းပင် ။ မုဒြာ ကလေးရှူးပေါက်ချနေတာကိုတွေ့တော့ ဧကရာဇ်မောင်ရဲ့မအီမသာဖြစ်သွားတဲ့အမူအယာကြောင့် ရယ်မိမလိုပင်ဖြစ်သွား၍ ပြန်ထိန်းကာ ဧကရာဇ်မောင်အား ပြောလိုက်သည် ။

" ဘာကိုကြောင်ကြည့်နေတာလဲ … ကလေးကရှူးပေါက်ချထားတယ် … အဝတ်လဲပေးလိုက် "

" ကိုယ်ဘယ်လိုလုပ်ရမလဲ "

" မသိရင်လဲကိုယ့်အိမ်ကိုပြန်လိုက်တော့ … ငါ့ဘာသာဆက်လုပ်လိုက်မယ် "

" မရဘူး … ဇွဲကကိုယ့်ကိုလဲ ကူညီဖို့မှာထားတယ် … ကိုယ်မင်းတို့ကိုကူညီဖို့ ဒီမှာနေမယ် "

" ဒါဆိုလဲ အဝတ်လဲပေးဖို့ပြင်တော့လေ … ကြာရင်အအေးပတ်လိမ့်မယ် "

မုဒြာကသက်ညှာတဲ့အနေနဲ့ ကလေးကိုခေါ်ပေးလိုက်ပြီး အဝတ်ထုတ်ထဲကနေဘောင်းဘီယူကာ လဲပေးဖို့ပြောလိုက်သည် ။ ဧကရာဇ်မောင်က တစ်ခါမှကလေးမထိန်းဘူတော့ ယောင်နနဖြစ်နေပြီး ဘယ်ကစလဲပေးရမလဲမသိဖြစ်နေသည် ။

" ဘောင်းဘီကိုအရင်ချွတ်ပေး "

မုဒြာကကလေးကို ချိုင်းကနေပွေ့ထားပြီး ဧကရာဇ်မောင်က ဂါဝန်ကိုမကာ ကလေးရဲ့ဘောင်းဘီကိုဆွဲချွတ်လိုက်သည် ။ ထိုစဉ် ပေါ်လာတဲ့ဘောင်ဘီအောက်ကအရာကြောင့် ဧကရာဇ်မောင်ကြောင်သွားလေသည် ။

" ဒါ … ဒါက မိန်းကလေးမှမဟုတ်တာ "

ကလေးလေးရဲ့ ဖွားဘက်တော်ကရွှေပန်းလေးဖြစ်နေပေမဲ့ ပြင်ပေးထားတဲ့ ပုံစံက မိန်းကလေးလိုဖြစ်နေသည် ။ မုဒြာလဲ အံ့ဩသွားပေမဲ့ အကြောင်းရှိလို့ပဲဟုသာတွေးထင်လိုက်သည် ။ အဝတ်တွေအားလုံးကလဲ မိန်းကလေးအဝတ်အစားတွေပဲမို့ ရှိတာပဲလဲပေးလိုက်တော့သည် ။ အားလုံးပြီးသွားတော့မှ ကလေးလေးလဲ အငိုရပ်သွားပြီး မုဒြာနဲ့နေရတာကို ပိုနှစ်သက်နေသည် ။

ထိုအချိန်မှာ သားလေးလဲသူတို့အနားမှာရောက်နေပြီဖြစ်သလို အသစ်ရောက်လာတဲ့ကလေးလေးကိုကြည့်ပြီးပျော်နေသည် ။

" ပါပါး … သူကဘယ်သူလဲဟင် "

" ဒါကသားရဲ့ညီမလေး … ငယ်လေးလို့ခေါ်နော် "

" ငယ်လေး … ဟီး … ချစ်စရာလေး "

သားလေးကလဲ ကလေးငယ်လေးကိုသဘောကျကာပွေ့ဖက်နေသည် ။ ကလေးလေးက မငိုတဲ့အပြင် ချက်ချင်းခင်မင်သွားကြကာ အချင်းချင်းအပြန်အလှန်ခေါ်နေကြသည် ။

" ငယ်လေး "

" ကိုကို "

ချစ်စရာကောင်းတဲ့ ကလေးငယ်လေး ၂ ယောက်ရဲ့ ခင်သွယ်နေပုံက မုဒြာအားပြုံးသွားစေသည် ။ သားလေးအဖော်ရပြီမို့ အထီးမကျန်ရတော့ပေ ။ သားလေးက ကလေးငယ်ကို ညီမလေးတစ်ယောက်ဟုသာ ထင်မှတ်နေခဲ့သည် ။

ထိုကလေးငယ်လေးကြောင့် ဧကရာဇ်မောင် မုဒြာအနားမှာ ဆက်နေခွင့်ရသလို တစ်ခါမှမလုပ်ဖူးတဲ့ကလေးထိန်းတာဝန်ကိုပါလုပ်နေရသည် ။ သားလေးရှင်းခန့်က အနည်းငယ်ကြီးပြီမို့ စကားနားလည်ပေမဲ့ တစ်နှစ်ခွဲကလေးကတော့ နားမလည်၍ မထိခိုက်မိအောင် လိုက်ထိန်းနေရသည် ။ သားလေးကိုထိန်းရတာထက် ပိုပင်ပန်းသေးသည် ။

ညဘက်ရောက်လာတော့ မုဒြာက သားလေး ၂ ယောက်ကို သူ့ရဲ့ကုတင်ပေါ်မှာသိပ်လိုက်သည် ။ ထိုစဉ် ခေါင်းအုံးကိုပိုက်ကာ အခန်းထဲသို့ဝင်လာတဲ့ ဧကရာဇ်မောင်ကိုမြင်တော့ မုဒြာက မေးလိုက်သည် ။

" ဘာလို့ကို့အခန်းကို ပြန်မအိပ်တာလဲ "

" ဇွဲက မင်းတို့အနားမှာ အနီးကပ်စောင့်ကြည့်ပေးဖို့မှာထားတယ် … ကိုယ်ဘေးအခန်းမှာအိပ်ရင် မင်းတို့တစ်ခုခုဖြစ်တဲ့အခါ ကိုယ်အမြန်မသိနိုင်ဘူး "

" ဒါဆိုလဲ ဧည့်ခန်းထဲမှာအိပ် "

" ဧည့်ခန်းထဲမှာက ဝရံသာကလေအေးတွေတိုက်တယ် … ကိုယ့်ကို ထပ်ပြီးဖျားစေချင်လို့လား "

" ဒါဆိုဘယ်မှာအိပ်ချင်တာလဲ … ဒီကုတင်မှာ ကလေး ၂ ယောက်နဲ့ပြည့်နေပြီ … ကလေးတွေနဲ့အတူ အိပ်ချင်လို့လား "

"  ကိုယ်ကြမ်းပြင်ပေါ်မှာပဲ တစ်ယောက်အိပ်ဆိုဖာခင်းပြီးအိပ်လိုက်မယ် … မင်းက ကလေးတွေနဲ့အတူ ကုတင်ပေါ်မှာပဲအိပ်လိုက် "

ဧကရာဇ်မောင်က သူအရန်သင့်ပြင်ထားတဲ့ အခင်းတွေနဲ့စောင်တွေယူလာပြီး ပြင်ဆင်ကာအိပ်ဆက်လိုက်သည် ။ ဒီအခြေအနေက တစ်ချိန်တုန်းက မုဒြာ ဧကရာဇ်ရဲ့မောင်းထုတ်မှုကြောင့် ကြမ်းပြင်ပေါ်မှာအိပ်ခဲ့ရတဲ့အချိန်တွေကို ၂ ယောက်လုံးကိုသတိရသွားစေသည် ။

မုဒြာလဲဘာမှဆက်မပြောတော့ပဲ ကလေး ၂ ယောက်နဲ့အတူ ကုတင်ပေါ်မှာပဲ အိပ်ဆက်လိုက်သည် ။ ဧကရာဇ်မောင်က တစ်ချိန်က သူ့အမှားတွေကိုပြန်တွေးရင်း မုဒြာခံစားခဲ့ရတဲ့ဝေသနာတွေကို ပြန်ခံစားကာ ဒီပုံစံနဲ့သူ့ရဲ့အမှားတွေကို ပြန်ပေးဆပ်နေရသလို သပ်မှတ်ပြီး ကျေနပ်လိုက်တော့သည် ။ 

မုဒြာရဲ့တရားဝန် ခွင့်လွှတ်မှုကိုရရှိဖို့ ယခုပေးဆပ်ရတာတွေကထိုက်သန်သည်ဟု ထင်မိသည်။ သူ့ရဲ့ကျိုးစားမှုတွေက တစ်ချိန်မှာတော့ အောင်မြင်မှုကိုရရှိမည်မှန်း စိတ်ကနေအလိုလိုသိနေသည် ။

…………………………………………………………………

To Be Continued ….

