လူဆိုးကောင် (completed)
Af AyeMon687
125K 9K 987
ကျူးလစ်ဝါလေးတစ်ခက်နဲ့ မောင့်အချစ်ကိုရည်ညွှန်းမယ်...။ Mere
🤍အပိုင်းတစ်🤍
🤍အပိုင်းနှစ်🤍
🤍အပိုင်းသုံး🤍
🤍အပိုင်းလေး🤍
🤍အပိုင်းငါး🤍
🤍အပိုင်းခြောက်🤍
🤍အပိုင်းခုနစ်🤍
🤍အပိုင်းကိုး🤍
🤍အပိုင်းတစ်ဆယ်🤍
🤍အပိုင်းတစ်ဆယ့်တစ်🤍
🤍အပိုင်းတစ်ဆယ့်နှစ်🤍
🤍အပိုင်းတစ်ဆယ့်သုံး🤍
🤍အပိုင်းတစ်ဆယ့်လေး🤍
🤍အပိုင်းတစ်ဆယ့်ငါး🤍
🤍အပိုင်းတစ်ဆယ့်ခြောက်🤍
🤍အပိုင်းတစ်ဆယ့်ခုနစ်🤍
🤍အပိုင်းတစ်ဆယ့်ရှစ်🤍
🤍ဇာတ်သိမ်းပိုင်း🤍
🤍အချပ်ပို🤍
အချပ်ပိုနှစ်🤎
🤍အပိုင်းရှစ်🤍
4.7K 408 42
Af AyeMon687
(Unicode)
(လူဆိုးကောင်)
လူတွေက အချစ်ကို အမျိုးမျိုးအဓိပ္ပာယ်ဖွင့်ကြတယ်။တစ်ချို့က ရယူခြင်း..!တစ်ချို့က ပေးဆပ်ခြင်း..!။ရယူခြင်းတွေ ပေးဆပ်ခြင်းတွေလာပြောနေရအောင် ရင်ထဲကနှလုံးသားနဲ့လောင်းကစားလုပ်နေတာမဟုတ်ဘူး။
တကယ်တော့အဖြေကနှစ်မျိုးပဲရှိတယ်။
ချစ်တဲ့လူကို အဆုံးရှုံးခံမလားနဲ့ အပိုင်သိမ်းမလား။
မောင်ကတော့ ရှင်းတယ်။မင်းအတွက်ပေးဆပ်ပြီး မောင့်အချစ်အတွက် မောင်ထိုက်သင့်သမျှ အကုန်ပြန်ယူမှာ။မင်းချစ်သည်ဖြစ်စေ မချစ်သည်စေ မောင်ချစ်နေရင် မင်းဟာမောင့်ချစ်သူပဲ။
          * * * * * လူဆိုးကောင် * * * * *
ရေချိုးရင်းနဲ့ တစ်လတ်စတည်းခေါင်းလျှော်လာပုံရသော မောင်က ရေစိုစိုဆံပင်တွေကိုလက်ချောင်းထိပ်တွေနဲ့ထိုးဖွပစ်ပြီး မှန်ကြည့်နေသလို၊ဒေါက်တာကိုဘယ်လိုပိုးပန်းရမလဲအကြံထုတ်နေခဲ့ပြန်တယ်။
မောင့်အဖြစ်က ပတ်ခ်ဂျီမင်က ဘယ်ဆီနေမှန်းမသိဘူး မောင့်အချစ်နဲ့တည့်ပါ့မလား?လို ဖြစ်နေပြီ။မောင့်ဂျီမင်နဲ့အသက်ဆက်နေရတဲ့ဘဝမို့ မောင် အဲ့လောက်ထိကိုချစ်တယ်။....။
* ဘာလဲ! အင်္ကျီတွေကဘာလို့အဖြူတွေချည်းဖြစ်နေရတာလဲ။ *
စတစ်ကော်လံအဖြူတွေနဲ့ Formalရှပ်အဖြူတွေကြောင့် မောင့်စိတ်လေး တိမ်မည်းတွေဖုံးသွားရသည်။ဘီဒိုတစ်ခုလုံးသာ ဇောက်ထိုးဖြစ်သွားမည်၊မောင့်စိတ်ကို စိတ်တိုင်းကျစေတာမျိုးတစ်ထည်လေးတောင်မတွေ့ခဲ့မိဘူး။
ဘီဒိုတစ်ခုလုံးမှာ စတိုင်ပန့်အနက်တွေနဲ့
ထိုအဖြူရောင်ရှပ်တွေချည်းပဲမို့ မောင်ဟာအလွန်အမင်းကိုစိတ်ရှုပ်သွားဟန်ရှိကာ
မျက်ခုံးတန်းတွေကို လိုတာထက်ပိုကျုံ့ပစ်လေပြီး ခုတင်ပေါ်သို့ဆောင့်​ကြီးအောင့်ကြီးပစ်ထိုင်ချကာ ဖုန်းဆက်ဖို့လုပ်တော့တယ်။
* မေမေ...သားပစ္စည်းတွေ ပို့ပေးလိုက်ဦး။ဒါပဲဗျာ ဒါပဲဒါပဲ သားမအားဘူး *
သားလိမ္မာလေးပါ။ဘုရားစူးသားလိမ္မာလေး။ဂျီတိုက်ဖို့ကလွဲရင် မိဘတွေကိုရှိတယ်လို့တောင်ထင်တာမဟုတ်။သူသိတာ ပတ်ခ်ဂျီမင်​ကို ဘယ်လိုဖွန်ကြောင်ရမလဲ?ပတ်ခ်ဂျီမင်အနားဘယ်လိုကပ်ရမလဲပဲ သူသိတာပါ။
အခုလည်းကြည့်ဦး။အိမ်ပြောင်းပြီးလို့ အိမ်သစ်မှာတောင် တစ်ညအိပ်ပြီးသွားပြီ၊ရုံးတက်မယ့်အဝတ်အစားတွေကလွဲရင် ဘာဆိုဘာတစ်ခုမှသယ်လာခဲ့တာမဟုတ်ဘူး။ဒါတောင် မကောင်းတတ်လို့ ကိုယ့်အထုတ်ကိုယ်ဆွဲဆင်းလာတယ်ပြောရမလားပဲ။
တစ်ချိန်ကုန် ဒေါက်တာ့ကိုရူးနေရတာနဲ့ စားဖို့မေ့ အိပ်ဖို့မေ့!။ဒေါက်တာနဲ့ပတ်သတ်လာရင် အဲ့လောက်ထိကို အခြေအနေဆိုးနေတာပါ။
* * * * * * * * * * * * * * * * * * * * * * * *
ဒီ​ေကနေ့မနက်ပိုင်းတွင် ဟန်ဆောင်းဆေးရုံရှိဆရာဝန်းများအားလုံးနှင့်ဆေးရုံအုပ်ကြီးတို့သီးသန့်အစည်းအဝေးလုပ်ဖြစ်ခဲ့သည်။စီနီယာ၊ဂျူနီယာလိုက်ပြီး နေရာသတ်မှတ်ထိုင်ခဲ့ကြရပေမယ့် ဒေါက်တာပတ်ခ်ကတော့
ဒေါက်တာကင်၏ကျေးဇူးနဲ့ရှေ့ဆုံးတန်းမှာထိုင်ခွင့်ရခဲ့ပါသည်။
ဆေပညာအကြောင်းတွေကို အချင်းချင်း
ပြန်ဖလှယ်တဲ့ညှိနှိုင်းမှုစကားဝိုင်းတစ်ခုဖြစ်သည်မို့ ဒေါက်တာကင်သည် သူနှင့်အတူ တွဲလုပ်နေတဲ့ပရောဂျက်ပါအချက်အလက်များကိုတင်ပြရာတွင် သူ့အစား ဒေါက်တာပတ်ခ်ကိုပဲ စင်ပေါ်တက်စေခဲ့၏။
* ဒေါက်တာပတ်ခ် ဘာဖြစ်လို့လဲ ဆက်ပြီးတင်ပြပေးပါ *
* အာ...ဟုတ်ကဲ့။တောင်းပန်ပါတယ် *
အမူအရာတွေကိုထိန်း၍ပြောနေသော်ငြား
မျက်နှာဥဥလေးဟာ တစ်ချက်တစ်ချက်ဆို
ခပ်ရဲရဲလေးဖြစ်သွားရသည်။သူရှက်နေတာ။ဘာကြောင့်ဆို အစည်းအဝေးခန်းထဲမှာရှိနေတဲ့လူဆိုးကောင်ကြောင့်လေ။
ရေသန့်ဗူးလာပို့တာကိုအကြောင်းပြပြီး နောက်ဆုံးတန်းမှာခပ်တည်တည်ဝင်ထိုင်နေသလို အပြုံးမျက်နှာကြီးနဲ့ဒေါက်တာပတ်ခ်စကားပြောနေတာကို တစိမ့်စိမ့်ထိုင်ကြည့်နေခဲ့ပါသည်။
​ေဖြာင်း......!။
တင်ပြမှုဆုံးသည်နှင့်ပြန်ရလာမယ့် ရီအက်ရှင်ကို မျှော်လင့်နေမိသည့်တိုင် စီနီယာမှလွဲလို့ မည်သူမျှ လက်ခုပ်မတီးပေးကြပါဘူး။သဘောကျကြောင်းကို ခေါင်းငြိမ့်ပြရုံမှလွဲလို့ တုံ့ပြန်မှုတွေဟာပြန်ရမလာခဲ့ပေ။နည်းနည်းတော့ကသိကအောက်ဖြစ်ရပေမယ့် အဆင်ပြေနေပါသေးတယ်။
* ဖြောင်း ဖြောင်း ဖြောင်း!!! *
စီနီယာရဲ့လက်ခုပ်သံကိုတောင် လွှမ်းသွားရတဲ့အထိ ကျယ်ကျယ်လောင်လောင်ကို လက်ခုပ်တီးပေးလာခဲ့သည်။ပြေးမကြည့်နဲ့ ဘယ်သူမှမဟုတ်ဘူး။နှစ်ယောက်ထပ်မရှိနိုင်တော့တဲ့ တစ်မိုးအောက်လူဆိုးကောင်ပါ။
အင်္ကျီလက်တွေပါပင့်ပြီး လက်ပြုတ်ကျတော့မည့်အလား တဖြောင်းဖြောင်းနဲ့ကိုလက်ခုပ်တီးပေးနေခဲ့ရင်း သူတစ်ယောက်တည်းပဲ ပြုံးဖြီးနေခဲ့ပါသည်။ခန်းမထဲမှဆရာဝန်တွေမှာလည်း ခပ်ကြောင်ကြောင်မျက်နှာပေးတွေနဲ့ပြိုင်တူ
လှည့်ကြည့်နေခဲ့ကြသည့်အထဲတွင်
စီနီယာနမ်ဂျွန်းနဲ့ဒေါက်တာပတ်ခ်ကိုယ်တိုင်ပင် ပါဝင်၏။
* ဘာလုပ်နေကြတာလဲ။လက်ခုပ်တီးကြလေ။တင်ပြသွားတာ ဒီလောက်ကောင်းတာကို အသိအမှတ်မပြုပေးကြတော့ဘူးလား။လုပ်ပါ တီးကြစမ်းပါ ကျယ်ကျယ်လေး *
မောင်ဟာ သူကိုယ်တိုင်လည်း လက်ခုပ်တီးမပြတ်သလို မျက်နှာထားတင်းတင်းကြီးနဲ့ အစည်းအဝေးခန်းထဲကဆရာဝန်တွေကိုတောင် ဆရာပြန်လုပ်လိုက်သေးသည်။
" ဒီအရူးကတော့ ဘယ်ကိုလာပြီး မဆင်မခြင်တွေလုပ်နေပြန်တာလဲမသိဘူး။ "
ဒေါက်တာပတ်ခ်ဟာ မျက်နှာရဲရဲလေးနဲ့ခေါင်းလေးကိုဆတ်ခနဲငုံ့ချလေပြီး ပစ်ပစ်နှစ်နှစ်ကို
ဝေဖန်ဆဲဆိုပြန်သည်။သူရှက်ရပါတယ်။ဘယ်ကိုလာပြီး မဆင်မခြင်တွေလာလုပ်နေတာလဲလို့ မေးမေးပြီး ဒင်းရဲ့ငယ်ထိပ်ကိုနာနာခေါက်ပစ်ချင်လိုက်တာပဲသိတော့တယ်။
* ဖြောင်း ဖြောင်းးးတော်တယ် ဒေါက်တာပတ်ခ်!တင်ပြမှုဟာ ထင်ထားတာထက်ကို သိပ်တော်ပါတယ် *
ခေါင်းလေးငုံ ဇတ်ကလေးကိုအသာပုပြီး
ရှက်ရွံနေရတုန်းရှိသေး ဆေးရုံအုပ်ကြီးဟာသူကိုယ်တိုင်ပင် လက်ခုပ်ထတီးပေးပြီး ချီးမွမ်းလာခဲ့တာကြောင့် သူ့မှာဘယ်လိုနေလို့နေရမယ်မှန်းမသိတော့။အခုတော့လည်း ခန်းမတစ်ခုလုံးသည် လက်ခုပ်သံတွေနဲ့ညံစီလျှက်ရှိ၏
အရူးကောင်..!ရှက်စရာကောင်းခဲ့ပေမယ့်
ဒီတစ်ခါတော့ဖြင့် မင်းကို ကျေးဇူးတင်ရပါတယ်...။
ဒေါက်တာပတ်ခ််မှာမူ ပီတိတွေရင်မှာပိုက်ပြီး
ပြုံးပြုံးကြီးနဲ့သာယာနေခဲ့သလောက် မသာယာနိုင်သူတွေမှာလည်းရှိနေခဲ့ပါသည်။တစ်ခြားသူတွေတော့ မဟုတ်!စီနီယာနမ်ဂျွန်းနဲ့မောင်ပဲ ဖြစ်သည်။
မောင်သည် ဘယ်နှယ့်ရှိစသလဲ သဘောဖြင့် စီနီယာကိုမျက်ခုံးပင့်ပြလာသလို စီနီယာကလည်းခပ်ရွဲ့ရွဲ့ပြန်ရယ်ပြခဲ့သည်။နှစ်ယောက်သားရဲ့အကြည့်တွေဟာ စူးရှပြတ်သားနေခဲ့ပြီး တစ်ဦးကိုတစ်ဦး စိန်ခေါ်တောင်းနေကြသလိုပါပင်။
ပြီးနောက်တွင်တော့ စီနီယာသည်ဒေါက်တာ့အနားကို တိုးသွားခဲ့ပြီး တစ်စုံတစ်ခုကိုကပ်ပြောလိုက်သည်နှင့် ဒေါက်တာဟာရှက်ပြုံးလေးပြုံးလေးနဲ့အတူ ခေါင်းညိတ်လက်ခံခဲ့သည်။
မျက်စိရှေ့မှာမြင်နေရတာတွေက တော်တော်လေးကို အချိုးမကျတာမို့မောင်ဟာ သူ့ပါးစောင်ကိုပေါက်ထွက်လုမတတ် လျှာနဲ့ထိုးကလော်လိုက်ရင်း ခက်ခက်ထန်ထန်ပဲစိုက်ကြည့်နေခဲ့ပါတယ်။သေချာသည်ကတော့ မည်သူကမျှလျှော့ပေးကြမှာ မဟုတ်ပါဘူး။
ကစားပွဲတစ်ခုကိုစမိပြီဆိုရင် အနိုင်နဲ့အရှုံးနှစ်ခုထဲက တစ်ခုကိုသေချာပေါက်လက်ခံရမယ်ဆိုပေမယ့်​ေမာင်ကတော့ မင်းလူကြီးကိုနိုင်မှဖြစ်မယ်ထင်တယ်။
