ကမ္ဘာတည်သ၍ (JakeHoon) / ကမ႓ာ...

By KangLauren03

834 76 8

Unicode "ကိုယ်မင်းကိုနှစ်ပေါင်းများစွာစောင့်နေခဲ့ရတာ။ ကိုယ်စောင့်နေခဲ့တဲ့သူက မင်းပဲဆိုတာသေချာတယ်။" -SungHoon ... More

Author's Note
part-1
Part-2
part-3
part-4
To My Readers 🥺

part-5

21 2 0
By KangLauren03

^ A.N - Zaw gyi font အဆင်မပြေတာမို့ ဒီအပိုင်းကစလို့ နောက်အပိုင်းတွေကျ ရင် Zaw gyi font မထည့်တော့ပါဘူးရှင့် ^

JaeYun တစ်ယောက် Sunoo နဲ့ဖုန်းပြောပြီးခဏအကြာမှာအိပ်ပျော်သွားတော့သည်။

အိပ်ပျော်ပြီးသိပ်မကြာလိုက် စိတ်စွဲတာလည်းမရှိပဲ ထူးဆန်းတဲ့အိပ်မက်ကိုမက်ပြန်၏။

/ညနေဘက်နေ၀င်ခါနီးအချိန် တောအုပ်တစ်ခုထဲမှာလမ်းလျှောက်နေသော ဂျိုဆွန်းခေတ်၀တ်စုံနှင့် မိန်းကလေးတစ်ယောက်ကိုမြင်နေရသည်။ ဂျယ်ယွန်းကတော့ ထိုမိန်းကလေးရဲ့ နောက်ကနေလိုက်လာတာဖြစ်ပြီး ဘယ်ကိုရောက်နေလဲမေးနေပေမယ့်ထိုမိန်းကလေးကလှည့်မကြည့်ခဲ့ပေ။
ထို့ကြောင့်ဘာမှမမေးနေတော့ပဲဆက်သာလိုက်လာခဲ့သည်။

အတန်ကြာလမ်းလျှောက်လိုက်ရပြီးနောက် ရေတံခွန်သေးသေးလေးတစ်ခုနားကိုရောက်လာပြီး ထိုရေတံခွန်အောက်မှာစီးနေသောချောင်းလေးပေါ်ကိုဖြတ်၍ဆောက်ထားသောတံတားပေါ်သွားသဖြင့် သိလိုစိတ်ကြောင့်လိုက်ပါသွားမိသည်။ ထိုနေရာကနေဆက်လျှောက်သွားပြီး တောင်ကုန်းလေးတစ်ခုကိုကျော်သွားပြီးချိန်မှာတော့ အရမ်းကိုမှလှပတဲ့ရောင်စုံပန်းခင်းကြီးကိုမြင်နေရသည်။

ထို့နောက်ဟိုဒီလိုက်ကြည့်မိရင်း ပန်ခင်းကြီးရဲ့ အလယ်နားလောက်မှာ ပန်းတွေခူးနေသောယောကျာ်းလေးတစ်ယောက်ကိုတွေ့လိုက်ရပြီး
"ဟယ်ယွန်း ရောက်လာပြီလား ကိုယ်ဒီမှာပန်းတွေခူးပေးနေတာ"
ဆိုတဲ့အသံကိုကြားလိုက်ရပေမယ့် ပတ်၀န်းကျင်တစ်ခုလုံး ရုတ်တရက်လင်းလာပြီး ပုံရိပ်တွေအားလုံးပျောက်ကွယ်သွားတော့သည်။အိပ်မက်ထဲကလူနှစ်ယောက်ရဲ့မျက်နှာကိုလည်းသေချာမမြင်လိုက်ရပေ။ /

ပြီးနောက် သူလန့်နိုးလာသည်။ နာရီကြည့်မိတော့ မနက်5နာရီခွဲပဲရှိသေးတာမို့ ရေထသောက်ပြီးပြန်အိပ်လိုက်ပေမယ့်အိပ်မပျော်ပေ။