ဧကရာဇ္ေမာင္ ေဆးေသာက္ထားတာေတာင္မွ နည္းနည္းေလးမွအိပ္မေပ်ာ္ပဲ ရင္ခြင္ထဲကကုမုျဒာရဲ႕မ်က္ႏွာေလးကိုသာ တစိမ့္စိမ့္ေငးၾကည့္ေန၏ ။ ဆံပင္ရွည္ေလးက ႏွဖူးနဲ႕လည္ပင္းထပ္မွာ ဝဲက်ေနေပမဲ့ မုျဒာရဲ႕အလွတရားကိုေတာ့ ဖုံးကြယ္မထားနိုင္ေပ ။ မ်က္ႏွာႏုႏုေလးရဲ႕အသားအေရက အျပစ္အနာစာမရွိေအာင္ ေခ်ာေမႊ႕ေနၿပီး ႏႈတ္ခမ္းဖူးဖူးက ပန္းေရာင္သန္းေနကာ ဆြဲမနမ္းမိေအာင္ မနည္းစိတ္ကို ထိန္းထားရသည္ ။

ထိုစဥ္တစ္နာရီခန႔္ ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေနခဲ့တဲ့ မုျဒာဟာ ႐ုတ္တရပ္ဆိုသလိုလႈပ္လာၿပီး ဧကရာဇ္ထံေမာ့လာကာ ႏွစ္ဦးသားရဲ႕မ်က္ႏွာက ႏွဖူးခ်င္းထိကပ္မတတ္နီးကပ္သြားေလသည္ ။ ႐ုတ္တရပ္မို႔ ဧကရာဇ္လဲေက်ာက္႐ုပ္ပမာ အသက္ပင္မရႉရဲပဲ ၿငိမ္သက္သြားၿပီး မုျဒာဘာဆက္လုပ္မလဲေစာင့္ေနလိုက္သည္ ။ မုျဒာရဲ႕အသက္ရႉသံေတြက ေျဖးေျဖးနဲ​ၿပဳံမွန္ျဖစ္ေန၍ မနိုးေသးမွန္းသိသာသည္ ။

ဧကရာဇ္က နီးကပ္ေနတဲ့မုျဒာရဲ႕မ်က္ဝန္းေလးကိုၾကည့္ေနစဥ္ ေျဖးညွင္းစြာ ဖြင့္ဟလာတာကိုေတြ႕လိုက္ရသည္ ။ သို႔ေပမဲ့ အသိစိတ္လြတ္ေနသလို ၿငိမ္သက္စြာ သူ႕အားၾကည့္ေနျခင္းေၾကာင့္ ဧကရာဇ္လဲဘာလုပ္ရမွန္းမသိျဖစ္ကာ ၿငိမ္၍သာေနေနရသည္ ။

မုျဒာရဲ႕ပူေႏြးေနတဲ့လက္ဖဝါးက ဧကရာဇ္ရဲ႕ပါးျပင္ကို လာေရာက္ထိကိုင္ၿပီး မုျဒာကသူ႕ရဲ႕ႏွဖူးအား ဧကရာဇ္ႏွဖူးနဲ႕ထိကပ္ေစကာ အာ႐ုံခံၾကည့္ၿပီးေနာက္ တိုးတိုးေလးေရ႐ြတ္လိုက္ေတာ့သည္ ။

" မပူေတာ့ဘူး … ေမာင္ အဖ်ားက်သြားၿပီပဲ "

" …… "

ႏူးညံ့လြန္းတဲ့မုျဒာရဲ႕ စကားသံေလးနဲ႕ အျပဳအမူေတြကို ဧကရာဇ္ေမာင္အိမ္မက္ဟုပင္ထင္မွတ္ေနၿပီး ႏွလုံးခုန္သံေတြကလဲ ျမန္ဆန္လာသည္ ။ ႏွစ္ေတြအၾကာႀကီးလြမ္းစြတ္ေနခဲ့တဲ့ ထိုအခိုက္တန႔္ေလးမွာ ဧကရာဇ္ေမာင္ အသက္ရႉဖို႔ပင္ေမ့သြားသည္ထိ ေပ်ာ္႐ႊင္သြားေလသည္ ။ ထိုစဥ္မုျဒာက ေမွးစဥ္းေနတဲ့မ်က္ဝန္းေလးနဲ႕ ဧကရာဇ္အားေငးၾကည့္ကာ ၿပဳံးလိုက္ၿပီး ထပ္မံဆိုလိုက္သည္ ။

" ေစာေသးတယ္ ေမာင္ … ထပ္အိပ္လိုက္ဦး "

" …… "

ေျပာၿပီးမုျဒာ ဧကရာဇ္ရဲ႕လည္ပင္းအားသိုင္းဖက္ကာ ထပ္မံအိပ္ေပ်ာ္သြားေလသည္ ။ ထိုအျပဳအမူေတြက ဟိုတစ္ခ်ိန္က သူအျပင္းဖ်ားတိုင္း မုျဒာျပဳမူေနၾကျဖစ္၍ ယခုလဲအိမ္ခ်င္မူးတူးျဖင့္  ေယာင္ေနမွန္းသိေပမဲ့ ဧကရာဇ္ႏွလုံးသားကေတာ့ ေပါက္ထြက္လုမတတ္ခုန္ေပါက္ေနကာ ရပ္တန႔္မသြားေပ ။ နိုးထလာလွ်င္ မုျဒာမမွတ္မိနိုင္မွန္းသိေပမဲ့ ခနသာႏူးညံ့မႈေလးကပင္ ေရွ႕ဆက္ဖို႔အတြက္ ခြင့္အားေတြအမ်ားႀကီးရရွိေစခဲ့သည္ ။

မုျဒာနိုးထလာခ်ိန္မွာ အသက္ရႉသံျပင္းျပင္းက ႏွဖူးထံသို႔ရိုက္ခပ္ကာ လႈပ္ခပ္ေနတဲ့ ႏွလုံးခုန္သံကို သူ႕ရဲ႕နားကအတိုင္းသားၾကားေနရသည္ ။  မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့မွ သူ႕ရဲ႕ကိုယ္က ေနမေကာင္းျဖစ္ေနတဲ့ ဧကရာဇ္ေမာင္ရင္ခြင္ထဲသို႔ေရာက္ေနၿပီး သူ႕ရဲ႕လက္ေတြက ဧကရာဇ္ေမာင္အား ဖက္သြယ္ထားလွ်က္အေနအထားမွာရွိေနသည္ ။

ကြာရွင္းၿပီးခါမွ ႏွစ္ေတြအေတာ္ၾကာ ထိုေယာက္်ားႏွင့္ ထိုမွ်ေလာက္ထိ ရင္းနီးကာေႏြးေထြးၿပီး နီးနီးကပ္ကပ္ေနခဲ့ဖူးျခင္းမရွိေသး၍ ဒါကအိမ္မက္လား လက္ေတြ႕လားဆိုတာကို အခ်ိန္ယူၿပီးစဥ္းစားလိုက္ရသည္ ။

" …… "

အသိျပန္ဝင္လာမွ မုျဒာခနမွ်စြံ႕အသြားကာ ခ်က္ခ်င္းပဲ ကုတင္ေပၚကေနခုန္ဆင္းၿပီး ဧကရာဇ္ေမာင္အခန္းထဲကေန တစ္က်ိဳးထည္းေျပးထြက္လာခဲ့ေတာ့သည္ ။