* * * * * * * * * * * * * * * * * * * * * * * *
ဂျူတီချိန်ပြီးသွားတာတောင် ခွဲစိတ်ခန်းထဲကမထွက်ခဲ့ရတဲ့ ဒေါက်တာပတ်ခ်ခမျာ ပင်ပန်းရလွန်းလို့ ထမင်းပင် စားလို့မဝင်ခဲ့။ထို့ကြောင့် နွမ်းနယ်နေပြီဖြစ်တဲ့ခန္ဓာနှင့်စိတ်ကိုတစ်ခဏအနားပေးမည်ဟုဆိုကာ ဆေးရုံ၏Root Topသို့ ရောက်ရှိနေခဲ့သည်။
မျက်ဝန်းလေးတွေကိုမှိတ်ချထားသလိုလေပြည်၏ကျီစယ်ရာနောက် သူ့စိတ်ကိုရွက်လွင့်ပေးခဲ့သည်။သူ့အနားဆီတိုးကပ်လာတဲ့တစ်စုံတစ်ယောက်ရဲ့ခြေသံခပ်စိပ်စိပ်ကြောင့် မျက်လုံးတွေဖွင့်ကြည့်လိုက်သည်နှင့်ဦးစွာမြင်လိုက်ရတာက ခပ်အေးအေးလီမွန်တီးတစ်ခွက်ပါ။
* ဟင်! *
ကမ်းပေးနေတဲ့သူက မောင်ဖြစ်နေခဲ့၍ ဒေါက်တာသည်မျက်နှာထားတင်းတင်းနဲ့
မော့ကြည့်ရုံသာကြည့်လာခဲ့ပြီး အအေးခွက်ကိုလက်မခံခဲ့ပေ။
* ပင်ပန်းနေတာကို ယူလိုက်ပါဗျာ မောင့်ကို
မရွဲ့နဲ့ *
နှစ်ခါ ပြောစရာမလိုလိုက်ပါ။လက်သေးသေးလေးတွေက လီမွန်တီးဗူးလေးကိုဆုပ်ကိုင်ပြီး အရသာခံ၍ သောက်နေခဲ့ပြီ။
မျက်နှာနုနုဥဥလေးကို တစ်ကမ္ဘာလို့မှတ်ယူထားပုံနှင့် မောင်ဟာ အမြတ်တနိုးငေးကြည့်နေခဲ့တယ်။ယင်းနောက် မောင့်လက်တွေဟာအငြိမ်မနေစွာဖြင့် ဒေါက်တာလှှလှလေးရဲ့ ဂုတ်ပိုးကိုထိတွေ့လာခဲ့သည်။
မောင့်ဆီကနေ ရုတ်ချည်းဆန်ဆန် အထိအတွေ့​ခံလိုက်ရတာဖြစ်လို့ ဒေါက်တာ၏ကိုယ်ငယ်လေးမှာ ဆတ်ခနဲတုန်သွားရပြီး ဂုတ်ပိုးပေါ်က မောင့်လက်ချောင်းရဲ့အထိအတွေ့တွေကိုတိမ်းရှောင်ပစ်ကာထိုင်နေရာမှထရပ်လိုက်ပါတော့သည်။
* အသားမယူနဲ့လို့ သတိပေးထားပြီးသားနော် လာမထိနဲ့ ရွံလွန်းလို့ *
* မောင် နှိပ်ပေးချင်လို့ပါ*
* မလိုပါဘူး *
* မောင်အကြမ်းဖက်ရမလား?မင်းငြိမ်ငြိမ်
နေပေးမလား?မင်းရွေး...အကြမ်းဖက်ဆို မောင့်အာသီသပြေတဲ့အထိ နမ်းပစ်ဦးမှာနော်။မောင့်စိတ်တိုင်းကျ တစ်ဝကြီးနမ်းပစ်မှာ...။မင်းဆုံးဖြတ် မောင်ကမင်းသဘောတိုင်းလိုက်နာရန် အသင့်ပဲ *
ခရုခွံလုံးလုံးလေးပမာ ကိုယ်ငယ်လေးကို
ဖွတ်လေပြီး တရွေ့ရွေ့ဆုတ်ခွာဖို့ပြင်နေပြန်တာမို့ထုံးစံအတိုင်း ရွေးချယ်ခိုင်းမိပြန်တယ်။ဒေါက်တာနဲ့ပတ်သတ်လာရင် အခုလို မောင့်စိတ်တိုင်းကျ အတင်းအကြပ်ရွေးချယ်ခိုင်းရတာကိုလည်း ခုံခုံမင်မင်ရှိပါတယ်။
မျက်ဝန်းအိမ်ကျဥ်းကျဥ်းလေးရဲ့အမုန်းမျက်ဝန်းတွေဟာ မောင့်ထံသို့ တည့်တည့်မတ်မတ်ကြီးကျရောက်နေသလို အံကြိတ်ထားပြီး နာနာကျဥ်းကျဥ်းနဲ့ကိုစိုက်ကြည့်နေခဲ့၏။
* မင်း မင်း!!လူညစ်ပတ်ကောင် *
* အင်း မောင်ကလူညစ်ပတ်။ *
လက်ကောက်ဝတ်လေးမှနေ ခပ်တင်းတင်း
ဖိကိုင်လိုက်ပြီး နေရာမှာပြန်ထိုင်စေခဲ့ရင်း
ဂုတ်ပိုးနုနုလေးကို တယုတယနှိပ်ပေးတဲ့အခါ
ချစ်ရသူလေးသည် မျက်ဝန်းလေးများမှိတ်ချပေးခဲ့ပါတယ်။သက်ရှိအရုပ်လှလှလေးဟာမြတ်နိုးချင်စရာကောင်းလွန်းလို့ မောင်အမြတ်တနိုးနဲ့ပဲ ငေးကြည့်ခွင့်ရချင်ခဲ့ရုံပါ။
* အကြောတွေများ တင်းနေလိုက်တာကွာ
ဘယ်လိုလဲ မောင်နှိပ်ပေးတာကောင်းတယ်ဟုတ် *
* အရူးစကားတွေ!မင်းအားကြီးနဲ့အတင်း
ဖျစ်ညှစ်နေပြီးတော့ ဒီမှာလည်ပင်းကျိုးတော့မယ် *
သဘောကျနေရဲ့သားနဲ့ ဗြောင်ငြင်းချင်နေသူလေးကို သဘောတကျနဲ့ပဲစိုက်ကြည့်နေမိပါသည်။အအေးပိုက်ကို အစုပ်မပြတ်သလို
ဇိမ်ခံတာလည်းမပြတ်ချင်ရှာတဲ့ ဒေါက်တာကြီးကျယ်လေးကြောင့် မောင့်မှာခပ်ဟဟပဲ ရယ်ချလိုက်မိတော့၏။
ရင်ထဲမှာ ဖွတ်ထားပစ်ချင်တဲ့အထိ မောင့်ရဲ့ချစ်သူလေးဟာ သဘောတကျနဲ့ချစ်ပေးချင်စရာလေး။မောင်..မင်းနဲ့မှချစ်တတ်ခဲ့တာ။မင်းမလိုချင်တဲ့ မောင့်ရင်ခုန်သံတွေကို ခေါင်းမာမာနဲ့ပဲ မောင်ပေးအပ်ချင်တယ်။
မောင့်အချစ်တွေရောပေါ့...။
* ဂျူတီချိန်တွေဆက်နေတော့ ပင်ပန်းရတယ်မလား *
မျက်နှာလေးကို တစိမ့်စိမ့်ရှု့ရင်းမေးနေခဲ့သူမှာသာ အရူးဖြစ်ကျန်ရလိမ့်မည်။ဒေါက်တာကတော့ တစ်ချက်လေးတောင်လှည့်မကြည့်လာပါဘူးဗျာ။မောင့်အပေါ်ဆို ရက်စက်လိုက်တာ..။
* ပင်ပန်းတယ်ဆိုပေမယ့် မင်းမစွန့်လွှတ်နိုင်ဘူးမလား။အဲ့လိုပဲ မောင်လည်းမင်းကိုချစ်ရတာပင်ပန်းနေပြီ ဒါပေမယ့် မောင်ဘယ်တော့မှ လက်လွှတ်မှာမဟုတ်ဘူးဂျီမင် *
အရေးမရအဖက်တွေလာပြောနေပြန်ပြီလားဆိုတဲ့အကြည့်လေးနဲ့ မောင့်ဂျီမင်ကစူပုတ်ပုတ်လေးလှည့်ကြည့်လာသလို နှုတ်ခမ်းဖူးဖူးလေးသည်လည်း ချက်ချင်းပင်စူတက်လာခဲ့ပြီး မျက်ခုံးလေးတွေကိုပါ တွန့်ပြရှာသေး၏။
* နားငြီးလိုက်တာ အခု ဘာတွေပြောနေတာလဲ...ဝေးဝေးသွားစမ်းပါ မလာခဲ့နဲ့ *
* ဝေးဝေးသွားလို့မရတော့ဘူး။မောင် မင်းအပေါ်မေတ္တာရှိနေကြောင်း ရင်ဖွင့်ပြနေတာလေ၊နားထောင်လက်စနဲ့ အဆုံးထိနားထောင်ပေးလိုက်တော့ကွာ *
* ဒီမှာဂျွန်ဂျောင်ကု ငါအကျွမ်းကျင်ဆုံးအလုပ်ကဓားကိုင်ရတာပဲ မင်းသိလား...
လျှာရှည်မနေပဲပြန်လိုက်တော့ *
ပြောချင်တာက မင်းလျှာအဖြတ်မခံချင်ရင် ပါးစပ်ပိတ်နေလိုက်တော့ဆိုတဲ့သဘော။ခြိမ်းခြောက်တာကို ချစ်ဖို့ကောင်းအောင်လုပ်ပြရသလား မောင့်ဂျီမင်ရယ်။
* ချစ်စကားလေးတွေပြောပါရစေဦး *
နားနားကိုကပ်ပြီးပြောလာတဲ့စကားကြောင့် မောင့်ဂျီမင်ခမျာ ကြက်သီးလေးတွေပင်ထရသည်။ချွဲပျစ်အီဆင်းနေတဲ့လေသံဟာ လူကို  ရင်တုန်စေတာထက်ပိုမလားပဲ။မောင့်ဂျီမင်ဆိုရှက်ရလွန်းလို့ မျက်နှာလေးဆို ပန်းဆီရောင်လေးသန်းလျှက်ရှိတယ်။
* ဘာလို့ အရမ်းကပ်နေတာလဲ။ဟိုဘက်တိုးဦးလေ *
* ဟင့်အင်း မောင်ကကပ်ချင်သေးတာကို *
ရှက်ရွံရွံမျက်နှာလေးက အနေရခက်နေပုံလေးနှင့် မျက်နှာလွှဲသွားပစ်သည့်တိုင် မောင်ကတော့ ခပ်ပြုံးပြုံးလေးပဲစိုက်ကြည့်နေခဲ့တယ်။အကြည့်တစ်ချက်မလွှဲခဲ့သလို တစိမ့်စိမ့်ကြည့်ရင်း တစိမ့်စိမ့်ချစ်နေခဲ့ကာ တစ်စိမ့်စိမ့်အရူးရင့်နေခဲ့တဲ့ပုံဖြင့် ငြိမ်ငြိမ်သက်သက်လေးငေးလို့ကြည့်နေခဲ့တယ်။
* မကြည့်နဲ့လေ မကြိုက်ဘူး!ရွံစရာကောင်းအောင်လို့ အဲ့လိုစိုက်မကြည့်နဲ့ *
* ဘာလို့လဲ မောင့်ကိုရှက်လို့လား *
* အရှက်ကိုမရှိဘူး။ရိသဲ့သဲ့စကားတွေထပ်ပြောကြည့် မင်းကိုပိုမုန်းမိတော့မယ် *
* မုန်းပေါ့ မင်းမုန်းလည်း မောင်ဂရုမစိုက်ဘူး။ဘယ်တုန်းကရော မင်းမောင့်ကို ချစ်ခဲ့ဖူးလို့လဲ။မင်းဘက်ကပိုမုန်းလေ မောင့်ဘက်ကပိုချစ်မိလေပဲ *
* ငါမင်းကိုမုန်းလိုက်တာ *
မုန်ယိုနေတဲ့သားရဲတစ်ကောင်လိုမျိုး သတ်တော့ဖြတ်တော့မတတ်စိုက်ကြည့်လာခဲ့ပြီး
ပြောလာတဲ့စကားက မောင့်ကိုမုန်းလိုက်တာတဲ့။မောင်ရင်မနာရဘူးလို့များ အထင်မှားနေသလား။
မောင်ကတော့အစွန်းဆုံထိ ချစ်လိုက်ရတာ။မောင့်အသိဉာဏ်ထဲ မင်းတစ်ယောက်တည်းပဲရှိဖူးတာ မောင့်ဂျီမင်။မောင်ရင်နာအောင်လို့ ပြောထွက်တတ်တဲ့ မင်းနှုတ်ခမ်းလေးကို အပြစ်ကြီးကြီးမပေးရက်လို့ မောင့်ကိုမောင်
စိတ်တိုလိုက်တာ။
ပြွတ်...။
* မုန်းတယ်လို့ထပ်ပြောဦးလေ။တစ်ခွန်းပြော ရင် မောင်တစ်ခါအနမ်းမယ် *
နှုတ်ခမ်းလေးကို အပြစ်မပေးရက်လို့နဖူးနုနုလေးကိုပဲ မောင်နမ်းပစ်ခဲ့တယ်။မင်းကတော့ပိုမုန်းနေတော့မှာပဲ။ဒါပေမယ့် မောင်ဂရုစိုက်နေမှာမဟုတ်ဘူး။
* ဘာလုပ်တာလဲ မဆင်မခြင်တွေငါ့အသားကိုလာမထိပါနဲ့ဆို*
ရုတ်တရပ်အနမ်းခံလိုက်ရတာလည်းပါမယ်
ရှက်နေတာကြောင့်လည်းပါမယ် ဒေါက်တာလှလှလေးခမျာ ဘာဆိုဘာမှလက်တုံ့မပြန်နိုင်ခဲ့ပါ။အနားကိုမတရားကပ်နေတဲ့ရင်ခွင်တစ်စုံကို တွန်းထုတ်ပစ်ရုံသာတတ်နိုင်ခဲ့သည်လေ။
အရှက်သည်းလွန်းနေတဲ့ မျက်ဝန်းလှလှလေးတွေက မောင့်မျက်ဝန်းတွေကိုရင်ဆိုင်နိုင်စွမ်းမရှိခဲ့ပါဘူး။ထိုလွှဲဖယ်သွားတဲ့အကြည့်လေးတွေကြောင့် မောင့်မှာ မောင့်ဂျီမင်ကို သဘောကျတဲ့စိတ်၊ချစ်တဲ့စိတ်နဲ့ ခပ်ဖွဖွပြုံးမိသွားခဲ့ပါသည်။
နဖူးလေးကို တံဆိပ်ခတ်မိတာတောင် ဒီလိုလေးချစ်စရာကောင်းအောင်ရှက်ပြနေတာ။