*တော်ပါပြီ မထူးတော့ပါဘူး tutorial လည်းနီးပြီဆိုတော့ မျက်နှာသစ်သွားတိုက်ပြီး စာတွေပြန်ကြည့်နေလိုက်တာပဲကောင်းတယ်။*

စာလုပ်နေရင်း ညောင်းလာလို့အပျင်းဆန့်ပြီး
နာရီကိုကြည့်တော့ 7နာရီထိုးဖို့မိနစ်20 ရှိနေပြီမို့ကျောင်းသွားဖို့လွယ်အိတ်ပြင်ထားပြီး ရေချိုးလိုက်သည်။

ပြင်ဆင်ပြီးလို့ အောက်ထပ်ဆင်းလာတော့
မနက်စာပြင်ပေးနေတဲ့ Omma သူ့ကိုအံသြတကြီးကြည့်နေတာကိုတွေ့လိုက်ရသည်။

"ဟယ် ငါ့သားလေး အစောကြီးနိုးလို့ပါလား။"

"ဟုတ်တယ် Ommaရဲ့ သားဒီနေ့စောစောနိုးလို့"

"လာလာ မနက်စာစား"

"စားပြီးရင် သား Sunooကို၀င်ခေါ်ပြီးကျောင်းကိုသွားလိုက်မယ်"

"အေးအေး။ Omma လည်းဆိုင်ကိုပစ္စည်းတွေရောက်မှာမို့စားပြီးတာနဲ့သွားတော့မှာ"

"ဟုတ်ကဲ့ "

.
.
.
.
.
.
.
.
.

Sunoo ကို၀င်ခေါ်ခဲ့ပြီး သူငယ်ချင်းနှစ်ယောက်ကျောင်းရောက်တာနဲ့
ကိုယ့်သက်ဆိုင်ရာ Major အဆောင်တွေဆီသို့သွားလိုက်ကြသည်။

ဒီနေ့ရဲ့အတန်းချိန်တွေမှာ သေချာစိတ်၀င်တစားနားထောင်နေတဲ့ History major ရဲ့ ပထမနှစ်ကျောင်းသားလေး Sim JaeYun...

တစ်ချိန်တည်းမှာပဲ သူနဲ့ ဆန့်ကျင်ဘက် Chemistry major ရဲ့ ပထမနှစ်ကျောင်းသား သူ့သူငယ်ချင်းလေး Kim Sunoo ကတော့ စားပွဲခုံအောက်မှာမုန့်ထုပ်ဖွက်ပြီးခိုးစားနေလေရဲ့ ...

ဒီလိုနဲ့ မနက်ပိုင်းအတန်းချိန်တွေပြီးဆုံးသွားခဲ့တယ်။

အတန်းပြီးတော့လည်း ကန်တင်းကိုအရင်ဆုံးပြေးတာက Kim Sunoo ပဲဖြစ်လေတယ်။ ဘာနေနေ မုန့်တွေက နံပါတ်တစ်ပဲ ဆိုတဲ့ Sunoo လေးရယ်ပါ...

Major မတူကြတာကြောင့် ကျောင်းသွားကျောင်းပြန်နဲ့ ထမင်းစားချိန်မှသာတွေ့ဖြစ်တာများတာကြောင့် ဒီနေ့လည်း သူ့သူငယ်ချင်းကသူ့ဖို့နေရာဦးထားပေးမှာဆိုတာကို သိနေတာမို့ စားစရာဝယ်ပြီးတာနဲ့ Sunoo ကိုရှာလိုက်ပြီး တွေ့တာနဲ့ သူ့ဆီပဲတန်းသွားလိုက်သည်။

"လာပြီလား။ ကြာချက်ကွာ"

"အင်း ဆရာ့ကိုမသိတာလေးတွေမေးနေလို့"

"မင်းပဲစိတ်ဝင်စား။ သမိုင်းသင်ရတာပျင်းလွန်းလို့"

"သမိုင်းဆိုတာက တန်ဖိုးထားရတယ်ကွ။ သမိုင်းကြောင်းဆိုတာ လေ့လာလေ ပိုနက်နဲလေ ပိုသိလေ ပိုစိတ်ဝင်စား..."