ထိုခံစားခ်က္က ေႏြးေထြးကာ အယ္ဖာတစ္ေယာက္ရဲ႕ ထိေတြ႕မႈေတြက သူ႕အားအရင္အတိုင္းရစ္မူးေနေစသည္ ။ ၾကာၾကာဆက္ေနမိပါက အိုမီဂါရဲ႕ရက္ဝန္းျဖစ္ေပၚေစနိုင္သည္ ။ ေဆးေတြနဲ႕တားစီးထားေပမဲ့ မိတ္အယ္ဖာရဲ႕ ဖယ္ရိုမုန္းေတြနဲ႕သာ ဖိႏွိပ္ခံရလွ်င္ ထိုအေျခအေနကို လြန္ဆန္နိုင္မည္မဟုတ္ေျခ ။ ကံေကာင္းတာက ဧကရာဇ္ေမာင္ဟာ သူ႕အား မိတ္အယ္ဖာတစ္ေယာက္ရဲ႕အေငႊ႕အသက္ေတြနဲ႕ ဖိႏွိပ္မထားပဲ သူ႕ကိုယ္သူ ထိန္းခ်ဳပ္ထား၍မွေတာ္ေသးသည္ ။

အခန္းထဲေရာက္ေတာ့မွ မုျဒာအသက္ကိုဝဝရႉထုတ္လိုက္ၿပီး …

" ေတာ္ေသးတယ္ … ငါအခ်ိန္မွီေျပးထြက္လာနိုင္လို႔ … မဟုတ္ရင္ ငါ့ရဲ႕ Heat Cycle ျဖစ္လာနိုင္တယ္ "

အခန္းထဲမွာ သားေလးအိမ္ေနေသးတာကိုေတြ႕ေတာ့မွ မုျဒာသက္ပ်င္းရွည္ခ်လိဳက္နိုင္ေတာ့သည္ ။

မုျဒာ မ်က္ႏွာသစ္ကိုယ္လက္သန႔္စင္ၿပီးေနာက္ သိမ္းထားတဲ့ ေဆးေတြကို ထုတ္ယူကာ အစားမစားရေသးပဲ အလွ်င္လိုၿပီးေသာက္လိုက္သည္ ။ ဒီေဆးေတြက Heat Cycle အလြယ္တကူမျဖစ္ေပၚေအာင္ထိန္းထားနိုင္ၿပီး အယ္ဖာရဲ႕ဖယ္ရိုမုန္းရန္ကေန ကာကြယ္နိုင္သည္ ။

ရက္နဲ႕တြက္ၾကည့္လွ်င္ Heat Cycle ကာလေရာက္ရန္ ၂ ပတ္ေလာက္လိုေသးေပမဲ့ ဧကရာဇ္ေမာင္က အနားမွာရွိေနေတာ့ မိတ္အယ္ဖာရဲ႕ဖယ္ရိုမုန္းေတြေၾကာင့္ ရာသီရက္ဝန္းက ေစာေစာျဖစ္လာနိုင္သည္ ။ ႀကိဳတင္တားစီးထားတာက အေကာင္းဆုံးကာကြယ္နည္းျဖစ္သည္ ။ အရင္လကလဲ ထိုေဆးနဲ႕ပဲ ႀကိဳတင္ကာကြယ္နိုင္ခဲ့တာမို႔ မုျဒာစိတ္ေအးသြားရသည္ ။

ထိုစဥ္သူ႕အာ႐ုံထဲမွာ ဧကရာဇ္ေမာင္ကို ဟိုအရင္အခ်ိန္ကလို တစ္ရင္းတစ္နီးနဲ႕ ျပဳမူခဲ့သလို ျပန္ျမင္ေယာင္ေနၿပီး အိမ္မက္လား လက္ေတြ႕လား ခြဲခ်ားမရျဖစ္ေနသည္ ။ သူအိပ္ေပ်ာ္ေနစဥ္က ေယာင္ၿပီးလုပ္ေဆာင္မိခဲ့တာေတြကို သတိမရေတာ့ေပ ။ အေတြးနယ္လြန္ေနခိုက္ တံခါးေခါက္သံကို ၾကားလိုက္ရသည္ ။

' ေဒါက္ … ေဒါက္ '

" ပန္းကေလး "

အျပင္ဘက္က အမလီရဲ႕ေခၚသံေၾကာင့္ အေတြးေတြကို ရပ္တန႔္ကာ မုျဒာ တံခါးဖြင့္ေပးလိုက္သည္ ။ သစ္သီးျခင္းေလးကိုဆြဲကိုင္ထားလွ်က္ အမလီဝင္လာခဲ့ၿပီး  သူမရဲ႕ပုံစံက အနည္းငယ္ ဆိုးရိမ္ေနပုံပင္ ။

" ပန္းကေလး …ဟိုလူေခ်ာေလး ေနမေကာင္းျဖစ္ေနတယ္ဆို "

" ညကအေအးမိၿပီး ဖ်ားသြားတာ … ခုေတာ့သက္သာေနေလာက္ပါၿပီ "

မုျဒာသူေျပးထြက္လာေတာ့ ဧကရာဇ္ေမာင္အေျခအေနကို စစ္ေဆးဖို႔ေမ့သြားသည္ ။ သူ႕တစ္ကိုယ္လုံးလဲ ပူေလာင္ေနေသး၍ ဧကရာဇ္ေမာင္အဖ်ားမက်ေသးေလာက္ဘူးဟုထင္လိုက္သည္ ။

" ေတာ္ေသးတာေပါ့ … မေန႕ကမွအေကာင္းႀကီးကို … ႐ုတ္တရပ္ဆိုေတာ့ စိတ္ပူသြားတာပဲ "

မုျဒာက သူလဲမေျပာျပရေသးပဲ ေနမေကာင္းျဖစ္ေနတာကိုသိၿပီး ေရာက္လာတဲ့အမလီအား ေမးၾကည့္လိုက္သည္ ။

" အမဘယ္လိုသိတာလဲ "

" ဒီမနက္ဆိုင္ကိုဆရာဝန္ေလးတစ္ေယာက္ ေရာက္လာၿပီး မင္းတို႔ကိုသြားၾကည့္ေပးဖို႔ေျပာလာလို႔ အမသစ္သီးေလးေတြဝယ္ၿပီး စိုးရိမ္တႀကီးေျပးလာရတာ "

ယံယံကေျပာသြားမွန္း မုျဒာသိလိုက္သည္ ။ သူယံယံကို ဧကရာဇ္ေမာင္အားေစာင့္ေရွာက္ဖို႔မွာၾကားခဲ့ေပမဲ့ ကို႔သူငယ္ခ်င္းကို ခုလိုဒုကၡခံခိုင္းရေလာက္တဲ့ထိ ဧကရာဇ္ေမာင္ဘက္မွာေနေပးဖို႔ေတာ့ မေျပာဖူးခဲ့ေပ ။

" ယံယံ မင္းကေတာ့ … ငါ့ကိုသူ႕အနား တမင္တကာတြန္းပို႔ေနတာလား "

တိုးတိုးေလး ေရ႐ြတ္လိုက္တာမို႔ အမလီမၾကားလိုက္ေပ ။

" ဘာေျပာလိုက္တာလဲ ပန္းကေလး "

" ဘာမွမဟုတ္ပါဘူး … အမလီစိတ္မပူနဲ႕ေတာ့ေနာ္ … ကြၽန္ေတာ္သူ႕ကိုဂ႐ုစိုက္ေပးထားတယ္ "

" အင္းပါ … ဒီေန႕ေတာ့ ဆိုင္ကိုမလာနဲ႕ေတာ့ … အမဆိုင္ကိုတာဝန္ယူထားမယ္ … ပန္းကေလးက သူ႕ကိုေနျပန္ေကာင္းလာေအာင္ ေသေသခ်ာခ်ာေလးျပဳစုေပးလိုက္ "

" ရပါတယ္ … ကြၽန္ေတာ္ပဲ ဆိုင္ကိုလာလိုက္ပါ့မယ္ … ဝယ္သူေတြက ကြၽန္ေတာ့လက္ရာကိုပိုႀကိဳက္ၾကတယ္  "

" ပန္းကေလးလက္ရာက အေကာင္းဆုံးဆိုတာ အမသိေပမဲ့ ပန္းကေလးမွာေစာင့္ေရွာက္ေပးရမဲ့သူရွိေနတယ္ေလ … ေနမေကာင္းတဲ့သူကို ျပစ္ထားမလို႔လား "

" ကြၽန္ေတာ္ … "

" ပါပါး "

သားေလးလဲနိုးလာၿပီမို႔ မုျဒာအလုပ္ပိုရႈတ္ရၿပီ ။ အမလီရဲ႕စကားကို နားမေထာင္ပဲ ဧကရာဇ္ေမာင္အနားကေနေျပးထြက္ၿပီး ဆိုင္မွာပုန္းေနဖို႔မျဖစ္နိုင္ေတာ့ေပ ။