မောင်မကျူးကျော်ရ!ဆိုပြီး ဆိုင်းဘုတ်ကပ်ထားတဲ့ မင်းနှုတ်ခမ်းလွှာနုနုကိုသာ မောင်ထိတွေ့ပစ်မယ်ဆို မင်းရှက်လွန်းလို့ တစ်ကိုယ်လုံးနီစွေးနေမလားပဲဗျာ။
* မင်းပြန်တော့! *
* မောင့်ကိုမနှင်ပါနဲ့ *
ပြန်ခိုင်းတော့လည်းမပြန်!ပေတေပြီးကပ်နေတာကို မုန်းလွန်းလို့ ထားပစ်ခဲ့တော့လည်းမရ။ကိုယ့်အင်္ကျီစကို ဖမ်းဆွဲထားပုံက မူကြိုကလေးစတိုင်နဲ့။
* မနှင်ဘူး မနှင်ဘူး!ဒီမှာတစ်ယောက်တည်းထိုင်နေခဲ့ *
* ဘာဖြစ်လို့လောရတာလဲကွာမောင့်အနားနေပေးစမ်းပါ *
* မနှောက်ယှက်လို့မရဘူးလား မင်းဒီလိုဆက်လုပ်နေမယ်ဆို ဒီဆေးရုံကနေ ငါထွက်သွားရလိမ့်မယ် ဂျွန်ဂျောင်ကု *
* မင်းသဘောပဲလေ...အဟက်!မောင်ကတော့ မင်းနောက်ဆက်လိုက်နေဦးမှာပဲ။ပြေးလွတ်ဖို့
မင်းမစဥ်းနဲ့အချစ် မင်းရှိရာမှာမောင့်ရှိနေမယ်
အိုကေ *
* ဘာမှမအိုကေဘူး !။မင်းကြောင့် ငါရှက်လို့...ငါ့ကို တစ်ယောက်တည်းလွှတ်ထားပေးလို့မရဘူးလား*
အဟုတ်ပင်ရှက်ရပါတယ်။လူကို သူ့အပိုင်လေးလိုမျိုး လုပ်ချင်တိုင်းလာလုပ်နေတာကိုလည်း တစ်စက်လေးမှမကြိုက်ပါဘူး။အဆိုးဆုံးကတော့ လူရှေ့သူရှေိ့လည်းမရှောင် သူ့အပြုအမူတွေက ရဲတင်းလွန်းတာပါပဲ။
* မင်းရှက်ပေမယ့် မောင်ကတော့မရှက်ပါဘူး။ပြောကြပါစေအချစ်ရယ် အမှန်တွေပြောကြတာကို ဘာရှက်စရာလိုမလဲ *
* ဘာကိုအမှန်လဲ မင်းနဲ့ငါကဘာဆိုင်တာကြလို့!!အနေသာကြီးကိုဝေးဝေးမှာနေလိုက်တော့လား *
* ဆိုင်တယ်လေ မောင်နဲ့မင်းက ချစ်သူတွေ။မောင်တို့က သိပ်ဆိုင်တာပေါ့ *
* မင်းကိုချစ်ပါတယ်လို့ ငါ့ပါးစပ်က မပြောဖူးဘူးနော်။မျက်နှာပြောင်တိုက်နေတာကို ဘယ်အချိန်မှ မင်းရပ်မှာလဲ *
မခိုးမခန့်လေးပြုံးပြနေရှာတဲ့ မောင့်မျက်နှာကို စုတ်ပြုတ်ထွက်အောင် ကုတ်ပစ်လိုက်ချင်တဲ့ဒေါက်တာလှလှရဲ့ ခံစားချက်တွေသည်မျက်နှာပေါ်မှာပါ ထပ်ဟပ်နေရတဲ့အထိတွေနှစ်ယောက်ကြားက အခြေအနေတွေမှာထင်ထားတာထက်ဆိုးဝါးလွန်းနေပြီ။
* မောင်ဘယ်မှာမျက်နှာပြောင်တိုက်လို့လဲ။မောင်ကမင်းကိုချစ်တယ် မင်းကတော့မောင့်ကိုမူနေတုန်း!ရပါတယ်လေမောင်ချစ်ဖို့ပဲလိုတာမို့ သေသည်အထိ မင်းကမောင့်ရဲ့ချစ်သူ မောင့်အပိုင်လေး *
​ေတွ့လား စကားပြောတာကိုက တင်တင်စီးစီးနဲ့!လူကိုတကယ်ချစ်တာမဟုတ်ပါဘူး။သူ့အတ္တတွေအတွက် အနိုင်လိုချင်ရုံတစ်ခုတည်းနဲ့ ပါးစပ်အရသာခံပြီးပြောနေတာကို ယုံကြည်ပေးရမယ်တဲ့လား။
* မရိုင်းစိုင်းနဲ့ ငါ့ကိုမင်းပိုင်စရာလား *
* ဒါဆိုဘယ်သူကပိုင်တာလဲ ဟိုဆရာဝန်လူကြီးလား *
* ဖြစ်စရာလား ငါ့ကိုယ်ငါပဲပိုင်တယ် ဘယ်သူမှမပိုင်ဘူး *
ရှက်ရွံစွာဖြင့် မောင့်ကို ငေါက်ငမ်းပစ်တယ်။
* အဟွန်း...။ပိုင်ရှင်မရှိသေးဘူးဆိုပါတော့။
ဒါများလွယ်လွယ်လေး မောင်ကပိုင်အောင်လုပ်ယူလိုက်မှာပေါ့အချစ်ရဲ့။ပိုင်ရှင်ရှိနေလည်း မောင်ကဂရုစိုက်လိမ့်မယ်လို့မင်းထင်မနေနဲ့ဦးနော်...မောင့်ရင်ခွင်ထဲရောက်လာပြီးရင် ဘယ်တော့မှပြန်ထွက်သွားခွင့်ပေးမှာမဟုတ်ဘူး။မောင့်အချစ်တွေ ရင်ခုန်သံတွေနဲ့ခင်ဗျားလေးဖမ်းချုပ်ထားတော့မှာဗျ *
* တဏှာရူး...!!မင်းကတော်တော်လေးကို နှာထလွန်နေတဲ့ တဏှာကောင်ပဲ *
* ဟုတ်ပါ့ဗျာ မောင်က တဏှာကောင်...
မင်းစွပ်စွဲတာ သိပ်မှန်တယ်။ဘာလို့ဆို မောင် မင်းကိုတဏှာရူးတော့မလို့လေ *
*  ငါ့အနားကပ်မလာနဲ့နော် *
အနားကပ်လာတဲ့မောင့်ကို ကြမ်းတမ်းစွာ တွန်းထုတ်ပစ်သည်။မျက်နှာထားတင်းတင်းလေးနဲ့မောင့်ရင်အုပ်ကျယ်ကျယ်တွေကို ရိုက်ပုတ်လိုက်သေးတာမို့ မောင့်မှာပြုံးစိစိမျက်နှာပေးတစ်ခုနဲ့ အရိုက်ခံပေးနေရတယ်။
ကြည့်ဦး။ရန်ဖြစ်နေတာနဲ့ဘယ်နားကများတူနေလို့လဲ။
ပြီးနောက်မှာတော့ မောင်ဟာ မောင့်ဂျီမင်မထင်မှတ်ထားတာတစ်ခုကို ပြုမူခဲ့ပါသည်။အဲ့ဒါသည် ဒေါက်တာ၏ခါးသိမ်သိမ်လေးကို ဆွဲဖက်ပစ်လိုက်တာဖြစ်ပြီး တစ်ဆတ်တည်းဆိုသလိုသူ့ခေါင်းကို ရင်ခွင်သေးသေးထဲအပ်ချပစ်ကာရင်ခွင်၌ခေါင်းတိုးဝင်ရင်း ချွဲနေခဲ့ပါသည်။
* ဘာ ဘာလုပ်တာလဲ *
ဒေါက်တာ့မှာ ကြောင်စီစီဖြစ်ရကာ အထိတ်တလန့်ဖြင့် ရင်ခွင်ထဲကကိုယ်လုံးထွေးထွေးကြီးကို တွန်းထုတ်ပစ်လာပါတော့သည်။မောင်ကလည်း မရမကဆွဲဖက်ထားလိုက်တာများ လွှတ်ပေးမယ့်လမ်းမရှိ။
* ပွတ်ပေး *
* ဘာကိုပွတ်ပေးရမှာတုန်း မင်းလာပြီး မယုတ်ကမ်းနဲ့ *
ထိုအခါ မောင်ဟာ မျက်မှောင်ကုပ်ပြီးမော့ကြည့်လာခဲ့တယ်။
* အတွေးကချော်ပြန်ပြီ။မောင့်ခေါင်းကို ပွတ်ပေးစမ်းပါကွာ *
* ရူးသွားပြီလား *
* အင်း ရူးနေပြီ မင်းလက်ကလေးရဲ့ယုယမှုကို မောင်ခံစားချင်လွန်းလို့ ရူးနေပြီ။ပွတ်ပေးစမ်းပါကွာ လိမ္မာပါတယ် *
ထုံပေပေလေးငြိမ်နေသည့်ဒေါက်တာ၏လက်ကလေးတစ်ဖက်ကို
ဆွဲယူလိုက်ရင်း သူ့ခေါင်းပေါ်တင်ပေးရပြီး
တကယ့်ကို ပါပီပေါက်လေးအလား ချွဲနေတော့တာပါပဲ။
* မောင်အကြမ်းမဖက်ချင်ဘူး..။တစ်ခါပဲ
ပွတ်ပေး ဒါဆိုမောင်အေးအေးဆေးဆေးပြန်ပေးမယ်။မဟုတ်ရင်တော့ မောင်ဒီနေရာမှာပဲပြသနာရှာပစ်မယ် *
မောင့်စကားကြောင့် ဒေါက်တာရဲ့မျက်ခုံးလေးတစ်ဖက်မှာပင့်တက်သွားခဲ့ရပြီး ဟုတ်မှဟုတ်ရဲ့လားလို့မောင့်ကို ငုံ့ကြည့်လာခဲ့တယ်။
* မင်းကတိ မင်းတည်မှာလား *
ဒီမျက်နှာရူးက ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တာကို သူသာလျှင်အသိဆုံးမို့ မြန်မြန်ပြန်အေးရော သဘောနှင့်လက်ခံပေးလိုက်ရတယ်။
* မောင့်အချစ်က လိမ္မာရဲ့သားနဲ့။မောင့်အပေါ်ဆို နည်းနည်းဖြစ်ဖြစ်ဂျစ်တိုက်လိုက်ရမှနော် မောင့်ချစ်မွှေးလေးက *
ရှုံရှုံမဲ့မဲ့မျက်နှာလေးကို မြင်နေပါလျက်နဲ့ သဘောတကျပဲငေးကြည့်နေမိပါသည်။
ရင်ထဲက စေတနာမပါမှန်းကိုလည်းသိ၏။
ဒါနဲ့တောင် မောင်ရှေ့ဆက်တိုးနေတာဘာကြောင့်လို့ မင်းထင်လဲ?မောင် မင်းကိုသိပ်ချစ်မိသွားလို့လေ။
* သိပ်ချစ်နေပြီဗျာ ပြန်ချစ်ပေးလို့မရဘူးလားဟင် မင်းသာပြန်ချစ်ပေးမယ်ဆို မောင်လိမ္မာပါ့မယ် *
မောင့်စကားကြောင့်ဆံနွယ်ပျော့ပျော့လေးတွေထဲ တိုးဝင်နေမိတဲ့လက်ချောင်းလေးတွေမှာ တန့်သွားခဲ့ရ၏။
*  ဘာလို့ရပ်လိုက်တာလဲ။မောင့်ဂျီမင် ပွတ်ပေးဦးလေ *
အတင်းအကြပ်အနိုင်ယူနေလို့ စိတ်မပါလက်မပါဘဲ ထိုးဖွပေးလိုက်ရတာမှန်ပေမယ့်
သူကိုယ်တိုင်က သဘောကျမိခဲ့၍
ထပ်ခါထပ်ခါပွတ်ပေးနေမိခဲ့တယ်။
မောင့်စကားတွေနဲ့ မောင့်ရဲ့ဆံနွယ်တွေကိုသဘောကျနေမိတဲ့ သူ့စိတ်ကို အရှက်ရလွန်းလို့ လက်လေးတွေကိုအမြန်ရုတ်ပစ်လိုက်ရတဲ့အထိပေါ့။အဲ့လောက်ထိကို သူပျော်ဝင်သွားခဲ့မိတာ။
* စိတ်ကူးယဥ်နေမယ့်အစား ဂိုဏ်းခေါင်းဆောင်ဖြစ်ဖြစ် ကြေးစားဖိုက်တာပဲဖြစ်ဖြစ်သွားလုပ်နေလိုက်ပါတော့လား *
* မလုပ်ချင်ဘူး မောင်ကမင်းရဲ့ကလေးလေးပဲလုပ်ချင်တာ *
* အရူး ! *
မောင်ဆွဲထားတဲ့ကြားကနေ မရမကထွက်ပြေးသွားခဲ့ပြန်ပါပြီ။မောင်တော့
မင်းကိုချစ်ရလွန်းလို့ မောင့်အပိုင်လေးအဖြစ်ပဲ သိမ်းထားလိုက်ချင်တော့တယ်။ထပ်ပြီးထွက်ပြေးခွင့်လည်းမပေးနိုင်တော့ဘူး။မောင် အပိုင်လိုချင်ပါတယ်မောင့်သေးသေးလေးရယ်။
* * * * * * * * * * * * * * * * * * * * * * * *
ဒေါက်တာ၏မျက်နှာလေးမှာ ကြည်ကြည်လင်လင်လေးဖြင့် ဘာအနှောက်အယှက်နဲ့မှမတွေ့ရသေးဘူးထင်တယ်။နားကြပ်ကိုလက်တစ်ဖက်ကကိုင်ထားရှာပြီး
တစ်ဖက်ကဆေးရုံမှတ်တမ်းဖိုင်တစ်တွဲဖြင့်။
သို့သော် အေးချမ်းမှုတွေသည်ကြာကြာမခံတတ်ပါဘူး။လှေကားတွေပေါ်သို့ ခြေလှမ်းကျဲစိပ်စိပ်ကြီးများနှင့်တက်လာပါသော ဂျွန်ဂျောင်ကုကိုမြင်လိုက်ရရုံရှိသေး ဒေါက်တာခမျာအပျက်ပျက်အယွင်းယွင်းမျက်နှာလေးနှင့်် ဘယ်ပြေးလို့ပြေးရမယ်မှန်းမသိခဲ့ပါ။
ချစ်စရာကောင်းလွန်းလှသည့် ဒေါက်တာရဲ့ခြေထောက်လေးများဟာဆိုရင်ဖြင့် ကြမ်းပြင်မှာခုန်စွခုန်စွဖြစ်ရတဲ့အထိကို သတိလက်လွတ်ဖြစ်နေရှာသည်။ယင်းနောက်တွင်တော့ တစ်ဖက်ခြမ်းက ကော်ရစ်တာအချိုးနောက်သို့ အမြန်ပြေးပုန်းလိုက်ရပြီးအသက်ပင်မရှုရဲခဲ့။