ဂျယ်ယွန်းလေးခင်မျာ စကားတောင်ဆုံးအောင် မပြောရခင် သူ့ရဲ့ချစ်သူငယ်ချင်းလေး ဆောနူးက ထအော်တော့သည်။

"တော်ပါကွာ တော်ပါ... မနက်တစ်ပိုင်းလုံး စာသင်လာရတာကို မင်းကပါ အနားမှာ တရားဟောနေလိုက်"

"အေးပါကွာ... မပြောဘူး မပြောဘူး"

"ဒါနဲ့ မေးပါဦးမယ်။ အမြဲတမ်း အဲ့ Key Chain ကို ဂရုတစိုက်ရှိနေတဲ့ မင်းက ဘယ်လိုဖြစ်လို့ သတိလက်လွတ်ဖြစ်ရတာ"

"မနေ့က ငါတို့ကျောင်းလာတော့ Bus က delay ဖြစ်တဲ့အပြင် ကားပါပိတ်သေးတာလေ။"

"အေး ဟုတ်သားပဲ မင်းတို့အတန်းချိန်က ၉:၃၀ ငါတို့က ၉:၄၅... ပြီးတော့မနေ့က မနက်ပိုင်းအတန်း နှစ်ချိန်ကို ငါမတက်လိုက်ဘူးလေ။"

"ကျောင်းဝန်းထဲရောက်တော့ မင်းက မင်းတို့ major အဆောင်ဘက်ထွက်သွားပြီးတဲ့အချိန် ငါအတန်းကနောက်ကျတော့မှာမို့ပြေးရရောလေ။ အတန်းက တစ်ချိန်ပဲရှိပြီး ၁၁နာရီမှာပြီးတာလေ။ ပါမောက္ခ Kim NamJoon အတန်းဆိုတော့ တစ်ချိန်တည်းဆိုပြီး ပျက်ဖို့မတွေးနဲ့ နောက်တောင်မကျရဲဘူးကွ။"

"အဲ့တာနဲ့ပဲ ကျွဲလို နွားလို အတန်းကိုရောက်အောင် ပြေးရရင်း ပြုတ်ကျခဲ့တယ်ဆိုပါတော့"

"ပြေးမှရမှာပေါ့ကွ။ အတန်းနောက်ကျရင် ဆရာက လုံးဝမဆူဘူးနော် စာတွေချည်းမေးတာ။ ပြီးရင် သမိုင်းကြောင်း စာအုပ်တစ်အုပ်ကို ၅ရက်အတွင်းအပြီးဖတ်ပြီး Summary ပြန်ရေးခိုင်းတာ"

" ငါတို့ မေဂျာက ပါမောက္ခ Kim SeokJin လည်း အဲ့လိုပဲ။ ငါတို့ဆရာကတော့ ဆူလိုက်တာမှ အာကိုပြဲနေရော။ ပြီးရင် equation တွေရှင်းခိုင်းတာ။ အဲ့တာမှားရင် tutorial မှာ အမှတ်နှုတ်ရော"

"သူတို့နှစ်ယောက်ကိုသာ ပေးစားလိုက်သင့်တယ်"

"အေးကွာ။ သူတို့နှစ်ယောက်ကိုပဲ ယူခိုင်းလိုက်သင့်တာ။ အသက်ကအခုမှ ၃၀ကျော်လေးတွေနဲ့ကို တအားအသက်ကြီးတဲ့ လူကြီးတွေလိုပဲ။"

