Unicode
A.N// အခုအဖြစ်အပျက်တွေထဲက Hwan နဲ့ Jung SungHwa လေးတို့က Jongie နဲ့ Hoonie တို့ရဲ့ မိဘနှစ်ပါးပါနော်//
* * * * * * * * * * * * * * * *
"မင်းအတွက် ဒီနေရာက အန္တရာယ်များတယ်။ မင်းလာခဲ့တဲ့နေရာစီ အမြန်ပြန်မှရမယ်။"
"ဒါပေမယ့် ကျွန်မလောလောဆယ်ပြန်ထွက်လို့မရဘူး။"
"ဘာကြောင့်လဲ။"
"ကျွန်မက အဖေမသိအောင် ခိုးထွက်လာတာ။ မီးပုံးလွှတ်ပွဲကိုကြည့်ချင်လို့လေ။ အဲ့ကအပြန်လမ်းမှာ လူပြတ်တဲ့နေရာရောက်တော့လူတစ်စုနဲ့တွေ့တယ်။"
"အင်း။ဒါနဲ့မင်းကတစ်ယောက်တည်းထွက်ခဲ့တာလား။"
"မဟုတ်ဘူး။ ကျွန်မရဲ့အထိန်းတော်လေးနဲ့အတူထွက်လာတာပါ။ အဲ့လူတွေက ကျွန်မတို့ရဲ့အိတ်ကိုလုတယ်။ အဲ့တာကြောင့်ပြန်တိုက်ခိုက်ပြီးပြန်ယူတော့ သူတို့လိုက်လို့ပြေးရင်းနဲ့ တောထဲရောက်လာတာပဲ။ ကျွန်မရဲ့အထိန်းတော်လေးက တစ်နေရာရောက်တော့ခြေချော်ပြီး ဒဏ်ရာရသွားတယ်။ သူကိုကြည့်ပေးနေတုန်း ဟိုလူတွေကမှီလာတာ သူကမထနိုင်တော့ဘူး တော်တော်လေးထိခိုက်သွားခဲ့တာ။ သူတားထားမယ်ဆိုပြီး ကျွန်မကိုအတင်းပြေးခိုင်းတာ အတူနေနေမယ်ဆိုတာကို ကျွန်မထိခိုက်မှဆိုးလို့ မနေခိုင်းဘူး။ ဟိုလူတွေက အနားရောက်လာတော့ ပြေးရတော့တာပဲ။ အဲ့အုပ်စုထဲကလူက ကျွန်မရဲ့အထိန်းတော်လေးကို ဓားနဲ့ထိုးလိုက်တာကိုမြင်လိုက်တယ်။ လူတွေကပိုနီးလာလို့ သူ့ဆီပြန်မသွားနိုင်တော့ပဲ ပြေးရင်းဒီကိုရောက်လာတာ။ သူတို့ကဖမ်းမိရင် ကျွန်မနဲ့ပျော်ပါးမယ်ဆိုတဲ့စကားကိုလည်းပြောကြတယ်။"
"တောက်!!! မိုက်ရိုင်းကြတဲ့လူသားတွေ။ အဲ့တာတွေကြောင့် အဲ့လိုလောဘစိတ်တွေကြောင့် မင်းတို့လူသားတွေက စည်းလုံးမှုမရှိကြတာ။ မင်းဒီမှာကြာကြာနေရင်တော့မဖြစ်နိုင်ဘူး။"
"မနက်ထိစောင့်ကြည့်ပြီး သူတို့မရှိတော့ဘူးဆိုရင် ပြန်မယ်လေ"
"ကောင်းပြီ။ အခုတော့ ငါ့နေရာမှာ နားပါ"
"ကျေးဇူးတင်ပါတယ်။ ကျွန်မကိုမသတ်ရင်ပဲရပါပြီ"
YOU ARE READING
ကမ္ဘာတည်သ၍ (JakeHoon) / ကမ႓ာတည္သ၍ (JakeHoon)
FanfictionUnicode "ကိုယ်မင်းကိုနှစ်ပေါင်းများစွာစောင့်နေခဲ့ရတာ။ ကိုယ်စောင့်နေခဲ့တဲ့သူက မင်းပဲဆိုတာသေချာတယ်။" -SungHoon "ခင်ဗျားစောင့်နေခဲ့ရတဲ့သူက ကျွန်တော်မဟုတ်ခဲ့ရင်ကော။ အကယ်၍ အဲ့တစ်ယောက်က ကျွန်တော်ဖြစ်တယ်ထားပါတော့။ ဘယ်အရာကြောင့်ကျွန်တော်လို့ တပ်အပ်ပြောနိုင်...