* ဒီမှာဆရာမ ဒေါက်တာပတ်ခ် ဘယ်ရောက်သွားတာလဲ *
* ကျွန်မတို့ဘယ်သိပါ့မလဲ *
* မဟုတ်သေးပါဘူးဗျာ။ခုဏကပဲ မြင်လိုက်သေးတာကို မျက်စိမှားတာများလား *
* ဟုတ်မှာပေါ့...ရှင်မျက်လုံး တိမ်စွဲချင်နေပြီထင်တယ်။မပေါ့ဆနဲ့နော် ဆရာဝန်နဲ့သေချာပြပြီးကုသဦး *
* ခင်ဗျားတို့ပဲ တိမ်စွဲ!ကျွန်တော်တော့ မကုတော့ဘူး ...ကျွန်တော့်အစား နေရတာတကာလျှာရှည်လွန်းတဲ့ခင်ဗျားတို့သာ ခံတွင်းဆရာဝန်နဲ့သွားပြလိုက် ဟုတ်ပြီလား~*
ဂျွန်ဂျောင်ကုအတွက် တစ်လောကလုံးမှာ
ပတ်ခ်ဂျီမင်တစ်ယောက်တည်းကသာ အသက်ရှိတဲ့ပုံပါပဲ။စွာသွားလိုက်တာများ နှုတ်ခမ်းကတစ်တောင်လောက်ထော်လို့။
မောင့်စိတ်နဲ့မတွေ့ရင် မောင့်တုံ့ပြန်မှုဟာ အဲ့လိုပါပဲ နည်းနည်းလေးတော့ရိုင်းတယ်။
စီနီယာတွေ ဘာတွေလည်း နားမလည်ပါဘူး။
ဆရာမတွေပါမချန် အကုန်လုံးကိုပတ်စွာခဲ့ပြီးထွက်သွားခဲ့သူမှာတော့ လေလေးတစ်ချွန်ချွန်နဲ့ လက်ထဲမှာလည်းကျူးလစ်လေးတစ်ခတ်ကိုကိုင်ထားသေးတယ်။
* တော်သေးတာပေါ့ ပြသနာမရှာဘဲအေးအေးဆေးဆေးပြန်သွားပေးလို့ *
အကွယ်ကြားလေးမှာငြိမ်နေခဲ့ရပါသောဒေါက်တာပတ်ခ်ဟာတော့ ရင်ဘတ်လေး
တဖိဖိဖြင့် ပုန်းနေရာမှာထွက်လာနိုင်ခဲ့ပြီ။
ကျူးလစ်ပန်းတွေကိုကြောင်းပြပြး ကိုယ့်ရုံးခန်းထဲကိုဝင်ဝင်ချလာတတ်တာက တစ်ခါနှစ်ခါတည်းလားလို့ ကြာတော့တကယ်စိတ်ညစ်ရပါတယ်။သူချစ်တာက ကိုယ့်ကိုချစ်တယ်လို့မခံစားစေရဘူး။သူ့အချစ်က ဆေးလိပ်ငွေ့လို့ပဲ လူကိုမွန်းကြပ်သွားစေတယ်လေ။
* * * * * * * * * * * * * * * * * * * * * * * *
ညတောင်တော်တော်နက်နေပြီကို ဂျွန်ဂျောင်ကုပြန်သွားလောက်ပြီမလား။ဒီအချိန်အထိ ဂျွန်ဂျောင်ကု ရန်ကိုကြောက်လို့ ဂျူတီချိန်ပြီးသွားတာတောင် အိမ်မပြန်ရဲသေးတာပဲ ကြည့်!!။အပြင်မှာဂျွန်ဂျောင်ကုမရှိတော့တာသေချာမှ ရုံးဆင်းဖို့လုပ်တော့သည်။
လက်ဆွဲအိတ်လေးထဲ သက်ဆိုင်ရာပစ္စည်းတွေပစ်ထည့်ရင်း သိမ်းနေတုန်းရှိသေး၊သူ့အိတ်ကလေးမှာ တစ်စုံတစ်ယောက်ရဲ့ဆွဲ လုခြင်းကိုခံလိုက်ရပြီးနောက် စားပွဲပေါ်ကမြင်မြင်သမျှပစ္စည်းတိုင်းမှာ အိတ်ထဲပြီးစလွယ်ထိုးထည့်ခြင်းခံရတော့သည်။
အခန်းထဲအကြမ်းပတမ်းဝင်ချလာသူက လုပ်ချင်ရာတွေလျှောက်လုပ်နေပြီး မျက်နှာကြီးကိုလည်းသုန်မှုန်ထားလိုက်တာများ ကြောက်စရာကောင်းအောင်ခက်ထန်ထားသေးတယ်။ဘာတွေဖြစ်လာပြန်တာလဲ?ပြူးပြူးပြဲပြဲနဲ့ဘာတွေကို အလိုမကျဖြစ်ရပြန်ပြီလဲ။
* ဂျွန်ဂျောင်ကု!မင်းဘာလုပ်တာလဲ *
* မင်းဂျူတီပြီးပြီမလား ပြန်မယ် *
* ဒါဘာလုပ်တာလဲလို့ မေးနေတယ်လေ *
* တိတ်တိတ်နေဂျီမင် မောင် မင်းကိုစိတ်ဆိုးနေတာနော် *
စိတ်ဆိုးနေတာ?သူက ငါကိုစိတ်ဆိုးနေတယ်ပေါ့လေ။ရာရာစစတွေ သူလိုကောင်ကများ
တစ်ပြန်တစ်စီးနဲ့ လူကိုအော်ငေါက်ပစ်လာသေးတာ။အံဩရလွန်းလို့ နှစ်စက္ကန့်လောက် အသက်ရှုရပ်ချင်သွားတယ်။
* ဘာလို့မောင့်ကို ရှောင်နေတာလဲဟမ်။မင်းကတော့ လွယ်လွယ်လုပ်ရက်နိုင်ပေမယ့်
မောင့်မှာတော့ရူးမတတ်ဖြစ်ခဲ့နေရတာကို မင်းသိရဲ့လားပတ်ခ်ဂျီမင် မင်းမသိနိုင်ပါဘူး *
* မသိလဲလာပြောမနေနဲ့တော့လေ နားငြီးတာမို့ထွက်သွားပေးစမ်းပါ *
* ထွက်သွားပေးမယ် ကျေနပ်ပြီလား!အေး...မောင့်တစ်ယောက်တည်းတော့ မပြန်နိုင်ဘူး မင်းပါပြန်လိုက်ခဲ့ရမယ် *
ဂျီမင်နည်းတူ ဂျောင်ကုဟာလည်းသူ့ထက်မလျော့သောလေသံမာမာနဲ့ပြန်အော်ခဲ့၏။
* ဂျွန်​ေဂျာင်ကု!ဒီလို အတင်းအကြပ်လုပ်တာကို ငါအမုန်းဆုံးပဲ *
* မင်းဘယ်တုန်းကရော မောင့်ကိုချစ်ခဲ့ဖူးလို့လဲ။အချိန်ကိုပြန်ကြည့်ဦး ည၁၁နာရီထိုးတော့မယ် မင်းမြင်လား။ မင်းမောင့်ကိုရှောင်ချင်တာတစ်ခုတည်းနဲ့တော့ ခေါင်းမမာချင်စမ်းနဲ့။ပေတေပြီးဘယ်အချိန်ထိပုန်းနေနိုင်မှာမို့လို့လဲ။မောင့်လက်ထဲကမင်းပြေးလွတ််လို့ထင်နေတာလား..?ထင်ရင်မင်းလွတ်အောင်ပြေးကြည့်လိုက်လေ *
* ငါကလည်းမင်းရဲ့ ယုတ်မာတတ်တဲ့အဲ့လိုသောက်ကျင့်တွေကို မကြိုက်တာရှင်းပြီလား။ငါ့အချစ်ကို ပြန်ရဖို့သေတောင်မျှော်လင့်မနေနဲ့ *
* ဒါမောင့်ကိုစိန်ခေါ်လိုက်တာလား။ရတယ်။အချစ်တွေပေးတုန်းမှာ ပြန်မချစ်ရင်!မောင်ကတော့ မင်းအချစ်ကိုဓားပြတိုက်ယူသင့်ရင်ယူရမှာပဲ။ဆက်ပြီးမူနေဦးမယ်ဆို
မောင်အကြမ်းနည်းသုံးရလိမ့်မယ် *
* အယုတ်တမာကောင်!မင်းကိုမုန်းတယ် *
* အခုမုန်းတယ်လို့ပြောလိုက်တာလား?
မဟုတ်မှ...မောင့်ဆီက အနမ်းလိုချင်လား *
မောင်ဟာ ခပ်ရွဲ့ရွဲ့ရယ်လေပြီးတစ်လှမ်းချင်းရှေ့တိုးလာကာ ပခုံးနုနုလေးတွေအပေါ်လက်ယှက်တင်ပစ်ရင်း မျက်လုံးချင်းဆုံဖို့ကြိုးစားသည်။ထိုအခါ ဂျီမင်၏
မျက်နှာနုလေးမှာ တစ်မုဟုတ်ချင်းပင်ရဲတက်လာခဲ့ပြီး အပျက်ပျက်အယွင်းယွင်းမျက်နှာလေးဖြင့် ခေါင်းလေးကိုဆတ်ခနဲလွှဲရှာသည်။
ဝိုင်းဖန့်ဖန့်မျက်ဝန်းအိမ်ထဲမှာတော့ မျက်ရည်စတွေဟာ အပြည့်အမောက်နေရာယူထားခဲ့ပါပြီ။ဂျီမင်ရဲ့မျက်ရည်စတွေကိုမြင်ရတာလောက် ရင်နာစရာပိုကောင်းတာမောင့်မှာ
မရှိတော့ပါဘူး။ဂျီမင်ငိုမှာကို မောင်အမုန်းပဲ။
* မောင် တောင်းပန်တယ်။မောင်မှားသွားတယ်ခွင့်လွှတ်ပေး ။မင်းကိုအော်တာမဟုတ်လို့ ဝမ်းမနည်းပါနဲ့ *
ခေါင်းငုံပြီးတောင်းပန်ရမယ်ဆိုလည်း
မောင်ကတော့ ဝန်လေးနေမှာမဟုတ်ပါဘူး။ပခုံးပေါ်ကလက်တွေကို ဖြေလျော့ပေးလိုက်ပြီး ချစ်ရတဲ့ပါးမို့မို့လေးထက်က မျက်ရည်စတွေကိုဖယ်ရှားပေးဖို့ လက်လှမ်းခဲ့မိတယ်။
ဒါပေမယ့် ချစ်သူလေးကတော့ ခြေလှမ်းတွေကိုနောက်ဆုတ်ပစ်ရင်း အထိအတွေ့တွေကိုရှောင်ရှားပစ်ခဲ့တယ်လေ။ဒီအနေအထားကိုအားမလိုအားမရဖြစ်ခဲ့ရပေမယ့် ထပ်ပြီးဝမ်းနည်းအောင်မလုပ်ချင်တော့၍ ချစ်ရသူအလိုကျပဲ မောင်သာလျှင်အရင်ဆုံးလက်လျှော့ခဲ့လိုက်ပါတော့၏။
အခန်းပြင်ကိုထွက်ပေးခဲ့သည့်တိုင် ဒေါက်တာရဲ့လက်ဆွဲအိတ်ကလေးကိုတော့ အမိအရသယ်ခဲ့ရင်းပေါ့။
ကားပါကင်ခပ်လှမ်းလှမ်းမှာထိုးရပ်ထားတဲ့ မောင့်ကားဆီသွားရမယ့်အစား ဒေါက်တာ
အစွာလေးသည် မောင့်လက်ထဲကအိတ်ကိုဖြတ်ခနဲလာဆွဲလုသွားခဲ့ပြီး သူ့ကားပေါ်သို့​ခပ်လုံးလုံးလေးဖြင့် ပြေးတတ်သွားလေကာတစ်ရှိန်ထိုးမောင်ထွက်သွားခဲ့ပါသည်။
* မောင်နဲ့အတူတူပြန်ကြမယ်လေ...ဟေး
ပတ်ခ်ဂျီမင် မောင်လိုက်ပို့ပေးပါမယ်ဆို *
လမ်းလယ်ခေါင်က မောင့်ကိုဖြတ်မတိုက်ပစ်ခဲ့တာပဲ ကံကောင်းတယ်လို့မှတ်ရပါလိမ့်မယ်။အော်ချင်ရာတွေအော်ပြီး ကျန်နေခဲ့ရတဲ့မောင့်မှာသာ အရူးကြီးဖြစ်ရလို့။
မောင်ဟာလည်း တစ်စက္ကန့်တောင် အ​ကျောမပေးခဲ့ပါ။ကားပေါ်ပြေးတက်လိုက်ရင်း ပြိုင်မြိုင်းတစ်ကောင်လို ဒုန်းစိုင်းမောင်းလေကာ မျက်ခြေပျက်မခံဘဲ ထပ်ကြပ်မကွာလိုက်ပါတော့သည်။...............။
           * * * * * * * * * * * * * * * * *
ဂျီမင်နေတဲ့ ကွန်ဒို၏မြေအောက်ကားပါကင်ထိကို မောင့်ကားဟာ ထက်ကြပ်မကွာလိုက်လာခဲ့တာပါ။သူ့အပိုင်နေရာလိုမျိုး ပါကင်ကိုခပ်ကြမ်းကြမ်းထိုးလိုက်တဲ့ မောင့်ရဲ့ကားမှာ
တခန့်တငြားပင်ရှိ၏။
ဒေါက်တာလေးသည်ကတော့ လက်ဆွဲအိတ်ကို ကျစ်နေအောင်ဆွဲထားလေပြီးနောက်ကိုတောင် တစ်ချက်လှည့်ကြည့်မနေတော့ဘဲ
ဓာတ်လှေကားရှိရာဆီသို့ သုတ်ခြေတင်ပြေးသည်နှင့် မောင်ဟာလည်း ရွှေစွန်ညိုကြီးလို လက်ကားယားခြေကားယားနဲ့ပြေးလိုက်ခဲ့ပါသည်။
မောင့်ဂျီမင် ကံကောင်းတယ်ပြောရမလား?မောင်တစ်ယောက် ဓာတ်လှေကားအပြင်မှာ
ကျန်နေခဲ့ရသည်လေ။ထိုအခါမှပဲ ဂျီမင်ခမျာစိတ်အေးသွားခဲ့ရပြီး လက်သေးသေးများနှင့် ရင်ဘတ်ကိုအသာဖိလေကာ ကြည်ကြည်နူးနူးလေးပြုံးလိုက်ရှာတော့တယ်။
ဤသို့နှင့် ဓာတ်လှေကားပွင့်သွားပြီးနောက် အခန်းရှိရာကိုလျှောက်သွားလိုက်ပေမယ့်...