" ကဲ့ပါ … သားအဖတေတြအခန္းမွာပဲ နားနားေနေန ေနၾက … ဆိုင္ကိုေနာက္ဆံမတင္းနဲ႕ … အမတာဝန္တာထားလိုက္ "

" ဒါေပမဲ့ "

" ေနမေကာင္းတဲ့သူအတြက္ စားစရာသာ အရင္ဆုံးျပင္ေပးလိုက္ပါဦး … ေတာ္ၾကာေဆးေသာက္ခ်ိန္ေက်ာ္သြားဦးမယ္ … ၿပီးရင္သစ္သီးေလးေတြ လွီးေႂကြးလိုက္ … ဒါဆိုအမျပန္ေတာ့မယ္ေနာ္ "

အမလီက သစ္သီးျခင္းကိုထားခဲ့ၿပီး ႏႈတ္ဆက္ကာ ျပန္သြားသည္ ။

" ပါပါး … ဦးဦးေရာဟင္ "

" သူ႕အခန္းမွာေပါ့သားေလးရဲ႕ "

" ဒါဆိုဦးဦးက သားတို႔နဲ႕အတူေနဦးမွာေပါ့ "

သားေလးကလဲ ဧကရာဇ္ေမာင္ ရွိေနေသးမွန္းသိေတာ့ ေပ်ာ္႐ႊင္စြာျဖင့္ ဧကရာဇ္အခန္းထံသြားရန္ျပင္ေန၍ မုျဒာက တားထားရသည္ ။

" သား … ဦးဦးကဖ်ားေနတယ္ … သားနဲ႕အတူမကစားေပးနိုင္ေသးဘူး … အနားယူပါေစဦး "

" ဒါေပမဲ့ ဦးဦးကိုသားေတြ႕ခ်င္တယ္ "

" သူနိုးလာေအာင္ေစာင့္လိုက္ … ၿပီးရင္သားကိုေတြ႕ခြင့္ေပးမယ္ "

" ဟုတ္ "

ေခ်ာ့လိုက္ေတာ့လဲ သားေလးကလိမ္မာစြာလက္ခံသည္ ။ မုျဒာလဲ ဧကရာဇ္ေမာင္အတြက္ စားစရာ ဆန္ျပဳတ္ျပဳတ္ေပးဖို႔ ျပင္ေလေတာ့သည္ ။

တစ္ဖက္တြင္ေတာ့ ……

မုျဒာထသြားကတည္းက ဧကရာဇ္ေမာင္နိုးေနဆဲျဖစ္သည္ ။ တစ္ခ်ိန္လုံး မုျဒာေခါင္းကို သူ႕ရဲ႕ဘယ္ဘက္လက္ေမာင္းေပၚတင္ထား၍ ထုံၿပီးနာက်င္ေနသည္ ။ ထိုနာက်င္မႈက သူ႕ရဲ႕ေပ်ာ္႐ႊင္မႈနဲ႕ယွဥ္လွ်င္ ျမဴမႈန္မွ်သာရွိသည္ ။

ဧကရာဇ္ေမာင္ သူ႕ရဲ႕ႏွဖူးကိုသူ စမ္းၾကည့္ေတာ့ ကိုယ္အပူခ်ိန္က်ေနတာကို သတိထားမိလိုက္သည္ ။ အဖ်ားေပ်ာက္လွ်င္ မုျဒာက အိမ္ျပန္ခိုင္းမည္ဆိုး၍ ဧကရာဇ္ေမာင္ နည္းလမ္းရွာရေတာ့သည္ ။ သူ႕ဘဝမွာ ခုလိုကေလးကလားဆန္စြာျပဳမူၿပီး လူတစ္ေယာက္ကိုလိမ္ညာဖို႔ ႀကိဳးစားရလိမ့္မည္ဟု ေတြးပင္မထားဘူးေပ ။

နာရီအနည္းငယ္ၾကာေတာ့ မုျဒာ ၾကက္သားဆန္ျပဳတ္တစ္ခြက္ျပင္ဆင္ၿပီး အခန္းထဲယူလာခဲ့သည္ ။ ဧကရာဇ္ေမာင္ကေတာ့ ကုတင္ေပၚမွာလွဲေနဆဲပင္ ။ မုျဒာ ဧကရာဇ္ေမာင္နဲ႕ေနလာတဲ့တစ္ေလွ်ာက္ ဒီေလာက္ထိဖ်ားနာေနတာမ်ိဳးမျမင္ဖူး၍ အနည္းငယ္ေတာ့ စိုးရိမ္သြားေလသည္ ။

" ဧကရာဇ္ေမာင္ … မနိုးေသးဘူးလား "

" …… "

" မနက္စာျပင္ေပးထားတယ္ … နိုးလာရင္ထစားလို႔ရၿပီ "

" ဟင္း "

မုျဒာက ခြက္ကိုခ်ထားခဲ့ၿပီးျပန္မယ္လုပ္ေတာ့ ကုတင္ေပၚကညည္းၫူသံေၾကာင့္ ရပ္တန႔္သြားကာ လွည့္ၾကည့္လာသည္ ။ ဧကရာဇ္ရဲ႕မ်က္ႏွာက နီေနၿပီး အပူရွိန္တက္ေနပုံပင္ ။

" မင္း အဆင္ေျပရဲ႕လား "

ဧကရာဇ္ေမာင္က မ်က္လုံးအနည္းငယ္ဖြင့္ၾကည့္လာၿပီး ထပ္မံညည္းၫူျပန္သည္ ။

" မုျဒာ … ကိုယ္အရမ္းပူတယ္ … ဟင္း "

မုျဒာလွည့္ထြက္မသြားနိုင္ေတာ့ပဲ ကုတင္ထံေလွ်ာက္လာၿပီး ေစာင္ပုံထဲက ဧကရာဇ္ေမာင္ရဲ႕အသားကိုစမ္းၾကည့္လိုက္ေတာ့ ပူက်စ္ေနတာကို ခံစားလိုက္ရသည္ ။

" ဘာေၾကာင့္အရမ္းပူလာတာလဲ … ေစာေစာကအဲ့ေလာက္မပူပါဘူး "

" ကိုယ္ထပ္ၿပီးဖ်ားေနျပန္ၿပီထင္ … ကိုယ့္အနားကေနမသြားပါနဲ႕လား "

ဧကရာဇ္ေမာင္က ပရိယာယ္မ်ိဳးစုံျဖင့္ အသနားခံေနသည္ ။ ဒီလိုျဖစ္ဖို႔ကို မုျဒာအခန္းထဲဝင္မလာခင္တစ္ေလွ်ာက္လုံး မီဖိုနားမွာ နာရီမ်ားစြာေနကာ အသားအေလာင္ခံၿပီးလုပ္ထားရသည္ ။ မုျဒာကေတာ့ ထပ္ၿပီးမစစ္ေဆးေတာ့ပဲ ယုံၾကည္သြားပုံေပၚသည္ ။

"  ဒါဆိုအဝတ္အရင္လဲလိုက္ … ေခြၽးေတြနဲ႕ပိုၿပီးဖ်ားသြားလိမ့္မယ္ "

ဧကရာဇ္ေမာင္က ကတုန္ကယင္နဲ႕ထၿပီး အဝတ္ကိုႀကိဳးစားကာလဲေနသည္ ။ တကယ္ေတာ့မုျဒာသနားလာေအာင္ လုပ္ျပေနယုံပင္ ။ သူလိုသန္မာတဲ့လူက ရိုးရိုးအဖ်ားေလာက္နဲ႕ အိပ္ယာထဲမလဲနိုင္ေပ ။ ၿပီးသြားေတာ့ အေႏြးထည္အထူႀကီးဝတ္ကာ ကုတင္ေပၚမွာ အေနာက္သို႔မွီကာထိုင္ေနလိုက္သည္ ။

" ကိုယ္ၿပီးၿပီ "

" ကို႔ဘာသာေသာက္နိုင္လား "

" ဟင့္အင္ … ကိုယ့္မွာအားမရွိဘူး "

မုျဒာလဲ ဘာမွဆက္မေျပာေတာ့ပဲ ကိုယ္တိုင္ဇြန္းျဖင့္ခပ္ကာ ဧကရာဇ္ေမာင္အားတိုက္လိုက္သည္ ။ ဟိုအရင္အတိတ္ကအခ်ိန္ေတြကို ျပန္ေရာက္သြားသလိုမ်ိဳး ေႏြးေထြးတဲ့ခံစားခ်က္ေတြကို ရရွိလာ၍ ဧကရာဇ္ေမာင္ ၿပဳံးေပ်ာ္ေနေတာ့သည္ ။