"ဒါပေမယ့်လည်း မေဂျာတစ်ခုစီတိုင်းမှာ အဲ့လိုကြောက်ရမယ့် ဆရာတွေဆိုတာလည်း ရှိဦးမှလေ။"

"ဒါနဲ့ မင်းမှာ မနေ့က နေ့လည် တစ်ခွဲမှာ တစ်တန်းရှိသေးတယ်မဟုတ်ဘူးလား။"

"ပုံမှန်ဆိုရှိတယ်။ ငါတို့အတန်း Chat ထဲ ဆရာက ဒီနေ့ Class Cancel တယ်ဆိုပြီးလာပြောထားတာ"

"ဪ...အဲ့တာကြောင့်မနေ့က မင်းက ပြန်နှင့်ပြီ မစောင့်တော့ဘူးပြောတာကို"

.
.
.
.
.
.
.

အစားစားပြီးတာနဲ့ ကိုယ်စီ နေ့လည်အတန်းချိန်တွေ အတွက် သက်ဆိုင်ရာ မေဂျာတွေဆီ ပြန်သွားလိုက်ကြသည်။

Sunoo က အင်္ဂါနေ့နဲ့ သောကြာနေ့ဆို ၂နာရီကနေ ၅နာရီထိ Lab ၀င်ရတာမို့  ထိုရက်တွေကလွဲရင် သူတို့က အတူပြန်ဖြစ်ကြသည်။

တစ်ယောက်နဲ့ တစ်ယောက် အတန်းပြီးတဲ့အချိန်တွေက ၁၅ မိနစ်လောက်ပဲကွာကြတာမို့ စောပြီးတဲ့သူက စောင့်နေရတာက ပုံမှန်ပင်...

ဒီနေ့ကတော့ သောကြာနေ့မို့  Jaeyun ကိုယ့်ဘာသာပြန်ဖို့အတွက် bus stop ဆီကို လမ်းလျှောက်နေခဲ့တာဖြစ်သည်။

ကျောင်းတံခါးဘက်နားက Car Parking ကိုဖြတ်သွားရင်း နောက်က ဟွန်းတီးသံကြားလို့ လှည့်ကြည့်တော့ အနက်ရောင်ကားတစ်စီးက မှန်ချလာပြီး

" ဟေ့ Jaeyun"

"ဪ SungHoon ssi... ဘယ်သူများလဲလို့။ လန့်သွားတာပဲဗျာ"

"ဒီနေ့တော့ မှတ်မိတယ်ပေါ့။"

"မနေ့ကမှ တွေ့လိုက်တာကို"

* ဒီလူက လုပ်ပြန်ပြီ။ မနေ့ကမှတွေ့ထားလိုက်တာကို မှတ်မိပြီပေါ့*

"ဟုတ်ပါပြီ။ ဒါနဲ့ဘယ်သွားဖို့ရှိလဲ။ ကိုယ်လိုက်ပို့မယ်လေ"

"ရပါတယ်။ မလိုက်တော့ပါဘူး။ Bus နဲ့ပဲပြန်လိုက်ပါမယ်။ အားနာစရာကြီး။"

"အားမနာပါနဲ့ ကိုက်မစားပါဘူးဗျ။"

ထိုစဉ် နောက်က ကားတစ်စီးက ဟွန်းတီးပြီး လှမ်းအော်တော့သည်။

"ဟေ့လူတွေ ကားကထွက်မှာဖြင့်ထွက် ပိတ်ရပ်မနေနဲ့ သူများလည်းသွားဦးမယ်လေ"

"သွားနှင့်လိုက်ပါဗျ။"

"လိုက်ခဲ့ပါ လိုက်ပို့ပါမယ်ဆိုကွာ။ Jaeyun က မလိုက်ရင် ကျွန်တော် ဒီတိုင်းပဲရပ်နေလိုက်မှာ"