* မောင့်ကို ဒီလိုမျိုးထားပစ်ခဲ့လို့ရကြေးလား *
နောက်ပါးဆီက ထွက်လာတဲ့ရင်းရင်းနှီးနှီးအသံကြောင့် ခြေလှမ်းတွေမှာတုံခနဲတန့်သွားရလျှက်..၊ထပ်ပြီးမြင်လိုက်ရတဲ့မျက်နှာတစ်ခုကြောင့် နေရာမှာတင်မူးမေ့လဲချင်ရတဲ့အထိ စိတ်ရှုပ်သွားရတော့တယ်။
* မင်းဘယ်အထိ ဆက်လိုက်နေမှာလဲ *
* ဗျာ?မောင့်လမ်းကို မောင်သွားနေတာပါသေးသေးလေးရယ် သဘောထားသေးသိမ်လိုက်တာ *
* မင်းမပြန်နိုင်သေးဘူးလား ကိုယ့်အိမ်ကိုပြန်တော့လေ။ဒီလို လျှောက်လိုက်နေရအောင်မင်းမှာနေစရာမရှိတာတော့မဖြစ်နိုင်ပါဘူး *
*စွပ်စွဲလိုက်တာဗျာ မောင်နှလုံးသားလေးနာကျင်ရအောင်လို့ စိမ်းကားလွန်းတယ်ကွာ *
* ငါကောင်းကောင်းမွန်မွန်ပြောနေတုန်း
မင်းပြန်ရင်ပြန်နော် မဟုတ်ရင်ဒီတိုက်ကလုံခြုံရေးကို ငါခေါ်ပစ်မှာ *
* ဘယ်သူ့ကိုဆွဲထုတ်မလို့လည်း ဒါမောင်အိမ်လေ *
ဂျွန်ဂျောင်ကုရဲ့ မောင့်အိမ်ဆိုပြီး မျက်လုံး
ဝေ့ကစားပြမှုနောက်တွင်တော့ ဂျီမင်ခမျာ
အံအံဩဩဖြစ်ရတဲ့အထိပါပဲ။ဘယ်ကိုလာပြီး မောင့်အိမ်နေတာလဲ!အရှက်ကိုမရှိဘူး မျက်နှာပြောင်တိုက်ရဲလိုက်တာ။
* ဘာကိုမောင့်အိမ်လဲ အရှက်ကိုမရှိဘူး ဒါငါ့အိမ် *
* အာရီဂူး!အရမ်းကြွားတယ်နော်...အဲ့ဖက်က အခန်း၄၀၁က မင်းအခန်းမှန်း မောင်သိပြီးသား။မင်းအခန်းနဲ့မျက်နှာချင်းဆိုင်က
ဟော့ဒီ အခန်း၄၀၂ကမှ မောင့်အခန်း *
* ဘာ...!!ဘာပြောလိုက်တယ် အခုဘာပြောလိုက်တာလဲ မဖြစ်နိုင်တာ *
* မဖြစ်နိုင်ဘူးမလား။မောင်လည်း အခုထိ အိမ်မက်မက်နေတယ်လို့ပဲထင်နေတာ။
မင်း မောင့်ကိုကိုက်ကြည့်ပါလား..ဒါဆိုအိမ်မက် ဟုတ်မဟုတ် မောင်တို့သိသွားမယ်လေ။နေဦး... ကိုက်ရင်လည်ပင်းကိုပဲကိုက်နော်..မင်ပေးတဲ့မာကင်ရာ မောင်ရဖူးချင်လို့။နာအောင်ကိုက်လည်းရတယ်....*
ဂျိန်းးး!! ။
စကားဆုံးအောင်​ေတာင် နားထောင်မပေးတဲ့အပြင် လျို့ဝှုက်နံပါတ်ကိုအမြန်ရိုက်ထည့်လေကာ အခန်းထဲပြေးဝင်သွားသူလေးကြောင့်မောင့်မှာ ကြောင်တောင်တောင်ဖြစ်ရသည်။
* ဂျီမင်...မောင့်ကို အိမ်ထဲအလည်မခေါ်တော့ဘူးလားဟင်။အိမ်နီးနားချင်းတွေပဲကို မိတ်ဖြစ်ဆွေဖြစ် ကော်ဖီတစ်ခွက်လောက်မတိုက်ချင်ဘူးလား *
မောင့်ဂျီမင်က ချောင်းကြည့်ပေါက် မှန်ဘီလူးငယ်လေးမှတစ်ဆင့် အပြင်ကိုချောင်းကြည့်လိုက်ကာ မျက်ခုံးတွေကိုတွန့်ပစ်လိုက်သည်။
အခုထိမသွားသေးဘဲနဲ ကိုယ့်အိမ်တံခါးကိုကျောမှီထားပြီး ပေတေတေလုပ်နေပြန်တဲ့သူ့ကို အမြင်ကပ်လှပါ၏။သိပ်မုန်းဖို့ကောင်းလိုက်တာများ တစ်လောကလုံးမှာ
သူ့လောက်မုန်းချင်စရာကောင်းတဲ့လူတောင်သူ့လောက်မုန်းဖို့ကောင်းမယ်မထင်....။
x x x x x x x x x x x x x x x x x x x x x x
(ဖတ်ပေးကြသူတွေကို ကျေးဇူးတင်ရပါသည်။ )
x x x x x x x x x x x x x x x x x x x x x x
(Zawgyi)
(လူဆိုးကောင်)
လူတွေက အချစ်ကို အမျိုးမျိုးအနက်ဖွင့်ကြတယ်။တစ်ချို့က ရယူခြင်းတဲ့!တစ်ချို့ကြတော့လည်း ပေးဆပ်ခြင်းတဲ့...!ဘယ်လိုတောင် ပေါက်ကရဆန်လိုက်တဲ့ အပေါစားသတ်မှတ်ချက်တွေလဲကွာ။
ရယူခြင်းတွေ ပေးဆပ်ခြင်းတွေ လာပြောနေရအောင် လောင်းကစားလုပ်နေတာမှမဟုတ်ဘဲ။ ဦးနှောက်ကဖြုတ်ဦးနှောက်လေးတွေနဲ့ တယ်လည်းကဗျာဆန်ချင်နေကြသကိုး။ချစ်တမ်းကစားပွဲဟာ အလျော်အစားသိပ်ပြင်းလွန်းတယ် မောင့်သေးသေးလေးရဲ့။
အဆုံးရှုံးခံမလား?အပိုင်သိမ်းမလား?နှစ်ခုပဲရှိတယ်လေကွာ အဟက်...!။
အဟွန်း...၊​မင်းမချစ်လည်းမောင်က ဂရုကို
မစိုက်တာဗျာ။
ပေးဆပ်တာတွေရယူတာတွေ လုပ်နေမှာမဟုတ်ဘူး။ရွှေပြည်အေး တရားဟောပြီးလည်း မေတ္တာတွေ ကရုဏာတွေ မုဒိတာတွေ မောင်လုပ်နေမှာမဟုတ်ဘူးနော် ဇယားရှုပ်လွန်းလို့။အဲ့အစား မောင်ကမင်းကိုရအောင်ယူပြမှာ။
ဓါးပြတိုက်တယ်ဆိုတော့လည်း တိုက်တယ်ပေါ့။မောင့်အချစ်က မကြမ်းတမ်းဘူး
မဆွိလွန်းဘူး။မင်းလန့်အောင်ပဲ မောင်ချစ်ပြမှာ။ဓားပြတိုက်ပြီးပဲချစ်ရရ မင်းကိုမောင်ဓားပြတိုက်သင့်ရင်တိုက်ရလိမ့် သေးသေးလေးရယ်။
မောင် မင်းအချစ်နဲ့မင်းဘဝကိုဓားပြတိုက်ပြီးယူရတော့မယ်ပုံပဲ။ပြန်ချစ်ပေးစမ်းပါကွာ။တကယ်ပဲ ပိစိလေးတောင်ချစ်ပေးလို့
မရဘူးလား။စိတ်ပုတ်လိုက်တာဗျာ။မင်းအမြင်မှာမောင်က ချစ်ဖို့မကောင်းလို့များလားဟင်။မောင်ဆိုးလို့ပြန်မချစ်တာမလား။
အခုထိ မောင်ငြိမ်နေသေးတာက မင်းလုပ်ချင်ရာလေးတွေလုပ်ပြီး ဖြစ်ချင်ရာလေးတွေဖန်တီးပါစေဦးဆိုပြီးတော့ မောင်လက်ပိုက်ကြည့်နေခဲ့ရတာ ပတ်ခ်ဂျီမင်။
မောင့်ကို ပြန်မချစ်ကြည့် မင်းကိုခိုးပြေးပြမယ်။
ပိုပိုကမ်းမတက်လာနဲ့ မောင်ကလူကောင်းမဟုတ်တော့ မင်းဘဝနဲ့အချစ်ကိုဓားပြတိုက်မိတော့မှာ...။မောင်အချစ်ဟာ ဓားပြဆန်ပေမယ့် မင်းကိုတော့သိပ်ချစ်ရတာပါ။အရောင်စုံ မျက်နှာဖုံးစွပ်လူတွေကြားထဲကနေ မောင်ကထွေးဖက်ပေးထားချင်ရုံပါဗျာ။
မောင်ဟာ ရေချိုးပြီးခါစမို့ မှန်တင်ခုံရှေ့မှာ
ပဲများရင်းနဲ့ ကြွေးကြော်နေခဲ့တယ်။ရေစိုစိုဆံပင်တွေကြား လက်အသာထိုးရင်းဖွပြန်တယ်။မချိုမချဉ်ပြုံးလေးနဲ့ စိတ်ကူးတွေထဲရွက်လွင့်ရင်း တစ်ရွာတစ်ချီဆောက်နေလေသတဲ့။
ပတ်ခ်ဂျီမင်ကဘယ်ဆီနေမှန်းမသိဘူး မောင့်အချစ်နဲ့တည့်ပါ့မလား?လို့စိုးရိမ်နေခဲ့ရသား။
ကွယ်ရာမှာတော့ လေကြီးလေကျယ်တွေပြောတတ်လိုက်တာများ သူ့ဟာနဲ့တော့ဟုတ်နေပါရဲ့။လေကျယ်သလိုမျိုးအတည်တကျဖွင့်ပြောခဲ့မယ်ဆို အခုနေချစ်သူတွေဖြစ်နေခဲ့တာ ကြာလောက်ရောပေါ့။
မောင်ဟာလေ လေကြီးလေကျယ်သိပ်ပြောလွန်းတဲ့ မောင်လေအိုးလေးပါပင်...။
မောင့်ဒေါက်တာလေးရှေ့မှာ ကြည့်​ကောင်းနေအောင် ပြင်ပြင်ဆင်ဆင်နေဦးမှဆိုပြီး အဝတ်ဘီဒိုကြီးကို ဘန်းခနဲဖွင့်ကာအပြူး
အပြဲရှာပုံတော်ဖွင့်ပြန်ပါသည်။မောင်ကြည့်ကောင်းနေမှ မင်းကပြန်ကြိုက်မှာမလား?
အဲ့တော့မင်းရှေ့မှာ မောင်ကြည့်လို့ကောင်း
နေစေရမယ် ဟွန်းဟွန်း...!ပဲများနိုင်ဖို့ဆို မောင်လှနေဖို့လှတယ်။ဟုတ်တယ် မင်းလူကြီးထက် မောင်ပိုချောနေမှ မင်းက မောင်ရဲ့အချောအလှတွေမြင်ပြီး ပစ်ကြွေသွားမှာလေ။
သို့သော် ဘီဒိုတစ်ခုလုံးတွင် ချိတ်ထားတဲ့အင်္ကျီတွေကိုကြည့်ပြီး မောင့်မှာစိတ်တိုင်း
မကျတော့ပါ။
* wait! ဘာလို့အင်္ကျီတွေက အဖြူတွေချည်းဖြစ်နေရတာလဲ...ဒါတော့မဟုတ်သေးဘူး
တော်တော်လေးကိုလွဲနေပြီ *
စတစ်ကော်လံအဖြူတွေနဲ့ Formalရှပ်အဖြူတွေချည်းပဲ ရှိနေတာကွ။ငါဘာစိတ်ကူးနဲ့
ဒါတွေကို သယ်လာခဲ့တာလဲလို့။
ထိုအဖြူရောင်ရှပ်တွေချည်းပဲမို့ မောင်ဟာအလွန်အမင်းကိုစိတ်ရှုပ်သွားဟန်ရှိသည်။
မျက်ခုံးတန်းတွေကို လိုတာထက်ပိုကျုံ့ပစ်လေပြီး ခုတင်ပေါ်သို့ဆောင့်​ကြီးအောင့်ကြီးပစ်ထိုင်ချကာ ဖုန်းဆက်ဖို့ပြင်နေခဲ့တယ်။
အဝတ်တွေမပါလာရအောင် သူကဘယ်ကိုရောက်နေလို့လဲ?ပြောရမယ်ဆို သူမနေ့ညကမှ အိမ်အသစ်ကိုပြောင်းလာတာပါ။ရုံးတက်ဖို့
ဝတ်စုံတွေမှလွဲ ဘာတစ်ခုမသယ်လာရသေးဘူးလေ။လူတောင် ရှိနေသေးတာတောင်ကံကောင်းတယ်လို့ပြောရမယ်...၊!