ၿပီးေနာက္တစ္ေန႕လုံး ဘာမွမလုပ္နိုင္သလိုဟန္ေဆာင္ကာ မုျဒာအား သူ႕အနားကေနဘယ္မွထြက္မသြားေအာင္ ဆြဲထားေလေတာ့သည္ ။ သားေလးကလဲ မေႏွာက္ယွက္တဲ့အျပင္ ေရွာင္ေပးေနေသးသည္ ။

ဧကရာဇ္ေမာင္ ေနမေကာင္သလိုဟန္ေဆာင္တဲ့အခ်ိန္ေတြမွာ အတိတ္ကသူ႕အားအၿမဲဂ႐ုစိုက္ေပးေနခဲ့တဲ့ ကုမုျဒာကို ျပန္လည္ရရွိလိုက္ေလသည္ ။

*

*

*

ဧကရာဇ္ေမာင္ ၂ ရက္ေလာက္ထိ အခ်ိန္ဆြဲထားနိုင္ေပမဲ့ သူ႕ရဲ႕သန္မာတဲ့ကိုယ္နဲ႕ ဖယ္ရိုမုန္းေတြက ႏွစ္ေတြအၾကာႀကီး ဂ႐ုစိုက္ေပးလာခဲ့တဲ့ မုျဒာကို ဆက္ၿပီးလိမ္ညာ၍မရနိုင္ေတာ့ေပ ။ ပိုဆိုးတာက သူ႕ရဲ႕အပူခ်ိန္ကို ျမႇင့္တင္ေနတုန္း မုျဒာမိသြားေလသည္ ။

ဧကရာဇ္ေမာင္က သူတစ္ခုခုစားခ်င္လာလို႔ မီးဖိုေခ်ာင္ဝင္ခဲ့တာဟု လိမ္ညာဖို႔ႀကိဳးစားေပမဲ့ မုျဒာပိုၿပီးမယုံၾကည္ေတာ့မည္ဆိုးကာ ဆက္ၿပီးမလိမ္ညာေတာ့ေပ ။

" ကိုယ္ေတာင္းပန္ပါတယ္ … ကိုယ္ေနမေကာင္းသလိုဟန္ေဆာင္တာက မင္းအနားမွာဆက္ၿပီးေနခ်င္ယုံေလးပါ "

" အဲ့ဒါနဲ႕ပဲ လူကိုစိတ္ပူေအာင္ တစ္ခ်ိန္လုံးလိမ္ညာေနခဲ့တာလား  "

မုျဒာအသံကေအးဆက္ေန၍ ဧကရာဇ္ေမာင္ ပို၍ပင္ အျပစ္ရွိသလိုခံစားလာရသည္ ။

" ကိုယ္လိမ္ညာဖို႔မရည္႐ြယ္ပါဘူး "

" ဘာေၾကာင့္ ဒီေလာက္ေတာင္ မစဥ္းစားမဆင္ျခင္နိုင္ရတာလဲ ဧကရာဇ္ေမာင္ … မင္းအခ်ိန္အၾကာႀကီးဖ်ားသလိုဟန္ေဆာင္ေနတာကို မင္းကေပ်ာ္ေနေပမဲ့ ငါ့မွာေတာ့ ဘယ္ေလာက္ထိစိတ္ပူပန္ေနခဲ့လဲ မင္းမေတြးမိဘူးလား "

မုျဒာက တကယ္ပဲသူ႕ကိုတာဝန္တစ္ခုလို သေဘာထားၿပီးဂ႐ုစိုက္ေပးေနတာမဟုတ္ပဲ အမွန္တကယ္စိတ္ပူေနခဲ့မွန္းသိရေတာ့ ဧကရာဇ္ေမာင္ေပ်ာ္႐ႊင္မိေပမဲ့ တစ္ဆက္ထည္း မုျဒာကသူလိမ္ညာေနခဲ့တာကိုသိသြားၿပီး စိတ္ဆိုးသြား၍ ဝမ္းနည္းရျပန္သည္ ။

" ကိုယ္အမွားလုပ္မိတာကို ဝန္ခံပါတယ္ … ဒါေပမဲ့ မင္းကိုယ့္ကိုတကယ္စိတ္ပူေနမယ္လို႔ ကိုယ္တကယ္မထင္ခဲ့မိတာပါ … ကိုယ့္ကိုခြင့္လႊတ္ပါ "

မုျဒာကနားမေထာင္ေတာ့ပဲ သူ႕အခန္းထံျပန္သြားသည္ ။ ဧကရာဇ္ကလဲ အေနာက္ကေနလိုက္လာၿပီး မုျဒာတံခါးမပိတ္မွီ လက္ျဖင့္တြန္းဖြင့္ကာ အထဲသို႔ဝင္လာခဲ့သည္ ။

" မုျဒာ "

မုျဒာက ဧကရာဇ္ေမာင္အား ဆက္ၿပီးမၾကည့္ေတာ့ပဲ ေက်ာခိုင္းလိုက္ကာ ခပ္ပ်က္ပ်က္သာေျပာလိုက္သည္ ။

" လွည့္စားေနတာေတြကိုရပ္ၿပီး အိမ္ေတာ္ကိုျပန္ေတာ့ … ငါ့မွာမင္းနဲ႕ကစားေပးဖို႔အခ်ိန္မရွိဘူး "

ဧကရာဇ္ေမာင္ မုျဒာအနားမွာ ဆက္ၿပီးေနနိုင္ဖို႔ ဆင္ေျခမရွိေတာ့ေပမဲ့ လက္မေလ်ာ့နိုင္ေသးေပ ။

" ကိုယ့္ကိုတကယ္ပဲ အခြင့္အေရးမေပးေတာ့ဘူးလား … ကိုယ္မင္းနဲ႕ေနနိုင္ဖို႔ ဘာမဆိုလုပ္မယ္ "

" ငါဒီဘဝမွာေနရတာေပ်ာ္ေနၿပီ … ငါတို႔လမ္းခြဲၿပီးေနာက္ ငါ့ဘဝကိုအသစ္ကေနျပန္စၿပီး အေကာင္းဆုံးဒီအေျခအေနထိေရာက္ေအာင္ ငါလုပ္ေဆာင္နိုင္ခဲ့ၿပီးၿပီ … ထပ္ၿပီးဂုဏ္ပကာသနေတြနဲ႕ အဆင့္အတန္းေတြၾကား လူေတြရဲ႕အၾကည့္ေတြေအာက္မွာေနရတဲ့ ေလွာင္အိမ္လိုဘဝမ်ိဳးကိုထပ္မသြားခ်င္ေတာ့ဘူး "

" ဒါဆို ကိုယ္လဲအရာအားလုံးကိုစြန႔္လႊတ္ၿပီး မင္းနဲ႕အတူလိုက္ေနနိုင္တယ္ … မင္းႏွလုံးသားနဲ႕ ကိုယ့္ကိုျပန္ၿပီးလက္ခံေပးပါ "

မုျဒာက အေနာက္သို႔လွည့္ၾကည့္လာၿပီး ေလးနက္စြာေျပာလိုက္သည္ ။

" အဖိုးက မင္းကိုယုံၾကည္လို႔ အရာအားလုံးကို ပုံအပ္ခဲ့တာ … ဒါကိုမင္းကလြယ္လြယ္ေလးစြန္းျပစ္လိုက္ဖို႔ေတြးေနတာလား … မင္းမရွိရင္ အဖိုးေပးခဲ့တဲ့တာဝန္ကို  ဘယ္သူကထမ္းေဆာင္မွာလဲ "

" ကိုယ္တို႔သားေလးရွိတာပဲ … ကုေဌရွင္းခန႔္ေလးက စံအိမ္ေတာ္ရဲ႕အေမြဆက္ခံသူ … အဖိုးရဲ႕ေနရာကိုအေမြယူရမဲ့မ်ိဳးဆက္သစ္ပဲ "