"ဟာဗျာ။ အဲ့လိုမလုပ်ပါနဲ့။ သွားနှင့်ပါ"

"ဟေ့ လူတွေ ပြောနေတာမကြားဘူးလား! ပိတ်ရပ်မနေနဲ့"

"မလိုက်ရင် သူအော်နေလဲရပ်နေမှာ"

"ဟုတ်ပါပြီ။ ကျွန်တော်လိုက်ပါ့မယ်"

Jaeyun ကားပေါ်တက် ခါးပတ်ပြီးတာနဲ့ ကားလေးက ကျောင်းဝန်းပြင်ပကို မောင်းထွက်လာသည်။

ထို့နောက် SungHoon က တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်ပြီး

"ဘယ်သွားမလဲ အခုက"

"စာအုပ်ဆိုင်လေးကို သွားမလို့ပါ။ SungHoon ssi နဲ့ စတွေ့တဲ့ စာအုပ်ဆိုင်လေး"

"ဟုတ်ပြီဗျာ။ တကယ်တော့ ကိုယ်လည်း အဲ့ကိုသွားမလို့ လုပ်နေတာ။ အကြံလာတူနေတာပဲ။"

"အဲ့ဆိုင်လေးက အရမ်းအေးချမ်းတယ် ဆိုင်ရှင်ဖိုးဖိုးနဲ့ သူ့မိသားစုက သိပ်သဘောကောင်းတာ။ ဆိုင်ထဲမှာစာဖတ်စရာ နေရာလေးလည်းရှိတော့ အဆင်ပြေတယ်"

"ဟုတ်တယ် စာအုပ်ဆိုင်တွေရှားပါးတဲ့ ဒီခေတ်ကြီးထဲစာအုပ်လေးတွေ ရောင်းတဲ့အပြင် ငှါးလည်းငှါးသေးတာလေးကို ကိုယ်က သဘောကျတာ"

"အဲ့စာအုပ်ဆိုင်လေးကို ဘယ်လိုရှာတွေ့လဲ။"

"လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က လမ်းထိပ်က Cafe မှာ အလုပ်ကိစ္စ ဧည့်သည်နဲ့တွေ့ဖို့လာရင်း Cafe က Parking Lot မှာနေရာမရှိလို့ အဲ့ဆိုင်ရဲ့ရှေ့နားလေးမှာ ရပ်ထားရင်း အပြန်မှာတွေ့တာနဲ့ ဆိုင်လေးကို သဘောကျမိလို့ ဝင်ကြည့်တာ။"

"ဪ..."

"ခဏခဏတော့ မရောက်ပါဘူးဗျ။ ကိုယ်က တစ်လ နှစ်ခါလောက်တော့ရောက်တယ်။"

"ကျွန်တော်ကတော့ ခဏခဏ ရောက်တယ်"

"ကောင်းပါတယ် စာများများဖတ်တာက"

စကားစမြည်ပြောရင်းမောင်းလာ လိုက်တာ အခုဆို စာအုပ်ဆိုင်ရှေ့တောင်ရောက်လာခဲ့ပြီပဲဖြစ်ပါတယ်။

To be continue 🥰

Continue Reading

You'll Also Like

160K 3.4K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
102K 815 20
|𝐉𝐔𝐉𝐔𝐓𝐒𝐔 𝐊𝐀𝐈𝐒𝐄𝐍 𝐗 𝐅𝐄𝐌 𝐑𝐄𝐀𝐃𝐄𝐑| ~•𝐉𝐮𝐣𝐮𝐭𝐬𝐮 𝐊𝐚𝐢𝐬𝐞𝐧•~ ~•𝐎𝐧𝐞 𝐬𝐡𝐨𝐭𝐬•~ ~•𝐘/𝐧 𝐰𝐢𝐭𝐡 𝐝𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐜𝐡𝐚...
111K 3.9K 37
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
101K 12K 19
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...