တစ်ချိန်ကုန် ဒေါက်တာလေးကိုရူးနေရတာနဲ့ စားဖို့မေ့ အိပ်ဖို့မေ့ရတဲ့အထိ။ကိုယ့်ဘက်ကတော့မေတ္တာရှိကြောင်းတွေပြလိုက်ရတာ သူမှသူရူးရတဲ့အထိတွေ...မောင့်ပိစိလေးကတော့လေစိမ်းတောင်လှည့်မတိုက်ပါဘူးဗျာ။
တကယ်နေစိမ့်လွန်းတဲ့ စိမ်းကားရက်သူလေး..ဒါပေမယ့်လည်း သိပ်ချစ်ရပါတယ်။သိပ်ပြီးကိုမေတ္တာရှိလွန်းလို့ ရင်ခုန်သံတွေ ပြန်ထပ်တူကျပေးရင်သိပ်ကောင်းမှာပဲ မောင့်သေးသေးလေးရယ်။
နောက်ဆုံးတော့လည်း ပဲကြွေးရဖို့နေနေသာတွေ့ကရာ Formalရှပ်တစ်ထည်ပဲ ကောက်စွပ်လိုက်ရတော့တယ်လေ။အလိုမကျ၍ရှစ်ခေါက်ချိုးမျက်နှာကြီးကိုလည်း
စူပုတ်ထားရင်းပေါ့။
* * * * * * * * * * * * * * * * * * * * * * * *
ဒီနေ့ကနေ့မနက်ပိုင်းတွင် ဟန်ဆောင်းဆေးရုံရှိဆရာဝန်းများအားလုံးနှင့်ဆေးရုံအုပ်ကြီးမှာ သီးသန့်အစည်းအဝေးလုပ်ဖြစ်ခဲ့ကြတယ်။မည်သည့်ကျန်းမာရေးဝန်ထမ်းအကူမျှမပါခဲ့ဘဲနဲ့ ဆရာဝန်များနဲ့သာ သီးသန့်ပေါ့။
နိုင်ငံခြားက တကယ့်ပါရဂူကြီးတွေလည်း
ထိုဆွေးနွေးပွဲကို တက်ရောက်ပေးကြခဲ့၏။
စီနီယာတွေ ဂျူနီယာတွေခွဲပြီးရာထူးအလိုက်ထိုင်ခဲ့ကြရတယ်။ဒေါက်တာပတ်ခ်ကတော့
စီနီယာနမ်ဂျွန်းကျေးဇူးနဲ့ရှေ့ဆုံးတန်းမှာထိုင်ခွင့်ရခဲ့ရုံသာမက စီနီယာနမ်ဂျွန်းနဲ့ဘေးချင်းကပ်ရပ်တောင်ထိုင်ခွင့်ရခဲ့ပါသေးတယ်။
ပြန်ဖလှယ်တဲ့ညှိနှိုင်းမှုစကားဝိုင်းပဲဆိုပါတော့။စီနီယာနမ်ဂျွန်းနဲ့အတူ တွဲလုပ်နေတဲ့ပရောဂျက်၏အသေးစိတ်အချက်အလက်ကို
တင်ပြရာတွင်လည်း စီနီယာဟာသူ့အစား ဒေါက်တာပတ်ခ်ကိုပဲ စင်ပေါ်တက်စကားပြောစေခဲ့၏။
ပြောရမယ်ဆို အခွင့်အရေးပေးတဲ့ သဘောပဲပေါ့။အလားအလာကောင်းတွေများစွာရှိတဲ့ထူးချွန်ဆရာဝန်တစ်ဦးပေမို့ ရာထူးကြီးပိုင်းပုဂ္ဂိုလ်တွေနဲ့ထိတွေ့စေချင်တာ ရင်းနှီးလွယ်စေချင်မှန်း သိသိသာသာရှိလှပါတယ်။စေတနာတွေဟာ အံမခန်းဖြစ်ရတဲ့အထိပါပဲ။
ဒေါက်တာပတ်ခ်တစ်ယောက်တို့ ဒီပရောဂျက်အပေါ်တွင် သိပ်ကိုစိတ်အားထက်သန်နေသည်မှာ မျက်လုံးကြည်ကြည်လေးတွေပင် အရောင်တောက်နေခဲ့၏။သို့ပေတိ အားတတ်သရောလေးတင်ပြနေပါသောအသံလေးမှာ တိခနဲရပ်သွားခဲ့ပြီး မျက်ဝန်းများက
တော့ ခန်းမ၏နောက်ဆုံးတန်းတွင်သာ မှီတင်းလျက်။
* အာ...ဟုတ်ကဲ့။တောင်းပန်ပါတယ် *
ခပ်ရဲရဲလေးဖြစ်သွားရှာလေသည်။သူရှက်နေတာပဲ။ဘာကြောင့်ဆို မိန့်မိန့်စားစားကြီးပြုံးကြည့်ပြီး လက်ပိုက်ကာရပ်ကြည့်နေလေသူ တစ်ဦးတည်သော လူဆိုးကောင်ကြောင့်ပါပဲ။
ရေသန့်ဗူးလှယ်ပေးပြီးရင် ပြန်တော့ပေါ့။
အခုဟာက မဟုတ်သေးဘူး။မျက်နှာပူရအောင်လို့ အဲ့အရူးရဲ့လုပ်ရပ်တွေက ပိုပိုလွန်လာနေပြီ။နံရံကို ပခုံးတစ်ဖက်နဲ့မှီထားလေပြီးလက်ပိုက်ပြီးကို လူကိုလာစိုက်ကြည့်နေတာက ဘာသဘောလဲ။အရှက်ရအောင်လို့ ပြီတီတီတွေလုပ်နေပြန်ပါပြီ။
သူ့ကြောင့် စကားတွေထစ် အမှားတွေလုပ်မိနေတာကို သိသိရက်နဲ့သူပြန်ထွက်မသွားပေးဘူး။ဒီလိုဖြစ်နေတာကိုသူ့အတွက်ရယ်စရာတစ်ခုလို့ မှတ်ထားသလားပဲဟင်။
လှောင်ပြုံးကြီးနဲ့ကောင်ကို မုန်းလိုက်ရတာ။
* ဖြောင်းးး *
တင်ပြမှုဆုံးသည်နှင့်ပြန်ရလာမယ့် ရီအက်ရှင်ကို မျှော်လင့်နေမိသည့်တိုင် စီနီယာမှလွဲလို့ ဘယ်သူကမှလက်ခုပ်မတီးပေးကြပါဘူး။
အင်္ကျီလက်တွေပါပင့်ပြီး လက်ပြုတ်ကျတော့မည့်အလား တဖြောင်းဖြောင်းနဲ့ကိုလက်ခုပ်တီးပေးနေခဲ့ရင်း သူတစ်ယောက်တည်းပဲ ပြုံးဖြီးနေခဲ့ပါလိမ့်မည်။ခန်းမထဲမှဆရာဝန်တွေမှာလည်း ခပ်ကြောင်ကြောင်မျက်နှာပေးတွေနဲ့ပြိုင်တူလှည့်ကြည့်နေခဲ့ကြတာပေါ့။ထိုအထဲမှာ
စီနီယာနမ်ဂျွန်းနဲ့ဒေါက်တာပတ်ကိုယ်တိုင်ပင် ပါဝင်၏။
* ဒီအရူးကတော့ ထင်တိုင်းလာကြဲနေပြန်ပြီ...အရှက်ခွဲရမှ စားဝင်အိပ်ပျော်သလား
သေနာရဲ့ *
ဝေဖန်ဆဲဆိုပြန်သည်။သူရှက်ရပါတယ်။ဘယ်ကိုလာပြီး မဆင်မခြင်တွေလာလုပ်နေတာလဲလို့ မေးမေးပြီး ဒင်းရဲ့ငယ်ထပ်ကိုနာနာခေါက်ပစ်ချင်လိုက်တာပဲသိတော့တယ်။
အရူးကောင်...ဘာတွေလာလုပ်သွားမှန်းကို
ဒေါက်တာပတ်ခ်မှာမူ ပီတိတွေရင်မှာပိုက်ပြီး
ပဲဖြစ်ခဲ့ပါ၏။
မောင်သည် ဘယ်နှယ့်ရှိစသလဲ သဘောဖြင့် စီနီယာကိုမျက်ခုံးပင့်ပြလာကာ မခိုးမခန့်လေးပြုံးပြရှာတယ်။စီနီယာကလည်းခပ်ရွဲ့ရွဲ့ပြန်ရယ်ပြရင်းနှင့်ပေါ့။နှစ်ယောက်သားရဲ့
အကြည့်တွေဟာ ဓားပြတ်နှစ်စင်းလိုပင် စူးရှပြတ်သနေခဲ့ပြီး စိန်ခေါ်တောင်းနေကြသလိုပါပင်။
ပြီးနောက်တွင်တော့ စီနီယာသည်ဒေါက်တာပတ်ခ်အနားကို တိုးသွားခဲ့ပြီး တစ်စုံတစ်ခုကိုကပ်ပြောလိုက်သည်နှင့် ဒေါက်တာပတ်ခ်ဟာ
ရှက်ပြုံးလေးပြုံးပြီး ခေါင်းညိတ်လက်ခံခဲ့သည်လေ။
မောင်ကတော့ မင်းလူကြီးကိုနိုင်မှဖြစ်မယ်ထင်တယ်။
* * * * * * * * * * * * * * * * * * * * * * * *
ဂျူတီချိန်ပြီးသွားတာတောင် ခွဲစိတ်ခန်းထဲကမထွက်ခဲ့ရတဲ့ ဒေါက်တာပတ်ခ်ခမျာ ပင်ပန်းရလွန်းလို့ ထမင်းတောင်သွားမစားနိုင်တော့တဲ့အထိပါပဲ။ရုံးခန်းမှာထိုင်နေရတဲ့အချိန်ထက်
ခွဲခန်းဝင်နေရတဲ့အချိန်က ပိုများနေတာမဟုတ်ဘူးလား။
တစ်နေ့ကို၂၄နာရီရှိရင် ၁၄နာရီလောက်က ဓားကိုင်ပြီးခွဲစိတ်နေရတာမို့ သွေးသံရဲရဲကလိစာတွေကို မြင်ပါများပြီး ကြာတော့ထမင်းပင်မြိုမချနိုင်တော့အထိကို စိတ်တွေပင်ပန်းရပါတယ်။
တစ်ခါတစ်လေတော့ဖြင့် စိတ်ကူးပေါက်ပြီး တွေးမိသား။တစ်စုံတစ်ယောက်ရဲ့ပခုံးပေါ်မှီခိုချလိုက်ရင်း ကမ္ဘာကြီးရဲ့တစ်နေရာရာမှာ
တိတ်တဆိတ်ဖြင့်ပဲ အေးအေးချမ်းချမ်းရှင်သန်သွားချင်တဲ့အထိကို ကိုယ့်စိတ်တွေမှာအေးချမ်းမှုရချင်ပါတယ်။
အခုကတော့ ဒေါက်တာပတ်ခ်တစ်ယောက်တည်း ခေါင်းမိုးထပ်မှာ လေညှင်းခံနေခဲ့တယ်ဆိုပါတော့။လေပြည်တွေကျီစယ်ရာနောက်ကို ဆံနွယ်လေးတွေက တလွင့်လွင့်နှင့်လေ။သူ့အနားဆီတိုးကပ်လာတဲ့တစ်စုံတစ်ယောက်ရဲ့ခြေသံခပ်စိပ်စိပ်ကြောင့် မှိတ်ချထားသည့်မျက်ခွံလေးတွေမှာ တလှုပ်လှုပ်ဖြစ်ရတဲ့အထိပါပဲ။
* ဟင်! *
မျက်လုံးဖွင့်လိုက်သည်နှင့် ဦးစွာမြင်လိုက်ရတာက ခပ်အေးအေးလီမွန်တီးတစ်ခွက်ကိုပါ။ကမ်းပေးနေတဲ့သူကတော့ မည်သူမျှမဟုတ် ဂျွန်ဂျောင်ကုသာဖြစ်နေခဲ့သတဲ့။ဒေါက်တာလှလှသည်မျက်နှာထားတင်းတင်းနဲ့ပြန်မော့ကြည့်လာခဲ့ပြီး အအေးခွက်ကိုလက်မခံခဲ့။
မရွဲ့နဲ့ *
ဒီမျက်နှာရူးပြောသလို အဟုတ်ပင် ပင်ပန်း
နေရပါတယ်။ကိုယ်ဖွင့်ပြောမှ သိတာထက်အလိုက်တသိရှိတာပဲ သဘောကျလှသူမို့
ဒီတစ်တော့ဖြင့် ဒီကောင့်ရဲ့စေတနာကိုလက်ခံပေးလိုက်ပါ့မယ်။ဘာတွေကြိတ်ကြံနေသလဲမသိပေမယ့် ဒီအတိုင်းစေတနာတစ်ခုလို့ပဲ မှတ်ယူလိုက်လို့ဖြစ်တယ်မလား။
နှစ်ခါတောင်ပြောစရာမလိုလိုက်ပါ။လက်သေးသေးလေးတွေက လီမွန်တီးဗူးလေးကိုဆုပ်ကိုင်ပြီး အရသာခံသောက်နေခဲ့ပြီလေ။
ပိုက်ကိုစုပ်လိုက်တိုင်းမှာ စူထွက်လာတတ်တဲ့နှုတ်ခမ်းဖူးတွေကို နူးနူးညံညံထိတွေ့ပစ်ချင်တာပဲသိတော့တယ်ဗျာ။
မျက်နှာနုနုဥဥလေးကို တစ်ကမ္ဘာလို့မှတ်ယူထားပုံနှင့် အမြတ်တနိုးငေးကြည့်နေခဲ့၏။
ပြီးနောက်တွင်တော့ သူ့လက်တွေဟာအငြိမ်မနေစွာဖြင့်ဒေါက်တာလှလှလေးရဲ့ ဂုတ်ပိုးကိုထိတွေ့လာခဲ့သည်။
ရုတ်ချည်းဆန်ဆန်ထိတွေ့ခံလိုက်ရတာကြောင့် မည်မျှထိ ထိတ်လန့်သွားရမလဲ
ပြောမနေပါနဲ့တော့!ကိုယ်ငယ်လေးမှာ ဆတ်ခနဲတုန်ရတဲ့အထိပင်။ဂုတ်ပိုးပေါ်က လက်တွေကြားမှနေ တိမ်းရှောင်ပစ်ပြီးထိုင်နေရာမှထရပ်လိုက်ပါတော့သည်။
* မလိုပါဘူး *
မျက်ဝန်းအိမ်ကျဉ်းကျဉ်းလေးရဲ့အမုန်းမျက်ဝန်းတွေဟာ ကိုယ်ထံသို့ ကျရောက်နေလျက်။အံကလေးကိုကြိတ်ပြီး နာနာကျဉ်းကျဉ်းနဲ့ကိုစိုက်ကြည့်နေခဲ့၏။
* အင်း မောင်ကလူညစ်ပတ် မကောင်းတဲ့ကောင် ကျေနပ်ပြီလား *
ဖျစ်ညှစ်နေပြီးတော့ ဒီမှာလည်ပင်းကျိုးရတော့မယ် *
ဇိမ်ခံတာလည်းမပြတ်ချင်ရှာတဲ့ ဒေါက်တာကိုကြီးကျယ်လေးကြောင့် မောင့်မှာခပ်ဟဟပဲ ရယ်ချလိုက်မိတော့၏။
ရင်ထဲမှာ ဖွတ်ထားပစ်ချင်တဲ့အထိ မောင့်ရဲ့ချစ်သူလေးဟာ သဘောတကျ ချစ်စရာလေးပဲကွာ။မောင်တော့ မင်းကြောင့်နဲ့ရူးနေပါပြီ။
မင်းကတော့ မလိုချင်လည်း တစ်ဝက်လောက်တော့ ကူသယ်ပေးဦးမှပေါ့။ဒီအချစ်တွေကို မောင်ထမ်းထားရတာ သိပ်လေးလွန်းနေပြီမို့ မင်းကတော့ကူသယ်ပေးလို့ မရဘူးလားဟင်။မောင့်ကို ပြန်ငဲ့ကြည့်ပေးစမ်းပါဦးဗျာ...။မင်းကိုမြတ်နိုးမိတဲ့ မောင့်အချစ်တွေ မေတ္တာတွေမှ ဒီရင်နဲ့မဆန့်မပြဲပဲ။
မထင်မှတ်ခဲ့။