" ေတာ္ေတာ့ … အ႐ြယ္မေရာက္ေသးတဲ့သားေလးကို ပုံစံခြက္ထဲကိုထည့္သြင္းဖို႔မႀကိဳးစားပါနဲ႕ … သားေလးကိုေတာ့ သူဝါသနာပါရာကိုလုပ္ပါေစ … မင္းနဲ႕ငါ ၂ ေယာက္ပဲ ဒီဒုကၡေတြကိုခံရယုံနဲ႕လုံေလာက္ပါၿပီ … ခ်မ္းသာႂကြယ္ဝၿပီး အထီးက်န္တဲ့ဘဝကို သားေလးကိုေတာ့ မပိုင္ဆိုင္ေစခ်င္ဘူး … ဒါေၾကာင့္ မင္းငါတို႔နဲ႕ ေဝးေဝးေနပါ "

" မုျဒာ … အတိတ္မွာတုန္းက မင္းကိုယ့္ေၾကာင့္ ခက္ခဲၿပီးအရမ္းပင္ပန္းခဲ့တာကို ကိုယ္နားလည္ပါတယ္ … ဒါေပမဲ့ ကိုယ္တို႔တစ္ေယာက္ကိုတစ္ေယာက္ခ်စ္ေနၾကၿပီပဲ … ဘာေၾကာင့္ျပန္ၿပီးအတူေနဖို႔ မႀကိဳးစားၾကည့္ခ်င္တာလဲ … အရင္ကထက္ပိုေပ်ာ္ခ်င္ေပ်ာ္႐ႊင္နိုင္မွာ … သားေလးကိုေရာ မျပည့္စုံတဲ့မိသားစုဘဝမွာရွိေနေစခ်င္တာလား … ကိုယ္တို႔ျပန္ၿပီးလက္ထပ္ၾကရေအာင္  "

မုျဒာခနမွ်တိတ္ဆိတ္သြားကာ အခန္းထဲကေဒါင့္ေလးမွာ အ႐ုပ္ေတြနဲ႕ကစားေနတဲ့သားေလးထံအၾကည့္ေရာက္သြားသည္ ။ ျပန္ၿပီးလက္ထပ္ရင္ ေပ်ာ္႐ႊင္နိုင္မွာလား မသိေပမဲ့ အတိတ္ကလို လစ္လ်ႉရႈမႈေတြနဲ႕ ကြဲကြာမႈေတြႀကဳံလာခဲ့ရင္ ဖခင္မရွိေတာ့ဘူးဆိုတဲ့အသိထက္ ပိုၿပီးသားေလးနာက်င္ရမွာကိုေၾကာက္ေနမိသည္ ။

" ေတာ္ေတာ့ … အတိတ္မွာတုန္းက မင္းရဲ႕လစ္လ်ႉရႈမႈေတြနဲ႕ ျပစ္ပယ္ျခင္းကိုလဲခံခဲ့ရၿပီးၿပီ … မင္းရဲ႕႐ူးသြပ္စြာဆြဲလမ္းခ်ဳပ္ေႏွာင္မႈေတြကိုလဲ ခံခဲ့ရၿပီးၿပီ … ခုမင္းကပုံမွန္လူတစ္ေယာက္လိုျဖစ္ေနေပမဲ့ ငါတို႔အတူေနရင္ ခုလိုအဆင္ေျပေနလိမ့္မယ္လို႔ အာမမခံနိုင္ဘူး … အတိတ္မွာငါမင္းအေပၚေကာင္းေပးခဲ့လို႔  ခုလိုဂ႐ုစိုက္မႈေတြက မင္းအတြက္ ခနသာေပ်ာ္႐ႊင္မႈလဲျဖစ္ေနနိုင္တာပဲ … ဒါေၾကာင့္ ေရွ႕ဆက္မတိုးပဲ ဒီအတိုင္းေလးပဲရပ္လိုက္ၾကရေအာင္ "

ဒါဏ္ရာေတြမ်ားစြာ ရရွိၿပီးတဲ့ေနာက္မွာ မုျဒာအ႐ူးတစ္ေယာက္လို ထပ္ၿပီးမေမွ်ာ္လင့္မိဖို႔ ကိုယ့္ကိုယ္ကိုတားစီးထားလိုက္သည္ ။ အားလုံးေပ်ာ္႐ႊင္ဖို႔အတြက္ ေရွ႕ဆက္မတိုးတာအေကာင္းဆုံးျဖစ္မည္ ။

ဧကရာဇ္ေမာင္ရဲ႕မ်က္ႏွာက ညွိုးငယ္ကာ သူ႕အားျငင္းဆန္ေနတဲ့လူတစ္ေယာက္ကို လက္မေလ်ာ့နိုင္ျဖစ္ေနသည္ ။ ေမွ်ာ္လင့္ခ်က္က ျမဴမႈန္မွ်ပင္မရွိေတာ့သလို အစကေနျပန္စဖို႔အတြက္လဲ အခြင့္အေရးမရွိေတာ့ေပ ။ ဒါေပမဲ့သူဟာ အ႐ူးတစ္ေယာက္လို ေမွ်ာ္လင့္ေနဆဲပင္ ။

' ေဒါက္ … ေဒါက္ '

တံခါးေခါက္သံက ေအးဆက္တဲ့ေလထုကို ၿဖိဳခြင္းလိုက္ၿပီး မုျဒာက တံခါးသြားဖြင့္ေပးလိုက္သည္ ။ အထဲသို႔ဝင္လာတဲ့လူေၾကာင့္ ဧကရာဇ္ေမာင္ေရာမုျဒာပါ မ်က္လုံးျပဴးသြားၾကသည္ ။

" ဇြဲ "

မေတြ႕တာၾကာၿပီျဖစ္တဲ့ ဇြဲက လက္ထဲမွာကေလးငယ္တစ္ေယာက္ကိုေပြ႕ခ်ီလွ်က္ ဝင္လာသည္ ။ သူ႕လက္ထဲမွာ အဝတ္ထုတ္ကိုဆြဲထားကာ ေျပာင္းေ႐ႊ႕လာတဲ့လူနဲ႕ပင္တူေနသည္ ။

" ကိုဇြဲ … ဒါက ဘယ္လိုျဖစ္တာလဲ "

" မုျဒာ … အကိုမင္းဆီကေန အကူအညီလိုအပ္တယ္ "

ဇြဲရဲ႕အသံကေမာဟိုက္ေနၿပီး အနည္းငယ္တုန္ေနသည္ ။ အေရးႀကီးတဲ့ကိစၥတစ္ခုခုျဖစ္လာမွန္းသိသာလွသည္ ။

" ဘာျဖစ္လာတာလဲေျပာပါ "

ဇြဲက စိတ္ကိုတည္ၿငိမ္ေအာင္ထိန္းလိုက္ၿပီး …

" ကိုယ္ … ကိုယ္အခု ဒုကၡေရာက္ေနတယ္ "

မုျဒာေရာ ဧကရာဇ္ေမာင္ပါ မ်က္လုံးျပဴးသြားၾကသည္ ။ ဇြဲကဆက္ကာေျပာလာသည္ ။

" ကိုယ့္ေမေမ မေန႕ညက အက္စိဒန႔္ျဖစ္ၿပီး အေရးေပၚကုသေနရတယ္ "

ထိုစကားၾကားေတာ့ မုျဒာက စိုးရိမ္တႀကီးေမးလိုက္သည္ ။

" ေဒၚေလးက ဘယ္လိုျဖစ္ရတာလဲ … အဆင္ေျပရဲ႕လား "

" ခုေတာ့အဆင္ေျပသြားပါၿပီ … ဒါေပမဲ့ ဒီတစ္ေခါက္ကသာမန္အက္စိဒန႔္မျဖစ္နိုင္ဘူး … တစ္ေယာက္ေယာက္က ႏႈတ္ပိတ္ခ်င္လို႔ လုပ္ႀကံတာလို႔ကိုယ္ထင္ေနတယ္ … ၿပီးေတာ့ ကို႔ရဲ႕ကေလးေလး "

သူကရင္ခြင္ထဲမွာအိပ္ေပ်ာ္ေနတဲ့ ကေလးကိုကို ငုံ႕ၾကည့္ကာ ဆက္ကာဆိုလိုက္သည္ ။

" ကေလးေလးကို ခုခ်ိန္မွာ ေဘးကင္းတဲ့ေနရာမွာထားဖို႔လိုအပ္တယ္ … ကိုယ့္ေမေမရဲ႕အမႈကို ကိုယ္စုံစမ္းေနစဥ္အတြင္း မင္းကိုယ့္ကေလးေလးကို ေစာင့္ေရွာက္ေပးနိုင္မလား "