ပင်ပန်းလွန်းလို့ နားအေးပါးအေးတစ်ယောက်တည်းလာထိုင်နေပါတယ်ဆိုမှ အရေးမရအဖက်တွေလာပြောနေပြန်ပါပြီ။
နှုတ်ခမ်းဖူးဖူးလေးခမျာ ချက်ချင်းပင်စူတက်လာခဲ့ပြီး မျက်ခုံးလေးတွေကိုပါ တွန့်ရှာသေး၏။
* နားငြီးလိုက်တာ မင်းဘာတွေပြောနေတာလဲဟမ်...ဘယ်လိုဖြစ်နေတာလဲလို့ *
နားနားကိုကပ်ပြီးပြောလာတဲ့စကားကြောင့် ကြက်သီးပင်ထရတဲ့အထိ။ချွဲပျစ်အီဆင်းနေတဲ့လေသံဟာ လူကို ပိုပြီးရင်တုန်စေရပါတယ်။ဘာတွေကြံစည်ဖို့ကြိုးစားနေသလဲ
မသိပေမယ့် ဒီလိုအနေအထားကြီးကိုတော့
တကယ်မကြိုက်လှပါဘူး။ပိုးစိုးပက်စက်ကောလ်လွှတ်မှကို ဖြစ်တော့မှာ။
အပြီအပြင်ကောလ်ပစ်မယ်ဆိုပြီး သူရှိရာဘက်ကို မျက်နှာအလှည့်တွင် အရမ်းကပ်ထားတဲ့မျက်နှာအနေအထားကြောင့်
နှစ်ယောက်သားမှာ နှာခေါင်းချင်းပင်ခလုတ်တိုက်ခဲ့ရပါပြီ။ဒေါက်တာပတ်ခ်ခမျာ ရှက်ရွံ
ရလွန်းလို့ မျက်နှာလေးဆို နီခနဲရဲခဲနဲ...။
* ဘာလို့ အရမ်းကပ်နေတာလဲ ဟိုဘက်တိုးလေ *
* အရှက်ကိုမရှိဘူး!ရိသဲ့သဲ့စကားတွေထပ်ပြောကြည့် မင်းကိုပိုမုန်းမိတော့မယ် *
စိတ်ဆိုးမိတယ်သိလား။
* ပြွတ်စ်...*
* မင်းဘာလုပ်တာလဲ မဆင်မခြင်ငါ့အသားကိုလာမထိနဲ့နော် *
အရှက်သည်းစွာ မျက်နှာလေးရဲရဲနဲ့မောင့်မျက်ဝန်းတွေကိုရင်မဆိုင်နိုင်ခဲ့ပြန်။မောင်ဟာလည်း မခေလှသူမို့ နူးနူးညံညံလေးကိုမျက်တောင်မခတ်တမ်းကြည့်မိရင်း အလွတ်စွဲရသည်အထိ ပုံရိပ်လေးကိုမှတ်တမ်းယူနေခဲ့ပုံဖြင့်။
မောင်မကျူးကျော်ရ!ဆိုပြီး ဆိုင်းဘုတ်ကပ်ထားတဲ့ မင်းနှုတ်ခမ်းလွှာနုနုကိုသာ မောင်ထိတွေ့ပစ်မယ်ဆို မင်းရှက်လွန်းလို့ တစ်ကိုယ်လုံးနီစွေးနေမလားပဲနော်။
ချစ်လိုက်ရတာ မောင့်အသက်ကလေးရယ်။သိပ်ချစ်နေပြီဗျာ...။
* မင်းပြန်တော့! *
* မောင့်ကိုမနှင်ပါနဲ့ *
* မနှင်ဘူး မနှင်ဘူး!တစ်ယောက်တည်းနေခဲ့ *
ဒေါက်တာလှလှဟာထပ်ပြီး ထွက်ပြေးဖို့ကြံရွယ်ပြန်သည်။မောင်ဘက်ကတော့ အလွတ်ပေးမယ့်ပုံမရှိပါဘူး။အလှလေးနည်းတူ သူပါမျက်ခုံးတွေကို ကျုံ့ထားရှာပြီး စိတ်ရှုပ်နေရသည့်ဟန်ပန်နဲ့ တကယ့်ကိုအဆန်းတကြယ်တွေပါလေ။
* နေပါဦး ဘာဖြစ်လို့လောရတာလဲဟင်
* မနှောက်ယှက်လို့မရဘူးလား မင်းဒီလိုဆက်လုပ်နေမယ်ဆို ဒီဆေးရုံကနေ ငါထွက်သွားရလိမ့်မယ်နော် ဂျွန်ဂျောင်ကု *
အိုကေ *
* မအိုကေဘူး !ရှက်လို့ပါကွာ ငါ့ကွယ်ရာ
ငါ့အတင်းပြောကြမှာကို အရှက်ဆုံးပဲ *
ဒီဆေးရုံပရဝုဏ်အတွင်းမှာဆို ကျွန်တော်ဟာ နာမည်တစ်လုံးနဲ့ရပ်တည်နေရတဲ့လူ။အများက လေးစားအားကျရတဲ့ဆရာဝန်တစ်ယောက်ဖြစ်ပါလျက်နဲ့ ဒီကောင်ကြောင့်ပဲအရှက်တွေရခဲ့ရတာ ခဏခဏရှိနေပြီလေ။
* ဘာကိုအမှန်လဲ မင်းနဲ့ငါကဘာဆိုင်တာကြလို့ အနေသာကြီးကိုဝေးဝေးမှာနေလိုက်တော့လေ *
* ဆိုင်တယ်လေ မောင်နဲ့မင်းက ချစ်သူတွေပါဗျာ... သိပ်ဆိုင်တာပေါ့ *
* ငါမင်းကိုချစ်တယ်လို့ တစ်ခါလေးတောင်မပြောဖူးဘူးနော် မျက်နှာပြောင်လာတိုက်နေတာကိုရပ်တန်းကရပ်လိုက်တော့ *
လူယုတ်မာရုပ်နဲ့ ပြီတီတီလာရယ်ပြနေတာကို ငါမုန်းလိုက်တာ။လူကိုအနိုင်ကျင့်လို့ရနေတယ်ဆိုပြီး ပိုပိုအသားယူလာတဲ့အယုတ်တမာကောင်ကို မုန်းရလွန်းလို့ ဒီတစ်သက်အမုန်းတွေပျက်ပြယ်ပါ့မလားပဲ။
တွေ့လား စကားပြောတာကိုက တင်တင်စီးစီးနဲ့!လူကိုတကယ်ချစ်တာမဟုတ်ပါဘူး။သူ့အတ္တတွေအတွက် အနိုင်လိုချင်လို့ ပါးစပ်အရသာခံပြောနေတာကို ငါကကြွေပေးရမယ်တဲ့လား...ဟာသတွေ။
ရှက်ရွံစွာဖြင့် အော်ထုတ်ပေးမိတယ်။မျက်နှာလေးကို မော်ချီပစ်ရင်း ပိုင်ရှင်ကင်းမဲ့ကြောင်း
သူပြန်ပြောခဲ့မိတယ်။
* တဏှာရူးကြီး...မင်းကတော်တော်လေးကို နှာထလွန်နေတဲ့ တဏှာကောင်ပဲ *
* အီး ကြက်သီးတောင်ထတယ် ငါ့အနား
မလာနဲ့နော် ဝေးဝေးသွားနှာဗူး *
အနားကပ်လာတဲ့မောင့်ကို တွန်းထုတ်ပစ်သည်။မာနအကျခံပြီးထွက်တော့မပြေးပါဘူး။ကြောက်နေရင်တောင် ကြောက်နေပါတယ်လို့ဘယ်တော့မှ ထုတ်ပြမှာမဟုတ်လို့
မျက်ဝန်းကျဉ်းလေးတွေနဲ့မော့ကြည့်လာခဲ့ပြီး
အကြည့်ချင်းစုံလိုက်ပုံမှာ စိန်ခေါ်တောင်းနေသယောင်ယောင်။
ထိုနှစ်ယောက်မှာ ရန်ဖြစ်နေတာနဲ့မတူတော့ပါဘူး။အချစ်ချင်းပြိုင် ဘယ်သူနိုင်ကျီစယ်နေကြသလားလို့ပါ။မျက်နှာထားတင်းတင်းလေးနဲ့ မောင့်ရင်အုပ်ကျယ်ကျယ်တွေကို ရိုက်ပုတ်လိုက်သေးတာ​လေ။မောင်ကတော့ သဘောတွေကျပြီးရင်း ကျခဲ့ရင်း ခပ်ပြုံးပြုံးမျက်နှာပေးတစ်ခုနဲ့။
ပြီးနောက်မှာတော့ မောင်ဟာမထင်မှတ်ထားတာတစ်ခုကို လှစ်ခနဲပြုမူခဲ့လိုက်ပါသည်။အဲ့ဒါသည်ကတော့ ဒေါက်တာလေး၏ခါးသိမ်သိမ်လေးကို ဆွဲဖက်ပစ်လိုက်တာပါပဲ။
ပြီးကာမှ တစ်ဆတ်တည်းဆိုသလိုသူ့ခေါင်းကိုပါ ရင်ခွင်သေးသေးထဲအပ်ပစ်လိုက်သည်လေ။ရင်ခွင်သေးသေးလေးထဲခေါင်းမှီထားလေကာ မရမကတိုးဝင်ရင်း ချွဲနေခဲ့ပါသည်။
* ဘာ ဘာလုပ်တာလဲ *
* ပွတ်ပေး *
* ဘာကိုပွတ်ပေးရမှာတုန်း မယုတ်ကမ်းနဲ့နော် *
* ရူးသွားပြီလား *
* အင်းရူးနေပြီ မင်းလက်ကလေးရဲ့ယုယမှုကို မောင်ခံစားချင်လွန်းလို့ ပွတ်ပေးစမ်းပါကွာ လိမ္မာပါတယ် *
ထုံပေပေလေးငြိမ်နေသည့်ဒေါက်တာ၏လက်လှလှလေးတစ်ဖက်ကို
ပြသနာရှာရလိမ့်မယ် *
* မင်းကတိမင်းတည်ပေးမှာလား *
သူ့စကားကြောင့် ဒေါက်တာလှလှရဲ့မျက်ခုံးလေးတစ်ဖက်မှာ ပင့်တက်သွားခဲ့ရပြီး ဟုတ်မှဟုတ်ရဲ့လားလို့ ပြန်ငုံ့ကြည့်ရှာတယ်လေ။
ဒီမျက်နှာရူးက ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တာကို သူသာလျှင်အသိဆုံးမို့ မြန်မြန်ပြန်အေးရော သဘောနှင့်လက်ခံလိုက်ရတော့၏။
* မောင့်အချစ်က လိမ္မာရဲ့သားနဲ့ကွာ မောင့်အပေါ်ဆို နည်းနည်းဖြစ်ဖြစ်ဂျစ်တိုက်လိုက်ရမှ *
ဒါနဲ့တောင် တစ်ဇွတ်ထိုးဆန်နေမိတုန်းဟာ ဘာကြောင့်များလဲ မောင့်ဂျီမင်?မင်းတွေးကြည့်စမ်းပါလား။မောင် မင်းကိုသိပ်ချစ်လို့လေ။
မောင့်စကားကြောင့်ဆံနွယ်ပျော့ပျော့လေးတွေထဲ တိုးဝင်နေမိတဲ့လက်ချောင်းလေးတွေမှာ တန့်သွားခဲ့ပြန်၏။
* သဘောကျနေတယ်မလား ဘာလို့ရပ်လိုက်တာလဲ ပွတ်ပေးဦးလေ *
* စိတ်ကူးယဉ်နေမယ့်အစား ဂိုဏ်းခေါင်းဆောင်ဖြစ်ဖြစ် ကြေးစားဖိုက်တာပဲဖြစ်ဖြစ်သွားလုပ်နေလိုက်တော့ ဟုတ်ပြီလား *
* မလုပ်ချင်ဘူး မောင်ကမင်းရဲ့ကလေးလေးပဲလုပ်ချင်တာပါဆို *
* အရူး ! *
* * * * * * * * * * * * * * * * * * * * * * * *
သို့သော် အေးချမ်းမှုတွေသည်ကြာကြာမခံတဲ့ပုံပါပဲ။လှေကားတွေပေါ်သို့ ခြေလှမ်းကြီးများနှင့်တက်လာပါသော ဂျွန်ဂျောင်ကုကိုမြင်လိုက်ရရုံရှိသေး ဒေါက်တာပတ်ခ်ခမျာအပျက်ပျက်အယွင်းယွင်းမျက်နှာလေးနှင့်။
ဒီကောင့်ကို ကျွန်တော်ကြောက်ပါတယ်။ကြောက်ပါတယ်ဆိုမှ အစွယ်ဖြဲပြနေတာတဲ့တူမနေဘူးလား။အေးအေးဆေးဆေးနေဖို့ကိုမရဘူး တစ်ချိန်ကုန်လိုက်ရှုပ်နေတော့တာ။
စင်္ကြလမ်း၏တည့်တည့်မှာ ငူငူငေါင်ငေါင်ပဲရပ်နေခဲ့မိပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းပင်
ဒေါက်တာရဲ့ခြေထောက်လေးများဟာဆိုရင်ဖြင့် ကြမ်းပြင်မှာခုန်စွခုန်စွဖြစ်ရတဲ့အထိကို သတိလက်လွတ်ခဲ့ရလေသည်။
ယင်းနောက်တွင်တော့ ဒေါက်တာပတ်ခ်သည်
တစ်ဖက်ခြမ်းက ကော်ရစ်တာအချိုးနောက်သို့ အမြန်ပင်ပြေးပုန်းလိုက်ရပြီး
အသပ်ပင်မရှုရဲခဲ့ပါ။တရွေ့ရွေ့ခြင်းနီးကပ်လာသော ခြေသံတရှပ်ရှပ်ကြောင့် ရသမျှသောတရားစာတွေကိုရွတ်လိုက်ရပြီး
မျက်လုံးကြီးကိုစုံမှိတ်ထားလိုက်ရပါသည်။
* မဟုတ်သေးပါဘူး ခုဏကလေးတင်
မြင်လိုက်သေးတာကို ငါမျက်စိမှားတာများလား *
* ဟုတ်မှာပေါ့...ရှင်မျက်လုံး တိမ်စွဲချင်နေပြီထင်တယ် မပေါ့ဆနဲ့နော် ဆရာဝန်နဲ့သေချာပြပြီးကုသဦး *
* ခင်ဗျားတို့ပဲ တိမ်စွဲ!ကျွန်တော်တော့ မကုတော့ဘူး ...ကျွန်တော့်အစား နေရတာတကာလျှာရှည်လွန်းတဲ့ခင်ဗျားတို့သာ ခံတွင်းဆရာဝန်နဲ့ပြသင့်နေပြီလို့မထင်ဘူးလား *
မောင်ရဲ့သည်းသည်းလှုပ်မှုတွေကိုသူနာပြုဆရာမတွေပါ အမြင်ကပ်ရတဲ့အထိကို သူရုပ်ပျက်လွန်းနေခဲ့တာပါ။
အားတိုင်းယားတိုင်း သူတို့ဒေါက်တာဆီလာလာပြီးဖွန်ကြောင်နေတာကို ကြည့်မရတော့လို့ဘုတောလွှတ်မိပေမယ့် ဟိုကသူတို့ကိုပြန်စွာသွားခဲ့တယ်လေ။ဆရာမတွေခမျာ ရန်လုပ်ခံလိုက်ရတာကို အံအားတွေသင့်ပြီး
ပါးစပ်အဟောင်းနဲ့ ငေးကျန်ခဲ့ရတဲ့အဖြစ်တွေပေါ့။
တဖိဖိဖြင့် ပုန်းနေရာမှာထွက်လာနိုင်ခဲ့ပြီလေ။
ဆရာမတွေပါမချန် အကုန်လုံးကိုပတ်စွာခဲ့ပြီးထွက်သွားခဲ့သူမှာတော့ လေလေးတချွန်ချွန်နဲ့ လက်ထဲမှာလည်း ကျူလစ်ဝါလေးတစ်ခတ်ကိုကိုင်ထားသေးတာပေါ့။
အဲ့ကျူလစ်ကို ဘယ်သူပေးနေသလဲမသိချင်တော့ပါဘူး။လမ်းကြုံပေးလိုက်တာချည်းအကြောင်းပြကာ ကိုယ့်ရုံးခန်းထဲကိုဝင်ဝင်ချလာတတ်တာများ တစ်ခါနှစ်ခါတည်းမှမကတော့ဘဲ။အချိန်ကိုမှန်လို့။
ကြာတော့တစ်ကယ်စိတ်ညစ်ရတယ်လေ။
* * * * * * * * * * * * * * * * * * * * * * * *
ညတောင်တော်တော်နက်နေပြီကို ဟိုအရူးပြန်သွားလောက်ပြီမလား။ပြန်သွားပြီထင်တယ် ဒီအချိန်ထိစောင့်နေရအောင် သူကအရူးမှမဟုတ်ဘဲ။အာရီဂူး!ငါ့ဘဝကလည်း
နေ့ချင်းညချင်းကို ဝရမ်းပြေးဘဝရောက်သွားရတာတဲ့လား။
ဂျွန်ဂျောင်ကု ရန်ကိုကြောက်လွန်းလို့ ဂျူတီချိန်ပြီးသွားတာတောင် မပြန်သေးဘဲနဲ့ရုံးခန်းဆက်ထိုက်ပေးနေရတာပဲကြည့်။အဲ့လောက်ထိကိုကြောက်ဖို့ကောင်းတဲ့ကောင်မို့ ငါသေလောက်အောင် ရင်တုန်ရပါတယ်။
ဆေးရုံမှာ ညပိုင်းတာဝန်ကျသူတွေမှလွဲအားလုံးဟာရုံးဆင်းကုန်ပြီမို့လို့ တိတ်ဆိတ်သင့်သလောက်တော့တိတ်ဆိတ်နေပါပြီ။လိုက်ကာအပြာရောင်လေးကိုလှပ်၍အပြင်ကိုချောင်းကြည့်ရှာ၏။ဓားပြကောင်ရဲ့ကား
မရှိတော့တာ သေချာမှပဲရုံးဆင်းဖို့ပြင်နိုင်တော့တယ်။
မျက်နှာလေးက ရွှင်ရွှင်ပပလေးဖြင့်အိမ်ပြန်ဖို့ခြေလှမ်းတွေမှာ တက်ကြွနေခဲ့ပြီဆိုပါတော့။လက်ဆွဲအိတ်လေးထဲ သက်ဆိုင်ရာပစ္စည်းတွေပစ်ထည့်ရင်း သိမ်းနေတုန်းရှိသေး သူ့အိတ်ကလေးမှာ တစ်စုံတစ်ယောက်ရဲ့ဆွဲလုခြင်းကိုခံလိုက်ရတော့သည်။
ပြေးမကြည့်နဲ့ ဂျွန်ဂျောင်ကုအပြင်ဘယ်သူမှမဟုတ်ဘူး။ငါ့ကို စိတ်ဒုက္ခပေးဖို့နဲ့နှောက်ယှက်ဖို့ လူဖြစ်လာသလားပဲ...ဟူး။
တံခါးကိုခပ်ကြမ်းကြမ်းဖွင့်ဝင်လာခဲ့ပြီး
ဘာမပြောညာမပြောနဲ့ လုပ်ချင်ရာတွေလျှောက်လုပ်နေခဲ့ပြန်တယ်။စားပွဲပေါ်တွင်
ရှိရှိသမျှသောပစ္စည်းအားလုံးကို အကြမ်းပတမ်းပင်အိတ်ထဲထိုးထည့်ပစ်လိုက်ပုံမှာ တကယ့်ကိုအလျင်စလိုနိုင်နေပုံနှင့်။
ဒေါက်တာပတ်ခ်ခမျာ အံအံဩဩမျက်နှာလေးနဲ့ သတိမှကပ်သေးရဲ့လားမသိ။လူဆိုးကောင်လက်ထဲပါသွားသော သူ့လက်ဆွဲအိတ်ကလေးကို မရမလိုက်ပြန်လိုက်လုရင်း စိတ်လွတ်လက်လွတ်အော်ထုတ်ပစ်လာခဲ့သည်။
စိတ်ဆိုးခြင်းဆိုး ငါကဆိုးရမှာမဟုတ်ဘူးလား။လူကို သူ့အပိုင်လေးလိုမျိုးထိကပါးရိ့ကပါးပြောတဲ့ဒဏ်ကိုကြိတ်မှိတ်ခံနေရတာမှ
ကိုယ်ချင်းမစာမနာ သူ့မို့အဲ့အပေါက်ကြီးကပြောထွက်ရဲသေးတယ်နော်။
လူကြားထဲလည်းလူကြားထဲတစ်မျိုး
လူကွယ်ရာလည်းလူကွယ်လည်းတစ်မျိုး နှောက်ယှက်ခံနေရတာက ငါမဟုတ်ဘဲ သူဖြစ်နေတာများလား။အဲ့လိုတွေပြောထွက်တတ်တဲ့ပါးစပ်ကို အပ်ချည်နဲ့နာနာထိုးချုပ်ပစ်ချင်တဲ့အထိပဲ ဟွင်း!။
ငြိမ်ငြိမ်သက်သက်ရုံးခန်းလေးကို လေပွေမွှေ့နေသလိုမျိုး သူ့စိတ်ကြိုက် ကြမ်းရမ်းပစ်ဖို့အထိ မောင်ဟာအားတင်လာခဲ့ပါတယ်။ဒေါက်တာလှလှလေးကတော့ ထောင့်တစ်နေရာတွင်ကပ်ရပ်နေခဲ့ရှာပြီး ကိုယ်လုံးလေးကိုဖွတ်ထားခဲ့တယ်လေ။
အတော်လေးကို လန့်သွားခဲ့မှာပဲ။ဂျွန်ဂျောင်ကုရဲ့ အကြမ်းအရမ်းတွေနဲ့အစိမ်းသက်သက်ကြီးမဟုတ်သော်ငြားလည်းပဲ ဒီလိုမျိုးထိတော့တိုက်ရိုက်ကြီးမကြုံဖူးပါဘူး။ပြီးတော့ ဒီနောက်ပိုင်းတွင် ဂျောင်ကုဟာသူ့အပေါ်ဆို ဖူးဖူးမှုတ်မတတ်သည်းလွန်းနေခဲ့တာမဟုတ်ဘူးလား။
အသံလုံအခန်းဖြစ်နေလို့သာပေါ့ မဟုတ်ရင်ဒေါက်တာပတ်ခ်တို့ မနက်ဖြန်အတင်းတုတ်ခြင်း ခေါင်းစီးပိုင်းမှာထိပ်ဆုံးကပါလာမှာသေချာပါတယ်။
* ဂျွန်​ဂျောင်ကု!အဲ့လိုအတင်းအကြပ်လုပ်တာကို ငါအမုန်းဆုံးပဲ *
* အဟက်...!မောင့်ကိုစိန်ခေါ်လိုက်တာလား
ရတယ်လေ အချစ်တွေပေးတုန်းမှာ ပြန်မချစ်ရင်! မောင်ကတော့ မင်းအချစ်ကိုဓားပြတိုက်ယူသင့် ယူရမှာပဲ။ဆက်ပြီးမူနေဦးမယ်ဆို
* အယုတ်တမာကောင်!မုန်းလိုက်တာ *
မဟုတ်မှ...မောင့်ဆီက အနမ်းလိုချင်လို့ ဉာဏ်ဆင်လိုက်တာများလား *
မောင်ဟာ ခပ်ရွဲ့ရွဲ့ရယ်လေပြီးတစ်လှမ်းချင်းရှေ့တိုးလာကာ ပခုံးနုနုလေးတွေအပေါ်လက်ယှက်တင်ပစ်ရင်း မျက်လုံးချင်းဆုံဖို့ကြိုးစားပြန်လေသည်။ထိုအခါ ဂျီမင်၏
မရှိတော့ပါဘူး။ဂျီမင်ငိုတာကို သူအမုန်းပဲ။
အစွာလေးသည် မောင့်လက်ထဲကအိတ်ကိုဖြတ်ခနဲလာဆွဲလုသွားခဲ့ပြီး သူ့ကားပေါ်သို့​ခပ်လုံးလုံးလေးဖြင့် ပြေးတတ်သွားလေကာတစ်ရှိနထိုးမောင်ထွက်သွားခဲ့ပါသည်။
တခန့်တငြားပင်ရှိ၏။
ဓာတ်လှေကားရှိရာဆီသို့ သုတ်ခြေတင်ပြေးရှာပါတော့သည်။
ဒါကိုမြင်သည်နှင့် မောင်ဟာလည်း ရွှေစွန်ညိုကြီးလိုပင် လက်ကားယားခြေကားယားနဲ့ကို ပြေးလိုက်ခဲ့ပါ၏။ကံကောင်းတယ်ပဲပြောရမလား မောင်တစ်ယောက်ဓာတ်လှေကားအပြင်မှာကျန်ခဲ့ရပြီ မဟုတ်ဘူးလား။
ထိုအခါမှပဲ ဂျီမင်ခမျာစိတ်အေးသွားခဲ့ရပြီး လက်သေးသေးများနှင့် ရင်ဘတ်ကိုအသာဖိလေကာ ကြည်ကြည်နူးနူးလေးပြုံးလိုက်ရှာတော့တယ်လေ။တောင်ခနဲ ပွင့်သွားတဲ့ဓာတ်လှေကားကြောင့် သက်ပြင်းထပ်ချလိုက်ရင်း
အခန်းရှိရာဆီသို့ ခြေလှမ်းတွေကိုဦးတည်လိုက်တော့၏။
နောက်ပါးဆီက ထွက်လာတဲ့ရင်းရင်းနှီးနှီးအသံကြောင့် ခြေလှမ်းတွေမှာတုံခနဲတန့်သွားရပြီး ခေါင်းလေးကိုဆတ်ခနဲလှည့်ပစ်ရှာတယ်။ထိုအခါတွင်မူ မြင်လိုက်ရတဲ့မျက်နှာတစ်ခုကြောင့် ဒေါက်တာလေးခမျာတစ္ဆေသရဲမြင်ရသလိုမျိုး မူးမေ့လဲချင်ရတဲ့အထိ
စိတ်ရှုပ်သွားရတာတော့အမှန်ပဲ။
ဘယ်အထိလိုက်နှောက်နေဦးမှာလဲ?ဒါတော့ တော်တော်လေးကို တရားလွန်လွန်းအားကြီးသွားပြီ။နှောက်ယှက်မယ်ဆိုလဲ limitတစ်ခုလောက်အထိပဲ နှောက်ယှက်မှပေါ့။အခုဟာကဘယ်လိုမှကိုသည်းမခံပေးနိုင်တော့ပါဘူး။
ကြောက်တယ်ဆိုတာမှန်ပေမယ့် နေရာတိုင်းတော့ ကြောက်ပေးနေမှာမဟုတ်ဘူး။ယောကျာ်းချင်းပဲ မင်းတောင်အစွယ်ထုတ်ပြရဲရင် ငါကဘာလို့အစွယ်သိမ်းထားရဦးမလဲ။
အောင်မာ!သူကများ တစ်ပြန်တစ်စီးပြောရတယ်ရှိသေး။အခုဘယ်သူက ဘယ်သူ့ကိုသဘောထားသေးသိမ်တယ်လို့ ပြောလိုက်တာလဲ။ဒါပေါ့ သူခိုးက လူပြန်ဟစ်တယ်ဆိုတာ ဒီကောင့်ကိုပြောတာလေ။
* မင်းမပြန်နိုင်သေးဘူးလား ကိုယ့်အိမ်ကိုပြန်လေ မင်းမှာနေစရာမရှိတာတော့မဖြစ်နိုင်ပါဘူး မင်းဘာတွေကြံစည်နေတာလဲဟမ် *
* ငါကောင်းကောင်းမွန်မွန်ပြောနေတုန်းမှာ မင်းပြန်ရင်ပြန်နော် မဟုတ်ရင်ဒီတိုက်က လုံခြုံရေးကို ငါခေါ်ရလိမ့်မယ် *
* အာရီဂူး!အရမ်းကြွားတယ်နော်...အဲ့ဖက်က အခန်း၄၀၁က မင်းအခန်းမှန်း မောင်သိပြီးသား ...မင်းအခန်းနဲ့မျက်နှာချင်းဆိုင်က
ဟော့ဒီ အခန်း၄၀၂ကမှ မောင့်အခန်းဟုတ်ပြီလား *
* ဘာ...!!ဘာပြောလိုက်တယ် အခုဘာပြောလိုက်တာလဲလို့ မဖြစ်နိုင်တာ *
* မဖြစ်နိုင်ဘူးမလား။ပထမက မောင်ကိုယ်တိုင်တောင် အိမ်မက်မက်နေတာလားလို့ထင်ခဲ့မိသေးတာ မောင့်သေးသေးလေးရဲ့။မင်းကို စိတ်မချတာနဲ့ပဲမောင်စုံစမ်းကြည့်လောက်တော့ မင်းနဲ့မျက်နှာချင်းဆိုင်အခန်းက ပွဲစားအပ်ထားတာကို မောင်သိခဲ့ရတယ်လေ...ဒါနဲ့ပဲ အပြီးငွေချေပြီး မရရအောင်ဝယ်ခဲ့မိတယ်ဆိုပါတော့ဗျာ။မောင်တို့နှစ်ယောက်ကဖူးစာပါပုံပဲသိလား။မင်းနဲ့နီးဖို့အခွင့်အရေးကို မောင်အချီကြီးရလိုက်တာပဲကြည့်တော့ *
" ဂျိန်းးး!! "
စကားဆုံးအောင်နားထောင်ပေးမနေတော့ဘဲ
လျို့ဝှုက်နံပါတ်ကိုအမြန်ရိုက်ထည့်လေကာ အခန်းထဲပြေးဝင်လိုက်ရတော့သည်။ရင်တုန်ရလွန်းလို့ နှလုံးရောဂါပင် ရတော့မလားမသိပါဘူး။တဒိတ်ဒိတ်အခုန်မြန်နေပါသော ဝဲဘက်ရင်အုံတစ်နေရာကို အသာဖိလိုက်ရင်းစိတ်ငြိမ်ဖို့ အတော်အသင့်ကြိုးစားယူရမယ်ထင်တယ်။
သူ့လောက်မုန်းချင်စရာကောင်းတဲ့လူတောင်သူ့လောက်မုန်းဖို့ကောင်းမယ်ထင်....။
ဒီကြားထဲမရေးဖြစ်တဲ့ရက်တွေမှာ နည်းနည်းဟသွားတော့ ပလော့ကသိပ်အဆင်မပြေဖြစ်သွားရင် နားလည်ပေးပါနော်။ဒီစာရေးသူကအားနာရပါတယ်။See you next part👀
ထပ်ပြီးမကြာစေရတော့ပါဘူး။ )
Fortsæt med at læse
You'll Also Like
574K 20.8K 96
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
5K 544 9
ကျွန်တော်သာအရိပ်လေးဖြစ်ခဲ့ရင်သံသရာအဆက်ဆက်Jiminနောက်ကိုဇွတ်လိုက်နေမိအုံးမှာ Start Date~ Jan20 End Date~???
37.3K 2.4K 9
လေပြည်လေးတစ်ချက်တိုးဝေ့ခိုက် ကိုယ်အသက်ရှူသံတွေ ဆိတ်ငြိမ်သွားတဲ့အချိန်ထိ ကိုယ့်မှာ မင်းမှ မင်းပါဘဲ သားငယ် ..... လပွေညျလေးတဈခကြျတိုးဝေ့ခိုကျ ကိုယျအသကျရ...
770K 17.4K 46
In wich a one night stand turns out to be a lot more than that.