တစ္ႏွစ္ခြဲမွ်သာရွိေသးတဲ့ကေလးငယ္ေလးက ဂါဝန္ကားကားေလးဝတ္ထားၿပီး ဆံပင္ေလးေတြကအနည္းငယ္ရွည္ေနသည္ ။ ဘယ္လိုၾကည့္ၾကည့္ ဒါကသမီးေလးနဲ႕တူသည္ ။

" ဒါက ကိုဇြဲရဲ႕ကေလးလား "

ဇြဲကခနမွ်ၿငိမ္ေနၿပီးမွ ေျဖလိုက္သည္ ။

" အင္း "

ဇြဲအိမ္ေထာင္က်တာ ၂ ႏွစ္ေလာက္ရွိၿပီျဖစ္ေပမဲ့ တစ္ႏွစ္ခြဲအ႐ြယ္ကေလးရွိလိမ့္မယ္လို႔ေတာ့ ဘယ္သူမွမထင္ထားၾကေပ ။ ဇြဲက ဂ်ပန္မွာပဲအေျခခ်ေနတာမို႔ သတင္းမၾကားမိတာျဖစ္နိုင္သည္ ။ မုျဒာက ခ်က္ခ်င္းပဲလက္ခံလိုက္သည္ ။

" ရတာေပါ့ … ကြၽန္ေတာ္ဂ႐ုစိုက္ေပးနိုင္ပါတယ္ "

ထိုအခါ ဧကရာဇ္ေမာင္က ေရွ႕သို႔ေလွ်ာက္လာၿပီး …

" မရဘူး … သူ႕အေမဆီသြားထားေတာ့ဘာျဖစ္လို႔လဲ "

ထိုအခါမွ ဇြဲကဧကရာဇ္ေမာင္ ရွိေနတာကို ျမင္သြားၿပီး ခနမွ်အံ့ဩသြားသည္ ။ ဝင္လာစဥ္က ကိုယ့္အာ႐ုံနဲ႕ကိုယ္ရႈတ္ေထြးေန၍ မျမင္မိျခင္းျဖစ္သည္ ။

" ဧကရာဇ္ေမာင္ … မင္းလဲေရာက္ေနတာလား "

" ဟုတ္တယ္ … ငါ့မိန္းမဆီငါလာတာ ဘာျဖစ္လဲ "

" ဟုတ္ပါၿပီ … မင္းရွိေနတာ့ ပိုအဆင္ေျပတာေပါ့ … မုျဒာဒုကၡမမ်ားေတာ့ဘူး "

" ဘာလို႔မင္းဒုကၡကို ခံေပးရမွာလဲ … သူ႕အေမကေရာ "

ထိုအခါမွ ဇြဲကစိတ္မေကာင္းစြာ ေျပာလာသည္ ။

" ကေလးရဲ႕အေမက မရွိေတာ့ဘူး "

" …… "

ငယ္ငယ္႐ြယ္႐ြယ္မုဆိုးဘိုျဖစ္သြာတဲ့ ဇြဲကိုစိတ္မေကာင္းစြာၾကည့္ေနၾကသည္ ။ ဧကရာဇ္ေမာင္လဲ ဆက္မေျပာေတာ့ပဲၿငိမ္သြားသည္ ။ မုျဒာက ဧကရာဇ္ေမာင္အား လစ္လ်ႉရႈကာ ဇြဲလက္ထဲက ကေလးကိုေပြ႕ခ်ီလိုက္ၿပီး …

" ကိုဇြဲ စိတ္မေကာင္းမျဖစ္ပါနဲ႕  … ကေလးကို ကြၽန္ေတာ္ေစာင့္ေရွာက္ေပးမယ္ … ဒါနဲ႕ ကေလးရဲ႕နာမည္ကေရာ "

" ခုေတာ့ ျမန္မာနာမည္အတိအက်မေပးရေသးဘူး … ငယ္ေလးလို႔ေခၚလို႔ရတယ္ "

" အိုး … အဆင္ေျပပါတယ္ "

" ဒါဆို ကိုယ္အလုပ္ၿပီးတဲ့ထိ မင္းဆီမွာအပ္ထားခဲ့မယ္ … ဂ႐ုစိုက္ေပးပါေနာ္ "

ၿပီးေနာက္ ဇြဲကဧကရာဇ္ေမာင္ကိုၾကည့္လိုက္ၿပီး …

" မင္းလဲ မုျဒာကိုကူထိန္းေပးလိုက္ဦး … ကေလး ၂ ေယာက္နဲ႕ဆို သူဒုကၡမ်ားလိမ့္မယ္ "

ထိုစကားၾကားေတာ့ ဧကရာဇ္ေမာင္အႀကံရသြားၿပီး ခ်က္ခ်င္း အခ်ိဳးေျပာင္းသြားေလသည္ ။

" ရတာေပါ့ … ငါ့တာဝန္ထား … မင္းခ်က္ခ်င္းျပန္မလာေသးလဲျဖစ္တယ္ … အၾကာႀကီးထားခဲ့လို႔ရတယ္ … ေအးေဆးေနၿပီး မင္းရဲ႕အေမကိုဂ႐ုစိုက္ေပးလိုက္ပါ … က်န္တာဘာမွစိတ္မပူနဲ႕ … ၾကာၾကာေလးလဲေန "

ဧကရာဇ္ေမာင္က မုျဒာလက္ထဲကကေလးေလးကို ကူၿပီးခ်ီေပးလိုက္သည္ ။ သေဘာမက်တဲ့ပုံကေန ခ်က္ခ်င္းအခ်ိဳးေျပာင္းသြားေတာ့ ဇြဲပါေၾကာင္သြားရသည္ ။ ဒါေပမဲ့ မုျဒာနဲ႕ဧကရာဇ္ေမာင္အဆင္ေျပေနတာျမင္ေတာ့ သူလဲစိတ္ခ်ကာ ကေလးအားထားခဲ့လိုက္သည္ ။

ဇြဲထြက္သြားခ်ိန္မွာပဲ ကေလးငယ္ကိုေပြ႕ခ်ီထားတဲ့ ဧကရာဇ္ရဲ႕လက္ေမာင္းေပၚမွာ ပူေႏြးေႏြးအရည္ေတြစီးက်လာကာ ကေလးရဲ႕က်ယ္ေလာင္စြာေအာ္ငိုသံကိုၾကားလိုက္ရသည္ ။

" အူးဝါး … ဒယ္ဒီ … အီး … ဟီး  … ဟီး "

ကေလးေလးက မုျဒာလက္ေပၚမွာၿငိမ္ေနေပမဲ့ ဧကရာဇ္ထံေရာက္ေတာ့ မ်က္ႏွာကိုျမင္ၿပီး အလန႔္တၾကားငိုေနျခင္းပင္ ။ မုျဒာ ကေလးရႉးေပါက္ခ်ေနတာကိုေတြ႕ေတာ့ ဧကရာဇ္ေမာင္ရဲ႕မအီမသာျဖစ္သြားတဲ့အမူအယာေၾကာင့္ ရယ္မိမလိုပင္ျဖစ္သြား၍ ျပန္ထိန္းကာ ဧကရာဇ္ေမာင္အား ေျပာလိုက္သည္ ။

" ဘာကိုေၾကာင္ၾကည့္ေနတာလဲ … ကေလးကရႉးေပါက္ခ်ထားတယ္ … အဝတ္လဲေပးလိုက္ "

" ကိုယ္ဘယ္လိုလုပ္ရမလဲ "

" မသိရင္လဲကိုယ့္အိမ္ကိုျပန္လိုက္ေတာ့ … ငါ့ဘာသာဆက္လုပ္လိုက္မယ္ "

" မရဘူး … ဇြဲကကိုယ့္ကိုလဲ ကူညီဖို႔မွာထားတယ္ … ကိုယ္မင္းတို႔ကိုကူညီဖို႔ ဒီမွာေနမယ္ "

" ဒါဆိုလဲ အဝတ္လဲေပးဖို႔ျပင္ေတာ့ေလ … ၾကာရင္အေအးပတ္လိမ့္မယ္ "

မုျဒာကသက္ညွာတဲ့အေနနဲ႕ ကေလးကိုေခၚေပးလိုက္ၿပီး အဝတ္ထုတ္ထဲကေနေဘာင္းဘီယူကာ လဲေပးဖို႔ေျပာလိုက္သည္ ။ ဧကရာဇ္ေမာင္က တစ္ခါမွကေလးမထိန္းဘူေတာ့ ေယာင္နနျဖစ္ေနၿပီး ဘယ္ကစလဲေပးရမလဲမသိျဖစ္ေနသည္ ။

" ေဘာင္းဘီကိုအရင္ခြၽတ္ေပး "

မုျဒာကကေလးကို ခ်ိဳင္းကေနေပြ႕ထားၿပီး ဧကရာဇ္ေမာင္က ဂါဝန္ကိုမကာ ကေလးရဲ႕ေဘာင္းဘီကိုဆြဲခြၽတ္လိုက္သည္ ။ ထိုစဥ္ ေပၚလာတဲ့ေဘာင္ဘီေအာက္ကအရာေၾကာင့္ ဧကရာဇ္ေမာင္ေၾကာင္သြားေလသည္ ။

" ဒါ … ဒါက မိန္းကေလးမွမဟုတ္တာ "

ကေလးေလးရဲ႕ ဖြားဘက္ေတာ္ကေ႐ႊပန္းေလးျဖစ္ေနေပမဲ့ ျပင္ေပးထားတဲ့ ပုံစံက မိန္းကေလးလိုျဖစ္ေနသည္ ။ မုျဒာလဲ အံ့ဩသြားေပမဲ့ အေၾကာင္းရွိလို႔ပဲဟုသာေတြးထင္လိုက္သည္ ။ အဝတ္ေတြအားလုံးကလဲ မိန္းကေလးအဝတ္အစားေတြပဲမို႔ ရွိတာပဲလဲေပးလိုက္ေတာ့သည္ ။ အားလုံးၿပီးသြားေတာ့မွ ကေလးေလးလဲ အငိုရပ္သြားၿပီး မုျဒာနဲ႕ေနရတာကို ပိုႏွစ္သက္ေနသည္ ။

ထိုအခ်ိန္မွာ သားေလးလဲသူတို႔အနားမွာေရာက္ေနၿပီျဖစ္သလို အသစ္ေရာက္လာတဲ့ကေလးေလးကိုၾကည့္ၿပီးေပ်ာ္ေနသည္ ။

" ပါပါး … သူကဘယ္သူလဲဟင္ "

" ဒါကသားရဲ႕ညီမေလး … ငယ္ေလးလို႔ေခၚေနာ္ "

" ငယ္ေလး … ဟီး … ခ်စ္စရာေလး "

သားေလးကလဲ ကေလးငယ္ေလးကိုသေဘာက်ကာေပြ႕ဖက္ေနသည္ ။ ကေလးေလးက မငိုတဲ့အျပင္ ခ်က္ခ်င္းခင္မင္သြားၾကကာ အခ်င္းခ်င္းအျပန္အလွန္ေခၚေနၾကသည္ ။

" ငယ္ေလး "

" ကိုကို "

ခ်စ္စရာေကာင္းတဲ့ ကေလးငယ္ေလး ၂ ေယာက္ရဲ႕ ခင္သြယ္ေနပုံက မုျဒာအားၿပဳံးသြားေစသည္ ။ သားေလးအေဖာ္ရၿပီမို႔ အထီးမက်န္ရေတာ့ေပ ။ သားေလးက ကေလးငယ္ကို ညီမေလးတစ္ေယာက္ဟုသာ ထင္မွတ္ေနခဲ့သည္ ။

ထိုကေလးငယ္ေလးေၾကာင့္ ဧကရာဇ္ေမာင္ မုျဒာအနားမွာ ဆက္ေနခြင့္ရသလို တစ္ခါမွမလုပ္ဖူးတဲ့ကေလးထိန္းတာဝန္ကိုပါလုပ္ေနရသည္ ။ သားေလးရွင္းခန႔္က အနည္းငယ္ႀကီးၿပီမို႔ စကားနားလည္ေပမဲ့ တစ္ႏွစ္ခြဲကေလးကေတာ့ နားမလည္၍ မထိခိုက္မိေအာင္ လိုက္ထိန္းေနရသည္ ။ သားေလးကိုထိန္းရတာထက္ ပိုပင္ပန္းေသးသည္ ။

ညဘက္ေရာက္လာေတာ့ မုျဒာက သားေလး ၂ ေယာက္ကို သူ႕ရဲ႕ကုတင္ေပၚမွာသိပ္လိုက္သည္ ။ ထိုစဥ္ ေခါင္းအုံးကိုပိုက္ကာ အခန္းထဲသို႔ဝင္လာတဲ့ ဧကရာဇ္ေမာင္ကိုျမင္ေတာ့ မုျဒာက ေမးလိုက္သည္ ။

" ဘာလို႔ကို႔အခန္းကို ျပန္မအိပ္တာလဲ "

" ဇြဲက မင္းတို႔အနားမွာ အနီးကပ္ေစာင့္ၾကည့္ေပးဖို႔မွာထားတယ္ … ကိုယ္ေဘးအခန္းမွာအိပ္ရင္ မင္းတို႔တစ္ခုခုျဖစ္တဲ့အခါ ကိုယ္အျမန္မသိနိုင္ဘူး "

" ဒါဆိုလဲ ဧည့္ခန္းထဲမွာအိပ္ "

" ဧည့္ခန္းထဲမွာက ဝရံသာကေလေအးေတြတိုက္တယ္ … ကိုယ့္ကို ထပ္ၿပီးဖ်ားေစခ်င္လို႔လား "

" ဒါဆိုဘယ္မွာအိပ္ခ်င္တာလဲ … ဒီကုတင္မွာ ကေလး ၂ ေယာက္နဲ႕ျပည့္ေနၿပီ … ကေလးေတြနဲ႕အတူ အိပ္ခ်င္လို႔လား "

"  ကိုယ္ၾကမ္းျပင္ေပၚမွာပဲ တစ္ေယာက္အိပ္ဆိုဖာခင္းၿပီးအိပ္လိုက္မယ္ … မင္းက ကေလးေတြနဲ႕အတူ ကုတင္ေပၚမွာပဲအိပ္လိုက္ "

ဧကရာဇ္ေမာင္က သူအရန္သင့္ျပင္ထားတဲ့ အခင္းေတြနဲ႕ေစာင္ေတြယူလာၿပီး ျပင္ဆင္ကာအိပ္ဆက္လိုက္သည္ ။ ဒီအေျခအေနက တစ္ခ်ိန္တုန္းက မုျဒာ ဧကရာဇ္ရဲ႕ေမာင္းထုတ္မႈေၾကာင့္ ၾကမ္းျပင္ေပၚမွာအိပ္ခဲ့ရတဲ့အခ်ိန္ေတြကို ၂ ေယာက္လုံးကိုသတိရသြားေစသည္ ။

မုျဒာလဲဘာမွဆက္မေျပာေတာ့ပဲ ကေလး ၂ ေယာက္နဲ႕အတူ ကုတင္ေပၚမွာပဲ အိပ္ဆက္လိုက္သည္ ။ ဧကရာဇ္ေမာင္က တစ္ခ်ိန္က သူ႕အမွားေတြကိုျပန္ေတြးရင္း မုျဒာခံစားခဲ့ရတဲ့ေဝသနာေတြကို ျပန္ခံစားကာ ဒီပုံစံနဲ႕သူ႕ရဲ႕အမွားေတြကို ျပန္ေပးဆပ္ေနရသလို သပ္မွတ္ၿပီး ေက်နပ္လိုက္ေတာ့သည္ ။ 

မုျဒာရဲ႕တရားဝန္ ခြင့္လႊတ္မႈကိုရရွိဖို႔ ယခုေပးဆပ္ရတာေတြကထိုက္သန္သည္ဟု ထင္မိသည္။ သူ႕ရဲ႕က်ိဳးစားမႈေတြက တစ္ခ်ိန္မွာေတာ့ ေအာင္ျမင္မႈကိုရရွိမည္မွန္း စိတ္ကေနအလိုလိုသိေနသည္ ။

…………………………………………………………………

To Be Continued ….

Continue Reading

You'll Also Like

94.3K 1.4K 74
This is the entire story of Casey Toretto:from F1 to F9! Casey Jones Toretto is Dom and Mia's sister,she works at their store Toretto's.Casey's alway...
96K 2.2K 21
Title ~ ထာဝရ မင်း Author ~ Hnin~Yhine All episode ~ 16.( Both Unicode and Zawgyi) # fifth 26.7.2021>>>> 15.8.2021( 21 days) pic f...
1.5M 82.5K 82
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
2.7M 61.4K 81
Diana is an 18 year old girl about to start her senior year until she bumps into a woman at the bookstore who has quite the personality. The woman ta...